Pages
မျိုးစောင့်ဥပဒေအား ဝေဖန်ဆန်းစစ် သုံးသပ်ခြင်း
မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက်လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အမှန်ပါ။ နောက်တော့ အွန်လိုင်းပေါ် တခါဝင်လာတိုင်း ဒီအကြောင်းကိုပဲ လူတွေက ပြောနေတင်နေကြတာ တွေ့ရတော့မှ ဒါတကယ်ရေးထားတာပဲ ဆိုတာ သိလိုက်ရတယ်။ သိရပေမယ့်လည်း ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မဖတ်ရခင်ထိ တိတိကျကျ မသိရသေးဘဲနဲ့ ကျွန်မဘာမှ ၀င်မပြောဖြစ်ဘူး။ ဒီနေ့တော့ ကိုကိုးအိမ်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ မျိုးစောင့်ဥပဒေကို ပေးထားတဲ့လိပ်စာအတိုင်း ဒေါင်းလုပ်ပြီး ကိုယ်တိုင် ဖတ်လိုက်ရပြီးမှ မပြောချင်မရေးချင်ပေမဲ့ ပြောသင့်ရေးသင့်တယ်ထင်လို့ အခု ဒီပို့စ်ကို ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။
စာမျက်နှာ ၂၇ မျက်နှာရှိတဲ့ မျိုးစောင့်ဥပဒေကို ဖတ်ကြည့်တော့ ဒီဥပဒေကို ရေးသားတင်ပြရတဲ့အကြောင်းအရင်းနဲ့ အကိုးအကားတွေက ပိုများတာကို တွေ့ရပြီး ဖတ်ချင်နေတဲ့ အဓိက အကြောင်းအရာ မိန်းအိုင်ဒီယာကို နောက်ဆုံးမျက်နှာရောက်မှ တွေ့ရပါတယ်။ ဒီဥပဒေကြမ်းက ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်တွေကို ကိုးကားပြောဆိုထားတဲ့ တချို့နေရာတွေမှာ ဖတ်ရတာ ငြီးငွေ့သလို ဖြစ်ပေမဲ့ နောက်ဆုံးစာမျက်နှာ မရောက်ခင်အထိ အထူးသဖြင့် ရေးသားသူတွေက ဒီဥပဒေ ဖြစ်လာအောင် သူတို့ကို စေ့ဆော်ပေးတဲ့ အကြောင်းရင်းကို တင်ပြတဲ့ သမိုင်းနောက်ခံ အချက်အလက်တွေမှာတော့ ကျွန်မ စိတ်အစဉ်ကို တကယ်ပဲ ဆွဲဆောင်မှုပေးခဲ့ပြီး ဆွဲခေါ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်တဲ့ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်ဘာသာတွေရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေသာ ဥပဒေတခုစီအနေနဲ့ တရားဝင် ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း ဥပဒေဆိုတာက ဥပဒေတခုအနေနဲ့ တရားဝင် ပြဌာန်းထားတာမျိုးမဟုတ်ဘဲ ဓလေ့ထုံးတမ်း တခုအနေနဲ့သာ ရှိနေသေးကြောင်းကိုလည်း ဒီဥပဒေကြမ်း ဖတ်ရမှပဲ ကျွန်မသိခဲ့ရတော့ ကျွန်မအတွက် ဗဟုသုတ အသစ်တခု တိုးစေခဲ့တာ အမှန်ပါ။ ဒါကိုဖတ်ရင်း ရေးသားတင်ပြသူတွေရဲ့ အမျိုးဘာသာ သာသနာအပေါ်ထားရှိတဲ့စေတနာနှင့်၊ သာသနာ ရောင်ဝါထွန်းလင်း တောက်ပနေတဲ့ ဒီတိုင်းပြည်ကြီးဟာ တနေ့တချိန်ကျရင် အာဖဂန်နစ္စတန်တို့ အင်ဒိုနီးရှားတို့လို ဘာသာခြားတွေ လွှမ်းမိုးခံသွားရပြီး ဗုဒ္ဓသာသနာတော်ကြီး အမိမြေမှ ပျောက်ကွယ်ပျက်စီးသွားမှာကို စိုးရိမ်မှုတွေက ကျွန်မကို ရေးသူတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရစေပါတယ်။
ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်း နောက်ဆုံး အဓိကမိန်းပွိုင့်ကို ရောက်လာတော့မှပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် မယုံကြည်နိုင်လောက်အောင် အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကို တကယ်ပဲ အံ့သြသက်စေပြီး ဆွေးနွေးစရာ မေးခွန်းထုတ်စရာတွေ အစီအရီဖြစ်လာစေခဲ့ပါတယ်။ အားနည်းချက် အားသာချက်ဆိုတာ အနည်းနဲ့ အများကွာတာကလွဲပြီး နေရာတိုင်းမှာ ရှိတတ်ပေမဲ့ ဒီဥပဒေကို ကျွန်မ ဖတ်ရတာ အားသာချက်တချက်မှ မတွေ့ရတော့ စေတနာနဲ့ ရေးဆွဲထားသူတွေကို အပြစ်တင်လိုချင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း ထောက်ပြချင်လိုတဲ့စိတ်ကို တားမရဆီးမရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မတချက်ချင်းစီကို ဆန်းစစ်သုံးသပ်ပြီး ဆွေးနွေးပြချင်ပါတယ်။ ပထမအချက် (၁) ဤဥပဒေကို ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး ဒီလူမျိုးကပဲ အုပ်ချူပ်နေတဲ့ နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတော့ တမျိုးဖြစ်နေလို့ စကြားတုန်းက သူများ ဟာသလုပ်ထားတယ်လို့ ထင်တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဗြိတိသျှလက်ထက်က နီုင်ငံခြားသားက ကိုလိုနီပြုထားလို့ ကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပေးထားတဲ့ ဒို့ဗမာအစည်းအရုံးတို့ ဗုဒ္ဓကလျာဏယုဝအသင်းတို့ဆိုတာက နားထောင်လို့ကောင်းသလို သဘာဝလည်းကျပါတယ်။ အခုတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နီုင်ငံမှာ ဘာသာတခုတည်းကို ကိုယ်စားပြုပြီးခေါ်တဲ့ ဥပဒေက မျိုးစောင့်ဥပဒေဆိုတော့ ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုးတွေကို မလေးစားရာရောက်နေပါတယ်။ ဒါပေမဲ့ ဒါကိုထားလိုက်မယ် အဓိကပြောချင်တာက အောက်ကအချက်တွေ ဖြစ်တယ်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက်ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက်တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထားပြီး သူကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာပဲ ဆွမ်းပင့်ဖိတ် ကပ်လှူခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာမည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ိသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာစရာမရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူတဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။ 
ဘုရားတောင်မှ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ လွတ်လပ်စွာ ထိမ်းမြားလက်ထပ် ရွေးချယ်ခွင့်အပေါ် ဘာမှ စောဒက မတက်မှတော့ အခုဒီဥပဒေကြမ်းကို ရေးဆွဲတဲ့ဘုရားရဲ့ သာဝကတွေနဲ့ ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလမ်းစဉ်ကို မလိုက်နာနိုင်၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက်ဆိုင်ရာဘုရားတွေက ဘာသာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ ဒီလိုကန့်သတ်ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာတူရမယ်လို့ ပြောတယ်။ 
အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘောသဘာဝချင်းလည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူများနောက်လိုက်တွေပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။
(၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။
ဒီနေရာမှာ စောဒက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန်ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကျွန်မ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရားကျောင်းမှာ အရင် လက်ထပ်တယ်ဆိုတာ သိရလို့ ဒါဆို နင်သူတို့ဘာသာ ၀င်လိုက်ပြီလားလို့ မေးကြည့်ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ်ဆိုတော့ အလုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို့ ပြန်ဖြေတယ်။ တကယ်လည်း သူတကယ် ယုံကြည်တာက ဗုဒ္ဓဘာသာပဲ ဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်ရင်လည်း ဘုရားရှိခိုး အဖွဲ့အစည်းမှာ အလှူလုပ်ရင်လည်း ရေစက်ခွက် ကိုင်နေသူပါ။ ဒီတော့ အခုလည်း တကယ်ယုံကြည်တာ မဟုတ်ဘဲ ဒီလိုမစစ်မှန်တဲ့ ဘာသာခံယူမှုတွေ ဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်နေတော့ ဒီဥပဒေကြောင့် မဟုတ်ကို အဟုတ်ဖြစ်အောင် အမှန်တရားနဲ့ ကင်းကွာအောင် တမင်ဖန်တီးရာ ရောက်နေပါတယ်။
(၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်။
ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထားတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံမရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေမက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက်သွားအောင် တွန်းပို့ပေးနေတာနဲ့ အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ်ထောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာတွေက မြန်မာအမျိုးသမီးတွေအတွက် အိပ်မက်တောင် မက်ခွင့် မရှိတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။
(၇) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။
(၈) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေးအရေးယူရမည်။
ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက်အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိတော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘောမတူဘဲ ဘာသာမတူသူနောက်ကို ခိုးရာလိုက်သွားမိတဲ့ အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင်နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထားတဲ့အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ်မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့ မထင်ပါ။ အဲလို ထင်နေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ်တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။
(၉) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။
ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိတယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမျိုးသားတဦးဟာ ကျွေးမွေးစောင့်ရှောက်နိုင်ရင် မိန်းမတယောက်ထက် ပိုယူခွင့်ပေးထားတော့ အမျိုးသားတွေဟာ လွတ်လပ်စွာ အငယ်အနှောင်းထားပြီး အိမ်ထောင်ရေး ဖေါက်ပြန်မှုတွေနဲ့ မိသားစုဘ၀ ပြိုကွဲမှုတွေကို ဖြစ်စေတဲ့ မယားပြိုင်စနစ်ကို ဖျက်ပြီး တလင်တမယားစနစ်ကို အစားထိုးပြီး ကျင့်သုံးမယ်ဆိုရင် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ တရားမျှတပြီး အတော်အသင့် ပြီးပြည့်စုံတဲ့ ဥပဒေတခု ဖြစ်လာမှာမို့ ဘာဥပဒေအသစ်မှ ထပ်လုပ်စရာလိုဘဲ ရှိပြီးသားကို ပိုကောင်းအောင် ပြုပြင်ပြီး လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲ လိုတယ်လို့ အကြံပြုချင်ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိအမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာသာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေအတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ်စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ်သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ်တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေကလွဲရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ်သွားသူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာအဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။
တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အရွယ်ရောက်ပြီးတဲ့အမျိုးသမီးတွေကိုလည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီစဉ်တွေကို ဖန်တီးပေးနိုင်ရင် အဲဒီအကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက်ခံရစရာ အကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်။ ဒီလို မိမိဘက်က သက်လုံကောင်းအောင် လုပ်ထားရင် အခုလို အမျိုးပျေက်မှာကို တွေးကြောက်ပြီး ဘုရားဟောနဲ့ရော လူ့အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့အပြင် ရှိပြီးသား ဥပဒေထက်လည်း ပို နှိမ့်ကျတဲ့ ဥပဒေမျိုး ပြဌာန်းနေဖို့ မလိုအပ်တော့ဘူး ဆိုတာ အကြံပြုတင်ပြချင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
65 comments:
  1. .
    "လက်ထပ်ဖို့ ဘာသာပြောင်းရမယ် ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပါပြီ
    RFA
    2013-06-20
    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
    "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့"
    RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
    ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
    "အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်"
    တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။
    RFA
    ReplyDelete
  2. .
    မေခ
    June 15, 2013
    ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ ထောက်ခံမှုလည်း မရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ တာဝန်ခံ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က မိန့်သည်။
    “ဒီမျိုးစောင့်ဥပဒေကို လက်ခံခြင်း၊ လက်မခံခြင်းကို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ပဲ ပြောမယ်။ ဘယ်သူမဆို လွတ်လပ်စွာ လက်ထပ်နိုင်တယ်၊ ဒီမှာ အတင်းအကျပ် လုပ်ပြီး တဦးတယောက်က သူ့ဘာသာထဲ အတင်းသွတ်သွင်း ရင်တော့ ဘုန်းဘုန်း အနေနဲ့ လက်ခံမှာမဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ မညီတာဆိုရင်တော့ ဘုန်းဘုန်းတို့ လက်မခံနိုင်ဘူး” ဟု ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က ဧရာဝတီသို့ မိန့်ကြားသည်။
    ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ပြီးမှသာ တရားဝင် လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို နိုင်ငံတော်သြဝါဒ ဓမ္မစရိယ ဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်းအဝေး တခုတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ ဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့က တင်သွင်းခဲ့ကြောင်း ဇွန် ၁၃ ရက်နေ့တွင် ဧရာဝတီသို့ ဦးဝီရသူ ကိုယ်တိုင်က ပြောကြားခဲ့သည်။
    ထိုသို့ အမျိုးစောင့် ဥပဒေပြုရေး ကိစ္စကို ပြောကြားခဲ့ခြင်းနှင့် ပတ်သတ်၍ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မပိယက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း၊ မည်သို့ရည်ရွယ်၍ ပြောခြင်းကိုလည်း မသိကြောင်း၊ သို့ရာတွင် မှော်ဘီ ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ဆွေးနွေးခြင်းဖြစ်ပြီး မည်သည့် ဥပဒေကြမ်းမှ တင်ပြခဲ့ခြင်းမရှိကြောင်း ပြန်လည် မိန့်ကြားသည်။
    ReplyDelete
  3. .
    ဓမ္မဒူတ အရှင် ဆေကိန္ဒကလည်း ဆရာတော်များ အနေဖြင့် ဥပဒေပြု၍ မရကြောင်း ရှင်းပြသည်။
    “တဦး တယောက်ကနေ ဘယ်သူက ဒီဟာကို ဝေခဲ့လဲတော့ မသိဘူး။ ဒီမှာက ဆရာတော် ကိုယ်တိုင် ကမကထ လုပ်တယ်။ ဒီမိုကရေစီ အရ ဘယ်သူမဆို လာခိုင်းတယ်။ ဒီတော့ ဆရာတော်လည်း ပြောတယ်။ ဒီကနေ့ ထုတ်တဲ့ ကြေညာချက်ပဲ ထုတ်တယ်။ ကျန်တာ ဒီဆွေးနွေးပွဲ နဲ့မဆိုင်ဘူး” ဟု ဇွန် ၁၄ ရက်နေ့က ဧရာဝတီက သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် ပြန်လည် ဖြေကြားသည်။
    ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် အဓိကအချက် ၇ ချက် ကိုသာ ဆွေးနွေးခဲ့ ခြင်းဖြစ် ကြောင်း၊ ၎င်းတို့မှာ ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဥပဒေကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ်လေ့လာရေး ကဏ္ဍ၊ သတင်းနှင့် ပြန်ကြားရေး ကဏ္ဍ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေး ကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေး ကဏ္ဍ စသည့် အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။
    “ဒီအချက်တွေက တနိုင်ငံလုံးမှာ ရှိတဲ့ သံဃာအားလုံးကိုယ်စား ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။ ဒီမှာ သံဃာတွေ အားလုံးကို ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်းဖြင့် အရင်က ငြိမ်းချမ်းရေးကို နားမလည်ရင်လည်း ဒီအတွက် အသိပညာပေးတဲ့ သဘောပေါ့။ ဘာသာသာသနာနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့ အတွက် တနိုင်ငံလုံး အနေနဲ့ လုပ်ဆောင်နိုင်ဖို့ပဲ ဆွေးနွေးခဲ့တာပါ” ဟု ဆရာတော်က မိန့်သည်။
    ဆက်လက်ပြီး ဆရာတော်က ပဋိပက္ခများတွင် ဗုဒ္ဓတရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော်ပုဒ်များကို ရည်ညွှန်းသော ၉၆၉ တံဆိပ် ပါဝင်နေမှုနှင့် ပတ်သက်၍လည်း ရှင်းပြခဲ့သည်။
    “အခုလက်ရှိမှာက အသက် ၃၅၊ ၄၀ အောက်တွေမှာ စာရိတ္တတွေ ပျက်ပြီး ငြိမ်းချမ်းရေးတွေမှာ မသိမသာ သွေဖည်နေသလို ဖြစ်နေတော့၊ စာရိတ္တ မဏ္ဍိုင်ပျက်နေတော့ ဘုရား၊ တရား၊ ဂုဏ်တော်တွေနဲ့ လိမ္မာလာအောင် ပြောတာပေါ့။ ဒီမှာ ၉၆၉ ကို တခြားမသမာမှုတွေ အတွက် အသုံးချခံခဲ့ လိုက်ရတာ” ဟု အရှင် ဆေကိန္ဒက မိန့်သည်။
    ၉၆၉ မှာ မူလအစက မော်လမြိုင်တွင် စတင်ခဲ့ကြောင်း၊ သို့ရာတွင် အကြမ်းဖက်ရေး မရှိသည့် ဗုဒ္ဓသာသနာဖြင့် စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ရန်အတွက်သာ ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းစတွင် ဗုဒ္ဓသာသနာကို ခုတုံးလုပ်ကြခြင်း ဖြစ်ကြောင်း ဧရာဝတီကို ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။
    “ဘယ်သာသနာမှ ပဋိပက္ခ မဖြစ်ချင်ဘူး။ အခုက တသီးပုဂ္ဂလ လူမှုရေး ပြဿနာတက်နေ တာကိုလည်း ဘာသာရေးကို ပါဝင်အောင် ဆွဲထည့်တာတွေ ရှိတယ်။ အခုကတော့ ဒီအစည်းအဝေး လုပ်တာလည်း သာသနာနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းစွာ ဘယ်သူမဆို နေထိုင်ဖို့ ဆွေးနွေးတာပါ” ဟု ဆရာတော်က ရှင်းပြသည်။
    ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲတွင် ဒီမိုကရေစီ နည်းအရ မည်သူ့ကိုမှ မပိတ်ပင်ထား သည့်အတွက် မျိုးစောင့် ဥပဒေကို မည်သူက ဝေမျှသွားသည်ကို မသိကြောင်း၊ ၎င်းမှာ မူကြမ်းကို ကြေညာချက် တစုံတရာ ထုတ်ခြင်းမရှိဘဲ တဦးတယောက်က ဝေမျှခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခု ကျင်းပခဲ့သော အစည်းအဝေးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း အရှင်ဆေကိန္ဒက ဆိုသည်။
    ReplyDelete
  4. .
