စာရေးချင်စိတ်မရှိတာနဲ့
စာမရေးဖြစ်တာ ကြာပြီ။ ဒါကြောင့်မို့ ဘလော့ဂ်မှာလည်း ကိုယ်တိုင်ရေး
ပို့စ်မတင်ဖြစ်ပဲ ပြန်ဖေါ်ပြတဲ့ပို့စ်တွေပဲ တင်နေရာကနေ ဒီနေ့တော့ အင်မတန်မှ
ရင်းနှီးတဲ့ တော်လှန်ရေး ရဲမေဟောင်းတဦးရဲ့ မွေးနေ့ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ တော်လှန်ရေးမှာ သူမနဲ့ ဆုံစည်းပတ်သက်ခဲ့ရစဉ်က
အမှတ်တရလေး တခု ရေးချင်စိတ်ဖြစ်လာပြီး တောတွင်းအတွေ့အကြုံလေးတွေကိုလည်း ပြန်လည် လွမ်းဆွတ်တသရင်း သူမအတွက် မွေးနေ့လက်ဆောင် အဖြစ်
သဘောထားပြီး ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ သူမကတော့ ဧပြီလ တရက်နေ့
မွေးနေ့ရှင် တဦး တချိန်က ABSDF ဘုရားသုံးဆူစခန်း တပ်ရင်း (၁၀၁) က
တော်လှန်ရေး ရဲမေတဦး ဖြစ်သူ အတာတဲ့။ နာမည်က ယောက်ျားဆန်သလို လူကလည်း
ယောက်ျားဆန်ဆန်ပဲ နေတတ်ပြီး အတာ့ဟိုတုန်းက သွားလာလှုပ်ရှားပုံကို အခုထိ
မြင်ယောင်နေမိတယ်။ အတာမွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာ ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်ပါစေ၊ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားနိုင်ပါစေ လို့ ဒီပို့စ်နဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။
အတာ ကျွန်မတို့ တပ်ရင်းကို ရောက်လာတဲ့အချိန်အခါတွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်သလို အတာပြန်သွားပြီးတဲ့နောက်ပို င်း
သူ့ရဲ့ ကျွန်မတို့တပ်ရင်းမှာ ကျန်ခဲ့တဲ့ ရဲမေတွေအပေါ် ထားရှိတဲ့
စေတနာတွေကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အတာနဲ့ ပတ်သက်တဲ့
အမှတ်တရလေးတွေ ကျွန်မမှာ ပြောစရာ မကုန်အောင် ရှိတဲ့အထဲက အမှတ်ရစရာ
အနည်းငယ်ကိုပဲ ပြန်ပြောပြချင်ပါတယ်။ အတာ ကျွန်မတို့ တပ်ရင်းကို
စရောက်လာတဲ့အချိန်က ၁၉၈၉ ခုနှစ် ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးစခန်းမှာ
ကျင်းပခဲ့တဲ့ ABSDF ဒုတိယအကြိမ် ညီလာခံမတိုင်ခင် အောက်တိုဘာမှာထင်ပါတယ်။
သူမကို စတွေ့ရတဲ့အချိန်မှာ သူမက ကျွန်မထက် လူရောအသက်ရော ငယ်ပုံရပေမဲ့
အစစအရာရာမှာ သွက်လက်ချာချာပုံရပြီး ကျွန်မအပါအ၀င် ကျွန်မတို့တပ်ရင်းက
ရဲမေတွေ အတော်များများထက် ဗဟုသုတ ပိုကြွယ်ပါတယ်။ စာလေး ကဗျာလေးတွေလည်း
ရေးတတ်တော့ သူတို့စခန်းက ထုတ်တဲ့ စာစောင်တွေထဲမှာ သူမနာမည်နဲ့
ကဗျာလေးစာလေးတွေကိုလည်း သူမကိုမတွေ့ဖူးခင်ကပင် ကျွန်မ ဖတ်ခဲ့ဖူးပါတယ်။
အပြင်မှာ လူချင်းတွေ့တော့ အရေးအသားတင်မက စကားအရာမှာရော လူရှေ့သူရှေ့မှာ
ပြောရဲဆိုရဲတာပါ အချက်ကျကျ ပြောတတ်ပြီး အစစအရာရာမှာ ကျွန်မတို့ထက် သာတာကို
