Pages

ကံကောင်းသော ခရစ်စမတ်နေ့

ဘုရားပန်းကို အလျှင်စလို ထိုးပြီးတာနဲ့ ဘုရားရှိခိုးပြီး ထိုင်ကပ်ဖို့တောင် အချိန်မရဘဲ အလုပ်နောက်ကျမှာ စိုးလို့ ရထားမီအောင် အိမ်ကနေ ငါးမိနှစ်ခန့် လမ်းလျှောက်ရတဲ့ ဘူတာရုံကို အပြေးအလွှား လျှောက်လာတဲ့အခါမှာ ကျွန်မတို့နေတဲ့ ရပ်ကွက်ရဲ့ လူသွားလူလာနဲ့ ကားသွားကားလာ ပြတ်နေပုံက မသိတဲ့သူဆိုရင် လူနေတဲ့ရပ်ကွက် ဟုတ်ပါ့မလားလို့တောင် ထင်မိမှာ သေချာတယ်။ ခါတိုင်းဆို ရထားသံကို အဝေးကတောင် ကြားနေရပါတယ်။ အခုတော့ လမ်းထိပ်ရောက်လို့ ဘူတာရုံကို လှမ်းမြင်ရတဲ့အထိ ခါတိုင်းလို ဒီဘူတာမှာ မရပ်တဲ့ အမြန်ရထားတွေ တစီးပြီးတစီး ဖြတ်သွားနေခြင်းမျိုး မတွေ့ရ၊ ရထားစောင့်နေတဲ့ ခရီးသည်တွေကိုလည်း တယောက်မှ မတွေ့၊ ဒီနေ့ရထားလမ်း ပိတ်မယ်ဆိုတာ ကြိုတင်ကြေညာထားတာလည်း မရှိလေတော့ ရထားအလုပ်သမားတွေ သပိတ်မှောက်နေတာများလားမသိ လို့အတွေးဝင်လာကာ စိုးရိမ်သွားတယ်။ ယောက်ျားအလုပ်ကအပြန်ကို စောင့်ပြီး ကားနဲ့လိုက်ပို့ခိုင်းဖို့ စဉ်းစားကြည့်တော့ အိမ်ကို သူပြန်ရောက်မည့်အချိန်က ကျွန်မ ဆေးရုံကိုရောက်ပြီး အလုပ်ဝင်နေရမည့်အချိန် ဖြစ်နေလို့ လမ်းမှာကြာမည့်အချိန်နဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး စိုးရိမ်စိတ်နဲ့ ရင်ကို တထိန့်တလန့်ကို ဖြစ်သွားတယ်။

ရထားလမ်းပိတ်တာ၊ ရထားအလုပ်သမားတွေ သပိတ်မှောက်တာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း လျှောက်လာတာ ဘူတာရုံအဆောက်ဦးပေါ် တက်တဲ့ လှေခါးကို ခြေချမိတဲ့အချိန်ထိ ရထားတစီးမှ ဖြတ်သွားတာ မတွေ့သေးတော့ စိုးရိမ်မှုရေချိန်က ပိုပြီးမြင့်တက်လာတယ်။ အဆောက်ဦးပေါ်ရှိ ရထားလက်မှတ်ဝယ်ရာ ကောင်တာရှေ့ကျွန်မ ရောက်တော့ အမြန်ရထားတစီး တဂျုံးဂျုံးနဲ့ ဖြတ်သွားမှပဲ ဆုတောင်းပြည့်ပြီး စိတ်အေးသွားလို့ သက်ပြင်းချလို့ရသွားတယ်။ ဒါပေမဲ့ ကျွန်မစီးမည့်ရထား ရပ်တော့လည်း ရထားတွဲအကုန်လုံးမှာမှ တယောက်စ နှစ်ယောက်စပဲတွေ့ရပြီး ကျွန်မရှေ့က ကျတဲ့ ရထားတွဲထဲမှာ လူတယောက်မှ မရှိတာ တစ္ဆများခြောက်နေလားလို့ ထင်မှတ်ရလောက်အောင်ကို ခရီးသွားမရှိတာကို တွေ့ရတော့ ဒီဘူတာရုံမှာတင် လူမရှိတာ တခြားဘူတာတွေမှာလည်း ဒီလိုပဲဖြစ်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ရထားတတွဲလုံးမှာ ကျွန်မတယောက်ကလွဲရင် တခြားဘယ်သူမှ မရှိတာကတော့ အောက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အမှန်က ကျွန်မစိုးရိမ်ခဲ့သလို မဟုတ်ဘဲ ရထားမလာတာ အဝေးပြေးရထားတွေ ခရစ်စမတ်ကာလမှာ အလုပ်မလုပ်လို့၊ ဘူတာရုံမှာ လူမရှိတာက မနက်အစောကြီးလည်းဖြစ် ခရစ်စမတ်နေ့မို့ ခရီးသွားလာနည်းနေလို့သာ ဖြစ်တယ်။


