Pages

ဆရာ့မွေးနေ့အတွက် ဆုတောင်း

ဒီနေ့ 7/5/11 မှာ မွေးနေ့ကျရောက်တဲ့ ဆရာ့မွေးနေ့မှာ အများသူငှာ မွေးနေ့တွေအတွက် ကျွန်မ အမြဲဆုတောင်းနေတဲ့အတိုင်း မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတဲ့အထိ လောဘတက်ပြီး ဆုမတောင်းလိုပါ။ Happy Birthday လို့ ပြောလို့မရလောက်အောင် မွေးနေ့မှာ Procedure တွေ လုပ်ရ၊ Scan တွေလုပ်နေရတဲ့ ဆရာ့မွေးနေ့မှာ ကျွန်မ ဆုတောင်းလိုတာကတော့ "မွေးနေ့ အနှစ်တရာ မတိုင်လည်း နေပါစေ နောက်ထပ်မွေးနေ့တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နှလုံးအစားထိုးဖို့ စောင့်နေတဲ့နှလုံးကိုသာ မြန်မြန်ရပြီး ဆရာ့လိုရာဆန္ဒကို ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်တမ်းအထိ မွေးနေ့တွေ ဆက်လက်ရှင်သန်နေပါစေ" လို့ပဲ ဆုတောင်းပေးပါတယ်။

ဆရာဆိုတာက ကျွန်မ ငယ်ငယ် ရှစ်တန်းတုန်းက သင်္ချာသင်ပေးခဲ့တဲ့ အဲဒီတုန်းက သင်္ချာဆရာ အခုတော့ Heart Failure ဖြစ်ပြီး နှလုံးအလုပ်မလုပ်နိုင်တော့လို့ ဆစ်ဒနီမြို့ St. Vincent ဆေးရုံ ICU မှာ နှလုံးစောင့်ဆိုင်းရင်း ရောက်ရှိနေတဲ့ ဆရာလေးလို့ အများခေါ် ဆရာဝင်းမြင့်သိန်းပါ။ ကျွန်မလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီး တော်တော်လေး အလုပ်များခဲ့သလို ဒီမတိုင်ခင် အိမ်မှာလည်း တယောက်ပြီးတယောက် ကျန်းမာရေးမကောင်းတော့ ဆရာ့ဆီ မရောက်ဖြစ်ခဲ့တာ ကြာသွားပါတယ်။ ဒီနေ့မနက်မှာတော့ ဆရာ့ဆီသွားဖို့ ရည်ရွယ်ထားပြီး မနေ့ညက သူ့ဇနီးဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့ဆရာ့မွေးနေ့ဆိုတာပါ သိရလို့ လူနာလည်းကြည့်ရင်း မွေးနေ့ပွဲကိုလည်း အားပေးရင်း ဆရာတက်နေတဲ့ St.Vincent ဆေးရုံကို ရောက်လာခဲ့တယ်။

ရောက်တော့ နှစ်နာရီထိုးပြီးနေပြီ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့အဆုပ် အလုပ်မလုပ်လို့ အောက်စီဂျင်အလုံအလောက် မရတဲ့အတွက် အဆုပ်အစား အလုပ်လုပ်ဖို့ အဆုပ်ထဲ ပါးစပ်ကနေ စက်နဲ့ ဆက်သွယ်တဲ့ Procedure တခု လုပ်နေတဲ့အချိန်မို့ ချက်ချင်း ၀င်မကြည့်ရဘူး။ တနာရီခန့်စောင့်ပြီးမှ Procedure က ပြန်လာပြီး CT scan သွားလုပ်ဦးမယ်ဆိုတော့ နောက်ထပ် တနာရီနီးပါး ထပ်စောင့်ရပါတယ်။ ၀င်ခွင့်ရတဲ့အချိန်မှာတော့ ခါတိုင်းဆို ICU ကို လူနာတယောက်ဆီ တခါဝင်ရင် နှစ်ယောက်ပဲ ပေးဝင်ရာကနေ ဒီတခါတော့ မွေးနေ့ကြောင့်လားမသိဘူး ငါးယောက် ရှိနေတာ ၀င်လို့ရပြီလို့ လာအကြောင်းကြားတဲ့ သူနာပြုက ကျွန်မတို့ အားလုံးကို ပေးဝင်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့ကို စောင့်ရှောက်နေတဲ့ သူနာပြုက အမျိုးသားတဦး အမျိုးသမီးတဦး ဖြစ်ပြီး နှစ်ယောက်စလုံးက သဘောကောင်းကြပါတယ်။

ကျွန်မတို့ အထဲရောက်တော့ ဆရာ့တကိုယ်လုံးကို စက်နဲ့ဆက်သွယ်ထားတဲ့ ပိုက်တွေ ပြည့်နှက်ပြီး တွေ့ရတယ်။ နှာခေါင်းမှာ မစာအိမ်နဲ့ ဆက်ထားတဲ့ အစာကြွေးတဲ့ပိုက်၊ ပါးစပ်မှာ ချွဲစုပ်တဲ့ပိုက်နဲ့ အဆုပ်နဲ့ စက်ကိုဆက်သွယ်ထားတဲ့ပိုက်၊ ရင်ဘတ်မှာ နှလုံးအတုနဲ့ အပြင်က စက်ကိုဆက်သွယ်ထားတဲ့ ပိုက်၊ ပေါင်ခြံသွေးကြောမှာကျတော့ ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ကျောက်ကပ်အစား သွေးသန့်စင်တဲ့စက်နဲ့ ဆက်သွယ်တဲ့ပိုက်၊ လက်တွေမှာလည်း ဆေးသွင်းတဲ့ အပ်တွေနဲ့ဆေးပိုက်တွေနဲ့ဆိုတော့ ဆရာ့တကိုယ်လုံးဟာ အရာဝတ္ထုတွေနဲ့ ပြည့်နေပါတယ်။ ဆရာ ဘာမှ မတုံ့ပြန်နိုင်ပေမဲ့ တချက်တချက်တော့ သတိရပြီး ကျွန်မတို့ ပြောနေတာကို ကြားနေပုံတော့ ရပါတယ်။ ကျွန်မတို့ ရောက်ပြီးနောက် ကျွန်မတို့ ရှိနေတဲ့အချိန်မှာပဲ သူနာပြုနှစ်ယောက်ကလည်း သူတို့လုပ်ပေးစရာရှိတာ ဆက်ပြီးလုပ်ပေးနေပါတယ်။

ဒီနေ့မတိုင်ခင် ဆရာ့ကို ကျွန်မ နောက်ဆုံး သိထားတဲ့ အခြေအနေက ဆရာ နှလုံးအစားထိုးကုသမှ ရတော့မှာ ဖြစ်တဲ့အတွက် နှလုံးစောင့်နေလို့ ဆေးရုံက အနီးကပ်ကြည့်ပေးနေတယ်ဆိုတာပဲ သိထားပါတယ်။ ဒီလောက်အထိ စက်တွေနဲ့ ခန္ဓာကိုယ်ကို လည်ပတ်နေရတယ်ဆိုတာ မသိခဲ့ဘူး။ အခုဒီနေ့ရောက်တော့ သူ့နှလုံးက အလုပ်မလုပ်တော့လို့ နှလုံးအတု တပ်ထားရတယ်၊ တခါ ဒီနေ့မှာပဲ အဆုပ်ကလည်း ရေတွေပြည့်ပြီး အလုပ်မလုပ်ပြန်လို့ အဆုပ်ကနေ နှလုံးကို အောက်စီဂျင် မပို့နိုင်တော့လို့ အောက်စီဂျင်အလုံအလောက် မရလို့ အဆုပ်အစား အလုပ်လုပ်ဖို့ စက်တပ်ရပြန်တယ်။ ပြီးတော့တခါ ကျွန်မတို့ ဆရာ့အခန်းထဲ ရောက်ပြီးမှ သူနာပြုတယောက်က Dialysis (သွေးသန့်စင်ခြင်း) လုပ်နေတာတွေ့လို့ အဆုပ်ထဲ စက်သွင်းတဲ့ Procedure က ပြန်လာလို့ ကျောက်ကပ်ခဏတာ အားနည်းနေလို့ Dialysis လုပ်ရတယ်ထင်ပြီး အဲဒါ အကြိမ် ဘယ်လောက်များများ လုပ်ဖို့လိုလဲလို့ မေးကြည့်တော့ ၂၄ နာရီလုံးလုံး မပြတ် လုပ်ထားရတယ်လို့ ပြောတယ်ဆိုတော့ ဆရာ့မှာ အဓိက အင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ နှလုံး၊ အဆုပ်၊ ကျောက်ကပ် သုံးခုစလုံးက စက်နဲ့အလုပ်လုပ်နေရတာကို ဒီနေ့မှ ကျွန်မ သိလိုက်ပါတယ်။

