Pages
မြန်မာ့ယဉ်ကျေးမှုပြပွဲနှင့် မြန်မာ အစားအစာ ရောင်းချရန်ပုံငွေရှာသည့် ပွဲတော် (ဆစ်ဒနီ)
နာဂစ်ဖြစ်ခဲ့သည့်ဒေသရှိ မိဘမဲ့ ကလေးများ စာသင်ကျောင်းများသို့ ပေးပို့ရန် ရှာဖွေသည့် ရန်ပုံငွေအတွက် ပွဲတော်မှာ ဗုဒ္ဓဘာသာဆိုင်ရာ ရိုးရာ သားရှင်ပြု မင်္ဂလာပွဲကို သရုပ်ဖေါ်ပြပြီး ရှင်ပြုပွဲ၌ ဦးရွှေရိုးအကကို ကပြနေစဉ်
(ဒီပို့စ်ကို တင်ခါစက ဓါတ်ပုံအောက်က ဓါတ်ပုံနံပါတ်နဲ့ စာတန်း ကို Mouse နဲ့ ထိရုံနဲ့ ဓါတ်ပုံအကြီးကို ကြည့်လို့ တချို့ပဲရပြီး ကျွန်မ အပါအ၀င် တချို့က ကြည့်လို့ မရခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ထိရုံနဲ့ ဓါတ်ပုံမပေါ်တဲ့ သူတွေရဲ့ ကွန်ပြူတာ ဘယ်ဘက် အပေါ်ဒေါင့်က Menu bar အောက်မှာ Pop-up blocker ဆိုတာ ပေါ်နေလို့ ဖြစ်တယ်။ ဒါကြောင့်မို့ မိမိကွန်ပြူတာမှာ ဓါတ်ပုံ အကြီးချဲ့ကြည့်လို့ မရရင် Menu bar အောက်က Option ကို သွား၊ Pop-up blocker ကို ဖြုတ်လိုက်ပြီးတာနဲ့ ဓါတ်ပုံအောက်က စာတန်းကို Mouse နဲ့ ထိရုံနဲ့ ဓါတ်ပုံ အကြီးကိုတွေ့ရလိမ့်မယ်။ အဆင်ပြေကြပါစေ။)
၁၃.၀၉.၀၉ ရက်၊ တင်္ဂနွေနေ့တွင် Australian Burmese Community Development (ABCD) Network မှ ကြီးမှူး၍ မြန်မာနိုင်ငံတွင် နာဂစ် ဆိုက်ကလုံးမှုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်ရရှာသော ကလေးငယ်များအတွက် ဖွင့်ထားသည့် စာသင်ကျောင်းများအတွက် ရန်ပုံငွေ ရှာဖွေပွဲတခုကို ဆစ်ဒနီမြို့ရှိ လူအစည်ကားဆုံးနေရာ တခုဖြစ်သည့် Darling Harbour ၌ မြန်မာရိုးရာ ယဉ်ကျေးမှုပြပွဲနှင့် အစားအစာ ရောင်းချပွဲတခုကို ပြုလုပ်၍ ကျင်းပခဲ့ပါသည်။
(1)အကြီးကြည့်ရန် ထိရုံလေးပဲ
(2)အကြီးကြည့်ရန် ထိရုံလေးပဲ
(3)အကြီးကြည့်ရန် ထိရုံလေးပဲ
(4)အကြီးကြည့်ရန် ထိရုံလေးပဲ
(5)အကြီးကြည့်ရန် ထိရုံလေးပဲ
(6)အကြီးကြည့်ရန် ထိရုံလေးပဲ
(7)အကြီးကြည့်ရန် ထိရုံလေးပဲ
(8)အကြီးကြည့်ရန် ထိရုံလေးပဲ
(9)အကြီးကြည့်ရန် ထိရုံလေးပဲ
(10)အကြီးကြည့်ရန် ထိရုံလေးပဲ
(11))အကြီးကြည့်ရန် ထိရုံလေးပဲ
(12)အကြီးကြည့်ရန် ထိရုံလေးပဲ
(13)အကြီးကြည့်ရန် ထိရုံလေးပဲ
(14)အကြီးကြည့်ရန် ထိရုံလေးပဲ
(15)အကြီးကြည့်ရန် ထိရုံလေးပဲ
(16)အကြီးကြည့်ရန် ထိရုံလေးပဲ
(17)အကြီးကြည့်ရန် ထိရုံလေးပဲ
(18)အကြီးကြည့်ရန် ထိရုံလေးပဲ
(19)အကြီးကြည့်ရန် ထိရုံလေးပဲ
(20)အကြီးကြည့်ရန် ထိရုံလေးပဲ
(21)အကြီးကြည့်ရန် ထိရုံလေးပဲ
“ဓါတ်ပုံစာညွှန်းများ”
(1 and 2) တိုင်းရင်းသား ရိုးရာ ၀တ်စုံ ပြသစဉ်