    “သံဃာတွေမှာ အစုဖွဲ့တယ်ဆိုတာ လုပ်လို့လည်း မရဘူး။ ဒီဟာက ဝိနည်းနဲ့လည်း မညီဘူး။ ဖွဲ့စည်းမယ်ဆိုလည်း သက်ဆိုင်ရာ သံဃာ အစည်းအရုံးကို တင်ရတယ်။ သံဃာတွေဟာ ဘာအဖွဲ့အစည်း ဝင်မှမဟုတ်ဘူး။ သံဃာစစ် တွေကို ပြောတာ။ မစစ်တာတော့ မသိဘူး။ ဒီ အခုထုတ်ခံတဲ့ ကြေညာချက်ကိုလည်း အစိုးရကိုတင်တာ၊ ပါတီတွေကို တင်ပြတာ၊ လွှတ်တော်ကို တင်တာ ဘာမှ လုပ်မှာမဟုတ် ဘူး” ဟု ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ဆရာတော်တပါး ဖြစ်သည့် သီတဂူ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသက မိန့်သည်။
    သာသနာ့တာဝန် ထမ်းဆောင်နေသည့် ဆရာတော် တပါးပါးက အဆိုပါဥပဒေကို တင်ပြလာမည် ဆိုပါက သာသနာပိုင် ဆရာတော်များ အနေဖြင့် မည်သို့ဆုံးဖြတ်မည်ကို ဧရာဝတီမှမေးမြန်းရာတွင် မည်သည့် ဘုန်းကြီးက စတင်ခဲ့သည်ကို မသိရဘဲ မဆွေးနွေးနိုင်ကြောင်း ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယက မိန့်သည်။
    “ဘယ်ဘုန်းကြီးက ဘယ်လိုတင်လဲ၊ ဘယ်သူက တင်တာလဲ ဆိုတာမသိဘဲနဲ့၊ မဆွေးနွေးရဘဲနဲ့ ဘုန်းဘုန်းတို့ဘာမှ မပြောနိုင်သေးဘူး။ အခုအချိန်မှာ ဘာမှ မပြောလိုသေးဘူး၊ ပြောပြဖို့လည်း စောသေးတယ်။ နောက်တခုက ဒီဟာက တဦးတယောက်က ဆွဲတာကို တင်ထားတာ။ ဘယ်သူ့ သဘောတူညီချက်မှ မရှိသေးတော့ ပြောရခက်တယ်” ဟု ဆရာတော်က ဆက်လက် မိန့်သည်။
    မှန်ကန်သည့် ပညာရေးစနစ် မရှိခဲ့သည့်အတွက် တွေးခေါ်မှု ပိုင်းတွင် အားနည်းနေမှုများ ရှိကြောင်း၊ ၎င်းအတွက် သာသနာကို ခုတုံး လုပ်သည့် မသမာသော သူများကြောင့် သာသနာ၏ ဘုရားဂုဏ်တော်နှင့် တရားဂုဏ်တော် တို့၏ ငြိမ်းချမ်းရေး သင်္ကေတမှာ ပဋိပက္ခ ဖြစ်စေသည့် တံဆိပ်အဖြစ် လူတကာမှ သတ်မှတ်ခြင်း ခံနေရခြင်း ဖြစ်သည်ဟု ဆရာတော်က ရှင်းပြသည်။
    မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကမူ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာ တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်း ဖြစ်ပြီး ဤဥပဒေ ပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော် သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ အမျိုးစောင့် ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။
    ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၃၊ ၁၄ တွင် မှော်ဘီရှိ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အချက် ၇ ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    (ဧရာဝတီ မှ ကူးယူ ဖော်ပြသည်။)
    ReplyDelete
  5. နောက်ဆုံးပိုဒ်က အကြောင်းအရာတွေကို ချွင်းချက်မရှိ လက်ခံပါတယ် အမ။
    ဗုဒ္ဓမြတ်စွာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးဆုံး အဲဒီအချက်ပဲ။
    ReplyDelete
  6. အောင်ဖြိုးထိုက်June 24, 2013 at 10:52 AM
    အလွဲများးးးး အလွဲများးးးး
    တစ်ချိန်က လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပြီး စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ မခံနိုင်ကြလို့ အနှစ်(၂၀)ကျော် တိုက်ပွဲဝင်ကြပြီးပြီ။
    အခုအချိန်က နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးကို စည်လုံးညီညွတ်စွာ ကျရာနေရာကနေ စည်းကမ်းရှိရှိ "သူများကို မထိခိုက်တဲ့ လူ့အခွင့်အရေး" ကို အခြေခံပြီး လုပ်ရတော့မယ့် အချိန်ကောင်းကို ရောက်ခါမှ ဘယ်လိုမှိုင်းတွေ ၀င်လာတာလဲ မသိဘူး။
    ဗုဒ္ဓဘာသာရဲ့ လက်ရှိထက် ပိုမို ထွန်းကား ပြန့်ပွားတဲ့ အနေအထားကို ရောက်ဖို့က မည်သူမဆို သက်ဝင်ယုံကြည်လာအောင် မေတ္တာအခြေခံတဲ့ ကောင်းတဲ့ အပြုအမူ၊ ကောင်းတဲ့ လုပ်ဆောင်ချက် ကိုယ်ဘာသာရဲ့ လက်တွေ့ကျတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်တဲ့ ဝိပဿနာ ပြန့်ပွားရေးတွေ လုပ်ရမှာ ဖြစ်ပါတယ်။
    အဲဒီလို မှန်ကန်တဲ့ လမ်းကြောင်းကို မလိုက်ဘဲ လူ့အခွင့်အရေးကို ကန့်သတ်ပြီး ဘောင်ခတ်ပြီး သံဃာတစ်စုက အတင်း အဓမ္မ မျိုးစောင့်ဥပဒေ ထုတ်ဖို့ ကြိုးစားနေကြတာကို သိရတော့ ကျနော်တို့ ဗုဒ္ဓဘာသာအတွက် ရင်လေးသေးတယ်။
    အလွဲများးးးး အလွဲများးးးး
    ReplyDelete
  7. (ခေါင်းစဉ်ကို နှိပ်ပြီး ဦးဝီရသူ နှင့် ဦးခင်ညွန့် အတူတကွ တွေ့ရစဉ် (ဓာတ်ပုံ) ကို လေ့လာ ကြည့်ရှုနိုင်ပါတယ်။)
    ဦးဝီရသူ နှင့် စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် တို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၌ တောင်ဒဂုံတွင် "၉၆၉ မိတ်ဆက်ပွဲ အခမ်းအနား" တွင် အတူတကွ တွေ့ရစဉ်
    ReplyDelete
  8. ကို ထက်June 24, 2013 at 12:22 PM
    ဦးဇင်း ဦးဝီရသူ အကောင့်က စွေစောင်းတို့ စစ်ဖွတ်တွေ ဝိုင်းကြီးချုပ် ဝင်ရေးနေတဲ့ လေသံပေါက်နေတယ်။
    ReplyDelete
  9. ((မျိုးစောင့်ဥပဒေကို လက်မခံဘူး)) လို့ ဆရာတော်ကြီးများ ပြောတာဟာ စစ်မှန်တဲ့ ဆရာတော်ကြီးများရဲ့ သြဝါဒပါ။
    ReplyDelete
  10. အခုလို ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ၊ ဆရာတော် ဓမ္မဒူတ အရှင် ဆေကိန္ဒကနှင့် သီတဂူ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသ တို့ရဲ့ တိတိကျကျ ငြင်းပယ်မှုကို တွေ့ရလို့လဲ အားရဝမ်းသာမိပါတယ်… နောက်ကိုလည်း အခုလိုမျိုး အဆိုပြုချက်တွေကို ဆရာတော်ကြီးတွေကပဲ ပြတ်ပြတ်သားသား စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်း ပယ်ချကြရင် ဦးဝီရသူ ဘာမှ မတတ်နိုင်ပါဘူး…
    ဆရာတော်ကြီးတွေဘက်မှာ ဘုရား ရှိပါတယ်… အမှန်တရားနဲ့ မေတ္တာကို နှလုံးသွင်းသော ဆရာတော်ကြီးများ ဘုန်းကြီး၍ အသက်ရှည်ပြီး သာသနာအကျိုး ဆထက်တိုး၍ သယ်ပိုး ရွက်ဆောင်နိုင်ပါစေ…
    အမှန်အတိုင်း ဝေဖန် အကြံပြုရရင် ဆရာတော်ကြီးများကလည်း "မျိုးစောင့်ဥပဒေ ဆိုတာ ဘယ်သူ့လက်ချက်လဲ" ဆိုတာ ရှင်းရှင်းကြီး သိနေတဲ့ဟာကို "မသိဘူး" လို့ မငြင်းဆိုသင့်ကြောင်းပါ… ဦးဝီရသူကိုလည်း သေသေချာချာ ခေါ်ပြီး ဆွေးနွေး မေးမြန်းသင့်ကြောင်းပါ… ဒါမှ နောက်နောင်ကို သာသနာ မထိခိုက်စေမှာပါ…
    ဦးဝီရသူ အခုလို လုပ်ရဲတာကလည်း သူ့နောက်မှာ ကျောထောက်နောက်ခံ အစိုးရ ရှိနေလို့ပါပဲ လို့ သုံးသပ်ပါတယ်…
    အရင် စစ်အာဏာရှင်တုန်းကလိုသာ ဦးဝီရသူကို ထိန်းသိမ်းလိုက်ရင် ဒီဟာတွေ အကုန်လုံး ချုပ်ငြိမ်းသွားမယ်လို့ ထင်မြင်မိပါတယ်…
    သူရဦးရွှေမန်းကတော့ "၉၆၉ အဖွဲ့အစည်းတွေရဲ့ တချို့မှားယွင်းတဲ့လုပ်ရပ်တွေကို ရပ်တန့်စေမယ်" လို့လဲ ကတိပေးထားပါသေးတယ်… စောင့်ကြည့်ရဦးမှာပါ…
    မြန်မာနို်င်ငံမှာ "လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သောသူများရဲ့ အကြောက်လွန်သော ကာကွယ်တားဆီးခြင်း"၊ လူမျိုးတူဘာသာခြားများအား အပြစ်မြင်ခြင်းများမှ အမြန်ဆုံး ကင်းဝေးပါစေ… မြန်မာပြည် ငြိမ်းချမ်းပါစေ…
    ReplyDelete
  11. မင်းသူရJune 24, 2013 at 1:02 PM
    19-6-13 နေ့ထုတ် ကြေးမုံ အယ်ဒီတာ့အာဘော်မှာ ((စောင့်လေမျိုးနွယ်)) ဆိုတဲ့ အာဘော် ပါလာကတည်းက ဦးဝီရသူ ချပြထားတဲ့ ((မျိုးစောင့်ဥပဒေကြမ်း)) ဟာ အစိုးရရဲ့ အရိပ်များလားလို့ သံသယ ရှိမိတယ်...
    ReplyDelete
  12. ဆရာ ဆယ်June 24, 2013 at 1:13 PM
    မဇင်မာအောင်၊ ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်) ... တို့ကဲ့သို့ "အမျိုးစောင့်ဥပဒေကို လက်မခံပါဘူး" လို့ လိုင်းပေါ်မှာ ပြောနေကြတဲ့ ထေရ၀ါဒဘာသာဝင် အမျိုးသမီးလေးတွေကို "အမျိုး စောင့်ထိန်းချင်ပါတယ်" ဆိုတဲ့ သကောင့်သား မျိုးချစ်ပုဂ္ဂိုလ်တွေက ဆဲလိုက်တာဗျာ..။ ရစရာတောင် မရှိဘူး။ ဘုန်းဘုန်း တစ်ချို့တောင် ပါသေး....
    ဘာတဲ့.. "မဇင်မာအောင်၊ ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်) တို့ဟာ... ကုလားမ တွေပါ" တဲ့..။
    သြော်.. လောကကြီးများ.. မှန်တဲ့ဘတ်က ရဲရဲကြီး ဆန့်ကျင်ရင်တောင် ခေတ်ကိုက "ကုလားမ" ဖြစ်တဲ့ခေတ်....။
    ReplyDelete
  13. သီဟစည်သူJune 24, 2013 at 1:21 PM
    မျိုးစောင့်ဥပဒေ အမည်ခံ လူမျိုးရေးမုန်းတီးမှုဥပဒေ ကို လက်မခံပါ..
    ReplyDelete
  14. ဦးဝီရသူ နှင့် ဦးခင်ညွန့် အတူတကွ တွေ့ရစဉ် (ဓာတ်ပုံ)
    http://on.fb.me/1cch4pO
    ကို ကြည့်ပြီး သတိထားမိတာက
    ခင်ညွန့် အကျယ်ချုပ် ကျနေတဲ့ ၂၀၀၄ ကနေ ၂၀၁၁ နစ်ကုန်အထိ အထိ မြန်မာပြည်မှာ ဘာသာရေးအဓိကရုဏ်း မဖြစ်တာကိုပဲ။
    ဒါဟာ တိုက်ဆိုင်မှု ဆိုရင် အတော်ကို အံ့အားသင့်ဖွယ်ပါပဲ။
    ReplyDelete
  15. Moe Moe Cho Lwin မှန်လိုက်လေချင်း ဒီဥပဒေပြထန်းလို့ရော လိုက်နာကြလိမ့်မယ်အုံးထား မလိုက်နာတဲ့သူကို ဘယ်လိုပြစ်ဒဏ်ပေးမှာလဲ သေဒဏ်ပေးမှရမှာနော်
    Yesterday at 06:33 · Like · 4
    Nge Naing ကျေးဇူးတင်ပါတယ် Moe Moe Cho Lwin ရေးချင်စိတ်များနေလို့ ဒီအချက် ကျန်သွားတယ်။
    Yesterday at 06:35 · Like · 5
    Ma Oo အဲဒါကြောင့် ကန့်ကွက်နေတာ ။မှန်လိုက်သည်မှ မှန်။ဥပဒေပြဌာန်းလို့ တရားဝင်ယူလျှင်ဘာသာဝင်ကူးပြောင်းရမယ်။တရားဝင်မယူတဲ့နည်းဖြင့် တည်းခိုခန်းတွေ မှာ ချိန်းပြီးနေကြလျှင် အကျိုးနည်းဖြစ်ရချည်သေးရဲ့။
    Yesterday at 06:50 · Like · 8
    ReplyDelete
  16. Face Book မှာ ဆွေးနွေးချက် 2June 24, 2013 at 10:57 PM
    Burmer Aung ဒီ ဥပဒေက ပြင်းလွန်းတယ်လို့ ပြောတာ ဝေဖန်တာကြားသိရပါတယ်။ ၁= ဗုဒွ့ဘာသာ အမျိုးသမီးနဲ့ ယူသော အခြားဘာသာဝင်သည် ဗုဒွ့ဘာသာဝင်တို့ ၏ ထုံလမ်းစဉ်လာ အရ လက်ထပ်မဂ်ထန်များခြင်းကို လက်ခံရမည်။ ၂= ဗုဒွ့ဘာသာ ဘုရားကျောင်ကံ ရဟန်းသံဃာများနှစ် တွေ့ ဆုံခြင်းကိုးကွယ်ခြင် မိမိအိမ်မှာကိုးကွယ်ခြင်းအမူ့ ကို သွယ်ဝိုက်သောနည်းဖြစ်ဌင်း- အကြမ်းဖက်သောနည်းဖြစ်ဌင်း တားစီးပိတ်ပင်ခြင်းမပြုရ။ ၃=မွေးဖွါးလာသော သားသမီးများကို အဘိုးအဘွားတို့ ၏ဆနွ့ အမျိုးသမီးဆနွရှိခဲ့သော ကြည်ဖြူစွာ လွတ်လပ်စွာ ခွင့်ပြု ဆောင်ရွက်ပေးရမည်။ အခြားအိမ်ထောင်ရေးဖေါက်ပြန်ပါက ပိုင်ဆိုင်မူ့ အားလုံးသည် အမျိုးသမီး သားသမီးများနဲ့ သာ ဆိုင်ရမည်။ အိမ်ထောင်ရေး မပြေလည်မူ့ မူ့  စိတ်သဘောထား မတိုက်ဆိုင်မူ့ စသည်ကိစွ့များကြောင့် ကွါရှင်းပါက အမျိုးသမီး၏ ရပိုင်ခွင့် သုံးပုံနှစ်ပုံရှိစေရမည်။မိမိတို့ ပိုင်သော စည်းစိမ်ဥစွ့မှန်သမျှကို ဇနီးမောင်နှံနှစ်ဦးစလုံး သိရှိရမည်။မိမိဘာသာနှင့် ဇနီးသည်၏ဘာသာ နှစ်ခုအကြား အမုန်းပွားစေသော ပြောဆိုဆက်ဆံမူ့  စည်းလုံးလုံချောမူ့  ကိုမဖြစ်စေအောင်စောင့်ထိမ်းလိုက်နာရမည်= ဇနီးသည်၏ အပြုအမူ ရိုင်စိုင်းပါက သက်ဆိုင်ရာသို့ အသိပေးတိုင်းကြားရမည် အကြမ်းဘက် ဆိုဆုံမခြင်းမပြုရ။ ဖြစ်နိုင်ချေ အကြမ်းသဘောကို တင်ပြတာပါ။ ဒီကိစွ့တွေက တဘက်လူကို ဘာသာကို ချိုးနှိမ်ဆော်ကါးတာ။ အမျိုးသမီးအခွင့်ရေးကို ပိတ်ပင်တာ မရှိဘူးလို့ ထင်ပါတယ် -ဘာပဲပြောပြော စည်းကမ်းဥပဒေနဲ့  ဘောင်နဲ့ သွားရင် အေးချမ်းမှာပါ ဗုဒွ့ဘာသာဝင် အမျိုးသမီးများအနေနဲ့  ရဟန်းသံဃာတော်တွေကို လျှောက်ထားတင်ပြဆွေးနွေးပြီး အကောင်းဆုံးဖြစ်စေချင်ပါတယ် ဘယ်သူမှမနစ်နာစေချင်ပါဘူးအားလုံးထိုက်တန်တဲ့ အခွင့်ရေးရစေချင်တယ်။ ကျနော့်စေသနာပါ
    Burmer Aung ====ဒီလိုဖြစ်လာရတာ အခြားဘာသာနဲ့ ချစ်ကြိုက်ယူကြပြီး အနိုင်ကျင့်တော့မှ ဘုန်းကြီးကယ်ပါ တပည့်တော်မကို သနားပါဆိုလာတွေကို စိတ်မချမ်းသာရာကစတာလို့ ထင်ပါတယ် အမျိုးသမီးတွေကလဲ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်ပြီး ပြသာနာတက်တော့မှ သရဏဂုံရွတ်ပွါးတတ်တာကိုလဲ ထြ့်စဉ်းစားပြီး ထိမ်းသိမ်းကြစေချင်ပါတယ် မိမိကို အကြောင်းပြုပြီး ဘာသာရေး ပြသာနာမတတ်စေခင်ပါစေနဲ့ -
    Yesterday at 11:04 · Like · 1
    Nge Naing Burmer Aung ပြောတဲ့အခွင့်အရေးတွေက အမျိုးသမီးတွေအတွက် ဥပဒေအရ ရှိပြီးသား။ တရားဥပဒေ စိုးမိုးမှု မရှိတော့ ငွေများငွေနီုင် ဖြစ်နေပြီး အမျိုးသမီးတွေဘက်က တရားဥပဒေကို အကာအကွယ်ယူရကောင်းမှန်း မသိတဲ့အချက်တွေကြောင့်လည်း အမျိုးသားတွေ ချယ်လှယ်သလို ညှင်းဆဲသလို ခံနေရတာ အများကြီး ရှိပါတယ်။ ဘာသာခြားနဲ့ ယူတဲ့အမျိုးသမီးမှမဟုတ်ဘူး မြန်မာပြည် ကျေးလက်ဒေသတွေမှာ ဘာသာတူချင်း အမျိုးသမီးတွေက လင်ယောက်ျားတွေရဲ့ နှိပ်စက်ညှင်းဆဲမှုကို ခံနေရတာ အများကြီးရှိပါတယ်။
    ReplyDelete
  17. Face Book မှာ ဆွေးနွေးချက် ၃June 24, 2013 at 11:01 PM
    Thu Thu · Friends with Skyheart Winko
    မျိုးစောင့်ဥပဒေဆိုတာရှိသင့်တယ်ထင်တယ်တို့ကတော့မျိုးစောင့်ဥပဒေကိုထောက်ခံတယ်
    Yesterday at 19:18 · Like
    Nge Naing လက်ခံတာ မခံတာက တဦးချင်းတယောက်ချင်းစီရဲ့ သဘောထားဖြစ်တယ်။ ဒါပေမဲ့ ဘာကြောင့်လက်ခံတယ် ဆိုတာ ဘာကြောင့်လက်မခံဘူးဆိုတာ တိတိကျကျ သိဖို့လိုပါတယ်။ ဒီဥပဒေ ဖြစ်လာတာ အမျိုးပျောက်မှာ မူစလင်လွမ်းမိုးမှာ ကြောက်လို့ မဟုတ်လား။ အခုပေါ်မှာ ဒါတွေဟာ ဗုဒ္ဓဘာသာကို အစွန်းရောက်တဲ့ ဘာသာအဖြစ် တွန်းပို့ပေးရာရောက်ပြီး အမျိုးသမီးတွေကို အသိတရားတွေကို ချိုးနှိမ်ထားတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတဲ့ နိုင်ငံမှာ အကုန်လုံးအတွက် မလွှမ်းခြုံဘူးဆိုတာတွေ ဆွေးနွေးထားပါတယ်။ အစွန်းလည်းမရောက် သာသနာနဲ့လည်း ဆန့်ကျင်ရာမရောက်အောင် ပညာပေးမှုတွေ ဘာသာရေးဗဟုသုတ ပေးမှုတွေနဲ့ အစားထို့ဖို့ ပြောထားပါတယ်။ အဲဒါ အတိုချူပ်ပေါ့။ ပို့စ်ကို ဖတ်ပြီးပြီဆိုရင် အပေါ်မှာ ဆွေးနွေးထားတဲ့ အားနည်းချက်တွေအပေါ် ဘယ်လိုသဘောရလဲ။ ဒါတွေ လုပ်ပေးနိုင်ရင် ဒီဥပဒေဟာ လိုအပ်မယ်ထင်သလား။ ပြီးတော့ကော ဒီဥပဒေ ချမှတ်ထားတဲ့ သက်ရောက်လာမည့် အကျိုးအဆက်တွေက ဘာတွေထင်လဲ။ လက်ခံတဲ့သူဟာ လက်ခံတဲ့ဘက်က အကျိုးသင့်အကြောင်းသင့် ခိုင်လုံတဲ့ အချက် ရှိဖို့တော့ လိုပါတယ်။
    ReplyDelete
  18. Face Book မှာ ဆွေးနွေးချက် ၄June 24, 2013 at 11:11 PM
    Than Naing · 116 mutual friends
    မငယ်ထောက်ပြသုံးသပ်ထားတာတွေသဘောကျတယ်။ ဒီဥပဒေရေးနေကြတဲ့သူတွေဆီပို့ပေးနိုင်ရင်ကောင်းမယ်ထင်ပါတယ်။
    20 hours ago · Like · 1
    Than Naing · 116 mutual friends
