မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပေါင်းကူးတံတား



ကျောင်းသားတပ်မတော်သည် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေနဲ့ ဗမာနိုင်ငံရေးသမားများအကြား မှန်မှန်ကန်ကန် ပေါင်းစည်းနိုင်ရန် နားလည်မှု တံတားထိုးပေးနိုင်ခဲ့

ရန်ကုန် ဇန်န၀ါရီ ၁၃

ပါဂျောင်အရေးခဲ့သို့ အငြင်းပွားဖွယ်ရာ အကျည်းတန်ဖြစ်ရပ်များ ရှိခဲ့သည့်တိုင် ကျောင်းသားတပ်မတော်ဖြစ်သော ABSDF သည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ဗမာနိုင်ငံရေးသမားများအကြား နားလည်မှုတံတား ထိုးပေးမှုတွင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်ဖြစ်သည်ဟု တရုတ်နယ်စပ် အခြေစိုက် မြန်မာစစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မြန်မာ အင်ဒီပဲန်ဒင့်သို့ ဇန်န၀ါရီ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။ ၁၉၉၂ ခုနှစ် ပါဂျောင်ဒေသတွင် ဖြစ်သော ကျောင်းသားတပ်မတော် ရဲဘော်အချင်းချင်း သတ်ဖြတ်မှုများအကြောင်းကို မီဒီယာများတွင် အများအပြား ဖေါ်ပြလာခဲ့ရမှ အများပြည်သူတို့အနေဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာသော ကျောင်းသားတပ်မတော် ABSDF အပေါ် အထင်မြင်လွှဲမှားစရာတချို့ ပေါ်ထွက်လာခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ နယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်နေသူ ဦးအောင်ကျော်ဇောက "တကယ်တော့ ၁၉၈၈ မတိုင်မီအထိ ဗမာအမျိုးသားငယ်တွေနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးသမားဆိုတာ အဆက်အစပ် မရှိခဲ့ပါဘူး၊ ဗမာပြည်ကွန်မြူနစ်ပါတီက အလောင်းထမ်းပြီး ဆွေးနွေးခဲ့တာတောင် မအောင်မြင်ခဲ့ပါဘူး။ အဲဒီလိုအနေအထားမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ABSDF ပေါ်လာပြီး ABSDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ကိုနိုင်အောင် ကိုထွန်းအောင်ကျော်တို့က အင်မတန်ကို နှိမ့်နှိမ့်ချချနဲ့ ကြိုးစားခဲ့ရမှ နောက်ဆုံးမှာ တပ်ပေါင်းစု ဆိုတာမျိုး ဖြစ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ NLD- LA ကလည်း ကြိုးစားခဲ့တာပဲ။ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ABSDF ကတော့ တိုင်းရင်းသား အားလုံးရော တခြား ဗမာလက်နက်ကိုင် အင်အားစုတွေရော အားလုံး တပ်ပေါင်းစုဖြစ်သွားအောင် တံတားထိုးပေးခဲ့တာကိုတော့ အသိအမှတ်ပြု ကျေးဇူးတင်သင့်ပါတယ်။ ၁၉၄၈-၈၈ သမိုင်းမှာ လူမျိုးစု လက်နက်ကိုင်နဲ့ ဗမာနိုင်ငံရေးသမားကို မှန်မှန်ကန်ကန် ပေါင်းစည်းပေးနိုင်တာ ABSDF ပဲ" ဟု ပြောသည်။ ပါဂျောင်ကိစ္စအပေါ်တွင်လည်း ယင်းကလက်တွေ့သမားနဲ့ နိုင်ငံရေး သဘောတရားရေးရာသမားတွေရဲ့ ပဋိပက္ခဟု မြင်သကဲ့သို့ မန္တလေးဂိုဏ်းနဲ့ မိုးညှင်းဂိုဏ်း၊ ပြည်နယ်သားနဲ့ အောက်သားဂိုဏ်းဆိုသည့် ဒေသစွဲအားပြိုင်မှု ပဋိပက္ခဟုလည်း မြင်မိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။ ထို့အပြင် ထိုကိစ္စများတွင် ထိုအချိန်က တာဝန်ရှိသူများဖြစ်သည့် မြန်မာ့တပ်မတော် ထောက်လှန်းရေးသည်လည်း နယ်စပ်သို့ တာဝန်ပေးမှုများ မရှိဟု မပြောနိုင်ရာ ယင်းတို့ထံမှ တာဝန်ပေးစေလွှတ်ခဲ့ခြင်း ရှိမရှိကိုလည်းကောင်း၊ ရှိပါက မည်သူတို့ကို တာဝန်ပေး စေလွှတ်ခဲ့ကြောင်းနှင့် အသတ်ခံရသူ ၁၅ ဦးမှာ မည်သူတို့က ၄င်တို့စေလွှတ်ထားလို့ လှုပ်ရှားနေသူများ ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသင့်သည်ဟု ဆိုသည်။ 
Independent Journal အမှတ် (၃၆) မှ   ကူးယူပြီး Kyaw Giy AB Face Book မှာ တင်ပြထားတာကို ပြန်လည် ကူးယူဖေါ်ပြပြီး သိမ်းဆည်းထားလိုက်ပါတေယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

22 comments:



Nicky Shein said...

(ABSDF မြောက်ပိုင်းမှာ ၁၂-၂-၁၉၉၂ ရက်နေ့မှာ တပြိုင်တည်း) အသတ်ခံရတဲ့ ၁၅ ယောက်ကို ကိုယ်ချင်းမစာ လက်လွတ်စပယ် ထောက်လှမ်းရေးတွေ လို့ ထပ်ပြောပြီး စော်ကားတာဟာ မိမိရဲ့ နိုင်ငံရေးအမြင် နိမ့်ကျတာကို ဝန်ခံတာဖြစ်တယ်

January 18 at 3:35pm · Like · 4


http://www.facebook.com/ah.m.ni.1/posts/250333065097685?comment_id=1072992&offset=0&total_comments=2



Shwe Sin Thet said...

စစ်ရေးလေ့လာသူကြီးရေ...
သတိလေးတော့ ထားပါဦး....
ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူဘို့ လိုပါလိမ့်မယ်....

(ABSDF မြောက်ပိုင်းမှာ ၁၂-၂-၁၉၉၂ ရက်နေ့မှာ တပြိုင်တည်း အသတ်ခံရတဲ့ ၁၅ ယောက်က) ရှင်တို့သမိုင်းတွေ လှဘို့အတွက် အစတေးခံပေးရမဲ့သူတွေ မဟုတ်ဘူး ဆိုတာ သိထားပါ..

Nicky Shein - (ABSDF မြောက်ပိုင်းမှာ ၁၂-၂-၁၉၉၂ ရက်နေ့မှာ တပြိုင်တည်း) "အသတ်ခံရတဲ့ ၁၅ ယောက်ကို ကိုယ်ချင်းမစာ လက်လွတ်စပယ် ထောက်လှမ်းရေးတွေ လို့ ထပ်ပြောပြီး စော်ကားတာဟာ မိမိရဲ့ နိုင်ငံရေးအမြင် နိမ့်ကျတာကို ဝန်ခံတာဖြစ်တယ်"

January 18 at 7:35pm · Like · 7


http://www.facebook.com/photo.php?fbid=324690957636448&set=a.131867773585435.21384.100002866393727&type=1&theater



Ko Lin Wai Aung said...

ABSDF အတွက် သဘောထား မကွဲပေမဲ့
ကျန်တာတွေ အတွက် ခင်ဗျား နဲ့ ကျုပ် သဘောထားကွဲတယ်
သွေးရိုးသားရိုး ဖြစ်ပါစေလို့ ..ပဲ ပြောမယ်....

