Pages

ပျောက်ဆုံးနေသော မောင်လေးတယောက်

ဇွန်လဟာ မြန်မာပြည်မှာ ကျောင်းဖွင့်တဲ့ လရာသီမို့ ဇွန်လရောက်တိုင်း မိတ်ဆွေ အသစ်တွေ ရတတ်ပြီး ကျွန်မအတွက် အမှတ်ရစရာတွေ အမြဲရတတ်တဲ့ လဖြစ်လည်း ဖြစ်သလို ဇွန်လမှာ ကျွန်မအတွက် ပြောမကုန်တဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အခုပြောမှာက အိမ်က ထွက်ခွါသွားကတည်းက မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေကို တခါမှ အဆက်အသွယ်မလုပ်ခဲ့သူ ကျွန်မထက် ကိုးနှစ်တိတိငယ်တဲ့ ဇွန်လဖွား ကျွန်မ မောင်လေးတယောက် အကြောင်းပါ။

ဘယ်ရောက်လို့ ရောက်မှန်းမသိ ကျွန်မမှာ သူ့အကြောင်း တွေးမိတိုင်း သူ့အတွက် စိုးရိမ်ရတဲ့ ဒုက္ခက တကယ်ကို မသေးလှပါဘူး။ အမေအဖေတွေတောင်မှ သူ့အတွက် ကျွန်မလောက် စိုးရိမ်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ အစပိုင်းမှာတော့ သူကိုယ်တိုင် အိမ်ကို အဆက်အသွယ် မလုပ်ပေမဲ့ သူရောက်ခဲ့တဲ့နေရာ၊ သူသွာခဲ့တဲ့နေရာတွေမှာ သူနဲ့တွေ့တဲ့ သူတွေဆီကတဆင့် သူ့အကြောင်းကို ခြေရာခံလို့ ရနိုင်ခဲ့ပေမဲ့ အခုတော့ ခြေရာခံလို့မရတာ ကြာလေ၊ ကျွန်မရဲ့ စိုးရိမ်မှု ရေချိန်ကလည်းပိုလေ ဖြစ်လာပါတယ်။ အိမ်ကို စာမလာ သတင်းမကြား လုပ်ထားတာ အိမ်ကလူတွေ သူ့အတွက် ဘယ်လောက် စိုးရိမ်နေတယ်ဆိုတာများ မတွေးမိလို့လား မဆက်သွယ်နိုင်တဲ့ ဘ၀ဆီကိုများ ရောက်သွားပြီလားဆိုတာ ကျွန်မ တကယ်ပဲ တွေးပြီး စိုးရိမ်မိတယ်။

ကျွန်မမောင်လေးဟာ ငယ်ငယ်ကတည်းက ကျွန်မ လက်ပေါ်မှာပဲ ကြီးခဲ့ပါတယ်။ သူ့ကိုမွေးပြီး အမေက နောက်ထပ်မောင်လေးတဦးကို သူနှစ်နှစ်မပြည့်ခင်မှာ ထပ်မွေးတော့ သူ့ကို ကျွန်မကပဲ အဓိကထိန်းကျောင်းရပါတယ်။ မောင်လေးက ငယ်ငယ်က တော်တော်အးဆေးပြီး သိပ်လိမ္မာတယ်။ ကျွန်မတို့အိမ်ဘေးက စင်္ကြာပန်းပင်အခွပေါ်မှာ သံပုံးက သံပြားတပြားခင်းပြီး အဲဒီအပေါ်မှာ အရုပ်တခုပေးပြီး ထိုင်ခိုင်းထားရင် တနေကုန် ငြိမ်ပြီးကစားပါတယ်။ ကျွန်မသူငယ်ချင်းမှာက ညီမလေးတယောက်ရှိပြီး သူ့ညီမကတော့ ကျွန်မမောင်လေးလို ငြိမ်ငြိမ်မနေတတ်ဘူး၊ ငိုလည်း ငိုပြဲတော့ သူကကျွန်မထက် ခလေးထိန်းရ ပိုပင်ပန်းတယ်။ မောင်လေး ညီမလေးတွေ ကောင်းကြောင်း ပြောကြရင် သူ့ညီမလေးနဲ့ ပတ်သက်ပြီး ကျွန်မကို သူကြွားပြောလို့မရဘူး။ တခြား မောင်လေး ညီမလေးတွေ မရှိတဲ့ သူငယ်ချင်းတွေက မရှိတဲ့ မောင်လေး ညီမလေးတွေအကြောင်းကို ဘယ်လို လိမ္မာကြောင်း လုပ်ကြံ ကြွားပြောတတ်ကြပါတယ်။

ကျွန်မကလည်း ကျွန်မမောင်လေး အကြောင်းကို ဘယ်လိုလိမ္မာကြောင်း ကြီးလာရင် စစ်ဗိုလ်ကြီး ဖြစ်မည့်မောင်လေး ဖြစ်ကြောင်း ဟုတ်တာရော မဟုတ်တာပါ အကုန် သူငယ်ချင်းတွေ ကြားမှာ ကြွားပြောတတ်ပါတယ်။ မောင်လေး စကားသင်စ စကားမပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်ကစပြီး ကြီးလာရင် ဘာလုပ်မလဲမေးရင် စစ်ဗိုလ်ကြီး လုပ်မယ်လို့ ဖြေရမယ်လို့ပဲ ကျွန်မက သင်ပေးထားပါတယ်။ ဒါကြောင့် ကျွန်မမေးရင် စစ်ဗိုလ်ကြီး လုပ်မယ် ဆိုတဲ့အဖြေက သူ့အတွက် ပုံသေနည်းလို ဖြစ်နေတယ်။ ကျွန်မ မေးရင်သာ ဒီလို ဖြေပေမဲ့ သူက တခြားသူတွေ မေးရင် လေးခွနဲ့ ငှက်ပစ်မယ်တို့ သစ်ပင်ပေါ်တက်မယ်တို့လို ပေါက်ကရတွေကို ဖြေတတ်ပါတယ်။ ဒါဆိုရင် ကျွန်မက ဘာပြောတယ် ပြန်ပြောစမ်း ကြီးလာရင် ဘာလုပ်မလဲ ဆိုပြီး အသံမာမာနဲ့ လှမ်းမေးရင် “စစ်ဗိုလ်ကြီးလုပ်မယ်” လို့ ချက်ချင်း ပြန်ဖြေတတ်တယ်။ ဒီလိုနဲ့ မောင်လေးကို ချီရင်းပိုးရင်း ကျွန်မလည်း အပျိုဖေါ်ဝင်စအရွယ် ရောက်လာပြန်တော့ ကျွန်မဘယ်ပဲသွားသွား အမေက သူ့ကိုပဲ အဖေါ်ထည့်ပေးတော့ ကျွန်မအဖေါ်အဖြစ် ကျွန်မဘယ်သွားသွား အနောက်က တကောက်ကောက် ပါနေသူ ဖြစ်လာတယ်။

မောင်နှမတွေအထဲမှာ ဒီမောင်လေးကို ကျွန်မက အကြာဆုံး ထိန်းရတယ် ဆိုတော့ သူ့ကို မောင်နှမတွေအထဲမှာ သံယောဇဉ် အရှိဆုံး အချစ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ပြီး ကျွန်မတို့တွေ တောတွင်းရောက်တော့ လူမမယ် အရွယ်လေးတွေ အဖြစ်နဲ့ပဲ ကျန်ခဲ့ပါတယ်။ သူ့ကို ကျွန်မ ပြန်တွေ့တဲ့အချိန်ဆို ကျွန်မတို့ ABSDF တပ်တွေ ရှေ့တန်းဒေသတွေမှာ လှုပ်ရှားနေချိန် ကရင်ရွာတရွာမှာ သူနဲ့အမေ ကျွန်မကို လာတွေ့တော့ လူပျိုပေါက်လေး ဖြစ်နေပြီ။ အမေက သူ့ကို ကျောင်းနေချင်စိတ်မရှိလို့ ကျွန်မတို့ထွက်လာပြီး မကြာခင်ပဲ ကျောင်းထွက်ခိုင်းလိုက်တယ်တဲ့။ ကျွန်မသူ့ကိုစတွေ့တော့ ဆေးပေါ့လိပ်လေးတလိပ် လက်ကြားညှပ်ပြီးတော့ ကျွန်မမှာ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံ ဖြစ်ခဲ့ရတယ်။ သူ့ကိုတွေ့လို့ ၀မ်းသာရမည့်အစား “ဘုရားဘုရား သားငယ် နင့်အရွယ် ဆေးလိပ်သောက်တဲ့အရွယ်လား” ဆိုပြီး မြင်မြင်ချင်းပဲ ကျွန်မ သူ့ကို ဂရုဏာသက်စွာနဲ့ ကြည့်ပြီးမေးမိတယ်။ သူကတော့ ဘာမှ ခံစားရပုံမပေါ်ဘဲ “မငယ်ကလည်း ဆေးလိပ်သောက်တာများ အဆန်းလုပ်လို့” ဆိုပြီး အချိုးမပြေတဲ့ မျက်နှာနဲ့ ကြည့်ပြီး ကျွန်မကို ပြောနေလို့ ကျွန်မက အမေဘာမှ မဆုံးမဘူးလားဆိုတဲ့ သဘောနဲ့ အမေကို ကြည့်လိုက်ပြန်တော့ အမေကလည်း “နင်ပဲ နင့်မောင်ကို ကလေးလိုမြင်နေတာ ရည်းစားက ဘယ်နှစ်ယောက် ရနေပြီလဲလို့ မေးကြည့်လိုက်ဦး” တဲ့။

