Pages
ကိုယ်တော်ချောနဲ့ စာဖတ်သူများသို့
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တခုမှာ ဘာသာတရား ကိုးကွယ်မှုနဲ့ ပတ်သက်ပြိး ရှိသင့်ရှိထိုက်တဲ့ စည်းကမ်းနဲ့ သဘောတရားတွေကို အသိအမှတ် ပြုစေချင်လို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အခုတလော ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သုံးစားလို့ မရအောင် မကောင်းဆိုးဝါး ဘာသာအဖြစ် ကျမ်းဂန်ထဲက အချက်အလက် တချို့ကို တလွဲလွဲတချော်ချော် လိုသလို အဓိပ္ပါယ် ကောက်ယူပြီး ထိုးနက် တိုက်ခိုက်နေတဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် စေတမန် ဆိုတဲ့ ဘလော့ဂ် တခုကို စာဖတ်သူ အတော်များများ သိကြပြီး ဖြစ်လိမ့်မယ် ထင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ပတ်က ကျွန်မ C-Box ကို ဘလော့ဂ်ပိုင်ရှင်ကိုယ်တိုင် လာပြီး ကျွန်မကိုးကွယ်နေတဲ့ ဘာသာ မှားယွင်းနေတဲ့ အကြောင်း ကိုတော်ချောဆိုတဲ့ နာမည်နဲ့ လာပြောသွားလို့ ချန်ထားတဲ့ Link အတိုင်း လိုက်သွားတော့ သူ့ဘလော့ဂ်ကို ရောက်သွားပါတယ်။ ၀င်တာနဲ့ပဲ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို သုံးစားလို့မရအောင် ရိုင်းစိုင်းစွာ ရေးထားတဲ့ စာတွေကို တွေ့ရလို့ ရုတ်တရက်တော့ တော်တော်လေး ဒေါသ ဖြစ်မိတယ်။ အဲဒီစာတွေအပေါ် တချို့က ယဉ်ယဉ်ကျေးကျေး ပြန်ရှင်းပြပြီး သဘောထားပေးထားသူ တွေ ရှိသလို တချို့က မှတ်ချက်တွေမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြန်တုံ့ပြန်ထားတာကိုလည်း တွေ့ခဲ့ရလို့ ကျွန်မ တကယ်ပဲ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကိုယ်တော်ချောရဲ့ IP ကို စစ်ကြည့်တော့ သြစကြေးလျားနိုင်ငံ၊ Queen’s Land ပြည်နယ်၊ Brisbane မြို့က ဖြစ်နေတာ တွေ့ရတယ်။
ကိုယ်တော်ချောနဲ့ IP တခုတည်း တခြားနာမည် တခုနဲ့လည်း ကျွန်မ C-Box ထဲမှာ အမျိုးသမီးတယောက်ကို Assault ဖြစ်စေတဲ့ စကားတွေကို ဒီမတိုင်ခင် လာရေးခဲ့လို့ ဖျက်ခဲ့ရသေးတယ်။ နောက်ထပ်တခါ ကိုယ်တော်ချော ဆိုတဲ့ နာမည်နဲ့ ဗုဒ္ဓဘာသာ မကောင်းကြောင်း၊ ကျွန်မ Profile မှာ ဖေါ်ပြထားတဲ့ ကျွန်မ ကြိုက်တဲ့ ဘာသာရေးစာအုပ်တွေကို ရေးတဲ့ စာရေးဆရာတွေ မကောင်းကြောင်းတွေ လာရေးထားတာကို အများ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့နဲ့ ကျွန်မကိုယ်တိုင်လည်း မကြိုက်လို့ ဖျက်လိုက်ပါတယ်။ ဒီဘလော့ဂ်အကြောင်းကို Face Book က မိတ်ဆွေတချို့ကလည်း ပြောနေတာ တွေ့ရပြီး မနေ့ညက မောင်လေး ကိုဒီရေနဲ့ G-talk မှာတွေ့လို့ သူကလည်း ကျွန်မကို သွားဖတ်ကြည့်ပါဦး အစ်မလို့ ညွန်းလိုက်လို့ သွားလိုက်တာ ကိုယ်တော်ချော ဘလော့ဂ်ကို ထပ်ရောက်ပါတယ်။ သူရေးထားတဲ့ စာတချို့ကို ကျွန်မ ဖတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဒေါသဖြစ်အောင် လုပ်တာတခုကလွဲပြီး စာရေးသူရဲ့ ရည်ရွယ်ချက်ကို ရှာလို့မရခဲ့ဘူး။ ဗုဒ္ဓဘာသာကို အဓိပ္ပါယ်မရှိဘူး တကယ်ထင်လို့ မှားတာကိုထောက်ပြပြီး သူတို့ဘာသာကို ပြောင်းစေချင်ရင်လည်း ဘယ်သူမဆို ယဉ်ယဉ်ကျေးကျေး ရေးပြီး ထောက်ပြမှာ ဖြစ်ပြီး သူတို့ဘာသာ ကောင်းကြောင်း ၀ါဒဖြန့်တာလေး ပါရပါလိမ့်မယ်။ အခုက ဒါတွေ ဘာမှမပါဘဲ ရေးထားတဲ့ စာအဆင့်အတန်းကလည်း တော်တော်လေး အောက်တန်းကျပြီး မိုက်ရိုင်းတာကို တွေ့ရတော့ မူစလင်တယောက်ကို ကိုယ်စားပြုတဲ့ စာလည်း မဖြစ်နိုင်ဘူးလို့ ကျွန်မ ယူဆတယ်။ တကယ်မူစလင်တွေကလည်း ဒီလိုရိုင်းစိုင်းတာကို လက်ခံလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။
ကျွန်မအနေနဲ့ ဗုဒ္ဓဘာသာက ဘယ်လိုကောင်းတယ်၊ ကိုယ်တော်ချောထင်သလို မဟုတ်ဘူးလို့ အချိန်ကုန်ခံပြီး ရှင်းပြနေလို့ အကျိုးရှိမယ် မထင်လို့ ရှင်းမနေတော့ပါဘူး။ ဘာသာတရားတိုင်းမှာ ဆောက်တည်ရမည့် သီလတွေ၊ အခြေခံ ကျင့်ဝတ်တွေ ရှိပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဘာသာတွေက သတ်မှတ်ထားတဲ့ အချက်တွေကို လက်ခံရင် ဘယ်သူမဆို လွတ်လွတ်လပ်လပ် ယုံကြည်ပိုင်ခွင့် ရှိသလို လက်မခံရင်လည်း လွတ်လွတ်လပ်လပ် မကိုးကွယ်ပဲ နေပိုင်ခွင့် ရှိပါတယ်။ သူတပါးယုံကြည်နေတာ တခုကို မိမိယုံကြည်တာနဲ့ မတူတာဟာ မိမိအတွက် မှားနေနိုင်ပေမဲ့ ယုံကြည်နေသူတွေအတွက် အမှန်လို့ ခံယူထားလို့ မှားတယ်လို့ သွားပြောလို့ ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ အခုလို ကိုယ်တော်ချော ရေးထားတာကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဖတ်မိပြီး ငါတို့ကိုးကွယ်နေတဲ့ ဘာသာဟာ မှားနေတာ အခုမှပဲ သိတော့တယ်ဆိုပြီး မူစလင်ဘာသာထဲ ပြောင်းမည့်သူလည်း တယောက်မှ ရှိမယ်မထင်ဘူး။ ဒါကြောင့် ကိုယ်တော်ချော ဒီစာကို ရေးတာ Target Audiences က မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ အားလုံးဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကိုယ်တော်ချောသာ အသိဆုံး ဖြစ်လိမ့်မယ်။ သက်ရောက်မှုကတော့ ဗုဒ္ဓဘာသာဝင်တွေကို ဒေါသ ဖြစ်စေတာတခုပဲပဲ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက မြန်မာပြည်ထဲမှာအများစု ဖြစ်လို့ မြန်မာပြည်ထဲက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်ဘာသာဝင်တွေကို ပြ၁ဿနာ ဖြစ်အောင် သြစကြေးလျားနိုင်ငံ ဘရင့်စဘိန်းမြို့ကနေ ရန်တိုက်ပေးတာ သက်သက် ဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ ပြဿနာဖြစ်ရင် ကိုယ်တော်ချောက ဒုက္ခရောက်ဖို့မရှိဘဲ ပြည်တွင်းက မူစလင်တွေပဲ ဒုက္ခရောက်မှာ ဖြစ်လို့ တကယ်မူစလင် ဘာသာဝင်တယယောက်ဟာ မူစလင်တွေကို အကျိုးမရှိစေဘဲ မိမိဘာသာဝင်တွေ ဒုက္ခရောက်အောင် လုပ်လိမ့်မယ် မထင်ဘူး။
