Pages

“ငါတို့တသက်ယုံကြည်ချက်” နိုးဆော်လွှာ (မြ၀တီ ရဲခေါင်)


ပြည်သူလူထုသတိပြု ။ ။ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၁)
ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံး (က) စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ (ခ) ယမ်းငွေ့ပြယ်ပြီး ကြေးစည်တီးသံ ဘဝဂ်ညံ သွားတဲ့ ငြိမ်းချမ်းရေး၊ (ဂ) သူပုန်မရှိတဲ့ငြိမ်းချမ်းရေး၊ (ဃ) စစ်တပ်မလာတဲ့ ငြိမ်းချမ်းရေး၊ (င) ပြည်တွင်းစစ်မရှိတဲ့ ငြိမ်းချမ်းရေး၊ (စ) တိုက်ပွဲမရှိတော့တဲ့ ငြိမ်းချမ်းရေး၊ (ဆ) ပေါ်တာမဆွဲတော့တဲ့ ငြိမ်းချမ်းရေး၊ (ဇ) ဆက်ကြေး ဂိတ်ကြေး မပေးရတော့တဲ့ ငြိမ်းချမ်းရေး၊ (ဈ) စစ်တပ်က လာလာဖမ်းပြီး မိုင်းဗုးံမြှပ်ထားတဲ့ လယ်တွေမှာ အသေခံခိုင်းတဲ့ဘဝက လွတ်မြောက်သွားကြတော့မဲ့ ငြိမ်းချမ်းရေး၊ (ည) စစ်တပ်က ခဏလိုက်ခဲ့ပါလို့ ခေါ်သွားတဲ့သူ မှန်သမျှ သပိတ်သွတ်လိုက်ကြရတဲ့ အဖြစ်မျိုး မရှိတော့တဲ့ ငြိမ်းချမ်းရေး၊ (ဋ) သူပုန်နဲ့ စစ်သား သူငယ်ချင်းချင်း အမြင်မှား + ညီအစ်ကိုချင်း အထင်မှားပြီး မသတ်ရတော့တဲ့ ငြိမ်းချမ်းရေး၊ (ဋ္ဌ) စွန့်စားရဲတဲ့ ကျောင်းသားအားလုံး တောမခိုရတော့တဲ့ ငြိမ်ချမ်းရေးကို အလိုရှိသူမှန်သမျှ မကြောက်တရား လက်ကိုင်ထားပြီး တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။




(၂)
(က) ရွှေအာမခံရှိတဲ့ ရွှေစက္ကူ၊ (ခ) တန်ဖိုးမကျ မဖေါင်းပွတဲ့ ရွှေစက္ကူ (ဂ) ကမ္ဘာ့ဘဏ်မှ အာမခံမဲ့ ရွှေစက္ကူ၊ (ဃ) ဒီမိုကရေစီ တခေတ်လုံး စိတ်ချလက်ချ သုံးနိုင်ကြရမဲ့ ရွှေစက္ကူ၊ (င) တကမ္ဘာလုံးလှည့်ပြီး သုံးနိုင်မဲ့ ရွှေစက္ကူ (စ) မျက်နှာကြီး လိုသမျှပစ္စည်းကို ၀ယ်လို့ရမဲ့ ရွှေစက္ကူ။ (ဆ) ဘ၀င်မဆူ ရင်မပူတော့တဲ့ ရွှေစက္ကူ၊ (ဇ) ရှစ် ၄ လုံး အရေးအခင်း ကာလနဲ့ လက်နက်မဲ့ ဒီမိုကရေစီ တိုက်ပွဲကာလအတွင်း ကျဆုံးခဲ့ရတဲ့သူများအတွက် အထောက်အထားခိုင်လုံသူ မှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ဈ) စစ်အာဏာရှင် တော်လှန်ရေးကာလ စစ်မြေပြင် အသီးသီးမှာ ကျဆုံးသွားကြရတဲ့ ရဲဘော်များအတွက် အထောက်အထား ခိုင်လုံသူမှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ည) စစ်အာဏာရှင် တပ်များရဲ့ ကိုယ်ချင်းမစာ ညာတာမှုမရှိ ဥပဒေမဲ့ မတရားနှိပ်စစ်ခြင်း ခံရတာကြောင့် ဒုက္ခိတဘ၀ ရောက်သွားကြရတဲ့ ပြည်သူများ၊ မုဒိမ်းကျင့် ခံလိုက်ရတဲ့ အမျိုးသမီးများနဲ့ အသတ်ခံလိုက်ရတဲ့ ပြည်သူများအတွက် အထောက်အထား ခိုင်လုံသူမှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ဋ) တပ်မတော်ထဲက ဒီမိုကရေစီ လိုလားတဲ့ ဗိုလ်၊ အကြပ်၊ တပ်သားမှန်သမျှ (နအဖ) ခေတ်ပျောက်၊ ဒီမိုကရေစီ ခေတ်အရောက် ရွှေစက္ကူကို သုံးလိုကြလျှင် ဦးနှောက်ဥာဏ်သုံး အချိန်မဖြုန်းပဲ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၃)