ဆရာ့ခန္ဓာကိုယ်မှာ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒတွေကို စက်ကပဲ လည်ပတ်နေတဲ့ အခြေအနေ ဖြစ်နေတယ်။ နှလုံး မရခင်စပ်ကြား ဘယ်လောက်အထိ စက်နဲ့ ထိန်းထားပေးနိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ နှလုံးကော ဘယ်တော့ ရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဆရာ သက်သာနေတုန်း အိမ်ကနေ အပြင်လူနာအဖြစ် လာတွေ့နေတုန်းကတော့ ကျွန်မ တခါနှစ်ခါ လိုက်လာပေးဖူးပြီး အဲဒီတုန်းက ဆရာဝန်မကို ကျွန်မ မေးကြည့်လို့ ဆရာဝန်မ ပြောတာက ဘယ်တော့ ရမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ဆရာ့သွေးက B သွေးမို့ လူဦးရေ အများစုမှာ ရှိတဲ့သွေးအမျိုးအစားဖြစ်လို့ တခြားသွေးအမျိုးအစားနဲ့ စာရင်တော့ ပိုပြီးစောစော ရနိုင်တဲ့သွေး ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင် အင်္ဂါအစိတ်အပိုင်းတွေနဲ့ ခန္ဓာကိုယ် အလုပ်မလုပ်နိုင်တော့လို့ စက်တွေ၊ ဆေးတွေရဲ့ အကူအညီနဲ့ အသက်ဆက်လက် ရှင်သန်နေရတဲ့ ဆရာအတွက် နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးလို့ရနိုင်ပါစေလို့ ဆုတောင်းတာကလွဲပြီး တခြားဘာမှမတတ်နိုင်တော့ပါ။ ဒီနှစ်မွေးနေ့မှသည် နောက်ထပ် မွေးနေ့ပေါင်းများစွာ ဆက်လက်ရှင်သန်နေပါစေ၊ မိသားစုနဲ့အတူ ဆရာပြုလိုတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုနိုင်ပါစေ၊ ဆရာဖြစ်ချင်တဲ့ ဘ၀ခရီးကို အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ စောင့်ဆိုင်းနေတဲ့ နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်။ ဆရာ့ရဲ့ တခြားမိတ်ဆွေများလည်း ကျွန်မနဲ့အတူ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

27 comments:

  1. ကိုယ်သိတဲ.တစ်ယောက်သေရင်သေတဲ.အကြောင်း၊ ကိုယ်သိတဲ.တစ်ယောက်မွေးနေ့ကျရင် မွေးနေ့အကြောင်း၊ မောင်မောင်ယဉ်ကျေးလို ပုဂ္ဂိုလ်ထူးနဲ.တွေ.ဆုံးခြင်းအကြောင်း.... ဟူး.. ဒီထက် အရည်ရ အဖက်ရတဲ. မှတ်သားစရာပို.စ်တွေ မရေးတတ်တော.ဘူးလား.. ရေးစရာပိုစ်.မရှိရင် မရေးပဲနေတာကပိုကောင်းပါတယ်.. မွေးနေ့အကြောင်း၊ သေနေ.အကြောင်း၊ မောင်မောင်ယဉ်ကျေးနဲ.တွေ.ဆုံခြင်း အကြောင်းတွေက စာဖတ်သူတွေအတွက် အလကားဖြစ်စေပါတယ်.. ဘလော့နာမည်ကြီးဖို.ဆိုရင် ပိုစ်.အမြဲဆက်တိုက်တင်ဖို.ထက် ပိုစ်.တွေက တစ်ခုခု မှတ်သားစရာပေးနိုင်ဖို.အဓိကပါ

    ReplyDelete
  2. သူငယ်ချင်း

    ဆရာလေး အကြောင်းက ပြည့်ပြည့် စုံစုံ အခုမှပဲ သိရတယ်.. ဖေ့ဘုတ်မှာတွေ့တယ် သေချာမသိခဲ့ရဘူး.. အခုလို အဆုတ် နုလုံး ကျောက်ကပ်တွေက အလုပ်မလုပ်တော့ အသက်ရှည်ရှည်နဲ့ လဲနေနိုင်ပါအုံးမလား.. ဘာပဲပြောပြော ဆရာလေး နုလုံးအလှူရှင် အမြန်ရစေဖို့နဲ့ ခွဲစိတ်တဲ့အခါ အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်..။

    မငယ်ရေ.. ဆရာလေး မိသားစုကတော့ အပြင် (ထိုင်း)မှာ ခဏဆုံဖူးတယ် ..ခလေးလည်း ၃ ယောက် ရှိတယ်ထင်ပါရဲ့ .. မိသားစုကို ထပ်ဆုံ ခဲ့ရင်လည်း ပြောပြပေးပါအုံး..ဖေ့ဘုတ်မှာလည်း သွားအားပေးပါအုံးမယ်..။

    ပထမရေးထားတာတွေ ကွန်ပြူတာ ကြောင့် ပျောက်သွားတယ်...

    စိန်အေးခိုင်

    ReplyDelete
  3. Aung Maw Hla ဆ၇ာလေးအကြောင်းကြားရတာစိတ်မကောင်းပါဘူး၊

    May Myo မငယ်ဆုတောင်းတဲ့ စာတွေထဲကလို နှလုံးအစားထိုး အမြန်ဆုံးရနိုင်ပါစေဆရာလေး ။

    Pho Cho I'm speechless. I am praying for him to be better very soon.

    Ma Bay Dar သူငယ်ချင်းရေ မန့်ခဲ့ပြီ..စိတ်မကောင်းသလို ဒီလောက်ထိ ဖြစ်နေတာဆိုတော့ အသိတွေဘာတွေရော ရှိသေးရဲ့လား ( ဆိုလိုတာက) သားသမီး ..မိန်းမ အစရှိသဖြင့်ပေါ့... ဘာပဲပြောပြော...အကောင်းပဲ ဆုတောင်းတာပါပဲ..

    Thida သီတာ ဆရာလေး နှလုံးအစားထိုး အမြန်ရပါစေ.. အခြေအနေ ရေးသားပေးတဲ့ မငယ်ရေ ကျေးဇူးပါ..

    Myo Thein pray for him to be well very soon.

    Htay Thanhtwaykyu ဆရာအတွက် မျက်ရည်ကျပါတယ် မယ်ငယ်ရေ သတိမရလို့တော့မဟုတ်ဘူး အမြဲတွေးမိပါတယ် ဆရာကံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ် ဖေဖေလည်း ဆေးရုံပြန်တင်နေရပြန်ပြီတဲ့

    Ngu War Myint နှလုံးအစားထိုး အမြန်ဆုံးရနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်ဆရာလေးေ၇

    Htet Aung Kyaw happy birthday sayalay!

    ReplyDelete
  4. မဗေဒါနဲ့ မငယ်နိုင်တို့ခင်ဗျား ဂျီတော့မှာလဲ တစ်ယောက်နဲ့တစ်ယောက်ပြောကြ၊ အီးမေးနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ပြောကြ၊ facebook မှာလည်း တစ်ယောက်နဲ့တစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန် ကွန်းမန့်ပေးကြ၊ ဘလော့မှာလည်း သူတစ်ပြန်ကိုယ်တစ်ပြန် ကွန်းမန့်ပြန်ပေးကြနဲ့ ဒီအလုပ်ကြီးကို ခုချိန်ထိ မငြီးငွေ့ကြသေးဘူးလားဗျာ..


    မငယ်နိုင်ဆိုရင်လည်း စီဘောက်ကစာတွေ ကိုယ့်ဘာကိုကွန်းမန့်ပြန်ထည့်ရ၊ facebook က စာတွေ ကိုယ့်ဘာကိုကွန်းမန့်ပြန်ထည့်ရနဲ့ အလုပ်ကြီးအကိုင်ကြီးကိုလုပ်နေတော့တာပဲ

    အစ်မတို့အသက်အရွယ်တွေနဲ့ဆင်ခြင်ကြပါအုံး.. အစ်မတို့ကိုယ်စားအချိန်တွေကိုနှမျှောလိုက်တာ..