ကိုယ်တော်ချော နေထိုင်ရာ သြစတြေးလျားနိုင်ငံဟာ လူဖြုကြီးစိုးတဲ့ နိုင်ငံ ဖြစ်ပေမဲ့ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေးနေထိုင်ရာ နိုင်ငံတခုဖြစ်ပြီး ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ်။ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ ဘာသာပေါင်းစုံ ပါဝင်ပြီး မူလတန်းကစပြီး ဘာသာတခုစီနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရာကို သင်ကြား ပြသပေးပါတယ်။ ဒါကြောင့်မို့ မူစလင်ကလေးတယောက်က ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်ထုတွေကို ဘုရားအမှတ်နဲ့ ကိုးကွယ် ဆည်းကပ်နေတယ်ဆိုပြီး မယုံကြည်သလို ဗုဒ္ဓဘာသာ ကလေးတယောက်ကလည်း မူစလင်တွေဟာ သူတို့ဖါသာသူတို့ ကြိုးစားပြီး လုပ်လို့ရလာတာမှန်သမျှ အလ္လာပေးတယ်ပဲ ထင်နေကြတယ်လို့ ဆိုပြီး မယုံကြည်ကြဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့သူတွေဟာ ယုံကြည်တာ မတူပေမဲ့ သူတပါး ယုံကြည်လို့ လုပ်နေကြတာကို မိမိမယုံကြည်ပေမဲ့ ယုံကြည်သူတွေကို လေးစားသော သဘောဖြင့် အသိအမှတ်ပြုကြရမယ်၊ စော်ကားလို့မရဘူးဆိုတာ နားလည်ကြတယ်။ မတူကွပြားတဲ့ ယုံကြည်မှု ရှိသူတွေဟာ လူ့အဖွဲ့အစည်းမှာ အချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ပဲ သဟဇာတ ဖြစ်အောင် ကိုယ်လက်မခံနိုင် ကိုယ်မယုံကြည်နိုင်ပေမဲ့ Assault လုပ်လို့ မရဘူးဆိုတာ သြစကြေးလျားက တတန်းနှစ်တန်း ကလေးတွေတောင် သိကြပါတယ်။ ကိုယ်တော်ချောကို ကလေးတွေဆီက ပညာပြန်ယူဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အဲဒီ ဘလောဂ့်မှာ ရေးထားတာတွေအပေါ် ဘာမှ ဒေါသထွက်ဖို့လည်း မလိုပါဘူး။ မူစလင်ကို ကိုယ်စားပြုထားတာ မဟုတ်တဲ့အတွက် မလိုလားအပ်တဲ့ မူစလင်မုန်းတီးရေးစိတ်တွေလည်း ဖြစ်ဖို့မလိုပါဘူး။ အချိန်တန်ရင် သူလုပ်နေတာ အဓိပ္ပါယ်မရှိဘူး ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတာ သိတဲ့နေ့မှာ သူ့ဖါသာသူ ရပ်သွားလိမ့်မယ်။ ဒေါသနဲ့ တုံ့ပြန်လို့ ဘာတခုမှ အမှန်ရဖို့ မရှိနိုင်တဲ့အတွက် သူရိုင်းလို့ ကိုယ်ပြန်ရိုင်းတယ်ဆိုပြီးလည်း ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်လို့ အကျိုးရှိမှာ မဟုတ်ပါဘူး။ သူရေးထားတာတွေအပေါ် ဗုဒ္ဓဘာသာအကျိုးကို ရည်ဇူးလို့ ဒါမှမဟုတ် သူ့ကို အမှန်တကယ်သိစေချင်တဲ့ စေတနာရှိလို့ ရေးချင်ရင်တော့ ယဉ်ယဉ်ကျေးကျေးရေးပြီး ရှင်းပြတာပဲ ကောင်းပါတယ်လို့ အကြံပြု တိုက်တွန်းချင်ပါတယ်။ ကိုယ်တော်ချောကို ပြောချင်တာက သြစကြေးလျားဟာ Multi-Cultural country တခုဖြစ်လို့ မတူကွဲပြားတဲ့ နောက်ခံရှိသူတွေ ငြိမ်းချမ်းပျော်ရွှင်စာ နေထိုင်ရာနိုင်ငံဖြစ်လို့ မူစလင်တယောက် ဖြစ်ရင်လည်း သူများနိုင်ငံမှာ အေးအေးဆေးဆေး နေပါ။ မြန်မာပြည်က လာတဲ့အတွက် မြန်မာလူမျိုး သိက္ခာကျအောင် မလုပ်ဘဲ မူစလင် ဖြစ်တဲ့အတွက် အစွန်းရောက်တဲ့ မူစလင်တွေကြောင့် တကယ်ယဉ်ကျေးတဲ့ မူစလင်တွေ သိက္ခာကျအောင် မလုပ်ပါနဲ့။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်ချင်ရင် လာဖတ်လို့ ရပါတယ် ဒါပေမဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ လူမှုရေးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် Assault ဖြစ်စေတဲ့ အပြောအဆိုအသုံးအနှုန်းတွေကို C-Box မှာဖြစ်စေ၊ မှတ်ချက်မှာ ဖြစ်စေ လုံးဝ လာမရေးပါနဲ့၊ ရေးရင်ဖျက်မယ်ဆိုတာ အသိပေးလိုက်ပါတယ်။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ မတူကွဲပြားမှုတွေအပေါ် ဘယ်လောက်အထိ အပြန်အလှန်လေးစာမှု ရှိတယ်ဆိုတဲ့အပေါ်မှာ အများဆုံးမူတည်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
39 comments:
  1. တော်တော်ကိုအောက်တန်းကျတဲ့အရေးအသားနဲ့ ကို
    စော်စော်ကားကားရေးထားတာပဲ..။ မငယ်ပြောသလိုပဲ
    သက်ရောက်မှုကတော့ ဗုဒ္ဓဘာသာဝင်ကျနော်တို့ ကိုဒေါ
    သထွက်စေတာပဲ..။ ဘာသာရေးဆိုတာကိုယ်စိတ်နှလုံး
    သုံးပါးစလုံးအေးချမ်းတည်ငြိမ်အောင်ဆိုဆုံးမကြတဲ့ပု
    ဂ္ဂိုလ်ကြီးတွေရဲ့ အဆုံးအမတွေပဲ..။အခုဟာကဘာသာ
    ရေးကိုအကြောင်းပြုလို့ မုန်းတီးဒေါသဖြစ်စေအောင်
    လှုံဆော်ပေးနေတာပဲ.။ သေခြာတယ် နအဖရဲ့ စိတ်
    ဓါတ်စစ်ဆင်ရေးဌာနရဲ့ ထိုးနှက်ချက်တခုပဲ..။ ဒါပေမဲ့လည်း ဒီတာဝန်ယူတဲ့ သူကတော်တော်ကိုညံ့
    ဖျင်းသေးသိမ်အောက်တန်ကျတယ်ဆိုတာအရေးအသားတွေမှာပေါ်နေတာပဲ..။ အဲ..ဒေါသထွက်အောင်တော့
