Pages

သေမင်းတမန် မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်



မြစ်ဧရာ

မြသားငယ်တဲ့ ရေရမုန်
ငွေလှိုင်းတွေ ဖြူစင်စွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ
ကျူဝါးရုံ တူစုံကွဲ့ဖေါ်နှော
ဗုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝန်ဘိုတို့
ကွန်းခိုလို့မျော။

ဘယ်သူရေးတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ငယ်ငယ်က မူလတန်းမှာ သင်ရပြီး အခုထိ မှတ်မိနေတဲ့ မူလတန်းမှာ ကျွန်မသိတဲ့ ဧရာဝတီအကြောင်း တခုတည်းသော ကဗျာလေးပါ။ ဧရာဝတီမြစ်ကို တခါမှမမြင်ဖူး စာထဲကဗျာထဲ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးပေမဲ့ မှတ်မှတ်ရရ ဒီကဗျာလေးကို အခုထိ အလွတ်ရနေပြီး ဒီကဗျာလေးနဲ့အတူ ဧရာဝတီမြစ်ကို ငယ်ငယ်ကတည်းက စတင်ရင်းနှီးခဲ့ပါတယ်။ သို့ပေမဲ့လည်း အမှန်အတိုင်း ၀န်ခံရရင် ဧရာဝတီမြစ်ပေါ်မှာ ကြီးလာတာလည်း မဟုတ်တော့ ဧရာဝတီကို ကျွန်မနဲ့ ဆိုင်တယ်လို့တော့ သိပ်မထင်ခဲ့တာတာ့ အမှန်ပဲ။ သို့သော် ဧရာဝတီရဲ့ အသုံးဝင်ပုံကိုတော့ ဖတ်ဖူးကြားဖူးတာနဲ့တင်ပဲ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အကျိုးပြုတယ်ဆိုတာ ဘယ်အရပ်ဘယ်နယ်မှာပဲနေနေ မူလတန်းအဆင့် မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ပညာသင်ဖူးသူမှန်သမျှတောင် သိမှာအမှန်ပါ။။

ဧရာဝတီရဲ့ အသုံးဝင်ပုံကို အားလုံးက သိကြသလို ဧရာဝတီကို အားလုံးကချစ်ကြမှာလည်း အမှန်ပဲ။ သီချင်းနာမည်၊ သတင်းဌာနနာမည်၊ ဘလော့ဂ်နာမည်၊ လူနာမည်တွေကို ဧရာဝတီလို့ အမည်ပေးတာတာကို ကြည့်ခြင်းအားဖြင့် ဧရာဝတီကို ချစ်ကြ တန်ဖိုးထားကြတာ သိသာပါတယ်။ လူနာမည်ကို ဧရာဝတီလို့ အမည်ပေးထားသူအကြောင်းကို အကြောင်းတိုက်ဆိုင်နေလို့ သတိရမိပါတယ်။ တခြားသူမဟုတ်ပါဘူး ကျွန်မတို့ ABSDF တောတွင်းမှာတုန်းက တပ်ရင်း (၆၀၁) က ကွယ်လွန်သွားပြီ ဖြစ်တဲ့ မသက်သက်လွင်ခေါ် မသက်ပါ။ သူ့သမီးနာမည်ကို ဧရာဝတီလို့ ပေးထားတော့ ကျွန်မက ဟာသလုပ်မိလို့ ကျွန်မကို သူပြန်ပြောတဲ့ စကားကို အခုထိ ပြန်သတိရနေပါတယ်။ မသက်က ABSDF မှာ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး တပ်ရင်းအတော်များများကိုလည်း ရောက်ဖူးတယ်၊ အမျိုးသမီး တပ်ဖွဲ့ဝင်တဦးလည်း ဖြစ်တော့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတိုင်း မသက်ကို တယောက်မကျန် အကုန်သိကြပါတယ်။ ကျွန်မနဲ့လည်း ညီအစ်မအရင်းလို သိပ်ရင်းနှီးသလို အမြဲတမ်းလည်း ငြင်းနေခုန်နေတတ်တော့ တယောက်နဲ့တယောက် ပြောမနာဆိုမနာလည်း ဖြစ်တယ်။ သူက ရှမ်းပြည်နယ်ကလောမြို့သူ ရှမ်းဗမာ ကပြားဖြစ်ပြီး သူ့အမျိုးသားကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့သား ဗမာဆိုတော့ နှစ်ယောက်စလုံး ရှမ်းပြည်နယ်ကပါ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ သမီးဦးလေးနာမည်ကျတော့ ဧရာဝတီတဲ့။

ဒါကြောင့် ကျွန်မက "မသေက်ယောက်ျားက တောင်ကြီးက မသက်က ကလောသူ နှစ်ယောက်စလုံး ရှမ်းပြည်နယ်မှာပဲမွေးပြီး ရှမ်းပြည်နယ်မှာပဲ ကြီးလာကြတယ်။ ဧရာဝတီမြစ်ကြီးက ကချင်ပြည်နယ်ကနေ မြန်မာပြည်အလယ်ပိုင်းကိုပဲ ဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ ပင်လယ်ထဲ စီးဆင်းတယ်။ ရှမ်းပြည်နယ်ကို ဖြတ်တာလည်းမဟုတ်၊ ရှမ်းပြည်နယ်နဲ့လည်း ဘာမှလည်း မဆက်စပ် မပတ်သက်၊ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်ကို အကြောင်းပြုပြီး မေသံလွင် စသည်ဖြစ် သံလွင်မြစ်နာမည်နဲ့ ပေးရင် ဟုတ်တုတ်ရှိသေးတယ်၊ အခုတော့ ဒီသမီးကလည်း ဧရာဝတီမြစ်ရှိတဲ့ ဒေသမှာမွေးတာလည်း မဟုတ်၊ ဧရာဝတီနဲ့ ဘာဆိုဘာမှလည်း အဆက်အစပ်မရှိဘဲနဲ့ မသက်သမီးနာမည်က ဘယ်လိုလုပ်ပြီး ဧရာဝတီ ဖြစ်ရတာလဲ၊ မသက်လုပ်လိုက်ရင်တော့ တလွဲချည်းပဲ" လို့ ကျွန်မက သူကျွန်မကို တလွဲစီပဲလို့ အမြဲနှိပ်ကွပ်လေ့ ရှိတတ်လို့ သူ့ကို နှိပ်ကွပ်တဲ့သဘောနဲ့ ပြောလိုက်တယ်။ ဒီတော့ မသက်က မခံမရပ်နိုင် ဖြစ်ပြီး "မငယ် ညည်းကလေ ဦးနှောက်သေးသေးလေးနဲ့ ပြောဖို့ပဲသိတယ်၊ ရှမ်းပြည်နယ်မှမဟုတ်ဘူး ဧရာဝတီက ငါတို့အားလုံးနဲ့ဆိုင်တယ် ငါတို့အားလုံးပိုင်တယ်၊ ညည်းဖါသာညည်း မဆိုင်ဘူးထင်ရင်လည်း ထားလိုက်တော့ ငါ့သမီးနာမည်ငါ ကြိုက်သလိုပေးမယ် ညည်းအလုပ်မဟုတ်ဘူး" လို့ သူက ဘုကလန့် ပြန်ပြောခဲ့တာကို ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီတုန်းက ကျွန်မလည်း ဒီလောက်အထိ လေးလေးနက်နက်လည်း မတွေးဘူး ကျွန်မပြောလိုက်တာကို မခံနိုင်လို့ မသက်ပြန်ပြောပုံကို ကြည့်ပြီးရီပြီးပဲ ပြီးသွားပါတယ်။ ဒါကတော့ ဧရာဝတီနဲ့ ပတ်သက်ပြီး မှတ်မိနေတဲ့ အမှတ်တရလေးတခုပါ။

နောက်ပိုင်းလည်း ခေတ်ပေါ်သီချင်း မကြိုက်တတ် ခေတ်ဟောင်း မြန်မာသံစဉ်သီချင်းတွေကိုသာ ကြိုက်တတ်တဲ့ ကျွန်မက ထူးအိမ်သင်ဆိုတဲ့ ရာဇ၀င်များရဲ့ သတို့သမီးနဲ့ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို နားထောင်တတ်ပြီး ဧရာဝတီရဲ့ ဂုဏ်ပုဒ်တွေကို အဓိပ္ပါယ်အရခံစားရတာကို သိပ်ပြီးသဘောကျပါတယ်။ အခုနောက်ပိုင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းတွေ မကြာခဏ သတင်းတွေမှာ ပါလာခဲ့တာကြားသိရပေမဲ့ လူ့အခွင့်အရေးကိုပဲ စိတ်ဝင်စားတဲ့ ကျွန်မအတွက် ဒီလောက်အထိလည်း အလေးအနက်မထားခဲ့ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သိပ်နားမလည်တာလည်းပါတယ်။ ဒီကိစ္စ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ လုပ်ပါလိမ့်မယ်လို့ပဲ တွေးပြီး သတင်းသိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့အချိန်မှာတော့ ကိုအောင်ဒင်ရေးတဲ့ ပို့စ်နှစ်ခု (ဧရာဝတီကို ကာကွယ်ကြစို့ နှင့် ဧရာဝတီကို ကယ်တင်ကြစို့ ) ကိုဖတ်မိတော့မှ ကျွန်မကို တကယ်ပဲ တုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီပို့စ်ကို ပြီးခဲ့တဲ့ လက ကျွန်မ ပြန်ဖေါ်ပြဖြစ်ခဲ့ပါတယ်။ အဲဒီမှာ တင်ထားတဲ့ မိတ်ဆက်စာသားတချို့နဲ့ သီချင်းလေးနှစ်ပုဒ်ကို ဒီမှာ ဆက်လက်နားဆင်လို့ရအောင် ဖေါ်ပြလိုက်ပါတယ်။
ဧရာဝတီ (တေးရေး၊ တေးဆို - ခင်ဝမ်း)




ရာဇ၀င်များရဲ့ သတို့သမီး (တေးရေး၊ တေးဆို - ထူးအိမ်သင်)



ဒီပို့စ်နှစ်ခုကို ဖတ်ပြီး လူတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ဒီလာက်အထိ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အန္တရယ်ကြီးမားနိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ပညာရှင်တွေက လေ့လာပြီး အန္တရယ်ရှိပါတယ်ဆိုတာကို ထောက်ပြတာကို လက်မခံဘဲ ဘာကြောင့်များ ဧရာဝတီကို ဖျက်ဆီးချင်ရတယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဒီပို့စ်နှစ်ခုကို အခုမှ ဖတ်မိပြီး ဒီအရပ်ဝတ် ဒီမိုကရေစီဟန်ဆောင် စစ်အစိုးရရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးသာ အောင်မြင်သွားရင် မြန်မာပြည်ရဲ့ အသက်သွေးကြောလည်းဖြစ် အလှကျက်သရေဆောင်လည်း ဖြစ်တဲ့ ဧရာဝတီမြစ်ကြီး တကယ်ပဲ ပျက်စီးသွားမှာပါလားလို့ သိလိုက်ရတဲ့အချိန်မှာ အိပ်မက်ဆိုးကြီးတခုမက်ပြီး လန့်နိုးလာသူတယောက်လို ကျွန်မ တုန်လှုပ်ချောက်ချားစွာ ခံစားမိတယ်။

ဟုတ်ပါတယ် ဧရာဝတီဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်လို့ ရေကာတာကြောင့် ဧရာဝတီမြစ်ကြီး ပျက်စီးရင် မြန်မာပြည်လည်း ပျက်စီးမယ်။ မသက်ပြောခဲ့သလို၊ အခုလက်ရှိ ဧရာဝတီ မပျက်စီးရေး Campaigns လုပ်နေသူတွေ ပြောနေသလို ဧရာဝတီဟာ ကျွန်မတို့ အားလုံးနဲ့ ဆိုင်တယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးဟာ လူမျိုးမရွေး၊ လူတန်းစားမရွေး၊ ကျား၊မ မရွေး၊ ဘာသာမရွေး၊ နိုင်ငံရေးကျောထောက်နောက်ခံမရွေး အားလုံးနဲ့ ဆိုင်တဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။

မြစ်ဧရာရဲ့ ငွေလှိုင်းတွေ ဖြူစွာနဲ့ ဆက်လိုက်ရိုက်ခတ်နိုင်ဖို့၊ မြန်မာပြည်ရဲ့ စပါးကျီကြီး မပျက်စီးစေဖို့ ထူးအိမ်သင်၊ ခင်ဝမ်းတို့ရဲ့ သီချင်းထဲက ဧရာဝတီ့ဂုဏ်ပုဒ်တွေ မပျက်စီးစေဖို့၊ မြန်မာပြည်ကြီး ဆက်လက်တည်တံ့နေဖို့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ အစဉ်ရှင်သန်နေဖို့ လိုပါတယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးမှာ အုပ်တချပ်သဲတပွင့်အနေနဲ့ လူတိုင်းလူတိုင်း ပါဝင်သင့်ပါတယ်။


ဒါကြောင့်မို့ ဧရာဝတီအတွက် သေမင်းတမန် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကျွန်မ လုံးဝ ကန့်ကွက်ပါတယ်။
ပုံကို မောင်လေး ဘလော့ဂ်မှ ကူးယူထားပါတယ်။ အပေါ်ဆုံးပုံကိုကျတော့ google မှ ကူးယူဖေါ်ပြထားပါတယ်။


ရွင်လန်းချမ်းမြေ့ကြပါစေ။

77 comments:

  1. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းအား ထပ်ဆင့် ထောက်ခံပါသည်..။
    ဧရာဝတီထာဝရတည်တံ့စွာရှင်သန်စီးဆင်းနိုင်ပါ‌စေ...။

    ReplyDelete
  2. ရွှေပြည်သားSeptember 23, 2011 at 6:25 PM

    ဧရာဝတီအဓွန့်ရှည်ပါစေဗျာ။

    ReplyDelete
  3. ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
    ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

    ReplyDelete
  4. ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

    ReplyDelete
  5. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 10:29 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  6. (သီးလေးသီး video ကို ရှုစားရန် ခေါင်းစဉ်ကို နှိပ်ပါ။)


    "ကုန်ပါပြီ" သီချင်း

    ( "ကုန်ပါပြီ" သီချင်းကို သီးလေးသီး အဖွဲ့သားများက မှုံရွှေရည် သီချင်း သံစဉ်အတိုင်း သီဆိုထားတာပါ။)


    (ကုန်ပါပြီ
    ဓါတ်ငွေ့ ကုန်သွားပြီ
    ရွှေတွေ ကုန်သွားပြီ
    မြန်မာပြည်သစ်တော ကုန်ပါပြီ
    ထုတ်လုပ်သမျှ တို့ကုန်စည်
    စပါး၊ ပဲ၊ ပြောင်း၊ နှမ်း မကျန်ပြီ
    ထွက်ရှိသမျှ ရောင်းစားနေပါသည်) ၂

    (ကျုပ်တို့ မြန်မာပြည် သယံဇာတများကို
    လိုချင်သူတွေ ပေါလှပေသည်
    အမဲဖျက်သူတွေ ဝိုင်းကာပတ်လည်
    ကျုပ်တို့ မြန်မာပြည်) ၂
    ရတာတွေ အကုန် ဝိုင်းခွဲကာ
    တဖြည်းဖြည်းနဲ့ တကယ် မွဲလို့  လာပါပြီ

    အာဏာရှင် အစိုးရရဲ့ အကြိုက် တွေ့လှသည်
    ပြည်သူတွေ ဘဝပျက်လေ စီးပွားဖြစ်သည်
    ဆည်မြောင်းနဲ့ ရေကာတာ
    တည်ဆောက်ဖို့ ကြံစည်ကာ
    စွမ်းအင်တွေ အကုန် ရောင်းစားလို့
    ဗိုလ်မှူး၊ ဗိုလ်ချုပ် ဇိမ်ခံပြီ


    သီးလေးသီး video မှ "ကုန်ပါပြီ" သီချင်းစာသား ဖြစ်ပါတယ်။
    (သီးလေးသီး video ကို ရှုစားရန် ခေါင်းစဉ်ကို နှိပ်ပါ။)

    ReplyDelete
  7. အမိမြန်မာပြည်နဲ့ဧရာဝတီကိုချစ်မြတ်နိုးကြသူတိုင်း တသွေးတည်း တသံတည်း ကန့်ကွက်နေကြတာကိုတောင်
    နားမလည်ကြတဲ့ ငမိုက်သားများရဲ့ ဇာတ်သိမ်း ကံကြမ္မာလည်း ကောင်းကြမှာမဟုတ်ပါဘူး မငယ်နိုင်ရေ..
    သွေးပွက်ပွက်ဆူရင်းနဲ့ ကန့်ကွက်လိုက်တယ်
    “ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား လုံးဝ ကန့်ကွက်ပါသည် ။ ”...

