Pages

ဖတ်စေချင်သည်

အချိန်ယူရဦးမှာပါ
သင်ဘယ်လိုလူလဲဆိုတာ သိဖို့
ကျွန်ုပ် ဘယ်လိုလူလဲဆိုတာ သိဖို့
အလိုဆန္ဒရှိနေတဲ့ သင်နှင့်ကျွန်ုပ် ...
နေမြင့်ရှည်ကြာ သွားလာနေထိုင် ဆက်ဆံရင်း
စူးစမ်းလေ့လာကြရဦးမှာပါ။
အမှားအမှန် အဆိုးအကောင်း သိမြင်နိုင်တဲ့
ဥာဏ်ပညာ အဆင်အခြင် ရှိ မရှိပေါ်မှီပြီး ...
သင်နှင့်ကျွန်ုပ် အဖြေမှန်ရသည်လည်း ရှိမယ်၊
အဖြေမှန် မရသည်လည်း ရှိလိမ့်ဦးမယ်လို့တော့
သတိရှိစေချင်ပါတယ်။ ~ ဗုဒ္ဓ ~ သတ္တဇဋိလသုတ်

လွတ်လပ်မှုဆိုတာ
- မိမိရဲ့ လွတ်လပ်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေရင် အဲဒီလွတ်လပ်မှုမျိုးကို လွတ်လပ်မှုလို့ မခေါ်နိုင်ဘူး။

အကျိုးဆောင်တတ်စေချင်ပါတယ်
- အကျိုးဆောင်ပိုင်ခွင့်ဆိုတာ ကြီးကြီးကျယ်ကျယ် လုပ်ရမှမဟုတ်ပါဘူး။ ချစ်ဖွယ်စကား, ချိုမြိန်တဲ့စကား, နားဝင်ချိုတဲ့စကားပြောတတ်ရင် အချိန်တိုင်း အကျိုးဆောင်ပိုင်ခွင့်ရနေပါတယ်။
- သူ့မှာရှိတာနဲ့ သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာ မေတ္တာပါ။ မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်တာကိုတော့ လောဘလို့သာခေါ်ရမယ်။

ရဲရင့်လိုက်စမ်းပါ
- မိမိကိုယ်ကို မိမိ မနှောင်ဖွဲ့ပါနဲ့၊ ပင်ပန်းအောင် မလုပ်ပါနဲ့၊ ဆင်းရဲအောင် မလုပ်ပါနဲ့။
- မိမိကိုယ်ကို မိမိ သိပ်သိတဲ့ သိပ်တတ်တဲ့ပုံစံမျိုး နေထိုင်မိတတ်ကြတယ်။ တကယ်တော့ မိမိတို့မှာ အဲဒီလိုအနေအထားမျိုး ရှိမနေကြဘူး၊ သိနိုင်သလောက် သိအောင် ကြိုးစားနေခြင်းမျှသာဖြစ်ကြတယ်။
- မပြည်ဝသေးတာ မပြည်ဝသေးမှန်းသိရင် စိတ်ဟာလွတ်လပ်သွားတယ်၊ သိယုံနဲ့မလုံလောက်ဘူး၊ ကိုယ်သိတာ ဒီလောက်ပါပဲလို့ လိုအပ်တဲ့အခါ ၀န်ခံလိုက်တာ အနှောင်အဖွဲ့ကနေ ထွက်မြောက်ခြင်းတစ်မျိုးပဲ။ စိတ်မှာ ၀န်ထုပ် ၀န်ပိုးဖြစ်ပီး မကျန်ရစ်တော့ဘူး။ ဟန်ကိုယ့်ထားရတဲ့ ဒုက္ခကနေ ထွက်မြောက်နိုင်လိုက်တဲ့အတွက် စိတ်ဟာတည်ကြည်လာတယ်၊ ခံ့ကျန်းလာတယ်၊ ရင့်ကျက်လာတယ်။
- မိမိကိုယ်ကို မိမိ နှောင်ဖွဲ့နေတာလည်းမသိဘူး၊ သူတစ်ပါးတို့ရဲ့ နှောင်ဖွဲ့တာခံနေရမှန်းလည်း မသိဘူးဆိုရင် မိမိရဲ့ချမ်းသာကို ဆောင်နိုင်ဖို့မလွယ်တော့ဘူး။ သူတစ်ပါးတို့ရဲ့ ချမ်းသာခြင်းကိုလည်း ဆောင်ခြင်းငှာမဖြစ်နိုင်တော့ဘူး။

ခက်ခဲတဲ့အရာ
- လူတွေရဲ့ အလိုဆန္ဒကို အမြဲသိဖို့မလွယ်ဘူး။ ဥာဏ်နှင့်ယှဉ်တဲ့ သည်းခံမှုထိန်းသိမ်းချုပ်တည်းမှုတွေကြောင့် သိဖို့ရန်ခက်သလို, မာယာ သာဌေယျ အလှည့်အပတ် အကွေ့အကောက်တွေ နေရာယူမှုကြောင့်လည်း သိဖို့ရာခက်တယ်။

လောကကို ကောင်းစေချင်သူများ
- ပုံမကျတာတွေ မဟုတ်တာတွေ တရားမမျှတတာတွေ အချိုးမကျတာတွေတွေ့လို့ ဝေဖန်ထောက်ပြသူ တွန်းလှန်သူ ဆန့်ကျင်သူတွေကိုတွေ့ရင် အမှန်တရားထွန်းကားဖို့ လောကကြီးကို ပုံစံတကျတည်ဆောက်ဖို့ စေတနာဆန္ဒရှိနေသူများလို့ လက်ခံတတ်တဲ့စိတ် ကျွန်ုပ်တို့မှာရှိဖို့ လိုအပ်ပါတယ်။
- He has a right to criticize, who has a heart to help. " အားနည်းချက်တွေ အမှားတွေ ပုံမကျတာတွေ မကောင်းတာတွေကို ဝေဖန်ထောက်ပြခြင်းဆိုတာ ကူညီလိုတဲ့ နှလုံးသားရှိသူရဲ့ အခွင့်ပဲ။ " ~ Abraham Lincoln
ဒီအခွင့်ကိုပေးသင့်သလို ခံယူနိုင်တဲ့နှလုံးသားကိုလည်း ကျွန်ုပ်တို့တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကြီးမြင့်တဲ့ စိတ်ထားရှိသူဖြစ်နိုင်မယ်။ လူကြီးလို့ခေါ်နိုင်မယ်။
- သို့သော် " မစူးစမ်း မဆင်ခြင်ပဲ တစ်ပါးသူတွေရဲ့ဂုဏ် တစ်ပါးသူတွေရဲ့ အပြစ်ကို ပြောဆိုတတ်သူတွေကိုတော့ မိုက်မဲသူ မလိမ္မာသူလို့ " ဘုရားရှင် မိန့်တော်မူထားတဲ့အတွက် ကျွန်ုပ်တို့ဟာ မိုက်မဲသူ မလိမ္မာသူတွေတော့ မဖြစ်သင့်ကြဘူး။

သညာရှိနှင့် ပညာရှိ
- သညာဆိုတာ သင်အံလေ့ကျက်ခြင်းကို အမှီပြုပီး ဖြစ်ပေါ်လာတဲ့တရားပါ။ အဲဒီသညာနဲ့ မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ သညာရှိလို့သာဆိုရတယ်၊ ပညာရှိလို့မဆိုနိုင်ဘူး။

စာတတ်တယ်ဆိုတာ
- စာတတ်တယ်ဆိုတာ အာဂုံနှုတ်တက်ဆောင်နိုင်ရုံမျှကို ခေါ်တာမဟုတ်ဘူး။ နားလည်သဘောပေါက်အောင် ကြည့်ရှုနိုင်စွမ်းကိုခေါ်တာ။
~ မဟာဂန္ဓာရုံဆရာတော်

မနှောင်ဖွဲ့ပါနဲ့
- ပုဂ္ဂိုလ်တစ်ဦးကို စိတ်တည်ကြည်လွတ်လပ်မှုရစေချင်တယ်။ မိမိရဲ့ အပြုအမူ အပြောအဆိုကြောင့် အနှောင်အဖွဲ့တစ်ခု မဖြစ်စေချင်ဘူး။ မိမိလည်း စိတ်တည်ကြည်လွတ်လပ်မှုနဲ့ နေထိုင်လိုပါတယ်။ အနှောင်အဖွဲ့ဖြစ်စေမည့် ဘာကိုမှ ဘယ်သူ့ကိုမှ မပြုစေ မပြောစေချင်ပါဘူး။ လွတ်မြောက်ကြပါစေ။

ဘယ်အချိန်ဟာ အောင်မြင်တဲ့အချိန်လဲ
- Suffering arises out of desire not to suffer."
- " ဒုက္ခမဖြစ်လိုတဲ့ ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ။ "
- တစ်လောကလုံး ရင်ဆိုင်နေကြရတဲ့ ဒုက္ခဟူသမျှဟာ လိုချင်ခြင်းကြောင့် ရရှိလာတဲ့ ဒုက္ခများသာဖြစ်ကြတယ်။ မလိုချင်ပဲနှင့် ရရှိလာတဲ့ အရာတွေမဟုတ်ကြဘူး။
- လောကမှ မလွတ်မြောက်နိုင်သေးတဲ့ အောင်မြင်မှုမှန်သမျှဟာ အောင်မြင်မှု အစစ်အမှန်မဟုတ်ဘူး။ အောင်မြင်မှု ကျော်စောမှု ထင်ပေါ်မှုအတွက် အလုပ်လုပ်နေသူမှန်သမျှရဲ့ စိတ်ဟာ တဏှာကြောင့် ဆာလောင်နေတယ်၊ စိုးရိမ်နေတယ်၊ မ၀ံ့မရဲဖြစ်နေတယ်၊ မလိုမကျဖြစ်နေတယ်၊ သူတစ်ပါးလက်ခံအောင်ကြိုးစားဖို့ ကြောင့်ကြဗျာပါရများနေတယ်၊ တွေဝေနေတယ်၊ တုန်လှုပ်နေတယ်၊ မငြိမ်းချမ်းဘူး။
- တဏှာကြောင့် လိုနေတဲ့လောကကြီးက မိမိလိုချင်တာ ပေးနိုင်မည့်သူထံ သွားကြ လာကြတယ်။ မိမိလိုချင်တာ မပေးနိုင်ဘူးလို့ အထင်ရောက်တဲ့အခါ ဖယ်ခွါသွားကြမှာပါပဲ။ လိုချင်တာ ပေးနိုင်မယ်လို့ ယူဆတဲ့ တစ်ပါးသူတွေထံချဉ်းကပ်ဖို့ပေါ့။ အဲ့ဒီအခါမျိုးမှာ မတုန်လှုပ်ပါနဲ့။ ဒါဟာ လောကသဘာဝတစ်ခုပါ။ တစ်ပါးသူတို့ရဲ့ လက်ခံခြင်းဟာ လွတ်မြောက်လိုသူတွေအတွက် အနှောင်အဖွဲ့တွေပါ။ အနှောင်အဖွဲ့ခံနေရတယ်လို့ သဘောမပေါက်နိုင်လောက်အောင် လိုချင်မှုတဏှာရဲ့ လှည့်ကွက်ကို သတ္တ၀ါတွေခံကြရတယ်။ တဏှာမရှိတော့တဲ့ အချိန်ရောက်မှ စိတ်ဟာလွတ်လပ်သွားမယ်၊ ငြိမ်းချမ်းသွားမယ်။
- တဏှာကင်းတဲ့အချိန်ဟာ အောင်မြင်တဲ့အချိန်ပဲ။ တဏှာကင်းသွားတဲ့အချိန်မှာ လွတ်မြောက်ခွင့်ရကြတယ်။ လွတ်မြောက်နိုင်ကြပါစေ။ ~ အရှင်ရေ၀တ

မှန်ကန်တဲ့နည်းလမ်း
- ရန်သူတွေကို ဖျက်ဆီးချင်နေသူတွေအတွက် အကောင်းဆုံးနည်းလမ်းပေးလိုက်မယ်။ မိတ်ဆွေဖွဲ့လိုက်ပါ။
- မိတ်ဆွေဖွဲ့လိုက်ရင် ရန်သူဆိုတာကို သတ်ဖြတ်ဖျက်ဆီးအဆုံးစီရင်လိုက်တာပါ။

ဆုံးရှုံးမှု
- တန်ဖိုးမသိရင် တန်ဖိုးရှိတဲ့သူတွေကို ဆုံးရှုံးရတတ်ပါတယ်။

လူ့တန်ဖိုးသိအောင်လုပ်ပါ
- လူ့တန်ဖိုးဟာ သက်မဲ့ပစ္စည်းအောက် မရောက်သင့်ဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သက်မဲ့ပစ္စည်းလောက်တောင် တန်ဖိုးမထားဘူးဆိုရင် ဒီလောကကြီးကို လူ့တန်ဖိုးသိတဲ့လောကလို့မခေါ်နိုင်ဘူး။ သက်မဲ့ပစ္စည်းနဲ့ ဂုဏ်သိက္ခာကို အလဲအလှယ်လုပ်နေကြတာ, သက်မဲ့ပစ္စည်းအတွက် ငြင်းခုန် စကားများနေကြတာ, သက်မဲ့ပစ္စည်းအတွက် သက်ရှိတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေကြတာ ဘာကိုတန်ဖိုးထားကြတာလဲ၊ ဒီလိုလူတွေဟာ လူမဖြစ်ကြသေးဘူး၊ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်အတင့်မှာပဲ ရှိနေကြသေးတယ်။

ကျွန်ုပ်၏ဆန္ဒ
- မိမိနေထိုင်တဲ့တိုင်းပြည်, မိမိနေထိုင်တဲ့နေရာ, မိမိနေထိုင်သီတင်းသုံးတဲ့ ကျောင်းတိုက်ဟာ ဘယ်လိုတိုင်းပြည် ဘယ်လိုနေရာ ဘယ်လိုကျောင်းတိုက်မျိုးပေါ့လို့ ဂုဏ်ယူစွာပြောဆိုလိုတဲ့စိတ် ကိန်းဝပ်လာတဲ့သူတွေကို တွေ့ချင်သလိုပါပဲ အဲဒီလိုနေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း နေရာဟာ ဂုဏ်တင့်နေတာကို နေမြင့်ရှည်ကြာမြင်လိုလှပါတယ်။

အသစ်တဖန် မွေးဖွားခွင့်ပြုပါ
- လူဆိုတာ အသိဥာဏ်ရှိတဲ့သူ, ကောင်းချင်တဲ့သူ, တိုးတက်ချင်တဲ့သူပါ။ သတိလွတ်ကင်းလို့ တစ်ချိန်ကမှားခဲ့ပေမယ့် မိမိကိုယ်ကိုပြန်လည်ပြုပြင်ပီး ဖြစ်နေတဲ့ပုဂ္ဂိုလ်တွ လောကမှာ များစွာရှိနိုင်ပါတယ်။ ဒါကြောင့် နေ့သစ်တွေမှာ တွေ့ဆုံရတဲ့သူတွေကို ဘ၀သစ်တဖန် မွေးဖွားလာတဲ့သူတွေအဖြစ် ကြည့်တတ်အောင်လေ့ကျင့်မယ်။

သက်တမ်းရှိသလောက် ရပ်တည်သွားစမ်းပါ
- တစ်လောကလုံး တရားပျက်နေကြရင်တောင် တရားမပျက်စေရဘူး။ လူမိုက်တွေအကြောင့် စဉ်းစားပီးစိတ်မပျက်ပါနဲ့။ ဆူးနွယ် ချုံရှုပ်တွေပေါများတဲ့ တောကြီးထဲက သစ်ပင်ကြီးဟာ ဆူးနွယ် ချုံရှုပ်တွေမည်မျှပင်ရှိနေပါသော်လည်း သက်တမ်းရှိသလောက် သူရဲ့ဘ၀ကို ငါဟာသစ်ပင်ကြီးပါလို့ ကွဲကွဲပြားပြား ရပ်တည်သွားသလိုပဲ ... မိမိအကြောင်း မိမိသိတဲ့ပုဂ္ဂိုလ်ဟာ ဆူးနွယ် ချုံရှုပ်ကဲ့သို့သော ကျေးဇူးမဲ့ပြုတတ်သူတွေ ရှိနေပါသော်လည်းပဲ သက်တမ်းရှိသလောက် ငါဟာ ကျေးဇူးပြုသူတွေရဲ့ ကျေးဇူးကိုသော်လည်း ပြုနေသူပါလို့ မပြောသော်လည်း ပြောသကဲ့သို့ မိမိဘ၀ကို ကွဲကွဲပြားပြားရပ်တည်သွားမယ်။

ညီညွတ်ဖို့ဆိုရင်
- ညီညွတ်ဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကဲ့ရဲ့ခြင်းကို မပြုလုပ်ပါနဲ့၊ ကဲ့ရဲ့ခြင်းဟာ သွေးကွဲခြင်းရဲ့ သပ်လျှိုမှုဖြစ်တယ်။ ညီညွတ်ဖို့အတွက် တစ်ဦးကိုတစ်ဦး ပြုပြင်ဖေးမရမယ်။
- ပြုပြင်ဖေးမခြင်းဟာ ညီညွတ်သွေးစည်းခြင်းရဲ့ စည်းကြိုးဖြစ်တယ်။ မအောင့်အီးနိုင်လို့ သူတစ်ပါးအကြောင်းကို ပြောချင်ရင် ကောင်းတာလေးတွေကို ရွေးပြောပါ။ ~ ဘဒ္ဒန္တပညာဘောဂ (ဆဌသင်္ဂီတိထေရ)
- စေတနာကို မကြည့်ပဲ လူပြောသူပြောမျှကို ကြည့်မယ် အလေးဂရုပြုမယ်ဆိုရင် အမှန်ကိုသိခွင့်ရဖို့ မလွယ်တော့ဘူး။

ခွင့်လွတ်ခြင်းဆိုတာ
- ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အား နှုံ့သူတွေရဲ့ အလုပ်မဟုတ်ဘူး။ ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အားကြီးမြင့်သူတို့ရဲ့ အရည်အချင်းသာဖြစ်တယ်။ ဒါကြောင့် The weak can never forgive. Forgiveness is the attribute of the strong. လို့ မဟတ္တဂန္ဓီကြီးက ဆိုခဲ့တယ်။

* ဖားအောက်တောရ နိုင်ငံတကာ သာသနာပြုကျောင်းတော်ကြီးမှ ဓမ္မဒါနလက်ကမ်းစာစောင်အား ပြန်လည်ကူးယူဖြန့်ဝေခြင်း ဖြစ်ပါသည်။ *

Tay Zar
(myanmar daily info and general knowledge )



Tay Zar ရဲ့ myanmar daily info and general knowledge သို့ ပို့သောပို့စ်ကို Thant Zin Aung ဆီက Reply ပြန်လုပ်တာကို ဖတ်ရပြီး သဘောကျလို့ သူများကိုလည်း ဖတ်စေချင်လို့ ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်လည် ဖေါ်ပြလိုက်ပါတယ်။ (Myanmar Daily ရဲ့ Admins တွေကတော့ Slip Knot နဲ့ Simple Views ဖြစ်ပါတယ်။)

နှစ်သစ်မှာ ကျွန်မကို ချစ်သူမုန်းသူအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒမှန်သမျှ ပြည့်ဝပြီး မကောင်းမှုမှန်သမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ရှောင်ကြဉ်နိုင်ကြပါစေ။

56 comments:

  1. အရင်ဆုံး မရင့်ကျက်သေးတဲ့ စိတ်ကို တည်ငြိမ်ရင့်ကျက်အောင် ကြိုးစားပါ...

