Pages

25/12/09 ခရစ္စမတ်ကာလ



Merry Christmas and Happy New Year to you all.

ခရစ်စမတ်နေ့မှာ မိတ်ဆွေတွေ စုပြီး ဆစ်ဒနီမြောက်ပိုင်း Mona Vale ရှိ ကမ်းခြေမှာ ကလေးတွေကို ရေကူး ခေါ်သွားပေးလို့ မိသားစုဝင် ကလေးတွေ အားလုံး ရေကူးပြီး ပျော်ခဲ့ပါတယ်။ လူကြီးတွေတော့ လေတိုက်ပြီး အနည်းငယ် အေးတဲ့ ရာသီဥတုကြောင့် ရေကူးသူ သိပ်နည်းပါတယ်။ သို့သော်လည်း ခြင်းလုံးခတ် ကစားခြင်း၊ ဂီတတီး သီချင်းဆိုခြင်း ကမ်းခြေ တလျှောက် လမ်းလျှောက်ခြင်း၊ ကလေးတွေ ရေကူးတာကို အလှည့်ကျ စောင့်ကြည့်ရင်း ရေကူးတဲ့ သူလည်း ရှိပြီး ကလေးလူကြီး အားလုံး ပျော်ကြပါတယ်။ မိသားစု ၁၅ စုခန့် သွားဖို့ ပြင်ခဲ့ပေမဲ့ သွားတဲ့နေ့မှာ ၁၀ စုခန့်ပဲ သွားဖြစ်ခဲ့ပါတယ်။ တအိမ် တမျိုးချက်ပြုတ်၊ ကြော်လှော်လာတဲ့ အစားအစာတွေနဲ့ တနေကုန် စားလိုက်၊ ရေကူးလိုက် ကစားလိုက်နှင့် အားလုံး ပျော်ပျော်ပါးပါး လက်ဆုံ စားခဲ့ပြီး ခရစ္စမတ်နေ့ကို ပျော်ပျော်ပါးပါး ဖြတ်သန်း ခဲ့ပါတယ်။

ဘလော့ ဖတ်သူနဲ့ ဘလော့ဂါ မိတ်ဆွေများ အားလုံးလည်း ခရစ္စမတ်နေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းကြရပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

17 comments:

  1. အဖွဲလိုက်ကမ်းခြေသွားကြတာ ပျော်စရာကြီးဗျာ။ Marry Xmas ပါအမရေ။

    ReplyDelete
  2. ဖြိုးအောင်December 26, 2009 at 8:20 AM

    ကျနော်တို့လဲ ဒီနေ့ ကမ်းခြေသွားတယ်အမရေ...
    ဒါပေမဲ့ အေးလွန်းလို့ လက်အိပ်စွပ်ထားတဲ့ လက်ကို ဂျာကင်အိပ်ထဲက မထုတ်ဝံ့ဘူး။
    လူတွေအကုန် ကုပ်ချောင်းချောင်းနဲ့...
    နောက်ပြီး ကမ်းစပ်မှာ လှိုင်းကြီးတွေက ကျနော့် ခါးလောက်မြင့်တယ်။
    အမေက သတိတယနဲ့ ...ဟယ်ဒီနေ့ ဒီဇင်ဘာ ၂၅၊
    ဖူးခက်မှာ ဖြစ်သွားတာ ၂၆ ဆိုပြီး မျက်စေ့မျက်နှာ မကောင်းဖြစ်နေတာနဲ့ ကော်ဖီတခွက် တိုက်ပြီး အိမ်ပဲ ပြန်ခေါ်ခဲ့ရတယ်။
    နောက်တခါဆိုရင်တော့ ကမ်းစပ်ကို ချစ်သူနဲ့ပဲ သွားဖို့ ဆုံးဖြတ်လိုက်ပြီးး((

    ReplyDelete
  3. Merry X'Mas ပါ ညီမရေ့

    ReplyDelete
  4. ပျော်ရွှင်ဖွယ် ခရစ်စမတ်လေးဖြစ်ခဲ့တာပဲ..

    ReplyDelete
  5. ကောင်းမွန်တဲ့ အလေ့အကျင့်လေးပါ ...