    မငယ်ရေ ကျနော်မြင်တာလေးနဲနဲပြောချင်ပါတယ်။ဒီမျိုးစောင့်ဥပဒေကအရင်ကမရှိခဲ့ဘူး။ ပြဿနာလည်းကြီးကြီးမရှိခဲ့ဘူး။ အခြေအနေအချိန်အခါအရ ပြဿနာလည်းကြီးကြီးမားမားရှိလာတယ်။ ဒါကြောင့်လဲ အခြေအနေအချိန်အခါက ဒီမျိုးစောင့်ဥပဒေလိုအပ်လာတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ လုပ်ဆောင်ချက်တွေဖြစ်လာတယ်လို့မြင်ပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ သင့်တော်တဲ့ ဥပဒေအရေးအသားမျိုးဖြစ်အောင် ဝေဖန် အကြံပေးတာ ထောက်ခံတာ ကန့်ကွက်တာတွေတော့လိုအပ်ပါတယ်။ နောက်တခုက ဘာသာမတူမယူရလို့ ခေါင်းစဉ်တပ်ပြီး ဗုဒ္ဒမဟောခဲ့တာမှန်ပါတယ်။ ဒါပေမယ့် အဲဒီသဘောတွေကို အကောင်းအဆိုးဟောထားတဲ့ ဗုဒ္ဒတရားတော်တွေများစွာရှိပါတယ်။ ဒါတွေကိုသံဃာတော်အရှင်သူမြတ်များက အသေးစိတ်များစွာသင်ယူသိရှိကျင့်သုံးပြီသားဖြစ်လို့ ဒီတခုကိုတော့ကျနော်တို့ဝင်ထောက်ပြလို့ မလွယ်ကူဘူးထင်ပါတယ်
    Nge Naing ကိုသန်းနိုင် တောတွင်းမှာ နေဖူးတယ်ဆိုတော့ ငှက်ဖျားလည်း ဖျားဖူးမှာ သေချာတယ်။ ငှက်ဖျားဖျားတာကို Paracetamol ပေးလို့ မပျောက်နိုင်ဘူးဆိုတာလည်း သိမှာသေချာတယ်။ ဒါပေမဲ့ အဖျားတက်နေသူအတွက် Paracetamol လိုတော့လိုအပ်တယ် ဆိုတာလည်း သိမှာပါ။ အခုဖြစ်နေတာ ငှက်ဖျားဖျားနေတယ်ဆိုတာ အမှန်တိုင်း သိတဲ့သူက Quinine Sulphate ပေးရမယ်လို့ ပြောတာကို ငှက်ဖျားမဟုတ်ပါဘူး အပူဖျားပါဆိုပြီး Paracetamol ချည်းပဲ အနင်းအကန် တိုက်ချင်နေကြတာနဲ့ တူတယ်။ Paracetamol ရဲ့ အသုံးကိုပဲ သိပြီး အဲဒါ အလွန်အကျွံဖြစ်ရင် အသည်းပျက်စီးတတ်တာကိုလည်း သိပုံမရကြဘူး။ အဲဒီ မျိုးစောင့်ဥပဒေဆိုတာက အဲလိုပဲ Cause and effect ကို မသိတော့ အနာတခြား ဆေးတခြား ဖြစ်နေတယ် ကိုသန်းနိုင်။
    ReplyDelete
  19. Face Book မှာ ဆွေးနွေးချက် 5June 24, 2013 at 11:16 PM
    NY Hein · Friends with Cho Too and 14 others
    ဘုရားဟောခဲ့တဲ့ကောင်းမွန်သောတရားများစွာရှိသည်ကိုမကျင့်သုံးနိုင်ပဲဘုရားဟောမဟုတ်လို့မလုပ်ရပါဘူးဘုရားဟောနဲ့ဆန့်ကျင်တဲ့အရာဆိုပြီးထောက်ထောက်ပြထားတာတွေ့ရတယ်ဘုရားဟောကိုတသွေမတိမ်မလိုက်နာနိုင်သေးပဲလိုချင်တဲ့အရာကိုဆွဲပြောမလိုတဲ့အရာကိုထားခဲ့တယ်တတ်တဲ့ခပ်တိမ်တိမ်လေးရှိတဲ့အရေးအသားလို့ပဲမြင်ပါတယ် ရဟန္တာတွေပလူပျံအောင်များပြားခဲ့တဲ့ဘုရားရှင်လက်ထက်ကကာလနှင့်ရဟန္တာတွေမရှိသလောက်ရှားပါးနေတဲ့ယခုကာလကိုညီမျခြင်းချပြီးနိုင်းယှဉ်ထားတာလဲစူးရောက်လွန်းတဲ့ရွှေဉာဏ်တော်ပါပဲ
    ရုပ်ဝတ္ထုတွေနောက်ကောက်ကောက်ပါအောင်လိုက်နေကြတဲ့ကျွှန်တော်တို့ရဲ့စိတ်သတ္တိနဲ့ကိုယ်ကျင့်တရားတွေအတွက်အစားထိုးရမဲ့အရာကိုပဲကျွှန်တော်တို့ရှာဖွေကြပါစို့
    10 hours ago via mobile · Like · 1
    Nge Naing ကိုယ်ကျင့်တရား ကောင်းမွန်အောင် မိမိဘာသာရဲ့ တန်ဖိုးကို နားလည်ပြီး တန်ဖိုးထားတတ်အောင် တခြားဘယ်သူမှ ဖျက်လို့မရအောင် လုပ်ပေးရမည့်အစား ဥပဒေနဲ့ ဘောင်ခတ်ထားတဲ့နည်းက လုပ်ရပ်မှန်တယ်လို့ ထင်တား။ ယုံကြည်မှုကို ဥပဒေနဲ့ လှောင်ပိတ်လို့ရနိုင်မလား။ အဲလိုလုပ်တာ ဘုရားဟောနဲ့ ကိုက်ညီလား။ အဲဒါတွေကို ထည့်တွက်စဉ်းစားရမှာ ဖြစ်တယ်။
    10 hours ago · Like · 1
    Nge Naing မြတ်စွာဘုရားရဲ့ သာသနာမပျက်သရွေ့ တရားဓမ္မတွေကို ကျင့်ကြံအားထုတ်ရင် မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်ကအတိုင်းပဲ အကျိုးများတယ်လို့ ဘုရားက ဟောထားခဲ့ပါတယ်။ သာသနာ မပျက်အောင် လုပ်ဖို့ပဲ အရေးကြီးပါတယ်။ သာသနာမပျက်အောင် ဘယ်နည်းနဲ့လုပ်မလဲ ဘုရားကြိုက်တဲ့နည်းနဲ့လုပ်မလား ဘုရားဟောနဲ့ ဆန့်ကျင်တဲ့နည်းနဲ့လုပ်မလား။ ဒါကိုပဲ ရွေးရမှာဖြစ်တယ်။ ဘုရားသာသနာ တည်တံ့ခိုင်မြဲဖို့အတွက် ဘုရားဟောတွေကို မျက်ကွယ်ါပြုပြီး အတင်းဓမ္မလုပ်တာ လူသတ်တာတွေလုပ်ပြီး သာသနာမတည်တံ့နိုင်ဘူး သာသနာ ပျက်စီးဖို့လမ်းကိုပို နီးကပ်သွားမှာဖြစ်တယ်။
    ReplyDelete
  20. Face Book မှာ ဆွေးနွေးချက် ၅June 24, 2013 at 11:20 PM
    Burmer Aung ဝိနည်းဟာ ရဟန်းတို့ ၏ အသက်ဆိုတာ သိမ်ဝင် ရဟန်ခံတဲ့ ရဟန်းတိုင်းသိတာပေါ့။ ကံငါးပါးထိန်းရမယ်ဆိုတာ ဗုဒွ့ဘာသာဝင်တွေသိမှာပေါ့ ။ ဘုရားလက်ထက်မျက်မှောက်မှာတောင်၊ ဖေါက်ကြတာရှိပါတယ်။ ရဟန်းတိုင်း ဝိနည်းနဲ့ မညီသလို၊ ဗုဒွ့ဘာသာဝင်တိုင်း ငါးပါးသီလမမြဲကြပါ။ ရဟန်းဝိနည်း ကျိုးပေါက်ရခြင်းအကြောင်းတရားတွေအများအပြားရှိပါတယ်။ ==လက်တွေ့ အဖြစ်တခု ၊ ကျနော် ၈၈ကါလနောက်ပိုင်း စစ်အစိုးရကိုရှောင်တိမ်းရင်း မိုးကောင်ဘက်တော မှာ နေရင်း စေတီတဆူမှာ တရားထိုင်ပါတယ် မထင်ရှားအောင် သင်ကန်း အမဲကြီးနဲ့ ပေါ့ သိပ်မကြာဘူး ဝိဇွ့ာကိုတော်ဆိုပြီး လူအများ ဂဏန်းတောင်းကြတယ်၊ ကျောက်စိမ်းတွေယူလာပြီး ဈေးကောင်းရအောင် သိဒွိ့တင်ခိုင်းတယ် ကျနော်လဲ ကြာကြာမနေရဲတော့ပဲ လစ်ရတယ်။ ဆိုလိုခြင်းက ရဟန်းတွေကို ဝိနည်းမညီးဘူးဆိုတာလောက်နဲ့ တော့ စိတ်မပျက်ပါနဲ့ ။ ကာလပရောဂါကြောင့် သာသနာမပျက်စီးသောလဲ ၊ ဥင်းနေရာ- ဒေသ တိုင်းပြည် မြို့ ရွါ တွေမှာ ပိုင်းခြားပြီး သာသနာပျက်စီးကြောင်းဖြစ်ရပါတယ်။ ဒါကို ဘုရားဟော တရားနဲ့ အညီ ကါကွယ်စောင့်ရှောက်ရမယ်ဆိုပြီး တထစ်ကျမှတ်ယူလို့ မရပါ ဌင်းဒေသ၏ ပယောဂါကို ပယ်ရှားနိုင်တဲ့ နည်းလမ်းကိုလဲထဲ့တွက် စဉ်းစားပြီး လုပ်ဆောင်ရပါတယ်၊ ကျွဲတကောင် ပြေးခပ်ချိန်မှာ ဘုရားဟောတရားနဲ့ အညီ မေတ်တာပို့ ရပ်နေပါလို့ ပြောရင်တော့ ။ ဝိနည်းတော်အတိုင်း သေပွဲဝင်လိုက်တော့လို့ ဆိုရမှာပဲ ။
    10 hours ago · Like
    NY Hein · Friends with Cho Too and 14 others
    ယော ဘုရားဟော ဘုရားဟော ဘုရားဟောကိုဘယ်အတိုင်းအတာထိသိပြီးဘယ်အတိုင်းအတာထိကျင့်ပြီးပြီလဲသိချင်စမ်းပါဘိ
    ကျွန်တော်မေးပါရစေ ဘာဖြစ်လို့ဥပဒေဆိုတာဖြစ်လာရတာလဲ ဥပဒေဟာ သူတပါးရဲ့ယုံကြည်မှု့ကိုလွတ်လပ်စေတတ်သလား ကောင်းမွန်တဲ့အကျင့်တရားကိုသွေဖီပြီးကိုယ်ရဲ့ကျင့်သုံးမှုတွေကညံ့ဖျင်းနေခဲ့လို့ဥပဒေနဲ့အစားထိုးပြီးယုံကြည်မှု့တွေချုပ်ချယ်မှုတွေနဲ့စတေးလိုက်ရတယ် ဘုရားရှင်လက်ထက်မှာတောင်လွတ်လပ်စွာပေးထားတဲ့အခွင့်အရေးတွေကိုရုတ်သိမ်းပြီးဥပဒေတွေသတ်မှတ်ခဲ့ရဖူးပါတယ် ချစ်သားတိုဤအရာသည်လုပ်ထိုက်၏ဤအရာသည်မလုပ်အပ်ဆိုပြီးသြဝါဒပါတိမောက်ကိုပြပြီးလွတ်လပ်စွာနေထိုင်ခွင့်ကိုအလွဲသုံးစားလုပ်ခဲ့ကြလို့ ဒါလုပ်လျင်ဒီပြစ်ဒါဏ် ဟိုလုပ်ရင်ဟိုအပြစ်ဒါဏ်ဆိုပြီးအာဏာစက်နဲ့ပါတိမောက်ပြခဲ့ရပါတယ်
    10 hours ago via mobile · Like
    Burmer Aung ဟုတ်ပါတယ် ပုဂွိုလ်ကို အကြောင်းပြုပြီး ထုပ်ရတဲ့ ဝိနည်းတော်တွေကလဲ မနည်းပါဘူး။ ကါလဒေသအလိုက် ပယ်သင့်သောဥပဒေ ဖြည့်စွတ်ပြီးလိုက်နာရမဲ့ ဥပဒေဆိုတာလဲ ဘုရာကိုတိုင်ခွင့်ပြုထားပါသေးတယ်၊ ဥပမာ သြခိတွစကွု့ လေးတောင်ပမာနအတိုင်းအရှည်ထက်မကျော်လွန်ပဲ ရွာတွင်း မြို့ တွင်းနိုက် မသွားရဆိုသည်မှာ ကါးတဝီဝီ ဖြတ်မောင်းနေတဲ့လမ်းဖြတ်အကူးမှာ အနုဇာနာမိ ခွင့်ပြုပြီး အနွရယ်ကို ကြည့်ခွင့်ရှိပါတယ်။
    10 hours ago · Like
    Nge Naing ကျွန်မ အပေါ်မှာ ပြောထားပြီးပါပြီ။ ဒီဥပဒေဟာ အနာတခြား ဆေးတခြား ဖြစ်နေတယ်။ သာသနာကို ကာကွယ်ဖို့ တခုခုလုပ်တော့လုပ်ရမယ် ဒါပေမဲ့ ဒီအတိုင်းလုပ်လို့မရဘူး။ ဆိုးကျိုးပဲ ဖြစ်လာမယ်ဆိုတာ ဥပမာတွေလည်းပေးထားပါတယ်။ သာသနာကို ကာကွယ်ဖို့အတွက် မိမိအတွင်းစိတ်က ယုံကြည်မှု သဒ္ဒါတရား၊ အကျင့်သီလနဲံ့ ဘုရားဟောတဲ့ တရားဓမ္မကို ခိုင်လုံအောင် ရင်ထဲရောုက်အောင် အသိပညာမပေး မလုပ်ပေးဘဲနဲ့ မိန်းမတွေရဲ့ လင်ယူသားမွေးကိစ္စကို လိုက်ကန့်သတ်တာနဲ့ သာသနာက တည်တံ့သွားပါ့မလား။ ကို Burmer Aung အခုက အဲဒီ ကျွဲလိုက်တဲ့ ဥပမာလောက်တောင် အထွပ်ထိပ်ရောက်အောင် အရေးကြီးနေပြီလား။ မြန်မာနိုင်ငံမှာ သမီးပျိုး ဘယ်နှစ်ရာခိုင်နှုန်းက မူစလင်နဲ့ ယူဖို့ အစီစဉ်ဆွဲထားတယ်ဆိုတာ ဘယ်သူက သုတေသနပြုထားလို့လဲ။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာကိုယ် လက်တွေ့မကျင့်သုံးဘဲနဲ့ ရူကြောင်ကြောင်တွေ ဖြစ်ကုန်ပြီလို့ ဘာသာခြားတွေကတော့ ဟားတိုက်ရယ်နေမှာ သေချာတယ်။
    ReplyDelete
  21. Face Book မှာ ဆွေးနွေးချက် ၆June 24, 2013 at 11:26 PM
    NY Hein · Friends with Cho Too and 14 others
    တခုခုလုပ်ရမယ်ဆိုတဲ့ကာလလေးမှာသမီးပျိုလေးတွေရဲ့ဘဝတွေဘယ်လောက်စတေးခံလိုက်ရပြီးလဲကိုယ်အလှည့်ကျဖို့ထိုင်စောင့်နေတာမျိုးမဖြစ်စေချင်ပါ ဒီအတိုင်းလုပ်လို့မရတော့ဟိုအတိုင်းလူပ်နေတာကိုဝေဖန်မစောပဲစောင့်ကြည့်ပါဦးလား လုပ်ရမှာကိုသိရက်နဲ့မလုပ်ပဲထိုင်နေမဲ့အစား လုပ်နေတဲ့သူအများကိုကျေးဇူးမတင်တောင်အပြစ်မဖိုမိပါစေနဲ့ဗျာ
    Nge Naing လုပ်နေတဲ့သူတွေက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ ရောဂါတခြား ဆေးတခြား ဖြစ်နေတာကိုတော့ မပြောလို့မရဘူး။ အလုပ်လုပ်တယ်ဆိုတာ မုန်းတီးရေးနဲ့ လုပ်လို့မရဘူး။ အကြောင်းကြောင့် အကျိုးဆိုတာ ရှိတယ်မဟုတ်လား။ အကြောင်းရင်းမှန်ကို သိအောင်အရင်လုပ်ဖို့လိုပါတယ်။ ရမ်းကုနေရင် ရောဂါပျောက်ဖို့မရှိဘူး။ အဲဒါကြောင့် ရောဂါကိုသိအောင် အရင်လုပ်ဖို့လိုတယ်။ ရောဂါသိတဲ့သူတွေ အကြံ့ပုပြောပြထောက်ပြတာကို မျက်လုံးအသေမှိတ်ပြီး စမ်းတ၀ါးဝါးနဲ့ သွားရင် ရှေ့မှာ ချောက်လည်း ရှိနိုင်တယ် တွင်းလည်း ရှိနိုင်တယ် ဆူးလည်းနင်းမိနိုင်တယ်။ ပြောတော့ ကုလားမုန်းတယ် မုန်းတယ်ဆိုပြီး ကုလားလုပ်တာ အကုန်လုံး ပုံတူလိုက်ခိုးချနေတာကမှ သာသနာပျက်ဖို့ကိန်းပိုဆိုက်ရောက်သွားနိုင်တယ်။
    ReplyDelete
  22. Face Book မှာ ဆွေးနွေးချက် 7June 24, 2013 at 11:30 PM
    Burmer Aung ရဟန်းတော်တွေက အကြောင်းမဲ့ မုန်တီးရေးနဲ့ မလုပ်ပါဘူး .အမျိုးသမီးတွေက မကြာမကြာ ငိုယိုပြီး ရဟန်းတွေကို လျှောက်ထားကြလို့ သာ ဒီကိစွ့ပေါ်လာတာပါ - ကိုယ်ဖြစ်ကိုယ်ခံမယ်ဆို ရဟန်းတွေကို လာပြီးလျှောက်စရာမလိုပါဘူး။ ရဟန်းတွေကလဲ ကိုယ့်အလုပ်ပျက်ပြီး ပင်ပန်းခံပြီးလုပ်စရာမလိုပါဘူး ဖြစ်နေတာတွေ ပြန်သုံးသတ်ကြည့်ပါ။
    9 hours ago · Like
    Burmer Aung ရောဂါတခြားဆိုတာကတော့ အမြင်အားဖြင့်တော့မှန်ပါတယ်၊ ဖြစ်နေတာက ဥူးနောက်ထဲ ပိုးဝင်စွဲနေပါပြီ အမရယ်။
    9 hours ago · Like
    NY Hein · Friends with Cho Too and 14 others
    ကာမလူသားတွေအတွက်ကာမဂုဏ်တရားဟာသောက်လေသောက်လေငတ်မပြေနိုင်တဲ့ပင်လယ်ရေကြီးပါ ရုပ်ဝတ္ထုတွေဆန်းပြားစွာပေါများနေတဲ့ယနေ့ခေါတ်ဆိုတဏှာရဲ့အလိုကိုအသင့်အတင့်မသုံးဆောင်နိုင်ကြတော့လွန်ကဲစွာအသုံးတော်ခံလာရမှု့တွေကြောင့် ကမ္ဘာ့အသိအမှတ်ပြုအဖွဲ့အစည်းတွေကမသိမသာလူအခွင့်အရေးတွေချိုးဖောက်ပြီး ကွန်ဒုံးစက်ရုံတွေတည်ထောင်ဖြန့်ဖြူးရသည်အထိရုပ်ဝတ္ထုတွေဆန်းပြားလာတာကိုသတိပြုမိနိုင်ပါစေ
    Burmer Aung
    9 hours ago via mobile · Like
    Nge Naing ဒါအစိုးရတာဝန်ပျက်ကွက်လို့ ဖြစ်ရတာ။ ဒါဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်ရတာဆိုတာ အပေါ်မှာ ပြောထားတာရှိပါတယ်။ အဲလို တိုင်းပြည် ပြန်လည်ထူထောင်ရေးကိစ္စ လုပ်နေတဲ့ စပ်ကူးမတ်ကူးကာလမှာ သမီးပျိုတွေ အားလုံးက ကုလားမယားဖြစ်ဖို့ပဲ တာဆူနေကြကုန်ပြီလား။ ဘာဖစ်ြလို့ ဒီလောက်တောင် ရေးကြီးခွက်ကျယ်ထလုပ်နေရတာလဲ။ ဒီထက်အရေးကြီးတာတွေ အရင်လုပ်ရမည့်ဟာတွေကို ထားပြီး ကုလားဥပဒေကို အတုခိုးတဲ့ ဥပဒေ ရှားရီဟတ်နဲ့ ဆင်တူတဲ့ ဥပဒေကို ဘာဖြစ်လို့ ဒီလောက်တောင် ခိုးချချင်နေရတာလဲ။
    9 hours ago · Like · 2
    ReplyDelete
  23. Face Book မှာ ဆွေးနွေးချက် 8June 24, 2013 at 11:45 PM
    Nge Naing မဆိုင်တာမပါစေပါနဲ့။ ကွန်ဒွန်သုံးတာက ဘာမှပြဿနာမရှိဘူး ရောဂါလည်း ကာကွယ်တယ် မလိုလားအပ်တဲ့ သနွေကိုလည်းတားပေးတယ်။ မိသားစုစီမံကိန်း family plan ကို ကောင်းကောင်း ဖြစ်စေပါတယ်။ ဘယ်သူ့ကပိုမှ ဘာမှမထိခိုက်ဘူး။ ဘယ်သူ့အခွင့်အရေးကိုမှ မထိခိုက်ဘူး ဘယ်သူ့ကိုမှ မုန်းတီးမှုမရှိဘူး။ ဒါလောကီလူသားတွေအတွက် လိုအပ်တဲ့အရာကို ကျန်းမာရေးရှုဒေါင့်ကရော လူမှုရေးရှုဒေါင့်ကပါ အထောက်အကူပြုနေတဲ့အရာ ဖြစ်တယ်။
    9 hours ago · Like · 1
    NY Hein · Friends with Cho Too and 14 others
    လူဆယ်ယောက်သေနိုင်တဲ့ကိစ္စမှာတယောက်ပဲသေသေးလို့နောက်ထပ်ကိုးယောက်အသေကိုစောင့်ပြီးမှကယ်ဆယ်ရေးမလုပ်စေချင်ဘူး ဥပဒေဆိုတာတချိန်ကျချိုးဖောက်မဲ့သူမရှိရင်ဥပဒေအတိုင်းပဲနေနေမှာပါ
    9 hours ago via mobile · Like
    Nge Naing ဘာသာခြားနဲ့ မယူဖို့ တားတဲ့ကိစ္စဟာ ဥပဒေနဲ့ ဘာမှပတ်သက်စရာအကြောင်းမရှိဘူး။ သဘောမတူတဲ့ မိဘတွေက ကိုယ့်သားသမီးကို ဆုံးမဖြောင်းဖြ ပြောပြရမည့်ကိစ္စ ဖြစ်တယ်။ အဲဒီအတွက်တော့ ဗုဒ္ဓဘာသာမှာ ဘာဥပဒေမှ မလိုအပ်ဘူး။ ပြောပြလို့မရလို့ သူယူရင်လည်း သူ့ကံကြမ္မာကိုသူဖန်တီးတာပဲ ဖြစ်တယ်။ ကံသည်သာ မိမိကိုယ်ပိုင်ဖြစ်တယ်လို့ ဘုရားဟောထားတာပဲ။
    9 hours ago · Like · 1
    ReplyDelete
  24. Face Book မှာ ဆွေးနွေးချက် 9June 24, 2013 at 11:48 PM
    NY Hein · Friends with Cho Too and 14 others
    ကိုယ်လိုချင်တဲ့ရှုထောင့်တခုတည်းကိုပဲစောင်းပေးမပြောစေချင်ပါ အကြောင်းကြောင့်အကျိုးတွေဖြစ်လာသလိုတနွယ်ငင်ရင်တော့တစင်ပါလာတတ်သလိုမျိုးဆက်စပနေတတ်ပါတယ်
    9 hours ago via mobile · Like
    Nge Naing အခုပြောနေတာတွေ အားလုံးကပတိအခြေအနေတွေသာ ဖြစ်တယ်။ လုပ်ကြံဖန်တီးပြောထားတာ တခုမှမရှိဘူး။ ကုလားမယား ဖြစ်လာရတဲ့အကြောင်းအရင်းက မိမိကိုးကွယတဲ့ မိမိဘာသာရဲ့ ဗဟုသုတနဲ့ ယုံကြည်မှု သဒ္ဒါတရားနည်းတာ ဆင်းရဲကြပ်တည်းတာတွေဖြစ်တယ်။ ဒါကို သက်လုံကောင်းအောင်မလုပ်ဘဲ ကုလားမုန်းတယ် လည်းပြော ကုလားရန်ကိုကာကွယ်တယ်လည်းပြောပြီး ကုလားဘာသာက ဥပဒေအတိုင်း ပုံတူခိုးချြ့ပီး မိန်းမတွေအတွက် ကန့်သတ်ချင်နေတာလည်း အမှန်ပဲဖြစ်နေတယ်။ ဒါကိုပဲ ထောက်ပြနေတာဖြစ်တယ် တခြားဘာမှ အပိုလိုရာဆွဲပြောနေတာမပါဘူး။
    9 hours ago · Like · 1
    Burmer Aung ကံရုံပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆူပုံထဲ ခုန်ချတာ အကြောင်းမဟုတ်ပါဘူး ကယ်ကြပါအုန်းဆိုတော့လဲ ရွာဆူသွားရတာပေါ့အမရယ်။
    9 hours ago · Like · 1
    Nge Naing အဲဒီအတွက် ဥပဒေက ရှိပြီးသားပါလို့ ကျွန်မ အပေါ်မှာြေုပာပြီးပြီ။ အမျိုးသမီးတွေ မိမိအခွင့်အရေး မိမိသိအောင် လုပ်ပေးရမယ်ဆိုတာ ပြောထားတာ ရှိပါတယ်။
    9 hours ago · Like · 1
    NY Hein · Friends with Cho Too and 14 others
    ကွန်ဒုံးအားကိုးနဲ့ဘယ်သူတွေဘယ်လောက်မိုက်နေကြသလဲဆိုတာပြောဖို့တောင်မလိုပါဘူးတကယ်ဖြစ်သင့်တာကဘာလဲဆိုတာပြေပြမနေတော့ပါဘူး
    9 hours ago via mobile · Like
    Nge Naing [ဟုတ်တယ် အာဂျင်တာ လွဲတာတွေ ပြောနေမည့် မပြောတာက ပိုကောင်းပါတယ် NY Hein.