    ReplyDelete
  5. mg နဲ့ Anonymous - ဒီဘလော့ဂ်မှာ စာလာဖတ်နေကြတာ ကြာပြီ၊ ဒီဘလော့ဂ် ဘာအကြေင်း ရေမှန်းအခုထိ မသိသေးရင် အပေါ်ဆုံး Menu bar အောက်မှာ ပြေးနေတဲ့စာတန်းကို ဖတ်ကြည့်လိုက်ပါ။ ဆန္ဒမရှိရင် ဖတ်စရာမလိုတဲ့အတွက် မိမိအတွက် အကျိုးမရှိတဲ့ဘလော့ဂ်ဆိုရင် မဖတ်ဘဲ ပြန်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်မနဲ့ပတ်သက်တဲ့ ဘလော့ဂ်တွေ မဖတ်ရမနေနိုင် ဖတ်မှရမယ်ဆိုရင်လည်း ပညာပေးဖတ်ချင်ရင် Public Health in Myanmar ကိုသွားပါ။ သတင်း ဖတ်ချင်ရင် ငွန်ငယ်မိုးကို သွားပါ။ ဒီဘလော့ဂ်ကတော့ ပုဂ္ဂိုလ်ရေးဘလော့ဂ်မို့ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တာပဲ အများဆုံး ရေးထားတာ ဖြစ်တဲ့အတွက် ဒီဘလော့ဂ်ကို ဖတ်ရင် ကျွန်မနေ့စဉ်ဘ၀တွေအကြောင်း မိတ်ဆွေတွေ မိသားစုတွေအကြောင်း မလွဲမသွေ တွေ့ရမှာဖြစ်တယ်။ ပညာပေးမဟုတ်ပါ ဘ၀ဖြတ်သန်းမှု မှတ်တမ်းသာ ဖြစ်ပါတယ်။ ပြီးတော့ အားတဲ့သူတွေလည်း တယောက်မှ မဟုတ်တော့ မဗေဒါမှမဟုတ်ဘူး သူငယ်ချင်းတွေ အားလုံးနဲ့က နိုင်ငံမတူလို့ အွန်လိုင်းပေါ်မှာ တိုက်ရိုက်ဆုံတွေ့ဖို့ဆိုတာ မလွယ်ဘူး ဒီလို Message နဲ့ပဲ တယေက်အကြောင်း တယောက်အသိပေးကြတယ်။ အဲဒါကို မျက်စိစပါးမွေးစူးနေကြရင်လည်း ဒီဘလော့၈်ကို မဖတ်တာ အကောင်းဆုံးပဲလို့ ဖတ်ဖတ်ပြီး Sense of appreciation လုံးဝမရှိတဲ့ ပုဂ္ဂိုလ်လေးနှစ်ယောက်ကို အကြံပြုပါတယ်။

    -သူငယ်ချင်း စိန်အေးခိုင် - ဆရာက သတိကောင်းပါတယ်။ လောလောဆယ် အဆုပ်ထဲ စက်သွင်းတဲ့ Procedure က ပြန်လာတော့ မေ့ဆေးအရှိန်နဲ့ သတိအပြည့်အ၀မရသေးဘဲ ဆေးမူးနေ အားနည်းနေလို့ မတုံ့ပြန်နိုင်တာပါ၊ အပြင်က ပြောနေတဲ့စကားကိုတော့ ကြားနေရမယ်ထင်ပါတယ်။ သတိကောင်းကောင်း ရလာရင်လည်း ပါးစပ်ကနေ အဆုပ်ကို ဆက်သွယ်ထားလို့ စကားပြောလို့တော့ ရနိုင်မယ်မထင်ဘူး။ ပို့စ်ထဲမှာ ပြောထားတဲ့ အင်္ဂါတွေကြေင့် Body Systems တွေ သူနဂိုအတိုင်း အလုပ်မလုပ်နိုင်လို့ စက်ကူရတာတခုပါပဲ အာရုံကြော ဘာမှမဖြစ်တော့ အသိက နဂိုအတိုင်း အကုန်လုံး အကောင်းပကတိပါ။ Procedure မသွားခင်အထိ မွေးနေ့ ကိတ်မုန့်ခွဲပေးတဲ့အချိန်မှာ မောနေပေမဲ့ စကားပြောနေနိုင်သေးတယ်။

    ReplyDelete
  6. သင်၏ဘလော့ဂ်နာမည်ကြီးရန် အတွက်

    ဆရာမောင်မှသူ၏ဘလော့အရမ်းနာမည်ကြီးချင်တယ်နည်းပေးပါဆိုလို့ 
    ပြောပြလိုက်ပါတယ်ခင်ဗျာ
    သင်၏ဘလော့ဂ်နာမည်ကြီးရန် google,yahoo စသောwebportaကြီးများမလိုပါဒီလိုလုပ်ရင်နာမည်
    ကြီးမှာအမှန်ဟုဆရာကြီးတစ်ယောက်ကမိန့် ပါသည်မှန်မမှန်စမ်းစစ်ကြပါကုန်....

    ၁ ။ ဘလော့ဂ်ကိုကြော်ညာရန်သူများ ShoutBox များတဲတွင်သိသိမသိသိသွားအော်ပါ “လာလည်သွားပါတယ် တော်တော်ကောင်းတဲ့ဘလော့ဂ်လေးပါ။တို့ ဆီလည်းလာလည်ပါဦး ဟိုဟိုဒီဒီ ဒီဒီဟိုဟိုဘာညာသာရကာနေကြာကွာစေ့ လျှောက်ရေးပါ

    ၂။များများတက်ပါအိမ်သာတက်ပြီးတိုင်းဘာလုပ်လဲ ။ဘာအစားစာကိုကြိုက်လဲ
    နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မကိုယ့်ဟာကိုယ်ရေးချင်တာရေးပြီး
    သူများကိုအတင်းရေးခိုင်းပါ

    ၃။ရန်များများဖြစ်ပါရန်များများဖြစ်လေလူများများလာလေဖြစ်သည်

    ၄။ ဘလော့ဂ်နာမည်ကိုလူများစိတ်ဝင်စားအောင်ပေးပါ ဥပမာ ဟိုဟိုဟာဟာ၊ဒီဒီဒါဒါ၊ဟိုတွင်း၊ဒီတွင်း၊ဟိုဇုန်၊ဒီဇုန်
    ဒီမြို့ တော်၊ဟိုလမ်း၊ဟိုရပ်ကွက်

    ၅ ။ လူတိုင်၏မွေးနေ့ မျာအတွက်မွေးနေ့ 
    ဆုတောင်းပေးပါ။ဘလော့ဂ်ဟုတ်သူကော။မဟုတ်သူကော။သိသူကော။မသိသူကောများအတွက်ပါဆုတောင်းပါ
    ပြီးတော့မွေးနေ့ ဆုတောင်းပိုစ်တင်ပေးထားတယ်ဆိုပြီးနက်ထဲကတွေ့ သမျှလူတိုင်းကိုလိုက်ပြောပါ လိုအပ်ရင်သေန့ပါတင်ပါ

    ၆။ စီဘောက်စ်မှာဖြစ်သမျှ ဖေ့ဘွတ်မှဖြစ်သမျှ ဂျီမေးမှာဖြစ်သမျှ ပိုစ့်ပြန်တင်ပါ



    ထိုဘလော့ဂ်ဆရာကြီးကထပ်ပြောသည်မှာ
    ကျွှန်တော်ကိုယ်တိုင်ဒီနည်းတွေကိုသုံးပြီးနာမည်ကြီးလာတာပါဟုမိန့် ကြားသွားပါသည်

    ReplyDelete
  7. ဒီပို့စ်က သေရေးရှင်ရေး နာရေးကိစ္စ ရေးထားတဲ့ပို့စ်ပါ။ မဆိုင်တဲ့မှတ်ချက လာမထည့်ပါနဲ့ ကျွန်မအတွက် ဘာမှဖြစ်မသွား မထိခိုက်သွားပေမဲ့ ကျင့်ဝတ်သိက္ခာအရ ဘယ်လောက်ရိုင်းတယ်ဆိုတာ ကိုယ်ဖါသာကိုယ် သိသင့်ပါတယ်။

    ငယ်နိုင်ဘလော့ဂ်က အားပေးတဲ့သူရော အခုလာရေးတဲ့သူ အပါအ၀င်အားမပေးဘဲ ပျက်စီးစေချင်သူရော သူ့နည်းသူ့ဟန်နဲ့ ကြော်ငြာပေးကြတဲ့သူတွေ ရှိလို့ ဘလော့ဂ်ပိုင်ရှင်တောင် ကြော်ငြာနေစရာ မလိုဘဲ လူသိများနေပါပြီ။

    ( ဒီမှတ်ချက် နှစ်ခုစလုံးကို နောက်ပိုင်း ဖျက်ဖို့ ရှိပါတယ်။)

