မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အပိုင်း (၁၁) နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ

ABSDF မြောက်ပိုင်းမှာ ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုယ်တိုင် ရန်သူ့သူလျှိ စစ်စစ်ပါလို့ နန်းအောင်ထွေးကြည်က လုပ်ကြံဖန်တီးခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးကြောင့် အဲဒီတုန်းက သူလျှိုပြဿနာဟာ မကဒတမြောက်ပိုင်းတင်မကဘဲ တောင်ပိုင်းအထိပါ ကူးစက်စေခဲ့ပြီး အခုဆိုရင် သူ့ရဲ့စစ်ဆင်ရေးက ရေလှိုင်းမဟုတ်တော့ဘဲ လေလှိုင်းအဖြစ် ပြောင်းသွားပြီး အဲဒီလေကို မိကြသူတွေထဲမှာ သာမန်ပြည်သူလူထုတွေကို ကျွန်မ အပြစ်မတင်လိုပါ။ ဒါပေမဲ့ မကဒတခေါင်းဆောင်ဟောင်း တချို့ပါ ပါဝင်နေတာကတော့ တော်တော်လေးကို စိတ်မချမ်းမြေ့စရာ ဖြစ်ပါတယ်။ ABSDF မြောက်ပိုင်း ခေါင်းဆောင်တွေက ဟိုတုန်းက အသက်အရွယ်အရရော အတွေ့အကြုံအရပါ နုနယ်သေးလို့ နန်းအောင်ထွေးကြည် လုပ်ကြံပြောသမျှကို ယုံပြီး  မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တာကိုတော့ ခဏထားလိုက်ပါ။ ဖြတ်သန်းမှုအရလည်း ဆယ်စုနှစ် နှစ်စုမကတော့ဘူး၊ အသက်အရွယ်အရလည်း ဇရာထောက်လာနေပြီ ဖြစ်တဲ့ မကဒတ ခေါင်းဆောင်ဟောင်းတချို့ကိုပါ အခုချိန်ထိ ဆင်ခြင်တုံတရား အသိဥာဏ် ကင်းမဲ့သွားလောက်အောင် ဖမ်းစားနိုင်တဲ့ နန်းအောင်ထွေးကြည်ရဲ့ မဟုတ်တာကိုအဟုတ်လုပ် မရှိတာကို အရှိဖြစ်အောင် လုပ်ကြံပြောဆိုထားတဲ့ လေလိုင်းစစ်ဆင်ရေးကတော့ တနိုင်ငံလုံးအထိတောင် ပြန့်နှံ့လာနေပါပြီ။ 

 ဒီပို့စ်က ရေလှိုင်းစစ်ဆင်ရေးအကြောင်းကို ABSDF နဲ့ တော်လှန်ရေးမှာ တကယ်မှန်မှန်ကန်ကန် ဖြတ်သန်းလာခဲ့တဲ့ ဖမ်းဆီးခံခဲ့ရသူလည်းမဟုတ် ဖမ်းဆီးအရေးယူ အပြစ်ပေးခဲ့တဲ့ ခေါင်းဆောင်ထဲကလည်း မဟုတ်တဲ့ သာမန်ရဲမေတဦးဖြစ်သူ မခင်ရွှေလှိုင်ရေးထားတဲ့ အပိုင်း ၁၁ အနက် နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ အခု ဒီပို့စ်မှာ ABSDF မှာ သာမန်ရဲမေအဆင့်ပဲ တာဝန်ယူလာဖူးသူ တဦးက ဥက္ကဌဟောင်း တဦးကို မေးလိုက်တဲ့ မေးခွန်းက ကျွန်မကို ကြက်သီးထသွားစေပါတယ်။ ပြီးတော့ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမေတွေထဲမှာ ရှေ့တန်း၊ နောက်တန်း၊ နယ်စပ်၊ နိုင်ငံတကာ စတဲ့နယ်ပယ်အသီးသီးမှာ လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေက ဥက္ကဌဟောင်ဆိုသူ (သို့) ခေါင်းဆောင်ဟောင်းဆိုသူ တချို့ထက် ပိုများပါတယ်၊ အခက်အခဲတွေကို ခေါင်းဆောင်ဟောင်းဆိုသူတွေထက် ပိုပြီးရင်ဆိုင်ဖူးတယ်ဆိုတာအပြင် အခုလက်ရှိလည်း အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရားမှာလည်း ခေါင်းဆောင်ဟောင်း ဆိုသူတချို့ထက် ပိုရှိနေတယ်ဆိုတာ ဒီနေရာမှာ မခင်ရွှေလှိုင်က အားလုံးသိအောင် ဖေါ်ပြလိုက်ပုံရပါတယ်။

(((((အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။ စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။ ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။ ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်- ခင်ရွှေလှိုင်))))




အပိုင်း (၁ -၂) ဒီနေရာမှာ Click  ပိုင်း (၃-၄)  ဒီနေရာမှာ Click, အပိုင်း (၅-၆) ကို ဒီနေရာမှာ Click, အပိုင်း (၇-၈) ကို ဒီနေရာမှာ Click အပိုင်း (၉-၁၀) ကို ဒီနေရာမှာ Click ပြီးဖတ်နိုင်ပါတယ်။  ဆိုက်ဘားမှာ ရေးထားတဲ့ Label တွေထဲက ABSDF မြောက်ပိုင်းပြဿနာ ဆိုတဲ့ ခေါင်းစဉ်ကို နှိပ်ပြီးလည်း ဖတ်နိုင်ပါတယ်။

အပိုင်း (၁၁)

သက်ဆိုင်သူများသို့

အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့  ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း  တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။

ကာကွယ်စောင့်ရှောက်စရာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကော ရှိနေပြီလား။ ကိုထွန်းအောင်ကျော်ကိုယ်တိုင်တောင် အမေရိကရောက်မှ အဲဒီအရသာ စပြီးခံစားခဲ့ရတာ မေ့သွားလို့ဖြစ်ရမယ်။ ၽ

မြောက်ပိုင်းအကြောင်းကို ပြန်ပြောရင် နေရာနဲ့အချိန်ကာလကိုလည်း ထည့်တွက်ဖို့ လိုပါ တယ်။ အသက်တွေက ဆယ်ကျော်သက်နှစ်ဆယ်ကျော်ပတ်ဝန်းကျင်၊ အမှန်တရားနဲ့ တရား မျှတမှု့အတွက် မိဘတွေရဲ့ခံစားမှု့ကို  လစ်လျူရှူ့နိုင်ကြ ရုံတင်မက ကိုယ့်အသက်တောင် ကိုယ်မနှမျှောကြတဲ့ စိတ်အနေအထား။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန် ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းလာမေးရင်  ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကစာတွေ သူများ အထင်ကြီး လိုကြီးငြား ပြန်ရွတ်ပြရုံကလွဲရင် (ဒါမှမဟုတ်) သူများစကားကို ကိုယ့်စကားလုပ်ပြီး ပြန်ပြောပြ တတ်ရုံကလွဲလို့   မြောက်ပိုင်းရဲဘော်အများစုဟာ ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အသာထားအုံး  ယနေ့ချိန်ထိ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ  ချိုသလား ငန်သလား မပြောနဲ့ ဉက္ကဌ ဟောင်းကြီးဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ကျော်လို မြည်းကြည့်ခွင့်လေးတောင် မရခဲ့ကြသေးပါဘူး။

စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

အခုတာဝန်ရှိလို့ပါ ပြောနေတဲ့သူတွေရဲ့အသံတွေ အဖွဲ့အစည်းရော ရဲဘော်တွေပါ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရုန်းကန်နေခဲ့ရချိန်က ချောင်းဟပ်သံလေးတောင် ရဲဘော်တွေ မကြားခဲ့ကြရတာ အဲဒီအချိန်က အိပ်ပျော်နေခဲ့ကြပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့ အောက်ခြေက ရဲဘော်တွေကတော့ တာဝန်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ဘဝတသက်တာလုံးအတွက်ကို အမှတ်တရရှိနေကြပါလိမ့်မယ်ဆိုတာတော့ ယုံပါ။ ။ ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း  ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။

ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်။ ကျမရေးခဲ့တဲ့ဆောင်းပါးတွေထဲမှာ ရေးရင်းနဲ့ပတ်သက်ခဲ့တဲ့သူတချို့ကို ကျဆုံးဆိုပြီး ကွင်းစကွင်းပိတ်တွေနဲ့ ပြထားတာကိုပဲ ရေတွက်ကြည့်ပါ။ ဒါရေးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင် လို့ ထည့်သုံးခဲ့တဲ့နာမည်တွေပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံဆိုတာ ဒါမျိုးဟေ့ဆိုပြီး လက်တွေ့သက်သေပြနေတဲ့ ရခိုင်အရေးအခင်းကကော အောက်ခြေမှာ ဘာအာဏာ ဘာစည်းစိမ်မှမရှိပဲ ခံပြီးရင်းခံနေရတဲ့ ဆင်းရဲဒုက္ခရောက်နေသူ ဘဝတူအချင်းချင်း အဲဒီလောက် ရက်ရက်စက်စက် အပြန်အလှန် သတ်ဖြတ်နေကြတာ အာဏာရူးနေကြတာလို့ သတ်မှတ်လို့ ဖြစ်ပါ့မလား။ တကယ်တမ်း အာဏာရူးနေကြတာက ဘယ်သူတွေပါလဲ။

