Pages

Sydney Aquarium and Sydney Wildlife World

ဆစ်ဒနီ ငါးပြတိုက်နှင့် တိရစ္ဆာန်ပြတိုက်



ဆစ်ဒနီမြို့မှာ ကျွန်မ အကြိုက်နှစ်သက်ဆုံး လည်ပတ် ကြည့်ရှုရတဲ့ နေရာကတော့ Sydney Aquarium ပဲ ဖြစ်တယ်။ ဆစ်ဒနီ Aquarium နဲ့ Wildlife World က Darling Harbour လို့ ခေါ်တဲ့ ဆစ်ဒနီမြို့ရဲ့ ထင်ရှားတဲ့ မြို့လယ်တ နေရာမှာ ရှိပါတယ်။ ကျွန်မ ရောက်ခါစက ကျောင်းတက်တော့ ကျောင်းအတန်းဖ်ါတွေနဲ့အတူ Excursion တခါသွားဖူးရာကနေ နောက်ထပ်လည်း အမြဲလိုလို လည်ပတ်ဖြစ်တဲ့နေရာ ဖြစ်တယ်။ ကျွန်မကျောင်းတက်ခဲ့တဲ့ Ultimo  ကောလိပ်ရော၊ University of Technology Sydney (UTS) တက္ကသိုလ်ပါ နှစ်ခုစလုံးနဲ့ နီးတဲ့အတွက် ကျောင်းတက်စဉ် ကာလတလျှောက်လုံးလည်း ဆက်တိုက် မကြာခဏ ၀င်ကြည့်ဖြစ်ပါတယ်။ ၀င်ကြည့်တိုင်းလည်း ကျွန်မအတွက် ကြည့်ပြီးသားပြီမို့ ရိုးသွားတယ်ဆိုတာမျိုး တခါမှမခံစားရအောင် နှစ်သက်ပါတယ်။ ဗွီဒီယိုက ငါးပြတိုက်ရှိ Great Barrier Reef မှာ သွားလာနေတဲ့ ငါးတွေကို ရိုက်ထားပါတယ်။ မှန်နံရံနား လာကပ်တဲ့ ငါးတွေကိုပဲ ရိုက်ရတော့ အဲဒီအထဲမှာ ရှိတဲ့ငါး အစုံမပါပါဘူး။ ဒါပေမယ့် သွားမကြည့်ဖူး သူတွေအတွက်တော့ ကြည့်ပျော်လိမ့်မယ် ထင်ပါတယ်။



ဆစ်ဒနီ ငါးပြတိုက်မှာ ပင်လယ်ရေထွက် သတ္တ၀ါအမျိုးအစား ထေင်ချီရှိပြီး ပြတိုက်ကို ၁၉၈၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ငါးပြတိုက် ငါးခုအနက် တခုအပါအ၀င် ဖြစ်ပြီး Sydney Aquarium လိုပဲ တခြားထင်ရှားတဲ့ Aquarium တွေကတော့ Monterey Bay, California နဲ့ Osaka, Japan မှာရှိတယ်လို့ သိရပါတယ်။ ဆစ်ဒနီ Aquarium ကို နှစ်စဉ်နှစ်တိုင်း လာလည်သူ တသန်းနှစ်သိန်းခန့် ရှိပြီး ၆၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ Aquarium နားမှာ ကပ်လျက် Wildlife World ကိုတော့ ကျွန်မတို့ ရောက်ပြီးမှ ဆောက်တာ တွေ့ရပြီး ဖွင့်တာ နှစ်နှစ်သုံးနှစ်ပဲ ရှိပါသေးတယ်။ တိရစ္ဆာန် ကြီးကြီးတွေမရှိပဲ သေးသေးတွေကိုပဲ တွေ့လို့ တိရစ္ဆာန်ရုံလောက်တော့ မစုံပါဘူး။ ဒါပေမယ့် Aquarium နဲ့ Combined ticket ၀ယ်ရင် ဈေးလည်းသက်သာတယ် ပြီးတော့ သြစကြေးလျား Native Animals တွေလည်းဖြစ်လို့ ဧည့်သည်ကိုလည်း လိုက်ပြရင်းနှင့် အခုနောက်ဆုံး ရောက်ဖြစ်တုန်းက ရိုက်ထားတဲ့ပုံတွေ ဖြစ်ပါတယ်။