    လုပ်နိုင်သားဗျ..။ မငယ်ရေ.. ကျနော်လည်း မူဆလင်
    ဘာသာကို ဝေဖန်ပုတ်ခတ်ရေးတဲ့ဘလော့ဂ်တခုတွေ့ ထားတယ်..။ သူကတော့နည်းနည်းးအဆင့်ရှိသဗျား..။
    ဖတ်သာကြည့်ပြီး ဒီနှစ်ခုကို ယှဉ်ကြည့်ပေါ့..။
    www.anti786.blogspot.com
    ReplyDelete
  2. အမအခုလိုရေးတာ အင်မတန်ကောင်းသလို မှန်လည်းမှန်ပါတယ်။
    အဆင့်မရှိ အော်ဆဲနေတိုင်း ဘာမှ ဖြစ်မလာဘူးဆိုတာ သိသင့်ပါတယ်။
    ReplyDelete
  3. ငယ်နိုင်
    ဒီဘလော့အကြောင်းသမီး ကအမ ကိုမနေ့ ကပဲပြောပါတယ် အမက ၀င်မဖတ်နဲ့  လို့ တားပြီးအမလည်း ၀င်မဖတ်ဘူး ဒီမနက် ငယ်နိုင်လင့်ကတဆင့် အစလေးကိုကြည့်လိုက်တာနဲ့ 
    ရင်ထဲမကောင်းပါဘူး အဲလို ရေးသားနေသူကို အမတို့ က ဥပေက္ခါပြုနိုင်ရင်ပြု ဥပေက္ခါ မပြုနိုင်ရင် ရှာပြီး သတ်ပစ်ရုံပဲ
    ရှိပါတယ် -- အမ ဗုဒ္ဓ ရဲ့လက်တွေ့ ကျတဲ့ တရားတွေကျမ်း
    တချို့ ကို သင်ယူခဲ့သူပါ -ဗုဒ္ဓစာပေကို နားလည်သိကျွမ်းလာလေ ဗုဒ္ဓ ဘာသာဝင်ဖြစ်ခဲ့ရတဲ့ ကိုယ်ဘ၀ကို ကြေနပ်လေပါပဲ အလေးအနက် တရားတော်တွေအတိုင်း အားလုံ မလိုက်နာမကျင့်သုံးနိုင်သေးပေမဲ့ ကို ယ်တွေစောင့်ထိမ်းနေတဲ့ ကျင့်ဝတ်တွေဟာ ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းခဲ့လို့ သာပါပဲ ပေါ့-လူတွေစိတ်စေတနာကောင်းဘယ်လောက်ရှိရှိ ကုသိုလ် အကုသိုလ် ဆိုတာဗုဒ္ဓဟောလို့ သာသိခွင့်ရခဲ့တာပါ -- ဒီတော့ ဒေါမဿ တွေ ပွါးစေတဲ့ ဒီအနိဌါရုံ ကို ရှောင်းကွင်း သွားတာအကောင်းဆုံးပါပဲ --
    ReplyDelete
  4. Report abuse to google here
    http://www.google.com/support/blogger/bin/request.py?page=main_tos
    ReplyDelete
  5. မငယ်နိုင်
    ကျွန်တော်ကတော့ ရခိုင်လူမျိုး၊ ပြီးတော့ အရိယာပုဂ္ဂိုလ်လဲ မဟုတ်လေတော့ ကုလား၊ မွတ်စလင် ဆိုရင် အသံကိုမကြားချင်လောက်အောင်မုန်းတယ်ဗျာ။ တွေ့တဲ့နေရာမှာ ရိုက်တယ်။ အဲဒီဘလော့ဂ်ကို ဖတ်ပြီးကတည်းက ပိုပြီးမုန်းလာတယ်။ မွတ်စလင်ရှိတဲ့နိုင်ငံတွေဟာ ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ဒီကောင်တွေဟာ လူဦးရေများလာရင် ဌာနေတိုင်းရင်းသားတွေကို ရန်ရှာတော့တာပဲ။ ဘယ်နေရာ၊ ဘယ်နိုင်ငံတွေလဲဆိုတာ ခင်ဗျားလဲ သိမှာပါ။ မွတ်စလင်ဘာသာကိုက သန္ဓေမကောင်းခဲ့တာပဲလေ။ အကျယ်ကိုတော့ http://co2zenith.blogspot.com/2010/01/islamization-warning.html အဲဒီမှာပဲကြည့်လိုက်ပါ။ ကျွန်တော်က မွတ်စလင်မုန်းတီးရေးဖြန့်တဲ့သဘောဖြစ်နေရင်တော့ ခွင့်လွှတ်ပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် (သို့မဟုတ်) မြန်မာနိုင်ငံသားတွေဟာ ဒီကိစ္စကို အမျိုးသားရေးတာဝန်တစ်ခုလို သဘောထားပြီး သတိရှိရှိနဲ့ မွတ်စလင်တွေကို ကိုင်တွယ်ဖို့လိုအပ်နေပါပြီ။ သားရေပေါ်အိပ်၊ သားရေနားစားဆိုတာ ဒီကောင်တွေမှ အမှန်ပဲ။ အခုဆိုရင် ဘင်္ဂါလီကုလားဆိုးတွေက တိုင်းရင်းသားလို့ခေါင်းစဉ်တပ်ပြီး မောင်တောခရိုင်ကို သူတို့အပိုင် အစ္စလာမ်ခရိုင်လို့သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပြီ။ ဘယ်လောက် လူပါးဝတဲ့ကောင်တွေလဲဆိုတာ စဉ်းစာသာကြည့်ကြပါတော့။
    ReplyDelete
  6. အသားလွတ်ကြီး သူများကို လိုက်တိုက်ခိုက်နေတာ တော်တော် အောက်တန်းကျတာဘဲနော်....
    ReplyDelete
  7. ကိုမောင်နှင်းလှိုင်
    ခင်ဗျားက ဘယ်ကသက်သေနဲ့ နအဖ ကိုစွပ်စွဲနေလဲတော့မသိဘူး။ မြန်မာနိုင်ငံမှာ ဘာသာရေးတိုက်ပွဲတွေဖြစ်လာတိုင်း အတိုက်အခံတွေက နအဖ ကို လက်ညှိုးထိုးထည့်နေတာ သိပ်တော့မဟုတ်သေးဘူး။ နအဖ လက်ချက်ကြောင့် ဖြစ်ခဲ့တာတွေ ရှိလိမ့်မယ်။ မရှိမဟုတ်ဘူး။ ဒါပေမဲ့ အင်မတန်နည်းပါတယ်။ ဖြစ်လိုက်ရင် မွတ်စလင်တွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ကိုယ်ထိလက်ရောက်စော်ကားလိုက်လို့ စဖြစ်တာချည်းပါပဲ။
    နအဖကို လက်ညှိုးထိုး..ထိုးနေတာဟာ အကျင့်ပါသွားရင် သိပ်မကောင်းဘူးနော်။ မွတ်စလင်ကောင်တွေ ကျိတ်ဝမ်းသာနေဦးမယ်။
    သြော်..ကျွန်တော်က နအဖ မဟုတ်ဘူးနော်။ ခင်ဗျား နားလည်မှုလွဲနေမှာစိုးလို့။ ကျွန်တော်အခု ထိုင်းနိုင်ငံထဲမှာ ရှိနေတယ်။
    ReplyDelete
  8. ကျနော်နဲ့ အမ ငယ်နိုင် သဘောထား ချင်းတူတယ်..။ ကျနော် Co2Zenith နဲ့ မောင်မိုး ကိုလည်း အမလို သဘောထားဘဲ ရှိစေချင် တယ်..။
    ReplyDelete
  9. မနေ့က ကျနော်လည်း အဲဒီဆိုဒ် ရောက်သွားတယ်။ စိတ်ဓာတ်အားဖြင့် အတော် အောက်တန်းကျပြီး သုံးမရတဲ့ အမျိုးအစားပါ။
    တစ်ခု သတိထားမိတာက သူက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ကို ရန်တိုက်ပေးနေတဲ့ ခရစ်ယာန် ဖြစ်ပုံရတယ် ဆိုတာပါပဲ။
    ဘာသာတရားဆိုင်ရာ ယုံကြည်မှုတွေကို မြန်မာလို စော်ကားရေးသားတဲ့ ဘလော့ဂ်တွေ ပေါ်ထွက်နေတာ ကြာပါပြီ။
    ကျနော်တို့ ဆော်သြပြီး သက်ဆိုင်ရာ ဘလော့ဂ်ပလက်ဖောင်းတွေဆီ အထက်က တစ်ယောက် ပြောသလို Report abuse to google here
    http://www.google.com/support/blogger/bin/request.py?page=main_tos
    လုပ်သက့်ပြီဖြစ်ပါကြောင်း ...
