Pages

1-1-1996 AND 1-1-2012 (၁၆ နှစ်မြောက် အမှတ်တရ)

တခြားဘာတွေပဲ ပြောင်းလဲခဲ့ပါစေ တူတာတွေတော့ အများကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ ကျွန်မဟာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို မပြောချင်ဘူး မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားနိုင်တာကိုပဲ ဒီနေ့ ဘ၀မှတ်တမ်းမှာ အမှတ်တရ သိမ်းထားချင်ပါတယ်။

တနေကုန် ချက်ပြုတ်၊ လျှော်ဖွပ်၊ ဆေးကြော သန့်ရှင်းစတဲ့ အိမ်အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေခဲ့ရာကနေ ရေမိုးချိုး စားသောက်ပြီး အားလုံး ပြီးစီးသွားလို့ နာရီကြည့်လိုက်တဲ့ အခါမှာတော့ ၁၁ နာရီတောင် ခွဲပြီးနေပါပြီကော ဆိုပြီး နေ့မကူးခင် ကတန်းကမန်းပဲ အ၀တ်အစားလဲ၊ ဘုရားမီးထွန်း ဘုရားရေလဲကာ ဘုရားကို အတိုချုပ်ပဲ ရှိခိုးလိုက်ရတယ်။ ပြီးတော့ ၁၆ နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာအထိမ်းအမှတ် အဖြစ် သားကိုခေါ်ပြီး ဓါတ်ပုံရိုက်ထားပေးခိုင်းတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ ၁၆ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ ဖြစ်တဲ့ မနေ့က ၁-၁-၁၂ ရက်မှာ ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်ကာလကို နောက်ပြန်လှည့်ကြည့်လိုက်ရင် ကျွန်မတို့မှာ ဘ၀အတက်ကျ၊ အနှိမ့်အမြင့် ဖြတ်သန်းမှုတွေက ပြောလို့ မကုန်နိုင်မခမ်းနိုင်လောက်အောင် အပြောင်းအလဲ များပြားလှပေမဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်တိတိဖြစ်တဲ့ ၁-၁-၉၆ ရက်နေ့နဲ့ ဒီနှစ် ၁-၁-၂၀၁၂ ရက် ဒီနှစ်ရက်တည်းကိုပဲ ကြည့်မယ်ဆိုရင်တော့ တခြားဘာတွေပဲ ပြောင်းလဲခဲ့ပါစေ တူတာတွေတော့ အများကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ ကျွန်မအခုပြောလိုတာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို မပြောချင်ဘူး မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားနိုင်တာကိုပဲ ဒီနေ့ ဘ၀မှတ်တမ်းမှာ အမှတ်တရ သိမ်းထားချင်ပါတယ်။ ဘာတွေမပြောင်းမလဲဘဲ တူနေသလဲဆိုတော့ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့တဲ့ နှစ်ဆန်းတရက်နေ့မှာ တနင်္ဂနွေနေ့ဖြစ်ပြီး ဒီနှစ်ကျရောက်တဲ့ နှစ်ဆန်းတရက်နေ့ဟာလည်း တနင်္ဂနွေနေ့နဲ့ တိုက်နေတယ်။ နောက်တချက်က လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်မတို့ မင်္ဂလာဆောင်ရာမှာ ၀တ်ခဲ့တဲ့ အ၀တ်အစားကိုပဲ ဒီနှစ် ၁-၁-၁၂ မှာ ၀တ်ထားတာ တူတယ်။ ပြီးတော့ ကျွန်မရဲ့ ဆံပင်အရှည်ကလည်း လွန်ခဲ့တဲ့ ၁၆ နှစ်က အရှည်အတိုင်းပဲ ဖြစ်တာ တူပါတယ်။ နောက်ဆုံးတချက်ကတော့ ကျွန်မတို့ရဲ့ ရင်ထဲက အချစ်တွေက လွန်ခဲ့တဲ့ ၁၆ နှစ်နဲ့ အခု အတူတူ ဖြစ်နေဆဲဆိုတာပါပဲ။ နေ့စွဲနှစ်ခု အောက်ကပုံတွေကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

1-1-96 Sunday (၁-၁-၉၆ တနင်္ဂနွေနေ့)


၁-၁-၉၆ ခု၊ ABSDF ဗဟို ကရင်နီနယ်မြေကို ရောက်နေစဉ် ကျွန်မတို့နှစ်ယေက် ဘ၀တခုကို ထူထောင်ဖို့ လက်ထပ်ခွင့်တင်တားတာ လက်ထပ်ခွင့်ရတာနဲ့ ထတမမောလဲလို့ ခေါ်တဲ့ ထိုင်းရွာအနီးက ကရင်နီတောင်ခြေ တနေရာမှာABSDF ဗဟိုဌာနချုပ်အဖြစ် ဆောက်လုပ်ခဲ့တတဲ့ စခန်းရှိ မိသားစု တန်းလျားမှာ ဒီအိမ်လေးကို မင်္ဂလာမဆောင်ခင် အပြီးဆောက်ပြီး ဒီအိမ်လေးပေါ်မှာ ကျွန်မတို့ နှစ်ယောက် မင်္ဂလာဆောင်ခဲ့ပါတယ်။ (မင်္ဂလာဆောင်ပြီး နှစ်လပဲနေလိုက်ရပြီး ရန်သူစစ်ကြောင်းထိုးလို့ တခြားတနေရာကို ဗဟိုရွှေ့ရပါတယ်။)


အဲဒီတုန်းက ABSDF ဗဟိုတရားသူကြီးဖြစ်သူ ဦးတင်ရွှေ (ကွယ်လွန်) က မင်္ဂလာ သြ၀ါဒပေးနေစဉ်၊ သူပေးတဲ့ သြ၀ါဒက သူများတွေလို လင်ရယ်မယားရယ်လို့ ဖြစ်လာရင် ရန်မဖြစ်ဖို့ မပြောဘဲ ရန်မကြာခဏ ဖြစ်ပေးပါတဲ့ အဲဒါမှ ပိုပြီးတော့ အသစ်တဖန် ပြန်ချစ်ကြတာတဲ့။ အခုထိ အမှတ်ရနေပါတယ်။


သူများတွေရဲ့ တောင်းဆိုမှုအရ တယောက်ကိုတယောက် ခွံ့ကျွေးရပါတယ်။


ကျွန်မက မရှက်ဘဲ အရေးထဲသူက ရှက်နေတယ်။ (ဆံပင်စည်းထားတဲ့ ခေါင်းစည်းကိုတော့ သူငယ်ချင်း မဗေဒါက သိုးမွေးနဲ့ တချောင်းထိုး ထိုးထားပေးတာပါ)


ဗဟိုတရားသူကြီးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ဦးတင်မောင်လွင်က လက်ထပ်ချုပ်ပေးအပ်တာကို လက်ခံယူနေစဉ်


မင်္ဂလာပွဲပြီးခါနီးမှာ ကျွန်မတို့ထက် တလစောပြီး မင်္ဂလာဆောင်ခဲ့တဲ့ ကိုထူးမြတ် မဆူးပွင့် ဇနီးမောင်နှံနဲ့ အမှတ်တရ



နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံကောင်းကောင်း မကျန်လို့ အဲဒီအချိန်က ကျွန်မတို့ကို အင်္ဂလိပ်စာလာသင်ပေးနေတဲ့ နိုင်ငံခြားသားတဦးနဲ့ တွဲပြီးရိုက်ထားတဲ့ပုံကို ဖြတ်ညှပ်လုပ်ထားပါတယ်။


1-1-12 Sunday, ၁-၁-၁၂ တနင်္ဂနွေနေ့




အခု ဒီနှစ် ၁-၁-၂၀၁၂ နေ့မှာ ရိုက်ထားတဲ့ပုံမှာ ကျွန်မ ၀တ်ထားတဲ့ ထမီကလွဲရင် ကျန်တာ လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ အ၀တ်အစားတွေ ဖြစ်ပြီး ကျွန်မ ၀တ်ထားတဲ့အင်္ကျီက မင်္ဂလာဆောင်ရင် ၀တ်ဖို့ဆိုပြီး ကျွန်မကိုယ်တိုင် လက်ချုပ်အပ်နဲ့ ချုပ်ထားတဲ့ အင်္ကျီပါ။ ဒီအ၀တ်အစားတွေကို လျှော်ဖွပ် ကြယ်သီးပြုတ်နေတာ မခိုင်တာကို ပြန်တပ်ရတာလည်း တနေကုန် အလုပ်များတဲ့ အကြောင်းရင်းထဲမှာ ပါပါတယ်။ အမှတ်တရအဖြစ် သားက ရိုက်ပေးထားပါတယ်။

ဒီနှစ်ချက်တာ အားလုံးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထိုင်းစားစရာတွေပဲ ဖြစ်တော့ ဗမာစားစရာပဲ ကြိုက်တယ်ဆိုသူများအတွက် အရင်နှစ်ကတင်တဲ့ မြန်မာမုန့်ဟင်းခါးကို ထည့်ထားပေးလိုက်ပါတယ်။ ဒီနှစ် ၁၆ နှစ်မြောက် မင်္ဂလာနေ့မှာ ဘာချက်မလဲဆိုတာ စဉ်းစားတော့ သုံးယောက်စလုံး ကြိုက်တဲ့ စားစရာဆိုလို့ မုန့်ဟင်းခါး အမျိုးပဲ ရှိတော့ မုန့်ဟင်းခါးကိုပဲ စဉ်းစားမိပါတယ်။ ဒါပေမဲ့ မုန့်ဟင်းခါးက အရင်နှစ်ကလည်း ချက်တယ်၊ ပြီးတော့ ကျွန်မတို့ လင်မယားက ထိုင်းမုန့်ဟင်းခါးကို ပိုကြိုက်ပြီး သားက မြန်မာမုန့်ဟင်းခါးကို ပိုကြိုက်တာကို စဉ်းစားပြီး စိတ်အိုက်နေတဲ့အချိန်မှာ သားက မေမေတို့ကြိုက်တာကိုပဲ ချက်ပါလို့ နားလည် ပေးလိုက်လို့ အဖေကြိုက်တဲ့ ထိုင်းမုန့်တီကိုပဲ ချက်ပေးလိုက်ပါတယ်။ ဒါဟာ ကျွန်မ တသက်မှာ သားကြိုက်တာထက် ယောက်ျားကြိုက်တာကို ပိုဦးစားပေးလိုက်တာ ပထဦးဆုံးအကြိမ် ဖြစ်တယ်။ သားနဲ့ယှဉ်လာရင် ကျွန်မဟာ သူ့ကို တခါမှ ပိုပြီးဦးစားပေးလေ့ မရှိပါဘူး။ ဒီနေ့မှာတော့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် လက်ဆောင်အဖြစ် သဘောထားပြီး သူ့ကို ဦးစားပေးလိုက်ပါတယ်။ အောက်ကထိုင်းမုန့်တီကတော့ ဒီနှစ် နှစ်ပတ်လည်နေ့မှာ ၁၆ နှစ်မြောက် အမှတ်တရ ချက်ထားတဲ့ လာလည်သူများ အားလုံး မြိန်ရှက်စွာ သုံးဆောင်နိုင်ရန် ဖြစ်ပြီး ထိုင်းမုန့်ဟင်းခါး မကြိုက်သူများက ထမင်းကို ထိုင်းသင်္ဘောသီးထောင်း၊ ထိုင်း Toyom ဟင်းချို၊ ပုဇွန်ကင်နဲ့ သုံးဆောင်နိုင်ပါတယ်။

ထိုင်းမုန့်ဟင်းခါး
ထိုင်းမုန့်ဟင်းခါး အမျိုးမျိုး ရှိသည့်အနက်က ငါးနဲ့ချက်ပြီး ငါးဆုပ်လုံးနဲ့ စားတဲ့ ဟင်းဖြစ်တယ်။ ထိုင်းမုန့်ဟင်းခါးကို ပဲတီ၊ ပီးတောင့်ရှည်၊ သခွါးသီး၊ ပင်စိမ်းရွက်၊ မုန်ညှင်းချည်ဖတ်၊ ထိုင်းထိကရုဏ်းပင်တို့ထည့်ပြီး အသီးအရွက်များများနဲ့ စားတဲ့အတွက် ဗမာမုန့်ဟင်းခါးနဲ့စာရင် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အခုဒီမှာတော့ ထိကရုဏ်းလည်းမရနိုင်လို့ မပါဘူး။ ပင်စိမ်းကလည်း အိမ်နဲ့နီးတဲ့ဆိုင်မှာ မရလို့ ပင်စိမ်းအစား ထိုင်း Basil အရွက်ကို သုံးထာပါတယ်။

ဒါက ထမင်းနဲ့စားဖို့ ထိုင်းသင်္ဘောသီးထောင်း၊ ထိုင်း Seafood Toyam soup နဲ့ ပုဇွန်ကင်


လွန်ခဲ့တဲ့ ၁၆ နှစ်နဲ့ အခု မတူတာမပြောချင်ဘူး တူတာကိုပဲ ပြောချင်တယ်လို့ အပေါ်မှာ ဆိုထားပေမဲ့ တခုတော့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ် မင်္ဂလာဆောင်တုန်းက ရှင်မတောင် သနပ်ခါးတုံးကို ကိုယ်တိုင်ကျောက်ပျဉ်နဲ့ သွေးပြီးလိမ်းထားတဲ့ မျက်နှာပေါ်က အနံ့သင်းသင်း ရှင်မတောင် သနပ်ခါး၊ ကိုယ်တိုင်ဆောက်ထားတဲ့ အင်ဖက်မိုး ကျူထရံကာအိမ်နဲ့ ၀ိုင်းဝန်းပံ့ပိုးပေးခဲ့တဲ့ မိတ်ဆွေတွေကို လွမ်းမိတာတော့ အမှန်ပဲ။

ဒီနှစ်နှစ်သစ်ဟာ အားလုံးအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းသောလိုရာဆန္ဒများ အသီးသီး ပြည့်ဝကြပါစေ။ မကောင်းမှုတွေကို အသီးသီးရှောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(မနေ့က အချိန်မရလို့ ဒီနေ့မှ တင်ဖြစ်ပါတယ်။)

75 comments:

  1. ဂရမ်မာကြာရွက်January 3, 2012 at 8:11 AM

    ကိုကျော်နိုင် နဲ့ မငယ်နိုင်

    ၁-၁-၂၀၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကိုကျော်နိုင် နဲ့ မငယ်နိုင် ရဲ့ ၁၆ နှစ်မြောက် လက်ထပ်မင်္ဂလာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လိုပဲ ရွှေရတုလက်ထပ်မင်္ဂလာ၊ စိန်ရတုလက်ထပ်မင်္ဂလာ၊ ပလက်တီနမ်ရတုလက်ထပ်မင်္ဂလာ နှစ်ပတ်လည်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ ဆက်လက် ဆင်နွှဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

    ဂရမ်မာကြာရွက်

    ReplyDelete
  2. Ah Ko Kyaw Naing
    and
    Ah Ma Nge Naing


    Congratulations on your 16th Wedding Anniversary!

    ReplyDelete
  3. Happy Anniversary!

    လွန်ခဲ့တဲ့ ၁၆နှစ်ကအင်္ကျီကို ၀တ်လို့ရနေသေးတာကတော့ တော်တော် မနာလိုစရာကောင်းတာပဲး)

    ReplyDelete
  4. ပြည်သူ့ဘက်သားJanuary 3, 2012 at 1:18 PM

    အစ်ကိုကျော်နိုင် နဲ့ အစ်မငယ်နိုင် ရဲ့ မင်္ဂလာနှစ်ပတ်လည် အခါသမယမှာ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  5. မောင်မေတ္တာJanuary 3, 2012 at 2:28 PM

    အစ်ကိုနဲ့ အစ်မဟာ

    - သမ သဒ္ဓါ ဆိုတဲ့ တူညီသော ခံယူချက်
    - သမ သီလာ ဆိုတဲ့ တူညီသော အမူအကျင့်
    - သမ စာဂါ ဆိုတဲ့ တူညီသော ပေးကမ်းမှု
    - သမ ပညာ ဆိုတဲ့ တူညီသော အတွေးအခေါ် ဗဟုသုတ

    ရှိတဲ့အတွက် မာရသွန်အိမ်ထောင်ခရီးရှည်ကြီးမှာ ၁၆ နှစ် မိုင်တိုင်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်တာပါ..

    ရှေ့ဆက်ပြီး သမ သဒ္ဓါ၊ သမ သီလာ၊ သမ စာဂါ၊ သမ ပညာ တို့ကို ဆက်လက် ကိုင်စွဲကာ ဘဝခရီးကို ပျော်ပျော်ကြီး အတူလျှောက်လှမ်းပြီး ဇနီးမောင်နှံ ရာသက်ပန် စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..

    ReplyDelete
  6. (အနည်းငယ် နောက်ကျနေပေမယ့်) ပျော်ရွှင်ဖွယ်ရာ မင်္ဂလာ နှစ်ပတ်လည် ဖြစ်ပါစေ မငယ်နိုင်ရေ..၊ ၁၆ နှစ်မှသည် ရတုများစွာတိုင် တွဲလက်တွေ ခိုင်မြဲပါစေလို့ လည်း ဆန္ဒပြုပါတယ်..။

    ReplyDelete
  7. လာရောက် ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ပို့စ်တင်ပြီး သိပ်ပြန်မကြည့်ဖြစ်ဘူး။

    ဂရမ်မာ ကြာရွက် - ပလက်တီနာမ် ရတုဆိုတာလည်း ရှိသေးလား အခုမှသိတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောရအောင်ကလည်း အဲလောက်ထိတော့ အသက်မရှည်ဘူးထင်တယ်။

    မသီတာ - ကျွန်မလည်း သားကိုမွေးပြီး အသက် ၃၅ နှစ်အထိ တော်တော်လေး ကီလိုတက်တယ်။ ၃၅ နှစ်ပြည့်ပြီးမှ အ၀လွန်ခြင်းရဲ့ ဆိုးကျိုးတွေကို ကျောင်းမှာ သင်ရတော့ ရောဂါတွေကို ကာကွယ်ဖို့ BMI ကို ပြန်ညှိရတာ။ ၁၆ နှစ်မကဘူးနော် အပေါ်မှာ ဂရမ်မာကြာရွက် ပြောထားတဲ့ ရတုတွေအထိ ၀တ်လို့ရနေမှာပါ။ မသီတာလည်း မနာလို မဖြစ်ရအောင် ကျွန်မရဲ့ အာဟာရနဲ့ ဆီးချိုရောဂါအကြောင်း ရေးထားတဲ့ပို့စ်တွေ ဖတ်ကြည့်ပြီး BMI ညှိလိုက်လေ။

    မောင်မေတ္တာ ပြောသလောက်လည်း အစ်မတို့နှစ်ယောက်က မတူပါဘူး။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
    Sein Lay၊ ပြည်သူ့ဘက်သားတို့ရဲ့ ဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

    ကျွန်တော်လူကက်ဆက် ဇာတ်သိမ်းကို ကျွန်မ facebook မှာ ဖတ်ပြီးပါပြီ။ ဒီစာကို ရေးတဲ့ ပန်းချီထိန်လင်းနဲ့လည်း facebook friend ပါ။

    စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

    ReplyDelete
  8. ကိုညီလင်းသစ် ကျွန်မ ပို့စ်စတင်တာကိုက နောက်ကျပြီးမှ တင်ခဲ့တာဖြစ်တော့ စာလာဖတ်သူတွေအနေနဲ့ နောက်ကျတယ် စောတယ်ဆိုတာ ဘာမှ ထည့်မတွက်ပါနဲ့။ ဘလော့ဂါထဲက တကူးတက စာလာဖတ်ပြီး မှတ်ချက်ပေးသွားတာကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ ကိုညီလင်းသစ်လည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး မိသားစုဘ၀ သာယာချမ်းမြေ့ပါစေ။

    ReplyDelete
  9. အပေါ်က ပုဂ္ဂိုလ် သတ္တိရှိရင် ကိုယ့်အီးမေးလ်လိပ်စာ ကိုယ့်နာမည်နဲ့ ကိုယ်ရေးပါ။ ကျွန်မ မိတ်ဆွေမေးလ်လိပ်စာကို အလွဲသုံးစားမလုပ်ပါနဲ့ အဲဒီအကြောင်းဖတ်ချင်ရင် ရေးသူကိုယ်တိုင်ဖြစ်တဲ့ ပန်းချီ Hein Lin နဲ့ ကို Aung Moe Win တို့ကို facebook မှာ မိတ်ဆွေအဖြစ် သွား add ပြီးဖတ်နိုင်ပါတယ်။ ကျွန်မဘလော့ဂ်မှာတော့ ကျွန်မ ဘ၀ဖြတ်သန်းမှုတွေကိုပဲ ရေးထားပါတယ်။ အဲဒီထဲမှာ လူသတ်မှုမပါဘူး ဆောရီး။ သူများ မေးလ်လိပ်စာ၊ သူများနာမည်ကို အလွဲသုံးစားလုပ်တာကို လုံးဝအားမပေးဘူး ဒါကြောင့် အပေါ်က မှတ်ချက်ကို ကျွန်မ အလုပ်ကပြန်ရောက်တာနဲ့ ဖျက်မှာဖြစ်တယ်။

    ReplyDelete
  10. အကြောင်းသိJanuary 4, 2012 at 2:13 PM

    ဘလော့ရှင် မငယ်နိုင်ရဲ့ မိတ်ဆွေရဲ့ အီးမေးလ်လိပ်စာ ( binaryster16@gmail.com ) ကို အလွဲသုံးစားလုပ်ပြီး ရေးသွားတာ စစ်အုပ်စုရဲ့ လက်ပါးစေ တယောက်ပါ..

