Pages

IT ဘွဲ့ရများအနေဖြင့် Australia Master of Information Technology ကို Business (MBA) နှင့်တွဲ ယူနိုင်ပြီ


ယနေ့ခေတ်တွင် ဘာသာရပ်နှစ်ခုပေါင်းထားသော Australia Degree များကို ကျောင်းသူကျောင်းသားများပိုမိုစိတ်ဝင်စားလာကြသည်၊၊ Marketing နှင့် Management ကိုလည်းကောင်း၊ Marketing နှင့် Tourism ကိုလည်းကောင်း၊ Public Relation နှင့် Journalism ကိုလည်းကောင်း၊ Information Technology နှင့် Business Administration ကိုလည်းကောင်း တွဲပြီး Double Major အဖြစ်ရယူ နိုင်ပြီ ဖြစ်သည်။ ၄င်းဘွဲ့များသည် အခြားဘွဲ့များထက် စာသင်နှစ်ပိုကြာပြီး ဘာသာရပ် လည်းပိုများသောလည်း ကျောင်းပြီးဆုံးပါက အခြားဘွဲ့များထက် လုပ်ငန်းခွင်အနေ အထားပိုမိုကျယ်ပြန့်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ IT ဘွဲ့ရများအနေဖြင့် Master ကို Business Administration နှင့်တွဲကာ Joint Master အဖြစ်တက်ရောက် နိုင်သည်။ IT လုပ်ငန်းခွင် တွင်လည်း ၄င်းဘွဲ့ရများအနေဖြင့် သာမန် IT ဘွဲ့ရများထက် အခွင့်အရေးများသည်။ သြစတေးလျ JCU University မှ ၄င်း program ကို Singapore campus တွင် 16 လ ကြာတက်ရောက်နိုင်ပြီဖြစ်သည်။ Total 16 subjects ရှိပြီး Project 2 ခု၊ Business subject 7 ခုရှိသည်။ Terms 3ခုဖြင့်သင်ကြားရမည်ဖြစ်သည်။ အနီးဆုံး Intake မှာ Oct, March ,July တို့ဖြစ်သည်။

Course fee ကို 2 installments ဖြင့်သွင်းနိုင်သည်။ IT ဘွဲ့ရများအနေဖြင့် Master ကို တိုက်ရိုက်တက်ရောက်နိုင်ပြီး လုပ်သက်ရှိရန်မလိုကြောင်းသိရသည်။ IELTS 6 ရှိထားသူများအနေဖြင့် စတင်လျောက်ထားနိုင်သည်။ သြစတေးလျ University ဖြစ်သဖြင့် Singapore campus မှတိုက်ရိုက် Transfer လုပ်နိုင်ကြောင်းသိရသည်။ Visa အနေအထား ပိုမိုလွယ်ကူသဖြင့် သြစတေးလျသို့ သွားရောက် အခြေချလိုသူများအတွက် အဆင်ပြေသည်။ စင်္ကာပူတွင်အ လုပ်အကိုင်ရှာ ဖွေလိုသူများ အနေဖြင့်လည်းကျောင်းပြီးပါက EPEC 1 year ကိုရရှိနိုင်သည်။

အသေးစိတ် အချက်အလက်များကို Crown Education ဖုန်း 211888 ext : 228/ 229 သို့ဆက်သွယ် စုံစမ်းနိုင်သည်။

Source by;http://www.crown-education.com/

16 comments:

  1. စိတ်ဝင်စားသူတို့အတွက် အခွင့်ကောင်းပေါ့...

းဝ)

    ReplyDelete
  2. စလုံး အစိုးရကျောင်းနဲ့ယှဉ်ရင် ဘယ်ဟာက အလုပ်အကိုင်အတွက်ပိုအာမခံချက်ရှိနိုင်မလဲ မငယ်... စလုံးမှာပေါ့...