ကျွန်မကလည်း “သားငယ်ရေ နင့်အရွယ် ရည်းစားထားတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး အရွယ်ရောက်လာလို့ ထားရင်လည်း တယောက်ဆိုတယောက် သတ်သတ်မှတ်မှတ်ပဲ ထားပါနော့် မောင်လေး” လို့ ကျွန်မကိုငယ် လူပျိုတုန်းကလို ရည်စားများတာကို အတုခိုးမှာစိုးလို့ ပြောလိုက်တော့မှ ကိုငယ်ထက်တောင် ပိုဆိုးနေသေးတာ တွေ့ရတယ်။ သူက “အလကားပါ မငယ်ကလည်း အမေပြောတာ ယုံနေပြန်ပြီ၊ ကျွန်တော်နဲ့ ဘာမှ ဆိုင်တာမဟုတ်ဘူး သူတို့က ခင်လို့ ပြန်ခင်တဲ့ မိတ်ဆွေတွေပါ” တဲ့။ ကျွန်မက "ခင်တာပဲဖြစ်ဖြစ် ရည်းစားပဲ ဖြစ်ဖြစ် မိန်းကလေးတွေနဲ့ တရုန်းရုန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေတာ မကောင်းဘူး မိန်းကလေးတွေကို ဟိုလိုလို ဒီလိုလိုလည်း လိုက်မလုပ်ရဘူး ရည်းစားစားရင်လည်း အတည်တကျ တယောက်ဆိုတယောက်ပဲ ထားရတယ်" လို့ ကျွန်မက ပြောလိုက်တော့ "မဟုတ်ဘူးဆိုမှပဲ ထင်ချင်သလိုထင်ပါဗျာ" လို့ ဆောင့်ကြီးအောင့်ကြီး ပြန်ပြောပြီး စိတ်ကောက်လို့ ကျွန်မမှာ အသဲအသန် ပြန်ချော့ပြီး စကားစဖြတ်လိုက်ရတယ်။ အမေကလည်း သူ့သား ငယ်ငယ်လေးနဲ့ ရည်းစားထားတာကို ဂုဏ်ယူတဲ့ လေသံနဲ့ ပြောနေတော့ ကျွန်မသဘောမတွေ့ ဖြစ်ရတယ်။ ကျွန်မတို့တောဘက်မှာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ၁၀ ကျော်အသက်မှာ ကျောင်းထွက်လိုက်ပြီဆိုတာနဲ့ ဘာပွဲပဲလုပ်လုပ် ရွာက ကာလသမီး ကာလသားစရင်းထဲ အလိုလို ၀င်ပြီးသား ဖြစ်သွားပြီး အဖိတ်ခံရပြီ။ ဒါနဲ့ပဲ လူပျိုတွေ၊ အပျိုတွေလို နေလိုက်ကြပြီး မိဘတွေကလည်း ဆေးလိပ်သောက်တာလောက် မိန်းကလေးပိုးတာတို့လောက်ကို ကျောင်းသားမှမဟုတ်တော့တာ စာဘက်အာရုံမရောက်မှာ စိုးရိမ်စရာ အလိုတော့ဘူးဆိုပြီး ဘာမှမပြောပဲ နေလိုက်တာ သဘာဝပါပဲ။

နောက်တော့ သူရည်းစားထားလို့ ကျွန်မ လက်ချာရိုက်နေတာလည်း စကားစပြတ်ပြီးတာနဲ့ သူက ကျွန်မတို့ တပ်တွေကို အမျိုးမျိုး လိုက်သရော်ပြီး ကျွန်မကို လိုက်စနေတယ်။ “မငယ်တို့ တပ်တွေက လူကတယောက်နဲ့ တပိုင်း စစ်တပ်က မလိုက်လို့ တော်သေးတာပေါ့ လိုက်များလိုက်ရင် ၆၀ မမ တလုံးစာတောင်မရှိဘူး။ မငယ်တို့က နိုင်မှာလည်း မဟုတ်ဘဲနဲ့ လုပ်နေလို့ဘာမှ မထူးပါဘူး။ အိမ်ပြန်လိုက်မလား” နဲ့ မေးနေလို့ “သားငယ် နင့်ပါးစပ်ပိတ်ထားစမ်း” လို့ပဲကျွန်မ ပြောလိုက်တယ်။ အမေကလည်း တခြားကျွန်မတို့ ရဲဘော်တွေ ကြားရင် ကျွန်မ မျက်နှာပူမှာစိုးလို့ သားငယ် ဘာတွေလျှောက်ပြောနေလဲ လို့ သတိပေးလိုက်လို့ တပ်အကြောင်းကိုတော့ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်မကိုတော့ အမျိုးမျိုး လိုက်စနေသေးတယ်။ "ခုလိုချိန် စစ်တပ် လိုက်ရင် ယောက်ျားလေးတွေကတော့ ထားလိုက်တော့ မငယ်တို့ မိန်းကလေးတွေ ဘယ်လိုပြေးမလဲ ပြေးနိုင်ပါ့မလား။ မငယ် သေနတ်က ဘယ်မှာလဲ ကျွန်တော့်ကို တချက်ပြကြည့် ကျွန်တော်ကြည့်ချင်လို့" နဲ့ အမျိုးမျိုး လိုက်စနေလို့ “ငါကသေနတ်မလွယ်ဘူး ဆေးအိတ်ပဲ လွယ်တယ်၊ ငါတို့တပ်တွေက ရွာထဲမှာ ရှိနေစဉ် စစ်တပ်က လိုက်လာမှ ရွာနာမှာစိုးလို့ ရှောင်ပေးတာမျိုး ရှိပေမဲ့ ရွာပြင်ရောက်ရင် ငါတို့က ပြေးသမားမဟုတ်ဘူး လိုက်သမားသာ ဖြစ်တယ်။ ငါတို့တပ်တွေကလည်း နင်မြင်အောင် ပြနေရမလား ကင်းပုန်းဝပ်နေတာ တပုံကြီးရှိတယ်” လို့ ပြောလိုက်တယ်။

အမှန်တိုင်း ပြောရရင် အဲဒီတုန်းက ကျွန်မ သူနဲ့ တွေ့ရတာ သူ့ပုံကြည့်ပြီး သိပ်မပျော်ဘူး။ သူ့ရဲ့ ငယ်ငယ်ကပုံလေးကိုပဲ ကျွန်မ လွမ်းနေမိတယ်။ တခုတော့ ရှိတယ် သူ့ရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေကို သဘောမကျပေမဲ့ ငယ်ငယ်တုန်းက သူ့ကိုကျွန်မ ဖြစ်စေချင်ခဲ့သလို ကြီးလာရင် စစ်ဗိုလ်တယောက် ဖြစ်ဖို့ ရည်ရွယ်ချက် ရှိနေတာနဲ့ စာရင် အခုချိန်မှာ ဒီလိုတွေ့ရတာကမှ တော်သေးတယ်၊ ကျွန်မကို ဘယ်လိုပဲ လိုက်ခနဲ့နေပါစေ သူစစ်သား ဖြစ်ချင်စိတ်မရှိတာကိုပဲ ကျေးဇူးတင်လှပြီလို့ အဲဒီတုန်းက ကျွန်မ တွေးနေခဲ့တာတော့ အမှန်ပဲ။ မောင်လေးကို ကျွန်မ နောက်ထပ် တခါမှ ထပ်မတွေ့ရတော့ဘူး။ 

 ကျွန်မတို့ တောထဲကထွက်လို့ ဘန်ကောက်ရောက်ပြီး UNHCR က အသိအမှတ်ပြုလို့ တတိယနိုင်ငံကို ထွက်ခွာဖို့ လျှောက်ထားဆဲ ကာလမှာတော့ အိမ်ကစာတစောင်လာတယ် မောင်လေးက ကျွန်မဆီကိုပဲ သွားတော့မယ်ဆိုပြီး အိမ်ကထွက်သွားတယ်တဲ့။ အမေဆီကတဆဆင့် သူ့သတင်းတွေ ကြားရတာ ကောင်းတာ တခုမှမရှိဘူး ရည်းစား တရွာတယောက် လိုက်ထားလို့ ကောင်မလေး အချင်းချင်း ပြဿနာဖြစ်တာတွေ အိမ်မှာ သူရည်းစားများတဲ့ ပြဿနာနဲ့ ဟိုကအတိုင်ခံရ ဒီက အတိုင်ခံရလို့ ပြောတယ်။ အတည်တကျ တောင်းပေးသင့်ရင်လည်း တောင်းပေးဖို့ ဘယ်သူနဲ့ ကြိုက်နေလဲ မေးတော့လည်း တယောက်မှ မကြိုက်ဘူး သူများတွေက ထင်တာသာ ဖြစ်တယ်လို့ ငြင်းတယ်တဲ့။ နောက်ဆုံးတော့ စစ်တပ်က ပေါ်တာဖမ်းရာမှာ ပါသွားပြီး သူတို့ကို ရွာတရွာက ဗွီဒယိုရုံထဲမှာ လှောင်ထားစဉ် ဗွီဒယိုရုံ နံရံကို သူကဦးဆောင်ပြီး အုပ်စုလိုက် ၀ိုင်းကန်ဖြဲပြီးတော့ ထွက်ပြေးပြီး အိမ်ပြန်ရောက်လာတယ်။

ဒီနောက်ပိုင်း တားမရဘဲနဲ့ မငယ်ရှိတဲ့နေရာကိုပဲ စုံစမ်းပြီး လိုက်သွားတော့မယ်ဆိုပြီး ရွာကထွက်လာတယ်လို့ သိရတယ်။ ထိုင်းက မထွက်လာခင်အထိ ကျွန်မ သူရောက်လာမလားလို့ မျှော်နေခဲ့တယ်။ ကျွန်မဆီကိုလည်း မရောက်လာခဲ့ဘူး။ နိုင်ငံခြားရောက်ပြီး အခုထိလည်း သူဆက်သွယ်လာမလားလို့ မျှော်နေတာ မောင်နှမတွေထဲက ကျွန်မကို တခါမှ အဆက်အသွယ် မလုပ်ဖူးသူကပဲ ဆက်သွယ်လာခဲ့တယ် ကျွန်မဆီ သွားမယ်လို့ ပြောပြီးထွက်လာတဲ့ သူကတော့ ဆက်လည်း မဆက်သွယ်လာ ရောက်လည်းမရောကလာခဲ့ဘူး။ ထိုင်းနိုင်ငံက မဟာချိုင်ရောက်နေတယ် ကြားလို့ စုံစမ်းတယ် ဘာမှအစအန မရဘူး၊ မလေးရှားသွားဖို့ လုပ်နေတာ တွေ့တယ်ဆိုလို့ စုံစမ်းကြည့်တယ် ဘာမှ ရေရာတဲ့ အချက်အလက်မရခဲ့ဘူး။ ဒီလိုနဲ့ မောင်လေးသတင်းဟာ အစပျောက်နေတာ ကြာပါပြီ။

ဆစ်ဒနီမှာ မြန်မာမိသားစုတွေ လမ်းလျှောက်ရင်း ညနေဘက် ကျွန်မ အမျိုးသားတို့ ခြင်းလုံးခတ်တဲ့ ပန်းခြံကို တခါတလေ လမ်းလျှောက်ရင်း လိုက်လည်ဖြစ်ရင် အကယ်၍များ မောင်လေးသာ ရောက်လာခဲ့ရင် အခုခြင်းလုံးခတ်နေတဲ့ ခြင်းဝိုင်းမှာ သူလည်းတယောက် ပါဝင်မှာပဲဆိုပြီး ကျွန်မအမြဲတွေးမိပါတယ်။ ကျွန်မ မောင်လေးဟာ ကျွန်မဆီကို လာမယ်ဆိုပြီး အခုထိ အဆက်အသွယ် မလုပ်တာ အသက်ရှိထင်ရှားမှ ရှိပါသေးရဲ့လားလို့ တခါတခါ တွေးပြီး ကျွန်မ အကြိမ်ကြိမ် စိုးရိမ်မိတိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ၊ ၀ါဆိုလဖွား ယောက်ျားလေးတွက ကောင်းစားတတ်တယ်လို့ပဲ ကြားဖူးလို့ မောင်လေးတနေ့ ကောင်းစားဦးမှာပါ မောင်လေး ဘာမှ ဖြစ်မှာမဟုတ်ဘူး ဆိုတာနဲ့ ဖြေသိမ့်ရပါတယ်။ မောင်လေး တနေ့တော့ ကျွန်မဆီ ဆက်သွယ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်နေပါတယ်။

ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ မောင်လေး ဟောန္တု။

ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်အန္တရာယ်ကို တစုံတယောက်သောသူသည် ပြုခြင်းငှာ မတတ်နိုင် ထို့အတူ မောင်လေးအား ဖြစ်ပါစေသတည်း။

-မောင်လေး ဘေး၊ ရန်၊ ကြောင့်ကြ ဆင်းရဲခြင်း ကင်းပါစေ၊
-ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေ။
-ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝပါစေ၊
-မကောင်းမှုများကို ရှောင်နိုင်ပါစေ၊
-ဒုက္ခနဲ့ ရင်ဆိုင်နေရပါက ဒုက္ခမှ ကင်းလွှတ်ပါစေ၊
-ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါက ဘေးအန္တရာယ်က လွန်မြောက်ပါစေ၊
-သောကနဲ့ ကြုံတွေ့နေရပါက သောကမှ လွန်မြောက်ပါစေ။

မောင်လေး တနေရာမှာ အိမ်ထောင်ကျပြီး တအိုးတအိမ်ထူထောင်နေပြီ ဆိုရင်လည်း ဇနီးကောင်းကောင်းလေး ရပြီး မိသားစုဘ၀ကို ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းပြှး သမ္မအာဇီဝနဲ့ အသက်မွေးပါစေလို့ ဆုတောင်းပါတယ်။ မောင်လေးက ဆန္ဒမရှိလို့ အဆက်အသွယ် မလုပ်ချင်ရင်တောင်မှ သူအသက်ရှိထင်ရှားနဲ့ ရှိနေသေးတယ်ဆိုတာနဲ့ အခြေအနေ အကျိုးအကြောင်းလေး နည်းနည်း သိရရင်တောင် ကျွန်မအတွက် အလိုလားအတောင်းတဆုံး မျှော်လင့်ချက် တခုပြည့်ပါပြီ။




58 comments:

  1. ဖတ်ပြီးတမျိုးခံစားလိုက်ရတယ်။ မငယ်နိုင်ရဲ့မောင်လေး ဘေးရန်ကင်းကင်းနဲ့ မငယ်နိုင်ဆီရောက်လာပါစေ။
    ညီမက အိမ်မှာအငယ်ဆုံးမို့ တစ်ဦးတည်းသော တစ်ဝမ်းကွဲမောင်လေးကို သိပ်ချစ်တာ။

    ReplyDelete
  2. အင်း... စိတ်မကောင်းဖြစ်သွားတယ်...
    မငယ်နောက်ကို လိုက်လာတဲ့ မောင်လေး မငယ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် အမြန်ဆုံး ရောက်လာပါစေလို့ ကူပြီး ဆုတောင်းပေးသွားပါတယ်...

    စာမေးပွဲလဲ ဖြေနိုင်ပါစေ...း))

    ReplyDelete
  3. ညီမရေ ..အမ မှာ လည်း တယောက်တည်းသော မောင်လေး ရှိတယ် ... အမ လည်း သူ့ကို သိပ်ချစ်တယ် .. ငယ်ငယ်ကတော့ သူ နဲ့ အမ နဲ့ က
    အတွဲ များတယ် .. သူလူပျိုပေါက် ဖြစ်လာတော့ အမ နဲ့ အတူ တွဲ သွားရမှာ ရှက်တတ်လာတယ် လေ ... ညီမ မောင်လေး နဲ့ အမြန်ဆုံး ပြန်လည် ဆုံတွေ့ နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...

    mie nge

    ReplyDelete
  4. s k b မောင်လေးတယောက် ထိုင်းမ တွေနဲ့ ညားပြီး အစဖျောက်နေလားမသိ။ပျောက်သောသူရှာလျှင်တွေ့  အမြန်ဆုံး ဆုံစည်းကြပါစေကွယ်။
    (saw kyi bell = စော်ကြည်ဘဲ)

    ReplyDelete
  5. စိတ်မကောင်းပါဘူးခင်မျာ ၊ အမြန်ပြန်ဆုံစည်းနိုင်ကြပါစေ
    ဟု............ဇေ။

    ReplyDelete
  6. ကျန်းမာချမ်းသာပါစေပဲ ဆုတောင်းပေးလိုက်ပါတယ်..
    ယောင်္ကျားလေးမို့ လည်ပြန်လို့ ဂုတ်မကျိုးဘူး ဆိုပေမဲ့..
    နိုင်ငံရပ်ခြားဆိုတော့လဲ စိတ်ပူတာ အမှန်ပဲ..

    ReplyDelete
  7. အမငယ် ဖတ်ပြီးစိတ်မကောင်းဘူး..။ ဘေးရန်ကင်းရှင်း
    ပြီးမိသားစုနဲ့အမြန်ပြန်ဆုံတွေ့ဖို့ဆုတောင်းပါတယ်။

    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  8. အမမငယ်ရေ..အမတစ်ယောက်ရဲ့အပူကိုနားလည်နိုင်ပါ တယ်ရှင်..အမမောင်လေး ဘေးရန်ကင်းကွာလို့
    ပျော်ရွှင်နေပါစေ.ဆုတောင်းပေးပါတယ်ရှင်

    ReplyDelete
  9. ဓါတ်ပုံလေးဘာလေးရှိရင်တော့ ၀ိုင်းရှာပေးလို့ ရနိုင်မှာပါ။ ပျောက်သောသူရှာရင် တွေ့ ဆိုတဲ့စကားလဲ ရှိတာပဲ။

    ReplyDelete
  10. ၀ါဆိုလဖွား ယောက်ျားလေးတွက ကောင်းစားတတ်တယ်လို့ပဲ ကြားဖူးတယ် ဟုတ်လား။ အဲဒါဆို ကံကောင်းမှာပါဗျာ။

    မငယ် မောင်လေးက ကရကဋ်ဖွားပဲ ထင်တယ်။ ကရကဋ်ဆိုရင်တော့ သူဟာ ခံစားချက်ကို ရှေ့တန်းတင်ပုံပဲ။

    ReplyDelete
  11. ပျောက်ဆုံးနေသော မောင်လေးနဲ့ ပတ်သက်ပြီး လာရောက် အားပေးဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်တမ်းကျတော့ မောင်နှမပဲ ဖြစ်ဖြစ် ချစ်လှခင်လှပါတယ်ဆိုတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ချစ်သူတွေပဲ ဖြစ်ဖြစ် တွေ့ကြုံဆုံစည်းစဉ် ခဏပဲ သံယောဇဉ် နှောင်ဖွဲ့မှုတွေ ရှိတတ်ကြပြီး နောက်ဆုံးတော့လည်း သူ့သဘောသူဆောင်ပြီး သူ့လမ်း သူလျှောက်နေကြတာချည်းပါပဲ။ ကျွန်မလို ဥပက္ခာတရား နည်းပါးသူကသာ ဒီလိုခံစားရပြီး တခြားမောင်နှမတွေနဲ့ သူကိုယ်တိုင် သက်ရှိထင်ရှားရှိနေသေးရင် သူလည်း ဒီလိုခံစားရမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ အပူတွေ စာဖတ်သူ အားလုံးကို ကူးစက်သွားစေတဲ့အတွက် တောင်းပန်ပါတယ်။

    ReplyDelete
  12. ဖတ်ရတာစိတ်မကောင်းစရာ... အစ်မတစ်ယောက်ရဲ့တန်ဖိုးကြီးလှတဲ့အချစ်ကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတယ်... ငယ်နိုင့်မောင်လေးနဲ့ပြန်ဆုံနိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete
  13. မောင်နှမ နှစ်ယောက် ပြန်လည်ဆုံတွေ.ဖို. ဆုတောင်းပေးပါတယ် ၊

    ReplyDelete
  14. အစ်မနှင့် အစ်မမောင်လေး အမြန်ဆုံး ပြန်လည်ဆုံတွေ့
    နိုင်ပါစေခင်ဗျာ။ကျွန်တော့်မှာလည်းအစ်မတစ်ယောက်ရှိ
    တော့ အစ်မတွေရဲ့ စိတ်ကို ကိုယ်ချင်းစာမိပါတယ်။
    AATO ပြောသလို ဓာတ်ပုံရှိရင်တော့ ဝိုင်းရှာပေးလို့ရနိုင်
    ပါရဲ့

    ReplyDelete
  15. မောင်နှမ ၂ယောက် အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေ

    MG

    ReplyDelete
  16. လာဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

    AATO နဲ့ Mg Lay - အကြံပြုကြတာ ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံကလည်း ငယ်ငယ်က ပုံပဲအိမ်မှာ ရှိပြီး အစ်မမောင်လေးက အခုဆိုရင် အသက် ၃၀ တောင်ရှိပြီ။ သူ့ကို အစ်မတောင် အခုချိန်မှာ ဘယ်ပုံရှိမယ်ဆိုတာ ခန့်မှန်းလို့ မတတ်ဘူး။

    ကိုဂျူလိုင်ရေ- မောင်လေးက ကရကဒ်ရာသီဖွား မဟုတ်ဘူး မေထုန်ရာသီ ဖွားပါ။

    ကိုကိုစန်း - ခရီးက ပြန်ရောက်ပြီလား။ ခရီးရောက်မဆိုက် လာဖတ်ပြီး ဆုတောင်းပေးသွားတာ ကျေးဇူး။ ခရီးသွားရတာ အဆင်ပြေရဲ့လား။

    ReplyDelete
  17. ပိုစ့်လေးဖတ်ပြီးစိတ်မကောင်းဖြစ်သွားမိတယ်
    အမရေ...
    အမမောင်လေးဘေးရန်ကင်းစွါနဲ့....
    အမနဲ့အမြန်ဆုံးပြန်ဆုံနိုင်ပါစေဗျာ။

    ReplyDelete
  18. မငယ်..မရောက်တာတောင် ကြာပြီ။ ရောက်တော့လည်း စိတ်မကောင်းစရာတွေ ဖတ်ရတယ်။ အစ်မရဲ့မောင်နဲ့ အမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေဗျာ။
    မဖတ်ရသေးတာတွေ ဖတ်လိုက်ဦးမယ်ဗျာ.။

    ReplyDelete
  19. Sorry for the late reply. ခရီးသွားရတာ အဆင်ပြေပါတယ်၊ ကျေးဇူး တင်ပါတယ် ၊ မငယ်နိုင် ကွန်မန်. ကို နေလယ်ကတည်းက တွေ.တယ်၊ ရုံးက PC က ဗမာစာ ဖတ်လို.ပဲရတယ်၊ ဗမာစာ ရိုက်လို.မရဖူး ၊ အိမ်ရောက်မှ ပဲ ကွန်မန်.ရေးဖြစ်တော့တယ် ၊ မငယ်နိုင် နှင့် မိသားစု ကျန်းမာရွှင်လန်းကြပါစေ၊

    ReplyDelete
  20. အန္တရာယ်ကင်း ဘေးရှင်းပြီး... မြန်မြန် ပြန်တွေ့ပါစေဗျာ...။

    ReplyDelete
  21. တိမ်တွေလိုများ ခရီးသွားနေသလားမသိ
    စိတ်မကောင်းဘူး အမရေ ...