(က) ရေ၊ မီး၊ မင်းဆိုး၊ သူခိုး၊ လာတ်စား၊ ဒီရန်သူမျိုးငါးပါးက လွတ်ကင်းပြီး ပြည်သူက ရွေးကောက် တင်မြှောက်လိုက်တဲ့ မင်းကောင်းမင်းမြတ်များ လက်ထက် ကုန်ဈေးနှုန်းတွေ ပြန်ကျ အိမ်ရှင်မတိုင်း ၀မ်းသာ၊ ရဟန်းတော်တွေ ကြွလာတိုင်း ရွှင်ရွှင်ပြပြ ဆွမ်းလောင်းနိုင်တဲ့ ဘ၀ကို ပြန်ရောက်ချင်ရင်၊ (ခ) မဆလ လက်ထက်က လျှော်ကြေးမပေးပဲ ပြည်သူပိုင် အသိမ်းခံလိုက်ရတဲ့ စက်ရုံ၊ အလုပ်ရုံကြီးတွေ မှန်သမျှ ပိုင်ရှင်တွေ ပြန်ရပြီး၊ (ဂ) နိုင်ငံခြားသွားလိုသူ မှန်သမျှ ရန်သူမိတ်ဆွေ မခွဲခြား (ပစ္စည်းမယူ၊ လူကိုမဖမ်း၊ တားဝရမ်းမထုတ် လာတ်မပေးရပဲ) လွတ်လပ်စွာ သွားနိုင်တဲ့ ခေတ်ကို တကယ် ရောက်စေလိုလျှင်၊ (ဃ) မဆလခေတ်မှာ ပြည်သူပိုင် အသိမ်းခံလိုက်ကြရတဲ့ တောင်သူလယ်သမား၊ ဦးကြီးများရဲ့ ဓါးမဦးချ လယ်ယာ ဥယာဉ်များနဲ့ မြို့ပေါ်က မြေပိုင်ရှင်တွေရဲ့ ဂရန်မြေတွေကိုလည်း မူလပိုင်ရှင်တွေလက်ထဲ အချိန်မဆွဲပဲ ပြန်ရောက်ချင်ရင်၊ (င) လေးနှစ်တခါ တက်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ အညီ (အလုပ်သမား၊ ရုံးအမှုထမ်းများနဲ့ လက်နက်ကိုင် စစ်သား၊ ရဲအမှုထမ်းများ အားလုံး) ရှားပါးစရိတ် ထပ်ထပ်တိုးပြီး၊ (စ) သြစတြေးလျား နိုင်ငံမှာလို လခစားမှန်သမျှ (ဘိုင်ကျတဲ့အချိန်၊ လ၀က်ကိုတကြိမ်) လစာလုပ်ခ ထုတ်ပေးတဲ့ခေတ်နဲ့ (ဆ) လမ်းဘေးဈေးသည် မြင်းလှည်း၊ ဆိုက်ကား အောက်ခြေလူတန်းစားများအတွက် ဒီမိုကရေစီ အစိုးရများ လက်ထက် နေ့ပြန်တိုးစနစ်အရ အစိုးရဘဏ်များက ငွေထုတ်ချေးသွားတာကို မြင်ချင်ရင်၊ (ဇ) လင်လုပ်သူ စစ်ဘိုယ်ရဲ့အမှားကြောင့် (သားမယားနဲ့ ဘာမှမဆိုင်) လူဘုံအလယ်မှာ မျက်နှာမငယ်ပဲ ၀င်ထွက်သွားလာ ဘေးကင်းကွာပြီး လွတ်လပ်စွာ ရောင်းဝယ်တွယ်တာတဲ့ အလုပ် ဘယ်တော့မှ မပြုတ်ပဲ ခပ်သွက်သွက် ကျောင်းသွား ဘေးရန်မများတဲ့ ဘ၀မှာ အကျမနာစေလိုလျှင် (ဈ) ဘိုယ်ရှုပ်ကြီး သန်းရွှေ နှုတ်မိန့်အရပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် ခိုင်းစေချက်ကို မလွန်ဆန်ဝံ့လို့ (မတရားမှန်း၊ မမှန်မှန်း၊ မကောင်းမှန်း သိပါလျက်) မိမိနောင်ရေးအတွက် စစ်ထုံးစံအတိုင်း လုပ်မိသူမှန်မျှ သက်သေပြပြီး အဲဒီအပြစ်တွေက လွတ်ချင်ရင် တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၄)

(က) မဆလခေတ်ကစပြီး ရဲအဖွဲ့ တခုလုံးကို ကျွန်သားပေါက်လို လုပ်ထားခြင်းမှ လွတ်မြောက်လိုကြလျင် (ခ) ဘိုယ်နေ၀င်းလက်ထက် သူ့ကိုယ်ကျိုးအတွက် သူတသက် သူစိတ်ကြိုက် လုပ်လာခဲ့တဲ့ ဗမာ့တပ်မတော်ကို ပြည်နယ်သားများ အထင်မမှားအောင် ပြည်ထောင်စု တပ်မတော်လို့ အမည်ပြောင်းပြီး (ဂ) အဲဒီတပ်မတော် ဖွဲ့စည်းပုံကိုလည်း လူမျိုးအလိုက် တပ်တွေကို မခွဲပဲ အကုန်ရောနှော ဖွဲ့စည်းသွားရမည့်အပြင် (ဃ) တပ်မတော်တခုလုံးရဲ့ ကြည်း၊ ရေ၊ လေ စစ်ဦးစည်း နေရာများကိုလည်း လူမျိုး၊ ဘာသာမရွေး (ကြည်း၊ ရေ၊လေ) တပ်များမှာ စစ်ဝါအရင့်ဆုံး အရည်အချင်း အပြည့်ဆုံး၊ အပြစ်ကင်းဆုံး၊ အမြင်အကျယ်ဆုံး၊ ပြည်ထောင်စု စိတ်ဓါတ်အရှိဆုံး၊ လူမျိုးခွဲခြားမှု မရှိဆုံး ဒီမိုကရေစီကို ယုံကြည်လေးစား တန်ဖိုးထားတဲ့ အထက်တန်းအရာရှိများကသာ အလှည့်ကျ တရားမျှတ သဘာဝကျကျ ရယူလုပ်ကိုင် သွားစေလိုလျှင် (င) ကမ္ဘာာကျော် ရွှေကြိဂံနယ်မြေကိုလည်း ကုလသမဂ္ဂ အကူအညီနဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားပြီး (စ) ပြည်ထောင်စု တပ်မတော်အတွင်းမှာလည်း (ပြည်ထောင်စု အစိုးရနဲ့ ကုလသမဂ္ဂ အထောက်အပံ့ခံ) ဘိန်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့တခုကို သီးခြားလေ့ကျင့် ဖွဲ့စည်းထားကာ (ဆ) ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နယ်ခြားလုံခြုံရေး၊ နယ်ခြားလမ်းပမ်း ဆက်သွယ်ရေး၊ နယ်ခြားမြို့သစ်များ တည်ထောင်ရေး၊ နယ်ခြားအမျိုးသား မှတ်ပုံတင်ဌာနခွဲများ ဖွင့်လှစ်ရေး လုပ်ငန်းများကိုလည်း ပြည်ထောင်စု တပ်မတော်နဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်သွားကြလျက် (ဇ) ပြည်နယ်တိုင်းဟာလည်း လူမျိုးစုံ ပြည်ထောင်စု တပ်မတော်ရဲ့ လက်အောက်ခံ ပြည်နယ်တပ်များ အညီအမျှထားရှိတာကို တွေ့မြင်လိုကြလျှင် မကြောက်မရွံ့ နောက်မတွန့်ပဲ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၅)

