Pages
မြန်မာသတင်း မီဒီယာတချို့ စည်းဘောင် လွတ်နေခြင်းအပေါ် ဆွေးနွေးချက်
အခုချိန်မှာ မှတ်ချက် ၂၀၀ ကျော်နေပြီ ဖြစ်တဲ့ မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း ပို့စ်ကို 24/11/09 က ဒေါက်တာရဲမွန် တင်ပြီးတဲ့နောက် ဘယ်သူမှ မှတ်ချက် မပေးခင် ကျွန်မဖတ်ပြီး ပထမဦးဆုံး အနေနဲ့ မှတ်ချက်တစ်ခု ထားခဲ့ပါတယ်။ ကျွန်မ မှတ်ချက် ပေးတဲ့ အချိန်မှာ ဒေါက်တာ ရဲမွန် ညွှန်းထားတဲ့ လျှပ်တပြက် ဂျာနယ် နှင့် Weekly 11 ဂျာနယ်မှာ ဖေါ်ပြထားတဲ့ မူလ သတင်းတွေကို ဖတ်ဖို့ အချိန် မရသေးတာနဲ့ ဒေါက်တာရဲမွန် ပြောထားတဲ့ အကြောင်းအရာ အပေါ်မှာပဲ မှတ်ချက် ပေးခဲ့တာ ဖြစ်ပြီး သတင်း နှစ်ပုဒ်ကို ဖတ်အပြီးမှာတော့ တကယ် ဖြစ်သွားတဲ့ အဖြစ်အပျက် အတွက် ကျွန်မ မှတ်ချက်က ဘာမှ အလေးအနက် မရှိ ဖြစ်နေတာကို ကျွန်မ သတိထား မိပါတယ်။ ပြန်ဖတ်ဖြစ်တဲ့ အချိန်မှာ ကွန်မက်တွေ အတော်များနေတာကို တွေ့ရပြီး ကျွန်မက Professional တယောက် မဟုတ်တဲ့ အတွက် Professional တွေပဲ ဦးစားပေး ဆွေးနွေးသင့်တယ် ယူဆလို့ နောက်ပိုင်း ဆက်မဆွေးနွေးဖြစ်ပဲ မှတ်ချက်တွေ အားလုံးကိုပဲ ဖတ်ပြီး ဘေးကနေ လေ့လာနေခဲ့ပါတယ်။ ကျွန်မ ပေးတဲ့ မှတ်ချက်ကို ဒေါက်တာရဲမွန်နဲ့ သံတုတ်ဆိုသူ စာဖတ်သူ နှစ်ဦး ပြန်လည်တုံ့ပြန်ထားတာ တွေ့ရပါတယ်။ ဒီနှစ်ဦးရဲ့ ဆွေးနွေးချက်တွေ အပါအ၀င် ဒီပို့စ်နဲ့ ဒီပို့စ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပို့စ်နှစ်ခုဖြစ်တဲ့ “အကယ်၍” နဲ့ “ဘယ်သူတာဝန်ရှိလဲ” ဆိုတဲ့ ဒေါက်တာနေဦးတင်တဲ့ ပို့စ်နှစ်ခုပါ အကြောင်းအရာတွေနဲ့ မှတ်ချက်တွေကို ကျွန်မ သုံးသပ်မိပြီး ပြန်ဆွေးနွေးဖို့ လိုအပ်တယ်ထင်လို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။
ဒေါက်တာရဲမွန် တင်တဲ့ မူလ ပို့စ်နဲ့ပတ်သက်ပြီး “မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို သဘောမတွေ့တာက လွဲလို့ ဆွေးနွေးချက်တွေ အားလုံးက သမာသမတ်ကျတာကို တွေ့ရပြီး တခြားသူတွေရဲ့ ပြန်လည် ဆွေးနွေးမှုကို လက်ကမ်းကြိုတဲ့အတွက် ဒီပို့စ်ကို တင်တာ ဒေါက်တာရဲမွန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်ကာ အဖြေရှာလိုတဲ့ စေတနာ တကယ်ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သို့ပေမဲ့ ဒေါက်တာရဲမွန်က လူနာ မိသားစုမှာ နစ်နာသွားတဲ့ အချက်ကို အသိအမှတ်ပြုတဲ့အချက် ပို့စ်ထဲမှာ ထည့်သွင်း ဖေါ်ပြထားခြင်း မရှိတာကို အကြောင်းပြု၍ စာဖတ်သူ အတော်များများရဲ့ အမြင်မှာ သေသွားတာကိုတော့ နည်းနည်းလေးမှ ထည့်မတွက်ပဲ သတင်းသမားကို သွားအပြစ်တင်နေတယ် ဆိုပြီး ဆရာဝန်တွေအပေါ် မလိုအပ်တဲ့ အထင်မြင်လွဲမှားမှုတွေ ဖြစ်နေကြတယ်လို့ ကျွန်မထင်တယ်။ စာဖတ်သူတွေက ဒီအဖြစ်အပျက်မှာ အဓိကတရားခံလို့ စဉ်းစားသတ်မှတ်တဲ့ နေရာမှာလည်း Surgeon တယောက်တည်းကို လွဲမှားစွာ ပုံချပြီး အပြစ်တင်နေတာကို တွေ့ရပါတယ်။ ကျွန်မ သိထားတဲ့ ဗဟုသုတ အရတော့ ဒီလိုဖြစ်သွားတဲ့ ပြဿနာမှာ Surgeon ဟာ တာဝန်ရှိသူ တယောက်ထဲမှာ ပါပေမယ့် လူနာသေဆုံးတဲ့အထိ ဖြစ်သွားတဲ့ အခြေအနေမှာ Surgeon က အဓိကတရားခံမဟုတ်တာကို တွေ့ရပါတယ်။ ဒါကို ကျွန်မ ဘယ်သူတာဝန်ရှိလဲ ဆိုတဲ့နေရာကို ရောက်မှ ဆက်ဆွေးနွေးပါမယ်။
လျှပ်ပြက်နဲ့ 11 သတင်းနှစ်ပုဒ်ကို နောက်မှ ဖတ်ဖြစ်ပြီး ဖတ်ပြီးတဲ့အချိန်မှာ မှတ်ချက်လာရေးသူ အတော်များများရဲ့ ခံစားမှုအတိုင်း ကျွန်မစိတ်ထဲမှာ သေဆုံးသွားတဲ့ ကလေးမလေးနဲ့ မိသားစုနေရာကနေ တကယ်ကို ယူကျုံးမရ ခံစားရပါတယ်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး ကျွန်မရေးခဲ့တဲ့ မှတ်ချက်ကို နှစ်ယောက် တုံ့ပြန်ခဲ့ရမှာ ဒေါက်တာရဲမွန်ရဲ့ တုံ့ပြန်ချက်အရ မြန်မာနိုင်ငံမှာ Perioperative Procedure နဲ့ ပတ်သက်ပြီး Clinical Practice Guideline ကို အခုမကြာသေးခင်ကမှ ဆွဲထားတယ်ဆိုတာ သိရတယ်။ ဒါကို ဥပဒေပြုပြီး လိုက်နာကျင့်သုံးဖို့ သက်ဆိုင်ရာ Health Care Facilities တွေမှာ ဖြန့်ချီထားခြင်း ရှိမရှိ မသိရပါ။ အခုလတ်တလော ဖြန့်ချီထားပြီးပြီ ဆိုရင်တောင်မှ ယခင်က တောက်ရှောက် Guideline မရှိပဲနဲ့ ကျင့်သုံးလာမှာ သေချာပါတယ်။ ဒီတော့ Guideline မရှိရင် ဆရာဝန်တွေက မိမိမှာ ရှိတဲ့ ရှိစုမဲ့စု Knowledge နဲ့ Skill ကိုပဲ အားကိုးပြီး အဆင်ပြေသလို ကြည့်လုပ်ရတာမျိုး ဖြစ်နိုင်လို့ အမှားအယွင်းတွေ အများကြီး ဖြစ်နိုင်ပါတယ်။ နောက်တခုက ကျွန်မက သတင်းလိုက်ရခက်လို့ ရသလောက်ကိုပဲ ဖော်ပြတာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တဲ့အပေါ်မှာ “ဒီလို ဖော်ပြရင် သတင်းဟာ မမျှတနိုင်ကြောင်း မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါတယ်” လို့ ဒေါက်တာ ရဲမွန်က မှတ်ချက်မှာ ပြန်ဖြေထားပါတယ်။ ကျွန်မကတော့ ဒီသတင်းက သတင်းဆိုတဲ့ Fact သက်သက်ကို ပြောထားတာ မဟုတ်ပဲ သတင်းဝေဖန်ချက်၊ သတင်းသုံးသပ်ချက်လိုမျိုး ဖြစ်နေတဲ့အတွက် ဒါကို သတင်းသမားရဲ့ အမြင်လို့ သတ်မှတ်ပါတယ်။ သတင်းသမားက ဒီလို မြင်တာ မှန်တယ်လို့ ကျွန်မ မသတ်မှတ်သလို သတင်းကို ဖေါ်ပြတာကိုလည်း စည်းလွတ်ဘောင်လွတ်ဖြစ်တယ်လို့လည်း ကျွန်မမသတ်မှတ်ဘူး။ Accident and Incident Report တွေ ထွက်လာပြီးမှ သတင်းရေးဖို့ ဘယ်သတင်းသမားကမှ စောင့်နေမှာမဟုတ်ပါဘူး ရသလောက် အချက်အလက်ကိုပဲ တင်ပြီး သုံးသပ်တာသာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သတင်းသမားက သူဒီလောက်ပဲ လိုက်လို့ရတားတာကို Surgeon အပေါ်မှာ သူမြင်သလို ဝေဖန်သုံးသပ်ထားတယ်၊ မတရား စွပ်စွဲထားတာ မဖြစ်နိုင်ဘူးလို့ ကျွန်မလက်ခံတယ်။
နောက်တယေက် ဖြစ်တဲ့ ကိုသံတုတ်ရဲ့ မှတ်ချက်မှာ လူနာက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆရာဝန်ဆီမှာပဲ ပုံအပ်ထားတယ် ဆိုတဲ့ ကျွန်မ ပြောတဲ့အချက်ကို "ငယ်နိုင်ဆိုတဲ့ ငနဲမက အရူးချီးပန်း လျှောက်ပြောနေတယ်" လို့ ကိုသံတုတ်က ဆိုထားပါတယ်။ ကျွန်မ ပြောတာကို နားမလည်တာ (သို့) နားလည်မှု လွဲတာလည်း ဖြစ်နိုင်လို့ Clinical Decision Making နဲ့ ပတ်သက်ပြီး မသိသေးတဲ့သူတွေအတွက်ပါ ရည်ရွယ်ပြီး ကျွန်မ နည်းနည်း ရှင်းပြချင်ပါတယ်။ လူနာရဲ့ ရောဂါကို စမ်းသပ် Diagnosis လုပ်ပြီးတဲ့အချိန်မှာ ဆရာဝန်က လူနာကို အခြေအနေ အသေးစိတ် ရှင်းပြရပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ရောဂါဆိုရင် ပုံတွေဘာတွေဆွဲပြီးတောင် ရှင်းပြရပါတယ်။ ရှင်းပြပြီးရင် ကုသမှုနဲ့ ပတ်သက်ပြီး ရှိသမျှ Options အကုန်လုံးနဲ့ ကုသရင် ဖြစ်နိုင်တဲ့ အကျိုး၊ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကို ရာခိုင်နှုန်းတွေနှင့် တွက်ပြရပါတယ်။ မြန်မာပြည်မှာကျတော့ ကျန်းမာရေးကို အစိုးရက တာဝန်မယူတော့ ငွေရေးကြေးရေးပါ ပါရလိမ့်မယ်။ အဲဒါတွေ အကုန်လုံးကို ရှင်းပြပြီးလို့ လူနာက နားလည်ပြီဆိုမှ ဘယ် Option ကို ရွေးပြီး ကုမယ်ဆိုတာ လူနာက ဆုံးဖြတ်ရပါတယ်။ ဆရာဝန်က ဆုံးဖြတ်လို့မရပါဘူး။ လူနာမှာ ဆုံးဖြတ်ပိုင်ခွင့် ကုသမှုကို ငြင်းပယ်ပိုင်ခွင့် ကုသရာမှာ မတရားဘူးထင်ရင် Complaint တက်ပိုင်ခွင့် အပြည့်အ၀ ရှိရပါတယ်။ လူနာက အဲဒါကို နားလည်းလည်ပြီ လက်လည်း လက်ခံပြီဆိုမှ Consent Form မှာ လက်မှတ်ထိုးပြီး ကုသမှုကို ခံယူရပါတယ်။