    ReplyDelete
  25. Face Book မှာ ဆွေးနွေးချက် 10June 24, 2013 at 11:56 PM
    Blackiron Man တနွယ်ငင် တစင်ပါလာရင်းနဲ့ငါတို့ဘာသာပျောက်ကွယ်သွားမှာစိုးလို့ တားနေရတာ ဒါက အမျိုး ဘာသာ သာသနာ ကာကွယ်တာ
    9 hours ago · Like
    Nge Naing သာသနာပျောက်မှာ ကြောက်ရင် မူစလင်မိန်းမတွေကို တားမြစ်ထားတဲ့ ဥပဒေအတိုင်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက် အတုခိုးပြီးလိုက်လုပ်ဖို့မလိုဘူး သာသာနာပျက်မှာကြောက်ရင် ဘာလုပ်သင့်တယ်ဆိုတာ မှတ်ချက်ထဲမှာရော ပို့စ်ထဲမှာပါ ကျွန်မ ပြောထားတာ အများကြီးဖြစ်နေပြီမို့ ထပ်မပြောတော့ဘူး။
    9 hours ago · Like
    Ma Oo ကမ္ဘာကြီးမှာ ဘာသာ၎မျိုးရှိတယ်။ဘယ်တော့မှ မပျောက်ဘူး။ပျောက်အောင်လဲ လုပ်မရပါဘူး။
    9 hours ago · Like
    Burmer Aung အခုလုပ်နေတာ အမြင်အားဖြင့်တော့ လက်တလောမသိကြတာကိုမပြောလိုပါ ဒီကစွ့က အခြားဘာသာအမျိုးသမီးတွေလဲ ချုပ်ချယ်မဲ့ ကလွတ်မြောက်ဘို့ အခွင်ရှိလာမှာသေချာတယ်။ ကလေးမွေးတုန်းခနတော့ ဝေဒနာ ဆိုးဝါးတာခံရပေမဲ့ မွေးပြီးရင်။ အလွန်ဝမ်းသာတာပဲမဟုတ်လား။
    9 hours ago · Like
    Nge Naing ကိုဗမာအောင် Birth Control Program က သီးသန့်လာလိမ့်မယ်။ ဒီကိစ္စကလည်း ဘုန်းကြီးတွေနဲ့ ဘာမှမဆိုင်ဘူး။ အစိုးရရယ်၊ ကျန်းမာရေးဌာနရယ်လုပ်လိမ့်မယ်။ အဲဒါနဲ့တော့ ရောမချပါနဲ့ Agenda ထဲကအကြောင်းကိုပဲ ပြောပါ။
    9 hours ago · Like · 1
    Burmer Aung ဥပမာပေးတာပါ ၊ အစိုးရကိုအားကိုးရင်လာပါမယ်မျှော်ပေါ့အမရယ်။
    9 hours ago
    ReplyDelete
  26. Face Book မှာ ဆွေးနွေးချက် 11June 25, 2013 at 12:00 AM
    Lin Let Kyal Sin မှားယွင်းနေတဲ့ တစ်ခြားဘာသာရဲ့ ပြဌာန်းချက်တွေကို မြင့်မြတ်သော ညီမတို့ သာသနာက လိုက်ယောင်နေတာကို သိပ်လက်မခံနိုင်တာပါ .. ။ အချက်အလက်စုံစွာ ရေးသားပေးတာ ကျေးဇူး မမ
    9 hours ago · Edited · Unlike · 2
    Nge Naing အစိုးရကောင်းတခုပေါ်လာဖို့အတွက် စပ်ကူးမတ်ကူးကာလမှာ ၀ိုင်းပြီးတော့ ဒီမိုကရေစီ လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့နိုင်ငံတခုဖြစ်လာပြီး တိုင်းပြည် တိုးတက်အောင် ကြိုးစားပေးရမည့်အစား မူစလင် မုန်းတယ်လည်းပြောသေး မူစလင်အမျိုးသမီးတွေကို ဥပဒေနဲ့ ထိန်းချူပ်ထားတဲ့အတိုင်း အားကျပြီး ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ထိန်းချူပ်တဲ့ ဥပဒေပြုပြီး ကြိုးစားရင်း အချိန်ကုန်နေကြတာကိုက မဟုတ်တဲ့အလုပ် ဖြစ်တယ်။ အဲဒါက ထောက်ခံတဲ့လူတွေကို ပြောတာ။
    9 hours ago · Like · 3
    Kyi Kyi Khin ဘာသာတရားကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတာ ကိုယ့်ဘာသာကို အထင်သေးတာ။ ကိုယ့်ဘာသာကို လူတွေ ရင်ထဲ ခိုင်မာအောင် မလုပ်နိုင်တာ ကို ၀န်ခံတာ။ ရင်ထဲမှာ တကယ်ယုံကြည်ချက် ခိုင်မာရင် ဘာဥပဒေမှမလိုဘူး။ ရင်ထဲက ယုံကြည်ပြီး ကိုးကွယ်နိုင်အောင် သာသနာ ပြုကြဖို့ ကြိုးစားကြရမှာကို မလုပ်ပဲ တလွဲတွေ လိုက်လုပ်တာ ပဲ။
    9 hours ago · Unlike · 1
    ReplyDelete
  27. Face Book မှာ ဆွေးနွေးချက်12June 25, 2013 at 12:05 AM
    urmer Aung ဦးဝီရသူပြောတာ မှတ်မိသလောက်ပြန်ပြောပြမယ် ဟူစိန်ကို ဖန်းစီးတာ သေဒါဏ်ပေးတာ လူမပါတဲ့လေယဉ်နဲ့ ဗုံးကျဲတာ အဖကန်ကိုတိုက်တာ ဘင်လာဒင်ကိုပစ်သတ်မိန့် ပေးတာ အစရှိသည်ပေါ့ အမျိုးသားရေးကို အိုဘားမားကါကွယ်တာတဲ့ -ဝီရသူ စာရေးတာ တရားဟောတာ အမျိုးသားရေးကွါကွယ်တာတဲ့၊ ဘယ်သူက အကြမ်းဘက်သလဲတဲ့၊ ဘယ်သူက လူ့ အခွင့်ရေးချိုးဖေါက်တာလဲတဲ့ ။သူဘယ်သူကိုမှာ စွတ်စွဲတာမပါဘူး။ မျိုးစောင့်ဥပဒေဆိုတာလဲ- အမျိုးချစ်စိတ်ကြောင့်ဖြစ်လာတာပါ အမှန်အမှားဆိုတာတော့ ဝိုင်းဝန်း ဆွေးနွေးရမှာပေါ့။ . အရှင်အရဟျွှံရားနာပြီးတော့ အနော်.ထာမင်းက အရေးကြီးတွေကို အရေးယူပြီး မင်ပစ်မင်းဏ်ပေးတယ် အရေးကြီးသာသနာပျောက်လို့  ပုဂံဆိုတဲ့ ယဉ်ကျေးမူ့ ကြီး ထွန်းကါးတာဒီနေအထိပေါ့ ။ အကယ်လို့ သာ အရှင်အရဟံကလဲ မျက်ကွယ်ပြုမယ်၊ ဒါမှမဟုတ် အနော်ရထာမင်းကလဲ မနာခံဘူးဆိုရင် ဒီကနေ့ အထိ -ပန်ဦးဆက် သာသနာ၊ သားဖေါက်သနာကို လက်ခံရုံကြည်နေမှာပါ။
    9 hours ago · Like
    Nge Naing အဲဒါပဲ ကို Burmaer Aung အပါအ၀င် တချို့တွေဟာ လူ့အခွင့်အရေါ်ဆိုတာ နားမလည်ဘူးဆိုတာ အမှန်ပဲ။ အဲဒါက လူ့အခွင့်အရေးနဲ့မဆိုင်ဘူး သူ့အစိုးရကို ထိပါးလို့ သူလုပ်တာ။ ဒီဒီဥပဒေက အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ထိမ်မြားလက်ထပ်ပိုင်ခွင့်ကို တားမြစ်တာ မတူဘူး။ ကိုဗမာအောင်။ အမှားမှန်ဆိုတာ ဆွေးလည်းဆွေးနွေးတာ တကဏ္ဍ အခုဒါကိုကျတော့ ဒီလောက်တောင် ဆွေးနွေးစရာမလိုဘူး ဗုဒ္ဓဘာသာ အမည်ခံထားတော့ ဓမ္မနဲ့ ကိုက်မကိုက်ကို ကြည့်လိုက်ရုံပဲရှိတယ်။
    9 hours ago · Like · 2
    Burmer Aung ဘာသာတရားကို ဥပဒေနဲ့ ထိန်ချုပ်ထားတာတွေ အမ-မသိသဘူးထင်တယ် -ကမွာပေါ်ဘာ သိသာထင်ရှားတာ မထင်ရှာတာပဲကွါပါလိမ့်မယ် ဥပဒေနဲ့ လွတ်ကင်းပြီးဘယ်ဘာသာမှ မရှိဘူး အခြားဘာသာတွေပါလာမှာ မလိုလားလို့  မပြောတော့ဘူး-အသေးစိတ်လေ့လာကြည့် ပါအမရယ်။
    ReplyDelete
  28. Face Book မှာ ဆွေးနွေးချက် 12June 25, 2013 at 12:10 AM
    Burmer Aung အခွင့်အရေးတွေကိုကြည့်ပြီး ကိုယ်ကျင့်တရားတွေကိုစော်ကါးတယ်အမြင်တွေနဲ့  စိတ်မထိခိုက်ကြပါနဲ့  ။ ကျနော်တို့ ၁၀ယောက် ၁၂ယောက်စုနေတဲ့ တချိန်က ခနခန အခိုးခံရလေတော့ ။တခါမှာ ကျနော်က အားလုံးရဲ့ သေတာကို ရှာမယ်ဆိုတော့ -တချို့ က စိတ်ဆိုးတယ် ဒါဆော်ကါးတာပဲတဲ့ ။တချို့ ကပြောတယ် ကိုယ်မခိုးရင်ပြီးတာပဲ ကြိုက်သလိုလုပ်တဲ့၊ကျနော်လဲ အမုန်းခံပြီးရှာလိုက်တော့ သခိုးကိုတွေ့ တယ်။ ခိုးတဲ့သူကို တရားချပြီး မင်းတို့ အထဲကသွားတော့ ။ ပြောချင်တာက ကိုယ်က အမျိုးဘာသာကို ချစ်မြတ်နိုးတာခိုင်ရင် ဘာသိကွ့မှာကျစရာမလိုပါ ။ အမျိုးသမီးတယောက်ကိုမေးဘူးတယ် -သူတို့ ဘာသာ ၁၀နှစ်မကလို့ သေဒဏ်ပဲပေးပေး ကျမကတော့ ပြတ်တယ် မိမိကိုကိုရုံတယ်တဲ့၊
    9 hours ago · Like
    Nge Naing ကိုဗမာအောင် အခုပေးတဲ့ ဥပမာရော အရင် ပေးတဲ့ ဘင်လာဒင်ကိုဖမ်းတဲ့ ဥပမာမှာ လူ့အခွင့်အရေး ချိုးဖေါက်တာ တခုမှမပါဘူး။ အခုပြုထားတဲ့ ဥပဒေက လူ့အခွင့်အရေးချိုးဖေါက်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကိုပါ အကျည်းတန်စေတာ။ ကိုဗမာအောင် လူ့အခွင့်အရေးဆိုတာ နားမလည်သေးဘူးဆိုတာ လက်ခံလိုက်ပါ။ ဒီအခန်းထဲမှာ ပစ္စည်းပျောက်လို့ ဒီလူတွေဆီက ပစ္စည်းရှာတာ လူ့အခွင့်အရေး ချိုးဖေါက်တာ မဟုတ်ဘူး။
    9 hours ago · Like · 1
    Nge Naing တချို့ကလည်း တရားဘက်ကလိုက်မလား လူ့အခွင့်အရေးဘက်က လိုက်မလားလုပ်နေတဲ့သူတွေလည်း အများကြီးတွေ့တယ်။ နားမလည်ပါးမလည်နဲ့ ဗုဒ္ဓတရားကပဲ လူ့အခွင့်အရေးချိုးဖေါက်ထားတဲ့ တရားလိုလို ကိုယ့်ဘာသာကိုယ် ဘာမှန်းမသိ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိတဲ့သူတွေကလည်း အများကြီး။ Universal Declaration of Human Rights အချက်သုံးဆယ်ထဲက အချက်သုံးဆယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်နေတဲ့အချက် ဘယ်အချက်ရှိလဲဆိုတာ ရှာကြည့်ကြည့်ပါ။ ဘုရားဟောတဲ့တရားတွေဟာ ဘာသာခြားတွေကတောင် လူ့အခွင့်အရေးနဲ့ ကိုက်ညီမှန်းသိကြတဲ့အချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတချို့နဲ့ လူတချို့က ဒါကိုမသိဘဲ ဗုဒ္ဓဘာသာကပဲ လူ့အခွင့်အရေးချိုးဖေါက်တဲ့ ဘာသာထဲမှာပါသလိုလို ထင်ပြီး လူ့အခွင့်အရေးချိုးဖေါက်ဖို့ ဥပဒေကို အမွမ်းတင်ပြီး ပြောနေကြတာ ရှက်စရာသိပ်ကောင်းပါတယ်။
    ဘာသာဘက်ကလိုက်မလား လူ့အခွင့်အရေးဘက်က လိုက်မလားနဲ့ နားမလည်ပါးမလည် မေးနေကြတဲ့သူတွက် ပြောတာ။ ဗုဒ္ဓဘာသာနဲ့ လူ့အခွင့်အရေါ်နဲ့က ဘက်နှစ်ဘက်မှမဟုတ်တာ တဘက်တည်းမှာ ရှိနေတယ်။ ဟို.. သူများဘာသာကို ခိုးချပြီး ရေးဆွဲထားတဲ့ ဥပဒေကမှ တခြားစီဖြစ်နေတာ။
    ReplyDelete
  29. မငယ်နိုင် ရေးတဲ့ "မျိုးစောင့်ဥပဒေအား ဝေဖန်ဆန်းစစ် သုံးသပ်ခြင်း" ကို ဖတ်ဖြစ်တယ်..။ ကြိုက်တယ်။
    ReplyDelete
  30. အောင်မြင်June 26, 2013 at 10:40 AM
    ဦးတည်ချက်က တခုပဲ ရှိပါတယ်။ မျိုးစောင့်ဥပဒေကို တကယ် ပြဌာန်းလိုတာမျိုး မဟုတ်ပဲ ... မျိုးစောင့်ဥပဒေကို ကန့်ကွက်မယ့် လူ အပေါ်မှာ ... အပြစ်ရှာလို့ ရအောင် လုပ်ထားတာလို့ မြင်ပါတယ် ...
