မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မတ်လရနံ့





ဂုဏ်ရောင်ပြောင်တဲ့ မတ်လတော်လှန်ရေးအကြောင်းကို သီဆိုထားတဲ့ သီချင်းကစကားပြောသော သမိုင်းမော်ကွန်းဝင်တေးတပုဒ်ပါ။ ဒီသီချင်းက ၁၉၉၀ ခုနှစ်မှာ ABSDF က ပထမဦးဆုံး ထုတ်ဝေခဲ့ တော်လှန်ရေးသီချင်းခွေ ဖြစ်တဲ့ နေ၀န်းနီနီအခွေထဲက သီချင်းတပုဒ် အပါအ၀င်ဖြစ်တယ်။  မတ်လရနံ့ကို သီဆိုခဲ့တဲ့ မင်းမင်းထွေးငယ်က ABSDF သေ့ဘောဘိုးစခန်းက ရဲမေတဦး ဖြစ်ပြီး အပေါ်ကဓာတ်ပုံမှာ ပရိတ်ဘက်ကကြည့်ရင် ဘယ်ဘက်ကတယောက် ဖြစ်တယ်။ အပေါ်က ဓာတ်ပုံက နေ၀န်းနီနီ အခွေကသီချင်းတွေကို တိုက်တုန်းက ရိုက်ထားတဲ့ ABSDF ရဲ့ ပထမဦးဆုံး အဆိုတော် သုံးဦးပုံ ဖြစ်တယ်။ ကက်စက်ခွေထဲက အသံကို ကင်မရာနဲ့ ဗွီဒီယိုပြန်ရိုက်ပြီး ကွန်ပြူတာထဲမှာ Upload လုပ်နေလို့ အသံကို ပြီးမှ တင်ပေးမှာ ဖြစ်တယ်။
မတ်လရနံ့


(မိုးကုပ်ကုပ်ဝယ် အို...ရုတ်တရက်၊ မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ.. ဟ ... ဟ လာပြီး မိုးပြာကိုဖြတ်၊ ပတ္တမြားရည် စီးလည်အဟုန်.. နီမြန်းကုန်သည် အရုဏ်ပေါ်စ ဝိုးတဝါး။)

(မြေသားပြန့်ပြန့် မိုးတသက်လယ် စက်ဝန်းပမာ ချာချာလည်နေ တောတောင်မြစ်ချောင်း၊ ဗြောင်းဗြောင်းဆန်နေ မှုန်တိုင်းတွေထန် ကမ္ဘာာကြီးက ရှေ့သို့ချီနေ.. ကမ္ဘာကြီးက ရှေ့သို့ချီနေ)၂...
(ဧရာဝတီ မဲခေါင် အမေဇုန်နဲ့ နှိုင်းမြစ်ပေါင်းစုံ ဤကမ္ဘာမြေပြင်တလွှား သက်တန့်ရောင်စုံပန်းများ ဖူးပွင့်ဝေဆာစေမယ်လေ)၂.

.  နွေဦး ရောက်ပြန်တော့ ဒီလယ်မြေတွေ...ပုရစ်ဖူးတို့ မြူးသည့်တဝေေ၀.. ဘယ်လိုပင် လှနေသော်လည်း ယမ်းငွေ့ကြားက ဒီလယ်မြေတွေ ဘ၀တခုလုံး အမှောင်ဖုံးကာသာလေ တို့သွေးတွေ တို့ချွေးတွေ သူတို့အတွက်ပဲလေ ဒါပေမဲ့လည်းလေ ယာယီသာပဲလေ ဒေါသတွေ စုစည်းလို့ ခွန်အားအဖြစ်ပြောင်းလဲစေ ခွန်အားအဖြစ် ပြောင်းလဲစေ.. အဲဒါဟာ ဂုဏ်ရောင်ပြောင်တဲ့ မတ်လတော်လှန်ရေးလေ..

(ဧရာဝတီ မဲခေါင် အမေဇုန်နဲ့ နှိုင်းမြစ်ပေါင်းစုံ ဤကမ္ဘာမြေပြင်တလွှား သက်တန့်ရောင်စုံပန်းများ ဖူးပွင့်ဝေဆာစေမယ်လေ)၂.