တွေ့ရတော့ သူ့ကို လေးစားအားကျမိပါတယ်။ အတာက ဒီလိုကောင်းတဲ့နေရာမှာပဲ
ကျွန်မတို့ထက်သာတာ မဟုတ်ဘူး မကောင်းတဲ့ တခြားတဘက်မှာ အတာဟာ စွာတဲ့နေရာ
ရန်ဖြစ်တဲ့နေရာမှာလည်း ကက်ကက်လန်အောင် ရန်ဖြစ်တတ်တဲ့နေရာမှာလည်း သူမက
ကျွန်မတို့ထက် သာတာအမှန်ပဲ။
အတာဟာ တော်လှန်ရေးစိတ်ဓာတ် အင်မတန် ပြင်းထန်သူ ဖြစ်ပြီး ကျွန်မတို့ တပ်ရင်းကို ရောက်လာရတဲ့ အကြောင်းအရင်းကို သူမပြောပြချက်အရ သူမတို့တပ်ရင်းမှာ မိန်းကလေးဆိုလို့ ရည်းစားထားပြီး ယောက်ျားရသူရ၊ ထွက်တဲ့သူထွက်နဲ့ မိန်းကလေးအဆောင်မှာ သူမတယောက်ပဲ ကျန်တော့လို့ တခြားရည်ရွယ်ချက်တူ ရဲမေတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး တော်လှန်ရေး ဆက်လုပ်နိုင်ဖို့အတွက် မိန်းကလေးများများရှိတဲ့ ကျွန်မတို့ တပ်ရင်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ သူမကို ကျွန်မ ပထမဆုံး တွေ့တွေ့ချင်း သတိထားမိတာက သူမကစကား အင်မတန်ကို များပြီး စကားလုံးနည်းနည်းကြီးတာကို သိပ်ဘ၀င်မကျ ဖြစ်မိပေမဲ့ သူမရဲ့ အမျိုးသမီးအခွင့်အရေးတို့ ဆိုတာနဲ့ ပတ်ပါတ်သက်ပြီး ကျွန်မတို့ ခေါင်းထဲမှာ မရှိတာတွေ သူမမှာ ရှိနေတာကို တွေ့ပြီး လေးစားမိတာတော့ အမှန်ပဲ။
ပြီးတော့ ရောက်တဲ့နေ့မှာ ကျွန်မတို့လို တနေရာကနေ တနေရာကို အကြာကြီးကားစီးလာလို့ ကားမူးပြီး နှုံးနေတဲ့ အရိပ်အရောင် လုံးဝမရှိဘဲ သူမနဲ့ ဟိုနှစ်ပေါင်းများစွာက ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ငယ်ပေါင်းကြီးဖေါ်တွေနဲ့ ပြန်တွေ့ရလို့ ပြောနေသလိုမျိုး စကားကို ရေပက်မ၀င်အောင် ပြောပြီး ကျွန်မတို့အားလုံးကို သူမတယောက်တည်း စကားဝိုင်းနဲ့ ထိန်းထားတာကို ကြည့်ပြီး သူမမှာ နေရာသစ်တခုကို ရောက်လို့ စိတ်အားငယ်တာတို့ သူများအထင်သေးမှာကို ကြောက်ရွံ့နေတဲ့ အရိပ်အရောင် လုံးဝမတွေ့ဘဲ ရဲတင်းလှတာကို တကယ်ပဲ အတုယူဖို့ကောင်းတယ်လို့ မှတ်ချက်ချမိတယ်။ ကျွန်မဆိုရင်တော့ မိမိတခါမှ မရောက်ဖူးတဲ့ နေရာသစ်နဲ့ မျက်နှာစိမ်းတွေရှေ့မှာ ရောက်ရောက်ချင်းတော့ သူမလောက် ရဲရဲတင်းတင်း ရှိမှာမဟုတ်တာ သေချာတယ်။ ဒါအပြင် တော်လှန်ရေးကာလမှာ တော်လှန်ရေးထက် အရေးကြီးတာ ဘာမှမရှိဆိုတဲ့ အတွေးအခေါ်နဲ့ တော်လှန်ရေးမှာ ရဲမေတွေ အိမ်ထောင်ပြုကြတာကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့နေရာမှာ ကျွန်မနဲ့ တူနေပြန်တော့ သူမ ဘယ်လောက်ပဲ စကားလုံးကြီးကြီး ဒီတခုတည်းနဲ့တင် သူမနဲ့ ကျွန်မက လက်တွဲလို့ရသူ အဖြစ်သတ်မှတ်ပြီး ချက်ချင်းပဲ ကျွန်မ သူမကို ခင်သွားတယ်။
ဒါပေမဲ့ တခါတခါ သူမက အိမ်ထောင်ပြုတာကို ဆန့်ကျင်တာတင်မကဘဲ ရည်းစားထားတဲ့မိန်းကလေးတွေကို