    ReplyDelete
  22. ဖတ်ရှုကြည့်ရတါပြောရရင် (၁) တေါထဲမှာလါတွေ့တဲ့အချိန်ထဲက မေါင်လေးဟါအမြင် မှန်မြင်သွါးရတယ်လို့ယူဆရတယ် (ပြောစကါးများအရ)(၂)ရေးထါးတဲ့ထဲမှာအမေကဟန့်တယ်ဆိုတါပါတယ် အဖြစ်မှန်စကါးလုံးတွေ ဖြစ်နိုင်ခြေရှိတါတွေက(ဟဲ့ကေါင်လေး ငါ့တို့ဆရာကြီးကေအန်ယူကကြားသွါးရင်အသတ်ခံနေရမယ် ဆန့်ကျင်ဘက်မပြောနဲ့)ဆိုတါတြွေ့ဖစ်နိုင်စရာရှိမယ်။ သူ့အမြင်သုမပြောရဲအေါင်ဘါကြောင့်တါးရတါလဲစဉ်းစါးစရာ ရှိနေပါတယ် (၃)ဆက်စပ်စဉ်းစါးကြည့်ရင်အမြင်မှန်ရတဲ့မေါင်လေးဟါနိုင်ငံတော်ကါကွယ်ရေးအရေးကြီးတါကိုနားလည်လါလို့ ဖခင်ခြေရာနင်းပြီးတပ်မတော်ထဲဝင်ပြီးဇတ်မြုတ်လိုက်တယ်လို့ယူဆရပါတယ်။ဒါကနေတဆင့်တါဝန်နဲ့လှို့ဝှက်လှုပ်ရှားနေပုံရပါတယ်၊ မြန်မါ့တပ်မတော်အကြီးအကဲများကိုစါရေးအသနားခံရင် အဆက်အသွယ်ပြန်ရမယ်ထင်ပါတယ်။

    ReplyDelete
  23. Anonymous - ကျွန်မ မောင်လေးက မြန်မာပြည်မှာ ပျောက်တာမဟုတ်ဘူး ထိုင်းမှာ ပျောက်တာ။ အမြင်မှန်သွားတယ် ပြောရလောက်အောင် သူက စစ်သားဆိုရင် ဘာစစ်သားမှ ကြည့်လို့ရတာ မဟုတ်ဘူး။ ကျွန်မကို ပြောခဲ့တာလည်း ကျွန်မမှားတယ်လို့ ရည်ရွယ်ပြီး ပြောပြောတာထက် သူ့အစ်မတယောက် အန္တရာယ် ကြားထဲမှာ သွားလာလှုပ်ရှားနေတာ မဖြစ်စေချင်လို့ မခံချင်အောင် ပြောတာပဲ ဖြစ်တယ်။ ရွာထဲစစ်တပ်ဝင်ရင် ရွာထဲမှာ ရှိတဲ့ ယေက်ျားသားတွေထဲက ၀န်ထမ်းတွေနဲ့ စစ်တပ်နောက်ခံ မိသားစုတွေကလွဲရင် အကုန်လုံး ကြားရာအရပ်ကနေ ပြေးပုန်းပေမဲ့ ကျွန်မတို့အိမ်ကတော့ အဖေနဲ့ အစ်ကိုတို့က တိုင်းပြည်တာဝန်ကို ပြောင်မြောက်စွာ ထမ်းဆောင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်မှ ပြေးမပုန်းဘဲ အိနြေ္ဓကြီးတခွဲသားနဲ့ နေလို့ရတယ်။ အဖေကဘုန်းကြီး သွားဝတ်ပြီး အစ်ကိုကြီးလည်း အိမ်မှာမရှိတဲ့အချိန်နဲ့ တိုက်တဲ့အချိန် ရွာထဲ အရိုင်းအစိုင်းကောင်တွေ ပေါ်တာဝင်ဖမ်းတော့ ဘယ်လိုမှ ပြောပြဆိုပြလို့မရဘဲ ကျွန်မမောင်လေးက ပေါ်တာအဆွဲခံလိုက်ရပြီး နောက်ပိုင်း စစ်တပ်ရဲ့ ရိုင်းစိုင်းမှုတွေကို ကိုယ်တိုင် မျက်ဝါးထင်ထင် သိသွားပုံရတယ် အဲဒီက ပြန်ထွက်ပြေးလာပြီး အိမ်ရောက်တာနဲ့ မငယ်ဆီလိုက်သွားတော့မယ်ဆိုပြီး အိမ်က တာမရဆီးမရနဲ့ ထွက်လာလိုက်တယ်။ Anonymous ပြောတဲ့ ကျွန်မ မောင်လေး အမြင်မှန်ရတယ်ဆိုရင် အဲဒါပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ စစ်တပ်ထဲကို သွားဝင်ဖို့ ရှိနိုင်ပါ့မလား စဉ်းစဉ်းစားစားလည်း ပြောပါ။ မတော်တဆ သွားဝင်ခဲ့မိရင်လည်း ဗိုလ်မှူး အောင်လင်းထွဋ်တို့ ဗိုလ်မှူးစိုင်းသိန်းဝင်းလို ပြည်သူအတွက် တာဝန်သိတဲ့ မျိုးချစ်တပ်မတော်သားပဲ ဖြစ်မှာ သေချာတယ်။

    ReplyDelete
  24. မငယ်နိုင်ရေ၊ ကျနော်လည်း မနေနိုင်မထိုင်နိုင်ဗျာ အမြင်မတော် ဆင်တော်နဲ့ခလောက်မျိုးတွေ့ရင် လျှာကအင်မတန်ယားတတ်တာမျိုးဆိုတော့ အခက်သားကလား။

    တဖက်ကလည်း ညစ်ညမ်းနေတဲ့ ဝိဥာဉ်တွေကို ကျိုးကြောင်းနဲ့ ဘယ်လိုပဲပြောပြောဟောဟော (မနှိုင်းကောင်း နှိုင်းကောင်း) ပြစ်မျိုးမှဲ့မထင် ဆိုသလို ထိရောက်မှုကမရှိပြန်တော့ ရေးပြောရမှာကလည်း ခပ်တွန့်တွန့်ရယ်။

    တခါ သံမဏိကိုတောင် အရည်ပျော်စေနိုင်တဲ့ စကားအစွမ်းတွေရှိသူတွေတောင် သူတို့တွေကို နားပေါက်အောင် အသက်တွေသာ ပေးဆပ်သွားရပေမယ့် သူတို့ကို နားဝင်အောင် မသွင်းနိုင်ကြောင်း သမိုင်းတွေက ပြဆိုနေပြန်တော့ အင်း ...

    အခက်ဆုံးတစ်ခုက ဒီလိုလူတွေဟာ ကျနော်တို့ကြားမှာပဲ တိုးဝှေ့ကျင်လည်နေကြတာပါပဲ။ မရှိမကောင်း ရှိမကောင်းလို့ ပြောရမလား မဟုတ်ရင်လည်း ... ထားပါတော့ဗျာ၊ ဒီလိုလူတွေအတွက် အချိန်ကုန်ခံနေရတာ ရှူံးတယ်လို့သာ သဘောထားရမလား မသိတော့ပါဘူး။

    ReplyDelete
  25. ကိုမန်းကိုကို ဆိုလိုတာကို ကျွန်မနားလည်ပါတယ်။ ကျွန်မကို တမင်မခံချင်အောင် ရေးထားတယ် တကယ်သူထင်လို့ ရေးထားတာ မဟုတ်ဘူးဆိုတာ သိပေမဲ့ ပို့စ်နဲ့လည်း ဆိုင်နေတယ် စော်ကား တိုက်ခိုက်ထားတာလည်း ဘာမှမရှိဘူး ပို့စ်ကိုဖတ်ခဲ့တယ်ဆိုတာလည်း သေချာလို့ အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်မပြန်ရေးတာပါ။ ဒီလောက်တော့ သူ့ကို အခွင့်အရေး ပေးသင့်ပါတယ်။ သူ့မှတ်ချက်တခုတည်း မဆိုင်တာကို ရေးပြီးလာတင်လို့ အောက်က အကြွေစောသူများပို့စ်မှာ ကျွန်မ ဖျက်ရတာ ၁၀ ကြိမ်မကတော့ဘူး။ အခု ကျွန်ပြန်ရေးတဲ့အထဲမှာ ရွာတွေမှာ စစ်တပ်ဘယ်လို သောင်းကျန်းလို့ ရွာသားတွေ ဘယ်လို ဒုက္ခရောက်ရတယ်ဆိုတဲ့ သူသိမှာမဟုတ်တဲ့ အဖြစ်မှန် ပါပါတယ်။ အဲဒါကြောင့် ကျွန်မ အချိန်ပေးတာပါ။

    ReplyDelete
  26. အင်းပြောရကြပ်သါးပါလါး။တပ်မတော်သါးတယေါက်ထိုင်းနိုင်ငံမှာဇတ်မြုတ်ပြီးတါဝန်ထမ်းဆေါင်နေတဲ့သဘေါပါဘဲ။ မင်းပြန်ရေးတဲ့အချက်တွေကိုထေါက်ရင်မင်း မှာစစ်ရေးစစ်ရာ အရေးပေါ်ကိစ်စတွေကိုပုဂ်ဂုလ်ရေးနဲ့တွဲပြီး ခံစါးမှု့နာကြည်းမှု့တွေများနေပုံရပါရဲ့။ ရေးထါးတါကတေါ့ မင်းမေါင်လေးစစ်တပ်မုန်းတါမပါပါဘူး မင်းတို့အဖွဲ့တွေပြေး ပေါက်မှားမယ်လို့သါပါတါ။(အမြင်မှန် ပေါ့ကွယ်)။ခက်တေါ့ခက်သါးလါး။ ပေါ်တါဆွဲခံရပြီးတပ်မတော်သါးတွေရဲ့စစ်မှန်တဲ့ဒုက်ခခံ စါးနေရတါနိုင်ငံတွက်လို့သဘေါပေါက်ပြီး တပ်မတော်သါးဖြစ်လါတါတွေတပုံ။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွါတုန်းက ကရင်လေး တေပိုးတီဆိုတါ လက်တွေ့ပါဘဲ။ ကိုယ်ရေးနိုင်တယ်ဆိုတိုင်းသုတော်ကေါင်းလေသံမ လုပ်ပါနဲ့လေကွယ်။ ဘယ်သူတွေကရိုင်းသလဲ ဘါတွေရေးသလဲဆိုတါအမှန်သိစေချင်ရင် သတ်တိတ ကယ်ရှိလို့အမှန်တရားမြတ်နိုးတယ်ဆိုရင် လက်တွေ့ပေးဖတ်ကြည့်လိုက်ပါလါး။ ကြောင်သူတော်ဆိုတါမကေါင်းပါဘူးကွယ်။ တဘက်သါးကပြန်မဖြေရှင်းနိုင်အေါင်တဘက်သတ်ပြောနေရေးနေပြီးကြောင်သုတော်လုပ်တါ အင်းပေါ့လေ သင်တန်းတက်ထါးပုံရပါတယ်။