    ဖတ်စေချင်ပါသည်

    http://www.blogger.com/comment.g?blogID=785824573520048263&postID=6021750200666610427&isPopup=true

    ReplyDelete
  2. mg ညွန်းထားတဲ့ ပို့စ်ထဲက ကျွန်မ ပေးတဲ့မှတ်ချက်မှာ အသက်အရွယ် မတူတဲ့အပေါ်မှာ မူတည်ပြီး ကွာခြားတာတွေနဲ့ Human lifespan ကို ရှင်းပြတယ်။ အဲဒါကြောင့် မရင့်ကျက်ဘူး ပြောရလောက်အောင်လည်း ဘာမှ မှားတာလည်း မရှိပါဘူး။ ဒါကြောင့် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ ထင်တဲ့သူရဲ့ အမြင်သာ ဖြစ်ပါတယ်။ ပို့စ်နဲ့ ဆိုင်တဲ့မှတ်ချက်ကိုပဲ ပေးတယ် မဆိုင်တာ မပါဘူး။ အခု ဒီပို့စ်ကို ဖတ်ရင်လည်း ဒီပို့စ်နဲ့ ဆိုင်တဲ့ မှတ်ချက်ကိုပဲ ပေးပါ။ နောက်ထပ် ဒီပို့စ်နဲ့ မဆိုင်တာတွေ လာရေးရင် ထည့်ပေးမှာ မဟုတ်သလို ထပ်ရှင်းဖို့လည်း မရှိဘူး။ ပို့စ်အသစ်တင်တိုင်း လာဖတ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ((((Anonymous said...

    မယုံကြည်နိုင်လောက်အောင်ပါပဲ သူငယ်ချင်း။
    တကယ်ကို အံ့သြမိပါတယ်။ စီဘောက်စ်ကို လော့ချပြီး ဘလော့တကာမှာ ကယ်ပါယူပါ လိုက်အော်ရတဲ့အပြင် approved တောင်မှ လုပ်ထားရပါတော့လား။ ငါ ဒီပို့စ်ကို နင်တင်ပြီး ကတည်းက လာဖတ်ပြီးသွားပါပြီ။ ဒါပေမဲ့ ဘာမှ မပြောခဲ့တာ အံ့သြလို့။ ပြီးတော့ နင်မို့ အပေါ် mg ပေးခဲ့တဲ့ Comment မှာ အဲဒီလို ရေးရဲတာလည်း အံ့သြလေးစားပါတယ်။ နင့်ဘလော့မှာ တင်ထားတဲ့ စာသားနဲ့ နင့်အလုပ် နင့်အပြောတွေက တခြားဆီပါလား။ နောက်ဆုံးတော့လည်း နင်ဟာ သူများတွေပြောတဲ့ ပြုတ်မနူး ငယ်နိုင်ပါပဲလား။ အေးလေ . . ဒီ Blog ကတော့ တန်ပါတယ်။ လာဖတ်သူတွေ အတွက်သာ မတန်တာ။ နင်နဲ့ ပြောခဲ့ ဆွေးနွေးခဲ့မိတာတွေကို နှမြောတယ်။

    ဒါပါပဲ။ နင်မျှော်လင့်သလို ဖြစ်လာပါစေ။))))

    တော်တော်လည်း တတ်နိုင်တဲ့ မောင်မောင်ယဉ်ကျေး အယုတ်အရိုင်းချန်ပီယံပါလား။ ငါ့ကို ဒီလိုရေးတဲ့ သူငယ်ချင်း တယောက်မှ မရှိဘူး။ Nge Naing C-Box ကို လူကပ်လို့မရအောင် C-Box နားမှာ တချိန်လုံး လာစောင့်နေပြီး ဖွင့်တာနဲ့ အယုတ္တအနတ္တတွေနဲ့ ၀င်သမနေတယ်။ Nge Naing နာမည်နဲ့ ဘလော့ဂ်လိပ်စာကို သုံးပြီးလည်း ဘလော့ဂ်တကာရဲ့ C-Box မှာ ကိုယ်လုပ်ထားတာကိုယ် လိုက်ကြော်ငြာနေတယ်၊ ဒါတင်မက Nge Naing နာမည်နဲ့ g-mail လိပ်စာကို သုံးပြီး ညစ်ညမ်းတဲ့ site တကာမှာ လိုက်ပြီး Register လုပ်ကာ ပြည့်တန်ဆာ ကြော်ငြာသလို လိုက်ကြော်ငြာထားတဲ့အပြင် Nge Naing ဆီကိုလည်း သီးသန့် အယုတ်အရိုင်းတကာ အယုတ်ရိုင်းဆုံး ဆဲနည်းတွေနဲ့ ဆဲတဲ့မေးလ်တွေ ပို့နေပြီး မေးလ်ပြန်ပို့ရင် မ၀င်အောင် လုပ်ထားတယ်။ Nge Naing ဘလော့ဂ်ကို ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်ဆိုပြီးလည်း အမျိုးမျိုး ခြိမ်းချောက်ကာ မေးလ်ပို့ပြီး အကြိမ်ကြိမ် ဒုက္ခပေးပြီးပြီ။ အခုတခါ ငယ်နိုင်သူငယ်ချင်း ဟန်ဆောင်ပြီးတော့ ပို့စ်မှာ မှတ်ချက် လာထည့်ပြန်တယ်။ မောင်မောင်ယဉ်ကျေး လင်းသန့်ခေါ် အယုတ်အရိုင်းချန်ပီယံ မင်းအခုထိ ယုတ်ရိုင်းလို့ မ၀သေးဘူးလား။ အခုတင်ထားတဲ့ ပို့စ်ကို သေသေချာချာ ဖတ်သွားပါ။ မင်းနောက်ထပ် ဘာပဲလာရေးရေး ငါဘာမှ ထည့်ပေးမှာ မဟုတ်ဘူး။ မင်းပို့လာတာတွေ အကုန်လုံးနဲ့ မင်း Register လိုက်လုပ်ထားတဲ့ site တွေက activate လုပ်ဖို့ ပို့လာတဲ့ မေးလ်တွေ အားလုံးကိုလည်း Spam ထဲမှာ ထည့်လိုက်လို့ နောက်ပိုင်း ငါ့ Inbox ထဲကို တခုမှ လာမ၀င်တော့ဘူးလို့ မင်းလုပ်ထားတာကို ငါဘာမှ ဂရုစိုက်စရာမလိုတော့ဘူးဆိုတာ မင်းကို အသိပေးရင်း ဒီမှတ်ချက်နဲ့ မင်းကို ငါအကြောင်းပြန်လိုက်တယ်။

    ReplyDelete
  4. မငယ်နိုင်

    လိုရင်းကိုပြောရရင်တော့ မငယ်နိုင်ကို ထိုးနှက် နှောင့်ယှက်နေတဲ့ လုပ်ရပ်တွေ အတန်အသင့် အောင်မြင်နေတယ်လို့ မြင်မိပါတယ်။

    ဥပမာပေးရရင်တော့ ကြမ်းကြားက ကဏာန်းညှပ်တာ လူမမြင်တော့ ထိုင်နေတဲ့သူ လှုပ်ရွရွဖြစ်နေတာပဲမြင်ပြီး ဘေးကလူတွေက တမျိုးထင်နေတတ်ပါတယ်။

    လူသိများတဲ့ အခြားသူတွေလည်း အနည်းနဲ့အများ အတွန်းအတိုက်ခံနေကြရပါတယ် ။ ကျနော်ပေးချင်တဲ့ အကြံကတော့ စိတ်ကိုဖြေလျှော့ပြီး နောက်တစ်လှမ်းဆုတ်ကြည့်တဲ့ အမြင်မျိုးနဲ့ကြည့်ပြီး ဆုံးဖြတ်ရင်ဆိုင်လိုက်ပါ။

    အရာရာကို အနိုင်ရဖို့ ခက်ပေမယ့်၊ ကိုယ့်မိတ်ဆွေတွေ အနိုင်များများရတာမျိုးတော့ မြင်ချင်ပါတယ်။

    ရွှေမန်း

    ReplyDelete
  5. ((((Anonymous said...

    မယုံကြည်နိုင်လောက်အောင်ပါပဲ သူငယ်ချင်း။
    တကယ်ကို အံ့သြမိပါတယ်။ စီဘောက်စ်ကို လော့ချပြီး ဘလော့တကာမှာ ကယ်ပါယူပါ လိုက်အော်ရတဲ့အပြင် approved တောင်မှ လုပ်ထားရပါတော့လား။ ငါ ဒီပို့စ်ကို နင်တင်ပြီး ကတည်းက လာဖတ်ပြီးသွားပါပြီ။ ဒါပေမဲ့ ဘာမှ မပြောခဲ့တာ အံ့သြလို့။ ပြီးတော့ နင်မို့ အပေါ် mg ပေးခဲ့တဲ့ Comment မှာ အဲဒီလို ရေးရဲတာလည်း အံ့သြလေးစားပါတယ်။ နင့်ဘလော့မှာ တင်ထားတဲ့ စာသားနဲ့ နင့်အလုပ် နင့်အပြောတွေက တခြားဆီပါလား။ နောက်ဆုံးတော့လည်း နင်ဟာ သူများတွေပြောတဲ့ ပြုတ်မနူး ငယ်နိုင်ပါပဲလား။ အေးလေ . . ဒီ Blog ကတော့ တန်ပါတယ်။ လာဖတ်သူတွေ အတွက်သာ မတန်တာ။ နင်နဲ့ ပြောခဲ့ ဆွေးနွေးခဲ့မိတာတွေကို နှမြောတယ်။

    ဒါပါပဲ။ နင်မျှော်လင့်သလို ဖြစ်လာပါစေ။))))



    "တော်တော်လည်း တတ်နိုင်တဲ့ မောင်မောင်ယဉ်ကျေး အယုတ်အရိုင်းချန်ပီယံ ပါလား"


    လို့
    အပေါ်က Anonymous (အယုတ်တမာကောင် ရုရှက စစ်ခွေး တုတ်ကြီး) ရဲ့ ကွန်မန့်ကို မငယ်နိုင် က ပြန် ရေးထားတာ မှန်လိုက်တာဗျာ။


    အဲဒီ အယုတ်အရိုင်းချန်ပီယံ ရုရှက စစ်ခွေး တုတ်ကြီး က စီဘောက် နဲ့ ကွန်မန့်မှာ အယုတ်တမာ အရိုင်းအစိုင်း မကြားဝံ့မနာသာ စကားတွေကို အားအားလျားလျား လိုက်ရေးနေတဲ့ ကလေကဝကောင် စစ်စစ်ဘဲ။ တုတ်ကြီး လို အုတ်ကြားမြက်ပေါက်ကောင်မျိုးကို ရုရှကို ပြည်သူ့ငွေတွေ အကုန်ခံပြီး ပညာတော်သင် လွှတ်ထားတာ အံ့ပါ့ဗျာ။



    အယုတ်တမာကောင် ရုရှက စစ်ခွေး တုတ်ကြီး က မငယ်နိုင် ရဲ့ သူငယ်ချင်း အယောင်ဆောင်ပြီး ရေးထားတဲ့ ကွန်မန့်က သူ့ရဲ့ ကိုယ်ပိုင် ကွန်မန့် မဟုတ်ပါဘူး။


    အဲဒီ ကွန်မန့်ရဲ့ မူရင်းကွန်မန့် ရေးသူက ဒီမိုကရေစီလိုလားသူ Z - K ပါ။ Z - K ရဲ့ သူငယ်ချင်း ဘလော့ဂါ Simple Views က SLIP နဲ့ ပူးပေါင်းသွားတာကို Z - K က ရင်နာပြီး ဂရုဏာဒေါသောနဲ့ ရေးထားတဲ့ ကွန်မန့်ပါ။ SV က အာဏာရှင်စနစ်ဆန့်ကျင်ရေးစကားတွေကို တချိန်လုံး ပြောလာပြီး အာဏာရှင်ရဲ့ မိုက်ပြစ်တွေကို ဖာထေးဖုံးဖိ လိမ်ညာ ပြီး အာဏာရှင်ဖက်က ကာကွယ်ပေးနေတဲ့ အာဏာရှင်ရဲ့ လက်ပါးစေ ထောက်တိုင်စစ်စစ် တကိုယ်ကောင်းသမား SLIP နဲ့ SV က လက်တွဲသွားတာကို Z - K က အာဏာရှင်ဆန်ကျင်ရေး ရဲဘော်တယောက် (SV) ကို ဆုံးရှုံးလိုက်ရပြီ လို့ မချိတင်ကဲ ဖြစ်ပြီး ရေးထားတာပါ။


    Z - K ရဲ့ သူငယ်ချင်း SV ကို Z - K က ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ ရေးထားတဲ့ ကွန်မန့်ကို အယုတ်တမာကောင် ရုရှက စစ်ခွေး တုတ်ကြီး က copy လုပ်ပြီး မငယ်နိုင် သူငယ်ချင်းက မငယ်နိုင်ကို တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ လာပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လာရေးတာပါ။




    Z - K ရဲ့ မူရင်းကွန်မန့်ကို Simple Views ဘလော့က "အို ဘယ့်...အကယ်ဒမီ" ပို့စ် ( http://simpleviewsonmyland.blogspot.com/2011/02/blog-post_13.html ) အောက်က ကွန်မန့်မှာ (( Z - K at: 16 February 2011 15:47 )) မှာ ဖတ်ကြည့်လို့ ရပါတယ်။


    Z - K at: 16 February 2011 15:47 said...

    မယုံကြည်နိုင်လောက်အောင်ပါပဲ သူငယ်ချင်း။
    တကယ်ကို အံ့သြမိပါတယ်။ approved တောင်မှ လုပ်ထားရပါတော့လား။ ငါ ဒီပို့စ်ကို နင်တင်ပြီး ကတည်းက လာဖတ်ပြီးသွားပါပြီ။ ဒါပေမဲ့ ဘာမှ မပြောခဲ့တာ အံ့သြလို့။ ပြီးတော့ နင်မို့ အပေါ် Comment မှာ အဲဒီလို ရေးရဲတာလည်း အံ့သြလေးစားပါတယ်။ နောက်ဆုံးတော့လည်း ဒီပုတ်ထဲက ဒီပဲ ပါပဲလား။ အေးလေ . . ဒီ Blog ကတော့ တန်ပါတယ်။ လာဖတ်သူတွေ အတွက်သာ မတန်တာ။ နင်နဲ့ ပြောခဲ့ ဆွေးနွေးခဲ့မိတာတွေကို နှမြောတယ်။

    ဒါပါပဲ။ နင်မျှော်လင့်သလို ဖြစ်လာပါစေ။


    http://simpleviewsonmyland.blogspot.com/2011/02/blog-post_13.html

    .

    ReplyDelete
  6. အမ မငယ်နိုင်သို.

    ကျမ အမဘလော့တင်သာမက ဘယ်ဘလော့ကို မှ သိပ်မရောက်တာ ကြာနေပါပီ... အခု ကျမရဲ့ Group mail ထဲဝင်နေတဲ့ အမရဲ့ mail တစောင်ကြောင့် အရမ်းအံသြပြီး

    တကူးတကလာရောက်ကြည့်ရှု.အားပေးတာပါ... အမ အွန်လိုင်းမှာ ကျင်လည်နေတာ ကျမထက် အများကြီးစောပါတယ်... ဒီ mail ကို ဘယ်သူက ပို.တယ်... ဘယ်သူ.ဆီက

    ရတယ်ဆိုတာလောက်ကိုတောင် မသိသေးတာ အမ လေ့လာဖို.တော်တော်လိုနေသေးတာပါပဲ.... အခု အမ တင်ထားတဲ့ ဒီပို.စ်က myanmar daily info and general knowledge ဒီ Group မှာ အမ

    member ဝင်ထားလို. လက်ခံရရှိနေတယ်ဆိုတာ အမ သိမှာပါ... ဒီပို.စ်သည် အက်မင် တယောက်ဖြစ်သော tay zar တင်ထားခြင်းဖြစ်ပါတယ်... ဒီ Group က mail တွေ အမ

    မလိုချင်တော့ဘူးလို.တောင် အမ ပြောခဲ့ဖူးပါသေးတယ်... ကျမ ထုတ်ပေးဖို.ပါပဲ..တစုံတယောက်က အသိပညာတွေ မျှဝေတာပါဆိုပြီး တားဆီးလို. မထုတ်ဖြစ်ခဲ့တာ အဲ့လူကို အမ

    ကျေးဇူးတင်ရမှာပါ... ဒါလောက်ပြောရင် အမ သဘောပေါက်မှာပါ... ကိုယ်ယူသုံးတဲ့ သူများပို.စ်ကို ဘယ်လို ခရက်ဒစ်ပေးရတယ် ဘယ်သူ.ကို ခရက်ဒစ်ပေးရတယ်ဆိုတာ အမ

    နားလည်မယ်ဆိုရင် တကယ့်မူရင်း ပို.သူကို ပြန်လည်ရေးသားဖော်ပြပေးပါ... အမ အခုဆို ဘယ်သူ.ဆီက ရတယ် ဘယ်သူတင်တယ်ဆိုတာကို သိလိမ့်မယ်လို. ပြန်ပြင်ပေးမယ်လို.

    မျှော်လင့်ပါတယ်.. ကျမ အချိန်ရရင် ပြန်လာကြည့်ပ့ါမယ်..

    နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ..