အပြင်းအထန် ရှုပ်ချတဲ့ စကားကိုလည်း သူမဆီက ကြားရပြန်တော့ ကျွန်မတို့
တပ်ရင်းမှာလည်း ရည်းစားထားတဲ့ ရဲမေတွေ ရှိနေလို့ တခါတခါ မျက်နှာပူရပြီး
အဲဒီရဲမေတွေက သူ့ကို အမြင်ကပ်မှာစိုးလို့ အတာရေ ရည်းစားထားကတော့
တော်လှန်ရေးအတွက် ဘာမှ ၀န်ထုပ်ဝန်ပိုး ဖြစ်တာမှမဟုတ်ဘဲ သဘာဝကိုလည်း
တားလို့ရတာမဟုတ်တော့ ဒါကိုတော့ ပြောမနေပါနဲ့ ထားလိုက်ပါဟယ်
အိမ်ထောင်မပြုရင် တော်ပါပြီလို့ ပြောပြပြီး ၀င်တားရတဲ့ အခါတွေ ရှိခဲ့ပါတယ်။
ဒါဆိုရင် သူက ကျွန်မ တားတာကို ရပ်ဖို့နေနေသာသာ ပြောရမယ် မငယ်ရေ ပြောရမယ်
မငယ်က ဘာသိလို့လဲ အဲဒါပြီးရင် နောက်တဆင့် တက်လာမှာ ပြီးရင် ဒါတွေဒါတွေ
ဖြစ်လာမယ် ဆိုပြီး သမီးတကောင် နွားတထောင်ဆိုတဲ့ စကားပုံအထဲကအတိုင်း
မိခင်စကား နားမထောင်တဲ့ သမီးပေါင်းများစွာကို ပဲ့ကိုင်ထိန်းကျောင်းလာရတဲ့ အတွေ့အကြုံရှိ ၀ါရင့်မိခင်ကြီးတယောက် လေသံနဲ့ ဆက်ပြောနေတတ်တော့ တားမိမှပဲ ပိုဆိုးသွားပြီ ဆိုပြီး ကျွန်မပဲတိတ်တိတ်နေတဲ့နည်းနဲ့ သူ့ကို အရှုံးပေးလိုက်ရပါတယ်။ သူမက မိန်းကလေးလို နွဲ့နွဲ့နှောင်းနှောင်းမရှိ
ဆံပင်တိုတိုနဲ့ ယောက်ျားလေးလို ကျားကျားယားယား သွားလာလှုပ်ရှားတတ်တော့
ကျွန်မတို့တပ်က တချို့ ရဲဘော်တွေထဲကလည်း မိန်းကလေးက မိန်းကလေးလိုမနေ
လူသေးသလောက် ပြောလိုက်တဲ့ စကားလုံးကလည်း လူနဲ့မလိုက် စကားလုံးပိသေမယ်လို့
ပြောပြီး သူမတပ်ရင်းကို ရောက်ပြီး တလတောင် မပြည့်ခင် အမြင်ကပ်ကြသူတွေ
ရှိတော့ သူက ငယ်ပေမဲ့ ဗဟုသုတရှိတယ် အဲလိုမပြောပါနဲ့လို့ တခါတခါ ပြောရတယ်။
ဒီလိုနဲ့ပဲ သူမ ကျွန်မတို့ တပ်ရင်းကို ရောက်လာပြီး မကြာခင်မှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပတဲ့အချိန် နိုဝင်ဘာလ ရောက်လာတော့ KNU က ကျွန်မတို့ တပ်ရင်းကနေ စက်လှေနဲ့ မိနှစ်သုံးဆယ်ခန့် မောင်းရပြီး၊ လမ်းလျှောက်ရင် တနာရီခန့် လျှောက်ရတဲ့ KNU တပ်မဟာ ၄ ခရိုင်မြို့ဖြစ်တဲ့ ထီးထာမှာ နေရာပေးပါတယ်။ ဒီညီလာခံမှာ ABSDFတပ်ရင်း (၆၀၁) ပအို့နယ်မြေက မသက်သက်လွင်ခေါ် မသက်က တဦးတည်းသော အမျိုးသမီး ညီလာခံကိုယ်စားလှယ် ဖြစ်တယ်။ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးစခန်း၊ တပ်ရင်း (၂၀၄/၂၀၅) သေ့ဘောဘိုးစခန်းနဲ့ တပ်ရင်း (၂၀၇) ရေကျော်စခန်း စတဲ့မိန်းကလေးများစွာ ရှိတဲ့ စခန်းတွေက ညီလာခံကို ကိုယ်စားလှယ်အဖြစ် တယောက်မှ မလာဘဲ ရဲမေတဦးပဲ ရှိတဲ့ တပ်ရင်း (၆၀၁) ပအို့နယ်မြေက သူတို့ရဲ့ တဦးတည်းသော ရဲမေကို ညီလာခံကိုယ်စားလှယ် အဖြစ်ရွေးခဲ့တာ ကျွန်မအတွက်တော့ တပ်ရင်း (၆၀၁) ရဲဘော်တွေရဲ့ သမိုင်းဝင် လုပ်ရပ်အဖြစ် အခုချိန်မှာ မှတ်တမ်းတင်စရာ ဖြစ်နေပါတယ်။ ကျွန်မတို့တပ်ရင်းက