    ReplyDelete
  27. ဘာတွေ လာလပြောထားတာလဲ Anonymous. ကျွန်မမောင်လေးက ကျေးရွာတရွာက ဗွီဒယိုပြတဲ့ ဗွီဒယိုရုံမှာ ပေါ်တာအဖြစ် လှောင်ထားခံရလို့ ရုံကို ကန်ဖြဲရာမှာ ဦးဆောင်ပြီး ပေါ်တာအကုန်လုံးကို လွှတ်အောင်လုပ်ပေးလာခဲ့မှတော့ ဘယ်လိုလုပ်ပြီး စစ်တပ်ထဲပြန်ဝင်မလဲ။ အဓိပ္ပါယ်မရှိတာတွေ အရှက်မရှိဘဲ ကျွန်မဆီမှာ လာမရေးပါနဲ့။ စစ်တပ်ထဲကို ဘယ်သူမှ မ၀င်ချင် ၀င်သမားမရှိလို့ အသက်မပြည့်သေးတဲ့ ကလေးလေးတွေကို မိဘမသိဘဲ အတင်းအဓမ္မဖမ်းဆီးပြီး တပ်ထဲအတင်း သွပ်သွင်းခံနေရလို့ ILO က လိုက်ကူညီနေရတာသာ ကြည့်တော့။ ဘာလဲ အဲဒါကိုလည်း ဒီမိုတွေလိမ်နေတယ်၊ BBC, VOA, DVB, RFA လိမ်နေတယ် ပြောပြီး ကိုယ့်တိုင်းပြည်မကောင်းကြောင်း အပြင်မှာ မဟုတ်ကဟုတ်က ၀ါဒဖြန့်နေတယ်လို့ ပြောချင်သေးလို့လား။ ဒီလိုပြောတယ်ဆိုရင်တော့ မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက်ရှိလျက်နဲ့ အသုံးပြုခွင့်မရသူတွေအဖြစ် သတ်မှတ်ပြီး ရှေးဘ၀ဋ်ကြွေးခံစားနေရသူအဖြစ်ပဲ သဘောထားလိုက်တော့မယ်။ ကဲ Anonymous ကျွန်မကို ဘာမှ ထပ်မပြောနဲ့တော့ မိမိကိုယ်ကိုယ်ပဲ အမြင်မှန်ကို ကြည့်တတ်အောင် ကြိုးစားတော့။ ဘ၀ဆိုတာ တိုတိုလေးပါပဲ အ၀ိဇ္ဇာတွေကို သိပ်ပြီးအဖုံးမခံပါနဲ့။ အသက်ရှိစဉ် အချိန်ကို ကုသိုလ်နဲ့ ယှဉ်ပြီးပဲ အသုံးပြုသင့်ပါတယ်။

    ReplyDelete
  28. တရုပ်သိုင်းကါးများထဲကလိုစု့ထက်စူလူစွမ်းကေါင်းတွေလို တခုပြီးတခုပြီးထွက်လါတေါ့မပြောတတ်တေါ့ပါဘူးကွယ် ဒိုကပို့စ်ထဲမှာရေးထါးတါနဲ့ လက်တွေမြင်ခဲ့ဘူးတါ၂ ခုယှဉ်ပြီး မင်းမေါင်လေးဖြစ်နိုင်ချေရှိတါကိုကူညီစဉ်းစါးပေးတါပါ။ မယုံရင်လဲမတတ်နိုင်ဘူးလေ။ မင်းမိဘတွေကိုနိုင်ငံတော်ကိုစါရေးပြီးအကူအညီတေါင်းကြည့် လို့အဖြေထွက်လါတေါ့မှ အော်မှားခဲ့လေခြင်းလိုနောင်တရ ရင်လဲကေါင်းတါပါဘဲ။ ပေါ်တါတွေလွတ်အေါင်လုပ်ပေးခဲ့တါကေါင်းပါတယ်။ ပေါ်တါဆွဲတယ်ဆိုတါကိုငါလဲမူအါးဖြင့်သဘေါမတူပါဘူး။ အိုင်အယ်အိုကလေးစစ်သါးဒါတွေကတေါ့မင်းတို့ မျက်စိမင်းတို့နားနဲ့ဘဲဆုံးဖြတ်ပြီးယုံချင်တါယုံပေါ့ကွယ် တပ်မတော်က ၁၈နှစ်ပြည့်မှလက်ခံတါအခြေခံမူဘဲ။(စစ်တက်ကသိုယ်လျောက်ရင်တေါ့၁၆နှစ်ပြည့်ရမယ်ပေါ့ကွါ)။ စစ်တက်ကသိုလ်က ကလေးစစ်သါးတွေစုတယ်ဖြစ်ချင်ဖြစ်မှာပေါ့ ၁၆နှစ်သါး ကိုယ်ပိုင်နံပါတ်နဲ့နိုင်ငံထေါက်ပံ့ကြေးရတယ်ဆိုတေါကါ။

    ReplyDelete
  29. Anonymous - မောင်လေးအတွက် ၀ိုင်းစဉ်းစားပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခက်တာက စစ်ခေါင်းဆောင်တွေကို Anonymous အထင်ကြီးသလို ကျွန်မ အထင်မကြီးနိုင်တာက ခက်တယ်။ ကျွန်မသား ဆယ်နှစ်သားလေးတာင် ဗိုလ်သန်းရွှေကို Burmese Hitler လို့ခေါ်ပြီး စစ်ခေါင်းဆောင်တွေ ဘယ်လောက် ကောက်ကျစ်စဉ်းလဲ ယုတ်မာတယ်ဆိုတာ သိတယ်။ လူကြီးလုပ်ပြီး Anonymous ဘာမှမသိတာ အံ့သြပါတယ်။

    "အိုင်အယ်အိုကလေးစစ်သါးဒါတွေကတေါ့မင်းတို့ မျက်စိမင်းတို့နားနဲ့ဘဲဆုံးဖြတ်ပြီးယုံချင်တါယုံပေါ့ကွယ် တပ်မတော်က ၁၈နှစ်ပြည့်မှလက်ခံတါအခြေခံမူဘဲ"

    ဆိုတာနဲ့ ပတ်သက်ပြီး အဲဒါက ILO နဲ့ ကမ္ဘာကို အပြကောင်းအောင် စာရွက်ထဲမှာပဲ ရှိတတယ်။ ကလေးစစ်သားစုဆောင်းခံရတဲ့ မိဘတွေ ဘယ်လောက် သောကရောက်နေတယ် ဆိုတာကိုတကယ်မသိသေးရင်တော့ Anonymous က စိတ်မမှန်သူ ဖြစ်ချင်ဖြစ်မယ်။ တကယ် စိတ်မှန်တဲ့သူဆိုရင် မျက်စိလေးဖွင့် နားလေး နည်းနည်း ဖွင့်ပြီးလေ့လာဖို့၊ တွေ့ရင်လည်း ဗြောင်မငြင်းနေဘဲ အမှန်ကို အမှန်တိုင်းလက်ခံဖို့ အကြံပြုပါတယ်။

    ReplyDelete
  30. အင်းစစ်ခေါင်းဆေါင်တွေကိုအထင်ကြီးတယ်မကြီးဘူးဆိုတါ ကြိုက်သလိုယူနိုင်ပါတယ်။ ရေးသါးသူရဲ့ဥနှောက်အဆင့် အတန်းကိုလိုက်ပြီးတေါ့ပေါ့လေ။ ၁၀နှစ်သါးလေးတေါင် သိလို့မှန်ပြီဆိုရင်လဲ။ ကြည့်ဘူးတါပြောပြတါပါ စဉ်းစါးတတ်ရင်စဉ်းစါးတတ်တဲ့ဥာဏ်ရှိရင် သဘါဝကြသလါးလို့ အမေရိကမှာ လူဖြူအစွန်းရောက်တွေက သူတို့သါးသမီးတွေကိုသင်ပေး တါရှိတယ်လေ အမဲတွေ အါရှသါးတွေ စသဖြင့်ပေါ့ အဖြူမဟုတ်ရင် အကုန်လုံးက အညံ့စါးအနိမ့်စါးမျိုးတွေပေါ့လေ။ အဲတေါ့ အဲဒိချစ်စရာကေါင်မလေး၂ယေါက် အဲဒီ မှတ်တမ်းတင်ဇတ်လမ်းထဲမှာသူတို့ဘါပြောကြတယ်ထင်လဲ ၁၀ နှစ်သမီးလေါက်ပေါ့လေ။ အဲတေါ့အနိုင်ရအေါင် သဘါဝကျကျပြောချင်လဲပြော တတ်အေါင်လေ့လါအုံးပေါ့ကွယ်။ အသိမစုံနိုင်သေးတဲ့ ကလေးကိုငယ်ငယ်ထဲက မဟုတ်တါတွေသင်ပေးထါးပြီး ငါ့ကလေးတေါင်သိတယ်ဆိုလို့ကတေါ့ အင်းပညာရှိများ ၀မ်းတွင်းပြုံးခံရမှာပေါ့လေ။ လါဖတ်ကြည့်သုတွေထဲမှာ ဥနှောက်ရှိသူတွေ ဒီမိုသူတေါင်းစါး ဒိမိုမှအမှန် အယူကိုစွဲစွဲမြဲမြဲမယူသုတွေရှိကြမှာပါ။ အဲဒီလိုတပ်မတော်အကြီးအကဲတွေကိုရေးကြလို့တိုင်ကြလို့ အရေးယူဆေါင်ရွက်ပေးတါတွေ မြင်နိုင်ကြားနိုင်ရင် မြင်ကြမလါးဘဲ။ အထင်ကြီးမကြီးက တေါ့ သူုတို့နိုင်ငံတွက်ဘါလုပ်ဘို့ကြိုးစါးနေသလဲ သုတို့တဦးချင်းရဲ့အရည်အချင်းနိင်ငံချစ်စိတ် ဦးဆေါင်နိုင်မှု့ နဲ့ပုဂ်ဂိုလ်ရေး အကျင့်စါရိတ်တတွေပေါ်မှာ ဘဲဒို့ကဆုံးဖြတ်တယ်။ အဲတေါ့ မင်းတို့အထင်ကြီးနေတဲ့ မစ်စစ်အဲရစ်ကတေါ့ ငါ့စါရင်းထဲမပါတါကြိန်းသေတယ်။ ဒါပေသိမင်းဘယ်သူ ကို အထင်ကြီးတယ်ငါဘယ်သူကိုအထင်ကြီးတယ်ဆိုတါ တသီးတယေါက်ခြင်းခံယူမှု့ဘဲလေ။နွားချေးကြိုက်တဲ့သူနွားချေး ဒိန်ခဲကြိုက်တဲ့သူဒိန်ခဲပေါ့။ စိတ်မှန်မမှန်ကတေါ့ ပါတ်ဝန်းကျင်နဲ့ကိုယ့်အကြောင်းကိုယ်သိဘို့ပါဘဲကွယ်။ နတ်ဝတ်ပုဆိုးတိမ်မီးခိုးဝတ်တဲ့ဘုရင်မကြီးနဲ့ သူ့ငယ်သါးတွေလို့ပြောမလါး ဒါမှမဟုတ် အရူးထေါင်သွါးလည်တဲ့လူကေါင်းကိုအရူးတွေက အရူးလို့ပြောတါဘဲပမါပေးရမလါး။ ဒီမိုရူးနဲ့မစ်စစ်အဲရစ်လှေလူးနဲ့လို့ဘဲပြောရမလါး။ ခြုံ့ပြောရင်တေါ့သမိုင်းကသက်သေပြသွါးပါလိမ့်မယ်။ သမိုင်းက ၁၉၄၈ ခုကနေဒိနေ့ထိတေါ့ပြနေတယ် ဘါမှန်လဲဆိုတါ ရှေ့ဆက်လက်လဲပြနေမှာဘဲ။ သို့ပေသိ လေါကီအမှန်တရားဆိုတါ ဆက်စပ်နှိုင်းယှဉ်မှု့သါဖြစ်တဲ့အတွက် တပ်မတော်မှန်တယ်ဆိုတါအချိန်အခါအခြေအနေနဲ့ ဦးတည်ချက်တခုထဲသေါနိုင်ငံရေးအတွက်အမှန် အဲတေါ့ နဲနဲနားလည်အေါင်ကြိုးစါးလိုက်ပါအုံး။ မင်းမေါင်လေးနာမည်နဲ့နေရပ်နဲ့အကူအညီတေါင်းရင်သက်ဆိုင်ရာတွေက ကူညီမယ်ဆိုတါတေါ့ ငါအသေအချာပြောရဲတယ်။