မြောက်ပိုင်းက ခေါင်းဆောင်တွေက အာဏာရူးဖို့နေနေသာသာ ကိုထွန်းအောင်ကျော်လို နိုင်ငံခြားမပြောနဲ့ ဗဟိုမှာတောင် ကြာကြာဇိမ်နဲ့ နပ်နေကြတာ မဟုတ်ပါဘူး။ အမြဲတမ်း ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ နှပမ်းလုံးနေခဲ့ကြတာ။ အဲဒီလောက်တိုတောင်းတဲ့ ကာလလေး တခုအတွင်းမှာကို ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နွဲခဲ့ကြသလဲဆိုတာပဲ စာရင်းကောက်ကြည့်လိုက်ပါ။ အချောင်သမားတွေ မဟုတ်ခဲ့ကြသလို နာမည်ခံရုံသက်သက် လုပ်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ကြတာကတော့ အသေအချာပါပဲ ။

ဘာမှမလုပ်ခဲ့သူတွေအတွက်  ဘာအမှားမှ မရှိခဲ့ကြလည်း ဂုဏ်ယူစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ကျမ သိသလောက်တော့ အာဏာရူး ဆိုတာမျိုးက “ဘယ်သူသေသေ ငတေမာ ရင်ပြီး ရော” အသက်စွန့်လုပ်ဖို့ ဝေးလာဝေး။ သူတို့စည်းစိမ်ကိုတောင် သူတို့စွန့်ရဲ လုပ်ရဲကြတာမျိုး မဟုတ်ပါဘူး။ ကျမ သိတာမှားနေရင် ပြင်ပေးပါ။

ဒါတွေကို အစအဆုံးသိပြီး တာဝန်ခံခဲ့တဲ့ မေးမြန်းလာတဲ့သူတွေရှိရင် သက်သေပြနိုင်ဖို့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုကျော်နိုင်ဉီး၊ ကိုခင်မောင်ဇော် ၊ ကိုရဲလင်း၊ ကိုမိုးကြီးတို့ကို မသတ်ပဲ ချန်ထားခဲ့တဲ့ ကိုမျိုးဝင်းကလည်း ကံကောင်းတာလား ကံဆိုးတာလားမသိ (အဲဒီလိုမဖြေရှင်းနိုင်တော့အောင်ကို) ရှေ့တန်းတိုက်ပွဲမှာ ကျည်ဆံက (နှလုံးသားတဲ့တဲ့ကိုမှ) မှန်သွားခဲ့တာ။ ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရလို့ ပြန်လည် ဖြေရှင်းခွင့်မရ၊

ကိုသံချောင်းကလည်း မျက်လုံးတဘက်၊ လက်တဘက်ပေးခဲ့ရတဲ့အပြင် ထောင်ထဲမှာ သေဒဏ် ငါးထပ်ကွမ်းနဲ့  ရဲဘော်တွေ အခေါ်  “ပဲလှော်၊ ပဲကြော်”ဆိုတဲ့ ချစ်စရာ သမီးငယ် လေးနှစ်ဉီးရဲ့ ဖခင် လူထဲကလူတဉီးဆိုရင်လည်း မမှားပါဘူး။ နောက်ထပ်သေဒဏ်တထပ် ထပ်တိုးလည်း ဘာမှ ထူးနေမှာမဟုတ် အသက်က တချောင်းပဲ ရှိတာ။ လူတယောက်ရဲ့ ယျေဘူယျအသက်က ရှိနိုင်ရင် ( ၆၅-ရဝ ) ပေါ့။ (၁၀)နှစ်က ကလေးဘဝ၊ နောက်ထပ်(၁၀)နှစ်က ကျောင်းသားဘဝ၊ (၁၈)နှစ်က သူပုန်ဘဝ၊ (၇)နှစ်က ထောင်နန်းစံဘဝ လူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံလေးပဲ ကုန်သေးတာ နောက်ထပ် ထောင်ထဲဆက်နေဖို့နှစ်တွေ အများကြီးပဲ ကျန်ပါသေးတယ် ။ ပြန်မခံလိုက်ရမှာ စိုးရိမ်ပူပန်နေကြသူများ စိတ်ပူနေစရာကို မလိုတော့တဲ့  ကြည်နူးနှစ်သိမ့်ဖွယ်ရာ ဘဝမျိုးလေးနဲ့ ပါ။

လွတ်လွတ်လပ်လပ် ဖြေရှင်းခွင့်မရတဲ့  ဘဝတူရဲဘော်တွေဆီကနေ ဒီအပြင် နောက်ထပ် ဘာတွေများ ထပ်လိုချင်နေကြတာပါလိမ့်။ ဒါ အမှန်တရားကို ဖော်ထုတ်နေကြတာလား။ ဒါလား တရားမျှတမှု့နဲ့ တရားဉပဒေ စိုးမိုးရေး။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့သာ အသက်ရှင်လျှက် လွတ်လွတ်လပ်လပ် ပြန်လည်ခုခံခြေပနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ရင် ကျမ ဒီစာတွေ ရေးနေစရာအကြောင်း မရှိဘူး။ သူတို့အမှားအတွက် အမှန်တကယ်တရားမျှတတဲ့ တရားရုံးအဆုံးအဖြတ်နဲ့ (စစ်အစိုးရအောက်က မတရားရုံးကို မဆိုလို) သူတို့ ကြိုးစင်တက်ကြရင်တောင် အသေအချာ ကျမ သွားကြည့်အုံးမှာ။ (ကိုအောင်နိုင် ဘာကြောင့် မတားမြစ်ခဲ့တာလဲ၊ ဒါတွေကို သူဘာကြောင့် ယုံကြည်လက်ခံခဲ့လဲဆိုတဲ့ကိစ္စက အသက်ရှင်လျှက်ရှိ နေဆဲ ကိုအောင်နိုင် ဖြေရှင်းရမဲ့ကိစ္စ။)

အခုဟာက ကျဆုံးသွားလို့ ခုခံခြေပခွင့်မရတဲ့ သူအပေါ် ၊ လွတ်လွတ်လပ်လပ်ခြေပခွင့်မရတဲ့ ရန်သူ့လက်ထဲထောင်ကျနေတဲ့ သူအပေါ် သွေးဆာနေတဲ့ ဘီလူးကြီးတွေ သရဲသဘက်ကြီးတွေ အာဏာရူးကြီးတွေအဖြစ် နန်းအောင်ထွေးကြည်ရဲ့လေသံကို နင်းပြီး  ပုံဖော် ပြောနေ  ရေးနေ ကြတာတွေကို လုံးဝလက်မခံနိုင်သလို  ဒီအတွက် မြောက်ပိုင်းဗဟိုကော်မတီသာမက မြောက်ပိုင်းရဲဘော်ရဲမေအားလုံးမှာ တာဝန်ကိုယ်စီရှိတယ်လို့ပဲ ရိုးရိုးနဲ့ရှင်းရှင်း ကျမမြင်တယ်။ ကျမတို့ မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မဖြစ်မနေ မျက်နှာချင်းဆိုင်ကိုစုဆုံ ဖြေရှင်းနိုင်မှသာ  တကယ့်အမှန်တရားကို ရှာတွေ့နိုင်မဲ့ကိစ္စတခုလည်း ဖြစ်ပါတယ်။ (ထောင်ထဲမှာရှိနေတဲ့ ကိုသံချောင်းကလည်း မျက်နှာချင်းဆိုင်စုစုံရှင်းဖြေရှင်းနိုင်ဖို့ တောင်းဆိုခဲ့ပေမဲ့ တောင်းဆိုလို့ မရဘူးလို့ ကြားရပါတယ်။)

ကိုအောင်မိုးဝင်းရေးခဲ့တာက ခံရသူတွေဘက်က ဖြေရှင်းမယ်ပြောနေတာပဲ ခေါင်းဆောင်ကြီးများက ထွက်မှ မလာရဲတာတဲ့။
ကဲ ခေါင်းဆောင်ကြီးများအပါအဝင် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး တယောက်မကျန် တာဝန်ကိုယ်စီ ရှိကြတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြမဲ့ နေရာလေးတွေကို ရွေးကြရအောင်။

စာတွေအပြန်အလှန်ရေးပြီး ဖေ့ဘုတ်ပေါ်ကနေ  ဗွီလိင်အပြောတွေနဲ့ တဘက်နဲ့ တဘက် ရန်ဖြစ်ပြီး ရှင်းကြမလား။ တပြည်လုံးကြားအောင် လေလှိုင်းပေါ်ကကနေ သံပြိုင် အော်ဟစ် ရှင်းကြမလား။ အယောက်စေ့တိုင်း အင်တာဗျူးလုပ်ပြီး ရှင်းကြမလား။ ကိုယ့်သမိုင်းနဲ့ ကိုယ့်ကဏ္ဍ ဆိုပြီး စာစီစာကုံးလေးတွေ တယောက်ချင်း ရေးရှင်းကြမလား။ တဘက်နဲ့တဘက် သတင်းစာရှင်းလင်းပွဲတွေ ချိန့်ချိန့်သဲကျင်းပပြီး အပြန်အလှန် စွပ်စွဲ အပုတ်ချရင်း  ရှင်းကြ မလား။ ဒါမှမဟုတ်၊