    ReplyDelete
  8. Blogger Support GroupMay 11, 2011 at 12:58 PM

    သေရေးရှင်ရေး နာရေးကိစ္စ ရေးထားတဲ့ မငယ်နိုင်ရဲ့ ပို့စ်မှာ မငယ်နိုင်ကို တိုက်ခိုက်တဲ့ comment လာထည့်တာ ကျင့်ဝတ်သိက္ခာအရ ဘယ်လောက်ရိုင်းတယ်ဆိုတာ ကိုယ်ဖါသာကိုယ် သိသိ ကြီးနဲ့ လာထည့်သွားတဲ့ zaw (May 10, 2011 10:19 PM) ဆိုတာ ရုရှက ပညာတော်သင် စစ်ဗိုလ် တုတ်ကြီး
    ဖြစ်ပါတယ်။


    zaw (May 10, 2011 10:19 PM) = တုတ်ကြီး


    mg = zaw = တုတ်ကြီး

    ReplyDelete
  9. ကောင်းစေလိုသူMay 11, 2011 at 2:07 PM

    ရုရှားရောက် ပညာတော်သင် ဆိုတဲ့ စစ်ဗိုလ် တုတ်ကြီး နဲ့ အပေါင်းပါများသို့ --


    မင်းတို့ဟာ စစ်ဗိုလ် ပညာတော်သင်တွေ ဆိုတာကို မမေ့နဲ့ကွ..
    ဒီတော့ မင်းတို့ဟာ တပ်မတော်ကိုရော၊ နိုင်ငံတော်ကိုပါ ကိုယ်စားပြုနေတယ်ကွ..
    ကိုယ့်အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ ၇ိုင်းစိုင်းတဲ့ အပြုအမူ အပြောအဆိုတွေ မလုပ်ကြနဲ့ကွ..
    ပြည်သူတွေကို သင်ခန်းစာယူစရာ အတွေ့အကြုံတွေ၊ မှတ်သားစရာ ဗဟုသုတတွေ ဝေငှပေးနေတဲ့ ပြည်သူ့ဘလော့ဂါ မငယ်နိုင်ကို နည်းမျိုးစုံနဲ့ နှောင့်ယှက် ပုတ်ခတ် ဆဲဆို တိုက်ခိုက် မနေကြနဲ့ကွ..
    မင်းတို့ နှောင့်ယှက် ပုတ်ခတ် ဆဲဆို တိုက်ခိုက်တာက မင်းတို့တင် သိက္ခာ ကျတာ မဟုတ်ဘူးကွ..
    မင်းတို့ မိဘနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်စေတယ်ကွ..

    ReplyDelete
  10. ကောင်းစေလိုသူMay 11, 2011 at 2:14 PM

    ရုရှားရောက် ပညာတော်သင် ဆိုတဲ့ စစ်ဗိုလ် တုတ်ကြီး နဲ့ အပေါင်းပါများသို့ --


    ဘယ်သူမှ အကျိုးမ၇ှိတဲ့ အရေမရ အဖတ်မရ အလုပ်တွေကို ဆက်လုပ်မနေကြနဲ့ကွ..
    မငယ်နိုင် ပြောထားတာတွေကို သေသေချာချာ ဖတ်ကြည့်ကြကွ..
    လေးလေးနက်နက် စဉ်းစားကြည့်ပြီး ပြုပြင်ကြကွ..




    Nge Naing said...
    (( အဖေလည်း စစ်သား၊ အကိုလည်း စစ်သား၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာလည်း စစ်သားတွေ အတော်များတယ်၊ အခုလက်ရှိ ရုရှားမှာတောင် နှစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ အဲလောက် ရိုင်းတဲ့စစ်သား ဒီအွန်လိုင်းပေါ်ရောက်မှ တွေ့ဖူးတယ်။ အိမ်နဲ့ သဘောထားကွဲတာက အဖေ၊ အကိုတို့က စစ်ခေါင်းဆောင်တွေ လုပ်တာ ကောင်းတယ်ထင်တယ်။ ကိုယ်က စစ်ခေါင်းဆောင်တွေကြောင့် တိုင်းပြည် ဒုက္ခရောက်တယ် ထင်တယ်။ သဘောထား မတိုက်ဆိုင်တာပဲ ရှိတယ်။

    သဘောထားချင်း မတိုက်ဆိုင်ပေမဲ့ တွေ့ဖူးတဲ့ စစ်သားမှန်သမျှ အဲဒီ ရုရှားက ပညာတတ်ဆိုတဲ့ ပညာတော်သင် စစ်သားတွေလောက် တယောက်မှ မရိုင်းဘူး။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ပညာတော်သင်တွေ ဒီလောက်တောင် ရိုင်းတာ ၀မ်းနည်းဖို့ကောင်းတယ်။ တခြားသူတွေက ပညာတော်သင်မဟုတ်၊ အလွှာပေါင်းစုံက လူတွေသာ ဖြစ်လို့ ရိုင်းရင်လည်း မဆန်းဘူး။ ရုရှားမှာ Professional Study လာလုပ်နေတဲ့ ပညာတော်သင်တွေ ရိုင်းတာက ရှက်စရာကောင်းတယ်။

    "နိုင်ငံတော်ကိုချစ်ပါတယ်" ဆိုပီး အော်နေကြတဲ့ အတိုက်အခံများထဲမှာ အလွှာပေါင်းစုံက လူတွေဖြစ်တယ်။ သီးသန့်ရွေးချယ်ထားတဲ့ ပညာတော်သင်တွေ မဟုတ်ဘူး။ အလွှာပေါင်းစုံထဲမှာ စရိုက်ပေါင်းစုံ ပါနိုင်တယ်။ အတိုက်အခံများထဲက လာရေးနေတဲ့သူတွေထဲမှာ ပညာရှင်မဟုတ်ဘဲ Skill မရှိတဲ့ အလုပ်နဲ့ ရပ်တည်နေသူ ဖြစ်ချင်ဖြစ်မယ်၊ ပန်းကန်ဆေးသမား ဖြစ်ချင်ဖြစ်မယ်။

    ပညာတော်သင်က Professional Study ကို လုပ်နေတဲ့သူတွေ ဖြစ်လို့ အလွှာပေါင်းစုံက လူတွေနဲ့ ပြိုင်ပြီးရိုင်းဖို့ မလိုဘူး။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ပညာတော်သင်များ ယဉ်ကျေးကြပါ။

    "နိုင်ငံတော်ကိုချစ်ပါတယ်" ဆိုပီး အော်နေကြတဲ့ အတိုက်အခံများထဲမှာ ပညာရှင်အဆင့် ရှိတဲ့သူတွေ ဘယ်သူမှ မရိုင်းဘူး။ အစ်မတို့ ပညာရှင် မဟုတ်ဘဲနဲ့တောင် မရိုင်းဘူး။ ပညာရှင် မဟုတ်တဲ့ အစ်မတောင် မရိုင်းရင် မင်းတို့ ပညာရှင်တွေ ပိုယဉ်ကျေးသင့်တာပေါ့။

    အစ်မဘလော့ဂ်မှာ သူ့လူကိုယ့်လူ မခွဲခြားဘူး။ ဆဲတာ၊ ရိုင်းတာ ဘာတခုမှ လက်မခံဘူး။ ရိုင်းတာ ဘယ်သူ့ကိုမှ လက်မခံဘူး။ စစ်သားတွေကို အခု ပြောရတာက အစ်မဘလော့ဂ်မှာ လာဆဲသွား၊ ရိုင်းသွားလို့ live trafic မှာ ကြည့်လိုက်ရင် "ရုရှား" လို့ ပေါ်နေတယ်။ အစ်မဘလော့ဂ်မှာ သားပြောမယားပြော ပြည့်တန်ဆာပြော လာပြောတယ်။ အဲဒီတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။

    အခု ဒီဘလော့ဂ်မှာ လာဆဲနေတာလည်း စစ်သားတွေအဖြစ်နဲ့ပဲ လာဆဲနေတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။

    အစ်မဘ၀မှာ အရပ်သားရိုင်းတာပဲ တွေ့ဖူးတယ်။ စစ်သားရိုင်းတာ တခါမှ မတွေ့ဖူးဘူး။ ပြီးတော့ အခု ရိုင်းနေတာက ရိုးရိုးစစ်သား မဟုတ်ဘူး၊ ပညာတော်သင် စစ်သားတွေ ဒီလောက်ရိုင်းနေတာ အံ့သြလို့မဆုံး ဖြစ်ရလို့ ပြောတယ်။ အရင်ကဆို စစ်သားတွေအထဲက နည်းနည်းရိုင်းတဲ့ စစ်သားတွေကို "ဒီကောင်ဟာ အရပ်စရိုက်ကြီးပဲ၊ တော်တော်ရိုင်းတာပဲ" ဆိုတာပဲ ကြားဖူးတယ်။ အခုတော့ ပြောင်းပြန်ဖြစ်နေလို့ အံ့သြတယ်။