    ReplyDelete
  31. ရပါတယ် Anonymous ရေ ရှိပါစေတော့ ထိုင်းမှာပျောက်နေတာ မြန်မာပြည်က ကိုယ့်ပြည်သူတွေကို ရေတောင် ၀အောင်မတိုက်နိုင်တဲ့ စစ်ခေါင်းဆောင်တွေ က ကျွန်မမောင်လေးအတွက်တော့ သူတို့ကိုယ်ကျိုး ဘာမှမပါဘဲနဲ့ သီးသန့် ဘာမှ လုပ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်မသားကို ကျွန်မ ဘာမှသင်ပေးတာမဟုတ်ဘူး။ ဗိုလ်သန်းရွှေပုံကိုTV မှာ ကြည့်ပြီး Burmese Hitler လို့ ပြောလိုက်တာကို အံ့သြလွန်းလို့ မိတ်ဆွေတွေကိုတောင် လိုက်ပြောပြနေရသေးတယ်။ ကျွန်မတို့သားတွေက ကျောင်းမှာ ဘာမဆို Critical Thinking နဲ့ သင်ရတာ။ လူကြီးသင်ပေးတိုင်း လက်ခံတဲ့သူတွေ မဟုတ်ဘူး။ သူ့အရွယ်လိုက် Developmental Stage အတိုင်း ဦးနှောက်ကို အသုံးပြုရတာ ဖြစ်တယ်။ ကျွန်မ သင်ပေးရတာ အနန္တဂိုဏ်းဝင်တွေကို ဘယ်လိုရိုသေလေးစားရမယ် ဆိုတာပဲ သင်ရတာ။ ရိုသေရမယ်ဆိုတာနဲ့ မဟုတ်တာကို ညွှန်ကြားရင် လိုက်နာရမယ်လို့ မဆိုလိုဘူး ငါးပါးသီလသင်နေချိန်မှာ သူ့အဖေ ဘီရာသောက်တာ မှားလားမှန်လားမေးရင် နင့်အဖေလုပ်တာတော့မှန်တယ် တခြားလူလုပ်တာ မှားတယ်လို့ ကျွန်မ မသင်ဘူး။ အဖေပဲလုပ်လုပ် အမေပဲလုပ်လုပ် မှားတယ်ပဲ ပြောတယ်။ ဘယ်သူမှားမှား ကိုယ်မမှားဖို့ဘဲ ရေးကြီးတယ်ဆိုတာပဲ သင်တယ်။ မိဘလုပ်နေတာနဲ့ ဘုရားဟောထားတာ ကွဲလွဲနေရင် ဘုရားဟောတာက မှန်တယ်၊ မေမေမှားနေရင် မေမေမှားတယ်လို့ ဘုရားက ဒီလိုဟောထားတယ်ဆိုတာ သားပြန်ထောက်ပြနိုင်တယ်လို့ ကျွန်မသားကို ကျွန်မ အခွင့်အရေး အပြည့်အ၀ပေးထားပါတယ်။ ကျွန်မသားကို မဟုတ်တာသင်လို့လည်း လက်ခံမှာမဟုတ်ဘူး။ ဆစ်ဒနီရောက်နေတယ် မဟုတ်လား ဒီကပညာရေးစနစ်ကို နည်းနည်းလေ့လာပြီးမှ ပြန်ပါ။ နယူးဆောက်ဝေးပြည်နယ်ကို နယူးဆောက်ဝေး အစိုးရကပဲ အုပ်ချုပ်တယ် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလည်း လေ့လာပြီးမှ ပြန်ပါ။

    ReplyDelete
  32. အသက် (၁၈) နှစ်ပြည့်မှ စစ်တပ်ထဲကို မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရှိမှ ၀င်ခွင့်ပြုတယ်ဆိုတဲ့ ၁၉၅၆ ခုနှစ်က ချမှတ်ထားတဲ့ စစ်တပ်ဥပဒေအတိုင်း ဒီနေ့စစ်တပ် လိုက်နာမှု ရှိမရှိ မသိသေးတဲ့ Anonymous သိအောင် Link တွေ ထည့်ပေးလိုက်ပါတယ်။ ဒီမိုမီဒီယာတွေ လိမ်ထားတယ်လို့ မငြင်းပါနဲ့ ဒီထဲမှာ ကလေးတွ၊ မိဘတွေ ကိုယ်တိုင် ပြောထားတာ ပါပါတယ်။ ပြည်သူဆီက တိုက်ရိုက်လာတဲ့ အမှန်တရားတွေကို မီဒီယာက ပြန်ဖေါ်ပြထားတာ ဖြစ်တယ်။

    http://www.humanright-myanmar.com/2010/06/blog-post_22.html

    http://www.humanright-myanmar.com/2010/06/blog-post_3847.html

    http://komoethee.blogspot.com/2010/06/blog-post_18.html

    http://komoethee.blogspot.com/2010/06/blog-post_13.html

    http://komoethee.blogspot.com/2010/06/ilo.html

    ReplyDelete
  33. အသက် ၁၈ နှစ်ပြည့်မှ စစ်တပ်မှာ လက်ခံတယ်လို့ ဘာမှမသိဘဲနဲ့ လာပြောပြီး စစ်တပ်ကောင်းကြောင်း ကျွန်မကို တရားလာဟောတာ မအောင်မြင်လို့ ကျွန်မကို အမျိုးမျိုး မကောင်းပြောနေတဲ့ Anonymous အတွက် နောက်ထပ် Child Soldier တယောက် အကြောင်း ပြန်ထည့်ထားပေးတယ်။ မိဘရော ကလေးတွေပါ ပြောနေကြတာကို လုပ်ကြံပြီး ဖေါ်ပြတယ် လိမ်နေတယ်လို့တော့ ဗြောင်ငြင်းဖို့ မစဉ်းစားနဲ့။
    http://ameetkayinpyi.blogspot.com/2010/06/child-soldier-thuzinoo.html

    ReplyDelete
  34. မငယ်နိုင်ရဲ့မောင်လေးကို တနေ့ပြန်တွေ့မှာပါ။ ကိုယ့်ပြည်သူ၊ ကိုယ့်လူမျိုးကောင်းစားစေချင်တဲ့ သူတွေဟာ ဒုက္ခအမျိုးမျိုး၊မိဘဆွေမျိုးနဲ့ ကွဲခြင်းအမျိုးမျိုးနဲ့ ရင်ဆိုင်ရတာ ဓမတာတစ်ခုပါ။

    ReplyDelete
  35. မငယ်နိုင်ရေ
    ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ. တရားသဘောကိုသိမှာပါ
    မငယ်နိုင်ရဲ.ဖြစ်သမျှက တခြားသူတွေနဲ. သူမတူအောင် ကံဆိုးလွန်းလှပါတယ်
    ဒါကလည်း အရင်တုန်းက စိတ်ပုတ်စိတ်ရုတ်တွေမွေးပြီး သူတပါးကို မကောင်းကြံခဲ.တာတွေ၊ မကောင်းပြောခဲ.တာတွေ၊ သူများသားသမီး သူများမောင်နှမတွေကို ကိုယ်ချင်းမစာမနှာ ရုတ်မာခဲ.တာတွေကြောင်. ပြန်ပြီး ဝဋ်လည်တာပါ.. ဒီနေ.ကစပြီး အကုသိုလ်တွေဆက်မလုပ်ပဲ ကုသိုလ်တွေချည်းလုပ်လိုက်ပါ.. အသက် ၄၀ အရွယ်ဆိုတာ တရားနဲ.ဖြေတတ်ဖို.လည်းကောင်းပါပြီ.. ဖြစ်နေသမျှထဲက ယူတတ်ရင်တရားတွေအများကြီးရမှာပါ.. စိတ်ကောင်းအမြန်ထားနိုင်ပါစေ...

    ReplyDelete
  36. တခြားသူထက် ကံဆိုးပေမဲ့ mg ဆိုတဲ့ ရုရှားရောက် ကြေးစားထက်တော့ ကံကောင်းတာ အမှန်ပဲ။ နောက်ဘ၀ကျရင် အခုလို ဦးနောက်ဖေါက်စား မခံရအောင် အခုကတည်းက ကုသိုလ်တွေရအောင် ပါရမီဖြည့်ပါ။ သူများဘလော့ဂ်မှာ မိန်းမဖြစ်လိုက် ယောက်ျားဖြစ်လိုက် နာမည်တု အမျိုမျိုးနဲ့ လာနှောင့်ယှက်မှ ထမင်းတလုပ်စားရတဲ့ ဘ၀က အမြန်ဆုံး လွတ်ကင်းအောင် အရင် ကြိုးစားပါ။ နောက်ထပ် အရေမရအဖတ်မရ လာရေးရင် ဖျက်မယ်ဆိုတာ အသိပေးလိုက်တယ်။

    ReplyDelete
  37. အော်....
    သက်ကြီးစကား သက်ငယ်ကြား
    ကနေ
    သက်ကြီးစကား သက်ငယ်မခံနိုင်
    ပြောင်းရတော.မယ်

    အသက် ၄၀ အရွယ် တရားတွေတင်ထားတဲ.မိန်းမကြီးက သူ.သားအရယ် ကောင်လေးနဲ. သူက သာပါတယ်ဆိုတာကို
    ပြိုင်နေတာ သနားဖို.တောင်ကောင်းတယ်
    အသာပေးလိုက်ကြပါဗျာ...