    လေးစားစွာဖြင့်
    Simple Views

    ReplyDelete
  7. ကိုရွှေမန်း C-Box မှာ ကပ်တဲ့သူတွေကိုပါ သွားပြီး နှောက်ယှက်ပေးနေတဲ့အတွက် ကျွန်မကို နှောက်ယှက်နေတာ အတိုင်းအတာ နှောက်ယှက်သူဟာ အဲဒီအတွက် အောင်မြင်နေတယ်ဆိုတာ ကျွန်မလက်ခံတယ်။ ဒါပေမဲ့ ဘလော့ဂ်တခုမှာ C-Box က အဓိကမကျပါဘူး။ ကိုရွှေမန်းက စိတ်လျှော့ဆိုလို့ စိတ်က လျှော့ထားပြီးသားပဲ။ စိတ်လျှော့ထားလို့သာ ကျွန်မက ဒီလိုယုတ်ရိုင်းတဲ့သူနဲ့ မေးလ်နဲ့ စကားလည်း အေးအေးဆေးဆေး ပြောခဲ့ပြီးပြီ။ ဘလော့ဂ်ကိုလည်း ဒီလောက် အနှောက်အယှက်ပေးနေတဲ့ကြားက ကိုယ်တိုင်လည်း အလုပ်များတဲ့ ကြားက run နေသေးတယ်။ ဒီအခြေအနေမှာ တခြားသူဆိုရင် ဘလော့ဂ်ကို ပစ်ထားလိုက်တာ ကြာပြီ။ "စိတ်ကိုဖြေလျှော့ပြီး နောက်တစ်လှမ်းဆုတ်ကြည့်တဲ့ အမြင်မျိုးနဲ့ကြည့်ပြီး ဆုံးဖြတ်ရင်ဆိုင်လိုက်ပါ" ဆိုတဲ့ ကိုရွှေမန်း ပြောတဲ့ ဒီထက်ပိုပြီး စိတ်လျှော့ဖို့နည်းကိုတော့ သိချင်တယ်၊ တိတိကျကျ ထောက်ပြပေးစေချင်တယ်။

    Activist - ဆောရီး ကျွန်မ အဲဒီမှတ်ချက်ကို သတိမထားမိလိုက်ဘူး။ လာရေးတဲ့သူကတော့ တုတ်ကြီးဟုတ်မဟုတ်တော့ ကျွန်မ မသိဘူး။ ဘလော့ဂ်ထဲဝင်ရင်တော့ သူဝင်တာကို live traffic Counter မှာ Record မပေါ်အောင် လုပ်ထားတယ်။ အဲဒီကောင် C-Box မှာ လာဆဲလွန်းလို့ ကျွန်မ C-Box lock လုပ်ထားတော့ မေးလ်ပို့ပြီး ကျွန်မဆီကို မေးလ်ပို့ပြီး စိတ်အနှောင့်အယှက်ပေးတယ်။ မေးလ်နဲ့ အဆက်အသွယ် ရသွားပြီး အေးအေးဆေးဆေး ကျွန်မ ပြန်ဆွေးနွေးလို့ သင်္ကြန်ကာလ မတိုင်ခင် တရက်နှစ်ရက် အဆဲရပ်သွားတယ်။ နောက်တော့ ကျွန်မ မေးတာကို သူဘာကြောင့် ဒီလိုလုပ်နေတယ်ဆိုတာကို အမှန်အတိုင်း မပြောဘဲ သူ့အကြောင်းကို သူအမျိုးမျိုး ပြောပြီး ခွေးမြှီးကောက် ကျဉ်တောင့်ထဲ စွပ်ထားတဲ့ ခဏပဲ အဆဲရပ်ပြီး ဒုံရင်းဒုံရင်းပဲ ဘာမှမထူးဘူး ပြန်ဆဲလာတယ်။ C-box မှာအပြင် တခြား နည်းတွေနဲ့လည်း စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မယ်လို့ ကျွန်မကို ပြောသွားတဲ့အတိုင်း အပေါ်က မှတ်ချက်မှာ ပြောတဲ့အတိုင်း ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်အောင် လိုက်လုပ်တယ်။ Reply ပြန်လုပ်လို့မရတဲ့ မေးလ်တွေနဲ့လည်း နေ့တိုင်းပို့ပြီးဆဲနေတယ်။ သူလိုက်ဖွင့်ထားတဲ့ ညစ်ညမ်းတဲ့ ဆိုက်တွေက ကျွန်မဆီကို မေးလ်တွေ နေ့တိုင်းဝင်နေတယ်။ အခုတော့ ဒါတွေကို Spam mail ထဲ ထည့်လိုက်မှ Inbox ထဲ မ၀င်လာတော့လို့ စိတ်အနှောင့်အယှက် ဖြစ်တာ နည်းနည်းတော့ သက်သာရာရသွားတယ်။ အဲဒီ အယုတ်အရိုင်းချန်ပီယံက ကျွန်မကို သူ့နေရပ်အမှန်တိုင်း မပြောတဲ့အတွက် သူဟာ အာဏာရှင်အားပေးတဲ့ ဘလော့ဂါတဦးဆိုတာပဲ သိလိုက်ရပြီး သူဘယ်ကလဲဆိုတာ ကျွန်မ မသိဘူး။ တုတ်ကြီး ဟုတ်ချင်မှလည်း ဟုတ်မယ်။

    ညီမ Simple View ဒီပို့စ်က လိပ်စာ မပြည့်မစုံ ဖြစ်သွားတာကလွဲရင် myanmar daily info and general knowledge ကရတယ်ဆိုတာနဲ့ ပို့စ်ကို တင်ပေးတဲ့သူ ပို့စ်ပိုင်ရှင် သန့်ဇင်အောင်ဆိုတာပါ ပို့စ်မှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ ပြန်ဖေါ်ပြဖြစ်တာကလည်း ပို့စ်တင်တဲ့ သန့်ဇင်အောင်က သူဘယ်က ပြန်ကူးယူဖေါ်ပြတယ်ဆိုတာ ပါနေလို့ ဖေါ်ပြဖြစ်ပါတယ်။ လိပ်စာကို အပြည့်အစုံ ပြန်ထည့်ပေးလိုက်ပါတယ်။

    ReplyDelete
  8. ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း တစ်ခါမှ မပြောခဲ.ပါဘူး.. ဘာကြောင့် ကျွန်တော.ကွန်းမန့်အောက်မှာ ကျွန်တော.ကို ဖြေရှင်းထားလဲ နားမလည်ပါဘူး... ပြီးတော. နားမလည်တာက မငယ်နိုင်ကို တိုက်ခိုက်သူက လင်းသန်.လို. အပေါ်က ကွန်းမန်.မှာ မငယ်နိုင်ပြောထားပြီး Activist ဆိုသူက မငယ်နိုင်ရဲ. စကားကို ဆန်.ကျင်ပြီး တုတ်ကြီးပါလို. ပြောတယ်။ Activist ဆိုတာ မငယ်နိုင်ရဲ. အတွင်းဖြစ်နိုင်ပါတယ်၊ မငယ်နိုင်ထက် ပိုသိတဲ. မငယ်နဲ.ရဲ. ယောင်္ကျား ကိုကျော်နိုင် ဝင်ရေးထားတာလည်း ဖြစ်နိုင်ပါတယ်... ဘယ်သူမှန်းတော့ မသိပါဘူး နာမည်ကတော့ နှစ်ခု ကွဲနေပါတယ်.... စီဘောက်စ် အတော်များများမှာလဲ
    Nge Naing: "ဒီဖုန်းနံပတ် 447446104825 ကိုဆက်ပြီး ၀ိုင်းဆဲပေးကြပါ။ လင်းသန့်ဦး(ခ)ဇော်မျိုး(ခ)ဖိုးကျော် myanmarexpress ကိုဘလော့ရေးတဲ့သူ"
    လို. မငယ်နိုင်က လိုက်အော်ထားပြန်ပါတယ် မငယ်နိုင်စွပ်စွဲနေတဲ. လူတွေ သိပ်များနေပြီလို. မထင်ဘူးလား ဒါမှမဟုတ် တစ်ရွာလုံးနဲ. တစ်ယောက်တည်း ဖြစ်နေတာလားမသိဘူး အသက်လည်းမငယ်တော.လို။ ဆင်ခြင်နိုင်အောင် သတိပေးတာပါ
    ကျွန်တော.အထင်ပြောရရင်တော. အားလုံးက တစ်ယောက်တည်း မဟုတ်လောက်ပါဘူး လင်းသန်.ဦး နဲ. ဖိုးကျော် နဲ. တုတ်ကြီးက တစ်ယောက်ဖြစ်နိုင်ပါတယ်.. ဇော်မျိုးနဲ့ myanmarexpress ဘလော.ရေးတဲ. ဒေါ်လာစားက တစ်ယောက်ဖြစ်ဖို့များပါတယ်.. ဒါနဲ. ဇော်မျိုးလည်း မိုက်မိုက်ရိုင်းရိုင်းဆဲတတ်ပြီး ဒေါ်လာစားလဲ ဆဲတတ်တော. သူတို.နှစ်ယောက်လည်း တုတ်ကြီးဖြစ်နိုင်တယ်.. ဒါနဲ. ဖုံးနံပါတ်က ယူကေ နံပတ်ဆိုတော. တုတ်ကြီးမဟုတ်သေးဘူး.. ဇော်မျိုးနဲ. ဒေါ်လာစားက ယူကေမှာ ဖြစ်နိုင်တယ်.. ဖိုးကျော်နဲ.လင်သန်.ဦးနဲ. တုတ်ကြီးလည်း တူနိုင်တယ်.. ဘာတွေမှန်းမသိတော.ပါဘူး... မြည်သို့ဆိုစေ ဘုရားသီချင်းတွေ တင်ထားတဲ. မငယ်နိုင်လည်း ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ. ဗုဒ္ဓဘာသာ သဘောကိုသိမှာပါ.. ဒီတော. ခုဖြစ်နေတာတွေက မငယ်နိုင်ရဲ. အကုသိုလ်အဟောင်းတွေကြောင်.ပါ... မငယ်နိုင်ဘယ်လောက်များ အကုသိုလ်တွေလုပ်ခဲ.မှန်းမှ မသိတာကိုး.. ဖြစ်သမျှကို ခါးဆီးခံလိုက်ပါ.. ကိုယ်လုပ်ခဲ.သမျှ အကုသိုလ်တွေကို ဒီဘဝနဲ. အကြေဆပ်လိုက်ပါ... နောင်ဘဝကို မသယ်ပါနဲ... အကုသိုလ်တွေ ထပ်များပြီး လိုက်လည်း ရန်ဖြစ်မနေပါနဲ.တော. အချိန်မှီပါသေးတယ်.. ကိုယ်လုပ်ခဲ.သမျှ အကုသိုလ်တွေ မြန်မြန်ကျေအောင် တရားနဲ.သာဖြေလိုက်ပါ....

    ReplyDelete
  9. ယုတ်ယုတ်ရိုင်းရိုင်း ရေးတဲ့မှတ်ချက် ဘယ်သူ့မှတ်ချက်ကိုမှ မထည့်ပေးပါဘူး။ အကြောင်းပြန်တာကတော့ အကြောင်းပြန်သင့်တဲ့မှတ်ချက်တွေ အကုန်လုံးကို အကြောင်းပြန်ပါတယ်။ ဟုတ်တယ် ရှေးဘ၀က ၀ဋ်ကြွေးရှိလို့ အခုပြန်ခံရတယ်ဆိုတာ သိလို့ အဲလောက်ယုတ်ရိုင်းတဲ့သူကို လက်ခံစကားပြောနိုင်တာ ဖြစ်တယ်။ အဲဒီအယုတ်အရိုင်းချန်ပီယံက သူ့ကိုယ်သူ မောင်မောင်ယဉ်ကျေး၊ မောင်မောင်လင်းသန့် ဆိုတာပဲ ပြောပါတယ်။ ကျွန်မက သူ့လောက် ယုတ်ရိုင်းတာ တခါမှ မတွေ့ဖူးလို့ အယုတ်အရိုင်းချန်ပီယံလို့ပဲ နာမည်ပေးထားတယ်။ ကျန်တဲ့နာမည်တွေက ကျွန်မခေါ်တာ မဟုတ်ဘူး။ Nge Naing နာမည်နဲ့ ဘလော့ဂ်လိပ်စာကိုသုံးပြီး သူ့ဖါသာသူ လုပ်ကြံရေးထားတာ ဖြစ်တယ်။ C-Box တကာမှာ လိုက်ရေးထားတာ ကျွန်မရေးထားတာ မဟုတ်ဘူး အဲဒီအယုတ်အရိုင်းချန်ပီယံ ရေးထားတာ ဖြစ်တယ်။ ဖုန်းနံပါတ်ဆိုတာ ဘယ်ကဖုန်းနံပါတ်ပဲ ဖြစ်ဖြစ် ကြိုက်တဲ့နံပါတ်တခုကို ဒါငါ့ဖုန်းနံပါတ်ပါလို့ ပြောပြီးပေးလည်း ရတာပဲ မဟုတ်လား။ ဥာဏ်နီဥာဏ်နက် များတဲ့သူတွေနဲ့ ကျွန်မ ဘာမှမပြိုင်ဘူး။

    ReplyDelete
  10. သူငယ်ချင်းမငယ် ဆိုပြီး...

    ဒီလို သံယောင်လိုက်တဲ့သူတွေလည်း ရှိတယ်ဆိုတာ သိရတော့ အမယ်.... တယ်လည်း.. ဒုက္ခများနေကြပါလားလို့ တွေးမိသား မငယ်ရေ..။

    အင်း အပေါ်ကဟာတွေဖတ်တာ အများကြီး အများကြီး အာရုံနောက်၏..

    ပညာပေး သီအိုရီတွေ ဖတ်သွားတယ်... ရင်ထဲ ရောက်အောင် လုပ်ရအုံးမယ် သူငယ်ချင်း..။ အရမ်းကြိုက်တယ်... အတွေးတူတွေလည်း ဖတ်ဖူးပါတယ်... ဘယ်လောက်ဖတ်ဖတ် အဆင်ပြေတယ်..ကြိုက်တယ်..လက်တွေ့ ကျိုးစားဖို့ ပဲ လိုတော့တယ် ..။

    မအားလို့ပါ ... စာရေးဖို့ စိုင်းပြင်းဆဲ..။

    ပန်းဗေဒါ

    ReplyDelete
  11. ဟာ
    Nge Naing က အရူးကွက်နင်းနေပါလား
    အပေါ်မှာ Admin ဖြစ်တဲ့ simple views ပြောထားတာနားမလည်ဘူးလားဟ
    tay zar တင်ထားတာပါဆိုမှ ပို့စ်ကို တင်ပေးတဲ့သူ ပို့စ်ပိုင်ရှင် သန့်ဇင်အောင် ပဲ စွတ်အော်နေတယ်
    တတ်လည်းတတ်နိုင်ပါလား.. ဟေ

    http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/6648877c00c7f170

    အဲ့ဒီမှာ ဘယ်သူတင်ထားတယ်၊ ဘယ်သူ ရီပလိုင်းလုပ်ထားလဲဆိုတာ group ထဲက လူ ၂၀၀၀ လုံး သိတယ်။

    ကိုယ့်ဆီဝင်လာတဲ့ အီးမေးကို ဘယ်အီးမေးလိပ်စာက ပို့မှန်းမသိဘူး ဆိုပြီး ရူးကြောင်မူးကြောင်လုပ်တဲ့ ဘလော့ဂါတော့ ခုမှတွေ့ဖူးတယ်

    admin ရေ အဲ့လို ကြောင်တောင်တောင်လူတွေ group ထဲမှာ မထားပါနဲ့ဗျာ group ကနေ ရာသက်ပန်ထုတ်ပယ်လိုက်ပါဗျို့

    ReplyDelete
  12. http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/6648877c00c7f170 လိပ်စာအတွက် zaw ကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီဆိုက်ထဲက ပို့စ်တင်ထားတဲ့နေရာကို ကျွန်မ တခါမှမရောက်ဖူးဘူး ဒါပထမဦးဆုံးပဲ။ ကျွန်မဆီကို မေးလ်နဲ့ ရောက်လာတာတာကိုပဲ ကျွန်မ ဖတ်ဖြစ်ပါတယ်။ တိုက်ရိုက်မေးလ်ပို့လို့ ရောက်လာတဲ့အပေါ်မူတည်ပြီး ကျွန်မတင်လိုက်တာ ဖြစ်တယ်။ အောက်က Tay Zar ကို အခုမှ သတိထားမိတာ အမှန်ပဲ။ Thant Zin Aung နေရာမှာ Tay Zar လို့ ပြင်လိုက်ပါပြီ။ ကျွန်မ ကူးယူဖေါ်ပြတာ အဲဒီအထဲက မဟုတ်ဘူး အောက်ကအီးမေးလ်အရ အပေါ်ဆုံးမှာ သန့်ဇင်အောင်ပို့ထားပြီး အောက်ဆုံးမှာ ဖါးအောက်တောရကျောင်းက လက်ကမ်းစာစောင်ကို ကူးယူဖေါ်ပြတယ်ဆိုတာပဲ သတိထားမိပြီး အလယ်မှာ ရှိနေတဲ့ Tay Zar ကို မတွေ့မိတာ ဆောရီးပါ။ အောက်က အီးမေးလ်ကို ကြည့်နိုင်ပါတယ်။

    ((((((from Thant Zin Aung
    reply-to myanmar-daily-info-n-general-knowledge@googlegroups.com
    to myanmar-daily-info-n-general-knowledge@googlegroups.com
    date Sun, Apr 24, 2011 at 4:16 PM
    subject Re: [MM Daily Mail:1217] ဖတ်စေချင်သည်။ ။
    mailing list Filter messages from this mailing list
    mailed-by googlegroups.com
    signed-by googlegroups.com
    unsubscribe Unsubscribe from this mailing-list

    hide details Apr 24 (3 days ago)

    ကျေးဇူးတင်ပါတယ်ဗျာ။

    ကျွန်တော်တို့သိမယ်ထင်ပြီး မသိသေးတဲ့အရာတွေပါ။

    2011/4/23 tay zar

    အချိန်ယူရဦးမှာပါ
    သင်ဘယ်လိုလူလဲဆိုတာ သိဖို့
    ကျွန်ုပ် ဘယ်လိုလူလဲဆိုတာ သိဖို့
    အလိုဆန္ဒရှိနေတဲ့ သင်နှင့်ကျွန်ုပ် ...
    နေမြင့်ရှည်ကြာ သွားလာနေထိုင် ဆက်ဆံရင်း
    စူးစမ်းလေ့လာကြရဦးမှာပါ။
    အမှားအမှန် အဆိုးအကောင်း သိမြင်နိုင်တဲ့
    ဥာဏ်ပညာ အဆင်အခြင် ရှိ မရှိပေါ်မှီပြီး ...
    သင်နှင့်ကျွန်ုပ် အဖြေမှန်ရသည်လည်း ရှိမယ်၊
    အဖြေမှန် မရသည်လည်း ရှိလိမ့်ဦးမယ်လို့တော့
    သတိရှိစေချင်ပါတယ်။ ~ ဗုဒ္ဓ ~ သတ္တဇဋိလသုတ်

    လွတ်လပ်မှုဆိုတာ
    - မိမိရဲ့ လွတ်လပ်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေရင် အဲဒီလွတ်လပ်မှုမျိုးကို လွတ်လပ်မှုလို့ မခေါ်နိုင်ဘူး။

    အကျိုးဆောင်တတ်စေချင်ပါတယ်
    - အကျိုးဆောင်ပိုင်ခွင့်ဆိုတာ ကြီးကြီးကျယ်ကျယ် လုပ်ရမှမဟုတ်ပါဘူး။ ချစ်ဖွယ်စကား, ချိုမြိန်တဲ့စကား, နားဝင်ချိုတဲ့စကားပြောတတ်ရင် အချိန်တိုင်း အကျိုးဆောင်ပိုင်ခွင့်ရနေပါတယ်။
    - သူ့မှာရှိတာနဲ့ သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာ မေတ္တာပါ။ မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်တာကိုတော့ လောဘလို့သာခေါ်ရမယ်။

    ရဲရင့်လိုက်စမ်းပါ
    - မိမိကိုယ်ကို မိမိ မနှောင်ဖွဲ့ပါနဲ့၊ ပင်ပန်းအောင် မလုပ်ပါနဲ့၊ ဆင်းရဲအောင် မလုပ်ပါနဲ့။
    - မိမိကိုယ်ကို မိမိ သိပ်သိတဲ့ သိပ်တတ်တဲ့ပုံစံမျိုး နေထိုင်မိတတ်ကြတယ်။ တကယ်တော့ မိမိတို့မှာ အဲဒီလိုအနေအထားမျိုး ရှိမနေကြဘူး၊ သိနိုင်သလောက် သိအောင် ကြိုးစားနေခြင်းမျှသာဖြစ်ကြတယ်။
    - မပြည်ဝသေးတာ မပြည်ဝသေးမှန်းသိရင် စိတ်ဟာလွတ်လပ်သွားတယ်၊ သိယုံနဲ့မလုံလောက်ဘူး၊ ကိုယ်သိတာ ဒီလောက်ပါပဲလို့ လိုအပ်တဲ့အခါ ၀န်ခံလိုက်တာ အနှောင်အဖွဲ့ကနေ ထွက်မြောက်ခြင်းတစ်မျိုးပဲ။ စိတ်မှာ ၀န်ထုပ် ၀န်ပိုးဖြစ်ပီး မကျန်ရစ်တော့ဘူး။ ဟန်ကိုယ့်ထားရတဲ့ ဒုက္ခကနေ ထွက်မြောက်နိုင်လိုက်တဲ့အတွက် စိတ်ဟာတည်ကြည်လာတယ်၊ ခံ့ကျန်းလာတယ်၊ ရင့်ကျက်လာတယ်။
    - မိမိကိုယ်ကို မိမိ နှောင်ဖွဲ့နေတာလည်းမသိဘူး၊ သူတစ်ပါးတို့ရဲ့ နှောင်ဖွဲ့တာခံနေရမှန်းလည်း မသိဘူးဆိုရင် မိမိရဲ့ချမ်းသာကို ဆောင်နိုင်ဖို့မလွယ်တော့ဘူး။ သူတစ်ပါးတို့ရဲ့ ချမ်းသာခြင်းကိုလည်း ဆောင်ခြင်းငှာမဖြစ်နိုင်တော့ဘူး။

    ခက်ခဲတဲ့အရာ
    - လူတွေရဲ့ အလိုဆန္ဒကို အမြဲသိဖို့မလွယ်ဘူး။ ဥာဏ်နှင့်ယှဉ်တဲ့ သည်းခံမှုထိန်းသိမ်းချုပ်တည်းမှုတွေကြောင့် သိဖို့ရန်ခက်သလို, မာယာ သာဌေယျ အလှည့်အပတ် အကွေ့အကောက်တွေ နေရာယူမှုကြောင့်လည်း သိဖို့ရာခက်တယ်။....))))))