    ReplyDelete
  10. တကယ်တော့ အစွန်းရောက်ခြင်းကို ဘယ်ဘာသာကမှ လက်မခံပါဘူး..
    ဘာသာဝင်တချို့တလေ အမှားလုပ်တာနဲ့ပဲ ဒီဘာသာ သုံးစားလို့မရဘူး လို့ ပြောတာလည်း မမှန်ဘူး။
    ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လေးစားကိုင်းရှိုင်းသူဟာ ယဉ်ကျေးပြီး အစွန်းရောက်သူကတော့ တခြားဘာသာအပေါ် အဆိုးမြင်စိတ် ဖျက်ဆီးလိုစိတ်တွေနဲ့ မွှန်သွားတတ်ပါတယ်..
    ဒေါသဖြစ်အောင် စိတ်အနှောက်အယှက်ဖြစ်အောင် တမင်ဆွပေးနေမှန်းသိနေတာမို့ သတိရှိရှိတုံ့ပြန်ဖို့ပဲ လိုတာပါ။
    မငယ်နိုင်ရေးတာကောင်းပါတယ်..
    ကျန်တဲ့သူတွေလည်း ရုတ်တရက်စိတ်ခုမသွားအောင် ဆင်ခြင်နိုင်တာပေါ့..
    ReplyDelete
  11. ကိုသင်ကာပြောတာဖြစ်နိုင်ပါတယ်...
    ကျွန်တော်ကတော့  တစ်ကယ်သိချင်တဲ့ စေတနာနဲ့ 
    မေးတာ၊ရေးတာမဟုတ်လို့  ဘာမှပြန်လည်မချေပ
    တာပါ...
    အဲဒီလိုဆွေးနွေးချင်ယင်လည်း သက်ဆိုင်ရာဖိုရမ်တွေ
    မှာဆွေးနွေးမေးမြန်းလို့ ရပါတယ်...
    တမင်သက်သက် စော်ကားလိုလို့ ၊ ၇န်တိုက်ပေးလိုလို့ 
    သာ ဘလော့ ဂ်တစ်ခုလုပ်ပြီးရေးတယ်လို့ ပဲမြင်ပါတယ်...
    ReplyDelete
  12. အမရေ ... အိုင်ပီက ပြောင်းလို့ရတာလဲ သတိထားဦးနော် ... ကျနော်ရေးထားတာလေး ဖတ်ကြည့်ပါဥိး .. ဖြစ်နိုင်မလားလို့ပါ .. http://datlone.blogspot.com/2010/01/halt.html
    ReplyDelete
  13. ကောင်းလေစွ ကောင်းလေစွ။
    ReplyDelete
  14. အဲဒီဘလော့ ကိုဖတ်ပြီးပြီးချင်း လူသတ်ချင်စိတ်ပေါက်သွား
    တယ် ဖတ်ရန် မသင့်တော်သော ဘလော့လို့ထင်ပါတယ်
    ReplyDelete
  15. အမငယ် အရေးအသားလေးတွေ ကောင်းတယ် အေးအေး ဆေးဆေးလေးနဲ့ ထိရောက်တယ် :)
    ReplyDelete
  16. အစ်မရေ.
    ကျွန်တော်လာဖတ်သွားပါတယ်ဗျာ...
    ကျွန်တော် အဲဆိုဒ်ကို စတင်ဖတ်မိတုန်းက တော်တော်
    လေးကို ဒေါသထွက်မိပါတယ်။ ရည်ရွယ်ချက်မရှိ သွေးရူး တန်းရူးရေးသားထားတာတွေဟာ စိတ်ပျက်စရာကောင်း လှပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ကိုပြန်ထိန်းထား ခဲ့ပါတယ် ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတာ လူ့ ဘောင်လောကမှာ ခေတ်စားနေပေမယ့် ကောင်းတဲ့စကား လုံးမှ မဟုတ်တာပဲ ။ ဒါကြောင့်လဲ သူဘယ်လောက်ဆိုးနေ နေ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လိုက်ပြီး ညစ် ညမ်းတဲ့ စကားလုံးများ မသုံးနှုန်းသင့်ဘူးဆိုတာ သဘော ပေါက်လာခဲ့ပါတယ်။ ....
    စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
    မျှော်လင့်သူ......
    ReplyDelete
  17. လေးစာလျှက်ပါ အစ်မ
    ကောင်းလွန်းပါတယ်။
    ခုလိုရေးသားဖော်ပြပေးတာ ကျေးဇူးပါခင်ဗျာ
    ReplyDelete
  18. 12 Jan 10, 17:03
    အဖြူရောင်နတ်သမီး: ကြားတယ်..မြင်တယ်..ဖတ်လိုက်ရတယ်..မငယ်ရေ...ဘာသာရေးနဲ့နွယ်နေတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်..
