Pages

‘ဘဝ ကဗျာဆိုသည်မှာ’ (သို.မဟုတ်) ‘ အားလုံး အတူတူ’



* မိန်းမ မှန်သမျှ၊ မှောင်ထဲကျတော့
အလှ တူတူ  ဖြစ်သွားသည်။ ။

* ယောက်ျားမှန်သမျှ ၊ ထောင်ထဲကျတော့
ဘဝ တူတူ  ဖြစ်သွားသည် ။ ။

* လူသားမှန်သမျှ၊ ဘောင်ထဲကျတော့
ဓမ္မ တူတူ  ဖြစ်သွားသည် ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ။ ။

ဆရာ ဒေါက်တာ သာလှ သို့ အမှတ်တရ …….

( မြဝတီ) ရဲခေါင်
လွတ်လပ်ရေး - မော်ကွန်းဝင်- ပထမဆင့် 

(အဘ ဦးရဲခေါင်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။)

ကျွန်မ ကိုယ်တိုင် ကဗျာ စပ်မတတ်လို့ ကျွန်မဘလာ့ဂ်မှာ ဖေါ်ပြတဲ့ ကဗျာမှန်သမျှဟာ ကျွန်မရေးတဲ့ ကဗျာတပုဒ်မှ မဟုတ်ဘူးဆိုတာကို အရင် ကဗျာတွေ တင်တုန်းကလည်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုဒီကဗျာမှာ ဆယ်စုနှစ်ကျော်ကျော်ခန့်က အဘဦးရဲခေါင်နဲ့ ဒေါက်တာသာလှ အမှတ်မထင် တွေ့ခဲ့စဉ် ဒေါက်တာသာလှကို ရွတ်ပြတဲ့ ကဗျာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာသာလှက တခေါက် ပြန်ရွတ်ပြဖို့ တောင်းဆိုပြီး နီးစပ်ရာ စက္ကူမှာ ရေးမှတ်ခဲ့တဲ့ ကဗျာဖြစ်တယ်လို့ အဘ ဦးရဲခေါင်က ပြောပြပါတယ်။

25 comments:

  1. မှန်လိုက်လေခြင်း နော်...

    ReplyDelete
  2. ကောင်းလိုက်တဲ့ ကဗျာပဲ...
    ကျေးဇူးပဲ ငါ့ညီမရေ့...

    ReplyDelete
  3. စာသားလေးက တိုတိုလေးနဲ့ အဓိပ္ပါယ် အတော်သက်ရောက်တယ် နော် ။။
    မှတ်သားစရာ ပါပဲ မငယ်နိုင်ရေ .

    ဒေါက်တာသာလှ ဆိုတာ အရင်က အရေပြား အထူးကု ဆရာဝန်ကြီး ကိုပြောတာလား မသိဘူးနော် ။။

    ReplyDelete
  4. အလွန် အဓိပ္ပာယ်ပြည့်ဝတဲ့ ကဗျာကလေးပဲ...
    ဒါကြောင့်လည်း မငယ်က အဘရဲ့ စာတွေ ကဗျာတွေကို စွဲလန်းနေတာကိုး...

    ReplyDelete
  5. ကောင်းလိုက်တဲ့ကဗျာပါလား...အဘဦးရဲခေါင်ရဲ့ကဗျာက
    တွေးစရာ အများကြီးပေးသွားတယ်ဗျာ...
    အဘနဲ့အဖွားကိုလည်း သတိရပါတယ်
    ကျေးဇူးပါမငယ်ရေ

    ReplyDelete
  6. ကဗျာလေးက အရမ်းကောင်းတာပဲဗျ ...

    ReplyDelete
  7. မိန်းမ မှန်သမျှ၊ မှောင်ထဲကျတော့
    အလှ တူတူ = ဖြစ်သွားသည်။ ။......

    heeee...

    bcoz you look too black...

    so prefer at night?

    good idea lah.