    မင်းသာ အယုတ္တအနတ္တ (သို့) ခနဲ့တဲ့တဲ့ (သို့) အရေမရအဖတ်မရ ပြန်ပြောခဲ့ရင် အစ်မ အဖက်လုပ်ပြီး ဆက်ပြောဖြစ်မှာ မဟုတ်ဘူး။ ကောင်းကောင်းပြောလို့ ကောင်းကောင်းပြန်ပြောတာ။ ))

    ReplyDelete
  11. ကောင်းစေလိုသူMay 11, 2011 at 2:19 PM

    ရုရှားရောက် ပညာတော်သင် ဆိုတဲ့ စစ်ဗိုလ် တုတ်ကြီး နဲ့ အပေါင်းပါများသို့ --


    ဘယ်သူမှ အကျိုးမ၇ှိတဲ့ အရေမရ အဖတ်မရ အလုပ်တွေကို ဆက်လုပ်မနေကြနဲ့ကွ..
    မငယ်နိုင် ပြောထားတာတွေကို သေသေချာချာ ဖတ်ကြည့်ကြကွ..
    လေးလေးနက်နက် စဉ်းစားကြည့်ပြီး ပြုပြင်ကြကွ..
    ငါးခုံးမတကောင်ကြောင့် တလှေလုံး မပုတ်စေနဲ့ကွ..




    Nge Naing said...
    (( မင်းတို့ ရုရှားက ပညာတော်သင်ဆိုတဲ့ ပညာတတ်တွေက ဒီလောက်တောင် ရိုင်းရလား


    "တုတ်ကြီး" နာမည်နဲ့ ကျွန်မဘလော့ဂ်မှာ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော လာပြောသွားတဲ့ ရုရှားက IP က အခု "ဇော်" ရဲ့ IP နဲ့ တခုတည်းပဲ။ "တုတ်ကြီး" နဲ့ "ဇော်" တယောက်တည်း ဖြစ်ချင်ဖြစ်မယ်။ တယောက်တည်း မဟုတ်ရင်တောင်မှ မိတ်ဆွေရင်းချာ ဖြစ်မှာတော့ သေချာတယ်။

    ဒီတော့ မင်းတို့ ရုရှားက ပညာတော်သင်ဆိုတဲ့ ပညာတတ်တွေက ဒီလောက်တောင် ရိုင်းရလား။

    အဲဒီလို လူမဆန်တာကို အချင်းချင်း ထိန်းရင်ထိန်းပါ။ မထိန်းနိုင်ရင်တော့ ဒီ IP ကို ဘန်းတော့မှာ ဖြစ်တယ်။ မော်စကိုကနေ ယဉ်ယဉ်ကျေးကျေး စာလာဖတ်နေသူတွေ အတွက်တော့ စိတ်မကောင်းပါဘူး။

    ကျွန်မဘလော့ဂ်မှာလည်း ဒီ "တုတ်ကြီး" နာမည်နဲ့ရော၊ "sv ယောက်ျား" နာမည်နဲ့ပါ ဒီ IP နဲ့ လာရေးဖူးတယ်။

    ခက်တာက "တုတ်ကြီး" တို့၊ "sv ယောက်ျား" တို့၊ "Zaw" တို့ ဆိုတဲ့ ကလေကချေ စစ်သားတွေ မကောင်းပေမဲ့ ကျွန်မ ဘလော့ဂ်မှာ ရုရှားက ကောင်းတဲ့ စစ်သားတွေ အများကြီး စာလာဖတ်နေတာ ရှိတော့ ပိတ်လိုက်ရင် တယောက်နှစ်ယောက်ကြောင့် အများ ထိခိုက်မှာ မဖြစ်စေချင်လို့ပါ။ ))

    ReplyDelete
  12. မငယ်နိုင်ရေးတဲ့ ပို့စ်တွေမှာ မင်းတို့ကို ထိခိုက်နှစ်နာတာတွေရှိခဲ့တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း
    ဆွေးနွေးပြီး ပြောသင့်တာကို စစ်ဘိုလုပ်စားမဲ့ မင်းတို့တွေ သိမှာပါ။ အခုတော့ မိန်းမတယောက် သိက္ခာကျဘို့၊ စိတ်အနှောက်ယှက်ဖြစ်ဘို့ မိန်မ ဆန်ဆန် လိုက်ရေး၊ လိုက်လုပ်နေတာ မင်းတို့ရှက်သင့်နေပြီ။ မင်းတို့ရဲ့  စိတ်ဓါတ်နဲ့ လုပ်ရပ်ကြောင့် ဘာမှ မဆိုင်တဲ့ စစ်သားတွေကိုပါ သိက္ခာကျစေတယ်။

    ReplyDelete
  13. Blogger Support GroupMay 12, 2011 at 10:24 PM

    တုတ်ကြီး (ခေတ္တနော်ဝေ) (May 11, 2011 8:39 PM)
    တုတ်ကြီး (ခေတ္တနော်ဝေ) (May 11, 2011 10:01 PM)

    တုတ်ကြီး (ခေတ္တနော်ဝေ) နာမည်သုံးပြီး မငယ်နိုင်ကို ရိုင်းရိုင်းစိုင်းစိုင်း ရေးသွားသူဟာ နော်ဝေနိုင်ငံမှ မဟုတ်ပဲ ရုရှမှ ပညာတော်သင် စစ်ဗိုလ် ဖြစ်ပါတယ်။

    ReplyDelete
  14. ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေဟာ ရုရှားနိုင်ငံ ရောက်နေစဉ်မှာ အင်တာနက်ကို မြန်မာပြည်မှာလို အကန့်အသတ် မရှိပဲ သုံးနိုင်တဲ့ အခွင့်အရေး ရှိနေလို့ အင်မတန် ဆိုးရွားလှတဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့ အခွင့်အရေး အပါအဝင် နယ်ပယ်အားလုံးရဲ့ အခြေအနေမှန်တွေကို အင်တာနက်ထဲမှာ ကျယ်ကျယ်ပြန့် ပြန့် ဖတ်လို့ ရနေတာပဲ။ ဒီတော့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေက နိုင်ငံတော် လုပ်ကြံမှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ တစ်ဦးချင်း သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချနှိပ်စက်မှု၊ မုဒိန်းမှု၊ ပြည်သူ့ဘဏ္ဍာ ငွေတွေကို အလွဲသုံးစားလုပ်မှု၊ ဒေါ်လာ သန်းပေါင်းထောင်ချီပြီး ခိုးမှု၊ သန်း ကြွယ် သူဌေး ဖြစ်လောက်တဲ့အထိ တရားလွန် လာဘ်စားမှု၊ လိမ်မှု၊ လျော်ကြေး မပေးပဲ ပုဂ္ဂလိကပိုင် ပစ္စည်းသိမ်းမှု၊ မြေသိမ်းမှု၊ အတင်းအဓမ္မ ရွာပြောင်းမှု၊ ..... အပါအဝင် ရာဇဝတ်မှုကြီးတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား မိုက်ပြစ်တွေကို နှစ် ၅ဝ လုံးလုံး ကျူးလွန်လာတာကို သိနေတာပဲ။ စစ်အစိုးရခေါင်းဆောင်တွေ ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံဟာ နယ်ပယ်အားလုံးနီးပါးမှာ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတာကိုလည်း သိနေတာပဲ။

    စစ်အစိုးရခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေက နှစ် ၅ဝ လုံးလုံး ရာဇဝတ်မှု မျိုးစုံ ကျူးလွန်လာတာကိုရော၊ စစ်အစိုးရခေါင်းဆောင်တွေ ညံ့ဖျင်းမှုကြောင့် မြန်မာပြည်က ဓါးမနောက်ပိတ်ခွေးဘဝ ရောက်နေတာကိုပါ ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သိနေလျက်နဲ့ (((( စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြ )))) ပြီး အောက်တန်းကျကျ ပက်ပက်စက်စက် ဆဲဆိုနေကြတဲ့ ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်စော်ကားနေကြတဲ့ ရုရှားက စစ်ဗိုလ်တွေက ဒုနဲ့ဒေး ရှိနေတာဟာ အင်မတန် အံ့သြစရာ ကောင်းနေပါတယ်။