အထဲကလူတွေ အကုန်ထွက်လာကြပြီး ကိုအောင်နိုင်ရှိတဲ့ထိုင်းနယ်စပ်မှာ ရှင်းကြမလား။  အပြင်မှာရှိနေတဲ့လူတွေအားလုံး အထဲပြန်ဝင်ပြီး ကိုသံချောင်းရှိတဲ့ သာယာဝတီထောင်မှာ သွားရှင်းကြမလား။  ကိုလှဆိုင်းရှိတဲ့ စစ်ဖြစ်နေတဲ့ မြောက်ပိုင်းကချင်မှာပဲ ပြန်စုံ ရှင်းကြမလား။ ဒါမှမဟုတ် ကိုထွန်းအောင်ကျော်တို့ ကိုမျိုးဝင်းတို့ရှိတဲ့ မြောက်ပိုင်း တောထဲက မြေပုံလေးတွေ မှာ  တိုင်တည်ကြရင်းနဲ့ပဲ ဖြေရှင်းကြမလား။

ဘယ်သူတွေက အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး လုပ်ကြမှာလဲ။ ဘယ်သူ့ရှေ့မှာ သွားရှင်း ကြရမှာပါလဲ။ အဆုံးအဖြတ်ပေးမဲ့ တရားသူကြီးက စစ်အစိုးရပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးဖြတ်ပေးနိုင်တဲ့ တရားသူကြီးတွေလို့ ထင်မှတ်ပြီး ထင်ကြီးတလုံးနဲ့ လုပ်နေပြောနေကြ သူတွေ ရှေ့မှာပဲ ရှင်းကြရမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး နိုင်ငံခြားကို ရောက်ဖူးသွားတယ်ရှိအောင် လေယာဉ်ပျံကြီးစီးပြီး နိုင်ငံတကာခုံရုံးမှာပဲ သွားရှင်းကြမလား။

ကဲ ရွေးကြပါ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းရဲဘော်ရဲမေအားလုံး မျက်နှာချင်းဆိုင်စုဆုံဖြေရှင်းနိုင်မဲ့ နေရာလေးတွေကို။

ပါဝင်ခဲ့ကြသူတွေအားလုံး မျက်နှာချင်းဆိုင်ကို စုဆုံပြီး ပြည်သူလူထုရှေ့မှာ ဖြေရှင်းကြမှ ရနိုင်ဖြစ်နိုင်မဲ့ ကိစ္စကြီးတခုပါလို့ ကျမ အကြိမ်ကြိမ် ရေးခဲ့ပြီးပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အနေအထားတခု မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကျနေတဲ့ ကိုသံချောင်း၊ စစ်ထောက်လှမ်းရေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှု့အောက်မှာ ရောက်နေတဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကရော ဒီလိုအခြေအနေအောက်မှာ ထွက်ရှင်းခဲ့ရင်တောင် ဘာသံတွေပဲ ထွက်လာနိုင်သလဲ စောင့်သာ နားထောင် ကြည့်ကြပါ ။ ဖက်စစ်တွေကို ပြည်သူ လူထုတရပ်လုံးက တွန်းလှန်တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးနေ့တောင် တပ်မတော်နေ့ ဖြစ်သွားရသေးတာပဲ။ ဒီလောက်ကတော့ စစ်အစိုးရအတွက် ပျင်းတောင်ပျင်းသေးတယ်။

အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတခု။ တယောက်တည်း နှစ်ယောက်တည်း လုပ်ခဲ့ကြတဲ့ကိစ္စတွေလည်းမဟုတ်ဘူး။ တယောက်တည်း နှစ်ယောက်တည်း တစုတည်း တဖွဲ့တည်း ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ခဲ့ဘူး။ ဖြေရှင်းလို့လည်း မရနိုင်ဘူး။ ကိုယ့်အမြင် သူ့အမြင် ပါဝင်ခဲ့တဲ့ ကိုယ့်ကဏ္ဍ သူ့ကဏ္ဍတွေကို ဖလှယ်ကြရုံကလွဲပြီး ဘယ်သူမှ အလုံးစုံသိနေတာ မဟုတ်ဘူး။ အဲဒါကို အတင်းကြီး ဇွတ်ထွက်ရှင်းခိုင်းနေသလို ဖြစ်နေတယ်။

အဲဒီလို တယောက်စီ ထွက်ရှင်းနေလို့ကော ဝိုင်းတိုက်ခိုက်တတ်ရုံကလွဲပြီး ဘယ်သူ ဘာလဲ ဘာဖြစ်လို့ ဖြစ်သွားခဲ့ကြတာလဲ အဖြစ်မှန်ကို သိနိုင်ကြပါ့မလား။ အခုကိုပဲကြည့်ပါ သူ့အမြင် ကိုယ့်အမြင်နဲ့ အပြန်အလှန် ပုတ်ခတ်စွပ်စွဲ မဆုံးနိုင်တဲ့အဖြေတွေနဲ့ အဖွဲ့အစည်း သွားနေတဲ့ လမ်းကြောင်းတလျှောက် ဒီကိစ္စကြီး တကိုင်ကိုင်လုပ်ပြီး တိုက်ခိုက်နေတာကလွဲရင် ဘာအဖြေများ ထွက်လာနိုင်မှာပါလဲ။ ဒါ ဘာကြောင့် အကြာကြီး ရေငုံနုတ်ပိတ်နေခဲ့ရပါသလဲဆိုတဲ့ ကျမကို မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေပါပဲ။

(၁၉၉၂) အဖမ်းခံရတဲ့ ရဲဘော်တွေ အထဲပြန်ရောက်သွားကြချိန်၊ (၂၀ဝ၆ ) ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံခဲ့ရချိန်ကတည်းက အကြိမ်ကြိမ်အခါခါ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး သတင်းစာတွေထဲကရော တီဗွီတွေထဲမှာပါ ပြည်သူလူထုကို ချပြထားခဲ့ကြ ပြီးသားပါ။ အထဲက ဒီမိုကရေစီခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတဲ့သူတွေပါ မကျန်  သိနေပြီးသားကိစ္စတွေလည်း ဖြစ်ပါတယ် ။ ကျမတို့ထက် ပိုသိ ပိုနားလည်နေတဲ့ သူတွေလည်းရှိနေကြပါတယ်၊ ဘယ်လိုနည်းနဲ့မှ စုဆုံဖြေရှင်းနိုင်ကြတဲ့ အခြေအနေမရှိသေးတဲ့အပြင် ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေကို ဉီးစားပေးလုပ်ရမဲ့အချိန် ဖြစ်နေခဲ့ရလို့သာ အားလုံးက လုပ်ချိန် ဖြေရှင်းချိန် မတန်သေးဘူးလို့ သဘောထားခဲ့ကြတာပါ။

ဒါကို လူတတ် လူသိကြီးတွေက ထလုပ်ကြတော့ ဘယ်မှာလဲ အမှန်တရား  နိုင်ငံရေးအရ  ဒါကို အမြတ်ထုတ်အသုံးချသွားတာပဲ အဖတ်တင်ပါတယ်။ ဒါတောင် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့ဘူး။ တစုံတရာဖြတ်သန်းမှု့ အတွေ့အကြုံရှိနေပါပြီဆိုတဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အရွယ်တွေပါ ။ စစ်အစိုးရတော်နေလို့ မဟုတ်ပါဘူး၊ စစ်အစိုးရဲ့ အားနည်းချက်တွေကို ၀ိုင်းဝန်း ရှာဖွေထောက်ပြကြရမဲ့အချိန်မျိုးမှာတောင် ကျမတို့ကိုကပဲ ငါသိ ငါတတ် ကြီးတွေသာ လုပ်ချင်နေတဲ့စိတ်တွေနဲ့ အချင်းချင်း အပြန်အလှန် လက်ညိုးထိုးတတ်ကြတဲ့နေရာမှာ သိပ်ကိုတော်နေကြလို့ပါ ။  လုပ်စရာမရှိကြတဲ့ လူတွေ လုပ်ရိုးလုပ်စဉ် လုပ်တတ် ကြတဲ့အတိုင်း ရှုပ်နေတဲ့ချည်ကင်  ပြန်ရှာဖြည်ရှင်း ပြန်လုံးပြန်ရစ်နေကြတဲ့အလုပ်မျိုးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြတာတွေကလည်း ခပ်များများ ဖြစ်နေခဲ့တဲ့အတွက်တွေကြောင့်လည်း ပါပါတယ်။

နှစ်နှစ်ဆယ်ကျော်တာတောင် ဖြေရှင်းချိန်မရောက်သေးဘူးလားလို့ ပြန်မေးခဲ့မယ်ဆိုရင်လည်း။ ဟုတ်ကဲ့ ဒီပြည်တွင်းစစ်ကြီး မချုပ်ငြိမ်း မရပ်တန့်သေးမချင်း သိလို့ပြောကြတာနဲ့ မသိလို့ မပြောကြတာပဲ ကွာပါတယ်။ ကျမတို့မမွေးခင်ကတည်း စခဲ့တဲ့ ပြည်တွင်းစစ်ကြီးတလျှောက် တနိုင်ငံလုံးနေရာအနှံ့အပြားမှာ နှစ်ဉီးနှစ်ဘက်ကြားက အဲဒီလိုသံသယတွေကြောင့် အခုချိန်ထိ ဖြေရှင်းခွင့်မရကြပဲ သေသွားခဲ့ရသူတွေ သေနေဆဲလူတွေ သေအုံးမဲ့လူတွေ တပုံကြီး အများကြီး ရှိနေခဲ့ ရှိနေဆဲ ရှိနေအုံးမဲ့ အခြေအနေတွေ ဆက်ရှိနေသမျှ လွတ်လွတ်လပ်လပ် မျက်နှာချင်းဆိုင် မတွေ့ဆုံမဖြေရှင်းနိုင်ကြသေးသ၍ပါပဲလို့  ပြန်ဖြေချင်ပါတယ်။