အမျိုးသမီး ညီလာခံ ကိုယ်စားလှယ် မပါပေမဲ့ အဲဒီ ညီလာခံမှာ ကျွန်မအပါအ၀င် အဆောင်က ရဲမေတချို့ကို ညီလာခံ အထောက်အကူပြုအဖွဲ့မှာ တာဝန်ပေးတော့ ဆေးတပ်ဆွယ်က ကျွန်မနဲ့ မ၀င်းဝင်းမူကို ညီလာခံ ဆေးခန်းမှာ တာဝန်ပေးပြီး ဆက်သွယ်ရေးနဲ့ ရုံးအဖွဲ့က ငါးယောက်ကို မှတ်တမ်းတင်အဖွဲ့မှာ တာဝန်ပေးတော့ စုစုပေါင်း ရဲမေ ၇ ယောက် ညီလာခံ အထောက်အကူပြုအဖွဲ့မှာ တာဝန်ကျပြီး တပ်ရင်းကနေ ညီလာခံ ကျင်းပတဲ့ ထီးထာမှာပဲ ပြောင်းပြီးလာနေခဲ့ရတယ်။
ညီလာခံကော်မရှင်က နေရာချပေးတဲ့ ဆေးခန်းလုပ်ထားတဲ့ အိမ်ရှေ့မှာ အရိပ်ကောင်းတဲ့ သစ်ပင်နှစ်ပင်နဲ့ အောက်မှာ ထိုင်ခုံရှည်တခု အပြင် တခြားထိုင်စရာ လွှနဲ့ဖြတ်ထားတဲ့ သစ်လုံးကြီးကြီးတလုံးလည်း ရှိပါတယ်။ နေ့လည်နေ့ခင်း သစ်ပင်နှစ်ပင်ကို ပုခက်ဆွဲပြီးလည်း အိပ်လို့လည်းရပါတယ်။ ဆေးခန်းရဲ့ ဘယ်ဘက် မျက်စောင်းထိုးမှာ ဆေးလိပ်နဲ့ မုန့်အခြောက်မျိုးစုံလည်း ရနိုင်တဲ့ ကုန်စုံဆိုင်တဆိုင် ရှိသလို ညာဘက်မျက်စောင်းထိုးမှာလည်း
ကွပ်တီယို (ထိုင်းဆန်ခေါက်ဆွဲ) ဆိုင် ရှိတော့ ဆေးခန်းရှေ့
သစ်ပင်ရိပ်အောက်မှာ ဆိုင်လာတဲ့သူတွေ၊ နေမကောင်းလို့ ဆေးခန်းလာတဲ့လူတွေက
အမြဲမပြတ် ရှိပါတယ်။ ညီလာခံစပြီး တရက် နှစ်ရက်ခန့်ကြာတော့ တနေ့မှာ အတာနဲ့
တခြားဆေးအဖွဲ့က တချို့က ညီလာခံရှိရာ ထီးထာကို လည်ရင်းပတ်ရင်း ရောက်လာကြတော့
ကျွန်မတို့ နေ့လည်စာ ထမင်းစားအချိန်နဲ့ ကြုံတာနဲ့ အတာတို့ကို ကျွန်မတို့
ထမင်းသွားစားစဉ် ဆေးခန်းခဏ ၀ိုင်းကြည့်ပေးဖို့ ပြောပြီး ကမ်းနားဘက်မှာ
ရှိတဲ့ မီးဖိုဆောင်မှာ ထမင်းသွားစားခဲ့ပါတယ်။ ကျွန်မတို့ ပြန်လာတော့
အတာတယောက် အကြီးအကျယ် ဒေါသထွက်နေတဲ့ အမူအယာနဲ့ သေနာကောင် ငါတို့တပ်ကို
ဘာထင်နေလဲမသိဘူး အဲဒီကောင် ငါနဲ့တွေ့မယ်ဆိုပြီး အခုပဲ
နှပမ်းဆင်းလုံးတော့မလိုနဲ့ ကျုံးဝါးနေတာတွေ့လို့ ဟဲ့ အတာဘာဖြစ်တာလဲ ဘာလို့
ဒီလောက်တောင် ဒေါသထွက်နေရတာလဲ လို့မေးတော့ ဟိုကောင်စုတ်ပေါ့
ကျွန်တော်တို့တပ်ရင်းအကြောင်း မကောင်းကြောင်း ပြောနေတာ သွားပြီး ပညာပေးမှ ဖြစ်မယ်လုပ်နေလို့ မနည်း တားထားရပါတယ်။
သူပြောတဲ့ ကောင်စုတ်ဆိုတာ ဘယ်သူမှန်းတော့ မသိဘူး ဆေးခန်းရှေ့က သစ်ပင်အောက်မှာ ထိုင်နေကြတဲ့ သိသူရော မသိသူပါ လူလေးငါးခြောက်ယောက်ခန့်မှာ
ရှိနေပါတယ်။ ကျွန်မက သိသူတွေနာမည်ကို ခေါ်ပြီး မေးတော့ တယောက်မှ မဟုတ်ဘူး
ဒေါက်တာနိုင်အောင်ဘေးက ကြွက်စုတ်လိုအကောင်ကို ပြောတာ ဆိုလို့
ဒေါက်တာနိုင်အောင်ဆိုတာနဲ့ ကျွန်မက ပိုပြီး စိတ်ဝင်စားသွားတယ်။
အဖွဲ့အစည်းမှာ ဥက္ကဌ ဦးထွန်းအောင်ကျော်နဲ့ အထွေထွေအတွင်းရင်းမှူး