    ReplyDelete
  13. စိုးလေး (UCSY)April 27, 2011 at 6:39 AM

    ပြောင်လိမ်ပြောင်စား Nge Naing ပါလား
    အပေါ်မှာ zaw ပြထားတာ အရှင်းသားကြီးကို ငြင်းနေသေးတယ်
    2011/4/23 tay zar တဲ့
    from Thant Zin Aung
    reply-to
    Apr 24
    တဲ့
    အဖြေက ပေါ်နေတာပဲ
    ၂၃ ရက်နေ့က ကိုတေဇာ ပို့တဲ့အီးမေးကို ၂၄ ရက်နေ့မှာ ကိုသန့်ဇင်အောင်က ရီပလိုင်း လုပ်လို့ Group တစ်ခုလုံးက လူ ၁၇၀၀ ဆီကိုရောက်တဲ့ အီးမေးက သူ့ဆီမှ တစ်မျိုးဖြစ်ရတယ်လို့
    အီးမေးမသုံးတတ်တာလား ရူးသလိုလိုကြောင်သလိုလို လုပ်တာလားတော့ မသိဘူး
    ((Tay Zar ရဲ့ myanmar daily info and general knowledge သို့ ပို့သောပို့စ်ကို Thant Zin Aung ဆီက ပို့လာတာကို လက်ခံရရှိပြီး သဘောကျလို့))
    ဘလော့ဂါရေးတဲ့ စာတဲ့
    သူ့ဘာသူတောင်နားလည်လား မသိဘူး

    admin မ simple views ရေ
    ဒီလို ရူးကြောင်ကြောင်လူမျိုးကို
    ကို zaw ပြောသလိုပဲ
    ရာသက်ပန် ထုတ်ပယ်လိုက်ပါဗျာ ဒီလို ကျပ်မပြည့်တဲ့လူက group အတွက်လည်း ဘာနောလစ်မှ ပေးနိုင်မှာမဟုတ်ဘူး

    ReplyDelete
  14. အမ မငယ်နိုင်သို.
    အမ ပို.တဲ့မေးလ်လဲ ရပါတယ်....အမအရင်က ကိုစလစ်ကိုပြောခဲ့တာတော့ ကျမ မသိပါ...ကျမ သိတာကတော့ ကျမ နဲ. ကိုစလစ် မေတ္တာမျှပြီးနောက်ပိုင်း အမ ကိုစလစ်ဆီပို.ထားတဲ့ မေးလ်မှာတွေ.တာပါ....အမ အကောင့်ကို သူဖျက်လိုက်လို. ဒီgroup က ရတဲ့မေးလ်တွေ မလိုချင်တော့ပါဘူး ဖျက်လိုက်ပါလို. ရေးထားတာပါ...ထားပါတော့လေ..ဒါက

    အခု ပို.စ်နဲ.ပတ်သက်ပြီး ဆက်ပြောရမယ်ဆိုရင် reply ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်က တခုခုကို အကြောင်းပြန်တာ ဖြစ်ပါတယ်...သန့်စင်အောင် က ဒီပို.စ်ကို လက်ခံရရှိလို. ကျေးဇူးတင်ကြောင်း ပြန်ပို.တာပါ....သန်.စင်အောင် တင်မက group member အားလုံး တပြိုင်နက်တည်း လက်ခံရရှိပါတယ်...
    အဲ့လိုပါပဲ ဒီ group က တင်လိုက်.တဲ့ ပို.စ်တွေကို ကောင်းသည် ဆိုးသည် အကြောင်းပြန်လာသူတိုင်းရဲ့ တုံ.ပြန်ချက်တွေကို သိရအောင်ပြန်တင်ပေးပါတယ်....

    ထပ်ပြောရမယ်ဆိုရင်တော့ ကျမတို. Group ကရတဲ့ ပို.စ်မို. ကျေးဇူးတင်ရမှာဆိုးလို. လက်တလုံးခြားဖြစ်ခဲ့ရတာ စိတ်မကောင်းပါ...အကယ်လို. အမ အတွက် ဒါဟာ စိတ်ဒုက္ခတခုဖြစ်နေရင် ကျမ အမအကောင့်ကို ဖယ်ပေးပါ့မယ်..

    နောက်ဆုံးတခုကတော့ tay zar က tay zar ပဲဖြစ်ပါတယ်...slip မဟုတ်သလို sv လဲ မဟုတ်ပါ

    ကျေးဇူးတင်ပါသည်..
    simple views

    ReplyDelete
  15. ညီမ SV ညီမ ထင်သလို လုံးဝ မဟုတ်ဘူး။ ညီမ ထင်တာတွေက တကယ်ကို သံသယလွန်ကဲနေပြီ။ ဖယ်ပေးတာက အကြောင်းမဟုတ်ဘူး အခုနောက်ပိုင်း Slip ပို့လာတဲ့မေးလ်တွေမှာ အာဏာရှင်အတွက် ၀ါဒဖြန့်ချီရေးတွေ ပိုများလာလို့ Slip ကို ပြောထားပြီးသားပဲ မေးလ်မပို့လာပါနဲ့ မဖတ်ဖြစ်တော့ဘူးဆိုတာ ဆက်ပြီးပို့လာနေတော့ အစ်မ ဘာမှ ထပ်မပြောဖြစ်ဘူး။ အခုဖေါ်ပြထားတဲ့ ပို့စ်က Slip Knot ဆိုတဲ့ နာမည်နဲ့ ပို့လာတဲ့ List ထဲက မဟုတ်ဘူး။ Slip ပို့လာတာကို မေးလ်ထဲမှာ ပြောခဲ့တဲ့အတိုင်းပဲ နောက်ပိုင်း အစ်မ သိပ်မဖတ်ဖြစ်ဘူး၊ ဖျက်လိုက်တဲ့အထဲ ပါသွားတယ်။ အခုဖေါ်ပြတာက [Myanmar Daily] မှာ Tay Zar ပို့လာတဲ့ မေးလ်ကို Thant Zin Aung က အကြောင်းပြန်ထားတာကိုပဲ အောက်ကအတိုင်း အမှတ်မထင် တွေ့ပြီး ခေါင်းစဉ်ကို စိတ်ဝင်စားလို့ ဖတ်ဖြစ်ပြီး ကြိုက်လို့ ပြန်ဖေါ်ပြဖြစ်တယ်။ အစ်မ မေးလ်ထဲမှာ လာပေါ်နေတာ အောက်ကအတိုင်းပဲ ဒါကြောင့် သန့်ဇင်အောင်က ပို့စ်တင်သူလို့ ထင်ခဲ့တယ်။
    ((((Thant Zin Aung
    to myanmar-daily-.
    show details Apr 24 (3 days ago)
    ကျေးဇူးတင်ပါတယ်ဗျာ။

    ကျွန်တော်တို့သိမယ်ထင်ပြီး မသိသေးတဲ့အရာတွေပါ။
    2011/4/23 tay zar
    အချိန်ယူရဦးမှာပါ
    သင်ဘယ်လိုလူလဲဆိုတာ သိဖို့
    ကျွန်ုပ် ဘယ်လိုလူလဲဆိုတာ သိဖို့
    အလိုဆန္ဒရှိနေတဲ့ သင်နှင့်ကျွန်ုပ် ...
    နေမြင့်ရှည်ကြာ သွားလာနေထိုင် ဆက်ဆံရင်း
    စူးစမ်းလေ့လာကြရဦးမှာပါ။--------* ဖားအောက်တောရ နိုင်ငံတကာ သာသနာပြုကျောင်းတော်ကြီးမှ ဓမ္မဒါနလက်ကမ်းစာစောင်အား ပြန်လည်ကူးယူဖြန့်ဝေခြင်း ဖြစ်ပါသည်။ *)))))))

    ညီမဆီက ပထမမှတ်ချက်ကို ရတဲ့အချိန်ထိ အဲလိုပဲ ထင်နေတုန်းပဲ။ နောက်တော့ zaw မှတ်ချက်က Link ကို လိုက်ကြည့်တော့မှ အဲဒီဆိုက်ရဲ့ စာမျက်နှာထဲကို ရောက်သွားပြီး ဒါပထမဦးဆုံး ရောက်ဖူးခြင်းဆိုတာနဲ့ အဲဒီအကြောင်းကို အရင်မှတ်ချက်မှာ အစ်မ ရှင်းပြထားပြီးပြီ။ အဲဒီအချိန်မှ ပို့စ်တင်သူဟာ Tay Zar ဆိုတာ သိရတာတော့ အမှန်ပဲ။ ဒါကြောင့် အီးမေးလ်ကို ပြန်လာပြီး Show Detail ကို နှိပ်ကြည့်မှ အောက်ကအတိုင်း တွေ့ပြီး Thant Zin Aung က Reply ပြန်လုပ်ထားတယ်ဆိုတာ တိတိကျကျ သိရတယ်။

    (((((((from Thant Zin Aung reply-to myanmar-daily-info-n-general-knowledge@googlegroups.com
    to myanmar-daily-info-n-general-knowledge@googlegroups.com
    date Sun, Apr 24, 2011 at 4:16 PMsubject Re: [MM Daily Mail:1217] ဖတ်စေချင်သည်။ ။mailing list Filter messages from this mailing list))))))))
    အဲဒါ အရင်မှတ်ချက်မှာ ဖေါ်ပြပြီးပြီ။ သန့်ဇင်အောင် Reply ပြန်လုပ်လို့ ပေါ်လာတဲ့ ဒီမေးလ်ကို အစ်မဖတ်မိပြီး ကူးယူဖေါ်ပြခွင့် ရတဲ့အတွက် ပို့စ်ပိုင်ရှင်ဟာ Tay Zar ဆိုတာ သိလို့ ပြင်လိုက်ပေမဲ့ သန့်ဇင်အောင် ပို့လာလို့ ရတယ်ဆိုတာကိုတော့ အစ်မဆက်ပြီး ထည့်ထားပါတယ်။

    (((((နောက်ဆုံးတခုကတော့ tay zar က tay zar ပဲဖြစ်ပါတယ်...slip မဟုတ်သလို sv လဲ မဟုတ်ပါ)))
    ဆိုတာ နဲ့ ပတ်သက်ပြီး အခုမှ မဟုတ်ဘူး အရင်ကလည်း ပြန်ဖေါ်ပြတဲ့ ပို့စ်တိုင်းမှာ ပို့စ်ပိုင်ရှင်ကိုပဲ အဓိကထားပါတယ်။ အခုဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင်က Tay Zar ဖြစ်ပြီး Source က [Myanmar Daily] ဖြစ်တယ်။ ဒီမူရင်း Source ရဲ့ Admins (or) Editors တွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ဘယ်ပြန်ဖေါ်ပြတဲ့ပို့စ်မှာမှ မထည့်ဖူးဘူး။ Slip ပို့်လာဖူးတဲ့ မေးလ်တွေထဲမှာလည်း ကောင်းတာတွေတွေ့ရင် မူရင်း Source ကို ဘယ်ကရလဲဆိုတာ မေးပြီး မူရင်း Source နဲ့ မူရင်းကို မသိရင် ပို့လာသူရဲ့ အမည်ကိုပဲ ထည့်ပေးပါတယ်။ အဓိကက ဒီပို့စ်ဘယ်ကရတယ်ဆိုတာကိုပဲ အသားပေး ဖေါ်ပြတာသာ ဖြစ်တယ်။ အခုရှင်းပြတာ အားလုံးဟာ အမှန်တွေပါပဲ။ ယုံတာမယုံတာတော့ ညီမတို့အပိုင်းပါ။ တကယ်က အရင်က မီးပြတိုက်အမည်နဲ့ Slip ပို့်လာဖူးတဲ့ မေးလ်တွေအထဲမှာ အစ်မရေးတဲ့ အသည်းနဲ့ အသည်းကင်ဆာ http://nge-naing.blogspot.com/2010/09/blog-post_26.html
    နဲ့ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက် http://nge-naing.blogspot.com/2009/09/blog-post_22.html
    ပို့စ်နှစ်ခုတောင် ရေးသူနာမည်မပါ ဘယ်သူက ပြန်ဖေါ်ပြမှန်းလည်းမသိ မူရင်း Source Nge Naing ဘလော့ဂ်က ရတယ်ဆိုတာလည်း မပါဘဲ ပို့စ်နှစ်ခု ပါလာတာ တွေ့ဖူးတော့ အခုအစ်မက ပို့စ်ပိုင်ရှင်ရဲ့ နာမည်မှားပြီး ဖေါ်ပြမိတာက အများကြီး သာသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်မှာမှ မထည့်ဖူးပေမဲ့မူရင်း Source ရဲ့ အယ်ဒီတာ (သို့) Admins တွေရဲ့ နာမည်ကို ဒီပို့စ်မှာတော့ ညီမထည့်စေချင်တဲ့အတိုင်း Myanmar Daily ရဲ့ Admins တွေကတော့ Slip Knot နဲ့ Simple Views ဖြစ်ပါတယ်လို့ ဖြည့်ထည့်ပေးလိုက်မယ်။ ချမ်းမြေ့ပါစေ။

    ReplyDelete
  16. အမ မငယ်နိုင်သို.
    အမကို ကျမပြောတာ အမ သဘောမပေါက်ပါ..ပို.စ်တခုကို ကူတင်တိုင်း မူရင်းပို.စ် ပိုင်ရှင်ကို ဖော်ပြပေးရတယ်ဆိုတာ အမသိလိမ့်မှာပါ...သန်.ဇင်အောင် ဆီက မေးလ်က reply လုပ်ထားတယ်ဆိုတာလောက်တော့ သိသင့်ပါတယ်... reply = [intransitive/transitive] to say, write, or do something as an answer

    အရှင်းဆုံးပြောရရင် ဆိုဒ်ထဲရောက်ဖူးစရာမလိုပါဘူး..ကိုယ့်အီးမေးလ်ထဲ ဝင်လာတာကို အဆင်သင့်ထိုင်ဖတ်ရုံပါပဲ...ကျမတောင် fwd လုပ်ရုံကလွဲပြီး မရောက်ဖြစ်ပါ..

    tay zar ဟာ tay zar ပဲဖြစ်တယ်ဆိုတာကတော့ slip နဲ.simple views ထင်ပြီး မဖော်ပြချင်မှာစိုးလို.သိအောင်ပြောရခြင်းပါ...မူရင်း source ကိုထည့်စရာမလိုပါဘူး...မူရင်း ပို.စ်တင်သူကို ထည့်ရင်လုံလောက်ပါတယ်...တခါတလေ မြန်မာစကားကို မြန်မာ နားလည်အောင် ပြောရတာ အခက်သား...

    အမလဲ အားလုံး သိသွားပြီဖြစ်လို. နောက်ထပ်လာစရာ မရှိတော့ပါ...

    ကျေးဇူးတင်ပါသည်
    simple views

    ReplyDelete
  17. အပေါ်က ပို့စ်မှာ ဘယ်တုန်းက ဘယ်အချိန်ထိ မရှင်းဘူး ဘယ်အချိန်မှာ ရှင်းသွားတယ်ဆိုတာ သေသေချာချာ ရှင်းပြထားတာကို သေသေချာချာ ပြန်ဖတ်မှ ညီမရှင်းလိမ့်မယ်။ အစ်မမှတ်ချက်ကို သေသေချာချာ မဖတ်ဘဲနဲ့ ပို့စ်တင်တာက ဘယ်လို Reply လုပ်တာက ဘယ်လိုဆိုပြီး ဒါကိုပဲ ထပ်ခါတလဲလဲ ပြောနေရင်တော့ ဒီနေရာမှာပဲ ရွာလည်နေလိမ့်မယ်။ သေသေချာချာ ပြန်ဖတ်လိုက်ပါ။

    ReplyDelete
  18. svတယောက်ကတော့ မပတ်သတ်တော့ ဘူးလို့ သာဆိုတယ်ခဏခဏလာနေပုံရတယ်...