ဆေးရုံရောက်ပြီး Nursing Admins အခန်းရှေ့ကို ရောက်တဲ့အချိန်ကစပြီး ပြန်လာတဲ့အချိန်ထိ အလုပ်ထဲမှာ တွေ့တွေ့သမျှ လူနာတွေ Staff တွေကို Merry Christmas လို့ ကျွန်မ နှုတ်ဆက်လိုက်တဲ့ နှုတ်ဆက်စကားက အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ကို များပါတယ်။ Ward ထဲဝင်လိုက်တာနဲ့ ယူနီဖေါင်းဝတ်တဲ့သူကို တယောက်နှစ်ယောက်ပဲ တွေ့ရပြီး ခရစ်စမတ်အင်္ကျီ၊ ခရစ်စမတ်အမှတ်အသားပါတဲ့ နားဆွဲ၊ ရင်ထိုး၊ မီးကြိုး၊ ဦးထုတ်စတဲ့ တခုခု ၀တ်ဆင်လျက်အသီးသီးတွေ့ရမှ ကျွန်မတယောက်ပဲ ခရစ်စမတ် အထိမ်းအမှတ် ဘာမှမ၀တ်လာပါလားဆိုတာ သတိထားမိသွားတယ်။ ဒါနဲ့သူတို့အထဲက တယောက်စီက ကျွန်မကို ဒါတပ်ထားဆိုပြီး ခရစ်စမတ် မီးကြိုး၊ ခရစ်စမတ်သစ်ပင်ပုံနှစ်ခုကို ဦးချိုလိုလုပ်ထားတဲ့ ဘီးကုတ်တခုနဲ့ ရင်ထိုးတခုကို ပေးတော့ ကျွန်မလည်း ယူတပ်လိုက်မှ သူတို့နဲ့ တသားတည်း ဖြစ်သွားတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာ တွေးမိတာက အာရှကနှစ်ယောက်၊ ဥရောပကတယောက်၊ အန္ဒိယတယောက်၊ အော်စီနှစ်ယေက်ဆိုတော့ တကယ်ကို Multicultural team ပါလားဆိုတာကို သတိထားမိတယ်။


မနေ့က တော်တော်လေး အခြေအနေဆိုးနေတဲ့ လူနာတွေ ရှိတော့ ဒီနေ့ရေးရမည့်ပို့စ်ဟာ Merry Christmas အစား Sad Christmas လို့ အမည်ပေးရမည့် ခရစ်စမတ်ဖြစ်နေမလားလို့တောင် စိုရိမ်နေမိတဲ့ ကျွန်မရဲ့ အထင်တွေက တခြားစီဖြစ်နေပြီး ထူးထူးခြားခြား ဒီနှစ်ခရစ်စမတ်ရဲ့ ကံကောင်းပုံကို တကယ်ပဲ အမှတ်တရ လုပ်ထားချင်လို့ ဒီပို့စ်ကို တင်တယ်ဆိုရင်မမှားပါဘူး။ တကယ်လို့ ကျွန်မသာ ခရစ်ယာန်တယောက် ဖြစ်ခဲ့ရင် ဒီနှစစ်ခရစ်မတ်နေ့ရဲ့ ကံကောင်းပုံက ခရစ်တော် (သို့) ဘုရားသခင် တကယ်ကို ကောင်းချီးပေးတယ်လို့ ထင်မိမှာ သေချာပါတယ်။