    ReplyDelete
  8. စာရိုက်ဖို့ အချိန်သိပ်မရတာနဲ့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် တင်လို့ရတဲ့ ဒီကဗျာလေးကို တင်ပေးလိုက်တာ မထင်မှတ်ပဲ ကြိုက်တဲ့သူ တော်တော်များတာ တွေ့ရပြီး ကျွန်မ ကိုယ်ပိုင်ပို့စ်တွေမှာတောင် အချိန်တိုတိုအတွင်း အခုလို လာအားပေးတာ တခါမှ မတွေ့ရလို့ အဘကိုတောင် မနာလို ဖြစ်ရမလို ဖြစ်နေပြီ။ အလကားပြောတာပါ၊ အခုလို လာအားပေးကြတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ပျောက်နေတဲ့ အစ်ကို အောင်သာငယ်တောင် ဒီကဗျာလေးကြောင့် ပြန်ပေါ်လာတာ ၀မ်းသာတယ်။ ကျွန်မဘလော့ကို အရင်က တခါမှ မရောက်ဖူးတဲ့ သိင်္ဂါကျော်နဲ့ ကဗျာဦးတို့ လာသွားတာလည်း အထူး ကျေးဇူးတင်တယ် နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

    kiki ရေ အစ်မလည်း ဒေါက်တာသာလှ ဆိုတာ ဘယ်သူလဲလို့ မမေးမိဘူး။ နောက်မှ မေးထားပေးမယ်။

    ကိုလူထွေးရေ ကျွန်မထက် ကျွန်မအမျိုးသားက အဘရဲ့စာတွေကို ပိုကြိုက်တယ်။

    ကိုဆောင်းယွန်းလ- အဘကို ပြောပြလိုက်မယ်။

    ကိုဇော်နဲ့ (ကို/မ) အမည်မသိရေ ကျေးဇူးတင်ပါတယ်။ အမည်မသိက ကဗျာ သုံးပိုဒ်ရှိတဲ့အနက် ဒီတပိုဒ်ကိုပဲ အနှစ်သာရတွေ့တယ် ထင်တယ်။ ဒါပေမယ့် တွေ့တဲ့ အနှစ်သာရကလည်း ကဗျာ ဆိုလိုတာနဲ့ လွဲနေတာ ပြောပြပါရစေ။ သူဆိုလိုတာ လှတဲ့မိန်းမနဲ့ မလှတဲ့မိန်းမကိုပဲ ပြောတာ။ လှတာ မလှတာ အသားအရောင်ကို ပြောတာမဟုတ်ဘူး။

    ဖြူတာနဲ့ မဲတာ ဘယ်အရောင် ပိုလှတယ်ဆိုတာက ကြည့်တဲ့သူရဲ့ မျက်စိနဲ့ အကြိုက်အပေါ်မှာပဲ မူတည်ပါတယ်ကျွန်မက ကျွန်မကြိုက်တဲ့ အရာမှန်သမျှ ဘယ်အချိန်ပဲ ဖြစ်ဖြစ် အတူတူပါပဲ ကြိုက်ပါတယ်။ အမည်မသိ ထင်သလိုမဟုတ်ဘူးဆိုတာ ပြောပြတာပါ။ ဘာပဲဖြစ်ဖြစ် လာလည်တာ ကျေးဇူးတင်ပါတယ်။ မှတ်ချက် ကြိုက်သလို ပေးလို့ ရပါတယ်။ ဒါပေယ့် ပြောချင်တဲ့ အကြောင်းကို Assult ဖြစ်စေနိုင်တဲ့ စကားလုံးမျိုးကို အတတ်နိုင်ဆုံး ရှောင်ပြီး ယဉ်ယဉ်ကျေးကျေး စကားလုံး ရွေးပေးနိုင်ရင်တော့ သိပ်ကောင်းလိမ့်မယ်။

    ReplyDelete
  9. ငါ့နှမ လည်း ခေသူမှ မဟုတ်တာ..
    တပုဒ်လောက် လက်စွမ်းပြလိုက်ပါဦး...း)

    ReplyDelete
  10. All man r same in the prison is not true :)
    All man r look like same @ out side of prison...
    After get in the prison...they r really defferently type,manner & standing :)

    ReplyDelete
  11. အရမ်းကောင်းတဲ့ ကဗျာလေးပဲ။
    ရေးထားတဲ့ စာကြောင်းလေးတွေက ရိုးရိုး နားလည်သလိုမျိုးထက် ပိုတဲ့အဓိပ္ပါယ် ပါမယ်ထင်ပါတယ်။