အာဏာရူးတဲ့သူက လက်ထဲ လက်နက်လေးရှိနေမှ မဟုတ်ပါဘူး ။ လက်နက်မရှိလည်း ရူးချင်တဲ့သူက နည်းအမျိုးမျိုးနဲ့ ရူးနေနိုင်ပါတယ် ။ လူမသတ်ရင်တောင် တယောက်နဲ့ တယောက် အပြိုင်အဆိုင် အပုတ်ချစွပ်စွဲရင်း ပြည်သူတွေ နိုင်ငံရေးသမားဆိုရင် စိတ်ကုန် စိတ်ပျက်သွားအောင်၊ နောက်မျိုးဆက်တွေ တော်လှန်ရေးဆိုရင် ဝေးဝေးက ရှောင်အောင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကိုယ်နာမည်ကောင်းရချင်ရင် ပြည်သူတွေ လိုအပ်တာကို ပိုလုပ်ကြရမဲ့အစား အလုပ်ထက် အပြောနဲ့ တယောက်နာမည်ကိုတယောက် စကားလုံးတွေနဲ့  လိုက်သတ်နင်းချေနေကြတာလေ။

တခြားလူတယောက်က တခြားလူတယောက်ကို ကောင်းတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် ဆိုးတဲ့အမြင် နဲ့ပဲဖြစ်ဖြစ် မနာလိုမရှူ့စိမ့် ဖြစ်နေတဲ့ အမြင်မျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် ရိုးတင်ပေးချင်တာ ဖြစ်ဖြစ် ရိုးချချင်လို့ပဲဖြစ်ဖြစ် ကန်ထုတ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်ပါ တံဆိပ်အမှားတွေ လာတပ်ပေးနေလို့ရတဲ့အမျိုး မဟုတ်ပါဘူး။

နာမည်ကောင်းလိုချင်ရင် ကိုယ့်သမိုင်းကိုယ်ရေးနိုင်တဲ့ တခြားနည်းလမ်းရှာပါ။ ကျေးဇူးပြုပြီး တော်လှန်ရေးအတွက်  အသက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြေပုံပေါ်  တက်မရပ်ကြပါနဲ့။

တောထဲမှာ ထောက်လှန်းရေးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုရာပြည့် (စစ်အစိုးရအကျဉ်းထောင်တွင်း ကျဆုံး) ၊ ကိုရဲလင်း၊ ဘိုဘို ၊ ကိုထိန်လင်း တို့ဟာ မိမိကိုယ်မိမိသာအသိဆုံးဆိုတဲ့ အသိနဲ့ပဲ  ကိုယ်ယုံကြည်ရာ လမ်းကို ဆက်လျှောက်ခဲ့ကြတယ်။ ထောင်ကျခံခဲ့ကြရတယ်။ ငါတို့ဘယ်လို လူမျိုးတွေပါဆိုတာကို သက်သေပြခဲ့ကြတယ်။ မြောက်ပိုင်းမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကလည်း ကျနော်တို့တော့ စာလည်း မရေးပြတတ်ဘူး၊ စကားလုံးတွေနဲ့လည်း ပြောမနေချင်တော့ဘူး၊ မြောက်ပိုင်းကျောင်းသားတပ်အတွက် အလုပ်နဲ့ပဲ သက်သေပြတော့မယ်ဗျာတဲ့။

ဒီနိုင်ငံမှာ လူဖြစ်လာကြတာကိုက ကျောင်းသားလူငယ်ဘဝတွေ ဆုံးရှုံးပြီးသားပါ။  အရှူံးထဲက အမြတ်ကတော့ ကျမတို့အားလုံး မျက်နှာချင်းဆိုင်စုစုံဖြေရှင်းနိုင်မဲ့အချိန်ကို စောင့်ကြိုရင်း ကျမတို့အားလုံး လိုလားတောင့်တခဲ့တဲ့အရာကို မရသေးမချင်း ရည်ရွယ်ရာ ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကိုသာ မျက်ခြေမပြတ်အောင် တည့်တည့်လျှောက်ကြရင်း ကိုယ့်မှာရှိနေပြီးသား တန်ဘိုးကိုယ်စီကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မယ်ထင်ပါတယ် နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့ ။

ခင်ရွေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)

မခင်ရွှေလှိုင်စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။

9 comments:

.
NDD ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ

ထွန်းအောင်ကျော်
(ABSDF ပထမဆုံး ဥက္ကဌ)
February 6, 2013


ABSDF မြောက်ပိုင်းကိစ္စကို ပုဂ္ဂိုလ်ရေး မပါဘဲ အမှန်အတိုင်း ပေါ်ပေါက်ရေးနှင့် ရက်စက် လူမဆန်စွာ သတ်ဖြတ်ခံရသူများ၏ နစ်နာမှုကို ကုစားပေးရန်နှင့် ထိုကြေကွဲဖွယ်ရာအဖြစ်အပျက်ကို ပြုလုပ်သူ အဓိကတာဝန်ရှိသူများကို ဖေါ်ထုတ်ပြီး မြန်မာ့သမိုင်းတွင် ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေဖို့အတွက် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ထိုစဉ်က ABSDF မှ ဖြန့်ချီခဲ့သော ဗီဒီယိုတိတ်ခွေများ၊ စပိုင်လုပ်သည့် ကိစ္စ အမှုတွဲစစ်ချက်များ၊ မှတ်တမ်းမှတ်ရာများကို ဟော်လန်နိုင်ငံ၊ အမ်စတာဒန်မြို့ရှိ International Institute of Social History စာကြည့်တိုက်တွင် အပ်နှံထားကြောင်း သိရှိသဖြင့် သွားရောက် လေ့လာရန် လိုအပ်လာပါသည်။

ထို့အတွက် ထိုစာကြည့်တိုက်ရှိ သက်ဆိုင်ရာပုဂ္ဂိုလ်သို့ စာရေးသား တောင်းဆိုခဲ့ရာ အောက်ပါ ပြန်ကြားစာကို ရရှိခဲ့ပါသည်။



On Tue, Feb 5, 2013 at 2:54 PM, ----------------- wrote:


Dear ----------------,

I'm sorry to say but I learned today from NDD that they will not give permission to access the ABSDF archives (for this particular ABSDF archive which is listed as a NDD collection permission from both NDD and ABSDF is needed)

I'm still waiting for a formal reply from ABSDF, but since you need permission from both, one negative answer is enough to deny you permission to the documents.


kind regards

Eef Vermeij
Regional Representative for Southeast Asia.



အထက်ပါစာကို အောက်ပါအတိုင်း ဘာသာပြန်ပေးလိုက်ပါသည်။


လုကြီးမင်း။

ကျွန်တော် စိတ်မကောင်းစွာနဲ့ ဒီစာကို ပြန်ကြားလိုက်ပါတယ်။ ဒီနေ့မှာ NDD က ABSDF ရဲ့ မှတ်တမ်းများ (Archives) ကို ကြည့်ရှုခွင့်ကို မပေးနိုင်ကြောင်း အကြောင်းကြားစာကို လက်ခံ ရရှိခဲ့ပါတယ်။ (အဓိက ABSDF မှတ်တမ်းများသည် NDD ၏ စုဆောင်းထားမှုများ ဖြစ်ပြီး ထို ABSDF နဲ့ NDD အဖွဲ့နှစ်ဖွဲ့လုံးမှ သဘောတူခွင့်ပြုချက်ဖြင့်သာ ကြည့်ရှုခွင့်ရမည် ဖြစ်သည်။)

ကျွန်တော် အခုအချိန်အထိ ABSDF ထံမှ ပြန်ကြားစာကို မရရှိသေးပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ဒီအဖွဲ့အစည်းနှစ်ခုလုံး (ABSDF နဲ့ NDD) ရဲ့ သဘောတူညီချက်ရမှသာ ကြည့်ရှုခွင့်ရမှာ ဖြစ်တဲ့အတွက် ဒီ NDD ရဲ့ငြင်းပယ်ချက်တခုထဲနဲ့ ခင်ဗျား တောင်းဆိုတဲ့ ကြည့်ရှုခွင့်ကို ငြင်းပယ်လိုက်ရပါတယ်။


ကြင်နာစွာဖြင့် -

Elf Vermeij
အရှေ့တောင်အာရှရေးရာဒေသ တာဝန်ခံ

.
အထက်ပါစာအရ ဒေါက်တာနိုင်အောင် တည်ထောင်ခဲ့ပြီး ယခု သူ့ဇနီး ခင်ဥမ္မာ ဥက္ကဌ လုပ်နေတဲ့ NDD ဟာ အမှန်တရားတွေကို တူးဖေါ် တွေ့ရှိတော့မှာကို စိုးရိမ်တဲ့အတွက် ABSDF ရဲ့ မှတ်တမ်းများ (Archives) ကို ကြည့်ရှုခွင့် မပေးဘဲ ပိတ်ပင်လိုက်တာကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။

ထို့အတုဘဲ ABSDF ခေါင်းဆောင်တွေကလဲ နှာစေးနေတာ တွေ့ရမှာဘဲ။ ဘာဖြစ်လို့ ဒီလောက် ကြောက်နေကြတာလဲ??။ ကိုယ်မှန်ရင် ဘာမှ ကြောက်နေစရာ ပိတ်ပင်နေစရာ မလိုဘူးလို့ ယုံကြည်တယ်။