ကျွန်မ လတ်တလော တာဝန်ကျနေတာက ကုလို့မရတော့တဲ့ သူတွေအတွက် ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ အကောင်းဆုံး သက်တောင့်သက်သာ အဖြစ်ဆုံး ဘ၀ကိုဖြတ်သန်းသွားလို့ရအောင် နှစ်သိပ်ကုသပေးတဲ့ Ward, Palliative Care Unit ဖြစ်တော့ လူနာတွေက တပတ်မှာ အနည်းဆုံး တဦးခန့်တော့ သေဆုံးနေပြီး ရေခဲတိုက်ကို အမြဲတမ်းပို့ရတာရှိပါတယ်။ မနေ့က အသက်ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ လူနာတွေက ဒီနေ့မှာ အနည်းဆုံး နှစ်ဦးခန့်တော့ သွားနိုင်ပြီး Merry Christmas လို့ ပြောလို့ ရလောက်တဲ့အခြေအနေ ရှိမယ်လို့တောင် မထင်ထားဘူး။ ဒါပေမဲ့လည်း လူနာတွေဟာ ဒီနေ့မှာ တကယ်ပဲ လန်းလန်းဆန်းဆန်းနဲ့ ပြန်ရှိလာနေတာ တွေ့ပြီး နှစ်ရက်လုံးလုံး သတိလစ်နေတဲ့ လူနာတယောက်တောင် သတိပြန်ရလာလို့ ပန်းသီးရေတောင် နည်းနည်းပြန်သောက်နိုင်ခဲ့တယ်။

ကျန်တဲ့လူနာတွေ အားလုံးကလည်း တော်တော်လေးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြတယ်။ ခါတိုင်း မလိုအပ်ဘဲနဲ့ ဘဲလ်ခဏခဏနှိပ်ပြီး နာ့စ်တွေကို အလုပ်ရှုပ်စေတဲ့ လူနာတွေလည်း ဒီနေ့မှာ ငြိမ်လို့ ဘာမှကိုပြောစရာ မရှိဘူး။ ၊ ရန်လိုပြီး ပစိပစပ်များနေတဲ့ လူနာတွေ အားလုံးကလည်း စိတ်ကောင်းဝင်နေတယ်၊ လူနာမိသားစုတွေထဲကလည်း ပြဿနာလာရှာတဲ့သူတွေ မရှိသလို မေးခွန်းပေါင်း အခါတရာမက လူကိုယ်တိုင် (သို့) ဖုန်းတဂွမ်ဂွမ် မေးနေလို့ ဖြေရတာတွေလည်း သိပ်မရှိဘူး၊ Ward ထဲက Staff တွေအားလုံးကလည်း တက်ညီလက်ညီနဲ့ ဆောင်ရွက်ခဲ့တာ အားလုံးကို လွယ်ကူအဆင်ပြေချောမွေ့စွာနဲ့ပဲ စောစောစီးစီး ပြီးသွားတာ မနေ့ကနဲ့ တခြားစီပဲ။ နောက်တော့ ခရစ်စမတ် နေ့လည်စာအဖြစ် Kitchen staff တွေက တခြား staff တွေ အားလုံးအတွက် Free lunch ပေးတယ်။ ညနေဘက်တာဝန်ကျတဲ့ နာ့စ်တွေကို Handover Report ကို မြန်မြန်ပေးပြီးတာနဲ့ ချက်ချင်းမနက်ပိုင်း Staff တွေကို ပေးပြန်တော့ အိမ်ကို အလုပ်ချိန်မပြီးခင် ၄၅ မိနှစ်မှာ ပြန်ခွင့်ရကြတယ်။ အိမ်အပြန်လမ်းမှာတော့ ကျွန်မဟာ အလုပ်ကပြန်လာသလို မဟုတ်ဘဲ ပါတီပွဲတခုက ပြန်လာသလိုပဲ ခံစားရတယ်။ ဘူတာရုံနဲ့ ဆေးရုံအကြား လျှောက်လာရင် Auburn Central ကုန်တိုက်ရဲ့ အတွင်းဘက် ရင်ပြင်ပေါ်မှာ ခရစ်မတ်သစ်ပင်ရှိတော့ အမှတ်တရ ဓါတ်ပုံရိုက်လာလိုက်တယ်။


