Pages
၁၉၈၈ က ၄င်းကိုယ်တိုင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ထောက်လှမ်းရေးဟောင်း တဦးက ၀န်ခံလိုက်ခြင်း
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ထူးထူးဟန်ခေါ် သြစကြေးလျားမှာ ခိုလှုံနေတဲ့ စစ်ထောက်လှမ်းရေးဟာင်းတဦးက ၄င်းစစ်တပ်ထဲမှာရှိစဉ် ၈၈ တုန်းက စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့တဲ့အကြောင်း ထုတ်ဖေါ်ပြောဆို ၀န်ခံလိုက်တဲ့သတင်းတပုဒ် ABC သတင်းမှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။ စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သူ မှန်ပါက အမှားကို အမှားမှန်းသိပြီး အမှန်တရားကို ရဲဝံ့စွာ ထုတ်ဖေါ်ဝန်ခံတဲ့ ကိုထူးထူးဟန်ကို ကြိုဆိုပါတယ်။
(ဒီသတင်းနဲ့ ပတ်သက်ပြီး သြစကြေးလျားက Ten NEWS နဲ့ SBS သတင်းဌာနက အင်တာဗျူးလုပ်ပြီး Youtube နဲ့ ဖေါ်ပြထားတဲ့ နောက်ဆက်တွဲ သတင်းနှစ်ပုဒ်ကို အောက်မှာ ထပ်ဖြည့်ပေးထားပါတယ်။ ဗွီဒီယိုဖိုင် ပို့လာပေးတဲ့ ဒေါက်မြင့်ချိုကို ကျေးဇူးတင်ပါတယ်။ Nge Naing- 21/7/11)
မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို သြစတြေလျနိုင်ငံသား မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ဝန်ခံလိုက်ပါသည်။
မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ်တွင် သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု ကို ကျူးလွန်ခဲ့သည်ဟု သြစတြေလျနိုင်ငံတွင် နေထိုင်သော မြန်မာဒုက္ခသည်တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ မြန်မာစစ်အစိုးရ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင်သူ ၂၄ ဦးကို သေဒဏ်စီရင်သော ထိုသေဒဏ်စီရင် ကွပ်မျက်မှု ၂၄ ခု ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ယခုအခါ သြစတြေလျနိုင်ငံသား ဖြစ်နေပြီဖြစ်သော မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ဆိုသည်။
ကိုထူးထူးဟန်သည် ၁၉၈၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ မြန်မာ့တပ်မတော် စစ်ထောက်လှမ်းရေးဌာနတွင် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖြတ်ရန် အဓိကလုပ်ဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့တဖွဲ့ကို ဦးဆောင်ရသော စစ်ထောက်လှမ်းရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟု ပြောသည်။
"ကျွန်တော် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်၊ ကျွန်တော် စစ်ရာဇဝတ်ကောင်ပါ" ဟု ကိုထူးထူးဟန်က ဆိုသည်။
"ကျွန်တော် တိရစ္ဆာန်တကောင်လို နေလာခဲ့တာ အတော် ကြာပါပြီ။ နှစ် ၂ဝ လုံးလုံး ရင်ထဲမှာ မျိုသိပ် သိမ်းဆည်းထားရတာတွေကို အခု လွှတ်ထုတ် ဖွင့်ချလိုက်ချင်တယ်၊ ကျနော် သတ်ပစ်လိုက်တဲ့ လူတွေရဲ့ မိဘတွေကို ဝမ်းနည်းတယ် လို့ ပြောချင်တယ်" ဟု ကိုထူးထူးဟန်က ဆိုသည်။
ကိုထူးထူးဟန်က စစ်ရာဇဝတ်မှုများကို သူ ကျူးလွန်ခဲ့သည် ဆိုသည်ကို အာဏာပိုင်များထံသို့ တိုက်ရိုက် သွားပြီး ပြောလျှင် အာဏာပိုင်များက သူ ပြောပြသည်ကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မပြုပဲ နေမည်ကို စိုးရိမ်သဖြင့် သတင်းဌာနများကို ချဉ်းကပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
ကလေးငယ် သုံးဦး၏ ဖခင် အသက် ၄၄ နှစ် အရွယ်ရှိ ကိုထူးထူးဟန်က မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများအတွက် တရားဥပဒေနှင့်အညီ စီရင်မှုကို ခံယူရန် မျှော်လင့်ထားပြီး ဩစတြေလျအာဏာပိုင်များထံသို့ မိမိဖာသာ သွားရောက် အပ်နှံ အဖမ်းခံရန် အဆင်သင့်ပြင်ထားပါသည်ဟု ဆိုသည်။
မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင်သော ကျောင်းသားအဖွဲ့များအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ဆန္ဒပြသူများအဖြစ် ဟန်ဆောင် လှုပ်ရှားသော စစ်ထောက်လှမ်းရေးအဖွဲ့ တဖွဲ့ကို သူ ဦးဆောင်ခဲ့သည်ဟု ဆိုသည်။
ကိုထူးထူးဟန်သည် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင် ဆန္ဒပြသူ ၂၄ ဦးကို သေဒဏ်စီရင် ကွပ်မျက်ခဲ့သည့်အပြင် စစ်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆော
င် အဖြစ် အခြား လူသတ်မှုပေါင်း ၁ဝဝ ကျော်တွင်လည်း သွယ်ဝိုက်ပြီး ပတ်သက်နေသည်ဟု ပြောသည်။
"ကျနော်တို့က ဆန္ဒပြသူတွေကို ဖျက်ဆီးချေမှုန်းပစ်တယ်၊ `ဖျက်ဆီးချေမှုန်းပစ်တယ်´ ဆိုတာ `သတ်ပစ်တယ်´ လို့ ဆိုလိုတာပါ" ဟု ကိုထူးထူးဟန်က ပြောသည်။
ကိုထူးထူးဟန်က သူ သတ်ဖြတ်ခဲ့သော လူများ၏ ဦးခေါင်းအနောက်ဘက် နောက်စေ့နေရာသို့ သေနတ်ဖြင့် ပစ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် မြန်မာစစ်အစိုးရ၏ သတ်ဖြတ်ခံရသူများထဲတွင် အရှင်လတ်လတ် မြေမြှုပ် ခံခဲ့ရပြီးမှ အလောင်းများကို ပြန်တူးဖော်ပြီး မီးရှို့ခံခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိသည်ကို ကိုထူးထူးဟန်က သိရှိသည်ဟု ဆိုသည်။
"ဒိုင်း ကနဲ ပစ်လိုက်ရုံပဲ၊ သိပ်မြန်တယ်၊ ကျနော် မနှိပ်စက်ဘူး" ဟု သူ ကျူးလွန်ခဲ့သော သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု နှင့် ပတ်သက်ပြီး ကိုထူးထူးဟန်က ရှင်းပြသည်။
ကိုထူးထူးဟန်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် မိမိကို မိမိ အပြစ်ရှိသည်ဟု ခံစားနေရသော စိတ်ဝေဒနာ၏ ဖိစီးမှုကို ဆက်လက် မခံစားနိုင်တော့သဖြင့် ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်သည် သြစတြေလျနိုင်ငံသား ဖြစ်နေသည်မှာ ၁ဝ နှစ် ကျော်ပြီ ဖြစ်သည်။ ကိုထူးထူးဟန် ဩစတြေလျနိုင်ငံသို့ မလာမီကပင် သူ၏ သခင်ဟောင်း မြန်မာစစ်အာဏာပိုင်များကို ကျောခိုင်းခဲ့ခြင်း ဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကြောင့် မြန်မာစစ်အာဏာပိုင်များက ကိုထူးထူးဟန်၏ အသက်ကိုပင် လုပ်ကြံရန် ကြံစည်သည်ကို ခံခဲ့ရသည်ဟု ကိုထူးထူးဟန်က ဆိုသည်။
ကိုထူးထူးဟန်သည် ဩစတြေလျနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစပြီး ကျောင်းများတွင် ဟောပြောခြင်း၊ ကမ္ဘာတလွှားတွင် ဖြစ်ပွားနေသော ဖိနှိပ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အာရုံစိုက်ရန် သူ၏ အနုပညာကျွမ်းကျင်မှုကို အသုံးပြုခြင်းများ လုပ်ဆောင်လျက် မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။
ကိုထူးထူးဟန်က ဩစတြေလျနိုင်ငံတွင် ရာဇဝတ်မှုနှင့် မကင်းသော မည်သည့် လုပ်ရပ်မျိုးတွင်မှ မပါဝင်ခဲ့ပါ ဟု အခိုင်အမာ ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများကို ဩစတြေလျနိုင်ငံမှ လူအများ သိရှိလာစေရန် ရည်ရွယ်ပြီး ဩစတြေလျနိုင်ငံတွင် ကိုထူးထူးဟန် လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုတခုကို ၂ဝဝ၃ ခုနှစ်တွင် SBS ရုပ်မြင်သံကြားဌာနက မှတ်တမ်းဗွီဒီယို ရိုက်ကူးခဲ့သည်။
မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန် အနေဖြင့် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများနှင့် ထိုက်တန်သည့် နှစ်ရှည်ထောင်ဒဏ် အပါအဝင် မည်သည့် တရားစီရင်ချက်မျိုးကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ကိုထူးထူးဟန်က မြန်မာ့တပ်မတော် စစ်ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်စဉ်က သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများကို ယခုကဲ့သို့ ဝန်ခံခြင်းကြောင့် သူ၏ ကလေးများကို မည်သည့်အခါတွင်မှ ပြန်လည် မတွေ့ဆုံနိုင်တော့မည့် အခြေအနေ ဖြစ်လာနိုင်သည်ကိုလည်း သိပါသည်။ သို့သော် သူ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံကာ အဖမ်းခံခဲ့သည်ကို သူ၏ ကလေးများက တနေ့နေ့တချိန်ချိန်တွင် နားလည်လာနိုင်ကြမည်ဟု ကိုထူးထူးဟန်က မျှော်လင့်သည်။
"ကျနော့်အနေနဲ့ ကျနော့်ကလေးတွေကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့မယ့် အခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ ကျနော့် မိန်းမနဲ့ ကလေးတွေကတော့ အရမ်း ငိုကြမယ် ထင်တယ်" ဟု ကိုထူးထူးဟန်က ဆိုသည်။
"ဒါပေမယ့် မြန်မာပြည်မှာ အမေပေါင်း ထောင်ပေါင်းများစွာက ငိုနေကြပါတယ်" ဟု မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော ကိုထူးထူးဟန်က ဆိုသည်။
မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ပြောဆိုချက်များကို ဩစတြေလျနိုင်ငံ ရှေ့နေချုပ် မစ္စတာ ရောဘတ် မက် ကလယ်လန် က အလွန့်အလွန် အရေးကြီးသည်ဟု သတ်မှတ်ပြီး ဤကိစ္စကို ဩစတြေလျ ပြည်ထောင်စု ရဲအဖွဲ့က ဆန်းစစ်လေ့လာ အကဲဖြတ်မည်ဟု ပြောဆိုသည်။
"ဩစတြေလျ လူ့အဖွဲ့အစည်းကို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ ဘေးရန်က ကာကွယ်ဖို့ နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စနစ်တကျ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ရေးကို သေချာပေါက် ရနိုင်စေဖို့ ခိုင်မာတဲ့ အစီအစဉ်တွေ နေသားတကျ ရှိပြီးသားပါ" ဟု ရှေ့နေချုပ် မစ္စတာ မက် ကလယ်လန် က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
AAP သတင်းဌာန
( ဖတ်ရထောက်နေတဲ့ အရင် ကျွန်မကိုယ့်ဖါသာ ပြန်ထားတာကို ဖတ်ရ အဆင်ပြေသွားအောင် အဓိပ္ပါယ်တိကျပြီး ပြေပြစ်ချောမွေ့အောင် ဘာသာပြန်ပြီး မှတ်ချက်မှာ လာထည့်ပေးခဲ့တဲ့ အမည်မဖေါ်သူကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြန်ထားတာကို ဖျက်လိုက်ပြီး အမည်မဖေါ်သူရဲ့ Professional ကျကျ ဘာသာပြန်ထားတဲ့ စာသားတွေနဲ့ အစားသွင်းထားလိုက်လို့ စာဖတ်သူများ အားလုံး အဆင်ပြေသွားပြီလို့ မျှော်လင့်ပါတယ်။ မူရင်း အင်္ဂလိပ်လိုကို အောက်မှာ ဖတ်နိုင်ပါတယ်။ ခေါင်းစဉ်ကို နှိပ်လိုက်ရင် ကျွန်မကူးလာတဲ့ မူရင်း ABC သတင်းနေရာကို ရောက်မှာ ဖြစ်တယ်။)
Ten NEWS
SBS News
Australian confesses to Burma war crimes
A Burmese refugee living in Australia says he committed 24 executions while working undercover for the Burmese military regime and says he was involved in at least another 100 murders.
Htoo Htoo Han, now an Australian citizen, says he performed the executions during the 1988 anti-government uprising that swept Burma, resulting in thousands of deaths.
Han says he worked as an undercover officer in Burmese military intelligence from 1987 until 1992, leading a group whose main role was to identify targets and kill them.
"I did it, I am a war criminal," he said.
"For so long I have lived like an animal.
"Now I want to release what I carry inside for 20 years. I want to say sorry to the mothers and fathers of the people I killed."
Han says he chose to approach the media with his story, fearing it might not be told if he went directly to authorities.
The 44-year-old father of three young children says he expects to be dealt with and is ready to turn himself over to Australian authorities.
He says he led a group that infiltrated student groups and masqueraded as protesters.
As leader of the group, he says he was also indirectly involved in at least 100 other murders.
"We destroy them ... destroy means kill," Han said.
He says he killed his victims with a bullet to the back of the head, but is aware of others who were buried alive and their bodies incinerated.
"Just bang, very quick. I don't do torture," he said.
Han has come forward because he says he can no longer live with his guilt.
An Australian citizen for more than a decade, Han says he turned his back on his former Burmese masters before coming to this country, a decision he claims resulted in an attempt on his own life.
Since arriving here he has campaigned widely in Australia against his former government, speaking in schools and using his artistic skills to focus on repression and human rights abuses around the world.
He insists he has not engaged in any criminal activity in Australia.
In 2003, SBS television made a documentary around a campaign he conducted in Australia to raise awareness of human rights abuses in Burma.
Han says he is prepared to face whatever justice he deserves, including a long jail term.
He also acknowledges he may never see his children again, but he hopes they will come to understand what he has done.
"I am prepared for this. I think my wife and kids for sure will cry a lot," he said.
"But in Burma a thousand mothers cry."
AAP
Topics: law-crime-and-justice, unrest-conflict-and-war, murder-and-manslaughter, crime, human, australia, burma
First posted July 18, 2011 13:37:07
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
129 comments:
  1. ဘာတွေရေးထားတာလဲ မငယ်နိုင်
    ကိုယ်ဘာကိုယ်ရောဖတ်တတ်ရဲ.လား
    ပိုစ်.တင်ရပြီးရောဆိုပြီး တွေ.သမျှ အကုန်ကူးမချပါနဲ.
    ဖောင်.လေးဘာလေး ပြင်ပါအုံး
    အသက် ၄၄ နွစ်ရွိပျြီဖစ္တဲ့ ထူးထူးဟန်ခေါ် သြစေကြးလ်ားမွာ ခိုလှုံနေတဲ့ စစ်သားဟောင်းတဦးက စစ်ရာဇ၀တ္မှုကို ၄င်းစစ္တပ္ထဲမွာရွိစဉ် ၈၈ တုန်းက က်ူးလြန္ခဲ့တဲ့အေကြာင်းကို ထုတ်ဖေါ်ျေပာဆို ၀န္ခံလိုက္တဲ့သတင်းတပုဒ် ABC သတင်းမွာ တြေ့လို့ မူရင်းအတိုင်း တင်ပေးလိုက္ပါတယ်။စစ်ရာဇ၀တ္မှုကို က်ူးလြန္ခဲ့သ္လောည်း အမွားကို အမွားမွန်းသိပြီး အမွန္တရားကို ရဲဝံ့စြာ ထုတ်ဖေါ်ဝန္ခံတဲ့ ကိုထူးထူးဟန္ကို ကြိုဆိုပါတယ်။ လုပ္ခဲ့တဲ့သူကိုယ္တိုင် ၀န္ခံတယ္ဆိုတော့ ဒီသတင်းကိုတော့ သတင်းမွားတယ် မီဒီယာလိမ္တယ္လို့ စောတကတက္လို့ ရမယ္မထင္ဘူး။ အခုပဲ အိမ်ျပန်ရောက်ပြီး မအားသေးလို့ နောက်အခိန်ရင်တော့ ဘာသျာပန္မယ်။ ဒီအေတာအတြင်း စာလာဖတ်သူတြေထဲကျပန်ပေးထားခဲ့ရင္လည်း အထူးပဲ ကေ်းဇူးတင္မျွာဖစ္တယ်။
    အဲဒါတွေက ဘယ်လိုအသံထွက်ရမှာတုန်း
    ReplyDelete
  2. အဲဒါ mg သုံးနေတဲ့ ကွန်ပြူတာ နဲ့ပဲ ဆိုင်ပါတယ်။ IE နဲ့ တခြားအင်တာနက်တွေနဲ့ ၀င်ရင်လည်း ဖြစ်နိုင်တယ်။ ဒီဘလော့ဂ်ကို ဖတ်ရင် Mozilla Fire Fox နဲ့ ဖတ်တာ အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။
    ReplyDelete
  3. မောင်မောင်ယဉ်ကျေးJuly 19, 2011 at 2:02 AM
    ဟုတ်ပါတယ် ဖောင့်ပြသနာကြောင့် စာတွေ ကောင်းမွန်စွာ ဖတ်လို့မရတာပါ.. IE နဲ့ဝင်ဖတ်တဲ့ သူတိုင်း ကြုံရမဲ့ အခက်အခဲ တခုလို့ထင်ပါတယ်... IE နဲ့ ၀င်ဖတ်တဲ့ အခါ အပေါ်ဆုံး ဘယ်ဘက်ဒေါင့်ကို ကြည့်လိုက်ပါ... Choose font Here ဘေးရှိ အကွက်လေးထဲက Zawgyi-One နဲ့ unicode နှစ်ခုရှိတဲ့ အနက်က Unicode ဆိုတာလေးကို ကလစ်ပေးလိုက်ရင်ကောင်းမွန်စွာ ဖတ်လို့ရပါတယ်..firefox နဲ့ဖတ်ရင်တော့ ပြင်စရာမလိုဘဲ ဖတ်လို့ရပါတယ်...( တချို့ စက်တွေမှာတော့ IE နဲ့ဝင်ဖတ်ရင် ဒီလိုဖောင့်ပြသနာ ကြုံချင်မှ ကြုံမှာပါ..မိမိစက်ထဲသွင်းထားတဲ့ ဖောင့်တွေနဲ့ဆိုင်နိုင်ပါတယ်)
    http://imageshack.us/photo/my-images/193/21678253.png/
    ReplyDelete
  4. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၁)
    မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို သြစတြေလျနိုင်ငံသား မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ဝန်ခံခြင်း
    မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ်တွင် သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု ကို ကျူးလွန်ခဲ့သည်ဟု သြစတြေလျနိုင်ငံတွင် နေထိုင်သော မြန်မာဒုက္ခသည်တဦးက ပြောဆိုသည်။
    မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ မြန်မာစစ်အစိုးရ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင်သူ ၂၄ ဦးကို သေဒဏ်စီရင်သော ထိုသေဒဏ်စီရင် ကွပ်မျက်မှု ၂၄ ခု ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ယခုအခါ သြစတြေလျနိုင်ငံသား ဖြစ်နေပြီဖြစ်သော မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ဆိုသည်။
    ReplyDelete
  5. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၂)
    ကိုထူးထူးဟန်သည် ၁၉၈၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ မြန်မာ့တပ်မတော် စစ်ထောက်လှမ်းရေးဌာနတွင် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖြတ်ရန် အဓိကလုပ်ဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့တဖွဲ့ကို ဦးဆောင်ရသော စစ်ထောက်လှမ်းရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟု ပြောသည်။
    "ကျွန်တော် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်၊ ကျွန်တော် စစ်ရာဇဝတ်ကောင်ပါ" ဟု ကိုထူးထူးဟန်က ဆိုသည်။
    "ကျွန်တော် တိရစ္ဆာန်တကောင်လို နေလာခဲ့တာ အတော် ကြာပါပြီ။ နှစ် ၂ဝ လုံးလုံး ရင်ထဲမှာ မျိုသိပ် သိမ်းဆည်းထားရတာတွေကို အခု လွှတ်ထုတ် ဖွင့်ချလိုက်ချင်တယ်၊ ကျနော် သတ်ပစ်လိုက်တဲ့ လူတွေရဲ့ မိဘတွေကို ဝမ်းနည်းတယ် လို့ ပြောချင်တယ်" ဟု ကိုထူးထူးဟန်က ဆိုသည်။
    ကိုထူးထူးဟန်က စစ်ရာဇဝတ်မှုများကို သူ ကျူးလွန်ခဲ့သည် ဆိုသည်ကို အာဏာပိုင်များထံသို့ တိုက်ရိုက် သွားပြီး ပြောလျှင် အာဏာပိုင်များက သူ ပြောပြသည်ကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မပြုပဲ နေမည်ကို စိုးရိမ်သဖြင့် သတင်းဌာနများကို ချဉ်းကပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
    ကလေးငယ် သုံးဦး၏ ဖခင် အသက် ၄၄ နှစ် အရွယ်ရှိ ကိုထူးထူးဟန်က မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများအတွက် တရားဥပဒေနှင့်အညီ စီရင်မှုကို ခံယူရန် မျှော်လင့်ထားပြီး ဩစတြေလျအာဏာပိုင်များထံသို့ မိမိဖာသာ သွားရောက် အပ်နှံ အဖမ်းခံရန် အဆင်သင့်ပြင်ထားပါသည်ဟု ဆိုသည်။
    ReplyDelete
  6. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၃)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင်သော ကျောင်းသားအဖွဲ့များအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ဆန္ဒပြသူများအဖြစ် ဟန်ဆောင် လှုပ်ရှားသော စစ်ထောက်လှမ်းရေးအဖွဲ့ တဖွဲ့ကို သူ ဦးဆောင်ခဲ့သည်ဟု ဆိုသည်။
    ကိုထူးထူးဟန်သည် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် အစိုးရဆန့်ကျင် ဆန္ဒပြသူ ၂၄ ဦးကို သေဒဏ်စီရင် ကွပ်မျက်ခဲ့သည့်အပြင် စစ်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် အဖြစ် အခြား လူသတ်မှုပေါင်း ၁ဝဝ ကျော်တွင်လည်း သွယ်ဝိုက်ပြီး ပတ်သက်နေသည်ဟု ပြောသည်။
    "ကျနော်တို့က ဆန္ဒပြသူတွေကို ဖျက်ဆီးချေမှုန်းပစ်တယ်၊ `ဖျက်ဆီးချေမှုန်းပစ်တယ်´ ဆိုတာ `သတ်ပစ်တယ်´ လို့ ဆိုလိုတာပါ" ဟု ကိုထူးထူးဟန်က ပြောသည်။
    ကိုထူးထူးဟန်က သူ သတ်ဖြတ်ခဲ့သော လူများ၏ ဦးခေါင်းအနောက်ဘက် နောက်စေ့နေရာသို့ သေနတ်ဖြင့် ပစ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် မြန်မာစစ်အစိုးရ၏ သတ်ဖြတ်ခံရသူများထဲတွင် အရှင်လတ်လတ် မြေမြှုပ် ခံခဲ့ရပြီးမှ အလောင်းများကို ပြန်တူးဖော်ပြီး မီးရှို့ခံခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိသည်ကို ကိုထူးထူးဟန်က သိရှိသည်ဟု ဆိုသည်။
    "ဒိုင်း ကနဲ ပစ်လိုက်ရုံပဲ၊ သိပ်မြန်တယ်၊ ကျနော် မနှိပ်စက်ဘူး" ဟု သူ ကျူးလွန်ခဲ့သော သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု နှင့် ပတ်သက်ပြီး ကိုထူးထူးဟန်က ရှင်းပြသည်။
    ကိုထူးထူးဟန်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် မိမိကို မိမိ အပြစ်ရှိသည်ဟု ခံစားနေရသော စိတ်ဝေဒနာ၏ ဖိစီးမှုကို ဆက်လက် မခံစားနိုင်တော့သဖြင့် ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်ဟု ဆိုသည်။
    ReplyDelete
  7. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၄)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်သည် သြစတြေလျနိုင်ငံသား ဖြစ်နေသည်မှာ ၁ဝ နှစ် ကျော်ပြီ ဖြစ်သည်။ ကိုထူးထူးဟန် ဩစတြေလျနိုင်ငံသို့ မလာမီကပင် သူ၏ သခင်ဟောင်း မြန်မာစစ်အာဏာပိုင်များကို ကျောခိုင်းခဲ့ခြင်း ဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကြောင့် မြန်မာစစ်အာဏာပိုင်များက ကိုထူးထူးဟန်၏ အသက်ကိုပင် လုပ်ကြံရန် ကြံစည်သည်ကို ခံခဲ့ရသည်ဟု ကိုထူးထူးဟန်က ဆိုသည်။
    ကိုထူးထူးဟန်သည် ဩစတြေလျနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစပြီး ကျောင်းများတွင် ဟောပြောခြင်း၊ ကမ္ဘာတလွှားတွင် ဖြစ်ပွားနေသော ဖိနှိပ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အာရုံစိုက်ရန် သူ၏ အနုပညာကျွမ်းကျင်မှုကို အသုံးပြုခြင်းများ လုပ်ဆောင်လျက် မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။
    ကိုထူးထူးဟန်က ဩစတြေလျနိုင်ငံတွင် ရာဇဝတ်မှုနှင့် မကင်းသော မည်သည့် လုပ်ရပ်မျိုးတွင်မှ မပါဝင်ခဲ့ပါ ဟု အခိုင်အမာ ပြောဆိုသည်။
    မြန်မာနိုင်ငံအတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများကို ဩစတြေလျနိုင်ငံမှ လူအများ သိရှိလာစေရန် ရည်ရွယ်ပြီး ဩစတြေလျနိုင်ငံတွင် ကိုထူးထူးဟန် လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုတခုကို ၂ဝဝ၃ ခုနှစ်တွင် SBS ရုပ်မြင်သံကြားဌာနက မှတ်တမ်းဗွီဒီယို ရိုက်ကူးခဲ့သည်။
    ReplyDelete
  8. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၅)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန် အနေဖြင့် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများနှင့် ထိုက်တန်သည့် နှစ်ရှည်ထောင်ဒဏ် အပါအဝင် မည်သည့် တရားစီရင်ချက်မျိုးကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
    ကိုထူးထူးဟန်က မြန်မာ့တပ်မတော် စစ်ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်စဉ်က သူ ကျူးလွန်ခဲ့သည့် လူသတ်မှုများ အပါအဝင် ရာဇဝတ်မှုများကို ယခုကဲ့သို့ ဝန်ခံခြင်းကြောင့် သူ၏ ကလေးများကို မည်သည့်အခါတွင်မှ ပြန်လည် မတွေ့ဆုံနိုင်တော့မည့် အခြေအနေ ဖြစ်လာနိုင်သည်ကိုလည်း သိပါသည်။ သို့သော် သူ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံကာ အဖမ်းခံခဲ့သည်ကို သူ၏ ကလေးများက တနေ့နေ့တချိန်ချိန်တွင် နားလည်လာနိုင်ကြမည်ဟု ကိုထူးထူးဟန်က မျှော်လင့်သည်။
    "ကျနော့်အနေနဲ့ ကျနော့်ကလေးတွေကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့မယ့် အခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ ကျနော့် မိန်းမနဲ့ ကလေးတွေကတော့ အရမ်း ငိုကြမယ် ထင်တယ်" ဟု ကိုထူးထူးဟန်က ဆိုသည်။
    "ဒါပေမယ့် မြန်မာပြည်မှာ အမေပေါင်း ထောင်ပေါင်းများစွာက ငိုနေကြပါတယ်" ဟု မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော ကိုထူးထူးဟန်က ဆိုသည်။
    ReplyDelete
  9. မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဝန်ခံခြင်း (၆)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ပြောဆိုချက်များကို ဩစတြေလျနိုင်ငံ ရှေ့နေချုပ် မစ္စတာ ရောဘတ် မက် ကလယ်လန် က အလွန့်အလွန် အရေးကြီးသည်ဟု သတ်မှတ်ပြီး ဤကိစ္စကို ဩစတြေလျ ပြည်ထောင်စု ရဲအဖွဲ့က ဆန်းစစ်လေ့လာ အကဲဖြတ်မည်ဟု ပြောဆိုသည်။
    "ဩစတြေလျ လူ့အဖွဲ့အစည်းကို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ ဘေးရန်က ကာကွယ်ဖို့ နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စနစ်တကျ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ရေးကို သေချာပေါက် ရနိုင်စေဖို့ ခိုင်မာတဲ့ အစီအစဉ်တွေ နေသားတကျ ရှိပြီးသားပါ" ဟု ရှေ့နေချုပ် မစ္စတာ မက် ကလယ်လန် က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
    AAP သတင်းဌာန
    Topics: law-crime-and-justice, unrest-conflict-and-war, murder-and-manslaughter, crime, human, australia, burma
    First posted July 18, 2011 13:37:07
    Australian confesses to Burma war crimes
    ABC သတင်းဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော သတင်း
    http://www.abc.net.au/news/2011-07-18/australian-burma-war-crimes/2798988
    ReplyDelete
  10. မောင်မောင်ယဉ်ကျေးနဲ့
    ဒီပို့စ်ကို ကျွန်မ ဘာသာပြန်ထားတာ အဆင်မပြေ မချောမွေ့ ဖြစ်နေတာကို အဓိပ္ပါယ်ပိုတိကျပြီး ဖတ်ရ အဆင်ပြေချောမွေ့အောင် ဘာသာပြန်ပေးကာ မှတ်ချက်မှာ လာထည့်ပေးခဲ့တဲ့ အမည်မဖေါ်သူကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဖတ်ရထောက်နေတဲ့ ကျွန်မကိုယ့်ဖါသာ ပြန်ထားပြီး တာကို ဖျက်လိုက်ပြီး အစားသွင်းထားလိုက်ပါတယ်။ အင်္ဂလိပ်လို ဖတ်ရအခက်အခဲ ဖြစ်နေသူတွေအတွက် အတော်အသင့် အဆင်ပြေအောင် စေတနာအရ ဘာသာပြန်ခဲ့ပေမဲ့ ကျွန်မက ဘာသာစကားမှာ အရမ်းအားနည်းပြီး ဝေါဟာရလည်းသိပ် မကျွမ်းကျင်တော့ ဒီအခက်အခဲကို အမြဲကြုံရပါတယ်။ ကျွန်မဘလော့က ပုဂ္ဂိုလ်ရေးဘလော့ဂ်သာ ဖြစ်ပြီး ၀ါသနာအရ ဘလော့ဂ်ရေးနေပြီး ဒီလိုအများသိသင့်တဲ့ပို့စ်တွေကို ကျွမ်းကျင်လို့မဟုတ်ဘဲ စေတနာအရ မိမိသိသလောက်ကို တင်ရတာသာ ဖြစ်လို့ အားနည်းချက်တွေ ရှိပါတယ်။ အခုလို စာလာဖတ်သူတွေအထဲမှ ကူညီပေးတာကို ဘာသာပြန်တဲ့ နေရာမှ မဟုတ်ဘူး ဘယ်နေရာမှာမဆို အကြံပြု ပြုပြင်ပေးသူအားလုံးကို ၀မ်းသာစွာ ကြိုဆိုပါတယ်။ ကျေးဇူးအထူး တင်ပါတယ်။
    July 19, 2011 10:59 AM
    ReplyDelete
  11. မျိုးဆက်သစ်လူငယ်July 19, 2011 at 2:58 PM
    အစ်မငယ်နိုင်ရေ..
    မနေ့က နဲ့ ဒီနေ့မှာ အရမ်း လူဖတ်များနေတဲ့ ဒီပို့စ်ကို တင်ပေးလို့ အထူး ကျေးဇူးတင်ပါတယ်၊ အစ်မ..
    ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို
    "၁၉၈၈ က ၄င်းကိုယ်တိုင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ထောက်လှမ်းရေးဟောင်း တဦးက ၀န်ခံလိုက်ခြင်း"
    လို့ ပြင်လိုက်ရင် ပိုကောင်းပါမယ်..