(3),သံသယပျောက်ပါစေ သီချင်းကို သီဆိုပြီး တိုင်းရင်းသား ရိုးရာဝတ်စုံ ပြပွဲကို အဆုံးသတ်ခဲ့ပါသည်။
(4),မြို့တော် ကမ်ဘာရာမှ ဆစ်ဒနီသို့ သီးသန့်လာရောက် ဖျော်ဖြေပေးသော မွန်တိုင်းရင်းသားများ၏ မွန်အက
(5),ဆစ်ဒနီကရင် အမျိုးသမီး အမျိုးသားများ၏ ကရင်ဒုံးရိမ်းအက ဗွီဒီယို ကို စောကျော်ခွိဘလော့ဂ် မှာ ကြည့်နိုင် ပါသည်။
(6),ဆစ်ဒနီရခိုင်များ၏ ရခိုင်ရိုးရာအက
(7),မြန်မာကလေးငယ် နှစ်ဦး၏ နှစ်ပါးသွားအက ဗွီဒီယို ကို စောကျော်ခွီ ဘလော့ဂ်မှာ ကြည့်နိုင်ပါသည်။
(8),မြန်မာ အမျိုးသမီးငယ်များ၏ ယိမ်းအက
(9),မြန်မာ့ရိုးရာ ၀ိုင်းခြင်းခတ် ကစားပုံ ဗီဒီယို ကို အောက်မှာ ဆက်လက်ကြည့်ရှုပါရန် စောကျော်ခွိ ဘလော့ဂ်မှာလည်း ကြည့်နိုင်ပါသည်။
(10),ဤပွဲတော်အတွက် ဖိတ်ကြားထားသည့် မြန်မာနိုင်ငံမှ ခြင်းလုံးပညာရှင် မစန်းစန်းမော်နှင့် ဆစ်ဒနီခြင်းဝိုင်းမှ ၀ိုင်းတော်သားများ အမှတ်တရ
(11 ), ရိုးရာ ချိတ်ထမိန်အလှပြခြင်းနှင့် လှယဉ်ကျေးမယ် ပြိုင်ပွဲမှ မိန်းကလေးတချို့
(12), ချိတ်ထမိန်နှင့် လှယဉ်ကျေးမယ် ပြိုင်ပွဲ ပထမရသူအား ဆုချီးမြှင့်စဉ်
(13), မြို့တော်ကမ်ဘရာမှ သီးသန့်လာရောက် ဖျော်ဖြေပေးသော ရာမလေးတော်တင်အက ဗွီဒီယိုကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
(14), ဗုဒ္ဓဘာသာ မြန်မာရိုးရာ သားရှင်ပြုမင်္ဂလာ ပြပွဲ ရှင်လောင်းလှည့်ပုံ ပြသစဉ်
(15),ပွဲတော်၏ နောက်ဆုံး အစီစဉ်ကို မန်းတောင်ရိပ်ခိုသီချင်းနှင့် ကပြစဉ် ပွဲကြည့်သူများထဲမှ ဆန္ဒရှိသူများလည်း ၀င်ရောက်သီဆိုပြီး ကကြပါသည်။
(16),ABCD Network ဆစ်ဒနီ၏ ဥက္ကဌ ဖြစ်သူ Mr Dennis Jackson မှ အားလုံးသို့ ကျေးဇူးတင်စကား ပြောကြားစဉ်
(17),ဆစ်ဒနီ ဒါလင်ဟားဗား တ၀ိုက်ရှိ အလှ, Darling Harbour ရှိ National Maritime Museum
(18), Darling ဆိပ်ကမ်း
(19),Darling Harbour ရှိ mono rail နှင့် လူဖြတ်ကူးသည့် တံတား
(20),Darling Harbour ရှိ မြို့ပတ် mono ရထားရပ်ရာ ဘူတာ
(21),ဆိပ်ခံဘောတံနားအနီးရှိ အပမ်းဖြေရာ တနေရာ
ဤပွဲတော်၌ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ ရိုးရာ အဆိုအကများ၊ ဗုဒ္ဓဘာသာ မြန်မာရိုးရာ သားရှင်ပြုပွဲ သရုပ်ဖေါ်ပြသမှုများ၊ မြန်မာရိုးရာ ခြင်းလုံးကစားနည်းများ၊ မြန်မာ မိန်းကလေးများ၏ ရိုးရာ ချိတ်ထမိန်အလှပြခြင်းနှင့် လှယဉ်ကျေးမယ် ပြိုင်ခြင်းများဖြင့် ဖျော်ဖြေပေးလျက် တချိန်တည်းမှာပင် မုန့်ဟင်းခါး၊ ဗူးသီးကြော် စသည့်တို့ ပါဝင်သော မြန်မာ၊ ထိုင်း၊ အိန္ဒိယ အစားအစာမျိုးစုံကို ချက်ပြုတ် ပြင်ဆင်ရောင်းချခဲ့ပါသည်။ ပွဲတော်သို့ ဆစ်ဒနီမြို့နေ မြန်မာနိုင်ငံ တိုင်းရင်းသားများ သာမကပဲ သြစတြေးလျားနိုင်ငံ၏ ရုံးစိုက်ရာမြို့တော် ကမ်ဘာရာမှ မြန်မာတိုင်းရင်းသား အဖွဲ့များကလည်း တက်ကြွစွာ လာရောက်ပူးပေါင်း ပါဝင်ခဲ့ပါသည်။ ကြည့်ရှုအားပေး၊ ၀ယ်ယူစားသောက်ကြသည့် ပရိတ်သတ်များမှာ ဘာသာမရွေး၊ လူမျိးမရွေး နောက်ခံအဖွဲ့အစည်းမရွေး ပါဝင်သော ဆစ်ဒနီမြို့နေ မြန်မာနိုင်ငံသားများ အများဆုံး စုရုံးအားပေးကြသည့်အပြင် Sydney Aquarium (ဆစ်ဒနီငါးပြတိုက်)၊ Wild life world (တောရိုင်းတိရိစ္ဆာန်ရုံ)၊ National Maritime Museum (ရှေးဟောင်း ပင်လယ်အမွေနစ် ပြတိုက်) နှင့် Sydney Chinese Garden (တရုတ်ဥယာဉ်) စသည့် Darling Harbour ပတ်ပတ်လည်၌ ရှိသည့် လူစည်ကားသောနေရာများသို့ လာရောက်လည်ပတ်ရင်း ဖြတ်သွားသည့် ဆစ်ဒနီမြို့ခံ ပရိတ်သတ် အများအပြားလည်း ကြည့်ရှုအားပေး ၀ယ်ယူ စားသောက်ခဲ့ပါသည်။
ABCD network ကို မြန်မာနိုင်ငံတွင် နာဂစ်ဆိုက်ကလုံး မှုန်တိုင်းတိုက်ခတ်သွားပြီးနောက် ဒုက္ခရောက်နေသူများအား အကူအညီပေးနိုင်ရန် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသြစတြေးလျား နွယ်ဖွားများစုပေါင်း ဖွဲ့စည်းခဲ့ပြီး ရန်ပုံငွေများကို စုဆောင်း၊ ရှာဖွေလှူဒါန်းခဲ့သည်ဟု သိရပါသည်။ ဤကဲ့သို့ အစားအစာနှင့် ယဉ်ကျေးမှု ပြသသည့် ရန်ပုံငွေရှာပွဲကို Darling Harbour တွင် ပြုလုပ်ခဲ့သည်မှာ ဤအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်ဟု ABCD Network ၏ အသင်း ဥက္ကဌ Mr Dennis Jackson က ပြောကြားပါသည်။ ပြီးခဲ့သည့်နှစ်မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် နာဂစ်ဒေသရှိ မိဘမဲ့ကလေးများ စာသင်ကျောင်းများအတွက် လိုအပ်နေသော ကွန်ပြူတာများ ၀ယ်ပြီး ပညာအလှူဒါနအဖြစ် ဆစ်ဒနီမြန်မာများက လှူဒါန်းခဲ့ပါသည်။ ထိုအချိန်က ဆစ်ဒနီမြို့ရှိ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်း၌ ခေတ္တရောက်ရှိနေသော သီတာဂူဆရာတော် အရှင်ဥာဏိဿရမှ အလှူကို လက်ခံယူပြီး ပညာဓါနနဲ့ဆိုင်သော တရားကို ဟောကြားပြီး နာဂစ်၌ ဘ၀တပါးသို့ ပြောင်းကြရသူများအား ရေစက်ချ အမျှဝေပေးခဲ့ပါသည်။ ယခုပြုလုပ်သော ပွဲတော်မှ ရရှိသည့် ရန်ပုံငွေများကိုလည်း မိဘမဲ့ကလေး စာလက်ကျောင်းများအတွက် ဆက်လက်ထောက်ပံ့သွားမည်ဟု သိရပါသည်။
