Pages

မြန်မာပြည်မှ အနုပညာ ပါရမီရှင်လေးတဦး



ဒီလိုအနုပညာ ပါရမီပြည့်ဝတဲ့ ကလေးမျိုး မြန်မာပြည်မှာ တွေ့ရတော့ တကယ်ပဲ ၀မ်းသာဂုဏ်ယူမိပါတယ်။ တချိန်တည်းမှာပဲ အံ့မခန်းလောက်အောင် တော်တဲ့ ပါရမီရှင်ကလေး တယောက်ဟာ သူ့ရဲ့တန်ဖိုးရှိတဲ့ အနုပညာလက်ရာတွေကို ဈေးချိုချိုနဲ့ ရောင်းပြီး အသက်မွေးနေရတာကို ကြည့်ပြီး ၀မ်းနည်းမိပါတယ်။ ။ ဒီလောက်တော်တာ တခါမှမတွေ့ဖူးတော့ အိမ်ကသားလေးကိုလည်း မြန်မာပြည်မှာ ဒီလိုတော်တဲ့ကလေးမျိုး ရှိတယ်ဆိုတာ မြင်စေချင်ပြီး ဒီကလေးကိုလည်း ဂုဏ်ပြုရင်း၊ ဘလော့ဂ်မှာလည်း သိမ်းထားရင်း ပြန်လည်မျှဝေ လိုက်ပါတယ်။ Facebook မိတ်ဆွေတဦးတင်ထားတာကို စတွေ့ပြီး လိုက်သွားတော့ မူရင်းတင်ထားတဲ့ Youtube နေရာကို ရောက်သွားပြီး ပြန်ဖေါ်ပြဖြစ်ပါတယ်။ ဒီဗွီဒယိုကို ရိုက်ကူးလာပြီး တင်ပေးသူက နိုင်ငံခြားသား ဖြစ်နိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဗီဒယိုရိုက်ကူးလာသူကို အထူး ကျေးဇူးတင်ပါတယ်။ မူရင်း Source က ဒီမှာ ရှိပါတယ်။

ဗွီဒယိုကိုကြည့်ပြီး ဂုဏ်ယူနိုင်ကြပါစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

Link

26 comments:

  1. တော်လိုက်တဲ.ကလေး
    အဲ.ဒီကလေးက စာတစ်လုံးမှမတတ်ရင်တောင် ကိုယ်လွတ်ရုန်း နိုင်ငံခြားထွက် ပြီး သားသမီးတွေကို အဆင်ပညာတွေသင်ပေး၊ သူများနိုင်ငံအတွက် အလုပ်တွေလုပ်ပေးနေတဲ. ကလေးလူကြီး အားလုံးထက်တော.သာတယ်

    ReplyDelete
  2. အိုပါး (ခေတ္တကိုရီးယား)June 1, 2011 at 7:05 PM

    အသုံးကျတဲ့ကောင်လေးက ၅ မိနစ်အတွင်း ပန်းချီတစ်ခုကို အသက်သွင်းနိုင်တယ်.. အန်တီစုတို့တော့ ၅ လ ကျော်ပြီ ဖင်လှည့်ခေါင်းလှည့်နဲ့ပဲ ကုန်သွားတယ်

    ReplyDelete
  3. Ma NN,

    Thank for sharing ...

    I also share at my FB via Youtube ...

    Hope you will allow me to do so and be delightful for this talented artist ...

    Warmest Regards,

    LL

    ReplyDelete
  4. ရပါတယ် Lun Lunn. ကျွန်မလည်း Facebook မှာ သူများတင်ထားတာကို ပြန် Share ပြီး ဘလော့ဂ်မှာ သိမ်းထားချင်လို့ ဖေါ်ပြဖြစ်တာပါ။ ဘလော့၈်မှာ ဆိုးမိစ္ဆာာတွေ ၀င်သောင်းကျန်းနေလို့ ခြေရာမချန်ခဲ့ပေမဲ့ မိတ်ဆွေတွေ လာလည်နေတာ သိလို့ ၀မ်းသာပါတယ်။

    ReplyDelete
  5. *
    ဘုတ် ဘုတ် အေးလေ.. အစ်မရ.. သူ့ပညာကို နှမျောလိုက်တာ.. . အဲဒီပညာကို ဈေးပေါပေါနဲ့.. လုပ်စားနေရတာကိုလည်း သနားတယ်.. (ဘယ်တတ်နိုင်မလဲလေနော်..)