မြန်မာပြည်မှာ ဆရာဝန်ကလည်း ဒီလောက် စိတ်ရှည်လက်ရှည် ရှင်းပြတာ မရှိသလို ဆုံးဖြတ်တဲ့ နေရာမှာလည်း ဆရာဝန်ဘာပဲမေးမေး “ဆရာရေ ဆရာ့ကိုပဲ အားကိုးပါတယ် ဆရာ့သဘောပါပဲ” ဆိုတာပဲ လူနာအတော်များများက ပြောပါလိမ့်မယ်။ ကျွန်မမှတ်ချက်ထဲမှာ ဆိုလိုတဲ့ “ပုံအပ်တယ်” ဆိုတာ ဒါကိုအတိုချုပ်လုပ်ပြီး ပြောလိုက်လို့ ကိုသံတုတ် နားမလည် ဖြစ်သွားတယ် ထင်တယ်။ မရှင်းရင် ကျွန်မကို ထပ်မေးပါ ထပ်ရှင်းပြလို့ရပါတယ်။ အရူးချီးပန်းဆိုတဲ့ စကားအဓိပ္ပါယ်ကို အတိအကျ မသိပေမဲ့ အဲဒါ ကျွန်မက မကောင်းတာ တခုခုကို ပြောလိုက်တယ်လို့ ဆိုလိုချင်တယ်ဆိုတာတော့ ကျွန်မသိပါတယ်။ ခုနက ရှင်းပြခဲ့တဲ့အတိုင်းဆိုရင် ကျွန်မ ပြောလိုက်တဲ့ စကားကို အရူးချီးပန်း စကားလို့ ဆက်ပြီး သတ်မှတ်လိမ့်မယ် မထင်ဘူး။ သတ်မှတ်နေသေးရင် ကျွန်မကို ဘာကြောင့် သတ်မှတ်တယ်ဆိုတာ ထပ်ဆွေးနွေးနိုင်ပါတယ်။ အားတဲ့အချိန်မှ မြန်မာအဘိဌါန်စာအုပ် လှန်ပြီး အရူးချီးပန်းစကားပြောတယ်ဆိုတဲ့ အဓိပ္ပါယ် ကို ပြန်ကြည့်ဦးမယ်။ ကျွန်မ မြန်မာစာကို အထက်တန်းအောင်တဲ့အထိ မသင်ခဲ့ဖူးတာရယ် ဘာသာစကား အားနည်းတာရယ်ကြောင့် အဲသည်လို ဘမ်းစကားတွေကို သိပ်မသိပါဘူး။
နောက်တခုက ဒေါက်တာနေဦးတင်ထားတဲ့ အကယ်၍ တခြားနိုင်ငံမှာ ဒီလိုအဖြစ်မျိုး ဖြစ်ရင် ဘယ်လို အရေးယူမလဲဆိုတာကို ဥပမာပေးထားတဲ့ပို့စ်ကို နည်းနည်းဆွေးနွေးချင်ပါတယ်။ ဒေါက်တာနေဦး ဥပမာပေးတဲ့ အကြောင်းအရာနဲ့ အခုမြန်မာပြည်မှာ ဖြစ်သွားတဲ့အကြောင်းအရာ နှစ်ခု လူနာသေသွားတာကလွဲလို့ ကျန်တာ ဘာမှမတူတဲ့အတွက် လုံလောက်တဲ့ ဥပမာမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ သြစကြေးလျားက ကျန်းမာရေး စောင့်ရှောက်မှုက UK နဲ့ သိပ်မကွာလို့လည်း ကျွန်မက ပြောနိုင်တာ ဖြစ်တယ်။ ဟိုမှာဖြစ်သွားတာ လူနာနဲ့ ပတ်သက်ပြီး အဆက်မပြတ် Team member အချင်းချင်း Case Review တွေ လုပ်တာ ဖေါ်ပြထားတယ်။ လူနာ အသက်ဆုံးရှုံးသွားပေမဲ့ Health Care Team က လျစ်လျူရှုလို့ ဖြစ်သွားတာမဟုတ်ပဲ ဂရုတစိုက် ကြိုးစားပမ်းစား လုပ်ပေးလျက်နဲ့ ဆုံးရှုံးသွားတဲ့အတွက် ဘယ်ကျန်းမာရေး ၀န်ထမ်းကိုမှ အရေးယူလို့ မရပါဘူး။ ဒေါက်တာနေဦးက အင်္ဂလန်မှာ လက်ရှိအလုပ်လုပ်နေသူဖြစ်ရင် အင်္ဂလန်မှာ Health Care Law အတိအကျရှိပြီး မတူတဲ့ Care တွေ အားလုံးအတွက် Clinical Practice Guidelines တွေ ရှိတာ၊ ဆေးရုံတိုင်းမှာ Hospital Procedure Manual တွေ Ward တိုင်းမှာ ထားရှိပြီး ဒီProcedure အတိုင်း လိုက်လုပ်ရတာ သိပါလိမ့်မယ်။ ဒါတွေကို အတိအကျ လိုက်နာပြီး လုပ်လျက်နဲ့ တိမ်းပါးချွတ်ချော်သွားတာဟာ တွက်ထားတဲ့ ရာခိုင်နှုန်းထဲက ပါသွားတယ်လို့ပဲ မှတ်ယူရမှာ ဖြစ်တယ်။
ဒီမှာကျတော့ ဒီလို စနစ်တကျ မကျင့်သုံးတဲ့အပြင် မူလ သတင်းထဲမှာ လူနာမိခင် အပြောအရ Post –operative Care မှာ Pain Management ကိုတောင် မလုပ်ပေးနိုင်ခဲ့ဘူး မဟုတ်လား။ Pre-Operative မှာ Surgeon က ဂရုမစိုက်ပဲ မှားသွားတယ်ဆိုရင်တောင်မှ Post-Operative ကာလမှာ ကောင်းကောင်း စောင့်ရှောက်လို့ ရနိုင်ပါတယ်။ ဒေါက်တာ နေဦးပေးတဲ့ အင်္ဂလန်က ဥပမာနဲ့ အခုဖြစ်သွားတဲ့ ပြဿနာမှာ ကျင့်သုံးပုံချင်း လုံးဝမတူတဲ့အတွက် အင်္ဂလန်မှာ ဒီလိုဖြစ်သွားတာ အရေးယူလို့ မရတဲ့အတွက် ဒီမှာလည်း အရေးယူဖို့ မဖြစ်နိုင်သလို ပုံစံမျိုး Perioperative Procedure ကို နားမလည်တဲ့ စာဖတ်သူတွေကို Message ပေးသလို ဖြစ်နေလို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီမှာ ဖြစ်သွားတာဟာ ဂရုစိုက်မှု နည်းလို့ ဖြစ်သွားတာ ဖြစ်တဲ့အတွက် သင့်တော်တဲ့ အရေးယူမှုတော့ လိုကိုလိုအပ်ပါလိမ့်မယ်။
ဘယ်သူတာဝန် ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး Surgeon က မခွဲစိတ်ခင် ရောဂါကို Diagnosis တိတိကျကျ မလုပ်ပဲ ခန့်မှန်းဆုံးဖြတ်တာ မှန်ရင် Diagnosis လုပ်ရာမှာ လုံးဝ Evidence based Practice မရှိတဲ့အတွက် ဒါဟာ Professional Practice မဟုတ်ပါဘူး။ နောက်ပြီး Surgeon က ဘာ Evidence မှ မရှိပဲ Diagnosis လုပ်လိုက်တာကို Anaesthetist (ထုံဆေး၊မေ့ဆေးဆရာဝန်) က ဒီအတိုင်း ဘာအထောက်အထားမှ မရှိဘဲ လက်ခံလိုက်တဲ့အတွက် Anaesthetist မှာလည်း တာဝန်ရှိပါတယ်။ သို့သော်လည်း လူနာက ခွဲစိတ်ပြီး နှစ်ရက်အကြာမှာ ဆုံးတော့ ခွဲစိတ်ရာမှာ အမှားအယွင်းရှိခဲ့တယ် ဆိုရင်တောင်မှ ဒီလူနာဟာ သေဆုံးတဲ့ အချိန်မှာ Recovery Room မှာ မဟုတ်နိုင်တော့ပဲ ICU (သို့) Laparoscopic Ward ထဲမှာ ရောက်နေပြီ ဖြစ်နိုင်ပါတယ်။ Recovery Room မှ ထွက်ပြီးတာနဲ့ အောင်မြင်စွာ ခွဲစိတ်လို့ ပြီးသွားပြီ ဖြစ်တဲ့အတွက် Anaesthetist ရော Surgeon ပါ နှစ်ယောက်စလုံးက အဓိက တာဝန်ရှိသူ မဟုတ်တော့ပဲ Post-Opperative Care မှာ တာဝန်ကျတဲ့ သူနာပြုနဲ့ ဆရာဝန်မှာပဲ တာဝန်ရှိပါတယ်။ Post-Operative Complication ကို Assessment နှင့် Mangement လုပ်ဖို့ တာဝန်က Ward ထဲမှာ တာဝန်ကျနေသူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ Recovery Room နဲ့ ICU က လူနာကို Ward က လက်ခံရင် Vital Signs တွေ ပုံမှန်(သို့) ပုံမှန်နီးပါးဖြစ်မှ လက်ခံလို့ ရပါတယ်။ ဒီလိုလက်ခံပြီးရင် အခု Case မှာ လူနာက ၁၈ နှစ်မပြည့်သေးတဲ့အတွက် ပထမတနာရီမှာ ၁၀ -၁၅ မိနှစ်တကြိမ်၊ ဒုတိယ နာရီမှာ မနှစ် ၂၀ ကနေ နာရီဝက်တကြိမ် နောက်ထပ် နာရီတွေမှာလည်း လိုအပ်ရင် လိုအပ်သလို Vital Signs လို့ခေါ်တဲ့ အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း နဲ့ Oxygen Saturation (သွေးထဲမှာရှိတဲ့ သွေးနီဥ အောက်စီဂျင် အဆင့်) , Respiratory Assessment, Pain Assessment, Neurological Assessment တို့ကို အဆက်မပြတ် တိုင်းတာ စမ်းသပ်ခြင်း လုပ်နေရမှာ ဖြစ်ပြီး Pain Management ကိုလည်း နိုင်နိုင်နင်းနင်း လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အခြေအနေမကောင်းရင် Ward မှာ တာဝန်ကျတဲ့ သူနာပြုနဲ့ ဆရာဝန်က ကျန်တဲ့ Health Care Team members တွေကို အချိန်မှီ Forward လုပ်ပြီး အကူအညီတောင်းသင့်ရင် တောင်း လွဲပေးသင့်ရင် လွဲပေးဖို့လိုပါတယ်။
ဒါကြောင့် အခု လူနာသေဆုံးသွားတဲ့ ပြဿနာမှာ အချိန်မှီ Forward မလုပ်ခဲ့တာ သေချာသလို သူ့မိခင်ရဲ့ မူရင်း သတင်းထဲမှာ ပြောစကားအရလည်း လူနာဟာ သေဆုံးတဲ့အထိ နာကျင်တဲ့ ဝေဒါနာကို ခံစားသွားရတယ်ဆိုတာ Pain Management တာဝန်ယူခြင်း လုံဝပျက်ကွက်ခဲ့တာ ဖြစ်တယ်။ သေဆုံးတဲ့အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်က Diagnosis မှားတဲ့သူ၊ Diagnosis မသေချာ သွေးထဲ Serum Electrolyte level ဘယ်လောက် ရှိလို့ ရှိမှန်းမမသိပဲ မေ့ဆေးပေးတဲ့ Anaesthestist တွေက စခဲ့တာ ဖြစ်နိုင်ပေမဲ့ Post-Operative (ခွဲစိတ်ပြီး) ကာလမှာ လုပ်သင့်လုပ်ထိုက်တဲ့ Assessment တွေ Management တွေကို နိုင်နိုင်နင်းနင်း မလုပ်တဲ့ Post-Operative Care ကိုတာဝန်ယူသသူ သူနာပြုနဲ့ ဆရာဝန်မှာသာ အဓိကတာဝန်ရှိတယ်လို့ ကျွန်မ လေ့လာရတဲ့ Peri-operative Care Procedure အရ ကျွန်မ ဆွေးနွေးတင်ပြပါတယ်။ ဒီထက် ကျယ်ပြန့်တာကို ပြောရင် Perioperative Care Team တခုလုံးနဲ့ ဆေးရုံတရုံလုံးမှာ တာဝန်ရှိပါတယ်။ ဒီထက် မိုမိုကျယ်ပြန့်တာကို ဆက်တွေးရင် ကျန်းမာရေး စနစ်ကြီးတခုလုံး မကောင်းလို့ ဖြစ်တဲ့အတွက် ဆရာဝန်တွေကလည်း ဒီစနစ်နဲ့ လိုက်လျောညီထွေအောင် Health Care ethnics တွေ၊ Clinical Competency တွေ၊ Professional conduct တွေကို ငွေကြေးနဲ့ အလဲအလည် လုပ်လာရသလို လူနာရှင်တွေ ကလည်း ငွေကြေး လုံလုံလောက်လောက်နဲ့ ရှာပြီး ကုတာတောင် Safety နဲ့မညီတဲ့ Service ကိုပဲ ရတာ အားလုံးက ဒီစနစ်ရဲ့ သားကောင်တွေလည်းဖြစ် ဒီစနစ်ကို အားပေးနေသူတွေလည်း ဖြစ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။
Public Health in Myanmar တွင် လည်း တင်ထားပါတယ်။
62 comments:
  1. Pls, check again your spelling for medical term.
    ReplyDelete
  2. အမ ဆွေးနွေးပုံ သဘောကျတယ်။
    ReplyDelete
  3. အစ်မ ဆွေးနွေးပြောပြတာ သဘောကျလိုက်တာ။
    အဲဒီ public health က comment တချို့ကတော့ ဆွေးနွေးထားတဲ့ ဘောင် အပြင်ထွက်နေသလိုပဲ လို့ ထင်မိတယ်။
    ReplyDelete
  4. ကျွန်မ မြန်မာစာရော အင်္ဂလိပ်စာပါ သတ်ပုံ သိပ်မှားတတ်ပါတယ် Anonymous သတိထားမိတာတွေတော့ ပြင်လိုက်ပါတယ်။ မှားနေသေးရင် တိတိကျကျ ပြောပြပေးဖို့ တောင်းဆိုပါတယ်။ အမည်ဖေါ်ပြီးလာလည်း ဘာမှမဖြစ်ပါဘူး။ မှားနေလို့ ထောက်ပြသူကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။
    AATO နဲ့ Rita ကဘယ်အချက်ကို သဘောကျတာလဲ။ အစ်မကတော့ သံတုတ်ဆိုတဲ့ စာဖတ်သူကို ဘယ်နားမှာ ပြန်ရှာပြီး စာလာဖတ်ဖို့ ဖိတ်ခေါ်ရမှန်းမသိ ဖြစ်နေတယ်။
    ReplyDelete
  5. ဘယ်ကျန်းမာရေး ၀န်ထမ်းကိုမှ အရေးယူလို့ မရပါဘူး။
    ငယ်နိုင်
    အကိုနေဦးတင်တဲ့  ပို့ စ်မှာ ပေးချင်တဲ့  မက်ဆေ့ခ်ျက ယူကေမှာ အလုပ်လုပ်ပုံကိုတင်ပြောချင်တာ မဟုတ်ဘူး
    လူသေပြီဆိုရင် ဘာတွေ လုပ်ရသလဲဆိုတာကို ပြောပြထားးပါတယ် ။ အောက်က သေပြီဆိုပါတော့ က စပြီး
    သေရင်ဖြည့်ရတဲ့  ဖေါင်တွေ
    သေတဲ့ အခါ ပါဝင်ပတ်သက်ရတဲ့  အဖွဲ့  အစည်းတွေနဲ့  သူတို့  ရဲ့  တာဝန်တွေကို လင့်တွေ အကုန်ပေးထားတယ် ။
    အဲမှာ အားလုံးဝိုင်းကြည့်လို့ သေတာဘဲ ဘယ်သူ့ မှ အရေးယူမရဘူလို့ မပါဘူး ။ကိုယ်ပြန်ကူးပြပါ့မယ်
    တကယ်လို့ guilty of criminal negligence ဖြစ်မှ
    ဋ္ဌာနကြီး ၄ - တရားရေးဋ္ဌာန
    တရားရုံးကနေ စစ်ဆေးပြီး အပြစ်ရှိက အပြစ်ပေး
    http://www.ncbi.nlm.nih.gov/pmc/articles/PMC1444876/
    မရှိက လွှတ်ရပါတယ်
    http://www.ncbi.nlm.nih.gov/pmc/articles/PMC1121980/
    ဒါဟာ ယူကေရဲ့ လက်ရှိ အလုပ်လုပ်ပုံပါ
    ပထမလင့်ကြို့က ည့်ရင် သေတာမှာတာဝန်ရှိတဲ့  ဆရာဝန် ၂ယောက်ကို ထောင်ဒါဏ် ဆေးရုံကို ငွေဒါဏ်ချထားတာ တွေ့  မှာပါ ။
    (ကို လူတယောက်ကို နက်ထဲမှာ ကျန်းမာရေး ဆိုင်တာ ဗမာလို မရေးဘူးလို့  ပြောထားတာရှိလို့  ခုဟာ က အကိုနေဦးကို အချက်အလက်ပေးလိုက်တာပါ ။ ) ဒီပို့ စ်မှာကိုယ်တို့ အဓိကပြချင်တာက ဟာ ယူအူက် ယူကေမှာဆို ဒီဆရာဝန်ကို ဘာလုပ်မှာ ညာလုပ်မှာဆိုတဲ့ အပြောတွေကို သတိထားစေချင်တာဘဲ။ သူ့ စည်းကမ်းထဲကဘဲ စစ်ဆေးအရေးယူရပါတယ် ။ ဘယ်နေရာမှမှ စည်းမဲ့ ကမ်းမဲ့  အရေးယူပြောဆိုမရပါ ။
    ReplyDelete
  6. ဒါကြောင့် အခု လူနာသေဆုံးသွားတဲ့ ပြဿနာမှာ အချိန်မှီ Forward မလုပ်ခဲ့တာ သေချာသလို သူ့မိခင်ရဲ့ ပြောစကားအရလည်း လူနာဟာ သေဆုံးတဲ့အထိ နာကျင်တဲ့ ဝေဒါနာကို ခံစားသွားရတယ်ဆိုတာ Pain Management တာဝန်ယူခြင်း လုံဝပျက်ကွက်ခဲ့တာ ဖြစ်တယ်။
    ဒီမှာလဲ ဒီမှတ်ချက်ဟာ တရားမ၀င်ပါဘူး
    အချိန်မီ သတင်းပို့ သလား မပို့ ဘူးလား ဘယ်သူ ဘာလုပ်ခဲ့ တယ်ဆိုတာ ဂျာနယ်ထဲကြည့်ပြောလို့  မရပါ ။
    ဆေးမှတ်တမ်း သက်ဆိုင်ရာ ဆေးဝန်ထမ်းတွေရဲ့ ထွက်ချက်ကို ယူပြီး သူတို့ နဲ့  အလားတူ အတွေ့ အကြုံရှိတဲ့  ဆေးဝန်ထမ်းတွေကသာ ဆုံးဖြတ်ရမှာပါ ။ ကိုယ်တို့  ပြချင်တာလဲ ဒါဘဲ ။ ဗမာပြည်က ပြသနာကို ဗမာပြည်တွင်းက ဆေးဝန်ထမ်းကသာသိပါတယ် ။ ကိုယ်တို့ လို အပြင်ရောက်နေတဲ့  လူတွေ မသိပါဘူး ။
    ReplyDelete
  7. ဒီအကြောင်လေး ဖော်ဝါ့ဒ်မေးလ်တွေ ထပ်ခါတလဲလဲ ၀င်လာနေလို့ ဖတ်ခဲ့ပေမဲ့ သေသွားတဲ့ ကလေးမလေး အတွက် စိတ်မကောင်းဖြစ်မိသော်လည်း
    ရေးကြီးခွင်းကျယ် မခံစားရဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါရစေ မငယ်နိုင်ရေ
    မြန်မာပြည်မှာ ဖြစ်တဲံ့ အဲဒီ အဖြစ်အပျက်ဟာ ဆန်းတယ် လို့ မဆိုနိုင်ဘူး လို့ပဲ ပြောပါရစေတော့
    ဒီထက်ဆိုးတဲ့ သာဓကတွေ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးတာမို့ပါ
    ခရိုင်အဆင့်ရှိတယ်ဆိုတဲ့ တချို့ မြို့နယ်ကြီးတွေမှာ ဆရာဝန် ၂ ယောက် အနိုင် နိုင်
    စရီတ်မျှပေးတဲ့ ဆေးတွေရဲ့ ဈေးက ခေါင်ခိုက်
    လူနာကုတင်၊ လူနာ အခန်း၊ ဆေးရုံသုံးပစ္စည်းတွေက ဟောင်းနွမ်း စုတ်ပြတ်
    ဆေးရုံက ကူးစက်ခံရတဲ့ HIV ဝေဒနာရှင်တွေ ဘယ်လောက်ရှမိမလဲ မမှန်းတတ်
    ပညာရပ်ဆိုင်ရာတွေ မကျွမ်းကျင်ပေမဲ့
    မြန်မာပြည်ထဲက နာမည်ကြီး သမားတော်ကြီးတွေ တချို့ရဲ့ လူနာကြည့်ချိန်ဟာ ၃ မိနစ်က ၅ မိနစ်လောက်ပဲ ရှိတယ်ဆိုတာ ကိုယ်တိုင်ကြုံ ခဲ့ဖူးတာမို့ ဒီလိုကိစ္စတွေ ဖြစ်လာတာ မဆန်းပါဘူး လို့ ပြောပါရစေတော့
    ကိုယ်လို ရှည်ရှည်ဝေးဝေး လျှာရှည် တတ်သူတွေ ကို ကြည့်မရတဲ့ သမားတော်တွေ တွေ့ဖူးတယ်
    ဒါကြောင့်မို့ တတ်နိုင်သရွေ့ ကိုယ်နဲ့ ရင်းနှီးတဲံ့ ရိုးရိုးဆရာဝန်တွေ နဲ့ ပဲ အမြဲ ပြ ပြီး အကြံ ဥာဏ် ယူဖြစ်ခဲ့တယ်
    မဖြစ်မနေ ကိစ္စမျိုးတွေ မှာတော့ တတ်နိုင်သရွေ့ လေရှည် ပေးခဲ့ရဖူးတယ်ဆိုပါတော့
    တကယ်တော့ စံနစ်ကြီး တခုလုံး ကမှားနေတာပါလေ
    မီဒီယာတွေက ပြည်သူတွေ ရဲ့ နစ်နာမှုကိုဒီထက်ပိုပြီး ရေးသင့်တယ် လို့ သာ ပြောချင်မိတော့တယ်
ဲပြည်သူတွေက ဆွေးနွေးတိုင်ပင်ရကောင်းမှန်း သိရမှာ ဖြစ်သလို ဆရာဝန်တွေ သမားတော်တွေ ဖက်ကလဲ လူသားဆန်တဲ့စိတ်လေး တွေ ပိုရှိသင့်တာပေါ့ (အားလုံး ကို ၀ါးလုံးသိမ်းတာ မဟုတ်ဖူးနော်. တချို့ ကိဲု ပြောတာပါ)
    ReplyDelete
  8. Comment အတွက် ကျေးဇူးတင်ပါတယ် Tint. အင်္ဂလန်က Case မှာ Health Care Team တခုလုံး စနစ်တကျ ဆွေးနွေးတိုင်ပင် အလုပ်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အရေးယူလို့ မရဘူး ဆိုတာ ကျွန်မလက်ခံပြီးသား ဖြစ်ပါတယ်။
    မြန်မာပြည်က အခုဖြစ်သွားတဲ့ Case မှာ ကျွန်မဆိုလိုတာ မူရင်းသတင်းမှာ သူ့အမေက ဒီလို ပြေတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး Invetigation လုပ်လို့ ဒီလိုတကယ် ဖြစ်ခဲ့ရင် Surgeon က သွေးမစစ်ပဲ ခွဲစိတ်တာနဲ့ Pain Management ကို မလုပ်တာဟာ မြန်မာပြည်မှာ Guide line မရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်လို့ တိမ်းလို့ ရရင်ရမယ် အင်္ဂလန်မှာတော့ ရှောင်လို့မရဘူးဆိုတာ ကျွန်မ ရဲရဲ ပြောရဲတယ်။ အဲဒီပျက်ကွက်မှုကြောင့် ဖြစ်တဲ့အတွက် အရေးယူရမယ်ဆိုတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ Patient Centred Care ကို သုံးတဲ့အတွက် အနည်းဆုံးတော့ Patient Complaingt ကို Health Care Team က လစ်လျူရှုလို့မရပါဘူး။ Dr နေဦး ဥပမာပေးတဲ့ Case နဲ့ အခု Case ဘာမှ မဆိုင်ပါဘူး Tint. ပေးထားတဲ့ Link တွေကို ကျွန်မ မနက်ဖြန်အားမှ ပြန်ဖတ်ကြည့်လိုက်ပါ့မယ်။