မြန်မာရိုးရာ ခြင်းလုံးကစားနည်းနှင့်ရာမလေးတော်တင်အက ဗွီဒီယိုကို ဆက်လက် ကြည့်ရှု့နိုင်ပါသည်။
ကျွန်မ ဘလောဂ်မှာ ဓါတ်ပုံများကိုသာ အများဆုံး တင်မည်ဖြစ်ပြီး ဤပွဲတော်မှာ ဖျော်ဖြေသည့် ဗွီင်္ဒယိုတချို့ကို စောကျော်ခွိ ဘလော့ဂ်မှာ ကြည့်ရှုနိုင်ပါတယ်။)
23 comments:
  1. wow, nice event and thanks for ur sharing
    ReplyDelete
  2. ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးပါ
    မွန်မြတ်တဲ့ ပွဲလေးဖြစ်လို့  ဂုဏ်ယူပါတယ်
    မငယ်ရေ
း)
    ReplyDelete
  3. လာကြည့်သွားပါတယ်အမရေ
    ပျော်စရာကြီးနော် :P
    ReplyDelete
  4. တန်ဖိုးဖြတ်လို့မရတဲ့ စိတ်ဓါတ်များနဲ့အတူ ဒုက္ခရောက်နေ သူများအား ကယ်တင်နိင် ရေး မျှော်တွေးပြီး လုပ်လိုက်တဲ့ ပွဲလေးက တစ်သက်မေ့လို့ မရနိုင်တဲ့ အရာတစ်ခုလေ ပြန်စဉ်းစားတိုင်း စိတ်ချမ်းသာနေမယ့် အဖြစ်အပျက်လေးတစ်ခု ဆိုလဲ မမှားဘူးပေါ့
    ဆက်လက်ပီးရေးသားနိုင်ပါစေ.................
    ReplyDelete
  5. ကုသိုလ်လည်းရ..ပျော်လည်းပျော်စရာကောင်းပေါ့ မငယ်နိုင်ရေ။
    ReplyDelete
  6. ကိုလတ်ရေ
    ပို့စ်ကို ပြန်ပြင်ပြီး ပေါင်းထားပေးတာ ကျေးဇူးတင်ပါတယ်။ ဒီဓါတ်ပုံတွေကို တင်တာ မနေ့က တနေကုန်သွားပေမယ့် အဆင်မပြေခဲ့ဘူး။ ကိုလတ်ပြောတာ ဓါတ်ပုံတွေက ထိရုံနဲ့ အကြီးပေါ်တယ်လို့ ပြောထားတာ အစ်မဆီက လုပ်ကြည့်တာ မပေါ်ပဲ ဖြစ်နေတယ်။ ကွန်ပြူတာမ ကောင်းတာကြောင့်လား၊ အင်တာနက်လှိုင်း ကြောင့်လားတော့ ပြောမတတ်ဘူး။ ကိုလတ် အချိန်ရရင် အဲဒါကိုတချက် ပြန်စစ်ြကည့်ပေးပါ။
    Nyimumar, Andrew, မချစ်ရ၊ ဘုန်းဘုန်း၊ Yu Wa Yi တို့ကို့အားလုံး- အပင်ပမ်းခံပြီး တင်ထားတဲ့ ပို့စ်ကို လာကြည့်ပြီး အသိအမှတ်ပြု မှတ်ချက်ပေးသွားတာ ကျေးဇူးတင်ပါတယ်။
    အခုလို မောင်လေး မိုးသွေးငယ် ပြင်ထားပေးပြီးနောကိပိုင်း ဓါတ်ပုံကို ချဲ့ကြည့်လို့ ရမရဆိုတာကို လာလည်သူတွေဆီက သိချင်လို့ နောက်ထပ် လာလည်သူတွေအနေနဲ့ ရမရ အကျိုးအကြောင်း အသိပေးခဲ့ စေချင်တယ်။
    ReplyDelete
  7. ၀ိုင်းကွန်ပျူထဲမှာလည်း ဓါတ်ပုံတွေ အကြီးချဲ့ကြည့်မရပါ ဒါပေမယ့် ရသလောက်ပဲကြည့်သွားပါတယ် တင်ထားတဲ့ ဗီဒီယိုလေးတွေရောပဲ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေ နိုင်ငံတိုင်းမှာ မတိမ်ကော မပပျောက်သေးတာ တွေ့ရတော့ ၀မ်းသာမိပါတယ် အခုလို တင်ပေးထားတဲ့အတွက် မ ကို အရမ်းကျေးဇူးတင်ပါတယ်
    ခင်လျက်
    ReplyDelete
  8. အားရစရာ ပုံတွေမှ အများကြီးပဲ...