    12 Jan 10, 17:57
    nwe: တကယ်ကြောက်စရာကောင်းတယ်.စိတ်မကောင်းလည်းဖြစ်မိပါတယ်..မယုံနိုင်စရာဘဲ
    12 Jan 10, 20:53
    ဂျေဂျူဝိုင်: အဲဒီ ပုဂ္ဂိုလ်က ကြာပြီ မမရဲ့။ အရင်တုန်းက blog.co.uk မှာ ရေးတာ။ တော်တော်များပါတယ်။ သူလုပ်ထားတာ။ ကိုယ့်လမ်းပဲ ကိုယ်လျှောက်ပါ အမရယ်
    13 Jan 10, 01:53
    ညီ: မငယ်ရေးတာ တည်ငြိမ်ယဉ်ကျေးပါတယ် ။ကျနော်လည်း ဘလော့ဂ်တွေ လိုက်လည်ရင်း ၊ ရိုင်းစိုင်းတဲ့ စကားတွေ ဖတ်ရတော့ စိတ်ညစ်မိတယ် ။ အဆဲသန်တဲ့ ပုဏားကို ဘုရားဟောသလို သူ့စကားတွေ ကိုယ်လက်မခံရင် သူပဲ ပြန်သိမ်းထားရမှာပါ။
    13 Jan 10, 01:54
    ညီ: အသိအမှတ်ပြုပြီး လိုက်ဖတ်ကြည့်နေ ၊ စိတ်ဆိုးနေရင် သူ့ရည်ရွည်ချက်အောင်မြင်မှာပဲ ။ သပိတ်မှောက်တဲ့အနေနဲ့ သူ့ကို ထမင်းမစား ဟင်းမစား စာရင်းသွင်း- လျစ်လျူရှုလိုက်တာ အနည်းဆုံးတော့ ကိုယ့် စိတ် မပူလောင်ရတော့ပါဘူ
    13 Jan 10, 03:21
    kiki: စာလာဖတ်တယ် မငယ်နိုင်ရေ .. စိတ်မကောင်းစရာ အကြောင်းတွေ သိလိုက်ရတယ် ..သူ့ လမ်းသူ သွားမှာပါ ..လူမိုက်တို့ သွားရာလမ်း ဆိုတာ ပေါ့
    ဒီပို့စ်နဲ့ ပတ်သက်တဲ့ C-Box က မှတ်ချက်တွေကို သိမ်းထားလိုက်ပါတယ်။ ဒေါသဖြစ်နေလို့လည်း ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိတဲ့အတွက် လစ်လျူရှုသင့်တာကို လစ်လျူရှုရမယ်ဆိုတဲ့ သဘောထားတွေကို သိရတဲ့အတွက် ၀မ်းသာပါတယ်။ လာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ReplyDelete
  19. ဒီပို့စ်ကို ရေးရတာက ကိုယ့်ဘာသာအကြောင်းကို သူများက ဘယ်လိုပြောနေပြီး ဘယ်လိုဖြစ်သင့်တယ်ဆိုတာနဲ့ ရေးနေတဲ့သူကိုလည်း မိမိ မယုံကြည်ပေမဲ့ သူတပါး ယုံကြည်တာကို မစော်ကားသင့်ကြောင်း ဆင်ခြင်စေချင်တာပဲ ဖြစ်ပါတယ်။ ကိုယ်တော်ချောက ကျွန်မ ကြိုက်တဲ့ ဘာသာရေးစာအုပ်တွေနဲ့ ကျွန်မလေးစားတဲ့ အဲဒီစာအုပ်တွေ ရေးတဲ့သူတွေကိုပါ သုံးမရအောင် ပြောသွားပြီး ကျွန်မကိုလည်း သူ့ရဲ့ ဦးတည်တိုက်ခိုက်ရမည့်သူထဲမှာ ပါတယ်ဆိုတာ C-Boxမှာ အတိအကျ ပြောသွားတာပါ။
    ဖတ်ပြီးမှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရွှန်းမီ၊ AATO, မျှော်လင့်သူတို့ရဲ့ သဘောထားတွေကို ထောက်ခံပါတယ်။ တဘက်သားကို တုံ့ပြန်တဲ့နေရာမှာ သူက ကိုယ့်ကို ဒေါသဖြစ်စေချင်လို့ လုပ်တာကို ကိုယ်က ဒေါသလိုက်ထွက်နေရာ သူခင်းတဲ့လမ်းကို ကိုယ်လိုက်လျှောက်ရာကျနေလို့ ကျွန်မလည်း စစချင်း ဒေါသထွက်ခဲ့တာကို ချက်ချင်းပဲ မှောင်းထုတ်လိုက်တယ်။ မောင်မိုး၊ မမေအိခင်နဲ့ Anonymous နဲ့ အကုန်လုံးကိုလည်း ဒီလိုပဲ ဖြစ်စေချင်တယ်။
    ကိုနှင်းလှိုင်၊ Ko Ko နဲ့ မောင်မိုး ပေးတဲ့ Link တွေအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီကို ကျွန်မ ရောက်ပြီး ဖတ်ဖြစ်ခဲ့ပါတယ်။
    ကိုနှင်းလှိုင်ပြောတာကို ကိုမောင်မိုးက လက်မခံပေမဲ့ အဏာရှင်တွေဟာ အကြပ်အတည်းနဲ့ ကြုံတွေ့တိုင်း အဓိကရုဏ်းတခုခုကို ဖြစ်အောင် ဖန်တီးတတ်တဲ့ သာဓက ရှိခဲ့လို့ ဒေါသတွေ၊ လူမျိုးရေး အာဂါတတွေကို ဘေးမှာထားပြီး သမ္မာသမတ်ကျကျ စဉ်းစားကြည့်ရင် ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရနိုင်ဘူးလို့ ကျွန်မလည်းထင်တယ်။ အဓိကရုဏ်းဖြစ်ရင် (၁) လူထုရဲ့ အာရုံက စစ်အုပ်စုဆီမှာ မရှိတော့ဘဲ တခြားကို ရောက်သွားမယ်။ (၂) ဒါဆိုရင် တိုင်းပြည်အေးချမ်းဖို့အတွက် သူတို့မရှိရင် မဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာကို ပြလို့ရသွားမယ်။ ဒါကြောင့် အဓိကရုဏ်းတခုဖြစ်ရင် ဒုက္ခရောက်မှာက ပြည်သူလူထုသာ ဖြစ်ပြီး၊ အမြတ်ထွက်မှာက စစ်အုပ်စု ဖြစ်နေတာကို ငြင်းလို့မရပါဘူး။
    ကို Thicker နဲ့ ကို ပီတာကျော်တို့ ပြောတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။
    ဓါတ်လုံးပို့စ်ကို သွားဖတ်ဖြစ်ပါတယ်။ အဲဒီလို သဘောထားရှိတာ ကောင်းပါတယ်။
    P.Ti, Rose, နွေဆူးလင်္ကာ၊ ဇွန်မနဲ့ ဖြိုးဝေတို့လည်း စာလာဖတ်ပြီး မှတ်ချက်ချန်ထားခဲ့တာရော အစ်မရဲ့ ဒေါသမထွက်ပဲ တုံ့ပြန်တာကို လက်ခံတဲ့အတွက်ပါ ကျေးဇူးပဲနော့်။
    ReplyDelete
  20. မငယ် လုပ်သင့်တာတစ်ခုကို ဒီနည်းနဲ့ လုပ်လိုက်နိုင်လို့ ချီးကျူးမိပါတယ်။ ကျွန်မလဲ ဖတ်ဖြစ်တယ်။ အစ်မလိုပဲ ဒါဟာ စိတ်ထဲထားစရာ ကိစ္စလို့ မထင်မိဘူး။ ဘာမှ မဖြစ်လောက်တဲ့ ကိစ္စပါပဲ။
    ReplyDelete
  21. အဲဒီဘလော့ဖတ်ပြီး စာရေးတဲ့သူကိုတော့ မသိမှုတွေဖုံးနေပါလားလို့ ဂရုဏာသက်မိပါတယ်။
    မငယ်နိုင်ထောက်ပြတဲ့ ဒီအချက်ကိုလည်း တော်တော်သဘောကျပါတယ်း)
    သူရေးထားတဲ့ စာတချို့ကို ကျွန်မ ဖတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဒေါသဖြစ်အောင် လုပ်တာတခုကလွဲပြီး စာရေးသူရဲ့ ရည်ရွယ်ချက်ကို ရှာလို့မရခဲ့ဘူး။ ဗုဒ္ဓဘာသာကို အဓိပ္ပါယ်မရှိဘူး တကယ်ထင်လို့ မှားတာကိုထောက်ပြပြီး သူတို့ဘာသာကို ပြောင်းစေချင်ရင်လည်း ဘယ်သူမဆို ယဉ်ယဉ်ကျေးကျေး ရေးပြီး ထောက်ပြမှာ ဖြစ်ပြီး သူတို့ဘာသာ ကောင်းကြောင်း ၀ါဒဖြန့်တာလေး ပါရပါလိမ့်မယ်။ အခုက ဒါတွေ ဘာမှမပါဘဲ .....