အိမ်ပြန်ရောက်တော့ မနေ့က၀ယ်ပြီး ဒီမနက် အလုပ်မသွားခင် ထိုးထားခဲ့တဲ့ အချိန်က ဖူးငုံတွေပဲ ရှိခဲ့တဲ့ ဘုရားပန်းက အနံ့သင်းသလို အပွင့်တွေအာထွက်လာပြီး ထူးထူးခြားခြား လှပနေတာကို တွေ့ရပြန်တော့ စိတ်ချမ်းသာရပြန်တယ်။ ခါတိုင်းဆို အနံ့ရော အပွင့်တွေ အရွက်တွေပါ ကောင်းတဲ့ ဒီပန်းအမျိုးအစားက ဈေးကြီးလို့ နေ့ကြီးရက်ကြီးတွေကလွဲရင် တော်တော်နဲ့ မ၀ယ်ကပ်ဖြစ်ဘူး။ အနံ့မပါဘဲ အပွင့်ပဲကောင်းပြီး အရွက်လည်း ညှိုးမြန်တဲ့ လီလီပန်း (သို့) ဂန္ဒမာပန်းပဲကိုပဲ အမြဲတမ်း ၀ယ်ထိုးတာ များပါတယ်။ ဒီပတ်မှာတော့ ဒီပန်းက ပုံမှန်ဆို အနည်းဆုံး တစည်းကို ၁၀ဒေါ်လာခန့် ပေးရပေမဲ့ မနေ့က ခရစ်စမတ်အကြိုနေ့မှာတော့ နှစ်စည်းကို ငါးကျပ်နဲ့ရလို့ အမျိုးသားက ၀ယ်လာပေးလို့ မွှေးကြိုင်လှပစွာ ဘုရားကပ်နိုင်သလို အမြင်အားဖြင့်လည်း ဘုရားစဉ်မှာ အခုလို ဝေေ၀ဆာဆာလေး တွေ့ရတော့ ဒါလည်းပဲ ဒီနှစ်ခရစ်စမတ်နေ့ရဲ့ ကံကောင်းခြင်း တခုပါပဲလားလို့ တွေးပြီး ဒီကံကောင်းမှုတွေ အားလုံးကို ဒီနှစ်ခရစ်မတ် လက်ဆောင်လို့ သဘောထားလိုက်ပါတယ်။ နှစ်သစ်မှာလည်း ဒီနေ့လိုပဲ နေ့တိုင်းကံကောင်းပါစေလို့ ဆုတောင်းနေမိတယ်။



ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အားလုံး အန္တရယ်ကင်းစွာနဲ့ ပျော်ရွှင်ကြပါစေ။



Funeral Service ကို အလောင်းမှားပြီး ထုတ်ပေးမိတဲ့ ကျွန်မတင်တဲ့ ကံမကောင်းသော နေ့တနေ့အကြောင်းလည်း ဒီ Ward ထဲမှာပဲ ဖြစ်သွားပြီး ဒီအကြောင်းကို တင်ထားတာ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


26 comments:

  1. ABSDF က မမငယ်နိုင်ရှင့်
    မြောက်ပိုင်းက ABSDF ရဲဘော်တွေအချင်းချင်း ရက်ရက်စက်စက်သတ်နေတဲ့ လူသတ်မှုအကြောင်းတွေ တင်ပါအုံး
    နောက်ဆုံးတရားခံတွေကို ဘယ်လိုစုံစမ်းဖော်ထုတ် အရေးယူသင့်တယ်ဆိုတာလေးလည်း ထည့်ရေးပေးနော်

    ReplyDelete
  2. မင်းတို့စော်ကားတာများပြီ။ ABSDF လောက်ရိုးသားတဲ့ တော်လှန်ရေးအဖွဲ့ မြန်မာသမိုင်းမှာ မရှိဘူးကွ..မှတ်ထား။ ဒီမိုကရေစီရေးကအပြင်တခြားဘာမှ မရှိဘူး။ မင်းတို့လိုကောင်မျိုးတွေနဲ့ စစ်ထောက်လှမ်းရေးတွေ အကြောက်လွန်ပြီ...ဝိုင်းဖျက်ဆီးကြတာ။

    ReplyDelete
  3. ကံကောင်းတဲ့ ခရစ်စမတ်နေ့ ဆိုလို့ ၀မ်းသာတယ် အမရေ... ဘုရားစင်ကလည်း ပန်းတွေနဲ့ အရမ်း သပ္ပာယ် ပါတယ်။

    ReplyDelete
  4. Merry Christmas!!! မငယ်နိုင်..

    ReplyDelete
  5. ပထဦးစွာ Merry Christmas and Happy New Year to you all. လို့ အားလုံးအတွက် ဆုတောင်းပါတယ်။