    အသိနည်းတဲ့ ပြည်သူအများစုကို ဒီနည်းသုံးပြီး စည်းရုံးရတာ ပို လွယ်တယ်လေ။
    ReplyDelete
  31. ကျော်တေဇJune 26, 2013 at 12:49 PM
    "အမျိုး၊ ဘာသာ၊ သာသနာ အတွက် လုပ်နေတယ်၊ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ထုတ်မယ်" ဆိုတဲ့ ဘုန်းကြီးတွေဟာ တကယ်ကို အရပ်သားအယောင်ဆောင် စစ်အုပ်စုရဲ့ အသုံးချခံလိုက်ရတာပါဗျာ။
    အာဏာကို လက်မလွှတ်ချင်လို့ တိုင်းပြည်အတွင်းမှာ အရှုပ်အထွေးအမျိုးမျိုး ဖြစ်လာအောင်၊ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်ရင် ဖြစ်အောင်၊ စ ဖြစ်လာရင် ပို မကြီး ကြီးအောင် ယုတ်မာကောက်ကျစ်တဲ့ အောက်လမ်းနည်း၊ ကလိမ်ကကျစ်နည်း အမျိုးစုံ သုံးပြီး တမင် လုပ်နေတဲ့ အရပ်သားအယောင်ဆောင် ကြောင်သူတော် သိန်းစိန် စစ်အုပ်စုရဲ့ အသုံးချတာကို ဘုန်းကြီးတွေ ခံနေရတာပဲဗျာ။
    စစ်အုပ်စုက သံဃာထုအတွင်းမှာ နှစ်ပေါင်းများစွာကတဲက ရည်ရွယ်ချက်ရှိရှိ မြှုပ်ထည့်ထားတဲ့ ထောက်လှမ်းရေးဘုန်းကြီးတွေကတော့ သူတို့အလုပ်ကို သူတို့ အကွက်စေ့စေ့ လုပ်နေကြတာပဲ။
    အမျိုး၊ ဘာသာ၊ သာသနာ အတွက် လုပ်နေတယ်၊ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ လုပ်နေတယ် ဆိုတဲ့ အသံကောင်း ဟစ်သံတွေကို အဟုတ်မှတ်ပြီး အနောက်က ပါလာကြတဲ့ မသိ နားမလည်တဲ့ သံဃာ နဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ထောင်ခြောက်ထဲကို တည့်တည့်ကြီးကို ဝင်တိုးနေကြတယ်။
    "ကျော်ဟိန်း ကောင်းစားဖို့ အံ့ကျော် က လူမိုက် လုပ်ပေးနေတာ" လို့ ဦးဝီရသူ ပြောတာက ဘာသဘောနဲ့ ပြောသလဲတော့ မသိဘူး။
    အဖြစ်မှန်ကတော့
    "ကြံ့ဖွတ် တွေ ကောင်းစားဖို့ မသိ နားမလည်တဲ့ ၉၆၉ ဘုန်းကြီးတွေနဲ့ မသိ နားမလည်တဲ့ ပြည်သူတွေက လူမိုက် လုပ်ပေးနေတာပဲ" ။
    ReplyDelete
  32. .
    ဦးပဏ္ဍ၀ံသ ၉၆၉ ကို လက်မခံ
    "၉၆၉ လှုပ်ရှားမှုအပေါ် လုံးဝ အယုံအကြည် မရှိပါဘူး။ တကယ်လို့ ဒီ ၉၆၉ လှုပ်ရှားမှုက တရားနှလုံးသွင်းဖို့ ဒါမှမဟုတ် ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့သာ ဆိုယင် သိပ်ကောင်းတာပေါ့။
    ဒါပေမယ့် အခု ဘာဖြစ်လာသလဲ။ လူတစ်ချို့က ၉၆၉ ကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုပြီး ဘာသာရေးတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတယ်၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားလာအောင် ဖန်တီးနေကြတယ်။
    ဒါဟာ (သူတို့ ၉၆၉ တွေ ပြောတဲ့) "၉၆၉ လှုပ်ရှားမှုရဲ့ မူလလမ်းစဉ်" ကနေ သွေဖည်နေတာပါဘဲ။
    ၉၆၉ လှုပ်ရှားမှုကို လုပ်နေတဲ့ ရဟန်းသံဃာတွေက တိုင်းပြည်ကို မငြိမ်မသက်ဖြစ်ပွားစေလိုတဲ့ လူတစ်ချို့ရဲ့ ဓားစားခံများသက်သက် ဖြစ်နေတာပါ။
    လက်ရှိ ဗမာတွေက မွတ်စလင်တွေကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် ဖျက်ဆီး မီးရှို့နေတဲ့ပုံစံကို လေ့လာကြည့်ယင် အကြမ်းဖက်သမားတွေဟာ စံနစ်တကျ ကြိုတင်ပြင်ဆင်ထားတယ်၊ ပြီးတော့ သူတို့နောက်မှာ ကြိုးကိုင်သူ ရှိနေတယ်။
    မွန်ပြည်နယ်မှာ ဟောပြောထားတဲ့ ၉၆၉ ဒီဗီဒီခွေ သုံးသောင်းကျော်ကို ရန်ကုန်မြို့ထဲ ဖြန့်ခဲ့ကြတယ်။ ဒါဟာ အလွန်များပြားတဲ့ပမာဏ ဖြန့်ချိနိုင်အောင် တာဝန်ယူကျားကန်ပေးသူ(sponsor) ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားပါ။
    ဝီရသူ အပါအဝင် ၉၆၉ ရဟန်းသံဃာတွေက မွတ်စ်လင်မ်ဆန့်ကျင်ရေး လုပ်ဖို့ဟောပြောနေတာ သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့ ဆန့်ကျင်နေတယ်။ ဝိနည်းနဲ့ မညီဘူး။
    ဘုန်းဘုန်း မနှစ်မြို့တဲ့ အချက်တစ်ခု ရှိတယ်။ တရုတ်ပြည်ရဲ့ လက်ပံတန်းတောင်ကြေးနီစီမံကိန်း အပေါ် ရဟန်းသံဃာ အပါအ၀င် ဆန္ဒပြကြသူတွေကို အစိုးရက အလွန်အကျွံ အင်အားသုံး ဖြိုခွဲခဲ့တယ်။
    မိတ္ထီလာမှာ မွတ်စ်လင်မ်တွေကို အာဏာပိုင်တွေ၊ ရဲတွေ မျက်စေ့ရှေ့မှာ ရိုက်နှက်၊ သတ်ဖြတ်၊ အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေတဲ့ကိစ္စကျတော့ လူသတ်သမားတွေ၊အကြမ်းဖက်သမားတွေကို တားဆီးဖို့ သေနတ်တစ်ချက်မှမဖောက်ခဲ့ဘူး။"
    ReplyDelete
  33. .
    Ko Htike said...
    တိုင်းရင်းသား ပေါင်းစုံ ရှိရဲ့သားနဲ့ ... ဗမာတွေပဲ ကြီးစိုးရမယ်ဆိုပြီး မဟာ ဗမာနိုင်ငံတည်ထောင်မယ်ဆို အဲဒီတိုင်းပြည်ဟာ သာယာ ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး။
    ဖို၊ မ မတူ ကွဲပြားမှု ရှိရဲ့သားနဲ့ ... ဖိုသတ္တဝါတွေ ကြီးစိုးရမယ့် မဟာဖိုဝါဒ နိုင်ငံ တည်ထောင်မယ်ဆို အဲဒီတိုင်းပြည်ဟာ သာယာငြိမ်းချမ်းမှာ မဟုတ်တော့ဘူး။
    ဘာသာခြား မျိုးစုံ ရှိရဲ့သားနဲ့ "မဟာ ဗုဒ္ဓဘာသာ နိုင်ငံ" တည်တောင်မယ် ဆိုရင် အဲဒီတိုင်းပြည်ဟာ သာယာငြိမ်းချမ်းမှာ မဟုတ်တော့ဘူး။
    (ကိုထိုက်)
    ReplyDelete
  34. ရဲမင်းထွန်းJune 29, 2013 at 1:02 AM
    အဲဒါပေါ့ဗျ
    နှစ်ပေါင်းများစွာ ခေါက်ရိုးကြေနေတဲ့ အတွေးအခေါ်တွေထဲက မထွက်နိုင်တော့ လုပ်နေတဲ့ လုပ်ရပ်တွေက အမျိုးသားရေးလား၊ "မိမိကိုယ်ကို အထီးကျန်စေရေး" လား ဆိုတာကို မခွဲခြားနိုင်တော့ဘူးလေဗျာ။
    ReplyDelete
  35. "မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံ" မှာ နိုင်ငံသား မဖြစ်ချင်တော့ပါ
    Ko Htike said...
    ဒီပုံအတိုင်း ... ဆက်ပြီး တိုးနေရင် "မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံ" မှာတော့ နိုင်ငံသား မဖြစ်ချင်တော့တာကြောင့် ကချင်နိုင်ငံ ၊ ချင်းနိုင်ငံ ၊ ..... များ ပေါ်ပေါက်လာရင် ... အဲဒီ နိုင်ငံမှာ နိုင်ငံသား ဖြစ်ပါရစေလို့ ကြိုတင် တောင်းဆိုပါရစေ။
    ရှမ်းနိုင်ငံသား ဆိုလည်း မဆိုးလှပါဘူး။ အမြင်ကျဉ်းတဲ့ "မဟာဗမာတွေ ကြီးစိုးအောင် လုပ်မှု" ကနေ ဝေးပြီး ... တိုင်းရင်းသားတွေကြားမှာ လူနည်းစု အနေနဲ့ပဲ အေးအေးချမ်းချမ်း သွားနေတော့မယ်။
    ကချင်နိုင်ငံ မှာ (ဗမာလူနည်းစု အဖြစ်) သွားနေလို့ မဟာကချင်နဲ့ တိုးတာ ကိစ္စ မရှိဘူးဗျ။ ဘာလို့လည်း ဆိုတော့ ... သူတို့ လုပ်တာ ကျွန်တော် လုပ်တာ မဟုတ်လို့ပဲ။ ကျွန်တော်က လူများစု (ဗမာ) ကနေ အနိုင်ကျင့်တဲ့ (ဗမာ) တစ်ယောက် အဖြစ် ပါနေရမှာကို ရှက်တာပါပဲ။ မဟာကချင်က (ဗမာလူနည်းစုကို) အနိုင်ကျင့်လို့ ... ကိုယ် (ဗမာလူနည်းစု) က ခံရတာ ပြဿနာ မဟုတ်ဘူး။ ကိုယ် (ဗမာလူများစု) က လူနည်းစုကို အနိုင်ကျင့်ရတာကို ရှက်တာ။ ကျွန်တော် ခရစ်ယန်တွေ အများကြီးနဲ့ နေဖူးပါတယ်။ ... ကျွန်တော် ပြောတာ ကုန်နေပါပြီ။ သူတို့ ကချင် ခရစ်ယန်တွေက (ဗမာလူနည်းစုကို) အနိုင်ကျင့်ခဲ့ရင် သူတို့ သမိုင်း။ ကျွန်တော်နဲ့ မဆိုင်ဘူးဗျ။ ကျွန်တော် (ဗမာ) က (ဗမာလူများစု အဖြစ်) သူများ (လူနည်းစု) ကို အနိုင်ကျင့်ရမှာကို ရှက်တာ။ ဒီထက် ရှင်းတာ မရှိတော့ဘူး။
    သေချာတာကတော့ "မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး" မှာ .... မနေဝံ့လို့ ... လူနည်းစု တိုင်းရင်းသားတွေနဲ့သာ နေပါရစေတော့။
    အတ္တ လောဘတွေ များနေတဲ့ "မဟာဗမာ ဗုဒ္ဓဘာသာနိုင်ငံ" မှာတော့ မနေချင်တာ ရွေးချယ်ခွင့်ပါပဲ။ အစွန်းရောက် မျက်ကန်းမျိုးချစ် တလွဲဆံပင်ကောင်း လူတတ်ကြီးတွေ များတဲ့ "မဟာဗမာ ဗုဒ္ဓဘာသာနိုင်ငံ" မှာ နိုင်ငံသား ဖြစ်တာထက် ... ဘာသာခြား ကိုးကွယ်တဲ့ တိုင်းရင်းသားတွေ နိုင်ငံ တည်ထောင်လာနိုင်တဲ့အခါ အဲဒီနိုင်ငံမှာ လူနည်းစုအဖြစ် နေဖို့ ခွင့်တောင်းတာပါပဲ။
    (ကိုထိုက်)
    ReplyDelete
  36. .
    Ko Htike said...
    သေချာတာက ... သူများ အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို နှုတ်က ဖွင့်ဟ ပြောတဲ့ အထိ ဟောကြားတဲ့ စကားတွေကိုတော့ ... လက်ခံလို့ မရတာတော့ .... သေချာလွန်းနေတယ်။
    သီလ၊ သမာဓိ၊ ပညာ ရှိသူတွေကို အပြစ် မပြောပါဘူး။ ... သီလ၊ သမာဓိ၊ ပညာ နဲ့ ကင်းကွာတဲ့ စကားတွေကိုသာ ရှက်မိတာပါပဲ။
    ဥပမာ ... "မွတ်ဆလင်တွေကို နေစရာ မရှိအောင် လုပ်မယ်၊ စားစရာ မရှိအောင် လုပ်မယ်" ဆိုတာမျိုးတွေ၊ ... ကာယကံ၊ ဝစီကံမှာ အတော် ထိခိုက်နေပြီ။
    (မှတ်ချက် - "မွတ်ဆလင်တွေကို နေစရာ မရှိအောင် လုပ်ပြမယ်၊ စားစရာ မရှိအောင် လုပ်ပြမယ်" လို့ ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူ ပြောထားတဲ့ ဗီဒီယို
    http://on.fb.me/10pszrE
    ကို ရည်ညွှန်းပြီး ထောက်ပြထားတာ ဖြစ်ပါတယ်။
    "မထောက်ခံရင် မဲ မရအောင် လုပ်မယ်" ဆိုတော့ ... မေတ္တာရှင်လား ... အာဏာရှင်လားတောင် ခွဲမရတော့ဘူး။ အဲဒါ ပြဿနာပဲ။
    (မှတ်ချက် - "မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲမရရန် စည်းရုံးမယ်" လို့ မြစေတီဆရာတော် မိန့်ကြားထားတဲ့ ဗီဒီယို
    https://www.youtube.com/watch?feature=player_embedded&v=JpreFUwnsvQ
    ကို ရည်ညွှန်းပြီး ထောက်ပြထားတာ ဖြစ်ပါတယ်။)
    မေတ္တာရှင် ဗုဒ္ဓဘာသာ သံဃာတော်တွေက အာဏာရှင် ဖြစ်နေတဲ့ ခေတ်ဆိုးထဲမှာ .... ရိုးသားတဲ့ တိုင်းရင်းသားတွေနဲ့သာ ပျော်မွေ့တော့မယ်။
    သူများ အပြစ်ကို ကျူးလွန်တိုင်း ကိုယ်က လိုက်ကျူးလွန်ရင် ဗုဒ္ဓဘာသာ ပီသပါဦးမလား။ "သူများတွေ အရက်သောက်တာ ဆိုးလို့ ... ငါလည်း သောက်မယ်" ဆိုတာမျိုး ဗုဒ္ဓဘာသာမှာ မရှိဘူးနော်။ "မူးပြီး ရစ်လို့ .... သောက်ပြီး ပြန်ရစ်မယ်" ဆိုတာ ဗုဒ္ဓဘာသာမှာ လုပ်လို့ မရဘူး။
    ရဟန္တာမှ ဆင်ခြင် နိုင်မယ် ဆိုရင် ...အဲဒီဘာသာ ပျက်ပြီပဲ။ ရဟန္တာ မဟုတ်လို့ လုပ်ချင်ရာ လုပ်လို့ ရသလို ဖြစ်နေပြီ။
    (ကိုထိုက်)
    ReplyDelete
  37. .
    Nge Naing said...
    ဒီလို "မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံ" အခြေအနေအထိ ဖြစ်လာတယ် ဆိုရင်တော့ ကျွန်မက နဂိုကတည်းက ကရင်နယ်မြေမှာ ၁၀ နှစ် နေလာဖူးတော့ ကရင်နိုင်ငံသားပဲ လုပ်တော့မယ်။
    ReplyDelete
  38. ဖိုးခွါးJune 29, 2013 at 1:58 PM
    မငယ်နိုင် နှင့် ကိုထိုက်
    အစ်မတို့၊ အစ်ကိုတို့လို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို သေသေချာချာ သဘောပေါက်ပြီး လက်တွေ့ လိုက်နာ ကျင့်သုံးတဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် ဗမာ တွေလဲ
    "မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး" မှာ ဘယ်လိုမှ နေနိုင်မှာ မဟုတ်ပါဘူး။
    အဲဒီလို ဖြစ်လာခဲ့ရင် "လွတ်လပ်သော ကော်သူလေ သမ္မတနိုင်ငံ" ကို လာခဲ့ကြပါဗျာ။
    အစ်မတို့၊ အစ်ကိုတို့ကို "လွတ်လပ်သော ကော်သူလေ သမ္မတနိုင်ငံ" မှ ကြိုဆိုနေပါတယ်။ :)
    ReplyDelete
  39. .
    Ko Htike - ဒီပုံအတိုင်း ... ဆက်ပြီး တိုးနေရင် `မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး´ မှာတော့ နိုင်ငံသား မဖြစ်ချင်တော့တာကြောင့် `ကချင်နိုင်ငံ´၊ `ချင်းနိုင်ငံ´ ..... များ ပေါ်ပေါက်လာရင် ... အဲဒီ နိုင်ငံ တစ်ခုခုမှာ နိုင်ငံသား ဖြစ်ပါရစေလို့ ကြိုတင် တောင်းဆိုပါရစေ။
    Ko Htike - သေချာတာကတော့ `မဟာဗမာ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး´ မှာ .... မနေဝံ့လို့ ... လူနည်းစု တိုင်းရင်းသားတွေနဲ့သာ နေပါရစေတော့။
    (ကိုထိုက်)
    Naw Hpu Gam - ကချင်နိုင်ငံမှ ကြိုဆိုပါတယ်
    Aldo Sawaldo - ကရင်နီနိုင်ငံကနေ ကြိုဆိုမယ်.. ကိုထိုက်..
    Sophy Angel - ရှမ်းနိုင်ငံကလည်း ကိုထိုက်ကို ကြိုဆိုပါတယ်
    Thaw Thi Kho - Welcome to Kaw Thoo Lei
    ReplyDelete
  40. .
    ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေ၊ ဘုရင်ဂျီတွေ၊ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ၊ ခရစ်ယာန်တွေ အပေါ်မှာ အနိုင်ကျင့်ပြီး `ငါတို့ လူများစုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်´ လို့ လုပ်လိုက်ရင် ကျုပ်တို့ ဗုဒ္ဓဘာသာဝင် ဗမာတွေဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပေါ့။ (ဗိုလ်ချုပ်အောင်ဆန်း)
    နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာ လုပ်ရန် ဒီးဒုတ်ဦးဘချို ကြံစဉ်က ဗိုလ်ချုပ်အောင်ဆန်းက သည်လို ပြောခဲ့ဘူးတယ်ဗျ.........
    "ဒီမှာ ဆရာ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေကြတာ မဟုတ်ဘူး။
    ဒီလို မဟုတ်မဟတ်ကို စိတ်ထင်ရာတွေ လျှောက်လုပ်နေကြမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီး ပြိုကွဲပြီး ကျွန်သဘောက် ဖြစ်သွားကြမှာဘဲ။
    ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေ ရှိတယ်၊ ဘုရင်ဂျီတွေ ရှိတယ်၊ အစကတည်းက ရှိလာခဲ့ကြတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ ခရစ်ယာန်တွေ ဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလဲ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ်။
    အခု ကျွန်တွင်းက လွတ်မယ်မှ မကြံသေးဘူး၊ သူတို့တတွေ အပေါ်မှာ အနိုင်ကျင့်ပြီး `ငါတို့ လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်´ လို့ လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပေါ့။
    ဆရာ တိုင်းပြည်ကို တိုင်းပြည်ရေး လို့ တွေးစမ်းပါ။ ဘာသာတွေ၊ ဘာတွေ၊ ညာတွေ လုပ်မနေပါနဲ့၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည်တခုလုံး စည်းရုံးနေဘို့ လိုတယ်။"
    `အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ´ ဆိုတာတွေဟာ ရှေးရှေး ပဒေသရာဇ် မင်းတရားကြီးတွေရဲ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။
    အခုအချိန်မှာ ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင်းပေးဘို့၊ စည်းရုံးပေးဘို့ လိုတယ်.."
    နိုင်ငံတော်ဘာသာ ကို ဗုဒ္ဓဘာသာ လုပ်ချင်ရင် ဆရာကိုယ်တိုင် `ဘဝရှင်မင်းတရားကြီး´ အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ "စည်းကုံး၊ ခရိုင်နဲ့တကွ စိုးမိုး အုပ်ချုပ်တော်မူသော `သီရိပဝရ ဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ဒါယကာ ဘချို´ ၏ ဗုဒ္ဓဘာသာ နိုင်ငံတော်" လို့ ဆရာ့ဟာ ဆရာ ကြေညာ၊ ကျွန်တော် မပါဘူး။ "
    ဗိုလ်ချုပ်အောင်ဆန်း
    (၂-၉-၁၉၆၀ ရက်နေ့ထုတ် မီးဒုတ် သတင်းစာမှ)
    News of Myanmar
    ReplyDelete
  41. .
    မြန်မာနိုင်ငံတွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ပွားအောင် တမင်သက်သက် ယုတ်မာစွာ လိမ်လည် လုပ်ကြံ ရေးသားထားသော "ရခိုင်" နာမည်သုံး စာမျက်နှာ တစ်ခု
    ကိုထိုက်
    ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်
    ဂျပန်တွေက အရူးထပြီး နည်းမျိုးစုံနဲ့ ခွဲစိပ်တာ၊ ခန္ဓာကိုယ်ကို အလှဖေါ်တာမျိုးတွေ လုပ်ကြတယ်။
    အဲဒီထဲမှာ ကောင်မလေး တစ်ယောက်က ဘာအတွက် လုပ်တာလဲ မသိဘူး။ သူ့ နှုတ်ခမ်းကို အပ်ချည်နဲ့ချုပ်တယ်။ မျက်လုံး တစ်ဖက်ကို ချုပ်ထားတယ်။ သွေးတွေလည်း မျက်နှာမှာ ပေနေတယ်။ အဲဒီလို အခြား လူတွေလည်း လျှာကို နှစ်ခွ ဖြစ်အောင် ခွဲစိပ်ထားတာတွေ၊ အရေပြားကို ဖေါက်ပြီး ကျောမှာ ဖဲပြားလို ထိုးပြီး တပ်တာတွေ၊ နှဖူးမှာ ဘုကြီးတွေ ဖြစ်အောင် လုပ်တာတွေ မျိုးစုံပဲ။
    ဒါကို .... ဘုရားပုံနဲ့ ဘုန်းကြီး ပုံတွေ ပရိုဖိုင်နဲ့ cover မှာ တပ်ထားတဲ့ "ရခိုင်" နာမည်သုံး စာမျက်နှာ တစ်ခုက .... အဲဒီထဲက ... နှုတ်ခမ်းကို အပ်ချည်နဲ့ ချုပ်၊ မျက်လုံးကို ချုပ် ထားတဲ့ ကောင်မလေးပုံကိုယူပြီး ... ... ဒီလို ရေးထားတယ်။ .....