    စစ်အုပ်စုရဲ့ လက်ပါးစေ တွေက Myanmar Express ဘလော့ အပါအဝင် စစ်အုပ်စုက ကျောထောက်နောက်ခံ ပေးထားတဲ့ ဖေါ်လံဖါးဘလော့တွေမှာလဲ အဲဒီ ဘလော့ရှင် မိတ်ဆွေရဲ့ အီးမေးလ် ( binaryster16@gmail.com ) ကို သုံးပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးထားတာ တွေ့ရတယ်..

    ဒါတင်မက ဘလော့ရှင် မငယ်နိုင် နာမည်ကိုရော၊ ဘလော့ရှင်ရဲ့ အမျိုးသား နာမည်ကိုရော၊ ဘလော့ရှင်ရဲ့ သားလေး နာမည်ကိုပါ အလွဲသုံးစား လုပ်ပြီး စစ်အုပ်စု ဖေါ်လံဖါးဘလော့တွေမှာ ပေါက်ကရတွေ ရေးနေကျပါ..

    စာဖတ်သူ လူဟောင်းတွေကတော့ စစ်အုပ်စု လက်ပါးစေတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို သိပြီးသားပါ..

    အခုတလောမှာ ပြည်တွင်းက စာဖတ်သူ အသစ်တွေ အများကြီး လာဖတ်နေကြလို့ ယုန်ထင်ကြောင်ထင် မဖြစ်အောင် အသိပေးတာပါ..

    ReplyDelete
  11. ((((ဒီဆိုက်မှာ ABSDF အကြောင်းတွေရေးတယ်ကြားလို့လာဖတ်တာပါ
    ABSDF ခေါင်းဆောင်တွေရဲ့ အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကိုဖတ်ချင်လို့ လမ်းညွန်ပေးပါ
    မြန်မာနိုင်ငံက ကွန်နက်ရှင်က သိတဲ့အတိုင်းပဲ
    ဒါကြောင့် အကူညီတောင်းတာပါ
    ပျော်ရွှင်ပါစေဗျာ))))
    January 4, 2012 2:45 AM

    အထက်က မှတ်ချက်ကို ရေးတဲ့ပုဂ္ဂိုလ်- ကျမမိတ်ဆွေ အီးမေးလ်လိပ်စာ Link နဲ့ လာထည့်ပြီး သူတော်ကောင်း လေသံနဲ့ သူများ အီးမေးလ်လိပ်စာကို အလွဲသုံးစား နောက်ဘယ်တော့မှ လာမလုပ်နဲ့။ ကျမမိတ်ဆွေရဲ့ မေးလိပ်စာပေါ်နေတဲ့ ရှင့်မူလ မှတ်ချက်ကို ပြောထားတဲ့အတိုင်း ဖျက်လိုက်တယ်။

    ReplyDelete
  12. စစ်ခွေးမုန်းသူJanuary 10, 2012 at 8:31 PM

    အေ၇းထဲမှာ အဲဒီစစ်ခွေးတွေကတမှောင့်
    မအား၇ာအနာပေါက်နေတဲ့ စစ်ခွေးတွေက တကယ်ကိုအာ၇ုံနောက်တယ်ကွာ
    ၇ု၇ှားမှာ ပြည်သူ့ငွေနဲ့ကျောင်းတက်နေပီး ပြည်သူတွေအတွက် အကျိုး၇ှိ၇ာ၇ှိကြောင်း အကျိုးပြုစာတွေ မေ၇းဘဲ အ၇ည်မ၇အဖတ်မ၇တွေ လိုက်ေ၇းတယ်
    စစ်ခေါင်းဆောင်တွေ ဖျင်းတာ၊ ယုတ်တာ၊ ၇က်စက်တာ၊ လူသတ်တာ၊ ခိုးပီး သန်းကြွယ်သူဌေးတွေ ဖြစ်နေတာတွေကို အ၇ှိကိုအ၇ှိအတိုင်း ပြောတဲ့ ပြည်သူတွေကို ၇န်သူလိုသဘောထားတယ်
    ပီးတော့ အထူးသဖြင့် အမျိုးသမီးပြည်သူ့ဘလော့ဂါတွေကို အောက်တန်းကျတဲ့နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာ ပြောမယုံကြုံဖူးမှသိ၇တော့တယ်
    မြို့စွန်သင်္ချိုင်းဘေးက ကျူးကျော်၇ပ်ကွက်ကေ၇မျောကမ်းတင်၊ အုတ်ကြားမြက်ပေါက်၊ ကလေကချေ၊ ပေါက်လွတ်ပဲစား တွေ အတိုင်းပဲ
    ဒါနဲ့များ နိုင်ငံတော်ပညာတော်သင်တဲ့ကွာ
    ဒီလိုကလေကဝကောင်တွေကို ပညာတော်သင်လွှတ်ထားတော့ တိုင်းပြည်နာတာပေါ့

    ReplyDelete
  13. ပြည်သူများ၏ ဟစ်တိုင် စည်ထက် တီးနှက်ခံနေရသော
    သားမောင် စစ်သည်များသို့ -

    အဘ ကိုယ့်ဟာကိုယ် ပေးထားတဲ့ ဘွဲ့တွေကို ထောက်ကြပါဦး။

    အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်

    ReplyDelete
  14. ပြည်သူများ၏ ဟစ်တိုင် စည်ထက် တီးနှက်ခံနေရသော
    သားမောင် စစ်သည်များသို့ -

    သားမောင် စစ်သည်တွေက အဘရဲ့ ဗြောင်လိမ်ရဲတဲ့ အရှက်မရှိတဲ့ မျက်နှာပြောင်ကြီးကို မထောက်ကြရင်တောင် အဘ ကိုယ့်ဟာကိုယ် ပေးထားတဲ့ အဘရဲ့ ဘွဲ့တွေကို ထောက်ကြပါဦး။



    "ဒီမိုကရေစီ လမ်းကြောင်း အတိုင်း ချီတက်နေပါပြီ" လို့ အဘက အမေရိကန်က ကလင်တန်ကို ဗြောင်လိမ်လိုက်တာကို အဘက မရှက်ပါဘူး။

    (အဘက တသက်လုံး ဗြောင်လိမ်ဗြောင်စား လုပ်လာတော့ အဲဒီလို မျက်နှာပြောင်တိုက်ပြီး လိမ်လိုက်ရတာကို မရှက်ရေးချ မရှက်ပဲ။)


    အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ရဲ့ နောက်လိုက်တွေက မြို့စွန်သင်္ချိုင်းဘေးက ကျူးကျော်၇ပ်ကွက်ကေ၇မျောကမ်းတင်၊ အုတ်ကြားမြက်ပေါက်၊ ကလေကချေ၊ ပေါက်လွတ်ပဲစား တွေရဲ့ အပြုအမူ၊ အပြောအဆို မျိုးတွေနဲ့ ပြည်သူတွေကို နှောင့်ယှက် တိုက်ခိုက်နေကြတယ် ဆိုတာကို ပြည်သူ့ဟစ်တိုင်ထက်မှာ မှတ်တမ်းအတင်ခံရလို့ အဘက ရှက်တာပါ။

    ("အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ" ဆိုတဲ့ မတန်မရာ ဘွဲ့ကို ကိုယ့်ဟာကိုယ် ပေးထားတဲ့ အချိန်မှာ တပည့်တွေက အဘတို့ တအုပ်လုံးရဲ့ ဇာတိ ဇစ်မြစ်ကို ဖုံးမနိုင်ဖိမရ ကွက်ကွက်ကွင်းကွင်း ထုတ်ပြနေလို့ မလုံတာ။)


    အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်

    ReplyDelete
  15. >
    အပြာရောင် ခေါင်းစည်း စာသားကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။

    (မဖတ်ရသေးသော ပြည်တွင်းမှ စာဖတ်သူ လူသစ်များ အတွက် လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။)

    ReplyDelete
  16. >
    အပြာရောင် ခေါင်းစည်း စာသားကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။

    (မဖတ်ရသေးသော ပြည်တွင်းမှ စာဖတ်သူ လူသစ်များ အတွက် လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။)

    ReplyDelete
  17. >
    အပြာရောင် ခေါင်းစည်း စာသားကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။

    (မဖတ်ရသေးသော ပြည်တွင်းမှ စာဖတ်သူ လူသစ်များ အတွက် လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။)


    Myo Chit Bama said...
    မငယ်နိုင် ကျွန်တော့်အထင် ရုရှားက စစ်ဗိုလ် SLIP လဲ အဲဒီထဲမှာ ပါဝင် ပတ်သက်နေလောက်ပါတယ်။

    ဒါမှမဟုတ် အခြား ရုရှားက စစ်ဗိုလ်တွေ မပါပဲ Slip ကိုယ်တိုင် လုပ်ထားတဲ့ blog ဖြစ်နိုင်ပါတယ်။

    မငယ်နိုင် အနေနဲ့ ရုရှားက စစ်ဗိုလ် စလစ် ကို သတိပေးသင့်တယ်ဗျ။ အရမ်း သရုပ်ပျက်တယ်။ တော် တော်လေး အရှက်မဲ့တဲ့ လုပ်ရပ်ပါဗျာ။

    ReplyDelete
  18. မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိကတရားခံ နံပါတ် ၂ ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ (၁)January 15, 2012 at 12:36 PM

    မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိကတရားခံ နံပါတ် ၂ ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ (၁)

    ဗိုလ်ချုပ်ခင်ညွန့် ကို လွှတ်လိုက်တာဟာ စစ်အုပ်စုက သူတို့ ကို ပြည်သူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့ တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။

    မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ ဗိုလ်ချုပ်ခင်ညွန့် ပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့် ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ်အစိုးရဖွဲ့ ဖို့  နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင်သွားတာ သူ နဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက်ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာ ဗိုလ်ချုပ်ခင်ညွန့် ပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ "၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်" ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်  ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ။ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါပဲ။

    ရေကြည်အိုင် လိုမျိုး နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာ ဗိုလ်ချုပ်ခင်ညွန့် စနက်တွေချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာ က အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါပဲ။

    ရေကြည်အိုင်ကို ၀င်သွားတဲ့ လူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ် ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားလို့ သေသွားတဲ့ လူတွေ ဘယ်လောက်ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ည အချိန်မတော် အိမ်တံခါး လာခေါက်ပြီး "ညီလေး၊ အစ်ကိုတို့ နဲ့ ခဏလိုက်ခဲ့ပါ" လို့  ဘယ်တော့ များ အခေါ်ခံရမလဲ ဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်းကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ ဗိုလ်ချုပ်ခင်ညွန့် ပါ။

    ReplyDelete
  19. မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိကတရားခံ နံပါတ် ၂ ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ (၂)January 15, 2012 at 12:39 PM

    မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိကတရားခံ နံပါတ် ၂ ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ (၂)

    စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ်၊ တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲ ဆိုရင် စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ စစ်သားစစ်စစ် မဟုတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် လို ပါးပါးနပ်နပ် နဲ့ ကောက်ကျစ်တဲ့ သူကြောင့် သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ ဗိုလ်ခင်ညွန့် ဟာ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်ခင်ညွန့် ဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။

    ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ချုပ်ခင်ညွန့် ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒိအချိန်မှာ ဗိုလ်ချုပ်စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် တို့ ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့် ပဲ။ ဗိုလ်ချုပ်သန်းရွှေကိုလဲ ဗိုလ်ချုပ်ခင်ညွန့် တို့က အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ ဟန်ပြ အဖြစ် တင်ပေးလိုက်တဲ့ ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်ခင်ညွန့် တို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။

    သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့် ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့  စစ်ပြေငြိမ်းရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊ လက်နက်ကိုင် သူပုန်အဖွဲ့ တချို့ ကို ငြိမ်း အဖွဲ့ တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ကြောင့် ငြိမ်းအဖွဲ့ တွေ သူတလူငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့် အဖို့  ဒီလို ရေရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ် ဆိုတာကို သဘောပေါက်လာပါတယ်။

    စစ်အစိုးရ အနေနဲ့ ရေရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို ဗိုလ်ချုပ်ခင်ညွန့် က အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ ဗိုလ်ချုပ်ခင်ညွန့် ကို စစ်သားပုဆိုးဝတ်ဇာတ်ကို ကပြခွင့် ပေးခဲ့ရင် ဗိုလ်ချုပ်ခင်ညွန့် က အခု ပုဆိုးဝတ် ဗိုလ်ချုပ်ကြီးတွေကို ဗီလိန်နေရာထားပြီး ဗိုလ်ချုပ်ခင်ညွန့် က မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့  စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။

    တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့် ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဥာဏ်နည်းနည်း နဲ့ ပဲ လုပ်တတ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ကတော့ ဥာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ.. ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ ဗိုလ်ချုပ်ခင်ညွန့် လို လူမျိုးကို ကျနော်တို့ အာဃာတ ထားစရာမလိုဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင်တော့ သတိထားနေရမယ်။ ဗိုလ်ချုပ်ခင်ညွန့် လုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ပဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။

    မောင်ညီ MMCP

    ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ်မြန်ကြသူများအတွက်

    (ခင်ညွန့်ဘယ်သူလဲ စုစည်း တင်ပြချက်) - မြင့်မိုဦး

    ခင် ရတနာ facebook

    ReplyDelete
  20. >
    "ဦးခင်ညွန့် ဘာတွေ လုပ်ခဲ့လဲ" .. ဟတ်လား ....

    (၁) စစ်အစိုးရ တက်ခါစမှာ "ဦးခင်ညွန့် တဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်" လို့ ပြောလို့ ရလောက်အောင်ကို ပါဝါ ရှိပါတယ်... အဲဒီအချိန်က ဆန္ဒပြကျောင်းသားတွေ၊ NLD နဲ့ လူ့ ဘောင်သစ်ပါတီဝင်တွေကို ဦးခင်ညွန့်က ဘယ်လို ဘ၀တွေ ရိုက်ချိုးခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး... မန္တလေး သံဃာ့အရေးအခင်း ကနေစပြီး သံဃာတွေကို ဦးခင်ညွန့် ဘယ်လို ထောင်သွင်းအကျဉ်းချခဲ့ပါသလဲ....

    (၂) အာဏာတည်ဆောက်ပုံ... ကြမ်းတဲ့နေရာမှာ ဦးခင်ညွန့်လောက် ဘယ်သူမှ မကြမ်းပါဘူး... သူ့ အထက်က ဦးစောမောင်၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည် တို့ အုပ်စု၊ သူတို့တွေကို ဘယ်လို ရှင်းသွားလဲ... အဲဒီအချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူ အသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်...

    နောက် ဦးတင်ဦး ကေစ့်... ဦးတင်ဦး မသေမချင်း လုပ်ကြံခံရတာ ဦးခင်ညွန့် ကြောင့်မဟုတ်ဘူး ဆိုရင်တောင် ဦးခင်ညွန့်က အကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ ကိုယ်သူ လုံလှပြီလို့ တော့ ပြောလို့ မရနိုင်ပါဘူး...

    နောက် သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ အလည်လွန်ပြီး ချီးနင်းမိနေချိန်မှာ တချက် အခြေပျက်သွားလို့ သာ ဦးခင်ညွန့် ခံလိုက်ရတာပါ။

    (၃) အဲဒီတော့ "သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလဲ" ဆိုတာ ပေါ်လောက်ပါပြီ။ ဦးသန်းရွှေက ဦးခင်ညွန့် လောက် မတော်ပါဘူး.... ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာ များတယ်... ဦးခင်ညွန့် မဟုတ်တာလုပ်တာ လူသိပ်မသိဘူး... ဦးခင်ညွန့်က ဆင်ဖြုမရှင် နဲ့ စုဘုရားလတ် ပုံစံ... တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ လူစားမို့ ပါ...

    ReplyDelete
  21. >
    ဦးခင်ညွန့် လုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြား မပါပါဘူး...တကယ်တော့ "ဦးခင်ညွန့် သိပ်တော်ပါတယ်" လို့  ပြောရင် ဗလ (စာရေးသူ) လို ငမြောက်ငခြောက်ကောင်ကလည်း အဲဒီနေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော်ချင်ပါတယ်... ဘာကြောင့်လဲ မေးရင်တော့ "မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါဘဲ"....

    အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7 days ၊ Voice ၊ Eleven တို့ က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် ပုံတပုံ၊ ဦးခင်ညွန့် ပုံတပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ... အားလုံးကလည်း "ဘဘကြီး နေကောင်းလား" တို့  ၊ "အရမ်း ၀မ်းသာတာဘဲ" တို့ ဖြစ်ကုန်ကြရော....

    ကျုပ်တို့ လူမျိုးကလည်း မေ့တတ်တာကိုး.... ၁၉၈၈ အရေးအခင်းဖြစ်တယ်... အရေးအခင်း ပြီးတာနဲ့  အရပ်ထဲ နတ်ပွဲတွေနဲ့  တခြိမ်းခြိမ်းပေါ့... အရေးအခင်းမှာတုန်းက မသေတဲ့ မိသားစုတွေက အရေးအခင်း ပြီးတာနဲ့ စစ်တပ်က လူ ၃၀ဝ၀ ပစ်သတ်တာကို မေ့ကုန်ပြီ... ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်... မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်... ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော... အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁ - ၉၂ လောက်မှ ကြေငြာတာ... ရွေးကောက်ပွဲပြီးတယ်... ၁၉၉၃ ညီလာခံ ခေါ်တယ်... တနှစ် တကြိမ်၊ တခါတလေ ၂ ကြိမ်၊ ၃ ကြိမ် ခေါ်တယ်... လူတွေ ဆူပူမှာ စိုးလို့  မြို့ တော်ဝန် မာရသွန် လုပ်တော့လည်း ပြေးလိုက်ကြတာဘဲ... တီကို ကား ရအောင်လို့ .... နအဖ ဖလား လှေသဘင်၊ မြင်းခင်းသဘင်၊ ဟော... ပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ ကျောင်းသားအားကစားပွဲတော် လုပ်ပေးတယ်....

    ဒါတွေဟာ ပုံမှန်ပါဘဲ... တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဦးခင်ညွန့်လို လူတယောက်အတွက် တကယ့်ကို ပုံမှန် အလုပ်ပါဘဲ.... သူ့ အလုပ် သူလုပ်တာပါ.... ချီးကျူးစရာ မရှိပါဘူး....

    ReplyDelete
  22. >
    အခု အွန်လိုင်းမှာ ဟော့နေတဲ့ " မြန်မာ့အင်တာနက်ရဲ့ တည်ထောင်သူ ဖောင်ဒါ ဦးခင်ညွန့်" ဆိုတဲ့ စကားလုံး.... မှားတယ်... ပုဂံဆိုက်ဘာကို ဦးခင်ညွန့် စလုပ်တဲ့ ရည်ရွယ်ချက်ကိုက သူ့ အတွက်ပါ.... ဦးခင်ညွန့် လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ... သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်...

    ပုဂံဆိုက်ဘာကို သူ့ အတွက် လုပ်ပြီး နောက်ကနေမှ ဦးခင်ညွန့်က လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိ(ဒ်) (အမြန်နှုန်း) တွေနဲ့  လူတွေကြားထဲ ချထားပေးလိုက်တာပါ... ဒါလည်း လေးစားလောက်စရာ မရှိပါဘူး... ဦးခင်ညွန့်က နိုင်ငံအုပ်ချုပ်သူတယောက်... သူ့ အလုပ် သူလုပ်ရမှာပေါ့... သူ့ အလုပ် သူလုပ်တာ အတွက် ကျွန်တော်တို့ က ပိုပြီး ချီးကျူး ထောပနာပြုနေစရာ ဘာလိုလို့ လဲ.... ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ... ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့...

    နောက် လူတွေပြောတဲ့ မာလ်တီ မီဒီယာ... ဟားတိုက်ကာ ရယ်လိုက်ချင်ရဲ့... စက်ရှိတယ်.. ရုပ်ပြ.... "အင်တာနက်ကနေ စာသင်မယ်" တဲ့.. မီးမလာဘဲ...