ဒီစာရမှ ဒီမှတ်တမ်းတွေကို ABSDF တဖွဲ့ထဲ မဟုတ်ဘဲ NDD က ဝင်ပြီး ထိမ်းထားတယ် ဆိုတာ ထင်ရှားတယ်။ ABSDF ဟာ NDD လောင်းရိပ်အောက်က ရုံးမထွက်နိုင်ဘဲ ဖြစ်နေတယ် ဆိုရင် ABSDF ဟာ အလွန် ဂုဏ်သိက္ခာ ကျတော့မှာ ဖြစ်တယ်။

NDD ဟာ လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်တော့ပါဘူး ဆိုပြီး ABSDF ကနေ ဗဟိုကော်မီတီဝင်အများစု ထွက်ပြီး ကိုနိုင်အောင် ဦဆောင်မှုနဲ့ တည်ထောင်ခဲ့တာ အများအသိ။ လက်နက်ကိုင်တော်လှန်ရေးကို သစ္စာဖေါက်သွားခဲ့ပြီး လက်နက်စွန့်မှ ထောက်ပံ့မယ်၊ ငွေပေးမယ် ဆိုတဲ့ NGOs တွေရဲ့ ဝယ်မှုကို ငွေနဲ့ လက်နက်နဲ့ လဲလှယ်ခဲ့တာ အများ သိတယ်။

NDD ကို ဦးဆောင်တဲ့ ကိုနိုင်အောင် "ABSDF မြောက်ပိုင်းသတ်ဖြတ်မှုမှာ သူ တာဝန်ခံတယ်၊ တတ်နိုင်သမျှ ပူးပေါင်း ကူညီပါ့မယ်" လို့ လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ပေမဲ့ အခု ကိုနိုင်အောင် ရဲ့ မိန်းမ ခင်ဥမ္မာက "ABSDF ရဲ့ မှတ်တမ်းများ (Archives) ကို ကြည့်ခွင့်မပေးနိုင်ဘူး" လို့ ငြင်းလိုက်ပြီ။



ခင်ဥမ္မာက "ABSDF ရဲ့ မှတ်တမ်းများ (Archives) ကို ကြည့်ခွင့် မပေးနိုင်ဘူး" ဆိုတာ သု့ယောက်ကျား ကိုနိုင်အောင် က မကြည့်စေချင်လို့ ဘဲလို့ ယူဆလို့ ရမယ် ထင်တယ်။

ABSDF မြောက်ပိုင်းသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ စစ်ချက်တွေကို ဒီအဖွဲ့ နှစ်ဖွဲ့ (ABSDF နဲ့ NDD) ရဲ့ သဘောတူညီချက်နဲ့ မှ ကြည့်လို့ရမယ် ဆိုတော့ ဒီမှတ်တမ်းတွေကို ဒီနှစ်ဖွဲ့ သဘောတူညီချက်တွေနဲ့ မဖျောက်ဖျက်နိုင်ဘူးလားလို့ စိုးရိမ်လာမိတယ်။ အထောက်အထားတွေကို မဖျောက်ဖျက်နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ။



.
ကိုနိုင်အောင်ကို ကတိစကားအတိုင်း ABSDF မှတ်တမ်းတွေကို ကြည့်ခွင့်ပေးဖို့ ဒီနေရာကနေ တောင်းဆိုတယ်။

ပုဂ္ဂိုလ်ရေးတွေ မရေးဘူးလို့ နေပေမဲ့ ဒီလို ညစ်ပတ်မှုတွေ လုပ်လာရင် ဖွင့်ရေးလာရလိမ့်မယ်။ အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ပါ၊ အပြောတမျိုး အလုပ်တမျိုး လုပ်ရမဲ့အချိန် မဟုတ်တော့ဘူး။



ABSDF ကိုလဲ မေးရတော့မယ်၊ ဒီမှတ်တမ်းတွေ ကြည့်ချင်တယ်လို့ ကိုမျိုးဝင်းကို အကြောင်းကြားခဲ့တယ်၊ သူလဲ ဘယ်သူတွေ အပ်ထားတယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ အဲဒီတော့ အရင်လူတွေ ဖြစ်တဲ့ ကိုနိုင်အောင်တို့၊ ဆယ်ပြားကျော်ကျော်တို့၊ ဒီဗီဘီက ခင်မောင်ဝင်း တို့ကို "ဘာတွေ လုပ်ခဲ့တယ်" ဆိုတာ ပွင့်ပွင့်လင်းလင်း မေးစေချင်တယ်။ ABSDF က မြောက်ပိုင်းကိစ္စ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကော်မီတီဖွဲ့ထားပြီး နယ်သာလန်မှာ ABSDF မှတ်တမ်းတွေကို "ဘယ်သူ အပ်ထားမှန်းလဲ မသိ၊ သွားကြည့်ဖို့လဲ မကြိုးစား၊ သွားကြည့်မဲ့သူတွေကိုလဲ အားမပေး" ဆိုတဲ့ ပုံစံမျိုးတော့ မဖြစ်စေနဲ့လို့ သတိပေးချင်တယ်။

သံခဲ မိန်းမ ခင်ရွှေလှိုင် ကလဲ ABSDF မြောက်ပိုင်းကိစ္စမှာ သူက အကုန် သိနေသလို ပြောဆို ရေးနေပြီး "ABSDF မြောက်ပိုင်း ခေါင်းဆောင်လုပ်သူတွေ အာဏာမရူးပါဘူး" လို့ ပြောနေတာတွေဟာ ABSDF က ဒီကိစ္စမှာ မြောက်ပိုင်း ခေါင်းဆောင်လုပ်ခဲ့သူတွေကို ပင်းပြီး ကာကွယ်နေတယ်လို့ အထင်ရောက်စေတယ်။ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ နေရာယူခဲ့ပြီးပြီး၊ ဦးစိန်ဝင်းတောင် သဘောပေါက်လို့ ရာသက်ပန် ဝန်ကြီးချုပ်ဘဝက နှုတ်ထွက်သွားပြီ။

အဖြစ်မှန် ပေါ်အောင်လုပ်မှာလား၊ ဖုံးဖိနေကြအုံးမှာလား မိမိကိုယ်ကို ပြန်မေးကြ။

ထွန်းအောင်ကျော်
ကျောင်းသားတပ်မတော် ပထမဆုံး ဥက္ကဌ


(မနန်းအောင်ထွေးကြည် ဖေ့စ်ဘွတ်ခ် မှ ကူးယူ ဖော်ပြသည်။)

(မနန်းအောင်ထွေးကြည် သည် ABSDF မြောက်ပိုင်းမှာ ၁၉၉၁-၉၂ ခုနှစ်တွင် ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စု၏ လူမဆန်စွာ နှိပ်စက်ခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် ကျောင်းသူရဲမေဟောင်း ဖြစ်သည်။)


Nang Aung Htwe Kyi @ Facebook


http://www.facebook.com/nang.kyi/posts/561428277201134?comment_id=88882032&offset=0&total_comments=3