    "များ" ဆိုတဲ့ စကားတလုံး ပါတာနဲ့ မပါတာကို နှိုင်းယှဉ်ပြီး ဖတ်ကြည့်ရင် အဓိပ္ပာယ် လေးနက်မှုက အရမ်း ကွာသွားတယ်၊ အစ်မ..
    အစ်မ ပြန်ဖတ်ကြည့်လိုက်ပါ..
    "များ" ထည့်လိုက်မှ အမှန်အတိုင်း ဖြစ်သွားမှာပါ..
    "များ" ထည့်လိုက်မှ အဓိပ္ပာယ် ပိုပြီး လေးနက်သွားမှာပါ၊ အစ်မ..
    ReplyDelete
  12. မျိုးဆက်သစ်လူငယ် အကြံပြုတဲ့အတိုင်း ပြင်လိုက်ပါပြီ၊ ဒီပို့စ်ကို လူတွေ တော်တော်စိတ်ဝင်စားတာတော့ အမှန်ပဲ။ တင်ပြီး၂၄ နာရီအတွင်း လူလာအများဆုံးပို့စ် ဖြစ်နေတယ်။
    ReplyDelete
  13. လမ်းပေါ်မှာ စီးတဲ့ ဧရာဝတီ
    ကျနော် မငိုဘူးအမေ
    အခန်းတံခါးတွေကို အလုံပိတ်
    မီးပွင့်တွေ အကုန်မှိတ်ပြီး
    တိတ်တဆိတ် အိပ်ခဲ့ရတဲ့ ညတွေမှာ
    ငါဘာတွေ မှားခဲ့ လို့ လည်းဆိုတဲ့ မေးခွန်းတခုနဲ့ 
    သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ်။
    ပထမနေ့ 
    မေတ္တာတရားရဲ့ ပဲ့ တင်သံတွေ
    လမ်းမတွေပေါ်ကိုလွှမ်း
    သံဃာတော်တွေ ခင်းနေတဲ့ လမ်းဘေးမှာ
    လက်အုပ်ချီ မျက်ရည်ဝဲ
    ကျနော်ရဲ့ ခြေထောက်တွေကို
    ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ အမေ။
    ဒုတိယနေ့ 
    မိုးထဲ ရေထဲ ခြေဗလာနဲ့ 
    မေတ္တာဝေ ကျတဲ့ ပွဲမှာ
    လူငယ်တွေ ပြည်သူတွေ
    ရွှေဝါရောင် စီးကြောင်း ဘေးက ခြံရံ
    ဧရာဝတီ အသစ်းတခု
    လမ်းပေါ်ကို လျှံထွက်ကျ
    မေမေ ရေ အဲဒီနေ့ ကတော့
    ကျနော် ကိုယ်တိုင် ဧရာဝတီ ဖြစ်ခဲ့ရပေါ့။
    နောက်တနေ့ ရိုးရိုးလေးပါပဲ အမေ
    အမေရဲ့ အပူကို အန်တု
    ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့ 
    သံဃာ့အာဇာနည် တို့ အတွက်
    အုပ်တချပ် သဲတပွင့်
    ကျနော် အသေအချာကို ဖြစ်ခဲ့တယ် အမေ။
    ဗုဒ္ဖဘာသာ ထွန်းကားတဲ့ နိုင်ငံက
    ဗုဒ္ဖဘာသာ ၀င်တယောက်ဖြစ်တဲ့ အမေ
    ကျနော့်ရဲ့ လုပ်ရက်တွေ အတွက်
    သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ်။
    ကျနော့် စိတ်နဲ့ မတန်တဲ့ 
    အချို့ သော သူတွေ့ရဲ့ အကြောင်း
    အမေ့ကို စာလုံးပေါင်းပြ မနေတော့ပါဘူး။
    အရူးတကာ့ အရူးထဲမှာမှ
    အဆိုးဆုံးဆိုတဲ့ အာဏာရူး
    ပြီးတော့ သူ့ နှုတ်မှာမှ အမိန့် ပေးခွင့်
    သူ့ လက်အောက်မှာက
    ငရဲ နဲ့ တောင် မတန်တဲ့ 
    မိစ္ဆာတွေ
    သူတို့ ရဲ့ လက်ထဲမှာက လူသတ်လက်နက်
    မေမေရေ
    ဒီနိုင်ငံရဲ့ အနာဂါတ် သူတို့ လက်ထဲကို
    ဘယ်လိုစိတ်နဲ ကျနော်တို့အပ်ရမလည်း။
    မေမေရေ
    ရိုက်နှက်ခံ ဒဏ်ရာဗလာပွနဲ့ 
    ပြန်လွန်တော် မူခဲ့ကြရှာတဲ့ 
    သံဃာတော်အချို့ ရဲ့ ဝိဥာဉ်တွေ
    ကျနော့်ကို လာစကားပြောနေတယ်။
    (အရှေ့ အရပ် ရှိသော အနန္တ စကြာဝဠာအနန္တ သတ္တ၀ါတို့ 
    ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြပါစေ။ ဒေါသ ခပ်သိမ်းငြိမ်းကြပါစေ။
    ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ )
    ငါတို့ မေတ္တာတရားဆိုတဲ့ အလင်းနဲ့ 
    ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ်တဲ့ 
    ဟုတ်တယ်အမေ
    အားလုံးဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
    ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုန်းဒုန်းတီးပြီး
    ညာသံပေး ချီတက်လာသံတွေ
    မျက်ရည်ယိုဗုံးခွဲသံတွေ
    သေနတ်ပစ်သံတွေ
    အော်ဟစ် ဆဲဆိုသံတွေ
    နောက်…. ကြိမ်းမောင်းရိုက်နှက်သံတွေ
    အဲဒီအသံတွေ ရောက်မလာခင်အချိန်ထိ
    တနိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ 
    မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းခြင်းအတိ
    ပြီးနေခဲ့ပါတယ် အမေ။
    မေမေရေ
    မိစ္ဆာတို့ ရဲ့ ကျည်တတောင့်ကို နှလုံးသားထဲ
    ထိုးဖောက်ဝင်ရောက်ခွင့် ပြုလိုက်ရတဲ့ 
    ကျောင်းသား တယောက်ရဲ့ ဝိဥာဉ်က
    ကျနော့် ကို စကားတွေ လာပြောတယ်။
    (သံဃာတော်တွေကို ကျနော် ရှစ်ခိုးတယ်။
    သံဃာတော်တွေ လိုအပ်သမျှကို ကျနော် လှူဒါန်းတယ်။
    သံဃာတော်တွေနဲ့ အတူ သတ္တ၀ါတွေ အားလုံးကို
    ကျနော် မေတ္တာပို့ တယ်။
    ကျနော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။
    ကျနော် အဖြူစင်ဆုံး စိတ်တခုနဲ့ 
    အလုပ်သင့်ဆုံး အလုပ်တခုကိုပဲ လုပ်ခဲ့တာပါတ)ဲ့ ။
    ဟုတ်တယ် အမေ။
    ကျောင်းသားတွေ၊ွလူငယ်တွေ၊ပြည်သူတွေ၊
    သံဃာတော်တွေ ဖောက်တဲ့ လမ်းနောက်ကို
    ပျော်လို့ လျှောက်လိုက်နေတာ မဟုတ်ပါဘူး။
    အမျိုးဘာသာ သာသနာကို နားလည်လို့ 
    အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့ 
    အမှန်တရားဘက်က ရပ်တည် ရမယ်ဆိုတဲ့ အသိရှိခဲ့လို့ 
    နောက်ပြီး တတ်နိုင်တဲ့ အားလေးတခုနဲ့ နိစ္ဆဓူဝ ဘ၀တွေထဲက
    ဖြစ်ဖြစ်နေတဲ့ မဖြစ်သင့်တာတွေကို လျော့ပစ်နိုင်ဖို့ 
    သိတ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့ မပို့်နဲ့ 
    လမ်းပေါ်ကို ထွက်ခဲ့ကြတာပါ။
    အမှားအယွင်းဆိုတာနဲ့ ဝေးတဲ့ 
    အဖြူရောင် လူငယ်လေးတွေဆိုတဲ့ ရင်ဘတ်ကို
    အနီရောင်သွေးတွေလွှမ်းအောင်ပစ်ခတ်
    သူတို့ တွေ လုပ်ရက်ခဲ့ကြတယ် အမေ။
    မေမေရေ
    အဲဒီတော်လှန်ရေးမှာ
    ဘုရားရင်ပြင်တော်တွေက အစ
    စစ်မြေပြင်ဖြစ်ခဲ့ရတယ်။
    သံဃာတော်တွေရဲ့ သွေးက စလို့ 
    ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး
    မိစ္ဆာတွေ မြိန်ရေ ယှက်ရေ သောက်သုံးခဲ့ကြတယ်။
    မေမေရေ
    အပြောင်းအလဲတခုအတွက်
    အသက်ဝိဥာဉ်တွေ စတေးဖို့ လိုအပ်တယ်တဲ့။
    ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုအတွက်၊ အမှန်တရားအတွက်
    ဒီထက်ပိုပြီး ဘယ်လောက်ထိတောင်
    ထပ်ပေးဆပ်ရအုံးမှာလည်းဆိုတဲ့ အမေး။
    ဖြေနိုင်သူတွေကို မေးကြည့်ပေးပါအုံး မေမေ။
    မိုးပေါ်ထောင်ဖောက်ဖို့ မဟုတ်တဲ့ သေနတ်တွေ
    အလှပြထားတာ မဟုတ်တဲ့ ဝါးရင်းတုတ်တွေ
    အဲဒါတွေ ထားလိုက်ပါ မေမေ။
    သေချာတာ တခုက တော့
    ဘယ်လောက် သတ်သတ်
    ဘယ်လောက်သေသေ
    လမ်းပေါ်က ဧရာဝတီဟာ
    ကျနော်တို့ ရဲ့  ရင်ဘတ်ထဲမှာ
    ထာဝရ စီးဆင်းနေအုံးမယ် ဆိုတာပါ။
    ကဗျာရွတ်ဆိုမှု - နေဘုန်းလတ်
    ReplyDelete
  14. မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေ အများကြီး ဖြစ်ခဲ့တာပဲ
    စစ်ဗိုလ်၊ စစ်သားတွေ ကျူးလွန်ခဲ့တာ နှစ် ၅ဝ ၇ှိနေပြီ
    ထောက်လှမ်းေ၇းဗိုလ် ထူးထူးဟန် တော့ ဝန်ခံပြီးပြီ
    ပြီးတော့ ဘယ်သူတွေ ဝန်ခံဦးမလဲ
    ReplyDelete
  15. သန်းရွှေ
    မောင်အေး
    သိန်းစိန်
    တင်အောင်မြင့်ဦး
ေ၇ွှမန်း
    မင်းအောင်လှိုင်
    မင်းတို့ကော စစ်၇ာဇဝတ်မှုတွေကို ဝန်ခံမှာလား
    ဝန်ခံခံ မခံခံ ၇ာဇဝတ်ဘေးက ပြေးမလွတ်ပါဘူးကွာ
    မင်းတို့ကို စောင့်နေတယ်
    ReplyDelete
  16. စစ်အာဏာရှင်၏ လက်ကိုင်တုတ် မြန်မာစစ်တပ်က လူ ၃ဝဝဝ ကျော် သတ်ဖြတ်မှု (၁၉၈၈)
    လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီး
    ဒေါမာန်ဟုန်
    (ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ)
    http://www.scribd.com/doc/7181732/-Bertil-Lintner-Outrage-Burma
    ReplyDelete
  17. သန်းရွှေ၏ လူသတ်မှု (၁၉၉၈)
    လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲ
    ၁၉၉၈ ခုနှစ်၊ မေလက တနင်္သာရီတိုင်း၊ ခရစ္စတီးကျွန်းပေါ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို သန်းရွှေ၏ အမိန့်အရ မြန်မာစစ်တပ်က ဥပဒေမဲ့ သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပုံ
    http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html
    http://www.yeyintnge.com/2010/08/blog-post_494.html
    http://www.timesonline.co.uk/tol/news/world/asia/article4083370.ece
    ReplyDelete
  18. သန်းရွှေ၏ လူသတ်မှု (၂ဝဝ၃)
    လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲ
    ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်
    http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html
    ဒီပဲယင်း လုပ်ကြံမှု အစီရင်ခံစာ
    http://www.yeyintnge.com/2009/04/blog-post_1269.html
    “ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ”
    Fresh Report on Black Friday.pdf
    http://www.mediafire.com/?oqn24nywivd
    ဒီပဲယင်းလုပ်ကြံမှု အရေးယူ ဆောင်ရွက်ရေး ကော်မရှင် ဒုတိယအကြိမ် ပဏမ အစီရင်ခံစာ
    The Ad Hoc Commission on Depayin Massacre.pdf
    http://www.mediafire.com/?dzwzzc4atd2
    ReplyDelete
  19. 26 Jun 11, 04:16 AM
    မောင်တာဝ: ((88 ကျောင်းသားနဲ့ ဒီအရေးအခင်းပဲ အမြဲတမ်းအရေးအရာလုပ်ပြီးပြောနေတယ် ဘာမှမထူးလာတော့တဲ့အတိတ်ဟောင်းတွေကို ထပ်ခါထပ်ခါရွတ်မနေပါနဲ့တော့))
    ဟေ့
    ၇ု၇ှားက မောင်တာဝ ဆိုတဲ့ကောင်
    လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..
    စစ်အစိုး၇အဆက်ဆက်က စစ်တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် အလွဲသုံးပီး ဥပဒေမဲ့ ၇မ်းကားချင်တိုင်း ၇မ်းကား၊ သတ်ချင်တိုင်း သတ်လာတာတွေကို ((အတိတ်ဟောင်းတွေ)) ဆိုပီး မေ့ပစ်လိုက်လို့ ဖြစ်မလားကွ..
    လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီးကို မပြောဘဲ နေလို့ ၇မလားကွ..
    လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..
    လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..
    လက်နက်မဲ့ ၇ဟန်း၇ှင်လူ ပြည်သူ ၁ဝဝ ကျော်ကို လက်လွတ်စပယ် ပစ်သတ်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်၊ေ၇ွှဝါေ၇ာင် လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..
    အများပြည်သူ မမြင်နိုင်တဲ့ နယ်စွန်နယ်ဖျားတွေမှာ (အထူးသဖြင့် တိုင်း၇င်းသားဒေသတွေမှာ) စစ်အစိုး၇အဆက်ဆက်က နှစ် ၅ဝ အတွင်းမှာ လက်နက်မဲ့ ပြည်သူတွေကို ထောင်သောင်းချီပီး ဥပဒေမဲ့ ပစ်သတ်လာတာတွေကို မပြောဘဲ နေလို့ ၇မလားကွ..
    လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..
    ဟုတ်ပီလား..
    ReplyDelete
  20. CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်
    မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoI ဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
    http://www.irrawaddy.org/bur/index.php/news/1-news/4420-coi----
    ReplyDelete
  21. စုံစမ်းရေး ကော်မရှင် (CoI) ဖွဲ့ရေး ထောက်ခံသည့် နှစ်နိုင်ငံ တိုး
    မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒိန်းမတ်နှင့် လတ်ဗီးယား နိုင်ငံများက ထောက်ခံလိုက်သည်။
    စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည့်နိုင်ငံ ၁၆ နိုင်ငံ ရှိသွားပြီဖြစ်သည်။
    http://www.irrawaddymedia.com/bur/index.php/news/2010-11-12-10-25-42/5945-2011-03-12-08-18-31
    ReplyDelete
  22. စစ်ရာဇဝတ်ကောင် သန်းရွှေတို့၏ စစ်ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးရန် ၁၆ နိင်ငံက ထောက်ခံထားပြီ
    စစ်ရာဇဝတ်ကောင် သန်းရွှေ၊
    စစ်ရာဇဝတ်ကောင် မောင်အေး၊
    စစ်ရာဇဝတ်ကောင် သိန်းစိန်၊
    စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး၊
    စစ်ရာဇဝတ်ကောင် ရွှေမန်း
    အပါအဝင် စစ်ရာဇဝတ်ကောင်
    စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်များ၏ စစ်ရာဇဝတ်မှုများ (war crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (crimes against humanity) ကို စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းပြီး စစ်ဆေးရန် ချက်သမတနိုင်ငံ၊ ဗြိတိန်၊ ဆလိုဗေးကီးယား၊ ဟန်ဂေရီ၊ နယ်သာလန်၊ ပြင်သစ်၊ လစ်သူယေးနီးယား၊ အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဒိန်းမတ်၊ လတ်ဗီးယား၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနှင့် နယူးဇီလန် အပါအဝင် စုစုပေါင်း ၁၆ နိင်ငံက ထောက်ခံထားပြီ ဖြစ်ပါသည်။
    http://www.irrawaddymedia.com/bur/index.php/news/2010-11-12-10-25-42/5945-2011-03-12-08-18-31
    ReplyDelete
  23. ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
    မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ၂၀၁၀ မတ်လက တောင်းဆိုခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။
    ဇွန်လ ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ ပေးပို့သော ကြိုတင်အသံသွင်းထား သည့် ဗီဒီယို မိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
    “ကျမ ပါမောက္ခ ကင်တာနာ တောင်းဆိုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး (CoI) ကို ထောက်ခံတယ်။ ဒါက စုံစမ်းရေး ကော် မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။ နောင်မှာ ဒါမျိုးတွေ မရှိအောင် ကျမတို့ ဘာလုပ်နိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့ပဲ။ ဒါက ရှင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။
    မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။
    နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များက မြန်မာအစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ နှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။
    http://arzarni.blogspot.com/2011/06/blog-post_3383.html
    ReplyDelete
  24. သန်းရွှေ ရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။
    ဥပဒေဘက်သား said...
    "88 ကျောင်းသားနဲ့ ဒီအရေးအခင်းပဲ အမြဲတမ်း အရေးအရာလုပ်ပြီးပြောနေတယ် ဘာမှမထူးလာတော့တဲ့ အတိတ်ဟောင်းတွေကို ထပ်ခါထပ်ခါ ရွတ်မနေပါနဲ့တော့"
    ဆိုပြီး မောင်တာဝ က ရေးသွားတယ်။
    ဟိတ်ကောင်
    မောင်တာဝ နာမည်နဲ့ အရူးစကား ရေးသွားတဲ့ သန်းရွှေ အောက်ဆွဲ အယုတ်တမာကောင် ...
    "အတိတ်က အရာတွေဖြစ်လို့ စိတ်မဝင်စားဘူး" ဆိုလို့ အရူးစကား လာပြောမနေနဲ့ ... အဆိပ်ပင်ရေလောင်း၊ အရူးဘုံမြှောက်၊ လူသတ်မှု အားပေး၊ လူစိတ်ပျောက်နေတဲ့ အယုတ်တမာကောင်ရဲ့။
    ၁၉၈၈ ပြည်သူ့အရေးတော်ပုံမှာ စစ်အစိုးရက ပြည်သူ ၃ဝဝဝ ကျော်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တာဟာ ရာဇဝတ်မှုကွ။
    ပြီးတော့ ---
    သန်းရွှေက ဒေါ်လာသန်းထောင်နဲ့ချီပြီး ခိုးခဲ့တာတွေ၊ လူသတ်ခဲ့တာတွေ၊ ခရစ်စတီကျွန်း လူအစုအပြုံလိုက် သတ်မှု (၁၉၉၈)၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၂ဝဝ၃)၊ သံဃာတော်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်မှု (၂ဝဝ၇) အပါအဝင် လူအစုအပြုံလိုက် သတ်ခဲ့တာတွေ၊ (အထူးသဖြင့်) တိုင်းရင်းသားဒေသတွေမှာ အတင်း ရွာပြောင်းခိုင်းမှုတွေ၊ လယ်သမားတွေဆီက မြေသိမ်းမှုတွေ၊ ဥပဒေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ..... ဟာ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေပဲ။
    "အတိတ်က အရာတွေဖြစ်လို့ စိတ်မဝင်စားဘူး" ဆိုလို့ အရူးစကား လာပြောမနေနဲ့ ... အဆိပ်ပင်ရေလောင်း၊ အရူးဘုံမြှောက်၊ လူသတ်မှု အားပေး၊ လူစိတ်ပျောက်နေတဲ့ အယုတ်တမာကောင်ရဲ့။
    တရားမဝင် စစ်အစိုးရခေါင်းဆောင် အဆက်ဆက်ရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို မြန်မာပြည်သူတွေက စိတ်ဝင်စားတယ်၊ တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။
    သန်းရွှေ ရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို မြန်မာပြည်သူတွေက စိတ်ဝင်စားတယ်၊ တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။
    ReplyDelete
  25. အခုမှ ဖတ်လို.ရသွားတယ်
    မငယ်နိုင် ပြင်လိုက်တယ်ထင်တယ်
    အရင်ကမရဘူး
    ReplyDelete
  26. ဘယ်တော့ တိုင်းပြည် ပျက်မလဲ?
    (၁) နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူသတ်ကောင် သူခိုးတွေ တူလာရင်၊
    (၂) ဗိုလ်ချုပ်ကြီးတွေ နဲ့ စစ်ရာဇဝတ်ကောင်တွေ တူလာရင်၊
    (၃) လွှတ်တော် အစည်းအဝေး နဲ့ ရုပ်သေးပွဲ တူလာရင်၊
    (၄) အစိုးရရုံးတွေ နဲ့ ဆက်ကြေးတောင်းရာ၊ အေးဓားပြတိုက်ရာ စခန်းတွေ တူလာရင်
    တိုင်းပြည်ပျက်မယ်။
    အဲဒီ တူခြင်းလေးပါး တူလာရင် တိုင်းပြည်ပျက်မယ် ဆိုတဲ့ စကား ရှိပါတယ်။
    ဒါကြောင့် တိုင်းပြည်မပျက်စေချင်ရင် နိုင်ငံ့ခေါင်းဆောင်တွေကို လူသတ်တဲ့အလုပ်၊ ခိုးတဲ့အလုပ် မလုပ်ပဲ နိုင်ငံ့ခေါင်းဆောင် အလုပ်ပဲ လုပ်ဖို့ကိုပဲ အရင်ဆုံး ထိန်းကြပါ။
    http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html
    http://www.bur.irrawaddy.org/index.php/articles/2-articles/5543-2011-01-24-12-25-02
    ReplyDelete
  27. မငယ်နိုင်ရေ
    ဘာသာပြန်ပြီးမှ အေးဆေးတင်လည်း ရပါတယ်
    အရေးတကြီးနဲ. တင်စရာမလိုပါဘူး
    ပိုစ်.တင်ဖို.ကို သိပ်ပြီးအာရုံမစိုက်ပါနဲ.
    ဒါက အလုပ်ကြီးအကိုင်ကြီးမဟုတ်ပါဘူး
    အဲဒီထက်အရေးကြီးတဲ.အလုပ်တွေ အများကြီးရှိပါတယ်
    ReplyDelete
  28. နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူသတ်ကောင်တွေ တူလာပုံ (၁)
    http://www.scribd.com/doc/7181732/-Bertil-Lintner-Outrage-Burma
    နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူသတ်ကောင်တွေ တူလာပုံ (၂)
    http://www.yeyintnge.com/2010/08/blog-post_494.html
    နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူသတ်ကောင်တွေ တူလာပုံ (၃)
    http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html
    ReplyDelete
  29. ဘယ်တော့ တိုင်းပြည် ပျက်မလဲ?
    (၁) နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူသတ်ကောင် သူခိုးတွေ တူလာရင်၊
    (၂) ဗိုလ်ချုပ်ကြီးတွေ နဲ့ စစ်ရာဇဝတ်ကောင်တွေ တူလာရင်၊
    (၃) လွှတ်တော် အစည်းအဝေး နဲ့ ရုပ်သေးပွဲ တူလာရင်၊
    (၄) အစိုးရရုံးတွေ နဲ့ ဆက်ကြေးတောင်းရာ၊ အေးဓားပြတိုက်ရာ စခန်းတွေ တူလာရင်
    တိုင်းပြည်ပျက်မယ်။
    အဲဒီ တူခြင်းလေးပါး တူလာရင် တိုင်းပြည်ပျက်မယ် ဆိုတဲ့ စကား ရှိပါတယ်။
    ဒါကြောင့် တိုင်းပြည်မပျက်စေချင်ရင် နိုင်ငံ့ခေါင်းဆောင်တွေကို လူသတ်တဲ့အလုပ်၊ ခိုးတဲ့အလုပ် မလုပ်ပဲ နိုင်ငံ့ခေါင်းဆောင် အလုပ်ပဲ လုပ်ဖို့ကိုပဲ အရင်ဆုံး ထိန်းကြပါ။
    http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html
    http://www.bur.irrawaddy.org/index.php/articles/2-articles/5543-2011-01-24-12-25-02
    ReplyDelete
  30. ကမ္ဘာမကြေဘူး
    (၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)
    (ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
    တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
    ဩော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်)၂
    ရဲရဲတောက် တို့ပြည်သူတွေ...
    (ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
    သခင်အောင်ဆန်း... နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
    ဩော်... လုပ်ရက်ကြပေ... ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ)၂
    အတုံးအရုံး လဲပြိုကာနေ...
    (ညီအစ်ကိုတို့... ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး
    မတွေဝေနဲ့... ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော
    ဩော်... သူရဲကောင်းတို့လို ခိုင်မာပီပြင် တော်လှန်ပစ်မလေ)၂
    မျိုးချစ်တဲ့ တို့ဇာနည်တွေ... ကမ္ဘာမကြေဘူး
    (၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)
    http://www.youtube.com/watch?v=ntxRso06bhc&feature=related
    ReplyDelete
  31. အင်း..ဒီသတင်းကိုမနေ့ကဘီဘီစီမှာလဲ နားထောင်လိုက်ရတယ်၊ ဘီဘီစီကိုယ်တိုင်ကလဲ အတည်မပြုနိုင်သေးသော သတင်းများအရလို့ဆိုထားထားတယ်၊
    ပြီးတော့ သူနဲ့အတူထောင်ကျဘူးသူနဲ့လဲမေးမြန်းထားတာကိုနားထောင်ရတယ်၊ သတင်းများအရ ထောက်လှမ်းရေးအရာရှိဟောင်း ထူးထူးဟန်သည် ၁၉၈၇ တွင်
    ဒီအက်အေ ကျောင်းဆင်းကာရွှေဒါးဆုရထားသူဟုဆိုသည်၊ (၁၉၈၇ ကျောင်းဆင်းသည် အပတ်စဉ် ၂၉ ခန့်ဖြစ်မည်၊) ကျောင်းဆင်းဆင်းချင်း ဒုဗိုလ် ဘ၀ဖြင့်
    ထောက်လှမ်းရေး(၆)တွင်တာဝန်ထမ်းဆောင်ကာ ကျောင်းသားအဖွဲ့တွင် ရွှေထီးဆိုသောနာမည်ဖြင့် လှုပ်ရှားခဲ့သည်ဟုဆိုပါသည်၊ ပြီးနောက်ဆန္ဒပြသူများအား
    နောက်စိကို သေနတ်ဖြင့်ပြစ်သတ်ကာ မီးရှို့ပြီး သာကေတတံတားဟောင်းမှ ငမိုးရိပ်ချောင်းထဲသို့စွန့်ပြစ်ခဲ့သည်ဟုဆိုသည်၊ ပြီးနောက် ၁၉၈၉ ခုနှစ်တွင်စာရွက်စာတမ်းဖြန့်ဝေ
    မှု့ဖြင့် ထောင်သုံးနှစ်ကျကာ ၁၉၉၂ ခုနှစ်တွင်ထောင်မှလွတ်သည်ဟုဆိုသည်။
    ထိုသတင်းအားသုံးသပ်ကြည့်ရလျှင် ဒီလောက်ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သောထောက်လှမ်းရေးအရာရှိ တယောက်က ၈၉ခုနှစ်မှာစာရွက်စာတမ်းဖြန့်ဝေမှု့ဖြင့် ထောင်၃နှစ်
    ဘာလို့ကျရတာလဲ၊ (တချို့သတင်းလိုချင်လို့ထောင်ကျခံပြီးဝင်တဲ့သူလဲရှိပါတယ်၊) ဒါပေမယ့်သူက တကယ်ထောင်ကျလို့သာ အခု သြစတြေးလျမှာနိုင်ငံရေးခိုလှုံခွင့်နဲ့နေ
    နေတာပါ၊ တကယ့်ထောက်လှမ်းရေးတွေ ၈၈တုန်းကထဲထဲဝင်ဝင် လုပ်တဲ့သူတွေ န.၀.တ၊ န.အ.ဖ လက်ထက်မှာကောင်းစားနေကြတာအားလုံးအသိပဲ၊( ဥပမာ.ဖိုးကံကောင်း၊
    ဗိုလ်ကြီးစည်သူ၊ အရေးအခင်းမှာပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မ၂၂ တပ်မမှူး ဗခတင်လှတို့) သူ့ကျမှဘာလို့ထောင်ကျရတာလဲ၊ နောက်ပြီး ဘီဘီစီက အမေးမှာ ဘာလို့ဒီအချိန်
    နှစ်၂၀ကြာမှဖော်ထုတ်ရလဲဆိုတော့ အီး၊ အဲ နဲ့ဖြစ်နေတယ်၊ နောက်သူ့အပြောအရ ကျောင်းသားခေါင်းဆောင် တယောက်၊ ဒီဘက်မှာ အော်ဖစ်ဆာကြီးတယောက်တဲ့၊ တျောင်းဆင်းကာစ
    တပွင့်နဲ့ဗိုလ်လေးတယောက်ကို ဒီလောက်ကြီးလေးတဲ့တာဝန်တွေပေးပါ့မလား၊ (ဗိုလ်မှူး အောင်လင်းထွဋ်အသိဆုံးဖြစ်မှာပါ၊ ဒီလူသည် D.S.A 29 မှာရွှေဒါးဆုရခဲ့ပြီး လှမ်း၆တွင် တာဝန်ထမ်း
    ဘူးသူဟုတ်မဟုတ် ကွန်ဖန်းလုပ်ကြည့်ပေးပါ၊) သူနဲ့ထောင်အတူကျဖူးသူရဲ့အပြောအရတော့ စိတ်ဖိစီးမှု့တွေများနေတယ်လို့ ယဉ်ယဉ်လေးပြောထားတယ်။
    နောက်ဆုံးအနေနဲ့ပြောချင်တာက စစ်အစိုးရရဲ့ရက်စက်မှု့ကတော့ ကမ်းကုန်ပါပဲ၊ UN ကိုတင်တဲ့အခါမှာ ဒီလိုလူစုံတက်စုံနဲ့ အထောက်အထားစုံလင်စွာတင်နိုင်ရင်အကောင်းဆုံးပါပဲ၊
    ဒါပေမယ့် ကိုယ့်ကိုကိုယ့်နာမည်ကြီးအောင်တော့လျှောက်ပြောတာမျိုးတော့မဖြစ်စေချင်ဘူး၊ သတင်းဌာနများအနေဖြင့်လဲ သေချာစွာစုံစမ်းစေချင်ပါသည်၊ တကယ်အမှန်အကန်ဖြစ်ခဲ့
    ရင်ကြိုဆိုပါသည်။
    ReplyDelete
  32. ကျွန်မက ဒါကို သြစကြေးလျားက ABC သတင်းမှာ တွေ့လို့ ဒါဟာ စိတ်ဝင်စားစရာ သတင်းတခု ဖြစ်နေတယ်။ တကယ်အဟုတ်ဆိုရင်တော့ ကြိုဆိုရမယ်ဆိုတဲ့ သဘောထားကလွဲပြီး တခြား သုံးသပ်ချက် ဝေဖန်ချက်တွေ ဘာတခုမှမပါဘဲ သတင်းကို သတင်းအတိုင်း တိုက်ရိုက် ပြန်ဖေါ်ပြထားခြင်းသာ ဖြစ်တယ်။
    ReplyDelete
  33. အစ်မငယ်နိုင်သို့
    ရုရှားက ခွေးရူး mg က နေရာတိုင်းမှာ မစင်စွန့်သွားပြန်ပြီ..အစ်မ.. ((Attention လိုချင်လို့ အစ်မဘလော့ဂ်မှာ အမျိုးမျိုး လာနှောင့်ယှက်နေတဲ့ စိတ်မနှံ့တဲ့ လူတွေ.. Attention seekers တွေကို အဖက်လုပ်ပြီး ပြန်ပြောမနေကြပါနဲ့)) လို့ အစ်မက ပြောထားလို့ အဲဒီ ရုရှားက ခွေးရူး mg ကို မပြောဘဲ နေနေတာဗျ.. ရုရှားက စစ်ခွေး mg က အစကတော့ ရိုးရိုးစစ်ခွေးဘဲဗျ.. အစ်မကို ရိုးရိုးစစ်ခွေးလို သာမန်လောက်ဘဲ အစဉ်အလာမပျက် ဟောင်တယ်ဆိုရုံ ဟောင်လာတာပါ.. ဒါပေမယ့် အစ်မ တင်ပြထားတဲ့ သမိုင်းမှန် ပို့စ် (7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ) ကို စာဖတ်သူတွေ အများကြီး လာဖတ်တာကို မြင်ရကတဲက အဲဒီ စစ်ခွေး mg က သွေးလန့်ပြီး ခွေးရူး လုံးလုံး ဖြစ်သွားတာဗျ.. စစ်ခွေး mg က အဲဒီလို ခွေးရူး လုံးလုံး ဖြစ်သွားပြီးကတဲက အစ်မကို နေ့ရောညပါ လာဟောင်နေတာဗျ.. လွန်ခဲ့တဲ့ ၃ ရက်လောက်က အစ်မက comment moderation လုပ်ထားလို့ အဲဒီ ခွေးရူး mg ရဲ့ ဆဲတဲ့ comments တွေ.. အစ်မကို စော်ကားတဲ့ comments တွေ.. ပေါက်ကရ comments တွေကို ၂ ရက်လောက် မမြင်ရလို့ အစ်မဘလော့လာတဲ့ စာဖတ်သူတွေ အေးအေးချမ်းချမ်း စာဖတ်လို့ ရနေတာဗျ.. အစ်မဘလော့ အေးချမ်းနေတာ ၂ ရက်တောင် မခံဘူး.. အစ်မက comment moderation လုပ်ထားတာကို ပြန်ဖြုတ်လိုက်တာနဲ့ အဲဒီ ခွေးရူး mg က (ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်) ဆိုတဲ့ နာမည်ကို သုံးပြီး အစ်မကို ဆဲထားတာတွေရော.. အဲဒီ ခွေးရူး mg က ဦးသူတော်.. Anonymous နာမည်တွေနဲ့ ပေါက်တတ်ကရ ရေးထားတာတွေရော ပွစာကျဲနေပြန်ပြီဗျ.. အဲဒီ ရုရှားက ခွေးရူး mg က (ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်) ဆိုတဲ့ နာမည်ကို သုံးပြီး အစ်မကို ဆဲထားတာ ဒီပို့စ် တခုထဲမှာ မဟုတ်ဘူး.. အစ်မ.. ( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း ) .. ( (၆၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရအဖြစ် - ဗိုလ်ချုပ်မိန့်ခွန်း ) .. ( ဥသြမဆွဲသော အာဇာနည်နေ့ကို စတင်တဲ့နှစ် ) .. ( အလေးပြုပါတယ် ) .. ( ၁၉ ဇူလိုင် မမေ့နိုင် ) ပို့စ်တွေမှာလဲ ခွေးရူး mg က ဝင်ဆဲထားတဲ့ comments တွေက မြင်မကောင်းရှုမကောင်း ပွထနေပြန်ပြီဗျ.. comment moderation ပြန်လုပ်ထားလိုက်ပါ..အစ်မ.. comments တွေကို ချက်ချင်း မဖတ်ရလို့ အရေးမကြီးဘူး.. ဒီ ရုရှားက ခွေးရူး mg က နေရာတကာမှာ မစင် ဝင်စွန့်နေတော့ အစ်မရဲ့ စာဖတ်သူတွေကို အားနာဖို့ ကောင်းနေလို့ အခုလို အကြံပေးရတာပါ..အစ်မ..
