Pages

ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အမျိုးသမီးနှစ်ဦး၏ တွေ့ဆုံမှု




ဒီအမျိုးသမီးနှစ်ဦးမှာ တဦးက ကမ္ဘာ့အချမ်းသာဆုံးနဲ့ အဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး ဒီမိုကရေစီ နိုင်ငံတခုက ဖြစ်ပြီး တဦးကတော့ ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနှိမ့်ဆုံး အာဏာရှင် နိုင်ငံတခုက ဖြစ်ကြောင်း အားလုံးသိပြီးသားပါ။ တိုင်းပြည်အခြေအနေ မတူပေမဲ့လည်း နှစ်ယောက်စလုံးက ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် စာရင်းဝင်တွေ ဖြစ်တော့ ဒီပို့စ်က ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် စာရင်းဝင် အမျိုးသမီးနှစ်ဦးရဲ့ တွေ့ဆုံမှုကို မှတ်တမ်းတင်ထားချင်လို့ Face book တွေ၊ တခြားဘလော့ဂ်တွေမှာ တင်ထားပြီးသားထဲက ကျွန်မ ကြိုက်နှစ်သက်တဲ့ပုံတွေကို စုစည်းထားခြင်းသာ ဖြစ်ပါတယ်။ အောက်ကဗွီဒီယို နှစ်ခုအနက် သတင်းထောက်တွေကို ပြောထားတဲ့ ဗွီဒီယိုမှာ သူတို့နှစ်ယောက် ပြောတာတွေကို ကြည့်ပြီး ကျွန်မက "သားဒီနှစ်ယောက်မှာ Public Speaking ဘယ်သူက ပိုဆွဲဆောင်မှုရှိ ပိုကောင်းလဲ" လို့ သားကို မေးတော့ "ပြောမတတ်ဘူး နှစ်ယောက်စလုံး တော်တယ် အတူတူလောက်ဘဲ" တဲ့ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲ ပြောပြော ကျွန်မတို့ရဲ့ ခေါင်းဆောင်က ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံက the secretary of the United states ကို ရင်ဘောင်တန်းနိုင်တာထက်မက ကျော်လွန်ပါတယ်။ တိုင်းပြည်အခြေအနေနဲ့ တိုင်းပြည်မှာ လက်ရှိ အာဏာပိုင်ဆိုင်မှု အခြေအနေ ဘယ်လိုပဲ ကွာခြားပေမဲ့ သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်မှု အရည်အချင်းနှင့် ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ စွမ်းရည်ကတော့ ဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မီမယ်မထင်ဘူး။ မြန်မာနိုင်ငံမှာ ကမ္ဘာ့နှင့်အမီ ရင်ဘောင်တန်းနိုင်တဲ့ ဒီလိုခေါင်းဆောင်မျိုး တယောက် ရှိနေတာကို အင်မတန်မှ ဂုဏ်ယူ ၀မ်းမြောက်၊ ပီတိဖြစ်မိပြီး ဒီပုံတွေကို ပို့စ်တခုအနေနဲ့ သိမ်းထားလိုက်ပါတယ်။


၂-၁၂-၁၁ ရက် အိမ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်စဉ်



အထက်က ဗွီဒယိုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အကျဉ်း (မိုးမခ)

''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။

မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။

အခုအချိန်က အမေရိကန်က ကျွန်မတို့အတွက် ကောင်းမွန်တဲ့ ဂိတ်ပေါက် တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာ လိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ထိတွေ့ ဆက်ဆံသွားဖို့ မျှော်လင့် တယ်။

ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှု အဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။

ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေ စိုးမိုးရေးပိုင်း အရ နောင်မှာနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တရား ဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား လူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထား စဉ်းစားကြဖို့ မျှော် လင့်တယ်။

အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန် သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့ လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံး လက်တွဲ ပါဝင် ကူညီကြဖို့ လိုတယ်။

ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက် ရှိနေဖို့လည်း ကျွန်မ မျှော်လင့်တယ်"
(မိုးမခ မှ ကူးယူဖေါ်ပြပါတယ်)

(
ဖြည့်စွက်ချက် ။ ။ ဒေါ်အောင်ဆန်းစုကြည် စကားဆုံးခါနီး တရုတ်အကြောင်း စမပြောခင်မှာ ဒီထဲက ဘာသာပြန်ထားတဲ့အထဲမှာ မပါဘဲ ကျန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ စကားတခွန်းကို ဖြည့်စွက်ချင်ပါတယ်။ "We are not on that road yet, but we hope to get there as soon as possible with the help and understanding of our friends, ကျွန်မတို့ဟာ ဒီမိုကရေစီ လမ်းမပေါ်ကို မရောက်ရှိသေးပါဘူး ဒါပေမဲ့ ကျွန်မတို့ မိတ်ဆွေများရဲ့ နားလည်မှု ကူညီဖေးမှုတွေနဲ့ ဒီလမ်းမပေါ်ကို အမြန်ဆုံး ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဆိုတဲ့တခွန်းကို ဒီလမ်းပေါ်ကို ရောက်နိုင်ဖို့အတွက် အားလုံးက ဘယ်လို ၀ိုင်းဝန်းပံ့ပိုးဖို့လိုတယ် ဆိုတာ အလးအနက် နှလုံးသွင်းပြီး နားထောင်ကြစေချင်လို့ ဒါကို ထပ်ဖြည့်လိုက်ပါတယ်။ )






၁-၁၂-၁၁ ရက် အမေရိကန်သံရုံးမှာ၁-၁၂-၁၁ ရက် အမေရိကန်သံရုံးမှာ

၁-၁၂-၁၁ ရက် အမေရိကန်သံရုံးမှာ
၂-၁၂-၁၁ ရက် အိမ်မှာ စတွေ့တွေ့ချင်း ၀မ်းသာအားရ နှုတ်ဆက်စဉ်