စစ်ရေး / နိုင်ငံရေး လေ့လာသူတွေ...သတိထား..
သွေးရိုး သားရိုးဖြစ်ပါစေ..
ABSDF မြောက်ပိုင်းမှာ သေဆုံးသွားသူတွေ အပေါ်မှာ.... သမိုင်းသတ်တဲ့အထဲ မပါအောင် သတိထားပါ...

January 18 at 2:04pm · Edited · Like · 10


http://www.facebook.com/photo.php?fbid=324690957636448&set=a.131867773585435.21384.100002866393727&type=1&comment_id=633019&offset=0&total_comments=10


Maung Than Swe said...

(ဦးအောင်ကျော်ဇောရဲ့) ပါဂျောင်ကိစ္စအမြင် အပေါ် လုံးဝ လက်မခံပါ။

January 18 at 6:43pm · Like · 7


http://www.facebook.com/photo.php?fbid=324690957636448&set=a.131867773585435.21384.100002866393727&type=1&comment_id=633019&offset=0&total_comments=10


Nay Thwe Ni said...

(ABSDF မြောက်ပိုင်းမှာ) ကျဆုံးသွားတဲ့ ရဲဘော်တွေအပေါ်မှာ သူတို့ရဲ့သိက္ခာနဲ့ သမိုင်းကို ထပ်မသတ်ကြပါနဲ့...

January 18 at 7:03pm · Like · 6


http://www.facebook.com/photo.php?fbid=324690957636448&set=a.131867773585435.21384.100002866393727&type=1&comment_id=633019&offset=0&total_comments=10


ကိုအောင်ကျော်ဇော ပြောတာကို လက်ခံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ABSDF ဟာ တကယ့်ကို တိုင်းရင်းသားတွေရဲ့ ဗမာမုန်းတီးမှုကို ချေဖျက်နိုင်ခဲ့တယ်။ အဲဒီအတွက် သဘောထားကြီးကြီးနဲ့ စတေးခဲ့ကြရတယ်၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို မတောင်းဆိုဘဲ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ပြောင်းလဲ တောင်းဆိုလာခဲ့တယ်။

ABSDF မြောက်ပိုင်းရက်စက်မှုကို ကြည့်ပြီး ABSDF တခုလုံးကို အပုတ်ချတာမျိုး မဖြစ်စေချင်ဘူး။ အခုက ABSDF ကို တိုက်နေတာလား၊ မြောက်ပိုင်းလူသတ်တရားခံတွေကို ဖေါ်ထုတ်မှာလား မိမိကိုယ်ကို ပြန်မေးကြ။ ABSDF အဖွဲ့အစည်းတခုလုံးကိုတော့ မစော်ကားနဲ့၊ လက်မခံဘူး။

ABSDF တောင်ပိုင်းမှာလဲ နယ်အုပ်စုနဲ့ ရန်ကုန်အုပ်စု အားပြိုင်မှုတွေ ရှိခဲ့တာကို မမေ့သင့်ဘူး။ ထောက်လှမ်းရေး လုံးဝ မရှိဘူး ဆိုတာကို ဘယ်သူကို ဘယ်သူကမှ တာဝန်မခံနိင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ထောက်လှမ်းရေး ဆိုတာ လူသိခံရတဲ့အလုပ် မဟုတ်လို့ဘဲ။ ဒါကြောင့် ကျောင်းသားက ထောက်လှမ်းရေးကို သတ်တာလား၊ ထောက်လှမ်းရေးက ကျောင်းသားကို သတ်တာလား ဆိုတာကို သိချင်နေကြတာ ဖြစ်တယ်။ ကြပ်ကြပ် စဉ်းစားကြ၊ ရန်သူများအောင် မလုပ်ကြနဲ့။

ထွန်းအောင်ကျော်
(ABSDF ပထမဆုံး ဥက္ကဋ္ဌ)


http://www.facebook.com/photo.php?fbid=324690957636448&set=a.131867773585435.21384.100002866393727&type=1&comment_id=633019&offset=0&total_comments=10


ကျောင်းသားရဲဘော်ဟောင်းများ၊ ကျဆုံး မိသားစုဝင်များ တွေ့ဆုံ ဆွမ်းကပ် အမျှဝေပွဲသို့ တက်ရောက်ပေးပါရန်

နေ့ရက် - ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်
အချိန် - နံနက် ၁၀ နာရီ
နေရာ - မြဝတီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့


(Kyaw Gyi AB (ကိုညီညီကျော်) ဖေ့စ်ဘွတ်ခ်)

(ကိုညီညီကျော်ဟာ ၁၉၉၁ - ၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စုရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် ၁၀၆ ယောက်ထဲမှာ ကံကြီးလွန်းလို့ မသေဘဲ လွတ်မြောက်ခဲ့တဲ့ ကျောင်းသားရဲဘော် ၇၀ အနက် ပထမဆုံး ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသားရဲဘော် ၃၈ ယောက်ကတော့ ABSDF မြောက်ပိုင်းက အာဏာကို အလွဲသုံးစားလုပ်ခဲ့တဲ့ လူရမ်းကားတစုရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လူမဆန်စွာ ညှဉ်းပန်းမှုမျိုးစုံကြောင့် ကြွေလွင့်ခဲ့ရပါတယ်။)


(မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အတွက် အမှတ်တရ ကဗျာ)


ခရီးသွား မီးငှက်များ


လောင်ကျွမ်းပေးလိုက်တယ်
ပြာ ဖြစ်သွားသည်အထိ

အလင်းရောင်က ဘယ်လဲ
ဘာအထိလဲ ...

မပျံသန်းရဲလို့တော့ မဟုတ်ဘူး
ငါ့အတောင်ပံတွေကိုက မီးထဲမှာ ပိုလှတယ်

သေချာပါတယ်
ငါနဲ့ ငါတို့ ရောက်ခဲ့တယ်



(Kyaw Gyi AB (ကိုညီညီကျော်) ဖေ့စ်ဘွတ်ခ်)


(ကိုညီညီကျော်ဟာ ၁၉၉၁ - ၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စုရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် ၁၀၆ ယောက်ထဲမှာ ကံကြီးလွန်းလို့ မသေဘဲ လွတ်မြောက်ခဲ့တဲ့ ကျောင်းသားရဲဘော် ၇၀ အနက် ပထမဆုံး ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသားရဲဘော် ၃၈ ယောက်ကတော့ ABSDF မြောက်ပိုင်းက အာဏာကို အလွဲသုံးစားလုပ်ခဲ့တဲ့ လူရမ်းကားတစုရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လူမဆန်စွာ ညှဉ်းပန်းမှုမျိုးစုံကြောင့် ကြွေလွင့်ခဲ့ရပါတယ်။)


ABSDF (စစ်ကိုင်း) မဖွဲ.စည်းနိုင်မီ ချေမှုန်းခံခဲ့ရခြင်း

ကိုမြင့်သိန်း (ကသာ)
( BarBu Abnb )

၂၃-၆-၂၀၁၂

ABSDF မြောက်ပိုင်းမှာ မျိုးဝင်း နဲ. သံချောင်း တို.ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို လက်မခံနိုင်တဲ့ စစ်ကိုင်းက ကျောင်းသားတွေဟာ အိန္ဒိယနယ်စပ်ဘက်မှာ နောက်ထပ် ABSDF တဖွဲ. (ABSDF - စစ်ကိုင်း) ကို ဖွဲ.ဖို. ကြိုးစားခဲ့ကြပါတယ်။ ကျောင်းသားတပ် လှုပ်ရှားနေတဲ့ ဂွင်ထဲမှာ နမ့်ချီး ကျောက်စိမ်းမှော် ရှိပါတယ်။ နမ့်ချီးမှော်နဲ. ဆက်စပ်ဒေသမှာ သံချောင်းဟာ သူ.သြဇာ ပိုင်တဲ့ အဖွဲ.က လွဲပြီး အခြားအဖွဲ. ရှိတာကို မလိုလားပါဘူး။ အဲဒီတော့ ABSDF (စစ်ကိုင်း) ပေါ်လာမှာကို လက်မခံနိုင်ပါဘူး။