    ReplyDelete
  3. ကိုလတ်ရေ- ပို့စ်အတွက် ကျေးဇူးတင်တယ်။ စိမ်းမေးထားတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အစ်မလည်းသိပ်မသိဘူး။ Health Care Professionals တွေအတွက် ဒီဂရီတွေနဲ့ ပတ်သက်တာကိုပဲ ပိုသိပါတယ်။ ဒီမှာက ဘာနဲ့ပဲ ကျောင်းပြီးပြီး အလုပ်အကိုင် အခွင့်အလမ်းက Communication အပေါ်မှာ အများဆုံး မူတည်ပါတယ်။ တက်တဲ့ တက္ကသိုလ်တွေ အပေါ်မှာလည်း မူတည်တယ်။ University of Technology Sydney ကတော့ နောက်ဆုံးနှစ် ကျောင်းသားတွေကို Industries တွေနဲ့ Faculty အလိုက် မကြာခဏ တွေ့ဆုံပွဲတွေ Workshop တွေ လုပ်ပေးတာရှိပြီး ကျောင်းပြီးရင် လုပ်ငန်းခွင် ၀င်တဲ့နေရာမှာတော့ သြစတြေးလျားမှာ နံပါတ် ၁ တက္ကသိုလ်ဖြစ်သလို အခုလက်ရှိ Teaching and Learning မှာ တခြားယူနီတခုနဲ့အတူ နံပါတ် (၁) အကောင်းဆုံး တက္ကသိုလ် နှစ်ခုအဖြစ် ဖက်ဒရယ်အစိုးရဲ့ ဂုဏ်ပြုခြင်း ခံထားရတယ်။
    Teaching and learning နဲ့ အလုပ်ရတဲ့နေရာမှာ အားသာပေမယ့် တခြား နေရာတွေမှာ အားနည်းတာတွေလည်း ရှိနိုင်တယ်။ တက္ကသိုလ် ရွေးရင် အဲဒီလို ဘယ်တက္ကသိုလ်က ဘယ်နေရာမှာ အားသာတယ်ဆိုတာကိုပါ ကြည့်ဖို့လိုပါတယ်။

    ReplyDelete
  4. စိတ်ဝင်စားတယ်။ ကျေးဇူး မငယ်။
    ဟိုတလောကတော့ အဲဒီ့ crown edu နဲ့ ပတ်သက်တဲ့ သတိပေး သတင်း တစ်ခုကြားမိတယ်ထင်တယ်။ မမှတ်မိတော့ဘူး။ ပြန်စုံစမ်းကြည့်လိုက်ဦးမယ်။

    ReplyDelete
  5. Uni တွေကoverseas students ရဖို့ ဒီလိုပဲ ပြောကြတာပါပဲအစ်မရေ. Aus ကို Migrate လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်နဲ့  post graduate ဆက်တက်မယ် ဆိုရင် သေသေချာချာ စဉ်းစားသင့် ပါတယ် ကျောင်းပြီးရင် PR ၇ဖို့ ဆိုတာအရင်လို မလွယ်တော့ပါဘူး ကိုယ်က first class honours student ၇အောင်လုပ်နိုင်တော့ တမျိုးပေါ့နော်

    ReplyDelete
  6. ကျေးဇူးပဲ မငယ်... စိတ်တော့ဝင်စားပါတယ်... ဒါပေမယ့် အဲ့ဒီထိသွားဖို့ ခုထိစိတ်သိပ်မ၀င်စားသေးဘူး... စလုံးက ဘာပဲပြောပြော အိမ်နဲ့နီးတယ်လေ.. ပြန်ချင် အချိန်မရွေးထပြန်လို့လည်းရတယ်... စလုံးမှာပဲ လေး၊ ငါး၊ ခြောက် နှစ်လောက်လုပ်ပြီးရင် ပြန်ချင်လို့... :)

    ReplyDelete
  7. စိမ်းရေ-ဆောရီးပဲ မေးတာတခြား ဖြေတာတခြားဖြစ်သွားတာ ပို့စ်ကို နောက်တခါပြန်ဖတ်ကြည့်မှ စင်္ကာပူမှာ ရှိတဲ့ Campus အကြောင်းကို ရေးထားတာ သတိထားမိတယ်။ အစ်မဖြေထားတာက အော်စီမှာ ရှိတဲ့ တက္ကသိုလ်တွေ အကြောင်းကို ပြောထားတာ ဖြစ်နေတယ်။