    မပေါ်က ၂ပုဒ်ကိုတော့ ဘာမှ မပြောချင်ပါဘူး။

    လူသားမှန်သမျှ ဘောင်ထဲကျတော့ ဓမ္မတူတူ ဖြစ်သွားသည်ဆိုတာတော့ အမှန်ပဲ မငယ်နိုင်ရေ။

    မအယ်

    ReplyDelete
  12. မိန်းမ တွေ အလှတူတဲ့အကြောင်းတော့ စိုင်းခမ်းလိတ်ရေး ၊ စိုင်ထီးဆိုင်ဆို တဲ့သီချင်းတပုဒ် မှာ သိဖူးပြီ..း)

    ဒီကဗျာလေး ကောင်းလိုက်တာ

    ReplyDelete
  13. ကဗျာလေးက တိုတိုလေးနဲ့ ထိထိရောက်ရောက်ရှိတဲ့ ကဗျာကောင်းတစ်ပုဒ်ပဲ အခုလို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. ကျွန်မက ကဗျာတွေဆို စပ်ဖို့ နေနေသာသာ ဖတ်လို့တောင် သိပ်နားမလည်ဘူး အစ်ကိုNai. ဒါတောင် အခုမှ နည်းနည်း တော်လာသေးတယ်။

    လူတွေက ကဗျာကို ကိုယ်ခံစားရတဲ့အတိုင်း ဖွဲ့ဆိုကြတယ်ဆိုတော့ မအယ်၊ Hmoo, ကျွန်မတို့ စာဖတ်သူ တယောက်စီရဲ့ ခံစားမှုအမြင်နဲ့ ကဗျာရှင်ရဲ့ ခံစားမှုနဲ့က ဘယ်လိုမှ အကုန်လုံး ထပ်တူမကျနိုင်လို့ မှားတယ်မှန်တယ်ဆိုတာက ခံစားမှုနဲ့သာ ဆိုင်မယ်လို့ ထင်ပါတယ်။

    ကဗျာကို သိပ်နားမလည်ပေမဲ့ မအယ်၊ မမသီရိနဲ့ Waing ပြောတဲ့ ကဗျာကောင်းလေး ဆိုတာကိုတော့ ကျွန်မလည်း ဘုမသိဘမိနဲ့ ထောက်ခံတယ်။

    အစ်ကိုNai, Hmoo, မအယ်၊ မမသီရိနဲ့ Waing တို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်နော့်။

    ReplyDelete
  15. ကျနော်ဖတ်ဖူးတာ (မိန်းမနဲ့ ယောက်ျားဟူသမျှ ခြင်ထောင်ထဲကျတော့ ဗလ အတူတူဖြစ်သွားတယ်) ဆိုတဲ့အပိုဒ်လည်းပါသေးတယ်။ ဖော်ပြဖူးတဲ့ စာအုပ်တခုထဲမှာပါ။ အဘ က ပြန်ပြန်ပြင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။

    ReplyDelete
  16. ကဗျာလေး အခုမှာပဲ လာဖတ်မိတယ် မငယ်နိုင်ရေ။ သုံးပိုဒ်လုံးမှာ အနှစ်သာရတွေပါပဲ။
    ပထမပိုဒ်က အလှဂုဏ်မောက်သူတွေအတွက်တရားရစရာပါ။
    ဒုတိယပိုဒ်က ဓနဂုဏ်ပြိုင်သူတွေအတွက်တရားကျစရာ။
    တတိယပိုဒ်ကတော့ လူသားအားလုံးအတွက်တရားကျဖို့ ကောင်းတယ်နော်။ ကျေးဇူး။ အဲဒါမျိုးလေးတွေရှိလို့ ဒီဘလော့ဂ်ကိုလာလာကြည့်မိတာ။

    ReplyDelete
  17. Dr Thar Hla whom I have known was a highly respected Physician of revered Monks Mogok Sayardaw and Mingun Sayardaw. He was also a rector of Yangon University. I am not sure which Dr Thar Hla U Yel Khaung referred to. Please follow the links below to see the name Dr Thar Hla who was a physician of Mogok Sayardaw and an ex-rector of YU.
    http://eternalsamsara.co.cc/?p=278
    http://mayaonlinemagazine.blogspot.com/2009/07/blog-post_06.html