    မကိ

    ReplyDelete
  8. ခုလို ဧရာဝတီပြသနာပေါ်လာတာက စောက်သုံးမကျတဲ့ ဘာမှနားမလည်တဲ့ တတ်သိပညာရှင်တွေ ပြောစကားနားမထောင်တဲ့ မိမိရလိုမှုကိုပဲ ခိုးဖို့ဝှက်ဖို့တတ်တဲ့ ဦးနှောက်မရှိတဲ့ စစ်ဘို စစ်သား စောက်တလွဲတွေကြောင့် ဒီလိုဖြစ်လာရတာပဲ

    ရှင်းရှင်းလေးပဲ သေနတ်ပစ်ဖို့ လက်ညှိုးလေးပဲ ကွေးတတ်တဲ့ စောက်ရူးတွေ တိုင်းပြည်တက်အုပ်ချုပ်နေမှတော့ ပျက်ပြီပေါ့

    ReplyDelete
  9. အရင်ကတော့ မြန်မာနိုင်ငံ ဟာ တရုတ် လက်ခုပ်ထဲကရေလို ပါပဲ။ဒီစီမံကိန်း ဆက်လုပ်ကြမယ်ဆိုရင်တော့ တရုတ် ခြေဖ၀ါးအောက်က .....ဖြစ်ပြီသာမှတ်ပေတော့။ အဲဒါကြောင့် မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်တာကို ထောက်ခံပါတယ်။

    ReplyDelete
  10. မောင်သန့် ။September 24, 2011 at 9:09 PM

    အချုပ်အချာ ပြဿနာအထိ တွေးမိလို့  လုံးဝ ကန့် ကွက်ပါသည်။

    ReplyDelete
  11. မြစ်ဆုံရေကာတာ စီမံကိန်းကို ၀ိုင်းဝန်းကန့်ကွက်ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပို့စ်တင်ပြီး ပြန်လှည့်ကြည့်မအားတာ အခုမပဲ အကြောင်းပြန်ချိန်ရတာ ဆောရီးပါ။ မြသွေးနီ၊ Rose, ကိုအောင်၊ Angle shaper, kiki နဲ့ နေမင်းလွင် ဘလော့ဂ်မိတ်ဆွေတွေရဲ့ ဘလော့ဂ်ကို လောလောဆယ် ပြန်မလည်နိုင်သေးလို့ အားလုံးကို တောင်းပန်ပါတယ်နော့်။ အချိန်ရတာနဲ့ မိတ်ဆွေတွေအားလုံး ဧရာဝတီကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားနေကြတယ်ဆိုတာကို ပြန်လာဖတ်ပြီး အားပေးမယ်။

    Anonymous (September 24, 2011 4:23 AM) ကျွန်မ ဘလော့ဂ်မှာ လာဖတ်တဲ့ လူသစ်ထင်ပါတယ်။ ခံစားချက်၊ မကျေနပ်ချက်တွေကို ထပ်တူထပ်မျှ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မဘလော့ဂ်မှာ နောက်တခါ မှတ်ချက်ရေးရင်တော့ ဆဲတဲ့စကားလုံး တွေကို ရှောင်ပေးဖို့ အထူးပဲ မေတ္တာရပ်ခံပါရစေ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာလာဖို့ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  12. မငယ်နိုင်း ရေ

    အခုမှ လာဖတ်ရတယ် ဧရာဝတီ ကို ချစ်ကြတဲ့ သူတွေ အတွက် ဧရာဝတီ ရှင်သန်မှာပါ ဧရာဝတီ အတွက် ဆက်လက်လှုတ်ရှားမယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  13. မငယ်နိုင်ရေ
    http://kopaw07.blogspot.com/2011/09/nld.html
    မှာ မငယ်နိုင်အကြောင်းတွေ ပြောထားကြတာ ရစရာမရှိဘူး
    မသိသေးဘူးထင်လို့ ပါ

    ReplyDelete
  14. ဧရာဝတီ သဘာဝအတိုင်း ထာဝစဉ် စီးဆင်းနိုင်ပါစေ။ မြစ်ဆုံစီမံကိန်းအား လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။

    ReplyDelete
  15. မရွှေဇင်ဦးနဲ့ TTS - ကျေးဇူးတင်ပါတယ်။

    Anonymous (September 25, 2011 9:52 PM)
    မိန်းမတွေအကြောင်း ကွယ်ရာမှာ အတင်းလိုက်မပြောရရင် မနေနိုင်၊ ဂုန်းမတိုက်ရမနေနိုင်လောက်အောင် အဆင့်အတန်းမရှိတဲ့ မဟာ ယောက်ျားတွေကို ဂရုစိုက်နေဖို့အချိန် ကျွန်မမှာ မရှိဘူး။ ပို့စ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့မှတ်ချက်၊ ဒီလို သူများကြား မစားရမသောက်ရ ရန်တိုက်ပေးတဲ့ မှတ်ချက်မျိုးကိုလည်း နောက်ဘယ်တော့မှ လာမထည့်ပါနဲ့။ နောက်ထပ် ထပ်ထည့်ရင် ထပ်ထည့်တဲ့ မှတ်ချက်ရော အခုရှိနေတဲ့ မှတ်ချက်ကိုပါ ဖျက်ဖို့ရှိတယ်။ ဒီမှတ်ချက်ကို ဘယ်သူထည့်တယ်ဆိုတာ သိလို့ ပြောခြင်းဖြစ်တယ်။

    ReplyDelete
  16. (ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။)


    အမိ ဧရာဝတီကို ချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သူများရဲ့ မြစ်ဆုံ ရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနား


    http://hugawngkachin.blogspot.com/2011/09/blog-post_25.html

    ReplyDelete
  17. (ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။)


    အမိ ဧရာဝတီကို ချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သူများရဲ့ မြစ်ဆုံ ရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနား


    http://hugawngkachin.blogspot.com/2011/09/blog-post_25.html

    ReplyDelete
  18. မလေးရှားရောက် မြန်မာများတော့ စပီဟေ့.

    ကိုရီးယား.ဂျပန်.စင်္ကာပူ.အမေရိကန်.ဗီယက်နမ်.ထိုင်း အခြားသော ပြည်ပရောက် မြန်မာများ အားလုံး ရက်တခုကို သတ်မှတ်ပီး.တစ်နေ့ထဲ မြစ်ဆုံ ရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ စတင်ကြဖို့.တိုက်တွန်းချင်ပါတယ်.

    ReplyDelete
  19. ဒဂုန်တာရာ၏
    ငြိမ်းချမ်းရေး ပန်ကြားလွှာ (၃)


    ထလော့ မြစ်မင်းဧရာ
    မြပင်လယ်မှ ရေတွေ ဘယ်ရောက်နေပြီလဲ
    မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
    ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
    ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
    စစ်ကိုင်းတောင်မှ ပိတောက်ရ နံ့တွေ ဘယ်ရောက်နေပြီလဲ
    မြစ်မင်းဧရာဝတီ
    ထလော့ လှလော့ ကလော့
    ထလော့
    ဧရာဝတီ
    ရေတွေ စီးလော့ …


    ချစ်သော ဧရာဝတီမြစ်ကြီး မပျက်စီးစေလို၍၊ ဆက်စီးစေလို၍၊ အသက်သီးစေလို၍ အထက်ပါ စာကဗျာကို ကျွန်တော်၏ (၉၃) ကြိမ်မြောက် မွေးနေ့ (၁ဝ-၅-၂ဝ၁၁) ရက်က ကျွန်တော် ရေးခဲ့ပါသည်။


    ယခုကား ဧရာဝတီမြစ်ကြီးသည် အထူးသဖြင့် လူ့ ပယောဂများကြောင့် အမျိုးမျိုး ပျက်စီးနေခဲ့ရာမှ မေခ၊ မလိခ၊ ဧရာဝတီမြစ်ဆုံတွင် ဧရာမ ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်ရန် အပြီးအပိုင် အနိုင်အထက် စီမံ လုပ်ဆောင်နေကြ၍ ဤလုပ်ငန်း၏ အန္တရာယ်ကြီးကို သိမြင် နားလည်ကြသော ပြည်သူများ၊ ပညာရှင်များက မခံမရပ်နိုင် ကန့်ကွက် တားဆီးနေသံများ ပွက်ပွက်ညံနေသည်ကို ကြားရသောအခါ ဤကိစ္စသည် မြန်မာရဋ္ဌ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း။


    ဧရာဝတီမြစ်ဆုံမှ ရေတွေ စီးပါစေ။
    ကျည်ဆံတွေ မစီးပါစေနှင့်။


    ဒဂုန်တာရာ
    သာမိုင်းခမ်း အောင်ပန်းမြို့
    ရှမ်းရဋ္ဌ
    (၂၆-၉-၂ဝ၁၁)

    ReplyDelete
  20. လူထုဆန္ဒသဘောထားကို မထေမဲ့မြင် ပြောဆိုတာဟာ မိုက်မဲရာကျကြောင်း ဦးဝင်းတင် ဝေဖန်


    2011-09-12


    ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှု အပေါ် ဝေဖန် ကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ကန့်ကွက်ဝေဖန်တာရှိနေပါစေ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း မြန်မာအစိုးရ ၀န်ကြီးက ပြောကြားခဲ့တာဟာ ပြည်သူလူထုဆန္ဒ သဘောထား အပေါ် မထေ့မဲ့မြင် ပြောဆိုလိုက်တာ ဖြစ်ပြီး မိုက်မဲရာကျတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။


    "ပြည်သူလူထုကရော၊ ကမ္ဘာကရော အကြီးအကျယ် ကန့်ကွက်နေကြတယ်။ တရုတ်ပြည်က တရုတ် ပညာရှင်တချို့ကတောင်မှ ကန့်ကွက်တယ် ဆိုတာတွေ ကြားသိနေရတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးဆိုတာထက် အန္တရာယ်ပေါ့ဗျာ။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးမဲ့မှု၊ အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ပြီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်။ "

    စက်တင်ဘာ ၁၀ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ ၀န်ကြီး ၅ ဦးရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဦးဇော်မင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

    "အခုလအတွင်း တလလောက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဧရာဝတီ ရောဂါပေါ့၊ ဧရာဝတီ ရောဂါနဲ့ အမှီလိုက်နေတဲ့ သူများရဲ့ မေးခွန်းတွေ၊ ကာတွန်းတွေပေါ့။ အဲဒီတော့ အခု ဧရာဝတီမြစ်ဆုံရဲ့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ် ရှိပါသလား၊ ဘယ်အဆင့်အထိ ရောက်နေသလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။"

    မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့် ယူခဲ့ကြောင်း ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက ဝေဖန်ရှုံ့ချတာတွေလည်း တဆက်ထဲ ထွက်ပေါ်လာပါတယ်။


    (RFA)

    ReplyDelete
  21. 2011-09-12


    ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှု အပေါ် ဝေဖန် ကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ကန့်ကွက်ဝေဖန်တာရှိနေပါစေ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း မြန်မာအစိုးရ ၀န်ကြီးက ပြောကြားခဲ့တာဟာ ပြည်သူလူထုဆန္ဒ သဘောထား အပေါ် မထေ့မဲ့မြင် ပြောဆိုလိုက်တာ ဖြစ်ပြီး မိုက်မဲရာကျတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။


    "ပြည်သူလူထုကရော၊ ကမ္ဘာကရော အကြီးအကျယ် ကန့်ကွက်နေကြတယ်။ တရုတ်ပြည်က တရုတ် ပညာရှင်တချို့ကတောင်မှ ကန့်ကွက်တယ် ဆိုတာတွေ ကြားသိနေရတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးဆိုတာထက် အန္တရာယ်ပေါ့ဗျာ။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးမဲ့မှု၊ အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ပြီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်။ "

    စက်တင်ဘာ ၁၀ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ ၀န်ကြီး ၅ ဦးရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဦးဇော်မင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

    "အခုလအတွင်း တလလောက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဧရာဝတီ ရောဂါပေါ့၊ ဧရာဝတီ ရောဂါနဲ့ အမှီလိုက်နေတဲ့ သူများရဲ့ မေးခွန်းတွေ၊ ကာတွန်းတွေပေါ့။ အဲဒီတော့ အခု ဧရာဝတီမြစ်ဆုံရဲ့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ် ရှိပါသလား၊ ဘယ်အဆင့်အထိ ရောက်နေသလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။"

    မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့် ယူခဲ့ကြောင်း ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက ဝေဖန်ရှုံ့ချတာတွေလည်း တဆက်ထဲ ထွက်ပေါ်လာပါတယ်။


    http://www.rfa.org/burmese/news/irawaddy-uwintin-09122011121127.html

    ReplyDelete
  22. မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့


    မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

    နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

    “မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

    ReplyDelete
  23. မျိုးဆက်သစ်လူငယ်September 30, 2011 at 5:40 PM

    မြစ်ဆုံ ရေကာတာစီမံကိန်းကို ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြသူ အားလုံးကို ကျေးဇူးတင်ပါတယ်..

    ဒါဟာ ပြည်သူတွေက အကြံပက်စက်၊ ဇကောလောက်မှ ဇောက်မနက်တဲ့ စစ်အာဏာရှင်တွေကို အနိုင်ရလိုက်တဲ့ ပဏာမအောင်ပွဲပါ..

    စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရတဲ့အထိ ပြည်သူတွေ အခုလို တခဲနက် ဆက်လက် တောင်းဆိုကြပါစို့..

    ReplyDelete
  24. ဆင်ခြေတွေ များမနေပါနဲ့  သိန်းစိန်ရယ်၊ ပြည်သူတွေ ပြောနေတာ ဧရာဝတီမြစ်ဆုံဒေသမှာ လက်ရှိ လုပ်နေတဲ့ ရေကာတာတွေ အလျင်း ရပ်ဆိုင်းဖို့ ပါ။ လုံးဝ (လုံးဝ) မလုပ်ဖို့ ပါ။

    မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဖူး၊ တိုင်းပြည်မှာ အာဏာရှင်စနစ်နဲ့  အုပ်ချူပ်နေပြီး ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  နိုင်ငံတော်သူခိုးကြီးများကြောင့်ပါ။

    ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြားဖြစ်ကုန်ပြီး တိုင်းသူပြည်သားတွေက ဆန္ဒသဘောထားတွေ ဆက်တိုက်ဖေါ်ပြနေတာမို့  မလိမ့်တပါတ်နဲ့  ဖြောင့်ဖြသလိုလို နှစ်သိမ့်သလိုလိုနဲ့  တကယ်တမ်းမှာ ဒီစီမံကိန်းတွေ ငါတို့  လုပ်ချင်တဲ့ အချိန်မှာ ဆက်လုပ်မှာဘဲလို့  ပြည်သူလူထုကို စိန်ခေါ်ထားတာဘဲ။

    ခိုးပြီး လုပ်မရတော့ ခဏရပ်ပြတယ်၊ ခဏရပ်နေရင်း ခိုးလုပ်နေမယ်၊ ပြည်သူလူထုအသံတွေ ငြိမ်သွားရင် ပေါ်တင် ပြန်လုပ်မယ် ဆိုတဲ့ အာဏာရူးတွေရဲ့  လှည့်ကွက်တွေနဲ့  ကလိမ်ကကျစ်နည်းတွေ အဖြစ်အပျက်တိုင်းမှာ ကြုံရလွန်းလို့  ပြည်သူတွေ သိနေပါပြီ။

    လေပြေလေးသွေးပြီး ဖြောင့်ဖြပြောဆိုတာတွေ၊ အချိန်ဆွဲတာတွေ၊ အပျော့နည်းလေးနဲ့  ပြောနေတဲ့ သိန်းစိန်က တစ်ဘက်၊ ခပ်မာမာနဲ့  စော်ကားပြောတဲ့ လျှပ်စစ်ဝန်ကြီး ဇော်မင်းက တစ်မျိုးနဲ့  အာဏာရူးတွေ အချင်းချင်း တိုင်ပင်ထားပြီး ပြည်သူလူထုကို ထပ်မံ သွေးတိုးစမ်း လိမ်လည်ပြနေပါတယ်။

    ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...

    ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...


    http://niknayman-niknayman.blogspot.com/2011/09/blog-post_30.html

    ReplyDelete
  25. မြစ်ဆုံရေကာတာ အားလုံး ဖျက်ပါ

    ဆင်ခြေတွေ များမနေပါနဲ့  သိန်းစိန်ရယ်၊ ပြည်သူတွေ ပြောနေတာ ဧရာဝတီမြစ်ဆုံဒေသမှာ လက်ရှိ လုပ်နေတဲ့ ရေကာတာတွေ အလျင်း ရပ်ဆိုင်းဖို့ ပါ။ လုံးဝ (လုံးဝ) မလုပ်ဖို့ ပါ။

    မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဖူး၊ တိုင်းပြည်မှာ အာဏာရှင်စနစ်နဲ့  အုပ်ချူပ်နေပြီး ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  နိုင်ငံတော်သူခိုးကြီးများကြောင့်ပါ။

    ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြားဖြစ်ကုန်ပြီး တိုင်းသူပြည်သားတွေက ဆန္ဒသဘောထားတွေ ဆက်တိုက်ဖေါ်ပြနေတာမို့  မလိမ့်တပါတ်နဲ့  ဖြောင့်ဖြသလိုလို နှစ်သိမ့်သလိုလိုနဲ့  တကယ်တမ်းမှာ ဒီစီမံကိန်းတွေ ငါတို့  လုပ်ချင်တဲ့ အချိန်မှာ ဆက်လုပ်မှာဘဲလို့  ပြည်သူလူထုကို စိန်ခေါ်ထားတာဘဲ။

    ခိုးပြီး လုပ်မရတော့ ခဏရပ်ပြတယ်၊ ခဏရပ်နေရင်း ခိုးလုပ်နေမယ်၊ ပြည်သူလူထုအသံတွေ ငြိမ်သွားရင် ပေါ်တင် ပြန်လုပ်မယ် ဆိုတဲ့ အာဏာရူးတွေရဲ့  လှည့်ကွက်တွေနဲ့  ကလိမ်ကကျစ်နည်းတွေ အဖြစ်အပျက်တိုင်းမှာ ကြုံရလွန်းလို့  ပြည်သူတွေ သိနေပါပြီ။

    လေပြေလေးသွေးပြီး ဖြောင့်ဖြပြောဆိုတာတွေ၊ အချိန်ဆွဲတာတွေ၊ အပျော့နည်းလေးနဲ့  ပြောနေတဲ့ သိန်းစိန်က တစ်ဘက်၊ ခပ်မာမာနဲ့  စော်ကားပြောတဲ့ လျှပ်စစ်ဝန်ကြီး ဇော်မင်းက တစ်မျိုးနဲ့  အာဏာရူးတွေ အချင်းချင်း တိုင်ပင်ထားပြီး ပြည်သူလူထုကို ထပ်မံ သွေးတိုးစမ်း လိမ်လည်ပြနေပါတယ်။

    ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...

    ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...


    http://niknayman-niknayman.blogspot.com/2011/09/blog-post_30.html

    ReplyDelete
  26. ဟေ့ကောင် ... သိန်းစိန် ..

    မြစ်ဆုံ ရေကာတာ အားလုံးကို ဖျက်ခိုင်းနေတာကွ ..

    "ရပ်ထားမယ်" ဆိုပြီး မလိမ့်တပတ် ပြောမနေနဲ့

    ReplyDelete
  27. C-Box မှ မှတ်ချက်များSeptember 30, 2011 at 8:36 PM

    .

    30 Sep 11, 04:02 PM

    Sein Lay: သတင်းကောင်း လာပေးတာ၊ မငယ်နိုင်ရေ ... "မြစ်ဆုံရေကာတာ ရပ်ဆိုင်းပြီ" တဲ့



    30 Sep 11, 06:58 PM

    Nge Naing: ကျေးဇူးတင်ပါတယ် Sein Lay. ပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒကို ဘယ်အစိုးရကမှ လွန်မဆန်နိုင်ပါဘူး။ ဒါပေမဲ့ ရပ်တဲ့အဆင့်ကနေ ဖျက်တဲ့အဆင့်ရောက်အောင် လုပ်ဖို့ လိုပါသေးတယ်။

    ReplyDelete
  28. ချိုတူးဇော်October 1, 2011 at 3:26 AM

    ခုမနက် ဖေ့စ်ဘွတ်ခ် ကို ဖွင့်ဖွင့်ချင်း ကျနော့်ကို ကြိုဆိုနေတဲ့ သတင်းက မြစ်ဆုံစီမံကိန်းကို မိမိတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ် ဆိုတဲ့ သမ္မတရဲ့သတင်း နဲ့ အဲဒီသတင်းကို ၀ိုင်းကြိုဆိုနေကြတဲ့ ကျနော့်မိတ်ဆွေများရဲ့ ပလူပျံအသံပါ။ ကျနော်ကတော့ အဲဒီသ၀ဏ်လွှာကို သေချာဖတ်ခွင့်မရသေးတဲ့အတွက် ဘာ ဆိုတာ ရေရေရာရာမသိသေးပါဘူး။ သိရသလောက်နဲ့ဝေဖန်ရရင် မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းမယ် လို့ မသုံးထားဘူး။ မိမိတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းမယ် လို့ပဲသုံးထားတယ်။ နောက် မြစ်ဆုံစီမံကိန်းသာမက အဲဒီစီမံကိန်းမှာ ဆည်တွေ ခြောက်ခု လိုက် တသီတန်းကြီးဆောက်မယ် ဆိုတာ တရုတ်စီပီအိုင်က ဗီဒီယိုအခွေမှာ အတိအလင်းဖေါ်ပြထားတယ်။ မြစ်ဆုံတခုထဲ ရပ်လိုက်ရုံနဲ့လည်း ပြီးသွားမယ် မထင်ဘူး။ ခု ဟာ က ရပ်တယ်လို့လည်း မပြောဘူး။ ဒီ ငါးနှစ်သက်တမ်းလေးမှာပဲ ဒီတင်္ဂလေးမှာပဲ ရပ်ဆိုင်းမယ် ပြောတာ။ ကျနော့်ကို သံသယများတယ် ပြောလည်း ဟုတ်ပါတယ်၊ နှစ် ၅၀ စာ သံသယ ရှိပါတယ် လို့ အတိအလင်း ၀န်ခံပြီးပြီ။ ခုလေးပဲသတင်းတပုဒ်မှာ ကိုအော်ပီကျယ်ရဲ့ဟောပြောပွဲကို အကြောင်းပြချက်မရှိ အကန့်အသတ်မရှိရွှေ့ဆိုင်းထားတယ် ဆိုတာပါလာပြန်တယ်။ မိတ်ဆွေတို့ရေ.. တက်လွယ်၊ ကျလွယ်၊ ယုံလွယ်လွန်းတာလည်း မကောင်းဘူး။ အဲဒီလိုပဲ သံသယ ထားနေရတာကိုကလည်း မကောင်းပါဘူး။ အဲဒီ သမ္မတရဲ့ သ၀ဏ်လွှာမတိုင်မီကတည်းက မြစ်ဆုံဆည်ကို အကြောင်းတစုံတရာကြောင့် ရွှေ့ဆိုင်းတော့မယ် ဆိုတာ ကိုဗမာ့သွေးရဲ့ သတင်းဝေဖန်ချက်မှာ ကျနော်ကြိုရေးခဲ့ပါတယ်။ ကျနော့်ကို အနယ်နယ် အရပ်ရပ်က မိတ်ဆွေတွေ ပေးပို့ကြတဲ့ စာတွေက တဆင့် ဒီသတင်းကို ကြိုသိရလို့ ရေးခဲ့တာပါ။ ကျနော်လည်း ဘာအရည်အချင်း ဘာအကြားအမြင်ကိုမှ ရလို့ ဒီလိုကြိုရေးနိုင်ခဲ့တာမဟုတ်ပါဘူး။ အဲဒီကတည်းက ကျနော်ထောက်ပြခဲ့တယ်။ မြစ်ဆုံဆည်ဟာ ပြည်သူလူထု ရဲ့ကျယ်ကျယ်လောင်လောင် အော်သံ တွေကြောင့် သူတို့နောက်ဆုတ်လိမ့်မယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ကန့်ကွက်တဲ့အဆိုကို တင်တော့လက်မခံဘူး။ ကြံ့ဖွံ့က သူတို့ဖါသာ နာမည်ကောင်းရယူသွားမယ်ထင်တယ် လို့ ရေးခဲ့တယ်။ ခုတော့ ပိုတောင်လှလှပပ သမ္မတ သ၀ဏ်လွှာနဲ့ ရုတ်သိမ်းခဲ့တယ်။ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ပါတ်သက်လို့ ကျနော် ဒီလို တုန့်ပြန်ချင်ပါတယ်။ ၁။ သမ္မတရဲ့ သ၀ဏ်လွှာကို ချွင်းချက်မရှိ ကြိုဆိုပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာအတိုင်း အစိုးရနဲ့လွှတ်တော်က လိုက်နာကြမယ်လို့မျှော်လင့်ပါတယ်။ တဆက်တည်း မြစ်ဆုံဆည်သာမက၊ အဲဒီဧရာဝတီနဲ့မေခ၊ မလိခ မြစ်တွေပေါ်က ဆည်တွေအားလုံးကို ပါ ရပ်ဆိုင်းပေးဖို့၊ အချိန်ကာလတခုသာမက၊ အကြွင်းမဲ့ အဲဒီစီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ ၂။ ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ကိုင်တွယ်ဖြေရှင်းပေးသလို၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ ၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပြီး နိုင်ငံရေးနည်းနဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖြေရှင်းပေးပါ လို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ မိတ်ဆွေတွေကို လည်း တခုလေး သတိပေးနှိုးဆော်ရေးသားချင်တာက လက်ရှိအစိုးရဟာ စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းဖို့နဲ့ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ ဖုတ်ပူမီးတိုက်ကို ဖြစ်နေတယ်။ ဒီတော့ ဒီအချိန်မှာ သူတို့ဒီလိုပဲ တုန့်ပြန်ဆက်ဆံမှာပဲ။ ဒီလိုကလေး “လေ” သက်သက်နဲ့ပဲ တုန့်ပြန်ရသေးတယ်၊ ချက်ခြင်းလက်ငင်း ယုံမမှတ်၊ပုံမအပ်ကြနဲ့ဦးဗျ။ အဲဒီအစိုးရ၀န်ကြီးအဖွဲ့ထဲ ခင်ဗျားတို့မသိတဲ့ လူ ဘယ်နှယောက်များ ပါလို့လဲ။ ဒီမျက်နှာတွေနဲ့ပဲ ဘယ်လိုတွေပြောခဲ့၊ ဆိုခဲ့၊ လုပ်ခဲ့၊ ကိုင်ခဲ့တယ် ဆိုတာ အထွေအထူးပြောစရာတောင်မလိုဘူး။ ၈၈၊၂၀၀၇၊ဒီပဲယင်းနဲ့ ခရစ္စတီးကျွန်း တာဝန်မကင်းတဲ့သူတွေ ပါတဲ့ အစိုးရအဖွဲ့ကြီးနော်။ ဒီလိုပြောလိုက်တာနဲ့ ဒီလိုပဲ လို့ ယုံလိုက်ရင် ကျနော်တို့မြန်မာတွေဟာ စစ်အာဏာရှင်စနစ်နဲ့ပဲတန်တဲ့ ဖွတ်မေ့၊ ပဒတ်မေ့ မေ့တတ်တဲ့သူတွေ ဖြစ်ကုန်လိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲက လို ကျနော်တို့ တက်ထောင်မိမှာ စိုးရိမ်ပါတယ်။

    ReplyDelete
  29. ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်း ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
    ဒီစာချုပ်ချုပ်ကတဲကိုကပုံမှန်မဟုတ်ပါဘူး။
    အကျိုးခံစားခွင့် ၉၀း၁၀ ဆိုတာကိုကနောက်ကွယ်မှာတခြားသဘောတူညီချက်တခုရှိနေသေးတာသေချာတယ်။ဒီအတိုင်းလွယ်လွယ်နဲ့ရပ်လို့မရနိုင်သလို ဦးသိန်းစိန်သဘောနဲ့လည်းရပ်လို့မရနိုင်ဘူး။
    ဒါကြောင့်သေချာတဲ့နေ့မှာမှကျွန်တော်တို့လက်ခုတ်တီးကြရအောင်။
    တက်ထောင်တာမစောကြပါနဲ့ဗျာ။

    ReplyDelete
  30. မြန်မာပြည်သူလူထုတ၇ပ်လုံးပိုင်မြစ်ကြီးကိုမိမိပိုင်လိုသဘောထားပွဲစားလုပ်ပြီးတသက်တာအတွက်အလုပ်ုလုပ်စ၇ာမလိုအောင်အကြံအဖန်လုပ်တဲံ့ပွဲစားကိုဖေါ်ထုတ်ဖို့နဲ့ တ၇ားစွဲဖို့လုပ်ကြ၇င်ကောင်းပါမယ်ဒါပြညသူလူထုအများပိုင်ပါ

    ReplyDelete
  31. သမတအစိုးရ ရဲရဲ ရပ်ပါOctober 6, 2011 at 6:47 AM

    သမတအစိုးရ ရဲရဲ ရပ်ပါ


    ကိုယ့်တိုင်းပြည်က ပစ္စည်း ကိုယ်လည်းမသုံးရ၊ ကိုယ့်ပြည်သူလည်း ဘယ်တုံးကမှ အကျိုးအမြတ်မရဘဲ ဖွတ်ကျောပြာစု နေတာက နှစ် ငါးဆယ် ပြည့်တော့မယ်။

    တိုင်းရင်းသားတွေဘက်ကလည်း "ဗမာ" ဆိုပြီး ပုံချနေမဲ့အစား တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ဖြစ်သင့်ပြီ။ ဗမာနဲ့  စစ်တပ်ခုတုံးပြု အာဏာရှင်တစု ထင်ရာစိုင်းပြီး ကောင်းစားရေး လုပ်ခဲ့တဲ့ Organized Mob ကို ပြက်ပြက်ထင်ထင် ခွဲပြီး မြင်သင့်ကြပြီ။

    သည်အချိန်ဟာ အရေးကြီးဆုံးအချိန်။ ကျောက်ဖြူကနေ ယူနန်အထိသွားမဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့  ပိုက်လိုင်းတွေ၊ ရထားလမ်း၊ ကားလမ်းတွေ၊ ကျုပ်တို့ ရဲ့ ဓါတ်ငွေ့ တွေ ဘာတခုမှ တရုတ်အတွက် ပေးစရာ အကြောင်းမရှိဘူး။ ဒါတွေ အားလုံး သန်းရွှေရဲ့ တရားမ၀င်အစိုးရ လုပ်ခဲ့တာ။

    (လက်ရှိ သမတအစိုးရ အနေနဲ့ တရုတ်နဲ့ ဇာတ်လမ်းကို သည်မှာတင် မသိမ်းဖူး ဆိုရင် ပြည်ထောင်စု ပြိုကွဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်)။

    ဒို့ တာဝန်အရေးသုံးပါး ရဲ့ (ပြည်ထောင်စုမပြိုကွဲရေး) ကို တချိန်လုံး အသံကောင်းလွှင့်ခဲ့သူတွေ တကယ် လုပ်ပြဖို့ အချိန်တန်ပြီ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ပြည်တောင်စုကလွဲလို့ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုပါဘူး။

    (သမတအစိုးရအနေနဲ့ ပြည့်သူ့ နှလုံးသားကို နားထောင်ပြီး သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။ ဒေါ်စုနဲ့ လက်ချင်းဆက် ချိတ်ထားပါ။ တရုတ်နဲ့ နှစ်ပါးသွားခန်းကို သိမ်းပါ)။ တရုတ် - အမေရိကန် / အိန္ဒိယ - ပါကစ္စတန် ကြားကစမဲ့ ကမ္ဘာကြီးရဲ့ ဒုတိယစစ်အေးတိုက်ပွဲကို မြန်မာပြည်က စအောင် မဖြစ်ချင်ပါနဲ့ ၊ ကျွဲလူးအိုင် ဖြစ်သွားမယ်။