    နွေးနေခြည်
    ReplyDelete
  22. ဒေါသသံမပါဘဲ တုန့်ပြန်ချက်လေး အရမ်းကောင်းတယ်၊အဲဒီလင့်ကို ဖတ်ဖြစ်ခဲ့ပါတယ်၊တကယ့်ကို အဆင့်မရှိတဲ့ ရေးသားချက်တွေပါ၊ မူစလင်ဘာသာဝင်ကောင်း တစ်ယောက်လဲ မဟုတ်ပါဘူး၊ သူတစ်ပါးယုံကြည်ချက်ကို လိုက်လံနှောင့်ယှက်သူ သက်သက်ပါ၊ မငယ်နိုင်...စနစ်တကျ တုန့်ပြန်ရေးသားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
    ReplyDelete
  23. တစ်ပုဒ်ဖတ်ပြီး ထပ်မဖတ်တော့ပါဘူး တီတီရယ်။ မnaychiပြောသလိုပဲ သနားပဲသနားမိပါတယ်။ ဒီလောက်ရေးရဲတဲ့ကိစ္စကို။ ဒေါသလည်းမထွက်တော့ပါဘူး။
    ReplyDelete
  24. သွားတော့ မဖတ်ဖူးသေးပါဘူး။ ကြားတော့ကြားဖူးတယ်။ မငယ်နိုင်ပြောပြမှ အသေးစိပ်သိရတာပါ။
    ဒီလို တွေးပေး ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မငယ်ရေ...
းဝ)
    ReplyDelete
  25. လင့်ခ် တစ်ခုကနေ ရောက်ပါတရ် အစ်မရေး) ။ စေတမန်ကိုလည်း ရောက်ဖြစ်ခဲ့ပါတရ် ။ စိတ်မကောင်းဖြစ်မိတရ် ။ တစ်ခုခု ပြောချင်နေတရ် မပြောတတ်တော့သလိုပဲ ။
    ခင်မင်စွာဖြင့်
    ReplyDelete
  26. Rita, Naychi, Tknn, ကိုလူထွေးနဲ့ ကိုရဲတို့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ အောက်က blog သုံးခုကို ဖျက်ပေးရင် သူ့ဘလော့ဂ်ကို ဖျက်ပေးမယ်လို့ ကိုယ်တော်ချောက ပြောတယ်လို့ Forward mail တခုမှာ ဖတ်ရပါတယ်။
    http://myanmartruthers.blogspot.com/
    http://anti786.blogspot.com/
    http://islamsucks.wordpress.com/feed/
    http://www.badbuddhistblog.com/
    ReplyDelete
  27. အစ်မငယ် ... ကျွန်မလဲ အစ်မမြင်သလိုမြင်ပါတယ် ... ကျွန်မငယ်ငယ်က က လူမျိုးရေးမုန်းတီးမှု အတော်ပြင်းထန်ပါတယ် ... နောက်ပိုင်းကျတော့ နေရာတိုင်း၊လူမျိုးတိုင်းမှာ မကောင်းတဲ့သူရော ကောင်းတဲ့သူရောရှိတယ်လို့ ပြောင်းမြင်နိုင်လာပါတယ် ... ကျွန်မတို့ဘာသာကိုစော်ကားတဲ့ဘလော့တွေ တစ်ခုမက ဖတ်ဖူးပါတယ် ... ပထမဖတ်ဖူးတဲ့ဘလော့တစ်ခုဆိုရင် ကွန်မန့်ရော စီဘောက်စ်ပါ ဖွင့်မထားပါဘူး ... ဖတ်ရုံသာဖတ်ပြီး မကျေနပ်ရင် ဒေါသထွက်ရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူးပေါ့ .. ဒါကိုကြည့်တာနဲ့တင် စာ ရေးသူက သူ့စာအပေါ်သူယုံကြည်မှုမရှိတာကို ကိုမြင်သာပါတယ် ...ခုလဲ စီဘောက်စ်ကိုဖွင့်ထားပေမယ့် ရေးမှာစိုးလို့ ကျွန်မတို့ ငယ်ငယ်ကပြောသလို ဟုတ်ရင်ခံ၊မှန်ရင်ဆက်ပြောဆိုတဲ့ စကားပုံစံမျိုးစာတွေရေးပြီး သူ့ရဲ့အဆင့်အတန်းကိုပြထားတယ်လေ ... ဒီလိုလူမျိုးက ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဒေါသထွက်ဖို့မသင့်ပါဘူး ... ဒီတော့ ကိုယ့်စိတ်တွေကို သူတို့မောင်းနှင်တဲ့အတိုင်းမသွားပါနဲ့လို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမတွေကို ပြောချင်ပါတယ် ... ပြီးတော့ လုပ်နိုင်တာနောက်တစ်ခု က အထက်မှာသူများတွေပြောသလို Report Abuse တင်လို့ရပါတယ် ... ကျွန်မကတော့ မနေ့ကလုပ်လိုက်တယ် ...
    ReplyDelete
  28. Dear Ma Nge Naing,
    I have already linked your wonderful post to my weblog.Your post has demonstrated the tolerance of the knowledgeable devout Buddhist.
    I want Burmese Muslims to know that there are many good Buddhists like you are there in this blogosphere.
    Only with love, sincerity and tolerance, we will able to form the bridges among the different faiths.
    regards,
    ReplyDelete
  29. Yes.. I agree with what U posted. But, one thing to mind that those guys R worse than U all think. I am staying in Middle East for ~3.5 years and now little familiar with what that religion is...
    They have master plan to conquer the world to be their ways and should not neglect on their so called scum works. I am not anti religion but admit that strongly against on religion which encourages PPL to kill and get kill instead of directing to peace for oneself well being.
    Also want to clear that I am not writing to fight back, but to be aware more than ever.
    May peace be with U and for all!!!