    ReplyDelete
  19. စာဝင်ဖတ်သွားပါတယ် အစ်မ၊ မရောက်ဖြစ်တာတော့ ကြာပြီ။နောက်ဆိုရင်တော့ နာမည်ပြောင်းပြီးဝင်ရေးမှ မဟုတ်ရင်ဓာတ်သက်ပါသွားဦးမယ် :)

    ReplyDelete
  20. မောင်ငြိမ်းချမ်းApril 28, 2011 at 1:34 AM

    Nge Naing says:
    April 27, 2011 10:18 PM Reply

    (( အပေါ်က ပို့စ်မှာ ဘယ်တုန်းက ဘယ်အချိန်ထိ မရှင်းဘူး ဘယ်အချိန်မှာ ရှင်းသွားတယ်ဆိုတာ သေသေချာချာ ရှင်းပြထားတာကို သေသေချာချာ ပြန်ဖတ်မှ ညီမရှင်းလိမ့်မယ်။ အစ်မမှတ်ချက်ကို သေသေချာချာ မဖတ်ဘဲနဲ့ ပို့စ်တင်တာက ဘယ်လို Reply လုပ်တာက ဘယ်လိုဆိုပြီး ဒါကိုပဲ ထပ်ခါတလဲလဲ ပြောနေရင်တော့ ဒီနေရာမှာပဲ ရွာလည်နေလိမ့်မယ်။ သေသေချာချာ ပြန်ဖတ်လိုက်ပါ ))

    လို့ မငယ်နိုင် က Simple Views ကို ရှင်းပြထားတာ မှန်ပါတယ်။



    Simple Views နောက်ဆုံးမှတ်ချက် ( April 27, 2011 10:10 PM ) ရေးတာက မငယ်နိုင် ရှင်းပြထားတာကို Simple Views က နားမလည်လို့ ပါ။

    မငယ်နိုင် ရေးထားတာကို Simple Views သေသေချာချာ ပြန်ဖတ်လိုက်ပါ။

    ReplyDelete
  21. မငယ်နိုင်

    "စိတ်ကိုဖြေလျှော့ပြီး နောက်တစ်လှမ်းဆုတ်ကြည့်တဲ့ အမြင်မျိုးနဲ့ကြည့်ပြီး ဆုံးဖြတ်ရင်ဆိုင်လိုက်ပါ" ဆိုတာက မငယ်နိုင်အနေနဲ့ အရှိကိုအရှိတိုင်းလက်ခံပြီး အားလုံးသိနေတဲ့ ဖြစ်ပျက်နေတာကြီးကို မဟုတ်သလိုလိုနဲ့ နင်းကန်ငြင်းနေတာတွေကို လျှော့ဖို့ပဲဖြစ်ပါတယ်။

    မြင်သာအောင်ပြောရရင် ထိုးနှပ်မှုတွေကြောင့် မငယ်နိုင် ဘလော့တန်းအလိတ်ပြောင်းလိုက်ရတယ်၊ ကွန်းမန့်တွေလဲ ချက်ချင်းမတင်ရဲဘူး၊ စီဘောက်စ်ကိုလဲ လော့ချထားရတယ်၊ အီးမေးဖွင့်ချိန်မှာလဲ စိတ်ညစ်ရတယ်။ ဒါတွေကို အရှိတိုင်းလက်ခံဖို့လိုပါတယ်။ အားလုံးလဲ သိနေတာပါ။ ဒါကြီးကို ပိုတောင်ကောင်းသေးတယ်၊ ဘယ်နှရက်အတွင်းလူဘယ်လောက်လာတယ် တွေဘာတွေနဲ့ လျှောက်မပြောနေသင့်ပါဘူး။

    မငယ်နိုင်အနေနဲ့ လွန်ခဲ့တဲ့ ၃ လ က ကြည့်သူအရေအတွက်နဲ့ လွန်ခဲ့တဲ့ ၃ လ က စီဘောက်မှာ အချင်းချင်းနှုတ်ဆက်မှုမျိုးနဲ့ လွန်ခဲ့တဲ့ ၃ လ က တန်းပလိတ်နဲ့ ကြည်နူးရတဲ့ ဘလော့ဂါဘဝကို ခုလက်ရှိ လူတွေအများကြီးလာတယ်၊ စီဘောက်စ်လော့ချလိုက်ရတယ်၊ အီးမေးပို့ပြီးဆဲကြတယ်၊ ကွန်းမန့်ချက်ချင်းမတင်ရဲဘူး စတဲ့ ခုလက်ရှိအနေအထား ကိုနှိုင်းယှဉ်ကြည့်ရင် အခြေအနေက သိပ်ကိုကွာနေတယ်၊ ၃ လ အရင်က ကြည်နူးဖို့ကောင်းသလောက် ခုချိန်တွေမှာ စိတ်ပျက်ဖို့ကောင်းနေတယ်ဆိုတာကို လက်ခံလိုက်ပါ။့ 

    ကြမ်းကြားက ကဏာန်းညှပ်တာ လူမမြင်တော့ ထိုင်နေတဲ့သူ လှုပ်ရွရွဖြစ်နေတာပဲမြင်ပြီး ဘေးကလူတွေက တမျိုးထင်နေတတ်ပါတယ် ဆိုတာက စီဘောက်တွေမှာ မငယ်နိုင်အကြောင်းတွေပြောနေကြတယ်၊ မိုးသွေးငယ်နဲ့ ဘာညာတွေ၊ ခုလည်း ကိုကျော်နိုင်နဲ့ အဆင်မပြေတာတွေ၊ မေကိုလတ် ကို နောက်ရည်းစားထားဖို့ အကြံပေးတဲ့အကြောင်းတွေ အစုံပါပဲ။

    အဲ့လိုသတင်းတွေ ပြန့်နေချိန်မှာ မငယ်နိုင်ရဲ့ ဘလော့မှာလဲ အရင်လိုမဟုတ်တာတွေ၊ ထိုးနှပ်သမျှ ခံနေရတာတွေတွေ့တော့ ဘေးလူတွေက ကဏာန်း ကိုမမြင်ပဲ လှုပ်ရွရွဖြစ်နေတဲ့ မငယ်နိုင်ကိုပဲ မြင်နေတော့ အခြေအနေတွေ ပိုဆိုးကုန်တာပေါ့။

    တစ်ဦး၊ တစ်ဖွဲ့၊ အဖွဲ့အများကြီး ဖြစ်စေ သီးခြားစီတိုက်ခိုက်သည်ဖြစ်စေ၊ ပူးပေါင်းတိုက်ခိုက်သည်ဖြစ်စေ သူတို့တွေ အထိုက်အလျောက် ဒါမှမဟုတ် ရာနှုံးပြည့်အောင်မြင်နေတယ်လို့ မြင်ပါတယ်။ တိုက်ခိုက်တဲ့သူ တစ်ယောက်က သူပျင်းနေတဲ့အချိန်မှာ ခဏလောက် လက်ကမြင်းလိုက်တာနဲ့ မငယ်နိုင်က လိုက်ဖျက်ရ၊ စိတ်ညစ်ရ၊ စီဘောက်ပိတ်ရ၊ ကွန်းမန့်ပိတ်ရ၊ တန်းပလိတ်ချိန်းရ၊ ဟိုမသွားရဲ ဒီမသွားရဲ ဖြစ်ရတာတွေ နောက်ဆက်တွဲပါလာရပါတယ်။

    ကိုယ့်ဘက်ကမြှောက်ပေးသူတွေကို သတိထားပါ။ စေတနာကြောင့်ဖြစ်ဖြစ် တခြားရည်ရွယ်ချက်ကြောင့်ဖြစ်ဖြစ် မြှောက်ပေးသူတွေက တကယ်တမ်းပြဿနာဖြစ်ချိန်မှာ သူတို့တွေဘာမှမခံရပါဘူး။ ကိုယ်တစ်ယောက်တည်းခံနေရတာပါ။ ခုလိုအချိန်ကြာကြာထိုးနှပ်ခံနေရတော့ ဘယ်သူကဘာများလုပ်ပေးနိုင်လဲဆိုတာ သုံးသပ်ဖို့လိုပါတယ်။

    အရာရာကို အနိုင်ရဖို့ ခက်ပေမယ့်၊ ကိုယ့်မိတ်ဆွေတွေ အနိုင်များများရတာမျိုးတော့ မြင်ချင်ပါတယ် ဆိုတာကိုတော့ နားလည်မှာပါ။ အနိုင်မရနိုင်တာကို ဘေးလူအားလုံးက အနိုင်မရမှန်းသိနေတာကို ဟန်လုပ်မနေပါနဲ့။

    ဒီကိစ္စအားလုံးကို ဖြေရှင်းနိုင်တဲ့ အာဏာစက်ရှိတဲ့လူ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက် ကူညီနိုင်တဲ့လူ တစ်ယောက်ကို ကျနော် မြင်မိပါတယ်။ ဥဏ်ချဲ့ပြီးသုံးနိုင်ရင်တော့ ကိုယ့်အတွက်အကျိုးရှိနိုင်ပြီး ဒီတိုင်းပဲဆက်သွားနေရင်တော့ ဒီတိုင်းပဲဖြစ်နေပါလိမ့်မယ်။

    ReplyDelete
  22. ကိုရွှေမန်း
    ဖြစ်သွားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မဖြစ်သွားဘူးလို့ ကျွန်မ တခါမှလည်း မပြောဖူးပါဘူး။ တကယ်ဖြစ်သွားတာကို မဖြစ်သွားဘူးလို့ ပြောလို့လည်း မရပါဘူး။ သူတို့ နှောက်ယှက်ပြီးမှ ဘလော့ဂ်ကို သုံးပတ်အတွင်း လူအဆမတန် လာလည်သွားတယ် ဆိုတာလည်း အမှန်ပဲ ဖြစ်ခဲ့ပါတယ်။ လာလုပ်တဲ့သူတွေကလည်း ဘလော့ဂ်ကို လူမလာအောင် လာလုပ်တာ အမှန်ပဲဖြစ်တယ်။ ဒါကို မပြောသင့်ဘူးလို့ အကြံပြုတာကိုတော့ ပြောပြီးသားဖြစ်လို့ ဘာမှလုပ်လို့မရတော့ဘူး။
    ကျွန်မ ပြောခဲ့တာတွေက တခုမှ မဟုတ်တာ မပါပါဘူး။ ဘလော့ဂ် တန်းပလိတ်နဲ့ ပတ်သက်ပြီး အခုလုပ်ထားတဲ့ ဒီဇိုင်းကို ကျွန်မပိုကြိုက်တာတော့ အမှန်ပဲ။ လက်ရှိမှာ ကျွန်မကို မေးလ်ပို့ပြီးဆဲတယ်ဆိုတာ C-Box မှာ လော့ဂ်ချထားတော့ ရေးမလရလို့ မေးလ်နဲ့ဆဲတာဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးလကမှမဟုတ်ဘူး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်း စတင်ကတည်းက လာဆဲသူက လာဆဲနေကြတာ တနှစ်ကျော်ပါပြီ အဆဲစိပ်လာတာ တခုပါပဲ။ အခုမှ ဘလော့ဂ်က နည်းနည်းလူလာများပြီး ပိုသိလာလို့ ကိုရွှေမန်းက အခုမှ သတိထားမိတာ ဖြစ်ပါတယ်။ နောက်တခုက ကျွန်မကိုယ်တိုင်ကလည်း အယုတ္တအနတ္တများတဲ့ ဘလော့ဂ်တွေကို သိပ်သွားလေ့ မရှိတော့ အယုတ္တအနတ္တ လာဆဲထားတာနဲ့ တိုးပြီး C-Box အနားမကပ်တော့တဲ့သူတွေအတွက် ကျွန်မ နားလည်ပေးလို့ရပါတယ်။ C-Box မှာ အယုတ္တအနတ္တ မတွေ့တဲ့အချိန် C-Box ဖွင့်ထားရင် လာနှုတ်ဆက်တာ Link တွေ လာတင်ကြတာ ရှိပါတယ်။ C-Box မှာ အယုတ်ရိုင်းချန်ပီယံ အဆဲရပ်နေချိန် သင်္ကြန်ရက် မတိုင်ခင်နဲ့ သင်္ကြန် အစပိုင်း ရက်တွေကို ပြန်ကြည့်ကြည့်ပါ။ ကျွန်မ C-Box ကို ဘယ်သူမှ လာမဆဲတဲ့အချိန်လည်း ကိုရွှေမန်း ပြောသလောက် လူစည်တဲ့အချိန် တခါမှ မရှိပါဘူး။ ဘလော့ဂ်မိတ်ဆွေတချို့ဆို C-Box မှာ တခါမှကိုမရေးဘဲ မှတ်ချက်ပဲ ရေးဖူးတာ ရှိပါတယ်။

    (((((( မငယ်နိုင်အကြောင်းတွေပြောနေကြတယ်၊ မိုးသွေးငယ်နဲ့ ဘာညာတွေ၊ ခုလည်း ကိုကျော်နိုင်နဲ့ အဆင်မပြေတာတွေ၊ မေကိုလတ် ကို နောက်ရည်းစားထားဖို့ အကြံပေးတဲ့အကြောင်းတွေ အစုံပါပဲ။ အဲ့လိုသတင်းတွေ ပြန့်နေချိန်မှာ မငယ်နိုင်ရဲ့ ဘလော့မှာလဲ အရင်လိုမဟုတ်တာတွေ၊ ထိုးနှပ်သမျှ ခံနေရတာတွေတွေ့တော့ ဘေးလူတွေက ကဏာန်း ကိုမမြင်ပဲ လှုပ်ရွရွဖြစ်နေတဲ့ မငယ်နိုင်ကိုပဲ မြင်နေတော့ အခြေအနေတွေ ပိုဆိုးကုန်တာပေါ့။ ))))
    ဒါကကျွန်မအကြောင်း သိတဲ့သူတွေအတွက် ဟာသတခုသာ ဖြစ်ပါတယ်။ ကိုရွှေမန်းက ဒါကို ဘယ်ကသွားကြားလာလဲ။ အဲဒါ ကိုရွှေမန်းယုံရင်တော့ သူတို့လုပ်နေတာ အတိုင်းအတာတခုထိ သူတို့ရည်ရွယ်ချက် အောင်မြင်တယ်ဆိုတာ ကျွန်မ လက်ခံတယ်။ ကျွန်မက ယောကျာ်းရှုပ်တဲ့မိန်းမ ကိုယ်သမီးလို ထိန်းကျေင်းလာတဲ့ ကလေးမလေးကို ရည်းစားထားဖို့ အားပေးတဲ့ မိန်းမလို့ လူအထင်ခံရလို့ ဒီမိုကရေစီ တော်လှန်ရေးအတွက် ဘာမှနစ်နာသွားမှာ မဟုတ်ဘူး။ မဟုတ်တဲ့ဟာကြီးကို တာရှည်လည်း ဘယ်သူမှ ထင်မနေနိုင်ပါဘူး။ ယောက်ျားနဲ့ အဆင်ပြေမပြေ ဆိုတာ ကျွန်မ ယောက်ျားအကြောင်း ရေးတဲ့ ပို့စ်တွေ ကိုရွှေမန်း ဖတ်ဖူးတာပဲ မမှတ်မိရင် ယောက်ျားကို ကျွန်မ ဘယ်လောက်ချစ်လဲဆိုတာ ကျွန်မရဲ့ အချစ်မေတ္တာ Label အောက်က ပို့စ်တွေကို ဖတ်ကြည့်ပါ။ မိုးသွေးငယ်နဲ့ကလည်း ပြောနေတာ ကြာနေပြီ C-Box မှာ လောစော်ကားခံရတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထား ပို့စ်ကိုတင်တဲ့ မူရင်းနေ့စွဲကို ကိုရွှေမန်း ပြန်ကြည့်ကြည့်ပါ။ ကျွန်မ အဲလို ယောက်ျားရှုပ်တဲ့ အမျိုးအစား ဟုတ်မဟုတ် တကယ်သိချင်ရင် ABDF ဗဟိုမှာ ဥက္ကဌတွေ အဖြစ်တာဝန်ထမ်းဆောင်သွားကြတဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် နဲ့ အခုလက်ရှိ ဥက္ကဌ ဖြစ်နေသူ ကိုသံခဲတို့ကို မေးကြည့်လည်းရတယ်။ ကိုရွှေမန်းနဲ့ Facebook မှာ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေထဲက မိတ်ဆွေ ရှိနိုင်တယ်၊ ၁၉၈၈-၁၉၉၈ အထိ တပ်ရင်း (၂၀၁) မင်းသမီးစခန်း၊ ၁၉၉၄-၁၉၉၈ ဗဟုဌာနချုပ်ဒေါင်းဂွင်၊ တပ်ရင်း ၂၀၄/၂၀၅၊ ၂၀၈၊ ၂၀၉၊ ၂၁၀၊ ၂၁၆၊ ၂၁၂၊ ၃၀၃၊ ၆၀၁၊ ၈၀၁ တွေက က ရဲဘော်ဟောင်းတွေအားလုံး ကျွန်မကိုသိတယ် သူတို့ကို မေးကြည့်နိုင်ပါတယ်။ အခုလက်ရှိ အနီးစပ်ဆုံး ပြရရင် ဘလော့ဂါတွေထဲမှာ ကျွန်မကို ကောင်းကောင်းသိတာ မဗေးဒါ (၈၈)၊ ၈၈ ရဲ့နော်မန်၊ ကိုဂင်ကြီး၊ ကဗျာဆရာ ကိုဆောင်းယွန်းလနဲ့ ABSDF မှာ CEC တာဝန်အထိ ထမ်းဆောင်ခဲ့ဖူးတဲ့ ကိုကျော်ထင်နဲ့ ဒုဥက္ကတာဝန်အထိ တာဝန်ယူဖူးတဲ့ ဆရာယောဟန်အောင်တို့ ရှိတယ်။ ကျွန်မ ယောကျာ်းရှုပ်မရှုပ် သူတို့ကို မေးကြည့်လည်းရတယ်။
    ဆက်ရန်

    ReplyDelete
  23. ကျွန်မဘလော့ဂ်က ပရိုဖိုင်းကို ဖတ်ရင် ကျွန်မဘယ်လောက် အလုပ်များတယ်ဆိုတာ သိလိမ့်မယ်။ ကျွန်မဟာ အလုပ်လည်းလုပ် ကျောင်းလည်းတက်တဲ့ အိမ်ထောင်သည် ဖြစ်လို့ အိမ်မှုကိစ္စတွေ လူလွတ်ထက်ပိုများတယ်။ သားပညာရေးအတွက်လည်း သားကို သိပ်အပြိုင်အဆိုင်များတဲ့ Top class က Top students ကြားမှာ နေရာ မြဲနေအောင် ဘာကျူရှင်မှ မယူဘဲ အိမ်စာကူပြီး ချိန်ပေးရသေးတယ်။ ဘလော့ဂ်လုပ်တယ်ဆိုတာ ၀ါသနာပါလွန်းလို့ အဲဒီအချိန်တွေထဲက ဖဲ့ပြီးလုပ်ရတာ ဖြစ်လို့ ၀ါသနာ အရင်းခံသာ မပါရင် တခြားဘလော့ဂ်ကို သွားလည်ဖို့ နေနေသာသာ မိမိဘလော့ဂ်ကိုတောင် ပစ်ထားလိုက်တာ ကြာပါပြီ။ ဒါကြောင့် သူများဘလော့ဂ်ကို မရောက်တာကို ဟိုမသွားရဲ ဒီမသွားရဲ ဖြစ်တယ်လို့ ကိုရွှေမန်း ကောက်ချက်ချတာ လုံးဝမှားတယ်။