    (စစ်ရေးမဟာဗျူဟာ နည်းဗျူဟာတွေ၊ ရေမြေတောတောင် အနေအထားတွေကို သိလို့ စစ်အရာရှိ ဖြစ်လာတယ် ဆိုတဲ့ စစ်တပ်က တိုင်းပြည်ကို လည်ပင်းက ဖြတ်လိုဖြတ်၊ ဒါးနဲ့ ပိုင်းလိုပိုင်း လုပ်ချင်တိုင်းလုပ်ပြီး တရုတ်ကို (ပြည်သူမသိပဲ) ခိုးရောင်းထားခဲ့တဲ့ စာချုပ်တွေကို သမတအစိုးရ အနေနဲ့  တိုင်းပြည်နဲ့ ပြည်သူကိုချပြပြီး အခက်အခဲအားလုံးကို ဆွေးနွေးသင့်ပြီ။

    သည်တော့မှ တရုတ် ဘာလုပ်မလဲ ဆိုတာ ကျွန်တော်တို့ အားလုံး တွက်ဆလို့ ရပြီး တိုင်းပြည်အတွက် ပြင်သင့်တာပြင်နိုင်မယ်။

    သည်ရက်ပိုင်းအတွင်းမှာ မြစ်ဆုံကိုရပ်တာ တခုတည်းနဲ့ တရုတ်က ဘာကြောင့် ဒေါသတကြီး ဖြစ်နေရတာလဲ ဆိုတာ မေးခွန်းထုတ်စရာတွေ။

    မြစ်ဆုံတင်မက ကျောက်ဖြူ - ယူနန် ပိုက်လိုင်း စီမံကိန်းတွေပါ ကျွန်တော်တို့ ရပ်အောင် ဆက်တိုက်ကြရမယ်။ သမတအစိုးရ ပြည်သူနဲ့ ဒေါ်စုနဲ့ ကျောချင်းကပ်ပြီး ရဲရဲ ရပ်ပါ။


    ............ လှိုင်ဘွား/၈၈

    ReplyDelete
  32. သူခိုးကြီး သန်းရွှေ


    မင်းတို. စစ် အစိုးရလက်ထက်က တရုတ်ကို လိုခြင်တာအကုန်ပေး လက်မှတ်ထိုး ထားတာ ခုလာ ဖြေရှင်းလှည့် ကွ - ကြိုင်ကြိုင်ထမိန်ကြား ပုန်မနေနဲ့ ဂန်ဒူးကြီး ။

    ရှစ်လုံးကြီးမှ တဆင့် တရုတ်ပေးတဲ့ ဒေါ်လာသန်းချီ အိပ်ထဲထည့်ပြီးမှ ဧရာဝတီ မြစ်ဆုံကိစ်စ ကို
    သူ.ခြေသုတ်ကြံ့ဖွတ် အစိုးရ ခေါင်းပေါ်ပုံချပီး
    မသိဟန်ဆောင် ပုန်းအောင်းနေတဲ့ အာဃ သတ်တိခဲကြီး မင်းရူးကြီး သန်းရွှေ ထွက်ခဲ့ လေ...။

    Where is သူခိုးကြီး Than Shwe?......
    မြစ်ဆုံရေကာတာ တည်ဆောက်ရေး သဘောတူညီချက်ကိစ္စ အမြန်ဆုံး ထွက်လာ ဖြေရှင်းပါ။ တာဝန်ယူမှု ရှိစမ်းပါ ။

    ReplyDelete
  33. ဟူကျင်းတောင်October 9, 2011 at 6:18 PM

    သိန်းစိန်

    ဘီမာပြည်က လူတွေကို နင် လိမ်နေတဲ့ အကွက် ကောင်းတယ်

    အဲတီလို လိမ်နည်းအတိုင်း ဆက်လိမ်ထား

    ဝ တို့လဲ နင့် ကို ဆက်ပီး စိတ်ဆိုးချင်ယောင် ဆောင်ထားမယ်

    အီရာဝတီ ကို ကယ်တင်ပါ ဆိုပီး အော်နေတဲ့ အကောင်တွေ အော်ရတာ မောသွားမှ နင် နဲ့ ဝ နဲ့ သဘောတူထားတာတွေ ဆက်လုပ်မယ်

    လောလောစယ်မှာ တီအကောင်တွေ မသိသေး
    ဒဲ့ စီမံကိန်းတွေ လုပ်နေမယ်

    ဝ ပြောထားဒဲ့ ဟိုအလုပ် လုပ်ဖြစ်ရင် စင်ကာပူက နင့် ဘဏ်စာရင်းထဲကို ဝ တို့က နောက်ထပ် ဒေါ်လာ သန်း ၁ဝဝ ထပ်ထည့်ပေးမယ်

    ပီးတော့ နင့်အတွက် ဝ တို့က ခြံ နဲ့ အိမ် အကြီးကြီး နောက်တလုံး ထပ်ဝယ်ပေးမယ်

    နင့် အိမ်အသစ်ကို ဘေဂျင်း မှာ ယူမလား၊ ရှန်ဟိုင်း မှာ ယူမလား


    ဟူကျင်းတောင်

    ReplyDelete
  34. ဟူကျင်းတောင်October 13, 2011 at 10:26 PM

    .
    သိန်းစိန်

    "မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုပီး ဘီမာပြည်က ပြည်သူတွေကို နင် လိမ်နေဒဲ့ ကလိမ်စေ့ငြမ်းဆင် အကွက် တိပ် ကောင်းတယ်

    ဝ တို့လဲ ဝ တို့ စီလုတ်ပြည်က ပြည်သူတွေကို အဲတီလို လိမ်နည်းတွေနဲ့ လိမ်ပီး လုပ်စားလာတာဘဲ

    အဲတီလို "မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုဒဲ့ လိမ်နည်းအတိုင်း ဆက်လိမ်ထား

    ဝ တို့လဲ နင့် ကို ဆက်ပီး စိတ်ဆိုးချင်ယောင် ဆောင်ထားမယ်

    နင်လဲ ဆက်ပီး သူတော်ကောင်း ယောင် ဆောင်ထား

    အီရာဝတီ ကို ကယ်တင်ပါ ဆိုပီး အော်နေတဲ့ အကောင်တွေ အော်ရတာ မောသွားမှ နင် နဲ့ ဝ နဲ့ သဘောတူထားတာတွေ ဆက်လုပ်မယ်

    လောလောစယ်မှာ တီအကောင်တွေ မသိသေးဒဲ့ စီမံကိန်းတွေ လုပ်နေမယ်

    ပီးတော့ ဟိုကလောတုန်းက နင့်ကို ဝ ပြောထားဒဲ့ ဟိုစီမံကိန်း လုပ်ဖြစ်ရင် စင်ကာပူက နင့် ဘဏ်စာရင်းထဲကို ဝ တို့က နောက်ထပ် ဒေါ်လာ သန်း ၁ဝဝ ထပ်ထည့်ပေးမယ်

    ပီးတော့ နင့်အတွက် ဝ တို့က နန်းတော်လို ခြံ နဲ့ အိမ် အကြီးကြီး နောက်တလုံး ထပ်ဝယ်ပေးမယ်

    နင့် အိမ်အသစ်ကို ဘေဂျင်း မှာ ယူမလား၊ ရှန်ဟိုင်း မှာ ယူမလား


    ဟူကျင်းတောင်

    ReplyDelete
  35. .
    Sunday, March 11, 2012


    China Daily သတင်း စာမျက်နှာ 2012-03-11 ရက်နေ့ 07:56 တွင် ဖော်ပြထားသော သတင်းတွင် မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံအတွက် မည်မျှ အရေးပါကြောင်း ဖော်ပြထားသည်။

    ရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်တို့၏ ရင်းနှီးသော အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်ကြောင်း အတတ်နိုင်ဆုံး မြန်မြန် ပြန်လည်ပတ် ဆောင်ရွက်ချင်သည် ဖြစ်ကြောင်း CPPCC National Committee member ၀င် တစ်ဦးဖြစ်သူ လု ဆိုသူက ပြောကြားသည် ဟု ဖော်ပြ ပါရှိပါသည်။

    ReplyDelete
  36. .
    ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်


    ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊
    မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား


    မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

    မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။

    ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး "ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလား" ဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့
    လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

    ReplyDelete
  37. .
    USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်း မယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက် လာတာ" ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကို မယုံဘူး။ သူတို့က သူတို့ လိုချင်တဲ့ ရုပ်သေးအစိုးရ တင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟု ဆိုပါသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။

    ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်းစာတွေ ရတယ်။ လူထုနဲ့ အများကြီး ဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကို သိရမယ် " ဟု ဆိုပါသည်။

    သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင် မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

    USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများ ပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင် ငွေကြေးများကို ရောထွေး သုံးစွဲခဲ့သည်ဟု စွပ်စွဲ ဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။

    (EMG)

    ReplyDelete
  38. .
    Southern Weekend (China): Myanmar MP: Some people want to set up a puppet regime in Myanmar –

    Zhang Zhe and Ye Weimin,

    Tue 17 Jul 2012,
    Filed under: Interviews

    [Note from BurmaNet editor: the following interview is an unofficial translation]

    Editor: Different political forces in Myanmar are trying to consolidate and reconcile. But on the other hand, the game among them and the under the table confrontations never stopped.

    For Myanmar today, the ruling party- USDP- is without question the most important leading force. Will USDP step out of its historic shadow? In the “new” parliament, how will USDP and the opposition led by Aung San Suu Kyi co-exist with each other? With these questions, the reporters from Southern Weekend interviewed Aung Thein Linn, executive member of the Central Committee of USDP, chairman of the Reform and Modernization Supervisory Committee of the Myanmar parliament, and a former mayor of Yangon.

    Aung Thein Linn came from the military and was the mayor of Yangon from 2003 to 2011. Currently, he has left the military and his mayor position to be a member of the parliament. He is also the chairman of USDP in Yangon region, leading more than half a million members of USDP.

    ReplyDelete
  39. .
    Aung Thein Linn came from the military and was the mayor of Yangon from 2003 to 2011. Currently, he has left the military and his mayor position to be a member of the parliament. He is also the chairman of USDP in Yangon region, leading more than half a million members of USDP.

    “I do not trust Ban Ki-moon, nor UN”.

    Southern Weekend : From 2011, President Thein Sein has been pushing for massive economic, social and political reforms in Myanmar. Could you start with an overall assessment of the reform?

    Aung Thein Linn: We are to build a democratic country and will not reverse the trend. We are to build a peaceful, developed and democratic country for the next generation. Everyone in this country loves democracy. We have done a good job implementing the Seven-Step Road Map.

    Southern Weekend: So far, do you think the reform is successful?

    Aung Thein Linn: Yes.

    Southern Weekend: Then what are the main difficulties for the reform?

    Aung Thein Linn: A major challenge is the economic sanctions since the 1990’s. They impact everyone: not only the government, but also every person. The sanction resolutions are an interference in our internal affairs by Western countries. Through the interference, they want to build a puppet regime in Myanmar, which is not something we want.

    Southern Weekend: Recently, the economic sanctions are being loosened. Both the U.S. and EU have shown some friendly gestures….

    Aung Thein Linn: We do not believe them. There is still a gang in our country who wants to grab the power. Their goal is to set up a puppet regime in Myanmar.

    Southern Weekend: About international community and sanctions, recently UN Secretary General visited Myanmar and met with President Thein Sein. All these show that the relationship between Myanmar and the international community is improving, no?

    Aung Thein Linn: Just think about it: who is controlling the UN? Who is controlling Ban Ki-moon? The headquarter of UN is in New York. Just think about it and you will know.

    Southern Weekend: But it seems to me that President Thein Sein likes Ban Ki-moon.

    Aung Thein Linn: Maybe, I don’t like them anyway. I don’t trust Ban Ki-moon, nor the UN. They are all the same. All they think of is to interfere with other countries’ internal affairs.

    Southern Weekend: US Secretary of State Hillary Clinton also visited Myanmar recently. What is your comment?

    Aung Thein Linn: That is our failure. She wasn’t here to see us. Her trip was not for our people, nor for our country, but only for “that woman”. You know that person. It was precisely because of “that woman” that Myanmar has faced with sanctions.

    ReplyDelete
  40. .
    “Efforts to revise the Constitution will not succeed”

    Southern Weekend: In the recent by-elections, NLD led by Aung San Suu Kyi had a landslide victory. Now NLD has 43 members in the parliament and has become the largest opposition party. As a member of the central committee of the ruling party and an MP, how do you plan to cooperate with them?

    (Aung Thein Linn clashed his two fists against each other, laughing, saying “Yes, cooperation! Cooperation!” Then he had the more serious look on his face.)

    Aung Thein Linn: All of our policies are for the country. We don’t have any selfish motive and are willing to cooperate with any party that serves the country and the people. After the by-elections, they won 43 seats, only 6% of the parliament. We have 76% and are the absolute majority.

    Southern Weekend: You are holding the power…

    Aung Thein Linn: At least for now. Our principle is “All for the country”. That is also the three principles of USDP: to protect the territorial integrity of the country, the solidarity among ethnic groups and Myanmar’s sovereignty.

    Southern Weekend: We saw the opening of many offices of NLD in Yangon and many excited people. They support Aung San Suu Kyi and NLD with great passion. What’s your comment on that?

    Aung Thein Linn: They are crazy. Ok, she is popular, but only because she is the daughter of General Aung San. He is our national hero.

    Southern Weekend: You mentioned the reform is for the democratization of Myanmar. Have you thought about that someday you might lose your status as the ruling party and become an opposition party?

    Aung Thein Linn: In elections, the party winning the majority will organize the government, but still it has to rule the country according to the Constitution. The Constitution was approved by all the people. The ruling party and government might change, but the Constitution can not be changed just because some people don’t agree.

    Southern Weekend: But as far as I know, the NLD is trying to revise the Constitution.

    Aung Thein Linn: Yes, they don’t like the Constitution.

    Southern Weekend: Because it doesn’t allow the spouse of a foreign national to run for office. That way, the political future of Aung San Suu Kyi becomes a problem, right?

    Aung Thein Linn: Yes, that is a rule for the qualification of the president and vice presidents.

    ReplyDelete
  41. .
    Southern Weekend: Do you think their effort to revise the Constitution will succeed?

    Aung Thein Linn: The leader of NLD (Aung San Suu Kyi) is the spouse of a foreign national. That’s why they want to revise the Constitution. But it is our responsibility to maintain our national identity and we will pass along this responsibility from generation to generation. The Constitution determines that the spouse of a foreign national shall not be the leader of the nation.

    Southern Weekend: You are saying the revision of Constitution will not succeed.

    Aung Thein Linn: No way. No one likes their trick. Myanmar was once a British colony and was ruled by the British for more than 100 years. No one wants to go back to be a colony again. This is the main reason. The second reason is that we will never allow any foreign military facility in Myanmar. That is a requirement for our sovereignty.

    “We learned a lot of lessons.”

    Southern Weekend: As the MP of the ruling party, how do you view the representatives of the opposition parties in the Parliament? Are they your friend, competitor or collaborator, or else?

    Aung Thein Linn: Competitors.

    Southern Weekend: Are there any different opinions on political reform and the relationship with the opposition parties within USDP? For example, among the senior members of USDP’s Central Committee, do you share the same view?

    Aung Thein Linn: There is no difference of opinions. Our solidarity is based on the three main principles of the party. No different opinions.

    ReplyDelete
  42. .
    Southern Weekend: Have you learned any lessons from the by-elections?

    Aung Thein Linn: We learned a lot, really learned a lot.

    Southern Weekend: For example?

    Aung Thein Linn: For example, to win an election, we need to do more public relations campaign on the work we have done and better understand the need of the people. We also need to change the thinking style of the people, spread the knowledge and work with the people regularly.

    Southern Weekend: Is there a problem of further releasing the political prisoners? Some critics are saying there are still a large number of political prisoners in Myanmar.

    Aung Thein Linn: We used to have political prisoners, who are all released now. So-called political prisoners were all in prison because they broke the law.

    Southern Weekend: NLD told us that there are at least 300 political prisoners not released yet.

    Aung Thein Linn: They have been spreading false rumors about us. This is a shameful hostile strategy of the Americans.

    Southern Weekend: About next general election, does USDP have any specific plan to win more votes?

    Aung Thein Linn: We will reform USDP and improve the party organs at all levels, at villages, townships and cities.

    Southern Weekend: What do you mean by reform? Looking for better party representatives?

    Aung Thein Linn: Yes, we will find better people. Furthermore, we will also build road, water systems and schools for the villages, promote the medical insurance system, provide better social welfare and small loans for farmers.

    Southern Weekend: Do you think you can win the next general election by these?

    Aung Thein Linn: We will win if we try.

    ReplyDelete
  43. .
    “Myitsone dam must continue.”

    Southern Weekend: Many people feel that now Myanmar seeks a balance among China, U.S. and Europe. Will there be any change to the foreign policy of USDP?