    အဲဒီတော့ အဲဒီဟာတွေဟာ အပိုတွေ ဆိုတာ သဘောပေါက်ပေါ့... ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာလောက်ကို "စေတနာကောင်းတယ်၊ ရက်ရောတယ်" ဆိုပြီး ထုတ်ဖေါ် ချီးကျူးတဲ့သူတွေဟာ ထမင်းသိုးဟင်းသိုး ကြိုက်တဲ့သူတွေဘဲ ဖြစ်မှာပေါ့...

    ReplyDelete
  23. >
    နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း... ဒါဟာ တပ်တွင်း အားပြိုင်ဖို့ လောက် နေရာတခုပါ... အဲဒီလိုနေရာမှာ ဒေါ်ကြိုင်ကြိုင်တို့ က မတိုးဘူးလေ... ဦးခင်ညွန့် မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့် တော့ မိခင်နဲ့ ကလေးအသင်းကို တည်ခဲ့တာဘဲ....

    နောက် အတန်းပညာရေးကို ဦးခင်ညွန့် ဘယ်လောက်ထိ ဖျက်ဆီးပစ်တယ် ဆိုတာ အားလုံး အသိပါ... မအောင်မနေရ အတန်းတင်ပညာရေးစနစ်ဟာ ဦးခင်ညွန့် ကြောင့် ပေါ်ထွန်းလာတာပါ.... အဲဒီ ပညာရေးစနစ်က ထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ခြင်း တူရင်၊ ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ... လိုတာကို ကိုယ့်ဘာသာ ကိုယ် မပြင်ဆင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်... အဲဒီလောက်ဆိုရင် ဦးခင်ညွန့် ဘာလဲ သိလောက်ပါပြီ...

    ဦးခင်ညွန့်ဟာ သရုပ်ဆောင်ကောင်းသူပါ.. ရုပ်ရှင်သရုပ်ဆောင် ကြက်သမားဝင်းမြင့် ( ဦးလူချော မှန်ပါတယ်နော် ) ရဲ့ ညီလို့ မပြောရဘူး... ဘုရား ထီးတော်တင်ရင် ဦးခင်ညွန့်က ဆုတခုဘဲ တောင်းတယ်... "နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ" ... တဲ့.... ( နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်.... ) ဦးခင်ညွန့်က အဲဒီလို ဟန်ပါပါ မာန်ပါပါနဲ့ ဆုတောင်းလို့  ဦးခင်ညွန့်ကို "လူကောင်း" လို့  ထင်နေရင်တော့ မှားမှာပေါ့...

    ကျွန်တော့် အိမ်ကနေ ရှေ့ တပြက ဘုရား ဦးခင်ညွန့် ထီးတင်တာကိုပဲ သတင်းရေးကြတယ်.... ကျွန်တော့်လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့် ထောက်လှမ်းရေးတွေက အပြစ်မရှိတဲ့ ပြည်သူတွေကို ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်.... အဲဒီတော့ ဦးခင်ညွန့် ရဲ့ စေတနာ၊ ဂရုဏာကို "မိချောင်းမျက်ရည်" လို့ သာ ပြောချင်တယ်...

    ဦးခင်ညွန့် အကြောင်းထဲကနေ ကောင်းတာလေး တခု၊ နှစ်ခုလောက်တော့ ရှိတာပေါ့... တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့ အကြံနဲ့  ဒေါ်စုကို ဦးခင်ညွန့်က ဒီပဲရင်းမှာ ကယ်တဲ့ ပုံစံမျိုး ချိုးယူတာမျိုး၊ အာစီယံမှာ သူ့ တပည့် ဦးဝင်းအောင်ကို "အလှည့်အပြောင်း လာတော့မယ်" ဆိုတဲ့ စကား ထွက်စေတာမျိုး ကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့....

    ဒါပေမယ့် ဦးခင်ညွန့်ဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလိုပြောရရင် "မှင်အနက်ဘဲ... ဘယ်လိုမှင်နဲ့ မှ သူ့ ကို အရောင်ပြောင်းလို့ မရနိုင်ဘူး"... ဦးခင်ညွန့်ဟာ လူမကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက်သမားပါ...

    ကျေးဇူး

    ဗလ (MMCP)

    (Credit - Kanyawpo)

    ReplyDelete
  24. ALL COMMENTER ,, IF (I'M SAY "if" ) HAVEING KNOWLEDGE, , OR ALL READER'RE NOT LIKE
    YOUR BRAINLESS COMMENTER,,, WE CAN SEE
    U KHIN NYUNT IS VERY SMART BRAIN. SO THEY (MYANMAR ARMY) SAVE OURS. THATWHY WE'RE THANK YOU MYANMAR ARMY,,U THAN SHWE, U MAUNG AYE, AND ALL MYANMAR ,,
    ALL COMMENTER , PLEASE OPEN YOUR EYE AND BRAIN, THANK U;;

    ReplyDelete
  25. ဒီပို့စ်မှာ ပို့စ်နဲ့ မဆိုင်ပေမဲ့ ဖတ်စေချင်လို့ သတင်းအချက်အလက်တွေ အဖြစ်လာထည့်ထားတဲ့ မှတ်ချက်တွေမို့ ကျွန်မ ထားပေးထားပါတယ်။ ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့ မှတ်ချက်ကို ရေးပြီး ဘလော့ဂ် C-Box တွေမှာ လိုက်ကြော်ငြာထားလို့ ဒီနှစ်ရက်အတွင်းမှာ အဲဒီ C-Box တွေကနေ အမြောက်အမြား လာလည်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဦးခင်ညွန့်နဲ့ ပတ်သက်ပြီး ချစ်၍ဖြစ်စေ၊ မုန်း၍ဖြစ်စေ မြန်မာလူမျိုးတွေကြားထဲမှာ ဦးခင်ညွန့်ဟာ စိုးမိုးနေရာယူနေဆဲဆိုတာတော့ ငြင်းလို့ ရမယ်မခင်ဘူး။ အဲဒီမှတ်ချက်တွေနဲ့ ပတ်သက်ပြီး စာဖတ်သူ အချင်းချင်းဆီက တယောက်နဲ့တယောက် သဘောထားမတိုက်ဆိုင်တာ ရှိရင်လည်း ကျွန်မ ဘာမှဝင်ပြောမှာ မဟုတ်ဘူး။ အဓိကက သဘောထားမတိုက်ဆိုင်ပေမဲ့ ယဉ်ယဉ်ကျေးကျေးဆွေးနွေးကြရင် အားလုံးကို လွတ်လွတ်လပ်လပ် ခွင့်ပြုပါတယ်။ ဆဲတဲ့အသုံးအနှုန်း ယုတ်ရိုင်းတဲ့ အသုံးအနှုန်းပါလာရင်တော့ အကုန်ဖျက်မယ်ဆိုတာ ကြိုတင်အသိပေးထားပါရစေ။ ကြော်ငြာသူကိုရော လာလည်သူအားလုံးကိုပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  26. ရုရှက စစ်သားအချို့က မငယ်နိုင်ကို မဆီမဆိုင် တိုက်ခိုက်ထားသော မှတ်ချက်အချို့January 18, 2012 at 8:50 AM

    °
    16 Jan 12, 04:19 AM
    ကျော်ကြီး: ဘာသာရေးများများ လုပ်ပါ ၊အနှောက်ယှက်တွေ ရှိမယ် နော် ၊ ကိုယ်ခံရသည်ဖြစ် စေ အနိုင်ရသည်ဖြစ်စေ ၊ ဝါးလုံးမကိုင်ပါနဲ့ ဘာသာရေးနဲ့ နိုင်ငံရေကို ရော မတင်ပါနဲ့ ၊ ရုပ်ဆိုးလွန်းလို့ ။

    16 Jan 12, 02:54 PM
    ကျော်ကြီး: ဘုရားတရားလုပ်နေကြတယ်ဆိုရင် နိုင်ငံရေးမလုပ်ကြပါနဲ...


    16 Jan 12, 09:58 PM
    Hell0: မငယ်နိုင် ခင်ဗျားကနိုင်ငံကိုချစ်တ်ာဆိုပြီး ဘာလို့ပြည်ပမှာထွက်ပြေးနေတာလဲ။ သတ္တိ၇ှိ၇င်ပြန်ပါလားဗျ။ မြန်မာပြည်သူကိုချစ်၇င် ခင်ဗျား ဘာလို့ ထွက်ပြေးတာလဲ ဆက်ပြီးတိုက်ပွဲဝင၀င်ပေါ့ဗျ

    ReplyDelete
  27. ရုရှက စစ်သားအချို့က မငယ်နိုင်ကို မဆီမဆိုင် တိုက်ခိုက်ထားခြင်းအပေါ် ပြည်သူ့အမြင်January 18, 2012 at 8:55 AM

    °
    17 Jan 12, 02:45 AM
    အောက်တိုဘာမိုး: ဗမာလူမျိုးထဲမှာ အဲလို လူတွေ ရှိတာကိုတော့ တော်တော်လေး စိတ်မကောင်းသလို ရှက်လည်း ရှက်မိပါရဲ့ ။ နိုင်ငံခြားသားတွေ သိရင် အတော် အရှက်ရစရာပါ။ မငယ်ရေ ဘာလုပ်လုပ် မကောင်းတာ ပြောတဲ့ သူ၊ လုပ်တဲ့ သူတွေကတော့ ရှိမြဲရှိနေမှာမို့ 

    17 Jan 12, 02:47 AM
    အောက်တိုဘာမိုး: စိတ်မပျက်ဘဲနဲ့ ကိုယ့် လမ်း ကိုယ် ဆက်လျောက်ပါလို့ အားပေးပါရစေ။


    17 Jan 12, 06:45 PM
    Nge Naing: အောက်တိုဘာမိုး ရေ၊ အရေးမပါတာတွေကို ခေါင်းထဲမထည့်ပါနဲ့။ အားပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  28. (((( Observer said...

    အခုရက်ပိုင်းမှာ မငယ်နိုင်က ကိုမင်းကိုနိုင် တို့ ပို့စ် နဲ့ ဒေါ်စု ပို့စ်အသစ်တွေ ဆက်တိုက် တင်ထားတာကြောင့်ရော၊ ပြီးတော့ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူး ခင်ညွန့် ရဲ့ ပြည်ဖျက်လုပ်ရပ်တွေကို တိုတိုရှင်းရှင်း ရေးထားတဲ့ မှတ်ချက်တွေကြောင့်ရော စာဖတ်သူ အများကြီး လာဖတ်နေတာကို မြင်ရလို့ ကျော်ကြီး ၊ Hell0 ၊ all အပါအဝင် ရုရှက စစ်သားတွေက မခံချိမခံသာဖြစ်ပြီး မငယ်နိုင်ကို အသားလွတ် တိုက်ခိုက်နေတာ..)))

    Observer - ဟုတ်ပါတယ်၊ ကျွန်မဘလော့ဂ်မှာ စာအမြဲလာဖတ်ပြီး ကျွန်မ မအားတဲ့အချိန်မှာ ကျွန်မကို မလိုလားသူတွေက အမြင်မတော်တာတွေ လာရေးထားတာတွေ့ရင် ၀င်ပြီးတော့ အမှန်ကို ပြောပြပေးတတ် အသုံးဝင်တဲ့ Links တွေကို လာတင်ပေးတတ်တဲ့ Observer တို့ Activist တို့ သမိုင်းလေ့လာသူတို့လို စာဖတ်သူတွေကို ဘယ်သူမှန်းမသိပေမဲ့ ကျွန်မ အမြဲတမ်းပဲ အသိအမှတ်ပြုပြီး ကျေးဇူးတင်နေပါတယ်။ နောက်ထပ် ညွန်းပေးရင်လည်း ကျွန်မဆီကနေပြီး စာလာဖတ်သူတွေဆီ တစုံတရာ အကျိုးရှိ အသိတိုးသွားစေတဲ့ Links တွေကိုပဲ ညွန်းပေးချင်ပါတယ်။ ဒါကြောင့်မို့ အပေါ်မှာ ရေးထားတဲ့ စာသားပါ မှတ်ချက်ထဲက Link ကို မထည့်ချင်လို့ ဖျက်လိုက်ရတာကို တောင်းပန်ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မကို သူများက မဟုတ်မဟပ် ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက် စော်ကားတာကို မလိုလားသလို သူများပုဂ္ဂိုလ်ရေး အကြောင်း ရေးထားတဲ့ Link တွေတာကိုလည်း အရေးပါ အကျိုးရှိတဲ့အရာတွေ အဟုတ်တဲ့အတွက် ကျွန်မဆီမှာ မတင်ချင်လို့ပါ။ ဒီအတွက် Activist အနေနဲ့ ကျွန်မကို နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။

    ReplyDelete
  29. >

    ၂၀ဝ၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံရဲ့ အရှေ့မှာ ၁၉၉၆ ကျောင်းသားအရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ "ဘယ်သူမှ အတိအကျ မသိဘဲ" လို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ ဗိုလ်ခင်ညွန့် ဆိုတဲ့ လူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေတာကွယ့်။ လှည်းတန်းမှာ နံနက်လင်းအားကြီး ကတ္တရာလမ်းပေါ်ထိုင်ရင်း လက်ချင်း ချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲပြီး ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘိုထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွန့်ရဲ့ လက်ရုံး ဗိုလ်မှူးချုပ်ခင်အောင် တဲ့။ အဲဒီတုန်းက ဗိုလ်မှူးချုပ် မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြားသူပေါ့။

    ထောက်လှမ်းရေးတစု ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသားတယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့်လိုက်တာကော ဗိုလ်ခင်ညွန့် တော်တဲ့ အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော်။

    အဲဒီအချိန် တ၀ိုက် စစ်ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအဆိုး နည်းနည်းတောင် မဟ၀ံ့၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ၊ ယုံတမ်းစကားတွေ မဟုတ်ဘူး။ အမှန်က ဗိုလ်ခင်ညွန့် ဆိုတဲ့ လူကြီးအကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။

    ဘယ်သူတွေ ဘယ်လိုပဲ အဘညွန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြပါစေ၊ ကျနော်တော့ ဗိုလ်ခင်ညွန့် မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

    အဘညွန့် ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး အဘညွန့်ရဲ့ သားသမီး အမ်အိုင် (M.I.) တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင်ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင်ရမယ် ဆိုရင် ကိုရင်ချက်ကြီးတို့ ပြည်တွင်းဖြစ်ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွန့်ရဲ့ အမ်အိုင် (M.I.) တွေပဲ။

    ဒါပေမဲ့ ဗိုလ်ခင်ညွန့် လွတ်ခြင်း၊ မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး။ အကျဉ်းကျနေသူ လွတ်မြောက်တဲ့အတွက် မုဒိတာ ပွားပါတယ်။ ဒါပေမဲ့ ဗိုလ်ခင်ညွန့်ဟာ တနိုင်ငံလုံးကို အကြောက်တရား နွံထဲကို ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီး တခုကို ဦးဆောင်ခဲ့သူတယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

    မော်ကင်းလေး

    (Credit - Kanyawpo)

    ReplyDelete
  30. >
    မခံခဲ့ရဘူးတဲ့ လူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိမလဲဗျ။ ခင်ညွန့် ကြောင့် မိသားစုတွေ သားတကွဲ၊ မယားတကွဲ ဖြစ်ခဲ့ရတာတွေ၊ လူ့ဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကျီးလန့်စာစား နေခဲ့ရတာတွေ၊ ..... ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။

    ဒီလို ပြည်သူ့ဘဝပေါင်း များစွာကို ဖျက်ဆီးခဲ့တဲ့ ခင်ညွန့်လို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော် များသားကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (ခင်ညွန့်ရဲ့ တပည့်ဟောင်းတွေ တော်တော်များများလဲ facebook ပေါ် ရှိနေတာ သေချာတယ်။)

    ခင်ညွန့်ဟာ ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုးအမှန်ပဲ။ ခင်ညွန့်ဟာ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး ခင်ညွန့်ဟာ အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

    သွားလေသူကြီး သန်းရွှေက သူ့ကို ကိုက်မှာ ကြောက်ရတဲ့ မြွေပွေး ခင်ညွန့် ကို ပခြုပ်ထဲ ထည့်လိုက်တာပါ။

    (အခု တိုင်းပြည် အပြောင်းအလဲ လုပ်ပြနေချိန်မှာ သူတို့ အာဏာ ထိပါးမှာ မြင်လို့ သူတို့အာဏာကို ထိပါးနိုင်သူတွေကို ကိုက်ခိုင်းမလို့လား မသိ၊) အဲဒီ မြွေပွေး ခင်ညွန့် ကို ပြန်လွှတ်ပေးလိုက်ပြန်ပြီပေါ့။

    xxMMCPxx

    (Credit - Kanyawpo)

    ReplyDelete
  31. >
    စစ်အုပ်စုခေါင်းဆောင်တွေက ရန် - ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရပြီး အပေါ်စီးက နေပြီး လုပ်ချင်သလို လုပ်ခဲ့ကြတယ်။

    ကျွန်တော်တို့ ဒီမိုကရေစီဘက်သားတွေက ရန် - ငါ မပြတ်ဘူး။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ "အားလုံး အတူတကွ လက်တွဲ နေထိုင်ရေး" ကို ပို ဦးစားပေးတယ်။

    ဒါကြောင့် စစ်ခေါင်းဆောင်တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးစည်း ခံခဲ့ကြရတယ်။

    တခါတလေ တော့လည်း ကိုယ်လည်း ရန် - ငါ ပြတ်သူ ဖြစ်ချင်လာတယ်။ ဒါပေမဲ့ "ငါဟာ လူ၊ ငါဟာ တိရစ္ဆာန် မဟုတ်ဘူး" လို့ ပြန်စဉ်းစားလိုက်မိရင် ရန် - ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ "လူ အဖြစ်ကို အဆုံးရှုံးခံပြီးမှ ရလာမဲ့ အောင်နိုင်မှုဟာ ထိုက်တန်ရဲ့လား၊ တကယ်ကော လိုချင်ရဲ့လား" လို့ ပြန် စဉ်းစားစရာတွေ ဖြစ်လာခဲ့တယ်။

    အောင်အောင်ဦး
    ခင်ရတနာ (facebook) မှ

    (Credit - Kanyawpo)

    ReplyDelete
  32. >
    အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါး (စိတ်ဓါတ်စစ်ဆင်ရေး) တွေ လုပ်နေတယ်လို့ ကျွန်တော်လည်း ခံစားရတယ်။ စစ်ခေါင်းဆောင်တွေက ဇာတ်ရှိန်ကို မြှင့်ပြီး သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေအားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။

    မြစ်ဆုံ ကိစ္စ မှာရော၊ အကျဉ်းသား လွှတ်ပေးရေး ကိစ္စ မှာပါ စစ်ခေါင်းဆောင်တွေက သေသေချာချာ ပလန် (အစီအစဉ်) ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်ကူး ပြသတာ ဖြစ်တယ်လို့ နိုင်ငံရေးကို ကျေညက်တဲ့၊ အတွေ့အကြုံ ရင့်ကျက်တဲ့ အစ်ကိုတချို့က ယူဆပါတယ်။ ဒါရိုက်တာ ကောင်းကောင်း ရိုက်တဲ့ ရိုက်ချက်တွေ ဆိုတာကို ကျွန်တော်လည်း အဲဒီ အစ်ကိုတွေနဲ့ အမြင်တူပါတယ်။

    သေတ္တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ "ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တပြိုင်နက် ထွက်ပြီးမှ" ဆိုတာလေးကို ပိုပြီး သိချင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား။

    အောင်အောင်ဦး
    ခင်ရတနာ (facebook) မှ

    (Credit - Kanyawpo)

    ReplyDelete
  33. >
    အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။

    ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။

    အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

    အောင်အောင်ဦး
    ခင်ရတနာ (facebook) မှ

    (Credit - Kanyawpo)

    ReplyDelete
  34. >
    ကျွန်တော် ဂရုပြုမိသလောက် နာမည်ကျော် ပုဂ္ဂိုလ်တွေထဲမှာ ကိုယ့်ကိုကိုယ် နာမည်ကြီးအောင် ရောင်းကုန်ကို ဈေးကွက်တင်ရာမှာ အရောင်းမြှင့်တင်ရေး လုပ်သလို သေသေချာချာ စဉ်းစားပြီး အချိန် အကုန်ခံပြီး စနစ်တကျ လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန် (အစီအစဉ်) ချပြီး စနစ်တကျ လုပ်သွားတာပါ။ နောက် တယောက်က အခု မြို့မေတ္တာ ခံယူနေသူကြီး ဦးခင်ညွန့်ပါ။

