မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဂျွန် ၆ စိတ်ဓာတ်





ဆို  မင်းမင်းထွေးငယ်  ABSDF သေ့ဘောဘိုး စခန်း၊ တပ်ရင်း (၂၀၄)
 " အာဏာရူး စစ်အစိုးရသည် မုချမသွေ ကျဆုံးရမည်
ဂုဏ်ပြောင်တဲ့ ဂျွန် ၆ စိတ်ဓာတ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ"

အင်ဖက်နဲ့ သက်ကယ်မိုးပြီး  ၀ါးခြမ်းပြားနဲ့သဲပို့ခင်းတဲ့ ရုံးမှာ စောင်ကာပြီး စတီရီယိုအဖြစ် ဖန်တီးထားတဲ့နေရာမှာ  အဆိုတော် မဟုတ်သူတွေ သီဆိုထားတဲ့ ဒီသီချင်းကို ခေတ်မီ တေးသံသွင်းခွေတွေထဲက ဘယ်နိုင်ငံကျော် အဆိုတော်တွေရဲ့ သီချင်းနဲ့မှ ကျွန်မ မလဲနိုင်ဘူး။  ၁၉၇၄ ခု ဇွန်လ ၆ ရက်နေ့မှာ အာဏာရှင်တွေ လက်ချက်နဲ့  ကျဆုံးခဲ့ရတဲ့ အလုပ်သမားတွေအတွက် ဂုဏ်ပြုတဲ့သီချင်း တပုဒ်ဖြစ်တယ်။  ဂျွန် ၆ မှာ ကျဆုံးခဲ့ရတဲ့ အလုပ်သမားတွေကို အလေးပြု ဂုဏ်ပြုရင်း ဒီသီချင်းခွေ စတင်ရာ ဘ၀တက္ကသိုလ်မှာ ရှင်သန်ခဲ့ဖူးသူတွေရော မိုးမခပင်အောက်က ဘ၀တက္ကသိုလ်ကို မရောက်ဖူးသူတွေပါ အတူတူ လွမ်းဆွတ်ကြရအောင်။

အလုပ်သမားသပိတ်တိုက်ပွဲမှာ သွေးမြေကျခဲ့တဲ့ အလုပ်သမားအပေါင်း
 ကောင်းရာသုဂတိလားကြပါစေ...

သီချင်းစာသား

(ကမ်းခြေလှိုင်းတံပိုးကြားက အလုပ်သမားတပ်ဦး အောင်လံနီနီ ရုန်းထွက်လူးလို့ လေမှာမြူးခဲ့ပြီ…)
(အလုပ်သမားတို့ တိုက်ပွဲခေါ်သံသည် မြန်ပြည်တွင်မက ကမ္ဘာမြေအနှံ့ပြန့်လွှင့်ခဲ့ပြီ စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့ပြီ.. ငတ်ရင်းအသေမခံ တိုက်ရင်းသာ အသေခံမည် ဘာမထီ ဇာနည်စိတ်ဓာတ်မွေးခဲ့ပြီ..)၂

(နီမောင်းတဲ့ အလုပ်သမားတို့ သွေးနှင့်ရင်းကာ ဂုဏ်ပြောင်တဲ့ သမိုင်းစာမျက်နှာ ဖွင့်ခဲ့လေပြီ ပြည်သူများ နိုးကြွားခဲ့ပြီ ပြည်သူအားလုံး နိုးကြွားခဲ့ပြီ တို့များတပ်ဦးက ဦးဆောင်ပါသည် အလုပ်သမား လယ်သမား ကျောင်းသားများ လက်တွဲညီညီ သွေးကြွေးကို သွေးနဲ့ဆပ်မည် အဓိဋ္ဌာန်ပါသည် တိုက်ပွဲအောင်လံ မိုးယံလွှင့်တော့မည်..)၂

မြို့ပြအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး မနှေးအမြန် ပေါင်းစပ်ရမည် ပြည်သူများကို တပ်လှန့်နိုးပါသည်… အာဏာရူး… စစ်အစိုးရသည် မုချမသွေ.. ကျဆုံးရပေမည်.. ကြီးမြတ်တဲ့တိုက်ပွဲ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ.. နီမောင်းတဲ့ အလုပ်သမားသွေးသမိုင်း ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ.. ဂုဏ်ပြောင်တဲ့ ဂျွန် ၆ စိတ်ဓာတ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ…


ဓာတ်ပုံကို သော့ဘောဘိုးစခန်းက တပ်ဖွဲ့ဝင်ဟောင်း တဦး ဖြစ်သူ ကိုလှိုင်ဘွား Hlaing Bwa Maung စာမျက်နှာရှိ Comrades and Generation album ထဲက ယူပြီး ဒီအခွေထဲကက ရဲဘော်အဆိုရှင် ကိုမြတ်သူက ၂၀၁၃ တုန်းက ကျွန်မကို ပို့ပေးခဲ့တဲ့ နေ၀န်းနီနီအခွေ အသံဖိုင်ထဲက ဂျွန် ၆ စိတ်ဓာတ်ကို ယူသုံးထားပါတယ်။ ကိုလှိုင်ဘွားနဲ့ ကိုမြတ်သူကို အထူးကျးဇူးတင်ပါတယ်။  

ရွှင်လန်းချမ်းမြေ့ကြပါစေ


1 comments:



မကဒတကို တိုက်ခိုက် အပုပ်ချချင်တဲ့ ကေါင်တွေကို တခွန်းတော့ ပြောလိုက်မယ်။ ခွေးလှေး ခုန်လို. ဖုန်မထပါဘူး။


Moe Aung
August 10, 2013 ·


ကိုယ့်ဖါသာကိုယ် ဘ၀က အေးချမ်းနေတာ။ အခုတလော ပေါ်လာတဲ့ ကွန်မန်.တွေ ပို.စ်တွေကိုကြည့်ပြီး ကြည်နေတဲ့ စိတ်လေးတောင် ပျောက်သွားတယ်။ ဘယ်လိုအတွေးအမြင်တွေနဲ.များ သမိုင်းကြောင်းအရ ပေါ်လာတဲ့ မကဒတကို လာတိုက်ခိုက် အပုပ်ချဖို. ကြိုးစားနေကြတာလဲ မသိ။

ဟိုတစ်ရက်က အောင်ခိုင် (Aung Tha Nge) ရေးတဲ့ ပို.စ်ကနေ သိလိုက်ရတာက -

အောင်မိုးဝင်း က ကွန်မင့်ရေးပြီး မကဒတကို လှောင်သလို ပြောင်သလိုနဲ. စော်ကားခဲ့တယ်။

နောက်သိပ်မကြာဘူး မေသင်္ကြန်ဟိန် က ABSDF (မြောက်ပိုင်း) လူသတ်မှုကိစ္စကို အကြောင်းပြပြီး မကဒတကို ထပ်လက်ညှိုးထိုးထားပြန်တယ်။ သူ.ပထွေးကြံ.ဖွတ်နဲ. အစိုးရရဲ. တရားရေးဖေါက်ပြန်မှုတွေကိုတော့ မဝေဖန် မထောက်ပြရဲရှာဘူး။

မနေ.က တစ်ခါထပ်ပြီးတော့ ထိုင်းမှာအလုပ်လုပ်ပြီး ဒုက္ခရောက်နေလို. လူ.ဘောင်သစ်က ကူညီကယ်တင်လိုက်ပြီး အခု အော်စီမှာရောက်နေတဲ့ တောဝက် (ဘုန်းကျော်) ဆိုတဲ့ကေါင်ဆီကပါ ဟောင်သံထွက်လာတယ်။

အဲဒီလူတွေဟာ မကဒတရဲ. ဖြတ်သန်းမှုသမိုင်းကို သေချာ သိကြသလား။ သိရော သိချင်ကြသလား။ အတင်းအဖျင်းတွေ ကြားရုံ လျှပ်တပြက်မြင်တွေ.တာလေးတွေနဲ. မကဒတ သမိုင်းကို သိပြီ ဆိုပြီး ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေကြသလား။

နည်းနည်းတော့ ပြောပြချင်ပါတယ်။ မကဒတ ဟာ ၈၈၈၈ လူထုအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင် အဖွဲ.အစည်းတခု။ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင် လူတန်းစားပေါင်းစုံဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်မယ်ဆိုတဲ့ အသိစိတ်နဲ. နယ်စပ်ဒေသတွေကို ထွက်လာပြီး မကဒတ ကိုတည်ထောင်ပြီး တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။

အသက်တွေ၊ သွေးတွေ ရင်းပြီးတော့ ဗမာဆိုရင် မယုံကြည်၊ မုန်းတီးနေတဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ. ယုံကြည်မှု၊ လေးစားမှု ရရှိအောင် လုပ်ဆောင်ခဲ့ရတယ်။ မြန်မာပြည်ဒေသအနှံ.မှာ ရန်သူနဲ. ရင်ဆိုင်တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် ဆင်နွှဲခဲ့ရတယ်။ အသက်တွေ၊ သွေးတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စွန်.လွှတ်ခဲ့ရတယ်။

မကဒတ ထဲမှာ ဖေါက်ပြန်တဲ့သူတွေ ရှိမယ်။ မကဒတကို နင်းပြီး ကိုယ်ကျိုးစီးပွားရှာသွားသူတွေ ရှိမယ်။ အဲလိုလူတွေကို နာမည်တပ်ပြီး ဝေဖန်ပါ။ တိုက်ခိုက်ပါ။ သူတို.အမှား သူတို.ရှင်းမယ်။ သူတို.မှားရင် သူတို.ခံရမယ်။ ဒါပေမယ့် တဖွဲ.လုံးကိုတော့ ပုတ်ခတ်စော်ကားဖို.တော့ မကြိုးစားပါနဲ.။ အဲဒီလိုကြိုးစားလာရင်လဲ လက်ခံမှာ မဟုတ်ဘူး။

မကဒတကို ပြည်သူနဲ. သွေးခွဲဖို. မကြိုးစားနဲ.။ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဘာလို.ဆိုတော့ မကဒတဟာ မြန်မာပြည်အနှံက ပြည်သူရင်သွေးကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ. ဖွဲ.စည်းထားတဲ့ ပြည်သူ.အကျိုးအတွက် ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ.အစည်းတစ်ရပ်ဖြစ်လို.ပဲ။

မကဒတကို တိုက်ခိုက် အပုပ်ချချင်တဲ့ ကေါင်တွေကို တစ်ခွန်းတော့ ပြောလိုက်မယ်။

ခွေးလှေး ခုန်လို. ဖုန်မထပါဘူး။