၂-၁၂-၁၁ ရက် အိမ်မှာ စတွေ့တွေ့ချင်း ၀မ်းသာအားရ နှုတ်ဆက်စဉ်









၂-၁၂-၁၁ ရက် အိမ်မှာ (သတင်းစာရှင်းလင်းပွဲပြီးခါနီး)

၂-၁၂-၁၁ ရက် အိမ်မှာ သတင်းစာရှင်းလင်းပွဲအပြီး ပြန်ခါနီး ကျေးဇူးတင်စကား ဆိုစဉ်

၂-၁၂-၁၁ ရက် အိမ်မှာ မပြန်ခင် ခွဲခွာခါနီး နှုတ်ဆက်စဉ်

ဓာတ်ပုံတွေကို မြတ်လေးငုံကိုဒီမိုဝေယံ၊ ကိုရဲရင့်ငယ် ဘလောဂ်တွေနဲ့ မိုးမခမှ ကူးယူထားပြီး အများဆုံးကတော့ မိုးမခမှ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

37 comments:

  1. စစ်ရန်နိုင်December 3, 2011 at 1:45 AM

    အန်တီစု အတွက် ဂုဏ်ယူပါတယ်။

    ဒီမိုကရေစီ လိုလားသူ မြန်မာပြည်သူများအနေနဲ့ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အမျိုးသမီးနှစ်ဦးရဲ့ သမိုင်းဝင် တွေ့ဆုံမှု ကနေ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဘက်စုံ တိုးတက်မှု အပြည့်အဝ ရှိပြီး အဓွန့်ရှည်ကြာ ငြိမ်းချမ်းစွာ တည်တန့်နိုင်မယ့် ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာသည်အထိ အန်တီစု ရဲ့ ခေါင်းဆောင်မှုနောက်မှာ စည်းလုံးညီညွတ်စွာ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ။

    ReplyDelete
  2. .

    ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။

    (နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)


    စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို နိုင်ငံရေးဘလော့တွေ ဖတ်လေ့ရှိတဲ့ ပြည်ပရောက် မြန်မာ အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် ပြည်တွင်းပရိသတ် အများစုက မကြည့်ရသေးတဲ့အတွက် ဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။

    ReplyDelete
  3. .

    ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။

    (နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)


    စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို နိုင်ငံရေးဘလော့တွေ ဖတ်လေ့ရှိတဲ့ ပြည်ပရောက် မြန်မာ အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် ပြည်တွင်းပရိသတ် အများစုက မကြည့်ရသေးတဲ့အတွက် ဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။

    ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသွားတဲ့အထဲမှာ အရေးကြီးတဲ့ အချက်တချက်က -

    မြန်မာစစ်တပ်က "တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မ နှိပ်စက် သတ်ဖြတ်မှုတွေ ရပ်ပါ။"

    အရပ်သားအရေခြုံ သိန်းစိန် အစိုးရက စစ်ဆင်ရေး အကြောင်းပြပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဆက်လက် သတ်ဖြတ်နေတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိလို့ ဟီလာရီကလင်တန် က ဒီလို ပြောသွားတာပါ။

    သိန်းစိန် အစိုးရက --

    - တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မ နှိပ်စက် သတ်ဖြတ်မှုတွေ ဆက်လုပ်နေရင်၊

    - နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးရင်၊

    - နိုင်ငံရေးဖြစ်စဉ်မှာလဲ အားလုံး ပါဝင်ခွင့် မပေးရင်၊

    - နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို လေးလေးနက်နက် တိတိကျကျ မလုပ်ရင်

    အမေရိကန်အစိုးရက မြန်မာအစိုးရကို ဒဏ်ခတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးမှာ မဟုတ်ဘူး လို့ ဟီလာရီကလင်တန် က ပြတ်ပြတ်သားသား ပြောသွားပါတယ်။

    ဟီလာရီကလင်တန် က အဲဒီလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောသွားတာတွေကို ဒေါ်စုက အားရကျေနပ်တယ်လို့ ပြောပါတယ်။

    စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြီးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် ဆက်လက်
    အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ဥပဒေမဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

    အဲဒီ ဓါတ်ပုံတွေထဲမှာ မြင်ရသလိုပဲ အရပ်သားအရေခြုံ သိန်းစိန် အစိုးရက စစ်ဆင်ရေး အကြောင်းပြပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဆက်လက် သတ်ဖြတ်နေဆဲပါ။

    လက်နက်မဲ့၊ အပြစ်မဲ့ အရပ်သားတွေကို ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့ လက်လွတ်စပယ် ပစ်သတ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုတွေ (capital crimes)၊ စစ်ရာဇဝတ်မှုတွေ (war crimes)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ (crimes against humanity) ဖြစ်ပါတယ်။

    သိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုတာက အရမ်း နည်းပါသေးတယ်။ အသံကောင်း ဟစ်တာက များနေတာပါ။

    " `ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ်´ ဆိုတာကို ကျ​နော်တို့က လက်မခံဘူး၊ ဥပ​ဒေတခုခုကို ကျူးလွန်ထားတဲ့​ အတွက်​ကြောင့်​ ကျ​နော်တို့က အ​ရေး​ယူထား​တာဖြစ်ပါတယ်" လို့ သိန်းစိန်က လက်တလုံးခြား ဆက်ပြောနေဆဲပါ။

    "ကေအိုင်အေ က လမ်းတွေပေါ်မှာ နေရာယူထားတာကို မြန်မာစစ်တပ်က ဖယ်ခိုင်းတာကို မဖယ်ပေးလို့ မြန်မာစစ်တပ်က ခုခံနေရတာပါ" ("ကေအိုင်​အေ က တဖက်သတ် ဆိုး​သွမ်း​နေလို့ စစ်တပ်က ခုခံ​နေရတာပါ") လို့ သိန်းစိန်က မလှိမ့်တပတ် ပြောနေဆဲပါ။ 

    သိန်းစိန် အစိုးရက "ပါးစပ်က ဘုရား၊ ဘုရား၊ လက်က ကားယားကားယား" ဆက်လုပ်နေတာတွေကိုသိလို့

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က --

    "မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မ နှိပ်စက် သတ်ဖြတ်မှုတွေ ရပ်ဖို့" ဆိုတာကို အထူး အလေးပေးပြီး ပြောသွားတာပါ။

    .