    *
    Lip Ata တော်လိုက်တာ....

    *
    Aung Myo Min တော်လိုက်တာကွာ... ဒီလာက်တော်ပြီး မြုပ်နေတဲ့ပညာရှင်တွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေလဲ မသိဘူး...

    *
    Tinko Linn တော်ပါတယ်လို့
    Yesterday at 21:48 · LikeUnlike
    *
    Nge Naing တော်လိုက်တာ အံ့ဖွယ်ကောင်းလောက်ကို တော်တယ်၊ ဘယ်ကကလေးလဲ အဲဒါ ဘယ်မှာဆွဲနေတာလဲ။

    *
    Nge Naing အော် ဘယ်မှာလဲဆိုတာ သိပြီ အခုမှ သေသေချာချာ ပြန်ကြည့်ဖြစ်တယ်။ ဒီလိုကလေးမျိုး အနုပညာကျောင်း ကောင်းကောင်းတက်ရရင် ကမ္ဘာကျော်နိုင်တယ်။


    *
    Pyayt Phyo Maung အောင်မြင်မှုဆိုတာအလုပ်လုပ်ခြင်းနဲ့ပဲသက်သေပြလို့ရတယ်

    Myint Cho
    OMG! What a genius! When I was young, I've painted many landscapes and wanted to be a professional painter. Although my dream did not come true, I wish this genius boy to be a very successful professional painter.

    #
    Tay Za Thura ဆေးစက်ကျရာ ပန်းချီဖြစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာပါ။ ဂုဏ်ယူပါတယ် မြန်မာပြည်သူများအတွက်။
    20 hours ago · LikeUnlike
    #
    Aye Lwin ဒါကို သဘောကျရင် သူ့ပညာနဲ့ လူတွေကို အကျိုးပြုရင် သူလည်းစိတ်ချမ်းသာမှာပါ

    Boon Myo Myo အင်း...သူ့လုပ်ချက်လေးတွေ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါ ပန်းချီမဟုတ်ဘူးဗျ အနုပညာ ဖန်တီးမှုတခု မဟုတ်ဘူး လက်မှုပညာ သာဖြစ်ပါတယ်။ ကြာပါပြီ...ကျနော်ပန်းချီကျောင်း တက်ကတည်းက ဗဟန်းကြားတောရလမ်းမှာ (သူ့အရင် အထက်ဆရာတွေဖြစ်နိုင်တယ်) ဒီလိုရေးတာ တွေ့ဖူးပါတယ်။ အနုပညာဖန်တီးမှု ဥပမာ ရှုခင်းကားတကားကို သူရေးသလို Realism နဲ့ရေးမယ်ဆိုရင် အနည်းဆုံး perspective လို့ခေါ်တဲ့ နီးဝေးမြင်ခြင်း သဘောတရားကို နားလည်ဖို့ လိုပါတယ်။

    Zaw Tauru အဆိုးမြင်တာမဟုတ်ဘူးနော်. တစ်ဘက်သားရဲ့ အားနည်းချက်ကိုပြောတာလည်း မဟုတ်ပါဘူး..အများထင်ထားသလို သူဆွဲထားတာ ပန်းချီအသိ ပန်းချီအတတ်ပညာမဟုတ်ပါဘူး.အရုပ်ရေးဆွဲတာဟာ ပန်းချီအနုပညာ မဟုတ်ပါဘူး..ဥပမာ ရှုခင်းပန်းချီကားကို ရေးရင် တကယ့်လိုအပ်တဲ့ အချိန်(Time and weather)တို့  အရောင် အလင်းမှောင် နီးဝေးမြင်ခြင်း အဲဒီသဘောတရားတွေ ရှိပါတယ်။အဲဒါ ပန်းချီအနုပညာ မဟုတ်ဘူးဆိုတဲ့အချက်ကို တကယ်ပါ အားလုံး သိနားလည်စေချင်ပါတယ်။