    Anonymous (December 26, 2011 3:38 AM) - အဲဒီအချိန်က တပ်ဖွဲ့ဝင်ဖြစ်ခဲ့သူ တဦးအနေနဲ့ကော အခုလက်ရှိအထိ နိုင်ရာနဲ့ ABSDF ကို အားပေးနေသူတယောက် အနေနဲ့ပါ သူများတင်ထားတဲ့ fb ကပို့စ်တွေမှာတော့ အကျိုးသင့်အကြောင်းသင့် ၀င်ဆွေးနွေးတာ ရှိပါတယ်။ ABSDF မှာ ကျွန်မဘ၀ရဲ့ ဖြတ်သန်းမှုတွေကိုပဲ အလျည်းသင့်သလို ရေးပါတယ်။ ကိုယ်တိုင် ဘာမှမသိတဲ့အကြောင်းအရာတခုကို အခုလောလောဆယ်မှာ ကျွန်မ ပို့စ်ရေးဖြစ်မှာ မဟုတ်သေးဘူး။

    Anonymous (December 26, 2011 4:21 AM) မီယာနဲ့ သိင်္ဂါကျော်ရေ Merry Christmas and Happy New Year ပါ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. အမငယ်
    ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့အတူ နှစ်သစ်ကူးနေ့လေးကို ဖြတ်သန်းနိုင်ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  7. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:49 AM

    ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့

    (၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

    (၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)

    (၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

    (၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

    (၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

    (၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

    (၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

    (၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

    (၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

    (၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

    ReplyDelete
  8. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:50 AM

    (၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

    သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

    (၂) ကိုချိုကြီး ( မန္တလေး)

    စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

    ReplyDelete
  9. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:51 AM

    (၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

    ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

    (၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

    ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

    ReplyDelete
  10. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:51 AM

    (၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

    သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

    (၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

    ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

    (၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

    ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

    ReplyDelete
  11. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:52 AM

    (၈) ကိုလှမြင့် ( တပ်ကုန်း)

    ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

    (၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

    ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

    (၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

    အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

    (၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

    အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

    (၁၂) ဗိုလ်သာဓု ( ရန်ကုန်)

    ခေါင်းဖြတ်သတ်ခံခဲ့ရ

    ReplyDelete
  12. အချင်းချင်းသတ် တဲ့ အောက်တန်းစား ABSDFDecember 27, 2011 at 3:53 AM

    ( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

    ခေါင်းဖြတ်သတ်ခံရသည်

    (၁၄) ရဲဘော်အေးမြင့် ( ကသာ)

    ခေါင်းဖြတ်သတ်ခံရသည်

    (၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

    ခေါင်းဖြတ်သတ်ခံခဲ့ရသည်

    (၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

    ခေါင်းဖြတ်သတ်ခံရ

    (၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

    ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

    ReplyDelete
  13. ကိုအောင်(ပျူနိုင်ငံ)December 27, 2011 at 5:27 AM

    မငယ်နိုင်တို့ တစ်မိသားစုလုံး အားလပ်ရက်မှာ ပျော်ရွှင်ပါစေ ...

    ReplyDelete
  14. အစ်မရေလာဖတ်သွားပါတယ်ခင်ဗျာ။ နှစ်သစ်မှာပျော်ရွှင်ပါစေခင်ဗျာ။

    ReplyDelete
  15. စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီး ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ ခေါင်းဖြတ် အသတ်ခံရသူ

    ကျောင်းသားခေါင်းဆောင်စစ်စစ် ထွန်းအောင်ကျော် (ဓါတ်ပုံ)


    အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့်

    ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

    သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။


    https://www.facebook.com/photo.php?fbid=142927169151838&set=a.142927165818505.27159.100003036666936&type=1&theater

    ReplyDelete
  16. ABSDF စစ်ကြောရေးမှာ နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ AB ရဲဘော် (၁၄) ဦး စာရင်းDecember 28, 2011 at 12:16 PM

    ၁၂-၂-၁၉၉၂ ရက်မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ကချင်ပြည်နယ်၊ ပါဂျောင်မှာ ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင် ABSDF စစ်ကြောရေးစခန်းမှာ သံချောင်း၊ အောင်နိုင်၊ မျိုးဝင်း၊ လှဆိုင် (လှဆောင်) အပါအဝင် AB စစ်ကြောရေးအဖွဲ့ဝင်များရဲ့ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက် ရှိပါသေးတယ်။

    မတရား ဖမ်းဆီးနှိပ်စက်ခံရတဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၈၀) ကျော်ထဲက စုစုပေါင်း (၂၉) ယောက် အသက်ဆုံးခဲ့ရတာပါ။

    ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့ -

    (၁) ရဲဘော် စိုးမင်းအောင်
    (၂) ဗဟိုကော်မတီဝင် ဦးစိန်
    (၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
    (၄) ရဲဘော် အေးကျော်
    (၅) ရဲဘော် ကျော်ဋ္ဌေး
    (၆) ရဲဘော်ကျော်ကျော်ဦး
    (၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
    (၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
    (၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
    (၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
    (၁၁) အောင်မင်း ( မန္တလေး)
    (၁၂) အရှည်ကြီး ဝင်းသိန်း
    (၁၃) ရဲဘော် စိုးကြီး
    (၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

    ReplyDelete
  17. ခေါင်းစဉ်ကို click လုပ်ပြီး ကိုထွန်းအောင်ကျော် (ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ) ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။


    Ko Ko Gyi - Who is he ?