    Aung Thein Linn: Generally speaking, our foreign policy seeks peaceful coexistence. We have a close and friendly relationship with China. China has helped us tremendously for a long time. Everyone knows that. In Myanmar, you could see China’s donations everywhere. Among all the countries, China has helped Myanmar most and for the longest time. That is why we have survived so far.

    Southern Weekend: In 2011, President Thein Sein announced the suspension of the Myitsone dam. Many Chinese are very interested in this issue.

    Aung Thein Linn: That is not our national policy, and not a decision by the parliament. It was a decision by one man.

    Southern Weekend: One man, meaning the President?

    Aung Thein Linn: Yes, it was his own idea, not a resolution by the parliament. We oppose his decision. He tries to sever the ties between China and Myanmar.

    Southern Weekend: Do you think the construction of the dam could be resumed?

    Aung Thein Linn: It MUST, because we have to think for the country. We need electrical power. The power shortage in Myanmar has been a long problem, and a political one. You can imagine that some Western countries try to sever the ties between China and Myanmar.

    Southern Weekend: What is your attitude towards foreign investment?

    Aung Thein Linn: We have drafted the new foreign investment laws. In the future, all countries are welcome to invest, but will do so by the law. The Chinese are very close to Myanmar. At the UN and other international forums, China has always been on the side of Myanmar government. The peoples of China and Myanmar understand each other. We welcome China to invest in Myanmar. We are friends.

    Southern Weekend: But there are indeed complaints from NGO, media and average Myanmar people about Chinese companies’ exploitation of resources and polluting the environment. Will you hate the Chinese?

    Aung Thein Linn: No. We are very friendly towards the Chinese. When we were in trouble, it was the Chinese who helped us.

    (BurmaNet News)

    ReplyDelete
  44. .
    July 20, 2012


    - "အနောက်က မြန်မာပြည်ကို ပိတ်ဆို့ပြီး သူတို့ရဲ့ ရုပ်သေးအစိုးရကို အာဏာရစေချင်တာ၊ မြန်မာပြည်ထဲမှာ အာဏာကို ဖြတ်လမ်းနည်းနဲ့ ယူချင်တဲ့ အုပ်စုတစ်စု ရှိတယ်၊ ဒီအုပ်စုက အနောက်သြဇာခံအုပ်စုပဲ ..."

    - "ယူအန်ကို ယုံစရာလား၊ ယူအန်ကို ဘယ်သူထိန်းချုပ်နေသလဲ၊ ဘန်ကီမွန်းကို ဘယ်သူ ထိန်းချုပ်နေသလဲ၊ ယူအန်ရဲ့ ဌာနချုပ်က နယူးယော့မြို့မှာ နော် ..."

    - "ကျုပ်တော့ ဘန်ကီမွန်းကို မကြိုက်ဘူး၊ မယုံဘူး၊ ဒီလူဟာ အနောက်နဲ့ တစ်ဖွဲ့ထဲပဲ၊ သူတစ်ပါးပြည်တွင်းရေးကို မဆိုင်ပဲ ၀င်ရောက် စွက်ဖက်နေတဲ့သူတွေ ...."

    - "ဟီလာရီကို အ၀င်ခံတာ ကျုပ်တို့ အရေးနိမ့်မှုတစ်ရပ်ပဲ၊ သူ မြန်မာပြည်ကို လာတာ ပြည်သူတွေကိုတွေ့ဖို့ မဟုတ်ဘူး၊ တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး၊ ဟိုမိန်းမကို လာတွေ့တာ၊ သိတယ် မဟုတ်လား ဟိုမိန်းမလေ၊ အဲဒီမိန်းမကြောင့် ကျုပ်တို့နိုင်ငံ စီးပွားရေးပိတ်ဆို့မှု ခံရတာ ..."

    - "လွှတ်တော်ထဲမှာ အတူတကွ ပူးပေါင်းပြီး အလုပ်လုပ်မလား ..ဟားဟား ပူးပေါင်း အလုပ်လုပ်ရမှာပေါ့၊ ကျုပ်တို့က ၇၆% ဒင်းတို့က ၆% ဟားဟား ပူးပေါင်း အလုပ်လုပ်ရမှာပေါ့ ..."

    - "ကြားဖြတ်ရွေးကောက်ပွဲမှာ ဒင်းတို့ ဘာလို့ အကြီးအကျယ် အနိုင်ရသွားသလဲ ဆို ပြည်သူတွေက ရူးလို့ပေါ့၊ အဲဒီမိန်းမက ပေါ်ပြူလာ ဖြစ်နေတယ်လေ၊ ဒါကလည်း နိုင်ငံသူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်နေလို့ သက်သက်ပါဗျာ ..."

    - "ဒီကြားဖြတ်ရွေးကောက်ပွဲကနေ ကျုပ်တို့ ရလိုက်တဲ့ သင်ခန်းစာက နောက်ရွေးကောက်ပွဲတွေမှာ လူကြိုက်များမဲ့ ပေါ်ပြူလာဖြစ်မဲ့ မဲဆွယ်စည်းရုံးရေးတွေကို များများ လုပ်ဖို့ပဲ ..."

    - "မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ဆုံးဖြတ်တာ ဦးသိန်းစိန် တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့ အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့မြန်မာကြား နားလည်မှုလွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက်ခဲ့ကြတာ၊ ဘယ့်နဲ့ဗျာ ဒီလောက် အရေးပါတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်၊ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံလောက်မှုကို အများကြီး အကျိုးပြုမဲ့ စီမံကိန်းဗျ၊ ဒီစီမံကိန်း ပြန်ကို ပြန်စ ရမယ်ဗျာ ..."


    Aung Zin Latt

    ReplyDelete
  45. .
    "ပြည်သူတွေက ရူးလို့ပေါ့"

    Friday, July 20, 2012
    Sithu Linn


    ဒီကနေ့အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖတ်စရာတခုကတော့ တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ ဦးအောင်သိန်းလင်း အင်တာဗျူး ဆိုတာပါပဲ။

    ဒီစာစောင်ဟာ တရုတ်နိုင်ငံမှာ အလယ်အလတ်အကျဆုံး၊ သြဇာလွှမ်းမိုးမှုအရှိဆုံး လို့ New York Times သတင်းစာက ဆိုထားပါတယ်။



    တရုတ်လို ဖော်ပြထားတဲ့ အင်တာဗျူးကို ဘားမားနက် burmanet.org မှာ အင်္ဂလိပ်ဘာသာပြန်ထားပါတယ်။

    (မှတ်ချက် - အဲဒီ ဦးအောင်သိန်းလင်း အင်တာဗျူး အင်္ဂလိပ်ဘာသာပြန်ကို အထက်က မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ်။

    ("သေမင်းတမန် မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်" ပို့စ် အောက်က မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ်။)

    "မြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်ဖြစ်အောင်ကို ဆောက်မယ်" ဆိုပြီး ဘီလူးစွယ် ထုတ်ပြတဲ့ တရုတ်ပုဆိန်ရိုး ကြံ့ဖွတ် အောင်သိန်းလင်း အင်တာဗျူး (၁) - (၆) ဆိုတဲ့ ခေါင်းစဉ်နဲ့ အထက်က မှတ်ချက်တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။)



    အဲဒီ ဦးအောင်သိန်းလင်းက Southern Weekly (Southern Weekend) စာစောင်ကို ပြောတဲ့ အထဲက ကောက်နုတ်ချက်တချို့ကို အောင်ဇင်လတ် Facebook မှာ လမ်းတစ်ခြမ်းခင်းသူကြီးရဲ့ မှတ်သားဖွယ်စကားများ ဆိုပြီး တွေ့ရပါတယ်။

    (မှတ်ချက် - အောင်ဇင်လတ် ရဲ့ ကောက်နုတ်ချက်တွေကို "လမ်းတစ်ခြမ်းခင်းသူကြီး အောင်သိန်းလင်း ရဲ့ မှတ်သားဖွယ် စကားများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အထက်က မှတ်ချက်မှာ ဖတ်ကြည့်နိုင်ပါတယ်။)


    (Irrawaddy blog)

    ReplyDelete
  46. ငကြောင်၊ ဘရိန်းဖျင်း အောင်သိန်းလင်းJuly 21, 2012 at 11:26 PM

    >
    ငကြောင်၊ ဘရိန်းဖျင်း အောင်သိန်းလင်း


    ငကြောင်၊ ဘရိန်းဖျင်း အောင်သိန်းလင်း က မြစ်ဆုံစီမံကိန်းကို မဖြစ်ဖြစ်အောင် ပြန်လုပ်မယ် တဲ့..

    အကြံပက်စက်၊ စကောလောက်မှ ဇောက်မနက်တဲ့ အယုတ်တမာကောင် အောင်သိန်းလင်းပဲ..

    သူ့ပထွေး တရုတ်တွေ အကျိုးနဲ့ သူတို့ ကြံ့ဖွတ်ကောင်တွေ၊ ဗိုလ်ချုပ်တွေ ခိုးဖို့အတွက် မဖြစ်မနေ လုပ်ဖို့ ဆင်ကြံကြံနေတာ..

    နိုင်ငံတော်ရဲ့ သင်္ကေတ ဖြစ်တဲ့ ဧရာဝတီ ပျက်ရင်ပျက်၊ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောပဲ..

    ပြည်သူတွေအားလုံးကိုလဲ အရူးတွေ ဆိုပြီး ချိန်းဘရီး အရူးကြီး အောင်သိန်းလင်းက စော်ကားသွားသေးတယ်..

    သူခိုးက လူပြန်ဟစ်၊ ငါးဖယ်က ပြောင်းပြန် ပြောသွားတာလေ..

    ပြီးတော့ ဒူကြီး အောင်သိန်းလင်းက ဒေါ်စုကို မနာလို ဖြစ်နေလိုက်တာကလဲ လွန်ရော..

    ဖွတ်ပါတီက အောင်သိန်းလင်း ဆိုတဲ့ ဖွတ်ကြီးကတော့ ရုပ်ဆိုးသလောက် စိတ်ကလဲ ပုပ်လိုက်တာ..

    ရုပ်နဲ့ စိတ်နဲ့ လိုက်တယ် ဆိုတာ ဒါမျိုးပေါ့..

    ဖွတ်ရုပ်၊ ဖွတ်ဦးနှောက် နဲ့ ဖွတ်စိတ်ပဲ..


    နဂါးနိုင်၊ ဖွတ်နိုင် မောင်ပေါက်ကြိုင်း

    ReplyDelete
  47. .
    July 20, 2012


    အောင်သိန်းလင်းရဲ့  မြေး ဆက်နိုင်လင်း (ခ) ဖိုးတီလုံးတစ်ယောက် နေပြည်တော်ကနေ မိသားစုအလိုက် အပြန် ကားမှောက်လို့  သေဆုံးခဲ့ရတုန်းက ဆိုရင် ကလေးအတွက် စိတ်မကောင်းခဲ့ပါဖူး။


    တကယ်ဆို အောင်သိန်းလင်း သိဖို့ က ကြံ့ ဖွတ်ပါတီကနေ အမတ်ဖြစ်ဖို့ အရေး မဲဆွယ်တုန်းက ပြည်သူတွေနေတဲ့ ရပ်ကွက်ထဲက လမ်းကို လမ်းတစ်ခြမ်းဘဲ ဖို့ ပေးခဲ့တဲ့ အကုသိုလ်အကျိုးနဲ့  စိတ်ထားကောင်းမွန်စွာ မထားမှုရယ်၊ တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ စစ်မှန်စွာ စေတနာ မထားတတ်သူတွေ (အောင်သိန်းလင်း အပါအ၀င်) ရဲ့  မှားယွင်းသော လုပ်ရပ်တွေကြောင့် ကိုယ့်ရဲ့  မြေးအရင်း အသက်ဆုံးရှုံးခဲ့ရတာတောင် သံဝေဂမရ အမှန်မမြင်သေးတဲ့ အောင်သိန်းလင်းဟာ အတော့်ကို တရားမဲ့ပြီး နေနေသေးတယ် ဆိုတာပါဘဲ။

    ယခုလည်း အောင်သိန်းလင်းဟာ အသက်သာ ကြီးလာတယ်၊ တရားမရ အမှန်မမြင်သေးဘဲ မငြိမ်သေးဘဲ ထကြွ သောင်းကျန်းနေဆဲ အောင်သိန်းလင်း ဖြစ်နေပါတယ်။


    တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ အောင်သိန်းလင်း အင်တာဗျူးကို ဖတ်ကြည့်ရတော့ ပိုတောင် ဆိုးနေပါတယ်။


    အောင်သိန်းလင်းဟာ ပြည်သူကိုလည်း အခုမှ မဟုတ် အမြဲလိုလို ဆန့် ကျင် စော်ကားတယ်။ အခုဆိုရင် တစ်ဖွဲ့ ထဲ ဖြစ်တဲ့ သူ့ ရဲ့  သမ္မတဖြစ်သူ သိန်းစိန်ကိုလည်း ပေါ်ပေါ်တင်တင် အာခံပြောတဲ့သူ ဖြစ်နေပါပြီ။

    သမ္မတဖြစ်သူ သိန်းစိန်ကလည်း ပြောထားတယ်၊ ခေတ္တ ရပ်ဆိုင်းထားမယ်၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးကလည်း လက်မခံတဲ့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို အောင်သိန်းလင်းက ပြောလိုက်တာက "မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမယ်၊ ဒါဟာ သိန်းစိန်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒ မဟုတ်ပါဘူး။ သိန်းစိန်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်ခဲ့ပါတယ်" လို့  ပြောလိုက်ပြန်ပါပြီ။

    ထို့ အတူဘဲ အောင်သိန်းလင်းရဲ့  စော်ကားချက်ကတော့ “ပြည်သူတွေ ရူးနေတာ” လို့  ပြောဆိုမှုပါဘဲ။

    ပြောချင်တာကတော့ - အောင်သိန်းလင်း သိစေဖို့ က ပြည်သူတွေ မရူးပါဖူး၊ ရူးနေတာ ခင်ဗျားပါဘဲလို့  ….


    (Credit - ကိုနစ်နေမန်း)

    ReplyDelete
  48. .
    ( "အောင်သောင်း နဲ့ အောင်သိန်းလင်း လောဘဇော တိုက်နေပုံ (PHOTO)" ခေါင်းစဉ်ကို နှိပ်ပြီး ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။)



    ဘယ်သူကဖြင့် တမူးသာမလဲ...