    ReplyDelete
  4. စာဖတ်သူများ ခင်ဗျား

    Myanmar Express ဘလော့ရဲ့ အဓိက ရေးသားသူဟာ ဒေါ်လာစား အမည်ခံပြီး ရေးသူပါ။ ဒေါ်လာစား ဟာ နအဖ ကိုမျက်စိ စုံမှိတ် ထောက်ခံပြီး မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူ ပြည်သူတွေကို တိုက်ခိုက်တဲ့ ဒေါ်လာစားအတိုက်အခံများ (ပြည်ပ) ဘလော့ကို ရေးနေစဉ်မှာ စစ်အုပ်စုရဲ့ အထောက်အပံ့ ကျောထောက်နောက်ခံ ပေးမှုနဲ့ Myanmar Express ဘလော့ကို ထောင်လိုက်ပါတယ်။

    ဟီလာရီကလင်တန် ရဲ့ တိုတောင်းလှတဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဒေါ်စုကို နှစ်ကြိမ် တလေးတစား အရေးတယူ တွေ့ဆုံတာကို အကြီးအကျယ် မနာလိုဝန်တို မုန်းတီးနေကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားကို ပြသတဲ့ အနေနဲ့ Myanmar Express က ဒေါ်စုကို ပယ်ပယ်နယ်နယ် တိုက်ခိုက်ထားပါတယ်။

    Myanmar Express က ပြုပြင်ပြောင်းလဲရေး လုပ်နေပါပြီ ဆိုတဲ့ လက်ရှိ သိန်းစိန်အစိုးရ လက်ထက်မှာလဲ နအဖ လက်ထက်တုန်းက ပုံစံအတိုင်း မဆီမဆိုင်တာတွေကို ကလေးကလား အဆင့်အတန်း နိမ့်နိမ့် ရေးပြီး ဒေါ်စုကို ပုတ်ခတ်နေတာဟာ ဒေါ်စုနဲ့ လေးလေးနက်နက် ရိုးရိုးသားသား တွေ့ဆုံဆွေးနွေးမှုတွေကို မှန်မှန်ကန်ကန် ဆက်လုပ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး လမ်းကြောင်းမှန်ကို သွားလိုစိတ် မရှိတဲ့ လက်ရှိအစိုးရရဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။

    တရုတ်က စစ်အုပ်စုကို အကြီးအကျယ် လာဘ်ထိုးပြီး မြန်မာပြည်က သယံဇာတတွေကို ဂုတ်သွေးစုတ်နေတဲ့ သတင်းမျိုးကိုကျတော့ Myanmar Express က လုံးဝ မှောင်ချထားပါတယ်။

    လက်ရှိအစိုးရရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ Myanmar Express ရဲ့ မူဝါဒကို ကြည့်တာနဲ့ သိန်းစိန်အစိုးရဟာ သိုးရေကို ခြုံထားတဲ့ ဝံပုလွေ ဆိုတာ ရှင်းနေပါပြီ။

    သိန်းစိန်အစိုးရဟာ ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို မှန်မှန်ကန်ကန် ဆက်လုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းမှန်ကို သွားတော့မယ်လို့ ပြည်သူများအနေနဲ့ မျှော်လင့်မထားကြပါနဲ့။ လစ်ဗျားလို လက်နက်ကိုင် တိုက်ပွဲဝင်ဘို့ ပြင်ဆင်ထားကြပါ။ ကချင် ကရင် ရှမ်းလက်နက်ကိုင်တွေနဲ့ ပူးပေါင်းကြပါ။

    ReplyDelete
  5. Myanmar Express founder's stepfatherDecember 3, 2011 at 9:24 PM

    Myanmar Express = ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ တဖက်သတ်အမြင်တွေ၊ ငါ့စကားနွားရ အတွေးအခေါ်တွေကို စည်းမဲ့ကမ်းမဲ့ ပေါက်လွတ်ပဲစား ရေးချင်ရာရေးနေတဲ့ အောက်တန်းစား ကြေးစား စစ်ခွေးဘလော့


    ဒေါ်လာစား = ပြည်သူ့ဘက်သားတွေကို မိုက်မိုက်ရိုင်းရိုင်း အောက်တန်းကျကျ စော်ကားပုတ်ခတ် ရေးရုံမက စီဘောက်တွေ၊ ကော်မန့်တွေမှာလဲ တခြားနာမည်တွေ သုံးပြီး ပက်ပက်စက်စက် အဆဲအဆိုတွေနဲ့ ဝင်ဝင်ဟောင်တတ်တဲ့ အရိုးအရင်းကိုက် ကြေးစား စစ်ခွေး

    ReplyDelete
  6. "ဒီမိုကရေစီလမ်းပေါ် မရောက်သေး" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


    “ကျွန်မတို့ အတူတကွ ရှေ့ဆက် တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာ အကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။
    ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး။”

