မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့သက်ဆိုင်သလား???

အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာ ရွေးချယ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။ ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။ အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ ကုန်ရာကို ကျင့်ဖို့ ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။ တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။ အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။ အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။ သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အား ကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။ ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏” ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။ ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။ ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။ ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။ ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို တွေ့မြင်ကြားသိနေရပါတယ်။ မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။ အာဏာကို မစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင် မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက် မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသ ဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံး လည်း ဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။ မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။ မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။ ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။ မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။ မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက်အတွက် တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။ အရှင်စန္ဒိမာ (မွန်စိန်တောရ) - See more at: http://www.dawnmanhon.com/2014/05/blog-post_2880.html#sthash.CzhBbrN0.dpuf

ဒေါင်းမာန်ဟုန် < http://www.dawnmanhon.com/2014/05/blog-post_2880.html#sthash.CzhBbrN0.dpbs > မှ ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

8 comments:

.

အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို မုဒိမ်းမှုပေါင်း ၂၃၇၈၆၈ (နှစ်သိန်းသုံးသောင်းကျော်) လောက် ဖြစ်ပွားလေ့ ရှိပြီး ၂ မိနစ်မှာ တစ်ယောက်နှုန်း မုဒိမ်းကျင့်ခံနေရပါတယ် တဲ့။


ဆွီဒင်နိုင်ငံကတော့ လက်ရှိ ဥရောပမှာ မုဒိမ်းမှု ဖြစ်ပွားခြင်း ရာခိုင်နှုန်း အမြင့်ဆုံးလို့ ဝီကီ ထဲက စာရင်းမှာ တွေ့ ရပါတယ်။


ကမ္ဘာ့ကုသမဂ္ဂ ရဲ့ အမျိုးသမီး အကြမ်းဖက်ခြင်းဆိုင်ရာ အစီရင်ခံစာ တစ်ခုအရ ကမ္ဘာပေါ်က ၇၀% သော အမျိုးသမီးတွေဟာ ဘ၀ မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အနိုင်ကျင့်တာ ခံဖူးကြပါတယ်တဲ့၊

အကြမ်းဖက်ခံရတဲ့ အများဆုံး အသက်အရွယ်တွေကတော့ အသက် ၁၅ နှစ် နဲ့ ၄၄ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ပြီးတော့

မုဒိမ်းမှု နဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု နဲ့ မပတ်သက်ပဲ ကမ္ဘာ့နေရာတိုင်းမှာ ဖြစ်နေတယ် လို့ ဆိုပါတယ်။


တောင်အာဖရိကနိုင်ငံ မှာတော့ နေ့စဉ် အမျိုးသမီး ၃ ယောက်စီ ဟာ သူတို့ ရဲ့ခင်ပွန်း သို့မဟုတ်၊ အမျိုးသားအဖေါ် သို့မဟုတ် ခင်ပွန်းဟောင်း ဒါမှ မဟုတ် ဆွေမျိုးတော်စပ်သူတွေ့ ရဲ့ အလိုမတူပဲ အနိုင်ကျင့်တာ ခံရပြီးတော့ သတ်ဖြတ်ခြင်း ခံနေရပါတယ်။


ကမ္ဘာပေါ်မှာ မုဒိမ်းမှု ဖြစ်ပွားနှုန်း အမြင့်မားဆုံး နိုင်ငံ ၅ နိုင်ငံကတော့ လက်စ်ဆိုသို၊ ဆွီဒင်၊ စိန့်ဗင်းဆင့် ဂရင်နာဒိန်း၊ နယူးဇီလန်၊ ဘယ်လ်ဂျီယန် ဖြစ်ပါသတဲ့။


အလိုမတူပဲ သားမယား ပြုကျင့်ခြင်း (မုဒိမ်းမှု) ဆိုတဲ့ အသုံးအနှုန်းကို ၁၄ ရာစု ရောမခေတ်က ပဲ စတင် အသုံး ပြုခဲ့ပါတယ်။ ရောမခေတ်က ဂုဏ်သရေရှိအမျိုးသမီး Lucretia မုဒိမ်းကျင့်ခံရပြီး ကိုယ့်ကိုယ် သတ်သေသွားခြင်းဟာ ရောမ အင်ပါယာ ပြိုကွဲပြီး ရောမပြည်သူ့သမ္မတနိုင်ငံအဖြစ်ကိုရောက်စေခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ်။

.