    ReplyDelete
  34. Advisor မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။
    ReplyDelete
  35. စစ်ခွေးမုန်းသူJuly 20, 2011 at 12:43 PM
    ဟုတ်ပါ့
    ညက မငယ်နိုင်အိမ်ထဲမှာ စစ်ခွေးချေးနံ့၊ စစ်ခွေးသေးနံ့တွေ နံစော်နေတာပဲ
    မငယ်နိုင် ညအိပ်ခါနီး၇င် မငယ်နိုင်အိမ်၇ဲ့ ဝင်ပေါက်တံခါးကို သော့ခတ်ဖို့ မေ့သွားလို့ကို မဖြစ်တော့ဘူး
    နို့မို့ရင် ညညဆို စစ်ခွေးတွေ မငယ်နိုင်အိမ်ထဲ ဝင်လာမှာ
    မငယ်နိုင်အိမ်ထဲ ဝင်လာပီး၇င် တွေ့သမျှ အခန်းတွေထဲမှာ ကျင်ကြီးေ၇ာ၊ ကျင်ငယ်ပါ စွန့်ကြဦးမှာ
    ReplyDelete
  36. စစ်ခွေးမုန်းသူJuly 20, 2011 at 12:50 PM
    ဒါနဲ့ ဒီပို့စ်မှာ မငယ်နိုင်က Advisor ကိုေ၇းထားတဲ့ မှတ်ချက်က အပြည့်မပါပဲ စာတွေပျက်နေတယ်
    အပြည့်အစုံ မပါတော့ "ကတယ်" ဆိုပီး ဖြစ်နေတယ်
    ဟိုဖက်ပို့စ်မှာတော့ မငယ်နိုင်မှတ်ချက်က အပြည့်အစုံ ပါတယ်
    ကျနော် ဟိုဖက်ပို့စ်ကနေ ကူးပီး အောက်မှာ ထည့်ပေးလိုက်ပါတယ်
    (( Nge Naing said...
    July 20, 2011 11:14 AM
    သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။ ))
    ReplyDelete
  37. ကျေးဇူးတင်ပါတယ် စစ်ခွေးမုန်းသူ။ ဟိုဘက်မှာ အရင်ရေးပြီး ကော်ပီကူးတာ မတော်တဆ ပြတ်ကျန်ခဲ့ပြီး အကုန်မပါလာဘဲ ဖြစ်သွားတယ်။
    ReplyDelete
  38. မှန်ကန်သူဘက်မှရပ်တည်သူJuly 20, 2011 at 2:41 PM
    ဘလော့လာ စာဖတ်သူလူသစ်များ ခင်ဗျား
    "အသက် ၄ဝ ကျော် မိန်းမကြီး ငယ်နိုင်က သူ့ထက် ၁၅ နှစ်လောက် ငယ်တဲ့ ရုရှက စစ်ဗိုလ်တွေနဲ့ အမြဲ ရန်ဖြစ်နေတယ်" ဆိုပြီး ရုရှကစစ်ဗိုလ်တွေက ဒီဘလော့မှာရော၊ တခြား ဘလော့တွေမှာပါ ထပ်တလဲလဲ မမှန်မကန် တလွဲတချော် ဝါဒဖြန့်နေပါတယ်။ အကြောင်းမသိသူတွေအနေနဲ့ ရုရှကစစ်ဗိုလ်တွေရဲ့ အလိမ်အညာ မုသားစကားကို နားယောင်ပြီး "ဘလော့ရှင်က ရန်ဖြစ်တာ ဝါသနာပါတယ် ထင်တယ်" လို့ ဘလော့ရှင်ကို အပြစ်တင် မစောခင် ဒီကော်မင့်လေးကို ဖတ်ကြည့်ကြပါခင်ဗျာ။
    ဒီကော်မင့်လေးက ဘလော့ရှင်က ရေးထားတာပါ။ ရုရှကစစ်သားတွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နည်းလမ်းအစုံ သုံးပြီး ဆဲဆိုတိုက်ခိုက် စော်ကားနှောင့်ယှက် နေတာကို ဘလော့ရှင်က Advisor နာမည်နဲ့ ကော်မင့်ပေးသူကို ရှင်းပြထားတဲ့ ကော်မင့်ပါ။
    မသိသေးတဲ့ ဘလော့လာ စာဖတ်သူလူသစ်တွေကို ရည်ရွယ်ပြီး ရုရှကစစ်သားတွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နှောင့်ယှက်နေပုံတွေကို ဘလော့ရှင်နဲ့ ဘဘော့ရှင်ရဲ့ မိတ်ဆွေတွေက အခါအားလျော်စွာ ရှင်းပြနေရတာကို သိပြီးသား စာဖတ်သူလူဟောင်းတွေ အနေနဲ့လည်း နားလည်ပေးစေလိုပါတယ် ခင်ဗျား။
    မှန်ကန်သူဘက်မှရပ်တည်သူ
    ဘလော့ရှင် မှ Advisor သို့ ကော်မင့်
    Nge Naing said...
    သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။
    ဒေါ်လာစားနဲ့ အဲဒီတယောက်က နာမည်အမျိုးမျိုးသုံး သူများနာမည်တွေသုံးပြီး မှတ်ချက်အတုတွေ လိုက်ရေးနေတာ တူတော့ လျှာအခွများတဲ့နေရာမှာ ဗိုလ်လုနေကြတာဖြစ်သလို တယောက်က မအိပ်နိုင်မစားနိုင် အချိန်ပြည့် ကျွန်မဘလော့ကို လာပြီး Attention ပေးသလို တယောက်ကတော့ သူ့ဘလော့ဂ်ကနေပြီး ကျွန်မ ဓါတ်ပုံတွေတင်ပြီး Attention ပေးရှာတယ်။ ကျွန်မမှာ ကိုယ့်ဘလော့ကိုယ်တောင် သူတို့လောက်အချိန်မပေးနိုင်ဘူး။ ကျွန်မကို မပတ်သက်ရမနေနိုင် နှစ်ယောက်သား အပြိုင်အဆိုင်ကို Attention Seeking လုပ်နေကြတယ်။
    ဒေါ်လာစားဆိုရင် ကျွန်မကို Attention ပေးလာတာ အခုမှမဟုတ်ဘူး ၂၀၁၀ ဖေါ်ဖေါ်ဝါရီကတည်းကတောင်။ သူအရင်ဖွင့်ထားတဲ့ ဒေါ်လာစားဘလော့ဂါများဆိုတဲ့ဘလော့ဂ်ကို လူမလာကြတော့ အခု Myanmar Express ဆိုတဲ့ ဘလော့ဂ်ကို အသစ်ဖွင့်ပြီး လူချစ်လူခင်များတဲ့ သူတွေ၊ ချောမောလှပသူတွေရဲ့ ဓါတ်ပုံတွေ တင်ပြီး လူလာအောင် လုပ်ထားတယ်။ သူ့ဘလော့ဂ်မှာ သွားကြည့်လိုက်ရင် လူချစ်လူခင်များတဲ့သူတွေ၊ နာမည်ကြီးတွေ၊ ချောမောလှပသူတွေ ချည်းပဲ။ ထူးဆန်းတာက ကျွန်မက အေးအေးဆေးဆေးပဲ နေတတ်ပြီး ဒီလောက်လည်း လူချစ်လူခင်များတာ မဟုတ်ဘဲ၊ ချောမောလှပသူ တယောက်လည်း မဟုတ်ဘဲနဲ့ တခြား သူတွေရဲ့ ဓါတ်ပုံတွေနဲ့အတူ တွေ့ရတယ်။ ကျွန်မ ဓါတ်ပုံက ကျွန်မဘလော့ဂ်မှာတောင် သူ့ဘလော့ဂ်လောက် မစုံဘူး။ ကျွန်မကို မင်းသမီးများမှတ်နေလားမသိဘူး ဓါတ်ပုံတွေကို မြင်တဲ့နေရာက ခိုးပြီး သူ့ဘလော့ဂ်မှာ သိမ်းထားတယ်။ နောက်ထပ်လည်း ဓါတ်ပုံတွေ ထပ်ခိုးဖို့ လိုလို့ထင်တယ် Face book မှာ လာပြီး ကျွန်မကို Friend request လာလုပ်ထားသေးတယ်။ အခုလည်း အပေါ်က သူ့မှတ်ချက်မှာသာ ကျွန်မကို အမျိုးမျိုးခြိမ်းချောက်ထား၊ mg နဲ့ ဒေါ်လာစား နှစ်ယောက်စလုံးက သူတို့ဆရာနဲ့ ကျွန်မကို ပေးစားလိုပေးစား လုပ်နေကြပေမဲ့ တကယ်တန်းကျတော့ သူက နှစ်ယေက်က ကျွန်မကို ကျွန်မမိသားစုထက်တောင် ပိုပြီး Attention ပေးနေပြီး မပတ်သက်ရ မနေနိုင် အပြိုင်အဆိုင်ကို ဂရုစိုက်နေကြတာ သိသာတယ်။
    July 20, 2011 11:40 AM
    ReplyDelete
  39. ရုရှကစစ်ဗိုလ်တွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နှောင့်ယှက်နေပုံJuly 20, 2011 at 2:58 PM
    ရုရှကစစ်ဗိုလ်တွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နှောင့်ယှက်နေပုံတွေကို
    ဘလော့ရှင်က Advisor ကို ရှင်းပြထားတဲ့ ကော်မင့်
    Nge Naing said...
    သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။
    (ဆက်ရန်)
    ReplyDelete
  40. ရုရှကစစ်ဗိုလ်တွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နှောင့်ယှက်နေပုံJuly 20, 2011 at 3:08 PM
    Nge Naing said...
    ဒေါ်လာစားနဲ့ အဲဒီတယောက်က နာမည်အမျိုးမျိုးသုံး သူများနာမည်တွေသုံးပြီး မှတ်ချက်အတုတွေ လိုက်ရေးနေတာ တူတော့ လျှာအခွများတဲ့နေရာမှာ ဗိုလ်လုနေကြတာဖြစ်သလို တယောက်က မအိပ်နိုင်မစားနိုင် အချိန်ပြည့် ကျွန်မဘလော့ကို လာပြီး Attention ပေးသလို တယောက်ကတော့ သူ့ဘလော့ဂ်ကနေပြီး ကျွန်မ ဓါတ်ပုံတွေတင်ပြီး Attention ပေးရှာတယ်။ ကျွန်မမှာ ကိုယ့်ဘလော့ကိုယ်တောင် သူတို့လောက်အချိန်မပေးနိုင်ဘူး။ ကျွန်မကို မပတ်သက်ရမနေနိုင် နှစ်ယောက်သား အပြိုင်အဆိုင်ကို Attention Seeking လုပ်နေကြတယ်။
    ဒေါ်လာစားဆိုရင် ကျွန်မကို Attention ပေးလာတာ အခုမှမဟုတ်ဘူး ၂၀၁၀ ဖေါ်ဖေါ်ဝါရီကတည်းကတောင်။ သူအရင်ဖွင့်ထားတဲ့ ဒေါ်လာစားဘလော့ဂါများဆိုတဲ့ဘလော့ဂ်ကို လူမလာကြတော့ အခု Myanmar Express ဆိုတဲ့ ဘလော့ဂ်ကို အသစ်ဖွင့်ပြီး လူချစ်လူခင်များတဲ့ သူတွေ၊ ချောမောလှပသူတွေရဲ့ ဓါတ်ပုံတွေ တင်ပြီး လူလာအောင် လုပ်ထားတယ်။ သူ့ဘလော့ဂ်မှာ သွားကြည့်လိုက်ရင် လူချစ်လူခင်များတဲ့သူတွေ၊ နာမည်ကြီးတွေ၊ ချောမောလှပသူတွေ ချည်းပဲ။ ထူးဆန်းတာက ကျွန်မက အေးအေးဆေးဆေးပဲ နေတတ်ပြီး ဒီလောက်လည်း လူချစ်လူခင်များတာ မဟုတ်ဘဲ၊ ချောမောလှပသူ တယောက်လည်း မဟုတ်ဘဲနဲ့ တခြား သူတွေရဲ့ ဓါတ်ပုံတွေနဲ့အတူ တွေ့ရတယ်။ ကျွန်မ ဓါတ်ပုံက ကျွန်မဘလော့ဂ်မှာတောင် သူ့ဘလော့ဂ်လောက် မစုံဘူး။ ကျွန်မကို မင်းသမီးများမှတ်နေလားမသိဘူး ဓါတ်ပုံတွေကို မြင်တဲ့နေရာက ခိုးပြီး သူ့ဘလော့ဂ်မှာ သိမ်းထားတယ်။ နောက်ထပ်လည်း ဓါတ်ပုံတွေ ထပ်ခိုးဖို့ လိုလို့ထင်တယ် Face book မှာ လာပြီး ကျွန်မကို Friend request လာလုပ်ထားသေးတယ်။ အခုလည်း အပေါ်က သူ့မှတ်ချက်မှာသာ ကျွန်မကို အမျိုးမျိုးခြိမ်းချောက်ထား၊ mg နဲ့ ဒေါ်လာစား နှစ်ယောက်စလုံးက သူတို့ဆရာနဲ့ ကျွန်မကို ပေးစားလိုပေးစား လုပ်နေကြပေမဲ့ တကယ်တန်းကျတော့ သူက နှစ်ယေက်က ကျွန်မကို ကျွန်မမိသားစုထက်တောင် ပိုပြီး Attention ပေးနေပြီး မပတ်သက်ရ မနေနိုင် အပြိုင်အဆိုင်ကို ဂရုစိုက်နေကြတာ သိသာတယ်။
    July 20, 2011 11:40 AM
    ReplyDelete
  41. ၁၉၈၈ တွင် ဒေါ်စုကိုအပုပ်ချသည့် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော စစ်ထောက်လှမ်းရေး ဗိုလ်ကြီးစည်သူကို ဖမ်းမိခြင်း
    ဒေါ်အောင်ဆန်းစုကြည်အား လူထုအစည်းအဝေးကြီးက ခေါင်းဆောင်မတင်မီ (၁၉၈၈) သြဂုတ်လ (၂၅) ရက် နေ့ညက ရန်ကုန်မြို့ အနော်ရထာလမ်းတွင် အဖြစ်အပျက်တရပ် ဖြစ်ခဲ့၏။
    ဖြစ်ပုံမှာ ဟိုင်းလတ်ကားနှင့် မသင်္ကာဖွယ် လူတစုကို အနော်ရထာလမ်းနှင့် (၂၉) လမ်းထောင့်တွင် တွေ့ရှိသဖြင့် ကင်းသမားများက ရပ်တန့်ရှာဖွေရာ ဗိုလ်ကြီးစည်သူ၊ ဗိုလ်ကြီးဉာဏ်လင်းနှင့် ထောက်လှမ်းရေးစစ်သားများကို တွေ့ရ၏။ သူတို့ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ် ရှုတ်ချထားသော ပိုစတာများကိုတွေ့ ရခြင်း ဖြစ်၏။
    ပိုစတာများမှာ ဒေါ်အောင်ဆန်းစုကြည်၏ ယောက်ျားသည် ကုလားဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်လျှင် ယင်းကုလားသည် သမတကို အမှီပြုလျက် ခြယ်လှယ်မည်ဖြစ်ကြောင်း ပိုစတာ ရုပ်ပုံများဖြစ်၏။
    ယင်းဖြစ်ရပ်၏ နောက်ခံမှာ အောက်ပါအတိုင်း ဖြစ်သည်။
    စစ်အာဏာပိုင်များသည် ဒီမိုကရေစီခေါင်းဆောင် မည်သူလဲ ဆိုသည်ကို တွက်ကိန်းချမှတ်ရာမှ (၂၆) ရက် လူထုအစည်းအဝေးပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်တော့မည် ဖြစ်ကြောင်း သိသောအခါ ကြိုတင်၍ အပုပ်ချ တိုက်ခိုက်ခြင်းဖြစ်၏။
    ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ယူသည့်အတွက် တိုက်ခိုက်ခြင်းမဟုတ်၊ နိုင်ငံခြားသားလင်လုပ်ခြင်းကို အားနည်းချက်ဟု တွက်ဆကာ တိုက်ခိုက်ခြင်းဖြစ်၏။ အမှန်မှာကား ဒီမိုကရေစီအရေးတော်ပုံ၏ ခေါင်းဆောင်ကို အပုပ်ချ တိုက်ခိုက်ခြင်း ဖြစ်၏။ စစ်ထုံးနည်းနာ ဥပဒေအရ စစ်မြေပြင်တွင် ဗိုလ် (ခေါင်းဆောင်) ကို ပစ်ချလိုက်ခြင်းဖြစ်၏။
    သို့သော် နိုင်ငံတဝှန်း လူထုဆန္ဒပြပွဲကြီးများက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ထောက်ခံ အတည်ပြုကြ၏။
    http://yamunaclinic.org/index.php?option=com_content&view=article&id=2228:chapter-29&catid=42:new-page&Itemid=67
    ReplyDelete
  42. စစ်ထောက်လှမ်းရေး ဗိုလ်ကြီးစည်သူ၏ အဖျက်လုပ်ရပ် (၁၉၈၈)
    ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှုးဥာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီအချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ ဆိုပြီးတော့ မြို့ ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တဲ့ အဖြစ်အပျက်တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်းကို နည်းနည်းပြောပြပါလား။ ဒီလူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။
    ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့၊ ကျနော် ပြောပြပါမယ်။ ကျနော် သိသလောက်ပေါ့လေ။ ကျနော်လည်း အဲဒီအချိန်မှာ စစ်ရုံးမှာ မရှိပါဘူး။ ကျနော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက အဲဒီအမိန့်ကို တိုက်ရိုက် ညွန်ကြားတာက တပ်မတော်ထောက်လှမ်းရေး ဒုတိယညွန်ကြားရေးမှုး သန်းထွန်း၊ (နောက်ပိုင်းတော့ ဗိုလ်မှုးချုပ်သန်းထွန်း)၊ ကျနော်တို့ ဘဏ္ဍာရေး ဒု-ဝန်ကြီး လုပ်သွားတဲ့ ဗိုလ်မှုးချုပ်သန်းထွန်းပါ။ သူကနေပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတော့ သိက္ခာချဖို့အတွက်ကို ဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ကပ်ဖို့အတွက်ကို "အထက်က ခိုင်းတယ်" ဆိုပြီး ပြောပါတယ်။
    "အထက်" ဆိုတာ ကျနော်ကတော့ "အထက်" ဆိုတာ ဘယ် "အထက်" ဆိုတာ မသိဘူး။ အဲဒီအခါမှာ အဲဒီမှာ လုပ်ဖို့ လူရွေးတဲ့အခါကျတော့ အဲဒီမှာ တက်တက်ကြွကြွ "သွားမယ်" ဆိုပြီး သွားတာ ဗိုလ်မှုးဥာဏ်လင်း၊ ဗိုလ်မှုးစည်သူ၊ ဗိုလ်မှုးသက်တင်စိန် တို့။ သူတို့က ဗိုလ်ကြီးအဆင့်ပဲ ရှိပါသေးတယ်။ နောက် အောက်ကနေပြီး တပ်ကြပ်ကြီးစာရေး အဖွဲ့တွေ လိုက်သွားကြတာ ရှိတယ်။
    ရှိပြီးတော့မှ သူတို့က အခြေအနေလည်း အခုန ပြောသလို နယ်မြေခံ ထောက်လှမ်းရေးနဲ့လည်း ဌာနချုပ်နဲ့လည်း အဆက်အသွယ်ကလည်း မရှိ၊ အဆက်အသွယ်မယူ၊ ဝေလီဝေလင်းအချိန်မှာ လူရှင်းလောက်ပြီ ဆိုပြီး ကားနဲ့သွားတုန်း အဲဒီကားကို လူတွေက ဝိုင်းလိုက်တဲ့အခါကျတော့ လူတွေက "ဒီကောင်တွေက ထောက်လှမ်းရေးက" ဆိုပြီး ဝိုင်းတဲ့အခါမှာ ဗိုလ်ကြီးသက်တင်စိန် နဲ့ ဗိုလ်ကြီးဥာဏ်လင်း က လူအုပ်တွေကြားထဲမှာ နောက်ဆုတ်နောက်ဆုတ်ရင်း လူအုပ်ကြီးနဲ့ ရောသွားတော့ လွတ်သွားတယ်။
    ဗိုလ်ကြီးစည်သူ ကတော့ အဲဒီလူအုပ်ကြီးက ကြည့်တဲ့အခါကျတော့ ဗိုလ်ကြီးစည်သူရဲ့  သေနတ် သွားတွေ့တဲ့အခါကျတော့ "ထောက်လှမ်းရေးပဲ" ဆိုပြီး အဲဒီမှာ ဝိုင်းရိုက်ခံရတယ်။
    နောက်ပိုင်း နောက်က ဆရာကြီးတွေ လေးငါးယောက်လား မသိဘူး၊ တခါတည်း ဖမ်းပြီးတော့မှ သရက်တောကျောင်းတိုက်ကို ခေါ်သွားတယ်လို့ ကျနော်တို့ သိရတယ်။
    သရက်တောကျောင်းတိုက်မှာလည်း အဲဒီအချိန်တုန်းက သံဃာပေါ့။ မှန်ကျောင်းဆရာတော်ကနေ ဗိုလ်ကြီးစည်သူရဲ့  အသက်ကို ကယ်ထားတယ် ဆိုတဲ့ သဘောပါပဲ။ မှန်ကျောင်းဆရာတော်ရဲ့  ကျေးဇူးကြောင့် ဗိုလ်ကြီးစည်သူ အသက်မသေပဲ ပြန်ပြီး လွတ်ခဲ့ပါတယ်။
    http://www.blogger.com/comment.g?blogID=4430190991344802069&postID=1730426272727589634&isPopup=true
    ReplyDelete
  43. ၁၉၈၈ ခုနှစ်က ကျောင်းသားခေါင်းဆောင်အဖြစ် ဟန်ဆောင် ဆန္ဒပြနေသော ထောက်လှမ်းရေးတပ်မှ ဗိုလ်ထူးထူးဟန် (ဓါတ်ပုံ)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ၁၉၈၈ ခုနှစ်က ထောက်လှမ်းရေးတာဝန် ထမ်းဆောင်စဉ်က ကျောင်းသားခေါင်းဆောင် အဖြစ် ဟန်ဆောင်ကာ ဆန္ဒပြနေသည့် ဓါတ်ပုံကို ပြသနေစဉ် (ကိုထူးထူးဟန် လက်ဖြင့်ကိုင်ကာ ပြသနေသော ဓါတ်ပုံ၏ လကျာ်ဘက်မှ ဆန္ဒပြနေသူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်ဟု ကိုထူးထူးဟန်က ပြောပြသည်။)
    (AAP သတင်းဌာန ဓါတ်ပုံ / ပက်ထရစ် ဟယ်မီလ်တန်)
    http://4.bp.blogspot.com/--Mm0CETnHbc/TiUaNfYvo6I/AAAAAAAAJWw/nHfDkw7Ugoo/s1600/Htoo-Htoo-Han-729-420x0.jpg
    ReplyDelete
  44. "ကျွန်တော် စစ်ရာဇဝတ်ကောင်ပါ" ဆိုသည့် ထောက်လှမ်းရေးဗိုလ်ဟောင်း ကိုထူးထူးဟန် (ဓါတ်ပုံ)
    "ကျွန်တော် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်၊ ကျွန်တော် စစ်ရာဇဝတ်ကောင်ပါ"
    "ကျွန်တော် တိရစ္ဆာန်တကောင်လို နေလာခဲ့တာ အတော် ကြာပါပြီ။ နှစ် ၂ဝ လုံးလုံး ရင်ထဲမှာ မျိုသိပ် သိမ်းဆည်းထားရတာတွေကို အခု လွှတ်ထုတ် ဖွင့်ချလိုက်ချင်တယ်၊ ကျနော် သတ်ပစ်လိုက်တဲ့ လူတွေရဲ့ မိဘတွေကို ဝမ်းနည်းတယ် လို့ ပြောချင်တယ်"
    "ကျနော်တို့က ဆန္ဒပြသူတွေကို ဖျက်ဆီးချေမှုန်းပစ်တယ်၊ `ဖျက်ဆီးချေမှုန်းပစ်တယ်´ ဆိုတာ `သတ်ပစ်တယ်´ လို့ ဆိုလိုတာပါ"
    "ဒိုင်း ကနဲ ပစ်လိုက်ရုံပဲ၊ သိပ်မြန်တယ်၊ ကျနော် မနှိပ်စက်ဘူး" ဟု သူ ကျူးလွန်ခဲ့သော သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု နှင့် ပတ်သက်ပြီး ကိုထူးထူးဟန်က ရှင်းပြသည်။
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်
    http://4.bp.blogspot.com/-le63sdYHGi0/TiUZ_BYM6mI/AAAAAAAAJWo/Oedt8NvV7GQ/s1600/art-353-Htoo-Htoo-Han-200x0.jpg
    ReplyDelete
  45. ကျေးဇူး မငယ်နိုင်း ဖတ်သွားပြီ
    ရွှေစင်ဦး
    ReplyDelete
  46. စစ်ရာဇဝတ်ကောင် သန်းရွှေ ကြောက်ဒူးတုန်နေပြီ
    စစ်ရာဇဝတ်ကောင် သန်းရွှေ ရဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) မှာ တရားစွဲဆိုဖို့ အရှိန်အဟုန် မြင့်မားလာပြီ ဖြစ်လို့ စစ်ရာဇဝတ်ကောင် သန်းရွှေ ကြောက်ဒူးတုန်နေပါပြီ
    http://www.dvb.no/interview/aung-htoo-blc-%E2%80%98than-shwe-fears-the-icc%E2%80%99/12370
    ReplyDelete
  47. Dear Blog Owner
    Kindly note that your blog has been flooded with repetitive comments and cut-and-paste articles lately which are really annoying.
    Many readers already know most of the cut-and-paste articles and you might choose to mention only links of these article if you like.
