Pages

မိမိ ကွန်ပျူတာကနေ ဖုန်းတွေ ကို Free ခေါ်ရအောင်


အမ ကသူ့ဘလောက်မှာ ခဏခဏ ဝင်ရေးဖို့ ခေါ် နေတာ အားနာ လာတယ်။ ကျွန်တော်ကလည်း အလုပ်ကမအားတော့ ဘာမှဝင်မရေးဖြစ်ဘူး။ ခု အမ မအားလို့ ပို့စ်တင်တာ ကျဲနေတုန်း အလည်လာတဲ့ မိတ်ဆွေတွေတွက် အားလုံး အကျိုးရှိမယ့် ကိစ္စလေးတစ်ခု မျှဝေပါရစေဗျာ။ သိပြီးသားဆို ရင်လည်း ဆောရီးပါ။ မသိရှိသေးသူတွေ အတွက်လို့ သဘောထားကြီးပေးပါဗျာ။

ဘာလည်းဆိုတော့ ကိုယ်ရဲ့ PC ကနေ နိုင်ငံ (၈) နိုင်ငံကို ဖုန်း ဖရီး ခေါ်လို့ ရတဲ့ ဆိုက်လေးတစ်ခု ကို မိတ်ဆက်ပေးမယ်ဗျာ။(PC to Phone ) (အဲ အင်တာနတ်တော့ ရှိဖို့လိုတာပေါ့ :D ) ။ဒီလိုဗျာ အဲဒီဆိုက် ကို သွား အကောင့် တစ်ခုဖွင့် သူဖြည့်ခိုင်းတဲ့ ဘာညာ သာရကာ တွေကို ဖြည့်ပေး လိုက်ပါ။

နောက် အဲဒီဆိုက်မှာ ပေးထားတဲ့ ဆော့ဝဲလေးကို မိမိကွန်ပြူတာမှာ Save ,Run လိုက်ပါ။

Desktop ပေါ်မှာ MediaRing Talk ဆိုတဲ့ ဂျီတော့ရှော့ကပ်လို Shortcut icom လေး တွေ့ ရမယ် ။အဲဒီကောင်ကို ဖွင့်


ဂျီတော့လိုပဲ စောစောက ဖွင့်ထားတဲ့ အကောင့်က mrtalk id နာမည်နဲ့ password ကို ရိုက်ထဲ Sign in လိုက်ပေါ့ဗျာ။ ပြီးရင်တော့ သတ်မှတ်ထားတဲ့ နိုင်ငံက မိတ်ဆွေရဲ့ ဖုန်းကို ခေါ်ပေတော့ ဗျို့ ဖရီးဗျာ။ကျွန်တော်စမ်းတာ တော်တော် အဆင်ပြေတယ်ဗျ။ခက်တာက နိုင်ငံအားလုံးခေါ်လို့ မရတာ ဆိုတာပဲ။ အော် အလကား (၈) နိုင်ငံ ခေါ်လို့ ရနေတာတောင် ထပ်လိုချင်သေးတယ်။အဟား လောဘက ကြီးပါ့ နော်။
ကဲဗျာ ထားပါတော့ ကျွန်တော်ရေးထားတာ နားမလည်ရင်တော့ ကိုယ်တိုင်သာ အသေးစိတ် အဲဒီ ဆိုက်မှာ သွားကြည့်ပေတော့ ဗျာ။

အော် ... သွားရောက်အကောင့်ဖွင့်ရမည့်နေရာက ..........
=> ဒီနေရာမှာ <=

တကယ်လို့ ဆော့ဝဲ ယူလို့ အဆင်မပြေရင် ကျွန်တော် ထပ်တင်ထားပေးပါတယ် ။
ဒီအောက်က နေရာနေ ယူလိုက်ပါ။
=> ဒီနေရာမှာ <=
တစ်ခါ ခေါ်ရင်( ၁၀) မီးနစ်ရပါတယ်။ ကျသွားရင် ခဏ နေ ပြီးရင် ပြန်ခေါ် လို့ ရပါတယ် ဗျာ။ဖရီး နော် နောက်ကျနေဦးမယ် ခုပဲစမ်းကြည့်လိုက်ပါလား..။ အဆင်မပြေဘူးဆိုရင် ကွန်းမန်းမှာ မေးမြန်းနိုင်ပါတယ်။
.....................................................
အားလုံးကို ခင်မင်လေးစားလျှက်။
အားလုံးကိုပျော်စေချင်တဲ့.......