    ပြီးတော့ ဒီမိုကရေစီဘက်တော်သား ဘလော့ဂါ မငယ်နိုင် ရေးတဲ့ စာထဲက သဘောမတူတဲ့ အချက်အလက်တွေကို ရုရှားက စစ်ဗိုလ် တွေက ပညာတော်သင်တွေ ဖြစ်ပြီး ပညာတော်သင် အဆင့်နဲ့အညီ ကျိုးကြောင်းပြ မငြင်းဘဲ အရေးမပါတဲ့ အချက်သေးသေးလေးတွေကို စကားအထအန ကောက်ပြီး ကြီးကျယ်တဲ့ အမှားကြီးလိုလို ချဲ့ကားပြီး ပုတ်ခတ်ဝေဖန်ရုံမက မငယ်နိုင်ရဲ့ အသိဥာဏ်ကိုပါ ဘာမှမဆိုင်ပဲ စော်ကားနေတာမျိုးတွေဟာ သူတို့ရဲ့ အောက်တန်းကျမှု၊ ညံ့ဖျင်းမှုကို သူတို့ဖာသာ ပြနေတာပါပဲ။


    တာရာ

    ReplyDelete
  15. (((( ပြည်သူအများစုက စစ်အစိုးရကို မလိုလားဘူး ဆိုတာက စစ်အစိုးရက မလိုလားစရာတွေ လုပ်နေလို့ ယုတ္တိရှိရှိ မလိုလားတာ ဖြစ်လို့ မော်စကိုက စစ်သား " မောင်- - - -" က စစ်အစိုးရလည်း မဟုတ်တဲ့အတွက် ကြားက ၀င်နာဖို့ မလိုဘူး။ ဒီမိုကရေစီဘက်တော်သားတွေက ရုရှားက စစ်သားတွေကို စစ်အစိုးရလို့ မမြင်ဘူး၊ နိုင်ငံဝန်ထမ်း အဖြစ်ပဲ မြင်တယ်။ ခက်တာက စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြတာကိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ))))
    လို့ မငယ်နိုင် ရေးထားတာက အမှန်တရားစစ်စစ်ပဲ။



    မငယ်နိုင် ရဲ့ မှတ်ချက်ကို ရုရှားက စစ်ဗိုလ်တစ်ယောက်က
    (((( စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က မော်စကိုက မဟုတ်ဘူး။ ငယ်နိုင် ဆိုတဲ့ မိန်းမကြီးက မိုက်မဲထုံအလို့ ပြောတာပဲ ))))
    လို့ ပြန်ရေးထားတာကို သတိထားမိတယ်။



    မငယ်နိုင်ကို တုံ့ပြန် ရေးထားတဲ့ အဲဒီ ရုရှားက စစ်ဗိုလ် ပြောတဲ့အတိုင်း (((( စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က မော်စကိုက မဟုတ်ဘူး )))) ဆိုတဲ့ အချက်ဟာ အမှန် ဖြစ်နေမယ် ဆိုရင်တောင် မငယ်နိုင် ပြောသွားတဲ့ စကားရဲ့ အနှစ်သာရက နည်းနည်းလေးမှ လျော့သွားမှာ မဟုတ်ဘူး။

    စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က သူ့ ကိုသူ ရုရှားနိုင်ငံ၊ မော်စကိုက အနေမျိုးနဲ့ ပြောနေလို့ မငယ်နိုင်က မှန်မမှန် စိစစ်ဖို့ အချိန်မရှိလို့ " မောင်- - - -" ကို မော်စကိုကလို့ ထင်နေတာဟာလဲ ဘာမှ မိုက်မဲထုံအတာ မဟုတ်ဘူး။ " မောင်- - - -" က မော်စကိုက ဟုတ်မဟုတ် ဆိုတဲ့ အချက်က အဓိက မကျဘူး။ စစ်အစိုးရဖက်က ဝင်နာပြီး ရေးတဲ့ စစ်အစိုးရ အလိုတော်ရိ " မောင်- - - -" ရဲ့ နာမည် နဲ့ " မောင်- - - -" ရောက်နေတဲ့ မြို့က မငယ်နိုင် ပြောသွားတဲ့ စကားထဲမှာ အဓိက မကျဘူး။

    မငယ်နိုင် ပြောချင်တာက ရုရှားက စစ်ဗိုလ် " မောင်- - - -" တယောက်ထဲကို ပြောချင်တာ မဟုတ်ဘူး၊ (((( စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြ )))) တဲ့ ရုရှားက စစ်ဗိုလ်တွေ အားလုံးကို ဦးတည်ပြီး ပြောချင်တာ။ လောလောဆယ်မှာ မငယ်နိုင်က စစ်အစိုးရဖက်က ၀င်နာနေတဲ့ " မောင် - - - -" ကို တွေ့လို့ မငယ်နိုင်က (( မော်စကိုက စစ်သား " မောင်- - - -" က စစ်အစိုးရလည်း မဟုတ်တဲ့အတွက် ကြားက ၀င်နာဖို့ မလိုဘူး )) လို့ ပြောလိုက်တာပါ။

    မငယ်နိုင် ဦးတည် ပြောလိုတဲ့ အချက်အတွက် မငယ်နိုင်ရဲ့ မျက်စေ့ရှေ့ကို ရောက်လာတဲ့ ရုရှားက စစ်ဗိုလ် " မောင်- - - -" ကို ကြုံကြိုက်လို့ ခရီးသွားဟန်လွဲ ဥပမာ ပေးလိုက်တာသာ ဖြစ်တယ်။ " မောင်- - - -" ဟာ မော်စကိုက မဟုတ်ပဲ ကာလူဂါမြို့ က ဖြစ်ဖြစ်၊ စိန့် ပီတာစဘာ့ဂ်မြို့ က ဖြစ်ဖြစ်၊ ဗလာဒီဗော့စတော့မြို့ က ဖြစ်ဖြစ် မငယ်နိုင် ဆိုလိုရင်းအတွက် အရေးမပါဘူး။ မငယ်နိုင် ဦးတည် ပြောလိုတဲ့ အချက်အတွက် အရေးမကြီးဘူး။

    အဲဒီတော့ စစ်အစိုးရဖက်က ၀င်နာနေတဲ့ " မောင် - - - -" ဟာ မော်စကိုက မဟုတ်ပဲ ဘယ်မြို့က ဖြစ်ဖြစ် မငယ်နိုင် အဓိကထားပြီး ပြောချင်တဲ့ ဆိုလိုရင်းဖြစ်တဲ့ (((( စစ်အစိုးရက မလိုလားစရာတွေ လုပ်နေလို့ ပြည်သူအများစုက သဘာဝကျကျ မလိုလားတာ ဖြစ်လို့ ရုရှားက စစ်သားတွေက စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြဖို့ မလိုဘူး )))) ဆိုတဲ့ အချက်က ပျက်ပြယ်သွားမှာ မဟုတ်ဘူး။


    တာရာ

    ReplyDelete
  16. အလင်းတန်းMay 14, 2011 at 10:00 PM

    အပေါ်မှာရေးထားတဲ့  အချက်(၆)ချက်က SV လုပ်သွားတဲ့  အကွက်တွေပဲ သူကအဲဒီအချက်တွေကို အစောကြီး ကတည်းက ရထားပုံ ရတယ်။ မငယ်နိုင်နဲ့  ကိုကြီး တို့ ရဲ့  ဘလော့ တွေမှာ လင့် လေးချပြီး လာလည်ပါဦး ဘာညာနဲ့  လိုက်နှုတ်ဆက်တာ မှတ်မိနေသေးတယ်။ ယခုတော့ လည်း ဆရာမကြီး ဖြစ်သွားပါပကောလား။

    ReplyDelete
  17. အလင်းတန်းMay 15, 2011 at 7:51 PM

    ကျွန်တော်ကတိုက်ခိုက်တဲ့ သူတွေကိုပဲ တုန့် ပြန်တတ်တာပါ အပေါ်က ကောင်းစေလိုသူနဲ့ Blogger Support Group နာမည်တွေနဲ့ရေးတဲ့လူတွေက တဖက်သားကို သက်သက်မဲ့တိုက်ခိုက်နေတာတွေ တွေ့နေရပါတယ် မငယ်နိုင်အနေနဲ့ မတရားတာကိုပြန်မပြောပဲ ကြည့်မနေသင့်ဘူးထင်ပါတယ်

    ReplyDelete
  18. အလင်းတန်းMay 15, 2011 at 8:01 PM

    ဟေးကောင် မင်းရေးချင်ရင်တခြားနာမည်နဲ့ ရေးလေ ငါဆိုလိုတာက အမှန်တရားဘက်က လူတွေကိုတိုက်ခိုက် ရင်လို့ ပြောတာ

    ReplyDelete
  19. အမှန်မြင်သူMay 15, 2011 at 9:10 PM

    အလင်းတန်း (May 15, 2011 7:51 PM)
    က အလင်းတန်း အတုပါ။ အလင်းတန်း အတုက စစ်အုပ်စု ဘက်သားပါ။