    "လူတွေဟာ တခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ကိုယ် ကြားဘူးတဲ့ အရာ၊ ကိုယ်နဲ့ ယဉ်ပါးနေတဲ့ အရာကိုဘဲ ရွေးတယ်" ဆိုတာ စနစ်တကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူ့အကျင့်ပါ။ ဒါကြောင့် ကိုယ့်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိထဲကို၊ နားထဲကို၊ ခေါင်းထဲကို ထပ်တလဲလဲ ၀င်အောင် လုပ်ပေးရမယ်။ အဲဒီလို လုပ်ထားနိုင်ရင် အဲဒီလူဟာ တစ်ခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်က နေပြီး သူ မကြာခဏ ကြားဘူးနေတဲ့ အမည်ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တခုပါ။

    ဒီ မားကက်တင်း (ဈေးကွက်တင်ခြင်း) နည်းပရိယာယ်ကို တီဗီ မင်းသားကြီး ဦးခင်ညွန့်က ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ ရဲ့ မားကက်တင်း နည်းစနစ်ပါ။

    ဦးခင်ညွန့်လို ပြည်သူအများရဲ့ အသက်၊ သွေး၊ ဘ၀၊ မျက်ရည် တွေနဲ့မှ အိပ်ပျော်စားဝင်ပြီး လူလုပ်ခဲ့သူတွေကို ဒီအတိုင်း လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျှော့ပြီး လက်ခံသွားရအောင်လို့ အခုလို ဦးခင်ညွန့်ကို ကိုမင်းကိုနိုင် တို့နဲ့ တွဲပြီး ထုတ်လိုက်တာပါ။

    အောင်အောင်ဦး
    ခင်ရတနာ (facebook) မှ

    (Credit - Kanyawpo)

    ReplyDelete
  35. မငယ်နိုင် ရေ

    နောက်ကျမှ ရောက်လာပေမဲ့ နှစ်ပေါင်းများစွာ မင်္ဂလာခရီး ကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်း နိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်နော်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  36. “သြော် … ပေါ်လာပြန်ပြီ ဒီေ -ာက် ခွက်”January 23, 2012 at 9:30 AM

    -
    (တီဗီ မင်းသားကြီး ဦးခင်ညွန့် အပေါ် ဇာဂနာ ပြက်လုံး)

    ဦးခင်ညွန့် တန်ခိုးသြဇာ ကြီးမားစဉ် ၂၀၀၃ ခုနှစ် အရှေ့ပိုင်းကာလတွေက မြန်မာ့ရုပ်မြင်သံကြား ညပိုင်း ၈ နာရီ သတင်း အစီအစဉ်မှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်မပြတ် ပြသ လွန်းအားကြီးတဲ့အတွက် ၈ နာရီ သတင်း မင်းသား၊ တီဗီ မင်းသား လို့လည်း ပရိသတ်က ခေါ်ခဲ့ကြပါသေးတယ်။

    အဲဒီလို ည ၈ နာရီသတင်းမှာဖော်ပြပြီးလို့ မနက်ပိုင်း သတင်းစာရဲ့ မျက်နှာဖုံးတွေမှာလည်း သူ့ပုံတွေ ချည်းပဲ ဖြစ်နေတာကြောင့် လူရွှင်တော် ဇာဂနာကတောင် သတင်းစာဖတ်နေတဲ့အချိန် သူ့ရဲ့ ဘေးမှာ ရေထည့်ထားတဲ့ ရေပုံးတပုံးထဲ ရေခွက်ထည့်ထား၊ အဲဒီရေခွက်ကို ရေပုံးထဲနှစ်လိုက် သတင်းစာ တရွက်လှန်လိုက်၊ ခွက်က ရေထဲကနေ ပြန်ပေါ်လာတော့ “သြော် … ပေါ်လာပြန်ပြီ ဒီေ -ာက် ခွက်” ဆိုပြီး ပြက်လုံးထုတ် နောက်ပြောင် ပြောဆိုခဲ့ဖူး ပါသေးတယ်။

    အခုတော့ ဦးခင်ညွန့်ကို ပြက်လုံးထုတ်ခဲ့သူ၊ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခံဖူးသူ၊ ခေါ်ယူသတိပေး ခံဖူးသူ ကိုဇာဂနာ ကိုယ်တိုင် ဦးခင်ညွန့်ကို သွားတွေ့၊ နှုတ်ဆက်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်တာကိုခံနေရပါပြီ။ ဘာကြောင့် သူ သွားတွေ့တယ် ဆိုတာတောင် ပြန်ရှင်းပြ နေရပါတယ်။

    ဘာပဲဖြစ်ဖြစ် လှုပ်တယ်လို့ ဆိုရမှာပေါ့။ ဟို ဂျာနယ်မှာလည်း သူ့မျက်နှာ၊ ဒီဂျာနယ်မှာလည်း သူ့မျက်နှာ။ သူ့ပုံတွေ ခါတော်မီ ဖော်ပြတဲ့ ဂျာနယ်တွေလည်း အရောင်းသွက်တယ်လို့ ကြားနေရပါတယ်။

    ဒါပေမယ့် သူ ဦးဆောင်ခဲ့တဲ့ နာမည်ကျော် စစ်ထောက်လှမ်းရေး အဖွဲ့ကြီးကို အသက် ပြန်သွင်းမှာကိုတော့ လူတွေအားလုံးက မလိုလားကြပါဘူး။ ကျားသေကို အသက် မသွင်းနဲ့လို့ ဆိုသူတွေတောင် ရှိပါတယ်။ တချို့ကလည်း မြန်မာစိတ်ဓာတ် အရင်းခံ၊ ရိုးသားစွာနဲ့ လူတယောက်အဖြစ် ရှုမြင်ပြီး သံဝေဂရ နေကြပါတယ်။

    (ဧရာဝတီ)

    ReplyDelete
  37. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၁)January 23, 2012 at 6:38 PM

    °
    ၂၀.၁.၂၀၁၂

    ကျွန်မဟာ နိုင်ငံရေးသမားတစ်ဦးလည်း မဟုတ်သလို အတိုက်အခံ အဖွဲ့အစည်းများ မှလည်း မဟုတ်ပါ။ စာပေဝေဖန်ရေးသမားလည်း မဟုတ်သလို အခုတလောမှာ
    (တီဗီမင်းသားကြီး တဖြစ်လဲ ဂျာနယ်မင်းသားကြီး အင်တာဗျူးနဲ့ ဓာတ်ပုံတွေ ဖော်ပြထားတဲ့) ဂျာနယ်တွေ ရောင်းကောင်းနေလို့ မနာလိုတတ်တဲ့ စီးပွားပြိုင် တစ်ဦးလည်း မဟုတ်ပါ။

    သို့သော် အမှန်တရားကို တန်ဖိုးထား လေးစားသော၊ မိမိ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်ရှိသော လွတ်လပ်ပြီး စစ်မှန်သော တရားမျှတမှုရှိတဲ့ ဒီမိုကရေစီကို လိုလားသူ ပြည်သူထဲမှ ပြည်သူတစ်ဦးပါဘဲ။

    ကျွန်မ ပထမတစ်ကြီမ် စာမှာ ဖေါ်ပြခဲ့သလို ကျွန်မဟာ မဆလ ခေတ်ဆိုး စနစ်ဆိုးကြီးမှာ ကြီးပြင်းလာရတယ်။ သမ၀ါယမ တန်းစီ စနစ်တွေနဲ့ ဆီ တစ်ဆယ်သား၊ ဆပ်ပြာ တစ်ပိုင်း ရဖို့ အရေး သမ၀ါယမဥက္ကဌ လက်မှတ် အပြေး ယူရတဲ့ခေတ်၊ ပန်းဆိုးတန်းက "ရူဘီ MART" ဖြစ်သွားပြီဖြစ်တဲ့ " ပြည်သူ့ကုန်တိုက်" မှာ ချိုင်းထောက်နဲ့ ခြေပြတ်လက်ပြတ် စစ်သားတွေ၊ သာမန်လူတန်းစားတွေ၊ ဓာတ်ဆီကားတွေ တန်းစီ တိုးစားသလို တန်းစီလို့ ရတာလေးတွေ ကုန်တိုက်အောက်မှာ ပြန်ရောင်းရတဲ့ခေတ်ပါ။ နယ်တွေမှာဆို ကောင်စီ ဥက္ကဌက ဘုရင်ပဲ။

    ဒီလို စနစ်ဆိုးကြီးမှာ ကျွန်မဟာ လူဖြစ်ခဲ့ရတယ်။ ၁၀၀ ကျပ်တန် ငွေစက္ကူတွေ မတရား အသိမ်းခံရ၊ ၂၅ ကျပ်။ ၇၅ ကျပ် တန်တွေ မတရား အသိမ်းခံရ။ ကိုဖုန်းမော် ကျောင်းသားအရေးအခင်းက စခဲ့ရတဲ့ ၁၉၈၈ လူထုအုံကြွမှုမှာ ကျွန်မ စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးပါ။

    ReplyDelete
  38. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၂)January 23, 2012 at 6:38 PM

    °
    ကျွန်မတို့ရဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေ တက္ကသိုလ်ကျောင်းသူ မိကောင်းဖခင် သားသမီးတွေ အများကြီး လုံထိန်းတွေက မတရားပြုကျင့်ခံခဲ့ရတယ်။ သွေးတွေ၊ မျက်ရည်တွေ ကျခဲ့ရတယ်။

    အင်းယားကန်ဘောင်ကန်လမ်းကနေ အချုပ်ကား၊ ထောင်ကားတွေထဲကို အတင်းအကြပ် ပြွတ်သိပ်တင်လို့ အချုပ်ကားထဲမှာ တစ်စီးထဲမှာ လူပေါင်း ၁၄၁ ယောက် မွန်းကြပ်ပြီး သေဆုံးခဲ့ရတဲ့ ကျွန်မတို့ ကျောင်းနေဘက်တွေ။

    ရေကြည်အိုင် လို စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ ခဲဆိပ်ရေ တွေ သောက်ခိုင်းတာ၊ ခေါင်းပေါ်မှာ ရေ တစ်စက်ချင်း ချတာမျိုးတွေ။

    ညအိပ်လို့ ကောင်းတဲ့ နာရီပြန် ၂ ချက်တီး ကျမှ အတင်းအဓမ္မ နှိုးပြီး မဟုတ်တာကော၊ ဟုတ်တာကော ညှင်းပန်းနှိပ်စက်ပြီး ၀န်ခံခိုင်းတာတွေ။

    ဒီလို စိတ်ဒဏ်ရာတွေ များစွာနဲ့ တချို့ စိတ်မနှံ့ ဖြစ်သွားတာမျိုးတွေ (ဥပမာ။ ၁၉၈၈ မှာ အထက်တန်း ကျောင်းသားဘ၀ ဘဲ ရှိသေးတဲ့ ဗိုလ်တစ်ထောင်ဘုရားလမ်းသွယ်မှာနေတဲ့ အစိုးရအထက်တန်းကျောင်း အမှတ် (၂) ဗိုလ်တစ်ထောင် က ကျောင်းသားလေး ဖြစ်တဲ့၊ ဗိုလ်ရဲလှသား ကိုကျော်စွာ တို့လို စိတ်မနှံ့ ဖြစ်သွားတာမျိုးတွေ။ (ကိုနေလင်းရဲ့ "လူရှင်သင်္ချိုင်းများ" စာအုပ်ကို ဖတ်ဘူးတယ်ဆိုရင် သိမှာဖြစ်တဲ့ ကိုကျော်စွာဟာ ထောင်ကျတုံးက အငယ်ဆုံး အဖြူအစိမ်း ၀တ်ထားတဲ့ ကျောင်းသားကလေးတစ်ယောက်ပါ။)

    ကျွန်မ နဲ့ ကျွန်မ မိသားစုဝင်တွေ ဒီလိုမျိုး အနှိပ်စက် မခံရဘူးပါဘူး။ ထောင်ကျမခံရဘူးပါဘူး။ နှိပ်စက်ခံရဘူးလို့၊ ထောင်ကျခံရဘူးလို့ အခုလို ရေးနေတာ မဟုတ်ပါ။ ( ခြွင်းချက်။ ။ ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ဘာနိုင်ငံရေး၊ အစိုးရဆန့်ကျင်ရေးတွေ ဘာမှ မလုပ်ခဲ့ဘဲ ဘုမသိဘမသိ နဲ့ ကျွန်မဦးလေး အငယ်ဆုံး အင်းစိန်ထောင်မှာ ထောင်ဒဏ် ၆ နှစ် မတရား ကျခံခဲ့ရဘူးတာက လွဲရင်ပေါ့။ )

    အဲဒီခေတ်က အင်းစိန်ထောင်မှုးကြီးက မစ္စတာ မက်က်နန်း ဆိုတဲ့ သူလို့ အမေ ပြောပြလို့ ကျွန်မ မှတ်မိခဲ့တယ်။ ဘုမသိဘမသိတဲ့ သူတွေတောင် ထောင်ချပစ်တဲ့ မဆလခေတ်ဆိုးစနစ်ဆိုး အရှိန်ကြောင့် မဆလ တစ်ခေတ်လုံးမှာ ကျွန်မ တို့ မိသားစုဝင်တွေ အစိုးရ စနစ်ဆိုးတွေကို မကျေနပ်ခဲ့ပေမဲ့ အလွန်အမင်း ရက်စက်မှု။ လူမဆန်မှုတွေကို ကြောက်ရွံ့ခဲ့ရလို့ အစိုးရဆန့်ကျင်ရေးတွေ နဲ့ ဝေးဝေး နေတတ်လာခဲ့ပါတယ်။

    ReplyDelete
  39. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၃)January 23, 2012 at 6:39 PM

    °
    ၁၉၈၈ မှာ ကျွန်မကိုယ်တိုင်က တက္ကသိုလ်ကျောင်းသူ ဖြစ်လာခဲ့တော့ စာကြည့်တိုက်ရှေ့ ဟောပြောပွဲတွေမှာ ရှေ့ဆုံးက အားပေးခဲ့ရတာ။ ဘတ်စကားတောင် မရှိတော့လို့ လှည်းတန်းတက္ကသိုလ် ကျောင်းဝင်းကနေ ပုဇွန်တောင်အထိ လမ်းလျှောက်ပြန်ခဲ့ရဘူးပါတယ်။

    ၁၉၈၈ မှာ "စစ်တပ် ဆိုတာ သေနတ်ကို မိုးပေါ် ထောင် မပစ်ဘူး။ တည့်တည့် ပစ်တယ်" လို့ နိုင်ငံတော် (ပြည်သူပိုင်) မြန်မာ့အသံကနေ ခေါင်းပေါင်းစ တလူလူ နဲ့ အသက် ၇၀ နီးပါး ခန့် ရှိတဲ့ လူကြီးတစ်ယောက် ပြောသွားခဲ့တာကို ကျွန်မ အသက် ၂၀ အရွယ်မှာ နားနဲ့ ဆတ်ဆတ် အံသြစွာ ကြားခဲ့ရတာပါ။


    "စစ်တပ် ဆိုတာ သေနတ်ကို မိုးပေါ် ထောင် မပစ်ဘူး။ တည့်တည့် ပစ်တယ်" ဆိုတဲ့ စကားကို ဘယ်သူ ပြောခဲ့ပါသလဲ။

    ( ပြည်သူတွေ မေ့နေတယ်လို့များ ထင်ပါသလား လို့ ဂျာနယ် ဆရာများကို မေးချင်မိပါတယ်။ )

    မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်ယူပြီး - ------- ကြားထဲမှာဘဲ ခေါင်းထောင်နေတဲ့သူ။

    ဆွစ်ဇာလန်ဘဏ်မှာ ငွေသားပေါင်းများစွာနဲ့ ကိုယ်တိုင်က ဇိမ်အပြည့်ခံပြီး ပြည်သူကို သမ၀ါယမ စနစ်နဲ့ တန်းစီ တိုးခိုင်းတဲ့သူ။

    "မိုးပေါ် ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်" ဆိုတဲ့ လူကြီး လုပ်ခဲ့တဲ့ စနစ်ဆိုးအမွေတွေ။ အဲဒီ လူကြီး နဲ့ တကွ သူ့သားစဉ်မြေးဆက်တွေရဲ့ လုပ်ရပ်တွေ။

    ReplyDelete
  40. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၄)January 23, 2012 at 6:41 PM

    °
    ဆက်လက် အသက်ရှင်ခွင့် ပေးခဲ့တဲ့ စစ်အစိုးရ အမွေဆိုးတွေကို သတင်းစာ ဂျာနယ်သမားတွေ ဂျာနယ်သက်တမ်း နုသေးလို့ မသိတာလား။ ပြည်သူတွေ ခံစားခဲ့ရတဲ့ ခံစားချက်တွေ၊ မျက်ရည်တွေကို ပြက်ရယ်ပြုတာလား။ လစ်လျုရှု မှေးမှိန်အောင် လုပ်တာလား။

    ကျွန်မ ဘယ်လို နားလည်ရမှာလဲ။

    (၁)။ 7 Day News Journal က အတွင်း မျက်နှာစာထဲမှာ မဆလ စနစ်ဆိုးရဲ့ တရားခံ အကြီးစား ခေါင်းပေါင်းစ တလူလူနဲ့ "မိုးပေါ် ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်" ဆိုတဲ့ လူကြီး ဓာတ်ပုံ နောက်ခံပုံကြီး ထားလို့။ အဲဒီ လူကြီးရဲ့ မျိုးဆက်က အကောင်းစားဆိုဖာတွေမှာ အခန့်သား ဟန်ပါပါ နဲ့ ထိုင်ပြီး အင်တာဗျုး အလုပ်ခံနေတဲ့ပုံကို ထည့်သွင်း ဖေါ်ပြတာ။

    ( http://3.bp.blogspot.com/-PqkPt5UnCig/TxopmnxQWaI/AAAAAAAAQS4/hD7bmhGv2k0/s1600/045.jpg )

    (၂)။ Flower News Journal/ Vol-8 .No.3. January 17 ထုတ်မှာ ပါတဲ့ အလွန်ဆိုးဝါးသော စာသား ကောက်နှုတ်ချက် "ဗိုလ်ချုပ်ကြီးဟောင်း---- အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသည့်သူများ --- လွတ်မြောက်" ဆိုတဲ့ စာသားကို ဘယ်လို နားလည်ရမှာလဲ။

    (၃)။ Hot News Journal / January 19, 2012 နေ့စွဲထုတ် ဂျာနယ် ၏ အဆိုးဝါးဆုံး မျက်နှာဖုံးဓာတ်ပုံဖေါ်ပြမှု နှင့် "ပြည်သူ့အတွက် အတိုက်အခံ လုပ်ပေးနေတာပါ" လို့ မိမိကိုယ်မိမိ ကင်ပွန်းတပ်ထားသော စစ်ဗိုလ်ချုပ်ကြီးဟောင်း ၏ သမီးတော် ဂျာနယ်တိုက် ပိုင်ရှင် အထက်တန်းစား လူ့အခွင့်ထူးခံခဲ့ရဘူးသူ သင်းကွဲသာကူးက ပြည်သူကပေးတဲ့လစာ နဲ့ တွက်ရင် တစ်လစာ မကတဲ့ ဆိုဖာကုလားထိုင် အကောင်းစားကြီး နဲ့ အပျံစား ဧည့်ခန်းမကြီး ထဲမှာ အခန့်သား စတိုင်အပြည့်နဲ့ ထိုင်နေတဲ့ "စစ်ရာဇ၀တ်ကောင်တစ်ဦး" ကို ကြမ်းပြင်အောက် ကျုံ့ကျုံ့လေး ထိုင်ပြီး ( သူတို့ခေတ်က သုံးနှုန်းတဲ့ စကား နဲ့ဆိုရင် ) "ဂါရ၀ပြု" နေတဲ့ ဓာတ်ပုံ

    ( http://mandalaygazette.com/95212/creative-writing/my-thinking-different/attachment/405415_10150499684686374_582151373_9055675_812494271_n )

    ( "ပြည်သူ့အသံတွေကို ရဲရဲဝံ့ဝံ့ တင်ပြနေပါတယ်" လို့ ဆိုနေသူ သင်းကွဲ ဂျာနယ်လစ်က ကြမ်းပြင်အောက် ကျုံ့ကျုံ့လေး ထိုင်ပြီး "စစ်ရာဇ၀တ်ကောင်တစ်ဦး" ကို "ဂါရ၀ပြု" နေတဲ့ ဓာတ်ပုံ)

    မြင်တွေ့ ဖတ်ရှုရတဲ့ စာသားတွေ၊ ဓာတ်ပုံတွေဟာ ---

    ပြည်သူ့မျက်ရည်ကို ခြေနဲ့ ဆေးသလို ခံစားရပါတယ်။

    ReplyDelete
  41. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၅)January 23, 2012 at 6:41 PM

