Pages

“N” for Nge, “င” for ငယ်

အခုတလော Semester ကုန်ခါနီးဖြစ်လို့ Assignment တွေ သိပ်များပြီး အလုပ်တွေ ရှုပ်နေတဲ့အချိန်မှာ သွားနေကျ ဘလော့ဂ်တွေ ဘယ်ဘလော့ဂ်ကိုမှ မရောက်ဖြစ်ပဲ အားတဲ့အချိန်မှ ဘလော့ဂ်တွေ ပြန်လည်ပြီး စာကြွေးတွေ အတိုးချ ဖတ်မယ်လို့ စဉ်းစားနေတာ ကျွန်မကို ဘယ်သူ tag လို့ tag ထားမှန်း မသိလိုက်ဘူး။ tag ထားတဲ့ ညီမလေး မချစ်ရက C-Box မှာ လာအကြောင်းကြားလို့ သွားကြည့်တော့ ဦးနှောက်စားတဲ့ tag ဆိုတဲ့ ခေါင်းစဉ်နဲ့ tag ထားတဲ့ ပို့စ်ကို ရေးထားတာ ငါးရက်တောင် ရှိနေပြီ။ ကျွန်မက တနေ့က ကိုဆောင်းယွန်းလ tag ထားတဲ့ ညည်းဖြစ်တဲ့ သီချင်းများကို ရေးပြီး ပြန် tag ဖို့ အွန်လိုင်းပေါ်မှာပဲ သိတဲ့ မိတ်ဆွေတွေကို စဉ်းစားတော့ ဘလော့ဂ်သက်တမ်းကလည်း သုံးလပြည့်ရုံလေးပဲ ရှိသေးလို့ မောင်လေး မိုးသွေးငယ် တယောက်ကလွဲပြီး ကျွန်မနဲ့ tag ရ လောက်အောင် ရင်းနှီးတဲ့ အွန်လိုင်းပေါ်မှာပဲ သိတဲ့ ဘလော့ဂ်မိတ်ဆွေ မရှိသေးဘူးလို့ ထင်နေတာ အခုတော့ ကျွန်မကို tag တဲ့သူက အဲဒီပို့စ် မတိုင်ခင်ကတောင် ရှိနေတာ သိရလို့ ကျွန်မ ထင်တာ မှားသွားပြီဆိုတာ အခုမှ သိလိုက်ရတယ်။ အဲဒါကြောင့် သိသိချင်းပဲ ညီမလေး မချစ်ရကို အရင်ပို့စ်မှာ တင်ခဲ့တဲ့ ညည်းဖြစ်သော သီချင်းများကို ပြန် tag ရင်း ညီမလေးရဲ့ tag ကို ဖြေပေးလိုက်ပါတယ်။
မြန်မာလို “င” နဲ့ အင်္ဂလိပ်လို "N" နှစ်ခုစလုံး ပေါင်းပြီးတောင်မှ မေးခွန်းတွေကို ကုန်အောင် မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ညံ့တယ်၊ လူမှုရေး ဗဟုသုတ သိပ်နည်းတယ် ဆိုတာကိုတော့ ကြိုပြီး ၀န်ခံပါတယ်နော့်။


1. What is your mame …Nge Naing ငယ်နိုင်

2. N as four letter word…Name

3.Boy’s Name… Naing Aung (သူငယ်ချင်း တယောက်ရဲ့ နာမည်)

4. Girl’s name….Ni Ni Win ( ဘလော့ဂါ ညီမလေးတယောက်ရဲ့ နာမည်)

5. Occupation…Nurse

6. Flower…ငုဝါပန်း

7. Something you’ll wear…made in Myanmar (ငွေရောင် ခေါင်းစည်းကြိုး)

8. Food….Noodle

9.Something found in the bathroom…Nivea shower gel

10. Country…Norway

11. Colour…ငွေရောင်

12.Exclamation …No way!