    (ဒေါ်အောင်ဆန်းစုကြည်
    ၂-၁၂-၂၀၁၁ ရက်နေ့
    ရန်ကုန်မြို့)


    ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ခိုင်မာပြီး အလွန်ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲ အလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။

    ယနေ့နံနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီနီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံးက ခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့ ၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ် ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများ ရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။

    ဟီလာရီခရီးစဉ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ဟီလာရီးခရီစဉ်သည် သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏ စေ့စပ်မှုသည် စစ်မှန်သော စေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာရီနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကို အားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိကဝတ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စ ဖြေရှင်းရေးတို့မှာ ကတိကဝတ်ပြု ပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်” ဟု တွေ့ဆုံမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသည်။

    Credit: 7Day News Jounral

    ReplyDelete
  7. မြန်မာအစိုးရအတွင်းတွင် မြန်မာနိုင်ငံ ပြောင်းလဲမည်ကို စိုးရိမ်ပူပန်သူများ ရှိနေကြောင်း ဟီလာရီကလင်တန် ပြောကြားDecember 3, 2011 at 10:48 PM

    နေပြည်တော်၊ ဒီဇင်ဘာ- ၁

    လက်ရှိ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အတွင်းတွင် သမ္မတကို ထောက်ပံ့ကူညီသူများ ရှိပြီး ပြောင်းလဲမှုများကို စိုးရိမ်ပူပန်နေသူများလည်း ရှိကာ ကြားနေသူများလည်း ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာ ၁ရက်နေ့ညနေကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ယနေ့ ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့များကို ဖယ်ရှားသွားရန်မှာမူ အဆင်သင့် မဖြစ်သေးကြောင်း၊ အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။

    ထို့အပြင် ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကနဦးခြေလှမ်းများကို ကြိုဆိုအသိအမှတ်ပြုသော်လည်း ကျန် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် နှင့် လက်နက်ကိုင်တိုင်းရင်းသား ပဋိပက္ခများတွင် အပစ်အခတ်၊ နှိပ်စက်သတ်ဖြတ်မှုများ ရပ်စဲရန်မှာလည်း အရေးကြီးကြောင်းကို ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

    လက်ရှိ မြန်မာနိုင်ငံအရေးများ၊ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ နိုင်ငံရေးပါတီများအနေနှင့် နိုင်ငံတ၀န်းတွင် ပါတီရုံးခွဲများ ဖွင့်လှစ်ခွင့်ရရှိရေး၊ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေများသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းထောက်များကို သွားလာခွင့်ပြုရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

    ထို့အပြင် ကလင်တန်က မြန်မာနိုင်ငံ၏နျူကလီးယားလက်နက်မပြန့်ပွားရေးအတွက် မြောက်ကိုရီးယားနှင့် စစ်ရေးဖြတ်တောက်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

    Credit: 7Day News Jounral

    ReplyDelete
  8. Aunty Suu is right.

    Burma is not yet on the right track towards genuine democracy.

    ReplyDelete
  9. ကလိမ်တန် က ခပ်တည်တည် နဲ့ Burma ပဲခေါ်ပြီး သန်းရွှေ တို့ပြောင်းထားတဲ့ Myanmar ဆိုတဲ့ အမည်ကို ဂရုမစိုက်ကြောင်းပြသွားတာ- ဟားဟား ရဲရဲတောက် ဗိုလ်ချုပ်ကြီးဟောင်း သူရဘွဲ့ရတွေ ဘာတခွန်းမှ မပြောရဲ သွားဖြီးလေးတွေနဲ. သနားစဖွယ် ။

    Myanmar Express က စစ်ခွေးသူခိုး ကလိမ်ကကျစ်ကောင် ဒေါ်လာစား နဲ့ အပေါင်းပါတွေက မငယ်နိုင်ဘလော့မှာ သူတို့ စစ်ခွေးတွေ ရေးသွားတဲ့ ကွန်မင့်တွေက ဆဲထားတာ၊ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားထားတာ၊ ညစ်ညမ်း ဝက်ဆိုက် လင့်တွေ ပေးထားတာ၊ မငယ်နိုင် အပါအဝင် ပြည်သူ.ဘက်သားတွေ အကြောင်းကို မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဆင်ပြီး အပုပ်ချ ရေးထားတဲ့ သူ. ပို.စ်ကို လာကြော်ငြာထားတာ (Myanmar Express ဘလော့မှာ တင်ထားတဲ့ ပို့စ်) .... အဲဒီလိုမျိုးတွေမို.လို. မငယ်နိုင်က ဖျက်တာကို "ကျနော့် ကွန်မင့်တွေက ဘာမှ ရိုင်းတာ မပါတဲ့ ကွန်မင့်တွေ ဖြစ်ရဲ့သားနဲ့ မငယ်နိုင်က ဖျက်တယ်" ဆိုပြီး သူတို့ကိုသူတို့ ခြောက်ပြစ်ကင်း၊သဲလဲစင်း လုပ်ပြီး ကလိမ်ကကျစ် လာလာ ရေးနေတာ။ သူခိုးက လူပြန်ဟစ်နေတာ။

    တကယ်က အဲဒီ Myanmar Express က စစ်ခွေးသူခိုး ငကြောက်တွေက Myanmar Express မှာ ကျနော် ရေးတဲ့ ကွန်မင့်တွေက စစ်ခွေးလေး ဒေါ်လာစား ရဲ့ ထိပ်တည့်တည့်ကို သွေးထွက်အောင်မှန်နေလို. မတင်ဝန်. တော့ ဖျက်ပစ်တယ်။