    amk ရေ - ”Uni တွေကoverseas students ရဖို့ ဒီလိုပဲ ပြောကြတာပါပဲ” ဆိုတာ ကျွန်မရဲ့ University of Technology Sydney (UTS) နဲ့ ပတ်သက်ပြီး ပြောတဲ့အချက်ကို ရည်ရွယ်ရင်တော့ Amk ထင်တာ မဟုတ်ဘူးဆိုတာ ရှင်းပြချင်တယ်။ သြစကြေးလျား ဖက်ဒရယ်အစိုးရက ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေကို နှစ်စဉ်နှစ်တိုင်း တနှစ်အတွင်းမှာ Survey ပြန်လုပ်ပြီး ထွက်လာတဲ့ အဖြေကို တရားဝင် ထုတ်ပြန်လေ့ရှိပါတယ်။ အခုလက်ရှိ UTS နဲ့ Wollongong University နှစ်ခုက Teaching &Learning မှာ Australia နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်နှစ်ခုအဖြစ် Euqual First အနေနဲ့ အစိုးရက တရားဝင် Award အပ်နှင်းထားပြီး အဲဒီတက္ကသိုလ် နှစ်ခုကို အဲဒီဧရိယာအတွက် Funding ကို ပိုပေးထားပါတယ်။ ကျွန်မပြောတာတွေက တရားဝင် ထုတ်ပြန်ထားတဲ့ Research result တွေပါ။ တက္ကသိုလ်က သူ့ကျောင်းမှာ Enroll လုပ်များအောင် ကျောင်းသားတွေကို မြူဆွယ် ကြော်ညာထားတဲ့ အချက်အလက်ထဲက မဟုတ်ပါဘူး။
    amk ပြောတဲ့ Post Graduate ကိစ္စနဲ့ PR ရဖို့ အချက်တွေကိုတော့ ကျွန်မလက်ခံပါတယ်။

    AnT ရေ ဒီပို့စ်တင်သမားက မိုးသွေးငယ်(ကိုလတ်) တင်တာပါ။ အစ်မက Crown Edu အကြောင်းအပါအ၀င် IT အကြောင်းလည်း ဘာမှကို မသိသူဖြစ်လို့ ကိုလတ်ကိုပဲ ကျေးဇူးတင်စကား ဆိုရလိမ့်မယ်။

    ReplyDelete
  8. အင်း ဟုတ်ပါ့ အမေရိကားမှာလည်း စီးပွားကျ အလုပ်အကိုင်တွေ ရှားပါးတော့ အလုပ်ရှင်တွေက ၁ဘွဲ့ရထက် ၂ဘွဲ့ရ ပိုပြီး စိတ်ဝင်စားကြတယ်၊ ကျောင်းပြန်တက်ဦးမှ ထင်တယ်။

    ReplyDelete
  9. ဗမာပြည်က ကျောင်းပြီးရင် မာစတာတက်နိုင်တယ်လား။
    မအယ်သိတာ ခုက ဗမာပြည်မှာ ကျောင်းတွေက ၃နှစ်နဲ့ ပြီးလို့ နိုင်ငံခြားမှာ မာစတာလက်မခံဘူးဆိုလားလို့ ပါ။

    အဆက်အသွယ်လည်းပြတ်နေပြီမို့ မသိလို့ မေးတာပါ။ တက်ခွင့်ရတယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။


    မအယ်

    ReplyDelete
  10. မာစတာ ဆက်တက်နိုင်မနိုင်က သူတို့ သတ်မှတ်ထားတဲ့ အင်္ဂလိပ် Test အမှတ်အပေါ်မှာပဲ မူတည်ပါတယ် မအယ်။ ကျောင်းတက်ဖို့က လွယ်ပေမယ့် တက်ပြီး ကိုယ်တက်ထားတဲ့ ပညာနဲ့ အဆင့်အတိုင်း အလုပ်ပြန်ရဖို့ပဲ ခက်ပါတယ်။ အဲဒီအတွက်ပဲ စဉ်းစားဖို့ လိုလိမ့်မယ်။

    ReplyDelete
  11. How about for engineering course? Please let us know how to join the engineering course in Aus ?Thanks!

    ReplyDelete
  12. ကို့စ်တွေ အားလုံးကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ ရထားတဲ့ ဘွဲ့ကို Assessment လုပ်လို့ အသိအမှတ်ပြုခံရရင် မာစတာ ပြန်တက်ဖို့က အင်္ဂလိပ် Test အပေါ်မှာပဲ မူတည်လိမ့်မယ်။ ကွာတာက ရထားတဲ့ ဘွဲ့တွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုတဲ့နေရာမှာ ကွာတယ်။ Cival Engineering တက်ဖို့ ကြိုးစားခဲ့တဲ့ မိတ်ဆွေတဦးက Bachelor Degree ပြန်တက်ဖို့ အတွက်တောင်မှ Assessment ပြန်လုပ်ရပြီး ရတဲ့အမှတ်အပေါ်မှာ မူတည်ပြီး ဘယ်နှစ်နှစ် Exemption ရတယ်ဆိုတာ အဖြေပေးတယ်လို့သိရတယ်။ မြန်မာပြည်က Engineering ကို ဒီမှာ Master တိုက်ရိုက် တန်းတက်ဖို့တော့ ဖြစ်နိုင်မယ် မထင်ဘူး။ မြန်မာနိုင်ငံက ဘွဲ့တွေမှာ Medicine တခုပဲ တိုးပေါက်တာ တွေ့ရတယ်။ နာ့စ်တွေတောင်မှ Assessment ပြန်လုပ်ရင် ပထမနှစ်က ပြန်တက်ကြတာက ပို များတာ တွေ့ရတယ်။ ရတဲ့အမှတ်အပေါ် မူတည်ပြီး တချို့က နှစ်နှစ်၊ တနှစ်။ ၃လ၊ ၁၀ ပတ် ပြန်တက်ကြရတယ်။