    However, I'm not in a position to push you to imply with what I believe is a proper way. The choice is yours.
    the learner
    ReplyDelete
  48. Anonymous (July 21, 2011 11:02 AM) အကြံပြုမှုအတွက် ကျေးဇူးတင်ပါတယ်။ တချို့ ကော်ပီကူးလာတာတွေက ပို့စ်နဲ့ တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး ဆက်နွယ်ပတ်သက်နေတာ ရှိလို့ တမင်ရည်ရွယ်ချက်နဲ့ နှောင့်ယှက်ပေးနေတာ မဟုတ်ရင် ထည့်ပေးပါတယ်။ အဲလို ထည့်ရာမှာ မှတ်ချက်ထည့်သူက မ၀င်ဘူးထင်ပြီး ထပ်ခါထပ်ခါ ထည့်ထားလို့ များနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မ အခုအချိန်မရသေးလို့ နောက်မှ သေသေချာချာ ပြန်စီစစ်ပြီး တူတဲ့မှတ်ချက်တွေ တခုထက် ပိုနေတာရှိရင် ကျွန်မ ဖျက်လိုက်မယ်။ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  49. မှန်ကန်သူဘက်မှရပ်တည်သူJuly 21, 2011 at 1:22 PM
    the learner က "ကော်မင့်တွေ ထပ်နေတယ်" လို့ ပြောသွားတာက အမြင်အားဖြင့် မှန်ပါတယ်။
    ဒါပေမယ့် ကော်မင့်တွေ ဖောင်းပွအောင် တမင် ရည်ရွယ်ပြီး ကော်မင့်တူတွေ ထပ်တလဲလဲ တင်တာ မဟုတ်ပါဘူး။ ကော်မင့် ၁ ခု တင်ပြီး ပြန်ကြည့်လိုက်တော့ ကော်မင့်က ဘလော့ပေါ်မှာ မပေါ်နေဘူး။ ၁ ခါ တင်လဲ မပေါ်လာ၊ ၂ ခါ တင်လဲ မပေါ်လာ၊ ၃ ခါ တင်လဲ မပေါ်လာ .... အဲသလို ဖြစ်နေလို့ ကော်မင့် မဝင်ဘူး ထင်လို့ ထပ်ခါထပ်ခါ တင်မိသွားတာပါ။ တကယ့်တကယ်က ကော်မင့်တွေက လုံးဝ မဝင်တာ မဟုတ်ပဲ Spam ထဲ ဝင်နေတာပါ။ Spam ထဲ ဝင်နေတဲ့ ကော်မင့်တွေကို ဘလော့ရှင်က သေသေချာချာ စစ်ဆေးဖို့ အချိန်မရလို့ Spam ထဲက ကော်မင့်တွေကို အကြမ်းဖျင်းလောက်ပဲ စစ်ကြည့်လိုက်ပြီး ဆဲဆို စော်ကားတာ မဟုတ်တဲ့ ကော်မင့်အားလုံးကို Select လုပ်ပြီး "Not Spam" လုပ်လိုက်တော့ ကော်မင့်တူတွေ အားလုံးက ပြန်ဝင်လာပြီး ဖောင်းပွနေတာပါ။
    ဒီအတွက် ဆောရီးပါ။
    ဘလော့ရှင် အချိန်ရရင် မှတ်ချက်တူတွေကို ဖျက်လိုက်ပါခင်ဗျာ။
    မှန်ကန်သူဘက်မှရပ်တည်သူ
    ReplyDelete
  50. Jul 21, 2011
    ထူးထူးဟန် ထောက်လှန်းရေး ဟုတ်မဟုတ်
    သြစတေးလျနိုင်ငံရောက် ထူးထူးဟန်ဟာ သူသည် မြန်မာစစ်ထောက်လှန်းရေးဟောင်း ဖြစ်ကြောင်း၊ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကို မီဒီယာများသို့ ဖွင့်ပြောပြီးနောက်ပိုင်း နိုင်ငံတကာရောက် မြန်မာများနှင့် သြစတေးလျရောက် မြန်မာ အသိုင်းဝိုင်းမှ မယုံကြည်ဟု ဆိုနေကြသည်။
    ကျွန်တော် သိရသလောက် သူ ၂၀၀၃ ခုနှစ် Unching My Heart ဆိုတဲ့ Campaign အတွက် တကိုယ်တော် လမ်းလျောက်ဖူးသည်။ (တကယ်တော့ Australia TV အစီစဉ်တွက် သီးသန့် ရံပုံငွေ လျှောက်ပြီး Australia ပြည်တွင်း အတွေ့ အကြုံဆိုတဲ့ TV Program အတွက် လုပ်တာပါ။)
    ထိုအချိန်က သြစတေးလျမှာရှိတဲ့ မြန်မာ့အရေးအဖွဲ့ တွေက ထူးထူးဟန် လုပ်ရပ်ဟာ တကိုယ်ကောင်း ဖြစ်ကြောင်း၊ ထူးထူးဟန်ဟာ ထောက်လှန်းရေး သံရုံးသတင်းပေး ဖြစ်ကြောင်း၊ ဒါကြောင့် သူ့ ကို မထောက်ခံ အားမပေးကြဖို့  စာတွေ ထုတ်ပြီး သူ့ လုပ်ရပ်ကို ၀ိုင်းနှောက်ယှက်ကြသေးသည်။
    ဆက်ရန် >>>
    ReplyDelete
  51. ထိုအချိန်က မဲလဘုန်းမြို့ မှ လူ ၃၊ ၄ ယောက်မှလွဲပြီး ထူးထူးဟန်ကို နအဖ လက်ပါးစေအဖြစ် သတ်မှတ်ပြီး သြစတေးလျမြို့ များတွင် မည်သူမှ ထူးထူးဟန်ရဲ့ တကိုယ်တော် Campaign ကို အားမပေးခဲ့ကြပါ။
    ထိုအချိန်က ထူးထူးဟန်ရဲ့ ရှင်းလင်းချက်က သူသည် ထောက်လှန်းရေး မဟုတ်၊ သံရုံးသတင်းပေး မဟုတ်၊ သူ၏အမေ ထောင်ထဲတွင် ရောက်နေသောကြောင့် သူသည် သံရုံးကို ဆက်သွယ်ပြီး မြန်မာပြည် ပြန်ရန် သူ့ အမေနှင့် သူ့ ကို လဲလှယ်ရန်အတွက် သံရုံးသို့ ဆက်သွယ်သည်ဟု သူ ကိုယ်တိုင် လူသိရှင်ကြား ရှင်းလင်းသွားဖူးသည်။
    ထို့ ကြောင့် မဲလဘုန်းမြို့ မှ လူ ၃၊ ၄ ဦးမှလဲ "မြန်မာ့ကိစ္စ လုပ်တာပဲကွာ၊ သူ့ ဖါသာသူ အရင်က ထောက်လှန်းရေးပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မြန်မာ့ကိစ္စဆို ငါတို့ လဲ ပါမယ်" ဆိုပြီး လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြသည်။ သြစတေးလျနိုင်ငံ မည်သည့် မြို့ မှ ထူးထူးဟန်၏ Campaign ကို ထောက်ခံ ကူညီမှု မပြုခဲ့ကြပေ။ ထူးထူးဟန်ကို ထောက်လှန်းရေး၊ သံရုံးသတင်းပေး အဖြစ် စွပ်စွဲခဲ့ကြသည်။
    ဆက်ရန် >>>
    ReplyDelete
  52. ယခု ထူးထူးဟန်က သူသည် (လူသတ်တာ၊ မသတ်တာ အပထားဦး၊) ထောက်လှန်းရေးဟောင်း ဖြစ်ခဲ့သည်ဟု လူသိရှင်ကြား ၀န်ခံချိန်တွင် သူ့ ကို ထောက်လှန်းရေး ဟု တချိန်က စွပ်စွဲခဲ့သည့် သြစတေးလျနိုင်ငံရောက် မြန်မာ့အဖွဲ့ များက ထူးထူးဟန်၏ ပြောစကားကို မယုံကြည်ကြပါဟု ဆိုကြပြန်ပါသည်။
    ဒီနေရာမှာ ထောက်ပြချင်တာက ထူးထူးဟန် ထောက်လှန်းရေး ဟုတ်မဟုတ် ဆိုတာထက် သူ့ ကို ထောက်လှန်းရေးဟု စွပ်စွဲသူများက ယခုအချိန်တွင် သူသည် ထောက်လှန်းရေးဟောင်း ဆိုသည်ကို မယုံကြည်ဟု ဆိုသော ရှေ့နောက် အတွေးအခေါ် လွဲချော်နေပုံကို ထောက်ပြချင်ခြင်း ဖြစ်ပါသည်။
    ထူးထူးဟန် ထောက်လှန်းရေးဟောင်း ဟုတ်မဟုတ် ဆိုသည်ကို သြစတေးလျ နိုင်ငံ ပင်မရဲတပ်ဖွဲ့ မှ စစ်ဆေး ဆုံးဖြတ်ပါလိမ့်မည်။ ရဲတပ်ဖွဲ့ မှ စစ်ဆေးမှု မစခင်တွင် ကြိုတင်ပြီး မှတ်ချက်ချခြင်းသည် စုံစမ်းစစ်ဆေးမှုကို အနှောက်ယှက် ပေးသလို ဖြစ်နေမည်ကို သတိပေးခြင်း ဖြစ်ပါသည်။
    http://objectiveburma.blogspot.com/2011/07/blog-post_21.html
    ReplyDelete
  53. The blogger of objectiveburma.blogspot.com is right.
    ReplyDelete
  54. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၁)
    (သြစတြေလျနိုင်ငံ၊ မဲလဘုန်းမြို့ အခြေစိုက် The Age နေ့စဉ်ထုတ်သတင်းစာ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော သတင်းဆောင်းပါး)
    http://www.theage.com.au/national/burma-refugee-says-he-was-a-killer-20110718-1hlpy.html#ixzz1Sg7YcrgF
    Dan Oakes ရေးသည်။
    ဇူလိုင် ၁၉၊ ၂ဝ၁၁
    မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ်က အစိုးရဆန့်ကျင်သူ ဒါဇင်ပေါင်းများစွာကို ကိုယ်တိုင် သေနတ်ဖြင့်ပစ်ပြီး သတ်ဖြတ်ခဲ့သည် ဟု သြစတြေလျနိုင်ငံသား မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်၏ ဖွင့်ဟ ပြောဆိုချက်များကို ဩစတြေလျနိုင်ငံ၊ ပြည်ထောင်စုရဲအဖွဲ့က စုံစမ်းစစ်ဆေးမည်ဟု သိရသည်။
    အနည်းဆုံး လူသတ်မှု ၂၄ မှု နှင့် အခြား စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသော ကိုထူးထူးဟန်က သူ၏ အတိတ်ကို ဆက်လက် လျှို့ဝှက် မထားနိုင်တော့ပါ ဟု The Age သတင်းစာကို ယမန်နေ့က ပြောဆိုသည်။ သူ သတ်ပစ်လိုက်သူများ၏ မိသားစုများ အနေဖြင့် သူ့ကို ခွင့်လွှတ်ရန် စစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က တောင်းတောင်းပန်ပန် မေတ္တာရပ်ခံသည်။
    ReplyDelete
  55. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၂)
    "မြန်မာနိုင်ငံက လူတွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာတွေ အတွက် ဝမ်းနည်းစကား ပြောချင်ပါတယ်။ ဘယ်တော့မှ အိမ်ပြန်လာတော့မှာ မဟုတ်တဲ့ လူတွေအတွက် ကျွန်တော် လုပ်ခဲ့တာတွေကို ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ" ဟု ၁၉၈၈ ခုနှစ်က အစိုးရဆန့်ကျင်သူ အနည်းဆုံး ၂၄ ဦးကို ကိုယ်တိုင် သေနတ်ဖြင့်ပစ်ပြီး သတ်ဖြတ်ခဲ့သည် ဆိုသည့် ကိုထူးထူးဟန်က ပြောသည်။
    "သြစတြေလျနိုင်ငံမှာ ကျွန်တော် အများကြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော် ပန်းချီဆရာ ဖြစ်လာခဲ့တယ်။ ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ စစ်ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ရင်း လူသတ်ခဲ့တဲ့ ကျနော်ဟာ အပြောင်းလဲကြီး ပြောင်းလဲပြီး အခုဆိုရင် စိတ်သစ်၊ လူသစ် နဲ့ လူတယောက် ဖြစ်သွားပါပြီ။
    ဒါကြောင့် ကျွန်တော် ငယ်ငယ်က လုပ်ခဲ့မိတာတွေ အတွက် အရမ်း အပြစ်ကြီးတယ် လို့ ခံစားရပါတယ်။ ကျွန်တော် ကယောက်ကယက် အိပ်မက်ဆိုးတွေ မက်လို့ အိပ်လို့ မရဘူး။ ကျွန်တော် ဒီ အိပ်မက်ဆိုးတွေနဲ့ နပန်းလုံးလာတာ အတော် ကြာနေပါပြီ။ အမှန်တရားဟာ အနှေးနဲ့အမြန် ဆိုသလို ပေါ်လာရမှာပဲ" ဟု ကိုထူးထူးဟန်က ဆိုသည်။ ထောက်လှမ်းရေး တာဝန်အရ လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် မိမိကို မိမိ အပြစ်ရှိသည်ဟု ခံစားနေရသော စိတ်ဝေဒနာ၏ ဖိစီးမှုကို ဆက်လက် မခံစားနိုင်တော့သဖြင့် ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်ဟု ဆိုသည်။
    ReplyDelete
  56. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၃)
    သြစတြေလျနိုင်ငံသား ဖြစ်ပြီး ကလေးငယ် သုံးဦးရှိသော အိမ်ထောင်သည် ကိုထူးထူးဟန်သည် သြစတြေလျနိုင်ငံရောက် မြန်မာဒုက္ခသည် အသိုင်းအဝိုင်းတွင် ထင်ရှားသူ တဦး ဖြစ်သည်။ အသက် ၄၄ နှစ် အရွယ်ရှိ ပန်းချီအနုပညာရှင် ကိုထူးထူးဟန်က ၁၉၈၈ ခုနှစ်က လူ ၂၄ ဦးထက် မနည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဆိုသည့် ပြောဆိုချက်များကို သြစတြေလျနိုင်ငံ၊ အမျိုးသားသတင်းဌာန ဖြစ်သော AAP သတင်းဌာနက သတင်းအဖြစ် ပထမဦးဆုံး ဖော်ပြသည်။
    ကိုထူးထူးဟန်က "ကျွန်တော် လူသတ်သမားပါ" ဟု ပြောဆိုချက်များကြောင့် သြစတြေလျနိုင်ငံရောက် မြန်မာဒုက္ခသည် အသိုင်းအဝိုင်း တခုလုံး အံ့သြ တုန်လှုပ်သွားသည်။
    ကိုထူးထူးဟန်က ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် သူကိုယ်တိုင် သေနတ်ဖြင့် ပစ်သတ်ခဲ့သော အစိုးရဆန့်ကျင်သူ အရေအတွက် အတိအကျကိုမူ မမှတ်မိတော့ပါ ဟု The Age သတင်းစာကို ပြောသည်။
    လတ်တလောအားဖြင့် ကိုထူးထူးဟန်၏ ပြောဆိုချက်များကို အတည်ပြုရန် မဖြစ်နိုင်သေးပါ။ သို့သော် ၁၉၈၈ ခုနှစ်က သူကိုယ်တိုင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဆိုသော အသက် ၁၈ နှစ်မှ ၄၈ နှစ်ကြားရှိ အစိုးရဆန့်ကျင်သူ ၂၄ ဦး၏ စာရင်းကို ကိုထူးထူးဟန်က The Age သတင်းစာကို ပေးခဲ့သည်။ ထို့ပြင် ကိုထူးထူးဟန်က အဆိုပါ ဆန္ဒပြသူ ၂၄ ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ ကွပ်မျက်စီရင်မှုများ ကျူးလွန်ခဲ့သော အရပ်ဒေသများနှင့် သူ သတ်ပစ်ခဲ့သော ဆန္ဒပြသူများ၏ အချက်အလက်များ ဖြစ်သော `ကျောင်းသား´၊ `မွတ်စလင်´၊ `ဗကပ´ စသည့် ဖော်ပြချက်များကိုလည်း ကိုထူးထူးဟန်က The Age သတင်းစာကို ပေးခဲ့သည်။
    ReplyDelete
  57. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၄)
    မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် အနည်းဆုံး လူသတ်မှု ၂၄ မှု နှင့် အခြား စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ပြောဆိုချက်များကို ဩစတြေလျနိုင်ငံ ရှေ့နေချုပ် မစ္စတာ ရောဘတ် မက် ကလယ်လန် က "အလွန့်အလွန် အရေးကြီးသည်" ဟု သတ်မှတ်ပြီး ဤကိစ္စကို ဩစတြေလျ ပြည်ထောင်စု ရဲအဖွဲ့က ဆန်းစစ်လေ့လာ အကဲဖြတ်ရန် လွှဲပြောင်းပေးမည်ဟု ပြောဆိုသည်ဟု ရှေ့နေချုပ် မစ္စတာ မက် ကလယ်လန် ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
    "ဩစတြေလျ လူ့အဖွဲ့အစည်းကို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ ဘေးရန်က ကာကွယ်ဖို့ နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စနစ်တကျ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ရေးကို သေချာပေါက် ရနိုင်စေဖို့ ခိုင်မာတဲ့ အစီအစဉ်တွေ နေသားတကျ ရှိပြီးသားပါ" ဟု ရှေ့နေချုပ် မစ္စတာ မက် ကလယ်လန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
    အတိုက်အခံ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ မစ္စစ် ဂျူလီ ဘိရှော့ပ် က ၁၉၈၈ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးတာဝန် ထမ်းဆောင်နေစဉ်က အစိုးရဆန့်ကျင်သူ ဒါဇင်ပေါင်းများစွာကို ကိုယ်တိုင် သေနတ်ဖြင့်ပစ်ပြီး သတ်ဖြတ်ခဲ့သည် ဟု ကိုထူးထူးဟန်၏ ပြောဆိုချက်များကို နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး (International Criminal Court) (ICC) သို့ လွှဲပြောင်းပေးရန် ယမန်နေ့ညက တောင်းဆိုလိုက်သည်။
    ReplyDelete
  58. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၅)
    ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင်း ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ထောက်လှမ်းရန် မြန်မာ့တပ်မတော်၊ ထောက်လှမ်းရေးတပ် အရာရှိငယ် ဗိုလ်ထူးထူးဟန်သည် တာဝန်ပေးအပ်ခြင်း ခံရသည်။ စစ်ထောက်လှမ်းရေးအရာရှိငယ် ဗိုလ်ထူးထူးဟန်သည် လုပ်ကြံ သတ်ဖြတ်ရန် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ပစ်မှတ်များကို ဖမ်းဆီးနိုင်ရန် စီစဉ်ပေးခဲ့သည်။
    ကိုထူးထူးဟန်သည် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန်အရ သူ သေဒဏ်စီရင် ကွပ်မျက်မှု ပြုရမည့် အစိုးရဆန့်ကျင်သူများ၏ ဦးခေါင်းကို ခေါင်းစွပ်ဖြင့် စွပ်ကာ ဦးခေါင်းအနောက်ဘက် နောက်စေ့နေရာသို့ သေနတ်ဖြင့် ပစ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
    ReplyDelete
  59. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၆)
    မြန်မာစစ်အစိုးရအတွက် ကိုထူးထူးဟန် သတ်ပေးခဲ့သော ၁၉၈၈ ခုနှစ်က ဆန္ဒပြသူများ၏ အလောင်းများကို ဂူတခုအတွင်းသို့ ယူဆောင်သွားကာ မီးရှို့ခဲ့ပြီး ပြာများကို မြစ်တခုအတွင်းသို့ စွန့်ပစ်ခဲ့သည်ဟု ပြောပြသည်။
    ဤသို့ဖြင့် ၁၉၈၈ ခုနှစ်က အစိုးရဆန့်ကျင်သူများကို စစ်ထောက်လှမ်းရေး ဗိုလ်ထူးထူးဟန်က သေဒဏ်စီရင် ကွပ်မျက်မှုများ၏ သက်သေခံ အထောက်အထားများကို ဖျောက်ဖျက်ခဲ့သည်ဟု ဆိုသည်။
    စစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က သူ သတ်ပစ်ရန် ကြံရွယ်ထားသည့် အစိုးရဆန့်ကျင်သူ အများအပြားကို သူ မသတ်ပဲ အသက်ချမ်းသာခွင့် ပေးခဲ့သည် ဟု ပြောသည်။
    သတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း မသတ်ပဲ လွှတ်ပေးခဲ့ခြင်း အကြောင်းများမှာ အသက်ကြီးလွန်းသဖြင့် လည်းကောင်း၊ အသက်ငယ်လွန်းသဖြင့် လည်းကောင်း၊ ကာယကံရှင်နှင့် လူချင်း သိနေသဖြင့် လည်းကောင်း၊ ကာယကံရှင်၏ မိသားစုနှင့် သိကျွမ်းခင်မင်နေသဖြင့် လည်းကောင်း မသတ်ပဲ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
    ReplyDelete
  60. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၇)
    ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ပြီးဆုံးသည့်နောက်ပိုင်းတွင် အကျဉ်းကျခံနေရသော အတိုက်အခံများကို အကျဉ်းထောင်အတွင်းတွင် ထောက်လှမ်းရန် ထိုစဉ်အခါက စစ်ထောက်လှမ်းရေး အရာရှိ ဖြစ်သော သူ့ ကို မြန်မာနိုင်ငံတွင် ဟန်ဆောင် ထောင်ချခဲ့သည်ဟု ကိုထူးထူးဟန်က ရှင်းပြသည်။
    စစ်ထောက်လှမ်းရေး ဗိုလ်ထူးထူးဟန်သည် ၁၉၉၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ပြည်ပတွင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်နေသော မြန်မာ ကျောင်းသားအဖွဲ့များအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ထောက်လှမ်းခဲ့သည်ဟု ဆိုသည်။
    ကိုထူးထူးဟန်သည် ၁၉၉၆ ခုနှစ်တွင် သြစတြေလျနိုင်ငံသို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် သြစတြေလျ နိုင်ငံသား ဖြစ်လာခဲ့သည်။
    ReplyDelete
  61. "ကျွန်တော် လူသတ်သမားပါ" ဟု ပြောသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်း ကိုထူးထူးဟန် (၈)
    ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုကြီး ကာလအတွင်းတွင် မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ် အစိုးရဆန့်ကျင်သူ ဒါဇင်ပေါင်းများစွာကို ကိုယ်တိုင် သေနတ်ဖြင့်ပစ်ပြီး သတ်ဖြတ်ခဲ့သည် ဟု ကိုထူးထူးဟန်၏ ပြောဆိုချက်များကြောင့် ယမန်နေ့က သြစတြေလျနိုင်ငံရောက် မြန်မာများ ထိတ်လန့် တုန်လှုပ်သွားကြသည်။
    ကိုထူးထူးဟန်က သူ လုပ်ခဲ့ပါသည်ဟု ဆိုသော လုပ်ရပ်များကို သူ လုပ်နိုင်စွမ်းရှိခဲ့သည်ဟု ယုံကြည်ရန် ခဲယဉ်းသည်ဟု ထင်ရှားသော မြန်မာအတိုက်အခံ ဒေါက်တာမြင့်ချိုက ပြောသည်။
    "ပွင့်ပွင့်လင်းလင်း ပြောရရင် ထူးထူးဟန်ဟာ စစ်ရာဇဝတ်ကောင် တယောက် ဖြစ်နိုင်ချေ မရှိပါဘူး" ဟု ဒေါက်တာမြင့်ချိုက ဆိုသည်။
    ReplyDelete
  62. ဒီသတင်းနဲ့ပတ်သက်လိုယုံချင်စရာမရှိဘူး၊
    သူအကျိုးအတွက်ပေါ်ပြူလာလုပ်တာဘဲဖြစ်လမ့်မယ်၊
    ဘာလို့လဲဆိုသူပြောတာတွေကတိတိကျကျမရှိဘူး၊
    ကျွန်တော်ကိုယ်တွေ့လေးတစ်ခုပြောချင်တယ်
    အရေးအခင်းကာလတစ်ခုမှာတန်ပြန်တွေဆိုပြီး
    ကျွန်တော်တို့သပိတ်ခေါင်းဆောင်တွေကညဘက်မှာ
    စစ်ဆေးတာလက်လွန်ပြီးသတ်ပစ်လိုက်တာတော့
    အရေတွက်တော်တော်များတယ်၊
    ဒါတွေကတော့ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါ၊
    အဲဒီအချိန်ကကိုယ်မြို့နယ်အရေးအခင်းပါသူတိုင်း
    အနဲနဲ့အများသိကြပါတယ်၊ဒါမျိုးရန်ကုန်တတိုင်းလုံးမှာဖြစ်ပါတယ်၊
    ReplyDelete
  63. ၇ု၇ှားကစစ်သား၇ာ
    ၁၉၈၈ တုန်းက ရန်ကုန်တတိုင်းလုံးက မြို့နယ်တိုင်းမှာ သပိတ်ခေါင်းဆောင်တွေက ((တန်ပြန်တွေ)) ဆိုပြီးစစ်ဆေးတာ လက်လွန်ပြီးသတ်ပစ်လိုက်တယ်ဆိုတာကို ဝါဒဖြန့်စာအုပ်ထဲကဖတ်ပီး ((ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါ)) ဆိုပီး မင်းကိုယ်တွေ့လိုလိုလာအာမနေစမ်းပါနဲ့
    ၁၉၈၈ ပြည်သူ့အေ၇းတော်ပုံဖြစ်တုံးက မင်းအသက် ၂ နှစ်လောက်ဘဲ၇ှိအုံးမှာပါကွာ
    ReplyDelete
  64.ုဒီသတင်းနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်တွေကို လာပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို အဘက်ဘက်က သုံးသပ်ကြတာ ကောင်းပါတယ်။ ကျွန်မအနေနဲ့ အမှန်တကယ်ဆိုရင် ကြိုဆိုတယ် တချို့ထင်သလို မဟုတ်ဘူးဆိုရင်လည်း အမှန်တရားက ပေါ်မှာပဲလို့ သဘောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်တွေ ရရင်လည်း ဆက်လက်ပြီး ဝေမျှကြစေချင်တယ်။ ကျွန်မလည်း ဒေါက်တာမြင့်ချို ကျွန်မဆီ ပို့လာတဲ့ Youtube နှစ်ခုကို ပို့စ်ထဲမှာ ထပ်ဖြည့်ပေးထားပါတယ်။
    ReplyDelete
  65. သားထူးJuly 22, 2011 at 9:22 AM
    စီဘောက်မှာ ရုရှက စစ်ခွေး mg က "ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်" ဆိုတဲ့ နာမည်ကို သုံးပြီး
    အန်တီငယ်ကို ပက်ပက်စက်စက် ဝင်ဆဲသွားပြန်ပြီ
    စီဘောက်မှ မှတ်ချက်များ
    (မှတ်ချက် - "ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်" (ရုရှက စစ်ခွေး mg) ရဲ့ အန်တီငယ်ကို ပက်ပက်စက်စက် ဆဲဆိုထားတဲ့ စကားများကို ဖယ်ရှားထားပါတယ်။)
    22 Jul 11, 03:20 AM
    ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်: x x x x x x x x x x x x x x x x x x x x x x x x x x x x x x
    22 Jul 11, 03:22 AM
    ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်: x x x x x x x x x x x x x x x x x x x x x x x x x x x x x x
    22 Jul 11, 03:24 AM
    ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်: x x x x x x x x x x x x x x x x x x x x x x x x x x x x x x
    22 Jul 11, 03:24 AM
    ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်: x x x x x x x x x x x x x x x x x x x x x x x x x x x x x x
    အန်တီငယ်
    အန်တီငယ်က ညဖက်ဆို မှတ်ချက် နေရာမှာ approval ခံထားလို့ ရုရှက စစ်ခွေး mg က မှတ်ချက် နေရာမှာ အန်တီငယ်ကို ဆဲလို့ မရလို့ စီဘောက်မှာ အန်တီငယ်ကို ပက်ပက်စက်စက် ဝင်ဆဲသွားတာ လူမြင်မကောင်း၊ သူမြင်မကောင်း ဖြစ်နေပြန်ပြီ
    အန်တီငယ် ညအိပ်ခါနီးရင် မှတ်ချက် နေရာမှာ approval ခံတာတင်မက စီဘောက်ကိုပါ lock လုပ်ထားလိုက်ပါခင်ဗျာ
    ကျွန်တော်တို့ စီဘောက်မှာ မရေးရတာက ကိစ္စမရှိပါဘူး
    ညဖက်မှာ စီဘောက်ကို lock လုပ်ထားလို့ အန်တီငယ်ရဲ့ မိတ်ဆွေ ၁ဝ ယောက်က နှုတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ အကြံပေးစကား၊ အပြုသဘော ဝေဖန်ချက်၊ အကျိုးရှိတဲ့ လင့် ပေးတာ ရေးလို့ မရလို့ နစ်နာတာထက် ရန်သူ စစ်ခွေး ၁ ယောက်က ဆဲဆိုစကား၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်စကား၊ အလိမ်အညာ သွားပုတ်လေလွင့် ဇာတ်လမ်းတွေ ရေးသွားတာက အများကြီး ပိုနစ်နာပါတယ်၊ အန်တီငယ်
    အန်တီငယ်ကို လာလာဆဲနေတဲ့ "ရုရှက စစ်ခွေးတွေ ပေးတဲ့ အကုသိုလ်ကို ကိုယ်မယူတော့ သူတို့ဆီပဲ ပြန်ရောက်သွားတယ်" လို့ အန်တီငယ်က သဘောထားနိုင်တော့ ရုရှက စစ်ခွေးတွေ ဆဲတာက အန်တီငယ်ကို မထိခိုက်ပါဘူး
    ဒါပေမယ့် အန်တီငယ့် စာဖတ်သူတွေထဲမှာ ဘုန်းတော်ကြီးတွေ၊ လူရိုသေရှင်ရိုသေ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိနေလို့ ရုရှက စစ်ခွေးတွေ အန်တီငယ့်ကို လာလာဆဲနေလို့ လူမြင်မကောင်း သူမြင်မကောင်း ဖြစ်နေတာကို တားဆီးနိုင်တဲ့ နည်းကို တင်ပြနေတာပါ၊ အန်တီငယ်
    ReplyDelete
  66. ဇာတ်လမ်းက ခုမှစတာ ဆိုသော ဦးထူးထူးဟန်
    http://www.mizzimaburmese.com/interview/7992-2011-07-21-10-23-13.html
    ReplyDelete
  67. သြစတေးလျရောက် ထူးထူးဟန်ကြောင့် မြန်မာအတိုက်အခံတို့ အခက်တွေ့နိုင်သလား
    မိုးမခအထောက်တော် အမှတ် ၀၀၂
    ဇူလိုင် ၁၇၊ ၂၀၁၁
    မြန်မာပြည်တွင်ရှိစဉ်က အနည်းဆုံး လူ ၁၀၀ ကို သတ်ဖြတ်ခဲ့သည်ဟု သြစတေးလျတွင် ခိုလှုံပြီး နိုင်ငံသား ဖြစ်နေသူ ထူးထူးဟန်က ပြောဆိုကြောင်း သြစတေးလျသတင်းဌာန AAP သတင်းတပုဒ်တွင် ယနေ့ ဖော်ပြထားသည်။ သူ၏ အသက် ၄၄ နှစ်ရှိပြီ ဖြစ်ပြီး ၁၉၈၇ မှ စတင်ကာ မြန်မာစစ်ထောက်လှမ်းရေးအဖွဲ့အတွက် လုပ်ကိုင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။
    သို့သော်လည်း သူနှင့်အတူ မြန်မာပြည်အကျဉ်းထောင်တွင် နေထိုင်ခဲ့ဖူးသူများကမူ သူ၏ အသက် ၄၀ မကျော်သေးကြောင်း၊ ၁၉၉၈ ၀န်းကျင်က ရန်ကုန်ရှိ သူ၏ မိခင် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဘန်ကောက်ရှိ မြန်မာသံရုံးကို အ၀င်အထွက်လုပ်ခဲ့ကြောင်း၊ ထိုင်းသို့ မကြာခဏ သွားရောက်တတ်ကြောင်း ပြောပြကြသည်။
    မြန်မာအတိုက်အခံတို့က CoI ခေါ် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင် ပေါ်ပေါက်ရေး လှုံ့ဆော်နေချိန်တွင် ထူးထူးဟန်၏ ပြောဆိုချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကုလတွင် ကော်မရှင် ဖွဲ့ပြီး မြန်မာအာဏာပိုင်များ၏ စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းရန် အတိုက်အခံတို့က လိုလားလျက် ရှိသည်။ ထိုလှုံ့ဆော်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံထားသည်။
    ထူးထူးဟန်၏ အနည်းဆုံး လူ ၁၀၀ သုတ်သင်ခဲ့သည်ဟူသော ပြောဆိုချက်သည် ထိုလှုပ်ရှားမှုကို အနည်းနှင့် အများ ထိခိုက်စေသည်ဟု အတိုက်အခံတို့က ယူဆနေသည်။
    "အခု CoI လုပ်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ကျနော်တို့အတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ သတင်းအမှားတွေ ပေးတယ်လို့ နိုင်ငံတကာက ထင်သွားမှာ စိုးရိမ်ရပါတယ်" ဟု ထိုင်းမြန်မာနယ်စပ်မှ အတိုက်အခံတဦးက ပြောသည်။
    (မိုးမခ မှ ကူးယူ ဖော်ပြပါသည်။)
    http://moemaka.com/index.php?option=com_content&task=view&id=9450&Itemid=40
    ReplyDelete
  68. ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး
    ရန်ပိုင် Wednesday, 20 July 2011 16:19
    (ဧရာဝတီ)
    မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။
    ၁၉၈၇ မှ ၁၉၉၂ အတွင်း မြန်မာ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ အရာရှိတဦး အဖြစ် တာဝန်ယူခဲ့ပြီး ထိုသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော သူ၏ ပြောဆိုချက်ကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
    ကိုထူးထူးဟန်သည် ၁၉၉၀ ၀န်းကျင်က အင်းစိန်၊ သာယာဝတီထောင်တို့တွင် အထိန်းသိမ်းခံရဖူးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။
    “အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။
    ကိုထူးထူးဟန်သည် ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ဖူးသည်ဟု သူက ဆိုသည်။
    (ဆက်ရန်)
    ReplyDelete
  69. သြစတြေးလျရှိ မြန်မာ့အရေးလှုပ်ရှားသူများကမူ ကိုထူးထူးဟန်၏ မဆင်မခြင် ပြောဆိုမှုသည် သြစတြေးလျတွင် အခြေချရန် စောင်ဆိုင်းနေသည့် မြန်မာဒုက္ခသည်များကို ထိခိုက်စေနိုင်သည်ဟု ယူဆသည်။
    “သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်” ဟု သြစတြေးလျတွင် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဒေါက်တာမြင့်ချိုက ကောက်ချက်ချသည်။
    ကိုထူးထူးဟန်သည် ၁၉၉၆ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့် ယူခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် သြစတေးလျနိုင်ငံသား အဖြစ် ခံယူလိုက်ကြောင်း၊ ဇနီးသည်နှင့် သားသမီး ၃ ဦး ရှိကြောင်း သတင်းများက ဆိုသည်။
    လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်များကို ဇနီးသည်ကပင် ယုံကြည်ခြင်းမရှိဟု သူက ပြောဆိုကြောင်း The Australian သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
    မြန်မာစစ်ထောက်လှမ်းရေး တပ်ဖွဲ့သည် အတိုက်အခံ နိုင်ငံရေးသမားများကို သတ်ဖြတ်ရန် တဦးတယောက်ကို သီးခြား တာဝန်ပေးခဲ့ဖူးခြင်း မရှိဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ သတင်းဌာနကို တနင်္လာနေ့က ရှင်းပြသည်။
    (ဆက်ရန်)
    ReplyDelete
  70. ကိုထူးထူးဟန်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သြစတြေးလျ အာဏာပိုင်များက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
    ကိုထူးထူးဟန်က သူ့ကိုယ်သူ စစ်ရာဇာဝတ်ကောင် ဟု ပြောဆိုကြောင်း၊ တချိန်က ကျောင်းသား အဖွဲ့အစည်းများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ထင်ရှားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသော ပြောဆိုချက်တို့ကို နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားကြသည်။
    သတ်ဖြတ်ရာတွင် နှိပ်စက်ညှဉ်းပမ်းမှု မပြုလုပ်ဘဲ ဦးခေါင်းကို ပစ်သတ်သည့် နည်းကိုသာ သုံးခဲ့ကြောင်း၊ နှစ်ပေါင်း ၂၀ ခန့်က ကျူးလွန်ခဲ့သည့် လုပ်ရပ် အတွက် သေဆုံးခဲ့သူတို့၏ မိဘများ၊ မြန်မာ ပြည်သူများကို ၀မ်းနည်းစကား ပြောချင်ကြောင်း ဟူသော ပြောဆိုချက်များကို သူ၏ သတင်း စတင် ဖော်ပြသည့် AAP သတင်းတပုဒ်တွင် ရေးသားထားသည်။
    သြစတေးလျ ပြည်ထောင်စု ရှေ့နေချုပ် ရောဘတ်မက္ကလန်က “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက်တခုပဲ” ဟု ကောက်ချက်ချ ပြောဆိုလိုက်သည်။
    ဘီဘီစီ သတင်းဌာနနှင့် ဆက်သွယ် မေးမြန်းခန်း တခုတွင် သူက ၁၉၈၇ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ရွှေဓားဆု ချီးမြှင့်ခံရဖူးကြောင်း၊ စစ်ထောက်လှမ်းရေး အမှတ် ၆ တွင် တာဝန်ယူဖူးကြောင်း၊ ၁၉၉၃ တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို စာနာသည့် အတွက် ထောက်လှမ်းရေး တာဝန် မယူတော့ကြောင်း ပြောဆိုခဲ့သည်။
    (ဧရာဝတီ)
    http://www.bur.irrawaddy.org/index.php/news/6880-2011-07-20-09-21-21
    ReplyDelete
  71. Hay! Hto2 Han ,do u remember? this case?July 22, 2011 at 11:13 AM
    myokowin said...