    July 22, 2012


    သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဓာတ်ပုံပါ.. ဒီလို နာမည်ပျက် ရှိသူ၊ စကားကို မဆင်မခြင် ပြောဆိုသူ အနှီပုဂ္ဂိုလ် နှစ်ဦး (ဦးအောင်သောင်း (အလယ်) နဲ့ ဦးအောင်သိန်းလင်း (ဘယ်အစွန်) တို့ ) ကို ပြတ်ပြတ်သားသား အရေးမယူဘူး ဆိုရင်တော့ သမ္မတရဲ့ လူထုထောက်ခံမှု ရရှိခဲ့တဲ့ မြစ်ဆုံအရေးနဲ့ ဘင်္ဂလီအရေး ဆုံးဖြတ် ပြောဆိုချက်တွေဟာလည်း အနှီပုဂ္ဂိုလ် (၂) ဦးကြောင့် ထောက်ခံမှု ကျဆင်းနိုင်ပါတယ်..။


    "ပြည်သူတွေက ရူးနေတာပါ" လို့ ပြည်သူတွေကို စော်ကားသူ အနှီပုဂ္ဂိုလ်တို့ မိမိတို့ ကိုယ်တိုင် ဥစ္စာရူး၊ အာဏာရူး၊ ဘဝင်ရူး၊ စည်းစိမ်ရူးရူး နေလား၊ ဘာလား ဆိုတာ မိမိကိုယ်တိုင် ပြန်လည် သုံးသပ်ဖို့ လိုပါလိမ့်မယ်..။

    ဘယ်သူကဖြင့် တမူးသာနေပါသလဲ..။


    (တရုတ်ကုန်စည်ပြပွဲ မြင်ကွင်း) ဓာတ်ပုံကတော့ မြန်မာပြည်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေထဲမှာ ပါဝင်တဲ့ ဦးအောင်သောင်း (အလယ်) နဲ့ ဦးအောင်သိန်းလင်း (ဘယ်အစွန်) တို့ ၂ ဦးရဲ့ လောဘဇော တိုက်နေတဲ့ မြင်ကွင်းကို သမ္မတဦးသိန်းစိန် စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေသလားပဲ.. (တရုတ်ကုန်စည်ပြပွဲ မြင်ကွင်း)


    (Credit - ကိုဒီမိုဝေယံ)

    ReplyDelete
  49. .
    ( ခေါင်းစဉ်ကို နှိပ်ပြီး ကြံဖွတ် လူရိုင်းကြီး အောင်သိန်းဖျင်း ရဲ့ အရူးစကားကို ထိထိမိမိ သရော်ထားတဲ့ ဆရာ ဟာဂျူလီ (ကသာ) ရဲ့ ကာတွန်းကို ကြည့်နိုင်ပါတယ်။ )



    အရူးက တစ်မူးသာ

    "တိုင်းပြည်တစ်ခုလုံး အရူးတွေမို့ ကျွန်တော်တို့အဖွဲ့ မဲရှုံးရတာပါဗျ"

    ကာတွန်း - ဟာဂျူလီ (ကသာ)
    21 JULY 2012

    ReplyDelete
  50. .
    "လမ်း တခြမ်းခင်း" စီးရီးဖြင့် နာမည်ရလာသော အဆိုတော်ကြီး ATL ၏ "မပဋာမြေလူး မြစ်ဆုံရူး" တေးစီးရီးသစ်ကို တောင်တရုတ် တေးသံသွင်းမှ ဖြန့်ချီလိုက်ပြီ။


    ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

    ဂီတလောကသို့ "မြို့ထဲလမ်း တခြမ်းခင်း" စီးရီးဖြင့် အောင်မြင်စွာ ဝင်ရောက်လာသူ အဆိုတော်ကြီးတဦး ဖြစ်သူ ATL (အေတီအယ်လ်) (ကေကေတီ နှင့် ဆွေမျိုး မတော်စပ်ပါ) သည် ယခု ရက်ပိုင်း အတွင်း "မပဋာမြေလူး မြစ်ဆုံရူး" အမည်ရှိ တေးစီးရီး အယ်လ်ဘမ်သစ်ကို တောင်တရုတ် တေးသံသွင်းမှ ဖြန့်ချီလိုက်ပြီ ဖြစ်ပါသည်။

    "မြို့ထဲလမ်း တခြမ်းခင်း" တေးစီးရီးသည် လွန်စွာ အောင်မြင်ခဲ့ပြီး အဆိုပါ ခေါင်းစီးတေးမှာ ရန်ကုန်မြို့ရှိ ကားမောင်းသူများ၏ ပါးစပ်ဖျားဝယ် လွန်စွာ ခေတ်စားခဲ့သော သီချင်းတပုဒ် ဖြစ်သည်။ ထိုစီးရီးတွင် ပါဝင်သော " မြောင်းပိတ် ရေကျော် တို့များပျော်" ၊ " မြောက်ဥက္ကလာတလွှား လမျက်နှာပြင်အလား" ၊ " တောင်ဒဂုံ အစာကြေလမ်း" တို့သည်လည်း ရေပန်းစားခဲ့သော သီချင်းများ ဖြစ်သည်။

    ယခု တေးစီးရီး မထွက်မီ အတွဲခွေများတွင် ပါဝင်ခဲ့သော " ဆောင်ထားမမှား ကြိုတင်မဲများ" ၊ " ပြောင်းဖူးကိုပဲ ကိုင်တော့မည်" စသည့် သီချင်းများမှာလည်း လူသိများခဲ့သော သီချင်းများ ဖြစ်သည်။

    ယခု အသစ် ထွက်ရှိမည့် တေးစီးရီးတွင် "မပဋာမြေလူး မြစ်ဆုံရူး" ဟူသော ခေါင်းစီးတေးကို ဘကြီးစိန်က လိုက်ပေးပြီး ဟာမိုနီကို ကွန်ဂရက်အဖွဲ့က အားဖြည့်မည် ဖြစ်သည်။ ထို့အပြင် "အလုပ်မရှိ လှေလှော်" (ft. MC ဟူ)၊ "မလာပါနဲ့" (ft. ဟီလာရီ)၊ "နင့်ကို မယုံဘူး" (ft. BK မွန်း) စသည်ဖြင့် အဆိုတော်များစွာဖြင့် အားဖြည့်ထားသည်။

    နောက်ဆုံး ရရှိသော သတင်းများ အရ အဆိုပါ စီးရီးသည် လောကတွင် လွန်စွာ ရေပန်းစားပြီး ယခုနှစ် အတွင်း ထွက်ရှိခဲ့သည့် "ဖယောင်းတိုင်" ၊ "ရိုဟင်ဂျာ" အစရှိသည့် တေးစီးရီးများကို ကျော်ဖြတ်သွားဖွယ် ရှိကြောင်း ဂီတလောကနှင့် နီးစပ်သူများက ခန့်မှန်းကြသည်။

    (Myanmar Jokes)

    ReplyDelete
  51. .
    July 26, 2012


    ဖွတ်ဆိုတာ ဘယ်သူ့ကို ရည်ညွန်းတယ်ဆိုတာ သိကြပါတယ်နော်။ ဖွတ်က ထွက်ပြတော့လည်း တောင်ပို့မှန်း သိတာပေါ့။ အောင်သိန်းလင်းဆိုတဲ့ မြို့တော်ဝန်ဟောင်း ဖွတ်ကြီးက လူရှေ့သူရှေ့မှာ အရှက်မရှိ ထွက်ပြတော့လည်း သူတို့ရဲ့ ဇာတိရုပ်တွေ ပေါ်လာတာပေါ့။ စိတ်မနှံ့တဲ့ ရူးကြောင်ကြောင်က ပြည်သူတွေကို ၀ါးလုံးရှည်နဲ့ ရမ်းတဲ့ စကားပြောခဲ့တယ်။ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရသွားတာဟာ ပြည်သူတွေက ရူးနေလို့ပေါ့တဲ့။ မဲပေးကြတဲ့ ပြည်သူအများစုကို ရူးနေတယ်လို့ ပြောတာ အများနဲ့ တယောက် ဘယ်သူမှန်လဲဆိုတာ ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ပုဇွန်ဦးနှောက်နဲ့ အောင်သိန်းလင်း မသိရှာဘူး။ သနားစရာကောင်းတဲ့ သတ္တ၀ါအဖြစ် ပြတိုက်မှာ ပြဖို့တော့ လိုနေပြီနော်။ မြန်မြန်စီစဉ်မှ ဖြစ်မယ်။

    အဲဒီအောင်သိန်းလင်း SOUTERN WEEKLY တရုတ် အပတ်စဉ်စာစောင်နဲ့ အင်တာဗျူးမှာ အဲဒီလို ပြည်သူတွေကို စော်ကားတဲ့ စကားလုံးတွေနဲ့ အရှက်မရှိ ပြောခဲ့တာလေ။ အဲဒီအရူးကြီး အောင်သိန်းလင်းက ပြည်သူတွေရဲ့မေတ္တာ၊ ပြည်သူတွေရဲ့ ထောက်ခံမှုမရတော့ မစားရတဲ့ အမဲ သဲနဲ့ ပက်ဖို့ ကြံနေပြီ။ ဒီရွေးကောက်ပွဲမှာ ကျုပ်တို့ ရလိုက်တဲ့ သင်ခန်းစာက နောက်ရွေးကောက်ပွဲတွေမှာ လူကြိုက်များတဲ့ ပေါ်ပြူလာဖြစ်မယ့် မဲဆွယ်စည်းရုံးနည်းတွေကို များများလုပ်ဖို့ပဲလို့ ပြောခဲ့သေးတယ်။

    ပြည်သူတွေနဲ့ မဲဆန္ဒရှင်တွေ ကြိုက်အောင်လုပ်ဖို့က မခက်ပါဘူး။ ဒီမိုကရေစီစနစ် အစစ်ကို ဖော်ဆောင်ပေးနိုင်ရင် လူကြိုက်များမှာပဲ။ ပြည်သူတွေအတွက် လမ်းခင်းပေးတာ၊ တံတားဆောက်ပေးတာတွေကို ရွေးကောက်ပွဲနီးမှ လုပ်ပြတဲ့ ဟန်ပြလုပ်ရပ်မျိုးတွေ ရပ်တန်းက ရပ်ကြပေါ့။ လွှတ်တော်မှာလည်း ဒီမိုကရေစီနည်းလမ်းအတိုင်း မျှမျှတတဖြစ်အောင် လူမိုက်ဆန်တဲ့ လူများစုနဲ့ အနိုင်ကျင့်မှု မရှိအောင် လုပ်ပြကြပေါ့။ အမတ်တဦး ပြောသလို ဟန်ပြလွှတ်တော်မျိုးလည်း မဖြစ်အောင် ကာကွယ်ကြပေါ့။

    မဲလိမ်မဲခိုး အနိုင်ကျင့်မှုတွေနဲ့ အနိုင်ရလာတဲ့ ပါတီလို့ အပြောမခံချင်ရင် မှန်မှန်ကန်ကန်ပြော မှန်မှန်ကန်ကန်လုပ်၊ ရိုးရိုးသားသား ဆက်ဆံမှပေါ့။ ခုတော့ ဟိုလူကို ပုတ်ခတ် ဒီလူကို အပြစ်တင်နဲ့ အားမရသေးဘူး၊ ပြည်သူကို စော်ကားတဲ့စကား အရူးတွေလို့ ပြောတဲ့ စကားကတော့ တော်တော်လေး လွန်လာပြီ၊ ဘယ်အဖေ အားကိုးနဲ့ မိုက်ပြနေတာလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်တယ်။ သူ့ရဲ့စော်ကားမှုဟာ သူကိုယ်စားပြုတဲ့ ပါတီမှာလည်း တာဝန်ရှိတယ်။ ဘာမှမပြောဘဲ ဘယ်လိုမှ မဆုံးမရင်တော့ သူတို့လည်း ကြံရာပါတွေပဲပေါ့။

    နောက်ပြီး ၀ဲထူအရူးကြီးက ပြောသေးတယ် (၀ဲထူဆိုတာ လက်နှစ်ဘက်က စွဲနေတဲ့ ၀ဲတွေကို ပြောတာ၊ အောင်သိန်းလင်းရဲ့မိန်းမ ဆရာဝန်မလည်း ကုမပေးနိုင်တော့တဲ့ နှစ်ရှည်ဝဲတွေ ထူနေလို့ ၀ဲထူလို့ ခေါ်တာ) အဲဒီဝဲထူကြီးက အနောက်အုပ်စုက မြန်မာပြည်ကို ပိတ်ဆို့ထားတာ၊ UN ကို မယုံတာ၊ ဘန်ကီမွန်းကို မယုံတာတွေကို တရုတ်အကြိုက် လိုက်ပြောတယ်။ သူတို့ ကိုးကွယ်တဲ့ တရုတ် အထိနာတာကို သူ့သမီးပေးပြီး ချော့တာတောင် မရတော့ဘူးဆိုတာ သူသိလို့ ပြောတာ။ ဟီလာရီကို အ၀င်ခံတာကလည်း ကျုပ်တို့ အရေးနိမ့်မှုတရပ်ပဲလို့ ပြောလိုက်သေးတယ်။ သူ့အဆင့်နဲ့ ဒီလောက်အထိ ပြောစရာမရှိဘူးဆိုတာ သူသိပုံမရဘူး။ သမ္မတက ကောင်းဖို့လုပ်တာကို သူက မကျေနပ်ဘူးဆိုပဲ။

    ReplyDelete
  52. .
    မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်တဲ့။ ပြည်သူအများက လိုလားလို့ ပြည်သူ့ဆန္ဒကို လိုက်လျောခဲ့တဲ့ သမ္မတကိုတောင် စော်ကားရဲတဲ့ သာမန်အမတ်တဦး (ကြံ့ဖွတ် ရန်ကုန်တိုင်းတာဝန်ခံ) မူမမှန်ဘူးဆိုတာ သူပြောစကားတွေက သက်သေခံနေတယ်။ သူက ပြောပြန်တယ်။ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြားမှာ နားလည်မှု လွဲမှားသွားမှာကို စိုးရိမ်တယ်တဲ့။ ဘယ့်နှယ်ဗျာ ဒီလောက် အရေးပါတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်လို့၊ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံလောက်မှုကို အများကြီး အကျိုးပြုမယ့် စီမံကိန်းဗျ။ ဒီစီမံကိန်းကို ပြန်စရမယ်ဗျာတဲ့၊ ပြောလည်း ပြောရက်တယ်၊ ပြောလည်း ပြောထွက်တယ်။ ပြောမှာပေါ့ မြန်မာပြည်ကို တရုတ်မျိုခွင့်ပေးခဲ့တဲ့ စစ်အစိုးရ လက်ကိုင်တုတ်ပဲ။ ခွာသေးသေး အဆင့်ပဲရှိတဲ့ ၀ဲထူကြီးလေ (တရုတ်အားကိုး အဆိုးမြင်ဝါဒီတွေဖြစ်တဲ့ သူနဲ့အပေါင်းပါတွေကို ညီညွတ်မှုနဲ့ မောင်းထုတ်ရမယ်)။

    သူက အရှက်မရှိ ပြောသေးတယ် (လွှတ်တော်ထဲမှာ အတူတကွ ပေါင်းလုပ်မလား။ ဟား ဟား ပူးပေါင်းလုပ်ရမှာပေါ့၊ ကျုပ်တို့က ၇၆ ရာခိုင်နှုန်း၊ ဒင်းတို့က ၆ ရာခိုင်နှုန်း၊ ဟား ဟား ပူးပေါင်းပြီး လုပ်ရမှာပေါ့တဲ့ ... အဲဒီ ၇၆ ရာခိုင်နှုန်းဟာ မှန်မှန်ကန်ကန်နဲ့ ရတဲ့ဟာ မဟုတ်ဘူးဆိုတာ ဘယ်သူငြင်းမလဲ) လူအုပ်စု အားကိုးတဲ့ လူမိုက်စကား၊ နောက်ပြီး မဆင်မခြင် ရူးကြောင်ကြောင်စကား ပြောသေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒင်းတို့ ဘာလို့ အကြီးအကျယ် အနိုင်ရသွားသလဲဆိုတာ ပြည်သူတွေ ရူးနေလို့ပေါ့။ အဲဒီမိန်းမက ပေါ်ပြူလာဖြစ်နေတယ်လေ။ ဒါကလည်း နိုင်ငံသူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေလို့ တဲ့ (ကြံ့ဖွတ်နယ်မြေ နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မရှုမလှ အပြတ်အသတ် မဲရှုံးခဲ့တာ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း တာဝန်ခံကြီး ကြွက်သတ်ဆေးသောက်သင့်တာပေါ့။ အဲဒါက အမှန်တရားပဲ။ ၂၀၁၀ တုန်းကလို စစ်အစိုးရ အရှိန်အ၀ါနဲ့ ဖိအားပေးလို့ မရတော့ဘူး)။

    ရန်ကုန်မြို့တော်ဝန်ဘ၀မှာ ဘာမှ ဖွံ့ဖြိုးအောင် တိုးတက်အောင် မလုပ်ခဲ့ဘဲ သူ စက်မှု (၂) ဒု-၀န်ကြီး ဘ၀က သူ့အိမ်ရှေ့လမ်း မပြင်ပေးတဲ့၊ မီးတိုင်မစိုက်ပေးတဲ့ စည်ပင်ဝန်ထမ်းတွေကို မြို့တော်ဝန် ဖြစ်ဖြစ်ချင်း အငြှိုးနဲ့ ဖြုတ်ပစ်ခဲ့တဲ့ မိုက်ရိုင်းမှုတခုနဲ့ လမ်းတွေကို အကုန်မခင်းဘဲ လမ်းအရှည်စာရင်းဝင်အောင် လုပ်ခဲ့တဲ့ လမ်းတခြမ်းခင်း အောင်သိန်းလင်းလို့ ဘွဲ့ရခဲ့သူ၊ ကြံ့ဖွတ်အဖွဲ့နဲ့ စွမ်းအားရှင် လူမိုက်အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အောင်သိန်းလင်းက မြစ်ဆုံစီမံကိန်းကို ပြန်စမယ်တဲ့။ အရူးစကား ဆိုပေမယ့် ပြည်သူတွေ သတိထား စောင့်ကြည့် တားဆီး ကာကွယ်ရမယ်။ မြစ်ဆုံစီမံကိန်းအတွက် သူနဲ့အပေါင်းပါတွေကို ပါကင်ထုပ်ပြီး တရုတ်ပြည်ကို အရူးချဉ်ဖတ်အဖြစ် ပို့လိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဖွတ်ကြီးထွက်ပြမှ တောင်ပို့မှန်း သိရတော့တယ်။

