Pages

“ အနာဂတ်သစ်သို့လျှောက်ခြင်း ”

“ အနာဂတ်သစ်သို့လျှောက်ခြင်း ”


ဘ၀တခုကိုတည်ဆောက်ဖို့ 

ဟောင်းနွမ်းခဲ့တဲ့အတိတ်က

ပက္ခဒိန်ဟောင်းတွေကို ပြန်မလှန်ချင်ဘူး

အမိမြေအခြေအနေမကောင်းလို့

တိုင်းတပါးမှာ ယာယီခဏနေထိုင်နေရပေမယ့်

ဥတုသုံးလီနဲ့သာယာလှတဲ့

အမိမြန်မာပြည်ကိုတော့ ဘယ်တော့မှမမေ့

အခွင့်အခါပေးရင်လည်း

န္တ၀င်မြောက်သီချင်းကိုဆိုကာ

ရွှေမြန်မာပြည်ကိုပြန်ဝင်ခဲ့ဖို့လည်း

အမြဲတမ်းအဆင်သင့့်  ။

မာရသွန်ဆန်တဲ့ဘ၀လမ်းမှာ့ 

ရည်မှန်းချက်ပန်းတိုင်တခုကိုထား

မျှတတဲ့အောင်ပွဲတွေဆင်ဖို့

စိတ်ထားနဲ့လုပ်ရပ်တွေကိုလည်း

ရည်မှန်းချက်ပန်းတိုင်ဆီရောက်အောင်

အခြေအနေအချိန်အခါအရ

ပြုပြင်ပြောင်းလဲသင့်တဲ့နေရာတွေမှာ

ပြုပြင်ပြောင်းလဲသွားရမှာပဲ့  ။

သူငယ်ချင်းရေ့ 

အနာဂတ်လမ်းသစ်သိုလျှောက်လှမ်းရာမှာ

တခါတလေမှာလည်းပဲ

ဘ၀စာအုပ်အထူကြီးထဲက

မလိုအပ်တော့တဲ့အချက်တချို့ကိုဆွဲဖယ်

လိုအပ်နေတာတွေကိုထပ်တိုး

လိုတိုးပိုလျှော့နည်းနဲ့ပေါ့

ရည်မှန်းချက်ပန်းတိုင်တခုကိုလျှောက်နေတဲ့နေရာမှာတော့

ရဲရင့်မှန်ကန်စွာဆုံးဖြတ်ရဲတဲ့သတ္တိမရှိပဲ

မှုန်ဝါးဝါးတော့ဖြစ်မနေစေနဲ့  ။

ဇာနည်မောင်


(ကဗျာပို့ပေးတဲ့ ကိုဇာနည်မောင်ကို ကျေးဇူးတင်ပါတယ်။)





1 comment:

  1. ကဗျာ ကောင်းလေးတပုဒ်ပါပဲ။ ကြိုက်နှစ်သက်မိပါတယ်။
    အားပေးလျှက်ပါ။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်တဲ့

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။