    Nge Naing ဒီကလေးဆွဲတာကို အနုပညာမဟုတ်ဘူးလို့တော့ ဘယ်လိုမှပြောလို့မရနိုင်ပါဘူး။ အလင်း၊ အမှောင် အချိန်ရာသီတွေ မသိဘဲနဲ့တောင် မွေးရာပါ ပါရမီသက်သက်နဲ့ ဒီလောက်သဘာဝကျအောင် ဆွဲတတ်နေရင် ပန်းချီ အနုပညာကျောင်းတက်ခွင့်ရပြီး ခုနက ပြောတဲ့ အနုပညာ သဘောတရားတွေကိုသာ သိပြီးဆွဲရင် ဒီကလေးဘယ်လောက် တိုးတက်မယ်ဆိုတာ ပန်းချီပညာ လုံးဝနားမလည်တဲ့ သာမန်လူတိုင်း ခန့်မှန်းလို့ ရနိုင်ပါတယ်။
    #

    (((ဒီကလေးဆွဲတာနဲ့ ပတ်သက်ပြီး မူရင်းတင်ထားသူနဲ့ ကျွန်မ Facebook က မှတ်ချက်တချို့ဖြစ်တယ်။ ( Nge Naing)

    ReplyDelete
  6. အရမ်းကောင်းပါတယ်.. facebook က comment တွေကို အချိန်နဲ.တပြေးညီပြန်တင်ပေးပါ.. အဆင်ပြေရင် like လုပ်သွားတဲ.လူအရေအတွက်နဲ. ဘယ်သူတွေလဲဆိုတာကိုပါ တင်ပေးပါလား.. မငယ်နိုင်အားနေတာပဲ။

    ReplyDelete
  7. အဲဒီ စစ်ခွေးတွေက တော်တော်အာရုံ နောက်တာဘဲ၊ မင်းတို့ အလုပ် အကိုင် မရှိဘူးလား? တော်တော် အားနေကြလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက် ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်တွေ.. (ကောင်းသော စစ်သားအချို့ နှင့် မငယ်နိုင်>> ရိုင်းသွားယင် sorry ပါ..)

    ReplyDelete
  8. ဒီပို့စ်မှာ mg တစ်ယောက် ပထမဦးဆုံးရေးသွားတယ်ဆိုလို့ ကျုပ်လည်းမရေးပါပဲ ဘယ့်နှယ် ဘယ်သူရေးသွားပါလိမ့်ဆိုပြီး လာကြည့်မိပါတယ်။

    တွေ့ပါပြီ နောက်တစ်ယောက် mg တစ်ယောက် အပေါ်ဆုံးမှာ ရေးသွားပါလား။ကျေးဇူးဗျာ အခုလို mg တွေ ဆုံတုန်းလေး ကြုံတွေ့ရတာ ၀မ်းသာပါတယ်ဗျာ။
    အပေါ်ဆုံးက mg အတော်ဒုက္ခပေးပါလားဗျ ကျုပ်ကို။ခင်ဗျားရေးနေတာတွေကို ကျုပ်ရေးနေတယ်ထင်တာဗျ။

    တစ်ခုသတိပေးမယ်နော်။လုပ်တတ်တဲ့ လူ့အကျင့်ဆိုးတွေကိုပေါ့ဗျာ။သူများနာမည်ကို ယူပြီး ကိုယ်မကြိုက်တဲ့အဖွဲ့စည်းကို အပြစ်ပြောဖို့အတွက် အောက်တန်းကျတဲ့အသုံးနှုံးတွေနဲ့ တစ်ဖက်က ရေးတယ်။နောက်တစ်ဖက်မှာတော့ သူတော်ကောင်းပုံစံနဲ့ရေးတယ်။ပြောချင်တာကဗျာ တစ်ယောက်ထဲကပဲ နှစ်ကိုယ်ခွဲရေးနေတာပေါ့ဗျာ။ဒီလောက်ပါပဲ။


