Pages

NLD ကျမ်းသစ္စာဆိုခြင်းနဲ့ ပတ်သက်၍ ဒေါက်တာမြင့်ချိုရဲ့သဘောထား




"NLD ပါတီမှတ်ပုံမတင်တုန်းက မှတ်ပုံတင်လာအောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၄၀၅) မှာ ပါတဲ့အတိုင်းကို (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးခဲ့တာပဲဗျာ အဲသည်လို ပြင်ပေးနိုင်တယ်ဆိုရင် အခန်း (၄) ဥပဒေပြုရေး ပုတ်မ (၁၂၅) ဇယား (၄) မှာပါတဲ့ ကျမ်းကျိန်တဲ့စာသားကိုလည်း "လေးစားလိုက်နာပါ့မယ်" လို့ ပြင်ပေးနိုင်ရမှာပေါ့ဗျာ"


Burma Office Director ဒေါက်တာမြင့်ချိုနှင့် Terrell Aung (SBS) ရေဒီယိုတို့ တွေ့ဆုံးမေးမြန်းခန်း
၂၀၁၂ ခု နှစ် ဧကြီလ (၂၅) ရက်နေ့တွင် လွှင့်သွားသည်။

SBS    -   ဒေါက်တာမြင့်ချိုခင်ဗျား အခုလို ကျနော်တို့ SBS ရေဒီယိုနဲ့ စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျနော်ပထမဆုံး မေးချင်တာကတော့ မြန်မာပြည်မှာ ပါလီမန်ထဲမှာ NLD ပါတီအနေနဲ့ ၀င်ရောက်ဖို့အတွက် ကျမ်းကျိန်မှုနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ ဖြစ်နေတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုအနေနဲ့ ဘယ်လိုမြင်သလဲ။

ဒေါက်တာမြင့် ချို  -  NLD ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ဂတိပြုခြင်းဆိုင်ရာ စာသားဖြစ်တဲ့ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ"  ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာ အစား "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးဖို့ တောင်းဆိုထားတဲ့ကိစ္စဟာ ဝေါဟာရကိစ္စလေးတခု မဟုတ်ဘဲ အယူအဆပိုင်းဆိုင်ရာ ကိစ္စရပ်လို့ပါ ကျနော်မြင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်သူလူထုရဲ့ အကျိုးအတွက် ရှေ့ရှုရေးဆွဲထားတဲ့အပြင် ပြည်သူလူထုကြီးကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတတဲ့ လူထုဆန္ဒခံယူပွဲတွေနဲ့ မဲပေးအတည်ပြုပေးခဲ့တာမို့လို့ သူတို့ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီဖွဲ့စည်ပုံ အခြေခံဥပဒေကို "ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်" လို့ ဂတိပြုကြတာ သဘာဝကျပါတယ်။ ဒါပေမမဲ့ မြန်မာနိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြည်သူလူထုရဲ့ အကျိုးကို မရှေ့ရှုတဲ့အပြင် အတုအယောင် လူထုဆန္ဒခံယူပွဲကြီး လုပ်ပြီးတော့ လူထုကို မတရားခြိမ်းချောက် မဲပေးခိုင်းတာရော၊ မဲလိမ်ပြီး တခဲနက်ထောက်ခံပါတယ်ဆိုပြီး အဓမ္မ အတည်ပြုခဲ့တာမို့ ဒါကြီးကို "ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်" လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ဂတိသစ္စာမပြုနိုင်တာ မှန်ကန်တယ်လို့ ကျနော် ယူဆပါတယ်။

SBS - အဲဒီတော့ အခုလောလောဆယ်ဆယ်မှာ ဖြစ်နေတာကတော့ ဒီသတင်းတွေမှာ ပါနေတာကတော့ ပါလီမန်ထဲံမှာ အများစုက ကြံ့ဖွတ်က ဖြစ်နေတယ်။ အဲဒီလိုပြောင်းလဲဖို့ဟာ 75% လိုတယ် ပြောပါတယ်။ အခုကြံ့ဖွံ့က ပြောနေတာကတော့ သူတို့လုံးဝကို ဒီပြောင်းလဲဖို့ကို စိတ်လည်းမ၀င်စားဘူး၊ ထောက်လည်မထောက်ခံဘူး ပြောတော့ တကယ်လို့ ဒီစားသားကို မပြောင်းလဲနိုင်ဘူးဆိုရင် NLD အနေနဲ့ ရှေ့ဆက်ပြီး ဘာလုပ်မယ်လို့ စိတ်ကူးတယ်လို့ ထင်ပါသလဲ။