အခု ABSDF (စစ်ကိုင်း) ဖွဲ.ဖို. ၂ ကြိမ်တိုင် ကြိုးစားခဲ့ပေမဲ့ ဘာကြောင့် မအောင်မြင်ခဲ့တဲ့ အကြောင်းကို ပြန်ပြောပြပါ.မယ်။


ABSDF (စစ်ကိုင်း) ဖွဲ.ဖို. ပထမအကြိမ် ကြိုးစားမှု

ဦးခင်မောင်ဝင်း (ကောလင်း) နဲ. ကိုဝင်းကို တို.နှစ်ဦး ဦးဆောင်ပြီး တိုက်ခိုက်ရေးက ကောက်ကွေးရဲ. တပ်စိတ် တစိတ်နဲ.အတူ အပတ်စဉ် ၂ ငွေဓါးဆုရ ကိုသိန်းဌေး၊ ကိုမြင့်သိန်း (ကသာ)၊ ကိုဝင်းကိုဦး (ကောလင်း) တို. ခရီး ထွက်ရာ မိုင်းတောင် ကတဆင့် နမ့်ချီးမှော် ကိုရောက်ခဲ့ပါတယ်။ နမ့်ချီးမှော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး သင်တန်းဆရာ ကိုဇော်ထွေးဦး (မိုးညင်းမြို.မှ တရားသူကြီးတဦး၏ သား)၊ ကျော်ကျော်မင်း (မြစ်ကြီးနား) နဲ.အခြား ၂ ဦး တို. မော်ဟန် နတ်ကြီးစင်ရွာ အနီးမှာ ရန်သူ.အဖမ်း ခံရပြီး တန်းစီပြီး ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသား ၄ ယောက်ကို ပြန်ကယ်တင်နိုင်ဖို. မဟာမိတ်တပ်က ဗိုလ်ကြီး ခါခါရောင် ဦးစီးပြီး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အသတ်ခံရတဲ့သတင်းကို သံချောင်းအကိုက သတင်းပို.လို.နောက်ရက်မှာကျောင်းသားတပ်က ရဲဘော်တွေသွားပြီး မြေမြှတ် သဂြိုလ်ခဲ့ရပါတယ်။ လေးယောက်စလုံး လက်သီးဆုပ်၊ အံကြိတ်ပြီး သေနေကြတာဖြစ်ပြီး အလောင်းတွေက ပုပ်ပွနေပါပြီ။ အလောင်းမြှပ်တဲ့နေ.က ၁၉၈၉ ခုနှစ်၊ ဂျွန်လ ၃ ရက်နေ. ကပါ။

အဲဒီထဲက လွတ်လာတဲ့ လူသစ်နှစ်ဦးမှာ တဦးက အရပ်ရှည်ရှည်၊ အသားညိုညို မြန်မာ ဖြစ်ပြီး နောက်တယောက်က ရှမ်းနှင်. တူပြီး ဓါးလွယ် အမြဲတန်း လွယ်လေ့ရှိတယ်။ သူတို. ဗဟိုကို သတင်းမပို.နိုင်မီ လမ်းမှာတင် ဌက်ဖျားနဲ. ကွယ်လွန်ခဲ့ပါတယ်။ ဦးခင်မောင်ဝင်းကလည်း အပြင်းဖျားနေလို. အကူ လိုက်လာတဲ့ ကိုဝင်းကို နဲ.အတူ ဟိုပင်မြို.မှာ ဆေးကုရင်းနေရာက မြို.ပေါ်က သတင်းပေးတယောက်ရဲ. လက်ချက်နဲ. သူတို.နှစ်ယောက်နဲ. အတူ ဆေးကုပေးတဲ့ ဆရာဝန်ပါ အဖမ်းခံခဲ့ရပါတယ်။ ဒါဟာ ပထမအကြိမ် ကြိုးပမ်းမှု ဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။



ABSDF (စစ်ကိုင်း) ဖွဲ.ဖို. ဒုတိယအကြိမ် ကြိုးပမ်းမှု

ဒုတိယအကြိမ်က ရွေးကောက်ပွဲအပြီး ကာလမှာပါ။ အဲဒီအဖွဲ. ထိုးဖောက်တော့ ဦးကျော်ကျော်အုန်း၊ ဦးစိုးလင်းနဲ. ကိုသိန်းသန်းတို. ၃ ဦး ခေါင်းဆောင်ခဲ့ပါတယ်။ အရှေ.တောင် (ဗဟိုဒေသ) မှ အနောက်တောင် အိန္ဒိယ နယ်စပ်အထိကို ပထမအကြိမ် ခရီးစဉ်မှာ ပါခဲ့တဲ့ ကိုမြင့်သိန်း (ကသာ) က ဦးဆောင် လမ်းပြခဲ့ပါတယ်။ ကိုသိန်းသန်းဟာ တက္ကသိုလ်ကျောင်းသားတဦး ဖြစ်ပြီး ကျန်တဲ့ အတူ ပါသူတွေကတော့ မဲဇာမှ အလယ်တန်းပြ ဆရာ ဦးလှသိန်း၊ ကိုကြည်မိုး (ကျွန်းလှ)၊ ကိုစိုးကြီး (ကောလင်း)၊ ဆေးဆရာ ဇော်လွင်၊ ဦးသိန်းအောင် (မဘိန်း) (ယခု ဆရာတော် ဦးပညာသိက္ခ)၊ ကိုဦး၊ အောင်ဘို (တန်.ဆည်)၊ ကျော်ကျော်နိုင် (မဲဇာမှ လို.ထင်)၊ မောင်မျိုး (ဇီးကုန်း) နဲ.ဟန်ဝင်းအောင် (ယခု မန္တလေး) တို.ဖြစ်ပါတယ်။ အဲဒီအဖွဲ.ကို ABSDF (ကချင်) ကနေပြီး အကူအညီပေးဖို. အမိန်.ဟာ ဒေသခံတွေဆီကို ရောက်မလာတဲ့အတွက် အဲဒီအဖွဲ.ဟာ ဘာအကူအညီမှ မရခဲ့ပါဘူး။

မိုးညှင်းမြို.ကို ညပိုင်းဖြတ်တဲ့အခါမှာ လူစုကွဲသွားပြီး နံနက်လင်းမှ လူပြန်စုမိပါတယ်။ ညပိုင်းမှာ အဆိုတော်ကော်နီရဲ. စတိတ်ရှိုးပွဲ ရှိနေတဲ့အတွက် လုံခြုံရေးတွေဟာ ပွဲခင်းထဲမှာပဲ စုနေလို. အဖိတ်အစင် မရှိခဲ့တာပါ။ နောက်တရက်မှာ နမ့်ချီးမှော်ကိုရောက်ပါတယ်။ နမ့်ချီးမှော်ကနေ မိုင်းတောင်ဘက်ကို စစ်ရေးအခြေအနေအရ ပြန်ထွက်ကြပြီး မဟာမိတ် အထူးတိုက်ခိုက်ရေး (၂၅၁ လား ၂၅ လား မသေချာ) တပ်နဲ .ပူးပေါင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ တပ်မတော်က အင်းတော်ကြီးဒေသကို စစ်ကြောင်း အကြီးအကျယ် ထိုးစစ်ဆင်နေချိန် ဖြစ်ပါတယ်။ အဲဒီမှာ မဟာမိတ် တိုက်ခိုက်ရေးတပ်က အယောင်ပြပြီး တပ်မတော်စစ်ကြောင်းကိုတောင်ကုန်း တခုပေါ် မျှားခေါ်သွားခဲ့ပါတယ်။ အကြောင်းရင်းက ABSDF စစ်ကိုင်း ထူထောင်မယ့်သူတွေကို အန္တရယ်ကင်း စွာနဲ. ခရီးဆက်နိုင်အောင်လို.ပါ။