    ကျုပ်က ပိတောက်မြေ တို့ လွမ်းဆွေတို့မှာပဲ အများစုရေးတာပါ။ကျန်တဲ့ ဘလော့တွေမှာ ရေးလေ့သိပ်မရှိပါဘူး။IP ကိုလည်း mg တွေအားလုံးကိုလည်း စစ်ကြည့်နိုင်ပါတယ်။IP တစ်မျိုးပဲသုံးတယ်။
    ကျုပ်က မနေ့ကမှ ဒီဘလော့ကို မလာတာကြာလို့ လာကြည့်ရင်းနဲ့ ရေးတဲ့အချိန်မှာ ဘာတွေမှန်းမသိတဲ့ ကွန်းမန့်တွေ ဘာတွေမှန်းမသိတဲ့ အရှုပ်ထွေးတွေနဲ့ကြုံရဆုံရတော့ ကျုပ်တောင် အတော်ခေါင်းစားသွားတယ်။

    မငယ်နိုင်ကိုပြောချင်တာက အရင်လိုပဲ ကွန်းမန့်တွေကို Approval ထားတာ အကောင်းဆုံးပါလို့ပြောချင်တယ်။Anonymous တွေကို လက်မခံပါနဲ့။ရိုင်းစိုင်းသော အသုံးနှုံးတွေပါရင် လက်မခံပါနဲ့။သန့်ရှင်းသော တည်ငြိမ်သော ရင့်ကျက်သော အတွေးခေါ် အပြောဆိုများနဲ့ရေးသားထားသော ကွန်းမန့်တွေကိုပဲ ဖတ်ချင် မြင်ချင်မိပါတယ်ဗျာ။

    စေတနာဖြင့်

    mg

    ReplyDelete
  9. ငယ်နိုင်.ယောက်ျား , တုတ်ကြီး, zaw, အပေါ်ဆုံးက mg အားလုံးက တစ်ယောက်တည်းပါ


    အပေါ်ဆုံးက mg = zaw = တုတ်ကြီး = ငယ်နိုင်.ယောက်ျား = SV ယောက်ျား = Tote Kyi = ချက်ကြီး = စားဘဲကြီး = အာပုကျိ(ခေတ္တကိုရီးယား) = စောင်.ကြည်.နေသူတစ်ဦး(ခေတ္တ- မက်ဒရစ်မြို.) = Anonymous

    ReplyDelete
  10. ရုရှားက ပညာတော်သင် စစ်သား တုတ်ကြီးက သူမကြိုက်တဲ့ အဖွဲ့အစည်း (ပြည်သူ့ ဘက်သားတွေ) ကို အပြစ်ပြောဖို့အတွက် တုတ်ကြီး ၊ Tote Kyi ၊ ချက်ကြီး ၊ စားဘဲကြီး ၊ SV ယောက်ျား ၊ ငယ်နိုင်.ယောက်ျား ၊ အာပုကျိ(ခေတ္တကိုရီးယား) ၊ စောင်.ကြည်.နေသူတစ်ဦး(ခေတ္တ- မက်ဒရစ်မြို.) ၊ Anonymous နာမည် အမျိုးမျိုး သုံးပြီး အောက်တန်းကျတဲ့ အသုံးအနှုံးတွေနဲ့ တစ်ဖက်က ရေးတယ်။

    နောက်တစ်ဖက်မှာတော့ တုတ်ကြီးက တည်တည်တန့်တန့် ကွန်းမန့် ရေးလေ့ ရှိတဲ့၊ ဆဲဆိုလေ့ မရှိတဲ့ ပြည်သူ့ ဘက်သား mg နာမည်ရယ်၊ ပြည်သူ့ ဘက်သား zaw နာမည်ရယ်၊ ပြည်သူ့ ဘက်သား hanzaw နာမည်ရယ် ကို မတူတူအောင် တမင် ယူသုံးပြီး သူတော်ကောင်းပုံစံနဲ့ ရေးတယ်။

    ပြောချင်တာကဗျာ၊ တုတ်ကြီး တစ်ယောက်ထဲကပဲ နှစ်ကိုယ်ခွဲ မက ကိုယ်ခွဲပေါင်း အများကြီးနဲ့ ရေးနေတာပေါ့ဗျာ။