22 comments:

  1. ကိုလတ်ရေ
    အစ်မ မအားတဲ့အချိန်မှာ အားလုံးအတွက် အကျိုးရှိတဲ့ ပို့စ်လေး လာတင်ထားပေးတာ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ ဘယ်နိုင်ငံတွေကို ခေါ်လို့ ရလဲဆိုတာ စမ်းကြည့်ဖို့ အချိန်တောင် မရသေးလို့ နောက်အားမှ သေသေချာချာ စမ်းခေါ်ကြည့်ရမယ်။ မြန်မာနိုင်ငံကို Free ခေါ်လို့ရရင်တော့ သိပ်ကောင်းမှာပဲ။

    ReplyDelete
  2. မအားတဲ့ ကြားက ပို့စ်လေးတင်တာကျေးဇူးတင်ပါတယ် .. ဒါပေမယ့် အဲ့ဒီနိုင်ငံတွေမှာခေါ်စရာလူမရှိဘူးဖြစ်နေတယ်... :P
    မြန်မာပြည်ပါရင် သိပ်ကောင်းမှာပဲ... တစ်လ တစ်လ ဖုန်းကတ်ဖိုးတော်တော်သက်သာမယ် အိမ်က လူတွေကလည်း လိုင်းပေါ်လာရမှာ သိပ်ပျင်းတာ... ဖုန်းပဲခေါ်ရတယ် ပြောစရာရှိရင်...

    ReplyDelete
  3. ကျွန်တော် သုံးကြည့်ပါတယ်
    ဆယ်မိနစ်ပြည့်ရင် ပြတ်သွားပါတယ်
    ပြီးရင် ပြန်ခေါ်ရတယ်
    အဲနီးဝေး ဖရီးဆိုတော့ ကောင်းပါတယ်ဗျာ
း)

    ReplyDelete
  4. စမ်းသုံးကြည့်ပါမယ်ကွယ် ဟောင်ကောင်ပါလို့ ကျေးဇူးပါ

    ReplyDelete
  5. ရှစ်နိုင်ငံထဲမှာပါတဲ့ နိုင်ငံတွေကို ခေါ်ရင် Free ရတာ သေချာတယ် မဆုမွန်၊ စမ်းတဲ့သူတွေက ဒီမှာဘာမှ မရေးသွားပေမယ့် ဖုန်းဆက်ပြီး ပြောလာကြတဲ့ မိတ်ဆွေတွေ ရှိပါတယ်။

    ReplyDelete
  6. i had got the site
    but difficult for me to call
    what should i do

    ReplyDelete
  7. Hi inda
    If you're Burmese speaking person, just follow the instruction exactly what it's written. However, if you don't read Burmese, you need the instruction in English to get into it. I can help you that through this comment box. Please let me know if need it.

    Thanks for visitting my blog
    with kind regard
    Nge Naing

    ReplyDelete
  8. ဟိုင်းအကိုရေ......
    ကျွန်တော်ခေါ်တာ မရဘူးဖြစ်နေတယ်..ဘာဖြစ်နေမှန်းကို မသိဘူးဗျာ...ကျန်တာတွေအဆင်ပြေတယ်.. ဖုန်းခေါ်လို့မရတာပဲ... အလားကားရလို့ခေါ်လိုက်ပါတယ်... တစ်ခုမှ မရဘူးဖြစ်နေတယ်... ပြောတော့ ၈ နိုင်ငံတဲ့ တစ်ခုမှ မရဘူး ဘာတွေလိုသေးလဲမသိဘူးနော်

    ReplyDelete
  9. လွမ်းဘွဲ့မှူး ဖုန်းခေါ်မရတာ ခေါ်လိုတဲ့ နိုင်ငံကို မရွေးပဲ ဖုန်းနံပါတ် တခါတည်း ရိုက်ထည့်လို့ ဖြစ်နိုင်တယ်။ ဖုန်းနံပါတ်ကို မရွေးခင် A-Z အက္ခရာ အစီစဉ်အတိုင်း အောက်ကို ဆွဲချပြီး မိမိ ခေါ်လိုတဲ့ နိုင်ငံ နာမည် အရင်ရွေးရပါတယ်။ ရွေးလိုက်ရင် ဖုန်းနံပါတ် ရိုက်ထည့်ထဲ့ နေရာမှာ ရှစ်နိုင်ငံထဲမှ မိမိ ခေါ်ချင်တဲ့ နိုင်ငံရဲ့ အလံလေးပေါ်နေပါလိမ့်မယ်။ ဒါဆိုရင် နံပါတ်ကို ရိုက်ထည့်ပြီး ဘေးနားမှာ ရှိနေတဲ့ အစိမ်းလေး ဒါမှမဟုတ် Enter ရိုက်ထည့်လိုက်ပါ။ စမ်းကြည့်ပါ၊ ရလိမ့်မယ်။ မရရင်လည်း ဘယ်နေရာမှာ မရဆိုတာကို အတိအကျ ထပ်ပြောရင် ပြန်ရှင်းပြပေးမယ်။ အဆင်ပြေပါစေ။