    Khin Maung Htway - ကိုထွန်းအောင်ကျော် (ABမြောက်ပိုင်း) ကချင်နယ်မြေမှာ အသတ်ခံလိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ လူခြင်းတော့ မရင်းနှီးပါ သူအကြောင်းတွေ ကြားဘူးရင်း နဲ့ လေးစားမိသူတစ်ဦးပေါ့

    Maungmaung Skw - အိမ်မှာအမြဲလာတတ်တဲ့-အိမ်မှာဖိုးညီနဲ့အစည်းအဝေးတွေအမြဲလာလုပ်တတ်တဲ့သူ-----ဒေါက်တာသန်းအောင်နဲ့ဒေါက်တာရှီလာစန်းစန်းမြင့်တို့ရဲ့သား-ရော်နယ်အောင်နိုင် တို့အဖွဲ့ကဒေါက်တာနိုင်အောင်ရဲ့သဘောတူ ခွင့်ပြုချက်နဲ့ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်စစ်စစ် ထွန်းအောင်ကျော် လေ--------

    Maungmaung Skw - Sorry-ဒေါသတကြီးရေးလိုက်လို့ သဒ္ဒါမှားသွားတယ်-ဒေါက်တာတွေရဲ့သားလူသတ်သမား က ရော်နယ်အောင်နိုင်---

    Moe Sal - ခု..သတင်းတခု..ရထားပါတယ် မခင်မင်းဇော်ဆီကပါ ခု အေဘီမြောက်ပိုင်းကို ဦးစီးပြီးပြန်ဖွင့်တဲ့ လှဆောင် ဟာ..ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ဦးစီး လူသတ်သမားအဖွဲ့ကပါ။ ဟိုတလောက မြောက်ပိုင်းမှာ ဌါနချုပ်ပြန်ဖွင့်ခဲ့ပါတယ်။...

    ReplyDelete
  18. ABSDF ကချင်လူသတ်ပွဲ အပေါ် ပြည်သူ့အမြင်December 28, 2011 at 1:15 PM

    Recent comments @ Ko Maung Maung Wann's FB


    Nge Naing said...

    ကျွန်မ.. ကို Zaw Lin Htwe ပြောတာကို လုံးဝ လက်ခံပါတယ်။ အခုချိန်မှာ ဘယ်လိုဖြစ်သွားတယ် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်သူတွေ တရားခံဖြစ်တယ်၊ ဘာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး တရားခံတွေကို အရေးမယူခဲ့တာလဲ စတဲ့ အဖြစ်မှန်ကို သိလိုတာပဲ ရှိတယ်။ တာဝန်ရှိတဲ့သူတွေ၊ ပါဝင်ပတ်သက်သူ အသီးသီးရဲ့ အသံကို ကြားချင်တယ်။ အဖြစ်မှန်ကို သိပြီးရင် ဒါတွေဟာ မှားခဲ့တာကို မှားပါတယ်လို့ ၀န်ချတောင်းပန်ရမယ်။ နောက်နောင် ဘယ်သောအခါမှ ဒီလိုအဖြစ်ဆိုးမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာ အားလုံး အဖြေထုတ်ရမယ်။ အခုချိန်မှာသူတို့ညှင်းဆဲခဲ့တဲ့အတိုင်း ကျူးလွန်ခဲ့တဲ့သူ တယောက်ယောက်ကို ပြန်ညှင်းဆဲနေရတာကို တွေ့ရင်တောင် ကျွန်မဟာ ၀မ်းသာမှာ မဟုတ်သလို လက်ခံမှာလည်း မဟုတ်ဘူး။ အာဂါတဆိုတာ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိဘူး။ အမှုမှန်ပေါ်ပြီး အမှန်အတိုင်း ဘယ်သူဘာလဲဆိုတာ သဲသဲကွဲကွဲ သိရဖို့ကသာ အခုချိန်မှာ အရေးကြီးဆုံး ဖြစ်တယ်။ <ဒါလည်းပဲ အဲဒီ Status အောက်မှာ ကျွန်မ ရေးခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။)

    ReplyDelete
  19. ABSDF ကချင်လူသတ်ပွဲ အပေါ် ပြည်သူ့အမြင်December 28, 2011 at 1:18 PM

    Recent comments @ Ko Maung Maung Wann's FB


    Nyunt Shwe said...