    တုတ်ကြီး နာမည်အမျိုးမျိုးထဲက တစ်ခုဖြစ်တဲ့ mg ဆိုတဲ့ နာမည်က ပိတောက်မြေ တို့ ၊ လွမ်းဆွေတို့မှာပဲ အများစု ရေးလေ့ ရှိတဲ့ ရုရှားက ပညာတော်သင် စစ်သား mg နာမည်နဲ့ တူနေတာပါဗျာ။

    ReplyDelete
  11. အလင်းတန်းJune 3, 2011 at 8:59 AM

    အရမ်းသဘောကျလို့  ဒေါင်းသွားပါတယ်အစ်မ အဲလိုမျိုး ဆွဲတာတော့  တွေ့ ဖူးပါတယ်။ ကိုယ်ပါးစပ်ကပြော လိုက်တဲ့ အနေအထား အတိုင်းချက်ချင်း ချဆွဲတာကို။ ဒါပေမယ့်  ဒီလောက်ငယ်ငယ် လေးနဲ့  တော်တဲ့  ချာတိတ်မျိုးတော့  မတွေ့ ဖူးသေးဘူး။ youtube မှာတင်လိုက်တဲ့  နိုင်ငံခြားသားက ခေါင်းစဉ်ကို Yangon,Myanmar လို့ ပေးထားတဲ့  အတွက်မြန်မာနိုင်းငံသား တစ်ယောက်အနေနဲ့  ဂုဏ်ယူမိပါတယ်ဗျာ။ စကားမစပ် အစ်မရေးထားတာ ဆေးပေါပေါ ဖြစ်နေတယ် ဈေးပေါပေါလားလို့ ရေးရမှာမဟုတ်လား

    ReplyDelete
  12. ကျေးဇူးတင်တယ်။ အလင်းတန်း ပြင်လိုက်ပြီ

    ReplyDelete
  13. ပြင်လိုက်ပါအုံး မငယ်နိုင်
    တဦး = တစ်ဦး
    တယောက် = တစ်ယောက်

    ReplyDelete
  14. Nge Naing said...

    Anonymous (June 3, 2011 6:46 PM) - ဖတ်ဖို့ အောက်က Link ကို တကူးတက သွားရှာပေးထားပါတယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ သိသွားအောင် သွားဖတ် ဖြစ်အောင်သွားဖတ်ဖို့ မေတ္တာရပ်ခံပါတယ်။
    http://aungthange.blogspot.com/2009/03/blog-post.html
    တခု၊ တကောင် တယောက်က အမှန်လား တစ်ခု၊ တစ်ကောင်၊ တစ်ယောက်က အမှန်လားဆိုတာကို နောက်အချိန်ရမှ ကိုယ်ပိုင်အတွေ့အကြုံလေးကို အခြေခံပြီး သီးခြား ပို့စ်လေးတခုလည်း တင်ပေးဖို့ ရှိပါတယ်။ စောင့်ဖတ်နိုင်ပါတယ်။

    ReplyDelete
  15. "တခု၊ တကောင်၊ တယောက်" ဆိုတာက ရေးထုံး အမှန်ပါ။

    "တစ်ခု၊ တစ်ကောင်၊ တစ်ယောက်" ဆိုတာက တတ်ယောင်ကား နေ၀င်းက ဖျက်ဆီးလိုက်လို့ အတည်ပြုလိုက်လို့ ဒီနေ့အထိ တရားဝင် သုံးစွဲနေရတဲ့ ရေးထုံးအမှားပါ။

    နေ၀င်းက နားမလည်ပါးမလည်နဲ့ တတ်ယောင်ကား လုပ်ပြီး ဆရာ လုပ်တာကို မြန်မာစာ ပါမောက္ခတွေ အပါအဝင် ပညာရှင်တွေက အမှန်ကို သိလျက်နဲ့ နေဝင်းကို ဗောင်းတော်ငြိမ့် စိတ်တော်သိ လုပ်ပြီး အရူး ဘုံမြှောက်ပေးခဲ့ကြလို့ မြန်မာစာရေးထုံးအမှန်ကို ပစ်ပယ်ပြီး အခုလို ကိုးယိုးကားယား ရေးထုံးအသစ်ကို အတည်ပြုခဲ့ကြတာပါ။