(က) လျှပ်စစ်မီးက ခဏခဏ ပျက်၊ အနေကြပ်၊ အစားကြပ်၊ အသွားအလာကြပ် ညဘက်မှာလည်း စာမဖတ်ရတော့တဲ့ ဘ၀က လွတ်မြောက်ချင်ရင် (ခ) ကျောင်းတွေကို ခဏခဏပိတ် ပညာရေးစရိတ် ပိုပို ကြီးလာပြီး ပညာရေးအဆင့်အတန်း နှိပ်ကျသွားတဲ့အတွက် ကမ္ဘာာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ ဘ၀က လွတ်မြေက်ချင်ရင် (ဂ) လျှပ်စစ်မီးအား ပြတ်တောက်သွားလို့ သောက်ရေ၊ သုံးရေ မလုံလောက် အိမ်တွင်း စစ်မှု လုပ်ငန်းလေးတွေပါ ဆိုင်းဘုတ်ပျောက်သွားရတဲ့ အဖြစ်ဆိုးက လွတ်မြောက်ချင်ရင် (ဃ) မီးသွေးက ဈေးကြီး မီးဖိုချောင်ပစ္စည်းက ဈေးတက် အဲဒီကြားထဲ မိလ္လာရေကပါ ပြတ်ပြတ်လာလို့ အိမ်သာရှိပါလျက် ဖင်ဆေးရခက်တဲ့ ဘ၀က လွတ်မြောက်ချင်ရင်…တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၆)

(က) အစာရေစာ ရှားပါးလာပြီး လေမုန်တိုင်းကျ ရေကြီး၊ မီးလောင် တက်တက်ပြောင်တဲ့ ဒုဗ္ဘိက္ခ န္တရကပ်၊ HIV နဲ့ AIDS ရောဂါတွေ ပြန့်နှံ့နေတဲ့ ရောဂန္တရကပ်၊ သားစဉ်မြေးဆက် တရက်မပြတ် တို့လူမျိုးချင်း ပြန်ပြန်သတ်နေရတဲ့ သတ္ထန္တရကပ် ဆိုတဲ့ ကပ်ကြီးသုံးပါးက လွတ်မြောက်သွားချင်ရင် (ခ) ဥပဒေပြု လွှတ်တော်က ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေရယ်လို့ လုံးဝမရှိတဲ့ သူပုန်နယ်မြေနဲ့၊ ဥပဒေနဲ့ တရားရုံးများ ရဲဌာနများ အထင်အရှား ရှိပါလျက် စစ်တပ်ကို ကြောက်နေကြရတဲ့ ရဲအရာရှိနဲ့ ထမိန်ခြုံ တရားသူကြီးများကြောင့် စစ်တပ်က ကျူးလွန်ထားတဲ့ ပြစ်မှု မှန်သမျှ ဘယ်ကိုမှ တိုင်လို့လည်း အကြောင်းမထူး၊ တရားစွဲလို့လည်း မရတဲ့ ဘ၀က လွတ်မြောက်ချင်ရင်၊ (ဂ) ဘုရားကအောက် မျောက်က အထက်ဆိုသလို အစိုးရက စစ်တပ်အောက် အစိုးရအထက် စစ်တပ်ရောက် သူတို့ရဲ့ အမိန့်က အဓိက၊ တရားဥပဒေက သာမည ဖြစ်နေတဲ့ ခေတ်နဲ့ ပြည်သူတွေရဲ့ အမြင်မှာ နှစ်ပေါင်းများစွာ (စစ်တပ်ရော သူပုန်ပါ) လက်နက်ရှိသူတွေသာ ဗိုလ်ကျလာတဲ့ ခေတ်ကို ချုပ်ငြိမ်းသွားစေလိုလျှင် (ဃ) ရှေ့အဖို့ ဒီမိုကရေစီ အစိုးရများ အာဏာရတဲ့အချိန်တိုင်း (ဖဆပလ) ခေတ်က ရောင်စုံသူပုန် ထကြတဲ့ အခြေအနေမျိုးနဲ့ (ပထစ) သန့်ရှင်းအစိုးရလက်ထက်မှာ စစ်တပ်က အာဏာလုတာ ခံလိုက်ကြရတဲ့ အဖြစ်မျိုး ထပ်မံမဖြစ်ပွား မီးသေသွားတာကို မြင်လိုလျင်- တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဆွေးမနေနဲ့၊ ပြေးမနေနဲ့၊ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

စည်းမကျွံ၊ နယ်မကျွံ ဘောင်မလွန်ပဲ ရဲရဲ လုပ်ပါ၊ တို့ဘက်က မမှားစေနဲ့ သတိထား၊ မြန်မာနိုင်ငံအတွင်း မြို့တမြို့က လူအားလုံးကို သိမ်းကျုံးဖမ်းချူပ် (နို့စည်ဗူးထဲက နှမ်းတွေလို) ဆံ့အောင် လုပ်နိုင်တဲ့ ထောင်မျိုး တထောင်မှ မရှိ။ ထို့အတူ နောက်လိုက် ရဲဘော်များမပါပဲ စစ်ဗိုလ်တွေချည်း မြို့တမြို့ကို သိမ်းနိုင်တာ ဒီကမ္ဘာဘယ်မှာမှ မရှိ မယုံရင် စမ်းကြည့်။

(မြ၀တီ) ရဲခေါင်
လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်


မြ၀တီ ရဲခေါင်ရဲ့ ကိုယ်ရေး ရာဇ၀င်အကျဉ်း ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။



36 comments:

  1. များပြားလိုက်တဲ့  လိုအပ်ချက်တွေ ၊ အဘ ဦးရဲခေါင်က အတော်လေး စိစိပေါက်ပေါက် ထောက်ပြပြီး ရေးသွားနိုင်လိုက်တာ ။
    ဒီလို အားလုံး ပြီးပြည့်စုံ လာရင် အတိုင်းထက်အလွန်ပါဘဲနော် .. .. ..
    အဲ့ ဒီ တနေ့ နေ့  တချိန်ချိန်ကို ၊
    မျှော်လင့်ခြင်းများစွာနဲ့  မျှော်နေကြဆဲပါ မငယ်နိုင်ရေ ...