    " ..... ဖိလစ်ပိုင်အမျိုးသမီး အိမ်ဖော်မလေးက ယေရှုခရစ်တော်ကိုသာ ကယ်တင်ရှင် ဖြစ်ကြောင်း ပြောသဖြင့် အိမ်ရှင် ဆော်ဒီမိသားစုက သူမ၏ ပါးစပ်နှင့် ဘယ်ဘက်မျက်ခမ်းများကို ပလတ်စတစ်ကြိုးနှင့် ချုပ်၍ အပြစ်ပေး .... " တဲ့။
    မွတ်ဆလင် နဲ့ ခရစ်ယန်ကို ရန်တိုက်ပေးထားတယ်။ ဒါကို ယုံတဲ့ လူက ယုံတယ်။ ဆဲတဲ့ လူက ဆဲတယ်။ ရှယ်တဲ့ လူက ၉၀၀ ကျော်တယ်။
    ဒါဟာ တိုင်းပြည်မှာ ပြဿနာတွေ ပွားအောင် သက်သက် ယုတ်မာနေကြတာဆိုတာ အသိသာကြီး ဖြစ်နေပါတယ်။
    ဒီလို ကိစ္စတွေကို သတိထားနိုင်ကြဖို့ ပြန်လည် ဖြန့်ဝေလိုက်ရပါတယ်။
    သက်သေ လင့်များကိုပါ တင်ပေးလိုက်ပါတယ်။
    (သတိ ပုံများမှာ စိတ်အနှောက်အယှက် ဖြစ်စေသော သွေသံရဲရဲ ပုံများ ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။)
    (လိမ်လည် လုပ်ကြံရေးသားထားသော "ရခိုင်" နာမည်သုံး စာမျက်နှာ)
    " ..... ဖိလစ်ပိုင်အမျိုးသမီး အိမ်ဖော်မလေးက ယေရှုခရစ်တော်ကိုသာ ကယ်တင်ရှင် ဖြစ်ကြောင်း ပြောသဖြင့် အိမ်ရှင် ဆော်ဒီမိသားစုက သူမ၏ ပါးစပ်နှင့် ဘယ်ဘက်မျက်ခမ်းများကို ပလတ်စတစ်ကြိုးနှင့် ချုပ်၍ အပြစ်ပေး .... " ဟု မြန်မာနိုင်ငံတွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ပွားအောင် တမင်သက်သက် ယုတ်မာစွာ လိမ်လည် လုပ်ကြံ ရေးသားထားသော "ရခိုင်" နာမည်သုံး စာမျက်နှာ
    https://www.facebook.com/photo.php?fbid=242170822617335&set=pb.206466532854431.-2207520000.1386545808.&type=3&theater
    အဆိုပါ ဓါတ်ပုံတွေပါသော မူရင်း အင်တာနက် စာမျက်နှာ။
    ပေါင်မုန့်ဝိုင်းပုံ နဖူး ဖက်ရှင် -
    ဂျပန်နိုင်ငံတွင် ခေတ်စားနေသော နဖူးထဲသို့ ဆားရည် ထိုးသွင်းပြီး ပေါင်မုန့်ဝိုင်းပုံ နဖူး ဖြစ်လာအောင် လုပ်ယူသော ဖက်ရှင်
    http://motleynews.net/2012/09/26/bagelheads-japans-hot-trend-of-injecting-saline-in-forehead-for-that-bagel-look
    (ကိုထိုက်)
    .
    ReplyDelete
  42. .
    လစ်ဘရယ် မျက်မှန်နဲ့ လူ
    ------------------------------
    ကိုကိုမောင်
    ၁၅-၁၂-၁၃
    ချာလီ ချက်ပလင် တွေ ရှားပါးလာပြီး
    ဟစ်တလာ တွေ များများလာတဲ့
    ဒီကမ္ဘာမှာ......... ငါ မပျော်ပိုက်တော့ဘူး.......။
    "ကိုယ့်နံရိုး ကိုယ် စည်းရိုးထိုးမယ်" ကြွေးကြော်ပြီး
    သူများ အရိုးနဲ့ သွားကြားထိုးချင်တဲ့ လူတွေအကြား
    ငါ့ ရပ်တည်ချက်က... ဈေးကွက်ထဲမှာ အရောင်းမသွက်တော့....။
    ဟောဒီ အဝေးကြည့် ပါဝါ ၂၀၀ ကျော် မျက်မှန်နဲ့ကြည့်လည်း...
    လူကို.... လူ လို့ပဲ ငါမြင်တယ်.......
    ဟောဒီ သုံးကြိမ်တိတိ ခွဲစိတ်ခံဖူးတဲ့ အဝေးမှုန် မျက်လုံး (၂) လုံးနဲ့ကြည့်လည်း...
    လူကို.... လူ လို့ပဲ ငါမြင်တယ်.......
    ဟုတ်တယ်....... ငါက "သစ္စာဖောက်" ပါ....
    ဟုတ်တယ်....... ငါက "လစ်ဘရယ်" ပါ.....
    ဟုတ်တယ်....... ငါက "လော်ဘီ" ပါ.......
    ငါ့ကို.....................................
    အမျိုးမျိုး ယိုးစွပ်ကြ... ခေါင်းစဉ်တပ်ကြ....
    ရပါတယ်.................
    "ကမ္ဘာကြီး လုံးတယ်" ပြောမိကြလို့
    အသတ်ခံရတဲ့ သူတွေအကြောင်းကလည်း
    အံသြစရာ ပုံပြင်မှ မဟုတ်တာပဲလေ.....။
    ကိုကိုမောင်
    လစ်ဘရယ် မျက်မှန်နဲ့ လူ (ကိုကိုမောင်)
    .
    ReplyDelete
  43. "အမျိုး မြတ်သည်" ဆိုသည်မှာ မရှိ ၊ "အကျင့် မြတ်သည်" ဆိုသည်သာ ရှိသည်။
    ▀ ဗုဒ္ဓ ၏ သာသနာ ▀
    အမျိုးသည်
    ဘာသာ မဟုတ်။
    ဘာသာသည်
    လူမျိုး မဟုတ်။
    အမျိုး မြတ်သည် မရှိ ၊
    အကျင့် မြတ်သည်သာ ရှိသည်။
    ဘာသာတရားသည်
    စိတ်၏ အစာ။
    ဘာသာတရားသည်
    စိတ်၏ ဝတ်ရုံ။
    ဘာသာတရားသည်
    စိတ်၏ နေအိမ် ။
    ဘာသာတရားသည်
    စိတ်၏ ကျန်းမာရေး။
    ဘာသာတရားသည်
    စိတ်၏ အမှန်တရားလေးပါးတို့ကို
    သိမြင် စေနိုင်သော ပညာရေး မဏ္ဍိုင်။
    လူမျိုးသည် ၎င်း
    အမျိုးသည် ၎င်း
    ဘာသာရေး နှင့် လုံးဝ မရောယှက်ပါ။
    ဘာသာရေးသည်
    သာသနာရေးသာ ဖြစ်သည်။
    ဗုဒ္ဓဘာသာသည်
    ဗုဒ္ဓ ၏ လူမျိုး မဟုတ်။
    ဗုဒ္ဓဘာသာသည်
    ဗုဒ္ဓ ၏ သာသနာ နှင့် နေသူ ဖြစ်သည်။
    ဗုဒ္ဓ ၏ အဆုံးအမ ၌ နေသူ ဖြစ်သည်။
    ဗုဒ္ဓ ၏ အဆုံးအမ ၌ ယုံကြည်သူ၊
    ကျင့်ကြံသူ ၊ ပြောဆို နေထိုင်သူ ဖြစ်သည်။
    လူမျိုး နှင့် ဘာသာ သည်
    သီးခြားစွာ တည်ရှိသည်။ ။
    Credit >>>( ဒေးဗစ်အောင် )<<< ထံမှ ကူးယူ ထပ်မံဖော်ပြပါသည်။
    အရှင်ဣဿရိယ
    "အမျိုး မြတ်သည်" ဆိုသည်မှာ မရှိ ၊ "အကျင့် မြတ်သည်" ဆိုသည်သာ ရှိသည်။
    .
    ReplyDelete
  44. နိုင်မင်းအောင်January 29, 2014 at 3:06 AM
    မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနိမ့်ဆုံး အဆင်းရဲဆုံး နိုင်ငံ လူ့အခွင့်အရေးအချိုးဖေါက်ဆုံးနိုင်ငံ
    ဒီလို ဖြစ်နေတာကို
    အမျိုးဂုဏ်တွေ ဇာတိမာန်တွေနဲ့
    မဟာလူမျိုးကြီးဝါဒတွေ လုပ်လာကြတာ
    တဖက်ကလည်း စစ်အင်အားကို တိုးချဲ့နေတာ
    ပြည်သူ ဘာဖြစ်ဖြစ် လှည့်မကြည့်ဘဲ
    အမျိုးသားရေး ဆိုတာကို ရှေ့တန်းတင်လာတာ
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက
    ပြန်လွှတ်လိုက်တာက တကယ့်နိုင်ငံရေး
    သမားတွေထက် အာဏာရှင်ဟောင်းမျိုးဆက်တွေ အကြမ်းဖက်သမားတွေ
    လွတ်လာသူတွေကလဲ
    အမျိုးသားရေး ဆိုတာက စပြောလာတာ
    ဘာသာရေးအခြေပြုပြီး လှုံ့ဆော်လာတာ
    အားလုံးကို သေချာ ပြန်သုံးသပ်ကြည့်ပါ
    ၂၀၁၂ ခုနှစ်က စပြီး အခုအထိ
    မြန်မာနိုင်ငံမှာ အမျိုးဂုဏ်တွေ ဇာတိမာန်တွေနဲ့
    မဟာလူမျိုးကြီးဝါဒတွေ လုပ်လာကြတာဟာ
    ဒုတိယကမ္ဘာစစ် မတိုင်မီ ဂျာမဏီမှာ
    ဟစ်တလာရဲ့ နာဇီဝါဒ အစပြုပုံနဲ့
    တော်တော်ကြီး တူတယ်
    သတိထားကြည့်ကြပါ
    ReplyDelete
  45. .
    Robert Ehose ရေးသားသည်။
    ၂၀၁၃ ခု၊ စက်တင်ဘာလ ၂၀ ရက်၊
    ဂျာမနီပြည် တွင် အဒေါ့ဖ် ဟစ်တလာ စတင် အာဏာ ရရှိလာသည့် ၁၉၃၃ ခုနှစ်မှ ဒုတိယ ကမ္ဘာစစ်မီးကြီး အဆုံးသတ်သွားခဲ့သည့် ၁၉၄၅ ခုနှစ် အကြားတွင် နာဇီဂျာမန် များ က ၎င်းတို့ နှင့် လူမျိုးမတူသူ (အထူးသဖြင့် ဂျူးလူမျိုးများ) အပေါ် အနိုင်ကျင့် နှိပ် ကွပ် ရန် အတွက် မတရားသဖြင့် ဥပဒေ များကို သုံးချီသုံးလား အကြိမ်ကြိမ် ခွဲပြီး ဥပဒေ ပြု၊ ပြဋ္ဌာန်း ခဲ့ကြသည်။
    ကျွန်တော်များ အမိမြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပေါ်လျက် ရှိသည့် မွတ်စလင်မ် များ အား လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး နလံမထူနိုင်အောင် နိုင်ငံရေး အရ မတရား နှိပ်ကွပ် နေမှု များသည့် အထက်ပါ နာဇီဂျာမနီ မှ ဖြစ်ရပ်များ နှင့် ထပ်တူနီးပါး ဆင်တူ နေသည် ကို တွေ့ရှိရပါသည်။ သို့ပါသောကြောင့် အများ မျက်လုံး ပွင့်ကြစေရန် ရည်သန် ပြီး ဖော်ပြ အပ်ပါသည်။
    နာဇီတို့၏ ပထမအကြိမ် ဥပဒေ ပြုမှု (၁၉၃၃ ခုနှစ်၊ မတ်-ဧပြီ)
    —————————————————————-
    ယင်း ဥပဒေ ကို အင်္ဂလိပ် ဘာသာ အားဖြင့် Law for Restoration of Professional Civil Service ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ကျွမ်းကျင် အစိုးရ အမှုထမ်း၊ အရာထမ်း များခန့်အပ်ရာတွင် ဂျူးလူမျိုးများ အား မခန့်အပ်ရ။ ပထုတ် ထားရမည် ဟူသည့် အချက် ကို အခြေခံ ရေးဆွဲထားသည်။
    ထိုဥပဒေ အရ လူဖြူ အာရီယန် နွယ်ဝင် မဟုတ်သူများ (ဂျူးလူမျိုးများ၊ ဂျစ်ပဆီ လူမျိုးများ စသည် ..) အား အစိုးရ ရာထူးများ မှ ဖြုတ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ ဂျူး များ အနေဖြင့် အခြားသော အလုပ်အကိုင် များ မလုပ်ကိုင်နိုင် စေရန်၊ ဂျူးများ အပါအ၀င် အာရီယန် နွယ်ဝင် မဟုတ်သူများအား အစိုးရ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားနိုင်ခွင့် မရှိစေရန် ပိတ်ပင် တားဆီးရေး စသည် တို့အား အထက်ပါ ဥပဒေ အရ တရားဝင် ပြုပေးခဲ့သည်။
    အလုပ်အကိုင် ခန့်ထားရေး အတွက် စစ်ဆေးသည့် နောက်ဆုံးအဆင့် စာမေးပွဲ များ တွင် အဆိုပါ ခွဲခြားခံ ရသူများ ၀င်ရောက် မဖြေဆိုနိုင် စေရေး တားမြစ်ထားသည်။
    မြန်မာ နိုင်ငံတွင် အထက်ပါ ကဲ့သို့ ဥပဒေမျိုးအား လူသိရှင်ကြား မထုတ်ပြန်ထား စေကာမူ အတွင်းစည်း မှ ပုဂ္ဂိုလ်များသာ သိနိုင်ပြီး၊ အပြင် သို့ မပေါက်ကြားစေရန် ထိပ်တန်း လျှို့ဝှက် အဆင့် ထိန်းသိမ်း နေကြသည့် ” လျှို့ဝှက် အက်ဥပဒေ ” အဖြစ်မူ ရှိနေသည် မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။
    ReplyDelete
  46. .
    နာဇီ တို့၏ ဒုတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ )
    —————————————————————————–
    နျူရင်ဘာ့ဂ် ဥပဒေ
    ———————-
    ၎င်း ဥပဒေ အား နျှူရင်ဘာ့ဂ် ဥပဒေ (သို့မဟုတ်) Law for the Protection of German ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ဂျာမန်လူမျိုး များအား ကာကွယ် ရန် ဟူသည့် အကြောင်းပြချက် ဖြင့်၊ ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြော ကြားနေ သကဲ့သို့ သွေး ဖြင့် သာ နိုင်ငံသားဖြစ်မှု ကို သတ်မှတ်ပြီး ဂျာမန် လူမျိုးများ အားသာ ဂုဏ်မြှောက်ထား သည့် ဥပဒေ ဖြစ်သည်။
    ယင်း ဥပဒေအရ ဂျူးများ ကို ဂျာမနီ နိုင်ငံသားအဖြစ် မှ ရပ်စဲ လိုက်ပြီး ထိုအချိန်မှ စကာ မဲပေးခွင့် မရရှိတော့ပေ။ ဂျူးလူမျိုး များ ၏ လက်ထပ် ထိမ်းမြားခွင့် ကို ကန့်သတ် လိုက်သည်။ အထူးသဖြင့် ဂျူးဖြစ်ပါက ဂျာမန် အမျိုးသမီးများကို လက်ထပ်ခွင့် လုံးဝ မရှိတော့ပေ။
    ထို့အပြင် ဂျာမန်အစစ် သာမဟုတ် ဂျာမန်သွေးပါသူ များနှင့် လိင် ဆက်ဆံ ခြင်း ကိုပါ ကြီးလေးသော ပြစ်မှု အဖြစ် ပြဋ္ဌာန်း အပြစ်ပေးခဲ့သည်။ အဆိုပါ ဥပဒေအရ မည်သူ သည် ဂျာမန် အာရီယန် မျိုးနွယ် စစ်စစ် ဖြစ်သည်။ မည်သူသည် ဂျူးဖြစ်သည်၊ မည် သူသည် ဂျူး သွေးပါသူ ဖြစ်သည် စသည်များကို တိတိပပ သတ်မှတ်ပြဋ္ဌာန်း ပေးသည်။
    ယင်း ဥပဒေ မှာမူ ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ရန် ကြိုးပမ်း နေကြသည့် တစ်ဖက် သတ် မျိုးစောင့် ဥပဒေ နှင့် ထပ်တူနီးပါး တူညီနေသည် ကို တွေ့ကြရမည် ဖြစ် သည်။
    ယင်း အပြင် ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြောကြားနေသည့် မြန်မာနိုင်ငံသား မည်သူ ဖြစ်ခွင့်ရှိသည်။ မည်သူ က ဒုတိယတန်းစား နိုင်ငံသား အဖြစ် လျှောက်ထား နိုင် သည် စသည့် အချက်များ နှင့်လည်း များစွာ အံဝင်နေသည်။
    နာဇီတို့၏ တတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၆ နှင့် ၁၉၃၇ ခုနှစ်များ)
    ————————————————————————–
    ယခုအသုတ် ဥပဒေ ပြုမှု များတွင်မူ ဂျာမနီ နိုင်ငံ ၏ စီးပွားရေး လုပ်ငန်းများ တွင် ဂျူးလူမျိုး တို့ ပါဝင် လုပ်ကိုင်မှု ကို လုံးဝ ပိတ်ပင်လိုက် ပြီဖြစ်သည်။ အာရိယန်နွယ်ဝင် ဂျာမန်လူမျိုးများ မဟုတ် ဟူသည့် အကြောင်းပြချက် ဖြင့် ဂျူးလူမျိုး တို့ ဘိုးစဉ် ဘောင်ဆက် ရှာဖွေစု ဆောင်း ထားသည့် ပိုင်ဆိုင်မှု အရပ်ရပ် ကို နာဇီအစိုးရ က နိုင်ငံတော် ပိုင် သိမ်းပိုက် နိုင်သည့် ဥပဒေ ပြဋ္ဌာန်း ချက်များ ပါရှိလာသည်။
    ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉ ရက် နှင့် ၁၀ ရက်နေ့များက ဂျာမနီနိုင်ငံ နှင့် နာဇီ ခေါင်း ဆောင်ကြီး ဟစ်တလာ ၏ မွေးရပ်ဇာတိ သြစတြီးယား နိုင်ငံ များ တွင် တစ်ပြိုင်နက် တည်း လို ပြုလုပ်ခဲ့ကြသည့်၊ ဂျာမန်ဘာသာစကား အားဖြင့် Kristallnacht pogrom ဟု သမိုင်းတွင် ခဲ့သော ဂျူးများ ပိုင်ဆိုင်မှု များအား လက်နက်ကိုင် အစောင့်အရှောက် များ ၀န်းရံပေးထားသည့် လူအုပ်ကြီးများဖြင့် အတင်းအဓမ္မ ၀င်ရောက်သိမ်းပိုက် သည့် လှုပ်ရှား မှု ဖြင့် ဂျူးများ ပိုင်ဆိုင် သမျှ အား အပြီးသတ် သိမ်းယူလိုက်သည်။
    ဂျူးများ အား ၎င်းတို့ ပိုင်ဆိုင်သော အိုးအိမ် များမှ အတင်းဆွဲချ ကာ ဂက်တို ဟု နာမည်ကြီးသော ဂျူးစုပေါင်း လူနေစခန်းများ တွင်းသို့ အတင်းအကြပ် မောင်း သွင်းခဲ့သည်။ ဂျူးလူမျိုး မှန်လျှင် ၎င်း တို့အား အလွယ်တကူ ခွဲခြားနိုင်ရန် အတွက် အ၀ါရောင် ခြောက်မြှောင့်ကြယ် တံဆိပ် ကြီးများ အား ရင်ဘတ် တွင် မြင်သာအောင် တပ်ဆင် ထားရမည် ဟူသည့် အမိန့်ပြန်တမ်း ကို ထိုနောက်ပိုင်းမှ စတင်ကာ ထုတ် ပြန်ခဲ့သည့်။
    ဂျူးလူမျိုးများ ပြည်ပ ထွက်ခွာခွင့် အား လုံးဝ တားမြစ်လိုက်သည်။ ယင်းသို့အားဖြင့် နောင်တစ်ချိန် တွင် ၎င်းတို့ အပြီးသတ် သုတ်သင်ချင်နေသည့် ဂျူးများ အား အလွယ်တကူ တစ်စုတစ်ဝေး တည်း ဖမ်းဆီးပြီး လူသတ်စခန်း များသို့ ပို့ဆောင်နိုင်ရန် အုပ်စုလိုက် အစုအဝေး ဖြင့် ဂက်တို များတွင် စုဝေး နေထိုင်ကြစေသည်။
    .