    ဒီ "တခု၊ တကောင်၊ တယောက်" အကြောင်း အပြည့်အစုံကို ကိုအောင်သာငယ် တင်ပြထားတာကို ဒီလင့် ( http://aungthange.blogspot.com/2009/03/blog-post.html ) မှာ ဖတ်လို့ ရပါတယ်။


    "တစ်ခု၊ တစ်ကောင်၊ တစ်ယောက်" ကိစ္စ၏ မူလတရားခံကတော့ ဗမာပြည်ကို အစအဆုံး ဖျက်ဆီးခဲ့သည့် ဦးနေ၀င်းသာ ဖြစ်သည်။ တပြည်လုံးကို ဖျက်ဆီးမှတော့ ဗမာစာလည်း ဘယ်မှာကျန်လိမ့်မည်နည်း။

    တတ်ယောင်ကား ၀င်လုပ်သော ဦးနေ၀င်းကို ဖော်လံဖားခဲ့သည့် ပညာရှင်များကြောင့် ၁၉၈၀ ကျော်နှစ်များမှာ မြန်မာစာရေးထုံး ကမောက်ကမဖြစ် ကုန်ပြီး အားလုံး - "တစ်ခု၊ တစ်ကောင်၊ တစ်ယောက်" - တွေ ဖြစ်ကုန် သည်မှာ ယနေ့အထိပင် ဖြစ်လေသည်။ သို့ကြောင့်လည်း သည်ကိစ္စကို ဆန့်ကျင်သည့် အနေဖြင့် ကျနော် တို့က - "တခု၊ တကောင်၊ တယောက်" - ကိုသာ ယနေ့အထိ သုံးနေကြခြင်း ဖြစ်သည်။

    သည်လောက်ဆို ကျနော် စာလုံးပေါင်းမမှားကြောင်းနှင့် - တခု၊ တကောင်၊ တယောက် - ဟု ဘာကြောင့် ကျနော်တို့ သုံးစွဲနေကြောင်း သိလောက် ပေပြီ။


    http://aungthange.blogspot.com/2009/03/blog-post.html

    ReplyDelete
  16. မနာလိုလို့တိုက်ခိုက်တာမဟုတ်ပါဒီမိုဆိုပြီးရမ်းနေရင်ဒီမိုသမားတွေတေါင်လိုင်းပြောင်းသွားမယ်ဘာလို့လဲဆိုတော့ရေးသူတွေဟာသမိုင်းကိုမသိသေချာမရေးပဲနအဖကိုတိုက်ခိုက်ချင်တာတခုနဲ့ေ၇းနေကြလို့ပါဖြတ်လေးဖြတ်ဆိုတာအရင်ကဗကပနဲ့မြစ်ဝကျွန်းပေါ်မှာသောင်းကျန်းခဲ့တဲ့သူတွေကိုသြောင်းကျန်းမှုဒဏ်ခံနေရတဲ့ပြည်သူတွေနဲ့ပေါင်းတိုက်ပေးခဲ့တာပါပြည်သူတွေသောင်းကျန်းမှုဒဏ်ဘယ်လိုခံခဲ့၇လည်းစာဖတ်ကြပါလို့တိုက်တွန်းပါတယ်နအဖတိုက်တာနဲ့မတူပါဘူးစာေ၇းသူဟာနာမည်ာကီးအောင်လိုက်လုပ်နေပုံ၇ပါတယ်စဉ်းစားတင်ပေးပါကျနော်တို့လညိးဒီမိုသမားတွေပါသောက်၇မ်းတွေတော့လက်မခံဘူးဗျာဒါပါပဲကျေးဇူးပါသတိပြုဖို့လေးပါ