    တော်တော်လေး အချိန်ယူတင်လိုက်ရမှာပေါ့...း)
    အဲဒီလို သုံးပုံတတန်းထဲရအောင် ဘယ်လိုလုပ်ရသလဲ...
    ကျနော်တော့ မသိသေးဘူး...
    ခင်မင်လျှက်
    ကိုလူထွေး
    ReplyDelete
  9. ၀ိုင်းရေ- မြန်မာလူမျိုး ရှိတဲ့နေရာတိုင်းမှာ ကလေးတွေက ကြီးပြင်းတဲ့ ပတ်ဝန်းကျင်ကြောင့် မြန်မာအမူအကျင့်တွေ အလေ့အကျင့်နည်းပေမယ့် မြန်မာ့ယဉ်ကျေးမှုကတော့ မြန်မာ အသိုင်းအ၀ိုင်းကြားမှာ ဘယ်တော့မှ မတိမ်ကောသွားပါဘူး။ မြန်မာပြည်မှာပဲ ဘုန်းကြီးတွေ တ္တောမပို့ရ၊ သင်္ကြန်မှာ သံချပ် မထိုးရ ဆိုတာတွေမရှိလို့ တိမ်ကောစရာ ရှိနိုင်သေးတယ်။ နိုင်ငံခြားက မြန်မာအသိုင်းအ၀ိုင်းတွေကြားမှာ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်လို့ရတော့ မြန်မာ့ယဉ်ကျေးမှုကို ပိုပြီးတောင် ထိန်းသိမ်းနိုင်သေးတယ်လို့ ပြောလို့ ရနိုင်ပါတယ်။
    ကိုလူထွေးရေ ကျွန်မက ဘလော့ဂ် ရေးတာ နှစ်လကျော်ကျော်လေးပဲ ရှိသေးတော့ စာသားသက်သက် တင်တာကလွဲရင် ကျန်တာတွေကို သိပ်နားမလည်သေးဘူး။ ဓါတ်ပုံကို တင်ဖို့ အချိန်တော့ တော်တော် ယူရပါတယ်။ ဓါတ်ပုံ သုံးပုံကို တတန်းတည်း တင်တာက မောင်လေး မိုးသွေးငယ် ၀င်လုပ်ထားပေးတာပါ။ ကျွန်မလုပ်လို့ မတတ်ပါဘူး။
    ReplyDelete
  10. မငယ်နိုင်ရေ ..
    ပုံတွေ ကြည့်သွားပါတယ် .. အကြီးချဲ့ ကြည့်လို့တော မရဘူး ဖြစ်နေပါတယ် ..
    ဒါပေမဲ့  အလွမ်းပြေ နေရာလေးတွေ ပြန်ကြည့်သွားတယ်။
    Darling harbour , Circular Quay ,Opera House , Sydney Convention Center , လွမ်းရတဲ့ အဖြစ်လေးတွေ မြင်လိုက်ရတာ ကျေးဇူးပါ ..
    နာဂစ် ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲမို့  ဖျော်ဖြေကြတဲ့သူတွေလည်း ပင်ပန်းပေမဲ့  စိတ်ချမ်းသာစွာ နဲ့ ပျော်ရွှင်ကြမှာပေါ့နော် ။
    နောင်လည်း မြန်မာလူမျိုးတွေ ရေခြား မြေခြားမှာ စည်းလုံး နိုင်ကြပါစေ ...
    ခင်မင်စွာဖြင့်
    ကိကီ .
    ReplyDelete
  11. ဓါတ်ပုံတွေ လာကြည့်သွားပါတယ်...
    ပျော်စရာကြီးနော်...
    ပြီးတော့ သံသယပျောက်ပါစေ... သီချင်းကို ခပ်တိုးတိုး ဆိုကြည့်နေမိတယ်..။ မကြားရတာ ကြာတော့ စာသားတွေ မမှတ်မိတော့ဘူး...။ သံသယပျောက်ပါစေ... သံသယပျောက်ပါစေ... အမှန်ဘဝသို့ ရောက်ပါစေလေ... (မှန်လား မသိဘူး..)