    ReplyDelete
  2. ဒီစာမျိုးကို လိုရင်းတိုရှင်း ထပ်ချုပ်ပြီး မြန်မာပြည်က လူထုကြားထဲ ပျံ့နှံ့အောင်လုပ်နိုင်ရင်
    ပိုကောင်းမယ်ဗျာ့ မငယ်နိုင်။
    ပြည်တွင်းကအင်အားက အဓိကပဲ။ တနိုင်တပိုင် ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားဖို့လိုတယ်။ ပိုစ့်အဖြစ်နဲ့ကျတော့ ဖတ်နိုင်တဲ့ လူကသိပ်မများဘူး။ အင်တာနက်ဆိုင်တွေကလဲ အမြဲ စောင့်ကြည့်နေသူတွေရှိတော့ လူတွေက ပေါ်တင်မဖတ်ရဲဘူးဗျ။ ကျွန်တော်ကအစပဲ။ စာအဖြစ်ဖြန့်ဝေနိုင်ရင်ဖြစ်စေ၊
    ရင်းနှီးတဲ့ သူအချင်းချင်းဖြစ်စေ စည်းရုံးနိုင်မှ ပိုမြန်မယ်အမ။ အခုပဲ ဘာလိုလိုနဲ့ ၂၀၀၉ကုန်တော့မယ်။ စည်းရုံးရေးကောင်းကောင်းမလုပ်နိုင်ပဲ တဦးစ၊ နှစ်ဦးစ စွန့်စားရတာ နယ်ရုပ်လေးတွေ အလကားထိုးကျွေးနေသလိုပဲ
    ဖြစ်မယ်။

    ReplyDelete
  3. Kiki ရေ- အဘက အင်္ဂလိပ်ခေတ်မှာ မွေး အင်္ဂလိပ်ခေတ်မှာ ကြီးခဲ့ပြီး ခေတ်တွေ အားလုံးကို မီခဲ့သူဆိုတော့ ဒီမိုကရေစီ အစိုးရဆီက အာဏာနဲ့ ပြည်သူတွေဆီကလည်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို ဓါးမြတိုက်ယူခဲ့ပြီး ဒီမိုကရေစီ စနစ်ကနေ အဏာရှင် စနစ်ကို နေ့ချင်းညချင်း ကူးပြောင်းသွားတဲ့ အိပ်မက်ဆိုးကြောင့် အာဏာရှင်စနစ်အောက်မှာပဲ မွေးပြီး ကြီးပြင်းခဲ့တဲ့ ကျွန်မတို့ထက် သူ့မှာ ခံစားချက် ပိုများပြီး ပြောစရာ ပိုများမှာ သေချာပါတယ်။

    အမည်မသိရေ- အကြံပြုတာ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း လက်လှမ်းမီသလောက်သာ တဆင့် ပြန်တင်ပေးနိုင်ပြီး ဒါတွေကို ဘလော့ဂ်စာမျက်နှာပေါ်ကနေ ဘယ်လောက်မှ ထိရောက်အောင် မဆောင်ရွက်နိုင်ဘူးဆိုတာ သိပေယ့်လည်း ဒီ Message တွေကို အခု အမည်မသိလို တယောက် သိရင်လည်း တယောက်အဖို့ အမိမြန်မာပြည်မှာ တခြားကမ္ဘာနဲ့ မတူပဲ ဖြစ်ပျက်နေတာကို စဉ်းစား ချင့်ချိန် အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

    ReplyDelete
  4. တကယ်လည်းဖြစ်ပျက်နေပြီ တကယ်လည်းလိုအပ်နေတာတွေပါလားနော်... တိုင်းပြည်တစ်ခုလုံး က ကြီးကနေ ပြန်စမှရမယ်ထင်တယ်...

    ReplyDelete
  5. တကယ့်ကို ကောင်းတဲ့ post ၁ခုပါ

    ReplyDelete
  6. အမရေ စာလာဖတ်သွားတယ်။တလခွင့်ပြန်ဦးမယ်။လာနှုတ်ဆက်တာပါ။နောက်လမှ အမ စာတွေ တဝလာဖတ်မယ်ဗျာ။ပျော်ရွှင်ပါစေ အမရေ။ကျွန်တော် စာအသစ်တွေ ရေးထားခဲ့သေးတယ်။

    ReplyDelete
  7. အားမလျော့စေချင်တဲ့အတွက် အားပေးနေပါကြောင်း အဘနဲ့ တွေ့ရင်ပြောပေးပါ...

းဝ)

    ReplyDelete
  8. ပို့စ်နဲ့ပတ်သက်ပြီး မှတ်ချက် ပေးသွားသူတွေကိုရော ကျွန်မကို နှုတ်ဆက်သွားသူတွေ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ တင်ထားတဲ့ပို့စ်နဲ့ မှတ်ချက်တွေကို ကျွန်မ Print ထုတ်ပြီး အဘကို သွားပေးတဲ့အတွက် Message အားလုံး သူ့ဆီကို ရောက်ပါတယ်။ ဒါကြောင့်မို့ တကယ်လို့ မရှင်းလင်းတာရှိလို့ မေးခွန်းမေးချင် ရင်လည်း ဘယ်သူမဆို မေးလို့ရပါတယ်။

    ကျွန်မလည်း ငွေစက္ကူမဟုတ်ပဲ ရွှေစက္ကူ ဖြစ်နေတာကို မေးပါတယ်။ သူပြန်ရှင်းပြတာက အခုခေတ် ပိုက်ဆံက ဘာမှအာမခံမထားပဲ စက္ကူရွက်တွေကို စက်က ထုတ်ချင်သလို ထုတ်နေလို့ ကမ္ဘာပေါ်မှာ ဘာမှ တန်ဖိုးမရှိတဲ့ သက္ကူရွှက်တွေ ဖြစ်ပေမယ့် ၆၂ စစ်တပ် အာဏာမသိမ်းခင်က မြန်မာငွေကတော့ ထုတ်တဲ့ ပိုက်ဆံတန်ဖိုးနဲ့ ညီတဲ့ ရွှေပေါင်တင်ပြီးမှ ပိုက်ဆံကို စက်က ရိုက်ထုတ်ရလို့ ဒီမိုကရေစီခေတ်က မြန်မာပိုက်ဆံဟာ သိပ်ပြီးတန်ဖိုးကြီးလို့ ရွှေစက္ကူတွေ ဖြစ်တယ် ငွေစက္ကူ မဟုတ်ဘူးလို့ ပြောတယ်။