    ReplyDelete
  10. Hello.. Ma Nge yae..

    I tried it as you said.

    But there was the message give me as "Insufficient balance and recharge".

    So how should I have to do. Pls advise me...

    ReplyDelete
  11. လမ်းဘွဲ့မှူး၊ Leo နဲ့ Mmonthte တို့ ဖုန်းခေါ်လို့ အဆင်မပြေ သူတွေက တခုခု လိုနေလို့ ဖြစ်နိုင်ပါတယ်။

    27 Oct 09, 22:51
    Mmonhtet: ဟုတ်တယ်အစ်မရေ ခေါ်လို့မရဖူး။ဘါဖြစ်နေလဲမသိဖူး။ချင်ပူခေါ်တါမရဖူး။ကိုယ့်နိုင်ငံကိုယ်ခေါ်တေါ့လဲမရဖူး။နိုင်ငံလဲပြောင်းတါပဲ။ခလုတ်နှိတ်ရင်အသံကြားရပြီးခေါ်လိုက်တါနဲ့ဘါမှမကြားရတေါ့ဖူး။ဘါဖြစ်လို့လဲဟင်။

    28 Oct 09, 22:20
    Mmonhtet: ဟုတ်ကဲ့အစ်မငယ်နိုင် သူပြောတဲ့နိုင်ငံတွေကိုပဲ အစ်မငယ်နိုင်ခေါ်သလိုခေါ်တါပါပဲ။Calling ပြတါနဲ့ကိုအသံမထွက်တေါ့ဖူး။နောက်ခနပဲလိုင်းပြတ်သွါးတ
    (C-Box ထဲကကူးထည့်ထားတယ်။)

    Mmonhtet ရေ- ညီမကတော့ ခေါ်လို့မရတဲ့ နိုင်ငံတွေကို သွားခေါ်လို့ မရတာလို့ အစ်မထင်လိုက်တယ်။ သြစကြေးလျား၊ တရုတ်၊ စင်္ကာပူ၊ ဗြိတိန်၊ ကနေဒါ၊ တိုင်ဝမ်၊ ဟောင်ကောင်နှင့် အမေရိက (၈)နိုင်ငံကိုပဲ ခေါ်လို့ ရတာ။ တခြားကို ခေါ်လို့မရဘူး။

    တခြားသူတွေ ဘာကြောင့် အဆင်မပြေ ဖြစ်နိုင်တယ်ဆိုတာ အဖြေသိရအောင် ဒီပို့စ်ကို တင်ပေးတဲ့ ကိုမိုးသွေးငယ်ကို မေးထားပေးပါတယ်။ ကျွန်မနဲ့ မိတ်ဆွေ အတော်များများကတော့ ခေါ်လို့ အဆင်ပြေကြပါတယ်။ ကျွန်မက ကွန်ပြူတာ skill ကလည်း သိပ်မကျွမ်းကျင်တော့ ခေါ်လို့ မရတဲ့သူတွေ ၀င်ရာမှာ ဘာမှားနေလို့ ဖြစ်နိုင်တယ် ဆိုတာ ခန့်မှန်းလို့ မတတ်ဘူး။ သည်းခံပြီး ပြန်ကြိုးစားကြည့် ဒါမှမဟုတ် ကိုလတ် (မိုးသွေးငယ်) အားတဲ့အချိန်မှာ ဘယ်လို ထင်မြင်ချက် ပေးပြီး ရှင်းပြမလဲဆိုတာ စောင့်ကြည့်လိုက်ဖို့ အကြံပြုပါတယ်။

    ReplyDelete
  12. Thank u , Ma Nge yae.....

    Sorry for I don't have Myanmar key typing and how to type....... hae.. hae...

    Pls solve for me the problem naw....