    ဒီကိစ္စဟာ တောင်းပန်ရုံနဲ့ ပြီးသွားရမဲ့ကိစ္စမဟုတ်ဘူး။ တည်ဆဲဥပဒေအရ ကျကျနန စစ်ဆေးပြီး ထိုက်တန်တဲ့အပြစ် ပေးကိုပေးရမဲ့ကိစ္စဖြစ်တယ်။

    ဒါ့ကြောင့် ဘယ်လောက်ပဲသိသိ သိသူတွေက အမှန်အတိုင်းဖော်ထုတ်၊ အဲဒီ ကွင်း(ဂွင်း)ဆက်တွေကို ဆက်ယူပြီး အမှုတွဲလုပ်ဖို့လိုပါတယ်။

    အခု အထိတော့ တာဝန်ရှိသူတွေ ဘယ်သူလဲဆိုတာ အတိအကျစာရင်းနဲ့တန်းစီထားတာ မတွေ့သေးသလိုပဲ။

    သိသူတွေက အဖြစ်မှန်ကိုလဲ တင်ပြပါ၊ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာလဲ တန်းစီပြပါ။ အသတ်ခံရ အညှင်းဆဲခံရသူတွေကို ကိုအောင်မိုးဝင်း တန်းစီပြသလို တန်းစီပြပါ။

    အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  20. ကျွန်တော့်နာမည် အာယု ကို အတုလုပ်ပြီး အာယု (6 Jan 12, 03:09 PM) နာမည်နဲ့ ထေ့ငေါ့ သရော်ပြီး မငယ်နိုင်ကို ရေးသွားတာ ကျွန်တော် မဟုတ်ပါ။

    ReplyDelete
  21. Nge Naing said...
    (6 Jan 12, 06:07 PM)

    ဖျက်လိုက်ပြီ ကိုအာယု။ အဲဒီကောင်တွေတော်တော် အားနေပုံရတယ်။


    ဟုတ်ကဲ့ ... မငယ်နိုင်။

    ကျွန်တော့် နာမည် အာယု ကို အလွဲသုံးစား လုပ်ပြီး အကျိုးသင့်အကြောင်းသင့် မဖြစ်ဘဲ မငယ်နိုင်ကို အသားလွတ် တိုက်ခိုက်ထားတဲ့ ရုရှားက စစ်ဗိုလ်ရဲ့ မှတ်ချက်ကို ဖျက်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  22. စစ်ခွေးမုန်းသူJanuary 10, 2012 at 8:20 PM

    အေ၇းထဲမှာ အဲဒီစစ်ခွေးတွေကတမှောင့်
    မအား၇ာအနာပေါက်နေတဲ့ စစ်ခွေးတွေက တကယ်ကိုအာ၇ုံနောက်တယ်ကွာ
    ၇ု၇ှားမှာ ပြည်သူ့ငွေနဲ့ကျောင်းတက်နေပီး ပြည်သူတွေအတွက် အကျိုး၇ှိ၇ာ၇ှိကြောင်း အကျိုးပြုစာတွေ မေ၇းဘဲ အ၇ည်မ၇အဖတ်မ၇တွေ လိုက်ေ၇းတယ်
    စစ်ခေါင်းဆောင်တွေ ဖျင်းတာ၊ ယုတ်တာ၊ ၇က်စက်တာ၊ လူသတ်တာ၊ ခိုးပီး သန်းကြွယ်သူဌေးတွေ ဖြစ်နေတာတွေကို အ၇ှိကိုအ၇ှိအတိုင်း ပြောတဲ့ ပြည်သူတွေကို ၇န်သူလိုသဘောထားတယ်
    ပီးတော့ အထူးသဖြင့် အမျိုးသမီးပြည်သူ့ဘလော့ဂါတွေကို အောက်တန်းကျတဲ့နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာ ပြောမယုံကြုံဖူးမှသိ၇တော့တယ်
    မြို့စွန်သင်္ချိုင်းဘေးက ကျူးကျော်၇ပ်ကွက်ကေ၇မျောကမ်းတင်၊ အုတ်ကြားမြက်ပေါက်၊ ကလေကချေ၊ ပေါက်လွတ်ပဲစား တွေ အတိုင်းပဲ
    ဒါနဲ့များ နိုင်ငံတော်ပညာတော်သင်တဲ့ကွာ
    ဒီလိုကလေကဝကောင်တွေကို ပညာတော်သင်လွှတ်ထားတော့ တိုင်းပြည်နာတာပေါ့