    ReplyDelete
  9. ဒီပိုစ့်လေးကို အခုမှ ဖတ်ရတာ မမ။ အဘက ခေတ်သုံးခေတ်ကို မှီပြီး ခေတ် စနစ်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတော့ ရေးထားတဲ့ ယုံကြည့်ချက်တွေကလည်း လေးစားဖွယ်ပဲ မမရေ...။

    ခင်မင်လေးစားလျှက်

    ReplyDelete
  10. We wanna read his expereinces and historical facts abt Burma.
    KO

    ReplyDelete
  11. အားပေးမှာပေါ့

    ReplyDelete
  12. အားပေးနေပါတယ်။

    ReplyDelete
  13. ကိုယ်ယုံကြည်ချက်အတိုင်း လုပ်နိုင်တာကိုလုပ်ပါ။

    ReplyDelete
  14. မျှော်လင့်လျှက်...အားပေးနေမှာပါ။

    ReplyDelete
  15. စေ့စပ်သေချာစွာ လိုအပ်ချက် မှန်သမျှကို မှတ်တမ်းပြု ရေးသားထားတဲ့ မြ၀တီ (ဦး)ရဲခေါင်ကို ကျေးဇူးတင်ရှိသလို တစ်ဆင့် ဖြန့်ဝေပေးတဲ့ မငယ်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။

    ပြည်တွင်းကို ပျံ့နှံ့စွာ ရောက်စေချင်ရင် လောလောဆယ် လုပ်ပေးနိုင်တာကို ပြောရင်ချင် တတ်နိုင်သမျှ အီးမေးလ်နဲ့ ဆင့်ပွား ပို့ပေးခြင်းပါပဲ။

    လောလောဆယ် ကျွန်တော် Word file အနေနဲ့ သိမ်းထားပါတယ်။

    မငယ်နိုင်ခွင့်ပြုရင် ကျွန်တော် အီးမေးလ်နဲ့ စဖြန့်ချင်ပါတယ်။

    လေးစားခင်မင်စွာဖြင့်

    ReplyDelete
  16. Lun Lunn
    Thank you very much for your attention on this article. You have good idea. You can share or distiboute this article as whatever you prefer. Sorry I can't type Burmese in this computer.

    ReplyDelete
  17. မငယ်နိုင် ...

    ခွင့်ပြုတဲ့အတွက် ကျေးဇူးပါ။

    စကားမစပ် ကျွန်တော့်နာမည် Lun Lunn ပါ။ Lan Lann မဟုတ်ပါ။ ကွန့်မန် တစ်ချို့မှာ Lan Lann လို့ ပြန်ထားတာတွေ့လို့။

    လေးစားခင်မင်စွာဖြင့် ...

    ReplyDelete
  18. တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြပါဆိုတော့ . . . ၈၈ကျောင်းသားခေါင်းဆောင် မြအေးသမီး ဒုတိယဒေါ်အောင်ဆန်းစုကြည်ကိုတော့ အားမပေးကြတော့ဘူးလား? တော်တော်ကို အပြောင်းအလဲမြန်တဲ့သူတွေပဲ။ ဟိုကဖြင့် အင်္ဂလိပ်လို ၅ မိနစ်ကြီးတောင် မိန့်ခွန်းပြောထားရတာ။ မင်းတို့ပဲ ဒုတိယဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရှင်ကြီးလို့ပြောခဲ့တာပဲ။ သူ့ကြောင့် မြန်မာလူငယ်တွေ နိုင်ငံရေး အသိပွင့်လင်းလာတယ်လေး ဘာလေးနဲ့။ အခုမှ အချိုးတွေပြောင်းကုန်တယ်။

    ReplyDelete
  19. အနောက်ဖက်နိုင်ငံတွေလဲ ရွှေပေါင်မထားကြတော့ဘူး။

    ReplyDelete
  20. အစ်မရေ ကျွန်တော် ( မြ၀တီ ) ဦးရဲခေါင်နဲ့ အဆက်အသွယ် လုပ်ချင်ပါတယ်... သူနဲ့စကားပြောချင်လို့ပါ... ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိရင် တစိတ်လောက် ပြောပြပေးပါနော်.. ကျေးဇူးတင်ပါတယ်...

    ReplyDelete
  21. အဘ ဦးရဲခေါင် နေမကောင်းဘူး။ အီးမေးလ်လိပ်စာကို ဒီအထဲမှာပဲ ဖြစ်ဖြစ် ngenaing2008@gmail.com ကိုပဲ ဖြစ်ဖြစ် ပို့ပေးထားပါ။ ကျွန်မ ဖုန်းနံပါတ်ပို့ပေးလိုက်မယ်။

    ReplyDelete
  22. အားလုံးက နှစ်ခါတင်မှ ဖတ်ဖြစ်ကြတာ
    နောက်ထပ် အဟောင်းတွေ ပြန်ပြီး အသစ်လုပ်ပါအုံး
    မငယ်နိုင်အားနေတာပဲ

    ReplyDelete
  23. ဓားမဝတီ မဲပြောင်July 3, 2011 at 5:31 AM

    တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးခဲ.တာ ၂၃ နှစ်ရှိပါပြီ ဘာမှမထူးလို.စိတ်ညစ်နေပါတယ် ဘယ်တော.ထူးမှာလဲပြောပြပါ

    ReplyDelete
  24. တပ်အမြင်နှင့် မကြည့်ပဲ အရပ်အမြင်နှင့် ကြည့်ပါ (၁)


    မြန်မာနိုင်ငံကို စစ်မှန်စွာ ဖွံ့ဖြိုး တိုးတက်စေလိုလျှင် တပ်အမြင်နှင့် မကြည့်ဖို့ လိုပါလိမ့်မည်။ အရပ်ဘက်အမြင်နှင့် ကြည့်မှ တကယ့် ပြည်သူကို မြင်ပါလိမ့်မည်။