    ReplyDelete
  12. အော်စီက မြန်မာများကို အထက်ပါပုံတွေကို ကြည့်ရင်း လေးစားဂုဏ်ယူမိပါတယ် ဒီလိုဘဲ နိုင်ငံတိုင်းမှာ ရှိတဲ့ မြန်မာတွေပေါင်းပြီး မြန်မာ့အရေးအတွက် လုပ်ပေးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်
    ကိုဇော်
    ReplyDelete
  13. ပုံတွေကြည့်ရင်း အပျော်တွေ ကူးစက်သွားတယ်
    ReplyDelete
  14.ုkiki ရေ ဟုတ်တယ် အဲဒါလုပ်တာ convention Centre နဲ့ Imax Square ကြား High Way ဖြတ်မှောင်းတဲ့ ဂုံးတံတားအောက်မှာလုပ်တာ ဖြစ်တယ်။
    သံသယ ပျောက်ပါစေသီချင်းက သက်ဝေပြောတဲ့ သီချင်းပါပဲ ဟုတ်တယ်။ မြန်မာ့အသံမှာ အမြဲကြားရတဲ့ သီချင်းပဲ ဆိုတော့ အားလုံးကြားဖူးပါလိမ့်မယ်။
    အမည်မဖေါ်လိုသူရေ မြန်မာတွေမှာနိုင်ငံခြားရောက်တဲ့အထိ မြန်မာပြည်က အကြောက်တရားတွေက ကူးစက်ခံနေရသေးတော့ မြန်မာ့အရေးဆိုတဲ့ နေရာမှာ ပညာရေး၊ လူမှုရေးမို့ Background အစုံကလာတဲ့ မြန်မာတွေ ပေါ်တင်လာရဲတာပါ။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ပွဲဆိုရင်တော့ လူနည်းနည်းပဲ ရှိပါတယ်။ ဒီလို ပေါ်တင် အားပေးရဲသူ နည်းပါတယ်။
    Rose ရေ လာအားပေးတာ ကျေးဇူးပဲနော့်။
    ReplyDelete
  15. ပုံလေးတွေ လာကြည့်သွားပါတယ်အမရေ...
    အဝေးရောက် မြန်မာတွေအတွက်လည်း ဂုဏ်ယူသွား ပါတယ်နော်၊၊ အ၀တ်အစားလေးတွေကလည်း လှတယ် နော်၊၊ ပစ်စည်းတွေကလည်းစုံတယ်၊၊ ဘယ်လိုစီစဉ်ကြ လည်း မသိဘူးနော်၊၊ အ၀တ်အစား အသုံးအဆောင် တွေက မြန်မာပြည်က မှာယူတာပါလားအမ၊ အ၀တ်အစားတွေ ချုပ်တော့ ဘယ်လို စီစဉ်ပြီးအဲ့ဒီ့မှာ ချုပ်ကြပါလဲ၊၊ မေးတာတွေက များလို့ ဆောရီးပါ၊၊ ဒါပေမဲ့လည်း ရေမြေခြားမှာ အခုလို ပြည့်စုံအောင် စီစဉ်နိုင်တော့ ဂုဏ်ယူ စိတ်ဝင်စားစွာ သိချင်မိပါတယ်၊၊
    ညို
    ReplyDelete
  16. 5 Sep 10, 14:32
    ခြင်္သေ့: ကောင်းမွန်သောရန်ပုံငွေရှာပွဲကြီးပဲ။အခုလိုပြည်ပရောက်မြန်မာတွေအခုလိုစိတ်ထားတာမွန်မြတ်လှပါပေတယ်။သာဓုသာဓုသာဓုပါ။နှစ်စဉ်လှူနိုင်ပါစေကြောင်း။