    °
    ကျွန်မ ရေးထားတဲ့ ဆောင်းပါးပါ အကြောင်းအရာ တွေဟာ လိုရင်သာ လိုနေမယ်။ ပိုတယ်များ ရှိသလား။
    လောကပါလစောင့်နတ်မင်း နဲ့ တကွ သိကြားမင်းကို တိုင်တည်ပြီး မဟာပထ၀ီမြေကြီးကို သက်သေအမှုပြုပါတယ်။

    စာဖတ်ပရိသတ်တို့

    မဆလ စနစ်ဆိုးကြီး နှင့် ၎င်းစနစ်ကို အကောင်အထည် ဖေါ်ခဲ့ကြသည့် သူများ (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရ နှင့် န၀တ စစ်အစိုးရ စနစ်ကြီးကို အကောင်အထည် ဖေါ်ခဲ့ကြသည့်သူများ ( ၁၉၈၈-၂၀၁၁ ) နှင့် ၎င်းတို့၏ အဆွယ်အပါး အနွယ်ဝင်များ အားလုံးဟာ ကျွန်မတို့ ချစ်မြတ်နိုးတဲ့ အမိမြန်မာနိုင်ငံတော်ကြီး နှင့် မှီတင်းနေထိုင်ကြ တဲ့ မြန်မာနိုင်ငံမှ ပြည်သူပြည်သား များအားလုံးကို ကမ္ဘာအလည် မှာ မျက်နှာမွဲ ဖြစ်ရလေအောင်၊ အနှိမ်ခံရလေအောင် ပြုလုပ်ခဲ့ကြသူများ၊ သမိုင်းတရားခံများ၊ ရာဇ၀တ်ကောင်များဘဲ ဖြစ်ကြတယ် ဆိုတာကို ပြည်သူ့မျက်ရည်ကို မှင်လုပ်ပြီး ခံပြင်းလှတဲ့ ရင်ဘတ်ထဲက စကားတွေကို ကျွန်မ ထုတ်ဖေါ် ရေးသားပါတယ်။
    သမိုင်းတရားခံတွေ၊ မဆလတွေ၊ စစ်ရာဇ၀တ်ကောင် နဲ့ အနွယ်ဝင်တွေ အနေနဲ့ "မမောက်မာခဲ့ပါဘူး၊ မရက်စက်ခဲ့ပါဘူး၊ မတရားတာ မစားခဲ့ပါဘူး၊ ပြည်သူ့ ပိုင်ပစ္စည်းကို အာဏာနဲ့ အပိုင်မသိမ်းခဲ့ပါဘူး၊ မိမိ နေထိုင်နေတဲ့ အိမ်၊ စီးနေတဲ့ ကား၊ ပိုင်ဆိုင်မှုတွေ အားလုံးဟာ နိုင်ငံတော် ဆိုတဲ့ ပြည်သူ့ ဘဏ္ဍာက ပေးတဲ့ လစာငွေ နဲ့ ခြစ်ခြုတ်ပြီး ၀ယ်ထားတဲ့ကားပါ၊ အိမ်ပါ၊ ချွေးနည်းစာတွေပါ" လို့ ပြည်သူတွေမျက်နှာကို တည့်တည့်ကြည့်ပြီး၊ ရဲရဲ ရင်ဆိုင်ပြီး ပြောရဲပါသလား။

    "တိုင်းပြည်ကို မရောင်းစားခဲ့ပါဘူး၊ မဟုတ်ခဲ့ပါဘူး၊ မလုပ်ခဲ့ပါဘူး၊ ကျွန်တော် ကျွန်မတို့ကတော့ မပါပါဘူး" လို့ ဘယ်သူ ငြင်းရဲမလဲ။ ငြင်းပါ။

    မငြင်းခင်မှာတော့ အမိမြန်မာပြည်က မြေကြီးကို လက်ထဲမှာ ဆုတ်ကိုင်ထားပြီးမှ မဟုတ်မမှန်တာ ပြောဆို လုပ်ကိုင်ခဲ့ရင် အရှင်လတ်လတ် မြေပြိုပါစေ၊ မြေမြိုပါစေ လို့ သစ္စာဆိုပြီးမှ ငြင်းချက်ထုတ်ပါ။

    ReplyDelete
  42. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၆)January 23, 2012 at 6:42 PM

    °
    စာဖတ်ပရိသတ်များ အားလုံး ကိုယ်စား ပြည်သူတစ်ယောက် အနေနဲ့ ကျွန်မ မေးခွန်းတွေ မေးချင်ပါတယ်။

    "ပြည်သူ့အသံကို လေးစားတယ်၊ ပြည်သူ့ဘက်က ရပ်တည်နေပါတယ်" လို့ အသံကောင်းဟစ်နေကြသော ဂျာနယ် များရှင့် -

    မိမိတို့ ရပ်တည်နေတဲ့ stand မှန်ကန်ပါသလား၊ သွားနေတဲ့ လမ်းကြောင်း မှန်ကန်ပါသလား လို့ နဖူးပေါ် လက်တင်ပြီး စဉ်းစား မေးခွန်းထုတ်ကြည့်ပါ။

    ပြည်သူ့အသံကို မလေးစားချင်ရင် နေပါ။ ပြည်သူ့ ဘက်က မရပ်တည်ချင်ရင် နေပါ။ ပြည်သူကို မစော်ကားမိဖို့တော့ လိုပါလိမ့်မယ်။

    ကျွန်မတို့ တွေရဲ့ မျိုးဆက်သစ် ကလေးငယ် တွေကို သမိုင်းကြောင်း အမှန်ကို လိမ်ညာပြီး သင်းကွဲတွေကို သူရဲကောင်းဟန်နဲ့ ဂေါပကလို၊ တရားရှင် လိုလို ပွဲမထုတ်မိပါစေနဲ့ လို့တော့ အမှန်တရားကို ရဲဝံ့စွာ ပြောဆို ရေးသားပါတယ်။

    "မီဒီယာလွတ်လပ်ခွင့်" ဆိုပြီး တိုက်ခိုက်နေရဆဲ၊ ကြိုးစား ရယူနေရဆဲ ဖြစ်တဲ့ သတင်းဂျာနယ်လစ်များ၊ ဂျာနယ် အယ်ဒီတာများ၊ ဂျာနယ်များ အနေနဲ့ ကျွန်မ ရေးသားထားတဲ့ ဆောင်းပါးပါ အကြောင်းအရာတွေကို လူကြီးမင်းတို့ ဂျာနယ်တွေမှာ ရဲရဲဝံ့ဝံ့ ထည့်သွင်း ဖေါ်ပြရဲပါသလား။

    နိုင်ငံတော်ပိုင် သတင်းစာတွေ မှာ ၁၉၈၉ ကထဲ က မမြင်ချင်မှအဆုံး မြင်ခဲ့၊ တွေ့ခဲ့ရတဲ့ ဒီလူ နဲ့ မိသားစုဝင်တွေရဲ့ မျက်နှာကို "ပြည်သူ့ဘက်တော်သား" လို့ ကြွေးကြော်နေတဲ့ ဂျာနယ်တွေမှာလဲ ထပ်တွေ့ ထပ်မြင်နေရဦးမယ် ဆိုရင်တော့ အော်ဂလီဆန်ပါတယ်၊ ဂျာနယ်ဆရာတွေရယ်။

    ပြည်သူ့ မျက်ရည်ကို မသုတ်ပေးချင်ရင် နေကြပါ။ ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့၊ ဆရာတို့ရေ။

    ReplyDelete
  43. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၇)January 23, 2012 at 6:43 PM

    °
    သင်းကွဲတွေကို တရားရှင်လိုလို၊ သူတော်ကောင်း လိုလို ပွဲထုတ်တာကို လက်မခံနိုင်ပါဘူး။

    ကျွန်မ လူ့အခွင့်အရေး ဆိုတာကို အလွန် လက်ခံပါတယ်။ လေးစားပါတယ်။ လူသားတိုင်းမှာ လွတ်လပ်ခွင့် ရှိရမယ်။ လူသားတိုင်း လွတ်မြောက်မှုကို လိုလားတယ်။ လူသားချင်း စာနာစိတ်ရှိရမယ်။ ဒါတွေကို လက်ခံပါတယ်။ ဒါပေမယ့် သင်းကွဲတွေ လွတ်မြောက်ခြင်းအပေါ်မှာ မနာလိုစရာ မရှိသလို ဘာခံစားချက်မှ တစ်စုံတစ်ရာ ၀မ်းနည်းဝမ်းသာ မရှိတာတော့ အမှန်ဘဲ။

    နောင်လာနောက်သား မျိုးဆက်သစ် တွေကို လိမ်ညာ ဖုံးကွယ်ထားတဲ့ သမိုင်းကြောင်း အမှားတွေကို သိသိကြီးနဲ့ ဆက်ညာပြီး အဆိပ်ပင် ရေလောင်းနေမယ် ဆိုရင် ----- "တိုင်းပြည်တာဝန် ကျေပြွန်တဲ့ ပြည့်သူ့အသံကို လေးစားသော၊ ပြည်သူကို ကိုယ်စားပြုသော ဂျာနယ်တွေပါ" လို့ မိမိတို့ကိုယ် မိမိတို့ ပြောရဲပါသလား။

    ဒါပေမဲ့ အမွှန်းမတင်သင့်တဲ့ သူတွေကို ချီးမြှောက် တန်ဆာဆင်ပြီး အမွှန်းတင်တာဟာ ပြည်သူ့မျက်ရည်ကို လှောင်ပြောင်တာဘဲ။ စော်ကားတာဘဲ လို့ ပြည်သူတစ်ယောက် အနေနဲ့ လွတ်လပ်စွာ မြင်တယ်။
    "လွတ်လပ်စွာ နေထိုင်ပြောဆို လုပ်ပိုင်ရေးသားခွင့်" ဆိုတာ နိုင်ငံတော်သမ္မတက စလို့ တိုင်းပြည်ခေါင်းဆောင် မည်သူကိုမဆို အဘက်ဘက်က မျက်နှာမလိုက် ဘက်မလိုက်ဘဲ ပြောဆို ဝေဖန် ထောက်ပြရဲရမယ်။ အမှန်တရားကို ထုတ်ဖေါ် ပြသရဲရမယ်။

    ( စစ်ရာဇ၀တ်ကောင်ဟောင်း နှင့် မိသားစုဝင်တွေ၊ မဆလ စနစ်ဆိုးကို ဖန်တီးခဲ့တဲ့ ဆွေတော်မျိုးတော် အနွယ်ဝင်တွေဟာ )) အခွင့်ထူးခံ လူတန်းစားချင်း အတူတူ ပခုံးချင်း သွားယှဉ်မိလို့ အကျဉ်းချခံရတာလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရတာလား ဆိုတာ၊ သူတို့တွေဟာ သင်းကွဲတွေ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို သဲကွဲစွာ မတင်ဆက်နိုင်ဘူး ဆိုရင်တော့ ....................

    ReplyDelete
  44. ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့ (၈)January 23, 2012 at 6:44 PM

    °
    "ချော်လဲရောထိုင်ပြီး ကျားသေကို မသိမသာ အသက်သွင်းကာ ရပ်တည်ချက်မမှန်သော သင်းကွဲ သာကူး လူတန်းစားတစ်ရပ်ကို ဒီမိုကရေစီ ခေတ်မှာ ပြောင်ပြောင်တင်းတင်း အရေခြုံ ထွက်ကပြဖို့ စင်တင်ပေးတဲ့ ပြည်သူမျက်ရည်ကို ခြေဆေးနေသော ဂျာနယ်များ" လို့ဘဲ ပြင်းထန်စွာ ဝေဖန်ချင်ပါတယ်။

    ကျွန်မ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မထောက်ခံပါ။ မဝေဖန်ပါ။ နိုင်ငံရေးပါတီများ အားလုံးကိုလည်း မထောက်ခံပါ။ မဝေဖန်ပါ။

    စနစ်ဆိုး ခေတ်ဆိုးကြီး များကို ကျင့်သုံးခဲ့ကြသူ သမိုင်းတရားခံများအားလုံး၊ အခွင့်အထူးခံလူတန်းစားများ အားလုံးကို အလွန်ရွံ့ရှာ မုန်းတီး နာကျည်းသော ပြည်သူထဲက ပြည်သူ့ ဘက်တော်သား အမှန်တရားကို ချစ်မြတ်နိုးလေးစားသူ ပြည်သူ တစ်ယောက်ပါ။

    ချောချော
    ၂၀.၁.၂၀၁၂

    ( သင်းကွဲတွေကို လူရာသွင်း၊ ကျားသေကို အသက်သွင်းချင်နေကြသော ဂျာနယ်များ )

    ရင်းမြစ် - Chawchaw Mirror @ FB

    ReplyDelete
  45. အန်တီငယ် ...

    အပေါ်မှာ တင်ထားတဲ့ "ပြည်သူ့မျက်ရည်နဲ့ ခြေတော့ မဆေးလိုက်ကြပါနဲ့" အပိုင်း (၁) နဲ့ (၂) Spam ထဲကို ရောက်နေတယ် ထင်တယ်..

    ReplyDelete
  46. (( Nge Naing said...
    24 Jan 12, 07:36 PM

    သားထူးရေ ထည့်လိုက်ပြီ၊ ယုတ်ယုတ်ရိုင်းရိုင်း ၀င်ရေးနေသူတွေကြောင့် Moderation ခဏ လုပ်ထားလို့ မ၀င်တာပါ။ ))


    အန်တီငယ်

    ဟုတ်ကဲ့
    " ပြည်သူ့မျက်ရည်နဲ့ ခြေ တော့ မဆေးလိုက်ကြပါနဲ့ " ဆောင်းပါးတပုဒ်လုံး အပြည့်အစုံ ပေါ်လာပါပြီ
    အန်တီငယ့်ဘလော့မှာ ယုတ်ယုတ်ရိုင်းရိုင်း ၀င်ရေးနေတဲ့ စစ်ကျွန်တွေကြောင့် Moderation ခဏ လုပ်ထားလို့ တချို့အပိုင်းတွေ မစုံဘဲ ဖြစ်နေတာကိုး
    အန်တီငယ့်ဘလော့မှာ ရေးထားတာတွေက အမှန်တွေချည်းပါ
    အန်တီငယ့်ဘလော့မှာ အမှန်တရားတွေကို ရေးထားတာကို အဲဒီ စစ်ကျွန်တွေက မမြင်ရဲဘူးလေ
    ပြီးတော့ အန်တီငယ့်ဘလော့မှာ စာလာဖတ်သူတွေ များလာလို့ အဲဒီကောင်တွေက ပိုပြီး အခံရခက်နေတာပါ
    ဒါပေမယ့် အန်တီငယ့်ဘလော့မှာ ရေးထားတဲ့ အမှန်တရားတွေကို "မမှန်ပါဘူး" လို့ သက်သေ အထောက်အထားနဲ့ အကျိုးသင့်အကြောင်းသင့် ငြင်းခုံနိုင်တဲ့ အရည်အချင်း အဲဒီ စစ်ကျွန်တွေမှာ မရှိဘူးလေ
    ဒီတော့ အဲဒီ စစ်ကျွန်တွေက အန်တီငယ့်ဘလော့မှာ အယုတ္တအနတ္တ တွေ ရေးပြီး အန်တီငယ့်ဘလော့ကို စာဖတ်သူတွေ မလာချင်အောင် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေတာပါ
    စစ်ကျွန်တွေက အောက်လမ်းနည်းနဲ့ အန်တီငယ်ကို တိုက်ခိုက်နေတာပါ

    ReplyDelete
  47. ဦးခင်ညွန့် တလလျှင် အမေရိကန် ဒေါ်လာငါးထောင် လခ ရယူပြီး မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်

    2012-01-23

    သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။

    မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက အာအက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။

    မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက အဖြစ် ဦးဆောင်ပေးမှု အတွက် ဦးခင်ရွှေက ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို အမေရိကန် ဒေါ်လာငါးထောင် လစဉ် ချီးမြှင့်သွားမယ်လို့လည်း ဇေကမ္ဘာ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ အခုလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီးနောက် နိုင်ငံရေး မလုပ်ဘဲ လူမှုရေးပဲ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

    လေ့လာသူ တချို့တော့ ဦးခင်ညွန့်ဟာ နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်လာလိမ့်မယ် လို့လည်း ထင်ကြေးပေးနေကြပါတယ်။

    (RFA မှ ကူးယူ ဖော်ပြသည်။)

    ReplyDelete
  48. ဗိုလ်ချုပ်တွေ၊ အရပ်ဖက်က အရာရှိတွေက ခိုးထားတဲ့ ပြည်သူ့ငွေတွေကို ပြည်သူကို ပြန်ပေးရမယ်၊ ခေတ်ပျက်သူဌေးတွေက လာဘ်ထိုးပြီး သယံဇာတ ရောင်းစားလို့ ရလာတဲ့ ပြည်သူ့ငွေတွေကို ပြည်သူကို ပြန်ပေးရမယ်January 25, 2012 at 1:44 AM

    -
    မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီ ဆိုပဲ...
    ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီ ဆိုရင် တပ်မတော်အရာရှိတွေရော၊ ရဲတွေရော၊ ထောက်လှမ်းရေးတွေရော၊ အရပ်ဖက်က အရာရှိတွေ (အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ ..... အရာရှိတွေ) ရော ပြည်သူ့ငွေတွေကို ခိုးထား၊ လာဘ်စားထားတဲ့ ဒေါ်လာ သန်းထောင်နဲ့ ချီတဲ့ ပိုက်ဆံတွေကို ပြည်သူကို ပြန်ပေးရမယ်...
    ခင်ရွှေ၊ အောင်ကိုဝင်း၊ တေဇ၊ ဇော်ဇော် ..... တို့လို ခေတ်ပျက်သူဌေးတွေက ဗိုလ်ချုပ်တွေကို လာဘ်ပေးပြီး တိုင်းပြည်ရဲ့သယံဇာတတွေ ရောင်းစားခွင့် ရလို့ ရလာတဲ့ ဒေါ်လာသန်းချီပြီး ရလာတဲ့ ပိုက်ဆံ ပြည်သူကို ပြန်ပေးရမယ်...

    ခင်ရွှေ၊ အောင်ကိုဝင်း၊ တေဇ၊ ဇော်ဇော် ..... တို့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေကို တနင့်တပိုး လာဘ်ပေးပြီး ပေါင်းရင်း ခေတ်ပျက်သူဌေးတွေ ဖြစ်လာကြတာ...
    ထားစရာ မရှိအောင် ပိုက်ဆံ ပေါလာကြတာ...

    ဒီ ခင်ရွှေ က အရင်က တပ်ကြပ်ကြီး ... ခင်ညွန့်နဲ့ ဆက်မိပြီး ခေတ်ပျက်သူဌေး ဖြစ်လာတာ...
    အောင်ကိုဝင်း ဆိုတဲ့ ဆရာကျောင်း က မြစ်သား ကနေ မိန်းမ ကိစ္စ တခုနဲ့ ရှောင်လာရင်း ဘော်ဆိုင်း ဆိုတဲ့ ရွာလေးမှာ အရပ်ခန့် ကျောင်းဆရာ လုပ်ရင်း မောင်အေး နဲ့ဆက်မိပြီး ခေတ်ပျက်သူဌေး ဖြစ်လာတာ...
    ဒေါ်ထူး သမက် တေဇ လည်း ကြိုင်ကြိုင် စပွန်စာ နဲ့ ဗမာတပြည်လုံး ရဲ့သစ်တောတွေ အပြောင်ခုတ်ပြီး ခေတ်ပျက်သူဌေး ဖြစ်လာတာ...
    ပက်စီ ဦးသိန်းထွန်း သမက် ဇော်ဇော် က ရွှေမန်း နဲ့ပေါင်းပြီး ခေတ်ပျက်သူဌေး ဖြစ်လာတာ...

    အဲဒီတော့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ရရ မဲ့ ပိုက်ဆံတွေက ခင်ရွှေ၊ အောင်ကိုဝင်း၊ တေဇ၊ ဇော်ဇော် ..... တို့လို ခေတ်ပျက်သူဌေး လူ ၄-၅ ယောက် ခွဲ ယူသွားတော့ တိုင်းပြည်က စုတ်ပြတ်မြဲ စုတ်ပြတ်ဆဲ ဖြစ်ပြီး ခင်ရွှေ၊ အောင်ကိုဝင်း၊ တေဇ၊ ဇော်ဇော် ..... တို့ကတော့ ချမ်းသာကုန်တာပေါ့...
    ခင်ရွှေ၊ အောင်ကိုဝင်း၊ တေဇ၊ ဇော်ဇော် ..... တို့လို ခေတ်ပျက်သူဌေး အားလုံးက တိုင်းပြည်ရဲ့သယံဇာတတွေ တူးရောင်း ခုတ်ရောင်းလို့ ရထားတဲ့ ဒေါ်လာ သန်းထောင်နဲ့ ချီတဲ့ ပိုက်ဆံတွေကို ပြည်သူကို ပြန်ပေးရမယ်...
    ဒီလိုပဲ စစ်ဖက်၊ နယ်ဘက် အရာရှိတွေက ပြည်သူ့ငွေတွေကို ခိုးထား၊ လာဘ်စားထားတဲ့ ဒေါ်လာ သန်းထောင်နဲ့ ချီတဲ့ ပိုက်ဆံတွေကို ပြည်သူကို ပြန်ပေးရမယ်...