ဆစ်ဒနီ Aquarium မှာ ရေထွက်တိရစ္ဆာန် အမျိုးမျိုးကို မှန်လုံခန်းထဲမှာနှင့် မှန်လုံခန်း အပြင်မှာပါ သူ့နေရာနှင့်သူ စနစ်တကျ ငါးမွေးကန်လို ထားတာ ရှိသလို အတတ်နိုင်ဆုံး သဘာဝအတိုင်း မြင်ရအောင် လုပ်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ သီးခြားစီ တွေ့နိုင်သလို သီးခြားမဟုတ်ပဲ ငါးအမျိုမျိုးကို စုစည်းပြီးတွေ့ရနိုင်တဲ့ နေရာတွေလည်း စီစဉ်ထားပါတယ်။ အဓိက ငါးအများဆုံးနှင့် အမျိုးမျိုးကို သိုလှောင်ထားတဲ့ နေရာနှစ်ခု ရှိတဲ့အနက် တခုကတော့ Great barrier reef လို့ ခေါ်ပြီး မှန်အခန်းအကြီးကြီးနဲ့ ပင်လယ်ကမ်းနားက ကျောက်ကမ်းပါးတွေလို နေရာဖန်တီးထားပြီး အဲဒီထဲမှာ တကယ်ပင်လယ်လို သဘာဝ ပုံစံအတိုင်း ငါးအရွယ်အမျိုးမျိုးကို ပင်လယ်ထဲမှာ သွားလာလှုပ်ရှား နေတဲ့အတိုင်း မှန်ရဲ့ အပြင်ဘက်က တွေ့ရပါတယ်။ မှန်တံခါး အပြင်ဘက်ကနေ ကြည့်ပြီး ဗွီဒယိုတွေ ဓါတ်ပုံတွေ ရိုက်ယူနိုင်ပါတယ်။

နောက်တနေရာကတော့ ငါးမန်း၊ ငါးလိပ်ကျောက်တို့လို ငါးကြီးကြီးတွေပဲ ရှိတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီနေရာမှာကျတော့ ငါးတွေက ခုနကလို သွားလာလှုပ်ရှားနေတာ ဖြစ်ပေမယ့် သူတို့က အပြင်မှာ လူတွေက ရေအောက် မှန်လှိုင်ခေါင်းထဲ ရောက်သွားပါတယ်။ ဒါကြောင့်မို့ လူတွေက မှန်ကာထားတဲ့ အတွင်းဘက်ကနေ ပင်လယ်ပြင်ထဲမှာ သဘာဝအတိုင်း လှုပ်ရှားနေတဲ့ ငါးတွေကို ကြည့်ရသလို (သို့) မှန်လှိုင်းခေါင်းထဲမှာ လှောင်ထားတဲ့ လူတွေကို ငါးတွေက အပြင်ပကနေ လာကြည့်ခံနေရသလို ခံစားရပါတယ်။ ခုနက Great barrier reef နဲ့ ကွာတာကတော့ မှန်ကာထားလို့ ငါးတွေကို အပြင်ကကြည့်လို့ မြင်ရသလိုမျိုး မဟုတ်ဘဲ လူကလှိုင်ခေါင်းထဲ ရောက်နေပြီး ငါးက အပြင်မှာ ရောက်နေတော့ ကိုယ်ကိုယ်တိုင် ငါးတွေကို ရေငုပ်ဝတ်စုံနဲ့ ပင်လယ်ထဲမှာ ၀င်ကြည့်ရသလိုပဲ ခံစားရပါတယ်။ ဒါကြောင့်မို့ Aquarium ဟာ ဆစ်ဒနီမှာ ကျွန်မအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး လည်ပတ်ကြည့်ရှုစရာ နေရာ ဖြစ်သလို ဆစ်ဒနီကို ရောက်လာတဲ့ တခြားဒေသက ဧည့်သည်တွေအတွက်လည်း အတူတူပဲ ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
အ၀င်ဝသားပိုက်ကောင်များ
ပင်ကွင်းများ
သားပိုက်ကောင်အုပ်စုဝင် သြကြေးလျား တိရိစ္ဆာန်တမျိုးသြစကြေးလျား ကြက်ဆင်တမျိုး
ဝက်ဝံအမျိုးအစားတမျိုး
ငှက်တမျိုးကိုအားလာလို့ခေါ်တဲ့ သြစကြေးလျား တိရိစ္ဆာန်တမျိုး အစာစားနေစဉ်
ကိုအားလာလို့ခေါ်တဲ့ သြစကြေးလျား တိရိစ္ဆာန်တမျိုး အိပ်နေစဉ်ငါးပြတိုက်မှ