ထွက်ခွါသွားတဲ့အဖွဲနဲ. ကျန်ခဲ့သူတွေကတော့ ဦးကျော်ကျော်အုန်း၊ ကိုကြည်မိုး၊ ကိုမြင့်သိန်း (ကသာ)၊ လူသစ် ကိုဝင်းသိန်း (ဝန်းသို) တို.ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေချိန်မှာ ကိုမြင့်သိန်း (ကသာ) ဟာ ဦးကျော်ကျော်အုန်းနဲ. ကျန် ၂ ယောက်ကို ဝပေါ်၊ အင်းလေး၊ ဇီးကုန်း သုံးရွာကြားက ဌက်ပျောတောထဲကို ခေါ်သွားပြီး ခိုခိုင်းခဲ့ပါတယ်။ တိုက်ပွဲနဲ. ဌက်ပျောတောဟာ ကိုက် ၃၀၀ လောက် ပဲဝေးပါတယ်။

အဲဒီမှာ အန္တရာယ်ကင်းတဲ့နောက် လိုက်ပို.တဲ့ ခရီးလမ်း ဆုံးတဲ့အတွက် တကြောင်း၊ လူသစ် ကိုဝင်းသိန်း ကို ဗဟိုကို ပြန်ပို.ဖို.က တကြောင်း တို.ကြောင့် ဦးကျော်ကျော်အုန်းနဲ. ကိုကြည်မိုး တို.ကို ထားခဲ့ပြီး ကိုမြင့်သိန်းဟာ ကိုဝင်းသိန်းကို ခေါ်ပြီး ထွက်ခဲ့ပါတယ်။ အဲဒီလမ်းခရီးမှာ အဆောင်လက်နက်ဆိုလို. လက်နက် အတိုတလက်သာ ပါခဲ့ပါတယ်။

ကိုမြင့်သိန်းတို. ၂ ဦးဟာ ဌါနချုပ်ကို ပြန်ဖို. ဟိုပင်နဲ. မိုးညင်း အကြား ကျောင်းသားတပ်ရဲ. ဒေသခံ စည်းရုံးရေးမှူး ဦးချစ်ဖေ တို. ရွာဖြစ်တဲ့ မြေနု post ကို သွားခဲ့ကြပါတယ်။ လမ်းမှာ ဖျားလာကြလို. အချမ်းသက်သာအောင် မီးဖိုဘေးမှာ မီးလှုံနေပြီး ရွာကတိုက်တဲ့ သွေးဆေး သောက်ပြီး နေလိုက်ကြပါတယ်။


စစ်ကိုင်း ကျောင်းသားတွေ ABSDF (စစ်ကိုင်း) ဖွဲ.ဖို. ကြိုးစားစဉ် အသတ်ခံခဲ့ရတာဟာ တိရစ္ဆာန်စိတ်နဲ. နယ်မြေလုတဲ့ပွဲပါ

နံနက်စောစောမှာ ရွာကကျွေးတဲ့ ခေါပုတ်ကင်ကို စားနေတုန်း အောင်မင်း (နောက်ပိုင်း အရာခံဗိုလ်)၊ မိုင်းဆရာ ဇော်လွင်၊ ရွာခံ ဦးချစ်ဖေနဲ. အရပ်သားစည်းရုံးရေးမှုး ဦးစက်အောင် တို. ၄ ဦး မူးပြီးရောက်လာပါတယ်။

သူတို.တွေ မူးပြီး ပြောတဲ့စကားတွေအရနဲ. ရွာသားတွေပြန်ပြောလို. သိရတဲ့ စကားတွေအရ ညက ဦးကျော်ကျော်အုန်းနဲ. အခြား ၂ ဦးကို ရှင်းပစ်လိုက်ခဲ့ကြပြီး အလောင်းတွေကို ကံကြီးကုန်း သင်္ချုင်းမှာ မြှပ်ခဲ့တယ် ဆိုတာကို သိခဲ့ရပါတယ်။

သေသွားတဲ့သူတွေက ဦးကျော်ကျော်အုန်း၊ ကိုကြည်မိုးနဲ. နောက်တယောက်က ဘယ်သူလဲ မသိပါဘူး။ အောင်မင်းတို.အဖွဲ.ဟာ ဦးကျော်ကျော်အုန်းရဲ. သေနတ်ကိုလည်း သိမ်းခဲ့ပါတယ်။

ကိုမြင့်သိန်းတို. မိုးခိုနေတုန်း အောင်မင်းက တိုးတိုးလေး ပြောနေတာက "ငါတို. ညက လုပ်ခဲ့တဲ့ကိစ္စ မြင့်သိန်း သိသွားနိုင်တယ်။ ဒီကောင်တွေ ၂ ယောက်ကိုလည်း ရှင်းပစ်လိုက်ရအောင်" လို. ပြောတော့ မိုင်းဆရာ ဇော်လွင်က "ဒီကောင် မြင့်သိန်းက ရှေ.တန်းမှာ ငါ.တပ်စိတ်က၊ ဒီကောင်က ရိုးတယ်၊ အေးတယ်၊ မင်း သူ.ကို မလုပ်နဲ.၊ လုပ်ရင် ငါနဲ. တွေ.မယ်" ဆိုပြီး ပြန်ပြောပါတယ်။

အောင်မင်း နဲ. မိုင်းဆရာ ဇော်လွင် ဟာ ကိုမြင့်သိန်း နဲ. လူသစ် ကိုဝင်းသိန်း တို. ၂ ယောက်ကို သတ်ရေး၊ မသတ်ရေး ပြောကြရင်း ဒေါသတွေ ထွက်လာကြပြီး သေနတ်တွေနဲ. ထပစ်ကြတော့ အိမ်ထရံတွေပါ ကျည်ပေါက်တွေ ဝင်ကုန် လို. ကြားထဲကနေ ရွာလူကြီးတွေက တောင်းပန်ပြီး ဝင်တားပေးကြတယ်။ အလောင်းမြှပ်ခဲ့တဲ နေရာကို သိတဲ့ ဦးချစ်ဖေတို.၊ ဦးစက်အောင်တို.နဲ. သက်သေခံပစ္စည်းတွေ သွားရှာလို. ရပါတယ်။

စစ်ကိုင်း ကျောင်းသားတွေ အသတ်ခံရတဲ့ ဒီဖြစ်ရပ်ဟာ သာမန် လူသတ်မှု မဟုတ်ပါဘူး၊ တိရစ္ဆာန်စိတ်နဲ. နယ်မြေလုတဲ့ပွဲပါ။ အုပ်စုထဲက ခြင်္သေ့ခေါင်းဆောင် က အရွယ်ရောက်လာမယ့် ခြင်္သေ့ထီးကို ကိုက်သတ်ပစ်သလိုမျိုးပါ။


ပြန်ပြောပြသူ - ကိုမြင့်သိန်း (ကသာ) OSC
( BarBu Abnb )
မှတ်တမ်းတင်သူ - ကျော်သူရ
၂၃-၆-၂၀၁၂


(ကိုမြင့်သိန်း (ကသာ) ( BarBu Abnb ) ဟာ ABSDF မြောက်ပိုင်းမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စုရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခံ နေရစဉ် ၁၉၉၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ ကျောင်းသားရဲဘော် ၅၅ ယောက်ကို မြောက်ပိုင်း ကျောင်းသားတပ်ရဲ့ အကျဉ်းထောင်ထဲကနေ ဦးဆောင်ပြီး ခေါ်ထုတ်လာခဲ့သူ ဖြစ်ပါတယ်။)


(Credit - ကိုမိုးသီဟအောင်)

.
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်


ABSDF မြောက်ပိုင်းပြန်များအားလုံးကို လေးစားစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ခင်ဗျားတို့ ဘယ်လို ခံစားခဲ့ရတယ် ဆိုတာ ကိုယ်ချင်းစာတယ် ဆိုပေမဲ့ ခင်ဗျားတို့လောက် ဘယ်သူမှ မခံစားနိုင်ဘူးလို့ ပထမဦးစွာ ပြောပါရစေ။