    ခြင်္သေ့ရဲ့ ဒုတိယအကြိမ် Appreciation ကိုလည်း မှတ်တမ်းတင်ထားလိုက်ပါတယ်။ ခြင်္သေ့ရေ ဒီပွဲကို Organise လုပ်တာ နာဂစ်ဖြစ်တဲ့နှစ်က စပြီး သုံးနှစ်ရှိပြီ ဆောင်ရွက်တဲ့သူတွေထဲက အများစုဟာ ခြင်္သေ့တို့ စကားအရဆို ဒီမိုလုပ်စားတွေပဲ ဖြစ်တယ်။ လုပ်စားတယ်လို့ စွပ်စွဲတာ ဟုတ်မဟုတ် စဉ်းစားကြည့် ရတဲ့အမြတ်ကို ဘုန်းကြီးကျောင်းမှာ လူသိရှင်ကြား ရေစက်ချပြီး သီတာဂူဆရာတော် အရှင်ညာဏိဿရ လက်ထဲကိုပဲ အပ်ပါတယ်။ ဒါကြောင့် ဒီမိုလုပ်စားတွေဆိုပြီး အသံယောင်လိုက်ပြီး သိပ်မအော်နဲ့နော့်။ မြန်မာပြည်မှာ ဒုက္ခရောက်တယ်ကြားရင် အဲဒီလူတွေဆီကပဲ အများဆုံး အကူအညီပေးပါတယ်။
    ညိုရေ မင်းသားမင်းသမီးဝတ်စုံတွေကျတော့ ကမည့်သူတွေက ကိုယ်တိုင်းပေးပြီး မြန်မာပြည်မှာပြီး ချုပ်ပြီးသား မှာတယ်။ ရိုးရိုး မြန်မာဝတ်စုံကိုတော့ မြန်မာပြည်က ပိတ်စမှာပြီး ဒီမှာ ချုပ်ပါတယ်။ ချုပ်ခတော့ နည်းနည်းဈေးကြီးတယ်။ ယဉ်ကျေးမှု ကပွဲအစီစဉ်က ဒီနှစ်ဆို ရာမလက္ခဏ အကနဲ့ ဆိုင်းဝိုင်းပါ ပါမှာ ဖြစ်ပြီး ပိုစုံမယ်လို့ ပြောတယ်။ စားစရာတွေကတော့ မြန်မာ၊ ထိုင်း၊ တရုတ်၊ ယိုးဒယား အန္ဒိယ အစုံပါမယ်။ ကျွန်မ သွားဖြစ်ရင် ဒီနှစ်ပွဲတော်ကိုလည်း တင်ဖို့ ရှိပါတယ်။ နောက်ပတ်ကျရင် ပြန်လာလည်ဦးနော့်။
    ReplyDelete
  17. ပြန်လည် ပြီး ပြည့်ပြည့်စုံစုံ ဖြေပေးတာ ကျေးဇူးပါနော် အမ၊၊ အမနဲ့ အမ မဗေဒါ (88) ဘလော့ဂ် ကို အမြဲ ရောက်ဖြစ်ပါတယ်ရှင်၊၊
    ရှင်းရှင်းပြောရရင် ညီမက သိပ်ပြီး အ၀တ်အစား ဖက်ရှင်ကို ကိုယ်ကိုယ်တိုင် မသိတော့ သူများတွေ ၀တ်လို့ လှနေရင် ကြည်နှူးမိနေတာပါ။
    စကားမစပ်ပါ၊ အမနဲ့ အမ မဗေဒါ (88) ရော ချိတ်လုံချည် ကြိုက်ပါလားရှင်။ ဘယ်အရောင်တွေကို ကြိုက်ပါသလဲရှင်၊၊ ညီမ ဒီတခေါက် ရန်ကုန် ပြန်ဖြစ်ရင် ( အခုတော့ ပြန်လာတာမကြာသေးလို့ အစီအစဉ် မရှိ သေးပါဘူး) အမှတ်တယ လက်ဆောင်ဝယ်လာပြီး ပို့  ပေးချင်လို့  ပါ၊၊ အမတို့ ကို ခင်မင်လေးစားမှု့ နဲ့ ပါ၊၊ အဲ့ဒီ့အခါကျရင် လက်ခံပေးပါနော်၊၊
    ညို
    ReplyDelete
  18. ညိုရေ ကျွန်မ ချိတ်ထမိန် သိပ်ကြိုက်ပါတယ်။ ကျွန်မ ဘယ်လောက်ကြိုက်လဲဆိုတာ ကိုယ့်အကြိုက်ဆိုတဲ့ Tag ပို့စ်တခု http://nge-naing.blogspot.com/2010/02/blog-post_09.html မှာ ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မဗေဒါလည်း အရင်ကတော့ ကြိုက်တယ်။ အခုတော့ သူ့ကိုယ်လုံး ကြီးလာတာ တွေ့လို့ ကြိုက်မကြိုက်မသိတော့ဘူး။ ဒီကနေပြီး အကုန်မှာလို့ ရတယ် လာရောင်းနေသူတွေလည်း ရှိတဲ့အတွက် ညိုဒုက္ခမရှာပါနဲ့ လက်ဆောင်ပေးချင်တယ်ဆိုတဲ့ စေတနာနဲ့တင် ၀မ်းသာလှပါပြီ။ စေတနာအတွက် ကျေးဇူးတင်ပါတယ်။