ရွှင်လန်းချမ်းမြေ့ကြပါစေ။


15 comments:

  1. တိရစ္ဆာန်လို့ သတ်ပုံပြင်ပါ မငယ်။

    ReplyDelete
  2. သိပ်ပြီး ကျေးဇူးတင်တယ် ကိုအိုးဝေ ကျွန်မ တောက်ရှောက် ဒီလိုပဲ အမြဲရေးလာတာ အခုမှ ပြင်ပေးသမားတွေ့တယ်။ ပျက်အစဉ် ပြင်ခဏတဲ့ ပြင်လိုက်ပြီ။

    ReplyDelete
  3. စိတ်ရှည်လက်ရှည် တင်ပြပေးလို့ ဗဟုသုတ များရပါတယ်။ ကျေးဇူးအထူးပါ။


    ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete
  4. ငါး ချစ်သူမို့...
    ငါးလေးတွေကို အားရပါးရကြည့်သွားတယ်..“မငယ်”ရေ..
    ကျေးဇူးပါနော်..

    ReplyDelete
  5. ပုံလေးတွေကြည့်သွားပါတယ်

    ReplyDelete
  6. တိရိစ္ဆာန်ရုံတို့ ငါးပြတိုက်ဆိုတာ ဗဟုသုတ ရတာပေါ့၊ ခလေးလဲ ခေါ်သွားပေါ့ မြို့ကြီးပြကြီးတွေမှာ ကြီးပြင်းတဲ့ ခလေးတွေက တိရိစ္ဆာန်တွေ သိပ်မြင်ဖူးကြတာ မဟုတ်ဖူး၊ ကျနော့ သားဆို နယ်သွားလည်တေါ့ Farm တွေမှာ နွားတွေ တွေ့တာ ဒီခွေးက ကြီးလိုက်တာ ပြောလို့ တိရိစ္ဆာန်ရုံ အခါခါခေါ်ပြပြီး အကောင်တွေ သေခြာ ရှင်းပြထားရဖူးတယ်။

    ReplyDelete
  7. တနလဿငာတော့ မြို့ထဲသွားမလို့ အဲဒီရောက်ဖြစ်မလားမသိ။ တစ်ခောက်တော့ ရောက်အောင် သွားလိုက်ဦးမယ်။ :)

    ReplyDelete
  8. အော်ဇီ သွားတိုင်း Darlin Harbour , Opera House , Convention centre တွေတော့ရောက်ပါရဲ့  ..အဲ့ ဒီ ငါးပြတိုက်ထဲတော့ တခါမှ ဝင်မကြည့်ဖြစ်ဖူး မငယ်နိုင်ရေ ။
    ပင်လယ်သတ္တဝါတွေ အတော်စုံတာပဲ ။ Manly မှာရှိတဲ့  ငါးပြတိုက်တောင် ဒီလောက်မစုံဘူး ထင်တယ် ။
    ခုလို ဝေမျှပေးတာ ကျေးဇူးပါပဲ ၊

    ReplyDelete
  9. I am thinking about you this morning. Now invite me for your new post. You will have long life!