    အသစ် တက်လာသည့် သမ္မတကြီးသည် အရပ်ဘက်မှ လာသောလူ မဟုတ်ပါ။ စစ်တပ်မှလာသော လူတဦး ဖြစ်ပါသည်။ စစ်တပ် ဆိုသည်မှာ အရာရာတိုင်းကို ရှုမြင်ရာတွင် တသွေး၊ တသံ၊ တမိန့် ဖြင့်သာ ရှုမြင်လေ့ ရှိပါသည်။ ခေါင်းဆောင်က မှားလည်း ပြန်ပြောခွင့်မရှိ၊ စောဒကတက်နိုင်ခွင့် မရှိပေ။

    ခေါင်းဆောင်ခိုင်းသည့် အမိန့်အတိုင်းသာ လုပ်ရသည်။ အမှားအမှန် ဝေဖန်ပိုင်းခြားခွင့် မရှိပေ။ စစ်သင်တန်း တက်ကတည်းက brain wash လုပ်ခြင်း ခံခဲ့ရပြီး ဖြစ်၍ စီနီယာသမားကိုပင် ဂျူနီယာသမားက ပြန်လှန် မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။ စစ်တပ်သည် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်၍ စစ်တပ်အတွင်း ဤစနစ်ကို ကျင့်သုံးသည်မှာ မမှားဟု ဆိုနိင်သော်လည်း အရပ်ဘက်ပြည်သူနှင့် ထိတွေ့ဆက်ဆံမည် ဆိုပါက ဤလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်၍ မရပေ။

    ReplyDelete
  25. တပ်အမြင်နှင့် မကြည့်ပဲ အရပ်အမြင်နှင့် ကြည့်ပါ (၂)


    "ယခုအခါ နိုင်ငံတော်ကို ဒီမိုကရေစီအသွင် ကူးပြောင်းနေပါသည်" ဆိုသော တပ်အမြင်ကို လုံးဝ စွန့်လွှတ်ရပေလိမ့်မည်။

    ဒီမိုကရေစီ၏ အနှစ်သာရမှာ အတွေးအမြင် ဘောင်ခတ် စည်းခြားထားခြင်း မရှိ၊ လူထုအား ဖြန့်ကျက် တွေးခေါ်နိုင်ခွင့်ကို ပေးရမည်။ လူထုအမြင်သည် အခရာ ဖြစ်သည်။ အုပ်ချုပ်ရေးမှာ ပြည်သူလူထုဆီမှ သက်ဆင်းသောကြောင့် ဖြစ်ပေသည်။ လူထု၏အမြင်ကို လွတ်လပ်ခွင့် ပေးရမည်၊ လူထု၏အသံကို နားထောင်နိုင်စွမ်း ရှိရမည်။

    "အစိုးရကို ဝေဖန်ရင် ငါ့ ရန်သူ" ဟူသော အစွဲကို ဖျောက်ရပေလိမ့်မည်။ တပ်အမြင်နှင့်ကြည့်၍ မရ၊ အရပ်ဘက်အမြင်ဘက်က ကြည့်လျှင် ဝေဖန်တိုင်း ရန်သူမဟုတ်။ တော်လှန်တိုင်း ရန်သူမဟုတ်၊ သူတို့လည်း တိုင်းပြည်ကိုချစ်၍ နိုင်ငံရေးစကား ပြောခြင်း၊ နိုင်ငံရေး လုပ်ခြင်း ဖြစ်ပေသည်။

    သူတို့လဲ တိုင်းပြည်ကိုချစ်၍ နိုင်ငံရေးလုပ်သည်၊ နိုင်ငံရေးစကား ပြောသည်။

    ထားတော့။

    ငါတို့အစိုးရလဲ တိုင်းပြည်ကို ချစ်၍ တိုင်းပြည်အတွက် လုပ်သည်။ ချစ်၍လုပ်တာချင်း အတူတူ "ငါတို့လုပ်မှ အမှန်၊ မင်းတို့လုပ်လျှင်အမှား" ဆိုသော အယူအဆမျိုး မထားသင့်ပေ။ "ငါတို့သည် အုပ်ချုပ်သူလူတန်းစား မဟုတ်၊ အုပ်ချုပ်သူလူတန်းစား အစစ်အမှန်သည် ပြည်သူလူထုသာဖြစ်သည်၊ ပြည်သူ ခိုင်းလို့ လုပ်ရသည်၊ ပြည်သူ ကျွေးလို့ စားရသည်၊ ပြည်သူကြောင့်သာ ရပ်တည်ရသည်၊ ပြည်သူ့ ဝန်ကို ထမ်းလို့သာ ပြည်သူ့  ဝန်ထမ်း ဖြစ်ရသည်" ဆိုသော အတွေးမျိုးကို ခေါင်းထဲ ထည့်ထားရပေမည်။

    ဤကား အရပ်ဘက်အမြင်ဘက်က ကြည့်မှသာ မြင်ပေလိမ့်မည်။

    ReplyDelete
  26. တပ်အမြင်နှင့် မကြည့်ပဲ အရပ်အမြင်နှင့် ကြည့်ပါ (၃)


    တပ်အမြင်နှင့်ကြည့်လျှင် ဒေါ်စုကို ရန်သူဟု သတ်မှတ်နေလိမ့်မည်၊ အရပ်ဘက်အမြင်နှင့် ကြည့်လျှင် ဒေါ်စုသည် နိုင်ငံ့အကျိုး၊ ပြည်သူ့ ကောင်းကျိုးကို လိုလားသူဖြစ်ပြီး ပြည်သူ့ အတွက် သူမ၏ အိမ်ထောင်သည်ဘဝကို စွန့်ဝံ့သူ၊ နှစ်ပေါင်းများစွာ အကျဉ်းကျ ခံဝံ့သူ၊ ထို.ကြောင့် ပြည်သူ့ အချစ်တော် ဖြစ်ပေတော့သည်။

    တပ်အမြင်နှင့်ကြည့်လျှင် ကျောင်းသားသည်ရန်သူ၊ အရပ်ဘက်အမြင်နှင့် ကြည့်လျှင် နိုင်ငံတော်အတွက် ပညာရေးကို စွန့်ဝံ့သူ၊ ပြည်သူ့ အတွက် မိမိတို့ ဘဝတက်လမ်းကို ထားခဲ့သူ၊ မိဘပြည်သူအတွက် တဘက်တလမ်းမှ အကူအညီပေးလိုသူ၊ ဒါကြောင့် ပြည်သူ့ အချစ်တော်ကျောင်းသား ဖြစ်ပေတော့သည်။