    ReplyDelete
  6. မနေ့က စလုံးကမရှိမဲ့ရှိမဲ့ ကမ်းခြေသွားခဲ့သေးတယ်။ ကိုယ့်ရှေ့မှာတင် တယောက် ရေနစ်ပြီး အန်ဗျူ့လန့်နဲ့မသွားကြလေရဲ့။ နဲနဲ လန့်သွားလို့ ရေထဲတောင်မဆင်းခဲ့ဘူး။

    ReplyDelete
  7. ကျွန်မတို့ဆီမှာတော့ Beach တိုင်းမှာ ရေနစ်ရလောက်အောင် နက်တဲ့နေရာမှာ မကစားမိအောင် ရေကူး Station တိုင်းမှာ ရေကူးရာမှာ ကြီးကြပ်တဲ့ လုံခြုံရေးတွေက အလံနှစ်ခု ထောင်ပြီး သတ်မှတ်ထားပေးတယ်။ အဲဒီကြားမှာပဲ ကူးရပါတယ်။ တနေ့တာ ရာသီဥတု၊ ရေအပူချိန်၊ ဒီရေအတက်အကျ အချိန်နဲ့ ရေအနှိပ့်အမြင့်ကို ပြတဲ့ ဆိုင်းဘုတ်ကိုလည်း အမြဲထားပေးတယ်။ ရေနည်းနည်းနက်လာ လှိုင်းလိုတာထက် ပိုကြီးလာတာနဲ့ ချက်ချင်း အလံတိုင်ကို နေရာပြောင်းရွှေ့လိုက်ပြီး အဲဒီပြောင်းသွားတဲ့ နေရာမှာပဲ လိုက်ကူးရပါတယ်။ ရေကူး Station တိုင်းမှာ ဒီလို လုံခြုံရေးတွေ အမြဲစောင့်ကြည့်ပေးနေလို့ အန္တရယ်တော့ သိပ်အကြီးကြီးမရှိဘူး။

    ReplyDelete
  8. အဟီးး ပျော်စရာကြီး။ လှိုင်းစီးချင်တယ်။

    ReplyDelete
  9. ပျော်စရာကြီးပဲနော်.. ကောင်းလိုက်တာ...
    ရေထဲ မဆင်းရင်တော့ သွားရတာ ဘယ်တန်ပါ့မလဲ..

    ReplyDelete
  10. ခရစ်စမတ်နဲ့ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ မငယ်နိုင်။

    ReplyDelete
  11. မငယ်ရေ.ပျော်စရာကြီးဗျာ.နှစ်သစ်မှသည် နှစ်ဆုံးတိုင်ပျော်ရွှင်ချမ်းမြေ့ပါစေ.
    Marry Xmas မငယ်ရေ.

    ReplyDelete
  12. ခရစ်စမတ်တော့ ပြီးသွားပါပြီ။ ခရစ်စမတ်မှာ ပျော်ခဲ့ပါတယ်။ သတင်းကြည့်မအားသေးလို့ အော်စီမှာ ဒီနှစ်ခရစ်စမတ်ကာလမှာ Accident ဘယ်နှစ်ခုဖြစ်ခဲ့ပြီး ဘယ်သူတွေ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ စာရင်းမသိရသေးဘူး။ မှတ်ချက်ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်ကူးမှာ ပျော်ရွှင်စွာဖြတ်သန်းရပါစေလို့ ဆက်လက်ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  13. ဒီလို ခဏခဏ ပျော်နိုင် ပါစေ..။

    ReplyDelete
  14. ဒီမှာဖြင့်ချမ်းလိုက်တာ..
    သူတို့မှာဖြင့်ရေကူးကောင်းတုန်း

    ReplyDelete
  15. အေးတော့... မနာလိုချင်စရားးးD

    ReplyDelete
  16. မနာလို မဖြစ်ကြနဲ့နော့် အော်စီမှာ ဒီဇင်ဘာနဲ့ ဇန်န၀ါရီလဟာ အပူဆုံးလ Park တွေမှာသွားပြီး မိတ်ဆွေတွေ စုရုံး စခန်းချပြီး ပျော်ပွဲစားလို့ လို့အကောင်းဆုံး Beach တွေမှာ ရေကူးလို့ အကောင်းဆုံး ရာသီဖြစ်တယ်။ ဒါပေမဲ့ တခုတော့ရှိတယ် တောမီးသာလောင်ရင် တော်တော်နဲ့ မငြိမ်းဘူး။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။