Anonymous said...အသက်ရော သွေးရော ရင်းခဲ့ ကြချင်း အတူတူ ကိုဖုန်းမော် နာမည်ဘာကြောင့် ကျန်ခဲ့ တာလဲ သိချင်တယ် အကြောင်းတော့ ရှိမှာပေါ့  သူ့ လိုပဲ အသက်စတေး ခဲ့ ရတဲ့  ကျောင်းသားတွေအများကြီးပဲလေ မသိလို့ မေးတာပါ။
မမှီခဲ့ လို့ ပါ။
ငမူး-
Nge Naing said...
ငမူး ပြောတာ မှန်တယ်။ အသက်ပေးတာချင်း တူပါတယ် အားလုံးဟာ အာဇာနည်တွေ ဖြစ်တယ်။ ဒါပေမဲ့ မတူတဲ့အချက်က ကိုဖုန်းမော်အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်နဲ့ တခြားသူတွေ အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်က ကွာပါတယ်။ သူအသက်မပေးခင်က မဆလ အစိုးရ ၂၆ နှစ်တာ အုပ်ချုပ်လာတဲ့ ကာလတလျှောက်မှာ ဦးသန့် အရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးခင်းတွေ ပေါ်ပေါက်ခဲ့ပေမဲ့ အဲဒီရဲ့အကျိုးအဆက်အနေနဲ့ အာဏာရှင်တွေကို တုန်လှုပ်စေတဲ့အဆင့်ထိ မကိုင်လှုပ်နိုင်ခဲ့ဘူး။ မိမိဆန္ဒကို မိမိဖေါ်ထုတ်ပြမှုသာ ရှိခဲ့ပါတယ်။ ကိုဖုန်းမော် ကျဆုံးခြင်းဟာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို အစပျိုးပေးခဲ့ပါတယ်။ ကျောင်းသား ပြည်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ် အာဏာရှင်တွေဟာ လုံးဝမမတရားဘူးဆိုတဲ့ အသိနဲ့ တော်လှန်ရေး အသိစိတ်ဓါတ်တွေကို ကိုဖုန်းမော်ရဲ့ အသက်နဲ့ ရင်းပြီးမှ ကျန်တဲ့သူတွေမှာ ပိုမိုပြင်းပြစေခဲ့ပါတယ်။ ကိုဖုန်းမော် အသက်ပေးလိုက်ခြင်းဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စတင်မွေးဖွားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ၈၈ လူထုအုံကြွမှုကြီးကြောင့် တပါတီ အာဏာရှင်စနစ် ပြုတ်ကျခဲ့ပါတယ်။ သူကျဆုံးခြင်းနှင့်အတူ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့ခွင့်အရေး ရှိမှဖြစ်မယ်ဆိုတဲ့ အသိကို မြို့ပေါ်ရှိ ပညာတတ် ကျောင်းသားတွေမှာတင်မကဘဲ တနိုင်ငံလုံး အတိုင်းအတာအထိ ပြည်သူလူထုဆီ ပြန့်နှံအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ ကိုဖုန်းမော် အသက်နဲ့ ရင်းပြီးရလာတဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီလောက်ဆိုရင် ကိုဖုန်းမော် နာမည်က တခြားအသက်ပေးသွားသူတွေ နာမည်ထက် ဘာကြောင့် ပိုပြီးထင်ရှားနေတယ်၊ လူတွေက ဘာကြောင့် ဒီလောက် ဂုဏ်ပြုနေတယ်ဆိုတာ ငမူး ရှင်းလောက်ပြီထင်တယ်။
နီးစပ်ရာပို့စ်များ (၁) ဖုံးကွယ်၍ မရသော သမိုင်းစာမျက်နှာများ
(၂) ၈၈ မတ်လရာဇ၀င်နဲ့ အင်းလျား
ကိုဖုန်းမော်နဲ့တကွ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် အသက်ပေးသွားသူများအားလုံး ကောင်းရာသုဂတိလားကြပါစေ။
အခုလိုရှင်းပြပေးတဲ့ အတွက်ကျေးဇူး တင်ပါတယ် အစ်မ
ReplyDeleteကိုဖုန်းမော်နာမည်က ကျွန်တော်ကြားဖူးနေတာကြာပြီ ဘယ်တုန်းကစကြားဖူးလဲ ဆိုတာတောင်မမှတ်မိတော့ ဘူး
အခုမှသူ့ အကြောင်းနည်းနည်းသိလာတာ ပြည့်ပြည့်စုံစုံ တော့ မသိသေးဘူး :) အမဆုတောင်းပေးသလိုပါပဲ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားကြ
တဲ့ သူများအားလုံး ကောင်းရာသုဂတိလားပါစေလို့ ။
ခုလက်ရှိပုံစံအမျိုးမျိုးနဲ့  ဒီမိုကရေစီရဖို့  ကြိုးစားနေသူ
တွေကိုလည်းလေးစားပါတယ် အားလည်းပေးနေပါတယ်
ဘာလို့ လဲဆိုတော့ ကျနော်ကိုယ်တိုင် ကဘာမှမလုပ်နိုင်လို့ ပဲ
ကျနော်တတ်နိုင်တာလေး တခုကအခုလိုဘလော့ 
တွေမှာကွန်မန့် ဝင်ပေးတာတို့  C box မှာဝင်ရေး
တာတို့ ပေါ့ ။ အစ်မမှတ်မိမှာပေါ့  ခြင်္သေ့ နဲ့ ဆိုရင်
အမြဲတမ်းအတိုက်အခံငြင်း နေကြတာ အခုဒီကောင်
လည်းဘယ်ပျောက်သွားလဲမသိဘူး။ simple view
ဘလော့ တုန်းကဆိုပိုဆိုးတာပေါ့  လူငယ်မိန်းကလေး
တယောက်ဖြစ်မယ်ဆိုပြီးတော့  သူဘက်ကနေအတိုက်
အခံအနေနဲ့  တော်တော်လေးဝင်ရေးဖြစ်တယ်
သူလည်းအပြောင်းအလဲမြန်သွားရော ကျနော်လည်း
တော်တော်လေးမှတ်သွားတယ် ဟားဟား
ကျနောလည်းရေးရင်းနဲ့  အကြောင်းအရာတွေလွဲကုန်ပြီ။ ပျော်ရွှင်ပါစေ အစ်မရေ...
လေးစားလျှက်
ငမူး
အောက်တန်းစား ABSDF က ရက်ရက်စက်စက် သတ်တာချင်းအတူတူ ဘာကြောင့် ကိုထွန်းအောင်ကျော် နာမည်ပဲ ကျန်ခဲ့တာလဲ ဆိုတာလေးရေးပေးပါအုံး
ReplyDelete