    ReplyDelete
  10. လောလောဆယ် Atlanta,"Georgia Aquarium" က ကမ္ဘာပေါ်မှာ အကြီးဆုံးပါ။ ဖွင့်တာ လေးနှစ်လောက်ပဲ ရှိပါသေးတယ်။
    SM

    ReplyDelete
  11. ဒူကဘာပြောလို့ ဖတ်ဘူးတာ သတိရတယ်။ Singapore က ကလေးတွေ Chicken ပုံဆွဲခိုင်းရင် NTUC က မြင်ဘူးနေကျ အမွှေးနှုတ်ပြီးသား ပုံတွေပဲ ဆွဲကျတယ်ဆိုတာ။
    SM

    ReplyDelete
  12. လာဖတ်ပါတယ်ရှင်
    ကျေးဇူးပါ

    ReplyDelete
  13. Aquarium နဲ့ Wildlifeword ကို နောက်ထပ် လာလည်သွားကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
    -Welcome, ဗဟုသုတရတယ်ဆိုလို့ ၀မ်းသာပါတယ်။
    - အဖြူရေင် နတ်သမီး ကျွန်မကတော့ ငါးချစ်သူ မဟုတ်ဘူး ငါးကြိုက်သူ
    -Rose က ဗွီဒယိုကို မကြည့်ဘူးလား။

    -ကိုဒူကဘာနှင့် Anonymous (6:21 AM) ရေ- ဒါဆိုရင် ကျွန်မသားလေးတွကို သင်တာကျတော့ နည်းနည်း အဆင့်မြင့်တယ်ထင်တယ်။ Physical, Health and enviromental Eduacation ဆိုတာ မူလတန်းတွေမှာ
    သင်ရတဲ့ ဘာသာရပ်တခု ရှိတယ်။ အဲဒီမှာ လယ်တောအကြောင်း၊ Rain forest အကြောင်းလို တခုခုကို သင်တိုင်း အဲဒါတွေနဲ့ သက်ဆိုင်တာ ရှိတဲ့နေရာကို ကလေးတွေ Excurtion သွားရတယ်။ တောကကျောင်းသားတွေလည်း မြို့ပေါ်ကို Excursion အမြဲလာတာတွေ့တယ်။ ဒါကြောင့် ကျောင်းမှာ သင်ဖူးတဲ့အရာ အကုန်လုံးကို ကလေးတွေဟာ အပြင်မှာလည်း တွေ့ဖူးတာများပါတယ်။

    -Talki ရေ သွားဖြစ်အောင် သွားလိုက်ပါ။
    -Kiki က ဆစ်းဒနီကို သုံးခေါက်ရောက်ဖူးတယ် အဲဒီနားမှာ ကပ်နေတဲ့ Convention centre ကိုတော့ ရောက်ဖူးပြီး Aquarium ကို မ၀င်တာ ကပ်စေးနှဲလို့ပဲ ဖြစ်မယ်။ နိုင်ငံခြားသားတွေအတွက် လက်မှတ်ဖိုး ၃၀ ကျော်ဟာ ကြည့်ရတာနဲ့ တန်ပါတယ် kiki နောက်တခါ ဆစ်ဒနီရောက်ရင် ကျွန်မကို အကြောင်းကြားလိုက်ပါ၊ လိုက်ပို့ပေးမယ်။

    -ဆောင်းရေ ကျွန်မက ကျန်းမာရေး ဂရုစိုက်တတ်လို့ အသက်ရှည်မယ်လို့တော့ ထင်ရတယ်။

    -Anonymous (6:09 AM) ရေ- ကျေးဇူးတင်ပါတယ်။ ကြုံလို့ ရောက်ရင်တော့ ဖြစ်အောင် ၀င်လည်ကြည့်မယ်။

    -မနန်းက စာပဲဖတ်သွားပြီး ဗွီဒယိုနဲ့ ဓါတ်ပုံ ကြည့်မသွားဘူးလား။

    ReplyDelete
  14. ရှားပါးအကောင်လေးတွေ အများကြီးပဲနော်။ အကောင်လေးတွေပုံပါ မြင်ရတော့ စိတ်ဝင်စားမှုက အသက်ဝင်သွားတယ် အမရေ။

    ReplyDelete
  15. ကျွန်တော်ကတော့တိရိစ္ဆာန်တော်တော်များများကိုချစ်တယ်။အခြေအနေအရ diving & snorkeling လုပ်ရတော့ရေသတ္တ၀ါတွေကိုပါသဘောကျလာတယ်။ Kangaroo ကိုတော့ awkward animal ဖြစ်လို့ပိုသဘောကျတယ်။ :-)

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။