    ReplyDelete
  38. ကံဆိုးမသွားရာ မိုးလိုက်လို.ရွာ ဆိုသလိုပါပဲ
    ခုလည်း ကံဆိုးမရောက်နေတဲ. ဘလော.မှာ ကံဆိုးမိုးတွေ ရွာနေပါပြီ

    ReplyDelete
  39. zaw - မင်းတို့က ငါ့ကိုရန်လာစတယ် ငါကကောင်းကောင်း ပြန်ပြောတော့ ဘယ်ခံနိုင်မလဲ။ မင်းတို့လို ပြည်သူ့ဘဏဏ္ဍာနဲ့ မဟုတ်ဘဲ ငါ့လို ကိုယ့်ထမင်းကိုယ်စား ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်စာရိတ်နဲ့ကိုယ် ပညာသင်ပြီး အကုသိုလ်ကင်းကင်းနဲ့ လေးဆယ်ပြည့်အောင် နေရအောင်ပဲ မင်းတို့ ကြိုးစားဦး။ မင်းတို့ ရုရှားက စစ်သားအတော်များများနဲ့ အာဏာရှင်နှောက်မြှီးဆွဲ အတော်များများ ငါအသက်လေးဆယ် ပြည့်တာကိုပဲ အပြစ်ကြီးတခုလို အမြဲတမ်းလာပြောနေတာ တွေ့လို့ တွေးမိတာက
    ဘာလဲ အသက်လေးဆယ် ပြည့်အောင်တောင် လူဖြစ်ခွင့် ရမှာမဟုတ်လို့ အသက်လေးဆယ်မပြည့်ခင် သေရမည့်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် သိနေလို့ အသက်လေးဆယ်အရွယ်ကို အပြစ်ကြီးတခုလို မြင်နေကြတယ်ထင်တယ်။ မြန်မာပြည်က စစ်သားတွေက စည်းစိမ်ယစ်မူးဖို့ အာဏာရှင်ကောင်းစားရေးအတွက် အသက်တွေ ပေးဆပ်နေရလို့ အာဏာရှင်အုပ်စုကလွဲရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြတာများပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး။ မင်းတို့လည်း ကံကောင်းရင် အသက်လေးဆယ်အထိတော့ နေရမှာပါ။ ချိန်တန်ရင် အဲဒီအသက်အရွယ်ကို မင်းတို့လည်း ရောက်မှာပါ မစိုးရိမ်ပါနဲ့။ အသက်လေးဆယ် ပြည့်အောင် နေရမယ်မထင်လို့ ဒီအရွယ်ကို ဘာမှ လိုက်ပြီး မကောင်းမြင်ဝါဒ ဖြစ်မနေပါနဲ့။

    YMBA ငါ့ဘလော့ဂ်က ကံဆိုးမိုးမောင်ကျနေတာလား ကံကောင်းလို့ ဧည့်သည်တွေလာနေလားဆိုတာ ပြန်ကြည့်ဦး။ မင်းတို့က ငါ့ဘလော့ကို ဧည့်သည်မလာအောင် လုပ်နေတဲ့ကြားက မင်းတို့နဲ့ မင်းတို့ အာဏာရှင် ဘလော့ဂ်တွေကို လူမလာဘဲ ငါ့ဘလော့ဂ်ကို ဧည့်သည်တွေလာနေလို့ မခံမရပ်နိုင်ဖြစ်နေကြတာ ကိုယ့်အကုသိုလ်နဲ့ ကိုယ်ပဲ။ ငါလည်း ဘာမှမကူညီနိုင်ဘူး။

    ReplyDelete
  40. ဦးသူတော်June 11, 2011 at 10:40 PM

    အသက်လေးဆယ်နေရတာကို အပျော်ကြီးပျော်နေတာ ကြည်.ရတာဆိုးပါတယ်.. ဒီခန္ဓာကြီးကိုမခင်တွယ်ဖို. ဘုရားက အမျိုးမျိုးတရားပြခဲ.ပေမယ်. ဒီနေ.လူတွေက အသက် ၄၀ ထိဆိုတာ ကံကောင်းတဲ.လူတွေပဲ နေရတာလို.ထင်နေတုန်းပါလား..


    ပညာရလိုလျှင် စာကြည်.
    တရားရလိုလျှင် ခန္ဓာကြည်.
    အပုပ်ကောင်ကို ရုပ်ဆောင်နေခြင်းကို မခင်တွယ်ကြနှင်.

    ReplyDelete
  41. မြန်မာစကားပုံ စုဆောင်းသူJune 11, 2011 at 10:46 PM

    ဦးသူတော် ပါးစပ်က နတ်စကား ထွက်နေပါလား

    မြန်မာစကားပုံ စုဆောင်းသူ

    ReplyDelete
  42. မြန်မာစကားပုံ စုဆောင်သူ ပြောသလို နတ်စကားမဟုတ်ဘူး သူရေးထားတာ သေသေချာချာ ပြန်ဖတ်ကြည့်ပါဦးသူတော်ဆိုတဲ့ မသူတော်က "အသက်လေးဆယ်နေရတာကို အပျော်ကြီးပျော်နေတာ ကြည်.ရတာဆိုးပါတယ်.." ဆိုတော့ သူ ပြောလိုက်မှပဲ အသက်ရှည်တာကိုပဲ အပြစ်တခုလို ဖြစ်နေလို့ အခုပဲ သေကြောင်းကြံရမလိုလို ဖြစ်နေတယ်။ သူတော်ကောင်းနာမည်သုံးပြီး အရေမရအဖတ်မရ လာမရေးပါနဲ့။

    ReplyDelete
  43. မငယ်နိုင်ေ၇ .........

    "မြန်မာစကားပုံ စုဆောင်းသူ" က -

    "ဦးသူတော် ပါးစပ်က နတ်စကား ထွက်နေပါလား"
    လို့ေ၇းသွားတာက

    "ခွေးပါးစပ်က နတ်စကား ထွက်နေပါလား"
    လို့ စောင်းပြောသွားတာ နေမှာပါ...

    "ဦးသူတော်" အမည်ခံပီး မငယ်နိုင်ကို တိုက်ခိုက်နေတဲ့ ၇ု၇ှက "မသူတော် ကောင်" ကို "မြန်မာစကားပုံ စုဆောင်းသူ" က ပညာ၇ှိနည်းနဲ့ သွယ်ဝိုက်ပီးေ၇းသွားတာ နေမှာပါ...

း)

    ReplyDelete
  44. မငယ်နိုင်ေ၇ .........

    "မြန်မာစကားပုံ စုဆောင်းသူ" က -

    "ဦးသူတော် ပါးစပ်က နတ်စကား ထွက်နေပါလား"
    လို့ေ၇းသွားတာက

    "ခွေးပါးစပ်က နတ်စကား ထွက်နေပါလား"
    လို့ စောင်းပြောသွားတာ နေမှာပါ...

    "ဦးသူတော်" အမည်ခံပီး မငယ်နိုင်ကို တိုက်ခိုက်နေတဲ့ ၇ု၇ှက "မသူတော် ကောင်" ကို "မြန်မာစကားပုံ စုဆောင်းသူ" က ပညာ၇ှိနည်းနဲ့ သွယ်ဝိုက်ပီးေ၇းသွားတာ နေမှာပါ...

း)


    "ပညာရလိုလျှင် စာကြည်.
    တရားရလိုလျှင် ခန္ဓာကြည်.
    အပုပ်ကောင်ကို ရုပ်ဆောင်နေခြင်းကို မခင်တွယ်ကြနှင်."
    လို့ "ဦးသူတော်" အမည်ခံ ၇ု၇ှက "မသူတော် ကောင်" က ပြောသွားတဲ့ အပေါ်မှာ "မြန်မာစကားပုံ စုဆောင်းသူ" က ပညာသားပါပါနဲ့ ဆော်သွားတာပါ...


    "အသက်လေးဆယ်နေရတာကို အပျော်ကြီးပျော်နေတာ ကြည်.ရတာဆိုးပါတယ်.. ဒီခန္ဓာကြီးကိုမခင်တွယ်ဖို. ဘုရားက အမျိုးမျိုးတရားပြခဲ.ပေမယ်. ဒီနေ.လူတွေက အသက် ၄၀ ထိဆိုတာ ကံကောင်းတဲ.လူတွေပဲ နေရတာလို.ထင်နေတုန်းပါလား.. "
    လို့ "ဦးသူတော်" အမည်ခံ ၇ု၇ှက "မသူတော် ကောင်" ကေ၇းသွားတာကိုတော့ " မြန်မာစကားပုံ စုဆောင်းသူ" က ဘာမှ ထည့်မပြောသွားဘူး...

    ပေါပေါတောတော နိုင်လွန်းတဲ့ အ၇ူးစကား မို့လို့ ထင်တယ်...

    ReplyDelete
  45. ဥာဏ်ကြီးရှင်တစ်ယောက်က အဓိပ္ပါယ်မရှိတဲ့ စကားပြောသွားတယ်။ ဥာဏ်ကြီးရင် နောက်တစ်ယောက်က အဓိပ္ပါယ်လိုက်ဖွင့်တယ်.... တိုးတတ်အုံးမှာ

    ReplyDelete
  46. အူလေတဲ့ အူလေ
    မောင်သန်းရွှေကို ချစ်တဲ့ ကြောင်စစ်သည်တွေ
    ဘလော့တကာ လှည့်ကာအူတော့
    လူတကာက အထင်သေးတယ်
    ဆွမ်းကြွက်ချေးများ

    မျိုးကြီး

    ReplyDelete
  47. "ဒီပဲယင်းလူသတ်ပွဲမှာ ကြံ့ဖွတ်တွေ မပါဘူး" လို့  ကြိုက်တဲ့ စစ်ဗိုလ် ဆိုင်ယာနိုက် အဆိပ် သောက်ကြေး ငြင်းရဲလား


    ကြိုက်တဲ့ စစ်ဗိုလ် ငြင်းချင်လား၊ "သန်းရွှေ မခိုးပါဘူး" ဆိုတာ။
    ကြိုက်တဲ့ကြေး ခေါ်ပါ။

    "ဒီပဲယင်းလူသတ်ပွဲမှာ ကြံ့ဖွတ်တွေ မပါဘူး" လို့  သမ္မတကြီးသိန်းစိန် အာမခံရဲလား။
    အာမခံရဲရင် လှိုင်မြင့်က CYANIDE အဆိပ် သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။
    မိသားစုလိုက်ကို ဆိုင်ယာနိုက် အဆိပ် သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။
    ကြိုက်တဲ့ ဗိုလ်ကြီးအထက် စစ်ဗိုလ် အားလုံးကို ကျုပ် လှိုင်မြင့်က ဆိုင်ယာနိုက် သောက်ကြေး စိန်ခေါ်ပါတယ်။ ထွက်ခဲ့ကြစမ်းပါ။


    ဒေါက်တာလှိုင်မြင့်


    http://www.demowaiyan.co.cc/2011/05/blog-post_9999.html#more



    (ဒီမိုဝေယံဘလော့မှ ကူးယူ ဖော်ပြပါသည်။)

    ReplyDelete
  48. ရုရှရောက်စစ်ဗိုလ်သို့ ဒေါက်တာလှိုင်မြင့်၏ မှတ်ချက် (၁)June 16, 2011 at 4:06 AM

    ရုရှရောက်စစ်ဗိုလ်သို့ ဒေါက်တာလှိုင်မြင့်၏ မှတ်ချက် (၁)


    "အတွင်းသိကြီး အလွန်သိကြီး ဦးလှိုင်မြင့်ရေ -
    USA Today ကပေးတာ ဒေါ်လာတစ်သန်း မဟုတ်ပါဘူးလို့  ပြောထားတာ ဆက်ရှင်းပါအုံး၊ မေ့သွားမှာစိုးလို့  သတိပေးရတာပါ။"
    .......... လို့ အမည် မဖော်ရဲဘဲ Anonymous အနေနဲ့ ရေးသွားတဲ့ ရုရှားက စစ်ဗိုလ်သို့ ..........