ကိုသန်းဝင်းက တပ်ရင်းကို ရောက်ဖူးလို့ တွေ့ဖူးပြီးပြီ။ ဒုဥက္ကဌ
နှစ်ယောက်အနက် ဦးယုနွယ်က ပြီးခဲ့တဲ့ ရက်တွေမှာ နေမကောင်းလို့
ဆေးခန်းလာပြီး ဆေးတောင်းလို့ တွေ့ဖူးပြီးပြီ။ အဖွဲ့အစည်းရဲ့
ထိပ်ပိုင်းခေါင်းဆောင်တွေထဲ မှာ
ဒေါကတာနိုင်အောင် တယောက်ကိုပဲ မတွေ့ဖူးသေးတာ ကျန်တော့တယ်။ အခုတော့
ဒီသစ်ပင်အောက်မှာ ရှိနေတဲ့အထဲက ကျွန်မမသိတာ သုံးယောက်လောက်ပဲ ရှိတဲ့အထဲမှာ
ဒေါက်တာနိုင်အောင်လည်း တယောက်ပါတယ်ဆိုတော့ ဒေါက်တာနိုင်အောင်ပုံလို့ ကျွန်မ
စိတ်ကူးထဲက ခန့်မှန်းမိတဲ့ပုံနဲ့ တူတာ တယောက်မှ မတွေမိ့ဘူး။ အဲဒါနဲ့
ကျွန်မက အတာရဲ့ ဇာတ်ကောင် သေနာကောင်ဆိုသူကို စိတ်မ၀င်စားတော့ဘူး
ဒေါက်တာနိုင်အောင်ကို ရည်ညွန်းပြီး ဘယ်တယောက်လဲ အတာလို့ ထပ်မေးတော့
မငယ်ကလည်း ဒေါက်တာနိုင်အောင်ဘေးက သေနာကောင်ပါလို့ ဘယ်နှစ်ကြိမ်
ပြောရမလဲလို့ စိတ်မရှည်တဲ့ လေသံနဲ့ ပြောလို့ ကျွန်မကလည်း ဟဲ့
နင့်သေနာကောင်ကို ငါစိတ်မ၀င်စားဘူး ဒေါက်တာနိုင်အောင်က ဘယ်တယောက်လဲလို့
မေးတာဆိုမှ အံ့သြတဲ့ အမူအရာနဲ့ ကျွန်မကို ကြည့်ပြီး မငယ်ကလည်း
ဒေါက်တာနိုင်အောင်ကိုတောင် မသိဘူးလား ဟိုမှာ စာရွက်ကိုင်ထားတဲ့တယောက်လေ
လို့ ပြောလိုက်မှ ကျွန်မလည်း အတာပြောတဲ့ သေနာကောင်ဆိုတာ သူပဲဖြစ်မယ်လို့
ထင်ထားတဲ့ စာရွက်ကိုင်ထားတဲ့သူကို တအံ့တသြ ငေးကြည့်ပြီး အော်..
ဒေါက်တာနိုင်အောင်ဆိုတာ သူလား ငါတို့အဖွဲ့အစည်းက ဒုဥက္ကဌ ဆိုသူကလည်း လူနဲ့
နာမည်နဲ့ ဘယ်လိုမှ မလိုက်ဖက်ပါလားနော့်လို့ စိတ်ထဲမှာ တွေးနေမိတယ်။
နောက်ပိုင်း ဆံပင်တွေ ဘာတွေညှပ်ပြီးတွေ့ရတဲ့ ပုံမှာပဲ ကျွန်မ မျက်စိထဲမှာ
ဒေါက်တာနိုင်အောင်ဟာ ဒုဥက္ကဌနဲ့ နည်းနည်းတူသွားတယ်။ အတာပြလို့ ပထမဦးဆုံး
တွေ့ဖူးတဲ့ပုံကတော့ လူက ပိန်ကပ်ကပ် ဆံပင်ခပ်ရှည်ရှည်နဲ့ ကျွန်မတို့မြို့က
လမ်းသလားနေတဲ့ လမ်းသရဲတယောက်လိုပဲ တွေ့ရတော့ အခုချိန်မှာ ပြန်တွေးရင်
အဘမြ၀တီရဲခေါင်ရဲ့ ဗိုလ်ချူပ်အောင်ဆန်းကို စတွေ့ဖူးစဉ်
ဗိုလ်ချုပ်အောင်ဆန်းမှန်း မသိခင်က ဒီလူဟာ ရူးပေါပေါ၊ ကြောင်တောင်ကန်း
ဖြစ်ဖို့များတယ်လို့ မှတ်ချက်ချတာကို သွားသတိရမိတယ်။
အတာအကြောင်းကို ပြန်ဆက်ရရင် အတာပြောတဲ့ သေနာကောင် ဆိုသူကို ညီလာခံရဲ့ နောက်ရက်တွေမှာ မတွေ့ရတော့ဘဲ သူပြတဲ့အချိန်အမှတ်တမဲ့ပဲ တွေ့ဖူးခဲ့ပါတယ်။ နောက် ၉ နှစ်အကြာ ၁၉၉၈ ခုနှစ်မှာ Alternative Asean အဖွဲ့မှာ BWU က အလုပ်သင်အနေဖြင့် ကျွန်မ ဘန်ကောက်ကို မလာခင် အဲဒီတုန်းက ဗဟိုဌာနချူပ် စီမံခန့်ခွဲရေးကို တာဝန်ယူနေတဲ့ ခေါင်းဆောင်ကို အဲဒီအချိန်က အတာပြောတဲ့ သေနာကောင်ဆိုသူနဲ့ နည်းနည်းဆင်သလိုရှိလို့ ကျွန်မက သူ့ကို ဒုတိယအကြိမ် ညီလာခံကာလက တပ်ရင်းအားလုံးကို ကိုယ်စားလှယ်တွေကို ကျွန်မ သိတော့ အဲဒီတုန်းက ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာေ တာ့