    နအဖခေါတ်က တစ်ဖက်သတ် အနိုင်ကျင့်တတ်တဲ့ အကျင့်တွေပေါ့လေ။ စစ်ခွေးလေး ဒေါ်လာစား က ခုလဲ ခိုးကြောင်ခိုးဝှက် တစ်ဖက်သတ်ရေးတုံး။

    ReplyDelete
  10. Mrs. Clinton က ဗိုလ်ချုပ်ကြီးဟောင်းများကို သတိပေးချက်များDecember 4, 2011 at 12:52 AM

    Mrs. Clinton က ဗိုလ်ချုပ်ကြီးဟောင်းတွေကို ကောင်းကောင်း သတိပေးသွားတယ်။

    ၁. မြောက်ကိုရီးယားနဲ. မဆက်သွယ်ရ။
    ၂. နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်။
    ၃. တိုင်းရင်းသားတွေအပေါ် လူ.အခွင့်အရေးချိုးဖေါက်တာတွေ လုံးဝရပ်
    ၄. ရှေ.လာမယ့် ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီတွေကို မျှတစွာ တရားသဖြင့်နေရာပေး။
    ၅. တရားဥပဒေရဲ. ကာကွယ်မှု လူတိုင်း(ခလေးစစ်သားက အစ ပေါ်တာအဆုံး) ခံစါးရစေဖို. ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ လုပ်ပေး။
    ၆. ကလိမ်ကကျစ် လူရှေ.တမျိုးနောက်တမျိုး သောက်ကျင့်တွေ ရပ်။

    ဒါတွေကို မပြုပြင်ပေးရင် စည်းပွားရေး ပိတ်ဆို.ထားတာကို ဖွင့်ပေးရန် အကြောင်းမရှိပါ...တဲ့။

    ReplyDelete
  11. I respect DAW SU not of her popularity.She is good hearted,diplomatic,talented and has good reputation.I don't know much about her .It is all .This is also good enough to pay respect.

    ReplyDelete
  12. လုံလောက်သည့် တိုးတက်မှုများ ရှိခဲ့မည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စဉ်းစားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က Eleven Media Group ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ဂျာနယ်လစ်များ၏ မေးမြန်းမှုကို လက်မခံမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ တိုင်းရင်းသား လူမျိုးစုဒေသများအရေး၊ မြန်မာနိုင်ငံရှိ နေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီပေးရေးနှင့် မြန်မာခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်လျှောက်နေမည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာခေါင်းဆောင်များနှင့်အတူ အဆိုပါလမ်းပေါ်တွင် လျှောက်လှမ်းရန် အသင့်ရှိပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

    ReplyDelete
  13. "နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ကျွန်မတို့ ဆွေးနွေးကြရမှာပါ။

    ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါတယ်။ ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများကို ငြင်းပယ်ခြင်းခံနေခဲ့ရတဲ့ လူသန်းပေါင်းများစွာ ရှိနေပါတယ်။

    နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ ကတိက၀တ်ကို ဆုံးဖြတ်ပေးမှာကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ ကျွန်မတို့ သဘောတူညီခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ လူမျိုးပေါင်းစုံ ကွဲပြားစွာနေထိုင်ကြတဲ့ ဒီနိုင်ငံထဲကနေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဆိုတာ မရှိနိုင်ပါဘူး။

    ReplyDelete
  14. နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာပေမယ့် အထူးသဖြင့် ရန်ကုန်မြို့မှာ တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့ပေမယ့် ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ စာမတတ်မြောက်မှုတွေဟာလည်း လက်မခံနိုင်လောက်အောင် အလွန်မြင့်မားနေဆဲဖြစ်သလို အဓမ္မ နှိပ်စက်ခြင်းကို ဒီဒေသတွေမှာ ခံစားနေရပါတယ်။ အလွန်အကျွံလောက်အောင် များပြားတဲ့လူမျိုးစု ကွဲပြားနေတာဟာ ဒီနိုင်ငံမှာ များပြားနေပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။
    သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာလည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝသယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျွန်မတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်။

    ReplyDelete
  15. ကျွန်မ ဒီနေ့တွေ့ခဲ့ရတဲ့ စည်းရုံးလှုပ်ရှားသူများနဲ့ တက်ကြွဆောင်ရွက်နေသူများက သူတို့ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုအများအပြားနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရရှိဖို့ သူတို့မျှော်လင့်ထားတဲ့ သူတို့ ပံ့ပိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ၊ အရပ်သားလူ့ဘောင် တခြားသူက ကြောင့်ကြမှုတွေကို အမေရိကန်က ကြားနာခဲ့ရပါတယ်။ ဒီနိုင်ငံက ပြည်သူလူထုအတွက် ကျွန်မတို့ သရုပ်ဖော်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပွင့်လင်းစွာ ကြေညာလိုပါတယ်။ ဒါက အစိုးရကနေ လုပ်မှာ မဟုတ်ပါဘူး။

    ကျွန်မတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး ကနဦးဆောင်ရွက်ချက်များအပါအ၀င် ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် အခွင့်အရေးပေး လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျွန်မတို့ ပံ့ပိုးပေး သွားပါမယ်။

    ReplyDelete
  16. မနေ့ကပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းထားမယ်ဆိုရင် ဒီထက်မက ဆောင်ရွက်ပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ မိခင် ဧရာဝတီရဲ့ ရေစီးလိုပါပဲ။ လူသားလွတ်မြောက်ဖို့ ရေစီးကို ထိန်းထားလို့ မရပါဘူး။

    ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။

    အထဲမှာပါ၊ အပြင်မှာပါရှိကြတဲ့ ပြုပြင်ပြောင်းလဲသူများကို ကျွန်မတို့ ပံ့ပိုးပေးသွားပါမယ်။ လာမယ့် အရေးကြီးလှတဲ့ နေ့ရက်များမှာ အမေရိကန် နိုင်ငံသားတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းများက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့ အတူရှိနေပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရအောင် ဆောင်ရွက်သွားပေးဖို့ စိတ်အားထက်သန်နေပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