    ReplyDelete
  49. ခင်ညွန့်တို့လို ဗိုလ်ချုပ်တွေက ဘိန်းကုန်သည်တွေဆီက ဝေစု အကြီးစားတွေ ရှယ်ယာရပြီး အကြီးအကျယ် ပွနေကြလို့ မြန်မာပြည်ထဲဖြတ်သွားတဲ့ ဘိန်းကို မဖမ်းတာပါJanuary 25, 2012 at 2:50 AM

    ^
    ခင်ညွန့်က လာဘ်မယူဘူး.. ၀န်ဆောင်ခပဲ ယူတာ.. အခု နေတဲ့ ခြံဝင်းကျယ်ကြီးနဲ့ နန်းတော်လို အိမ်ကြီးကလဲ ၀န်ဆောင်ခနဲ့ ဆောက်ထားတာ.. ပါမစ်တွေ၊ လုပ်ပိုင်ခွင့်တွေ ချပေးဖို့ လက်မှတ်ထိုးပေးရတဲ့ ဝန်ဆောင်ခလေ..

    ခင်ညွန့်က မြန်မာပြည်မှာ ငွေတွေ မရှိဘူး.. ဘယ်ရှိမလဲ.. အကုန် သူများနာမည်တွေနဲ့ သိမ်းထားတာ.. နိုင်ငံခြားမှာ ပို့ထားတာ.. အကျယ်ချုပ် ၇ နှစ် အကျခံလိုက်တာနဲ့ မီလီယံနာ ဖြစ်ပြီ...

    ခင်ညွန့် က ဘယ် အပင်စိုက်စားမှာလဲ.. အလကား ပြောတာ.. ခင်ညွန့် စိုက်တာက ဘိန်းပင်တွေ.. ခင်ညွန့်က ၀တွေ ကိုးကန့်တွေနဲ့ ပေါင်းပြီး ဘိန်းစိုက်နေခဲ့တာ လူတိုင်း သိတယ်..

    မြန်မာပြည်မှာ အပ်ကျတာတောင် ထောက်လှန်းရေးက သိတယ်.. ရွှေတြိဂံက ထွက်တဲ့ ဘိန်းတွေ မြန်မာပြည်ထဲဖြတ်သွားတာ ဖမ်းဆီးတဲ့ သတင်း မကြားရသလောက် ဖြစ်နေတာက ခင်ညွန့်တို့လို ဗိုလ်ချုပ်တွေ ဘိန်းကုန်သည်တွေဆီက ဝေစု အကြီးစားတွေ ရှယ်ယာရပြီး အကြီးအကျယ် ပွနေကြလို့ပေါ့.. ဟုတ်ဘူးလား...

    ဘိန်းကုန်သည်တွေက ဘိန်းရောင်းလို့ ရတဲ့ အမြတ်ထဲက ခင်ညွန့် ဝေစုတွေကို နိုင်ငံခြားက ဘဏ်တွေမှာ ခင်ညွန့်က သူများနာမည်တွေနဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေထဲ ထည့်ပေးတာလေ..

    သန်းရွှေက နိုင်ငံခြားက ဘဏ်တွေမှာ ဒေါ်လာ သန်း ၂၀ဝ၀ ကျော် အပ်ထားတယ်.. ပြီးတော့ တရုတ်ပြည်မှာ ခြံဝင်းကျယ်ကြီးတွေနဲ့ နန်းတော်လို အိမ်ကြီးတွေ ဝယ်ထားသေးတယ်..
    ခင်ညွန့်လဲ သန်းရွှေလို ဘီလျံနာ မဖြစ်ရင်သာ နေမယ်.. မီလျံနာကတော့ အသေအချာပဲ..

    အခုလဲ ခင်ညွန့်က ခင်ရွှေဆီက တရားဝင်လခ ဒေါ်လာ ၅၀ဝ၀ ရပြီ.. တရားမဝင် လာဘ်ငွေတွေလဲ ရဦးမှာပဲ.. ခင်ညွန့်ရဲ့ အဆက်အသွယ်တွေကြောင့် ရလာမယ့် လုပ်ကိုင်ခွင့် ပါမစ်တွေ၊ တခြား အခွင့်အရေးတွေကို ရဖို့ မျှော်ကိုးပြီး ခေတ်ပျက်သူဌေးတွေ၊ ဝိသမစီးပွားရေးသမားတွေက ခင်ညွန့်ကို "ကန်တော့" ကြဦးမှာပါ..

    ဒီလိုပဲ ယူနီဖောင်းချွတ် အရပ်သား အရေခြုံ ဗိုလ်ချုပ်တွေရယ်၊ ယူနီဖောင်း ဝတ်ထားဆဲ ဗိုလ်ချုပ်တွေရယ်၊ ကြံဖွတ်တွေရယ်၊ ခေတ်ပျက်သူဌေးတွေရယ်၊ တခြား လက်ဝေခံတွေရယ်က ..... မြန်မာပြည်ကို ဆက်လက် မောင်ပိုင်စီးဦးမှာပဲ.. မြန်မာပြည်ရဲ့ တရားဝင် စီးပွားရေး၊ တရားမဝင် စီးပွားရေး .... က ရလာတဲ့ ပိုက်ဆံတွေကို လက်ဝါးကြီးအုပ်ဦးမှာပဲ..

    စစ်အုပ်စု လုံးဝ အမြစ် မပြုတ်မချင်း စစ်ခေါင်းဆောင်တွေက ဒီလိုပဲ နိုင်ငံတကာနဲ့ ပြည်သူတွေကို မျက်လှည့်ပြပြီး၊ နားလှည့်ပါးရိုက်ပြီး ကိုယ်ကျိုးရှာနေကြဦးမှာပါ.. ပြည်သူအများစုကလဲ မွဲမြဲ မွဲနေကြဦးမှာပါ..

    ReplyDelete
  50. ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ တလ ဒေါ်လာ ၅၀ဝ၀ ပေးသလဲ - ၁January 25, 2012 at 7:10 AM

    -
    January 24, 2012

    ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ ကျော်) လစာပေးမယ်လို့ ဆိုတယ်။

    ခင်ညွန့် ရမဲ့ လစာ တလ ဒေါ်လာ ၅၀ဝ၀ ဆိုတာ ဖိလစ်ပိုင်သမ္မတ လစာထက် ၄ ဆ များပါတယ်။ ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ် လစာထက် ၂ ဆနီးပါး များတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

    ခင်ညွန့်ကို ခင်ရွှေက ပေးမဲ့လစာက သမ္မတသိန်းစိန် လစာထက် ဒေါ်လာ ၁၀ဝ၀ ဘဲ နည်းပီး ဒုသမ္မတ တင်အောင်မြင်ဦး လစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ၅၀ဝ၀ ပေးလိုက်တဲ့အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက် သာတဲ့ လစာ ပေးလိုက်တာမို့ နိုင်ငံရေးအရပြောရင် တင်အောင်မြင်ဦးကိုပါ ခင်ရွှေက နားရွက် တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။

    ဒါဆို ခင်ရွှေ အနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဒေါ်လာတွေ ပေးမလဲ တွက်ကြည့်ရအောင်ပါ။

    ခင်ညွန့်က ခု ၇၀ ကျော်နေပြီဆိုတော့ နောက်ထပ် အများဆုံး အနှစ် ၂၀ အသက်ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကို ပေးရမဲ့ နှစ် ၂၀ အတွက် လစာငွေ စုစုပေါင်းက ဒေါ်လာ ၁၂ သိန်း ရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။

    ဇေကမ္ဘာခင်ရွှေက "ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယကအဖြစ် ခန့်လိုက်တယ်" ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင် ဖော်ပြရသလဲဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယက ခန့်တဲ့နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေးကစားကွက်တွေ အများကြီးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။

    ReplyDelete
  51. ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ တလ ဒေါ်လာ ၅၀ဝ၀ ပေးသလဲ - ၂January 25, 2012 at 7:11 AM

    -
    ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅၀ဝ၀ ပေးတယ်လို့ လူသိရှင်ကြား ပြောလိုက်တဲ့အတွက် --

    - ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုး ရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီ မစခဲ့သလဲ ဆိုတာ ပေါ်လွင်တယ်။

    - ခင်ညွန့်အတွက် အနှစ် ၂၀ စာ ဒေါ်လာ ၁၂ သိန်း ဆိုတဲ့ များပြားတဲ့ ငွေပမာဏကို မုန့်ဘိုးပေးသလို " ရော့ ... အင့် ..." လို့ ပေးနိုင်တာကို ကြည့်ရင် ခင်ရွှေက သူ ဘယ်လောက် ချမ်းသာနေလဲ ဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက်ပြလိုက်တာလဲ ပါ ပါတယ်။

    - ခင်ညွှန့် လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦး အပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လို တုံ့ပြန်မလဲ ကြည့်ရမှာဖြစ်တယ်။

    - ခင်ညွှန့်ကို တလ ဒေါ်လာ ၆၀ဝ၀ ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင် လျှော့ပီး ခင်ညွန့်ကို ပေးတာ ဖြစ်နိုင်ပါတယ်-

    - တချိန်က ထောက်လှမ်းရေးအကြိးအကဲ ခင်ညွန့်ကို တလ ဒေါ်လာ ၅၀ဝ၀ ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာခင်ရွှေက ဖန်တီးသလို ဖြစ်သွားတဲ့အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။

    ဆွေဆွေကြည်

    ReplyDelete
  52. ခင်ရွှေ သမီးရဲ့ ဂျာနယ်မှာ ဒေါ်စု အမှား လုပ်မှသာ မျက်နှာဖုံးမှာ ဖော်ပြဖို့ ညွှန်ကြားထားတယ်January 25, 2012 at 7:35 AM

    ခင်ညွန့်က "ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်" ဆိုပဲ..
    အလကား လျှာရိုးမရှိတိုင်း လျှောက်ပြောနေတာ..
    ပြည်သူတွေကို လှည့်ဖြားနေတာ..

    ခင်ညွန့် ကို တလ ဒေါ်လာ ၅၀ဝ၀ လခ ပေးမယ် ဆိုတဲ့ ခင်ညွန့်ရဲ့ အမာခံ ခင်ရွှေ သမီးရဲ့ ဂျာနယ်မှာ ဒေါ်စု အမှား လုပ်မှသာ မျက်နှာဖုံးမှာ ဖော်ပြဖို့ ညွှန်ကြားထားတယ်..



    ဦးခင်ရွှေ သမီး ထုတ်ဝေသော Street View ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကောင်းသတင်းကို မျက်နှာဖုံး မတင်ရန် ၊ NLD နှင့် ဒေါ်စု အမှား ပြုလုပ်မှသာ မျက်နှာဖုံးတွင် ဖော်ပြရန် အယ်ဒီတာအဖွဲ့ကို ညွှန်ကြားထားကြောင်း ......... ၄င်း
    ဂျာနယ် မှ အလုပ်ထွက်လာသော (နာမည်ကြီး ကလောင်) အယ်ဒီတာ တစ်ဦးက
    ရင်ဖွင့် ပြောကြားသွားပါသည်။

    လက်ရှိ အယ်ဒီတာများမှာ ဆရာညို နှင့် နွယ်ဂျာသိုင်းတို့ ဖြစ်ပါသည်။

    (ဒီဖက် သတင်းစဉ်)

    ReplyDelete
  53. ဂုဏ်သရေ မရှိတဲ့ ခင်ညွန့် ဈေးတက်အောင် ဂုဏ်သရေ မရှိတဲ့ ခင်ရွှေက ကြမ်းခင်းဈေး ဒေါ်လာ ၅၀ဝ၀ နဲ့ ဈေးခေါ်လိုက်တာပါJanuary 27, 2012 at 8:28 AM

    -
    January 25, 2012

    နာယက ဆိုတာ ရုံးတက်စရာတောင် မလိုပါ။ ဘာမှလဲ လုပ်စရာ မလိုပါ။

    အနောက်နိုင်ငံတွေမှာတော့ ဂုဏ်သရေရှိ နိုင်ငံ့ခေါင်းဆောင်တွေ အငြိမ်းစားယူရင် သူတို့ရဲ့ အရည်အချင်း သူတို့ရဲ့ နိုင်ငံတကာအဆက်အသွယ်၊ ပြည်တွင်းအဆက်အသွယ်၊ အစိုးရပိုင်းဝင်ဆံ့မှု စတဲ့ အရည်အသွေးတွေကြောင့် နာယက ခန့်ကြတာပါ။

    ဂုဏ်သရေ မရှိတဲ့ ခင်ညွန့်လို လူမျိုးကို နာယက ခန့်တာတော့ မတွေ့ဘူးပါ။ ဒါပေမဲ့ ခင်ညွန့်လစာကတော့ အာဆီယံ ခေါင်းဆောင်တွေထက်တောင် သာနေပါတယ်။ ပေးသူ ခင်ရွှေကလဲ ဂုဏ်သရေ မရှိသူပါ။

    ဒါတောင် ရွှေတွေ ပိသာလိုက် ခိုးထားတဲ့ ထောက်လှမ်းရေးပြုတ်တွေက ဆရာဖြစ်တဲ့ ခင်ညွန့်ကို လာပူဇော်တာ မပါသေး။

    အမှန်ကတော့ ခင်ရွှေကနေ ခင်ညွန့်ကို ဈေးတက်အောင် ကြမ်းခင်းဈေး ဒေါ်လာ ၅၀ဝ၀ နဲ့ ဈေးခေါ်လိုက်တာပါ။ ခင်ညွန့်ကို ခင်ရွှေက ပလ္လင် တည်ပေးနေတာပါ။

    မကြာခင် ခင်ညွန့်ကို အကျိုးမျှော်ပြီး ညောင်ရေလောင်းမယ့် စေတနာရှင်တွေ ပေါ်လာပါလိမ့်မယ်။

    ခင်ညွန့်ကိစ္စ တပ်ထဲမှာ အတော်လေး မကျေမနပ် ဖြစ်နေတယ်လို့ ပြောနေကြတယ်။

    ဆွေဆွေကြည်

    ReplyDelete
  54. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၁)January 27, 2012 at 9:55 AM

    >
    Myan Mar - ဇေကမ္ဘာ စီးပွါးရေးလုပ်ငန်းတွေမှာ ခင်ညွန်.ပိုက်ဆံတွေ ပါမယ် ထင်တယ် ..
    စီးပွါးရေးအရ ဆက်နွယ်မှု. အကြီးကြီး ရှိနိုင်တယ် ....

    Naing Aung - Maybe Khin Nyunt is withdrawing his black money, transforming into legitimate way from Zay Gabar Khin Shwe.

    Ko Naung - သူ့ ၇ဲ့ ကံတူအကျိုးပေးပေါ့ 

    Lu Gyi - ဦးခင်ညွှန့်ကို ဘောင်ထဲ ပြန်ဆွဲသွင်းလာတာရော မဖြစ်နိုင်ဘူးလား

    Area X Area - ခင်ရွှေက ခင်ညွန့် တပည့်ပါ။ ခင်ရွှေက ခင်ညွန့်ရဲ့ ခြေနဲ့ လက်ပါ။

    Komagitaln Magitaln - ကျေးဇူးခံကျေးဇူးစား မရှိပဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး။ give and take အပေးအယူ ရှိတာ သေချာတယ်။

    han Htun - သေဖေါ်ညှိတာ ဖြစ်ပါလိမ့်မယ်။

    Jock Jamo - ခင်ရွှေက သိန်းစိန်ထက် ဩဇာအာဏာ ကြီးသွားပြီပေါ့.. တင်အောင်မြင့်ဦး သနားတယ်ပေါ့..
    တွေ့သလားတော့ မသိဘူး နော်.. ဒီမှာ ငွေ ဟိုမှာ ဥပဒေ..
    တွေ့ပလား.. ငွေရဲ့ အောက်မှာ ဥပဒေ.. ဟိုးအပေါ်မှာ ခင်ရွှေ.. ဒီအောက်မှာ သိန်းစိန်..

    ReplyDelete
  55. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၂)January 27, 2012 at 9:56 AM

    >
    Lwan Thu - ဦးခင်ညွှန့် နေအိမ်အကျယ်ချုပ် မကျခင် စည်းစိမ်တချို့ ဦးခင်ရွှေဆီ အပ်ထားတာ ဖြစ်မှာပေါ့။ ဦးခင်ညွှန့် ပြန်ထွက်လာတာနဲ့ ဦးခင်ရွှေက ပြန်ပေးတဲ့သဘောပေါ့။

    Yan Lin Shein - Lwan Thu ဆိုတဲ့ တစ်ယောက် ပေးထားတဲ့ ကွန့်မန့်က အနီးစပ်ဆုံးပဲ... အဲ့ဒါပဲ ဖြစ်မှာပါ..
    ခင်ရွှေ အဲ့သလောက် စေတနာ မကောင်းသလို.. အဲ့သလောက် မချမ်းသာလောက်ပါဘူး...
    သူတို့ တွဲခဲ့တာ နှစ်ပေါင်းမှ မနည်းတာ...
    ခင်ညွန့်က လည်တယ်.. ဒါကြောင့် ကြိုတင် စီမံထားတာတွေ.. ဖြစ်နိုင်တယ်..
    ခင်ညွန့် ပစ္စည်း ခင်ညွန့်ကို ပြန်ပေးတဲ့ သဘောမျိုးပဲ ဖြစ်မှာပဲ...

    Koekoe Mg - ကျေးဇူးစား ကျေးဇူးခံတွေပါဗျ

    Ei Khine - ခင်ညွန့် လာဘ်စားမှုနဲ့ အဖြုတ်ခံရတုန်းက ပစ္စည်းတွေပါ အသိမ်းခံရမှာစိုးလို့ ခင်ရွှေကို အပ်ခဲ့တာ..
    ခုမှ ခင်ရွှေ ပေးသရောင်ရောင် ပြန်လုပ်တာ နေမှာ...
    အရင် သူတို့ခေတ်တုန်းက အတူတူ ထင်တိုင်း ကြဲခဲ့တာတွေပေါ့...

    Sept Thway - "ဟေ ........ လောကကြီး ..." လို့ပဲ အော်လိုက်ချင်တော့တယ် .......

    Koko John - လူမုန်းများတဲ့သူ အသက်ရှည်၏

    Nway Lay Pyay - ပိုက်ဆံတွေ အဲဒီလောက် ပေါနေရင် လှူလိုက်ပေါ့ကွယ် ... ခြိမ်းခြောက်ပြစရာ မလိုပါဘူး ...
    အရင်တုန်းက ခင်ရွှေကို ဒေါက်တာဘွဲ့ရ စီးပွားရေးပညာရှင် ဆိုပြီး တော်တော် အထင်ကြီးခဲ့မိတာ ...

    ReplyDelete
  56. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၃)January 27, 2012 at 9:57 AM

    >
    Tin Aung Hla - ဖတ်ဖူးတာက ခင်ရွှေက ၁၉၉၀ ဝန်းကျင်ကတည်းက ဗမာပြည်မှာ ပထမဦးဆုံး ပုဂ္ဂလိက ပြည်သူတဦး အနေဖြင့် ဒေါ်လာ ၁ သန်း တရားဝင် ချမ်းသာသူ ဖြစ်ကြောင်း နိုင်ငံတကာမဂ္ဂဇင်း တခုမှာ ပါဖူးတယ်ဗျ။ ဒီတုန်းက တေဇ တို့ မပေါ်သေးဘူး ထင်တယ်။ ခုတော့ ခင်ရွှေက သူ့ကို ပိုချမ်းသာအောင် လုပ်ပေးတဲ့ သူ့ဆရာ ခင်ညွန့်ကို ကျေးဇူး ပြန်ဆပ်တယ်ပေါ့ဗျ။ အဲဒီလို ထင်ရတာပဲ။ ဒါပေမဲ့ ခင်ရွှေ လုပ်ပုံက "ငါဘယ်ကောင်လဲ" ဆိုပြီ high profile နဲ့ လုပ်ပြလိုက်တာ ဖြစ်တယ်။

    Phyo Wai - ဘယ်သူက ဘယ်လောက်ပေးပေး ခင်ညွန့်ဟာ ဒီလစာငွေနဲ့ တန်အောင် လုပ်နိုင်သလား ကြည့်ရမှာပေါ့...
    ခင်ညွန့်က ဘာတွေ လုပ်နိုင်လို့ ဒီလောက် ပေးတာလဲ....
    ခင်ညွန့်ရဲ့ ပိုက်ဆံတွေကို တစ်ဖက်လှည့်နဲ့ ခင်ညွန့်ကို ပြန်ပေးတာရော မဖြစ်နိုင်ဘူးလား........