13. Movie title…N. C. l. S (မြူသျှရီရဲ့ အကြံပြုချက်အရ)

14.Something you drink…No added sugar juice (အိမ်မှာ ဆော်ဒါတွေ သကြားတွေ ပါတဲ့ အချိုရည် ဘယ်တော့မှ မသောက်ဘူး၊ အသီးမျိုးစုံ ရောထားတဲ့ ၁၀၀% သစ်သီးရည်တွေပဲ သောက်ပါတယ်)

15. A musical group… N. Dubz (မြူသျှရီရဲ့ အကြံပြုချက်အရ)

16. An animal… ငန်း

17. Street name… Nobel (ရပ်ကွက်ထဲက လမ်းတခုရဲ့ နာမည်ပါ)

18. A type of car Nissan

19..The title of sound… Never say good bye

20. The reason for being late…No train today (ရထားနဲ့ပဲ ခရီးသွားတယ် ရထားပြင်တဲ့ Weekend တွေမှာ အလုပ်သွားရင် အမြဲနောက်ကျတတ်တယ်)


ညီမလေး မချစ်ရရေ- ဖြေမတတ်တဲ့ မေးခွန်းနှစ်ခုကိုတော့ ကိုယ့်ဖါသာကိုယ်ပဲ ရှာလိုက်ပါတော့။ ခေါင်းစားမှာစိုးလို့ ဘယ်သူ့ကိုမှ မ tag တော့ပါဘူး။


ရွင်လန်းချမ်းမြေ့ပါစေ။


16 comments:

  1. အင်္ဂလိပ်-Burmese ဖက်စ် tag ကို လာရောက်လားပေး
    သွားပါကြောင်း.....း)))

    ReplyDelete
  2. ငန်း ကို လာ ငမ်းတာ ငိုက်ပြီး ၊ငပြေမ ဟင်း ထဲ ငရုတ်သီးနဲ့  ငံပြာရည်နဲ့  ငပိ ရောစားမိလို့  ငုတ်တုတ်ထိုင်ကာ ငိုလိုက်ရသေးတယ် ..
    ငှဲ ငှဲ ငှဲ ငှဲ.....

    ငေကောင်းလား မငယ်ငိုင် ရေ .. ငိ ငိ

    ReplyDelete
  3. ရောသမမွှေပေါ့... :)

    ReplyDelete
  4. ကိုယ်မသိဘဲ ကိုယ့်ကိုခင်နေတဲ့လူတွေရှိတယ် ဆိုတာကို သိရတာ ပျော်စရာမကောင်းဘူးလား...

    စာလာဖတ်သူတော်တော်များများက ခြေရာမထားခဲ့ကြတတ်လို့ပါ...

    ReplyDelete
  5. ဒီပိုစ့်က ထင်တာထက်ပိုပြီး ခေါင်းစားစရာကောင်းတယ်နော်...

းဝ)

    ReplyDelete
  6. မရဘူးအမ မရဘူးနော် ဟိ
    no.7 made in myanmar က N လည်းပါဘူး
    ဟီးးးးးးးးး စိမ်းပြောသလိုရောသမမွှေထားတယ်
    အမ လူလည်ကြီးကျတယ်
    ၀ါးးးးးးးးးးးးးးးး

    ReplyDelete
  7. ပထမတော့အမကိုဘယ်သူ Tag မလည်း
    ချောင်းနေတာနောက်ဘယ်သူမှမ Tag တာနဲ့
    ဂွင်တွေ့သွားတာလေ ဟိ

    ReplyDelete
  8. tag ခဲ့တဲ့ ညီမလေး မချစ်ရ ကိုယ်တိုင်နဲ့ tag ပို့စ်ကို လာအားပေးကြတဲ့ လေးလေးNai, kiki, စိမ်း၊ ကိုလူထွေးနဲ့ အားလုံးကို ကျေးဇူး တင်ပါတယ် ဒါပေမယ့် ကျွန်မ ဖြေမတတ်တဲ့ မေးခွန်းနှစ်ခုကို ၀ိုင်းဖြေပေးကြလိမ့်မယ် ထင်နေတာ တယောက်မှ မဖြေပေးသွားဘူး။ ဘာပဲဖြစ်ဖြစ် ဖတ်ပြီး အသိအမှတ်ပြုတာကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. မရေ.........တဂ့်လေးလာဖတ်တယ်
    ဖတ်ကောင်းတယ်လေ
    Movie title...... N. C. I . S .