    တပ်အမြင်နှင့်ကြည့်လျှင် သာသနာဝန်ထမ်း ရှင်ရဟန်းတွေသည် ရဟန်းအကျင့်ကို မကျင့်ပဲ လူတွေရဲ.အကျိုးကို လုပ်ဆောင်သောကြောင့် ရန်သူ၊ အရပ်ဘက်အမြင်နှင့် ကြည့်လျှင် သံသရာလွတ်မြောက်ကြောင်းတရားကို အေးအေးလူလူ အားမထုတ်နိုင်ရှာသေးပဲ ဒကာ၊ ဒကာမတို့၏ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းများ သက်သာရန်အလို့ငှာ မိမိတို့ သံသရာမှ လွတ်မြောက်မှုကို မရှာဖွေနိုင်သေးပဲ အများသူငါတို့ပါ လွတ်မြောက်နိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းကြရှာသောကြောင့် ပြည်သူတို့ ၏ အချစ်တော် ဘုန်းဘုန်းများ ဖြစ်ပေတော့သည်။

    တပ်၏အမြင်ကား "ငါလုပ်မှ ရမည်" ဟူသော အမြင်သက်သက်တည်း။

    အရပ်ဘက်အမြင်ကား "ပြည်သူအားလုံး ပူးပေါင်းလုပ်မှ ရမည်" ဟူသော အမြင်တည်း။

    တပ်အမြင်နှင့်ကြည့်သော် ချမ်းသာနေသော လက်တဆုပ်စာ လူတန်းစားလောက်ကိုသာ မြင်ပါလိမ့်မည်။ အရပ်ဘက်အမြင်နှင့် ကြည့်သော် အခြေခံလူများစု၏ ဘဝရုန်းကန်လှုပ်ရှားနေရပုံကိုသာ မြင်ပါလိမ့်မည်။ ထိုကြောင့် တပ်အမြင်နှင့် မကြည့်ပဲ အရပ်ဘက်အမြင်နှင့် ကြည့်ပါလို့ အစိုးရသစ်ကို ပြောပါရစေ။


    (သားချစ်)

    tharchizaw facebookမှ


    http://www.dawnmanhon.com/2011/07/blog-post_03.html


    (ဒေါင်းမာန်ဟုန်ဘလော့မှ ကူးယူ ဖော်ပြပါသည်။)

    ReplyDelete
  27. မေ့မရဘူး၊ ဒါကြောင့် အဝေးမှာနေတယ်။

    မကျေနပ်ဘူး ၊ ဒါကြောင့် ကီးဘုတ်ဒေါသတွေ ပြတယ်။

    ရှူးပေါက်မရဘူး ၊ ဒါကြောင့် ကြက်သီးတွေထတယ်။

    ပုံ
    ရေတက်ငါးစင်ရိုင်း
    ဥက္ကဌ
    ဗမာနိုင်ငံလုံးဆိုင်ရာ နွားကျောင်းသားအဖွဲ့ချုပ်(ဗနသ)
    အရီးဒေါ်ဘုံ အော်ရမည် ။
    အလှူငွေများ ထည့်ဝင်ကြပါ။
    ဆက်သွယ်ရန် YoufightIhide@gmail.com
    YouFightIrich@gmail.com
    ပမာဏများလျှင် အိမ်တိုင်ယာရောက် လာယူမည် ။

    ReplyDelete
  28. ပြည်သူလူထုကြီး ခင်ညား ဘာမှပူနဲ.နော်.....အနော်တို.တတွေ တိုက်ပွဲဝင်ဖို.....ပြင်နေပါတယ်။အစည်းအဝေးတွေထိုင်နေပါတယ်။


    စတိတ်မန်.တွေထုတ်နေပါတယ်။

    အင်တာဗျူးတွေလုပ်နေပါတယ်။ဘလော.တွေရေးနေပါတယ်။ဓါတ်ရှင်တွေကြည်.နေပါတယ်။


    ဖယောင်းတိုင်တွေထွန်းနေပါတယ်။ လမ်းညွှန်မှုတွေပေးနေပါတယ်။မီဒီယာပေါ်ကနေ၀ါဒဖြန်.ပီး စိတ်ဓါတ်စစ်ဆင်ရေး

    တွေလုပ်နေပါတယ်။


    အငြိမ်.တွေ ကနေပါတယ်။သံချပ်တွေတိုက်နေပါတယ်။သံရုံးရှေ.မှာအော်နေပါတယ်။အဖွဲ.အစည်းအသစ်တွေ

    နေ.စဉ်မပြတ် အနဲဆုံး ၉ ထောင် ၁ သောင်းကြားဖွဲ.နေပါတယ်။

    အထိမ်းအမှတ်ပွဲတွေကျင်းပနေပါတယ်။မိုးပျံဘူဘောင်းတွေလွှတ်နေပါတယ်။

    ပန်းချီတွေဆွဲနေပါတယ်။ပန်းပုတွေထုနေပါတယ်။


    တီးဝိုင်းတွေငှားပီးစတိတ်ရှိုးတွေလုပ်နေပါတယ်။ရုပ်ပြောင်တွေရေးနေပါတယ်။


    ဆောင်းပါးတွေရေးနေပါတယ်။လူစုပီးကော်ဖီဆိုင်ထိုင်နေပါတယ်။ကဗျာတွေေ၇းနေပါတယ်။အလှူတွေခံနေပါတယ်။

    ရံဖန်ရံခါ စိတ်အလိုမကျတဲ.အခါလဲ ဆဲနေပါတယ်။

်။ကမ်ပိန်းပေါင်းစုံလုပ်နေပါတယ်...ပါတယ်............ပါတယ်...................


    .ကြောင်ချေးဆေးရုံလေးဘာလေး

    ခဏတဖြုတ် တက်လိုက်ပါဦးမယ်ခည။။။


    ဆေးရုံမသွားခင်လေး ပြည်တွင်းက လူထုကြီးကို အနည်းငယ်မှာ ခဲ.ပါရစေ....မကြောက်ကြပါနဲ.


    ကိုယ်.အခွင်.အရေးကို ကိုယ်တိုင်တိုက်ယူမှရမှာပါ....။။။လူထုရဲ.တာဝန်က အလှူငွေပေးဖို.နဲ..