    အရာရာကို နိုင်ရလောက်အောင် ကျွန်မကလည်း ၀ါသနာပါလို့ ဘလော့ဂ်ရေးတာပဲ ရှိတယ်၊ ဘယ်သူ့ကိုမှ ပြိုင်နေတာလည်း မဟုတ်ပါဘူး။ လာနှောင့်ယှက်နေသူတွေအထဲမှာ အဖက်လုပ်ပြီး ပြိုင်ရလောက်တဲ့ အဆင့်အတန်းလည်း တယောက်မှ မရှိပါဘူး။ ပြဿနာ ရှာချင်တဲ့သူတွေကပဲ ပြဿနာ လာရှာကြတာ ဖြစ်တယ်။ ကျွန်မကို အဲလို အကြာကြီးထိုးနက်နေတာကလည်း သိပ်အထင်ကြီးနေကြလို့သာ ဖြစ်တယ်၊ အချိန်တန်ရင် ကျွန်မဘာမှ မဟုတ်ဘူးဆိုတာ သိသွားရင် သူတို့လုပ်တာ ဘာမှအဓိပ္ပါယ်မရှိပါလားဆိုတာ သိသွားပြီး ရပ်သွားမှာပဲ။ အရင်ကလည်း မခင်မင်းဇော်၊ လင်းလက်ကြယ်စင်၊ ဆရာမမေငြိမ်းတို့ ဘလော့ဂ်မှာ အမြဲလာပြီး နှောက်ယှက်နေတာ ကျွန်မ တွေ့ဖူးပါတယ်။ အချိန်တန်တော့လည်း ရပ်သွားကြတာပါပဲ။ ကျွန်မကို ဒီလိုလာပြီး ထိုးနှက်နေတာ ဒီမိုကရေစီ လှုပ်ရှားမှုကို ဘာမှမကိုင်လှုပ်နိုင်ဘူး။
    (((((ဒီကိစ္စအားလုံးကို ဖြေရှင်းနိုင်တဲ့ အာဏာစက်ရှိတဲ့လူ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက် ကူညီနိုင်တဲ့လူ တစ်ယောက်ကို ကျနော် မြင်မိပါတယ်။ ဥဏ်ချဲ့ပြီးသုံးနိုင်ရင်တော့ ကိုယ့်အတွက်အကျိုးရှိနိုင်ပြီး ဒီတိုင်းပဲဆက်သွားနေရင်တော့ ဒီတိုင်းပဲဖြစ်နေပါလိမ့်မယ်။))))
    အခုလောလောဆယ် ဘလော့ဂ်မှာ အကူအညီပေးနေတဲ့ နှစ်ယောက်အနက် မိုးသွေးငယ်ဆိုတာက ကျွန်မ ဘလော့ဂ်စဖွင့်ခါစက နည်းပညာလိုရင် အကူအညီပေးမယ်လို့ မှတ်ချက်မှာ လာရေးသွားလို့ အကူအညီတောင်းဖြစ်တယ်။ ကိုဒီရေကတော့ ကိုလတ်က သူကွန်ပြူတာနဲ့ နီးနီးကပ်ကပ် မရှိတော့တဲ့အချိန်ရောက်မှ ကိုလတ်မကူညီနိုင်ချိန်မှာ အကူအညီတောင်းဖြစ်တဲ့သူပါ။ အခုသူတို့နှစ်ယောက်စလုံးက မအားတာများလို့ နည်းပညာ အကူအညီလိုနေတာတော့ အမှန်ပဲ။ ကိုရွှေမန်း ပြောတဲ့ ဒီကိစ္စ အားလုံးကို ဖြေရှင်းနိုင်တဲ့ အာဏာစက် ရှိတဲ့သူဆိုတာကိုတော့ ကျွန်မ မထင်ဘူး၊ နှောက်ယှက်နေတဲ့သူတွေက ကျွန်မ အပေါ်မှာ ပြောထားသလိုပဲ ကျွန်မဟာ သူတို့အထင်ကြီးနေသလိုမဟုတ်ဘူးဆိုတာ အမှန်တိုင်းသိမြင်ပြီး လုပ်နေလို့ ဘာမှအကျိုးမထူးဘူးဆိုတာ တကယ်သိသွားလို့ သူတို့ကို အပေါ်က ခိုင်းထားတဲ့သူတွေက ရပ်ခိုင်းမှပဲ ရပ်မှာ ဖြစ်တယ်။ ဒါပေမဲ့ နည်းပညာနဲ့ ပတ်သက်ရင်တော့ အဲဒီသူက ကိုရွှေမန်း မိတ်ဆွေဆိုရင်တော့ ကူညီပေးချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် အကူအညီတောင်းဖို့ စိတ်ဝင်စားတယ်။
    ဒီမိုကရေစီ မြတ်နိုးသူတိုင်းရဲ့ ဘလော့ဂါတွေ ဒီလိုပဲ C-Box ပိတ်ရ၊ approval ခံရတာ မဆန်းပါဘူး။ အစကတော့ ဒီလိုလုပ်ထားတဲ့ ဘလော့ဂ်တွေကို ဘာကြောင့်များ ပိတ်ရပါလိမ့် တဆင့်ခံကြပါလိမ့်လို့ နားလည်လို့ မရခဲ့တာ အခုတော့ ကိုယ်တိုင် ကြုံဖူးအောင် အတွေ့အကြုံက သင်ခန်းစာ ပေးလိုက်ပါတယ်။ မကြုံဖူးသူဟာ ဒီအခြေအနေကို ဘယ်လိုမှ နားမလည်နိုင်ဘူး ကြုံဖူးသူမှသာ နားလည်နိုင်တာ အမှန်ပဲ ဖြစ်တယ်။ C-Box ကို ပွဲခင်းနဲ့ ဥပမာပေးရရင်တော့ ကိုရွှေမန်းက ပွဲခင်းထဲ သေနတ်နဲ့ လာပစ်လို့ ပွဲကြည့်သမားတွေ ကျည်ကွယ် မျက်ကွယ်ရှောင်ကြတာကို လာပစ်သူကို အပစ်မတင်ဘဲ ပွဲခင်းကျင်းပသူကို အပြစ်တင်သလို ဖြစ်နေတယ်။ အပြစ်မရှိ အပြစ်ရှာပြီး အယုတ္တအနတ္တ သေနတ်နဲ့ လာပစ်နေလို့ ပွဲလူမစည်တော့တာ ပစ်သူအပြစ်လား ပွဲခင်းပိုင်ရှင်အပြစ်လားဆိုတာ သာမန်လူတိုင်း သိနိုင်တဲ့အချက်ပါ။ အခုလို ရှင်းပြခွင့်ရလို့ ကိုရွှေမန်းမှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  24. ((((မငယ်နိုင်ရေ

    ရှုပ်ကုန်ပြီ ထင်ပါရဲ့ ၊
    အပေါ်မှာ ကျနော်ရေးတာ မဟုတ်ပါဘူးဗျာ ၊ ကျနော်ရေးရင် ကျနော့်နာမည်တော့ ထည့်ပါတယ် ။ ဒီလူက ခပ်တည်တည်နဲ့ရေးရင်း အခံရခက်အောင် “သပ်” ကလေးတွေ ရိုက်ထည့်သွားတာပါ ။

    ကျနော့်မေးလ်နဲ့ ဖေ့ဘွတ်လည်းရှိတာပဲ ကျနော်တို့ ဆက်သွယ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလို့လည်း ရတာပါပဲ ။

    ကျနော် မငယ်နိုင်ကို ဘယ်တော့မှ ပြောမှာမဟုတ်တဲ့ စာစုလေးတွေကို ထုတ်ပြပါရစေ ။

    “ဘယ်နှရက်အတွင်းလူဘယ်လောက်လာတယ် တွေဘာတွေနဲ့ လျှောက်မပြောနေသင့်ပါဘူး။” - မငယ်နိုင်ကို ကျနော်ဒီလို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ပါဘူး ။

    “မိုးသွေးငယ်နဲ့ ဘာညာတွေ၊ ခုလည်း ကိုကျော်နိုင်နဲ့ အဆင်မပြေတာတွေ၊ မေကိုလတ် ကို နောက်ရည်းစားထားဖို့ အကြံပေးတဲ့အကြောင်းတွေ အစုံပါပဲ။” - ကျနော် မေကိုလတ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး ။

    “သူတို့တွေ အထိုက်အလျောက် ဒါမှမဟုတ် ရာနှုံးပြည့်အောင်မြင်နေတယ်လို့ မြင်ပါတယ်။” - ရာနှုန်းပြည့်ဆိုတဲ့စကား ကျနော် အင်မတန်သုံးခဲပါတယ် ။

    “အနိုင်မရနိုင်တာကို ဘေးလူအားလုံးက အနိုင်မရမှန်းသိနေတာကို ဟန်လုပ်မနေပါနဲ့။” - ဒါလည်း တမင်တိုက်ခိုက်တာမို့ ကျနော်အလွန်ရှောင်တဲ့ အသုံးအနှုန်းတွေပါ ။

    နောက်ဆုံးအပိုဒ်ကတော့ အချွန်နဲ့ “မ” တာပါပဲ ။ ကျနော်ဟာ တစ်ယောက်ထဲ လှုပ်ရှားလုပ်ကိုင်တဲ့သူ တစ်ယောက်ပါ ။ ဒီလောက်ရှင်းပြတာ လုံလောက်မယ် လို့တော့ ထင်ပါတယ် ။

    တဆက်ထဲပြောချင်တာကတော့ အပေါ်မှာ မငယ်နိုင်က “ဒီထက်ပိုပြီး စိတ်လျှော့ဖို့နည်းကိုတော့ သိချင်တယ်၊ တိတိကျကျ ထောက်ပြပေးစေချင်တယ်။” လို့ ပြန်မေးထားတာကြောင့် ကျနော်လည်း ချက်ချင်းအဖြေမပေးနိုင်ပဲ ငြိမ်နေတာပါ ။ ကျနော်ပေးတဲ့အကြံကြောင့် မိတ်ဆွေတစ်ယောက် ထိခိုက်လမ်းလွဲမှာ မလိုလားပါဘူး ။

    နောက်ဆုံးတစ်ခုကတော့ ဒီပို့စ်အောက်မှာ ကွန်မန့်လာပေးကြသူ အများစုဟာ ၊ အကျိုးထက် အပြစ်ကိုသာ ရှေးရှုနေကြတာပါ ။ စိတ်လျှော့ရုံတင်မက ဘယ်သူ့ကို ဘယ်လိုတုန့်ပြန်မယ် ၊ မတုံ့ပြန်ပဲ အသာနေမယ် ၊ Spam ထဲထည့်မယ်ဆိုတာတွေဟာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတာကြောင့် ၊ အလျှင်မလိုဖို့ အကြံပါ ပေးချင်ပါတယ် ။ ဒီကွန်မန့် ပို့ပြီးတာနဲ့ ဖေ့ဘွတ်ထဲကပါ စာရိုက်လိုက်ပါဦးမယ် ။

    ရွှေမန်း ))))

    ကိုရွှေမန်း ပို့လာလို့ မေးလ်ထဲရောက်လာတဲ့ မှတ်ချက် ဖြစ်တယ်။ အပေါ်က မှတ်ချက်က ကိုရွှေမန်းမဟုတ်ရင် အယုတ်အရိုင်းချန်ပီယံပဲ ဖြစ်မယ်။ ကိစ္စမရှိဘူး ကိုရွှေမန်း ကျွန်မ ကိုရွှေမန်းကို ဘယ်လိုမှ သဘောမထားဘူး။ ဘယ်သူပဲရေးရေး ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် ကျွန်မ အကြောင်းပြန်ထားတဲ့ အချက်အလက်တွေက ဒီအတိုင်းပဲ ဖြစ်မှာပဲ။ ရေးပြီးသားမို့ မဖျက်တော့ဘူး ထားလိုက်တော့မယ်။ အဲဒီကောင် လုပ်နေတာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှမဖြစ်တော့တာ အမှန်ပဲ အဲဒါ စိန်ခေါ်တာလည်း မဟုတ်ဘူး အမှန်အတိုင်း ပြောတာ။ သပ်ပဲရိုက်ရိုက် အချွန်ပဲမမ ကျွန်မ ဘလော့ဂ် ပျက်ရင်ပျက်သွားမယ်။ ကျွန်မကို စိတ်ဓါတ်ရေးရာမှာ ထိခိုက်အောင် သူဘာမှမလုပ်နိုင်တော့ဘူး။ ကျွန်မဘလော့ဂ်ကို ဒုက္ခပေးလို့ ရတဲ့အဖိုးအခနဲ့ ထမင်းစားနေရပြီး ဒုက္ခပေးရတိုင်းလည်း ပျော်ရွှင်မှုတွေ အမြဲရနေတာ သိရတော့ ကျွန်မဘလော့ဂ်ကို အမြှီပုပြီး လူတယေက် အသက်ရှင်ရပ်တည်နေပါလားဆိုတဲ့ အသိဟာ ကျွန်မကို ပီတိဖြစ်စေလို့ ကုသိုလ်တောင် ရသေးတယ်။

    ဒုက္ခပေးသူရော ဒုက္ခပေးသူပါ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

    ReplyDelete
  25. မသေချာပဲနဲ့  နာမည်တပ်လိုက်တာတော့  အစ်မမှားတယ်ဗျ။ ကိုရွှေမန်းရေးထားတဲ့  (((နောက်ဆုံးတစ်ခုကတော့ ဒီပို့စ်အောက်မှာ ကွန်မန့်လာပေးကြသူ အများစုဟာ ၊ အကျိုးထက် အပြစ်ကိုသာ ရှေးရှုနေကြတာပါ ။))) အဲဒီစာသားလေးကိုတော့  သဘောကျတယ်။ အဲဒါအမှန်ပဲ။ စကားစမပ် SV ကအံ့ သြစရာကောင်းလောက်အောင် ပြောင်းလဲသွားပါလား။ ဘ၀င်လေဟပ်တဲ့  လေသံတွေအများ ကြီးပါနေတယ်

    ReplyDelete
  26. ကျနော်အခုတင်တဲ့ ကော်မန့်က ဒီဆောင်းပါးနဲ့ မသက်ဆိုင်ပါဘူး။ ဒီမိုဝါဒနဲ့လည်း မသက်ဆိုင်ပါဘူး။ ပြည်ထောင်စုကြီး အတွက် ပြောချင်ပါတယ်။ လူမျိုးတိုင်း မိမိ ရိုးရာ အမွေအနှစ်ကို ချစ်မြတ်နိုးကြပါတယ်။ ဗမာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်က ရခိုင်ကို တိုက်ပြီး မဟာမြတ်မုနိဘုရားကြီးကို မန္တာလေးမြို့ကို ပင့်လာခဲ့ပါတယ်။ အင်္ဂလိပ်လို သူစိမ်းတောင် သူ့ကိုလိုနီချဲ့တုံးက ရထားတဲ့ နိုင်ငံတွေက ရိုးရာအမွေအနှစ်တွေကို ပြန်ပေးတာတွေ လုပ်ခဲ့ပါတယ်။ (အကုန်လုံး ပြန်မပေးပေမယ့် အတိုင်းအတာ တစ်ခုအထိ ပြန်ပေးခဲ့ပါတယ်)

    မျှမျှတတ စဉ်းစားရင် ကျနော်တို့လဲ မဟာမြတ်မုနိဘုရားကြီးကို ရခိုင်ကို ပြန်ပေးဖို့ တာဝန် ရှိပါတယ်။ တကယ်တော့ လူဆိုတာ တရားမျှတမှုထက် မိမိ စိတ်ခံစားချက်ကိုပဲ ဦးစားပေးကြတာပါ။ ကျန်ာတို့ အညာသားတွေ အနေနဲ့ မဟာမြတ်မုနိဘုရားကြီးကို ရခိုင်ကို အပြီးအပိုင်ပေးဖို့အထိ သဘောထားမကြီးနိုင်ကြပါဘူး။ ( အဲဒီထဲမှာ ကျနော်လဲ ပါပါတယ်။ ) ဒါဟာဘာသာရေးနဲ့လဲ ပတ်သက်နေပါတယ်။ ညီအစ်ကို ရခိုင်တွေကလဲ ဘုရားကြီးကို ပြန်လိုချင်ကြမှာပါပဲ။ တရားမျှတရေး၊ ပြည်ထောင်စုကြီးနဲ့ ကိုယ်ချင်းစာနာစိတ်ပေါ်မှာ အခြေခံပြီး ကျနော် အကြံပြုချင်ပါတယ်။ နှစ်ဖက်စလုံး အဆင်ပြေအောင် . . . . မဟာမြတ်မုနိဘုရားကြီးကို မန္တာလေးနဲ့ ရခိုင်ကို တစ်နှစ်ဆီလှည့်ပြီး သီတင်းသုံးစံတော်မူစေတဲ့ အစီအစဉ်ကို လုပ်စေချင်ပါတယ်။ ဒီနှစ် မန္တာလေးမှာ သီတင်းသုံးတော်မူရင် နောက်နှစ်ဆိုရင် ရခိုင်မှာ သီတင်းသုံးတော်မူပါ။ (ဗမာနဲ့ ရခိုင် တစ်ဝက်ဆီပိုင်တဲ့ သဘောပါပဲ) အဲလို တလှည့်စီလုပ်မယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း ပိုမိုပြီး ညီညွတ်လာမှာပါ။ ရခိုင်နဲ့ မန္တာလေးပိုမိုပြီး ကူးလူးဆက်ဆံ လာတာတွေလဲ ဖြစ်လာပါလိမ့်မယ်။

    ကျုပ်တို့လို လူများစုတိုင်းရင်းသားတွေက လူနည်းစု တိုင်းရင်းသားတွေအပေါ် ပါးစပ်ကြီးနဲ့ ချစ်ပြနေတာထက် . . . လက်တွေ့ကျကျ ချစ်ပြသင့်တယ်လို့ ယူဆပါတယ်။ စေတနာနဲ့ မေတ္တာဆိုတာ ရောင်ပြန်တတ်ပါတယ်။ ပြည်ထောင်စု စိတ်ရှိတဲ့ ဗမာတွေနဲ့ ရခိုင်တွေ ပူးပေါင်းပြီး အဲဒီအစီအစဉ်ဖြစ်မြောက်အောင် လှုပ်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်။

    ReplyDelete
  27. ကျေးဇူးတင်ပါတယ် Anonymous (April 29, 2011 11:22 PM) ဟုတ်တယ် ရွှမန်းလို့ နာမည်မတပ်ထားတာကိုတော့ အခုမှ ပြန်သတိထားမိတယ်။ ရေးထားတာတွေက အပေါ်က ကိုရွှေမန်းမှတ်ချက်ကို အကျယ်ချဲ့ ပြန်ရေးထားတယ်ဆိုတော့ ကျွန်မက နောက်တလမ်းဘယ်လို ပြန်ဆုတ်မလဲဆိုတာ မေးထားလို့ ကိုရွှေမန်းက အကျယ်ပြန်ရှင်းပြတယ်ထင်ပြီး အကြောင်းပြန်လိုက်တာ ဖြစ်တယ်။ ကိုရွှေမန်း မဟုတ်ဘူးဆိုတာ သိခဲ့ရင် အခုလို တကူးတက အချိန်ပေးပြီး အကြောင်းပြန်ဖြစ်မှာ မဟုတ်ဘူး။ ကိုရွှေမန်းထင်လိုက်တာ မှားပေမဲ့ အကြောင်းပြန်ထားတဲ့ အချက်တွေကတော့ ရေးထားတဲ့ မှတ်ချက်အတွက် မမှားပါဘူး။ ပြီးတော့ သဘောထား မတိုက်ဆိုင်တဲ့ မှတ်ချက်တွေက ဒီပို့စ်မှာမှမဟုတ်ဘူး ပို့စ်တိုင်းမှာ ရှိပါတယ်။ အနည်းနဲ့အများပဲ ကွာပါတယ်။ ကျွန်မက သဘောထားကွဲလွဲမှုကို လက်ခံတဲ့သူ ဖြစ်လို့ ညစ်ညမ်းတာ၊ ဆဲတာနဲ့ ဦးတည်ချက်လွဲအောင် တမင် အဖျက်လုပ်ဆောင်နေတဲ့ မှတ်ချက်တွေက လွဲရင် အမြင်မတူတဲ့ မှတ်ချက်တွေ အားလုံးကို ဖေါ်ပြပေးပါတယ်။

    ReplyDelete
  28. C-Box မှတ်ချက်May 27, 2011 at 4:35 PM

    27 May 11, 04:21 PM
    mg: မငယ်နိုင် .... commentsမှာ ရေးမရလို့ Cbox မှာပဲ ရေးခဲ့တယ်။ အပေါ်မှာ(comments) မှာရေးထားတဲ့ " mg" က ကျနော်မဟူတ်ပါ....
    27 May 11, 04:19 PM
    mg: ဒါကြောင့် မငယ်နိုင်ဘလောက်ကို လာရင်း SV ရဲ့ လှလှပပ comments လေးတွေ ငါဖတ်ရလို့... ဒီကနေပဲ ပြောလိုက်တာ......
    27 May 11, 04:17 PM
    mg: SLIP နောက်လိုက်တို့... Simple Views နဲ့ SLIPကို ပြောလိုက်အုံး ငါ "mg" သူတို့အတွက် Cbox မှာရေးထာတယ်. ဆန္ဒပြုထားတယ်လို့... SV blog ကိုတော့ follower ကနေထွက်ပြီးတဲ့နောက် မလာဖြစ်တော့လို့ blog address တောင်မေ့သွားပြီကွာ...
    27 May 11, 04:12 PM
    mg: simple view.... SLIP အားကိုးနဲ့ မိုက်မယ်ဆိုလဲ ... ကိုယ်ဟာက်ု မိုက်... Face Book မှာတောင် မနေရဲဘဲ မင်းတို့၂ယောက် လူမသိ သူမသိ နေ, နေရတာ ငါတော့ သံဝေဂ ရမိတယ် ငါ့ညီမ.... လိုရာခရီး အဆုံးထိ လျေက်နိုင်ပါစေ.....
    27 May 11, 04:08 PM
    mg: [link] တွင်ရေးထားသော mg မှာ ကျနော် မဟုတ်ပါဘူး မငယ်နိုင်... ဒီ ရှရုားက စစ်ဗိုလ်တွေ သူ့ပထွေး သန်းရွေ အာဏာမရှိ ဘုံပျောက်နေတာတောင် ကိုယ့်ခြေမနေ ကိုယ်မသိကြသေးပါလား.....