    ReplyDelete
  19. အော်ကျွန်တော်အမနဲ့ အခုလိုလှူဒါန်းတာယုတ်ယွအဆုံးမည်သူပင်ဖြစ်ပစေအာလုံးကိုသာဓုခေါ်ပါတယ်။နှစ်စဉ်လဲလှူနိုင်ပါစေ။အလှူဒါနမှာနေ့တိုင်းသူများအသက်သက်နေတဲ့မုဆိုးတွေ။သူခိုးဓါးပြတွေတောင်ကြုံကြိုက်တဲ့အခါလှူပါသေးတယ်။ကျွန်တော်ပြောတဲ့ဒီမိုလုပ်စားတွေလဲကြုံကြိုက်တုန်းလှူတာဖြစ်မှာပါ။ဒါမှနေရချောင်မယ်လေ။ဘာပဲပြောပြောအခုလိုမြန်မာပြည်ကဒုတ်ခရောက်နေသူတွေကိုလှူတယ်သိရလို့ဝမ်းသာပါတယ်။
    ဒါပေမယ့်လှူတဲ့နေရာမှာအားလုံးစိတ်တွေမှာဖြူစင်သန့်ရှင်းဖို့လိုတယ်။
    ငါအလှူငွေမထည့်ရင်လူပြောမှာဆိုးလို့ထည့်တာပါဆိုတဲ့စိတ်မျိုး။မရှိဖို့ပဲလိုပါတယ်။အမကောလူတိုင်းစိတ်ကိုလိုက်ကြည့်နိုင်ပါသလား။အဓိကလှူတယ်ဆိုတာစိတ်ကအရှင်းဆုံးဖြစ်နေမှအလှူဒါနဆိုတာဖြစ်တာလေ။
    စိတ်မရှိပါနဲ့သိသလောက်ပြောကြည့်တာ
    ခြင်္သေ့
    ReplyDelete
  20. အမရေ..
    ချိတ်လုံချည်ကြိုက်တယ်လို့ သိရလို့ အရမ်း ၀မ်းသာမိ ပါတယ်၊၊ အမပေးတဲ့လင့်ဂ် ကိုလည်း သွားကြည့်မိ ပါ တယ်။ တကယ် ပီတိဖြစ်မိပါတယ်။ ညီမ ရင်ထဲက သူ့ အလို အလျှောက် အမှန်တကယ် စေတနာ ရှိလို့  ဖြစ်ပေါ် လာ တဲ့ စကားပါ။ အမတို့ နှစ်ယောက် အတွက် ညီမ စိတ်ကူး မိသလောက် အဲ့ဒီ့အခါ ကျရင် နောက်ဆုံး ပေါ် ပိုးချိတ်လုံချည် ၀ယ်လာပြီး အမှတ်တရ အဖြစ် လက်ဆောင်ပေးပါရစေလို့ ။
    ကျန်းမာရွှင်လန်းပါစေ။
    ညို
    ReplyDelete
  21. ပုံတွေကြည့်ရင်း အပျော်တွေ ကူးစက်သွားတယ်။
    ReplyDelete
  22. ကျွန်တော်လည်းလှူချင်လိုက်တာ.....
    ReplyDelete
  23. Hein နဲ့ orange စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ပို့စ်အသစ်မတင်ဖြစ်ပေမဲ့ ပို့စ်အဟောင်းတွေကို ရှာဖွေဖတ်ရှုနေသူတွေ ရှိတာ သိရတဲ့အတွက် တကယ်ပဲ ၀မ်းသာပါတယ်။
    Hein ဒီပို့စ်က ၂၀၀၉ ခုနှစ်က တင်ခဲ့တဲ့ပို့စ်ဖြစ်လို့ နာဂစ်အတွက် ရန်ပုံငွေရှာတာတွေက အခုမရှိတော့ဘူး။ ဒါပေမဲ့ အခုလက်ရှိ ဖြစ်သွားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတာတော့ မကြာခဏလုပ်ဖြစ်ပါတယ်။ ဆစ်ဒနီက သတင်းတွေကို http://bcbgsydney.blogspot.com.au/ ဒီထဲမှာ နားဆင်နိုင်ပါတယ်။
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။