    အလင်းတန်း (May 14, 2011 10:00 PM) + အလင်းတန်း (May 15, 2011 8:01 PM)
    က အလင်းတန်း အစစ်ပါ။ အလင်းတန်း အစစ်က အမှန်တရား ဘက်သားပါ။

    အလင်းတန်း အတုက အလင်းတန်း အစစ်ရဲ့ စီဘောက်မှာ ရေးခဲ့တဲ့ စာသားတွေ ((ကျွန်တော်က တိုက်ခိုက်တဲ့ သူတွေကိုပဲ တုန့် ပြန်တတ်တာ)) ကို ကော်ပီ လုပ်ပြီး အလင်းတန်း အစစ် ဆိုလိုတဲ့ ((အမှန်တရားဘက်က လူတွေကို တိုက်ခိုက်ရင် တုန့် ပြန်တတ်တာ)) ဆိုတဲ့ သဘော မဟုတ်ပဲ အလင်းတန်း အစစ်ရဲ့ စာသားကို အလွဲသုံးစား လုပ်ပြီး လာရေးနေတာပါ။

    ဘလော့ရှင်နဲ့ အမှန်တရားဘက်က လူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပုတ်ခတ်တတ်တဲ့၊ လူ့ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ပြီး ဘလော့ရှင်ကို နာမည်ပျက်အောင် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေကို သွားပုပ်လေလွင့် ရေးနေတဲ့ စစ်အုပ်စု ဒေါက်တိုင် ရုရှက စစ်ဗိုလ်တွေကို မဆဲဆိုဖို့ ပြောသင့်လို့ ပြောနေသူတွေ (အမှန်တရားဘက်က လူတွေ) ကို အလင်းတန်း အတုက သူတပါးရဲ့ စာသားတွေကို ခိုးချပြီး မမှန်မကန် လာ ဝေဖန်နေတာပါ။

    ReplyDelete
  20. အော်... အလင်းတန်း နဲ့ အမှန်မြင်သူက တစ်ယောက်တည်းကိုး
    နာမည်တစ်လုံးတည်းသုံးပြီး အော်ကြလည်းရပါတယ်ကွယ် အလကားရတိုင်း၊ ကိုယ်ဘယ်သူမှန်းမသိတိုင်း နာမည်မျိုးဆုံးနဲ့ ပြောချင်ရာတွေ ပြောမနေကြပါနဲ့ အရင်ဆုံး အီးမေးလေး လူသိခံနိုင်အောင်အရင်လုပ်၊ နောက်ကျရင် နာမည် လူသိခံနိုင်အောင်လုပ်၊ နောက်ဆုံး ကိုယ်လုပ်တာတွေ ကိုယ်ပြောတာတွေက အရမ်းမှန်လို့ သိက္ခာရှိလို့ ရပ်တည်ရဲရင် ဓာတ်ပုံပါထုတ်ပြပေါ့ကွာ

    ကြုံသလိုနာမည်ပေးပြီး ထမိန်ခြုံ လက်သီးပုန်းပြ အော်ချင်ရာအော်တာတော့လူတိုင်းတတ်ပါတယ်

    ReplyDelete
  21. ဒီနေ. သူငယ်ချင်းတယောက်က
    နင်ကတော့ စာမရေးဖြစ်ပေမယ့် နင့်အကြောင်းကတော့ ရေးနေကြတုန်းဆိုပြီးပြောလို.မယုံပဲ ပြန်တောင် နောက်မိပါသေးတယ်... မယုံရင် ဒီမှာသွားကြည့်ဆိုလို. ရောက်လာတော့ မငယ်နိုင်ဘလော့ဖြစ်နေတယ်.... ရေးသူက အလင်းတန်းတဲ့....မပြောပဲ ငြိမ်နေပြန်ရင်လည်း ဟုတ်လို.ငြိမ်နေတယ်လို.ပြောဦးမယ်...ပြန်ပြောပြန်ရင်လည်း စွာတယ်ပြောဦးမယ်..ဒါပေမယ့်လည်း ကိုယ့်ကို မဟုတ်တာပြောလာရင် ငြိမ်ခံနေတတ်တဲ့လူစားမျိုးမဟုတ်တာမို. ပြောရပါဦးမည်...

    အလင်းတန်း အနေနဲ. ကျမကို သိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်...သိတယ်ဆိုတာ နာမည်ကိုသာဖြစ်ပါလိမ့်မယ် ..စိတ်ဓါတ်ကိုတော့ ဟုတ်မယ်မထင်ပါ.. simpleviews ဆိုတဲ့ ကျမက ကိုယ့်ဆီမှာ သူငယ်ချင်းလုပ်ထားတဲ့ သူတွေရဲ့ ဘလော့တွေကို အရင်တုန်းက လိုက်လည်တတ်ပါတယ်..စီဘောက်မှာ ရောက်ပါအိ..လာလည်သွားပါတယ်...ဘာညာပဲရေးတတ်ပါတယ်.. ကျမ စဘလော့လုပ်စဉ်တည်းက ဒီဘလော့ဟာ ကိုယ့်ဒိုင်ယာရီမှာရေးသလို ကိုယ်ရေးချင်တာ ချရေးတာမို. လာလည်သူရှိချင်မှ ရှိမယ် ..သူငယ်ချင်းလာလုပ်သူရှိချင်မှ ရှိမယ်..သို.သော် လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဂရုကို မစိုက်လို. ရေးပါတယ်လို.ပြောခဲ့ပြီးသားပါ...
    အလင်းတန်းပြောသလိုလုပ်ဖို.အဝေးကြီးမှာပါ...
    နောက်အချက် ၆ ချက်ဆိုတာ ဘာလဲ...ဒီဘလော့ကို လာစရာအကြောင်းမရှိတော့တဲ့သူက အခုရှင်ကြောင့်ပြန်လာခဲ့ရတော့ ကျမစဉ်းစားမိတာက ကျမလာစေချင်လို.များ တမင်ရည်ရွယ်ရေးနေသလားလို.ပါ... ဘလော့ရှင် မငယ်နိုင်ကိုတော့ အားနာပါတယ်...
    နောက်ထပ် ကျမ အကြောင်းပြောစရာရှိရင် ကျမဘလော့ကိုလာခဲ့..ဟုတ်ပြီလား...
    ကျမ အားရင် ဖတ်မိရင် အကြောင်းပြန်ပေးမယ်.ဟုတ်ပြီလား..

    ကျေးဇူးတင်ပါသည်
    Simple Views

    ReplyDelete
  22. အလင်းတန်းMay 17, 2011 at 11:58 AM

    အများကြီးပါတာပေါ့  SV တစ်ခုပဲမေးချင်ပါတယ် ပြောင်းလဲမှုက ဘာလို့ အဲလောက်တောင်မြန်သွားရတာလဲ မင်းကငါပြောသိလိုလုပ်ခဲ့ တာမဟုတ်ပါဘူး မင်းပြောသလိုပဲ မင်းလာရေးအောင်လို့ ရေူးလိုက်တာ မင်းဘလော့  ကပြောင်းလဲသွားပြီ ဖြစ်တဲ့  အတွက်ကြောင့်  စိတ်ချရတဲ့ ဘလော့ မှာပဲ ရေးမယ် အဲ့ တော့  မင်းဘလော့ ကိုမလာနိုင်တာ ကိုတော့  တောင်းပန်ပါတယ်

    ReplyDelete
  23. svတယောက်ကလဲမပတ်သက်
    တော့ ဘူသာဆိုတယ် လာပြန်ပြီ
    နောင်္....

    ReplyDelete
  24. မတူဘူးမတန်ဘူးထင်လို. လုံးဝမပက်သက်တော.တဲ.လူကိုမှ ပတ်သက်ဖို.ကြိုးစားကြတယ်.. ဟိုဖက်က နှစ်ယောက်က သူတို.ဆီကို ဒီလိုလူတွေ လာမရေးလေ ကြိုက်လေပဲဖြစ်မှာပေါ... လာမရေးနိုင်အောင်လဲလုပ်ထားတာကိုး.. ဒီမှာရေးနေသလို လူအများအကျိုးမရှိတဲ.ကွန်းမန်.တွေ၊ ရန်ဖြစ်နေတဲ.ကွန်းမန်.တွေကို နာမည်မျိုးဆုံနဲ.ကွန်းမန်.တွေကို သူတို.ဘလော.တွေက လက်မခံဘူး.. အဲ.လိုပေးချင်တဲ.နာမည်ပေးပြီးရေးချင်တဲ. စည်းမရှိကမ်းမရှိစာ ရေးလို.မရအောင်လုပ်ထားတဲ. ဘလော.ကို သွားရေးလို.မရတော.လို. မရေးကြတာပါ.. သွေးကြီးပြီး ကိုယ်.ကို လူရာမသွင်း အဖက်မလုပ်ချင်တော.တဲ.လူတွေရဲ.နာမည်ကိုမှ မသိအောင်တမျိုးသိအောင်တမျိုးရေးပြီး အောက်ကလူုတွေက ရောဖို.ကျိုးစားတာ ဓမ္မတာပါပဲ.. SV ကိုတော. သွားရောချင်ကြတယ်.. Slip က နည်းပညာဆရာကြီးဆိုတော. သွားလဲမရေးရဲကြပြန်ဘူး.. နာမည် ထုတ်ရေးရင် ပြန်ပြောမယ်ထင်ပြီး ထွက်လာအောင် ကြုံရင်ကြုံသလို နာမည်လေးတွေတော.ထည်.ရးကြတယ်.. တစ်ခွန်းလောက်ပြန်ပြောရင်တော့ ဝိုင်းကိုက်ကြရော.. ဒီမိုကရေစီဘက်တော်သား သူရဲကောင်း ကြောက်ချီးပန်းယောက်ျားတွေရဲ. မိန်းခလေးတစ်ယောက်ကို စိတ်ပျက်ဖွယ် တိုက်ခိုက်နည်း..