သိတယ် ဒါပေမဲ့ အဲဒီတုန်းက တခြားကိစ္စနဲ့ မင်းသမီးစခန်းကို
ရောက်ဖူးသလားလို့ စကားစပ်မိပြီး မေးဖြစ်တယ်။ ကိုယ်စားလှယ်တော့ မပါဘူး
ဒါပေမဲ့ အဲဒီတုန်းက သူ တရက် ရောက်သွားတယ် ခဏပဲကြာတယ် အဲဒီခဏလေးမှာ
မှတ်မှတ်ရရပဲ ဘယ်ကမှန်းမသိတဲ့ ကောင်တမကောင် စွာကျယ်စွာကျယ်နဲ့ အသားလွတ်ကြီး
လာကောတာ ခံလိုက်ရလို့ ထီပေါက်ပြီများ အောက်မေ့တယ်၊ အဲလောက်စွာတဲ့
အမျိုးသမီး တခါမှမတွေ့ဖူးဘူးလို့ အရွမ်းတွေဖေါက်ပြီး ကျွန်မကို
ပြန်ပြောပြလို့ နှစ်ယောက်သား အတာစွာတဲ့အကြောင်း ပြောပြီး ရီဖြစ်သေးတယ်။
အဲဒီတုန်းက ကျွန်မ တားနေတဲ့အကြားက အတာဘယ်အချိန် ရန်သွားတွေ့လိုက်တယ်ဆိုတာ
မသိလိုက်ဘူး။ ကျွန်မကလည်း အဲဒီအချိန်တုန်းက ဒေါက်တာနိုင်အောင်ကို
အတာပြောတဲ့ သေနာကောင်လို့ ထင်ခဲ့တဲ့အကြောင်းနဲ့ သေနာကောင်ဆိုသူကို အခုမှပဲ
တိတိကျကျ သိရတော့တယ်လို့ ဟာသအဖြစ် ပြန်ပြောဖြစ်တယ်။ အမှန်ကတော့
အဲဒီအချိန်က ဘုရားသုံးဆူ တပ်ရင်း (၁၀၁) ကွဲတဲ့အကြောင်းကို ပြောကြတာ
ညီလာခံလာတက်တဲ့ ကိုယ်စားလှယ် အတော်များများက ပြောကြပါတယ်
သူတယောက်တည်းမဟုတ်ပါဘူး။ အတာကတော့ သူ့ပြောတဲ့ သေနာကောင်ဟာ ဘယ်သူဆိုတာ အခုထိ
သိချင်မှ သိမယ်။ သေနာကောင်လို့ အပြောခံရသူကတော့ အတာဘယ်သူလဲဆိုတာ ကျွန်မ
ပြောပြလို့ သိသွားပါတယ်။ အတာမသိပေမဲ့ အဲဒီချိန်က ဗဟိုဌာနချုပ်မှာ
စီမံခန့်ခွဲနေသူ ဗဟိုဦးဆောင်ကော်မတီဝင်ကို အဲဒီတုန်းက ABSDF ရဲ့ မယ်ရယ်
ဗဟိုဌာနချူပ်မှာ ရှိတဲ့သူတွေတော့ သိကြမှာပါ။ အတာတော်ပုံ ထက်ပုံကိုလည်း
ပြောပြီးပြီ အတာစွာပုံကိုလည်း ပြောပြီးပြီ။ အတာတယောက် ဟိုတုန်းကလို
တော်နေစွာနေသေးလားဆိုတာ ကျွန်မ မသိပါ။ ဟိုတုန်းကလို မစွာရင်နေ ဟိုတုန်းကထက်
ပိုတော်ပိုထက်ပြီး ဘ၀လမ်းခရီးမှာ တွေ့ရတဲ့ အခက်အခဲ ဆူးညှောင့်ခလုတ်
အားလုံးကို လွယ်လွယ်ကူကူနဲ့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်။
ံHappy Birthday အတာ
အတာ ကျွန်မတို့ တပ်ရင်းကို ရောက်လာတဲ့အချိန်အခါတွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်သလို အတာပြန်သွားပြီးတဲ့နောက်ပို
အတာဟာ တော်လှန်ရေးစိတ်ဓာတ် အင်မတန် ပြင်းထန်သူ ဖြစ်ပြီး ကျွန်မတို့ တပ်ရင်းကို ရောက်လာရတဲ့ အကြောင်းအရင်းကို သူမပြောပြချက်အရ သူမတို့တပ်ရင်းမှာ မိန်းကလေးဆိုလို့ ရည်းစားထားပြီး ယောက်ျားရသူရ၊ ထွက်တဲ့သူထွက်နဲ့ မိန်းကလေးအဆောင်မှာ သူမတယောက်ပဲ ကျန်တော့လို့ တခြားရည်ရွယ်ချက်တူ ရဲမေတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး တော်လှန်ရေး ဆက်လုပ်နိုင်ဖို့အတွက် မိန်းကလေးများများရှိတဲ့ ကျွန်မတို့ တပ်ရင်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ သူမကို ကျွန်မ ပထမဆုံး တွေ့တွေ့ချင်း သတိထားမိတာက သူမကစကား အင်မတန်ကို များပြီး စကားလုံးနည်းနည်းကြီးတာကို သိပ်ဘ၀င်မကျ ဖြစ်မိပေမဲ့ သူမရဲ့ အမျိုးသမီးအခွင့်အရေးတို့ ဆိုတာနဲ့ ပတ်ပါတ်သက်ပြီး ကျွန်မတို့ ခေါင်းထဲမှာ မရှိတာတွေ သူမမှာ ရှိနေတာကို တွေ့ပြီး လေးစားမိတာတော့ အမှန်ပဲ။
ပြီးတော့ ရောက်တဲ့နေ့မှာ ကျွန်မတို့လို တနေရာကနေ တနေရာကို အကြာကြီးကားစီးလာလို့ ကားမူးပြီး နှုံးနေတဲ့ အရိပ်အရောင် လုံးဝမရှိဘဲ သူမနဲ့ ဟိုနှစ်ပေါင်းများစွာက ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ငယ်ပေါင်းကြီးဖေါ်တွေနဲ့ ပြန်တွေ့ရလို့ ပြောနေသလိုမျိုး စကားကို ရေပက်မ၀င်အောင် ပြောပြီး ကျွန်မတို့အားလုံးကို သူမတယောက်တည်း စကားဝိုင်းနဲ့ ထိန်းထားတာကို ကြည့်ပြီး သူမမှာ နေရာသစ်တခုကို ရောက်လို့ စိတ်အားငယ်တာတို့ သူများအထင်သေးမှာကို ကြောက်ရွံ့နေတဲ့ အရိပ်အရောင် လုံးဝမတွေ့ဘဲ ရဲတင်းလှတာကို တကယ်ပဲ အတုယူဖို့ကောင်းတယ်လို့ မှတ်ချက်ချမိတယ်။ ကျွန်မဆိုရင်တော့ မိမိတခါမှ မရောက်ဖူးတဲ့ နေရာသစ်နဲ့ မျက်နှာစိမ်းတွေရှေ့မှာ ရောက်ရောက်ချင်းတော့ သူမလောက် ရဲရဲတင်းတင်း ရှိမှာမဟုတ်တာ သေချာတယ်။ ဒါအပြင် တော်လှန်ရေးကာလမှာ တော်လှန်ရေးထက် အရေးကြီးတာ ဘာမှမရှိဆိုတဲ့ အတွေးအခေါ်နဲ့ တော်လှန်ရေးမှာ ရဲမေတွေ အိမ်ထောင်ပြုကြတာကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့နေရာမှာ ကျွန်မနဲ့ တူနေပြန်တော့ သူမ ဘယ်လောက်ပဲ စကားလုံးကြီးကြီး ဒီတခုတည်းနဲ့တင် သူမနဲ့ ကျွန်မက လက်တွဲလို့ရသူ အဖြစ်သတ်မှတ်ပြီး ချက်ချင်းပဲ ကျွန်မ သူမကို ခင်သွားတယ်။
ဒါပေမဲ့ တခါတခါ သူမက အိမ်ထောင်ပြုတာကို ဆန့်ကျင်တာတင်မကဘဲ ရည်းစားထားတဲ့မိန်းကလေးတွေက
ဒီလိုနဲ့ပဲ သူမ ကျွန်မတို့ တပ်ရင်းကို ရောက်လာပြီး မကြာခင်မှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပတဲ့အချိန် နိုဝင်ဘာလ ရောက်လာတော့ KNU က ကျွန်မတို့ တပ်ရင်းကနေ စက်လှေနဲ့ မိနှစ်သုံးဆယ်ခန့် မောင်းရပြီး၊ လမ်းလျှောက်ရင် တနာရီခန့် လျှောက်ရတဲ့ KNU တပ်မဟာ ၄ ခရိုင်မြို့ဖြစ်တဲ့ ထီးထာမှာ နေရာပေးပါတယ်။ ဒီညီလာခံမှာ ABSDFတပ်ရင်း (၆၀၁) ပအို့နယ်မြေက မသက်သက်လွင်ခေါ် မသက်က တဦးတည်းသော အမျိုးသမီး ညီလာခံကိုယ်စားလှယ် ဖြစ်တယ်။ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးစခန်း၊ တပ်ရင်း (၂၀၄/၂၀၅) သေ့ဘောဘိုးစခန်းနဲ့ တပ်ရင်း (၂၀၇) ရေကျော်စခန်း စတဲ့မိန်းကလေးများစွာ ရှိတဲ့ စခန်းတွေက ညီလာခံကို ကိုယ်စားလှယ်အဖြစ် တယောက်မှ မလာဘဲ ရဲမေတဦးပဲ ရှိတဲ့ တပ်ရင်း (၆၀၁) ပအို့နယ်မြေက သူတို့ရဲ့ တဦးတည်းသော ရဲမေကို ညီလာခံကိုယ်စားလှယ် အဖြစ်ရွေးခဲ့တာ ကျွန်မအတွက်တော့ တပ်ရင်း (၆၀၁) ရဲဘော်တွေရဲ့ သမိုင်းဝင် လုပ်ရပ်အဖြစ် အခုချိန်မှာ မှတ်တမ်းတင်စရာ ဖြစ်နေပါတယ်။ ကျွန်မတို့တပ်ရင်းက အမျိုးသမီး ညီလာခံ ကိုယ်စားလှယ် မပါပေမဲ့ အဲဒီ ညီလာခံမှာ ကျွန်မအပါအ၀င် အဆောင်က ရဲမေတချို့ကို ညီလာခံ အထောက်အကူပြုအဖွဲ့မှာ တာဝန်ပေးတော့ ဆေးတပ်ဆွယ်က ကျွန်မနဲ့ မ၀င်းဝင်းမူကို ညီလာခံ ဆေးခန်းမှာ တာဝန်ပေးပြီး ဆက်သွယ်ရေးနဲ့ ရုံးအဖွဲ့က ငါးယောက်ကို မှတ်တမ်းတင်အဖွဲ့မှာ တာဝန်ပေးတော့ စုစုပေါင်း ရဲမေ ၇ ယောက် ညီလာခံ အထောက်အကူပြုအဖွဲ့မှာ တာဝန်ကျပြီး တပ်ရင်းကနေ ညီလာခံ ကျင်းပတဲ့ ထီးထာမှာပဲ ပြောင်းပြီးလာနေခဲ့ရတယ်။
ညီလာခံကော်မရှင်က နေရာချပေးတဲ့ ဆေးခန်းလုပ်ထားတဲ့ အိမ်ရှေ့မှာ အရိပ်ကောင်းတဲ့ သစ်ပင်နှစ်ပင်နဲ့ အောက်မှာ ထိုင်ခုံရှည်တခု အပြင် တခြားထိုင်စရာ လွှနဲ့ဖြတ်ထားတဲ့ သစ်လုံးကြီးကြီးတလုံးလည်း ရှိပါတယ်။ နေ့လည်နေ့ခင်း သစ်ပင်နှစ်ပင်ကို ပုခက်ဆွဲပြီးလည်း အိပ်လို့လည်းရပါတယ်။ ဆေးခန်းရဲ့ ဘယ်ဘက် မျက်စောင်းထိုးမှာ ဆေးလိပ်နဲ့ မုန့်အခြောက်မျိုးစုံလည်း ရနိုင်တဲ့ ကုန်စုံဆိုင်တဆိုင် ရှိသလို ညာဘက်မျက်စောင်းထိုးမှာလည်း
သူပြောတဲ့ ကောင်စုတ်ဆိုတာ ဘယ်သူမှန်းတော့ မသိဘူး ဆေးခန်းရှေ့က သစ်ပင်အောက်မှာ ထိုင်နေကြတဲ့ သိသူရော မသိသူပါ လူလေးငါးခြောက်ယောက်ခန့်မှာ
အတာအကြောင်းကို ပြန်ဆက်ရရင် အတာပြောတဲ့ သေနာကောင် ဆိုသူကို ညီလာခံရဲ့ နောက်ရက်တွေမှာ မတွေ့ရတော့ဘဲ သူပြတဲ့အချိန်အမှတ်တမဲ့ပဲ တွေ့ဖူးခဲ့ပါတယ်။ နောက် ၉ နှစ်အကြာ ၁၉၉၈ ခုနှစ်မှာ Alternative Asean အဖွဲ့မှာ BWU က အလုပ်သင်အနေဖြင့် ကျွန်မ ဘန်ကောက်ကို မလာခင် အဲဒီတုန်းက ဗဟိုဌာနချူပ် စီမံခန့်ခွဲရေးကို တာဝန်ယူနေတဲ့ ခေါင်းဆောင်ကို အဲဒီအချိန်က အတာပြောတဲ့ သေနာကောင်ဆိုသူနဲ့ နည်းနည်းဆင်သလိုရှိလို့ ကျွန်မက သူ့ကို ဒုတိယအကြိမ် ညီလာခံကာလက တပ်ရင်းအားလုံးကို ကိုယ်စားလှယ်တွေကို ကျွန်မ သိတော့ အဲဒီတုန်းက ကိုယ္စားလွယ္မဟုတ္ဘူးဆိုတာေ
ံHappy Birthday အတာ
1 comments:
Yet, the move provides an interesting dichotomy between tradition so market analysis.
Lv bags, though amazingly priced, are the queen of accessories.
http://online.spospk.ru/user/view.php?id=21954&course=1
Review my web-site; fake louis vuitton
Post a Comment