    ReplyDelete
  17. ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပသတင်းထောက်များ၏ မေးမြန်းမှုကို လက်ခံရာတွင် ပြည်ပသတင်းထောက်မှ မေးခွန်းတစ်ခု နှင့် ပြည်တွင်းသတင်းထောက်မှ မေးခွန်းတစ်ခု တို့ကိုသာ ဖြေကြားသွားခဲ့သည်။

    Eleven Media Group မှ သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးရန် အလားအလာများ ရှိလာပါသလားဟု မေးမြန်းခဲ့ရာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်က "ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့် ဆွေးနွေးပွဲမှာရော၊ အများပြည်သူဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့ ကျွန်မတို့အနေနဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားသွားမယ် ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ" ဟု နိုင်ငံခြားaရးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

    ReplyDelete
  18. "ကျွန်မတို့ မြင်တွေ့နေရတဲ့ အားတက်ဖွယ်ရာ လက္ခဏာ၊ တိုးတက်မှုအခြေအနေတွေဟာ ကျွန်မတို့ အခိုင်အမာပြောထားတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း စမ်းသပ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ဒီတိုးတက်မှုတွေမှာ အမှန်တကယ် ဖြစ်ပြီး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေမှာလားလို့ သိချင်ပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ထို့ပြင် "ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေး နွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့ လူတွေနဲ့သာမက ပြီးခဲ့ တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လည်း လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ်ပါတယ်" ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

    ၁၈ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်း ထောက် ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။


    (Credit - Eleven Media Group)

    ReplyDelete
  19. အပေါတကာ အပေါဆုံးထဲမှာ ပြည်ပရောက်အတိုက်ခံ
    တွေက အပေါဆုံးဘဲ

    ReplyDelete
  20. -
    အဖါးတကာ့ အဖါးဆုံးထဲမှာ ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲ..

    ဂျာနယ်လစ်ကျင့်ဝတ်ကို အချိုးဖောက်ဆုံး ဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖောက်ဆုံးပဲ..

    ReplyDelete
  21. အဖါးတကာ့ အဖါးဆုံးထဲမှာ ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲDecember 8, 2011 at 5:24 PM

    -
    "ဘယ်သူ မွဲမွဲ၊ ကိုယ်က အရိုးပဲ ကိုက်ရကိုက်ရ" သဘောထားပြီး ပြည်ဖျက် စစ်ခေါင်းဆောင်တွေကို ဖါးပြီး ရေးနေတဲ့ အဖါးတကာ့ အဖါးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ Myanmar Express ဘလော့က အဆိပ်ပင်ရေလောင်း၊ လူမိုက်အားပေး၊ ကြေးစား စစ်ခွေး ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲ..

    အန်တီစု အပါအဝင် ဒီမိုကရေစီလိုလားသူတွေကို အောက်တန်းကျကျ စော်ကားပုတ်ခတ်ပြီး အရေးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ ဒေါ်လာစား က အောက်တန်းကျကျ အစော်ကားဆုံးပဲ..

    မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေကို နာမည် အမျိုးမျိုး သုံးပြီး လိမ်ရေးတဲ့ အောက်တန်းအကျတကာ့ အကျဆုံး စစ်ခွေးတွေထဲမှာ ဒေါ်လာစား နဲ့ အပေါင်းပါဖြစ်တဲ့ ရုရှားက စစ်ခွေး mg (ခေါ်) မောင် (ခေါ်) zaw (ခေါ်) hanzaw (ခေါ်) ဦးသူတော် (ခေါ်) မှော်ဆရာ (ခေါ်) အိုပါး (ခေတ္တကိုရီးယား) (ခေါ်) တုတ်ကြီး (ခေါ်) တုတ်ကြီး (နော်ဝေ) (ခေါ်) ....... က အောက်တန်း အကျဆုံးပဲ..

    မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေကို ပက်ပက်စက်စက် အဆဲဆုံး စစ်ခွေးတွေထဲမှာ ရုရှားက စစ်ခွေး တုတ်ကြီးက ပက်ပက်စက်စက် အဆဲဆုံးပဲ..

    (ဒီနေရာမှာ "ပက်ပက်စက်စက် အဆဲဆုံး တုတ်ကြီး" ဆိုတာ "မူလလက်ဟောင်း တုတ်ကြီး အစစ်" ကို ဆိုလိုပါတယ်.. ရုရှားက စစ်ခွေး mg (မောင်) နဲ့ တခြား ရုရှားက စစ်ခွေးတွေကလဲ "တုတ်ကြီး" နာမည်ကို သုံးပြီး ဆဲတတ်ပါတယ်..)

    ReplyDelete
  22. ဂျာနယ်လစ်ကျင့်ဝတ်ကို အချိုးဖေါက်ဆုံး ဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖေါက်ဆုံးပဲDecember 8, 2011 at 5:30 PM

    -
    ဂျာနယ်လစ်ကျင့်ဝတ်၊ ဘလော့ဂါကျင့်ဝတ်ကို အချိုးဖေါက်တကာ့ အချိုးဖေါက်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖေါက်ဆုံးပဲ..