    ReplyDelete
  9. မမသီရိရေ မျှဝေပေးသွားတာ ကျေးဇူးတင်ပါတယ်။ ဒီစနစ်ကို မတော်လှန်ပဲ လိုက်လျောညီထွေအောင် လိုက်လုပ်နေသေးသရွေ့တော့ ဒီလို အဖြစ်အပျက်တွေကို မြန်မာပြည်မှာ ရှောင်လွဲလို့ ရလိမ့်မယ်လို့ ကျွန်မထင်ဘူး။ ကျန်းမာရေး ကဏ္ဍမှာမှ မဟုတ်ပါဘူး ကဏ္ဍအားလုံးမှာ အစိုးရက တာဝန်ယူလုပ်ပေးရမယ့်ကိစ္စတွေမှာ မလုပ်ပေးနိုင်ပဲ ပျက်ကွက်နေလို့ လူတွေက မိမိဖါသာ ကြုံရင် ကြုံသလို ကြံဖန် ဖြေရှင်းကြရာမှာ အကျင့်စာရိတ္တတွေ ပျက်ပြားကြပြီး ဗုဒ္ဓဘာသာအများစု ရှိတဲ့နိုင်ငံမှာ တခြားနိုင်ငံတွေထက် Criminal တွေ ပိုများလာ ပညာရှင်ဟုတ်သူရော မဟုတ်သူပါ စိတ်ဓါတ်ရေးရာမှာ ချွတ်ခြုံကျလာတာတွေဟာ တိုင်းသူပြည်သားတွေမှာ ဒီခေတ်စနစ်ကို ပြုပြင်လိုတဲ့ ပြင်းပြသောဆန္ဒ လုံလောက်တဲ့ ဦးရေမှာ မရှိလို့ ဖြစ်ပါတယ်။ မျက်စိငရဲ နားငရဲ ဖြစ်လှတဲ့ မွေးမိခင်တိုင်းပြည်အတွက် ဒီခေတ်၊ ဒီစနစ်၊ ဒီအစိုးရ ပြုတ်ကျ နိုင်လောက်တဲ့အထိ တော်လှန်လိုတဲ့ အာသာဆန္ဒပြင်းပြသူ လုံလောက်စွာ ရှိလာပါစေလို့ပဲ ဆုတောင်းရတော့တယ်။
    ReplyDelete
  10. 3 Dec 09, 10:40
    အဖြူရောင်နတ်သမီး: “မြန်မာသတင်းမီဒီယာ....”ဖတ်ပြီး ဗဟုသုတတွေအများကြီးယူသွားပါတယ်...မငယ်ရေ...ကျေးဇူးပါ..
    3 Dec 09, 15:27
    သက်တန့်ချို: အစ်မရေ..ဆွေးနွေးချက်လေးလာဖတ်သွားပါတယ် အတော်ကလေး ပြည့်စုံကောင်းမွန်ပါတယ် အစ်မကျန်းမာပျော်ရွှင်ပါစေ......
    နောက်ဆုံးတော့ အဓိကဟာ ပင်စည်မကောင်းတာ အမြစ်ကြောင့်ဖြစ်ပါတယ် ရေးလောင်းသူတွေကြောင့်ချည်းပဲမဟုတ်ဘူး နေပြင်းလွန်းတာကြောင့်လည်း မဟုတ်ဘူး အမြစ်ကိုက မရှင်သန်နိုင်တော့လို့ပေါ့..
    လိုအပ်ချက်တွေမှန်သမျှ ပြီးပြည့်စုံလာမဲ့တစ်နေ့ကို မျော်လင့်ရင်း..................................
    ReplyDelete
  11. မငယ်နိုင်
    ကျမ ဘလောက်တွေလိုက်ဖတ် နေစဉ်ကတည်းက
    မငယ်နိုင်ရေးတဲ့ကွန်မန်းတော်တော်များများ
    ဖတ်ဘူးပါတယ်။
    ချက်နဲ့လက်နဲ့သုံးသပ်ရေးပြထားတဲ့အတွက်
    မငယ်နိုင်ကိုသတိထားမိတာကြာပါပြီ။
    ထူးချွန်ထက်မျက်တဲ့အမျိုးသမီးဘလောက်ကာထဲက
    အမျိုးသမီးတယောက်ပဲလို့
    မှတ်ချက်ပေးမိပါတယ်
    ခင်မင်လေးစားလျက်
    ReplyDelete
  12. ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ခွဲစိတ်အထူးကု ဆရာဝန်ကြီးကို ဆေးကုသခွင့် လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
    သူငယ်ချင်းတစ်ယောက်ရဲ့ gtalk မှာ တင်ထားတာတွေ့လို့။ ဟုတ်မဟုတ်တော့ မသေချာသေးဘူး။ သတင်းစောင့်ဖတ်ရဦးမယ်။ စနစ်ကတော့ ဘယ်တော့ပြောင်းမလဲမသိဘူး။ ဆရာဝန်ကတော့ စံပြထဲပာသွားပြီထင်တယ်။ အစ်မ အချက်အလက်နဲ့ ရှင်းထားတာကို သဘောကျတယ်။
    ReplyDelete
  13. တင်ပြီးမှ cbox ကို ကြည့်မိတယ်။ အမှိုက်ရှုပ်သွားရင် sorry ပာ။
    ReplyDelete
  14. မငယ်ရေ...လုံးဝ ထောက်ခံပါတယ်ရှင်၊ ကျမတို့ မြန်မာ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဆေးဝါးကုသမှု မှာ မငယ်ပြောသလိုပဲ တတ်မြောက်ကျွမ်းကျင်တယ်လို့ လူနာရှင်ရဲ့ ယုံကြည်ပုံအပ်ခြင်းကို ခံယူပြီး ခုလို လက်လွတ်စပယ် လုပ်နေ တာ အတော်ကို ရင်နာစရာ ကောင်းပါတယ်။ ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းလှပါရဲ့။
    မငယ်ရေ ဆောရီးပါ၊ လာနူတ်ဆက်ရင်းနဲ့ ပို့စ်လေးကိုဖတ်ပြီး ခံစားရလွန်းလို့ စီဘောက်မှာ မှားရေးမိတယ်။
    ReplyDelete
  15. တခုခုတော့ မှားနေပြီထင်တယ်။
    ဆရာဦးကြည်စိုးဆိုတာ စာမသင်ဘူးပေမဲ့ ။ စာမေးပွဲ အစစ်ခံဘူးပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ရန်ကုန်ဆေးတက္ကသိုလ် ၁ ရဲ့ ပါမောက္ခဌာနမှုးဟောင်းပါ။
    အငြိမ်းစားယူသွားတာမကြာသေးပါဘူး။ အခု
    လက်ရှိခွဲစိတ်ဆရာဝန် တော်တော်များများဟာ သူစာသင် လက်တွေ့ သင်ကြားပေးလိုက် လို့ လုပ် ကိုင်စားသောက်နေသူ များဖြစ်ပါတယ်။ သူရဲ့ 
    အတွေ့ အကြုံ လုပ်ရည် ကိုင်ရည် နဲ့ ပတ်သက်ပြီးပြောစရာမရှိပါဘူး။ Appendicitis ဆိုတာ မြန်မာပြည်မှာ အလုပ်သင်ဆရာဝန်တွေ တောင်တော်တော်diagnosis ရော operation ရော လုပ်တတ်ကြပါတယ်။ ဆရာကြီး ပင်စင်ယူပြီး နှစ်ပေါင်းများစွာ နာမည်တလုံးနဲ့  နေပြီးမှ အခုလို နာမည် ဆိုးနဲ့ အနားယူ သွားရတာ
    ခွဲစိတ်ဆရာဝန်တယောက်အနေနဲ့ စိတ်မကောင်းတုန်လှုပ်မိပါတယ်။တဘက် ကကြည့်ရင်လဲ သေဆုံးသွားတဲ့ သူအတွက် မိဘများ ဆွေမျိုးများ အတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်။အစားထိုးလို့ မရနိုင်ဘူးကိုး။
    ReplyDelete
  16. တခုခုတော့မှားမှန်းသေချာပါတယ်။
    ဒီမှာတော့ safety နဲ့ ပတ်သက်ရင် ၁။individual cause
    ၂။ Team cause ၃။institutional cause နဲ့  ၄။ policy cause ဆိုပြီး အဆင့်ဆင့် ကို လိုက်ကြည့်ရပါတယ်။
    အခုတော့ ချက်ချင်း စာနယ်ဇင်းတွေ ကပြောချင်ရာပြော။ ရေဒီယိုတွေ ကထည့်။ blog တွေ မှာရေးချင်ရာရေးနဲ့ အတော်အကြည့်ရဆိုးပါတယ်။စနစ်တကျ သွားနေတဲ့ နိုင်ငံ လူမျိုးနဲ့ မတူပါဘူး။
    ဆုံးဖြတ်ချက်ချတာတွေ အတော်မြန်ပါတယ်။စနစ်တကျ အချိန်ယူပြီး စစ်ဆေး မေးမြန်း ရဲ့ လားဆိုတာ သံသယဖြစ်မိပါတယ်။တရာဆွဲမလားကျေညာတဲ့  ကြော်ညာတွေ ဆေးရုံမှာလဲ ရှိပါတယ်။ ရေဒီယို ကလဲ ကြော်ညာပါတယ်။ ဆရာဝန် ဆရာမ ကလဲ အကောင်းဆုံး ကိုယ့်အလုပ် ကို ရတဲ့ ပိုက်ဆံနဲ့တန်အောင်လုပ်ပါတယ်။ကြောက်မနေပါဘူး။ လူနာအများစုကလဲ တရားမဆွဲကြပါဘူး။ အမှားမဖြစ်အောင်ဂရုစိုက်လုပ်မှန်း ပြစ်စလက်ခတ်မလုပ်မှန်းသိကြလို့ ပါ။တရားဆွဲရင်လဲ local အဆင့်နဲ့တင်ပြီးတန်ရင်ပြီးပါတယ်။ General medical Council အထိရောက်တာနဲပါတယ်။ အဲစီအဆင့် က အဆုံးအဖြတ်ပေးပြီးတော့မှ သတင်းစာတွေထဲ ပါပါတယ်။ သိတ်negligence ဖြစ်လွန်းရင် ဥပမာ ကျောက်ကပ်ဘယ်ညာလွဲ ခွဲမိတာအကောင်းကိုထုတ်ပြစ်ပြီးသေသွားတာတို့ ဆိုရင်
    ထောင်ချပါမယ်။ ဒါလဲ အများအားဖြင့်ဆိုင်းငံ့ထောင်ဒါဏ်တွေပါ။
    ReplyDelete
  17. စာတွေလာဖတ်မှတ်သွားတယ် မကြီးငယ်နိုင်ရေ...