ကိုမျိုးမင်းနဲ့ ကိုဇာနည်
အခုလိုအားပေးတာကိုကျေးဇူးတင်ပါတယ်။ လူမြင်ရင်တော့မှတ်မိမှာပါ၊ အီသီကာကိုရောက်ခဲ့တယ်ဆိုတော့ ကိုးလေးလုံးညီလာခံမှာလား? ။ ကျွန်တော်ကတော့ကိုယ့်မိခင်အဖွဲ့အစည်း၊ ကိုယ့်ရဲဘော်တွေရဲ့သွေးတွေ၊ချွေးတွေ၊အသက်တွေပေးပြီးတန်ဖိုးထားတည်ဆောက်ခဲ့တဲ့ ကျောင်းသား
တပ်မတော် ကြီးကိုအတတ်နိုင်ဆုံးအမဲစက်စွန်းနေတာကိုဖျက်ဖို့ကြီုးစားနေတာပါ၊ လူတစုအာဏာရူးသွေးစာနေတဲ့သူတွေ၊ဘေးပရောဂတွေ နဲ့ရန်သူရဲ့ထောင်ချောက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ဝင်သွားခဲ့ကြသူတွေရဲ့အဓိကတာဝန်ရှိသူတွေ ကိုဖေါ်ထုတ်ပြီးလူ့စည်း ဘီလူးစည်း ခွဲ ပြီး အဖွဲ့ရဲ့မွန်မြတ်တဲ့လမ်းစဉ်ကိုမထိခိုက်စေဘဲရှင်းပေးလိုက်ရင်ပြည်သူတွေအနေနဲ့ ABSDF ဟာကိုယ်ကျိုးစွန့်တော်လှန်ရေး လုပ်နေသူတွေဦးဆောင်တဲ့အဖွဲ့အစည်းဖြစ်တယ်၊ ငါတို့ယုံကြည်ကိုးစားထိုက်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ပြန်မြင်လာမှာဖြစ်တယ် ၊နောက်ပြီးဒီလိုမတရားပြုကျင့်သူတွေကိုလဲကြောသားရင်သားမခွဲဘဲအပြစ်ရှိရင်ရှိသလိုအရေးယူတယ်ဖြောင့်မတ်တဲ့ခေါင်းဆောင်တွေရှိတယ်ဆိုပြီး ယုံကြည် ကိုးစားလာစေချင်တယ်။ အခုခက်နေတာကလက်ရှိခေါင်းဆောင်တွေကနှာစေးနေကြတယ်၊ ကျွန်တော်တို့ကြည့်ခွင့်တောင်း တာကိုပေးမပေး ဆိတ်ဆိတ်နေနေကြတယ်။ ဘာပြတ်ပြတ်သားသားအဖြေမှအခုထိ မှတ်တမ်းထိမ်းထားသူတွေကိုတရားဝင်၊အကြောင်းမပြန်သေး ဘူး၊ NDD ကတော့ရှင်းတယ် ကြည့်ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တယ်။ အဖြစ်မှန်တွေပေါ်မှာအရမ်းကြောက်နေတယ်။
ဒီနေရာမှာကျွန်တော်မြင်တာက ဦးသိန်းစိန်အစိုးရဟာအရင့်အရင်ကအစိုးရတွေလိုမဟုတ်ဘဲ လွတ်လပ်ခွင့်တွေပေးလာတယ်၊ အကုန်လုံးတော့မဟုတ်သေးဘူး၊ဒါပေမဲ့ပေးလာတယ်၊ဒီနေရာမှာသူတို့က Evolution အနေနဲ့ပြောင်းနေတာ။သူတို့တွင်းမှာလဲမပြောင်းလဲချင်ဘဲ အာဏာထိုင်ခုံကမဆင်းချင်တဲ့ကြံဖွတ် ဌေးဦးတို့လိုဗိုလ်ချုပ်အရေချွတ်တွေလဲရှိနေတယ်၊ တကယ်ပြောင်းချင်သူတွေလဲရှိနေတယ်။ ၂၀၁၅ မှာသူတို့မနိုင်နိုင်အောင်မညစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူး၊အမာဂိုဏ်းမရှိပါဘူးလို့ပြောနေပေမဲ့အဖွဲ့တိုင်းမှာတင်းမာသူနဲ့ပျော့ပြောင်းသူတွေဆိုတာရှိ စမြဲဘဲ။ ဒါကြောင့်စစ်တပ်ကသူတို့ရှုံးတာနဲ့အာဏာမသိမ်းဘူးမပြောနိုင်ဘူး၊ အာဏာသိမ်းရင်လူထုအုံကြွမှုဖြစ်လာမယ်သတ်ဖြတ်မှုတွေ၈၈၈၈ ထက်ပိုပြီးပြင်းထန်နိုင်တယ်၊ မနိုင်ရင်လူငယ်ကျောင်းသားတွေတောထပ်ခိုလာကြအုံးမယ်။ အဲဒီအချိန်မှာ ABSDF ဟာအမဲစက်ကိုမဆေးကြောရဲဘဲတွန့် ဆုတ်နေခဲ့ရင် ပြည်သူဟာဘယ်သူ့ဆီသွားရမှန်းမသိဘဲချောင်ပိတ်မိတော့မှာဖြစ်တယ်။ တပြည်လုံးကိုကိုယ်စားပြုတာABSDF ဘဲရှိတယ်။ အဲဒီအဖွဲ့ ကလဲ လူတွေသတ်ထားတယ်၊သတ်တဲ့လူတွေကိုလဲအရေး မယူဘူးဆိုတာသိနေရင် ပြည်သူဟာABSDF ဆီမလာတော့ဘူး၊ ABSDF ဟာအခုအချိန်မှာအားနည်းနေပေ မဲ့ရပ်တည် ချက်မှန်ရင် ပြန်ထောင်လာနိုင်ပြီးအင်အားအကြိးဆုံးလက်နက်ကိုင် အဖွဲ့အစည်းကြီးဖြစ်လာနိုင်တဲ့နောက်ခံအင်အားစုတွေရှိနေတယ် စစ်အာဏာရှင်တွေဟာကျောင်းသားတွေကို အကြောက်ဆုံးဘဲ၊ ၁၉၈၈ ခုနှစ်မှာကျောင်းသားတွေ ဗကပကိုမသွားဘူး ဘာကြောင့်လဲ? ဗကပဟာ လမ်းစဉ်မှားလိုက်ပြီးဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ဇာတ်တူသားစားခဲ့လို့ကျောင်းသားတွေပြည်သူတွေဗကပကိုကြောက်ပြီးမသွားတော့ဘူး။ ABSDFဟာလဲဗကပလိုဖြစ်သွားနိုင်တယ်အဲဒါကိုကာဖို့ဆိုတာ အခုထဲကလူ့စည်းဘီလူးစည်းကွဲအောင်တာဝန်အပြတ်ယူပြီးမြောက်ပိုင်းကိစ္စကိုအမြန် ဆုံးရှင်းရဲ မှဖြစ်မယ်လို့မြင်တယ်။ဒါလောက်ပါဘဲဗျာ။
ထွန်းအောင်ကျော်


From: Myo Min
To:


ကိုထွန်းအောင်ကျော်၊
ကျွန်တော့ကိုခင်ဗျားမသိပေမဲ့ကျွန်တော်ကတော့ခင်ဗျားကိုသိနေတာကြာပြီ။
သိနေတာဆယ်စုနှစ်နှစ်ခုတောင်ကျော်ခဲ့ပါပြီ။အီသာကာမှာတခါဆုံဖူးတယ်။
တိုတိုပဲပြောမယ်ဗျာ။ခင်ဗျားလိုသမာသမတ်ရှိပြီးကျာင်းသားလှုပ်ရှားမှုထဲ
ကတက်လာတဲ့အတွေ့အကြုံရှိတဲ့ခေါင်းဆောင်တယောက်ကဒီပြဿနာအ
တွက်အချိန်ပေးပြီးအမှန်တရားဖေါ်ထုတ်ဖို့ကြိုးစားလာတာကိုအားလုံးကကြို
ဆိုကြမှာပါ။မြောက်ပိုင်းပြဿနာရဲ့တာဝန်အရှိဆုံးဆိုတဲ့လူကိုဖေါ်ထုတ်ရမယ်။
ကြိုးစင်တင်စရာမလိုပါဘူး၊သမိုင်းတင်ရမှာဖြစ်ပါတယ်။Living death is
worse than death. ကျေးဇူးတင်ပါတယ်။
မျိုးမင်း

From: Htun Gyaw
To:

YOU ARE WELCOME

From: zar ni

ကျေးဇူးးဘဲ ကိုထွန်းအောင်ကျော်.....
အခုတင်လိုက်တဲ့ခင်ဗျားရဲ့စာဟာ အေဘီ (မပ) လုပ်ကြံသတ်ဖြတ်မှု အမှန်တရားပေါ်ပေါက်ရေးအတွက် အရေးကြီးတဲ့အထောက်အထားတခုဖြစ်ပါတယ် ။.ပွင့်လင်းမြင်သာမှု( Transparency)
နဲ့ တာဝန်ခံမှုတာဝန်ယူမှု(Accountability) ကိုတောင်းဆိုနေတဲ့အချိန်မှာ ဘယ်သူတွေဟာ အမှန်တရားပေါ်ပေါက်ရေးအတွက် ဟန့််တားနှောက်ယှက်နေသလဲ ပိတ်ဆို့တားဆီးနေသလဲဆိုတာ
သိသာထင်ရှားခဲ့ပြီဖြစ်တယ်..။ဒီစာအရဆိုရင် ကျနော်တို့ဟာ မေလမှာထုတ်ပြန်ကျေညာမယ်ဆိုတဲ့ လက်ရှိအေဘီ ခေါင်းဆောင်တစုရဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာဆိုတာကိုဘယ်လိုယုံကြည်မှုထားရမလဲ။
နိုင်အောင် ဆယ်ပြားကျော်ကျော် ခင်ဥမ္မာတို့ရဲ့ NDD နဲ့ လက်ရှိ အေဘီ ဟာဘယ်လောက်ပတ်သက်ဆက်စပ်နေသလဲ ဆိုတာ ကျနော်တို့ အတွက်မေးစရာတွေဖြစ်စေခဲ့ပါတယ်။ သေချာတာတခုကတော့ ဒီ (မပ) ကိစ္စဟာ ၈၈၈၈ ကျောင်းသားလှုပ်ရှားမှုသမိုင်းတခုလုံးနဲ့ဆိုင်နေတယ်။ ကျနော်တို့လုပ်စရာရှိတာဆက်လုပ်ဖို့ဘဲလိုပါတော့တယ်.။
ခင်မင်လျှက်....
ဇာနည်။