    ReplyDelete
  23. ခေါင်းစဉ်ကို နှိပ်ပြီး ကိုထွန်းအောင်ကျော် ကျောင်းသားတပ်မတော်မှာ တာဝန် ထမ်းဆောင်စဉ်ကာလမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၆ ပုံ ကို ကြည့်နိုင်ပါတယ်။

    ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ဟာ ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ ခေါင်းဖြတ် အသတ်ခံရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော် ရဲဘော် ၁၅ ဦးထဲက တဦး ဖြစ်ပါတယ်။

    အောင်နိုင် (ရော်နယ်အောင်နိုင်)၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) တို့ ABSDF (မြောက်ပိုင်း) အာဏာရူး အုပ်စုက စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီးမှ ခေါင်းဖြတ် အသတ်ခံရတာပါ။

    အဲဒီလို တရားဝင် ကြေညာပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသား ၁၅ ဦး အပြင် မင်းမဲ့စရိုက်နဲ့ နှိပ်စက်ရင်း အသက်ဆုံးသွားရသူတွေ နဲ့ တရားဝင် မကြေညာဘဲ အသတ်ခံခဲ့ရသူတွေပါ ပေါင်းလိုက်ရင် အဲဒီတုန်းက ကျောင်းသား ၁၀ဝ လောက် အဖမ်းခံပြီး လူမဆန်အောင် နှိပ်စက်ခံခဲ့ရတဲ့ အထဲက ၃၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။

    ReplyDelete
  24. "ထွန်းအောင်ကျော်ဟာ တို့လူ.... ထွန်းအောင်ကျော်ဟာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အစစ်"January 17, 2012 at 1:32 AM

    ကိုမောင်မောင်ဝမ်း ပြောထားတာပါ....

    ၁၅-၁-၂၀၁၂

    မနေ့က သူငယ်ချင်း ပန်းချီထိန်လင်း က ဖုန်းဆက် ပြောလာတယ်... အရေးကြီးတဲ့ အချက်ပါ....

    ကိုပေါ် ( မင်းကိုနိုင် ) ထောင်ထဲ မ၀င်ခင် .. ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကို ရှင်းရမယ်... "ထွန်းအောင်ကျော်ဟာ တို့လူ.... ထွန်းအောင်ကျော်ဟာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အစစ်" ... လို့ ပြောတယ်တဲ့....

    ခု ကျနော်တို့ ရဲဘော်ကြီးတွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့ လွတ်လာပြီ... အေဘီ မြောက်ပိုင်း ကိစ္စကို ရှင်းမယ်..... ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော် ဟာ သူလျှို ဟုတ်လား.. မဟုတ်လား ဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က သက်သေခံလိမ့်မယ်။

    လူထုက တခဲနက် ထောက်ခံနေတဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က "ထွန်းအောင်ကျော်ဟာ သူလျှို မဟုတ်ပါဘူး... ကျောင်းသားခေါင်းဆောင်အစစ်ပါ" လို့ သက်သေခံတာကို ငြင်းပယ်ပြီး... အေဘီ မြောက်ပိုင်း မင်းမဲ့စရိုက်နဲ့ နှိပ်စက်သတ်ဖြတ်ပွဲ အတွက် တာဝန်ရှိသူတွေက "ထွန်းအောင်ကျော်ဟာ သူလျှိုပါ" လို့ ဆက် သတ်မှတ်ချင်သေးရင်... ကိုယ့်လူတို့... လူထုနဲ့ ဝေးရာဆီကိုသာ လျှောက်ကြပေတော့.....

    ReplyDelete
  25. >
    အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။

    ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။

    အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။

    "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

    အောင်အောင်ဦး
    ခင်ရတနာ (facebook) မှ

    (Credit - Kanyawpo)

    ReplyDelete
  26. အကြံပေးFebruary 10, 2012 at 12:57 PM

    အစ်မကြီး ငယ်နိုင် ခင်ဗျား...

    အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



    အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

    စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

    လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



    ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

    ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

    တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

    ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

    အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

    အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

    ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။