    ဖြစ်စဉ်တခုကို လိုချင်သလို မဆီမဆိုင် အတင်းဆွဲပြီး ငါ့စကားနွားရ ရေးတဲ့၊ ဦးနှောက်မဲ့ စစ်ခွေး ပရိသတ်အကြိုက် ရေးတဲ့၊ အသိမဲ့၊ ခံယူချက်မဲ့ လူပိန်းပရိသတ်အကြိုက် ရေးတဲ့၊ ကလေးတွေး တွေးပြီး၊ လူပိန်းတွေး တွေးပြီး လမ်းဘေးက အုတ်ကြားမြက်ပေါက် အပြောအဆိုမျိုးနဲ့ မူ၊ ဘောင်၊ အထိန်းအကွပ် မရှိဘဲ ပရမ်းပတာ ရေးချင်ရာ ရေးတဲ့ အဆင့်အတန်း အနိမ့်တကာ့ အနိမ့်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အဆင့်အတန်း အနိမ့်ဆုံးပဲ..

    ပျစ်ပျစ်နှစ်နှစ် ဆဲဆိုထားတဲ့ ကွန်မင့်တွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်ထားတဲ့ ကွန်မင့်တွေကို မဖျက်တဲ့ ကျက်သရေ အတုံးတကာ့ အတုံးဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အယုတ္တအနတ္တ ကွန်မင့် အများဆုံး၊ ကျက်သရေ အတုံးဆုံးပဲ..

    အယုတ္တအနတ္တ ကွန်မင့်တွေကို မဖျက်ပေမယ့် စစ်ခေါင်းဆောင်တွေကို အထိနာစေတဲ့ ပြည်သူ့ဘက်သားတွေရဲ့ အမှန်တရား ကွန်မင့်တွေ၊ စစ်ခွေးဘလော့က ဆောင်းပါးရှင်တွေက လိမ်ရေးထားတာတွေကို ပြည်သူ့ဘက်သားတွေက အချက်ကျကျ ထောက်ပြထားတဲ့ ကွန်မင့်တွေ ဆိုရင် ဖျက်လေ့ရှိတဲ့၊ "ကွန်မင့်တွေကို မဖျက်ဘူး" ဆိုပြီး အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေတဲ့၊ အလိမ်ပေါ်သွားပေမယ့် မျက်နှာပြောင်တိုက်ပြီး ဆက်လိမ်နေတဲ့၊ အမှား အဖမ်းခံရပေမယ့် အရှက်မရှိဘဲ ဆက်ညာနေတဲ့၊ ပြည့်တန်ဆာမလောက်တောင် တည်ကြည်မှု မရှိတဲ့ သိက္ခာမဲ့ တကာ့ အမဲ့ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က သိက္ခာအမဲ့ဆုံးပဲ..

    ReplyDelete
  23. -
    ရုရှားက စစ်ခွေးတွေက ဘယ်လို မိုက်ရိုင်း ယုတ်မာ အောက်တန်းကျသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  24. -
    ဘယ်လို မဆီမဆိုင်၊ လက်ပံသား ဓားနဲ့ ချိုင်ထားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  25. -
    ဒီ အစိုးရခေါင်းဆောင်တွေက ဘယ်လို ထုံသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  26. -
    ဒီ အစိုးရ အမည်ခံ ငတုံးကြီးတွေက ဘယ်လို ညံ့သလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  27. -
    ဒီ ဘုရင်ရူးက ဘိုးတော်ရူးကို ဘယ်လိုအရူးအမူး ကိုးကွယ်သလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  28. -
    ဒီဖွတ်မင်းက ဘယ်လို ဖျင်းသလဲ၊ ရူးကြောင်ကြောင် အတွေးအခေါ်၊ ဦးနှောက်မဲ့ အယူအဆတွေနဲ့ ဘယ်လို ထင်ရာစိုင်းလို့ အသိဥာဏ်ထက်မြက်သူတွေ ရှိတဲ့၊ သယံဇာတပေါများတဲ့ တိုင်းပြည်က ဖွတ်ပြည် ဖြစ်သွားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  29. -
    ဒီ သူခိုးတိုင်းပြည်က ကမ္ဘာ့အဆိုးဆုံး (ကမ္ဘာ့ သူခိုးအများဆုံး) အဆင့်မှာ ရောက်နေတာကို ကိန်းဂဏန်း အတိအကျနဲ့ သိချင်ရင် ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  30. -
    ဒီ စစ်ရာဇဝတ်ကောင် သူခိုးကြီးက ဘယ်လို ခိုးသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

    ReplyDelete
  31. -
    ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခု ဖြစ်တဲ့ ဒီ ဆင်းရဲတဲ့တိုင်းပြည်မှာ ကမ္ဘာ့ အကုန်အကျ အများဆုံး မင်္ဂလာပွဲတွေထဲက တခု ဖြစ်တဲ့၊ ၄ လဗိုက်ကြီးတကားကား ဖြစ်နေလို့ ငစနူ လဒူ တကောင်ကို လင်ကောင်ဖေါ်ခိုင်းတဲ့၊ "လက်ဖွဲ့" အမည်ခံပြီး အေးဓါးပြတိုက်ဖို့ အကြံနဲ့ ခိုးထားတဲ့ ပိုက်ဆံတွေနဲ့ အရင်းအနှီး လုပ်ပြီး ကျင်းပတဲ့၊ "လက်ဖွဲ့" ဒေါ်လာ သန်း ၅ဝ လောက် အေးဓါးပြတိုက်ပြီး ယူလိုက်တဲ့ ဒီ လင်ဖမ်းမင်္ဂလာပွဲကို ဘယ်လို အရှက်မရှိ ကျင်းပသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး video clips တွေကို ကြည့်နိုင်ပါတယ်..