    ReplyDelete
  47. .
    ကျွန်တော်၏ အမြင်အရ မကြာမြင့်သေးသော အချိန်ကာလ (ဦးနု အစိုးရ လက်ထက်) က တိုင်းရင်းသား လူမျိုး တစ်ခု အဖြစ် တရားဝင် အသိအမှတ်ပြု ခြင်း ခံခဲ့ကြရသော မြန်မာ ရိုဟင်ဂျာ လူမျိုးများမှာ လက်ရှိ အနေအထားတွင် အထက်ပါ နာဇီ တို့၏ နှိပ်ကွပ်မှု အဆင့် သုံးဆင့်လုံး နှင့် လုံးဝနီးပါး အသွင်သဏ္ဍာန် တူစွာ အကျူံးဝင်လျက် ညှဉ်းပမ်း ခံနေကြ ရပြီး၊ ရိုဟင်ဂျာ မဟုတ်သူ အခြား မြန်မာပြည်သား မွတ်စလင်မ် များမှာမူ မထမပိုင်း အဆင့် နှစ်ဆင့် အထိ အကျူုံးဝင်လျက် ရှိကြောင်း တွေ့ကြရ မည် ဖြစ်သည်။
    အထက်ပါ ရေးသားခဲ့သည့် အတိုင်း လူမျိုးတစ်မျိုးကို အုပ်စိုးနေသည့် အစိုးရ က စနစ်တကျ နှိပ်စက် ညှဉ်းပမ်း ခြင်းကို မည်သည့် နိုင်ငံတကာ ဥပဒေ တွင် မှ ခွင့်ပြုထား ခြင်း မရှိပဲ၊ မြန်မာ နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပါဝင် လက် မှတ် ရေးထိုး ဂျီနီဗာကွန်ဗင်းရှင်း စာချူပ်များ နှင့်လည်း ပြဒါးတစ် လမ်း သံတစ်လမ်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည် ကို တွေ့ကြရမည် ဖြစ်သည်။
    ယခုလမ်းစဉ် နှင့် သာ ဆက်လက် သွားနေမည် ဆိုက ရေရှည် တွင် အမိမြန်မာ နိုင်ငံတော် ၏ ဂုဏ်သိန်၊ ပုံရိပ် များကို များစွာ ထိခိုက်လာနိုင်မည် ဖြစ်သလို၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင်လည်း မရှုမလှ၊ လူရာမ၀င် ဖြစ်လာနိုင်စရာ များ ရှိနေသည့် အတွက် ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင် ၊ ဟိန္ဒူဘာသာဝင် မြန်မာနိုင်ငံ ဖွား ညီအစ်ကိုတော် များ အနေဖြင့်လည်း ၀ိုင်းဝန်း တားဆီးရန် တာဝန် မကင်းပါ ဟု ယူဆကြောင်း ပြောရင်း နိဂုံးချူပ်ပါရစေ ခင်ဗျာ။
    Robert Ehose
    (နာဇီ ဥပဒေပြုမှု ဆိုင်ရာ အချက်အလက်များ စုဆောင်းပေး သည့် ပညာရှင် တစ်ဦး ဖြစ်သူ ကို Maung Khin အား များစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်။)
    .
    ReplyDelete
  48. ကျော်သန်းFebruary 2, 2014 at 11:16 AM
    ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် လို အစွန်းရောက် အကြမ်းဖက် လူသတ်သမားတွေလဲ "အမျိုး၊ ဘာသာကို ကာကွယ်တာ" ဆိုပြီး ပြောခဲ့ကြတာပဲ။
    အသိဥာဏ်နည်းတဲ့ သူတို့ နောက်လိုက် လူမျိုးရေးအစွန်းရောက်သူတွေက ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် တို့ကို မျိုးချစ်သူရဲကောင်းကြီးတွေ အဖြစ် အရူးဘုံမြှောက်ပေးခဲ့ကြတော့ လူသတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက်သတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ အထိ ကျူးလွန်မိကုန်ကြရော။
    ဝီရသူ နဲ့ မျက်ကန်းမျိုးချစ် ဗမာအစွန်းရောက်တွေ၊ မျိးချစ် အမည်ခံ ကြံ့ဖွတ် စစ်ခွေးတွေလည်း ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် တို့ ပြောခဲ့တဲ့ "အမျိုး၊ ဘာသာကို ကာကွယ်တယ်" ဆိုတာမျိုးကို ပြောပြီး ကုလားမုန်းတရားတွေ ဟောနေတာက ကုလားသတ်ပွဲတွေ ဖြစ်လာအောင် လုပ်နေကြတာပဲ။
    စစ်အုပ်စုရဲ့ နိမ့်ကျတဲ့ ပညာရေးစနစ်နဲ့ ကြီးလာရတဲ့ ဗမာပြည်သူတွေက သမိုင်း၊ ဥပဒေ အသိ ခေါင်းပါးမှု၊ မျက်မှောက် နိုင်ငံတကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး စံသတ်မှတ်ချက်ကို နားမလည်မှု၊ စာကောင်းပေကောင်း လက်လှမ်းမမီမှု၊ ဗဟုသုတ အားနည်းမှု၊ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိမှု တွေကြောင့် လူမျိုးရေး၊ ဘာသာရေး ဆိုပြီး ဆွယ်လိုက်တာနဲ့ အလိုလို မှိုင်းမိသလို ဖြစ်ပြီး ဝီရသူ နဲ့ မျက်ကန်းမျိုးချစ် ဗမာအစွန်းရောက်တွေ၊ မျိးချစ် အမည်ခံ ကြံ့ဖွတ် စစ်ခွေးတွေ နောက်ကို လွယ်လွယ်လေးနဲ့ လိုက်ကုန်ကြတာ။
    ReplyDelete
  49. အမျိုးဘာသာ သာသနာ ပျောက်မှာ ကြောက်တယ်လို့ ပြောတာလဲ သူတို့ဘဲ အမျိုးသားရေး ပျက်အောင် လုပ်နေတာ သာသနာ သေးသိမ်ပျောက်ကွယ် အရှက်ရအောင်လုပ်နေတာလဲ သူတို့ဘဲ
    သူတို့မုန်းတဲ့ မွတ်တွေက မိန်းမတွေအပေါ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတုခိုးပီး မျိုးစောင့်ဥပဒေ ထုတ်တာလဲ သူတို့ဘဲ
    အထိကရုဏ်းတွေ မကြာခဏ ဖြစ်အောင် လုပ်တယ် ငြိမ်းချမ်းရေးအသွင် ပြန်ဆောင်တယ်
    သူတို့တွေရဲ့ လှည့်ကွက်ထဲ နစ်မျောသွားရင် ကျွန်တော်တို့ အများပြည်သူ အသက် အိုးအိမ် စည်းစိမ် သာသနာ စိုးရိမ်နေရပီ
    သူတို့တွေကို ခါးခါးသီးသီး ဆန့်ကျင်သင့်ပီဗျာ
    ReplyDelete
  50. မွတ် ကိစ္စနဲ့ ပတ်သက်ပီး ဒေါ်အောင်ဆန်းစုကြည်ကို မဆီမဆိုင် အပြစ်တင် အပုပ်ချနေကြတဲ့ မျိုးစောင့်သံဃာတွေနဲ့ ကြံ့ဖွတ် တွေအနေနဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ စဉ်းစားပီးမှ ပြောပါ
    မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ဘာသာရေး အထိကရုဏ်း တွေက ဘယ်သူ့လက်ထက်မှာ ဖြစ်နေတာလဲ လက်ရှိ အာဏာရနေတဲ့ အစိုးရ လက်ထက်မှာ မဟုတ်လား.
    အမျိုးသားရေးစိတ်ဓတ် ရှိရင် အမျိုး သာသနာပျောက်ကွယ်မှာ ကြောက်ရင် လက်ရှိ အာဏာရနေတဲ့ အစိုရကို ဖိအားပေးရမှာမဟုတ်လား
    ဒီအစိုးရ ကိုင်တွယ်တာ ညံ့လို့ ခုချိန်ထိ မြန်မာပြည်မှာ ဘာသာရေး အထိကရုဏ်း တွေ ဖြစ်နေတာ
    နစက တွေ လဝက တွေ က ဘင်္ဂလီတွေဆီက ပိုက်ဆံယူပီး မြန်မာပြည်ထဲကို နှစ်ရှည်လများ ခိုးသွင်းလာတာကို ထိထိရောက်ရောက် အရေးမယူ မသိကျိုးကျွန်ပြုနေတာလဲ ဒီအစိုးရပဲ
    ReplyDelete
  51. အခု မြန်မာပြည်က မျိုးစောင့် ဆိုတဲ့ သံဃာတွေ မျိုးချစ်အရေခြုံ ကြံ့ဖွတ်တွေ လုပ်နေတဲ့ နည်းအတိုင်း "မျိုးစောင့်ဥပဒေ ထုတ်ပီး သာသနာစောင့်ရမယ်" ဆိုပီး ဘုရားဟောခဲ့ ညွှန်ကြားလမ်းညွှန်ခဲ့ပါသလား
    ဗုဒ္ဓဘာသာရဲ့ သာသနာ အနှစ်သာရကို သိသောသူများ ရှင်းပြစေချင်ပါတယ်
    "မျိုးစောင့်ဥပဒေ ထုတ်ပီး သာသနာစောင့်ရမယ်" ဆိုပီး ဘုရားဟောခဲ့ ညွှန်ကြားလမ်းညွှန်ခဲ့တာ မဟုတ်ဘူး ဆိုရင်တော့ "ဘုရားသားတော် သံဃာတွေကို အပြစ်ပြောလို့ ငရဲကျမယ်" ဆိုရင်တောင် ငရဲမှာဘဲ နေပါရစေ
    အမှားကို မှားမှန်း သိရဲ့နဲ့ လက်ခံနိုင်လောက်အောင်တော့ မညံ့ဖျင်းချင်ပါဘူး
    ReplyDelete
  52. သူတော်စင်ကြီးတွေ သိပ်များတဲ့ တိုင်းပြည် (သရော်စာ)
    Ko Htike
    ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့
    တိပိဋိက ဆရာတော်ကို ထောင်ချ၊ သံဃာတွေကို သတ်ပေမယ့် ခိုးထားတဲ့ ငွေတွေနဲ့ ခြင်းတောင်းလေးနဲ့ လူရှေ့သူရှေ့ဖင်ဖူးထောင်း ထောင်အောင် ဘုန်းကြီး တချို့ကို ရှိခိုးပြ ... အဲဒါ သူတော်စင် ဖြစ်တယ်။
    တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီ မြစ်ကို ရောင်းစားထားပြီး ... လူအများပြောလွန်းမက ပြောမှ ... ခဏရပ်တယ် ပြော ... အဲဒါ သူတော်စင် ဖြစ်တယ်။
    ထောင်ထဲ မထည့်သင့်တဲ့ လူတွေကို ထောင်ထဲထည့် ... ပြီးရင် လွှတ်ပြ ... အဲဒါ သူတော်စင်ဖြစ်တယ်။
    ခိုးဝင်တွေကို တိုင်းပြည်ထဲ ရောက်အောင်သွင်း ... ပြီးရင် ... ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ခေါ်ပြီးရှင်း ... အသာလေးကြည့်နေလိုက် ... အဲဒါ သူတော်စင်ဖြစ်တယ်။
    လယ်ယာမြေတွေကို ဧကပေါင်း သန်းချီအောင် သိမ်းထားပြီး ... ဧက တစ်သိန်းလောက် ပြန်ပေးတာလုပ် ... အဲဒါ သူတော်စင်ဖြစ်တယ်။
    တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီး .... ပြီးမှ ဒီမိုကရေစီ ခရီးသွားနေသယောင် လုပ်ပြ ... အဲဒါ သူတော်စင်ဖြစ်တယ်။
    ဟန်ဆောင်တာ သိပ်ကြိုက်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ သူတော်စင်တွေ များတဲ့ တိုင်းပြည် ...
    ကိုထိုက်
    သူတော်စင်ကြီးတွေ သိပ်များတဲ့ တိုင်းပြည် (သရော်စာ)
    .
    ReplyDelete
  53. "ဓမ္မစစ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တိုင်းပြည် ဖြစ်ချင်ရင်. . ."
    ချိုတူးဇော်
    2014 February 5
    ဂေါ်ရခါးလူမျိုး လ၀က အရာရှိတဦး ရခိုင်မှာ အမှုထမ်းလို့မရလို့ ပြန်ရတယ် ဆိုတာ
    ဖတ်ရတော့၊
    ကျနော်တို့ ရခိုင်တွေ၊ မြန်မာတွေဟာ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ အများကြီးကို တည်ဆောက်ရဦးမယ် ဆိုတာကို တွေးမိတယ်။
    ဒီလောက် လူကို အခြေခံတဲ့ ဗုဒ္ဓသာသနာ ထွန်းကားနေသည့်တိုင်
    အဲဒီ ဗုဒ္ဓရဟန်းတော်တွေကိုယ်တိုင် တုတ်တပြက်၊ ဓါးတပြက်နဲ့
    အမျိုး ဘာသာ သာသနာ လို့ လွဲနေကြမှတော့
    တိုင်းပြည်ထဲ၊ ပြည်သူထဲမှာ ဒီလို စိတ်တွေ ပြန့်ပွား ထွန်းကားနေတာ မဆန်းတော့
    မဆန်းတော့ပါဘူး။
    တကယ်တော့ နိုင်ငံသားတွေထဲမှာ တိုင်းရင်းသား တို့၊ ဧည့်နိုင်ငံသား တို့ ခွဲခြားပြဋ္ဌာန်းခဲ့တာ အာဏာရှင် ဦးနေ၀င်းက စခဲ့တာပါ။
    "ကိုယ့်တိုင်းပြည်မှာ အခြေချနေထိုင်နေတဲ့ သူတွေကို
    အဲဒီလူတွေမှာ ဘာ ဆိုးသွမ်းတဲ့ပြစ်မှု၊ ဘာ အချုပ်အခြာအာဏာ ထိပါးမှု မှ မရှိရင်
    တန်းတူရည်မျှ လက်ရည်တပြင်တည်း စောင့်ရှောက်ဖို့ လိုပါတယ်။"
    ခုလို ဖြစ်ရတာ ဘာကို ပြသလဲ ဆိုတော့
    သိလို့ဖြစ်ဖြစ်
    မသိလို့ ဖြစ်ဖြစ်
    ကျနော်တို့ ရခိုင်တွေ၊ မြန်မာတွေမှာ
    လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု ဆိုတဲ့ Racism ကိန်းအောင်းနေတယ် ဆိုတာကို ပြတာပဲ။
    မြန်မာတွေက ကုလား ဆို
    မြင်တာနဲ့
    မုန်းကြ၊
    ကြည့်မရကြဘူး။
    .
    ReplyDelete
  54. ဗုဒ္ဓ၀ါဒ မှာ "လူ" ကိုသာ အခြေခံတယ်။
    မည်မျှပင် အမျိုးအနွယ်အားဖြင့် ခြားနားပါစေ၊
    ရုပ်ဆင်းသွင်သဏ္ဍန် ကွဲပြားပါစေ
    လူကို "လူ" လို့ပဲ မြင်တယ်။ ဆက်ဆံတယ်။
    ကျနော်တို့ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာ ကို ထိပါးလာမယ့် ရိုဟင်ဂျာ လို ကိစ္စမျိုး ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ။ ခိုးဝင်ဘင်္ဂလီ ကိစ္စ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပါ။
    ဒါပေမယ့် ပြည်တွင်းမှာ နှစ်ရာချီနေထိုင်နေလာခဲ့တဲ့ မွတ်စလင် "ကုလား" တွေကို "ကိုယ့်ပြည်သားတွေ"
    လို့ လက်ရည်တပြင်တည်း ညီညွတ်မျှတဖို့ လိုပါတယ်။
    ဒီလို မဟုတ်ဘဲ မည်းမည်းမြင်သမျှ "ကုလား" ဆိုပြီး
    နှိမ့်ချဆန့်ကျင်ကြတယ် ဆိုရင် ဒါ Racism ပါ။
    ဒီပြဿနာမျိုး လွန်ခဲ့တဲ့ နှစ် ရာချီက အမေရိကားမှာ ဖြစ်ခဲ့ရပြီးပြီ။
    လူသိန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့အထိ ပြည်တွင်းစစ်ကြီးတောင် ဖြစ်ခဲ့ရတယ်။
    "လူမည်းတွေကို လူစာရင်းကို မသွင်းနိုင်ဘူး" လို့ ခါးခါးသီးသီးဆန့်ကျင်နှိမ့်ချခဲ့တဲ့ တောင်ပိုင်းသား
    လူဖြူတွေဟာ လူမည်းကို လူစာရင်း သွင်းရပါ့မလား ရယ်လို့၊ တန်းတူရည်တူ ညီမျှမှု ပေးရမှာစိုးလို့၊
    စစ်တောင် တိုက်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။
    ခု အဲဒီသမိုင်းကြီး ပြတိုက်ထဲမှာ မှတ်တမ်းမှတ်ရာ အပြည့်အစုံနဲ့ ကျန်ခဲ့တယ်။
    ဘယ်သူတွေ မှားတယ်၊ ဘယ်သူတွေ မှန်တယ် ဆိုတာ အထွေအထူး ပြောစရာ မလိုဘူး။
    ဘယ်လိုသော အကြောင်းကြောင့်ပဲ မြန်မာပြည်ကို ရောက်လာ၊ ရောက်လာ၊ ရောက်နေ၊ ရောက်နေ၊
    ဒီလူတွေဟာ ကျနော်တို့တိုင်းပြည်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက အေးအတူပူအမျှ (အေးအတူ
    ပူအမျှ) နေခဲ့ကြတဲ့ သူတွေ ဖြစ်တယ်။
    ကျနော်တို့နဲ့ ဆင်းရဲဒုက္ခအတူ ခါးဆီးခံခဲ့ကြတဲ့သူတွေဖြစ်တယ်။
    သူတို့ဟာ ကျနော်တို့ နိုင်ငံသားတွေ ဆိုတာ အသိအမှတ်ပြု ကို ပြုရမယ်။
    တန်းတူညီမျှ ဆက်ဆံ ကို ဆက်ဆံရမယ်။
    အခွင့်အရေးလည်း ပေးကို ပေးရလိမ့်မယ်။
    ဒါမှ မြန်မာနိုင်ငံဟာ လူ ကို တန်ဖိုးထားတဲ့ လူတန့်ဖိုး ရှိတဲ့ လူ့အဖွဲ့အစည်း ထွန်းကားတဲ့ တိုင်းပြည် ဖြစ်မယ်။
    ဗုဒ္ဓ၀ါဒနဲ့ညီတဲ့အတွက် ဒါမှ ဗုဒ္ဓဘာသာ တကယ်ထွန်းကားတဲ့ တိုင်းပြည် လို့ ခေါ်ဆိုနိုင်မှာ ဖြစ်တယ်။
    .
    ReplyDelete
  55. "အမေရိကား မှာတော့ အေဘရာဟင်လင်ကွန်း က
    " လူမည်းဟာ လူ ဟုတ်မဟုတ် ဆိုတာကိုပဲ ဆုံးဖြတ်ပါ။
    လူ ဆိုရင် ဘုရားသခင်က ချီးမြှင့်ပေးသနားထားတဲ့
    လူတန်းစေ့ လူ့တန်ဖိုးနဲ့အညီ နေထိုင်ခွင့် ရှိရမယ် . . " တဲ့။"
    အမေရိကန်နိုင်ငံ ကို "In God, We trust" . . . လို့ ဘုရားသခင်ကို ယုံကြည်မှုနဲ့ တည်ထောင်ပါသတဲ့။
    တကယ်တော့ ဘုရားသခင် ကို ယုံကြည်တယ် ဆိုတာ ဓမ္မ (၀ါ) တရားမျှတမှု ကို ယုံကြည်တာပါ။
    ခင်ဗျားတို့ ကိုယ် ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေ၊ သာသနာကို စောင့်ထိန်းဖို့လိုတယ် လို့ ယုံကြည်ကြရင်၊
    ခင်ဗျားတို့လုပ်ရပ်တွေဟာ ဓမ္မကြောင်းဖြစ်ဖို့၊ တရားမျှတဖို့ လိုတယ်။ ဒါမှ ခင်ဗျားတို့ရဲ့ ဘုရားကို အမှန်
    တကယ် ကိုးကွယ်ရာ၊ သာသနာကို စောင့်ရှောက်ရာ ရောက်ပါလိမ့်မယ်။
    အဲဒီလိုမှ မဟုတ်ရင်
    ခင်ဗျားတို့ရဲ့ ဘုရားဟာ မတရား မမျှတတဲ့ဘုရား၊ ကိုယ့်အမျိုးပဲ သိတဲ့ဘုရား၊
    ခင်ဗျားတို့ရဲ့ သာသနာဟာ ဓမ္မ မဟုတ်တဲ့ အဓမ္မ သာသနာ ဖြစ်သွားလိမ့်မယ်။
    အမျိုး ဘာသာ သာသနာ ဆိုပြီး ခွဲခြား ဆက်ဆံမှု၊ ဗုဒ္ဓ၀ါဒမှာ မရှိပါဘူး။
    ချိုတူးဇော်
    "ဓမ္မစစ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တိုင်းပြည် ဖြစ်ချင်ရင်. . ."