    ReplyDelete
  13. မင်္ဂလာပါ မငယ်

    ဖတ်ဖြစ်တယ် ပိုစ့်တင် စကပါ။ စီဘောက်မှာ လာအော်သွားလို့ ကွန်မန်းလာပေးတာ။ ဒီလိုလဲ မဟုတ်ပါဘူးလေ။ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခြင်းကို လက်ခံတယ်လေ။ ငါ့တပ်ခွဲကို အဖျင်းပြောတယ် ဘာညာ မဟုတ်ပါဘူး။ လူငယ်တွေလဲ မဟုတ်တော့ဘူးလေ။ အမှန်ကို ရေးသာရေးပါ၊ သိတယ်ဟုတ် ငါတို့က ရှုံးတဲ့ဖက်မှာ ရှိတယ်ဆိုတော့ ရှုံးခြင်း နိုင်ခြင်းက အာရုံထဲ မပြင်းထန်တော့ဘူး။ ဒါမျိုးတွေ များများရေးပေး အရင်က အဖြစ်သနှစ်တွေ မှတ်ရတာပေါ့။

    ရွှင်လန်းချမ်းမြေ့ပါစေ....

    ReplyDelete
  14. Hi sis,

    Let me ask you about Kaplan University. Could we apply the PR if we got the degree from Kaplan University? Is it recognized University?

    Thanks!

    ReplyDelete
  15. Kaplan University တော့ ကျွန်မမသိပါဘူး။ ဒါပေမယ့် PR လျှောက်တာ အော်စီမှာတော့ ကျောင်းပြီးတဲ့ တက္ကသိုလ်နဲ့ ဘာမှမဆိုင်ဘူး ရတဲ့ဘွဲ့နဲ့ အလုပ်ရမရအပေါ်မှာပဲ မူတည်ပါတယ်။ အထူးသဖြင့် Health Care Professional တွေက အလုပ်ရဖို့ လွယ်သလို PR လျှောက်လို့လည်း ပိုလွယ်တယ်လို့ နိုင်ငံတကာက လာတဲ့ လျှောက်ပြီးသူ မိတ်ဆွေတွေဆီက သိရပါတယ်။ ဒါကြောင့်မို့ တချို့ကလည်း တခြား ဒီဂရီတွေ အတွက် ကျောင်းတက်နေတာကို တ၀က်တပြက်နဲ့ ရပ်လိုက်ပြီး Health Care နဲ့ ဆိုင်တဲ့ ဒီဂရီတွေကို PR လျှောက်ချင်လို့ ဆိုပြီး ပြောင်းတက်နေကြတာ တွေ့ရတယ်။ Kyalni ပြောတဲ့ Kaplan University ဆိုတာ ကျွန်မ မသိလို့ အဲဒါနဲ့ ပတ်သက်ပြီး အတိအကျ မပြောပြနိုင်တာ တောင်းပန်ပါတယ်။

    ReplyDelete
  16. kyalni ရေ အားလုံးကို အသေချာ သိချင်ရင်တော့ ....
    အသေးစိတ် အချက်အလက်များကို Crown Education ဖုန်း 211888 ext : 228/ 229 သို့ဆက်သွယ် စုံစမ်းနိုင်သည်။
    အဲဒီကို မေးကြည့်မယ်ဆိုရင် ပို အသေးစိတ် ကျွန်တော်တို့ ထက်ပိုသိနိုင်မယ်ထင်ပါ တယ်ဗျာ။
    အဆင်ပြေပျော်ရွှင်ပါစေ။
    ...............
    ခင်မင်မှုဖြင့်...
    အားလုံးကို ပျော်စေချင်တဲ့
    မိုးသွေးငယ်။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။