    July 20, 2011
    Hay! Hto2 Han ,do u remember? this case?
    his speech is correct b/s he kill my brother who was a boycott leader.when my brother come back from Yangom,after close the university ,he assassinated in kyat ta gar station when stop the train.
    Hay! Hto2 Han ,do u remember? this case?
    ReplyDelete
  72. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁)
    (မဇ္ဈိမ)
    http://www.mizzimaburmese.com/interview/7992-2011-07-21-10-23-13.html
    ကိုပေါက် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၇ မိနစ်
    နယူးဒေလီ (မဇ္ဈိမ) ။ ။ ၁၉၈၈ လူထုအုံကြွမှုအတွင်း အစိုးရဆန့်ကျင်ဆန္ဒပြသူ ၂၄ ဦးအား ကိုယ်တိုင်ပစ်သတ်ခဲ့ပြီး ၁ဝဝ ကျော် သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သည်ဟု ဦးထူးထူးဟန်၏ ဝန်ခံဖြောင့်ချက်များကို ကိုးကား၍ သြစတြေးလျနိုင်ငံ AAP သတင်းဌာနတွင် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စတင်ဖော်ပြပါရှိခဲ့ပြီး ten NEWS, SBS ရုပ်မြင်သံကြား သတင်းများတွင်လည်း ထုတ်လွှင့်ပြသခဲ့ကြသည်။
    အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို မြန်မာစစ်ရာဇဝတ်ကောင် အဖြစ် ထုတ်ဖော် ပြောဆိုလိုက်သည့် အတွက် အတိုက်အခံ ဒီမိုကရေစီအင်အားစုများအကြား သံသယဖြစ်သူများ ရှိနေကြသလို မြန်မာအစိုးရကိုသာ အကျိုး ဖြစ်ထွန်းစေမှာလား ဆိုသော မေးခွန်းများ ထုတ်လာကြသည်။
    ထို့ကြောင့် သြစတြေးလျနိုင်ငံတွင် ၁၅ နှစ်ကြာ နေထိုင်လာခဲ့သည့် ဦးထူးထူးဟန်အား ၎င်း၏ဖြတ်သန်းမှုနှင့် ဤသို့လုပ်ရခြင်း၏ အကြောင်းရင်း၊ ရည်ရွယ်ချက်များ သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုပေါက်က ဆက်သွယ် မေးမြန်းထားသည်။
    ReplyDelete
  73. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၂)
    Australian Associated Press – AAP သတင်း ရေးသားချက်အရ ကိုထူးထူးဟန်က ၈၈ အရေးအခင်း ကာလတုန်းက ဆန္ဒပြသူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အထဲမှာ ပါဝင်ခဲ့တယ်၊ ၂၄ ယောက်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
    ‘‘ဟုတ်ပါတယ်ခင်ဗျ။ ၂၄ ယောက် မကဘူး ထင်တယ်၊ ၂၄ ယောက် ကျော်တယ်။ မှတ်မိတဲ့လူပေါ့။ ကျနော် နာမည်သိတဲ့ လူ၊ မြို့နယ်သိတဲ့လူ။ တကယ်တမ်း သတ်ခဲ့တာတော့ ၂၄ ယောက်ထက် မကဘူးပေါ့နော်။ သာကေတ ဟိုဘက် တံတားထိပ်၊ ဒီဘက်တံတားထိပ်မှာ ကျနော်တို့ တပ်မ ၇၇ နှစ်ခု ရှိတယ်။ ဒီဘက်မှာ ကျနော်တို့က MI-6 လျှို့ဝှက်ရုံး ထားထားတာလေ။ အဲဒီမှာ ကျနော်ကိုယ်တိုင် ပစ်သတ်တယ်။ ပစ်သတ်ပြီးတော့ ကျနော့်ရဲဘော်တွေကပဲ အလောင်းတွေကို မီးရှို့ပြီးတော့ ငမိုးရိပ်ချောင်းထဲ ပစ်ချတယ်။ အလောင်းဖျောက်တာပေါ့ဗျာ။”
    အဲဒီလူတွေရဲ့ စာရင်း ရှိသေးတယ်ဆိုတော့ အဲဒီစာရင်းကို ထုတ်ပြန်ဖို့ရှိလား ခင်ဗျာ့။
    ‘‘ကျနော်က ထုတ်ပြန်ထားပါတယ်။ AAP မှာ ပေးထားပါတယ်။ အွန်လိုင်းကနေ ကော်ပီ ယူလိုက်လို့ ရပါတယ်။ ကျနော် သတ်ထားတဲ့ လူတွေရဲ့ မြို့နယ်တွေ၊ နာမည်တွေနဲ့ အသက်ဘယ်လောက် ရှိတယ်ဆိုတာတွေလည်း ပါတယ်။ နာမည်တွေကတော့ ဗမာလိုပဲ ကျနော် ရေးပေးထားပါတယ်။ ခင်ဗျား ပြန်ကြည့်လို့ ရတာပေါ့။ သာကေတတို့ ဘာတို့၊ ကြို့ပင်ကောက်တို့ အကုန်ပါတယ်။’’
    ReplyDelete
  74. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၃)
    အဲဒီလူတွေက များသောအားဖြင့် ကျောင်းသားလူငယ်တွေပဲလား။
    ‘‘လူငယ်တွေပေါ့ဗျာ၊ ကျောင်းသားတွေပေါ့။ ပြီးတော့ နောက်ကနေ မာစတာမိုင်းလုပ်တဲ့ သူတွေပေါ့ဗျာ။ အဲဒီလို လူမျိုးတွေ ပါတယ်။ ကွန်မြူနစ် ဘက်ကနေ ဝင်လာပြီးတော့ ကျောင်းသားတွေကို မြှောက်ပေးတဲ့ လူတွေလည်း ပါတယ်။ အစုံပေါ့ဗျာ နော်။ ကျနော်ပြောတာ ၂ဝ ကျော်ထဲ မဟုတ်ဘူးဗျ။ ၁ဝဝ ကျော်တယ်ဗျ။ ကျနော် အမိန့်ပေးပြီးလို့ ကျနော့်အမိန့်နဲ့ သေသွားရတဲ့ သူတွေလည်း အများကြီးပဲ။ ကျနော် ကယ်လိုက်တဲ့ သူတွေလည်း အများကြီး ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကျနော့် ရပ်ကွက်ထဲက သူတွေ ဖြစ်နေတယ်။ သူတို့စာရင်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာ ကိုယ်နဲ့ လမ်းအတူတူ၊ ကျောင်းတက်ခဲ့တဲ့သူတွေ၊ ကိုယ့်မိတ်ဆွေရဲ့ သားသမီးတွေ၊ သူတို့မိဘတွေကို ကျနော်သိတော့ တချို့လူတွေကျတော့ လွှတ်ပေးတယ်လေ။ တချို့ကျတော့ ကျနော် သတ်ပစ်တယ်။ တချို့ကိုကျတော့ ကျနော်ကိုယ်တိုင် မသတ်ဘူး။ ကျနော် အမိန့် ပေးလိုက်တာပေါ့။ ကျနော်က ကျောင်းသားတွေ ထဲမှာလည်း ခေါင်းဆောင်လုပ်နေတာကိုး။ ကိုမိုးသီးတို့နဲ့ အတူတူလုပ်နေတာကိုး။ ၈၈ တုန်းက MI-6 ကနေ ကျနော်က တာဝန်ယူတယ်။ ပြီးတော့ အဲဒီကနေတဆင့် ကျောင်းသား သမဂ္ဂတွေကနေ သတင်းတွေကို ကျနော်က MI-6 ကို ပေးတယ်ပေါ့နော်။’’
    ကိုယ်ကိုယ်တိုင် သတ်တော့ ဘယ်လို သတ်လဲ။
    ‘‘9mm နဲ့ပေါ့။ အဲဒီခေတ်က အရာရှိတွေကို ပေးထားတာကတော့ 9mm ၂ ခုရှိတယ်။ အတိုရှိတယ်၊ အရှည်ရှိတယ်။ ၉ မမ အတိုပေါ့။ အဲဒီဟာနဲ့ပဲ ကျနော်က ပစ်သတ်တာ။ သူတို့ကို မျက်နှာဖုံးစွပ်ထားတော့ နောက်ကနေ ပစ်တာ၊ သေမှန်းတောင် မသိဘူး။ နောက်ကနေ ပစ်တာဆိုတော့ နာကျင်မှု မရှိဘူးပေါ့ဗျာ။ သူတို့ခေါင်းကို သေနတ်နဲ့လည်း မထောက်ဘူး။ အဝေးကနေ ပစ်တာ။ အဲဒီနေရာမှာ ပွဲချင်းပြီးပါပဲ။”
    'အဝေးကနေ ပစ်တယ်' ဆိုတာက ဘယ်လိုပါလဲ။
    ‘‘သူတို့နောက်ကနေ ပစ်တာလေ။ သူတို့ခေါင်းကို သေနတ်ကြီးနဲ့ ထိလိုက် တေ့လိုက်မယ် ဆိုရင် သူတို့ခံစားရမယ်။ တပေ အကွာလောက်ကနေ ပစ်တာပေါ့။ ၆ လက်မအကွာ၊ တပေ အကွာလောက်ကနေ ပစ်တာပေါ့။ သူတို့ကို မခံစားရအောင်ပေါ့နော်။’’
    ReplyDelete
  75. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၄)
    ဘယ်သူက အမိန့်ပေးလို့လဲ။
    ‘‘ကျနော့်ကို အမိန့်ပေးတာကတော့ .. အင်း .. ဒါက ကျနော့်အကြောင်းကို ပြောပြတာလေ။ အခု ကျနော်တို့ ဘက်မှာလည်း ကျနော် အပါအဝင် ၉ ဦး ရှိတယ်။ ကျနော်တို့ MI 6 က လူတွေ ဒုက္ခသည်အနေနဲ့ ရောက်လာတာ။ အဲလိုမျိုးဆိုတော့ ကျနော်က သူများတွေကိစ္စ မပြောချင်တော့ဘူး။ ကျနော့်အရာရှိတွေ၊ ကျနော့် တပည့်တွေအကြောင်း မပြောချင်တော့ဘူး။ ကျနော့်အကြောင်းပဲ ပြောချင်တယ်။ အမိန့် ဆိုတာက အထက်က လာတာပဲ။ အဲဒီအချိန်က ကျနော်အလုပ်နှစ်ခု လုပ်နေရတဲ့အတွက် အရမ်းပင်ပန်းတယ်။ တနေ့ကို ၄ နာရီလောက်ပဲ အိပ်ရတယ်၊ ၃ နာရီလောက်ပဲ အိပ်ရတယ်။ ဦးနှောက် မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် မရဘူး။ အဲဒီအချိန်မှာ အရမ်းရှုတ်ထွေးနေတဲ့ အချိန်။ ကျောင်းသားသမဂ္ဂမှာလည်း ကျနော်က အထွေထွေ အတွင်းရေးမှူး’’
    ဘယ်ကျောင်းသား သမဂ္ဂလဲခင်ဗျာ့။
    ‘‘အဲဒီတုန်းက ကျနော်က ၉ တန်းနှစ်ဆိုတော့ အခြေခံ ကျောင်းသားသမဂ္ဂ ရဲတေဇတို့ ဘာတို့နဲ့ အတူတူပေါ့”
    ၉ တန်းဆိုတော့ ဘယ် အထက လဲ ခင်ဗျာ့။
    ‘‘ကျနော်က ၉ တန်းတော့ မဟုတ်ဘူးပေါ့။ ၉ တန်း ကျောင်းသားအနေနဲ့ ဒီကျောင်းသားထုထဲကို ဝင်လာတာပေါ့။ ၈၈ မှာ။ ကျနော်ကိုယ်ကျနော် ၉ တန်းကျောင်းသားပါ ဆိုပြီးတော့’’
    အဲဒီတုန်းက အသက် ဘယ်လောက် ရှိပြီလဲ။
    ‘‘အဲဒီတုန်းက ကျနော်က ၂၂ လောက် ရှိပြီဗျာ့။ ၆၇ မှာ မွေးတာ’’
    တောင်ဥက္ကလာပ ၉ တန်းကျောင်းသားအနေနဲ့ ဆိုတော့ တောင်ဥက္ကလာပ ကျောင်းသားလေးတွေက ဘယ်လိုလုပ် ယုံကြည်နိုင်မလဲ။
    ‘‘တောင်ဥက္ကလာပ ဆိုတာက ဒီလိုဗျာ့။ ကျနော်က အသက်လိမ်ထားတော့ ကျနော် ၁၈ နှစ်ပေါ့။ DSA မှာ ခုနှစ်တောင် မမှတ်မိတော့ဘူး။ ကျနော်က ၆၇ မှာမွေးတာ ၁၈ နှစ်ဆိုတော့ ခင်ဗျားဟာ ခင်ဗျား ပေါင်းကြည့်တော့။ ကျနော်က သိပ်မမှတ်မိတော့ဘူး။ ကြာခဲ့ပြီ။ နှစ် ၂ဝ ကျော်ခဲ့ပြီ’’
    ReplyDelete
  76. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၅)
    DSA မှာ ဘယ်နှနှစ်လောက် တက်ခဲ့ရလဲ။
    ‘‘၂ နှစ်။ ကျနော်တို့က ၈ လရယ်၊ နောက် ၆ လကျတော့ MI ကိုရောက်တော့ ၆ လ သင်တန်း ထပ်ပေးတယ်ဆိုတော့ အားလုံးပေါင်း ၃ နှစ်ကျော်ပေါ့နော်။ ကျနော် MI 6 ကို ရောက်တဲ့အချိန်မှ ၈၇ နှစ်ကုန် ဖြစ်နေပြီ။ ၈၈ အစမှာ ကျနော်က MI မှာ အရာရှိပေါက် ဖြစ်သွားပြီလေ။ ၈၈ ဖြစ်တော့ ကျနော်က အရာရှိအနေနဲ့ တာဝန်ယူရပြီ ၂ ပွင့် ဖြစ်သွားပြီင်္။ အဲဒီတော့ ၈၈ မှာ ရဲက အားနည်းတော့ MI 6 တို့၊ MI 5 တို့၊ MI 9 တို့၊ MI 7 တို့ကို သုံးတယ်လေ။ ၄ ခုရှိတယ်။ ရန်ကုန်မှာသုံးတာ။ နယ်တွေမှာကျတော့ MI 11 တို့ဘာတို့ ဖြစ်ကုန်တယ်။ ရန်ကုန်မှာ သုံးတာက MI 5,6 မနော်ဟရီ၊ ရေကြည်အိုင်ကျတော့ MI 7,9 တို့ ဖြစ်ကုန်ပြီ။’’
    DSA မှာ ဘယ်ကျောင်းလဲ၊ တက်ခဲ့ရတာ။
    ‘‘အဲဒါကျတော့ ကျနော် ပြောလို့မဖြစ်ဘူးနော်။ ဘာကြောင့်လဲဆိုတော့ ကျနော့်မှာ ဒီမှာ ရဲဘော်တွေ တချို့မိဘတွေက ဗမာပြည်မှာ ရှိနေတယ်။ သင်တန်းက နံပတ်စဉ်တွေ ပြောချလိုက်ရင် အကုန်လုံး ရှုပ်ကုန်မှာစိုးလို့ ပြောပိုင်ခွင့် မရှိဘူးနော်။ စိတ်တော့ မရှိပါနဲ့။’’
    ReplyDelete
  77. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၆)
    နှစ်ပေါင်း ၂ဝ ကျော်ကြာမှ ဘာကြောင့် ဖော်ထုတ်ရတာလဲ။
    ‘‘ကျနော်က တောက်လျှောက် လုပ်လာခဲ့တာ။ ထိုင်းမှာလည်း ရောက်တော့လည်း တော်တော်များများ ကျနော့်ကို သိပါတယ်။ ထိုင်းမှာဆိုရင်လည်း ကျနော်က အထွေထွေ အတွင်းအရေးမှူး လုပ်ခဲ့တယ်။ အဲဒီမှာစပြီး ကျနော်နဲ့ စစ်အစိုးရနဲ့ စပြီး ပြဿနာတက်တယ်။ တက်တယ်ဆိုတာက ကျနော့်ကို ဘတ်ဂျက်ဖြတ်တယ်။ ထိုင်းရောက်ခါစက ကျနော်က ကော်ဆန်းတို့ ဘာတို့မှာ ဘိလပ်မြေတွေသယ်ပြီးတော့ အလုပ်တွေ ဝင်လုပ်ရတယ်။ MI 6 တယောက် အနေနဲ့ ဘတ်ဂျက်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရေးက ဘာညာ၊ သံအမတ်တွေတောင် လခမရဘူး ဘာညာပေါ့။ ကျနော် ခေါင်းဆောင်ဖြစ်လာတဲ့ အချိန်ကျတော့ ကျနော့်ကို ဒေါ်လာ ၂၀၀၀၀ ထည့်ပေးတယ်။ ထည့်ပေးပြီးတော့ ကျနော့်ကို အလုပ်ခိုင်းဖို့ လုပ်တယ်။ ကျနော်က အဲဒီ ၂၀၀၀၀ စလုံးကို တပတ်အတွင်းမှာ သုံးပစ်လိုက်တယ်။ ပြီးတော့ သူတို့ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ သူတို့က “ဘယ်မှာလဲ” ဆိုတော့ “ငါ .. ပတ်ပုန်းမှာ ချနေတယ်” လို့ ပြောလိုက်တယ်ဗျာ ပြီးရော။ အဲဒီလိုမျိုး ပြဿနာလေးတွေ ရှိတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကျနော့်ကို သုံးလို့ မရတော့မှန်း သိလာတယ်။ မရမှန်းသိလာတော့ ကျနော့်ကို ခြိမ်းခြောက်တယ်။ “122 နဲ့ မင်းကို ဆွဲတော့မယ်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ မင်းကို ဆွဲမယ်၊ မင်းကို သေဒဏ်ချနိုင်တယ်” အဲလိုမျိုး ခြိမ်းခြောက်လာတော့ ကျနော်က **** ** လို့ ပြောပြလိုက်တယ်။”
    ‘‘ကျနော်က ထောင်လည်း ကျခဲ့ဖူးတာကိုး။ ထောင်ထဲမှာကတည်းက ကျနော်က တဖြည်းဖြည်း စိတ်ဓာတ်က ပြောင်းလာပြီ။ တကယ့်ဖြစ်ရပ်မှန် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလူငယ်တွေနဲ့ ကိုယ်က ရင်ဆိုင်ပြီးတော့ သွားခဲ့တော့ အရေးအခင်းတခုထဲတင် မဟုတ်ဘူး။ တချို့ကျောင်းသားတွေကျတော့ တကယ့်ကို ကိုယ်ကျိုးစွန့်ကြတာ။ အဲဒီလိုတွေ မြင်လာတဲ့ အချိန်မှာ ကိုယ်ချင်းစာလာတယ်။ ထောင်ထဲမှာ ၃ နှစ်ကျော်နေခဲ့တော့ ထောင်ထဲမှာလည်း ကျနော်က နိုင်ငံရေးတွေဘာတွေ လေ့လာခဲ့တယ်လေ’’ ထောင်ထဲမှာကတည်းက စိတ်ကပြောင်းလာတဲ့ သဘောပေါ့။”
    ‘‘ပြောင်းလာတယ်ဗျာ။ မလုပ်ချင်တော့ဘူး။ ထောင်က ထွက်လာပြီးတော့ ကျနော် တောင်းဆိုတယ်။ ကျနော့်ကို ရပ်ဆိုင်းပေးဖို့။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က ထောင်ထဲမှာ အရိုက်ခံရတာကိုး။ ကျနော် MI 6 မှာ လုပ်နေတာကို ထောင်က အရာရှိတွေကို ပေးမသိဘူး။ ပေးမသိတော့ ကျနော့်ကို ကျောင်းသားပဲ ထင်တာပေါ့။ ကျောင်းသား ဆန္ဒပြတဲ့အထဲ ကျနော်လည်း ပါတော့ ပိတ်ရိုက်ခံရတာပေါ့။ ကျနော့်ကို VIP သဘောမျိုး မထားထားဘူး။ ထောင်က ထွက်လာတော့ ကျနော်က အရမ်း နစ်နာတော့ နစ်နာကြေး တောင်းလို့ ရတာပေါ့ဗျာ။ ထွက်လို့တောင် မရဘူး။’’
    ReplyDelete
  78. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၇)
    ဒီလို ဖော်ထုတ်လိုက်တော့ ခိုင်လုံတဲ့၊ ခိုင်မာတဲ့ သက်သေခံ အထောက်အထား အနေနဲ့ရော ဘာတွေရှိထားလဲ။
    ‘‘ကျနော့်မှာ ဒီမှာ ၉ ယောက် ရှိတယ်။ သူတို့က လောလောဆယ်တော့ နာမည် မပြောပါနဲ့တဲ့။’’
    သူတို့အားလုံးက ဘယ်မှာေ နကြတာလဲ။
    ‘‘ကျနော့်ဆီမှာ တယောက်ရှိတယ်။ Queensland မှာ၊ နောက် Western မှာ တယောက်ရှိတယ်။ နောက်ပြီးတော့ မဲလ်ဘုန်းမှာ ၄ ယောက် ရှိတယ်။ ဆစ်ဒနီမှာ ၂ ယောက် ရှိတယ်။ ကျနော်အပါအဝင် ၉ ယောက်ပေါ့နော်။ ဒီမှာရှိတယ်။ ကျနော်တို့အားလုံးက ကျောင်းသားဘက်ကနေ လာတာတွေ။ တချို့ကျတော့လည်း ထိုင်းနိုင်ငံမှာ နာမည်ကြီး သတင်းစာ ကျနော်တောင် မေ့နေပြီး.. အဲဒီသတင်းစာမှာ လုပ်လာခဲ့တာ။ လူကြီးပိုင်းတွေမှာ ကျနော့်ရဲ့ တပ်ကြပ်ကြီးတယောက် ပါတယ်။ ကျနော် နာမည် မသုံးချင်တော့ဘူး။’’
    ဒီ ၉ ယောက်ထဲမှာကော တခြားရာထူးအဆင့်တွေ ပါလား။
    ‘‘မပါဘူး ခင်ဗျာ့။ ကျနော်အကြီးဆုံးပဲ။ သူတို့ကို ကျနော်မေးကြည့်တယ်။ ကျနော် သွားမယ်၊ သတင်းထောက်တွေနဲ့ စကားပြောတော့မယ် ဆိုပြီးတော့။’’
    သူတို့ကကော အဲဒါကို သဘောတူလားခင်ဗျာ့။
    ‘‘မတူဘူး၊ မတူဘူး။ သူတို့က စီးပွားရေးအရ အရမ်းအောင်မြင်နေကြပြီ၊ အိမ်တွေ၊ ကားတွေနဲ့။ အခု ၂ ယောက် ဖုန်းဆက်လာတယ်။ ဒီနေ့မှ ဖုန်းဆက်လာတယ်။ သူတို့က ကျနော်နဲ့ တွဲလုပ်ချင်တယ်ပေါ့။ တယောက်ကတော့ မူးယစ်ဆေးဝါး စွဲနေပြီး၊ စိတ်ဓာတ်ကျတယ်ပေါ့။ သူလည်း လုပ်ခဲ့တာတွေ၊ ဒီမတရား လုပ်ခဲ့တဲ့ဟာတွေ၊ ကျနော့်လိုပေါ့။ စိတ်ကျရောဂါ ဖြစ်တယ်ပေါ့။’’
    ReplyDelete
  79. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၈)
    အဲလိုလုပ်လိုက်တော့ သြစတြေးလျ အစိုးရအနေနဲ့ အရေးယူမှု၊ ရှိမယ်ဆိုတာကိုကော ကြိုတင်သိလား။
    ‘‘ဥပဒေတွေဘာတွေ ကျနော် နားမလည်ဘူးလေ။ ကျနော်က မစဉ်းစားဘူး။ ကျနော့်မှာလည်း ဒီမှာ မိန်းမနဲ့ ကလေးနဲ့။ ကလေး ၃ ယောက် ရနေပြီလေ။ ဒီမှာ ရတာ။ မိန်းမကိုလည်း ဒီမှာတွေ့တာ။ လာတုန်းကတော့ တယောက်ထဲလာတာ။ ကျနော့်မှာ ကလေးငယ်ငယ်ရှိတယ်။ နောက်တခု ပြန်စဉ်းစားတာက ကျနော်တယောက်ထဲ ကျနော့်မိန်းမနဲ့ အခု စကားမပြောဘာမပြော စိတ်ဆိုးတာပေါ့။ ကျနော့်မိန်းမကိုလည်း ကျနော် ဒီအတွင်းရေးကို မပြောပြခင် ကျောင်းသား ခေါင်းဆောင်အနေနဲ့ ကျနော်က ပြောပြခဲ့တာ။"
    အခုတော့ကော သြစတြေးလျ ရဲဌာနက အရေးယူမှု တစုံတရာ ရှိနေပြီလား။
    ‘‘အခု ဘာအရေးယူမှုမှ မရှိသေးဘူးခင်ဗျာ့။ သူတို့ စောင့်ကြည့်နေတယ်ပေါ့။’’
    စောင့်ကြည့်နေတယ်ဆိုတာ ဘယ်လိုလုပ် သိသလဲ။
    ‘‘ကျနော့် ဖုန်းလိုင်းတွေ ဘာတွေကို အကုန်လုံး သူတို့ နားထောင်နေတယ်။ အဲဒီလောက်ကိုတော့ သိတာပေါ့။ ကျနော်လည်း ထောက်လှမ်းရေးက လာတာပဲ။ သူတို့ မပိုင်သေးတော့ ကျနော့်ကို ဖမ်းလို့ မရသေးဘူးဆိုတာ။ ကျနော် ဝန်ခံထားတာပဲ။ ဝန်ခံထားပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေက မတူဘူးဗျ။ ဝန်ခံတိုင်းလည်း အရေးယူလို့ရတာ မဟုတ်ဘူး။ သူတို့က ထင်ချင်ထင်မယ်။ လိမ်ပြောတာလား။ ကျနော်က အရင်က နာမည်ကြီးတာကိုး။”
    ReplyDelete
  80. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၉)
    လော်ဘီလိုက်လုပ်တာတွေလည်း ကြားရပါတယ်ခင်ဗျာ့။
    ‘‘ဒီသြစတြေးလျမှာ။ ကမ်ပိန်းတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေက ကျနော့်လက်ထက်မှာ ဖြစ်ခဲ့တာ။ ၂ဝဝ၃ မှာ တနိုင်ငံလုံးကို ခြေကျင်းကြီး ခတ်ပြီးတော့ တနိုင်ငံလုံးကို လျှောက်ခဲ့တာ၊ လူပေါင်း တသိန်းကျော်။ အဲဒါကို Documentary တောင် ရိုက်ထားတယ်။ အဲဒီတော့မှ နောက်မှ အမေရိကတို့ ဘာတို့ စပြီး အော်တာ။ ထိုင်းတို့ အော်တယ်။ စီးပွားရေး ပိတ်ဆို့မှု ဖြစ်တယ်ပေါ့ဗျာ။ Kevin Rudd ရော အကုန်လုံးက စိတ်မကောင်း ဖြစ်တာပေါ့ဗျာ။ မယုံကြဘူးပေါ့။’’
    Kevin Rudd က စိတ်မကောင်း ဖြစ်တယ်ဆိုတာကကော ဘယ်လိုလုပ် သိသလဲ။
    ‘‘ဒီနေ့ ပြောသွားတယ်လေ။ တီဗီချန်နယ်ထဲမှာ ပြောသွားတယ်။ ကျနော့်ကိစ္စကို သူ လေးလေးနက်နက် စုံစမ်းမယ် ပေါ့နော်။ ကျနော်နဲ့ သူနဲ့ တွေ့တဲ့ ပုံတွေကိုပါ ထည့်ရိုက်ထားတယ်။ ဒုဝန်ကြီးချုပ်က ဘာပြောလဲဆိုရင်တော့ ကျနော့်ကို ICC ပို့ဖို့အတွက် လုပ်တယ်။ ဥပဒေက မရှိ ပြန်ဘူး။ ကျနော်က ဒီ ၂ဝဝ၂ နောက်ပိုင်း ကျူးလွန်ခဲ့တာ ဖြစ်တဲ့အတွက် ၂ဝဝ၂ မှာ ဥပဒေသစ် လုပ်ထားတယ်။ ကျနော်က ၈၈ နောက်ပိုင်းမှာဖြစ်ခဲ့တဲ့အတွက် အကျုံး မဝင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကျနော်က လူတွေကို သတ်ခဲ့ပေမယ့် ညှင်းဆဲနှိပ်စက်ပြီး သတ်ခဲ့တာ မဟုတ်ဘူး။
    မြန်မြန်ဆန်ဆန်နဲ့ သေသွားအောင် မခံစားရအောင် သတ်ခဲ့တာဆိုတော့ပေါ့။ ကျနော့်ကို ICC ပဲ ပို့ပို့၊ ဘယ်ပဲပို့ပို့၊ သေဒဏ်ဘဲ ပေးပေး၊ ဗမာပြည်ပဲ ပြန်ပို့ပို့ ကျနော့်အနေနဲ့က ရယ်ဒီဖြစ်နေပြီ။ ကျနော်လုပ်ခဲ့တဲ့အတွက် ခံရမှာဆိုတာ သိတယ်။ အဲဒီအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသွားပြီ။"
    ReplyDelete
  81. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁ဝ)
    ဒီလိုပြောကြခဲ့တာက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလိုမျိုးထုတ်ဖော်ပြောကြားရတာပါလဲ။
    “အား….ကျနော့်မိဘရယ်၊ ကျနော့်မိန်းမရယ် တဦးတည်း မျက်ရည်ကျနေတာ မဟုတ်ဘူး။ ဗမာပြည်မှာ ရှိတဲ့ မြောက်များစွာသော မိဘတွေ မျက်ရည်ကျနေတာ။ သားသမီးတွေ ပျောက်ဆုံးတယ်။ ထောင်တွေထဲမှာ ရှိသလိုလို၊ နယ်စပ်တွေမှာ ရှိသလိုလို။ အဲဒီတော့ ကျနော့်အနေနဲ့ ကျနော်သတ်ခဲ့တဲ့ အတွက် ဒါတွေဟာ အိမ်ပြန်မရောက်လာနိုင်တဲ့ ကျောင်းသားတွေဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ ဘီင်္ဘီစီကနေ လွှင့်ခဲ့တယ်။ ကျနော် တောင်းပန်တယ်။ ကျနော့်မှာ အပြစ်ရှိတယ်။ လူတွေကိုလည်း လွှတ်ပေးနိုင်ရဲ့သားနဲ့ ကျနော် မလွှတ်ပေးခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်လည်း အရမ်းငယ်တယ်။ အရမ်း စိတ်လှုပ်ရှားတယ်။ အလုပ်နှစ်ခုကို လုပ်နေရချိန်ဆိုတော့.....”