    ReplyDelete
  17. အပေါ်က ဖြတ်လေးဖြတ်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ မှတ်ချက်က ပို့စ်မှားနေလို့ ကျွန်မ ပြန်ကူးပြီး ပို့စ်အမှန်အောက်ကို ပို့ထားပေးပါတယ်။ စကားလုံး တခုစီကြားမှာပိုဒ်ခွဲဖို့ Space bar မခံထားတဲ့အတွက် အဆုံးထိ ဖတ်လို့မရ ဖြစ်နေတဲ့ ဒီမှတ်ချက်ကို ဖတ်လို့ရအောင် Space bar ခြားပေးပြီး ဖြတ်လေးဖြတ်အကြောင်း ရေးထားတဲ့ ပို့စ် (http://nge-naing.blogspot.com/2011/05/blog-post_29.html) အောက်မှာ သွားထည့်ပြီး အကြောင်းပြန်ထားပေးတာကို အဲဒီအောက်မှာ ပြန်သွားဖတ်နိုင်ပါတယ်။

    ReplyDelete
  18. ကျွန်တော် မြန်မာပြည်မှ အနုပညာ ပါရမီရှင်
    လေးတဦး ကို သဘောကျလွန်းလို့  ကူးယူ၍
    ကျွန်တာ် ဘလော့မှာ တင်လိုက်ပါတယ် ။ ခွင့်ပြု
    ချက်မတောင်းပဲ ကူးယူ၍ တင်မိသည့် အတွက်
    အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ ။
    တဆက်တည်း တင်ခွင့်ပြုပါရန် ခွင့်တောင်းအပ်ပါသည် ခင်ဗျာ ။ကျွန်တော် တင်ရာတွင် အစ်မ ၏ ဘလော့ မှ ကူးယူကြောင်း ထည့်သွင်းရေးသား ထားပါခင်ဗျာ.......
    ကျွန်တော် ရဲ့  ဘလော့ လေးကို လာရောက် လည်ပတ်ပါရန် ဖိတ်ခေါ်ပါတယ် ခင်ဗျာ.. လင့် လေးချှိတ်ခွင့်ပြုပါရန် ပန်ကြားအပ်ပါသည် ခင်ဗျာ....

    http://saimyinttun.blogspot.com

    လေးစားလျှက် ..(နန်းကြာဦး)

    ReplyDelete
  19. ရပါတယ် နန်းကြာဦး. ကျွန်မလည်း Facebook မှာ သူများတင်ထားတာကို ပြန် Share ပြီး ဘလော့ဂ်မှာ သိမ်းထားချင်လို့ ဖေါ်ပြဖြစ်တာပါ။

    ReplyDelete
  20. ကျွနတော် မြင်ဖူးတုန်းကလဲ လူလတ်ပိုင်းတစ်ယောက်ဆွဲတာ ရောင်စုံနဲ့ အေဖိုး ဆိုဒ်လောက်ကိုမှ သုံးရာ လေးရာလောက်နဲ့ ရောင်းနေရတာဗျာ. ကျန်ခဲ့တဲ့ ကိုးနှစ်လောက်ကပေါ့..

    ညဈေးတန်းမှာ ဆွဲပြရင်း ရောင်းတာပါ။ ရေနံဆီ မီးခွက်လေး ထွန်းပြီးဆွဲတာဗျ... ဒါတောင် အရောင်တွေကို အတော်ချိန်ညှိထားနိုင်တယ်..သူက ဘလိတ်ဓါးနဲ့ပဲ ခြစ်တယ်.... အဲဒါမျိုးကို သူတို့ပြောတာတော့ ဓားခြစ်ပန်းချီတဲ့ လက်ရာတွေက ကောင်းပါတယ်.. ဒါပေမယ့် အဲဒီအနုပညာနဲ့ သူတို့ ၀မ်းမ၀ဘူးဖြစ်နေကြတယ် လို့ပဲ အကဲခတ်မိတယ်။

    ReplyDelete
  21. ကိုင်း တွေ.ပြီ မဟုတ်ပါတကား....

    ဓားခြစ်ပန်းချီပညာရှင် တွေဟာ အင်မတန် ထူးချွန်တဲ. အဆင်. ရှိတာတောင် သူတို.ရဲ. အလွန်တန်ဖိုးရှိတဲ့ အနုပညာကို ကျပ်ငွေလေး ၄ဝဝ နဲ.အလကားပဲတင်း ပေါပေါလောလော ရောင်းစားနေရတဲ. တိုင်းပြည်မှာ အာဏာကို မတရား ယူထားပြီး အစိုးရ အမည်ခံထားတဲ့ သူခိုးကြီးသန်းရွှေ က ပြည်သူ.ငွေ ဒေါ်လာ သန်းပေါင်း ၄ဝဝဝ ကျော် ခိုးထားပြီး တရုတ်ပြည်မှာ နန်းတော်လို အိမ်ကြီးတွေ၊ ခြံကြီးတွေ ဝယ်ထားတာကို အသင်တို.အနေနဲ. သတိမူကြလော.