    ReplyDelete
  25. ဘယ်သူကအတင်းလိုက်ပြီးပက်သက်မှန်းတော.မသိဘူး မငယ်နိုင်က SV ရဲ. group ကို ၂ ခါတောင်ဝင်ခဲ.လို. ၂ ခါတောင်ထုတ်ထားရပါတယ်တဲ.


    Anonymous said...

    မငယ်နိုင်က ဂရုထဲကို ၂ ကြိမ်ဝင်ခဲ့ပြီး ၂ကြိမ်လုံးအထုတ်ခံလိုက်ရကြောင်းသိသလို၊ အထုတ်ခံရမှ အမှိုက်လို့ပြောတဲ့ မငယ်နိုင်ကဂရုကစာတွေကြိုက်လို့ ပြန်တင်ကြောင်းလည်းသိနေပါတယ် SV ရဲ့ မငယ်နိုင်ကို ထုတ်ပယ်ကြောင်း ထုတ်ပြန်တဲ့ စာကတော့

    (((( member ဝင်အချို့၏ တိုင်ကြားခြင်း၊ admin များ၏ ညှိနှိုင်းဆုံးဖြတ်ခြင်းဖြင့် စည်းမဲ့ကမ်းမဲ့ member များ၊ အကျင့်ပျက် member များ၊ ရိုင်းစိုင်း member များ၊ အသိပညာ (သို့) အတတ်ပညာ ဘယ်လောက်ပေးပေး အသိပညာမရရှိနိုင်သူများ၊ အသိပညာနှင့် မထိုက်တန်သူများ ကို MM Daily Mail မှ အစဉ်အမြဲ စိစစ် အပြစ်ပေးလျှက်ရှိသည်။ ngenaing2008@gmail.com သည် 3.11.2010 တွင် တစ်ကြိမ်ဝင်ရောက်ခဲ့ပြီး 20.12.2010 တွင် member အဖြစ်မှ ထုတ်ပယ်ခံထားပြီးသူဖြစ်သည်။ 13.01.2011 တွင် နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်ခဲ့ပြီး ယနေ့ 27.04.2011 တွင် member အဖြစ်မှ ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ngenaing2008@gmail.com အပါအဝင် member ဝင် 1740 ဦးအား အသိပေးလိုက်သည်။


    admin ))))


    (( Anonymous said...

    အော်.... SV ရဲ့ ဂရုက မေးကို ကြိုက်လို့ ဘလော့ပေါ်မှာ ပြန်တင်ထားတဲ့ ပိုစ့်အောက်မှာပဲ ဝင်လာတဲ.မေးတွေကိုဖျက်တယ် ပြောနေပြန်ပါရောလား.. မကြိုက်လို့မဖတ်ပဲအကုန်ဖျက်နေတယ်ဆိုရင် ဒီပိုစ်.က ဘလော့ပေါ်ဘာရောက်စရာအကြောင်းရှိတုန်း.. အဲ့လိုအူကြောင်ကြောင်လုပ်နေလို့လဲ အထုတ်ခံလိုက်ရတာနေမှာ ))


    (( စိုးလေး (UCSY) said...

    SV ရဲ. ဂရုက စာတွေကို အရမ်းကြိုက်လွန်းလို. ဘလော.မှာပြန်ရေးတင်တာတောင် ခရက်ဒစ် မပေးတတ်ရလောက်အောင် တုံးတဲ့ Nge Naing ကို ထုတ်လိုက်တဲ. အက်ဒမင် SV ရဲ.လုပ်ဆောင်မှုကို ထောက်ခံပါတယ်.. ))

    ReplyDelete
  26. ဘယ်သူက ပတ်သက်ချင်လဲဆိုတာ အောက်က ၁၇-၅-၁၁ မှာပို့ထားတဲ့ မေးလ်ကို mg, han zaw, zaw, anonymous တို့အားလုံး ဖတ်ကြပါနော့်။ Slip Knot ဆီကလည်း သတင်းတွေ ပုံမှန်အတိုင်း အရင်လိုပဲ ဒီနေ့အထိ ဆက်ပြီးလက်ခံရရှိနေဆဲပဲ မင်းတို့ထင်သလို မဟုတ်ဘူးဆိုတာ အသိပေးခြင်း ဖြစ်တယ်။ ပြန်ဖေါ်ပြတဲ့ သိစေချင်တယ်ပို့စ်က Thant Zin Aung reply လုပ်တာကို တွေ့ပြီး ဖတ်ဖြစ်တယ်လို့ အဲဒီအကြောင်း ရေးထားတဲ့ ပို့စ်မှာ ထပ်ခါတလဲလဲ ရှင်းပြပြီးဖြစ်တယ်။ မရှင်းရင် ပြန်သွားဖတ်နိုင်ပါတယ်။ ကာရကံရှင် နှစ်ယောက်က ဘာမှမဖြစ်ဘဲ ဘေးကလူတွေက ထပ်ခါတလဲလဲ ပြဿနာလာရှာနေတာကို ပြန်ပြီးအဖက်လုပ်တော့မှာ မဟုတ်ဘူး။ အခု ဒီပို့စ်အောက်မှာ ရှိနေတဲ့ ဒီမှတ်ချက်အပါအ၀င် ဆရာ့မွေးနေ့နဲ့ မဆိုင်တဲ့ မှတ်ချက်တွေ အားလုံးကိုလည်း နောက်ပိုင်းမှာ ပြန်ဖျက်ဖို့ရှိကြောင်း အားလုံးကို ကြိုတင်အသိပေးထားပါတယ်။

    noreply@googlegroups.com to me

    show details May 17 (3 days ago)

    simple views simpleviews2010@googlemail.com has invited you to join the
    Myanmar Daily Info & General Knowledge group with this message:

    Myanmar Daily Info & General Knowledge

    Here is the group's description:

    မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့
    ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
    ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ဒီအတွက်
    မည်သို့လုပ်မည်နည်း ............. ????? တစ်နည်းသာရှိသည် " စာဖတ်ပါ "

    ---------------------- Google Groups Information ----------------------

    You can accept this invitation by clicking the following URL:

    http://groups.google.com/group/myanmar-daily-info-n-general-knowledge/sub?s=vT4TrxQAAABvmfYJL_PcJsbEGVA5uUvhmvHfF4bpiV9zwQbh2otvRQ&hl=en


    --------------------- If This Message Is Unwanted ---------------------

    If you feel that this message is abuse, please inform the Google Groups staff
    by using the URL below.

    http://groups.google.com/groups/abuse?invite=YQAAAJBK7U5dAAAAZ2NNM1oAAAC89cQmHnNd_lCQRInVDvk2-SkvopE&hl=en
    Reply

    Forward

    ReplyDelete
  27. မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့
    ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
    ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ဒီအတွက်
    မည်သို့လုပ်မည်နည်း ............. ????? တစ်နည်းသာရှိသည် " စာဖတ်ပါ "

    ဆိုတဲ. group's description ကို အရမ်းသဘောကျပါတယ်.. အဲဒီဂရုကနေ မငယ်နိုင် ပြန်ပြီး ကော်ပီလုပ် တင်ထားတဲ. ”ဖတ်စေချင်ပါသည်” ဆိုတဲ. ပိုစ်.ကလည်း အရမ်းကောင်းပြီး လူတိုင်းဖတ်သင်.ပါတယ်.. အဲဒီဂရုကို ဘယ်လို မန်ဘာဝင်ရလဲ သိတဲ.သူတွေရှိရင် ကျေးဇူးပြုပြီး ပြောပြပေးပါ

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။