    အလုပ်နှစ်ခုဆိုတာက ဘာကို ဆိုလိုတာလဲ။
    “အကသမှာလည်း ကိုမိုးသီးဇွန်တို့နဲ့အတူ လုပ်နေတာလေ။ ကိုမိုးသီးဆိုရင် ကျနော့်ကို ကောင်းကောင်းသိပါတယ်။ ကျနော့်ကို မသိတဲ့လူ မရှိဘူးနော် အရေးအခင်းမှာ။ အိုးဝေအောင်တို့၊ ရဲတေဇတို့ဘာတို့ အခုအမေရိကမှာ ရှိပါတယ်... ဒီကောင်တွေ။ ကျနော်နဲ့ အတူလုပ်ခဲ့တဲ့ ကောင်တွေ။”
    ReplyDelete
  82. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၁)
    အခုလို လုပ်လိုက်တဲ့အတွက် ကိုယ်မျှော်မှန်းထားသလို ဖြစ်လာတယ်လို့ ပြောနိုင်မလားခင်ဗျာ့။ အခုဆိုရင် သုံးရက် ကြာပြီဆိုတော့။
    “သုံးရက်တော့ကြာပြီ အခု ရဲက မဖမ်းသေးဘူးဆိုတော့ တခုတော့ရှိတာပေါ့ဗျာ အခုမှ ဇာတ်လမ်းက စတာနော်။ ကျနော့်မှာလည်း အကြံတခု ရှိတယ်ဗျ။ ခင်ဗျားတို့ နောက်မှ ပြောလို့ရမယ်။ ဇာတ်လမ်းက အခုမှစတာ။ Just begin. Not finished yet. People think this is going to be finished, you know. ကျနော် ထောင်ထဲ ရောက်သွားတာနဲ့ ကျနော့်ကို အပြစ်ပေးလိုက်တာနဲ့ မပြီးဘူးဗျ။ ဇာတ်လမ်းက အခုမှစတာ ကျနော် အဲတာကို ပြောလို့မရဘူး။ ကျနော်လုပ်ရတာလည်း အကြောင်းတော့ရှိတယ်ဗျာ။ အဲဒီအကြောင်းကို ပြောပြပိုင်ခွင့်မရှိဘူး။”
    အကို့ ရည်ရွယ်ချက်က ဘာလဲခင်ဗျာ့။
    “ကျနော့်ရည်ရွယ်ချက်က ICC ကို ရောက်ချင်တယ်။ ICC နဲ့ တန်းတူ စကားပြောချင်တယ်။ ဒါ ကျနော့် ရည်ရွယ်ချက်။”
    ဘာကြောင့် အဲဒီလို ပြောချင်တာလဲ ခင်ဗျာ့။ ဘာတွေ ပြောချင်တာလဲ ခင်ဗျာ့။
    “ အဲဒီအချိန်ကျမှ ကြည့်ဗျာ။ အဲဒီအချိန်ကျရင် ကမ္ဘာ့မီဒီယာကို ကျနော် ရထားပြီ။ ကမ္ဘာတခုလုံးက မီဒီယာ ရောက်လာပြီဆိုတော့ ကမ္ဘာ့မီဒီယာရဲ့ အားနဲ့ ကမ္ဘာမှာရှိတဲ့ သမ္မတတွေ၊ နိုင်ငံတွေမှာရှိတဲ့ အကြီးအကဲတွေအားလုံး ကျနော့်အကြောင်းကို သူတို့ ကြည့်မယ်လေ။ ကြည့်တဲ့အချိန်မှာ ကျနော်ပြောချင်တာကို ပြောလို့ရပြီလေ။”
    ReplyDelete
  83. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၂)
    ဒီမြန်မာစစ်အစိုးရအနေနဲ့ ၁၉၈၈ ကတည်းကစပြီးတော့ ကျူုးလွန်လာခဲ့တဲ့ အမှုတွေနဲ့ ပတ်သတ်ပြီးတော့ CoI လုပ်နေကြတာ ရှိပါတယ် ခင်ဗျာ့။ အကို့အနေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေရှိလား ခင်ဗျာ့။
    “ကျနော် တယောက်ထဲ လုပ်တာကို။ ဘယ်သူမှ မတိုင်ပင်ပါဘူး။”
    ဘာ့ကြောင့် မတိုင်ပင်ခဲ့တာလဲ။
    “နိုင်ငံတိုင်းမှာက ကျောင်းသား အတော်များများ အတွေးအခေါ်တွေ နောက်ဆုတ် ကုန်ကြတယ်။ စစ်အစိုးရကို နှစ်ပေါင်းနှစ်ဆယ်ကျော်အော်လာတယ်။ ဘာမှ မပြောင်းလဲဘူး၊ သံရုံးတွေမှာ သွားအော် ဆန္ဒတွေပြ အခမ်းအနားတွေ လုပ်။ အချိန်တွေကုန်။ အလုပ်တွေပျက်၊ ငွေတွေကုန်ပြီးတော့ မီဒီယာမှာမပါ ဘာမှမပါ။ ဆုံးရှုံးမှုတွေ ဒီမှာ တွေ့ရတယ်။ အဲဒီလိုတိုက်လို့ မရတော့ဘူးဆိုတာ ကျနော်က ပြချင်တာ။ လက်နက်ကိုင်တာကို ပြောတာ မဟုတ်ဘူးနော်။ ဒီပြင်နည်းနဲ့ တိုက်လို့ရတယ်။ မီဒီယာရဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်ဗျာ့။ မီဒီယာဆိုတာကလဲ ပိုက်ဆံရဖို့အတွက် အလုပ်လုပ်ကြတာ။ ခင်ဗျားက ထူးထူးဆန်းဆန်း လုပ်ပြရင် မီဒီယာက ခင်ဗျားဆီ ရောက်လာမှာပဲ။”
    ReplyDelete
  84. ထူးထူးဟန်နှင့် မဇ္ဈိမ သတင်းမီဒီယာသို့(အိုးဝေအောင်)
    ထူးထူးဟန် ပြောတဲ့ တခြားအကြောင်းအရာတွေထဲမှာ မှန်တာ မှားတာတွေ ဘာမှ မပြောချင်ပေမယ့် ..www.mizzima.comမှာ http://www.mizzimaburmese.com/interview/7992-2011-07-21-10-23-13.html ထူးထူးဟန် အင်တာဗျူးထဲမှာပါလာတဲ့ ”အကသ ”ကိစ္စတွေ ပြောရင်တော့ ...သူ မဟုတ်တာ မမှန်တာ ပြောနေတယ်ဆိုတာ ဖြေရှင်းရပါလိမ့်မယ်။
    အင်တာဗျူးဖော်ပြပေးတဲ့ မဇ္ဈိမသတင်းဌာနကိုလည်း အဖြစ်မှန် ပြောပြချင်ပါတယ်။ထူးထူးဟန်နဲ့လည်း တိုက်ရိုက်ဆက်သွယ်ပေးပြီး ဖုန်းလိုင်း ၃ခုချိတ်ကာ အဖြစ်မှန်များကို ဆက် မေးမြန်းစေချင်ပါတယ်။
    အကသ=အခြေခံပညာကျောင်းသားသမဂ္ဂ မှာ ကိုမိုးသီးဇွန်(ဗကသ)ပါတယ် ဆိုကတည်းက မှန်မမှန် စဉ်းစားကြည့်ပေါ့ဗျာ။
    နောက် တခု -သူပြောခဲ့တဲ့အထဲက ”အိုးဝေအောင်တို့ ရဲတေဇတို့နဲ့ အတူလုပ်ခဲ့တယ်”လို့ သူက ဆိုရအောင် ..သူနဲ့ကျနော်တို့နဲ့က ၁၉၈၉ခု သြ၈ုတ်လကုန်ပိုင်းမှာမှ တောင်ဥက္ကလာ ရဲစခန်းအချုပ်+မြို့နယ်တရားရုံးအချုပ်တွေထဲရောက်မှ စတွေ့ဖူးတာဗျာ။၈၈နှစ်ကုန်ပိုင်းနဲ့၈၉နှစ်ဆန်းပိုင်း မြို့နယ် အကသ လှုပ်ရှားမှုတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဘူး။ ရန်ကုန်တိုင်း အကသ အစည်းအဝေးတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဖူးဘူး။ဒါ့ကြောင့် သူနဲ့အလုပ်အတူလုပ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်သော စကားလို့ ပြန်ဖြေရှင်းချင်တယ်။
    အခု သူ့ကိုယ်သူ စစ်ထောက်လှမ်းရေးဟောင်းလို့ ပြောလိုက်တဲ့သတင်းကို အာဇာနည်နေ့မတိုင်ခင် သတင်းမီဒီယာတွေကတဆင့် စသိခဲ့ရတယ်။
    သိပ် အံ့အားသင့်ခဲ့သလို သိပ် စိတ်ဝင်စားခဲ့တယ်။ကျနော်တို့နဲ့ အချုပ်ထဲ+ထောင်တွေထဲမှာ ၃နှစ်ကျော်နေခဲ့ရသူတဦးဟာ ထောက်လှမ်းရေးဖြစ်တယ်လို့ ထုတ်ဖော်လိုက်လို့ ထူးထူးဟန်နဲ့ပတ်သက်တဲ့သတင်းမှန်သမျှ လိုက်လံစုဆောင်း စနည်းနာနေတယ်။သူနဲ့ပတ်သက်ခဲ့သူတွေ အထူးသဖြင့်=
    သူနဲ့အမှုတွဲခဲ့တဲ့ သန့်ဇင်လင်း(အော်စီ)+စိုးမြင့်အောင် (ထိုင်း) တို့ရဲ့သဘောထားတွေလည်း သိချင်တယ်။
    နောက်ဆုံး သူ့မိသားစုဝင်တွေထဲက သူ့ဘ၀ဖြစ်ရပ်မှန်ကို ပြောလာမယ့်သူတွေရဲ့ အသံကို ကြားချင်နေတယ်။
    ခေါင်းခဏခဏ အရိုက်ခံရတဲ့ ထူးထူးဟန်တယောက် စိတ်အရူးဖောက်တုန်း ပြောနေတာလား -။
    သူ့ကိုယ်သူ စိတ်ရောဂါရှိသူလို့  ပြောနေလေတော့ -မြန်မာ့နိုင်ငံရေး ဇာတ်ခုံရဲ့ကန့်လန့်ကာနောက်ကွယ်ရောက် နအဖသန်းရွှေတို့ကို
    လောလောဆယ် အပြစ်ဖို့ပြီး- မိမိသာ မီဒီယာမှာ နာမည်ကြီးရင် ပြီးရော ဘ၀င်ရူးအထာမို့ ( အော်စီအစိုးရက မဖမ်းမှန်းသိလို့ ) ဇာတ်လမ်းဆင်ပြီး စိတ်ကူးယဉ် နေတာလား..။
    မြန်မာ့စစ်အာဏာရှင်စနစ်ကို တကယ် မမြင်ချင်တော့လို့  ဂွင်ကြီးဆင်နေတာလား။
    တနေ့ အဖြေပေါ်လာမှာပါ။
    အိုးဝေအောင်(oway88@gmail.com)
    ReplyDelete
  85. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၃)
    အခုလုပ်တာ ဒီရည်ရွယ်ချက်နဲ့လား ခင်ဗျာ့။
    “ဒါက ပြောလို့မရဘူး။ ဇာတ်လမ်းပြီးမှ ကြည့်ဆိုတာ အဲဒါပဲ။ ကျနော့်ရဲ့ဦးတည်ချက်က ICC ရောက်ရင် အောင်မြင်တယ် ပေါ့။ ဒီကြားထဲမှာ ကျနော့်ကို နားမလည်တဲ့ လူတွေက ပြဿနာ ရှာတယ်။ ဗမာအဖွဲ့အစည်းတွေက ဖုန်းတွေ ဆက်တယ်။ နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်းသား လွှတ်မြောက်ရေးအဖွဲ့တို့ဘာတို့က ကန့်ကွက်တယ်။ သူတို့က ကျနော့်ကို မယုံဘူး။ အရေးယူဖို့ အစိုးရက မယုံဘူး။ ဒီလူဟာ အပြစ်ရှိခဲ့တဲ့လူတ ယောက်ဖြစ်ချင်မှဖြစ်မယ် ငါတို့ကို လာလိမ်နေတာလားမသိဘူး။ နောက်တချက်ကလဲ အရမ်းအကြီးကြီးတွေ လုပ်ခဲ့တာတွေ ရှိခဲ့တာကိုး။ ကျနော့် မှာက အမကိုလည်း ထောင်ချတယ်။ အမေကိုလည်း ထောင်ချတယ်။ ကျနော်ကိုယ်တိုင်လည်း ထောင်ကျခဲ့တယ်။ ပေးဆပ်ခဲ့တာလည်း ရှိတယ်။ သိပ်ပြောလို့ မကောင်းဘူးနော်။ အဲဒါလောက်ကို မြင်စေချင်တယ်။ ကျနော့်ပန်းတိုင်လေးကို support လုပ်ပေးပါ။ အဲဒီကိုရောက်သွားရင် အကောင်ကြီးတွေနဲ့ စကားပြောတော့မယ်။ ဗမာပြည်ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ပြီးတော့ ဘာမှ အက်ရှင် မပါပဲနဲ့ အချိန်တွေဖြုန်းနေတာ။”
    CoI ကိစ္စ လုပ်နေသူတချို့က ကိုထူးထူးဟန် အခုလို လုပ်လိုက်ခြင်းဟာ သူတို့ လုပ်ငန်းတွေကို အနှောက်အယှက် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ချက်တွေရှိနေပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းချင်ပါသလဲ။
    “ ကျနော်က သူတို့အဖွဲ့ကိုတောင် မသိဘူးဖြစ်နေတယ်။ ကျနော်က တယောက်ထဲ အမြဲပြေးနေတာ။ ကျနော့်ဟာတွေ ကို တချို့က လိုက်မမီဘူးဗျ။ ကျနော်က ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကို တန်းတူပြောနိုင်တဲ့ အဆင့်ရှိတယ်။ ဗမာတွေနဲ့ ပြောရတဲ့အချိန်မှာ အရမ်း အဟောင်းကြီးတွေ ဖြစ်နေတယ်။ ဗျူရိုကရက်တွေ များတယ်ဗျာ။ စုံစမ်းစစ်ဆေးရေးတွေ။ ကျနော်တို့မှာ အချိန် အဲလောက်မရှိတော့ဘူးဗျ။”
    ReplyDelete
  86. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၄)
    အခု ဘရစ်ဘန်းမြို့မှာ ဘာအလုပ် လုပ်ကိုင်နေပါသလဲ။
    “ကျနော်က ပန်းချီဆရာပါ။ ဆုတွေ ရတယ်။ မနှစ်က တသောင်းဆု ရတယ်လေ။”
    ပန်းချီဆွဲပြီး ရပ်တည်တာလား။
    “ရောင်းရတဲ့ ပန်းချီတော့ မဟုတ်ဘူး။ ကျနော့်ပန်းချီကားတွေက ဈေးအရမ်းကြီးတယ်။ တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကျနော့်ဟာ ကျနော် ဆွဲတယ်။ စိတ်ပြေလက်ပျောက် လုပ်တယ်။
    မရောင်းရဘူးဆိုတော့ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းလဲ။
    “ဆုတွေကတော့ ရတယ်ဗျာ။ ကျနော့်နံရံမှာ ဆုတွေကတော့ ပြည့်နေတာပဲ။ ၁၅ဝဝ၊ ၆ဝဝဝ၊ ၁ဝဝဝဝ အဲလိုမျိုး ရထားတာ။”
    ဒီမှာ ၁၅ နှစ် ကြာပြီဆိုတော့ အရင်တုန်းကရော ဘာတွေလုပ်ခဲ့လဲ။
    “ရောက်ခါစကတော့ စာမတတ်တော့ ဂရေးဟွန်းမှာ အလုပ် ဝင်လုပ်တယ်။ စာတတ်တော့ ပန်းချီဆွဲတယ်ပေါ့။ အလုပ်တွေ တော်တော်များများ လုပ်ပါတယ်။ နိုင်ငံရေးလုပ်တယ်။ Kevin Rudd ဗမာပြည်သွားဖို့လည်း ကျနော် လုပ်ပေးလိုက်တာပဲ။ ကျနော် ဒီမှာ လော်ဘီလုပ်ထားတာ အများကြီးပဲ။ သတင်းစာတွေထဲမှာ 'ဗမာပြည်မသွားရင် မင်း ငါ့ကို လိမ်တာပဲ' ဆိုတဲ့အထိ ကျနော်က ပြောထားတယ်။ 'အတိုက်အခံဖြစ်နေတုန်းက မင်းနဲ့ငါနဲ့ တွေ့တုန်းက မင်းငါ့ကို ဗမာပြည်သွားမယ် ဆိုပြီး ကတိပေးခဲ့တယ်။ မင်း ဝန်ကြီးဖြစ်လာတဲ့ အချိန်မှာ မသွားဘူး' လို့ သတင်းစာမှာ ထုတ်တော့ သိပ်မကြာဘူး။ သူ သွားရတယ်။ တချို့တွေက မသိဘူး။ ကျနော်က အစိုးရက လူတွေနဲ့ တိုက်ရိုက် လုပ်နေတာ။ ခုကိစ္စလည်း လူတော်တော်များများက လိုက်မီမှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော် တောင်းပန်တယ်။ ပွဲပြီးတဲ့အထိ ကြည့်ပါ။ ခုတော့ လူယုတ်မာ၊ သစ္စာဖောက်ပေါ့။ လူသတ်သမားပေါ့။”
    ReplyDelete
  87. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၅)
    မြန်မာပြည်အရေးကိစ္စကို ICC ရောက်ရေး လုပ်တယ်ဆိုတော့ တကယ်ပဲ ရောက်သွားနိုင်တယ် ထင်လို့လားခင်ဗျ။
    “အခု ပြဿနာ အဲဒါ တက်သွားတာပေါ့။ ကြားထဲက နားမလည်တဲ့အဖွဲ့တွေက ကျနော့်ကို ကန့်ကွက်တယ်။ အဲတော့ အစိုးရက မဖမ်းရဲဘူးပေါ့။ ဖမ်းလို့ ICC ရောက်သွားရင် ကျနော် အောင်မြင်ပြီ။”
    မြန်မာပြည်အရေး ICC ရောက်ရေးကိစ္စ ကြိုးပမ်းနေကြတဲ့ အင်အားစုတွေ ရှိပါတယ်။
    “ရှိတယ်ဆိုရင် ကျနော် အရမ်းစကားပြောချင်တယ်။ ဖြတ်လမ်းက ကျနော်က တက်တဲ့သဘော ဖြစ်နေတယ်။ သူတို့က လုပ်ထုံးလုပ်နည်းကြီးနဲ့ တက်တယ်ဆိုတော့ မရဘူး။ ဒုက္ခသည်တယောက်ကို ဘန်ကီမွန်းအနေနဲ့ စကားမပြောဘူး။ သူတို့ကို တွေ့ချင်တယ်ဆိုရင် ဖြတ်လမ်းက တက်ဖို့လိုတယ်။”
    ခုနက ၉ ယောက်က သြစတြေးလျမှာပဲ နေတာဆိုတော့ တခြားနိုင်ငံတွေမှာရော ရှိသေးလားဗျ။
    “မမေးနဲ့တော့ဗျာ။ အဲလောက်ဆို ခင်ဗျား သဘောပေါက်ပြီ။ အားလုံးက ကျောင်းသားတွေပါပဲ။ ကျနော် အလုပ်လုပ်နေတယ်။ ကျနော့်ပန်းတိုင်ကို သွားမယ်။ ဒီလိုမျိုးဖြစ်သွားတယ်၊ လူသတ်ခဲ့တယ်ဘာညာ ဆိုတာကလည်း ကျနော့်ရဲ့ စတိုရီ ပေါ့။ ဒါပေမယ့် စတိုရီဆိုတာက စတိုရီပဲဖြစ်တယ်။
    ထရူးစတိုရီက သပ်သပ်။ စတိုရီက သပ်သပ်။”
    ReplyDelete
  88. "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် (၁၆)
    ကိုထူးထူးဟန် သြစတြေးလျမှာ နေထိုင်စဉ် ဆေးကုသမှု ခံယူခဲ့ရဖူးတယ်လို့သိရပါတယ်။
    “ကျနော်က ထောင်တွေထဲမှာ ရက်ရက်စက်စက် နှိပ်စက်၊ အရိုက်ခံထားရတာကိုး။ သာယာဝတီထောင်ထဲမှာ ကျနော် မရောက်ဖူးတဲ့တိုက်ခန်း မရှိဘူး။ သြစတြေးလျရောက်မှ စိတ်ကျရောဂါရတယ်။ အပြင်းအထန်တော့ မဟုတ်ဘူး။ တခါတလေ အိပ်ဆေးလေးဘာလေး သောက်တယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှု Counselling တွေ သွားတွေ့တယ်။ ကျနော် ဖြစ်ခဲ့တဲ့ အမှတ်သညာ memory တွေ ရှိခဲ့တာကိုး။ ကျနော်ဖြတ်သန်းခဲ့တဲ့လိုင်းတွေက အရမ်းမြင့်မားတော့ ဒီအမှတ်သညာတွေကို ပျောက်သွားစေချင်တယ်။”
    အခု ဆက်လက်ကုသမှု ခံယူနေဆဲပဲလား။
    “ခုထက်ထိပေါ့။ ဒါပေမယ့် အခုက mentally fit ဖြစ်နေပြီလေ။ ဒါကြောင့် ဒါတွေ လုပ်နိုင်တာပေါ့။ ဦးနှောက်ပိုင်း ဆိုင်ရာ ကောင်းလို့ ပန်းချီတွေ ဆွဲတယ်၊ ဆုတွေ ရတယ်။ အရူးတယောက်ကို ဆုမပေးဘူးဗျ။ အရူးတော့ မဟုတ်ဘူးဗျာ။ စိတ်ကျရောဂါတော့ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ဒီနိုင်ငံက ပရီမီယာတွေတောင် ရှိတာ။ သူတို့ ထုတ်ပြောတယ်လေ။ စိတ်ကျရောဂါနဲ့ ရူးတာနဲ့ မတူဘူးဗျ။ ရူးတာက လုံးဝရူးသွားတာ။ ပတ်ဝန်းကျင်မှာ အဟောင်းကြီးတွေ ဖြစ်နေကြတယ်။ ကျနော့်တိုင်းပြည်အတွက် အရမ်းစိုးရိမ်တယ်။”
    နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲခင်ဗျ။
    “သူတို့ဖမ်းတာကို စောင့်နေတယ်။ ခုထက်ထိ လာမဖမ်းသေးဘူး။ ဖမ်းရင် ဥပဒေပညာရှင်နဲ့ သွားမယ်။ ICC ပို့ချင်လည်းပို့။ ဥပဒေမရှိဘူးဆိုရင်လည်း သူတို့သဘောပဲလေ။ မီဒီယာက ပြဿနာရှာမှာပေါ့။ ဒီနိုင်ငံမှာ ဒီလောက် လူတွေသတ်လာတဲ့ သူတယောက်ကို လက်ခံထားလားဆိုတာ ကမ္ဘာကြီးမှာရှိတဲ့ မီဒီယာမှာ အကုန်လုံးပါသွားပြီ။ ပွဲပြီးတဲ့အထိ ကြည့်ပါလို့ အားလုံးကို ကျနော်ပြောပရစေ။”
    (မဇ္ဈိမ)
    http://www.mizzimaburmese.com/interview/7992-2011-07-21-10-23-13.html
    ReplyDelete
  89. ထူးထူးဟန်နှင့် မဇ္ဈိမ သတင်းမီဒီယာသို့(အိုးဝေအောင်)
    ထူးထူးဟန် ပြောတဲ့ တခြားအကြောင်းအရာတွေထဲမှာ မှန်တာ မှားတာတွေ ဘာမှ မပြောချင်ပေမယ့် ..www.mizzima.comမှာ http://www.mizzimaburmese.com/interview/7992-2011-07-21-10-23-13.html ထူးထူးဟန် အင်တာဗျူးထဲမှာပါလာတဲ့ ”အကသ ”ကိစ္စတွေ ပြောရင်တော့ ...သူ မဟုတ်တာ မမှန်တာ ပြောနေတယ်ဆိုတာ ဖြေရှင်းရပါလိမ့်မယ်။
    အင်တာဗျူးဖော်ပြပေးတဲ့ မဇ္ဈိမသတင်းဌာနကိုလည်း အဖြစ်မှန် ပြောပြချင်ပါတယ်။ထူးထူးဟန်နဲ့လည်း တိုက်ရိုက်ဆက်သွယ်ပေးပြီး ဖုန်းလိုင်း ၃ခုချိတ်ကာ အဖြစ်မှန်များကို ဆက် မေးမြန်းစေချင်ပါတယ်။
    အကသ=အခြေခံပညာကျောင်းသားသမဂ္ဂ မှာ ကိုမိုးသီးဇွန်(ဗကသ)ပါတယ် ဆိုကတည်းက မှန်မမှန် စဉ်းစားကြည့်ပေါ့ဗျာ။
    နောက် တခု -သူပြောခဲ့တဲ့အထဲက ”အိုးဝေအောင်တို့ ရဲတေဇတို့နဲ့ အတူလုပ်ခဲ့တယ်”လို့ သူက ဆိုရအောင် ..သူနဲ့ကျနော်တို့နဲ့က ၁၉၈၉ခု သြ၈ုတ်လကုန်ပိုင်းမှာမှ တောင်ဥက္ကလာ ရဲစခန်းအချုပ်+မြို့နယ်တရားရုံးအချုပ်တွေထဲရောက်မှ စတွေ့ဖူးတာဗျာ။၈၈နှစ်ကုန်ပိုင်းနဲ့၈၉နှစ်ဆန်းပိုင်း မြို့နယ် အကသ လှုပ်ရှားမှုတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဘူး။ ရန်ကုန်တိုင်း အကသ အစည်းအဝေးတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဖူးဘူး။ဒါ့ကြောင့် သူနဲ့အလုပ်အတူလုပ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်သော စကားလို့ ပြန်ဖြေရှင်းချင်တယ်။
    အခု သူ့ကိုယ်သူ စစ်ထောက်လှမ်းရေးဟောင်းလို့ ပြောလိုက်တဲ့သတင်းကို အာဇာနည်နေ့မတိုင်ခင် သတင်းမီဒီယာတွေကတဆင့် စသိခဲ့ရတယ်။
    သိပ် အံ့အားသင့်ခဲ့သလို သိပ် စိတ်ဝင်စားခဲ့တယ်။ကျနော်တို့နဲ့ အချုပ်ထဲ+ထောင်တွေထဲမှာ ၃နှစ်ကျော်နေခဲ့ရသူတဦးဟာ ထောက်လှမ်းရေးဖြစ်တယ်လို့ ထုတ်ဖော်လိုက်လို့ ထူးထူးဟန်နဲ့ပတ်သက်တဲ့သတင်းမှန်သမျှ လိုက်လံစုဆောင်း စနည်းနာနေတယ်။သူနဲ့ပတ်သက်ခဲ့သူတွေ အထူးသဖြင့်=
    သူနဲ့အမှုတွဲခဲ့တဲ့ သန့်ဇင်လင်း(အော်စီ)+စိုးမြင့်အောင် (ထိုင်း) တို့ရဲ့သဘောထားတွေလည်း သိချင်တယ်။
    နောက်ဆုံး သူ့မိသားစုဝင်တွေထဲက သူ့ဘ၀ဖြစ်ရပ်မှန်ကို ပြောလာမယ့်သူတွေရဲ့ အသံကို ကြားချင်နေတယ်။
    ခေါင်းခဏခဏ အရိုက်ခံရတဲ့ ထူးထူးဟန်တယောက် စိတ်အရူးဖောက်တုန်း ပြောနေတာလား -။
    သူ့ကိုယ်သူ စိတ်ရောဂါရှိသူလို့  ပြောနေလေတော့ -မြန်မာ့နိုင်ငံရေး ဇာတ်ခုံရဲ့ကန့်လန့်ကာနောက်ကွယ်ရောက် နအဖသန်းရွှေတို့ကို
    လောလောဆယ် အပြစ်ဖို့ပြီး- မိမိသာ မီဒီယာမှာ နာမည်ကြီးရင် ပြီးရော ဘ၀င်ရူးအထာမို့ ( အော်စီအစိုးရက မဖမ်းမှန်းသိလို့ ) ဇာတ်လမ်းဆင်ပြီး စိတ်ကူးယဉ် နေတာလား..။
    မြန်မာ့စစ်အာဏာရှင်စနစ်ကို တကယ် မမြင်ချင်တော့လို့  ဂွင်ကြီးဆင်နေတာလား။
    တနေ့ အဖြေပေါ်လာမှာပါ။
    အိုးဝေအောင်(oway88@gmail.com)
    ReplyDelete
  90. မငယ်နိုင်သို့
    Anonymous (July 22, 2011 12:26 PM)
    နဲ့
    Anonymous (July 22, 2011 1:10 PM)
    Comment ၂ ခုက အတူတူပါဘဲ။
    Anonymous (July 22, 2011 12:26 PM) Comment က -
    (( "ဇာတ်လမ်းက ခုမှစတာ" ဆိုသော ဦးထူးထူးဟန် )) (အပိုင်း (၁) မှ (၁၆) ) ကြားထဲ ရောက်နေလို့ စာဖတ်သူတွေ မမြင်ဘဲ ကျော်သွားမှာစိုးလို့ အခု ထပ်တင်လိုက်တာပါ။
    Comment တူ ၂ ခု ဖြစ်နေလို့ ၁ ခုကို ဖျက်တဲ့အခါ အရှေ့က Comment (Anonymous (July 22, 2011 12:26 PM) Comment) ကို ဖျက်လိုက်ပါဗျာ။
    ReplyDelete
  91. စစ်ထောက်လှမ်းရေးက ကောင်တွေက ကလိမ်ကကျစ်ဥာဏ် အင်မတန် များတာ။ ၁၉၈၈ တုန်းက ခင်ညွန့် တို့ လုပ်သွားတဲ့ ကလိမ်စေ့ငြမ်းဆင် အကွက်တွေကို မမေ့ကြနဲ့။
    စစ်ထောက်လှမ်းရေးကောင်တွေရော၊ သူတို့က ပိုက်ဆံပေးပြီး ခိုင်းထားတဲ့ သတင်းပေးကောင်တွေရော မိန်းမဥာဏ် အပြည့်ပဲ။
    ထူးထူးဟန် က စစ်ထောက်လှမ်းဟောင်းဘဲ။ အခုလို ဝန်မခံခင်ကတဲက ထူးထူးဟန် က နအဖ သတင်းပေးကောင် ဆိုတာ လူတော်တော်များများ ပြောခဲ့တာဘဲ။ အဲဒီလို နောက်ခံသမိုင်း ရှိတဲ့ ထူးထူးဟန် လို ကောင်က အိုင်စီစီ ကို တက်ချင်လို့ သူ အနည်းဆုံး လူ ၂၄ ယောက် သတ်ခဲ့တာကို ဝန်ခံတာပါ ဆိုတာကို သတိတော့ ထားရမယ်။
    အဟုတ်မှတ်ပြီး အိုင်စီစီ ကို လွှဲလိုက်တော့မှ အိုင်စီစီမှာ သန်းရွှေ တို့ ကောင်းတာတွေ ပြောဖို့ ကြံထားသလား မသိဘူး။ သူ့ကို အဲဒီလို ကလိမ်စေ့ငြမ်းဆင် အကွက်ထွင်ဖို့ ပိုက်ဆံပးပြီး ခိုင်းထားလား မသိဘူး။
    သတိတော့ ထားမှ ဖြစ်မယ်။
    ReplyDelete
  92. သမိုင်းလေ့လာသူJuly 22, 2011 at 8:42 PM
    ထူးထူးဟန် အကြောင်းကို ဘာမှ မသိဘဲ သူ ပြောတဲ့ စကားကို သြစတြေလျ သတင်းစာတွေမှာ ရေးထားတာကို ဖတ်ပြီး ဝေဖန်တဲ့ လူတွေ ပြောပြောနေတဲ့ စကားထဲမှာ "လူ တရာကျော် သတ်လာတယ် ဆိုတာ မဖြစ်နိုင်ဘူး" ဆိုတာကို ဇောင်းပေးပြီး ပြောတာ များတယ်။
    ထူးထူးဟန် က အမှန် ပြောသလား၊ လိမ်ပြောသလား ဆိုတာက တကဏ္ဍ။
    "လူ ၁ဝဝ ကျော် သတ်ခဲ့တယ် ဆိုတဲ့အချက်က မဖြစ်နိုင်ဘူး" လို့ ပြောတာကိုက လွဲနေတာ။
    ထူးထူးဟန်က လူ ၁ဝဝ ကျော်ကို သူတယောက်ထဲက သတ်တယ် (သူကိုယ်တိုင် သတ်တယ်) လို့ ပြောတာမှ မဟုတ်တာ.. "လူသတ်မှု ၁ဝဝ ကျော်မှာ သူက စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် အဖြစ် ပတ်သက်နေတယ်" ဆိုတာက "သူ့အမိန့်ပေးလို့ သူ့လူတွေက ပစ်သတ်တဲ့ လူသတ်မှုက ၁ဝဝ ကျော်လောက် ရှိတယ်" လို့ ဆိုလိုတာ.. သူကိုယ်တိုင် ပစ်သတ်တာက "အနည်းဆုံး ၂၄ ယောက် ရှိတယ်" လို့ဘဲ ပြောတာ။
    ၁၉၈၈ တုန်းက အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်လောက် စစ်အစိုးရရဲ့ လက်ပါးစေတွေက သတ်တာ ခံရတဲ့အထဲမှာ အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်လောက်က ပစ်မှတ်တွေ ရှာဖွေ ဖော်ထုတ်ပြီး သုတ်သင်ဖို့ အထူး လေ့ကျင့်ထားတဲ့ စစ်ထောက်လှမ်းရေး အထူးတပ်ဖွဲ့တဖွဲ့က သတ်ပစ်လို့ သေသွားတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး.. ၁၉၈၈ တုန်းက စစ်တပ်ကရော၊ စစ်ထောက်လှမ်းရေးကရော (ဆန္ဒပြနေတုန်း ပစ်သတ်တာ မဟုတ်ဘဲ) လမ်းပေါ်မှာ ဖမ်းမိပြီးမှ ပစ်သတ်လိုက်တာ၊ ထိန်းသိမ်းရေးစခန်းထဲမှာ ဖမ်းထားပြီးမှ ပစ်သတ်လိုက်တာ၊ ဒဏ်ရာရနေတဲ့ လူတွေကို အရှင်လတ်လတ် မီးသဂြုင်္ိဟ်စက်ထဲ ထည့်တာ၊ အရှင်လတ်လတ် မြေမြှုပ်တာ ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေလဲ ရှိခဲ့တာဘဲ။
    မသင်္ကာမှုနဲ့ ဖမ်းထားသူတွေကို မစစ်ဆေးဘဲ "အကျဉ်းရုံးစီရင်တယ်" ဆိုတဲ့ စကားနဲ့ သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ပစ်လိုက်တာတွေလဲ အများကြီး ရှိခဲ့တာဘဲ။ ဒါတွေဟာ စစ်အုပ်စုက ဖုံးကွယ်ထားတဲ့ သမိုင်းမှန် ရာဇဝတ်မှုတွေပါ။
    ReplyDelete
  93. တိုက်မောင်းJuly 22, 2011 at 10:24 PM
    ထူးထူးဟန်အကြောင်းကိုခဏမေ့ထားပီး
    "စစ်ထောက်လှမ်းေ၇းတယောက်က လူ ၂၄ ယောက်သတ်ခဲ့တာ ဖြစ်နိုင်လား၊မဖြစ်နိုင်ဘူးလား"
    ဆိုတဲ့အချက်ကိုပဲ ဦးတည်စဉ်းစားမယ်ဆို၇င် ဖြစ်နိုင်တာပေါ့ဗျာ။
    ပစ်မှတ်၇ှာပီး ၇ှင်းပစ်တဲ့လက်မရွံ့စစ်ထောက်လှမ်းေ၇းတပ်ဖွဲ့မျိုးမှာ သေချာလေ့ကျင့်ပေးထားတဲ့
    စစ်ထောက်လှမ်းေ၇းဗိုလ်တယောက်က လူ ၂၄ ယောက်မပြောနဲ့၊
    လူ ၁ဝဝ ကျော်ကို သေဒဏ်စီ၇င်ကွပ်မျက်ခဲ့တယ်ဆို၇င်လဲ ဖြစ်နိုင်တာဘဲ။
    ခင်ညွန့်မတိုင်ခင် တင်ဦး (MI တင်ဦး) ခေတ်ကတဲက
    ဒီကောင်တွေကို ဒီလို လူစိတ်မ၇ှိပဲလက်၇ဲဇက်၇ဲသတ်၇ဲအောင် စနစ်တကျလေ့ကျင့်ပေးထားတာဘဲ။
    စစ်ထောက်လှမ်းေ၇းကောင်တွေက -
    နာမည်ကြီးလူလိမ်နေအေး၇ဲ့ လိမ်နည်းအမျိုးမျိုးထက် လိမ်နည်းပိုစုံတယ်။
    မိန်းမပျက်ထက် မာယာများတယ်။
    သား၇ဲတိရစ္ဆာန်ထက် ပို၇က်စက်တယ်။
    ReplyDelete
  94. ကိုယ့်လူသူ့ဘက်သား တွေကို သတိထားကြပါJuly 23, 2011 at 11:03 AM
    "ကိုယ့်လူသူ့ဘက်သား" တွေကို သတိထားကြပါ
    ထူးထူးဟန် MI ဟုတ်တာ မဟုတ်တာ၊ ထူးထူးဟန် ရူးတာ မရူးတာ အပထား။
    နအဖ နဲ့ စစ်တပ်ထောက်လှမ်းရေး သတင်းပေး၊ ကိုယ့်လူသူ့ဘက်သားတွေ အများကြီး ရှိနိုင်ပါတယ်၊ ရှိခဲ့ပါတယ်။
    MI ဖိုးကံကောင်း တို့လိုမျိုးတွေ၊ စောလှထွန်း တို့လိုတွေ၊ အာယု တို့လိုတွေ ကအစ၊ မောင်မောင် (NCUB) တို့လို အဆုံး မြေအောင်းပွေးတွေ ရှိနေတာ အမှန်ပါဘဲ။
    ဒီတော့ကာ ကိုယ့်အနား ကိုယ့်အဖွဲ့နားမှာ ရှိသူတွေ၊ ကိုယ့်အဖွဲ့ဝင်တွေကို ပြန်လည်ပြီး စီစစ်ကြဘို့ လိုပါတယ်။ "ကိုယ့်လူသူ့ဘက်သား" ဖြစ်နေလို့ကတော့ ရန်သူအစစ်ထက် ပိုပြီး ကြောက်ဖို့ကောင်းပါတယ်။
    နယ်စပ်မှာ မလို အမုန်းပွားရင်ဖြင့် "ရန်သူ့လူ" ၊ "ထောက်လှမ်းရေး" ဆိုပြီး အဖွဲ့ပေါင်းစုံက သတ်ခဲ့တာတွေ မနည်းပါဘူး။
    တကယ့် ရန်သူ့လူတွေ၊ သတင်းပေးတွေကိုတော့ ဖေါ်ထုတ်ဘို့ အတော် ခက်နေပါတယ်။
    မိမိတို့ရဲ့ အတွင်းစည်း၊ အပြင်စည်းတွေကို လုံအောင် ဂရုပြုကြပါ လို့ ပြောလိုပါတယ်။
    အင်အယ်ဒီ မှာလည်း ဦးအောင်ရွှေ၊ ဦးလွင် တို့လို "ကိုယ့်လူသူ့ဘက်သား" တွေ ဘယ်လောက်များ များနေသလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။
    ReplyDelete
  95. .