    ReplyDelete
  29. လွင်မင်းMay 28, 2011 at 12:15 PM

    Simple Views, နင်ဟာနင် မိုးမမြင် လေမမြင် ဖြစ်ချင်သလိုဖြစ်နေပြီးတော့ နင်က မငယ်နိုငပြောတာ နားမထောင်ဘူး နင်ပြောချင်ရာ ပြောနေတယ်။ ဘာလဲ စစ်သားမိန်းမ လုပ်ရမှာမို့ အခုကတည်းက လေ့ကျင့်နေတာလား..... စစ်တပ်ေ-ာက်ကျင့်တွေကို ( ငါထင်ရာငါပြော၊ ငါတို့ပြောတဲ့အတိုင်းမင်းတို့လုပ်၊ ငါတိုပြောတာ လုပ်တာတွေပဲ အမှန်၊ အဲလိုလား) ဘာတဲ့ ပြီးတော့ပြောလိုက်သေးတယ်၊ ဟုတ်ပါတယ် စစ်တပ်မှာ တော်တော်လေး သန့်စင်သွားပါပြီ ပုတ်နေတဲ့ ငါးခုံးမ နည်းနည်းလောက်ပဲ ကျန်တော့တယ်တဲ့... SV နင်ရူးနေလားးးး နင့်ပထွေးတွေက စစ်တပ်ကနေထွက်ပြီး ဘယ်င်္သံချိုင်းကုန်းသွားကုန်လို့လဲ။ နင့်မှာ စဉ်းစားဥာဏ်ရော ရှိသေးရဲ့လားးးး SLIPရဲ့ brain wash ကြောင့် နင်လဲ ၂ရက်၁ပိုင်းအတွင်းမှာ ပုံစံပြောင်းသွားတော့တာပဲ။ SLIP ကို စစ်တပ်က brain wash လုပ် ကုစရာဆေးမရှိဖြစ်နေတာ၊ အခုနင်ပါ၁ယောက်တိုးလာပြီ.... ကောင်းကွာ.....ငါအတတ်ပြောရဲတာကတော့ ငါတို့တိုင်းပြည်မှာ SLIP( ဗိုလ်စိုးလွင် (ဗိုလ်ကြီး)(နင်ယောက်ကျာင်္ံးလောင်း)လို စစ်သား(လူမျိုးတွေ ရှိနေသမျ တိုင်းပြည်က ( ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့) ဖာတိုင်းပြည် ဖြစ်နေအုံးမှာပဲ။ အေး SLIP လိုလူမျိုးက နင့်လို ( ဇနီး) ကိုမပြောနဲ့ ကိုယ်အမေ ကိုတောင် (စစ်တပ် အကြီးအကဲ ) က -ျ ချင်ရင် ခေါ်လာပြီး -ခခိုင်းမဲ့ လူစားမျိုး... ဒီတော့ နင် ကံကောင်းပါစေလို့....... လွင်မင်း

    ReplyDelete
  30. ဒေါက်တာ ကိုကိုMay 31, 2011 at 11:19 PM

    SLIP နဲ. SV တို. admin လုပ်တဲ. နေရာကနေ ပညာဒါနဖြန်.ဝေပို.လိုက်တာကို မငယ်နိုင်က အရမ်းကြိုက်လို.ပြန်ပြီး ကောက်ပီလုပ်တင်လိုက်တဲ. ဒီ ဖတ်စေချင်ပါသည် ဆိုတဲ. ပိုစ်.လေးကိုအရမ်းကြိုက်ပါတယ်.. လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို. လမ်းညွန်ထားတဲ. လူတိုင်းဖတ်သင်.တဲ. ပိုစ်.လေးပါ.. ဒါလေးကိုဖတ်ပြီးရင် လူတွေအားလုံး (အသိဥာဏ်ရှိတဲ.လူအားလုံး) လည်း အသိတရားတွေ အများကြီးရသွားမှာသေချာပါတယ်.. ဒီပိုစ်.ကို ပြန်တင်ပေးတဲ. မငယ်နိုင်ကို ကျေးဇူးအရမ်းတင်ပါတယ်.. အဓိက admin တွေဖြစ်တဲ. SLIP နဲ့ SV ကိုလည်း ကျေးဇူးတင်ပါတယ် ဆက်လက်ပြီးပညာပါရမီဖြည်.နိုင်ပါစေ၊ သူတို.လိုပဲ နောက်ထပ် ပြည်.ဝတဲ.လူငယ်တွေ မြန်မာနိုင်ငံအတွက် အများကြီးပေါ်ထွန်းပါစေလို. စုတောင်းပေးပါတယ်..

    ReplyDelete
  31. ဒီပို့စ်က ပြန်လည်ပြတာ ဖြစ်တဲ့အတွက် ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဒီပို့စ် ပြန်ဖေါ်ပြဖြစ်အောင် အထောက်အပံ့ဖြစ်စေတဲ့ တခြားသူတွေကိုလည်း ကျေးဇူးတင်သင့်ပါတယ်။ မူရင်းဖြစ်တဲ့ ဖါးအောက်တောရ နိုင်ငံတကာ သာသနာပြုကျောင်းက ဓမ္မးဒါန လက်ကမ်းစာစောင်ကို ဒါနပြုသူ၊ ပြန်လည် ရိုက်နှိပ်ပြီး အွန်လိုင်းမှာ ဖြန့်ဝေသူ Tay Zar နဲ့ ဒီပို့စ် ကျွန်မမေးလ်ထဲမှာ လာဝင်နေတာကို သတိထားမိစေသူ Thant Zin Aung (သူအကြောင်းပြန်ထားတာကို တွေ့ပြီး ဒီပို့စ်ကို ကျွန်မ သတိထားမိလို့ ကူးယူဖေါ်ပြဖြစ်ပါတယ်) တို့ အားလုံးကိုလည်း ကျေးဇူးတင်သင့်ပါတယ်။

    ReplyDelete
  32. အသိပညာရှာဖွေသူလူငယ်June 1, 2011 at 2:38 AM

    အရမ်းကောင်းတဲ.ပိုစ်.လေးပါ။ ဒီလိုအရမ်းကောင်းတဲ.ပိုစ်.တွေရှိတဲ. Myanmar Daily Info and General Knowledge ဆိုတဲ.ဆိုတ်ကို မန်ဘာဝင်ချင်ပါတယ်.. မငယ်နိုင်လိုပဲ ကော်ပီကူးတင်တာမျိုးတွေ ကျွန်တော.ဘလော.မှာလဲ လုပ်ချင်ပါတယ်.. အသိပညာပြည်.ဝတဲ. လူငယ် အက်ဒမင်တွေ၊ ဖြန်.ဝေသူတွေ အပါအဝင် အခြား မန်ဘာဝင်တွေနဲ.လည်း ရင်းနီးခွင်.ရချင်ပါတယ်.. မန်ဘာဘယ်လိုဝင်ရလဲပြောပြပေးပါ..

    ReplyDelete
  33. Member လျှောက်ချင်ရင် ဒီနေရာမှာ http://groups. google.com/group/myanmar-daily-info-n-general-knowledge?hl=en လျှောက်နိုင်ပါတယ်။

    ReplyDelete
  34. အသေအချာပြောပြပေးပါဗျာ လျှောက်ရတာအဆင်မပြေလို.

    ReplyDelete
  35. @ မငယ်နိုင် နှင့် သူငယ်ချင်းများ.....
    အခုလာရေးနေတဲ့ ဒေါက်တာ ကိုကို (အမည်မသိ) အသိပညာရှာဖွေသူလူငယ် နာမည်တွေနဲ့ လာရေးနေတာ SLIP နဲ့ SV ပါပဲ။ သူတို့ဟာသူတို့ မငယ်နိုင် ကိုပြောတာမှားသွားလို့ အဖတ်ဆယ်တဲ့ အနေနဲ့ လာပြီးလျေက်ရေးနေတာပါ။ Anonymous က group member ဘယိုဝင်ရမှန်းမသိဘူးတဲ့ ။ အင်းယုံချင်စရာခြစ်အော်တော့ရေးကြကွာ.... ဒေါက်တာကိုကို ကလဲ မြောက်ပင့်ရေးထားသေးတယ် (((.. အဓိက admin တွေဖြစ်တဲ. SLIP နဲ့ SV ကိုလည်း ကျေးဇူးတင်ပါတယ် ဆက်လက်ပြီးပညာပါရမီဖြည်.နိုင်ပါစေ၊ သူတို.လိုပဲ နောက်ထပ် ပြည်.ဝတဲ.လူငယ်တွေ မြန်မာနိုင်ငံအတွက် အများကြီးပေါ်ထွန်းပါစေလို. စုတောင်းပေးပါတယ်..))) တဲ့..... ဟဟဟဟဟဟဟ ရီရတယ်ကွာ..... mg

    ReplyDelete
  36. မငယ်နိုင် နာမည်နဲ့ comments ပေးလို့မရဘူးဗျ။ ဘာလို့လဲ... anonymous ပဲ ပေါ်ပေါ်နေတယ်။ mg

    ReplyDelete
  37. အငယ်နိုင်....(((အရင်က မီးပြတိုက်အမည်နဲ့ Slip ပို့်လာဖူးတဲ့ မေးလ်တွေအထဲမှာ အစ်မရေးတဲ့ အသည်းနဲ့ အသည်းကင်ဆာ http://nge-naing.blogspot.com/2010/09/blog-post_26.html
    နဲ့ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက် http://nge-naing.blogspot.com/2009/09/blog-post_22.html
    ပို့စ်နှစ်ခုတောင် ရေးသူနာမည်မပါ ဘယ်သူက ပြန်ဖေါ်ပြမှန်းလည်းမသိ မူရင်း Source Nge Naing ဘလော့ဂ်က ရတယ်ဆိုတာလည်း မပါဘဲ ပို့စ်နှစ်ခု ပါလာတာ တွေ့ဖူးတော့ အခုအစ်မက ပို့စ်ပိုင်ရှင်ရဲ့ နာမည်မှားပြီး ဖေါ်ပြမိတာက အများကြီး သာသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်မှာမှ မထည့်ဖူးပေမဲ့မူရင်း Source ရဲ့ အယ်ဒီတာ (သို့) Admins တွေရဲ့ နာမည်ကို ဒီပို့စ်မှာတော့ ညီမထည့်စေချင်တဲ့အတိုင်း Myanmar Daily ရဲ့ Admins တွေကတော့ Slip Knot နဲ့ Simple Views ဖြစ်ပါတယ်လို့ ဖြည့်ထည့်ပေးလိုက်မယ်။ ချမ်းမြေ့ပါစေ။)))) အဲလိုပြောရင် SLIP နဲ့ , Simple Views ပဲ Admin ဖြစ်သွားမှာပေါ့, အဲဒီ Group မှာ forall85ster@gmail.com ကလဲ admin ပါပဲဗျ..... mg

    ReplyDelete
  38. ပိုစ်.လေးက ဖတ်လို.ကောင်းသလောက် အပေါ်က Anonymous တစ်ယောက်ကို ကြည်.ရတာ သနားစရာကောင်းလိုက်တာ..
    ဒီလိုအသိပညာပြည်.ဝရေး ပိုစ်.အောက်မှာတောင် ဒီလိုဖြစ်ပျက်နေတဲ.လူတွေလည်း ရှိတာပါပဲလား..
    နောက်တစ်ခေါက်လောက် ပိုစ်.ကိုပြန်ဖတ်မိရင် ကိုယ်.အခြေအနေကို သိကောင်းပါရဲ..
    ဒေါက်တာကိုကိုပြောသလို ပြည်.ဝတဲ.လူငယ်တွေ အများကြီးပေါ်လာပြီး အသိပညာပါရမီတွေ ဘယ်လောက်ဖြည်.ဖြည်. အပေါ်က Anonymous လိုလူတွေကိုတော. ပြည်.ဝလာအောင်ဘယ်သူမှပြောင်းလဲနိုင်မယ်မထင်

    နေရာတကာ ရွှေကြာ

    ReplyDelete
  39. ကျွန်မ အနေနဲ့ အဲဒီဆိုက်က ပို့စ်ကို နောက်ဘယ်တော့မှ ပြန်ဖေါ်ပြတော့မှာမဟုတ်ကြောင်းနဲ့ တခြားဆိုက်တွေက ပို့စ်တွေကို နောက်ထပ် ပြန်ဖေါ်ပြဖြစ်ရင်လည်း စာရေးသူ၊ ပို့စ်တင်သူနဲ့ မူရင်းဆိုက်ကိုသာ ဖေါ်ပြမှာဖြစ်ပြီး Admins ဘယ်သူလဲဆိုတာ ဘယ်တော့မှ ဖေါ်ပြမည် မဟုတ်ပါ။ ဒီပို့စ်မှာ ဖေါ်ပြတာဟာ ပထမဦးဆုံးနဲ့ နောက်ဆုံး ဖြစ်ကြောင်း ပြောထားချင်ပါတယ်။

    ကျွန်မစာရေးတဲ့ ဘလော့ဂ် သုံးခုရှိပြီး၊ ကျွန်မ Admin အဖြစ်ပါဝင်တဲ့ ဘလော့ဂ်နှစ်ခု ရှိပါတယ်။ Admins အဖြစ်ပါဝင်တာက ကျွန်မကိုယ်တိုင်ရဲ့ ဘလော့ဂ်ဖြစ်တဲ့ Nge Naing နဲ့ အစုဖွဲ့ဘလော့ဂ် Public Health in Myanmar ဖြစ်ပါတယ်။ အဲဒီ ဘလော့ဂ် သုံးခုထဲက ပို့စ်တွေကို ပြန်ဖေါ်ပြချင်သူတွေ အနေနဲ့ ဘယ်သူမဆို ပြန်ဖေါ်ပြနိုင်ပြီး Admins ဘယ်သူဆိုတာ ထည့်ပေးစရာမလိုပါဘူး။ စာရေးသူ၊ ပို့စ်တင်သူနဲ့ ဆိုက်နာမည်ကို ဖေါ်ပြပေးရင် လုံလောက်ကြောင်း အားလုံးကို အကြောင်းကြားပါတယ်။

    ခန္တီပါရမီ ပိုမြင့်အောင် လုပ်ပေးတဲ့ ပြဿနာ လာရှာသူများဆီကရော အားပေးသူများဆီကပါ ကျွန်မအတွက် တမျိုးစီ အကျိုးပြုတဲ့အတွက် စာလာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  40. အသိပညာရှာဖွေသူလူငယ်June 6, 2011 at 12:20 AM

    အရမ်းကောင်းတဲ.ပိုစ်.လေးပါ။ ဒီလိုအရမ်းကောင်းတဲ.ပိုစ်.တွေရှိတဲ. Myanmar Daily Info and General Knowledge ဆိုတဲ.ဆိုတ်ကို မန်ဘာဝင်ချင်ပါတယ်.. မငယ်နိုင်လိုပဲ ကော်ပီကူးတင်တာမျိုးတွေ ကျွန်တော.ဘလော.မှာလဲ လုပ်ချင်ပါတယ်.. အသိပညာပြည်.ဝတဲ. လူငယ် အက်ဒမင်တွေ၊ ဖြန်.ဝေသူတွေ အပါအဝင် အခြား မန်ဘာဝင်တွေနဲ.လည်း ရင်းနီးခွင်.ရချင်ပါတယ်.. မန်ဘာဘယ်လိုဝင်ရလဲပြောပြပေးပါ..