    စစ်ရာဇဝတ်ကောင် သူခိုးကြီးသန်းရွှေ
    ရဲ. ဟောက်စား ခြောက်စား၊ ဖြတ်စား လျှပ်စား၊ ခိုးစား ဆိုးစား၊ ရစ်စား ညှစ်စား၊ လာဘ်စား သတ်စား တာတွေကို.... အားကျ အတုမယူကြလင်.

    http://www.myanmarwikileaks.org/2010/12/blog-post_31.html

    ReplyDelete
  22. အလင်းတန်းJune 16, 2011 at 10:54 AM

    ရုရှက ကောင်တွေ ...

    နေရင်းထိုင်ရင်းနဲ့  သူများ အိမ် ထောင်ရေး ပြို ကွဲအောင် လျှောက်လုပ်နေတဲ့ ကောင်တွေ၊ အမျိုးသမီး တစ်ယောက်ကို အောက်တန်းကျတဲ့  နည်းနဲ့ တိုက်ခိုက် တတ်တဲ့ ကောင် တွေ၊ အဲလိုကောင်မျိုး တွေရဲ့  စိတ်ဓာတ်က ဘယ်လို စိတ်ဓာတ်မျိုးလဲ။

    မင်းတို့ ကောင်တွေ တပ်မတော် သားတွေဖြစ်ပြီး တော့  အဲဒီလောက် အထိ စိတ်ဓာတ် အဆင့် အတန်း နိမ့် ကျလွန်းပါလား။

    ကျုပ်ဘ၀မှာ ယောင်္ကျားဖြစ်ပြီးတော့  မိန်းမလိုမိန်းမရ ပြောတတ်တဲ့  ကောင်တွေကို လောက် သောက်မြင်ကပ်တာ မရှိဘူး။

    ReplyDelete
  23. ရုရှက ဖွတ်ကြားတွေရေ.....


    မင်းတို့ရဲ့ အကျင့်ဆိုးတွေကို ပြင်တော့..

    မင်းတို့ရဲ့ လိမ်စဉ်တွေ ("နောက်မီးလင်းတယ်" ဆိုတဲ့ ဇာတ်လမ်းတွေ) ကို ဘယ်သူမှ မယုံတော့ဘူး..

    ယုတ္တိမရှိတာတွေကို ရပ်တန်းကရပ်တော့..



    အူလေတဲ့ အူလေ
    မောင်သန်းရွှေကို ချစ်တဲ့ ကြောင်စစ်သည်တွေ
    ဘလော့တကာ လှည့်ကာအူတော့
    လူတကာက အထင်သေးတယ်
    ဆွမ်းကြွက်ချေးများ

    မျိုးကြီး



    ရုရှက ဖွတ်ကြားများ


    http://arrluelay.blogspot.com/2010/02/blog-post_2557.html

    ReplyDelete
  24. စစ်ခွေးတွေဟာ အီးမေးလ် သူခိုးဖြစ်ပါတယ်။

    အရပ်ထဲမှာ ထမိန်သူခိုးနဲ့ အဆင့်တူပေါ့။

    ReplyDelete
  25. genius MM boy ,thank for sharing,
    I want to know the name and his address or contact Ph no. I want to buy his drawing and help him as much as I can .
    Plz email me .

    ReplyDelete
  26. ပါရမီဖြည့်လိုတဲ့ဆန္ဒအတွက် သာဓုခေါ်ပါတယ် Soe Minn. ဒါပေမဲ့ ဒါကို ကျွန်မက youtube မှာ တင်ထားတဲ့နေရာကပဲ ကူးပြီးဖေါ်ပြတဲ့အတွက် အဲဒီကလေးနဲ့ပတ်သက်ပြီး အချက်အလက်တွေကို မသိရဘူး။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။