    Poe Kwah ပြောတာတွေက အမှန်တွေပါ
    (( Poe Kwah said...
    ထူးထူးဟန် ပြောတာ ငါ့အနေတော့ မငြင်းဆိုဘူး မှန်နိုင်ချေက ၉၀ % ရှိတယ်.
    ခင်ညွန့်ခေတ်က ဘောင်းဘီတိုကိုဘဲ သင်ခန်းစာယူပါ
    ပြီးတော့ နေ၀င်းက ဒါမျိုးနဲ့ လုပ်ထားတဲ့ စနစ်ပါ
    နိုင်ငံရေးခိုလုံခွင့် တောင်းတဲ့ ကောင်တွေက အချောင်သမားတွေ
    တနေ့ကျရင် ဗိုလ်အောင်ဆန်းနည်းဘဲ သုံးမှာ
    ဂျပန်ကို လိုလားတဲ့အချိန်မှာတော့ ဂျပန်ကို ပေါင်းပြီး
    ဂျပန်ကို မလိုတော့ဘူး ဆိုတဲ့အချိန်ရောက်တော့ ဂျပန်ကို သတ်ပစ်တာမျိုး လုပ်မှာ
    လက်ခံတဲ့နိုင်ငံတွေ စစ်တပ်နဲ့ ပတ်သက်တဲ့ လူဆိုရင် မယုံကြဖို့ ပြောချင်တယ်
    ထူးထူးဟန်မှာ သက်သေရှိတယ်
    ဒါမျိုးအလုပ်က တစ်ယောက်ထဲ လုပ်လို့ရတာ မဟုတ်ဘူး
    လိုအပ်တဲ့အခါ သူ ဖေါ်ထုတ်ပြမယ်
    ဒါဟာ ဗမာစစ်တပ်ရဲ့ ဗျူဟာပါ
    အောင်လင်းထွတ်က မသိတာ အများကြီး ရှိတယ်
    ထောက်လှမ်းရေးအလုပ် ဆိုတာ သူတယောက်ထဲ အားလုံးသိတာ မဟုတ်ဘူး
    မနေနိုင်တော့လို့ ရေးလိုက်ရတာပါ
    မအကြပါနဲ့ ကို့လူတို့ရေ ))
    ReplyDelete
  96. ထူးထူးဟန် လိမ်တာ၊ မလိမ်တာ အပထားပြီး စစ်တပ်ကိုရော၊ စစ်ထောက်လှမ်းရေးကိုရော အသုံးချပြီး ဥပဒေမဲ့ လူသတ်တဲ့စနစ်၊ ဥပဒေမဲ့ ထောင်ချ နှိပ်စက်တဲ့ စနစ်ကို ကျင့်သုံးပြီး ပြည်သူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက် အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ကို ညီညီညွတ်ညွတ် အင်တိုက်အားတိုက် လုပ်ကြဖို့ဘဲရှိတယ်..
    ReplyDelete
  97. အရေမရ အဖတ်မရ စောက်ရေးမပါတဲ့
    စကားတွေပြောနေကြတာဘဲ....ဘလော့ဂ်ပိုင်ရှင်
    သီလရှင်ရူးနဲ့..ဒီမို လှေလူးတွေတွေ့နေကြတယ်
    ဟဟဟဟဟဟဟဟဟဟဟဟဟဟ
    ReplyDelete
  98. အရူးထူးထူးဟန်စကား သောက်သုံးမကျသူများသာယုံJuly 25, 2011 at 6:23 AM
    မန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။
    8329_htoo-htoo-han-110719-b-aap၁၉၈၇ မှ ၁၉၉၂ အတွင်း မြန်မာ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ အရာရှိတဦး အဖြစ် တာဝန်ယူခဲ့ပြီး ထိုသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော သူ၏ ပြောဆိုချက်ကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
    ကိုထူးထူးဟန်သည် ၁၉၉၀ ၀န်းကျင်က အင်းစိန်၊ သာယာဝတီထောင်တို့တွင် အထိန်းသိမ်းခံရဖူးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။
    “အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။
    ReplyDelete
  99. အရူးထူးထူးဟန်စကား သောက်သုံးမကျသူများသာယုံJuly 25, 2011 at 6:24 AM
    ကိုထူးထူးဟန်သည် ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ဖူးသည်ဟု သူက ဆိုသည်။
    သြစတြေးလျရှိ မြန်မာ့အရေးလှုပ်ရှားသူများကမူ ကိုထူးထူးဟန်၏ မဆင်မခြင် ပြောဆိုမှုသည် သြစတြေးလျတွင် အခြေချရန် စောင်ဆိုင်းနေသည့် မြန်မာဒုက္ခသည်များကို ထိခိုက်စေနိုင်သည်ဟု ယူဆသည်။
    “သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်” ဟု သြစတြေးလျတွင် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဒေါက်တာမြင့်ချိုက ကောက်ချက်ချသည်။
    ကိုထူးထူးဟန်သည် ၁၉၉၆ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့် ယူခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် သြစတေးလျနိုင်ငံသား အဖြစ် ခံယူလိုက်ကြောင်း၊ ဇနီးသည်နှင့် သားသမီး ၃ ဦး ရှိကြောင်း သတင်းများက ဆိုသည်။
    လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်များကို ဇနီးသည်ကပင် ယုံကြည်ခြင်းမရှိဟု သူက ပြောဆိုကြောင်း The Australian သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
    မြန်မာစစ်ထောက်လှမ်းရေး တပ်ဖွဲ့သည် အတိုက်အခံ နိုင်ငံရေးသမားများကို သတ်ဖြတ်ရန် တဦးတယောက်ကို သီးခြား တာဝန်ပေးခဲ့ဖူးခြင်း မရှိဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ သတင်းဌာနကို တနင်္လာနေ့က ရှင်းပြသည်။
    ReplyDelete
  100. အရူးထူးထူးဟန်စကား သောက်သုံးမကျသူများသာယုံJuly 25, 2011 at 6:24 AM
    ကိုထူးထူးဟန်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သြစတြေးလျ အာဏာပိုင်များက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
    ကိုထူးထူးဟန်က သူ့ကိုယ်သူ စစ်ရာဇာဝတ်ကောင် ဟု ပြောဆိုကြောင်း၊ တချိန်က ကျောင်းသား အဖွဲ့အစည်းများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ထင်ရှားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသော ပြောဆိုချက်တို့ကို နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားကြသည်။
    သတ်ဖြတ်ရာတွင် နှိပ်စက်ညှဉ်းပမ်းမှု မပြုလုပ်ဘဲ ဦးခေါင်းကို ပစ်သတ်သည့် နည်းကိုသာ သုံးခဲ့ကြောင်း၊ နှစ်ပေါင်း ၂၀ ခန့်က ကျူးလွန်ခဲ့သည့် လုပ်ရပ် အတွက် သေဆုံးခဲ့သူတို့၏ မိဘများ၊ မြန်မာ ပြည်သူများကို ၀မ်းနည်းစကား ပြောချင်ကြောင်း ဟူသော ပြောဆိုချက်များကို သူ၏ သတင်း စတင် ဖော်ပြသည့် AAP သတင်းတပုဒ်တွင် ရေးသားထားသည်။
    သြစတေးလျ ပြည်ထောင်စု ရှေ့နေချုပ် ရောဘတ်မက္ကလန်က “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက်တခုပဲ” ဟု ကောက်ချက်ချ ပြောဆိုလိုက်သည်။
    ဘီဘီစီ သတင်းဌာနနှင့် ဆက်သွယ် မေးမြန်းခန်း တခုတွင် သူက ၁၉၈၇ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ရွှေဓားဆု ချီးမြှင့်ခံရဖူးကြောင်း၊ စစ်ထောက်လှမ်းရေး အမှတ် ၆ တွင် တာဝန်ယူဖူးကြောင်း၊ ၁၉၉၃ တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို စာနာသည့် အတွက် ထောက်လှမ်းရေး တာဝန် မယူတော့ကြောင်း ပြောဆိုခဲ့သည်။
    ReplyDelete
  101. အရူးထူးထူးဟန်စကား သောက်သုံးမကျသူများသာယုံJuly 25, 2011 at 6:25 AM
    ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး http://www.irrawaddy.org/bur/index.php/news/6880-2011-07-20-09-21-21
    ReplyDelete
  102. .
    အရူးသန်းရွှေစကားကို သောက်သုံးမကျတဲ့ ရုရှားကစစ်ကျွန်တသိုက်သာယုံ
    စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ "အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် 'ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်' တော့ဘူး"
    ဆိုပြီး အရူးသန်းရွှေက ခပ်တည်တည် ပြောခဲ့တယ်။
    အဲဒီ အရူးသန်းရွှေ ရဲ့ အရူးစကားကို သောက်သုံးမကျတဲ့၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော သဘောထားတဲ့ နေပြည်တော်က ကိုယ်ကျိုးရှာ လက်ပါးစေတွေနဲ့ အရိုးအရင်းကိုက် ရုရှားကစစ်ကျွန်တသိုက်ဘဲ ယုံပါတယ်။
    ReplyDelete
  103. .
    အရူးသန်းရွှေစကားကို အချက်အလက်မှန်များဖြင့် တန်ဆာဆင်ခြင်း
    (လူဖတ်အများဆုံး ဘလော့ပို့စ် တွေထဲက တခု)
    စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ "အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် 'ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်' တော့ဘူး" ဆိုပြီး အရူးသန်းရွှေက ခပ်တည်တည် ပြောခဲ့တယ်။
    တာဝန်သိ မျိုးချစ်ပြည်သူတယောက်က အရူးသန်းရွှေရဲ့ အရူးစကားကို ထောက်ခံရာလဲ ရောက်အောင်၊ မြန်မာနိုင်ငံ ကဏ္ဍအသီးသီးမှာ တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက်မှန်တွေနဲ့ တန်ဆာဆင်ပြီး ပညာသားပါပါ တင်ပြထားတာကို မဖတ်ရသေးသူတွေအနေနဲ့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
    http://simpleviewsonmyland.blogspot.com/2010/12/blog-post_21.html
    (မှတ်ချက် - ပြောင်မြောက်လှတဲ့ အဲဒီပို့စ်ဟာ လူဖတ်အများဆုံး ဘလော့ပို့စ် တွေထဲက တခု ဖြစ်ပါတယ်။)
    "အရူးသန်းရွှေ" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။
    ReplyDelete
  104. .
    အရူးသန်းရွှေစကားကို အချက်အလက်မှန်များဖြင့် တန်ဆာဆင်ခြင်း (လူဖတ်အများဆုံး ဘလော့ပို့စ် တခု)
    စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ "အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် 'ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်' တော့ဘူး" ဆိုပြီး အရူးသန်းရွှေက ခပ်တည်တည် ပြောခဲ့တယ်။
    အရူးသန်းရွှေရဲ့ အရူးစကားကို မြန်မာနိုင်ငံ ကဏ္ဍအသီးသီးမှာ တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက်မှန်တွေနဲ့ တန်ဆာဆင်ပြီး ပညာသားပါပါ တင်ပြထားတာကို မဖတ်ရသေးသူတွေအနေနဲ့ "အရူးသန်းရွှေ" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။
    ReplyDelete
  105. .
    အရူးသန်းရွှေစကားကို အချက်အလက်မှန်များဖြင့် တန်ဆာဆင်ခြင်း (လူဖတ်အများဆုံး ဘလော့ပို့စ် တခု)
    အရူးသန်းရွှေရဲ့ အရူးစကားကို မြန်မာနိုင်ငံ ကဏ္ဍအသီးသီးမှာ တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက်မှန်တွေနဲ့ တန်ဆာဆင်ပြီး ပညာသားပါပါ တင်ပြထားတာကို မဖတ်ရသေးသူတွေအနေနဲ့ "အရူးသန်းရွှေ" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။
    ReplyDelete
  106. .
    အရူးသန်းရွှေစကားကို အချက်အလက်မှန်များဖြင့် တန်ဆာဆင်ခြင်း (လူဖတ်အများဆုံး ဘလော့ပို့စ် တခု)
    အရူးသန်းရွှေရဲ့ အရူးစကားကို မြန်မာနိုင်ငံ ကဏ္ဍအသီးသီးမှာ တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက်မှန်တွေနဲ့ တန်ဆာဆင်ပြီး ပညာသားပါပါ တင်ပြထားတာကို မဖတ်ရသေးသူတွေအနေနဲ့ "အရူးသန်းရွှေစကားကို အချက်အလက်မှန်များဖြင့် တန်ဆာဆင်ခြင်း" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။
    ReplyDelete
  107. "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၁)July 25, 2011 at 8:23 PM
    "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၁)
    (( ထူးထူးဟန်အကြောင်းကိုခဏမေ့ထားပီး "စစ်ထောက်လှမ်းေ၇းတယောက်က လူ ၂၄ ယောက်သတ်ခဲ့တာ ဖြစ်နိုင်လား၊မဖြစ်နိုင်ဘူးလား" ဆိုတဲ့အချက်ကိုပဲ ဦးတည်စဉ်းစားမယ်ဆို၇င် ဖြစ်နိုင်တာပေါ့ဗျာ။
    ထူးထူးဟန် လိမ်တာ၊ မလိမ်တာ အပထားပြီး စစ်တပ်ကိုရော၊ စစ်ထောက်လှမ်းရေးကိုရော အသုံးချပြီး ဥပဒေမဲ့ လူသတ်တဲ့စနစ်ကို ကျင့်သုံးနေတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ကို ညီညီညွတ်ညွတ် လုပ်ကြဖို့ဘဲ ရှိတယ်။ ))
    ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ရဲ့ ညစ်ပတ်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေကို နှစ် ၅ဝ လုံးလုံး ခါးစီးခံလာရတဲ့ ပြည်သူ့ဘက်သားတွေက အဲဒီလို ဝေဖန်ကြတာတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်သား Sithisoe (စစ်သည်စိုး) ဆိုသူက "ပြည်သူ့ဘက်သားတွေက ယုတ်မာတယ်" လို့ ပြောပါတယ်။
    ReplyDelete
  108. "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၂)July 25, 2011 at 8:24 PM
    "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၂)
    အာဏာရှင်က ဥပဒေမဲ့ လူသတ်တဲ့စနစ်ကို ကျင့်သုံးနေလို့ (( ထူးထူးဟန်အကြောင်းကိုခဏမေ့ထားပီး 'စစ်ထောက်လှမ်းရေးက လူသတ်တာ ဖြစ်နိုင်လား၊မဖြစ်နိုင်ဘူးလား' ဆိုတဲ့အချက်ကိုပဲ ဦးတည်စဉ်းစားမယ်ဆို၇င် ဖြစ်နိုင်တာပေါ့ )) လို့ ပြည်သူ့ဘက်သားတွေက ဝေဖန်ကြတာတွေကို (( ပြည်သူ့ဘက်သားတွေက လိမ်ညာပြီးပြောတယ် )) လို့ စစ်အာဏာရှင်ဘက်သား Sithisoe (စစ်သည်စိုး) က ပြောပါတယ်။
    ပြီးတော့ စစ်အာဏာရှင်ဘက်သား Sithisoe (စစ်သည်စိုး) က
    (( အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့ ))
    ဆိုပြီး အသံကောင်း ဟစ်နေလိုက်သေးတယ်။
    24 Jul 11, 10:23 PM
    Sithisoe: မင်းတို့တော်တောယုတ်မာတယ်၊အမှန်အတိုင်းဘဲဖြစ်ရမှာပေါ့၊ လိမ်ညာပြီးပြောလုပ်ချင်တဲ့စိတ်ကဘယ်လောက်ယုတ်ညံလဲဆိုတာ နားလည်ပါအုန်း၊
    ReplyDelete
  109. "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၃)July 25, 2011 at 8:28 PM
    "အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့" ဆိုရင် သန်းရွှေကို လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့ (၃)
    စစ်အာဏာရှင်ဘက်သား Sithisoe (စစ်သည်စိုး) ကို ပြည်သူ့ဘက်သားတယောက်က အခုလို ဥပဒေကြောင်းအရ ထိထိမိမိ အချက်ကျကျ တုံ့ပြန်ထားပါတယ်။
    24 Jul 11, 10:23 PM
    Sithisoe: မင်းတို့တော်တောယုတ်မာတယ်၊အမှန်အတိုင်းဘဲဖြစ်ရမှာပေါ့၊ လိမ်ညာပြီးပြောလုပ်ချင်တဲ့စိတ်ကဘယ်လောက်ယုတ်ညံလဲဆိုတာ နားလည်ပါအုန်း၊
    25 Jul 11, 09:53 AM
    လူယုတ်မာ Sithisoe သို့ --: ၁၉၈၈ မှာ လူ ၃ဝဝဝ ကျော်၊ ၁၉၉၈-ခရစ်စတီကျွန်းမှာ ၈၁ ယောက်၊ ၂ဝဝ၃-ဒီပဲယင်းမှာ လူ ၁ဝဝ ကျော်၊ ၂ဝဝ၇-ရွှေဝါရောင်မှာ လူ ၁ဝဝ ကျော် ဥပဒေမဲ့ သတ်ခဲ့တဲ့ စစ်အုပ်စုဖက်က ကာကွယ်ပေးနေတာ ဘယ်လောက်ယုတ်ညံ့လဲဆိုတာ နားလည်ပါအုန်း။
    25 Jul 11, 09:58 AM
    လူယုတ်မာ Sithisoe သို့ --: အမှန်အတိုင်းဘဲ ဖြစ်ရမှာပေါ့ .. ဟုတ်လား။ ဒါဆိုရင် သန်းရွှေကို ၁၉၉၈-ခရစ်စတီကျွန်းမှာ ၈၁ ယောက်၊ ၂ဝဝ၃-ဒီပဲယင်းမှာ လူ ၁ဝဝ ကျော်၊ ၂ဝဝ၇-ရွှေဝါရောင်မှာ လူ ၁ဝဝ ကျော် ဥပဒေမဲ့ လူသတ်မှုတွေအတွက် တရားရုံးတင်ရမှာပေါ့။
    ReplyDelete
  110. မငယ်နိုင် ရေးကြီးသုတ်ပျာ တင်တဲ. ပိုစ်.ဆိုလို. ဘာအကြောင်းများ မှတ်တယ်။ ထူးထူးဟန် အကြောင်းဖြစ်နေပါလား။ နွားစကား ခွေးယုံ ဆိုသလိုဖြစ်နေပြီ။
    ReplyDelete
  111. နွား သန်းရွှေ စကား ၇ု၇ှက ခွေး တွေပဲ ယုံတာJuly 27, 2011 at 8:39 AM
    နွားစကား ခွေးယုံ = နွား သန်းရွှေ စကား ၇ု၇ှက ခွေး ယုံ
    နအဖ (နွားအဖွဲ့) က ခေါင်းဆောင်
    နွား သန်းရွှေ စကားကို ၇ု၇ှက ခွေး တွေပဲ ယုံတာ
    ReplyDelete
  112. Anonymous (July 27, 2011 4:12 AM)
    ဒီအထဲမှာ ယုံခြင်းမယုံခြင်း ထောက်ခံခြင်း မထောက်ခံခြင်းဆိုတဲ့ သဘောထား ပါမပါ သိရအောင် ပို့စ်ကိုသေသေချာချာ ပြန်ဖတ်ပါ။ ပို့စ်ကို မဖတ်ဘဲနဲ့ မှတ်ချက်မပေးပါနဲ့။ သတင်းကို သတင်းအတိုင်းပဲ ဘာသာပြန်ပြီး တင်ထားတဲ့ ပို့စ်ဖြစ်တယ်။ ဘာသုံးသပ်ချက်၊ ဝေဖန်ချက်၊ ဘာထင်မြင်ယူဆချက်မှ မရေးထားဘူး။
    ReplyDelete
  113. စစ်ဗိုလ်များ လူ့ ကျင့်ဝတ်ကို လိုက်နာစေလိုသူJuly 27, 2011 at 9:58 AM
    ရုရှားက စစ်ဗိုလ် ပညာတော်သင် ဆိုတဲ့ ယောကျာ်းရင့်မကြီးတွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ အမျိုးသမီးတယောက်ကို ဝိုင်းတိုက်နေလိုက်တာ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ...
    ရုရှားက စစ်ဗိုလ်တွေ လူ့ ကျင့်ဝတ်ကို မလိုက်နာတာက ကမ်းကုန်တယ် ...
    ငယ်နိုင်လမ်း ကဗျာစာသားတွေ မှန်တယ်ဆိုတာကို ရုရှားက စစ်ဗိုလ်တွေက နေ့ တိုင်းနီးပါး လာပြီး သက်သေပြနေတာကိုး ...
    ဒီမနက် တမနက်ထဲမှာ ရုရှားက စစ်ဗိုလ်တွေက မငယ်နိုင်ရဲ့ ပို့ စ် ပေါင်းစုံမှာ -
    (၁) mg (၂) Anonymous (July 27, 2011 4:01 AM) (၃) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM) (၄) Anonymous (July 27, 2011 4:05 AM) (၅) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:05 AM) (၆) ဦးသူတော် (၇) Anonymous (July 27, 2011 4:10 AM) (၈) Anonymous (July 27, 2011 4:12 AM) (၉) Anonymous (July 27, 2011 4:13 AM) (၁ဝ) အိုပါး (ခေတ္တကိုရီးယား) (၁၁) ဘိုဘိုလွင်
    ဆိုတဲ့ နာမည်တွေကို သုံးပြီး မငယ်နိုင်ကို ပက်ပက်စက်စက် ဆဲတာတွေ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်တာတွေ၊ မမှန်သတင်း ရေးတာတွေ၊ အရေမရအဖတ်မရ ပေါတောတော ပေါက်ကရ ရေးတာတွေ လုပ်သွားပြန်ပြီ ...
    ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ မငယ်နိုင်ကို ဝိုင်းတိုက်နေလိုက်တာ ပြောမယုံ ကြုံဘူးမှသိရတော့တယ် ...
    ((( ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
    ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
    ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။ )))
    ဆိုတဲ့ ကိုစစ်နိုင် ရဲ့ ငယ်နိုင်လမ်း ကဗျာထဲက ကဗျာစာသား အတိုင်းကို ဖြစ်နေတော့တာဘဲ ...
    ReplyDelete
  114. ဒီမိုကရေစီလိုလားသူ ကိုစစ်နိုင်က ဒီမိုကရေစီ တိုက်ပွဲကို ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ ဆင်နွှဲလာတဲ့ မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာပါ ...
    ငယ်နိုင်လမ်း
    အော်စီမှာ အခြေချလာရင်း
    မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။
    ရေးရလဲ မသက်သာ
    အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
    "အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
    "တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။
    ဘန်းခဲ့လဲ မသက်သာ
    နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
    "mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
    Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။
    ပိတ်ပြန်လဲ မသက်သာ
    C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
    ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
    ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
    ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။
    စစ်နိုင်
    (၁၇-၆-၂ဝ၁၁)
    (ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။
    ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။
    စစ်နိုင်)
    ကိုစစ်နိုင်က မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာကို
    မငယ်နိုင်ရဲ့ (( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) ပို့ စ်မှာ တင်ထားပါတယ် ...
    http://nge-naing.blogspot.com/2011/07/blog-post_14.html
    July 27, 2011 10:28 AM
    ReplyDelete
  115. C-Box မှ မှတ်ချက်July 27, 2011 at 2:18 PM
    C-Box မှ မှတ်ချက်
    27 Jul 11, 01:42 PM
    Nge Naing: သိင်္ဂါကျော် နာမည်နဲ့ အတုလာရေးသွားသူရဲ့ မှတ်ချက်ကို ဖျက်လိုက်ပြီး IP ကိုမှတ်ထားပါတယ်။ သူများနာမည်နဲ့ နောက်ထပ် ဒီလိုလာရေးရင် ဒီ IP ကို ပိတ်မယ်ဆိုတာ ကြိုပြီး အသိပေးလိုက်ပါတယ်။
    ReplyDelete
  116. သီဟပူရဘလော့ရပ်ဝန်းသားJuly 27, 2011 at 6:28 PM
    ရုရှရောက်စစ်ဗိုလ် mg (မောင်) (ဦးသူတော်) က မငယ်နိုင်ရဲ့ နာရေးပို့စ်တခုမှာ ရေးထားတဲ့ အမင်္ဂလာကွန်မင့် နမူနာတခုလောက် ဖတ်လိုက်ရုံနဲ့ အကုသိုလ်ကောင် mg (မောင်) (ဦးသူတော်) က ဘယ်လောက် လူစိတ်ကင်းမဲ့နေတယ် ဆိုတာကို သိနိုင်ပါတယ်။
    "ဆရာဝင်းမြင့်သိန်းဈာပနနှင့် ရက်လည်ဆွမ်းကျွေးအခမ်းအနား" (May 24, 2011) ပို့စ်
    http://nge-naing.blogspot.com/2011/05/blog-post_24.html
    မှာ အကုသိုလ်ကောင် mg (မောင်) (ဦးသူတော်) ရေးထားတဲ့ အမင်္ဂလာကွန်မင့်ပါ။
    mg said...
