Pages

ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (ဖေဖေါ်ဝါရီ ၁၃ ) နီးလာလို့ ငယ်ငယ်တုန်းက သူငယ်တန်းကနေ ၄ တန်းအတိ ကျောင်းမှာ ဆိုခဲ့ရတဲ့ ကဗျာလေးကို မသိသောသူများ သိစေရန်နှင့် သိပြီးသော သူများလည်း ပြန်လည် အမှတ်ရနေစေရန် တင်လိုက်ပါတယ်။ ကျောင်းမှာတုန်းက အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ စတဲ့ နေ့ကြီးရက်ကြီးတွေ နီးကပ်လာတိုင်း ဟောပြောပွဲလုပ်ရင် ဆရာ၊ ဆရာမတွေကပဲ ဟောပြောပွဲ လုပ်ရင်းနဲ့ ဟောပြောပြီး တိုင်ပေးလို့ လိုက်ဆိုရာက ရခဲ့ပါတယ်။ ဘယ်သူရေးလို့ ရေးမှန်း မသိခဲ့ဘူး။ သိသူများရှိပြီး ပြောပြပေးနိုင်ရင်တော့ အထူးပဲ ကျေးဇူးတင်ပါ့မယ်။

ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင်၊ ဂုဏ်မမက်
အာဏာအဆိပ်၊ ထိပ်မတက်။

ဗိုလ်ချုပ်အာင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်စတမ်း
မြန်မာ့သတ္တိ စမ်းချင်စမ်း။

ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုတာဝန် သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း
ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်း။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာ့ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးလုံးဝမဖက်ဘဲ ဘ၀ပေး၊ အသက်ပေး စွန့်လွှတ်အနစ်နာခံခဲ့တဲ့ သမိုင်းကို လူကြီး၊ လူလတ်။ လူငယ်၊ လူရွယ်၊ ကလေး အားလုံး ရင်ထဲမှာ နက်ရှိုင်းစွာ အမြဲတမ်း ကိန်းအောင်းနေစေပြီး ဗိုလ်ချုပ်အောင်ဆန်းကို အမြဲတမ်း အလေးပြုနေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

16 comments:

  1. အစ်မ...

    ဗိုလ်ချုပ် အတွက် ကဗျာလေး ဖတ်သွားတယ်... အရမ်းကောင်းတယ်...

    ReplyDelete
  2. အမရေ ကဗျာလေး ဖတ်သွားတယ် တကယ့်ကို ခုမှ ဖတ်ဖူးတယ် ကျနော်တို့ ငယ်တုန်းက မဖတ်ဖူးဘူးပဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. ဗိုလ်ချုပ်အောင်ဆန်းရဲ့ လေးစားဘွယ်ရာ စွမ်းရည်များအကြောင်း ရေးထားတဲ့  ဒီကဗျာလေးကို ခုမှ ဖတ်ဖူးတယ် ။ ကျေးဇူးပါ မငယ်နိုင် ။

    ခုခေတ် ဘိုဂျုပ်ကြီးတွေ အတွက် ရေးစပ်ထားတာများရော .. ရှိမလား နော်။
    ဒီအပေါ်က ကဗျာလေးထဲက အကြောင်းအရာတွေအားလုံးကို ဆန့်ကျင်ဘက်လုပ်ပြီး ရေးလိုက်ရင် တောင်၊
    ပြည့်စုံ နိုင်ပါ့မလား ....း)

    ReplyDelete
  4. ဗိုလ်ချုပ်ပုံလေး ထည့်ဖို့ ဘယ်နားမှာ သွားယူရမလဲလို့ စဉ်းစာနေတုန်း ကိုဒီရေ လာထည့်သွားပေးတာ ကျေးဇူးတင်ပါတယ်။

    တောင်ပေါ်သားနဲ့ Kiki မှ မဟုတ်ဘူး အိမ်က အမျိုးသားကလည်း ဒီကဗျာကို သူလည်း တခါမှ မကြားဖူးဘူးဆိုတော့ ကျွန်မတို့ မြို့နယ်က ဆရာ၊ ဆရာမ တဦးဦးကပဲ စပ်ထားလား ပြောမတတ်ဘူး။ ဒါမှမဟုတ် မမှတ်မိကြတာလည်း ဖြစ်နိုင်မယ် ထင်တယ်။

    ReplyDelete
  5. ဗိုလ်ချုပ်ကို လေးစားချစ်မြတ်နိုးပါတယ်... ကဗျာလေးဖတ်သွားတယ်

    ReplyDelete
  6. Gen Aung San is truly a visionary who is way way ahead of his time. Burma has never recovered from his assassination along with brightest of minds in his cabinet.