    သေးဆုံးသွားတဲ့ အဲ့ဒီအမကြီး သတင်းတက်လာတော
    ခွဲစိတ်ကုဆရာဝန်(Surgeon)နဲ့ လူနာအကြား
    ကျနော်ဆရာဝန်တစ်ယောက်အနေနဲ့
    မတွေးတက်ဖူးလေ ..
    အဲ့တော့ လူနာတစ်ယောက်အနေနဲ့ပဲ တွေကြည့်ခဲ့မိတယ်..
    ခုတော့ ဆရာဝန်တင်မကဖူး သူနာပြုတွေ ဆေးရုံမှာတာဝန်ရှိသူတွေဘက်ကကော
    လက်ရှိမြန်မာပြည်က အခြေအနေပါ သုံးသပ်ပြပေးတာ အရမ်းကောင်းတယ် မကြီးရေ..
    အဲ့ဒီ့ Surgeon က ဘယ်လိုတုန့်ပြန်ဖြေရှင်းလဲ မသိဖူးခင်ဗျ ?
    ReplyDelete
  18. ၁။ individual cause အနေနဲ့  ခွဲစိတ်ဆရာဝန်မှာ တာဝန်အရှိဆုံးဆိုပေမဲ့  အခြား GP လွှဲတာနောက်ကျတာလား၊ မေးဆေးကြောင့်လား၊ ခွဲပြီး သွေးထွက်သွေးလွန်တာ အချိန်မှီ တာဝန်ကျဆရာဝန် ဆရာမတွေက မသိလို့ လား၊ဓါတ်ခွဲခန်း အဖြေတွေ အချိန်မှီမရလို့ အသိနောက်ကျတာလားအများကြီးရှိပါတယ်။ ခွဲစိတ်ဆရာဝန်တယောက်အနေနဲ့ တော့ appendicitis ကို ဒီမှာလဲ clinical presentation & examination နဲ့ ဘဲ ဆုံးဖြတ်ပါတယ်။ မီးကောင်ပေါက်အရွယ်ဆိုတော့ ကိုယ်ဝန်ရှိမရှိပါစစ်ရပါတယ်။ ဆီး နဲ့ သွေး full blood count နဲ့  U&E result တွေ နာရီဝက်အတွင်းရပါတယ်။
    တခြားဆင်တူ ရောပါတွေ ဖြစ်နိုင်လို့  အခု ဒီမှာ ကိုယ်ဝန်ရှိနိုင်တဲ့ အရွယ် မိန်းကလေးဆိုရင် laparoscopy နဲ့ keyhole surgery လုပ်ပါတယ်။ Appendicitis ဆိုရင် keyhole surgery နဲ့ ဘဲထုတ်ပါတယ်။ တခြား သားဖွားမီးယတ် ဟာတွေ့ ၇င် သူတို့ ကိုလွှဲပါတယ်။ပြဿနာတက်တာရှိနိုင်ပေမဲ့ ရှားပါတယ်။တချို့ လဲ ဒါရိုက်ခွဲတာပါဘဲ။ဘယ်သူမှ ၁၀၀% မမှန်နိုင်ပါဘူး။ဆရာကြီးရဲ့ ဆုံးဖြတ်ချက်လွဲစရာမရှိပါဘူး။ဖျားပြီး ဘိုက်နာတာကို့သွေးလွန်တုတ်ကွေးပြောတာလွန်ပါတယ်။ Diagnosis အများကြီးဖြစ်နိုင်ပါတယ်။ခွဲရာမှာလဲ ၁၀၀% အာမဘယ်သူမှ မခံနိုင်ပါဘူး။ အမှားရှိနိုင်ပါတယ်။ လစ်လျူရှုတဲ့ အမှားမျိုး negligence မဖြစ်ဖို့ သာ အရေးကြီးပါတယ်။ ခေါ်ရင်မလာတာတို့  ၊ သွေးထွက်တာ ဂရုမစိုက်တာတို့  သွေးပေါင့်ချိန်ကျနေရက်နဲ့  တခြား သူ ကို အချိန်မှီ အသိမပေးတာတို့ အကူအညီ မခေါ်တာတို့  အချက်အလက်များစွာရှိပါတယ်။သေပြီး ဘာကြောင့်သေလဲ postmoterm လုပ်တဲ့  ဟာလဲမသိရ။
    ReplyDelete
  19. ၂။ Team အနေနဲ့ မြန်မာပြည် မှာအလေ့အကျင့်နဲပါတယ်။ မြန်မာတွေ ဟာ တပင်တိုင်အက ကို ကြိုက်တယ်လို့ 
    သမိုင်းပညာရှင် ဒေါက်တာအောင်ခင် ကပြောဘူးပါတယ်။ နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေးတွေမှာ teamwork နဲ့ သွားတာရှားပါတယ်။
    တခုခုဖြစ်ရင် လက်ညှိုးထိုးကြတာများပါတယ်။လူနာကောင်းဘို့ အတွက် အားလုံးရည်ရွယ်ချက်တခုထဲသွားနေတာ မသိကြပါဘူး။
    ၃။.Institutional Cause အနေနဲ့ တော့ အဆင့်ရှိတဲ့  ဓါတ်ခွဲခန်း ခွဲခန်း အတွေ့ အကြုံရှိဆရာဝန်ဆရာမတွေ ခန့် ထားလား။ သူတို့ အရည်အချင်းစစ်ထားတာရှိလား။ ထခုခုဖြစ်ရင်အချိန်မှီ တယောက်ယောက်ခေါ်ဘို့ စနစ်ရှိသလား။ လူနာ အရေးကြီးတဲ့ အချိန် ရောက်ပြီလို့ 
    ဆုံးဖြတ်နိုင်တဲ့ simple score system တွေရှိလား။စသည်ဖြင့် အများကြီးရှိပါတယ်။
    ၄။Policy cause ကတော့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာန တွေ ကနေ ပုဂ္ဂလိကဆေးရုံတွေ ဘယ်လို အချက်အလက်နဲ့ ညီတဲ့ အဆောက်အအုံ လူ ပစ္စည်းတွေ နဲ့  ကိုက်ညီ ရမယ် ဆိုတာလိုသလို ။ ဘာကြောင့် တခြို့ အထူးကုဆရာဝန်ကြီးတွေ လူနာ ကြိတ်ကြိတ်တိုးဖြစ်နေလဲ အကြောင်းရင်းစိစစ်ပြီး
    အထူးကုတွေ ၅၆ သန်းအတွက် ပိုလိုလား ။ scanner , lab facility တွေလို လား ဥပဒေ လိုလား ဖြည့်တင်းပေးရပါမယ်။Clinical Governance ဆိုတဲ့  risk assessment , audit , education and traing, information accessment, clinical effectiveness
    စသည်ဖြင့် တခြားအထောက်အကူပြု အဖွဲ့ တွေ ဟာတကယ်အပြင်မှာလုပ်နေကြတာပါ။ ဆရာဝန်ဆရာမ တွေ ကသူတို့ ကို ကြတ်တယ်လို့  အစ က ထင်ပေမဲ့  လူနာကောင်းကြိုးအတွက်မို့ အားလုံးက လက်ခံကြပါတယ်။
    လူနာ လူနာရှင်နဲ့  ဆရာကြီးဦးကြည်စိုးအတွက် တော့ စိတ်မကောင်းစရာပေမဲ့  wake up call မလို့  မြန်မာ နိုင်ငံအတွက်တော့ ပြုပြင်လာရင် အနဲငယ်ကောင်းလာဘွယ်ရှိပါတယ်။
    ReplyDelete
  20. ပြောဘို့ မေ့သွားတယ်။ ကျနော် UK မှာ အလုပ်လုပ်နေတာပါ။
    ReplyDelete
  21. နောက်ထပ် လာဖတ်ပြီး မှတ်ချက်ပေးသွားကြတဲ့ မနန်း၊ တော်ကီ၊ မချစ်ကြည်အေး၊ ဖြိုးဝေနဲ့ အမည်မဖေါ်လိုတဲ့ အင်္ဂလန်က Surgeon တဦးကို ကျေးဇူးတင်ပါတယ်။
    အခုလူနာ သေသွားတဲ့ ကိစ္စမှာ Diagnosis မမှားရင် Surgeon နဲ့ ဘာမှကို မဆိုင်ဘူးဆိုတဲ့ သဘောထား ကျွန်မမှာ ရှိပြီး မှားရင်တောင်မှ နှစ်ရက်ကြာမှ ဆုံးတဲ့အတွက် Surgeon နဲ့ တစိတ်တဒေသပဲ ဆိုင်တယ်ဆိုတဲ့ သဘောထားလည်း ကျွန်မပို့စ်ကို အသေအချာ ဖတ်ကြည့်ရင် ဆရာသိပါလိမ့်မယ်။ ဒါကြေင့်မို့ ကျွန်မဆိုလိုချင်တာ မြန်မာနိုင်ငံရဲ့ အဘက်ဘက်မှ ယိုယွင်းနေတဲ့ ကျန်းမာရေး စောင့်ရှော်ကမှု စနစ်ကြီး တခုလုံးကို ဖြစ်တယ်။ ဆရာ ဦးကြည်စိုးကို ဆိုလိုချင်တာ မဟုတ်ဘူးဆိုတာ အင်္ဂလန်က အမည်မဖေါ်လိုတဲ့ Surgeon ကို ပြောချင်ပါတယ်။ အခု ဆုံးဖြတ်ချက်ချလိုက်တာဟာ Team နဲ့ ကိုယ်စီတာဝန်ယူမှုနဲ့ အလုပ်လုပ်တဲ့ စနစ်မဟုတ်တော့ ပြဿနာဖြစ်တာနဲ့ ပြဿနာတွေ အားလုံးကို ဆရာဝန်ကြီး ခေါင်းပေါ် ပုံပေးလိုက်တယ်လို့ပဲ ယူဆတယ်။ ကျွန်မတို့ ကျောင်းမှာ Case Review တွေကို ဆွေးနွေးရင် သြစေကြးလျားတခုတည်းက Case တွေကို ဆွေးနွေးတာ မဟုတ်တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကျွန်မအတွက် အသစ်အဆန်း မဟုတ်ပါဘူး။ ဆရာ့ဆွေးနွေးချက်မတွေ ကျွန်မ အလေးအနက်ထားပြီး ဖတ်ပါတယ်။ ဆွေးနွေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
    ReplyDelete
  22. တခါက ( ရက်စွဲကို အတိအကျမှတ်မိပါတယ်။ထားပါ တခါကလို့ ဘဲ )
    ဆရာကြီးတွေများကြီး ( နာမည်တွေတော့ မဖေါ်ပရစေနဲ့  ) နဲ့ တူတူ ရေခဲတိုက်ထဲမှာ စာစုဖတ်ဘူးတယ်
    သင်ပေးတဲ့ ကိုယ်တို့ ဆရာကြီးက အဲနေ့ မရှိဘူး ( ဘယ်သွားနေလဲ မမေးနဲ့ နော် ၊ လုံးဝဖေါ်ပြောမယ်မဟုတ်
    )
    အဲတင် ဘာဖြစ်လဲဆိုတော့ အဲနေ့ က လုပ်ရမှာက facial nerve ရှာပါတဲ့  ။
    ထုံးစံအတိုင်းတော့ ချာတိတ် ကိုယ့်ကိုဘဲ ခိုင်းကြတာပေါ့ ( ကိုကလဲ အဲ mortuary က ဂျိုးတို့ တောင်ဆရာခေါ်နေရတဲ့ အနေကိုး)
    အဲတင် ကိုယ်က လက်ဆော့လိုက်တော့ အရေပြားအောက် သိပ်မခွါရဘူး ၊ facial nerve နဲ့  ဆင်ဆင်လေးတူသော structure တခု ပေါ်လာရော ။ ဒီတင် ဆရာကြီးတွေ ရွှီးကြပါလေရော ။ ကိုလဲ ထိုင်ကြည့်နေရင်းနဲ့  စိတ်ထဲ မသင်္ကာတာနဲ့  ကိုယ်နဲ့  ရင်းတဲ့ ဆရာတယောက် ( သူက ခု လူကြီးဖြစ်နေပါပြီ ၊) ကို ကပ်မေးတယ် ။ အဲတင် ဘာပြောလဲဆိုတော့ ငါက စာရှည်ရင် Playboy တောင်ဆုံးအောင်ဖတ်ဘူးတဲ့  ။ဟိဟိ။ ကောင်းရော (ဘယ်လိုစိတ်ကူးနဲ့  စာမေးပွဲ ဖြေဘို့ စဉ်းစားလဲ တော့ မသိ .။ )
    ReplyDelete
  23. အဲနဲ့  မနေနိုင်တော့ အကိုတို့  ဆရာတို့  ခဏလေးအရွှီးရပ်ပါ
    ကျွန်တော် ဆက်နှိုက်ပရစေဆိုတော့ ဆရာကြီးတွေ ဒေါဖေါင်းရော ။ ဟာဒီမှာအချိန်မရှိဘူးတွေ့ နေတဲ့ ဟာကို မင်းဘာရှည်တာလဲတဲ့ 
    မဟုတ်ပါဘူးဆရာတို့ ရယ် ၊ လဘက်ရည်သွားသောက်ကြပါ နာရီဝက်လောက် ၊ ကျွန်တော် နောက်တဘက်ခွဲမှာပါ။ဆ၇ာတို့ ခုပြောနေတဲ့ ဟာကြီး ကို မထိစေရပါဘူးဆိုတော့မှ ကိုယ့်ကို အလောင်းကြီးနဲ့ တယောက်ထဲထားခဲ့ ပြီးလစ်ကုန်ရော