    စိန်သံလုံး

    (Credit - Dr. Lun Swe)

    ReplyDelete
  53. ၇ဲဘော်ဘခက်July 27, 2012 at 12:56 PM

    `
    အောင်သိန်းလင်းက ၇ုပ်ကလဲဆိုးသေး၊ စိတ်ထားကလဲဖျင်းသေး၊ ပြည်သုကိုလဲ အ၇ူးတွေ ဆိုပီး မိုက်၇ိုင်းစော်ကားသေး

    ဧ၇ာဝတီ ဖြစ်ချင်၇ာဖြစ်၊ တိုင်းပြည် ဖြစ်ချင်၇ာဖြစ်၊ ငါဝါး၇၇င် ပီးေ၇ာ ဆိုပီး ပထွေးတ၇ုတ်တွေကိုလဲ တိုင်းပြည်ကိုဆက်သချင်သေး

    ၇ုပ်နဲ့စိတ်နဲ့လိုက်တယ် ဆိုတာ အောင်သိန်းလင်းလိုကောင်တွေပဲ

    အောင်သိန်းလင်း တကောင်ထဲမဟုတ်ဘူး

    အ၇ပ်သားအေ၇ခြုံစစ်အုပ်စုထဲမှာ အောင်သိန်းလင်းလို ၇ုပ်ဆိုးသလောက်စိတ်ပုပ်တဲ့၊ ပြည်သူကို အ၇ူးတွေလို့သဘောထားတဲ့၊ ဘယ်သူသေသေ၊ ငတေမာ၇င်ပီးေ၇ာ၊ တိုင်းပြည်ဘာဖြစ်ဖြစ်၊ ကိုယ်အခွင့်ထူးခံ၇၇င်ပီးေ၇ာသဘောနဲ့ တိုင်းပြည်ကိုေ၇ာင်းစားဖို့ဝန်မလေးတဲ့ ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်တွေက အများစုပဲ

    ဒီလို ကိုယ်ကျိုး၇ှာအယုတ်တမာကောင်တွေ အုပ်ချုပ်လာတာ နှစ် ၅၀ ကျော်လာတော့ ဗမာပြည်က ခွေးလုံးလုံးဖြစ်တာ ဘာဆန်းမှာလဲ

    ReplyDelete
  54. .
    ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊
    မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား

    July 20, 2012


    မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

    မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။

    ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

    ReplyDelete
  55. .
    USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကိုမယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။

    ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်းစာတွေရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါသည်။

    သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

    USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။

    (EMG)

    ReplyDelete
  56. အောင်သိန်းလင်းအတွက် ဂုဏ်ပြုကဗျာJuly 27, 2012 at 1:57 PM

    အောင်သိန်းလင်းအတွက် ရှေ့ဆုံးစာလုံးလေးတွေနဲ့ ဂုဏ်ပြုကဗျာ


    အောင်နိမိတ် အောင်တိတ်ဆောင်
    သိန်းသန်းရာ ထောင်မေတ္တာများနဲ့
    လင်းလင်းပပ ၀င်းဝင်းပပ နိုးထ
    ချီးပမြှောက်စား 'က၀ိ' ကျင့်တရားဖြင့်
    ပေအက္ခရာနှင့် ထုထွင်း
    ကြီးမြတ်တဲ့ မနက်ခင်း။ ။


    ချစ်ခြင်းမေတ္တာအားဖြင့် -
    ဇေယျာချော
    ၂၂၊ ၇၊ ၂၀၁၂

    ReplyDelete
  57. .
    (ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။)


    ၂၀၁၂ ခု၊ ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန် မြို့တော်ဝန်ဟောင်း တောင်ဥက္ကလာပ အမတ်မင်း ဦးအောင်သိန်းလင်းနဲ့ တရုတ် သတင်းဋ္ဌာနတို့ အင်တာဗျူးစဉ်မှာ တွေ့ရတဲ့ ဦးအောင်သိန်းလင်းရဲ့ နေအိမ် ဧည့်ခန်းမြင်ကွင်းပါ..။

    တမူထူးခြားနေတဲ့ မြင်ကွင်းကတော့ ဧည့်ခန်းတွင်းမှ အလေးမတဲ့ အလေးတုံးများနဲ့ လက်ထဲမှာ ကိုင်ထားတာကတော့ ယခုနောက်ဆုံး ထုတ်လိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ အိတ်ဆောင်စာအုပ်ကို ကိုင်ထားပြီး ထူးခြားဖွယ်ရာ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ မြင်ကွင်းပါပဲ..။

    (Credit - Demowaiyan)

    ReplyDelete
  58. .
    (ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။)



    "ပိဿာလေး ဖွတ်ပစ်"... သို့မဟုတ် "ပိဿာလေး ဖွတ်မ"...

    အရူး အောင်သိန်းလင်း ရုံးခန်းမှာ ချိတ်ထားတဲ့ ဗိုလ်သန်းရွှေရဲ့ ပုံအောက်မှာ ရေးသား ထားတာကတော့ " ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် " တဲ့။ ဒါလည်း ဘာမှန်းမသိတဲ့ ထူးခြားချက်ပါပဲ..။ (အဲဒီအကြောင်းကို http://www.demowaiyan.org/2011/11/blog-post_24.html မှာ ပြန်ဖတ်နိုင်ပါတယ်။)
    ယခုလည်း မြင်ရတဲ့ ပုံပါအတိုင်းပါပဲ..။ ဒီတော့ "တမူးသာ" ဆိုတဲ့ သီချင်းတပုဒ်ကို သွားစဉ်းစားမိတယ်.. သေချာတာကတော့ ... အောင်သိန်းလင်းက "တမူး မက သာနေပြီ" လို့ သုံးသပ်နိုင်ပါကြောင်း။
    "ပိဿာလေး ဖွတ်ပစ်" သို့မဟုတ် "ပိဿာလေး ဖွတ်မ" လို့ ဆိုရလေမလားပဲ...။
    ဝိတ် မတဲ့ စင် ဦးတည်တဲ့ ဘက်ကလည်း ဘုရားစင်ဘက် ခြေဆင်းပြီး ဝိတ် မ လေသလားပဲ..။
    တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ တွေ့ဆုံစဉ် အောင်သိန်းလင်းရဲ့ အဆင်အခြင်မဲ့ ပြောဆိုချက်တွေကတော့ အခုရက်ပိုင်းမှာ လူပြောအများဆုံး၊ share အများဆုံး သတင်း ဖြစ်နေတော့တာပဲ။

    (အရူး အောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ အင်တာဗျူးမှာ မဆင်မခြင် ပြောဆိုချက်တွေကို ပြန်ဖတ်လိုရင် အထက်က မှတ်ချက်တွေမှာ ပြန်ဖတ်နိုင်ပါတယ်။)

    (Credit - Demowaiyan)

    ReplyDelete
  59. စစ်ခွေးမုန်းသူJuly 27, 2012 at 2:46 PM

    အံ့ဩစရာ မဟုတ်ပါဘူး။
    DSA (Defence Services Academy) က ပြည်သူကို စော်ကားတဲ့ အောင်သိန်းလင်းလို တဘို့ထဲကြည့်တဲ့ အယုတ်၊ အရိုင်း၊ ချီးဘရိန်း၊ အရူး တွေ အများကြီး ထုတ်လုပ်ထားတာပဲလေ။
    ရုရှားက စစ်ခွေးတွေထဲမှာလည်း အောင်သိန်းလင်း ခြေရာနင်းမယ့် ဆန်ကုန်မြေလေးကောင်တွေ အုံနဲ့ကျင်းနဲ့ ရိုက်သတ်လို့တောင် မကုန်နိုင်ဘူး။

    ReplyDelete
  60. .
    July 25, 2012


    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

    ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေးခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

    “အဲဒီတုန်းက UN (ကုလသမဂ္ဂ) ကနေပြီးတော့ မျက်စိခွဲတဲ့ အဖွဲ့တဖွဲ့ လာတော့ သတင်းထောက်တွေ ပါလာတော့ အလွတ်သဘော ပြောလိုက်တယ်လို့ ပြောတယ်။ သူက မြန်မာလို ပြန်ဖြေတာကို ဘာသာပြန် လွဲတယ်လို့လည်း ပြောတယ်။ တချို့ဥစ္စာတွေ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့။ သူလည်း ဘာတွေပြောလိုက်မှန်း သေချာ မမှတ်မိဘူးတဲ့။ သူကတော့ပြောပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာ တာဝန်ရှိတယ် ဆိုလို့ရှိရင် အရေးယူပါလို့ ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

    ReplyDelete
  61. .
    ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ သူ၏အမြင်ကို ပြောဆိုခဲ့သည်။

    ထို့အတူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အရှိန်အဝါဖြင့် ကျော်ကြားနေသူဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့ပြီး အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်းလည်း ဖော်ပြထားသည်ဟု သိရသည်။

    Southern Weekend China သတင်းစာအား ပြောဆို ဖြေကြားထားမှုများကို ပါတီအနေဖြင့် ရှာဖွေဖတ်ရှုခဲ့ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် တွေ့ရှိရသကဲ့သို့ မြန်မာစာ ဘာသာပြန်များကိုလည်း ဖတ်ရှုခဲ့ကြောင်း၊ ယင်းသို့ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားများ မဟုတ်ကြောင်း ယင်းပါတီက ပြောဆိုသည်။

    “ကျိန်းသေတာကတော့ ကျနော်တို့ ပါတီကနေပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ဒီတိုင်းပြောမယ်၊ ဒီတိုင်းလုပ်ဆိုတဲ့ ဥစ္စာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း မသိလိုက်ဘူး။ သူကိုယ်တိုင်လည်း ဘာပြောတယ်ဆိုတာတောင် သေချာမသိလိုက်ဘူး” ဟု ဦးဌေးဦးက ပြောသည်။

    သို့ရာတွင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်သည် ပုဂ္ဂလိက လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်သောကြောင့် ပါတီအနေဖြင့်လည်း အပြစ်ပေး အရေးယူသွားစရာ မလိုအပ်ကြောင်း ဦးဌေးဦးက “သူ့ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး၊ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်” ဟု ဆိုသည်။

    ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံး ညီညွှတ်မှုရှိနေကြောင်း ဦးဌေးဦးက ထပ်လောင်းပြောဆိုခဲ့သည်။

    ReplyDelete
  62. .
    သတင်းစာများနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် ဦးအောင်သိန်းလင်းကဲ့သို့ ၎င်းတို့ မပြောကြောင်း ငြင်းဆိုခဲ့သူများလည်း ရှိခဲ့သည်။

    ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့က ကယ်ဆယ်လိုက်သည်ဆိုသော သတင်းကို ယခုနှစ် ဧပြီလက ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။

    သို့သော်လည်း ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

    ထို့အတူ ယခုနှစ် မတ်လတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ၎င်း၏ ဝန်ကြီးဌာန ဘတ်ဂျက်ငွေများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီး လုပ်တာ” ဟု Hot News ဂျာနယ်သို့ ပြောကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

    ထို့ကဲ့သို့ ဝေဖန်ပြောဆိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တောင်းပန်ရန် ပြောဆိုခဲ့ကြပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဖြေဆိုခဲ့ခြင်းသည် ကိုယ်စားလှယ်တော်များကို နစ်နာစေလို၍ မဟုတ်ကြောင်း၊ ကောင်းစေလိုသည့်အတွက် စေတနာဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်သူနှင့် မိမိတို့သည်လည်း မိဘနှင့်သားသမီးကဲ့သို့ ရင်းနှီးသည့်သဘောဖြင့် ပြောဆိုခြင်းဟု ဦးမြင့်လှိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။

    ကျော်ခ
    (Credit - Irrawaddy)

    ReplyDelete
  63. >
    "ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်" ဆိုသလို တရုတ်ဝက်ဆိုက်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ပြောတဲ့ အင်တာဗျူးထဲက အချက်တွေကို မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတားထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန်ပေးကြပါ..။

    ဒီ လင့်ခ် မှာ အပြည့်အစုံ သွားကြည့်နိုင်ပါတယ်..။

    http://bbs.my0511.com/f152b-t3924362z-1



    "ဘာသာပြန်တာ မှားလို့ပါ" ဆိုပြီး ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ -

    တရုတ်ဝက်ဆိုက် တွေကတော့ -
    - "ပြောပြီး စလစ်၊ နံပါတ်တစ်"
    - "ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံမရှိ"
    - "ဘွာတေး မပါ"
    ဆိုပြီး အတည်ယူနေပြီလားပဲ..


    မူရင်းလင့်ခ် http://www.infzm.com/content/78148

    ဓာတ်ပုံကို မျဉ်းကြောင်းတား ဖော်ပြတဲ့ လင့်ခ်
    http://bbs.my0511.com/f152b-t3924362z-1
    မှာ မျဉ်းကြောင်း တားထားတာတွေကို ဘာသာပြန်ပေးကြပါ..။

    ဒီမိုဝေယံ

    ReplyDelete
  64. ဝမ်ကြားပေါင်July 27, 2012 at 5:15 PM

    .
    ပြောပီး ကစလစ် ပဲ


    တီအကောင် အောင်တိန်းလင်းက အခု တီကွေးကြော်၊ အခု ထမင်းပေါင်း လုပ်နေပါလား..

    အခုတမျိုး၊ တော်ကြာတမျိုး တွေးရူးတွေးတန်းနဲ့ ဘာဒွေ ရှောက်ပြောနေတာလဲ..

    ဟိုနေ့က နင် ပြောတော့ နင်တို့ ဖွတ်အစိုးရက အီရာဝဒီ မြစ် ရေစုန်မျော စီမံကိန်းကို ခဏရပ်လိုက်တာက ဟိုအကောင် တိန်းစိန် တယောက်ထဲ သဘောနဲ့ ဆို..

    နင်တို့ဖွတ်ပါတီက နင်တို့ဖွတ်ကြီးဒွေ အားလုံးက တိန်းစိန်က အီရာဝဒီ မြစ် ရေစုန်မျော စီမံကိန်းကို ရပ်ဖို့ စုံးဖြတ်တာကို တဘောမတူဘူး ဆို..

    ဒါကြောင့် နင်တို့ဖွတ်ပါတီက နင်တို့ဖွတ်ကြီးဒွေ အားလုံးက အီရာဝဒီ မြစ် ရေစုန်မျော စီမံကိန်းကို မဖြစ် ဖြစ်အောင် ပြန်လုပ်မယ် ဆို..

    ပီးတော့ နင်တို့ တိုင်းပြည်က လူဒွေ အားလုံးက အရူးဒွေ ဆို..

    အခုမှ ဘာ မဟုတ်ပါဘူးလဲ..

    ဘာတာပြန် မှားတလေး၊ ဘာလေးနဲ့ ရှောချမနေနဲ့..

    ဝ တို့ကတော့ နင် ဟိုနေ့က ပြောတာဒွေကို တရားဝင် မှတ်တမ်းတင်ထားပီးပီ..

    ဝ တို့ စီလုတ်ပြည်က လူဒွေနဲ့ စကားပြောပီးရင် ပြန်ဖျက်လို့ မရတော့ဘူး..

    ပြောပီး ကစလစ် ပဲ..

    ပြောပီး ကစလစ် ပဲ..

    ပြောပီး ကစလစ် ပဲ..


    ဝမ်ကြားပေါင်

    ReplyDelete
  65. .