    ReplyDelete
  32. -
    ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်တွေထဲမှာ တခု အပါအဝင် ဖြစ်တဲ့ ဒီ ဆင်းရဲတဲ့တိုင်းပြည်မှာ ကမ္ဘာ့ အကုန်အကျ အများဆုံး မင်္ဂလာပွဲတွေထဲမှာ တခု အပါအဝင် ဖြစ်တဲ့၊ ၄ လဗိုက်ကြီးတကားကား ဖြစ်နေလို့ ငစနူ လဒူ တကောင်ကို လင်ကောင်ဖေါ် လှည်းကျိုးထမ်းခိုင်းတဲ့၊ "လက်ဖွဲ့" အမည်ခံပြီး အေးဓါးပြတိုက်ဖို့ အကြံနဲ့ ခိုးထားတဲ့ ပိုက်ဆံတွေနဲ့ အရင်းအနှီး လုပ်ပြီး ကျင်းပတဲ့၊ "လက်ဖွဲ့" ဒေါ်လာ သန်း ၅ဝ လောက် အေးဓါးပြတိုက်ပြီး ယူလိုက်တဲ့ ဒီ လင်ဖမ်းမင်္ဂလာပွဲကို ဘယ်လို အရှက်မရှိ ကျင်းပသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး video clips တွေကို ကြည့်နိုင်ပါတယ်..

    ReplyDelete
  33. "State of secretory" or "Secretary of the State" ?

    Please pay attention to your grammer so that you don't look so defacing in public, Ma Nge Naing...

    Now very disappointing :(

    Thura ( Long time no see )

    ReplyDelete
  34. "Secretory" means someting relating to secretion.

    You are a well-trained nurse in Aussi right?

    I don't know how you could have finished your assignments in school...

    Disappointing... Disappointing...

    Thura ( Long time no see )

    ReplyDelete
  35. "Secretory" means *something relating to secretion.

    You are a well-trained nurse in Aussi right?

    I don't know how you could have finished your assignments in school...

    Disappointing... Disappointing...

    Thura ( Long time no see )

    ReplyDelete
  36. ပြင်လိုက်ပြီ။ အမှားကို ထောက်ပြတဲ့အတွက်တော့ ကျေးဇူးတင်တယ် Thura ဒါပေမဲ့ ထောက်ပြမှတော့ အလကားရတဲ့ စေတာကို ဘာလို့ တွန့်တိုနေစရာလိုလဲ၊ စေတနာနဲ့ ထောက်ပြရင် ပိုမကောင်းဘူးလား။ ဆိုလိုတာကို နားလည်တာပဲ ဘာမှ Disappointing... Disappointing... ဖြစ်စရာ မရှိပါဘူး။ ဘလော့ဂ်ရေးတာလည်း ထမင်းစားအလုပ်မဟုတ် ၀ါသနာအရသာ ရေးခြင်း ဖြစ်တော့ နည်းနည်းအချိန်ရရင် ရသလို ခပ်သုတ်သုတ် ရေးပြီး ပို့စ်ကို ကပြာကယာတင် ပြီးတော့ နောက်တကြိမ် ပြန်ဝင်ဖြစ်လို့ ပြန်ဖတ်မှ အမှားတွေ့ရင် ပြန်ပြင် ဖြစ်တယ်။ ပြန်မဖတ်ဖြစ်ရင်လည်း အခု Thura လို တွေ့တဲ့တယောက်ယောက်က ပို့စ်ထဲမှာဖြစ်စေ mail နဲ့ ဖြစ်စေ ထောက်ပြရင် ပြန်ပြင်လိုက်တယ်။ ((((I don't know how you could have finished your assignments))) ဆိုတာနဲ့ ပတ်သက်ပြီး Communication သိပ်များပြီး အင်္ဂလိပ်ဘာသာစကားကိုလည်း ကြည့်တဲ့ Nursing Assignment တွေကတော့ အချက်အလက်အရ တင်ပြပုံအရ Distinction ရသင့်တာကို Credit ပဲ ရ၊ Credit ရသင့်တဲ့ Assignment က Pass ပဲ ရပြီး အဲဒီ အမှားတွေအတွက် အမှတ် လျှော့ခံရတာတော့ အမှန်ပဲ။ ဒါပေမဲ့ အင်္ဂလိပ်စာ ဘာသာစကားကို လုံးဝမကြည့်ဘဲ အချက်အလက် ခိုင်မာမှုနဲ့ တင်ပြပုံ စနစ်ကျမှုကိုသာ ကြည့်တဲ့ Bio-science Assignments တွေဆိုရင်တော့ High Distinction ရတာများတယ်။ ကျွန်မဟာ မြန်မာစာရော အင်္ဂလိပ်စာပါ literature ကျွမ်းကျင်သူ တယောက်မဟုတ်ပါ။ မြန်မာစာဆို ဒီထက်တောင် ပိုမှားသေးတယ်။ ဒါကို အသက်မွေးဝမ်းကျောင်းအရ စာရေးတာမဟုတ် ၀ါသနာအရ စာရေးတယ်ဆိုတာ နားလည်တဲ့ စာဖတ်သူတွေက စေတနာနဲ့ ပြင်ပေးထောက်ပြပေးပြီး အကူအညီပေးလေ့ ရှိပါတယ်။ Thura လည်း နောက်ထပ် စာလာဖတ်လို့ အမှားထပ်တွေ့ရင် ပိုက်ဆံငါးပြားမှ ပေးစရာမလိုတဲ့ စေတနာကို မတွန့်တိုဘဲ ၀မ်းပမ်းတသာ ထောက်ပြနိုင်ပါတယ် ကုသိုလ်လည်း ရတယ်။ မှားနေလို့ မိမိသိတာကို ထောက်ပြရလို့ ၀မ်းသာရမည့်အစား Disappointing အကုသိုလ် ရတယ်ဆိုရင်တော့ နောက်လာမဖတ်တာ ပိုကောင်းတယ်လို့ အကြံပြုပါတယ်။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။