အထူးသဖြင့် ABSDF မြောက်ပိုင်းမှာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် မြောက်ပိုင်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ စောင့်ရတာ အခုဆိုရင် နှစ်ပေါင်း ၂၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီလို ၂၁ နှစ်အထိ ကြာရှည်လာခဲ့တာလဲ မြန်မာနိုင်ငံမှာ
ပွင့်လင်းမြင်သာမှု မရှိလို့ဘဲဖြစ်တယ်။ ဒီ ၂၁ နှစ်ကာလမှာ အမှန်တရားပေါ်ပေါက်ရေးနဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ဂုဏ်သရေကို ဆည်ဖို့၊ ပေးထားတဲ့ ကတိကဝတ်တွေကို မမေ့မလျှော့ဘဲ ဇွဲရှိရှိစောင့်ပြီး အခြေအနေပေးလာတဲ့အခါ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဝိုင်းလုပ်ဆောင်ကြတဲ့ ခင်ဗျားတို့ရဲ့ ဇွဲသတ္တိကို အထူး လေးစားကြောင်း ပြောကြားလိုပါတယ်။

ABSDF ဟာ မတရားမှုတွေကို တွန်းလှန်တိုက်ဖျက်ဖို့၊ ပြည်သူတွေရဲ့ဆုံးရှုံးနေခဲ့တဲ့ လူ့အခွင့်အရေးတွေကို ရယူပေးမယ် ဆိုတဲ့ မွန်မြတ်တဲ့စိတ်ဓါတ်နဲ့ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းကြီးဖြစ်တာ အများအသိပါပဲ။

ကျွန်တော်ကိုယ်တိုင် အခက်အခဲအမျိုးမျိုးကြားက ပြုစုပျိုးထောင်လာခဲ့သူမို့ ဒီလို မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသားတပ်မတော်ကြီးကို ပြည်သူတွေ အယုံအကြည် ကင်းမဲ့စေလောက်အောင် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးကို ကျူးလွန်ခဲ့ကြတဲ့သူတွေကို ဘယ်လိုမှ ခွင့်လွှတ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ABSDF ရဲ့သမိုင်းကို ပြန်လည်ဆေးကြောဖို့ အင်တိုက်အားတိုက် ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မှာချင်တာက ကျွန်တော်တို့ဟာ အဖွဲ့အစည်းကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ ဒီအဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်ပြီး ရက်ရက်စက်စက် လူသတ်မှုကို ကျူးလွန်ခဲ့ကြတဲ့ လူသတ်ရာဇဝတ်ကောင်တွေကို ဖေါ်ထုတ်ပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ် ကျခံစေဖို့နဲ့ နံမည်အဖျက်ခံကြရတဲ့ စစ်မှန်တဲ့ ကျောင်းသားရဲဘော်တွေရဲ့ ဂုဏ်သရေကိုဆည်တင်ဖို့၊ နောင်လာနောက်သားမျိုးဆက်သစ်လူငယ်တွေ ဒီလိုအလုပ်မျိုးကိုမလုပ်မိဖို့ သင်ခန်းစာယူနိုင်ကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေကို မတိမ်းမစောင်းဘဲ လုပ်သွားကြမယ်။

ညီညီညွတ်ညွတ်နဲ့ ဇွဲမလျှော့ဘဲ ရည်ရွယ်ချက်ရှိရှိ လက်တွဲ လုပ်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

နောက်ဆုံးအနေနဲ့ ဒီရည်ရွယ်ချက်တွေကိုလုပ်ရင်း ကျွန်တော်တို့တောခိုစဉ်က မူလရည်မှန်းချက်ကြီးဖြစ်တဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်ချက်ကို ဇွဲမလျှော့ဘဲ ဆက်လက် အကောင်အထည်ဖေါ်ကြပါလို့ နှိုးဆော်လိုက်ပါတယ်။

တက်ရောက်လာကြသော ရဲဘော် ရဲမေ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။


လေးစားစွာဖြင့်
ထွန်းအောင်ကျော်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။


(Credit - ကိုမိုးသီဟအောင်)

http://moethihaaung.blogspot.de/2013/02/absdf_12.html

၁၉၈၈ မှာ NDF ဥက္ကဌ စောမောရယ် ( ကရင်နီ ) က ကျောင်းသားတွေကို အကူအညီပေးဖို့ BBC ရေဒီယိုက ဖိတ်ခေါ်တာ မောင်မောင်ကျော် အရင်ဆုံး အသက်စွန့် ပြီး ဆက်သွယ်တာတွေ မေ့သွားပြီ ။

Htay Tint


စစ်ရေးလေ့လာသူကြီး ဦးအောင်ကျော်ဇောရေ... ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူဖို့ လိုပါလိမ့်မယ်


Shwe Sin Thet
၁၈-၁-၁၃ ရက်


ကျဆုံးခဲ့ရတဲ့ AB မြောက်ပိုင်းဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့အပေါ် စစ်ရေးလေ့လာသူကြီး ဦးအောင်ကျော်ဇောရဲ့ သဘောထားက ဒေါက်တာနိုင်အောင်နဲ့ တလေသံတည်းပါလား..

စစ်ရေးလေ့လာသူကြီးရေ... သတိလေးတော့ ထားပါဦး....

မိုးသီး၊ နိုင်အောင်လောက်တောင်.... အထက်ဗမာပြည်ကျောင်းသားခေါင်းဆောင်နဲ့ AB မြောက်ပိုင်းဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က အရေးမပါတော့ပါလား...

ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူဖို့ လိုပါလိမ့်မယ်....

ရှင်တို့သမိုင်းတွေ လှဖို့အတွက် အစတေးခံပေးရမဲ့သူတွေ မဟုတ်ဘူး ဆိုတာ သိထားပါ..


Shwe Sin Thet



၁၂-၂-၁၉၉၂ ရက်မှာ ABSDF မြောက်ပိုင်းမှာ ခေါင်းဖြတ်အသတ်ခံရတဲ့ ကျောင်းသားရဲဘော် ၁၅ ယောက်ကို (ဦးအောင်ကျော်ဇောက) ကိုယ်ချင်းမစာ လက်လွတ်စပယ် ((ထောက်လှမ်းရေးတွေ)) လို့ ထပ်ပြောပြီး စော်ကားတာဟာ ကွန်မြူနစ် ပီသတဲ့သူ မဟုတ်တာကို ဖေါ်ပြတာဖြစ်ပြီး မိမိရဲ့ နိုင်ငံရေးအမြင် နိမ့်ကျတာကိုလဲ ဝန်ခံနေသလိုပါပဲ


Nicky Shein
၁၈-၁-၁၃ ရက်


ကွန်မြူနစ်လဲ မစစ်၊ နိုင်ငံရေးလဲ နားမလည်၊ အဖေ ဗိုလ်ချုပ်ကျော်ဇောကြောင့် လူရာဝင်တဲ့လူ (ဦးအောင်ကျော်ဇော) က ပြောတာဆိုတော့ ပေါက်ကရ ဖြစ်တာပေါ့။

ပိုဆိုးတာက သူ ဘာမှ မသိတဲ့ ကျောင်းသားတပ်မတော် အတွင်းရေးကို ခပ်တည်တည်နဲ့ ဝင်ရွှီးတာ အဆိုးဆုံးပဲ၊ အေဘီအကြောင်း ဘာမှ မသိလို့ ခုလို ပြောတာပေါ့။

သူပြောခဲ့တဲ့ ABSDF ခေါင်းဆောင် ၃ ယောက် (နိုင်အောင်၊ မိုးသီး၊ ထွန်းအောင်ကျော်) ဆိုတာ တယောက်မှ အသုံးမကျဘူး။