    ReplyDelete
  30. ကြယ်ပြာရေ ဆွေးနွေးချက်တွေ အတွက် ကျေးဇူးတင်ပါတယ်။ ညီမလေး ဆွေးချက်တွေကို လက်ခံပါတယ်။
    ကိုကျော်ကျော်ဦးရေ မှတ်ချက်အတွက်ရော ပြန်ဖေါ်ပြပေးမယ်ဆိုတဲ့ အတွက်ပါ အတိုင်းမသိ ကျေးဇူးတင်ပါတယ်။
    ဇော်က Profile လိုက်လို့ မရပေမဲ့ ညီမလေး လတ်လတ်ဇော်လို့ အစ်မ ထင်တယ်။ အစ်မ အနည်းငယ် ပြန်ဆွေးနွေးလိုတာက တခြားဘာသာဝင်တွေကို သူတို့ဘုရားရဲ့ အလိုကျ သတ်ပြီး သာသနာပြုရမယ်ဆိုတဲ့ သူတို့ယုံကြည်တာကို အစ်မတို့ တားလို့မရဘူး။ ဘာလို့လဲဆိုတော့ ယုံကြည်မှုဆိုတာ လုပ်ယူထားတာ မဟုတ်ပဲ တကယ်ယုံ ကြည်နေလို့ ဖြစ်တယ်။ ထိုနည်းအတူ လူသတ်ချင်နေတဲ့ ဆန္ဒကိုလည်း တားလို့ ရချင်မှရမယ်။ ဒီလူတွေ ဒီလိုယုံကြည်နေလို့ ဒီလူတွေကို မျိုးတုံးအောင် သတ်လို့ မဖြစ်နိုင်ဘူး။ သူတို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် လွတ်လပ်စွာ ယုံကြည်သက်ဝင် အသက်ရှင် ရပ်တည်ပိုင်ခွင့် ရှိလို့ သူတို့က ဒုက္ခမပေးမချင်း အရေးယူလို့မရပါဘူး။ ဒါပေမဲ့ သူတို့ ယုံကြည်တဲ့အတိုင်း လူ့အဖွဲ့အစည်းကို အန္တရယ် ပြုလို့မရအောင် သူတို့လုပ်ချင်တိုင်း လုပ်လို့မရအောင်တော့ ဥပဒေတွေနဲ့ တားလို့ ရပါတယ်။ ဒုက္ခပေးလာမှ ဖမ်းဆီးအရေးယူလို့ရမယ်။ ဥပမာ အိုစမာ ဘင်လာဒင် လုပ်တာမှန်တယ်၊ ထောက်ခံတယ်လို့ ဆန္ဒပြတဲ့သူတွေရဲ့ ဆန္ဒကို အစ်မတို့ တားလို့မရဘူး၊ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်နေသ၍ အရေးယူလို့လည်းမရဘူး။ ဒါပေမဲ့ အဲဒီလို ပြောနေသူတွေ ဘင်လာဒင် လုပ်သလို လုပ်လို့မရအောင် ကာကွယ်ဖို့နဲ့ လုပ်ရင်အပြစ်ပေးဖို့ပဲ ရပါတယ်။ ဒါကြောင့်မို့ သူတို့ ဘယ်လိုပဲ Master Plan ပဲထားထား PhD Plan ပဲထားထား လူ့အခွင့်အရေးကို လေးစားရင် သူတို့ အကောင်အထည် မဖေါ်ပဲနဲ့ ဒီလိုလုပ်တော့မှာပဲလို့ ထင်ကြေားနဲ့ အရေးယူလို့မရဘူး သတိကြီးစွာ ထားပြီး စောင့်ကြည့်ရင်း တကယ်ထပြီး အကောင်အထည်ဖေါ်မှပဲ အရေးယူလို့ ရပါတယ်။
    ReplyDelete
  31. မငယ်ရေ
    ဒီပို့စ်နာမည်ကြီးနေတာနဲ့ သွားကြည့်မိပါတယ်။ နဲနဲဖတ်ပြီး အလွန်ကြောက်စရာကောင်းတာနဲ့ ဆက်မဖတ်ဖြစ်တော့ပါ။ ဒီပို့စ်နဲ့ပတ်သက်ပြီး ထိထိမိမိ မငယ်ရေးပေးတဲ့အတွက်လည်း ကျေးဇူးလည်းတင်ပါတယ်။ ဘာသာနှစ်ခုကို ရန်တိုက်ပေးနေတယ်လို့လည်းထင်ပါတယ်။
    ReplyDelete
  32. မင်းမင်းApril 21, 2010 at 2:35 AM
    အရေး သားလေးတွေကို ကြည့်ပြီး စာရေးသူဟာ..
    တစ်ကယ့်ကို ပညာတတ် တစ်ယောက်ပါပဲ။
    ချီးကျူပါတယ်..ဗျာ.. အပြင်မှာခင်ခွင့်ရရင် သိပ်ကောင်းမှာပဲ
    ReplyDelete
  33. မင်းမင်းApril 21, 2010 at 2:36 AM
    အရေး သားလေးတွေကို ကြည့်ပြီး စာရေးသူဟာ..
    တစ်ကယ့်ကို ပညာတတ် တစ်ယောက်ပါပဲ။
    ချီးကျူပါတယ်..ဗျာ.. အပြင်မှာခင်ခွင့်ရရင် သိပ်ကောင်းမှာပဲ
    ReplyDelete
  34. မငယ်ရေ..အဲဒီကောင်ရဲ့ဆိုဒ်ကို ကျနော်က မကြာမကြာ
    ဒေါသထွက်ရတဲ့ စာတချို့ကူးလာခဲ့တယ်။
    အောက်မှာ ဖတ်ကြည့်ပါ။....
    ဒီကောင်မို့လို့ဗျာ။ရှေးမြန်မာဆရာတော်တွေ
    ကြိုးစားတီထွင်ခဲ့တဲ့ မြန်မာစာကိုမှ မထောက်။
    သံဃာတွေကိုစော်ကားနေတာ မြန်မာစာနဲ့ပဲဗျာ။
    မျက်မှောက်သံဃာကို မကြည်ညိုလို့ ရှိရင်လည်း
    အင်္ဂလိပ်စာ၊ချင်းစာ၊ကချင်စာ၊ဘင်္ဂလီစာ၊အူရဒူစာတွေနဲ့
    ရေးပေါ့ဗျာ။မြန်မာစာနဲ့မြန်မာဗုဒ္ဓဘာသာကိုစော်ကားနေတာတော့ ကျေးဇူးကန်းလွန်းပါတယ်။သန်းရွှေတို့ကိုလည်း
    ထိလို့နာသေးတဲ့ အဲဒီကောင် စစ်ငကြောင်တွေလို အသေဆိုးနဲ့ကံကြီးထိုက် သေရမယ်ထင်တာပဲ။
    (စာကြွင်း-ဒီကောင့်ဘလော့က ထူးခြားနေတယ်။ဂူဂယ်ကို ရီပို့လုပ်မရအောင် နည်းပညာခပ်မြင့်မြင့်နဲ့ ရှေ့စာမျက်နှာ တန်းပလိပ်ကို ပြင်ဆင်ထားတယ်ဗျ။သိတဲ့သူတွေ ဘယ်လို ဟက်လို့ရတယ်ဆိုတာ ဆွေးနွေးကြပါဦး) မိုးအောင်
    ------------------------------
    သမိုင်းကြောင်းကို ပြန်ကြည့်ရရင် ဂေါတာမရှိစဉ်လက်ထက်က အိန္ဒိယမှာ ပြည်တွင်းစစ်ဖြစ်တော့ဒီဘက်ကဟိန္ဒိုဘာသာ အိန္ဒိယပြည်မကြီး(ဗုဒ္ဓဘာသာအခေါ်=ကျည်းကုလား)နဲ့ ဂေါတာမတို့နယ်
    (အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ် ကပ္ပိလဝတ် မြို့) က စစ်သည်
    လေထီးစစ်သားမဟုတ်..လေရွှီးစစ်သား) တွေနဲ့ စစ်ဖြစ်ကြကော အိန္ဒိယပြည်မ(ဟိန္ဒို)ကနိုင်သွားကော
    ဂေါတာမလည်းပါတယ် ယခုလက်ရှိနီပေါနိုင်ငံကနေ သီရိလင်္ကာနိုင်ငံ(သီဟိုဋ္ဌ်)ကို ထွက်ပြေးရသေးတယ်ဗျာ…
    (စကားချက် -ဟားဟား သေရမှာကြောက်တဲ့ စောက်ကြောက်ကြီးဂေါတာမ)
    ReplyDelete
  35. ကျွန်မ အဲဒီဘလော့ဂ်ကို အဲဒီပို့စ်တင်ပြီး ခဏရောက်ဖြစ်ပေမဲ့ နောက်ပိုင်း တခါမှ မရောက်ဖြစ်ဘူး။ သွားဖတ်နေရင်လည်း ဘာမှ အကျိုးမထူးဘူးလို့ ထင်တယ်။
    ReplyDelete
  36. တော်တော်အဖိုးတန်တဲ့ အတွေးအခေါ်ပါပဲဗျာ။ မငယ်နိုင်ကို ချီးကျူးမိပါတယ်။
    လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းမှာ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြတာပဲလေ။ လွတ်လပ်စွာကိုးကွယ်ခွင့်ဟာ လူသားတွေရဲ့ အခွင့်အရေးတစ်ရပ်ပါ။
    ဘာသာရေးမုန်းတီးမှုက ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်တာမို့ ခေါင်းအေးအေးနဲ့သာ စဉ်းစားဆင်ခြင်ကြစေချင်တာပါပဲ။
    ဒီလိုအဖိုးမတန် အောက်တန်းကျတယ့် လူတစ်ယောက်အတွက်နဲ့ ဘယ်သာသာဝင်တွေအကြားမှ အမုန်းတရားမပွားသင့်ပါဘူး။
    ဒီလိုစာတွေရေးပေးတယ့်အတွက် ကျေးဇူးပါဗျာ။
    ReplyDelete
  37. ပုထုဇဉ်မှန်သမျှမှာ အမှားကိုအမှန်လို့ မှတ်သား၊ အမှန်လို့သိ၊ အမှန်လို့ ယူစွဲတတ်တဲ့ ဖောက်ပြန်မှားယွင်းမှု (၁၂)မျိုး ပိတ်ဖုံးနေမြဲဖြစ်ပါတယ်။ လူမျိုးမရွေး၊ ယုံကြည်မှု၊ စွဲယူမှုမရွေး၊ ဇာတိဇစ်မြစ်မရွေး လူမှန်သမျှမှာ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ် ၂မျိုးကိုသာလုပ်တတ်ကြပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာကတော့ မိမိကိုယ်ကို ကတ္တားပုဒ်နေရာကထားလို့ ကျေနပ်နှစ်သက်လက်ခံနိုင်တဲ့ အမှုမှန်သမျှ သူတပါးအတွက်လုပ်ပေးရင် ကောင်းတဲ့အလုပ်လို့ သတ်မှတ်ပါ။ ဒါ အရှင်းဆုံးပါဘဲ။ အဲဒါရဲ့ဆန့်ကျင်ဘက်က မကောင်းတဲ့အလုပ်ပေါ့။္ဒ္ဓ္ဒ”သာမန်” ကောင်းတဲ့အလုပ်လုပ်ရင်တောင် စောစောကပြောခဲ့တဲ့ ဖောက်ပြန်မှားယွင်းမှု (၁၂)မျိုး ပိတ်ဖုံးနေတတ်ပါတယ်။ မကောင်းတာလုပ်ရင်တော့ ပြောစရာတောင်မရှိတော့ဘူးပေါ့။ ပုထုဇဉ်တိုင်းဟာ ကိလေသာ နူနာ စွဲကပ်နေကြရတယ်။ ကိလေသာကို ကိလေသာမှန်းမသိခဲ့ရင်၊ ဖယ်ရှားရကောင်းမှန်းမသိခဲံ့ရင်၊ မဖယ်ရှားခဲ့ရင် .. ကောင်းတာလုပ်နေတာတောင်မှ ကိလေသာမကင်းဘဲ လုပ်နေတတ်တဲ့အတွက် ကိလေသာနူနာကြီးက အဝိဇ္ဇာပြည်တွေ တရွှဲရွှဲ၊ တဏှာသွေးပုပ်တွေ တယိုယို၊ အပါယ်ဇာတိလောက်ကောင်တွေ တဖွားဖွားနဲ့ မြင်မကောင်းရှုမကောင်း မသတီစရာဖြစ်နေတတ်ပါတယ်။ မကောင်းတာတွေးကြံ၊ မကောင်းတဲ့အလုပ်လုပ်သူကတော့ .. ဘယ်လိုနေမလဲ? စဉ်းစားသာကြည့်ပေတော့။ မသတီစရာဖြစ်နေတဲ့၊ အနားကပ်လို့မရအောင် အနာဗရပွနဲ့ ပုပ်ဟောင်နေတဲ့ ကိလေသာအနူတစ်ယောက်ကို သက်သာစေချင်လို့ ဆေးကျွေးချင်ပေမဲ့ သူမျိုမှ ရောဂါ ”သက်သာ” မှာကိုး။ (မပျောက်သေးဘူးနော်) ကိုယ်မျိုပေးလို့မရဘူးလေ။ အဲဒါ ဆေးကိုမှ ခါးခါးသီးသီးလက်မခံဘဲ ပေးမယ့်သူကိုရန်ရှာ၊ ဆေးကိုဖျက်ဆီးနေတာကတော့ သူ့အကြောင်းနဲ့ သူ့အကျိုးပေးဘဲဖြစ်လိမ့်မယ်။ လူကောင်းတွေက သူအနားလည်းကပ်လို့မဖြစ်ဘူး။ သူက အတင်းလိုက်ထိနေလည်း မသတီစရာကို မသတီစရာမှန်းသိတဲ့သူတွေက အကပ်မခံဘဲရှောင်ကြရမှာပေါ့။ ရှောင်ကြမှာပါဘဲ။ သူ့တရား (သူ့အကြံ၊ သူ့အပြော၊သူ့အလုပ်တွေ) က သူ့ကိုစီရင်၊ အကျိုးပေးပါလိမ့်မယ်။ သူသွားနေတဲ့ခရီးဆုံး၊ လားရောက်မယ့်နေရာကို ကိုယ်သိနေမှဘဲ။ တွန်းပို့စရာတောင်မလိုတော့ပါဘူး။
    ReplyDelete
  38. ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး သုံးစားလို့ မရအောင် မကောင်းဆိုးဝါး ဘာသာအဖြစ် ကျမ်းဂန်ထဲက အချက်အလက် တချို့ကို တလွဲလွဲတချော်ချော် လိုသလို အဓိပ္ပါယ် ကောက်ယူပြီး ထိုးနက် တိုက်ခိုက်နေတဲ့ "ဗုဒ္ဓဘာသာဝင်များ အတွက် စေတမန်" ဆိုတဲ့ ဘလော့ဂ် ( http://messengerforbuddhist.blogspot.com/ ) ကို ဖန်တီးသူ ကိုယ်တော်ချော ဆိုသူကို BHG မှ စုံစမ်းခဲ့ရာ အောက်ပါ အချက်အလက်များကို ရရှိခဲ့ပါသည်။
    နီးစပ်ရာ အချင်းချင်း သတင်းစကား မျှဝေခြင်းဖြင့် မိမိတို့ အမွန်မြတ်ဆုံး ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ကာကွယ်နိုင်ကြပါစေ။
    ဗုဒ္ဓဘာသာကို စော်ကားနေသူ ကိုယ်တော်ချော အမည်ခံ တေဇာအောင်
    တေဇာအောင်
    International Marketing Manager
    Equip Medical System ကုမ္ပဏီ လီမိတက်
    အမှတ် (၁)၊ သုခလမ်း
    အမှတ် (၈) ရပ်ကွက်
    လှိုင်မြို့နယ်
    ရန်ကုန်မြို့
    ဖုန်း - ၉၅ - ၉ - ၅၀ဝ - ၄၉၀၇
    ဖက်စ် - ၉၅ - ၁ - ၂၀ဝ - ၅၈၂
    ဆဲလ်ဖုန်း - ၉၅ - ၉ - ၅၀ဝ - ၄၉၀၇
    Mr. Tay Zar Aung
    ( Marketing , International Marketing Manager )
    Company : Equip Medical System Company Ltd.
    Address : No (1), Thukha Street, Ward No. (8), Hlaing Township, Yangon. Myanmar
    Yangon, Hlaing, Myanmar Zip/Postal : 959
    Telephone : 95 - 9 - 500 - 4907
    Fax : 95 - 1 - 200 - 582
    Mobile : 95 - 9 - 500 - 4907
    ReplyDelete
  39. စာဖတ်သူအပေါင်းနဲ့ ကိုယ်တော်ချောဆိုတဲ့ သူ
    http://co2zenith.blogspot.com/2010/01/islamization-warning.html
    မရှိတော့လို့
    http://www.co2zenith.com/2010/11/blog-post.html
    မှာ ပြန်တင်ပေးထားပါတရ်
    ယဉ်ယဉ်ကျေးကျေး နဲ့ တန်တဲ့သူ ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်ပေမဲ့
    သိပ်အစွန်းရောက်တဲ့ Islam တွေကိုတော့ ဘယ်တော့မှ မယဉ်ကျေးပြတတ်ဝူး
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။