.

ဝီကီထဲက ဖေါ်ပြထားတဲ့ အောက်က ဇယားအရ အမျိုးသားတွေ အတွက် မုဒိမ်းမှု ဖြစ်ရတာဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ရပိုင်ခွင့်ကြောင့် လို့ ထင်နေကြတဲ့ ရာခိုင်နှုန်းက အများဆုံး ဖြစ်နေပါတယ်။ အရက်မူးလို့ ဖြစ်တယ်ဆိုတာက နည်းပါးပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က အပြစ်ပေးတဲ့ အနေနဲ့ မုဒိမ်းကျင့်ခြင်း ဖြစ်ပါတယ်။


မုဒိမ်းမှု ကျူးလွန်ခဲ့သူ အမျိုးသားများ ပြောတဲ့ မုဒိမ်းမှု ကျူးလွန်ရခြင်း အကြောင်းရင်းပြ ဇယား

အရက်မူးလို့ မုဒိမ်းကျင့်တာ - ၂၇%
အပြစ်ပေးတဲ့ အနေနဲ့ မုဒိမ်းကျင့်တာ - ၃၇.၉%
ဖျော်ဖြေမှု လိုချင်လို့ မုဒိမ်းကျင့်တာ - ၅၈.၇%
လိင်ပိုင်းဆိုင်ရာ ရပိုင်ခွင့်လို့ ထင်လို့ မုဒိမ်းကျင့်တာ - ၇၃.၃%




အောက်က ဇယားအရဆိုရင်တော့ သူတို့ မုဒိမ်းကျင့်ပါတယ်လို့ ၀န်ခံတာ ပါပူဝါနယူးဂီနီက အမျိုးသားတွေက အမြင့်ဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကတော့ အနိမ့်ဆုံးလို့ တွေ့ရပါတယ်။


နိုင်ငံအလိုက် မုဒိမ်းမှု ကျူးလွန်ပါတယ်လို့ ၀န်ခံခဲ့သူ အမျိုးသားများ ရာခိုင်နှုန်းပြ ဇယား

ဘင်္ဂလားဒေ့ရှ် - ၁၁.၁ %
ကမ်ဘောဒီးယား - ၂၀.၈%
တရုတ် - ၂၂.၇%
အင်ဒိုနီးရှား - ၃၁.၉%
ပါပူဝါနယူးဂီနီ - ၆၀.၇%
ပျမ်းမျှ - ၂၄.ဝ%




အသက်အရွယ်အားဖြင့် အသက် ၁၅ နှစ် နဲ့ ၁၉ နှစ်ကြား မိန်းကလေးတွေ က မုဒိမ်းကျင့်ခံရနှုန်း အများဆုံး ဖြစ်နေပြီး အသက်အရွယ်မရွေး မုဒိမ်းကျင့်ခံရနိုင်တဲ့အကြောင်း အောက်က ဇယားမှာ တွေ့ နိုင်ပါတယ်။


မုဒိမ်းမှု ကျူးလွန်ခံရသူ အမျိုးသမီးများ၏ အသက်အရွယ်အလိုက် ရာခိုင်နှုန်းပြဇယား

အသက် ၁၅ နှစ် အောက် မိန်းကလေးများ - ၁၄.၈%
အသက် ၁၅ နှစ် နှင့် ၁၉ နှစ်ကြား မိန်းကလေးများ - ၄၂.၇%
အသက် ၂၀ နှစ် နှင့် ၂၉ နှစ်ကြား အမျိုးသမီးများ - ၃၂.၅%
အသက် ၃၀ နှစ် နှင့် ၃၉ နှစ်ကြား အမျိုးသမီးများ - ၄.၄%
အသက် ၄၀ နှစ် နှင့် အထက် အမျိုးသမီးများ - ၂.၉%




မုဒိမ်းမှုတွေ ရဲ့ ၆ % လောက် မှာ ယောင်္ကျားလေးတွေဟာ အလိုမတူပဲ ဆက်ဆံခံရတာပါတဲ့။



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


.