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်


    ၂၈-၇-၂၀၁၂


    ၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။


    ၂။ အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။


    ၃။ ဦးအောင်သိန်းလင်း အနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင်ရွက်လျှက်ရှိပြီး တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


    ဗဟိုအလုပ်အမှုဆောင်အဖွဲ့

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

    http://www.usdp.org.mm/

    ReplyDelete
  66. It's actually a nice and helpful piece of information. I am glad that you simply shared this helpful information with us. Please stay us up to date like this. Thank you for sharing.

    my web blog: appliance repair Brandon

    ReplyDelete


  67. မြစ်ဆုံစီမံကိန်း ပြန်စရန် CPI ကြိုးပမ်း


    Friday, December 27, 2013


    သမ္မတ ဦးသိန်းစိန် စတင်တာဝန်ယူချိန် ၂၀၁၁ စက်တင်ဘာတွင်ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်း ကို
    ပြန်လည် လုပ်ကိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က လူမှုရေး တာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ကြောင်း သိရသည်။


    ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှု ရှိကြောင်း၊ နိုင်ငံတကာ စံချိန် မီပြီး အကျိုးရလာဒ် များစွာရှိမည် ဖြစ်ကြောင်း၊ CPI ကုမ္ပဏီသည် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်
    ဆောင် သည့် နာမည် ရ ကုမ္ပဏီ ၅၀၀ အမည်စာရင်းတွင် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေသဖြင့် မြစ်ဆုံ စီမံကိန်း ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ယင်းကုမ္ပဏီ မန်နေဂျာချုပ် လီကွမ်ဟာ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတရပ်၌ ဖော် ပြ ထားသည်။


    ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို ၎င်း၏ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားခြင်း ဖြစ်သည်။


    ကွယ်လွန်သူ စာရေးဆရာ မောင်ဝံသကတော့ သူ မကွယ်လွန်ခင်မှာ

    မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား

    ဆိုပြီး ရေးသားခဲ့ဖူးသေးပါတယ်။


    (Credit - ဧရာဝတီဘလော့)

    ReplyDelete
  68. ဒဂုံသားDecember 28, 2013 at 7:04 AM



    မြန်မာပြည်သူ ပြည်သား ၉၉ ရာခိုင်နှုန်း ရဲ့ သဘောထား


    NO XX NO -

    CPI (China Power Investment Coporation)

    (တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း) -

    NO XX NO


    အခုလဲ ခွင့်ပြုမည် မဟုတ်သလို...

    နောင်လဲ ခွင့်ပြုလိမ့်မည် မဟုတ်

    တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က တရုတ်များ

    ဧရာဝတီမြစ်ဆုံဒေသများမှ အမြန်ဆုံး ထွက်ခွာကြပါ

    ReplyDelete
  69. ဒဂုံသားDecember 28, 2013 at 7:06 AM


    မထူးပါဘူး နံမည်တပ်ပြီး ပြောလိုက်တော့မယ်
    ဟို "အမျိုးစောင့်မယ်လေး" ဘာလေးနဲ့ သူ့ကိုယ်သူ အမျိုးသားရေးဝါဒီဘွဲ့ ခံယူထားတဲ့

    ဦးဝီရသူ လို့ အမည်တွင် တဲ့... သင်္ကန်းဝတ်နင့်

    "ခြံစည်းရိုးကို စတီးရိုးနဲ့ ကာမယ်" ဆိုတဲ့ ဦးပညာဝရ လို့ အမည်တွင်တဲ့ သင်္ချာပါမောက္ခ သင်္ကန်းဝတ်

    သင် တို့နစ်ယောက် ဒီလောက် နံမည်ကြီးနေတာ ဧရာဝတီမြစ်ဆုံကိစ္စကို ဘာမှ ပြောသံ မကြားရပါလား

    မြစ်ဆုံက သင်တို့ အမျိုးစောင့်တဲ့ အထဲ မပါဘူးလား

    တရုတ်ကို ကြောက်လို့ ငြိမ်နေတာလား

    ထောင်ထဲ ပြန်ဝင်ရမှာ ကြောက်လို့ ပုန်းနေတာလား

    ဒဂုံသား

    ReplyDelete
  70. လှိုင်းDecember 28, 2013 at 11:21 AM

    ဘုန်းကြီး အမည်ခံ ဝင်းခိုင်ဦး တို့က "မျိုးစောင့်" ဆိုတဲ့ နာမည်ကို အားအားယားယား သုံးနေတာပါ

    တကယ် အမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး

    ReplyDelete
  71. ဇာနည်စိုးDecember 29, 2013 at 1:37 AM

    ဟားဟား
    မြစ်ဆုံကိစ္စ လက်ဝင်လျှို၇င် လက်မပြတ်ပဲ ဇတ်ပြတ်မှာကြောက်လို့
    အမျိုးစောင့်မယ် ဆိုတဲ့ ဝီ၇သူ (ခေါ်) ဝင်းခိုင်ဦး တို့က အသံမထွက်၇ဲတာပါ

    ReplyDelete
  72. အမျိုးကို တကယ်ချစ်တယ် စောင့်ရှောက်ချင်တယ်ဆိုရင် တိုင်ပြည်ကနေ စစ်အာဏာရှင် အပြီးသတ် ချူပ်ငြိမ်းဖို့ လိုပါတယ်။

    သန်းရွှေ မိသားစုကြောင့်၊ ခင်ရီလို ဘင်ဂါလီကုလားတွေကို နိုင်ငံသားကတ်ထုတ်ပေးတာ၊ မန္တလေးမှာ တရုပ်နွယ်ဖွားတွေ ဗမာစကားမပြောတက်ပဲ နိုင်ငံသားဖြစ်နေတာကို မသိသယောင်လုပ်နေတဲ့ သူတွေ၊ တရုတ်အားကိုးနေတဲ့ ခေါင်းပေါင်စွတ်ထားတဲ့ စစ်သားတွေ မရှိရင် တိုင်ပြည်က မျိုးစောင့်ဥပဒေထက် ပိုပြီး လုံခြုံမှာပါ။

    လဝက ရဲ့ အကျင့်ပျက်ချစားမှု့ ကြောင့်သာ အမျိုးပျောက်မှာ ကြောက်ရပါတယ်။

    ReplyDelete
  73. .

    Ko Htike
    2013 December 29


    မျိုးချစ်များ၊ ကိန်းဂဏန်း ကိုးကွယ်သူများ၊
    ခြင်ထောင်စောင့် ဥပဒေမြှင့်တင်သူများ၊
    သမ္မတရဲ့ေ--ာ မ သူများ၊
    အခြေခံဥပဒေ မပြင်လိုသူများ၊
    ဆီးဂိမ်းကို ဂုဏ်ယူ လက်မ ထောင်နေသူများ


    "ဧရာဝတီ ဝစီပိတ် လေ့ကျင့်ခန်း" ..... ဆိုပြီး .....

    "ကျွန်ုပ်နှင့် ထူးခြားဆန်းကြယ်လှသော အမျိုးချစ်ပုံများ" .... လျှို့ဝှက်သဲဖို လုံးခြင်း ဝတ္ထုအသစ်
    တပုဒ်လောက် ရေးရင် ကောင်းမလားမသိဘူး။

    ကုန်ကြမ်းက Facebook ပေါ်မှာ ပေါ မှ ပေါ ... ရယ်။

    (ကိုထိုက်)


    အမျိုး၊ ဘာသာ စောင့်ရှောက်သူ အမည်ခံ ကြံ့ဖွတ်များ၊ စစ်ခွေးများ၊ မျက်ကန်းမျိုးချစ်များ၊ ၉၆၉ များ ၏ "ဧရာဝတီ ဝစီပိတ် လေ့ကျင့်ခန်း"

    .

    ReplyDelete
  74. .

    Moe Zay Nyein
    2013 December 27


    မြစ်ဆုံစီမံကိန်းကို စလုပ်ခဲ့တဲ့ နအဖ ခေါင်းဆောင်တွေက ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ လက်ရှိအစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်အချို့ပါ။

    သူတို့ကို ကျွန်တော်က ယောကျာ်းစစ်စစ်တွေလို့ ထင်ထားပါတယ်။

    အဲဒီတော့ ခင်ဗျားတို့ လုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေကို ကိုယ်နဲ့ မဆိုင်သလို၊ ဟိုလိုလို ဒီလိုလို လုပ်မနေပဲ ယောက်ျားပီသစွာနဲ့ ကိုယ့်ဘာသာ ကိုယ် တာဝန်ယူ ဖြေရှင်းသင့်ပါတယ်။


    ရိုင်းရိုင်း ပြောရရင် တရုပ်ကြီးကို အရမ်း ချစ်ခင် မြတ်နိုး လေးစား ကြည်ညို ကြောက်ရွံ့နေရင်လည်း ခင်ဗျားတို့မှာ မွေးရာပါ ကိုယ်ပိုင်ပစ္စည်းတွေ ရှိနေတာပဲ။

    ဆီပုလင်းတွေ ဆောင်ပြီး တရုတ်ပြည် သွားပြီး ပေးချင်တာ ပေးကြပါ။ ကျုပ်တို့ မကန့်ကွက်ပါဘူးဗျာ။

    နိုင်ငံနဲ့ ပြည်သူတွေကိုတော့ အလွဲသုံးစား မလုပ်ခဲ့ပါနဲ့။


    မိုးဇေညိမ်း


    သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ ရွှေမန်း... ခင်ဗျားတို့ စလုပ်ခဲ့တဲ့ မြစ်ဆုံ အရှုပ်ထုပ်တွေကို ကိုယ်နဲ့ မဆိုင်သလိုလို၊ မိန်းမရှာလိုလို၊ ဟိုလိုလို ဒီလိုလို လုပ်မနေနဲ့

    .

    ReplyDelete
  75. .

    ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၄)

    (၃-၁၀-၂၀၁၁)


    ’’ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေပဲ
    ရပ်ဆိုင်းထား မည်ဖြစ်ပါသည်’’ ဟု စက်တင်ဘာ ၃၀ ရက်က နိုင်ငံတော်သမ္မတ
    ဦးသိန်းစိန်က လွှတ်တော်ဥက္ကဌများထံ လိပ်မူ၍ ပေးပို့သော သ၀ဏ်လွှာ၌
    ဖော်ပြ ကြေညာခဲ့ရာ နွေဦးအလာတွင် တွန်ကျူးသော ဥသြတေးသံကဲ့သို့
    ချိုမြသာယာပါသည်။


    ယင်းသို့ ကြေညာခြင်းအတွက် သမ္မတဦးသိန်းစိန်အား
    "ကျေးဇူးကမ္ဘာ’’ ပြောကြားလိုပါသည်။


    သမ္မတကြီး၏ ကြေညာချက်နှင့်အညီ ဤမြစ်ဆုံဆည်နှင့် အခြားအန္တရာယ်များသော
    ဆည်များ၊ လုပ်ငန်းများကိုလည်း အပြီးအပြတ် ရပ်စဲနိုင်ပါစေ
    ဟု ဆုတောင်းပါသည်။


    သမ္မတကြီး၏သ၀ဏ်လွှာတွင် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့်
    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေး ရရှိရန်
    ဆက်သွယ် ကမ်းလှမ်း ဖိတ်ခေါ် ဆောင်ရွက် နေသည် ဟုလည်း ဖော်ပြထားရာ -

    လွတ်လပ်ရေးသက်တမ်းနှင့်အတူ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်အောင်
    ဒုက္ခပေးနေသည့် ပြည်တွင်းစစ်မီးတောက်များကို ပြည်သူအကျိုးနှင့်အညီ အပြီး
    ငြိမ်းသတ်နိုင်ပါစေ
    ဟု ဆန္ဒပြုရပါသည်။


    သူမနာ- ကိုယ်မနာ- ပြည်သူမနာ ငြိမ်းချမ်းရေး ဖူးပွင့်လာပါစေ။


    အလားတူပင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် ပြည်သူ့အတွက်
    စီးပွား၊ လူမှု၊ ပညာ၊ ကျန်းမာ တည်ဆောက်ရေးတို့ကိုလည်း
    ဆောင်ရွက်အောင်မြင်ပါစေ
    ဟု ဆန္ဒပြုရပါသည်။


    နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် မိုင်တစ်သောင်းခရီးရှည်ကြီးတွင်
    လှပသော ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု ၀မ်းမြောက်ရပါ၏။


    ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသော
    တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်သူတို့နှင့် ကောင်းအတူ ဆိုးအတူ၊
    အေးအတူ ပူအမျှ၊ ဒိုးတူပေါင်းဖက်၊ ခိုင်ခိုင်မြဲမြဲ လက်တွဲ ချီတက်ပါက
    မဖြေရှင်းနိုင်စရာ ဘာမျှမရှိပါ။



    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မင်္ဂလာသြဘာကဗျာကို လက်ဆောင်ပေးလိုက်ပါ၏။

    ရေဇလာ ယမုန်ပြာလဲ့လဲ့ ချောင်းတွင်မှ
    ရွှေကြာပဒုံ အညှာ တနွဲ့နွဲ့ ပြောင်းချိန်ပေါ့
    ‘’ဇေယျာဘုံ’’ သာတဲ့ကျောင်းဆီက
    ကောင်းအတိတ်နှင့်
    ကြောင်းနိမိတ်ထွေရာ စောလိုက်တော့
    (အို….မယ်စန္ဒာရဲ့) ဒေါင်းပရိတ်တော်ကြောင့်
    ကောင်းဟိတ် ဇေယျာသော။

    (အင်္ဂလန်သွား ဒယ်ဒီဂိတ်ဘွဲ့ကဗျာ မဟာလေးချိုးကြီး၊ ၁၉၁၉)


    ဒဂုန်တာရာ

    သာမိုင်းခမ်း၊ အောင်ပန်းမြို့။ ရှမ်းရဌ (၃-၁၀-၂၀၁၁)



    ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၄)

    (၃-၁၀-၂၀၁၁)


    http://newsonly88.blogspot.com/2011/10/blog-post_4720.html
    .

    ReplyDelete
  76. .

    ကဗျာဆရာ၊ စာရေးဆရာကြီး
    ငြိမ်းချမ်းရေးခေါင်းဆောင်
    ဒဂုန်တာရာ ၏ သဝဏ်လွှာ
    (၂၈-၃-၂၀၁၂)


    ----------------------------


    မြန်မာမြစ်ဆုံ


    ယခင်လများက ဆုံးဖြတ်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်မှာ မတည်တံ့ဘဲ မြစ်ဆုံစီမံကိန်းကို သူ၏ သက်တမ်းအတွင်းတွင်ပင် ဆက်လက် လုပ်ကိုင်ခဲ့ရာ ကျွန်ုပ်တို့က ယင်းကို ကန့်ကွက်ပြီး ဆက်လက်၍ မလုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။

    ဧရာဝတီမြစ်ကြီး၏ အသွားအလာကို ဟန့်တားရာ ရောက်၍ သဘောမကျပေ။

    ဧရာဝတီမြစ်ကြီးကား မြန်မာပြည်သူတို့၏ ဘိုးစဉ်ဘောင်ဆက်မှ စ၍ သားသမီး မြေးမြစ်များ အထိ အသက်မွေးဝမ်းကျောင်း ပြုလာသော ရာဇဝင် ဖွားဖက်တော် မြစ် အဖြစ် သိက္ခာရှိစွာ စီးဆင်းနိုင်ရန် လိုလားသည်။

    ထို့ကြောင့် ဧရာဝတီ အသက်ရှင်သန်ရေးသည် မြန်မာပြည်သူတို့၏ သမိုင်း အဖြစ် တည်ရှိစေရန် မမေ့အပ်သော အရာပေတကား။


    ကလော့
    လှလော့
    ထလော့ ဧရာဝတီ။

    ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။


    ဒဂုန်တာရာ
    ၂၈-၃-၂၀၁၂
    သာမိုင်းခမ်း



    ကဗျာဆရာ၊ စာရေးဆရာကြီး ငြိမ်းချမ်းရေးခေါင်းဆောင် ဒဂုန်တာရာ ၏ သဝဏ်လွှာ (၂၈-၃-၂၀၁၂)


    ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ သဝဏ်လွှာ (၂၈-၃-၂၀၁၂) မူရင်း လက်ရေးစာမူကို
    ကိုအဘယ က ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားတာကို
    Khon Ja က တင်ပေးထားတာကို

    ဒီမှာ နှိပ်ပြီး
    ကြည့်ရှု လေ့လာနိုင်ပါတယ်။
    .

    ReplyDelete


  77. "ညီ အစ် ကို တို့"


    ဟေ့
    ဘယ်သူလဲ
    ရပ် ...

    မိတ်ဆွေ ...

    ဟေ့
    ဘယ်သူလဲ
    ရပ် ...

    မိတ်ဆွေ ...

    မိတ်ဆွေ
    မိတ်ဆွေ နဲ့
    တောတွေ
    တောင်တွေ
    ကျောက်စိမ်းတွေ
    ကြေးနီတွေ
    ယူ
    ယူ
    သွားလိုက်တာ ...

    အခုလဲ
    အမိဧရာဝတီကို
    မုဒိန်းကျင့်မလို့တဲ့
    ဆင်ကြံကြံနေတယ်
    မြင်လား ...

    ညီအစ်ကိုတို့
    လာကြ
    လာကြ
    ဟေ့

    လာကြ ...


    ( ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေး )


    ကိုလေး (အင်းဝဂုဏ်ရည်)


    "ညီ အစ် ကို တို့"

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။