    မငယ်နိုင်ပေးတဲ.လင်.ကို ဝင်ပြီးဘာဆက်လုပ်ရမလဲဆိုတာ ဆက်ပြောပြပေးပါ။
    မငယ်နိုင်က နှစ်ခါတောင်မန်ဘာဝင်ဖူးပြီး နှစ်ခါတောင် အထုတ်ခံထားရတယ်လို. ပြောထားတာတွေ.ရပါတယ်..
    ကျေးဇူးပြုပြီးအသေးစိတ်ပြောပြပေးပါလား

    ReplyDelete
  41. ဦးသူတော်June 8, 2011 at 9:26 AM

    ဘုရားရှင်ကို နှလုံးသွင်းထားတဲ.လူတစ်ယောက်အနေနဲ. အရှိကို အရှိအတိုင်းလက်ခံဖို.လိုပါတယ်

    ဘာကြောင်. ကျွန်ုပ်တို.အပြန်အလှန်ပြောထားတဲ. ကွန်းမန်.တွေအားလုံးကိုဖျက်လိုက်ရတာလဲ မငယ်နိုင်.. စိတ်ထဲမှာ ရှက်ရွံ့တဲ.စိတ်မျိုးတွေ ဖြစ်ခဲ.လား ဆန်းစစ်ပါ။ ဆဲဆိုခဲ.တာ တစ်ခုမှမရှိခဲ.တာအသေအချာပါ.. အထင်ကြီးလေးစားမှုဆိုတာ ဆုံးရှုံးပြီးရင် ဘယ်တော.မှပြန်မရတော.ဘူး။ အခြားသူတွေ ကိုယ်.ကိုအထင်သေးသွားတာ မလေးစားတော.တာထက် မငယ်နိုင်ကိုယ်တိုင် မငယ်နိုင်ကို လေးစားမှုရှိနိုင်ပါအုံးမလား။

    ReplyDelete
  42. နာမည်မျိုးစုံနဲ့ နှောင့်ယှက်တဲ့ မှတ်ချက် အမျိုးမျိုးရေးပြီး ဦးသူတော်နာမည်နဲ့ သူတော်ကောင်းယောင်ဆောင်တဲ့ ဦးမသူတော်ရေ - ရေးထားတဲ့ မှတ်ချက်ကို ၂၄ နာရီအတွင်း ဘယ်ကကူးလာလဲဆိုတဲ့ မူရင်း Source ကိုလာထည့်ပေးပါလို့ သတိပေးထားတာ လာမထည့်လို့ ပြောထားတဲ့အတိုင်း ဖျက်လိုက်ပါတယ်။ သူတော်ကောင်း အယောင်ဆောင်ပြီး လာနှောင့်ယှက်နေသူ အချက်အလက် သူများဆီက ခိုးလာပြီး ကိုယ့်အချက်အလက်လိုလို ဘာလိုလို လာလုပ်တဲ့ မှတ်ချက်တွေကို လက်မခံဘူး။ အခုလည်း ပြန်လာထည့်ချင်ရင် မူရင်း Source နဲ့တကွ ပြန်လာထည့်ရင် ဖျက်မှာမဟုတ်ဘူး။ မသူတော်တွေ အထင်ကြီးဖို့အတွက် ကျွန်မ ဘလော့ဂ်ရေးနေတာ မဟုတ်ဘူး။ အဲဒီအတွက် ဘာမှမဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ လူလိမ်မဖြစ်အောင် ကြိုးစားပါနော့်။

    ReplyDelete
  43. ဒီဘလော့က ကွန်းမန့်တွေကို ကျွန်တော်အမြဲလိုလိုဖတ်ခဲ့ပါတယ် အခြားသူတွေထက်မငယ်နိုင်ကိုတိုက်ခိုက်တဲ့လူတွေပိုများတာကိုလည်း သတိပြုမိပါတယ် ဒါပေမယ့် တိုက်ခိုက်မှုတွေကြားက တောင့်ခံရပ်တည်နိုင်တာကိုလည်း အရမ်းလေးစားခဲ့ပါတယ် သမာသမက်ကျပြီး မှန်မှန်ကန်ကန်တုန့်ပြန်နိုင်သူအဖြစ် အထင်ကြီးခဲ့ပါတယ် ဒါပေမယ့် ဒီပို့စ်အောက်က ဦးသူတော်ကို မငယ်နိုင်ကကျေးဇူးတင်ကြောင်းတွေပြောထား၊ ကောင်းကောင်းမွန်မွန်ဆွေးနွေးထားပြီးမှ သည်းခံခြင်းအကြောင်းကို credit မပေးလို့ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ဦးသူတော်နဲ့အပြန်အလှန် ဆွေးနွေးထားတာအားလုံးဖျက်ပြစ်လိုက်တဲ့လုပ်ရက်နဲ့ပတ်သက်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်သွားမိပါတယ် ဘာသာရေးစာပေတွေကို ဖော်ပြသူတိုင်း၊ ရွတ်ဆိုသူတိုင်းအတွက် ဘုရားကိုတောင် credit ပေးဖို့မလိုပါဘူး။ တရားစာအုပ်တွေ၊ ဂါထာစာအုပ်တွေမှာ ဘယ်ဂါထာက ဘယ်သူရေးတာပါဆိုပြီး တစ်ခုချင်း ရေးထားတာကို ဘလော့ပေါ်မှာမပြောနဲ့ အပြင်မှာတောင်မရှိပါဘူး။ ယုတ်စွအဆုံး အပေါ်က ပိုစ့်ကိုတောင် မငယ်နိုင်စကူးပြီးတင်ချိန်တုန်းက ဘယ်သူရေးတယ်ဆိုတာကို မှန်အောင်မဖော်ပြခဲ့တာပဲ။ နောက်မှ admin တွေ မန်ဘာတွေလိုက်လာပြီးပြောလို့ ပြဿနာတက်ခဲ့တဲ့ကွန်းမန့်တွေတောင် ကျန်ပါသေးတယ်။ ဦးသူတော်ပြောသွားတာတွေက ဗဟုသုတရပြီး တရားနည်းလမ်းကျပါတယ် ရှက်ရမ်းရမ်းပြီး ဖျက်လိုက်တဲ့မငယ်နိုင်ကိုတော့ စိတ်ထဲမှာ တကယ်တမျိုးကြီး မြင်မိတာပါ မငယ်နိုင်ကို အရမ်း လေးစားအထင်ကြီးသူတစ်ယောက် ဆုံးရှုံးသွားတယ်လို့ပဲ သိထားပါ ရင်းနီးနေသူတစ်ယောက်ဖြစ်လို့ နာမည်နဲ့မရေးချင်လို့ anonymous နဲ့ရေးလိုက်ပါတယ် ဒီကွန်းမန့်ကလည်း ဦးသူတော်ရဲ့ကွန်းမှန့်တွေလို မငယ်နိုင်အတွက် အရှက်ရစေတယ်ဆိုရင် ဖျက်လိုက်ပါ ဖျက်ရသည့် အကြောင်းပြချက်သီးခြားပေးဖို့မလိုပါ

    ReplyDelete
  44. ဦးသူတော်ဆိုတဲ့ ဦးမသူတော်ကို ဘယ်သူဆိုတာ သိလို့သူကိုယ်တိုင်သိလို့ လာပြောနေတာမဟုတ်ဘူး။ တနေရာက ကူလာမှန်းသိလို့ အညွန်းပေးဖို့ အချိန်ပေး တောင်းဆိုပြီးမှ ပေးထားတဲ့အချိန်မှာ လာမပေးလို့ ကျွန်မ ဖျက်လိုက်တာဖြစ်တယ်။ ကျွန်မကို လူတယောက်နှစ်ယောက်တည်းနဲ့ နာမည်အမျိုးမျိုးသုံးပြီး လာနှောင့်ယှက်နေတာ အများကြီး ရှိပါတယ်။ ဒီထဲမှာ ဦးသူတော်ဆိုသူလည်း လေယူလေသိမ်းကို ကြည့်ပြီး ဘယ်သူဆိုတာ ကျွန်မ ခန့်မှန်းလို့ရလိုက်တယ်။ ရှက်ရမ်းရမ်းရင် ကျွန်မက ဒီမှတ်ချက်တွေကို ၂၄ နာရီထားပေးပါ့မလား ချက်ချင်းဖျက်မှာပေါ့။ ကျွန်မ ဒီပို့စ်ကို တင်လို့ နာမည်မှားတာနဲ့ အခုဥပမာနဲ့ ဘာမှမဆိုင်ပဘူး။ ကျွန်မ ကူးယူဖေါ်ပြတာ အစောကြီးကတည်းက Credit ပေးပါတယ်။ နာမည်မှားတာကို ပုံကြီးချဲ့ ပြဿနာရှာကြတာသာ ဖြစ်တယ်။ နေကအရှေ့ကထွက်တယ်၊ နေကိုကမ္ဘာက လည်ပတ်တယ် မြန်မာပြည်က အရှေ့တောင်အာရှမှာ ရှိတယ် အနစ္စ၊ ဒုက္ခ အနတ္တဆိုတာ အမြဲခြင်းသဘောဖြစ်တယ်။ ဓမ္မစင်္ကြာတရားဟာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တယ် စသည်တို့လို Common sense တွေကိုပဲ Credit ပေးစရာမလိုပါဘူး။ တခုခုလုပ်တဲ့ Technique တခုခုကို ရေးထားတဲ့အရာမှန်သမျှကို ကိုယ်တိုင် လက်တွေ့ကျင့်သုံး ရှာဖွေတွေ့ရှိထားတဲ့အရာ မဟုတ်ဘဲ တနေရာက ကူးလာတာဆိုရင် စာပိုဒ်တိုင်းကို အညွန်းပေးရပါတယ်။ သူများစာပိုဒ်ကို အညွန်းမပါဘဲ လာတင်တာဟာ ခိုးလာတာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်မ ဖျက်လိုက်တာဖြစ်တယ်။ အခုလည်း အညွန်းနဲ့ အချိန်မရွေး ပြန်လာတင်လို့ရပါတယ်။

    ReplyDelete
  45. ဖျက်ခံလိုက်ရတဲ. ကွန်းမန်.အတွက်စိတ်မကောင်းဖြစ်မိပါတယ်.. မငယ်နိုင်ရဲ.စိတ်ဓာတ်ကို ကောင်းကွက်လေး နည်းနည်းရှာပြီး လေးစားချင်ပါတယ်.. တရားစာတစ်ခုကို အညွန်းမလိုပဲ လူတိုင်းဖော်ပြခွင်.ရှိပါတယ်.. ဘာသာတိုင်းက တရားစာကို ဖတ်ရုံနဲ. ဒါက ဘယ်ဘာသာက ဘယ်ဘုရားဟောတယ်ဆိုတာ သိသာပါတယ်.. ဘာသာတိုင်းကလည်း ကိုယ်.ဘာသာပြန်.ပွားရေးအတွက် ပြန်.ပွားလေးကောင်းလေဆိုပြီး ပြန်လည်ဖော်ပြသူတိုင်းကို အားရကြိုဆိုကြပါတယ်.. ဒါကို မငယ်နိုင်လည်း ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ. မကြိုဆိုရင်တောင်မှ ဒါကြီးကို အပြစ်ကြီးတစ်ခုလို. သဘောမထားသင်.ပါဘူး.. မငယ်နိုင်ကို အရှက်ရစေလို.ဖျက်ချင်တယ်ဆိုရင်တောင် အဲဒီတရား ကိုပဲဖျက်လိုက်ပါလား.. ဘာလို. အပေါ်က ပတ္တမြားရွှေဂူ ကဗျာနဲ. အောက်က မငယ်နိုင်ရဲ. ဦးသူတော်ကို ကျေးဇူးတင်ကြောင်း ကွန်းမန်.တွေကိုပါ ဖျက်ရတာလဲ.. မငယ်နိုင်က ဦးသူတော်ကို ကျေးဇူးတင်ကြောင်းပြောထားတာက credit ပေးဖို.လိုလို.လားဆိုတာ နားမလည်နိုင်ပါဘူး၊ ဦးသူတော်ရဲ. ပတ္တမြားရွှေဂူအောက်မှာ ဘယ်သူရေးတယ်ဆိုတာ ပါပါတယ်.. ဒါပေမယ်.လည်း မငယ်နိုင်ဖျက်လိုက်ပါတယ်... တခြားတော. ဘာမှမဖြစ်ပါဘူး.. မငယ်နိုင်အတွက် စိတ်မကောင်းဖြစ်မိတာ .. မငယ်နိုင်ကို အရမ်း လေးစားအထင်ကြီးသူ တချို. ဆုံးရှုံးသွားတယ်လို့ပဲ သိထားပါ ရင်းနီးနေသူတစ်ယောက်ဖြစ်လို့ နာမည်နဲ့မရေးချင်လို့ anonymous နဲ့ရေးလိုက်ပါတယ်

    ReplyDelete
  46. နာမည်အမျိုးမျိုးနဲ့ မှတ်ချက်အတုတွေ လာရေးပြီး လာနှောင့်ယှက်နေတဲ့သူတွေကို တုံ့ပြန်ရာမှာ မဆီမဆိုင်လူတွေလည်း မတော်တဆ ရောယောင်ပြီး ထိသွားရင် အဲလို ထိသွားတဲ့သူတွေတွက် စိတ်မကောင်းပါဘူ။ တနေ့ကနဲ့ မနေ့က ဘလော့၈်ကို လူ ခြောက်ထောင်ကျော်ခန့်စီ လာလည်သွားတော့ ကျွန်မ အနေနဲ့ လာလည်သူ အားလုံးကို စိတ်ချမ်းသာအောင် စိတ်တိုင်းကျအောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအတွက် စာကောင်းကောင်းမွန်မွန် လာဖတ်သူများထဲက ထိခိုက်သွားရင် ဆောရီးပါ။ သူတော်ကောင်းယောင်ဆောင်လိုက် ဟိုလူ့နာမည်ယူရေးလိုက် ဒီလူ့နာမည် ယူရေးလိုက်နဲ့ တမင်ကို စိတ်အနှောက်အယှက် ဖြစ်အောင် လာလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်တွေကို ခေါင်းထဲမထည့်ချင်လို့ လုပ်သင့်တာကို လုပ်လိုက်တဲ့ ကျွန်မလုပ်ရပ်အတွက် နောင်တရစရာ မရှိပါဘူး။

    ReplyDelete
  47. ပိုစ်.လေးကောင်းသလောက် မငယ်နိုင်ရဲ.ဖြစ်ပျက်နေတာတွေကိုကြည်.ပြီး စိတ်ပျက်မိပါသည်..................................................

    ReplyDelete
  48. ငယ်နိုင်တစ်ယောက်ကို အဖက်လုပ်ပြီး ပြောမနေကြပါနဲ့တော့
    သူ့ စာဖတ်ကြည့်လိုက်တာနဲ့ SCHIZOPHRENIA ဖြစ်နေတယ်ဆိုတာခန့်မှန်းလို့ရပါတယ်
ံHallucinations ကစတာပေါ့်
    The many causes include genetic factors,environmental stress, and various
    triggering factors.
    အကြမ်းဖျင်းပြောရရင် ၀ဋ်နာ ကံနာပေါ့

    ReplyDelete
  49. အပေါ်က အားအားလျားလျား ပြဿနာလာရှာကြတဲ့ ပုဂ္ဂိုလ်များ... အရူးဆိုတာ သူများကိုပဲ ရူးနေတယ်လို့ စွပ်စွဲတတ်ပြီး မိမိကိုယ်မိမိ အရူးလို့ ဘယ်အရူးမှ မထင်တတ်ကြဘူး။ ဒီတော့ ကိုယ့်ဖါသာကိုယ် အေးအေးနေတဲ့သူက အရူးလား မနေနိုင်မထိုင်နိုင် လက်ညိုးတငေါက်ငေါက်ထိုးပြီး လာစွပ်စွဲနေသူတွေက အရူးလားဆိုတာ မရူးတဲ့သူအားလုံး သဘောပေါက်ပါတယ်။

    ဒီပို့စ်မှာ ပို့စ်တင်သူနာမည်လေး ရေးမှားတာကို ပုံကြီးချဲ့ပြီး လာစွပ်စွဲကြတဲ့ အမည်ဖေါ်ရော မဖေါ်ပါ ပြဿနာ လာရှာကြတဲ့ Admins ဆိုသူတွေနဲ့ အပေါင်းအပါတွေ ရေးတဲ့ဘလော့ဂ်တွေမှာ ပို့စ်တွေကို သွားကြည့်ကြည့်ပါ။ ကိုယ်ပဲ တရားပေါက်ထားလို့ ရတဲ့ အချက်လက်တွေလိုလိုနဲ့ စာတွေကို Reference မပေးဘဲ ခိုးချပြီး တင်ထားတာနဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို ဘယ်ကမှန်းမသိ ခိုးပြီးတင်ထားတာတွေကို တွေ့ရလိမ့်မယ်။ ကျန်တဲ့ အပေါင်းအပါ ဆိုသူတွေကလည်း ငယ်နိုင်အကြောင်း၊ ဟိုလူအကြောင်း ဒီလူအကြောင်း မဟုတ်မဟပ် လုပ်ဇာတ်ခင်းပြီး အတင်းပြောထားတဲ့ ပို့စ်တွေကိုပဲ တွေ့ရလိမ့်မယ်။

    ဒီမှာ ပို့စ်ပိုင်ရှင် နာမည်လေး မှားတာကို ပုံကြီးချဲ့ပြီး လာပြဿနာရှာတဲ့သူတွေနဲ့ ဒါကို ထောက်ခံတဲ့သူတွေပဲ မဟုတ်တာကိုအဟုတ်လုပ်တဲ့ Thought disorder ဖြစ်နေကြတဲ့ အရူးတွေဖြစ်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိကြပါ။

    Hallucination ရဲ့ အဓိပ္ပါယ်ကိုကော သိကောသိရဲ့လားမသိဘူး။ ဘယ်ကသွားကြားပြီး လာရေးထားတာလဲ။
    အရူးထလာတိုင်း ငယ်နိုင်ဘလော့ဂ်မှာ လာသောင်းကျန်းပြီး ပြဿနာ လာမရှာကြပါနဲ့ ဒီနေရာ အရူးဂေဟာ မဟုတ်သလို။ Mental Health နဲ့ ပတ်သက်တဲ့ Rehabilitation Centre လည်း မဟုတ်ဘူး။

    ReplyDelete
  50. Ϻy bгоtheг recommended І ωould pоssibly like
    this ωeb site. Hе was totally right.
    This submit actually made my day. Yοu cаn not consіԁeг just how so much time I had spent for this info!

    Тhank you!

    Revіeω my wеblog; samsung galaxy note 2
    My web site:

    ReplyDelete
  51. Heya i'm for the primary time here. I found this board and I in finding It truly useful & it helped me out much. I am hoping to present something back and help others such as you aided me.

    Here is my web-site: galaxy s3
    My website -

    ReplyDelete
  52. Exсеllеnt poѕt. I waѕ checkіng contіnuоusly this blog and I am
    imρreѕsed! Very useful informatіon particularlу
    the lаst part :) I carе for such informаtion a lot.
    I ωas ѕeeking thiѕ particulаг infο fοг a very long time.

    Thank you and gοod luсk.

    Fеel free to surf to mу webраge;
    investire 1000 euro
    Look at my web page :

    ReplyDelete
  53. I am аctuаlly thankful to thе οωneг of this site who has
    shаred this wonԁerful post at at thіs ρlace.


    Ηeгe is my blog; pikavippis.net
    Also visit my web blog - pikavippi

    ReplyDelete
  54. Hοwdу! Τhis is my first vіsіt to youг blοg!
    We arе а grοuρ οf voluntеers and
    starting a neω pгoϳect in a сοmmunity іn thе samе niche.
    Yοur blοg prοvidеd us benеficіаl informаtiоn tо wοrk
    οn. You havе done a marvеllous јob!


    Loοk іnto my blog - twitter adder
    Feel free to surf my site - twitter marketing companies

    ReplyDelete
  55. This is my first time paу a quick vіsіt
    at here anԁ і am tгulу ρleasѕant to
    read evеrthing at one place.

    My wеbsite: get followers pinterest
    Feel free to surf my web-site ; free twitter followers

    ReplyDelete
  56. Right here is the perfect webpage for anyone who really wants to find out
    about this topic. You understand a whole lot its almost hard to argue with you (not that I personally
    will need to…HaHa). You definitely put a brand new
    spin on a topic which has been written about for ages.
    Great stuff, just excellent!

    Here is my blog post - vapornine
    Feel free to visit my website vapornine

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။