    A musical group..........N-Dubz

    ReplyDelete
  10. ငုဝါပန်း ကြိုက်တဲ့ ငယ်နိုင် ငွေရောင် ခေါင်းစည်ကြိုးကို ငန်း မနေနဲ့ နိုင်အောင် ( အိမ်က လူကြီး ထင်တယ် မဟုတ်လည်း ဆောရီးပဲ ) ရိုက်လိမ့်မယ်။ အစ ကြမ်းရင် တောင်းပန်တယ်ဗျာ မိတ်ဆွေရင်းတွေ လို စာရင်းတို့ ထားလိုက်ဗျာ။

    ReplyDelete
  11. ရောသမမွှေထားလည်း Version ကောင်းထွက်လာတာပါပဲဗျာ ...

    ReplyDelete
  12. ကိုဒူကဘာရေ-မဖတ်ရသေးတဲ့ ပို့စ်တွေ အကုန်လုံးလာဖတ်ပြီး မှတ်ချက် တခုစီပေးထားခဲ့တာ ကျေးဇူးတင်ပါတယ်။

    ကိုဒူကဘာကလည်း အိမ်ကလူကြီးဆိုရင်တော့ သူငယ်ချင်းဖြစ်ပါ့မလား။ စိတ်မပူနဲ့ သူလည်း ကိုဒူကဘာ မှတ်ချက်ကို ဖတ်ပြီး တဟဲဟဲနဲ့ ပြုံးနေတယ်။

    ကိုဒူကဘာက အဘဦးရဲခေါင်မြေးတွေကို သိရင် ကျွန်မတို့ကိုလည်း သိနိုင်တယ် (မနီလွိုင်မှာ နေခဲ့ဖူးရင်)။ အဲဒီကလေးတွေရဲ့ မိသားစုနဲ့ ကျွန်မတို့က အဲဒီမှာတုန်းက အတူတူပဲ ရှေ့ဆက်နောက်ဆက် ထွက်လာတယ်။ အဘစာနဲ့ ပတ်သက်ပြီး ကျွန်မဘလော့ဂ်မှာ ဆက်တင်ဖို့ ရှိတယ်။ သူ့စာထုပ်ကြီးက တပတ်တခါ ထည့်မယ်ဆိုရင်တောင် တနှစ်စာလောက်ရှိနိုင်တယ်။

    ReplyDelete
  13. ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနှစ်မျိုးပေါင်း ရေးထားပုံလေးက ချစ်စရာပါ။


    သတင်းအရ မျက်လုံးလှလှလေးနဲ့ မငယ်နိုင်ကို လာအားပေးသွားပါတယ်။ (ညီမလေးလှရင် အစ်မလည်းမလျော့အောင် လှမှာပါပဲ ဟုတ်ဘူးလား။ ပရိုဖိုင်းက ဓာတ်ပုံသေးသေးလေးမှာလည်း မြင်နေရတာပဲ)

    ReplyDelete
  14. တက်ခေတ်ကြီးထဲ တဝဲလည်လည်ဖြစ်နေပြီလား မငယ်ရေ...

    ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ

    ReplyDelete
  15. အစ်မ

    မိတ်ဆွေတွေ စည်စည်ကားကားနဲ့မို့ ပျော်စရာကောင်းတဲ့ အိမ်လေးပါပဲ။ နောက်လဲ အမြဲ လာလည်ပါအုန်းမယ်။

    ဆုရည်

    ReplyDelete
  16. Movie title နဲ့ musical group ကို အကြံပြုသွားတာ မြူသျှရီကို ကျေးဇူးတင်ပါတယ်။ ဖြည့်လိုက်ပါပြီ။ မပန်ဒိုရာ၊ ကိုဆောင်းယွန်းလနဲ့ ညီမလေး ဆုရည်တို့ကို လာဖတ်ပြီး အားပေးသွားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မမျက်လုံး မလှပါဘူး မပန်ဒိုရာ ဆရာ ယောဟန်အောင်က မြှောက်ပင့်လိုက်တာပါ။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။