.

၅။ ဒီသတင်း မဟုတ်မမှန်ခဲ့ရင်ကော.... ဒီနေရာမှာအဖြေတစ်ခု ထုတ်ပေးရတော့မှာပါ။ ရောချလို့ မရတော့ပါဘူး။ NLD လို နိုင်ငံရေးပါတီတွေအနေနဲ့လည်း လက်ရှောင်မနေသင့်ဘူး။ မဟုတ်မှန်း သိရင် သစ်ထူးလွင်ကို အမြစ်ကနေလှန်ပစ်လို့ ရတဲ့အထိ တွန်းတိုက်ပစ်သင့်တယ်။ ဒီလောက်လုပ်စရာ လိုသလား။ ၁၀၀ % လိုအပ်တာပေါ့။ အမှိုက်က စတဲ့မီးပဲ။ ဒီမီးကို မဟုတ်မှန်း သိပါလျှက် စရှို့တဲ့ကိစ္စဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ တကယ် ကျယ်ပြန့်လာရင် NLD လည်း မြောင်းထဲရောက်မယ့် လမ်းစတစ်ခုပဲ။ နောက်ထပ်တစ်ကြိမ်ပဲ အဓိကရုဏ်းအကြီးအကျယ်ထပ်ဖြစ်ခွင့် ပေးလိုက်ပါ။ အခြေခံဥပဒေပြင်ဆင်ရေး သွားပါပြီ။ လူတိုင်း မြင်တတ်ပါတယ်။ ရှောင်သင့်တဲ့ ကိစ္စကို တမင် မီးထိုးပြတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် မဟုတ်မှန်း ထမင်းစားသူတိုင်း သိကြမှာပါ။


၆။ ဒီလောက်ကြီးကျယ်တဲ့ ပြသနာကို ဖန်တီးပြပြီးတဲ့နောက် ဒီညီအကို နှစ်ယောက်ကို ဘာလုပ်ပြတော့မလဲ။ ဒီညီအကို နှစ်ယောက်ဟာ တကယ်ဟုတ်ခဲ့ရင် ပြသနာ မရှိပါဘူး။ သူ့လမ်း သူရွေးတာပါပဲ။ တကယ်မုဒိမ်းမှု မကျူးလွန်ဘဲ စွပ်စွဲခံခဲ့ရတာဆိုရင် သူတို့ဘ၀မှာ ပြန်ဖာထေးလို့ မရလောက်အောင် ဂုဏ်သိက္ခာကျဆင်းစေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသာ ခံစားရကြေးဆိုရင် သစ်ထူးလွင် ဘလော့ပိုင်ရှင်ကို ထိုက်သင့်တဲ့ တုန့်ပြန်မှုတစ်ခုတော့ နောက်နောင်ဒီလို မလုပ်ရဲအောင် ပြန်ပေးသင့်ပါတယ်။

ဒါတွေအားလုံးဟာ အတွေးတွေပဲ ဖြစ်နေပါသေးတယ်။ လက်တွေ့မြင်မိတာကတော့ ဒီနေ့ည မန္တလေး ဘာမှ မဖြစ်ဖို့ပါပဲ။

မြန်မာပြည်သူ ပြည်သားအားလုံး လှည့်ကွက် အသွယ်သွယ်မှ လွတ်ကင်းကြပါစေ။


ဆွေမွန်
၁ ဇူလိုင် ၂၀၁၄

ငြိမ်းချမ်းပါစေ မန္တလာမြေ ....

.

.