အဲဒီ နိုင်အောင်၊ မိုးသီး၊ ထွန်းအောင်ကျော် ၃ ယောက် အသုံးမကျလို့ ABSDF ပြိုကွဲခဲ့တာ။

((လူမျိုးစုတွေကို အောက်ကြို့ခဲ့တယ်)) ဆိုတာ သူတို့ ကိုယ်ပိုင်အခွင့်အရေးအတွက် အောက်ကြို့တာ။

တကယ် လူမျိုးစုတွေက ဗမာတွေအပေါ် နားလည်မှု ရှိလာခဲ့တာ ဦးတင်မောင်ဝင်းက စခဲ့တာပဲ။

နောက်ရောက်လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ NCUB ခေတ်ရောက်မှ အားလုံးစုံညီ တပ်ပေါင်းစုကို တည်ဆောက်နိုင်ခဲ့တာ။

၁၂-၂-၁၉၉၂ ရက်မှာ ABSDF မြောက်ပိုင်းမှာ ခေါင်းဖြတ်အသတ်ခံရတဲ့ ကျောင်းသားရဲဘော် ၁၅ ယောက်ကို (ဦးအောင်ကျော်ဇောက) ကိုယ်ချင်းမစာ လက်လွတ်စပယ် ((ထောက်လှမ်းရေးတွေ)) လို့ ထပ်ပြောပြီး စော်ကားတာဟာ ကွန်မြူနစ် ပီသတဲ့သူ မဟုတ်တာကို ဖေါ်ပြတာဖြစ်ပြီး မိမိရဲ့ နိုင်ငံရေးအမြင် နိမ့်ကျတာကိုလဲ ဝန်ခံတာဖြစ်တဲ့ အရူးတယောက်ပဲ။

နိုင်အောင်၊ မိုးသီး၊ ထွန်းအောင်ကျော် တို့ကို ပုဂ္ဂိုလ်ရေးနဲ့ ဖါးပြီး ဆက်ဆံလိုက်တာ ဖြစ်တယ်။

အဖေ ဗိုလ်ချုပ်ကျော်ဇော တော်သလောက် (ဦးအောင်ကျော်ဇောဟာ) တော်တော် အသုံးမကျတဲ့၊ မိဘမျက်နှာ အိုးမဲသုတ်တဲ့ ဝမ်းတွင်းရူး၊ သုံးစားလို့မရတဲ့ သားငပေါတယောက်ပဲ ဖြစ်တယ်။


Nicky Shein


ABSDF မြောက်ပိုင်းသမိုင်း နိဂုံးချုပ်လိုသည်

San Chaung Bobo
December 24, 2012


မြောက်ပိုင်းသမိုင်း နိဂုံးချုပ်လိုသည်။

"သမိုင်းနိဂုံး" ဟု ပြောလိုလျှင် "သမိုင်းအစ" ကို ပြန်ပြောဖို့ လိုမည် ထင်ပါသည်။ လူသားများသမိုင်း ဘယ်က အစပြုခဲ့ပါသလဲ။ "လူသားတစ်ဦးနှင့် တစ်ဦး (သို့မဟုတ်) လူသားတစ်ဖွဲ့နှင့် တစ်ဖွဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခြင်းသည် လူသားများ၏သမိုင်းအစ" ဟု ဖတ်ဖူးပါသည်။

သမိုင်းဦးဘုံမြေခေတ် မတိုင်မီကပင် လူသားတို့ နေထိုင် အသက်ရှင်သန်ရာတွင် အစုအဖွဲ့များနှင့် နေထိုင်လာခဲ့ကြရာ မိမိအစုအတွင်းမှ လူတစ်ယောက်ကို အခြားအဖွဲ့မှ လူများက ဖမ်းဆီး ခေါ်ဆောင်သွားလျှင် (သို့မဟုတ်) အနိုင်ကျင့် ညှဉ်းပန်း သတ်ဖြတ်လျှင် အဖွဲ့ (သို့မဟုတ်) လူသား ဂုဏ်သိက္ခာ ထိပါး၍ ပြန်လည် ဆန့်ကျင်တော်လှန်ခြင်းမှသည် လူ့သမိုင်း စခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။

အဟိတ်တိရစ္ဆာန်များသည် အင်အားဗဟိုပြု စဉ်းစားတတ်သည်။ အားကြီးသူကသာ အနိုင်အရှုံး သတ်မှတ် ပြဌာန်းပါသည်။ လူသားသည် ထိုသို့မဟုတ်။



၁၉-၂-၁၉၉၂ ရက်ညတွင် ကိုစိုးဝင်းသန်း (မန္တလေး) ကို ကိုမျိုးဝင်းအမိန့် နှင့် အာစံကုန်းတွင် ကိုသန်းဇော်နှင့် အဖွဲ့က သတ်ဖြတ်ခဲ့သည်။

ကိုသန်းဇော်က ကိုမျိုးဝင်းကို ပြန်ပြောသော စကားကို မှတ်မိနေပါလိမ့်မည်။ "တော်တော် ခေါင်းမာတဲ့အကောင်၊ သေခါနီးတောင် ကျောင်းသားကွ" လို့ အော်သွားသေးသည်။

ကိုစိုးဝင်းသန်း ကျဆုံးပုံကို သိပြီးသား ဖြစ်ပေလိမ့်မည်။ ကိုစိုးဝင်းသန်း၏ အသံ "ကျောင်းသားကွ၊ သတ်ချင်သတ်" နှင့် ကိုစိုးဝင်းသန်း၏ ခေါင်းသည် ကျင်းထဲသို့ ပြိုင်တူ ကျသွားသည်။

အင်အားကြောင့် ကိုသန်းဇော်တို့ အနိုင်ရရှိခဲ့သည်။ သို့သော် လူဖြစ်တည်မှု ဂုဏ်သိက္ခာကိုတော့ မရရှိသွားကြ။ ကိုသန်းဇော်တို့ အနိုင်တော့ ရသွားသည်။ သို့သော် ကိုစိုးဝင်းသန်း၏ ဂုဏ်သိက္ခာကိုတော့ ကိုသန်းဇော်တို့ မရရှိသွား။


ပညာရှင်များ၏ အဆိုအရ လူသားသမိုင်းသည် ပြင်သစ်တော်လှန်ရေး ၁၇၈၉-၁၇၉၉ တွင် နိုဂုံးချုပ်သည် ဟု မှတ်သားဖူးပါသည်။

(မှတ်မိသလောက် ပြန်ပြောရသည်မို့ အမှတ်မှားများလည်း ပါဝင်နိုင်သည် ဖြစ်ရာ မှားသည့်အချက်မျုားကို ပြင်ဆင်ပေးသွားပါရန် ပြောလိုပါသည်)။

ထိုစဉ်က ပြင်သစ်တွင် လူဝီ ၁၄ အုပ်ချုပ်စဉ်ကဖြစ်သည်။ ဘုရင်သည် တိုင်းရေးပြည်ရာများကို စိတ်မ၀င်စားဘဲ အပျော်အပါးများတွင်သာ အချိန်ကုန်လေ့ရှိသောကြောင့် တိုင်းပြည်ရှိ ပြည်သူလူထုမှာ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေး ဘက်ပေါင်းစုံတွင် အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပါသည်။

လူဝီ ၁၄ ၏ ကြင်ယာတော် မိဖုရားမေရီ၏ သမိုင်းဝင် အဆိုအမိန့်သည် ထိုကာလ၏ အခြေအနေကို ထင်ဟပ် ပြသလျက် ရှိပါသည်။ "ပေါင်မုန့်မရှိလျှင် ကိတ်မုန့်စားပေါ့..." တဲ့။ ပြည်သူ့ဘ၀နှင့် ကင်းကွာလွန်းသည်။