    Thanks again.......

    ReplyDelete
  13. ပြန်ပြီးရှယ်ရာမယ်ခင်ဗျာ
    ခွင့်ပြုပါ

    ReplyDelete
  14. ကောင်းပါတယ် မင်းနေလ။ ဖုန်းခဈေးကြီးလွန်းတဲ့ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတချို့က ဒီထဲမှာ ပါတဲ့ နိုင်ငံတွေကို ဖုန်းခေါ်ချင်ရင် သိပ်ပြီး အသုံးဝင်နိုင်လို့ ပြန်ရှယ်ရာမယ်ဆိုလို့ ၀မ်းသာပါတယ်။

    ReplyDelete
  15. ကျေးဇူးပါဗျာ အဲသလိုမျိုးနောက်ထပ်သိရင်လည်းပြောပြပေးပါဦး

    ReplyDelete
  16. အကို...အဲဒါကအရင်တုန်းကသူတို့ကြော်ငြာတုန်းကပဲရတာလားမသိဘူးနော်..ခုကျနော်တို့လုပ်ကြည့်တာမရဘူးဗျ။

    ReplyDelete
  17. အခုစမ်းကြည့်တာ ခေါ်လို့ရပါတယ်

    ReplyDelete
  18. မခင်ဦးမေ စမ်းကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ ဖရီးခေါ်လို့ ရတဲ့ နိုင်ငံတွေကို ကျွန်မဆီက အိမ်ဖုန်းနဲ့ ခေါ်ရတာလည်း သိပ်ဈေးမကြီးလို့ ကျွန်မကိုယ်တိုင် မခေါ်ဖြစ်ပေမဲ့ ခေါ်ဖူးတဲ့ မိတ်ဆွေတိုင်းက ရတ်တယ်လို့ ပြောကြပါတယ်။ ဖုန်းစမ်းခေါ်ကြည့်သူများအနေနဲ့ ပြောထားတဲ့ Instruction တွေကို သေသေချာချာ မှန်အောင် လိုက်လုပ်ရင် ရမှာသေချာပါတယ်။ တကြိမ်မရရင် နောက်တကြိမ်တွေ ထပ်စမ်းသင့်ပါတယ်။ မြန်မာပြည်လို ဖုန်းခ အဆမတန် ဈေးကြီးလှတဲ့ နိုင်ငံမှာတော့ ပြင်ပကို ဖုန်းခဏတဖြုတ် ခေါ်ချင်သူတွေအတွက် ဒီ Site လေးက အတိုင်းအတာ တခုထိ အသုံးဝင်မယ်ဆိုတာ သိလို့ ဘလော့ကို လာလည်တဲ့သူတိုင်း သုံးချင်ရင် သုံးလို့ရအောင် ရည်ရွယ်ပြီး Side bar မှာ ထည့်ထားပေးပါတယ်။ အသုံးပြုသူတိုင်း အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  19. Hallo Nge Naing, I cann't make call. I don't know how to do . Already sinh up aswell. Can you help me ple. Thank you.
    I'm on line now. I'll be waiting for you.

    ReplyDelete
  20. အစ်ကို ရေ ။ ကျွန်တော် သုံးကြည့်တာ အဆင်မပြေဘူးဗျ
    အစ်ကိုပြောတဲ့ အတိုင်းလုပ်တာ ပဲ
    ဒါပေမယ့် မရဘူးဗျ
    ကျွန်တော်က နည်းနည်းပိန်းတယ် လေ။ ဟဲ ဟဲ နည်းနည်း လမ်းညွှန်ပါဦးအစ်ကိုရာ

    ReplyDelete
  21. ဟုတ်ကဲ့ပါ ကျွန်တော် ပြန်စမ်းကြည့်ပေးပါမယ်ခင်ဗျာ။ ကျွန်တော်အရင်ကသုံးပါတယ် ခုမသုံးတာကြာနေတော့ အသေချာ မသိဖြစ်နေတယ် စမ်းပေးပါမယ်။ လင့်ွတော့ပြန်စစ်ပေးထားပါတယ်။

    ReplyDelete
  22. အကိုရေ...ခေါ်ကြည့်တယ် မရဘူးဗျ..
    အခုဖရီးမပေးတော့လို့ လား..ကျန်တာအကုန်အဆင်ပြေပါတယ်
    ခေါ်လို့ မရတာတစ်ခုဘဲ ပြန်စမ်းပေးပါဦးအကိုရေ

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။