အော်... ဖြစ်မှဖြစ်ရလေ ဦးထွန်းရယ်၊ ဦးထွန်းအဲလောက်ထိ ဟာသနိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ ABSDF မှာ ဥက္ကဌ တနှစ်လာလာဖူးပေမဲ့ ABSDF ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှု ဘ၀ကို လုံးဝနားမလည်တာလည်း ဦးထွန်းပဲ ပြောရတော့မယ်။ ABSDFေ တာတွင်း ဘ၀ကို ဥက္ကဌ လုပ်ဖူးတဲ့ တနှစ်ပဲ ဖြတ်သန်းခဲ့ဖူးတဲ့ ဦးထွန်းတယောက် ဘန်ကောက်နဲ့ တတိယနိုင်ငံတွေမှာ သက်တောင့်သက်သာနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနေချိန်မှာ တောတွင်းမှာ ကျန်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အဖွဲ့ဝင်တွေဟာ အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအခက်အခဲအမျိုးမျိုးကြားက ဒီသမိုင်းအထောက်အထားတွေကို သိမ်းထားခဲ့တာပါ ဦးထွန်း။ ABSDF ဟာ ၁၂ ရာသီ ရန်သူထိုးစစ်ကြောင့် နေရာပေါင်း မရေတွက်နိုင်အောင် ရွှေ့ခဲ့ရတယ်။ ဗဟိုတနေရာမှာ အခြေချဖို့အတွက် အရင်နေရာနဲ့ နေရာသစ်ကြားမှာ တောလမ်းတလျှောက် ယာယီတဲလေးတွေနဲ့ တဆင့်ဆင့် ဖြတ်ရပါတယ်။ ဖြတ်ရင်းနဲ့ ထိုင်းပိုင်နက်ထဲမှာဆို ထိုင်းမောင်းထုတ်ခံရတယ်၊ မြန်မာပိုင်နက်ထဲမှာဆို စစ်တပ်လိုက်တာ ခံရတယ်။ နေရာသစ် ရောက်ပီး စခန်းဆောက်ပြီးရင်လည်း ရန်သူက ထပ်တက်လာရင် ထပ်ရွှေ့ရပြန်တယ်။ (ပြောသာပြောလို့ မကဒတ သက်တမ်း တနှစ်မှာ ဒီလိုအခက်အခဲမျိုးကို ဦးထွန်းမကြုံဖူးခဲ့ဖူး) ဗဟိုစခန်းချဖို့ နေရာ တခုနဲ့တခုကြား တခါရွှေ့တိုင်းမှာ ပစ္စည်းတွေ အကုန်လုံးမသယ်နိုင်လို့ ဘာကိုလျှော့မလဲဆိုတာ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ...... အဆင့် နောက်ဆုံးအဆင့် စသည်ဖြင့် လျှော့ပြီး မီးရှို့ပစ်ခဲ့ရတယ်။ စာကြည့်တိုက်က ကျွန်မကြိုက်တဲ့ စာအုပ်တွေဆိုရင် သယ်လို့လည်းမနိုင်တာနဲ့ အော်.. ဒါတွေ မီးရှို့ပစ်ခဲ့ရတော့မှာပါလားဆိုပြီး နှမြှောတသမိလို့ မဆုံး ဖြစ်ခဲ့ရတယ်။ အဲလို လျှော့ဖို့ ပစ္စည်းတွေကို စနစ်တကျ ခွဲထားပါတယ်။ လုံးဝလျှော့လို့မဖြစ် နောက်ဆုံး စခန်း (သို့) ယာယီစခန်းကို စစ်တပ်က အလစ်ဝင်သုတ်ပြီး အပိုင်စီးလို့ လူတွေအကုန်လုံးသတ်ခံရ၊ ရှိတာအကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရင်တောင်မှ တနေ့တချိန်မှာ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းအမဲစက်နဲ့ ပတ်သက်ပြီး တနေ့တချိန်မှာ ပြန်ရှင်းရမည့် ဒီသမိုင်းအထောက်အထားတွေကို ပစ္စည်းပြာကျ လူအကုန်လုံး အသက်ဆုံးရှုံးတာနဲ့ အတူတူ မပါသွားရအောင် ပျက်စီးပျေက်ကွယ်သွားမှာစိုးလို့ ဗဟိုတာဝန်ရှိသူတွေဟာ အမျှော်အမြင် ရှိရှိနဲ့ ဒါတွေကို လုံခြုံစိတ်ချရတဲ့ နိုင်ငံခြားတိုင်းပြည် ဥရောပအထိ ဒုက္ခခံပြီး ပို့ထားတာပါ။ ဘာကိစ္စနဲ့ ဒါကိုထိန်းသိမ်းထားတဲ့သူက ပြန်ဖျက်ဆီးရမလဲ။ အဲလိုဖျက်ဆီးမယ်ဆို ဘာကိစ္စ ဒုက္ခခံပြီး ဒါတွေကို နယ်သာလန်အထိ သွားသိမ်းနေစရာလိုမလဲ။ ရန်သူစစ်ကြောင်း ပထမတကြိမ် ထိုးတုန်းကတောင် ဖျက်ဆီးလိုက်ရော့ပေါ့။ အခုတော့ အဲလိုမဟုတ်ဗဟိုအပြောင်းမှာ တောင်ကြီးတောင်ငယ်ဖြတ် ရေတတန် ကုန်းတတန်ကူးပြီးလည်း သယ်ခဲ့တယ်။ နောက်ဆုံး အဆုံးစွန်ထိတွေးပြီး နိုင်ငံခြားမှာ သိမ်းထားတယ်။ ဖျက်မယ်ဆို အစကတည်းက ဖျောက်ဖျက်ပစ်လိုက်တာ ကြာပြီပေါ့။ ဦးထွန်းဒီလောက်တောင် တွေးဖို့ ဦးနှောက်မမီ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ။

((((ABSDF မြောက်ပိုင်းသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ စစ်ချက်တွေကို ဒီအဖွဲ့ နှစ်ဖွဲ့ (ABSDF နဲ့ NDD) ရဲ့ သဘောတူညီချက်နဲ့ မှ ကြည့်လို့ရမယ် ဆိုတော့ ဒီမှတ်တမ်းတွေကို ဒီနှစ်ဖွဲ့ သဘောတူညီချက်တွေနဲ့ မဖျောက်ဖျက်နိုင်ဘူးလားလို့ စိုးရိမ်လာမိတယ်။ အထောက်အထားတွေကို မဖျောက်ဖျက်နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ။ ထွန်းအောင်ကျော်))))

အော်... ဖြစ်မှဖြစ်ရလေ ဦးထွန်းရယ်၊ ဦးထွန်းအဲလောက်ထိ ဟာသနိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ ABSDF မှာ ဥက္ကဌ တနှစ်လာလာဖူးပေမဲ့ ABSDF ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှု ဘ၀ကို လုံးဝနားမလည်တာလည်း ဦးထွန်းပဲ ပြောရတော့မယ်။ ABSDFေ တာတွင်း ဘ၀ကို ဥက္ကဌ လုပ်ဖူးတဲ့ တနှစ်ပဲ ဖြတ်သန်းခဲ့ဖူးတဲ့ ဦးထွန်းတယောက် ဘန်ကောက်နဲ့ တတိယနိုင်ငံတွေမှာ သက်တောင့်သက်သာနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနေချိန်မှာ တောတွင်းမှာ ကျန်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အဖွဲ့ဝင်တွေဟာ အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအခက်အခဲအမျိုးမျိုးကြားက ဒီသမိုင်းအထောက်အထားတွေကို သိမ်းထားခဲ့တာပါ ဦးထွန်း။ ABSDF ဟာ ၁၂ ရာသီ ရန်သူထိုးစစ်ကြောင့် နေရာပေါင်း မရေတွက်နိုင်အောင် ရွှေ့ခဲ့ရတယ်။ ဗဟိုတနေရာမှာ အခြေချဖို့အတွက် အရင်နေရာနဲ့ နေရာသစ်ကြားမှာ တောလမ်းတလျှောက် ယာယီတဲလေးတွေနဲ့ တဆင့်ဆင့် ဖြတ်ရပါတယ်။ ဖြတ်ရင်းနဲ့ ထိုင်းပိုင်နက်ထဲမှာဆို ထိုင်းမောင်းထုတ်ခံရတယ်၊ မြန်မာပိုင်နက်ထဲမှာဆို စစ်တပ်လိုက်တာ ခံရတယ်။ နေရာသစ် ရောက်ပီး စခန်းဆောက်ပြီးရင်လည်း ရန်သူက ထပ်တက်လာရင် ထပ်ရွှေ့ရပြန်တယ်။ (ပြောသာပြောလို့ မကဒတ သက်တမ်း တနှစ်မှာ ဒီလိုအခက်အခဲမျိုးကို ဦးထွန်းမကြုံဖူးခဲ့ဖူး) ဗဟိုစခန်းချဖို့ နေရာ တခုနဲ့တခုကြား တခါရွှေ့တိုင်းမှာ ပစ္စည်းတွေ အကုန်လုံးမသယ်နိုင်လို့ ဘာကိုလျှော့မလဲဆိုတာ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ...... အဆင့် နောက်ဆုံးအဆင့် စသည်ဖြင့် လျှော့ပြီး မီးရှို့ပစ်ခဲ့ရတယ်။ စာကြည့်တိုက်က ကျွန်မကြိုက်တဲ့ စာအုပ်တွေဆိုရင် သယ်လို့လည်းမနိုင်တာနဲ့ အော်.. ဒါတွေ မီးရှို့ပစ်ခဲ့ရတော့မှာပါလားဆိုပြီး နှမြှောတသမိလို့ မဆုံး ဖြစ်ခဲ့ရတယ်။ အဲလို လျှော့ဖို့ ပစ္စည်းတွေကို စနစ်တကျ ခွဲထားပါတယ်။ လုံးဝလျှော့လို့မဖြစ် နောက်ဆုံး စခန်း (သို့) ယာယီစခန်းကို စစ်တပ်က အလစ်ဝင်သုတ်ပြီး အပိုင်စီးလို့ လူတွေအကုန်လုံးသတ်ခံရ၊ ရှိတာအကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရင်တောင်မှ တနေ့တချိန်မှာ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းအမဲစက်နဲ့ ပတ်သက်ပြီး တနေ့တချိန်မှာ ပြန်ရှင်းရမည့် ဒီသမိုင်းအထောက်အထားတွေကို ပစ္စည်းပြာကျ လူအကုန်လုံး အသက်ဆုံးရှုံးတာနဲ့ အတူတူ မပါသွားရအောင် ပျက်စီးပျေက်ကွယ်သွားမှာစိုးလို့ ဗဟိုတာဝန်ရှိသူတွေဟာ အမျှော်အမြင် ရှိရှိနဲ့ ဒါတွေကို လုံခြုံစိတ်ချရတဲ့ နိုင်ငံခြားတိုင်းပြည် ဥရောပအထိ ဒုက္ခခံပြီး ပို့ထားတာပါ။ ဘာကိစ္စနဲ့ ဒါကိုထိန်းသိမ်းထားတဲ့သူက ပြန်ဖျက်ဆီးရမလဲ။ အဲလိုဖျက်ဆီးမယ်ဆို ဘာကိစ္စ ဒုက္ခခံပြီး ဒါတွေကို နယ်သာလန်အထိ သွားသိမ်းနေစရာလိုမလဲ။ ရန်သူစစ်ကြောင်း ပထမတကြိမ် ထိုးတုန်းကတောင် ဖျက်ဆီးလိုက်ရော့ပေါ့။ အခုတော့ အဲလိုမဟုတ်ဗဟိုအပြောင်းမှာ တောင်ကြီးတောင်ငယ်ဖြတ် ရေတတန် ကုန်းတတန်ကူးပြီးလည်း သယ်ခဲ့တယ်။ နောက်ဆုံး အဆုံးစွန်ထိတွေးပြီး နိုင်ငံခြားမှာ သိမ်းထားတယ်။ ဖျက်မယ်ဆို အစကတည်းက ဖျောက်ဖျက်ပစ်လိုက်တာ ကြာပြီပေါ့။ ဦးထွန်းဒီလောက်တောင် တွေးဖို့ ဦးနှောက်မမီ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ။