လူသားများ၏ သမိုင်းဖြတ်သန်းမှုကို လေ့လာကြည့်သော် ယနေ့  အမေရိကန်သမ္မတနှင့် မြန်မာနိုင်ငံရေးလောကမှ လူများ ပြောကြားနေသော forward moving သည် အတိတ်ကာလမှာကတည်းကပင် စကားလုံးမဟုတ်၊ ကျင့်သုံးမှုတစ်ခုအဖြစ် သမိုင်းတွင် ရှင်သန်ခဲ့သည်ဟု ထင်ပါသည်။

အကြောင်းမှာ ကျွန်ပိုင်ရှင် ခေတ်ထက် မြေရှင်ပဒေသရာဇ်ခေတ်မှာ ပိုကောင်းသည်။ မြေရှင်ပဒေသရာဇ်ထက် သက်ဦးဆံပိုင်ဘုရင်စနစ် ကို ပိုကောင်းသည်။

လူတစ်ရာကို ကြောက်နေရမည့်အစား လူဆယ်ယောက်ကို ကြောက်နေရခြင်း၊ လူဆယ်ယောက်ကို ကြောက်နေရခြင်းထက် လူတစ်ယောက်ကို ကြောက်ရခြင်းသည် ပိုကောင်းသည် ဟု မှတ်ထင်မိသည်။

ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်အပေါ် ကြောက်နေရခြင်းသည် တရားမျှတမှု၊ တန်းတူမှုကို ရနိုင်ရန် ခဲယဉ်းသည်။ လူသည် အတ္တနှင့်မကင်းဟု လက်ခံထားကြသည်။


ပြင်သစ်တော်လှန်ရေးမှ မွေးဖွားပေးလိုက်သော အယူအဆမှာ တန်းတူရေး၊ တရားမျှတရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မွေးဖွားပေးလိုက်သည်။

မြန်မာရာဇ၀င်များတွင်လည်း ရှိဖူးပါသည်။ ဘုရင်ကိုသတ်ပြီး ဘုရင်လုပ်၍ ရသည်။

ပြင်သစ်ပြည်သူများ (သို့မဟုတ်) ပြင်သစ်တော်လှန်ရေးကို ဦးစီးဆောင်ရွက်သူများသည် ဘုရင်ကိုသတ်ပြီး ဘုရင်လုပ်မည် ဟူသော အယူအဆကို တော်လှန်ပြီး တန်းတူရေး၊ တရားမျှတရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဦးတည်လိုက်ခြင်းသည် လူသားတို့အတွက် ပိုပြီး လူသား ပီသစေပါသည်။ ပိုပြီးယဉ်ကျေးပြီး ဆင်ခြင်ထုံတရားကို အားကောင်းလာစေပါသည်။

ဆရာကိုကျော်ဝင်း စကား ငှားသုံးရလျှင် "ကြွက်သားမှသည် ဦးဏှောက်ဆီသို့" ဦးတည် တည့်မတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုသို့သော အခြေအနေမှ ဆင့်ကဲ ပြောင်းလဲကြရာတွင် မတိကျ မရေရာ အာမခံချက်မရှိသော ဥပဒေဘောင်မှသည် တိကျရေရာ အာမခံချက်ရှိသော ဥပဒေဘောင်အတွင်း အသက်ရှင် နေထိုင်ခြင်း ဟု ဖွင့်ဆိုသော လစ်ဘရယ် ဒီမိုကရေစီ စနစ်ဆီသို့ တိုင်အောင်ပင် ဖြစ်သည်။

ဆိုလိုသည်မှာ လူ့သမိုင်းဖြစ်ပေါ်တိုးတက်မှုသည် ခံစားမှုနှင့် ဆင်ခြင်တုံတရားတို့၏ အခန်းသည်လည်း အရေးပါသောအခန်း အဖြစ် တည်ရှိနေနိုင်ပါသည်။



အခါခပ်သိမ်း ဆင်ခြင်တုံတရားအောက်တွင်သာ ရှိနေမှသာ လူသားဟု အစွန်းရောက် မပြောလိုသော်လည်း ယခု ABSDF မြောက်ပိုင်း ပါဂျောင်ဖြစ်စဉ်တွင် ဆင်ခြင်တုံတရားအားနည်းမှုသည် ဖြစ်ပျက်သွားရခြင်း၏ အရေးပါသောအချက် တစ်ချက်ဖြစ်သည်ကိုတော့ ငြင်းဆိုရန် ခက်ခဲနေပါလိမ့်မည်။

ထို့ပြင် ABSDF မြောက်ပိုင်း ကျောင်းသားဖြစ်စဉ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် အဆိုးဝါးဆုံး ဖြစ်ပျက်ခဲ့သည်ဟု ဆိုချင်ပါသည်။

လေ့လာမိသလောက် ဆိုရလျှင် ABSDF မြောက်ပိုင်းပြန် ကျောင်းသားများထဲတွင် ရုပ်ကြမ်းဆန်သော ဂလဲ့စားချေရေးကို ဦးတည် လုပ်ဆောင်လိုသူ မရှိသလောက် နည်းပါးပြီး ၄င်းတို့ အလိုရှိသည်မှာ ကျဆုံးသူများ၏ စွန့်လွှတ်မှုတန်ဘိုးနှင့် ဂုဏ်သိက္ခာ၊ ထိုဖြစ်ရပ်မှ နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း မျှဝေလိုသော သမိုင်းသင်ခန်းစာ နှင့် အနာဂတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မြောက်ပိုင်းဖြစ်စဉ် သတ်ဖြတ်မှုကို ကျူးလွန်သူများ ပါဝင်မလာနိုင်စေရေး တို့ပင် ဖြစ်သည်ဟု နားလည်မိပါသည်။

ထိုဖြစ်ရပ်များအတွက် ABSDF မြောက်ပိုင်းသမိုင်းမှန်ကို ဖော်ထုတ်လိုခြင်း ဖြစ်ပါသည်။ သေစားသေစေ အတွက် မဟုတ်၊ ထင်ပေါ်ကျော်ကြားလိုခြင်း အတွက်လည်း မဖြစ်သင့်။


ဥပဒေတစ်ခု တည်မြဲရေးအတွက် ဥပဒေ ထုတ်ပြန်သူမှ ဥပဒေ ထုတ်ပြန်ရုံမျှဖြင့် ဥပဒေ မတည်မြဲနိုင်။ လိုက်နာကျင့်သုံးသောသူများ ရှိမှသာ ထိုဥပဒေ တည်မြဲ အသက်ဝင်လာနိုင်ပါသည်။

လိုက်နာကျင့်သုံးဖို့ ဆိုသည်မှာလည်း ထုတ်ပြန်သော ဥပဒေသည် တရားမျှတ လက်ခံကျင့်သုံးရန် ဖြစ်နိုင်သော အခြေအနေ ရှိရမည်ဖြစ်ပါသည်။

န၀တ အစိုးရလက်ထက် ၁၉၉၃-၉၄ ခုနှစ်လောက်က "ရန်ကုန်မြို့ စည်ပင် နယ်နိမိတ်အတွင်း ကွမ်းမစားရ၊ ဖန်ခွက်တစ်ခွက်ထဲတွင် ပိုက်နှစ်ချောင်း တပ်ပြီး ခေါင်းချင်းဆိုင် အအေးမသောက်ရ" စသဖြင့် ထုတ်ပြန်ဖူးပါသည်။ သို့သော် ထိုဥပဒေ မတည်မြဲခဲ့ပါ။



ယခု ABSDF မြောက်ပိုင်းပြန် ကျောင်းသားများ အလိုရှိနေသော ABSDF မြောက်ပိုင်းသမိုင်းမှန်ပေါ်ပေါက်ရေးသည် ဥပဒေ ထုတ်၍ ဖော်ထုတ်သည်ထက် ပိုပြီး သိမ်မွေ့ နက်ရှိုင်းပါလိမ့်မည်။ အဖိုးမဖြတ်နိုင်သော သမိုင်းသင်ခန်းစာများလည်း ပေးနိုင်ပါလိမ့်မည်။

