မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၁၉.၇.၄၇


ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉ ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

"၁၉.၇.၄၇"

ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။

သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။

ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။

ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။

မြ၀တီ-ရဲခေါင်

(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)

အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။ 


အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။

 


7 comments:



29 Mar 14, 07:27 PM
သားထူး: ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုယိရဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ်။


29 Mar 14, 07:31 PM
သားထူး: ဘဘဦးဝင်းတင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆေးထိုးထားပါတယ်။


29 Mar 14, 07:33 PM
သားထူး: ဆေးရဲ.အာနိသင် (၇၂) နာရီ အတွင်း အထူးကုဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဘဦးဝင်းတင်ရဲ့ လည်ချောင်းမှာ အသက်ရှူဖို့ လေပြွန်ပေါက် ဖေါက်လိုက်ပြီးပါပြီ။


29 Mar 14, 07:40 PM
သားထူး:့ ဘဘဦးဝင်းတင် လည်ချောင်းဖောက်ပြီးတဲ့ အခြေအနေ ကောင်းမွန်တယ် လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။ ဘဘကို ထိုင်း ဒါမှမဟုတ် စင်ကာပူ ကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ဆက်လက် ခံယူနိုင်ဖို့ စီစဉ်နေပါတယ်။


29 Mar 14, 07:43 PM
သားထူး: ဘဘ ဦးဝင်းတင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေ။



"သို့ ... အဘ .. "


သူယုတ်တွေ အသက်ရှည်ပြီး
လူကောင်းတွေ နဲ့
ချစ်ခင်သူ များတဲ့ လူတွေ...
တဖြုတ်ဖြုတ် ကြွေနေတဲ့
မြန်မာပြည်ကြီးမှာ
အဘ တစ်ယောက် ဆေးရုံးမှာရောက်နေတာ
ကျွန်တော်တို့အားလုံး စိတ်ပူရပါတယ် ... အဘ ... ။


အဘကတော့
ငါ အဘိုးကြီး မသေသေးဘူးလို့
"ထီ"မထင် ပြောမယ့်သူ ဖြစ်ပေမယ့်
ကျွန်တော်တို့က စိုးရိမ်ပါတယ် ... အဘ ... ။


အသက်ရှည်ပြီး အဖိုးတန်တဲ့
အဘလို လူစား
ရခဲတဲ့ မြန်မာ့နိုင်ငံရေးမှာ
အဘ ဆက်ရှိနေပေးစေချင်တာ ...
ကျွန်တော်တို့ အားလုံးရဲ့ ဆန္ဒပါ .... အဘ ... ။


အဘ ကျန်းမာဖို့ ...
အဘ အသက်ရှည်ဖို့ ...
အဘ ရဲ့ ဆုံးမ စကားတွေ နားထောင်ဖို့
ကျွန်တော်တို့ အားလုံး ဆုတောင်းနေပါတယ် ... အဘ ... ။


အဘ နားစွင့်ကြည့်ပါ ...
ဟိုးအရှေ့ခြမ်း
နယူးဇီလန်၊ ဂျပန်ကနေ
အနောက်ဘက် အမေရိကား အဆုံး
ကြားလယ်ကနိုင်ငံတွေ
မြန်မာတွေနေထိုင်သမျှ နေရာတိုင်းမှာ
အဘကို ချစ်သူတွေရဲ့ ပဲ့တင်ထပ်နေမယ့် အသံတွေ ....


အဘ သံမဏိ ဦးဝင်းတင် အသက်ရာကျော် ရှည်ပါစေ .... ။
အဘ သံမဏိ ဦးဝင်းတင် အသက်ရာကျော် ရှည်ပါစေ .... ။
အဘ သံမဏိ ဦးဝင်းတင် အသက်ရာကျော် ရှည်ပါစေ .... ။



(ကိုထိုက်)




( အဘ ဦးဝင်းတင် ဓာတ်ပုံ

၂၀၁၃ ခုနှစ် အဘ ၈၃ နှစ်ပြည့် မွေးနေ့တုန်းက ဓာတ်ပုံ ဖြစ်ပြီး

ဒီနေရာမှ
ကူးယူရရှိတာ ဖြစ်ပါတယ်။)




ကိုထိုက်


"အဘ သံမဏိ ဦးဝင်းတင် အသက်ရာကျော် ရှည်ပါစေ"


"သို့ ... အဘ .. "



သတင်းကောင်း -

ဦးဝင်းတင် နေကောင်းလာပြီ



၃၁-၃-၂၀၁၄ ရက်နေ့


ဦးဝင်းတင်
နေကောင်းလာပြီတဲ့ခင်ဗျ
ဝမ်းသာကြ
ပျော်ကြပေတော့ဗျို့


ကိုလေး (အင်းဝဂုဏ်ရည်)

31-3-14


ဦးဝင်းတင် နေကောင်းလာပြီ



စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်


Monday, April 21, 2014


စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီး ဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014 ရက်နေ့ နံနက် ၆ နာရီခွဲ လောက်က ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ် ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်းငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်။


၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက် ဆောင်ရွက်ရန် အဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့် ဆောင်ရွက်မည်။


၂။ ဦးဝင်းတင်၏ ဈာပန အခမ်းအနား အစီအစဉ် - ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသာန် အအေးခန်းတွင် ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် ရေဝေးသုသာန်တွင် သင်္ဂြိုလ်မည် ဖြစ်ပါသည်။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေဝေးသုသာန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။


၃။ ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်းမှတ်တမ်း ရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် နှင့် ပြည်လမ်း ယုဒသန်ခမ်းမ တို့တွင် စီစဉ်ထားရှိပါသည်။


၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယနေ့ (၂၃၊ ၄၊ ၂၀၁၄ ရက်နေ့)၊ ယခုအချိန်မှ စတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံ တ၀က် ချထားကြရန် ဖြစ်ပါသည်။


KayToe Burma



ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဘရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဈာပနအခမ်းအနား မဖြစ်တာကိုလည်း စိတ် အနှောက်အယှက် ဖြစ်နေကြောင်း သိရှိရပါတယ်။ အဘ ဆုံးပြီး နာရီပိုင်း အကြာ မှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဘကိုယ်တိုင် ပြောခဲ့တဲ့ အဘဆန္ဒအတိုင်းသာ လုပ်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် နာရီပိုင်း အကြာ ကြတော့ ဘဘဦးတင်ဦး ဆီက ဖုန်းဝင်လာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘဘဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစားသင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။


အဘဦးဝင်းတင်ဟာ "ဘူး ဆိုရင် ဖရုံ မသီးတတ်တဲ့ လူမျိုး" ဆိုတာကို ကောင်းကောင်း သိတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘဦးဝင်းတင်ရဲ့ ဆန္ဒကို လိုက်လျော ဖြည့်ဆည်းပေးဖို့သာ တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘ ဦးဝင်းတင် ကသာ သူ့ဈာပနကို "မစုနဲ့ NLD ကြိုက်သလို စီစဉ်ပါ" လို့ပြောခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဂုဏ်သရေအရှိဆုံး နှင့် မြန်မာပြည်သူတွေ အတွက် အောက်မေ့ဖွယ် အဖြစ်ဆုံး ဖြစ်အောင် ဦးဆောင် စီစဉ်မှာ ဖြစ်ပါတယ်။


အဘဦးဝင်းတင် ဖြစ်စေချင်တဲ့ ဆန္ဒကို အဘကိုယ်တိုင် ပြောပြ အသိပေးခဲ့တယ် ဆိုတာ ..... အဲသည် ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်ပင် ပြုပြင်ပြောင်းလဲ မွမ်းမံခြင်း မရှိဘူး ဆိုတာကို အသိပေးခြင်းပါ။


(( ဒီမိုဖက်တီး ))


Credit - ကိုရဲရင့်ငယ်

စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်



သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်


ရန်ပိုင် | April 21, 2014 |


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရသည်။


ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တာဝန်ယူ သဂြိုလ်မည် ဖြစ်ကြောင်း အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီသို့ ပြောသည်။


“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်” ဟု ၎င်းက ဆက်ပြောသည်။


ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင် နှင့် နိုင်ငံရေးသိပံ္ပ ဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။


တက္ကသိုလ်၌ ရှေ့နေ ဦးထွန်းတင် စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။


မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦး စသည့် ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။


အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ညအယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။


စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။



၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးကာ၊ မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။


အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာနိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။


၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ ထူထောင်ရာ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။


ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ်ခဲ့သည်။


ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေးမြို့ကို လာတိုင်း လူထုဦးလှ၊ လူထု ဒေါ်အမာ နှင့် ဦးဝင်းတင် တို့ကို တလေးတစား တွေ့ဆုံတတ်ပါသည်။


၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။


အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။


ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဝေဖန်တဲ့ စာတမ်းတစောင် တင်သွင်း ဖတ်ကြားခဲ့သည့်အတွက် အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။



၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ အတွင်း စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်း လှုပ်ရှားကြသည့်အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ သည့်အပြင် နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ရပ်တည်ခဲ့သူ ဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်ရာတွင် ပါဝင် ခဲ့ပြီး "ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ" ဟူသော ဆောင်ပုဒ်ကို ရေးသားခဲ့သည့်အတွက် န၀တ စစ်အစိုးရ၏ အငြိုးထားခြင်းကို ခံရကာ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်သူလို့ စွပ်စွဲခံရသူကို လက်ခံထားမှု၊ တရားခံကို အားပေးကူညီသူ အဖြစ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရသည်။


ထောင်ကျနေစဉ် အတောအတွင်း နောက်ထပ် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ဆက်ခါဆက်ခါ ချမှတ်ခံခဲ့ရ ပြီး အကျဉ်းထောင်တွင်း ၁၉ နှစ် ကျော်ကြာ နေခဲ့ရ ပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့၏။


ထောင်ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။


ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိခဲ့သည်။


၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့သတင်းသမဂ္ဂ မှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ်နိုင်ငံတွင် လမ်းတလမ်းအား “ဝင်းတင် လမ်း” ဟု အမည် ပေးထားသည်။


ထောင်တွင်းမှ ရရှိသည့် ဒဏ်များနှင့် စစ်ကြောတွင် နှိပ်စက်ခံရမှုများကြောင့် ပြန်လည်လွတ်မြောက်လာသည့်အခါ ကျန်းမာရေး ယိုယွင်းခဲ့ရသည်။


ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ ဝေဖန်ရေး များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသားခဲ့ပြီး၊ ကွိ’၊ ‘ဥတ္တရ အလင်း’ စသည့် ဘာသာပြန်စာအုပ်များ ကိုလည်းကောင်း၊ ကမ္ဘာနီတွင် ‘တဒင်္ဂ’ အမည်ရှိ ကွန်မြူနစ်နိုင်ငံများသို့ ခရီးသွားမှတ်တမ်း စာပေကိုလည်း ရေးသားခဲ့သည့်အပြင် ပန်းချီအကြောင်း ဖြစ်တဲ့ အလှရှာပုံတော် ကိုလည်း ရေးသားခဲ့သည်။


ဧရာဝတီ

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်