    အဲတော့မှ ကိုယ်ဟိုဘက်ဆက်နှိုက်တော့ လား လား facial nerve ဆိုတာ လက်သန်းလုံးတ၀က်လောက်ရှိတယ် နဲတာကြီးမှမဟုတ်တာ ။ ခုန ကိုတွေ့ ထား သူတို့ ရွှီးနေတဲ့  ဟာကြီးက great auricular nerve ဆိုတဲ့  ဟာလေးက အပ်ချည်လုံးလောက်ရယ် ။
    (ငယ်နိုင်ရေ ။ထောက်လာတဲ့ သူတေါကို ကျမအော်ဇီမှုာ ကျောင်းက သင်ထားတဲ့  ဘာညာဘာညာဆိုတာတွေက ထပ်နေတော့ ကို ယ်တွေ့ လေးတခုပြန်ရေးပေးတာပါ .။ ခက်တယ်ကွာ ။ ကိုယ့်က ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာ မပြောတတ်တာက ။ )
    ReplyDelete
  24. Anyway,Burmese r tired about mediccare system.They have to pay too much money for the specialist.Most of the specialists check the patient just only a few minutes and they never smile to the patients and no respect..Onthe the otherside,they want to get respect 'saya.saya from the patients and they respect just money from the patient.so,when this happen,all the media have chance to fight them whethr it was right or wrong.
    ReplyDelete
  25. ကိုတင့်ကနေ ဒေါက်တာတင့်လို့ ပြောင်းခေါ်ရမလား မသိဘူး။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်နေတာ သြဂုတ်လကတောင် သားသား ဘာသာရေးမွေးခွန်း မေးတဲ့ ပို့စ်တင်တုန်းကတည်းက ဘာသာရေး Linkတွေနဲ့ အဖြေကို မေးလ်နဲ့လည်းပို့ Comment မှာလည်းပါ ၀င်ရေးပေးခဲ့လို့ မှတ်မိနေပေမဲ့ ခွဲစိတ်ဆရာဝန်တယောက်မှန်းတော့ Public Health in Myanmar မှာ ရေးထားတဲ့ မှတ်ချက်တွေကိုတွေ့လို့ အခုမှ သိတယ်။ ကျွန်မတို့ တက္ကသိုလ်မှာ ကျွန်မတွေ့ရတဲ့ ဆရာတွေကတော့ ကျောင်းသားတွေ စကားများများ ပြောတဲ့ ဆရာတွေပဲ တွေ့ရပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းလိုက် Physiology သင်ရင် ဆိတ်နဲ့ သိုးတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ခွဲပြီး နှလုံးမှာရှိတဲ့ အစိတ်အပိုင်းတွေ၊ ဦးနှောက်၊ မျက်လုံး စတာတွေမှာ ရှိတဲ့ အစိတ်အပိုင်းတွေကို တွေ့အောင်ရှာပြရတယ်။ ကျွန်မ တက်တဲ့ တက္ကသိုလ်မှာ အဖြစ်သဘောပဲ လေ့လာပြီး ဖြီးလို့မရဘူး။ ထောက်လာတဲ့သူတွေကို ကျောင်းက သင်ထားတာလို့ ပြန်ပြောရတာက ကျွန်မကို အင်တာနက်မှာ ရှာဖတ်ပြီး ဖြီးတာတယ်လို့ ဟိုဘက်ဘလော့ဂ်မှာ တယောက်လာပြောထားတာရယ်၊ ပြီးတော့ အဲဒီဘလော့ဂ်မှာ စာရေးတော့ ဆရာဝန်မှတ်ပြီး လူတွေအထင်ကြီးနေမှာစိုးလို့ ရှားရှားပါးပါး အဲဒီဘလော့ဂ်မှာ လူများများ စာလာဖတ်တုန်း ဆရာဝန်မဟုတ်ဘူးဆိုတာ ပြောပြရင်း ကျောင်းမှာ သင်ရတဲ့ အကြောင်းကို ထည့်ပြောဖြစ်တာပါ။
    ReplyDelete
  26. အမည်မဖေါ်လိုသူရေ- မြန်မာပြည်မှာ Medicare ဖြစ်ဖို့ အဆင့်မရောက်အောင် သွားမစဉ်းစားင် ပတ်ဝန်းကျင်အိမ်နီးချင်း နိုင်ငံတွေနဲ့ အဆင့်ကို ရအောင်တောင် အရင်ကြိုးစားဖို့တောင် အများကြီး လိုဦးမယို့ ထင်ပါတယ်။
    မြန်မာပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှုက Team နဲ့ အလုပ်လုပ်တာမဟုတ်ပဲ ဆရာဝန်ကသာ ဦးဆောင်ပြီး လုပ်တာဝန်ခံရတော့ လူနာနဲ့ Staff ကြား၊ Team member အချင်းချင်းကြား ဆက်ခံရာမှာ သိပ်အရေးကြီးတဲ့ Clinical Competency ဆိုတာကို ကျောင်းမှာကတည်းက သင်ရပုံမရဘူး။ အဲဒါကို မသင်ထားတော့ Biological Health ကိုပဲ အဓိကထားပြီး Humanity နဲ့ ဆိုင်တဲ့ Phychosocial Health ကို လစ်လျူရှုလို့ Interpersonal Communication ဆိုတဲ့ ဖေါ်ရွှေပြူငှာစွာ ဆက်ဆံတဲ့ အကျင့်မရှိကြဘူး။ ဒီမှာလည်း နိုင်ငံခြားတိုင်းပြည်က အလုပ်လာလုပ်တဲ့ ဆရာဝန်တချို့ အဲဒီပြဿနာ မကြာခဏကြုံရတာတွေ့ပါတယ်။ ဆရာဝန်တွေ နာ့စ်တွေရဲ့ အပြုံးနဲ့ ဖေါ်ရွှေရင်းနှီးစွာ ဆက်ဆံမှုဟာ လူနာအတွက် အင်အားဖြစ်စေတယ်ဆိုတာ ဒီမှာတော့ Clinical Competemcy ထဲမှာ ကျွန်မတို့ သင်ရတာ အရေးကြီးဆုံး အချက် အဖြစ် Professional Practice ထဲမှာတောင် ထည့်ထားပါတယ်။
    ReplyDelete
  27. Its time to change the burmese culture .most doctors want to get respect like Boss,king,from the people.But they do not respect the paitents.They respect just money from the patients.When patients ask questions,they dont like it.If u pay the money that doctor ask,u have to understand that he must takecare his job.If he doesent care his work,see him at the court.Thats the way in America that american people do.If the car driver kill a person by his mistake, he has to go to jail.,if the doctor kill a person by his mistake or careless,he has to go to jail.same.
    ReplyDelete
  28. မငယ်နိုင်
    အောက်မှာဖေါ်ပြထားတာတွေဟာ ကျွန်တော်တင်ဖို့ကြိုးစားပြီးတင်မရတဲ့တွေပါ။ီ
    တချို့ကတော့ ဝေါဟာရပြဿနာ၊တချို့ကတော့ နားလည်မှူပြဿနာ။
    တချို့ကိုမငယ်နိုင်သိပြီးသွားပြီဖြစ်ပေမယ့် ပြန်ပြင်မနေတော့ပဲပို့လိုက်တယ်။
    တချို့ကကျွန်တော်သိချင်တာတွေ။
    ရွှန်လန်းချမ်းမြေ့ပါစေ။
    မငယ်နိုင်အကြောင်းကြောင်းကြောင့် ခုမှပြန်ဖတ်ဖြစ်၊ရေးဖြစ်ပါတယ်။
    ကျွန်တော်ရေးထားတာတွေက comment တင်မရတဲ့ပြဿနာကြောင့် ခုအချိန်မှာ ခေတ်နောက်ကျနေ (တခြားသောသူများက စေတနာဖြင့် ထောက်ပြပြီးဖြစ်နေတာမျိုးပါ) ပေမယ့် ကိုယ်တိုင်စခဲ့တဲ့အပိုင်းကို ကိုယ်တိုင်ထပ်ရေးလိုက်တာပါ။ ပြီးတော့ကျွန်တော်မသိတာတွေလဲသိချင်လို့ပါ။
    ၁. Laparoscopic appendicectomy လုပ်လဲ General Surgical ward မှာပဲထားပါတယ်။ တခြားသော Speciality များလဲ Minimally invasive surgery/ endoscopic surgery လုပ်ကြတော့၊ ဆိုင်ရာ speciality များမှာပဲထားကြပါတယ်။ e.g Laparoscopic Hysterectomy, Endoscopic nephrectoomy,
    Australia မှာ Laparascopic ward သပ်သပ်ထားရင်တော့တမျိုးပေါ့ခင်ဗျာ။ ဒါပေမယ့် ၀မ်းဗိုက်ခွဲထားသူအားလုံးကိုတောင် စုပေါင်းပြီး Laparostomy ward မှာထားတယ်ဆိုတော့ Laparascopic ward သပ်သပ်ရှိမယ်လို့မထင်မိပါ။
    Australia မှာ အဲဒီလိုထားတာခုမှသိတယ်။ Australia နဲ့ UK ဟာ ပုံစံချင်းခပ်ဆင်ဆင်ပါ။ တပုံစံထဲလို့တောင်ပြောလို့ရတယ်။ (မှတ်ချက်၊ ကျွန်တော် UK မှာအလုပ်လုပ်နေသူ/နေထိုင်သူမဟုတ်ပါ)။
    ReplyDelete
  29. အပေါ်က မှတ်ချက်နဲ့ ဒီမှတ်ချက်က စာဖတ်သူ Kyaw Zin ဆီမှ မှတ်ချက်ထဲ ပို့တာ မ၀င်လို့ ကျွန်မဆီကို မေးလ်နဲ့ တဆင့်ပို့လာခိုင်းပြီး အားလုံးဖတ်လို့ ရအောင် ထည့်ထားပေး တာဖြစ်ပါတယ်။ (ငယ်နိုင်)
    Oesophageal surgery လုပ်ထားသူတွေကို Cardio-thoracic ward မှာထားသလား။
    ”နှလုံး၊အဆုပ်၊အသည်း ခွဲစိပ်တာမဟုတ်လို့ Cardio-thoracic ward ကိုပို့လို့မရဘူး” ဆိုတော့ အသည်းကိုခွဲ(စိပ်)ထားတဲ့လူနာကို Cardio-thoracic ward မှာထားပြီးကုသပါသလား။ (Liver is in Abd cavity and in the domaine of General/ or hepatobiliary surgery)
    Recovery room မှ သက်ဆိုင်ရာလူနာဆောင်သို့ထွက်သွားတိုင်း ခွဲစိပ်ကုသမှုအောင်မြင်ပြီးဆုံးပြီပြောလို့မရပါ။ ဘယ်ခွဲစိပ်ဆရာဝန်မှလဲပြောမှာမဟုတ်ပါ။
    ဆေးရုံမှဆင်းသွားနိုင်သည့်တိုင်ပြောလို့မရသေး သည့် အခြေအနေ/ရောဂါများရှိပါတယ်။
    e.g. anastomotic leakage, stricture,fistulatin, recurrence, residual, etc. etc. etc.