    သေပေးလို. (မငယ်နိုင်ကိုယ်စား) ကျေးဇူးတင်ပါတယ် ဆရာဝင်းမြင်.သိန်း ခင်ဗျာ... ပိုစ်. ၅ ခုတော.ရလိုက်ပါတယ်
    May 24, 2011 9:09 AM
    ReplyDelete
  117. ဒီပဲယင်းအရေးအခင်း တရားခံများ - ၁
    ၁၉-၂ -၂၀၁၂
    ၁။ ခင်ညွန့် - နအဖ အတွင်းရေးမှုး (၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိက အမိန့် ပေးသူ၊ ၄င်းနောက် ဝန်ကြီးချုပ် ဖြစ်လာ၊ ပြီး စစ်အာဏာ နေရာလုရန် ကြိုးပမ်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။
    ၂။ စိုးဝင်း - နမခ စစ်တိုင်းမှုး၊ ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံး ကြီးကြပ် ကွပ်ကဲသူ၊ ၄င်းနောက် အတွင်းရေးမှုး (၁)၊ ပြီး ဝန်ကြီးချုပ်၊ ယခု သေဆုံးပြီး။
    ၃။ သန်းဟန် - ဒု ဗိုလ်မှုးကြီး၊ ရွှေဘို ခယက ဥက္ကဌ၊ ဒီပဲယင်းသို့ ကိုယ်တိုင် သွားရောက် ဆောင်ရွက်ခဲ့သူ၊ ၄င်း အရေးအခင်းအပြီး ရဲမှုးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။
    ၄။ တင်မြင့် - ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှုး၊ ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊ လက်နက်များ၊ လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ (၃၀၀၀) ကျပ် ပေးကာ အင်အား စုစည်းပေးသူ၊ အရေးအခင်း ပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှုဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေ ငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှုး အဖြစ် ချီးမြှောက်ခဲ့။
    ၅။ စိုးမြင့် - ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှုဆောင်၊ ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ ဒီပဲယင်းသို့ ကိုယ်တိုင် လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊ အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှုအား စစ်ကိုင်းတိုင်း ကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်း တင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟု စွပ်စွဲခဲ့သည်။
    ၆။ ထွန်းကိုကို - ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊ ၄င်းပိုင် သံဆိုင်မှ သံဒုတ်များ ယူကာ ရပ်ကွက် အရက်ဆိုင်များ၊ ဆိုက်ကားသမားအချို့ နှင့် ကားဂိတ်ကြိုများအား ပေး၍၄င်း မိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက် ဆောင်ရွက်ပြီး အရေးအခင်း အပြီးတွင် ခရိုင်အတွင်းရေးမှုး ဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအား ကျူးကျော်ကာ သံဆိုင် ဖွင့်လျက်ရှိ။
    ၇။ သန်းထွန်း - ခရိုင်အမှုဆောင်၊ ၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်း အပြည့် လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။
    ၈။ ဇော်ဇော် - မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှုး၊ ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေး အမှုဆောင်များအား "စခန်းချ လေ့ကျင့်ရေး" ဟု လိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ က အဖြစ်မှန် သိ၍ ပြန်သွားခဲ့၊ ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေး လုပ်ကိုင်လျက်ရှိ။
    ၉။ သန်းထွန်း - ခရိုင် ပို့ ဆက်ဦးစီး၊ ရွှေဘိုမှ ဒီပဲယင်းအတွက် ကားများ ချောဆွဲပေးခဲ့သူ၊ အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ခြေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။
    ၁၀။ သောင်းဝင်း - ဒုရဲမှုး၊ ဒီပဲယင်းမြို့ နယ်မှုး၊ အထူးရေးရန် မလိုပါ၊ ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်။ အရေးအခင်း အပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။
    ၁၁။ ဝင်းသိန်း - ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှုး၊ အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ ရွှေဘိုမှလူများအား ရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာ ကားလမ်းဘေး ဝဲယာတွင် နေရာချထားကာ ဒေါ်စုယာဉ်တန်း လာပါက ဝိုင်းဝန်း ရိုက်နှက်ရန် စီစဉ်ခဲ့သူ။
    ReplyDelete
  118. ဒီပဲယင်းအရေးအခင်း တရားခံများ - ၂
    ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ယာဉ်တန်းအား တားဆီး ပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှ လူအချို့ နှင့် ရွှေဘိုမှ အင်အား အများဆုံး ခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်း ဆိုလျှင် ရိုက်နှက်မည် မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
    ယခု ယင်းကိစ္စ အဓိကတရားခံ ခေါင်းဆောင်ကြီး ခင်ညွန့် လွတ်လာပြီ။ ကျန်လူများကလည်း အဆင်သင့်။ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ အမြဲရှိပါ။ လက်ရှိ အောင်မြင်မှုလေးအပေါ် သာယာနေရုံနှင့် မပြီးသေးပါ။ နောက်မှ နောင်တရ ကြေကွဲစရာ ဖြစ်လာမယ်။
    ၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။ အားလုံးဟာ ကိုယ့်အင်အား အစစ်အမှန် မဟုတ်သေးဘူး။ နအဖရဲ့ ပြည်သူ့ သဘောထား ဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခု ရှိနေဆဲပါ။ အဲဒီတုံးက အသည်းနှလုံး ဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ် ဝမ်းနည်းကြေကွဲမှု မလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်း တရားခံတွေကို အမြန်ဆုံး အရေးယူပေးပါ။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ထပ်မံ သိရှိသူများ ပူးပေါင်း ဖေါ်ထုတ်ပေးကြပါ။ နိုင်ငံတော်ကလည်း စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
    -------------------------
    ခွပ်တဲ့ဒေါင်းမှ ခွပ်ဒေါင်းဖြစ်မယ် .... ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်းဖြစ်မယ်။
    သားဆွေ
    by Naymin Alinyoung
    (ဟစ်တိုင် မှ ကူးယူ ဖော်ပြသည်။)
    ReplyDelete
  119. ကိုထူးထူးဟန် အမှုက အိုင်စီစီနဲ့  ဘာမှမဆိုင်ပါ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် တရားရုံး(အိုင်စီစီ)ဟာ စစ်ရာဇ၀တ်မှုနဲ့ပဲ ဆိုင်ပါတယ်။ စစ်ရာဇ၀တ်မှု ဆိုတာကလည်း စစ်ပွဲအတွင်းမှာ ကျုးလွန်မှသာ စစ်ရာဇ၀တ်မှုလို့ ခေါ်လို့ရပါတယ်။ စစ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) ဒါမှမဟုတ် စစ်ဥပဒေက ဘယ်လိုဖွင့်ဆိုထားသလဲဆိုရင် စနစ်တကျ အမိန့် ပေးစနစ်ရှိပြီး အမြဲတမ်း လက်နက်ကိုင်ထားတဲ့ အဖွဲ့ နှစ်ဖွဲ့သို့မဟုတ် နှစ်ဖွဲ့ထက်ပိုပြီး လက်နက်ကိုင် တိုက်ခိုက်နေတာကို စစ်ပွဲလို့ သတ်မှတ်ပါတယ်။ စစ်ေုကငြာတာ မေုကငြာတာနဲ့လည်း မဆိုင်ပါဘူး။ (လက်နက်ကိုင် ဓါးပြတွေနဲ့ ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်ုကတာကို စစ်ပွဲလို့ မသတ်မှတ်ပါဘူး။) စစ်ကိုမှ ပြည်တွင်းစစ် (Internal armed conflict) နဲ့  အပြည်ပြည်ဆိုင်ရာ စစ်ပွဲ (International armed conflict)ဆိုပြီး ခွဲထားပါသေးတယ်။ ဒါကြောင့်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်နေတဲ့ ဗမာပြည်ဟာ ပြည်တွင်းစစ် ဖြစ်နေတယ်လို့ သတ်မှတ်လို့ ရတဲ့အတွက် စစ်အစိုးရ ကျူးလွန်ထားတာတွေဟာ စစ်ရာဇ၀တ်မှု ဖြစ်နေပေမယ့် ၁၉၈၈ အရေးအခင်းဟာ စစ်ပွဲမဟုတ်ပါဘူး။ ဒါဟာ ပြည်တွင်းမငြိမ်မသက်မှု (Internal disturbance)လို့  ဥပဒေက ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ကိုထူးထူးဟန် အမှုက စစ်ရာဇ၀တ်မှုနဲ့ ဘာမှမဆိုင်တဲ့အတွက် သူ့ ဟာသူ ဘယ်လောက်အော်နေအော်နေ ဘာမှလုပ်လို့ မရပါဘူး။ ဗမာပြည်တွင်း ဥပဒေနဲ့ပဲ ဆိုင်ပါတယ်။
    ReplyDelete
  120. -
    မိုးမခအထောက်တော် အမှတ် ၀၀၇
    ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၂
    စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။
    ၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
    “NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။
    ၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
    “ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။
    ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။
    ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။
    “စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။
    သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။
    “ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။
    “တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။
    ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။
    ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
    ReplyDelete
  121. (ခေါင်းစဉ်ကို နှိပ်ပြီး ၁၉-၉-၁၉၈၈ ရက် ရန်ကုန်မြို့လယ် လူသတ်ပွဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။)
    ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ မှာ ပြည်သူ့ရန်သူ နံပါတ် (၁) လူယုတ်မာ နေဝင်း ရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းခံထားရတဲ့ မြန်မာစစ်တပ်က လက်နက်ကိုင် ရန်သူတပ်စခန်းကို တိုက်ခိုက် ချေမှုန်းရာမှာ သုံးတဲ့ လက်နက်အင်အားမျိုးကို အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲပြီး အချက်အချာကျတဲ့ ပြည်ထောင်စုဘဏ် ခေါင်မိုး၊ ခြောက်ထပ်ရုံး ခေါင်မိုး၊ ဆူးလေဘုရားလမ်းပေါ်က တိုက်ခေါင်မိုး တွေပေါ်မှာရော၊ လမ်းပေါ်မှာပါ ကြိုတင် နေရာယူထားပြီး ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေး သတ်ကွင်းကို ယုတ်မာ ပက်စက်စွာ စနစ်တကျ ကြိုတင်စီစဉ် ထောင်ခြောက်ဆင်ထားပြီး သတ်ကွင်းထဲ ဝင်လာတဲ့ (၈-၈-၈၈ ရက်က ၁၃-၈-၈၈ ရက် ကျောင်းသား၊ ပြည်သူပေါင်း ထောင်နဲ့ချီပြီး အသေ ပစ်သတ်တဲ့ လူသတ်ပွဲ အပါအဝင် စစ်အာဏာရှင်ရဲ့ ကမ်းကုန်အောင် ဆိုးယုတ်လှတဲ့ ယုတ်မာရက်စက်မှု၊ မတရားမှု အဖုံဖုံကို လမ်းပေါ်မှာ စီတန်း လမ်းလျှောက်ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်နေကြတဲ့) အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသား၊ ပြည်သူတွေကို ညှပ်ပူးညှပ်ပိတ် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် အသေ ပစ်သတ်နေပုံ
    19 Sep 2012
    by KoNiknayman
    ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နေ့  စက်တင်ဘာလ (၁၉) ရက်နေ့ မှာ အာဏာရူးလက်ပါးစေ သေနတ်ကိုင်လူသတ်သမားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသခဲ့ကြတဲ့ အပြစ်မဲ့ ကျောင်းသူကျောင်းသား ပြည်သူပြည်သားများကို မသေမချင်း ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒီမြင်ကွင်းက သမိုင်းသက်သေတည်နေပါတယ်။
    http://www.youtube.com/watch?v=aoqIGGq5Eaw&feature=player_embedded
    ReplyDelete
  122. (ခေါင်းစဉ်ကို နှိပ်ပြီး ၁၉-၉-၁၉၈၈ ရက် ရန်ကုန်မြို့လယ် လူသတ်ပွဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။)
    ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ မှာ ပြည်သူ့ရန်သူ နံပါတ် (၁) လူယုတ်မာ နေဝင်း ရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းခံထားရတဲ့ မြန်မာစစ်တပ်က လက်နက်ကိုင် ရန်သူတပ်စခန်းကို တိုက်ခိုက် ချေမှုန်းရာမှာ သုံးတဲ့ လက်နက်အင်အားမျိုးကို အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲပြီး အချက်အချာကျတဲ့ ပြည်ထောင်စုဘဏ် ခေါင်မိုး၊ ခြောက်ထပ်ရုံး ခေါင်မိုး၊ ဆူးလေဘုရားလမ်းပေါ်က တိုက်ခေါင်မိုး တွေပေါ်မှာရော၊ လမ်းပေါ်မှာပါ ကြိုတင် နေရာယူထားပြီး ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေး သတ်ကွင်းကို ယုတ်မာ ပက်စက်စွာ စနစ်တကျ ကြိုတင်စီစဉ် ထောင်ခြောက်ဆင်ထားပြီး သတ်ကွင်းထဲ ဝင်လာတဲ့ (၈-၈-၈၈ ရက်က ၁၃-၈-၈၈ ရက် ကျောင်းသား၊ ပြည်သူပေါင်း ထောင်နဲ့ချီပြီး အသေ ပစ်သတ်တဲ့ လူသတ်ပွဲ အပါအဝင် စစ်အာဏာရှင်ရဲ့ ကမ်းကုန်အောင် ဆိုးယုတ်လှတဲ့ ယုတ်မာရက်စက်မှု၊ မတရားမှု အဖုံဖုံကို လမ်းပေါ်မှာ စီတန်း လမ်းလျှောက်ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်နေကြတဲ့) အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသား၊ ပြည်သူတွေကို ညှပ်ပူးညှပ်ပိတ် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် အသေ ပစ်သတ်နေပုံ
    Published on 1 Aug 2013
    By KoNiknayman
    ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ ပြည်သူတွေကို ဘယ်လောက် ရက်စက်ခဲ့သလည်းဆိုတာ သမိုင်းသက်သေတည်တယ်။
    မေ့ပျောက်ပါ ကြေအေးပါ ပြောဆိုသူတွေ၊ မေ့ပျောက်သူတွေ ကြေအေးသူတွေ၊ အမုန်းတရားတွေ လက်ကိုင်မထားပါနဲ့  ပြောသူတွေ၊ မကောင်းမြင်ဝါဒ မထားကြပါနဲ့  ပြောသူတွေ၊ ရှစ်လေးလုံးသမိုင်းကို ဘာမှ မဟုတ်ဖူးလို့  မြင်သူတွေ၊ ရှစ်လေးလုံးသမိုင်းအပေါ် ကိုယ်ကျိုးရှာသူတွေ ဒီမြင်ကွင်းကို ပြန်ကြည့်ကြပါ။
    (၂၅) နှစ်တာမကလို့  နောင်နှစ်ပေါင်းရာချီပလေ့စေဦးတော့ ကမ္ဘာကြေတာတောင် မကြေနိုင်တဲ့ ရှစ်လေးလုံးသမိုင်းဆိုတာ တည်တံ့နေမယ်ဆိုတာ။
    ကိုနစ်နေမန်း
    http://www.youtube.com/watch?v=iGy3wrJM_k0&feature=player_embedded
    ReplyDelete
  123. (ခေါင်းစဉ်ကို နှိပ်ပြီး "8888 ငွေရတု ကိုသတိရဖို့  မမေ့အပ်ပေ" ဗီဒီယိုက "ကမ္ဘာမကြေဘူး" သီချင်းကို နားဆင်ရင်း၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလ မြင်ကွင်း မှတ်တမ်းဓာတ်ပုံတွေကို ကြည့်ရင်း "စစ်အုပ်စုကို ကမ္ဘာမကြေဘူး" လို့ ထပ်မံ အဓိဌာန်ပြုနိုင်ပါတယ်။)
    "ကမ္ဘာမကြေဘူး" သီချင်း
    (၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)
    နိုင်မြန်မာ ရေးစပ်သည်
    (ကမ္ဘာမကြေဘူး...
    ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး...
    တော်လှန်ရေး...
    ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော...
    ဩော်... သူရဲကောင်းတို့ရေ...
    အာဇာနည်တွေ နေတဲ့ တိုင်းပြည်... ) x ၂
    ရဲရဲတောက် တို့ပြည်သူတွေ...
    (ကိုယ်တော်မှိုင်း...
    ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ၊ အဖိုးရေ...
    သခင်အောင်ဆန်း...
    နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ၊ အဖရေ...
    ဩော်... လုပ်ရက်ကြပေ...
    ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ... ) x ၂
    အတုံးအရုံး လဲပြိုကာနေ...
    (ညီအစ်ကိုတို့...
    ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး...
    မတွေဝေနဲ့...
    ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော...
    ဩော်... သူရဲကောင်းတို့လို...
    ခိုင်မာပီပြင် တော်လှန်ပစ်မလေ... ) x ၂
    မျိုးချစ်တဲ့ တို့ဇာနည်တွေ...
    ကမ္ဘာမကြေဘူး...
    (၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ကျောင်းသား၊ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)
    (Credit - Sannee Maung)
    http://www.youtube.com/watch?v=EfoH0qX3J7g
    ReplyDelete
  124. >>> (၁၉၈၈) အရေးတော်ပုံမှာ ရက်စက်ယုတ်မာလှတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုမျိုးစုံကို အသေခံ၊ အဖမ်းခံပြီး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူတွေကို အကြမ်းဖက်သမားတွေပုံစံမျိုး ဖြစ်အောင် အသွင်ပြောင်း ပုံဖျက် လိမ်ညာ ရေးသားပြီး စစ်အုပ်စုဘက်က ကာကွယ်ဖာထေး ဝါဒဖြန့်နေကြတဲ့ စစ်အုပ်စုဘက်သားများသို့ >>>
    (၈၈) အရေးတော်ပုံ ဆိုတာ…… တစ်စုံတစ်ခုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်
    ပေါ်လာခဲ့တဲ့ ကြောင်တောင်တောင် ဘာသာရေး လူသတ်ပွဲ မဟုတ်ဘူး ။
    (၈၈) အရေးတော်ပုံ ဆိုတာ…. နိုင်ငံတွင်းက ယုံကြည်ချက်၊ ခံယူချက် မတူသူတွေကြား
    မျိုးတုန်းသတ်ဖြတ်ပွဲ မဟုတ်ဘူး ။
    (၈၈) အရေးတော်ပုံ ဆိုတာ…. အင်အားကြီးတဲ့သူက လူနည်းစုကို အနိုင်ကျင့်သတ်ဖြတ်တဲ့ပွဲ မဟုတ်ဘူး ။
    (၈၈) အရေးတော်ပုံ ဆိုတာ… ပြည်တွင်းလက်နက်ကိုင်စစ်ပွဲ မဟုတ်ဘူး ။
    (၈၈) အရေးတော်ပုံ ဆိုတာ…. ပြည်သူတွေရဲ့ ညီညွတ်ခြင်း၊ ရဟန်း ရှင်လူ ကျောင်းသား
    လူငယ်တွေ ရဲ့ အင်အားကိုဖော်ဆောင်တဲ့ တော်လှန်ရေး ။
    (၈၈) အရေးတော်ပုံ ဆိုတာ…. အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင် တိုက်ခဲ့တဲ့ပွဲ။
    (၈၈) အရေးတော်ပုံ ဆိုတာ…. ပြည်သူတွေ၊ ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ သမိုင်း ။
    (၈၈) အရေးတော်ပုံ ဆိုတဲ့ အဖိနှိပ်ခံ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူ တရပ်လုံးရဲ့ တရားတဲ့ လှုပ်ရှားမှုကြီးဟာ နောက်ဆုံးမှာ ထုံးစံအတိုင်း စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ် စစ်သားတွေရဲ့ မောင်းပြန်သေနတ်တွေနဲ့ ဥပဒေမဲ့ ရက်ရက်စက်စက် ဖြိုခွဲခံခဲ့ရတဲ့ သမိုင်းမှန်ကိုတော့…… ရူးကြောင်ကြောင် ဘာသာရေး အကြမ်းဖက်မှုတွေနဲ့
    ခိုင်းနှိုင်းပြီး တန်ဖိုးကျအောင် ပုံမဖျက်ကြပါနဲ့ဗျာ…..
    မျိုးဆက်သစ်တွေကို ဆေးမထိုးကြပါနဲ့…
    သမိုင်းအမှန်ကို သိခွင့်ပေးလိုက်ပါ။
    (၈၈) အရေးတော်ပုံ(၈၈) ဆိုတာ သမိုင်းတစ်ခုပါ…
    အနိဌာရုံ တွေ မဟုတ်ပါဘူး၊
    အကြမ်းဖက်မှုတွေ မဟုတ်ပါဘူး၊
    အကြမ်းဖက် ခံခဲ့ရတာပါဗျာ……..။
    ReplyDelete
  125. စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
    U Tin Maung Tun
    ၂၀၁၅၊ ဩဂုတ် ၂၉
    ပြည်သူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်တာ၊ အခွင့်အရေးမရတာ၊ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို စစ်ဗိုလ်တွေက သိတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာတဲ့စိတ်ကို စစ်ဗိုလ်တွေက ပြည်သူတွေအပေါ် ဘယ်လိုမှ မွေးလို့မရလို့ပါ။
    စစ်ထဲရောက်ကတည်းက စ သိလိုက်တာက တဆင့်မြင့်တဲ့သူက သူ့ရဲ့သခင်ဖြစ်လို့ သူက တဆင့်မြင့်တဲ့သူ ခိုင်းတာကို အကုန်လုပ်ပေးရတဲ့ ကျွန် ဆိုပြီးပဲ သိတယ်။
    တဆင့်နိမ့်တဲ့သူ ဆိုရင်တော့ သူ့ရဲ့ကျွန်အဖြစ် မြင်တတ်ပြီး တဆင့်နိမ့်တဲ့သူက သူခိုင်းတာကို ဘာမှဆင်ခြေမပေးဘဲ အကုန်လုပ်ရမယ်၊ သူ့ကို ကျွန်ခံရမယ် ဆိုတဲ့ အသိပဲ ရှိကြတယ်။
    ဒီတော့ စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားပြီး ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
    အဲဒီလို စစ်ဗိုလ်တွေက ပြည်သူတွေရဲ့ သခင်တွေ ဖြစ်နေတာဟာ စစ်တပ်ရဲ့ မူလရပိုင်ခွင့် ဂုဏ်လို့ပဲ စစ်ဗိုလ်တွေက ခံယူထားကြတယ်။
    ဦးတင်မောင်ထွန်း
    စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး
    ReplyDelete
  126. Thorn Nay Soe
    ၈-၉-၁၅
    စစ်တပ်ကို ကြောက်တယ်။
    အခု ဒီဖေ့ဘုတ်ပေါ်က
    စစ်ဗိုလ်အများစုကို ကြည့်တာနဲ့ကို
    ကြောက်စရာ တော်တော်ကောင်းနေပြီ။
    စစ်ဗိုလ်အများစုဟာ
    ဗလောင်းဗလဲ ပြောတယ်၊
    အောက်တန်းကျကျ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်၊
    မဟုတ်မတရား အပုပ်ချတတ်ကြတယ်။
    ဒီလောက်
    စိတ်ဓာတ် အောက်တန်းကျသူတွေ
    အနာဂတ်မှာ အာဏာရသွားလို့တော့
    မဖြစ်ဘူး။
    ဒီတော့
    စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြံ့ဖွတ်ပါတီကိုတော့
    ဝေရာမဏိ
    ဝေးစွာ ရှောင်ကြဉ်ပါ၏။
    သွန်းနေစိုး
    စစ်ဗိုလ်အများစုဟာ စိတ်ဓာတ် တော်တော် အောက်တန်းကျလို့ အနာဂတ်မှာ အာဏာရသွားလို့ မဖြစ်ဘူး
    ReplyDelete
  127. Aye Aye Soe Win
    ၈-၉-၁၅
    စစ်ခွေးအချို့ဟာ "သူတို့ဟာ တောခိုခဲ့သူ၊" "သိဖူးပါတယ်" ဆိုပြီး တက်လာနေတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်း တခါမှလည်း လူလိုသူလို စကားစမြည် တခါတောင် ပြောဖူးတာတောင်မရှိ။
    သူတို့ ဖန်ရှင် (function) (အလုပ်၊ တာဝန်) က ပညာမပါတာတွေ၊ မမှန်တာတွေ၊ အဆက်အစပ်မရှိတာတွေ တက်ပြော၊ တက်ရေးပြီး စိတ်အနှောင့်အယှက်ဖြစ်စေရေးပဲ။
    သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန် စစ်အစိုးရ၏ အောက်တန်းကျတဲ့လုပ်ရပ်ဟာ အဲဒါပဲ။ ၈၈ ကတည်းက လူလိမ်တွေကို နေရာတိုင်းမှာ ရိုက်ထည့်ထားပြီး သူတို့ ကျီးလန့်စာစား ဖြစ်နေတိုင်း အမြင်မှန် အယူမှန် ရှိသူတွေ၊ စိတ်ရှည် ဇွဲသန် ဖိုက် (fight) နိုင်တဲ့သူတွေကို ပစ်မှတ်ထားပုံရတယ်။
    သူတို့ ဖန်ရှင်က မရ ရတဲ့နည်းနဲ့ နှောင့်ယှက်မယ်၊ စစ်ခွေးဝါဒကို မရအရ ဖြန့်မယ်။ သမိုင်းမှာ သူတို့ကိုယ်တိုင် အရေးပါတဲ့နေရာ တနေရာက ပါခဲ့သလို ဘာမှ အရေးမပါတဲ့ trivial facts (အရေးမပါတဲ့ အသေးအဖွဲ အချက်အလက်တွေ) လာလာ ပြောမယ်။
    စစ်ခွေးတွေ၏ သည်လို အလုံးတွေဟာ အတော့်ကို ရိုးနေပြီ။ ဖန်တရာတေနေပြီ။
    သည်အရေးအသားတွေ၊ ကွန်မင့်တွေဟာ စစ်ခွေးတွေ စာကြောင်း သုံးကြောင်း ရေးလို့မပြီးခင် ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်၊ ဘာစေတနာနဲ့ ၀င်လာတယ် ဆိုတာ သိနိုင်တယ်။
    သူတို့ကို "စစ်ခွေး" လို့ တချက်အော်လိုက်တိုင်း သူတို့ရင်ဝမှာ မြားစူးသလို ဖြစ်နေတယ် ထင်ရတယ်။
    "စစ်ခွေး" ဆိုလို့ လွန်ခဲ့တဲ့ ၃ - ၄ နှစ်က မှ ဒီအက်စ်အေ က ဆင်းလာတဲ့ ကောင်တွေကိုချည်း ပြောတာ မဟုတ်။
    စစ်ခွေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။
    - ကျောင်းဆရာမ လုပ်ပြီး စစ်အုပ်ချုပ်ရေးဘက်က ကာကွယ်သူ၊
    - ဆရာဝန် ဘူဂျွာ (ဘူဇွာ) ဖြစ်နေသည့်တိုင် "အပြောင်းအလဲတွေဟာ မကောင်းဘူး" ဆိုတဲ့ တကိုယ်ကောင်းစိတ်ရှိသူ၊
    - ဘုန်းကြီး တန်မဲ့ သူတော်ကောင်းတရား မဟော၊ အုပ်ချုပ်သူကို ဖေးမဖို့ သူယုတ်တရားကို ဘေးတီးဟောသူ၊
    - ဒုက္ခသည် ခံပြီး အနောက်နိုင်ငံတွေ ရောက်လာပေမယ့် ကာလများစွာ မြေရှိုးနေပြီး ဟော.. ခုလို သိန်းစိန် ဖက်ဆစ်ခေတ်ရောက်မှ.. ပရောဟိတ်တွေယောင်ယောင် ပုံစံမျိုးနဲ့ ပေါ်လာပြီး ငြိမ်းချမ်းရေးတရား အမည်ခံ ဘောမတရားများ ဟောကာ ရောကောသောကော အကြံအဖန်ရိုက်နေသူ၊
    - အရာရာကို စီးပွားရေးအကျိုးအမြတ်မျက်လုံးနဲ့ ကြည့်သူ
    - အာဏာရသူသာ အမှန်ဟု ထင်တတ်သူ
    - လူတန်းစားအမုန်း (class hate)၊ လူတန်းစားခွဲခြားမှု ရှိနေတာကို ငြင်းပယ်သူ
    သည်လူ အားလုံးဟာ ပြည်သူ့ရန်သူ စစ်ခွေးတွေပဲ။
    သူတို့ချည်း သိတဲ့ "ဘောတရား" မှာ ပြည်သူ ဆိုတာ မရှိ။ ပြည်သူ့အတွက်တိုက်ပွဲ ဆိုတာ မရှိ။ ပိုက်ဆံ၊ အခွင့်အရေးနဲ့ အာဏာရထားသူကိုသာ ကပ်ထားတဲ့ အချောင်သမားစိတ်တွေသာ ရှိနေကြတယ်။
    သည်လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်နေပြီး သိန်းစိန် စစ်အုပ်စုကို ဖားနေ၊ ကာနေရတုန်း။
    အမေရိကကိုလည်း သည်နိုင်ငံကြီးဘက်က သူတို့ကို နည်းနည်း အဖက်လုပ်ပြီးသကာလ၊ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ တက်တက် ဖားတာကတော့ ပြိုင်စံရှားပဲ။
    ဖားသာ ဖားရတယ်၊ အမောင် စစ်ခွေးတောသားတွေ ဥာဏ်ပညာက တစက်မှ မပါ။
    Aye Aye Soe Win
    စစ်အစိုးရက ပြည်သူများအတွင်းမှာ ပုံစံမျိုးစုံဖြင့် မြှုပ်ထားသော စစ်ခွေးများ
    ReplyDelete
  128. ကိုထိုက်
    ၁၉-၁၁-၁၅ ရက်
    ... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ
    ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ စစ်တပ်အသိုင်းအဝိုင်း
    အဲဒီလို စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတဲ့ စစ်တပ်က -
    .. ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ
    .. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံ ဒေါ်ခင်ဝင်းကို ပစ်သတ်တာ
    .. ကချင်ဆရာမလေး နှစ်ယောက်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ
    .. တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ
    .. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိမ်းကျင့်တာ
    ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တာ မထူးဆန်းတော့သလိုပဲ။
    ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..
    .. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...
    .. ပြေးကြည့်စရာ မလိုဘူး
    .. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။
    .. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ -- မြန်မာ့တပ်မတော်" ...
    .. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ -- မြန်မာ့တပ်မတော်" ...
    ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။
    ကိုထိုက်
    မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ
    ReplyDelete
  129. Aung Naing Moe
    ၂၄-၁၁-၁၅ ရက်
    အပြင်စီးပွားရေးလုပ်ငန်း လုပ်တာမဟုတ်ဘဲ အစိုးရဝန်ထမ်းသက်သက် လုပ်ပြီး မတန်တဆ ကြီးပွားချမ်းသာပြီဆိုရင် အဲဒါ တိုင်းပြည်ဘဏ္ဍာကို ခိုးစားလို့ ဖြစ်ရင်ဖြစ်၊ (ဒါမှ မဟုတ်ရင်) အကျင့်ပျက် လာဘ်စားလို့ ပဲ။
    သိန်း သောင်းချီတန်တဲ့ အိမ်မှာနေနေ၊ အဲဒီထက် တန်ဘိုးကြီးတဲ့ စံအိမ်တော်မှာနေနေ သူခိုးကတော့ သူခိုးပါပဲ။
    လွတ်လပ်တဲ့တနေ့မှာ အဲဒီဝန်ထမ်းသူခိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်။
    အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ဒီအတိုင်း လွှတ်မပေးသင့်ဘူး။
    အောင်နိုင်မိုး
    တိုင်းပြည်ဘဏ္ဍာကို ခိုးစားတဲ့၊ ဒါမှမဟုတ် လာဘ်စားတဲ့ ဝန်ထမ်းသူခိုးတွေကို ပြန်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။