    Phyo Wai - မဟုတ်တာ လုပ်တဲ့ သူအချင်းချင်း မဟုတ်တာ လုပ်ကြတာ မထူးဆန်းပါဘူးကွာ

    Thein Zaw - ခင်ညွန့်တို့ ထီပေါက်ပြီ။ အလုပ်လက်မဲ့က အလုပ်ရသွားပြီ =-=+x ဟဟ။

    Akphy Omml - တခြား အလုပ်လက်မဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အဲလို ပေးရင် သိပ်ကောင်းမှာပဲလို့တွေးမိပါတယ်။ အဲဒါမှ လူကြီးလူကောင်း ပီသမှာပေါ့။

    HninnMya Wai - yes, it seems both are wicked businessmen. not only politics. they really hate their country.

    တစ်ကိုယ်တော် ရေးတဲ့ အေဘီစီဒီ - money makes everything. (ငွေရှိလျှင် ပါတီထောင်နိုင်သည်)

    Ashin Ariya Vamsa - ဘယ်လိုပဲ ပြောကြပါစေ။ ခင်ညွန့် နိုင်ငံရေးလောကထဲ ပြန်မ၀င်ရင် ပြီးတာပဲ။ ဒီလိုပဲ ဆုတောင်းကြတာပေါ့။

    Ye Lin Tun - လုပ်ထားပေါ့.. ခင်ရွှေ... မောင်ဝိတ် ပြီးရင် မင်းအလှည့်ဘဲ..

    San Dar - အင်း ... ကြားရ နားဝမှာ မသက်သာပါလားနော်....

    ReplyDelete
  57. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၄)January 27, 2012 at 9:57 AM

    >
    Ka Yin Lay - ဒို့ များ ဗုဒ္ဒဘာသာနိုင်ငံမှာ ဘုန်းကြီးတွေကို သတ်တဲ့သူကို လစာ ကောင်းကောင်းပေးပြီး ဂုဏ်ပြုချင်နေကြတဲ့ ငမိုက်သားတွေလဲ ရှိနေသေးတာကိုး။
    နောက်ထပ် ဘုန်းကြီးတွေကို သေစေချင်နေလို့ လား မသိပါဘူး။
    ဒီတခါ ဆိုရင်တော့ ဟင်းဟင်းဟင်းဟင်း........... ဒီလောက်ပဲ ကျိန်းတော့မယ်။

    Ka Yin Lay - ရှေးရှေးက တို့ ဘိုးဘွား ဗုဒ္ဒဘာသာဝင်တွေများ ဘာသာ၊ သာသနာနဲ့ ပတ်သတ်လာရင် အသက်စည်းစိမ်တွေတောင် ပဓာနမထားဘဲ စွန့်လွှတ်ဝံ့ကြတယ်။ အခုခေတ်ကာလ သားသမီးတွေများ ဘုန်းကြီးသတ်တဲ့ လူဘက်ကတောင် ထောက်ခံလိုက်သေးတယ်။

    ခေတ်သစ်ခင်ညွှန့် တော့ မလုပ်ကြပါနဲ့ ။

    Thatoe Thuzaraung - ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြား ပြောလိုက်တဲ့အတွက်-
    -ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီမစခဲ့သလဲ ဆိုတာ ပေါ်လွင်တယ်။

    Lai Tun - OH MY GOD!!!!!!!!.....

    ReplyDelete
  58. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၅)January 27, 2012 at 9:58 AM

    >
    Mg Bhakhat - ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုး ရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီ မစခဲ့သလဲ ဆိုတာ ပေါ်လွင်တယ်။

    Kanbawza Thar - ခင်ညွန့် တို့ဖြတ်သန်းခဲ့တဲ့ အတိတ်တုန်းက ပြုမူ လုပ်ဆောင်ချက်တွေကြောင့် အခုချိန်မှာ ခင်ညွန့် တို့ဟာ သူတော်ကောင်းလား၊ သူယုတ်မာလား ဆိုတာကို သူတို့ကိုယ်တိုင် တံဆိပ် ကပ်ထားပြီးသားပါ။
    ဒါကိုမှ ခင်ညွန့် တို့ ပြုမူ လုပ်ဆောင်ချက်တွေက ဘုရားဟောတရားနဲ့ ညီပြီး ကောင်းတာတွေ လုပ်ခဲ့တဲ့ "သူတော်ကောင်းတွေ" လို့ ထင်ရင်လည်း သဘောပါဗျာ။
    ခင်ညွန့် ရတာ၊ မရတာကို မုဒိတာ မပွားတာ မဟုတ်ဘူးနော်၊ အသိလေးတွေ နှိုးပေးတာပါ။ အိပ်နေတဲ့ သူတွေ၊ မျက်ကန်းတွေ ရှိနေလို့ပါ။

    Marko Polo - သူတို့ များတော့ .....သိန်း ၄၀ တဲ့ ...... လောကကြီးက.. ဘက်လိုက်... လိုက်တာ.....
    မရှိတဲ့ သူတွေများ... တစ်လ.....၅ သောင်း ရဖို့ တောင်.....မနဲ.... နာယက ဆိုတော့ ... အိပ်လိုက်စားလိုက်ပေါ့ .....
    ဒီမှာတော့ .. နဖူးကချွေးခြေမ ကျတာတောင်...... မရချင်ဘူး.... ဟွန့်

    Wai Lu - လူသေရင် ကုတို့ခ တမတ် ထဲ့ပေးရတယ်လေ။ ဒေါ်လာခေတ် ဆိုတော့ ဒေါ်လာ ထည့်ပေးတာ နေမှာပေါ့။

    Aye Aye Mun - Back to the square one. Next step will be his corruption.

    ReplyDelete
  59. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၆)January 27, 2012 at 10:00 AM

    >
    Nyein Chan - တစ်လ ဒေါ်လာ ၅၀၀၀ ပေးနိုင်တာ သမာအာဇီဝနဲ့ စီးပွားရှာထားတာ လုံးဝ မဖြစ်နိုင်ပါဘူး။

    Ashin Kawwida - "သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ၊ ပေါင်းဖက်တွေ့" ဆိုတာ သူတို့ ပေါ့။
    ဗိုလ်ခင်ညွန့် ကလည်း သူ အာဏာရှိစဉ်က အစွမ်းကုန် ရက်စက်ခဲ့တဲ့သူ၊
    ဦးခင်ရွှေ ဆိုသူကလဲ အစွမ်းကုန် အကျင့်ပျက် စီးပွားရေးသမား.. ပေါင်းမိကြမှာပေါ့.......

    Darli Pug ‎- 2 Pigs start again to kill the people and to play with country's natural resources. :(

    ကို လတ် - ♥ခင်ညွန့် တို့ စပီ..... သူတို့ အလုပ်. လုပ်တော့မယ်....♥

    Sansan Ohn - i think, this is bad news.

    Win Thein - စိတ်မချမ်းသာလိုက်တာ ခင်ရွှေရယ် .....
    အဲ့လောက် ချမ်းသာနေရင် စစ်ပြေးဒုက္ခသည် တွေကို လှူလိုက်ရင်တော့ ......
    အင်း............ခင်..က...ခင်ကို ပေးတာ ....စိတ်မကောင်းလိုက်တာ

    BoBo Aung - ဘာမှမလုပ်ရတဲ့.. နာယက နေရာမှာ ထိုင်တဲ့ သူတစ်ယောက်ကို $5000 ပေးတာတော့ များလွန်လွန်းတယ် ထင်တယ်ဗျာ...
    အောက်ခြေလူတန်းစားတွေ ဘက်လည်း လှည့်ကြည့်စေချင်တယ်.. ။

    Win Htay - ဦးခင်ညွှန့်မှာ နိုင်ငံရေးထဲ ဝင်ဖို့ ဒီတကွက်ဘဲ ရှိတယ်

    Thein Htun Oo ဒီမိုကရေစီ မှာ လက်ဝါးကြီးအုပ် မိုနိုပိုလီ ကိုဆန့်ကျင် တိုက်ခိုက်တယ်။
    အခုလက်ရှိ အမေရိကားမှာ ဝေါလ်စထရိ ကိုသိမ်းပိုက်ကြ ဆိုပြီး လှုပ်ရှားနေတာ ဘာကြောင့်လဲ။။။။။။။။။။။။။။
    စီးပွားရေးနှင့် မီဒီယာတွေကို လက်ဝါးကြီးအုပ်ပြီး ချယ်လှယ်နေကြတာကို ဆန့်ကျင်တာပဲဖြစ်တယ်။
    ပြည်သူတွေအတွက် နောက်ရင်ဆိုင်ရမဲ့ ပွဲက လက်ဝါးကြီးအုပ် ဆန့်ကျင်ရေးဘဲ ။။ အားမွေးထားကြတော့......

    ReplyDelete
  60. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၇)January 27, 2012 at 10:00 AM

    >
    Minko Min - ဒေါက်တာ တု ခင်ရွှေ ..ပြဇာတ်တစ်ခု ကဘို့ ဇာတ်လမ်း ထွင်နေပြီ... သတိတော့ ထားရမယ်ဗျို့...
    ဒီလူက ကိုယ့်အကျိုး မရှိရင် သူ့မိန်းမအတွက် သနပ်ခါးတုံးတောင် ၀ယ်ပေးတက်တဲ့ သူမဟုတ်ဘူး...
    အကျိုးမျှော် ဇာတ်လမ်း ဆင်တာတော့ ကြိမ်းသေတယ်...
    ကိုယ့်အကျိုး ကိုယ်ကြည့်ပြီး.. မရှိဆင်းရဲသားတွေကို နင်းတက်တဲ့ လူကြီး.. လူ့အတ္တကြီး....
    ခင်ရွှေ နဲ့ ခင်ညွန့် လူမိုက်နှစ်ယောက် ပေါင်းမိရင်တော့ မြန်မာပြည်အရေး ရင်လေးစရာကြီး....

    Kyaw Htike - သူတို့ တွေ ဘာလုပ်လုပ် ပြည်သူတွေအတွက် ရင်နင့် စရာကြီးပါပဲ...
    ရေးထားလို့ သာ ဖတ်ရတယ်.. ဖတ်ချင်တာ မဟုတ်ဘူး..
    ဖတ်ပြီးတော့ လဲ ရင်ထဲ မကေါင်းတာ အဖတ်တင်တယ်...

    Zawone Lay - "ခင်ရွှေ ဘာလဲ၊ ဘယ်လဲ" ဆိုတာ ရှင်းနေတာပဲ၊
    အရင် ခင်ရွှေ ဖွဲ့ခဲ့တဲ့ သာသနာအဖွဲ့တစ်ခု အတွက်ကျတော့ ရုံးခန်းဖွင့်တာတောင် ဆင်းရဲသားပြည်သူတွေ ချွေးနဲစာနဲ့ ဆောက်ထားတဲ့ ဆရာစံ နှစ်ကျိပ်ရှစ်ဆူ ဓမ္မါရုံကြီးကို အပိုင်စီးဖို့ ကြိုးစားခဲ့လို့ ရပ်ကွက်က မောင်းထုတ်ခဲ့ရဖူးတာ မှတ်မိကြအုံးမှာပါ၊
    ဒီလို ဘာသာရေးအတွက် လုပ်တာတောင် အခန်းတစ်ခန်း ငှါးဖို့ စေတနာမရှိတဲ့ ကောင်က ဘာမှမဟုတ်တဲ့ ရာထူးတစ်ခုအတွက် ဒေါ်လာ ၅၀၀၀ ပေးတယ် ဆိုတော့....
    အင်း ဘယ်လို စေတနာတွေပါလိမ့်.???

    Phyuhnin Aung - ဘာလို့ မျှော်လင့်ရမှာလဲ လူတိုင်းကို ဒုက္ခပေးပြီးမှ ကိုယ်ပြုတဲ့ ကံအတိုင်း ပြန်လာမှာဘဲ

    Than Zaw - တရားအားထုတ်တော့မှာဆို?

    ReplyDelete
  61. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၈)January 27, 2012 at 10:01 AM

    >
    Poehat Phyu - ဦးခင်ညွန့်အတွက်တော့ ၀မ်းသာစရာပဲပေါ့။ ရေငတ်တုန်း ရေတွင်းထဲ ကျတာပဲ။
    အားလုံးအတွက် မုဒိတာ ပွားနိုင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းမှုကို ခံစားရတာက သပ်သပ်ပဲ။
    ပြည်သူတွေအတွက်တော့ ဒီသတင်းက ရင်လေးစရာပါ။
    ဦးခင်ရွှေက ငွေရှိတယ်၊ ဦးခင်ညွန့်က တစ်ချိန်က အာဏာနဲ့ တပည့်တပန်းတွေ ရှိတယ်။
    ဦးခင်ညွန့်က သူ့ခေတ် ပြန်မထူထောင်နိုင်ဘူး လို့ ဘယ်သူ ပြောနိုင်မလဲ။

    Ko Mg - black money to blacklist man.

    Kophyo Ko Phyo - အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ
    (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)

    http://www.freedomburma.org/2012/01/blog-post_22.html

    ReplyDelete
  62. စစ်အုပ်စု နဲ့ ပုလင်းတူဘူးဆို့ ခေတ်ပျက်သူဌေး ခင်ရွှေက ရာဇဝတ်ကောင် ခင်ညွန့်ကို လခ တလ ဒေါ်လာ ၅၀ဝ၀ ပေးခြင်း အပေါ် ပြည်သူများ၏ သုံးသပ်ချက်များ (၉)January 27, 2012 at 10:03 AM

    >
    Nan Myint Myint Kyi - နောက်ကွယ်မှာ နိုင်ငံရေးရွှေ့ကွက်တွေ ဘာတွေတော့ နားမလည်ဘူးးး ... အသေးစိတ် မသိနိုင်ဘူးးး ...
    သေချာတာကတော့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ၊ အချင်းချင်း အပြန်အလှန် ဦးနှောက်ဖောက်စားမှာပါပဲ ....

    Min Thusoe - မြင်းကို ချိုတတ်ပေးလိုက်တာတော့ မဟုတ်ဘူးထင်ပါတယ်နော်

    Shwe Yi Linn - ငါသာဆို မရှိဆင်းရဲသားတွေကိုပဲ လှုလိုက်မယ်..

    Kyaw Zaya - ခင်ညွန့်ဖက်က ရှေ့နေလိုက်ပေးနေတဲ့ Aye Eaint ဆိုတဲ့သူသို့ .....
    မြန်မာလူငယ်တွေ အစွမ်းအစ မရှိရခြင်း၏ အကြောင်းရင်းက စစ်အုပ်စုက လူငယ်တွေ ပုံ မလာအောင်၊ အညွန့်တုံးအောင် လုပ်ထားတာကို ကျတော့ရော ဘာမှ မပြောတော့ဘူးလား..
    မြန်မာလူငယ်တွေ အသုံးမကျအောင်၊ ဘ၀ကို ဘာမျှော်လင့်ချက်မှ မရှိအောင် စစ်အုပ်စုက အကုန် ပိတ်ပင်ထားတာကို မပြောဘဲ ရှေ့နေလိုက်ပေးနေတယ်...
    နင့်ဝင်ငွေရော ဘယ်လောက်ရှိသလဲ.. Aye Eaint ဆိုတဲ့သူ....
    မြန်မာပြည်မှာ ငါ တစ်လ တစ်သိန်း ရတယ်.. ဘာလုပ်သလဲ မမေးနဲ့.. တစ်နေ့ကို ထမင်းဖိုးတင် 3000 ကုန်တယ်...
    မလောက်တော့ ခိုးရမှာလား၊ လိမ်ရမှာလား၊ လု ရမှာလား..
    လူတန်းစေ့ ဆိုတဲ့စကား.. ဘယ်မှာ သွာံးကြည့်ရမှာလဲ..
    လက်တစ်ဆုပ်လောက် အဆင်ပြေနေတာကို မကြည့်နဲ့လေ ...
    တစ်နိုင်ငံလုံး ဘာတွေ ဘယ်လို ဖြစ်နေသလဲ ဆိုတာ မျက်စေ့ကို ပြူးနေအောင် ကြည့်...
    ဘာမှ မလုပ်ကြတာထက် စာရင် ဝေဖန်နေတဲ့သူတွေက အလုပ်လုပ်နေတယ်လို့ ပြောလို့ရတယ်.. ငတိမ ရေ..............

    ReplyDelete
  63. ကလိမ်ကကျစ် ခင်ညွန့်က မြို့မေတ္တာခံယူရန် ကြိုတင် အကွက်ချကာ တမင် ထောင်အကျခံပြသည့် ကလိမ်စေ့ငြမ်းဆင် လုပ်ဇာတ်ဖြင့် ပြည်သူနှင့် နိုင်ငံတကာကို မျက်လှည့်ပြလိုက်ခြင်း ဖြစ်နိုင်သည်ဆိုသည့် အယူအဆ (၁)January 27, 2012 at 1:40 PM

    °
    လက်ရှိ ဖြစ်ပျက်နေတဲ့ နေ၀င်းမြေး ၊ ခင်ညွန့်တို့ဟာ ဗမာပြည်သူတွေရဲ့ မြို့မေတ္တာ ခံယူနေကြခြင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတဲက ခင်ညွန့်က ဦးဆောင်ဦးရွက် ပြုပြီး န၀တ စစ်အုပ်စု တစ်ခုလုံး စနစ်တကျ ကြိုတင် အကွက်ချ ဖန်တီး ပြင်ဆင်ခဲ့တဲ့ လုပ်ဇာတ် ဖြစ်ပါတယ် ။

    ဒီအကွက်တွေကို လုံးဝ လက်မခံတဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦးကို အသေသတ်ခဲ့ပါတယ် ။ တင်ဦး သေတာနဲ့ တပြိုင်နက် နေ၀င်းမြေးတွေကို ထောင်ချ ၊ ခင်ညွန့်က ဟန်ပြ အပြင်မှာ ခဏနေပြ ၊ အားလုံး အစီအစဉ်တွေ အသင့်ဖြစ်ပြီးတဲ့နောက် ခင်ညွန့်က သူကိုယ်တိုင် ထောင်ထဲဝင်ပြ ၊ ဗမာ့နိုင်ငံရေး ဗမာပြည်သူ နိုင်ငံတကာ အသိုင်းဝိုင်း အားလုံးကို မျက်လှည့်ပြ ၊ အားလုံးပြီးသည့်နောက် အခုလို ကိုမင်းကိုနိုင် နဲ့ ခင်ညွန့် ကို ယှဉ်တွဲပြီး လွှတ်ပြ ၊ ခင်ညွန့် ၊ နေ၀င်းမြေးတို့ကို ပြည်သူတွေရှေ့မှောက် သေသေသပ်သပ်နဲ့ ပွဲထုတ်ပြလိုက်တဲ့ လုပ်ကွက်က အရမ်း ပိရိ သေသပ်လွန်းတော့ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဒီလုပ်ကွက်ရဲ့ မြစ်ဖျားခံရာကို မသိရှိနိုင်တော့ဘူးပေါ့ ။

    ဒီဖြစ်စဉ် ၊ ဒီရွှေ့ကွက်တွေ အားလုံးကို စနစ်တကျ ရေးသားဖော်ထုတ် တင်ပြသွားပါမယ် ။ ဘာကြောင့် နေ၀င်းမြေး ၊ ခင်ညွန့် ၊ ကိုမင်းကိုနိုင်တို့ကို တပြိုင်နက် လွှတ်ပေးလိုက်ရသလဲ ဆိုတဲ့ နောက်ကွယ်မှာ တိကျခိုင်မာတဲ့ ဖြစ်ရပ်တွေ ရှိတယ် ။

    စစ်တုရင်ကစားနည်းမှာ ဘုရင်မကြီးတစ်ကောင် ပစ်စလက်ခတ် ချကျွေးပြီး နောက်ထပ် ဘုရင်မတွေ ၊ ရထားတွေ ၊ မြင်းတွေ အစီအစဉ်ကျကျ သေသေသပ်သပ် ပြန်ယူသွားတဲ့ အဆင့်အမြင့်ဆုံး ကစားကွက် ဖြစ်ပါတယ် ။

    ReplyDelete
  64. ကလိမ်ကကျစ် ခင်ညွန့်က မြို့မေတ္တာခံယူရန် ကြိုတင် အကွက်ချကာ တမင် ထောင်အကျခံပြသည့် ကလိမ်စေ့ငြမ်းဆင် လုပ်ဇာတ်ဖြင့် ပြည်သူနှင့် နိုင်ငံတကာကို မျက်လှည့်ပြလိုက်ခြင်း ဖြစ်နိုင်သည်ဆိုသည့် အယူအဆ (၂)January 27, 2012 at 1:42 PM

    °
    ဘယ်ကစလဲ ဆိုတော့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး သေတယ် ၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့် က သတ်တယ် ။