(သံမဏိနှလုံးသားများနှင့် လက်ရုံးများဆန့်တန်းကာ တို့မတ်တပ်ထခဲ့ကြပြီလေ .ဖက်ဆစ်ကို တိုက်ခိုက်ခဲ့ရာ ကမ္ဘာ့ပြည်သူများနှင့် လက်ချင်းယှက်ခဲ့ပေ မတ်လရနံ့များ တို့သွေးကြောထဲ ယှက်ဖြာစီးဝင်ခဲ့ပေ တို့သွေးတွေနဲ့ ကမ္ဘာကြီးကို ဆေးကြောပစ်မယ်လေ... ( ရှေ့တခွင်လုံး နီလာပြီလေ)၂.


2 comments:



ကျနော်၏ မကဒတ (၂၅) နှစ် ပြည့်မြောက် သ၀ဏ်လွှာ

ကိုကိုဦး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) အထွေထွေအတွင်းရေးမှူးဟောင်း


မကဒတ (၂၅) နှစ်လည်း ပြည့်ခဲ့ပြီ။


ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို မမေ့နိုင်ခြင်းဟာ သတိရခြင်းထက် ပိုတဲ့ တော်လှန်ရေးရဲ့ အမှတ်တရရုပ်ပုံလွှာတွေပါ။


ဘယ်သူတွေ ဘာပြောပြော အစစ်အမှန်စွန့်လွှတ်ခြင်း တွေဟာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေကို အမြဲတန်း ခြောက်လှန့်နေဦးမယ်။


တော်လှန်ရေးသတိ အမြဲမပြတ် ရှိခြင်းဟာ တော်လှန်ရေးလုပ်ရင်း သတိလက်လွတ်ဖြစ်သွားသူတွေကို တည့်မတ်ပေးနိုင်တဲ့ အင်အားဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


ဒီယုံကြည်ချက်အတိုင်း ကျနော်တို့အားလုံး သမိုင်းတစ်ခုရဲ့ ဖြစ်တည်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ဘူး၊ ဖြစ်လိုရာဖြစ်ပါစေ လို့လည်း
မျက်နှာလွှဲထားလို့ မရနိုင်ဘူး။


တကယ့်ကို အရိုးသားဆုံး ပေးဆပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုစောင့်တည်ဘို့ ကျနော်တို့အားလုံး ရှိနေတယ်လို့ ယုံကြည်နေလို့ပဲ။


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့


( ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )



ABSDF အထွေထွေအတွင်းရေးမှူးဟောင်း ကိုကိုဦး ၏ ABSDF တည်ထောင်ခြင်း (၂၅) နှစ် ပြည့် သ၀ဏ်လွှာ


https://www.facebook.com/ko.oo2/posts/606290499407163



ABSDF ငွေရတုသဘင်သို့ ကဗျာ


မောင်ကို (ထပ်ခနွန်-ထောင်ဖာဖုံ)


ဒေါင်းမာန်ဝင့်ချီ သွေးရဲနီသည်
သမိုင်းတခေတ် တော်လှန်နှစ် (၈၈) မှာ
တော်လှန်တဲ့အသိ မွေးခဲ့ကြသည် ခွပ်ဒေါင်းနီ။

အရေးကြီးပြီ ညီနောင်အပေါင်းတို့
ကိုမွန်းအောင် ဆိုခဲ့တဲ့ တော်လှန်တေးသီချင်း
ခွပ်ဒေါင်းမာန်ကို နှိုးဆွ စိတ်မာနကို အပ်နှင်း
လက်ချင်းတွဲယှက်မြဲလျှက် ခွပ်ဒေါင်းတို့ သွေးမပျက်ခဲ့။

ခေတ်အဆက်ဆက်
အာဏာရူး စစ်ဘီလူးတွေကို အန်တု
သေမှာကို ခွပ်ဒေါင်းတို့ မမှုခဲ့။

တရားသောစစ်မှာ
ငါတို့ဝိညာဉ်သာ ကျန်နေရစ်ပါစေ
အသက်နဲ့သွေး တို့စတေးခဲ့သည်
မာန်ဟုန်ဝင့်ချီ ခွပ်ဒေါင်းနီ။


မောင်ကို
(ထပ်ခနွန်-ထောင်ဖာဖုံ၊
ခေတ္တ အမေရိကန်)


၂၅ နှစ်မြောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
ငွေရတုသဘင်သို့



ABSDF ငွေရတုသဘင်သို့ ကဗျာ (မောင်ကို)


https://www.facebook.com/ko.oo2/posts/606290499407163