ကိုထိုက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့


"ဒေါသထွက်နေသော လူအုပ်ကြီး" အမည်ခံ အကြမ်းဖက်သမား လူသတ်သမားများသို့ ...

ခင်ဗျားတို့က တရားသူကြီးတွေလား ... ။

ဘာမှန်း မသိတဲ့ ..... မသေချာတဲ့ အမှုတွေအတွက် .... ကိုယ့်ဘာသာ တရားစီရင်ခွင့် ... ခင်ဗျားတို့မှာ ရှိတယ်များ ထင်နေလား။

အမှု သေချာရင်တောင် ... တရားခံကို လက်ပူးလက်ကြပ် မိရင်တောင် ...... တရားစီရင်ခွင့် .... ခင်ဗျားတို့မှာ တပြားသားမှ မရှိဘူး။

ဒါတွေ အားလုံး အစိုးရရဲ့ တရားရေးလုပ်ငန်းကြီး တစ်ခုလုံးရဲ့ တာဝန်။

ေ-ာက်ပိုတွေ ပြော ...ေ-ာက်ပိုတွေ လုပ်ပြီး ... တိုင်းပြည် ဖျက်ဖို့ မစဉ်းစားနဲ့။


(ကိုထိုက်)

မုဒိမ်းမှု အပါအဝင် မည်သည့် ရာဇဝတ်မှုမျိုးကိုမှ "ဒေါသထွက်နေသော လူအုပ်ကြီး" က ကိုယ့်ဘာသာ တရားစီရင်ခွင့် မရှိပါ

.

.

ကိုထိုက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့


တိုင်းပြည်မှာ မုဒိန်းမှုတွေ မဖြစ်စေချင်ရင် ...
ဖြစ်ပြီးတဲ့ မုဒိန်းမှုတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးစေချင်ရင် ....

တရားဥပဒေကို စောင့်ရှောက်တဲ့ ... ရဲက စလို့ ...
တရားသူကြီး ... ထောင်ဝန်ထမ်းတွေ ...
ပြည်ထဲရေး ဌာနကြီး တစ်ခုလုံးအပြင် ....
တိုင်းပြည်ကို စီမံရတဲ့ အစိုးရ အဖွဲ့ နဲ့ သမ္မတအထိ ...
အကုန်လုံးကို ....
ေ-ာက်သုံးကျကျ တိုင်းပြည်ကို အုပ်ချုပ် စီမံဖို့ ပြော ... ။


အရေး မပါတာတွေ နဲ့ ကိုယ့်ကိုကိုယ် ဘဝင်မြင့်ပြီး .... အကြမ်းဖက်၊ တိုက်ခိုက်၊ လူသတ် ... ခင်ဗျားတို့ လုပ်နေတာ ... တိုင်းပြည်ကို ဖျက်နေတာ သက်သက်ပဲ။


ဒီအချိုးတွေနဲ့ တိုင်းပြည် မွဲဖို့ ... ပျက်ဖို့ပဲ ရှိတယ်။


လူလို နားလည်ကြပါ .. ။


(ကိုထိုက်)

အရေး မပါတာတွေ နဲ့ ကိုယ့်ကိုကိုယ် ဘဝင်မြင့်ပြီး အကြမ်းဖက်၊ တိုက်ခိုက်၊ လူသတ် ... ခင်ဗျားတို့ လုပ်နေတာ ... တိုင်းပြည်ကို ဖျက်နေတာ သက်သက်ပဲ

.



သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



"အရိုးကို စည်းရိုးထိုးမယ်" လို့ အော်နေတုန်း
တရုတ်တွေက သစ်ပင်တွေ ဝင်ခုတ်သွားပါတယ်။


"ကျုပ်နှမလေး ကုလားနဲ့ ညားမှာစိုးလို့ မျိုးစောင့်ရတာ" လို့ အော်ရင်း
ဓားထမ်းပြီး သူ့ခြင်ထောင်နား ထိုင်စောင့်နေတာ
တရုတ်ကြီးနဲ့ ဗိုက်တလုံး ထွက်လာမှ
သူ အိမ်ဖော် သွားလုပ်နေတာ သိလိုက်ရတယ်။


"ကုလားပစ္စည်းတွေကို အားမပေးကြနဲ့" လို့ အော်နေတုန်း
အပေါ် မော့ကြည့်မှ
တဝီဝီနဲ့ အာရပ်က လေယာဉ်တွေ ပျံနေတာ တွေ့လိုက်ရပါတယ်ဗျာ။


ဒေါ်စုကို "ကုလားမယား၊ သာသနာဖျက်၊ အမျိုးဖျက်" လို့ အော်နေတုန်း
အစိုးရက မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်း၊
သံဃာတော်တွေကို ထောင်ချ၊
လယ်တီသိမ်တော်ကို ဖြိုချလိုက်ပါတော့တယ်။


Raven Black

သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



၎-၁၀-၁၅ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ် ဆိုပါလား

နယ်လှည့်ပါးရိုက် အုန်းမြင့်က ဘာသာရေးမီး မွှေးနေပါလား


(( Ohn Myint wrote -
အမျိုးဘာသာသာသနာ
ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
သာဓု သာဓု သာဓု ပါ။
ဂုဏ်ယူမဆုံး တစ်မျိုးသားလုံး။
အောင်ပွဲအလီလီ ထပ်ဆင့်ချီ
အောင်ပြီ အောင်ပြီ အောင်ပြီ။ ))


အဟေဟေ......
မောင်အုန်းမြင့်တို့ကတော့ မျိုထား ဆို့ထားတာတွေ အစိုးရသစ်လက်ထက်မှာ ပြန်အန်ထုတ်ရမှာစိုးတာရယ်.... ထပ်မခိုးရတော့မှာရယ်တွေးကြောက်ပြီး... ကယောင်ကတန်း ဘာသာရေးမီးတွေ ထ မွှေးနေတော့တာပဲ....

ပြောင်ကြီး - ကိုလည်း အတင်း မ လို မ နဲ့...မြင်မကောင်းဘူး.........

သီတဂူဆရာတော်ကြီး မိန့်ကြားချက် နားထောင်ပြီးပြီလား.. မောင်အုန်းမြင့် ဟဲဟဲဟဲ


ရန်ကုန်မှာရှိတဲ့ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအင်အားကို ဘယ်လောက်ရှိလဲ ဆိုပြီး ထုတ်ပြသွားတဲ့ပွဲကို ဘာပွဲလို့ခေါ်လဲ သိလား
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

၎-၁၀-၁၅၊ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်း
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

ကြံ့ဖွတ်ရုံးက သွားလိုက်ကြတာ သွားလိုက်ကြတာ
လိုက်ထရပ်တွေ ဒိုင်နာတွေနဲ့ သာသနာ့အလံတစ်ဖက် နိုင်ငံတော်အလံတစ်ဖက်

သူ့ချည်းပဲလား ဆိုတော့ ဟုတ်သေးဘူး
ကိုသိန်းစိန် ပုံကြီးလည်း ပါလို့

ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်တဲ့

မသိလို့ မေးပါရစေ

လယ်တီသိမ်ကို ဖျက်ဆီးပြီး ဘုန်းကြီးတွေကို တုတ်စာကျွေး မီးလောင်ဗုံးကျွေးတဲ့သူက ဘယ်လို စောင့်ရှောက်မှာလဲဟင်

ဆန္ဒပြပွဲ ဝင်ပါတဲ့ သံဃာက တုတ်စာမိပြီး အနာခံရတယ်

ကုလားအကြောင်း ပြောပြီး အမျိုးချစ်ပြ ကြံ့ဖွတ်အတွက် မဲဆွယ်တဲ့ ဆရာတော်ကျ အာရဖတ်ကားကြီး စီးပြီး အသာစံရတယ်
နောက်ကွယ်က ထောက်ပံ့မှုက ကြီးတာကိုး