    Follow up ဆိုတာဘာအတွက်လဲ?
    “ဒီမှာဝမ်းဗိုက်ခွဲစိတ်ရမဲ့ လူနာ အတော်များများကို သေချာအောင် Laparotomy လုပ်ပြီးမှ ခွဲစိတ်ရလို့” ဆိုတာကိုလဲ နားမလည်ပါ။
    Laparotomy ဆိုတဲ့စကားလုံးကိုယ်၌က “၀မ်းဗိုက်ကိုခွဲစိပ်ဖွင့်ခြင်း” လို့အဓိပါယ်ရပါတယ်။
    ဒီတော့ မငယ်နိုင် ရေးထားတာ ဒီမှာဝမ်းဗိုက်ခွဲစိတ်ရမဲ့ လူနာ အတော်များများကို သေချာအောင် “၀မ်းဗိုက်ကိုခွဲစိပ်ဖွင့်ခြင်း” လုပ်ပြီးမှ ခွဲစိတ်ရလို့” ဖြစ်သွားပါတယ်။
    မငယ်နိုင် ဟာ ပြည်သူကိုကျန်းမာရေးအသိပညာဗဟုသုတတွေဖြန့်နေသူမို့ ဒါတွေကိုရေးလိုက်တာပါ။
    ReplyDelete
  30. ကိုကျောဇင် မှတ်ချက်အတွက် ကျေးဇင် မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မထင်တာ မှတ်ချက်ရှည်လို့ ထည့်မ၀င်တာ ဖြစ်နိုင်တယ်။ ဒီမှတ်ချက်ကို တခုတည်း ပို့တော့ မ၀င်ဘူး နှစ်ခုခွဲပို့မှ ၀င်သွားတယ်။ ကျွန်မ ဝေါဟာရ မကွဲခဲ့လို့ နားမလည် ကိုကျော်ဇင် အပါအ၀င် စာဖတ်သူတွေအတွက် နားမလည် ဖြစ်သွားရတာကို တောင်းပန်ပါတယ်။ ဝေါဟာရ မကွဲတာကတော့ ဟိုဘက်ဘလော့ဂ်မှာ တခြားသူတွေ အတော်များများ ရှင်းပြထားလို့ ကျွန် ရှင်းသွားပြီမို့ ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး။
    Public Health in Myanmar မှာရှိတဲ့ ပို့စ်တွေကို ကိုကျော်ဇင် လေ့လာကြည့်ပါ။ ကျန်းမာရေး ပညာဗဟုသု မရှိသေးတဲ့ သာမာန်ပြည်သူတွေကို အသိပေးပညာပေး ပို့စ်တွေရှိသလို အချင်းချင်း ဆွေးနွေးတဲ့ ပို့စ်တွေလည်း ရှိပါတယ်။ အခုကိုကျော်ဇင် လာမှတ်ချက်ပေးတဲ့ပို့စ်က တခြားသူတွေကို ပညာပေးတဲ့ ပို့စ်မဟုတ်ပဲ အချင်းချင်း (သို့) စာဖတ်သူများထဲက စိတ်ဝင်စားသူတွေ ဆွေးနွေးကြတဲ့ ပို့စ်ဖြစ်ပါတယ်။ ပညာပေးတဲ့ ပို့စ်တွေမှာလည်း တချို့မသေချာတာတွေကို အချင်းချင်း ဒီလိုပဲထောက်ပြကြတာတွေ ရှိပါတယ်။ အဲဒီအလေ့အကျင့်ဟာ သိပ်ကောင်းပါတယ်။ ကိုကျော်ဇင်က ထပ်ပြီး အလေးအနက်ထား ဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။မေးထားတာတွေနဲ့ ပတ်သက်ပြီး ကျွန်မ မှတ်ချက် နောက်တခု ရေးပြီး ထပ်ဖြေမယ်။
    ReplyDelete
  31. အသည်းကိုခွဲတာ ကျွန်မ ရောသွားလို့ အသည်းက Cardio-thoracic မဟုတ်ဘူး ဆိုတာ ဟုတ်ပါတယ်။ Cardio-thoracic ward မှာ အဆုပ်နဲ့နှလုံး နှစ်ခုကိုပဲ အဓိထားပါတယ်။ နှလုံးမှာမှ Coronary နဲ့ဆိုင်တဲ့ လူနာကို Coronary Care Ward ဆိုတာ Cardio-Thoracic နဲ့ မဆိုင်တဲ့ Ward ကို သီးသန့်ပို့ပါတယ်။ အဆုပ်နဲ့ နှလုံး ခွဲစိတ်ခန်းက ထွက်တဲ့ လူနာတွေကို အထူး ကြပ်မတ် စောင့်ရှောက်ဖို့ လိုတဲ့အတွက် Recovery Room ကို မပို့ပဲ Intensive Care Unit (ICU) တန်းကိုပို့ပြီး အဲဒီမှာ Stable ဖြစ်ရင် Ward တွေကို ပို့ပါတယ်။ တခြား Theatre တွေက ထွက်တဲ့ လူနာကိုပဲ Recovery Room ကတဆင့် Ward တွေကို ပို့တယ်။ Recovery Room မှာ တနာရီကနေ နှစ်နာရီ ခွဲ ၃ နာရီထက် ပိုမထားပဲ stable မဖြစ်ရင် (ICU) ကို ပိြု့ပီး အဲဒီမှတဆင့် Ward (သို့) ခွဲခန်း ပြန်ဝင်ဖို့လိုရင် ခွဲခန်း ပို့တယ်။ ခွဲစိတ်မှု အောင်မြင်စွာ ပြီးပြီလို့ သတ်မှတ်မှ Recovery room ကနေ Ward ကို ပို့လို့ ရပါတယ်။
    (((e.g. anastomotic leakage, stricture,fistulatin, recurrence, residual, etc. etc. etc.
    Follow up ဆိုတာဘာအတွက်လဲ? )))
    ဒါကို ကျွန်မ ပြောထားတဲ့အထဲမှာ မပါတဲ့အတွက် ကျွန်မမသိဘူး။ တခြား ဘာကျန်သေးလဲမသိဘူး။ ဝေါဟာရတွေနဲ့ ပတ်သက်ပြီး ထပ်ဆင့် ပြောပြထားတာ အထူးကျေးဇူးတင်ပါတယ်။
    ReplyDelete
  32. ကျွန်တော်ဘဝင်မကျတဲ့အချက်တချို့ပြောချင်ပါတယ်။
    ကျွန်တော်ကမြန်မာပြည်မှာအလုပ် ဝင် ဘူး ခဲ့ သ လိုလောလောဆယ် UK မှာအလုပ်လုပ်နေသူပါ။ MRCP စာမေးပွဲတွေလဲဖြေဖူး တော့ COMMUNICATION ဘယ် လောက် အ ရေးကြီး သ လဲ ဆိုတာအခု Case က သက် သေ ပြ လိုက် တယ် လို့ဆိုချင်ပါတယ်။ Dignosis
    မှားတာဒီလောက်ပြသနာမဟုတ်ပါ။နှစ်ပေါင်းလေးဆယ် လောက် Appendicitists တွေ ခွဲ လာ တာ ဗိုက်ဖွင့်ပြီး Appendix ကို မြင် တာ နဲ့ Appendicitis မဟုတ် တော့ ဘူး၊ငါ မှား
    သွား ဘီ ဆို တာ သိ ရ မှာဘာ ။ သိ ရင် တ ခြား Alternative Diagnosis ကို ဘာ လို့ မစဉ်း စားတာ လဲ ၊ဘာ လို့ လူနာရှင် ကို Honestly အ မှန် အ တိုင်း ရှင်း မ ပြ ခဲ့ ရ တာ လဲ ။ ။ လူ နာ က စ တွေ့ က တဲ က အ သည်း အ သန် !!Dengue shock ဖြစ် နေ တာ ဘာလို့များ Poor condition, poor prognosis , chance of survival , peri/post op- risks etc--- လူနာ ရှင် တွေကိုအ ချေ အနေအ မှန် အ တိုင်း ရှင်း မ ပြ ခဲ့ ရ သ လဲ။ Honesty ရိုးသားမှူ နဲ့ Communication က မြန်မာပြည်ဆေးလောကမှာလိုနေပြီ လို့ဆိုချင်တာပါဘဲ။
    ReplyDelete
  33. Anonymous ပြောတာ ကျွန်မ လက်ခံပါတယ်။ Team အနေနဲ့ အလုပ်မလုပ်တာလည်း အဆိုးဆုံးဖြစ်ပါတယ်။
    ReplyDelete
  34. Hi - I am really delighted to discove this. great job!
    ReplyDelete
  35. ဂရမ်မာကြာရွက်April 13, 2011 at 12:42 AM
    Nge Naing said...