    Coban

    ReplyDelete
  7. ခုမှဖတ်ဖူးတာပါ။ ရေးသူမသိပါ။
    ဗိုလ်ချုပ်ကိုအလေးပြုပါတယ်။

    ReplyDelete
  8. ကဗျာဖတ်သွားပါတယ်။ အရင်က မဖတ်ဖူးပါ။ ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  9. That is a great poem and it needs to spread to all Myanmar Schools !!!

    Thanks a lot for sharing. Really Appreciated....

    ReplyDelete
  10. ဗိုလ်ချုပ်ကိုအလေးပြုပါတယ်။

    ReplyDelete
  11. ကဗျာလေးဖတ်ပြီး မှတ်သွားပါတယ် အစ်မရေ။ တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  12. ဒီကဗျာလေးရဲ့ အနှစ်သာရတွေကို လာရောက်မျှဝေ ခံစားသွားတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ”ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ” နဲ့ စတဲ့ အောင်ဆန်းဇာနည် ကဗျာလိုပဲ ဒီကဗျာကို လူတိုင်းသိတယ်ထင်နေတာ အခု တယောက်မှ မသိဘူးဆိုတော့ ကျွန်မတို့ ကျောင်းက ဒါမှမဟုတ် ကျွန်မတို့ မြို့နယ်က ဆရာ၊ ဆရာမတယောက်ယောက်က စပ်ပြီး ကျောင်းသားတွေကို သင်ပေးတာပဲ ဖြစ်မယ်ထင်တယ်။ နေ့ကြီးရက်ကြီးနီးတိုင်း အဲဒီနေ့တွေအကြောင်း ပြာရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက မပါရင် မပြီးဘူး ပြီးတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အားလုံးမွေးရမယ်ဆိုပြီး ဒီကဗျာလေးကို တိုင်ပေးလေ့ရှိပါတယ်။ အခုလို မျှဝေခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ လာဖတ်ပြီး မှတ်ချက်ပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

    ReplyDelete
  13. ဒီလိုကဗျာမျိုးကို ဒီဘက်ခေတ်က ကလေးတွေ ဘာလို့ မဖတ်ရ မသင်ရတော့တာလဲ စဉ်းစားလို့မရဘူးနော်...

းဝ)

    ReplyDelete
  14. ကျေးဇူးပါ။ နှောင်းခေတ်ကလေးတွေအတွက်နဲ့ ပညာရေးသင်ရိုးညွှန်းတမ်းမှာ သုံးနိုင်ကြ အောင်လို့ မြန်မာကျောင်းဆရာများ ဘလော့မှာ ထပ်တင်ပါတယ်။

    ReplyDelete
  15. အစ်မငယ်ရေ ... ကြယ်ပြာတို့ငယ်ငယ်တို့က သင်ရတဲ့ကဗျာက ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါဆိုတာနဲ့ စာသားတွေနဲ့စတဲ့ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာလေးပဲသင်ဖူးတယ် ... အခု အစ်မတင်ပေးတဲ့ကဗျာလေးဖတ်ရတာ ကြက်သီးထလောက်အောင် သဘောကျမိပါတယ် ... မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ...

    ReplyDelete
  16. 5 Jan 11, 17:12
    Theint: မငယ်နိုင်..အမှတ်မမှားဘူး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင် ဆိုတဲ့ ကဗျာကလေးက ဆရာဦးတင်မိုး ရေးခဲ့တာပါ။ ထပ်ပြီး confirm လုပ်ပါမယ်နော်။ ဆရာဦးတင်မိုးရဲ့ ကလေးကဗျာများ စာအုပ်ထဲကပါ။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။