    ReplyDelete
  18. Anonymous ပြောတာ ဟုတ်ချင်လည်း ဟုတ်နိုင်တယ်။ အဘက ဒီကဗျာကို ငယ်တဲ့အရွယ်က ရေးထားပြီး အခုချိန်မှာ မသင့်တော်လို့ ဒါမှမဟုတ် လက်တွေ့ဘ၀နဲ့ မအပ်စပ် အကျုံးမ၀င်တော့ဘူး ထင်လို့ ဖြုတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ တခြားတယောက်လည်း ကျွန်မကို သူဖတ်ဖူးတာ ဒီလိုပဲ ပြောပါတယ်။ ဒါပေယ့် ကျွန်မတို့ကို အဘက သူ့လက်ရေးမူလေးနဲ့ ပေးလိုက်တာကတော့ အခုတင်ထားတဲ့အတိုင်းပဲ ဆိုတော့ ဖြုတ်သင့်လို့ ဖြုတ်လိုက်တယ်လို့ ယူဆပြီး ကျွန်မမေးမနေတော့ပါဘူး။ ဒါပေယ့် ဒီမှတ်ချက်တွေ အားလုံးကို Print ထုတ်ပြီး သူ့ကို သွားပြလို့ သူတစုံတရာ ပြောပြရင်တော့ မှတ်ချက်ကနေပြီး ကျွန်မ ပြန်အသိပေးပါမယ်။

    Yu Wa Yi နှင့် နန္ဒာကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ကဗျာကို ဒီလောက် တွေးမတတ်ဘူး။ ဒေါက်တာသာလှက ဘာလုပ်တဲ့လူဆိုတာ မေးပြီး ပို့စ်ထဲမှာ ကျွန်မ ပြန်ထည့်ပေးမယ်။

    ReplyDelete
  19. သိပ်ကောင်းပြီး တကယ့်ကို သိမ်မွေ့ တဲ့ ကဗျာတပုဒ်ပါပဲဗျာ။
    ကဗျာစပ်သူ ဟာ တကယ့်ကို ယဉ်ကျေးသိမ်မွေ့  တယ်ဆိုတာကို ပါခံစားလို့ ရပါကြောင်း

    ReplyDelete
  20. kiki နဲ့ Anonymous မေးတာနဲ့ ပတ်သက်ပြီး ဒီနေ့အဘကို မေးဖြစ်ပါတယ်။ ဒေါက်တာသာလှက kiki ပြောတဲ့ အရေပြားအထူးကု ဆရာဝန် ဆိုတာတော့ မဟုတ်ဘူး။ ဒါပေမယ့် Nanda ပြောတဲ့ ဒေါက်တာသာလှနဲ့ အဘပြောတဲ့ ဒေါက်တာသာလှက တယောက်တည်း ဖြစ်တယ်လို့ အဘဆီက သိရတယ်။

    ပြီးတော့ Anonymous (19, 2009 8:12 PM) ပြောတဲ့ စာပိုဒ်နဲ့ ပတ်သက်ပြီး အဘရေးတာ မဟုတ်ဘူးလို့ ပြောတယ်။ သူရေးတာ အခု ဒီမှာဖေါ်ပြထားတဲ့ သုံးပိုဒ်ပဲ ရှိတယ်လို့ ပြောတယ်။

    ReplyDelete
  21. ကျေးဇူးပါ။

    ReplyDelete
  22. Thank you Ama! I also wanted to know which Dr. Thar Hla Aba Yel Khaung met. Once I have listened an interview with Aba ( U Yel Khaung) from RFA or something. If I were not wrong, he was in Thai at that time. His experience, milestones and visions are precious for our generation.
    Wishing for his well-being and long live till he see a democratic Burma!

    ReplyDelete
  23. Have a nice day.
    Nice to meet you sis.
    This is a Great Poem .
    Please allow to me for add in my Blog.
    Take care all,
    Best Regards,

    ReplyDelete
  24. ကျနော်အလွတ်ရတဲ့ ကဗျာတိုလေးတွေ ကျနော်ပြန်ရွတ်မိနေတယ်ဗျာ.မငယ်.အဘဦးရဲခေါင်လည်း စိတ်ချမ်းသာပြီးကျမ်းမာရွှင်လန်းပါစေ..
    မငယ်နှင့်မိသားစုပါ.ပေါ့.ဗျာ.

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။