    (( ကျွန်မ မြန်မာစာရော အင်္ဂလိပ်စာပါ သတ်ပုံ သိပ်မှားတတ်ပါတယ်။ သတိထားမိတာတွေတော့ ပြင်လိုက်ပါတယ်။ မှားနေသေးရင် တိတိကျကျ ပြောပြပေးဖို့ တောင်းဆိုပါတယ်။ အမည်ဖေါ်ပြီး လာလည်း ဘာမှမဖြစ်ပါဘူး။ မှားနေလို့ ထောက်ပြသူကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ))
    မငယ်နိုင်
    မငယ်နိုင်က မှားနေသေးရင် တိတိကျကျ ပြောပြပေးပါ ဆိုလို့ မှားနေသေးတဲ့ စာလုံးတွေကို ပြင်ပေးလိုက်ပါတယ်။
    Victal Signs -----> vital signs
    Neological Assessment -----> neurological assessment
    Elecytolyte balance and serum level -----> serum electrolyte level
    Health Care etnic -----> health care ethics
    Safty -----> safety
    ဂရမ်မာကြာရွက်
    ReplyDelete
  36. ဂရမ်မာ ကမာရွတ် - စာကိုအသေအချာဖတ်ပြီး ထောက်ပြပေးသွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြင်လိုက်ပါပြီ။ ဂရမ်မာ ကမာရွတ်မဟုတ်ဘဲ စပယ်လင်ကမာရွတ်ဆိုရင် ပိုမှန်မယ်ထင်တယ်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
    ReplyDelete
  37. မငယ်နိုင်
    မှားနေတဲ့ စာလုံးတွေ ပြင်လိုက်တဲ့ အတွက် ကျေးဇူးပါ၊ မငယ်နိုင်။
    မငယ်နိုင်ရဲ့ ပို့စ်မှာ မငယ်နိုင် ပြင်ပြီးတဲ့ စာလုံးတစ်လုံးက မှားနေပါသေးတယ်။
    Health Care ethnics မဟုတ်ပါဘူး၊ health care ethics ဖြစ်ရပါမယ်။
    နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါ။
    မငယ်နိုင် နဲ့ တကွ မြန်မာပြည်သူအားလုံး မင်္ဂလာ သင်္ကြန်ချိန်ခါမှာ ပျော်ရွှင်ကြပါစေ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
    ReplyDelete
  38. လွဲပြီးရင်းလွဲဆိုတာ အဲဒါပဲထင်တယ်။ ဂရမ်မာကြာရွက်ကလည်း ဂရမ်မာ ကမာရွတ် ဖြစ်လိုဖြစ်နဲ့။ C-Box မှာ အယုတ္တအနတ္တ လာလာဆဲနေတဲ့တယောက်ကလည်း Teacher ကိုတောင် ပေါင်းလို့မတတ်သေးဘဲနဲ့ ဘလော့ဂ်ရေးနေတယ်လို့ ရှုပ်ချဖူးတယ်။ ဘယ်ပို့စ်မှာမှားနေတယ် ဆိုတာလည်း မပြောတော့ ဘယ်မှာသွားပြင်ရမှန်း မသိဘူး။ အခုလို ဂရမ်မာကြာရွက် ထပ်ပြီး လာအသိပေးတာ ကျေးဇူးနော့်။ နာမည် မှားသွားတာလည်း ဆောရီးပါနော့်။ Malware ကြောင့် ဖြုတ်ထားရတဲ့ ဘလော့ဂ် Link တွေကို နှစ်မကူးခင် ပြန်ချိတ်ရင်း ဖတ်ရတော့ အမြန်လိုသွားလို့ပါ။
    ReplyDelete
  39. ဂရမ်မာကြာရွက်April 13, 2011 at 9:54 AM
    မငယ်နိုင်
    မငယ်နိုင်က လွဲပြီးရင်း လွဲတာ မဟုတ်ပါဘူး၊ ပညာရှိ သတိဖြစ်ခဲတာပါ။
    မငယ်နိုင်ရဲ့ တချို့ အမှားတွေက စာရိုက်တာ မှားတာပါ။
    စာလုံးပေါင်းအမှန်ကို သိလျက်နဲ့ စာရိုက်ရာမှာ ကီး အမှန်ကို မရိုက်မိပဲ ကီး အမှားကို ရိုက်မိတာ။
    ဒါမှမဟုတ် ကီး အမှန်ကိုပဲ အပို ထပ်ရိုက်မိတာ။
    ဒါမှမဟုတ် ကီး အပို ရိုက်မိတာ။
    ဥပမာ - vital signs ကို Victal Signs လို့ မှားရိုက်တာမျိုးပေါ့။ (ကီး အပို ရိုက်မိတာ။)
    teacher ကို Teachar လို့ မှားရိုက်တာမျိုးပေါ့။ (ကီး အမှန်ကို မရိုက်မိပဲ ကီး အမှားကို ရိုက်မိတာ။)
    teacher ကို Teeacher လို့ မှားရိုက်တာမျိုးပေါ့။ (ကီး အမှန်ကိုပဲ အပို ထပ်ရိုက်မိတာ။)
    မငယ်နိုင်ရဲ့ တချို့ အမှားတွေက မျက်စေ့ ရှန်းသွားတာပါ။
    ဥပမာ - health care ethics ကို Health Care ethnics လို့ မှားတာမျိုးပေါ့။
    ကိုယ့်ထမင်းကိုယ်စားပြီး ပြည်သူတွေကို ဗဟုသုတ မျိုးစုံ ဖြန့်ဝေပေးနေတဲ့ မငယ်နိုင်လို ပြည်သူ့ ဘလော့ဂါ တစ်ယောက်အဖို့ အချိန်ဆင်းရဲတော့ အမြန် ဖတ်လိုက်လို့ မျက်စေ့ရှန်းသွားတာမျိုး၊ အမြန် ရိုက်လိုက်လို့ စာရိုက်တာ မှားသွားတာမျိုး ကတော့ မကြာမကြာ ကြုံနေရမှာပါပဲ။ ကိစ္စ မရှိပါဘူး။ မှားနေရင် ပြင်လိုက်ရုံပါပဲ။
    ReplyDelete
  40. Hey - I am really glad to find this. cool job!
    ReplyDelete
  41. Hi - I am really delighted to discover this. great job!
    ReplyDelete
  42. Unquestionably believe that which you stated. Your favourite reason appeared to
    be on the internet the simplest factor to have in mind of.
    I say to you, I definitely get irked at the same time as other people think about worries that they plainly don't recognize about. You controlled to hit the nail upon the top and defined out the entire thing with no need side-effects , other folks could take a signal. Will likely be back to get more. Thanks
    Visit my web blog - see my 3 credit scores
    ReplyDelete
  43. What's Going down i'm new to this, I stumbled upon this I've found It absolutely useful and it has helped me out loads. I'm hoping to give
    a contribution & aid other users like its aided me. Good job.
    my web page: perfumes
    ReplyDelete
  44. Thankfulnesѕ to my fathеr who
    stated to mе about this ωebpage, this websitе is tгulу aωеsome.
    Feel frеe to visit my ωeb page ...
    harbourrecords.com
    ReplyDelete
  45. Hey І know thіѕ is off topic but I was wondering if уou
    kneω of anу wіԁgеts Ι
    could add to my blоg that automatiсally tweеt mу neωest
    twittеr upԁates. I've been looking for a plug-in like this for quite some time and was hoping maybe you would have some experience with something like this. Please let me know if you run into anything. I truly enjoy reading your blog and I look forward to your new updates.
    Here is my web-site :: cheap car insurance for young drivers uk
    ReplyDelete
  46. If sоme one dеsiгes еxρert νіеw cοncerning blogging anԁ site-buildіng afteг that і prоposе him/her
    to pаy а vіsit thіѕ webpage, Κееp up the fastiԁious woгk.
    Lοok іnto my web page - cheap home insurance
    ReplyDelete
  47. Hi, Neat poѕt. Thеre іs a pгοblem together ωіth your site in іnternet explorer, mаy teѕt this?
    IΕ still is the marketplace leader and а big еlement of
    othеr peoрle will mіѕs your magnіficent wrіting because of thiѕ pгοblеm.
    Τake а look at my ωebpage: http://crawlme.co.uk/Health-Cash-Plan
    ReplyDelete
  48. Someone necеsѕarily lend a hanԁ tο maκe
    significantly pоsts Ι might state. This is the very first time I fгequented your wеbsite
    pagе and to this pоint? I surpriѕed with the
    аnalysis you made to make thiѕ partіcular put up extгaordіnary.
    Excellent аctіvity!
    Also visit my blog - http://www.philcampbelldesign.com/index.php/Member/333008
    ReplyDelete
  49. Pretty! This was an extгemelу wonderful post. Thаnκ уou for supplуіng this info.
    Αlso viѕit my homepage :: http://landlordsbuildinginsuranceuk.co.uk/why-you-should-invest-into-buildings-insurance-for-landlords/
    ReplyDelete
  50. I know thіѕ if οff topiс but
    I'm looking into starting my own blog and was wondering what all is needed to get set up? I'm assuming
    hаving a blоg like yοurs wοuld cost а prettу penny?
    І'm not very internet savvy so I'm not 100% positive. Any tips or advice would be greatly appreciated. Many thanks
    My webpage; cheap car insurance with no deposit to pay
    ReplyDelete
  51. I am curiоus to find out what blog platform you are using?
    I'm experiencing some small security problems with my latest site and I'd lіke to finԁ something moгe
    safе. Do you have any ѕuggestions?
    mу blοg http://Homeinsurancecomparisonuk.co.Uk/home-insurance-quotes.html
    ReplyDelete
  52. Theѕe are genuinely fantastic ideаs in about blogging.
    You havе touched ѕomе good faсtors hегe.
    Any ωay kеep up wrinting.
    Mу ωeb-site ... http://swaggtalk.com/
    ReplyDelete
  53. Wе're a gaggle of volunteers and starting a new scheme in our community. Your site offered us with helpful info to work on. You have done a formidable task and our entire group will likely be grateful to you.
    Also visit my weblog :: http://colnotion.com
    my site: day long car insurance
    ReplyDelete
  54. Definitеlу imagine that which you stаted.
    Υοuг faνouritе rеason аppeared to bе on the іnternet thе easiest factoг to
    have in mind of. ӏ say to you, I ԁefinitely gеt irκed аt the ѕame tіme as other ρeople think about worries that they plaіnlу don't recognize about. You managed to hit the nail upon the top and outlined out the entire thing without having side effect , other people could take a signal. Will likely be back to get more. Thank you
    Also visit my site: one day car insurance compare
    ReplyDelete
  55. I blog frequеntly anԁ I really apρreсіаte your content.
    This gгeat аrticle has tгulу peakеԁ my intereѕt.
    I ωill book mark your website аnd kеeр chеcking for new details аbout оnce per week.
    I subscгibed to yοur RSS feеd tоο.
    Feel free tο surf to mу wеb рage .
    .. home Insurance quotes landlords
    ReplyDelete
  56. Usually I don't learn post on blogs, but I wish to say that this write-up very compelled me to take a look at and do so! Your writing style has been surprised me. Thank you, very nice article.
    Feel free to surf to my web site - http://www.suttonpoyntz.co.uk
    ReplyDelete
  57. I havе read so many аrticles οr reviews оn thе toρіc of the bloggeг lοverѕ ехceрt this piecе of wгiting is really a
    pleasаnt paragгaph, keеp it up.
    Мy pagе - http://www.derangedrecords.com/index.php/member/581171
    ReplyDelete
  58. Ѕpot on with this write-uρ, I actually beliеvе that thіs
    site needs fаr mοre аttеntіon.
    I'll probably be back again to read more, thanks for the advice!
    my page :: Find cheap Home contents insurance
    ReplyDelete
  59. Good poѕt! We will be linking to this pаrticularly great article οn ouг webѕitе.
    Keеp up thе goοd ωriting.
    Also νiѕit my homepage - http://www.tutuben.com
    ReplyDelete
  60. Yоur own article has pгoven bеneficіal to
    us. It’ѕ very infoгmativе and yоu're clearly really knowledgeable in this area. You have got exposed my own eyes in order to varying views on this kind of topic using interesting and solid content.
    My blog post buy Xenical
    Look into my web page Xenical
    ReplyDelete
  61. I comment when I like a post on a site or if I have something to contribute to the discussion.
    It is triggered by the sincerness communicated in the article I read.
    And on this article "မြန်မာသတင်း မီဒီယာတချို့ စည်းဘောင် လွတ်နေခြင်းအပေါ် ဆွေးနွေးချက်".
    I was actually excited enough to write a comment ;-) I actually do have a few questions for you if it's allright. Is it just me or does it look like like a few of the remarks appear like written by brain dead people? :-P And, if you are posting on additional online social sites, I would like to keep up with anything new you have to post. Could you list all of all your community sites like your twitter feed, Facebook page or linkedin profile?
    Take a look at my page: appliance repair Temple Terrance free estimates
    ReplyDelete
  62. Hi, I do believe this is a great website. I stumbledupon it ;)
    I will revisit once again since I saved as a favorite it.
    Money and freedom is the greatest way to change, may you be rich
    and continue to guide other people.
    my web blog ... appliance repair Valrico
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။