    အေး ... ဒေါ်စု အဲဒီဆု ရတုံးက ကျုပ် ထောင်ထဲမှာ။ ထောင်ထဲမှာက ဘာမှ မသိရဘူး။ ဒေါ်စု က သူ့ ဟာသူ ဆုရတဲ့ငွေလေ။ တိုင်းပြည်က ခိုးထားတာ မဟုတ်ဘူး။ မင်းကို သံတော်ဦးတင်စရာ လိုသေးလို့ လား။ လိုနေတာက ဗိုလ်ချုပ်တွေ ပြည်သူ့ ငွေတွေ ခိုးထားတာ။ ဗိုလ်ချုပ်တွေ သန်းပေါင်း ဘီလျှံ အများကြီး။ ၀ှက်ထားတယ်။

    ဒီလို လုပ်လေ။ မင်းနံမည်ပြောပါ။ ငါ့နံမည်ကျ သုံးပြီး ကိုယ်နံမည်ကျတော့ မဖေါ်ရဲတဲ့ ကိုသတ္တိကြိး။


    တရက် မင်းတို့ "ဗိုလ်ချုပ်တွေ ခိုးတာ မရှိပါဘူး" လို့ သက်သေပြနိုင်ရင် ငါပြောထားပြီးသားလေ.. CYANIDE သောက်ကြေး စိန်ခေါ်ထားပြီးသားလေ။

    သတ္တိရှိရင်၊ မင်းတို့ "ဗိုလ်ချုပ်တွေ မခိုးပါဘူး" လို့  အာမခံရဲရင် ငါစိန်ခေါ်တာ လက်ခံလိုက်လေ။

    နောက် ငါက ငါ့ကိုငါ တတ်တယ်လို့ တခွန်းမှ မပြောထားပါဘူး။ ငါသိတာကို ဘယ်သူ့ မှမကြောက်ဘဲ ပြောရဲတာ တခုဘဲ။ အခု တိုင်းပြည်မှာ ဖြစ်နေတာက တကယ်သိတဲ့ တတ်တဲ့ သူတွေ အများကြီး ရှိတယ်။ မထင်ရင် သေလုနီးနီိး ရန်လုပ်တတ်လို့ ကြောက်နေကြတာ။ ပြောထားတာက ဘာမှမသိသူကို ဆရာတင်နေတဲ့အတွက် သူတို့ ခေါင်းထဲမှာ ဘာမှမသိဘူး ဆိုတာ သေခြာပြီလို့ သာ ပြောထားတာပါ။ပြန်ဖတ်ကြည့်ပါအုံး။ ဗိုလ်မှုးဇော်လင်းနဲ့ စစ်အရာရှိကြီးတဦး ကျုပ်ကို ထောင်ထဲမှာ လာဆွေးနွေးတုံးက "ကျုပ် ဘာမှမတတ်ပါဘူး၊ လူမှားနေပြီ" လို့ ပြောထားပြီးသားပါ။ ကျုပ်ကို "လူတတ်ကြီး" လို့ ပြောတာက မင်းပါ။


    လှိုင်မြင့်


    (ဒီမိုဝေယံဘလော့မှ ကူးယူ ဖော်ပြပါသည်။)

    ReplyDelete
  49. ရုရှရောက်စစ်ဗိုလ်သို့ ဒေါက်တာလှိုင်မြင့်၏ မှတ်ချက် (၂)June 16, 2011 at 4:06 AM

    ရုရှရောက်စစ်ဗိုလ်သို့ ဒေါက်တာလှိုင်မြင့်၏ မှတ်ချက် (၂)


    ကျုပ်သာ ဒေါ်စု နေရာဆိုရင် "ကျမ ပိုင်ဆိုင်တာတွေကြေငြာမယ်။ ဗိုလ်ချုပ်ကြီးတွေ အားလုံး ပိုင်ဆိုင်တာကြေငြာကြေး၊ ထိမ်ချန်ထားတာရှိရင် အကုန်သိမ်းကြေး၊ လူပါ ထောင်ချကြေး" စိန်ခေါ်လိုက်ပြီ။

    နောက် အခု ဒီမိုကရေစီပါတီတွေက တောင်းဆိုနေပါပြီ။ အမတ် ၀င်ပြိုင်မဲ့သူအားလုံး မိမိနှင့် မိသားစုတွေ ပိုင်ဆိုင်တာ တရားဝင် ကြေငြာကြေး။ မင်းတို့ လဲ သမ္မတကြီးကို တောင်းဆိုပေးကြပါဦး။ ဒီလို မကြေငြာဘဲ "လာဘ်စားမှု တိုက်ဖျက်မယ်" ဆိုတာကတော့ " ပြည့်တန်ဆာခေါင်းတွေနဲ့ ဖွဲ့ ထားတဲ့ ပြည့်တန်ဆာ ပပျောက်ရေးအသင်းကြီး" ဖြစ်နေမှာပေါ့။

    နောက် တတိုင်းပြည်လုံး အခု သမ္မတကြီးက အကြံပေးတွေ ဖွဲလိုကတာကို် ၀မ်းသာနေကြတာပါ။ ဒါပေမဲ့ အဖွဲ့ ဝင်အားနည်းနေပါသေးတယ်။ ငါ အခုရေးနေသလို ငါရေးတာ နိမ့်နေတယ် ထင်ရင် လွှဲနေတယ်ထင်ရင် ငါ့ကို ရှုံ့ ချမနေပါနဲ့ ။ ပိုကောင်းတာတွေ ရေးပါ။ ဒါ တိုင်းပြည်စုတ်ပြတ်နေချိန် ကိုယ်သိတာ ရေးကြဖို့ မြန်မာနိုင်ငံသားတိုင်း၊ တိုင်းပြည်ကို တိုးတက်စေချင်စိတ်ဆန္ဒ အမှန်ရှိသူတိုင်းရဲ့ တာဝန်ပါ။ အမျိုးသားရေးတာဝန်ပါ။

    တိုင်းပြည် ဘာကြောင့် စုတ်ပြတ်သွားရတယ် ဆိုတာကို ငါက အမှန်အတိုင်း ရေးထားတာကို မင်းက မကျေနပ်နေတာ။

    မင်းကြိုက်အောင် ငါက ချိုရေးရမှာလား။ လိမ်ရေးပေးစေချင်တာလား။ အဲဒါတော့ ဆောရီး..


    လှိုင်မြင့်


    (ဒီမိုဝေယံဘလော့မှ ကူးယူ ဖော်ပြပါသည်။)

    ReplyDelete
  50. အကြောင်းသိJune 17, 2011 at 4:02 AM

    nyopyar88888 said...

    (( ကဲဗျားးးးး
    ဒေါက်တာလှိုင်မြင့်ကတော့ အဆိပ်သောက်မယ်လို စိန်ခေါ်နေပါပြီးးးးးး ဒေါက်တာလှိုင်မြင့် စိန်ခေါ်တာကို ဘယ်က စစ်ဗိုလ်တွေ ထွက်လာပြီး ရင်ဆိုင်မယ် ဆိုတာကို နောက်ထပ် ၂ ရက်လောက် စောင့်ကြည့်လိုက်မယ်.... မထွက်လာရင်တော့ ကိုယ်အကြောင်း ကိုယ်သိပေါ့ ))



    nyopyar88888ေ၇.........

    စစ်ဗိုလ်တွေက လက်နက်မ၇ှိတဲ့ ၇ဟန်း၇ှင်လူ ပြည်သူတွေကိုသာ တဖက်သတ် ပစ်သတ်၇ဲတာပါ

    အခုလို တကယ်
    တေ့တေ့ဆိုင်ဆိုင် စိန်ခေါ်တာကျတော့ ဘယ်စစ်ဗိုလ်မှ မထွက်၇ဲပါဘူး

    ReplyDelete
  51. I'm not sure why but this site is loading very slow for me. Is anyone else having this problem or is it a problem on my end? I'll check back later on and see if the problem still exists.
    Here is my blog : facet joint pain

    ReplyDelete
  52. Prevention By Mayo Clinic, chronic lower nerve pain is one of
    the care and listening to calming music or meditation.

    This causes your pains may be one of the sciatic nerve is affected in
    the lower nerve pain may result in bone density
    scan.

    Feel free to surf to my website: back pain specialist Adamsville
    Also visit my web blog :: back pain specialist Adamsville

    ReplyDelete
  53. Ugh save me I wanted to share with our whole hearts, instead of
    fear cannot necessarily be avoided. As someone with Emetophobia a few challenges involved with treating Emetophobia.
    The question comes down the sales pitch picks up a product.
    My blog post : emetophobia treatment Parkman

    ReplyDelete
  54. For Mild Cases - Medication Round 1Drugs like ibuprofen and naproxen sodium are given.
    Will my baby has neonatal lupus and systemic affects the entire article it is typically severe in their children
    with FXS of MAI 60. Steroids for example, as the" life during periods of illness that is what keeps individuals with lupus. Aviso Legal: Declinamos toda e qualquer responsabilidade legal advinda da utilizao das informaes acessadas atravs do uso de determinadas medicaes. I feel lucky that I'm imagining it?
    My web site :: Coosa Pines lupus doctor

    ReplyDelete
  55. ClickHEREfor some full examples of kinds of arthritis,
    with the two about vulgar existence degenerative arthritis and rheumy arthritis.
    Get word how Ken institute Alleviation your implements
    of war when exploitation a data processor. This as well deleted the
    our muscles, organs, peel and other tissues relate.
    Spell the reason of carpal tunnel can be a of the human body of the wrist.
    Some my mortise joint, disorder of the charitable uneasy
    scheme. Carpal Canal Operating theater Risks What makes assist add comforter
    and toilet facility for riders who do not necessitate it.


    My site; carpal tunnel specialist Blue Grass
    Here is my website - carpal tunnel specialist Blue Grass

    ReplyDelete
  56. Hi! This is my first visit to your blog! We are a team of volunteers and starting a new project
    in a community in the same niche. Your blog provided us valuable information to work on.
    You have done a extraordinary job!
    my page - swollen ankles without pain

    ReplyDelete
  57. If you travel to your physician and narrate him penury cholesterol in orderliness to furbish up our cells, in edict for our
    brains to purpose and to do hormones.

    my blog post: treatment guidelines for high cholesterol

    ReplyDelete
  58. When you acquire how to an stake, In that respect is a Web log out Thither for it.
    Programmed filters can also be incorporated, oblation exchangeable format programs for MS&L's Boston bureau as intimately as masking all things Digital for the federal agency's PR last line of
    reasoning Blog. Dave: I wish it a dare interview and if they are Using micro-blogging as a instrument or monitoring these forums.


    My web blog; click here

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။