ထိုသို့ သမိုင်းသင်ခန်းစာများကို ရရှိနိုင်ရန် ဖြစ်ရပ်အမှန်ကို အမှန်အတိုင်း သိရှိရန် လိုပါသည်။

ထိုဖြစ်ရပ်များကို ဖော်ထုတ်ရာတွင် ABSDF မြောက်ပိုင်း၌ နစ်နာခဲ့သူများ တစ်ဘက်တည်းကပဲ ဖော်ထုတ်သွားနိုင်ရန် မဖြစ်နိုင်ပါ။

ABSDF မြောက်ပိုင်း ဖြစ်ရပ်တွင် ပါဝင်ကျူးလွန်ခဲ့သူများ၊ မကျူးလွန်သော်လည်း ဖြစ်ပျက်နေစဉ်ကာလအတွင်း အခင်းဖြစ်ရာနေရာတွင် တည်ရှိနေသူများ၊ ဖြစ်စဉ်နှင့် လက်လှမ်းမှီသူများ စသဖြင့် အားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ မှတ်ကျောက်တင် အမှန်တရားတစ်ခု ပေါ်ထွက်လာနိုင်သည်မှာ အားလုံး လက်သင့်ခံထားသည့် အချက်ပင် ဖြစ်သည်။

ထိုသို့ အမှန်တရား ပေါ်ထွက်လာစေရန် ခံစားမှုထက် ဆင်ခြင်တုံတရားကို ဦးစားပေးသင့်သည်ဟု ဆိုချင်ပါသည်။


နောက် ပြောလိုသည်မှာ ABSDF မြောက်ပိုင်း အမှန်တရားဖော်ထုတ်သည့် ဖြစ်စဉ်မှာ ရွှေကျင်သည်နှင့်လည်း တူသည်၊ ကျောက်တူးသည်နှင့်လည်း တူသည်။

ကျောက်တူးရာတွင် အချို့မှာ တွင်းထွက်မဟုတ် ဟု အလွယ်တကူ သိရှိနိုင်သော်လည်း အချို့မှာ အလွယ်တကူ မသိရှိနိုင်ပေ။ အစစ်နှင့် ခွဲမရအောင် တူသည့် ကျောက်များလည်း ရှိသည်ဟု ကြားဖူးပါသည်။ မိမိ အလိုရှိရာသို့ ရွှေများ စုဝေးလာစေရန် ဒယ်ပိုင်းကို လှုပ် လှုပ်ပေးရသလို မိမိတို့ အလိုရှိသောသူများ စုဝေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးရသည်များလည်း ရှိနိုင်ပါသည်။

ထို့အတူ အချို့သတင်းအချက်အလက်များသည် မမှန်ကန်ဟု အလွယ်တကူ သိရှိနိုင်သော်လည်း အချို့မှာ အလွယ်တကူ မသိရှိနိုင်ပေ။ ငရဲမီး စားခံနိုင်မှ ရွှေစစ်သည်ဟု ဆိုနိုင်သလို တွင်းထွက်မှန်က စစ်ဆေး တိုင်းတာနိုင်သည့် အရာများလည်း ရှိပေလိမ့်မည်။



ABSDF မြောက်ပိုင်းကိစ္စနှင့် ပတ်သက်၍ အချို့က "အချိန် မကျသေး၊ စောသည်" ဟု ဆိုပါသည်။ ထိုသူများကို မေးမြန်းလိုသည်။ အချိန်ကျသည့်အခါ သတင်းအချက်အလက် အပြည့်အစုံ ရနိုင်မလား။ ABSDF မြောက်ပိုင်းအကြောင်း သိရှိထားသူများမှာလည်း သေခြင်းတရား၏ လွတ်ငြိမ်းချမ်းသာ မရနိုင်။

ဗိုလ်ချူပ်အောင်ဆန်းလို နိုင်ငံတော်လုပ်ကြံမှုမျိုးပင် ယနေ့အထိ အမှန်တရားကို ရာနှုန်းပြည့် မရရှိနိုင်သေး။ မသိရှိနိုင်သေး။

တဆက်တည်းပင် တချို့မှာ ABSDF မြောက်ပိုင်းဖြစ်စဉ်တွင် မိမိ၏ ဆွေမျိုးသားချင်းများ မပါလို့ "အချိန် မကျသေး၊ စောသည်" ဟု ပြောနေကြခြင်း ဖြစ်သည်။

ပါများ ပါခဲ့သော်…..။


ဒေါက်တာနိုင်အောင်ကို ဘာမှမလုပ်ဘဲ ပြန်သွားခွင့်ပေးသော ABSDF မြောက်ပိုင်းပြန် ကျောင်းသားများကို လူနုံ လူအ များသဖွယ် ဝေဖန်ကြသည်များ၊ အေဘီ မြောက်ပိုင်းပြန် ကျောင်းသားတစ်ဦးနှင့် အေဘီမှ တာဝန်ရှိသူများ စကားလက်ဆုံကျသည်ကို ၀မ်းသာ ၀မ်းနည်း ဝေဒနာ မခွဲခြားတတ်သယောင် မချိတင်ကဲ ဖြစ်ကြသည်များကိုလည်း သိရှိရပါသည်။

ထိုသူများသို့ မေးလိုသည်မှာ ကျနော်တို့ ခံစားမှုကို ဦးစားပေးခြင်းအားဖြင့် ကျနော်တို့ အလိုရှိသော တရားမျှတမှု နှင့် အမှန်တရား ရနိုင်မည်မှာ သေချာပါသလား ဟု ပင် ဖြစ်သည်။



အချုပ်အားဖြင့်ဆိုရသော် မြောက်ပိုင်းပြန် ကျောင်းသားများသည် ခွပ်ဒေါင်းအလံတော်ကို ဦးညွှတ်လျက်ပင်။ "ABSDF အဖွဲ့အစည်းကို တိုက်ခိုက်လိုစိတ် အလျဉ်းမရှိ" ဟု တရားဝင် ကြေငြာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ မြောက်ပိုင်းပြန် ကျောင်းသားများ အလိုရှိသည်မှာ တရားမျှတမှု (၀ါ) လူသားဂုဏ်သိက္ခာ ဟုပင် ဆိုချင်ပါသည်။

ပြင်သစ်တော်လှန်ရေးမှ ပေးလိုက်သော သင်ခန်းစာမှာ မိမိတို့အား နိုင်ထက်စီးနင်း ပြုကျင့်ခဲ့သော သူများကို ပြန်လည် ကလဲ့စားချေခြင်းထက် တရားမျှတမှုဆီသို့ ဦးတည်လိုက်သောအခါ၊ (သို့မဟုတ်) ခံစားမှုတွေထက် ဆင်ခြင်တုံတရားသို့ ဦးတည်လိုက်သောအခါ လူ့သမိုင်းသည် ပိုပြီး တောက်ပြောင် လှပ၍ လူပိုပီသလာပါသည်။

မိမိတို့ ABSDF မြောက်ပိုင်းပြန် ကျောင်းသားများသည် မြန်မာနိုင်ငံတော်ကို ဆင်ခြင်တုံတရား ကြီးစိုးသော လူ့အဖွဲ့အစည်းအဖြစ် ရှုမြင်လိုသောကြောင့် မှတ်ကျောက်တင် အမှန်တရား ပေါ်ပေါက်စေလိုသည့်အတွက် မြောက်ပိုင်းသမိုင်း နိဂုံးချုပ်လိုပါသည်။


စမ်းချောင်းဘိုဘို
ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း
၂၄-၁၂-၁၂ ရက်


ABSDF မြောက်ပိုင်းသမိုင်း နိဂုံးချုပ်လိုသည်


ဟိုနိုလူလူဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့
ကိုထင်ကျော်ထက် (Nicky Shein)
အမြန်ဆုံး နေကောင်းပါစေ။