    .ကိုယ်ထူကိုယ်ထတိုက်ပွဲဝင်ဖို.ပါပဲ...


    အားလုံးအဆင်ပြေတဲ. တနေ. ပ၀ါနှစ အသာချလို. မြန်မာနိုင်ငံကို ပြန်လာပီး လမ်းညွှန်ဦးဆောင်ပေးပါမယ်လို.


    ရဲရဲကြောက် ရဲရဲပျောက် ရဲရဲမြှောက် အားလုံးရဲ.ကိုယ်စား ကြောင်ချေးက ဒီနေရာကနေ ရဲရဲကြီး

    ကတိပေးလိုက်ပါတယ်။။။




    အသက်ကလေးရယ်တဲ.ရှည်စေလို ကျည်လွတ်မြေကိုခို ( ပုန်းအောင်းခြင်းမဟုတ် အကာအကွယ်ယူခြင်းသာဖြစ်ပါသည်။)


    ကြောင်ချေး ( ၆ ယောက် ၃တန်း ပါလေရာ )

    ဌါနပေါင်းစုံ တာဝန်ခံ

    ဒီမိုကရေစီ အဖွဲ.ပေါင်း စုံ

    အရေးတော်ပုံ.......................................ဘယ်သောအခါ...။။။သာဓု သာဓု သာဓု ပါခင်ဗျာ။။။

    ReplyDelete
  29. ရဲဘော်တို့ ...

    ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။

    တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။

    "နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
    မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
    အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"

    ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။

    လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
    လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
    လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။


    ပုံ
    မင်းအောင်လှိုင်
    ကာကွယ်ရေးဦးစီးချုပ်
    မြန်မာ့သတ်မတော်
    (သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
    ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့


    ("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ကို နားထောင်ရန် "လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ" ခေါင်းစဉ်ကို နှိပ်ပါ။)


    http://www.youtube.com/watch?v=TDRK4z5JZxc

    ReplyDelete
  30. ရဲဘော်တို့ ...

    ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။

    တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။

    "နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
    မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
    အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"

    ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။

    လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။


    ပုံ
    မင်းအောင်လှိုင်
    ကာကွယ်ရေးဦးစီးချုပ်
    မြန်မာ့သတ်မတော်
    (သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
    ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့


    http://www.youtube.com/watch?v=TDRK4z5JZxc

    ReplyDelete
  31. မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ


    "နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
    မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
    အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"


    ဗိုလ်ချုပ်ကြီးနေဝင်း
    ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့


    http://www.youtube.com/watch?v=TDRK4z5JZxc

    ReplyDelete
  32. ရဲဘော်တို့ ...

    ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။

    တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။

    "နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
    မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
    အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"

    ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။

    လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။


    ပုံ
    မင်းအောင်လှိုင်
    ကာကွယ်ရေးဦးစီးချုပ်
    မြန်မာ့သတ်မတော်
    (သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
    ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့


    ("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ကို နားထောင်ရန် "လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ" ခေါင်းစဉ်ကို နှိပ်ပါ။)


    http://www.youtube.com/watch?v=TDRK4z5JZxc

    ReplyDelete
  33. လူအစုအပြုံလိုက် သတ်ခဲ့တဲ့ တင်အောင်မြင့်ဦးကို ကုလ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တယ်


    မြန်မာနိုင်ငံရဲ့ ဒုတိယသမတ ဆိုသူ တင်အောင်မြင့်ဦး ဟာ စစ်တိုင်းမှုးတာဝန်ယူထားချိန်မှာ လူအစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုပေါင်းများစွာမှာ ပါဝင်ပတ်သက်ခဲ့မှုကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေက ပြောပါတယ်။


    http://irrawaddy.org/article.php?art_id=21705

    ReplyDelete
  34. စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး ၏ အစုအပြုံလိုက် လူသတ်မှုများ


    Burma's Vice President Tin Aung Myint Oo should be investigated by a United Nations' Commission of Inquiry for his role as regional commander during a series of brutal massacres, says the leadership of the Kachin Independence Army (KIA).


    http://irrawaddy.org/article.php?art_id=21705

    ReplyDelete
  35. စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုများ


    ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါ
    တယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြား သတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။

    အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာ ( http://irrawaddy.org/article.php?art_id=21705 ) မှာ ဖတ်နိုင်ပါတယ်။

    သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။


    http://www.9dblood.co.cc/2011/07/blog-post_7185.html


    (ကိုးဒီသွေးဘလော့)

    ReplyDelete

  36. ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
    ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ


    ဥက္ကဌကြီးခင်ဗျား ...

    ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီး ဖော်ဆောင်နေသော မြန်မာ့တပ်မတော်၏ ရပ်တည်မှုများကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော် ဦးလှဆွေကို လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြု တင်ပြလိုက်ရပါသည်ခင်ဗျား ။

    ဥက္ကဌကြီး အလျင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ဦးလှဆွေ ကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် ဦးလှဆွေ၏နှုတ်ထွက်စကားကို ပြည်သူအများ၏ ဝေဖန် အကြံပြုချက်များနှင့်အတူ ယှဉ်တွဲ တင်ပြလိုက်ရပါသည် ။


    ( ဦးလှဆွေ၏ ပြောဆိုချက် )

    မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -

    ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း


    ပင်ဖြစ်ရာ -


    (၁) "၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်" ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော၊ အနိုင်ကျင့်ဗိုလ်ကျသော ပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှုကို ခံရစေနိုင်ခြင်း ၊

    (၂) ဦးလှဆွေသည် အမာခံပါတီဝင်တယောက်ဖြစ်လျက် မိမိပါတီအပေါ် မိမိ ယုံကြည်မှုအားနည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်ကြီးလွန်းခြင်း ၊

    (၃) ဦးလှဆွေ ပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှုကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။

    (၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ဦးလှဆွေ လူသိရှင်ကြား ပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့် မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။

    (၅) ဦးလှဆွေ၏ ပြောကြားမှုကြောင့် ပါတီနိုင်ငံရေးထက် ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက် ညစ်နွမ်းစေခြင်း ။

    ....... အစရှိသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ရာကား -

    အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တော် ဦးလှဆွေ ကို ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကို ရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။

    လေးစားစွာဖြင့် -

    ( ဒါရိုက်တာ မိုက် တီး )

    ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
    ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။