    .
    ReplyDelete
  56. ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့ တိုင်းပြည်ဟာ လက်ရှိ ပူတာထက် ပိုပူတဲ့ ငရဲကို ကျမှာဗျ
    Sann Win
    ၁၃ - ၂ - ၂၀၁၄
    ဘုန်းကြီးရဟန်း တွေကို ကိုယ်တိုင် ဝေဖန်ဖို့ မပြောနဲ့ သူများက စောင်းကြည့်တာတောင် မခံနိုင်ပါဘူး
    ဒါပေမဲ့ ခုဟာက ဘုန်းကြီးရဟန်း တွေကို မပြောရင် မဖြစ်တော့လို့ ကျွန်နော်တို့ ငရဲကျခံပြီး ပြောနေရတာဘဲဗျ
    ဘုန်းကြီး တွေကို ကျွန်နော်တို့ ပြောလို့ ဝေဖန်လို့ ကျတဲ့ ငရဲက နောက်ဘဝရောက်မှ ကျမှာ
    ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့ တိုင်းပြည်မှာ လက်ရှိ ပူတာထက် ပိုပူတဲ့ ငရဲကို ကျမှာဗျ
    အဲ့တော့လည်း ကျွန်နော်တို့က့ ဘုန်းကြီးရဟန်း တွေကို ပြောရမှာဘဲဗျာ မတတ်နိုင်ဘူး
    ကျွန်နော်တို့ ဘုန်းကြီး တွေကို ပြောတယ် ဆိုတာ နာမည်ခံ မျိုးချစ်ပြနေတာ သာသနာကို ဖျက်နေတာ မဟုတ်ဘူး
    သာသနာကို တကယ်ချစ်လို့ အပျက်စီး မခံနိုင် အညစ်ထေး မခံနိုင်လို့ ကျွန်နော်တို့က ဘုန်းကြီး တွေကို ပြောနေရတာ ဝေဖန်နေရတာပါဗျာ
    Sann Win
    ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့မှာ လက်ရှိ ပူသထက် ပူတဲ့ ငရဲကို ကျမှာဗျ
    ReplyDelete
  57. မျိုးစောင့်ဥပဒေမှာ ဘာသာရေး ပါလာပြီး လူမျိုးမတူ၊ ဘာသာကွဲပြားတဲ့ တိုင်းရင်းသားတွေ စုပေါင်း နေထိုင်တဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်လို့ အမြင်ကျဉ်းကျဉ်းနဲ့ သွားလုပ်လို့ မရဘူး
    ဦးခွန်ထွန်းဦး
    ဥက္ကဋ္ဌ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    ကျနော်လည်း ဗုဒ္ဓဘာသာဝင်တယောက်ပါ။
    လူ့အခွင့်အရေးဘက်ကနေတော့ မပြောချင်ဘူး။ နိုင်ငံရေးအခြေအနေ အရတော့ မျိုးစောင့်ဥပဒေကို မလုပ်သင့်သေးဘူး ထင်တယ်။
    "မျိုးစောင့်ခြင်းဥပဒေ" ဆိုတာ "မျိုး" တော့ စောင့်ပါတယ်။ ဒါပေမယ့် "ဘာသာရေး" ကိစ္စတွေ ပါလာမှာပေါ့။
    ကချင်တွေက ခရစ်ယန်တွေ ၊ ချင်းဆိုရင်လည်း ခရစ်ယန်တွေ ပဲ။ ကရင်ဆိုလည်း ခရစ်ယန်တွေ ပဲ။ သဘောက တိုင်းရင်းသားတွေ အားလုံးက ရောရောထွေးထွေး နေကြတာ။
    "မျိုးစောင့်ရေး" ဆိုတော့ ဘယ်မျိုးကို စောင့်မှာလဲ။ နောက်ပိုင်း အန္တရာယ်ရှိလာနိုင်တာတွေ ရှိတယ်။ အမြင်ကျဉ်းကျဉ်းနဲ့ သွားလုပ်လို့ မရဘူး။
    ကျနော်တို့ နိုင်ငံက အင်အားအရမ်းကြီးတဲ့ နိုင်ငံနှစ်ခုကြားကို ရောက်နေတာ။ ဒါကို ကိုင်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ တွေးရမယ်ဗျာ။
    ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့က အချိန်အခါနဲ့တော့ မကိုက်ညီသေးဘူး ထင်တယ်။
    အန္တရာယ်ကင်း ဘေးရှင်းအောင်တော့ လူ့အခွင့်အရေးကိုပဲ ကိုင်ပြီး ပြောရမလိုဖြစ်နေပြီ။
    အခု မျိုးစောင့်ဥပဒေက နောက်ဆုံးကျရင် ဘာသာရေးတွေ ပါလာမယ်။ ဘာသာရေးတွေ ပါလာရင် နိုင်ငံရေးက ပိုရှုပ်လိမ့်မယ်။
    ညင်ညင်သာသာနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်သင့်တယ်။
    ဒီ မျိုးစောင့်ဥပဒေကြီးကို သမ္မတကပဲ လုပ်လုပ်၊ လွှတ်တော်ကပဲ လုပ်လုပ် စောသေးတယ်လို့ ထင်တာပဲလေ။ ပြောပြန်ရင်လည်း လွန်ရာကျတယ် ထင်ပေမယ့် ကျနော်လည်း ဗုဒ္ဓဘာသာပါပဲ။
    Credit - Irrawaddy
    ဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် အမြင်
    ၁၈-၃-၁၄
    ReplyDelete
  58. မြန်မာနိုင်ငံမှာ မွတ်စလင် ဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တာပဲ.... မွတ်စလင်တိုင်း မကြမ်းတမ်းကြပါဘူး... မွတ်စလင်တွေမှာလဲ နူးညံ့တဲ့ နှလုံးသား ရှိပါတယ်... သူတို့လဲ လူတွေထဲက လူတွေပါပဲ..
    အခုတော့ ဘာသာရေးအစွန်းရောက်တွေ ၊ ၉၆၉ လှုပ်ရှားမှုတွေ နဲ့ ထောင်ထွက်ဘုန်းကြီး တချို့ကြောင့် မြန်မာ-မွတ်စလင် ချစ်ကြည်ရေး ပျက်စီးရတော့မယ်...
    မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာကလဲ မြန်မာလူမျိုး အောက်ခြေလူတန်းစားတချို့က မွတ်စလင်တွေ ရှိတဲ့ နေရာမှာ သွားပြီး သောင်းကျန်းကြတာပါ.. ဒါကြောင့် အသတ်ခံရတာပါ... ဘာ မှမဟုတ်တဲ့ ပြသနာလေးကို ပုံကြီးချဲ့ကြတော့ အခုလို အပြစ်မဲ့ မြန်မာတွေ အသတ်ခံရတာပဲလေ... ဒါကို သင်ခန်းစာ ယူကြပါ။
    မွတ်စလင်တွေကိုရော၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အနိုင်ကျင့်ခံနေရလို့ လူလူချင်း စာနာပြီး အမှန်ဖက်က ရပ်တည်ပေးတဲ့ မွတ်စလင်တွေဖက်က ရပ်တည်ပေးတဲ့ မြန်မာတွေကိုရော အရှက်မရှိ ဆဲနေကြတဲ့သူတွေကို တခုတော့ ပြောချင်ပါတယ်... ရှင်တို့ရဲ့ အဆင့် မရှိတာကိုတော့ လူတကာ သိသွားတာပါပဲ
    ReplyDelete
  59. ငတုံး နာဇီတွေ များတဲ့ မြန်မာနိုင်ငံ
    ဒီမို ဖက်တီး
    ၉-၄-၁၄ ရက်နေ့
    မနေ့ညက ဖတ်လိုက်ရတယ်။ ရန်ကုန်က ရပ်ကွက်တစ်ခုမှာ အသားမဲမဲ ကလေး တစ်ယောက်ကို လူသုံးယောက်က ပါးပိတ်ဝိုင်းချနေကြတာ။ လူတွေကလည်း အုံလာပေါ့။ "ရပ်ကွက်ကို ကုလားမီးရှို့ ဖို့ကြံစည်တယ်" လို့ စွပ်စွဲကြတာ။
    အဲသည်မှာပဲ NLD အဖွဲ့ဝင်တစ်ယောက်က ကြားဝင်ပြီး အသေအချာ စစ်လိုက်တော့ ရေသန့်ဗူးခွံထဲမှာ အ၀တ်စ ကို ကော်ဆွတ်ထားပြီး ထည့်ထားတာ ..... သူငယ်ချင်းတွေနဲ့အတူ ကော်ရှုမလို့တဲ့ .....
    အသားမည်းပြီး ကုလားရုပ် ထွက်ရင် မြန်မာနိုင်ငံမှာ ဗျင်းခံရဖို့ များနေပြီ ....
    ဟိုကုလား .. ဒီကုလား .. မဟုတ်ဘူး ... အော်ကုလားပဲ ....
    (ကော်နံ့နှင့် ဓါတ်ဆီနံ့ကိုတောင် မခွဲနိုင်တဲ့ ငတုံး နာဇီတွေ က များသားလား။)
    ဒီမို ဖက်တီး
    ReplyDelete
  60. .
    ကိုထိုက်
    ၂၁၊ ၈၊ ၁၄ ရက်နေ့
    "ချကွ၊ နှက်ကွ၊" ဆိုပြီး အားပေးနေခဲ့သူတွေ၊ ဖွခဲ့တဲ့လူတွေ ... အခုဘာတွေများ လုပ်ပေးနိုင်သလဲ မသိဘူး။
    မိတ္ထိလာ ဒုက္ခသည်စခန်းမှာ ရှိတဲ့ လူပေါင်း ၃ ထောင်ကျော်။ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်ဆလင်ဘာသာ ဝင်တွေရော။
    အခု တစ်နှစ်ကျော်ကျော် ဝန်းကျင်ရောက်မှ အဲဒီ စခန်းက လူတစ်ဝက်လောက် အိမ်ပြန်ရတယ်။ ဒါတောင် ပြန်ရတဲ့ အိမ်တွေ၊ နေရာတွေက အဆင်မပြေဘူး ဆိုတယ်။
    အဲဒီ လူတွေရဲ့ ဘဝတွေ ပျက်သွားခဲ့တာတွေကို .... "ချကွ ... နှက်ကွ ..." အားပေးနေခဲ့သူတွေ ... ဘယ်သူများ တာဝန်ယူ ဆောင်ရွက်ပေးနိုင်မလဲ မသိဘူး။
    ဒီလိုတွေ မဖြစ်စေချင်လို့ ဒါတွေကို ကြိုမြင်လို့ ... မုန်းတီးတာတွေ အကြမ်းဖက်တာတွေ မလုပ်ဖို့၊ မဖြစ်ဖို့ တားနေခဲ့တာပါပဲ။
    အသိတရားနဲ့ သင်ခန်းစာ ယူနိုင်ကြပါစေ ... လို့ပဲ ...
    ကိုထိုက်
    မိတ္ထိလာဒုက္ခသည်စခန်းက ဗုဒ္ဓဘာသာဝင်တွေ
    အများအပြား အပါအဝင် လူ ၃ဝ၀ဝ ကျော် ဘဝပျက်သွားတာကို "ချကွ ... နှက်ကွ ..." အားပေးနေခဲ့တဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဝင် တွေထဲက ဘယ်သူကများ တာဝန်ယူ ဆောင်ရွက်ပေးနိုင်မလဲ မသိဘူး။
    .
    ReplyDelete
  61. တင့်တင့်September 30, 2014 at 11:33 AM
    ကျွန်မလဲ ဗုဒ္ဓဘာသာဝင်ပါ။
    ဒါပေမဲ့ ဘုရား သင်္ကံန်းခြုံပြီး
    လူတွေကို မကောင်းနည်းလမ်းပြ
    ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာခြားတွေနဲ့ ရန်တိုက်
    အလုပ်မလုပ် အလှူခံစား
    လိုချင်တဲ့ စည်းစိမ်ရတော့ လူထွက်
    လူအလုပ်တွေ လုပ်တဲ့
    လိမ်စားနေတဲ့ လူတွေကို
    အရမ်း ကြည့်လို့မရကို ဖြစ်နေပါပြီ။
    ReplyDelete
  62. ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်
    ဟောကိန်း
    ============
    Zaw Myint Aye
    ၂၀၁၅၊ ဩဂုတ် ၃၁
    မာမီဂျိမ်း လဲ.. စထွက်လာတုန်းကတော့..
    တကဲ့ကို ခံယူချက်ရှိတဲ့...
    တိုင်းပြည်ချစ်တဲ့သူလိုလို...
    လူမျိုးခြား လွှမ်းမိုးတာ မခံချင်သူလိုလို...
    ဘာလိုလိုပေါ့...
    ဘာသာတရားရဲ့..
    သူရဲကောင်းတစ်ယောက်လိုပါပဲ.....
    နေမျိုးဝေ လဲ စထွက်လာတုန်းကတော့..
    နင်းပြားတွေအတွက်.. သူရဲကောင်းတစ်ယောက်လိုပေါ့..
    လယ်သမားတွေ... သူ့ကို အရမ်းချစ်ခဲ့တာပေါ့.....
    ရဲမိုး
    လဲ စထွက်လာတုန်းကတော့..
    စစ်သားစစ်စစ်တွေဘက်က လိုက်သလိုလို ဘာလိုလိုနဲ့....
    ကကကြည်းကိုတောင် ပြန်ပြီး သမလိုက်သေးတယ်.....
    ရဲထွဋ်
    လဲ.. စထွက်လာတုန်းကတော့..
    တကယ်ကို ရိုးစင်းတဲ့ဘ၀ကို လိုလားသလိုလို.. အထာနဲ့..
    လမ်းဘေးဝက်သားတုတ်ထိုးတောင်.. ထိုင်စားပြလိုက်သေးတယ်.....
    အမြင့်ဆုံးကိုပြရင်..
    ဦးသိန်းစိန် ကိုယ်တိုင်ကိုက.. စထွက်လာတုန်းကတော့..
    တကဲ့ ဒီမိုကရေစီဖခင် ဖြစ်မလိုလို..
    ပြုပြင်ပြောင်းလည်းရေးသမားလိုလို..
    နိုဘယ်လ်ဆုပဲ ရမလိုလိုနဲ့..
    သူရဲကောင်း တစ်ယောက်လိုပဲလေ.....
    ---------------
    အဲဒီလိုပါပဲ...
    စထွက်လာတဲ့အချိန်မှာ..
    ဆင်းရဲပြီး ပညာရေးအားနည်းလို့
    ဆင်ခြင်ဥာဏ်တွေ နိမ့်ပါးတဲ့..
    ပြည်သူတွေအကြိုက်ကို လိုက်ပြီး
    လုပ်ပြကိုင်ပြ... အမှတ်တွေယူပြီး..
    နောက်ဆုံးမှာ...
    ပင်ကိုယ်စိတ်ရင်း ရိုးသားမှု မရှိတာကြောင့်..
    မျက်နှာဖုံးတွေ ကွာကျသွားပြီး..
    အစွယ်တငေါငေါနဲ့ တွေ့လာရတဲ့
    သူတွေရဲ့.. အနေအထားတွေဟာ....
    ဒီ ငါးနှစ်အတွင်းမှာ...
    ကျွန်တော်တို့ ရခဲ့တဲ့..
    အကောင်းဆုံး..
    အတွေ့အကြုံတစ်ခုပါ..
    အခုလဲ....
    ဒီလိုမျိုးတွေ ထပ်တွေ့လာဖို့..
    အရိပ်အယောင်တွေ..
    တွေ့လာရပါတယ်..
    ထပ်ပြီး ဖြစ်လာဦးမယ်လို့..
    ဟောကိန်းထုတ်လိုက်ပါတယ်...၊
    အားလုံး လိမ္မာပါးနပ်ပြီး..
    ကိုယ့်ဘက်က လူကျွံဘော...
    မပေးမိကြဖို့ပါပဲ...
    ( Pa Yit )
    ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်
    ReplyDelete
  63. သူများယောင်လို့ယောင်ရတယ်၊
    ၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
    တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ
    "အရိုးကို စည်းရိုးထိုးမယ်" လို့ အော်နေတုန်း
    တရုတ်တွေက သစ်ပင်တွေ ဝင်ခုတ်သွားပါတယ်။
    "ကျုပ်နှမလေး ကုလားနဲ့ ညားမှာစိုးလို့ မျိုးစောင့်ရတာ" လို့ အော်ရင်း
    ဓားထမ်းပြီး သူ့ခြင်ထောင်နား ထိုင်စောင့်နေတာ
    တရုတ်ကြီးနဲ့ ဗိုက်တလုံး ထွက်လာမှ
    သူ အိမ်ဖော် သွားလုပ်နေတာ သိလိုက်ရတယ်။
    "ကုလားပစ္စည်းတွေကို အားမပေးကြနဲ့" လို့ အော်နေတုန်း
    အပေါ် မော့ကြည့်မှ
    တဝီဝီနဲ့ အာရပ်က လေယာဉ်တွေ ပျံနေတာ တွေ့လိုက်ရပါတယ်ဗျာ။
    ဒေါ်စုကို "ကုလားမယား၊ သာသနာဖျက်၊ အမျိုးဖျက်" လို့ အော်နေတုန်း
    အစိုးရက မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်း၊
    သံဃာတော်တွေကို ထောင်ချ၊
    လယ်တီသိမ်တော်ကို ဖြိုချလိုက်ပါတော့တယ်။
    Raven Black
    သူများယောင်လို့ယောင်ရတယ်၊
    ၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
    တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ
    ReplyDelete
  64. ၄-၁၀-၁၅ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ် ဆိုပါလား
    နယ်လှည့်ပါးရိုက် အုန်းမြင့်က ဘာသာရေးမီး မွှေးနေပါလား
    (( Ohn Myint wrote -
    အမျိုးဘာသာသာသနာ
    ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
    သာဓု သာဓု သာဓု ပါ။
    ဂုဏ်ယူမဆုံး တစ်မျိုးသားလုံး။
    အောင်ပွဲအလီလီ ထပ်ဆင့်ချီ
    အောင်ပြီ အောင်ပြီ အောင်ပြီ။ ))
    အဟေဟေ......
    မောင်အုန်းမြင့်တို့ကတော့ မျိုထား ဆို့ထားတာတွေ အစိုးရသစ်လက်ထက်မှာ ပြန်အန်ထုတ်ရမှာစိုးတာရယ်.... ထပ်မခိုးရတော့မှာရယ်တွေးကြောက်ပြီး... ကယောင်ကတန်း ဘာသာရေးမီးတွေ ထ မွှေးနေတော့တာပဲ....
    ပြောင်ကြီး - ကိုလည်း အတင်း မ လို မ နဲ့...မြင်မကောင်းဘူး.........
    သီတဂူဆရာတော်ကြီး မိန့်ကြားချက် နားထောင်ပြီးပြီလား.. မောင်အုန်းမြင့် ဟဲဟဲဟဲ
    ReplyDelete
  65. အောင်ဇော်မိုးOctober 6, 2015 at 2:57 AM
    ရန်ကုန်မှာရှိတဲ့ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအင်အားကို ဘယ်လောက်ရှိလဲ ဆိုပြီး ထုတ်ပြသွားတဲ့ပွဲကို ဘာပွဲလို့ခေါ်လဲ သိလား
    မျိုးစောင့်ဥပဒေအောင်ပွဲတဲ့
    ၄-၁၀-၁၅၊ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်း
    မျိုးစောင့်ဥပဒေအောင်ပွဲတဲ့
    ကြံ့ဖွတ်ရုံးက သွားလိုက်ကြတာ သွားလိုက်ကြတာ
    လိုက်ထရပ်တွေ ဒိုင်နာတွေနဲ့ သာသနာ့အလံတစ်ဖက် နိုင်ငံတော်အလံတစ်ဖက်
    သူ့ချည်းပဲလား ဆိုတော့ ဟုတ်သေးဘူး
    ကိုသိန်းစိန် ပုံကြီးလည်း ပါလို့
    ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်တဲ့
    မသိလို့ မေးပါရစေ
    လယ်တီသိမ်ကို ဖျက်ဆီးပြီး ဘုန်းကြီးတွေကို တုတ်စာကျွေး မီးလောင်ဗုံးကျွေးတဲ့သူက ဘယ်လို စောင့်ရှောက်မှာလဲဟင်
    ဆန္ဒပြပွဲ ဝင်ပါတဲ့ သံဃာက တုတ်စာမိပြီး အနာခံရတယ်
    ကုလားအကြောင်း ပြောပြီး အမျိုးချစ်ပြ ကြံ့ဖွတ်အတွက် မဲဆွယ်တဲ့ ဆရာတော်ကျ အာရဖတ်ကားကြီး စီးပြီး အသာစံရတယ်
    နောက်ကွယ်က ထောက်ပံ့မှုက ကြီးတာကိုး
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။