(ခေါင်းစဉ်ကို နှိပ်ပြီး ကိုနိုင်အောင်လေး ရေးသွားတဲ့ ((ကိုထွန်းအောင်ကျော် လွဲပြန်ပြီ)) ဆိုတဲ့ ဝေဖန်မှတ်ချက်ကို မူရင်းနေရာ (UZa Wana ဖေ့စ်ဘွတ်ခ်) မှာ ဖတ်နိုင်ပါတယ်။)


Naing Aung said...
လွဲပြန်ပြီ...မြောက်ပိုင်းကိစ်စ ကို ... မကဒတ က သိမ်းထားတာ...
ဘယ်လို့ လို့  အန်ဒီဒီ ကို သွားတောင်းကြည့်ရတာလည်း...
မကဒတ ကို မေးပေါ့...ကော်မရှင် ဖွဲ့ ထားတယ်...
ဖုံးနံပါတ်တွေလည်း ပေးထားတယ်.. ဆက်ကြည့်ပါလား...
နေပါအုံး.. တောင်းကြည့်ရအောင်... ဘာကို ကိုယ်စားပြုပြီး တောင်းနေတာလည်း...
ခုံရုံးကလား... ဘာအမိန့် နဲ့ လည်း....
ဒီကိစ်စကို ဒီလို ရှင်းလို့ မှ မရဘဲ.. တောင်းတော့ကော ရပါမလား...
စဉ်းစားပြီးမှလည်း လုပ်ပါဗျာ..
ကိုယ်စီးတဲ့ မြင်း အထီးလား အမ မှန်းမသိ... လွဲနေရော လွဲပါရော...
နေရာတခု ရှာလည်း ကိုယ်အရည်ချင်းနဲ့ ကိုယ်လုပ်ကြဗျာ...
ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီးကို လာပါတ်ပြီး ဖျာခင်းနေတာတော့ တော်တော် အောက်တယ်

Sunday at 12:44pm · Like · 1


Naing Aung အမည်နဲ့ ဖေ့စ်ဘွတ်ခ် သုံးသူက အထက်ပါ မှတ်ချက် ( ((ကိုထွန်းအောင်ကျော် လွဲပြန်ပြီ)) ဆိုတဲ့ ဝေဖန် မှတ်ချက်) ကို UZa Wana ဖေ့စ်ဘွတ်ခ် က ကိုထွန်းအောင်ကျော်မှ "NDD ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ" ပို့စ် အောက်မှာ ရေးသွားပါတယ်။
အဲဒီ မှတ်ချက်ကို ရေးသွားတဲ့ Naing Aung က ဒေါက်တာနိုင်အောင် မဟုတ်ပါ။ Naing Aung အမည်နဲ့ ဖေ့စ်ဘွတ်ခ် သုံးသူဟာ ကိုနိုင်အောင်လေး ဖြစ်ပါတယ်။

ဒေါက်တာနိုင်အောင် ရေးသွားတဲ့ မှတ်ချက် မဟုတ်ဘဲ ဒေါက်တာနိုင်အောင် ရေးသွားတယ်လို့ ထင်ပြီး ဖေ့စ်ဘွတ်ခ် သုံးသူတချို့က ဝေဖန်နေကြပါတယ်။ Naing Aung အမည်နဲ့ ဖေ့စ်ဘွတ်ခ် သုံးသူ ရေးသွားတဲ့ မှတ်ချက်ကို ABSDF တောင်ပိုင်း (မိုးသီးဇွန်ဘက်ခြမ်း) မှာ ညှဉ်းပန်း သတ်ဖြတ်ခံခဲ့ရတဲ့ ကိုဌေးနိုင် ရဲ့ အစ်ကို ကိုဌေးတင့် (Htay Tint အမည်နဲ့ ဖေ့စ်ဘွတ်ခ် သုံးသူ) က သူ့ ဖေ့စ်ဘွတ်ခ် မှာ ((Dr. Naing Aung said)) လို့ ဒေါက်တာနိုင်အောင် နာမည် တပ်ပြီး ဖြန့်နေပါတယ်။

ABSDF မြောက်ပိုင်း နဲ့ တောင်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိုဌေးတင့်လို ဖေ့စ်ဘွတ်ခ် သုံးသူတွေတောင်မှ Naing Aung (ကိုနိုင်အောင်လေး) ကို ဒေါက်တာနိုင်အောင် လို့ ထင်ပြီး ရေးနေကြရင် ABSDF ပြင်ပက လူတွေဆိုရင် ပိုမှားကြမှာပါ။

ကိုနိုင်အောင်လေး ကို ဒေါက်တာနိုင်အောင် လို့ ထင်ပြီး စတေးတပ် တင်ထားတဲ့ ကိုဌေးတင့် ရော၊ ဝေဖန်နေကြတဲ့ ဖေ့စ်ဘွတ်ခ် သုံးသူတချို့ပါ မှားနေတယ် ဆိုတာကို စာဖတ်သူများ သတိထားမိအောင် အသိပေးတာပါ။ ရှုပ်ထွေးနေပြီးသား ABSDF မြောက်ပိုင်း ပြဿနာမှာ အချက်အလက် မှားယွင်းမှုကနေ မှားယွင်းတဲ့ ဝေဖန်မှုတွေ ထပ်မဖြစ်လာအောင် အသိပေးခြင်း ဖြစ်ပါတယ်။

.
(ခေါင်းစဉ်ကို နှိပ်ပြီး မနွယ်နီထွန်း မှတ်ချက်ကို မူရင်းနေရာ (Htay Tint ဖေ့စ်ဘွတ်ခ်) မှာ ဖတ်နိုင်ပါတယ်။)


((Dr. Naing Aung said)) ဆိုပြီး စတေးတပ် အဖြစ် တင်ထားတဲ့ ကိုဌေးတင့်ကိုတော့ မနွယ်နီထွန်းက ရှင်းပြထားပြီးပါပြီ။

ကိုဌေးတင့်က ကိုနိုင်အောင်လေး ကို ဒေါက်တာနိုင်အောင် လို့ ထင်ပြီး ((Dr. Naing Aung said)) လို့ မှားရေးထားတာပါ။


Nweni Tun said...
ကိုဌေးတင့် လွဲနေလို့ ဝင်ပြောပေးတာပါ..
အဲဒီမှတ်ချက်ကို ၀င်ပေးသွားတဲ့ သူက Dr Naing Aung မဟုတ်ပါ..
Dr Naing Aung ကို ပြောချင်ဇောနဲ့  လွဲပြီးရင်း ထပ်လွဲနေမှာစိုးလို့ ...။

2 hours ago · Edited · Like · 1



Htay Tint စတေးတပ်

(( Dr. Naing Aung said
လွဲပြန်ပြီ...မြောက်ပိုင်းကိစ်စ ကို ...မကဒတက သိမ်းထားတာ...ဘယ်လို့ လို့  အန်ဒီဒီကို သွားတောင်းကြည့်ရတာလည်း...မကဒတကို မေးပေါ့...ကော်မရှင် ဖွဲ့ ထားတယ်...ဖုံးနံပါတ်တွေလည်း ပေးထားတယ်..ဆက်ကြည့်ပါလား...နေပါအုံး.. တောင်းကြည့်ရအောင်...ဘာကို ကိုယ်စားပြုပြီး တောင်းနေတာလည်း... ခုံရုံးကလား...ဘာအမိန့် နဲ့ လည်း....ဒီကိစ်စကို ဒီလို ရှင်းလို့ မှ မရဘဲ..တောင်းတော့ကော ရပါမလား...စဉ်းစားပြီးမှလည်း လုပ်ပါဗျာ..ကိုယ်စီးတဲ့ မြင်း အထီးလား အမ မှန်းမသိ...လွဲနေရော လွဲပါရော...နေရာတခုရှာလည်း ကိုယ်အရည်ချင်းနဲ့ ကိုယ်လုပ်ကြဗျာ...၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ကြီးကို လာပါတ်ပြီး ဖျာခင်းနေတာတော့ တော်တော်အောက်တယ်

5 hours ago · Share

7 people like this.))