    အဲဒီ အချိန်က အစပြုပြီး ယခု လက်ရှိ ၊ ယနေ့အချိန်အထိ ဖြစ်ပျက်ခဲ့သမျှ ဗမာ့နိုင်ငံရေး အခင်းအကျင်းအားလုံးကို တစ်ခုပြီးတစ်ခု စနစ်တကျ စေ့စေ့စပ်စပ် လေ့လာ သုံးသပ်ခဲ့သူဆိုလျှင် ခင်ညွန့် ရွှေ့ခဲ့သော အကွက်ကို မြင်နိုင်ပါတယ် ။

    န၀တ စစ်အုပ်စု တစ်ခုလုံး အတွက် မြွေမသေ တုတ်မကျိုး ကမ္ဘာ့အလယ် မြန်မာ့အလယ်မှာ ၀င့်ထည်စွာ ရပ်တည်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကို ဗမာပြည်သူတွေသာမက ကမ္ဘာ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအားလုံးကို လှပသေသပ်စွာ ပြသသွားတဲ့ အဆင့်မြင့်ဆုံးသော မျက်လှည့်ပြကွက်ဆန်း ဖြစ်ပါကြောင်း ဒီနေရာက နေပြီး လေးနက်စွာ တင်ပြအပ်ပါတယ် ။

    အခုလို ခင်ညွန့် မလွတ်မြောက်ခင် လွန်ခဲ့တဲ့ လအနည်းငယ်ပိုင်းလောက်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့ ခင်ညွန့်ကို နေအိမ်မှ လာခေါ်သွားတဲ့ ဗီဒီယိုဖိုင် ကို လူတော်တော်များများ သိလိုက်ကြမယ်လို့ ထင်ပါတယ် ။

    အဲဒီ ဗီဒီယိုဖိုင်ကို ဘာ့ကြောင့် ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက တင်လိုက်ပါသလဲ ။ အဲဒီနောက် နေ၀င်းမြေး ၊ ခင်ညွန့်တို့နဲ့ ကိုမင်းကိုနိုင်တို့ကို အတူယှဉ်တွဲပြီး ဘာကြောင့် လွှတ်လိုက်ပါသလဲ ။ အဲဒီ ဖြစ်ရပ် နှစ်ခုကို ဆက်စပ်ပြီး ကြည့်ပါ ။ သေချာကြည့်လေ ၊ မြင်လေ ။ အထူးမြင်အောင်ကြည့်လေ ၊ ပို၍ ထင်ရှားလေလေ ပါဘဲ ။

    ၈၈၈၈ အရေးတော်ပုံကြီးအတွင်း ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းတို့ရဲ့ ဘ၀ပေါင်းများစွာ ၊ အသက်ပေါင်းများစွာကို ရက်စက်စွာ နင်းချေဖျက်ဆီး သတ်ဖြတ်ခဲ့တဲ့ အဓိက စစ်ရာဇ၀တ်ကောင် တရားခံ အစစ်ဟာ ခင်ညွန့် နဲ့ သူ့အပေါင်းပါ နောက်လိုက် ထောက်လှမ်းရေးတပ်ကြီးပဲ ဖြစ်ပါတယ် ။

    ခင်ညွန့်ဟာ ကလိမ်ကကျစ် ဥာဏ် အထက်မြက်ဆုံး ဖြစ်သူ တစ်ယောက် ဖြစ်သည့်အတွက် သူ့ လုပ်ရပ် ၊ သူ့အပြစ်တွေကို အများသူငါ မသိနိုင်စေရန် အလို့ငှါ သူ့ထောက်လှမ်းရေးတပ်ကြီးကို ၂၀၀၄ မှာ လုံးဝ အပျောက်ရိုက်အကွက်နဲ့ သူကိုယ်တိုင် ထောင်ကျခံပြလိုက်ပါတယ် ။ ထောင်ထဲမှာ ၇ နှစ်လောက် သွားနေပြလိုက်ပြီး ဗမာပြည်သူလူထုကြီးနှင့် နိုင်ငံတကာကို မျက်လှည့်ပြလိုက်ပါတယ် ။

    တကယ်တမ်း ခင်ညွန့် လုပ်ရပ် ၊ ခင်ညွန့် ပြစ်မှုတွေ အတွက် တကယ်တမ်း ခင်ညွန့် ကျခံရမဲ့ အပြစ်ဒဏ်က ( ၇ ) နှစ် မဟုတ်ပါဘူး ။ သေဒဏ် နဲ့ ခင်ညွန့် ပိုင် ပစ္စည်းဥစ္စာအားလုံး အများပြည်သူပိုင် အဖြစ် သိမ်းဆည်းရမဲ့ အပြစ်ဒဏ်ပါ ။ ခင်ညွန့် ရဲ့ ပြစ်မှု နဲ့ ပြစ်ဒဏ်မှာ တခြားစီ ဖြစ်နေပါတယ် ။

    ဆက်ဒမ်ဟူစိန် ၊ ဂဒါဖီ တို့ သွားရာလမ်းသို့ သွားရမဲ့ ခင်ညွန့်ဟာ ယခုအချိန်အခါမှာတော့ ဗမာပြည်သူလူထုကြီးရဲ့ မြို့မေတ္တာဘွဲ့ကို လှလှပပ ခံယူလျက် ရှိနေပါတယ် ။

    Lay Lay Ko

    ReplyDelete
  65. *
    Facebook မှာ ဒီမိုဖက်တီး တက်ဂ် ပေးထားတဲ့ Hot News Journal က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သန်လျင်မြို့ကို ရောက်တဲ့ အချိန်မှာ ပြည်သူလူထုမှ ဝမ်းပန်းတသာနဲ့ ပန်းစည်းပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းနဲ့ ဗိုလ်ခင်ညွန့် မွေးရပ်ဇာတိမြေ သန်လျင်သို့ အလည်တခေါက် ပြန်ရာမှာ.. ကျောက်တန်းမြို့မှ ဆွေမျိုးသားချင်းများနဲ့ မိတ်ဆွေ အပေါင်းအသင်းများမှ ကြိုဆိုတဲ့ မြင်ကွင်းနဲ့ ပါဒကြီးစေတီတော်ကို သွားဖူးမျှော်ရာမှာ ပန်းသည်လေးများမှ ကြိုဆိုနေပုံကို နှိုင်းယှဉ် ဖော်ပြထားပါတယ်..။

    Hot News Journal ရဲ့ ခေါင်းစဉ်ကတော့ သင်းပါတယ်.. "မတူညီသော ကွဲလွဲမှုများနှင့် တူညီသော အပြုံးပန်းများ" တဲ့။

    ရေးသားသူကတော့ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့သမီး Hot News ဂျာနယ် အယ်ဒီတာချုပ် မမ ဖြစ်ပါတယ်..။ ပြည်သူအတွက် ပေးဆပ် အနစ်နာခံခဲ့သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမိုင်းစွန်းထင်းခဲ့သူ တဦး ဖြစ်တဲ့ ဗိုလ်ခင်ညွန့် ကို မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ထားချက်ပါ။
    ကိုယ့်မွေးရပ် ကိုယ့်မြေ အစွဲ ဆိုတာကတော့ လူမျိုးတိုင်းမှာ ရှိကြပါတယ်...။ ဆက်ဒမ်ဟူစိန်တို့၊ ကဒါဖီတို့တောင် နောက်ဆုံးအချိန်မှာ မွေးရပ်မြေကို အားကိုးပြီး ခြေကုပ်ယူကြတာကိုး။ ဒီလို ကိုယ့်မွေးရပ်မြေက လူတဦး အရေးပါ အရာရောက်တယ် ဆိုရင် ဇာတိမြေက ဂုဏ်ယူကြတာ ဓမ္မတာပါပဲ။ သို့ပေသည့် သန်လျင် ကျောက်တန်းသား အားလုံးကို မဆိုလိုပါ...။ အမှားအမှန် အကောင်းအဆိုးကို လူတိုင်း သိကြပါတယ်..။ မွေးဋ္ဌာနေ ရောက်လို့ ကြိုဆိုကြတဲ့ လူအနည်းအကျဉ်းကို ပြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ထားတာ ဆိုးလှပါတယ်..။
    ဒီသတင်းဂျာနယ် ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပေမယ့် ဒီဓာတ်ပုံကို မြင်မိတော့ သတိရတဲ့ ပုံရိပ်တခုကတော့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ ဝတ္ထုခေါင်းစဉ် စာသားလေးပါ... "ပစ်လိုက်တဲ့မျှား ပန်းဖြစ်စေ" တဲ့။

    ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ သမီး Hot News ဂျာနယ် အယ်ဒီတာချုပ် မမ ရဲ့ ရေးသားချက်ကို အဟုတ်မှတ်ပြီး ဦးခင်ညွန့် အနေနဲ့ ယခင် တီဗီမင်းသား ဘဝကလို အတင်းအကြပ် ဆင့်ခေါ်ထားတဲ့ ပြည်သူလူထုတွေ၊ အသက်မပါတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံကို အဟုတ်မှတ်ပြီး လက်ဗလာနဲ့ သွားခဲ့မယ်ဆိုရင်တော့ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို ဆရာမောင်စိန်ဝင်းရဲ့ ဝတ္ထုခေါင်းစဉ် "ပစ်လိုက်တဲ့မျှား ပန်းဖြစ်စေ" ဆိုတဲ့ စာသားလို မဖြစ်ဘဲ အဲဒါနဲ့ ဆန့်ကျင်ဘက် "ပစ်လိုက်သည့်ပန်း မျှားဖြစ်စေ၊ သို့မဟုတ် ဆွတ်လိုက်သည့်ပန်း ကြိုးဖြစ်စေ" ဆိုတာမျိုးနဲ့လည်း လောကကြီးမှာ မထင်မှတ်တာတွေ ကြုံတတ်ဆုံတတ်၊ သမိုင်းတပတ် လည်တတ်ကြောင်း မေတ္တာရှေ့ထားပြီး ကြိုတင် သတိပေးပါရစေ ခင်ဗျာ..။

    ဒီမိုဝေယံ

    (Credit - ကိုဒီမိုဝေယံ)

    ReplyDelete
  66. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇)January 28, 2012 at 11:37 PM

    ယခင်အပိုင်း(၆)မှ အဆက် ...

    ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃
    နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့
    ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါ
    တယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။
    အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း
    “ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင်
    တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ
    သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်”

    လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။
    ကျောင်းသားတွေက
    “စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို
    အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်”
    ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာ
    ရှင်းရှင်းလေးပါ။
    “စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။
    မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်
    ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။

    ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာ
    နာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင်၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။
    ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့ တချို့သော
    (လက်ချိုးရေ လို့ရတဲ့) သူတချို့က “ရန်သူ့လူတွေဟာ သမိုင်းကို
    ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတဲ့ သွေးရူးသွေးတန်း စကား
    တွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို
    နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ
    သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်
    အပြုံလိုက် လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ်
    ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီ
    တဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင်
    လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။
    ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်
    ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

    ReplyDelete
  67. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇) ၂January 28, 2012 at 11:39 PM

    လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင် မဖြေရှင်းရဲ
    တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆို
    ဖို့ကြိုးစားတယ်။ လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်း
    ပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို
    ကျနော်တို့က သတိရှိဖို့လိုပါတယ်။

    ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ
    ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြို
    နေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။ တကယ်တော့
    ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်း
    ရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေး စာတွေပို့
    ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက
    တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ
    အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့ အရှိန်ပြင်းပြင်း
    ဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။
    (က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ
    (ခ) ကိုထွန်းအောင်ကျော်တို့တတွေကျဆုံးခဲ့တာအနှစ်(၂၀) ကြာ
    (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား
    လှဆိုင်း တို့တတွေ ပြန်ပါနေတယ်။ စိတ်ကူးမယဉ်စေချင်ပါဘူး။
    အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ
    တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင်
    နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF
    (မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ် အဖြစ်ဆိုးကြီး
    ကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း”က ၂၀၀၈ ခု
    ဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ
    အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေတို့ ….

    ReplyDelete
  68. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇) - ၃January 28, 2012 at 11:41 PM

    ကိုအောင်နိုင်
    ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ်လို့ လုံးဝ
    ယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊
    မိုးညှင်း (အနကလ)နဲ့ အမရပူရ(အနကလ)မှာ အတူတူလှုပ်ရှားခဲ့
    တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊
    ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော်တို့ ဦးလေးအိမ်မှာ
    နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင်
    ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။
    တတ်နိုင်ရင် ကျနော့်ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်
    မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့
    ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ ရင်ဆိုင်
    ဖြေရှင်းပေးပါခင်ဗျား။

    ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင်
    ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ်
    (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့
    သေခဲ့ရတာလဲ။ ကိုအောင်နိုင်တို့ ထောက်လှမ်းရေးဗိုလ်အဆင့်
    သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံ
    ပြန်လို့မရတာလဲ။ ဖိုးကျော် (မြွေဟောက်)တို့ ဒုက္ခသည်စခန်းကို
    ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်
    သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။
    ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့
    ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။

    ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။
    ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊
    လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို
    နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်
    အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး
    မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ်
    မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် (မခင်ချိုဦး)က သတ်ခံကာနီး
    ငိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံး
    ရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေလို ထင်းတုံးပေါ်
    ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့
    ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး
    နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့
    ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် (ပါဂျောင်)လို
    နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲ
    ဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။
    ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်
    ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့်
    မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေး
    တခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။
    မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်
    ပေါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

    ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
    +၈၂ ၇၀ ၈၁၈၂ ၀၃၆၀

    ReplyDelete
  69. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇) - ၄January 28, 2012 at 11:42 PM

    ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ
    ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊
    ကိုအောင်နိုင်တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင်
    ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား
    အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင်
    လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
    အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေ
    အတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှု
    တရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်း
    သည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင်
    ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့်
    ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော
    ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေး
    ထောက်ခံကြပါသည်။ ထို့နောက် တပ်တွင်းခေါင်းဆောင်နေရာများ
    အတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင်
    ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှ
    စပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။
    သူ၏ အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား
    အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်
    အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသား
    တပ်မတော်ပြိုကွဲရန် အောက်ပါ ဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်
    ဖြစ်ပါတော့သတည်း။

    ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင်
    သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်း
    ရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့
    ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာ
    ကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ
    အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော
    တပ်သား စိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထို တပ်ပြေးစိုးမင်းအောင်
    အား တရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်
    နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်
    ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်း
    ရှိ အခြားသော ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသား
    များ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ
    ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေး
    ကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက
    သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည်
    သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအား
    နှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို
    ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး
    ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်
    အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှ
    တော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော
    အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် (နန်းအောင်ထွေးကြည်)၊
    မခင်ချိုဦးတို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏
    အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။
    ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း
    နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့
    မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့
    သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

    ReplyDelete
  70. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇) - ၅January 28, 2012 at 11:45 PM

    ကိုထွန်းအောင်ကျော် ( မန္တလေး)
    သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့
    ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို
    မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြား
    စေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊
    ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊
    ကိုချိုကြီး၏လက်ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊
    ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (လက်မ
    တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထား
    ခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာ လမ်းလျှောက်
    နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊
    ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

    ကျော်ကျော်မင်း (မုံရွာ)
    သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း
    ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊
    ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

    ကိုချိုကြီး ( မန္တလေး)
    စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင်
    လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား
    ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်
    သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

    မောင်မောင်ကြွယ်(ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသား
    ဟုဆိုသူ
    အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။
    မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို
    အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏
    (အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့
    ရပါသည်။

    ReplyDelete
  71. မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း (၇) - ၆January 28, 2012 at 11:46 PM

    တူးတူး (မြစ်ကြီးနား)
    ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ
    မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ။

    ကိုလှမြင့် (တပ်ကုန်း)
    ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊
    ပြင်းထန်စွာငြင်းဆန်သွားပါသည်။

    ရန်အောင် (ရန်ကုန်)
    ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက်
    ဖြင့် ထိုးသတ်ခံရ။

    အောင်ဖိုး (ရန်ကုန်)
    ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ
    တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊
    မိုင်းခွဲခါ ခြေဖြတ်ခံရ၊ (ထိုမိုင်းခွဲပွဲတွင်) မငယ်(နန်းအောင်ထွေးကြည်)
    အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲ
    မခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

    ဋ္ဌေးမြင့်ဝင်း (ရန်ကုန်)
    အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်း
    အား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊
    “ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလား
    ဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊
    ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့်
    ပစ်သတ်ခံရပါသည်။

    မခင်ချိုဦး (ရန်ကုန်)
    အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံး
    ရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

    ကိုကျော်ဝေ (မန္တလေး)
    ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။
    အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို
    သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်
    မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက်ရတယ်လို့
    အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင်
    လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

    ပြည်စိုးနိုင် (ရန်ကုန်)
    ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင်ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီး
    ထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။
    ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။
    ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင်သည်
    ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊
    စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်
    နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

    မငယ်(ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်
    သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲ
    လောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။
    သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်
    မသေခဲ့ပါ။

    နန်းစော (ဗန်းမော်)
    သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့
    သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင်တို့
    ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစောသည် ယ္ခုအခါ စက်တင်ဘာ
    အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင်
    မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ (ယ္ခုအခါ ထိုင်းနယ်စပ်
    သို့ရောက်ရှိနေပါပြီ)

    ကိုထိန်လင်း (ဟင်္သာတ)
    ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန်
    စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူ ပန်းချီ
    ဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊
    ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊
    ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်
    လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု
    ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

    ဘိုဘို (မိုးကျော်သူ)
    နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ
    ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည်
    မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀)ချမှတ် ခံထား
    ရသည်။ (ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

    ReplyDelete
  72. အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော
    အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်
    ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း
    ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်
    များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထူးတာဝန်ယူပြီး ဖြစ်ပျက်
    ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။
    သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့လို့ ပေါ့တွေးထားခဲ့
    ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ
    ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့
    နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်
    ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့
    ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။
    ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင်
    စုံစမ်းကြည့်သောအခါ အေဘီ (မြောက်ပိုင်း)မှ ကိုအောင်နိုင် ဖြစ်နေ
    သည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင်
    ကိုအောင်နိုင်အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော်လို့ပင်ခေါ်ခေါ်၊
    သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုးပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ
    ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်
    အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။
    ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေးလို့ သံသယရှိသူတွေ
    ကို ကွပ်မျက်ရမယ်ဆိုတဲ့ ဥပဒေ ရှိပါတယ်လို့ သတင်းမီဒီယာတခု
    တွင် ဖွင့်ဆိုသွားပါသည်။

    ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များ
    တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလားဟု သုံးသပ်မိသည်။
    နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်
    ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်
    ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF
    (မြောက်ပိုင်း)ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ
    လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ်ဟု ပြောဆိုခဲ့ကြောင်း
    သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ်
    လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ
    လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင်
    တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို
    လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

    ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင်
    ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက်
    ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့်
    အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ
    ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။
    ဘီဘီစီဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော
    အားကိုးရတဲ့ ရဲဘော်တယောက်လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

    ယုံကြည်လေးစားလျှက်
    ကျော်ခိုင်ဝင်း
    ABSDF (NB) ရဲဘော်ဟောင်း

    Credit - http://www.pyustate.com/2012/01/blog-post_28.html

    ReplyDelete
  73. ဗိုလ်ချုပ်ခင်ညွန့် ကို လွှတ်လိုက်တာဟာ စစ်အုပ်စုက သူတို့ ကို ပြည်သူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
    ဒီအပေါ်က ကွန့်မန့်ပေးတဲ့သူအနေနဲ့ စိတ်ရောဂါဆရာဝန်နဲ့ ပြသင်တယ် မနက်ဆေးသောက်ရင်ပုလင်းလှုပ်သောက်ပါ ဆေးအနည်ထိုင်ရင် နေမြင့်တာနဲ့ ရောဂါသည်းလိမ့်မယ်
    စောက်ရူး

    ReplyDelete
  74. .
    2013 December 30


    ငါးည တဲ့လား


    စားရတော့ ပုံစံ ...
    ပါးချလို့ စုန်ကန် ...
    ပုန်ကန်ရင် သတ်ပစ်မယ် ...
    သေနတ်ကြီး ရှိတယ် ...
    သတ်နည်းလည်း သိတယ် ...
    တပ်ကြီးလည်း ရှိတယ် ...
    အခုတော့ လက်ဆုပ်ကို ဖြေလိုက်ပါပြီ ...
    ကမ်းလာတဲ့ သူ့လက်ကို ကြည့်လိုက်တော့…..
    အလို ………
    သူ့လက်ဝါးမှာ ငါ့ ပါးရာ ကြီးပါလား။


    ကိုလေး (အင်းဝဂုဏ်ရည်)


    Credit - ကိုဇော်ဝင်း


    ငါးည တဲ့လား (ကိုလေး (အင်းဝဂုဏ်ရည်) )
    .

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။