ဒေါက်တာမြင့်ချို -  ပထမတချက်ပြောချင်တာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ တချို့ကိစ္စတွေဟာ သူတို့ပြောသလို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း (၂၀) ကျော်ကနေ အဆိုတင်မှ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရတာဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲသည်လိုပြောမယ်ဆိုရင် အရင်တုန်းက NLD ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပေါ့ဗျာ အဲဒီမှာ ပါတဲ့ပုဒ်မအရ ဆိုလို့ရှိရင် ပါတီတရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြဌာန်းထားတာဗျ။ ပါတီတရပ်အနေနဲ့ NLD က ဒီမတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာကို လက်မခံတဲ့အတွက်ကြောင့် ပါတီကို မှတ်ပုံလည်း မတင်ခဲ့ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ခဲ့ဘူး။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွှေ့ဆုံဆွေးနွေးပြီးတော့ သူတို့အနေနဲ့ ညှိနှိုင်းပြီးတော့ သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပြည်ထောင်စုလွှတ်တော်က အဲဒီစာသားအစား "လေးစားလိုက်နာပါမယ်" ဆိုတဲ့စာသားနဲ့ (၂၀၁၁) ခုနှစ် နိုဝင်ဘာလမှာ အစားထိုး ပြင်ဆင်ပေးခဲ့တယ်ဗျာ။ အဲဒီလို ပြင်ဆင်ခဲ့တာကြောင့်လည်း NLD ဟာ ရွေးကောက်ပွဲကို ၀င်ဖို့အတွက်လည်း မှတ်မပုံတင်ခဲ့တယ်၊ ရွေးကောက်ပွဲလည်း ၀င်ခဲ့တယ်၊ တကယ်လည်း (ကြားဖြတ်) ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဗျာ။ အဲသည်လို ပြင်လို့ရတဲ့ အနေအထားတခုကို  ဒီတခေါက်ကျတော့ သမ္မတ ဦးသိန်းစိန်က သူကိုယ်တိုင် ပြည်ထောင်စု လွှတ်တော်ကို မေတ္တာရပ်ခံတာ မလုပ်တော့ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို လွှဲပေးလိုက်တယ်။ လွှဲပေးလိုက်တော့ အဲဒီ ခုံရုံးက ဒါဟာ အကျုံးမ၀င်ပါဘူးဆိုပြီးတော့ ပြောချလိုက်တယ်။ ထို့အပြင် လွှတ်တော် (၂) ရပ်လုံးမှာ ရှိနေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော ကြံ့ဖွံ့ပါတီက ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့ ဦးဌေးဦးတို့ရော ဒါကြီးဟာ ပြင်စရာမလိုပါဘူး ဆိုပြီးတော့ တင်းခံနေကြတယ်ဗျာ။ အဲဒီလိုသာ သွားမယ်ဆိုရင်တော့ NLD ကလည်း ဂတိသစ္စာပြုတဲ့ကိစ္စကြီးကို မလုပ်နိုင်ဘူး။ ပြင်ဖို့ဆက်ပြီးတောင်းဆိုထားတယ်။ အလားတူပဲ ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အများစုက မပြင်ပေးနိုင်ဘူးလို့ ပြောနေကြတယ်ဆိုရင်တော့ ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ ဒီလွှတ်တော်ကြီးဟာ တတိယအကြိမ် ကျင်းပနေတဲ့ ကိစ္စဟာ ဒီလိုပဲ ပြီးသွားမယ်လို့ ထင်ရတယ်။ ဒါဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ သောင်မတင်ရေမကျဘ၀ကို ပြန်ရောက်မယ်လို့ပဲ ကျနော်မြင်တယ်။

SBS - အဲဒီကျနော်ဖတ်နေရတဲ့ သတင်းတချို့တွေမှာ ဖေါ်ပြထားတာက အခုလို NLD က လုပ်လိုက်ခြင်းအားဖြင့် ပါလီမန်ထဲမှာရှိတဲ့ Hard liners တွေ (သဘောထားတင်းမာသူတွေ) ကို ပိုပြီးတော့ မီးစထိုး အားပေးလိုက်သလို ဖြစ်တယ်လို့ သူတို့ဖေါ်ပြထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါက်တာမြင့်ချိုအနေနဲ့ ဘာပြောချင်ပါသလဲ။

ဒေါက်တာမြင့်ချို - အဲဒီအပိုင်းမှာတော့ နှစ်ခုတော့ ရှိတယ်ဗျ။ ပထမတခုက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ ပြည်သူလူထုကို သူတို့ ဂတိပေးထားတာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲကို သွားမယ်လို့ တင်ပြထားတာ ရှပါတယ်။ အဲဒီတော့ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့တော့လိုတယ်ဗျ။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတကာကနေ ခုနကျနော်ပြောသလို ပြင်လို့ရအောင်ဆိုပြီး နိုင်ငံတော်တော်များများမှာလည်း "ကာကွယ်စောင့်ရှောက်ပါမယ်" လို့ ကျမ်းသစ္စာ မဆိုဘူးဗျ။ "လိုက်နာကျင့်သုံးမယ်" သို့မဟုတ် "လေးစားလိုက်နာပါ့မယ်" (သို့မဟုတ်) "စောင့်ထိန်းပါ့မယ်" ဒီလိုမျိုးတွေ ကျမ်းသစ္စာ ကျိန်ဆိုတာမျိုးတွေလည်း ရှိတယ်ဗျ။ ဆိုတော့ ဒါတွေဟာ နိုင်ငံတကာကို မှီညှမ်းပြီးလုပ်တယ်ဆိုရင် ပျော့ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်လို့ ရတဲ့အနေအထားဖြစ်အောင် ပြင်ပေးလို့ ရပါတယ်။ အခု ပိုဆိုးသွားတာက ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေရော ကြံ့ဖွံ့အမတ်တွေရော ပြင်ချင်တဲ့ ဆန္ဒမရှိအပြင် လွှတ်တော်ပြန်ပြီးကျင်းတဲ့အခါမှာ တပ်မတော်ကိုယ်စားလှယ်တွေထဲကနေ တော်တော်များများဟာ အရင်က ဗိုလ်မှူးအဆင့်ကနေ အဲဒီလူတွေကို အနားပေးလိုက်ပြီးတော့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဒုဗိုလ်မှူးကြီးတွေကို အစားထိုးပြီးတော့ လွှတ်တော်ထဲ ပြန်ပို့လာတယ်။ အဲဒီလိုပို့လာတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ခက်ခဲအောင် ပိုပြီးတော့ ဟန့်တားနိုင်အောင် အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တွေကို ပို့လိုက်တယ်လို့ အဲဒီလိုသုံးသပ်နိုင်တယ်ဗျ။ ဒါဟာ ကျနော်တို့ အလားအလာ သိပ်မကောင်းဘူးလို့ မြင်ပါတယ်။

SBS - အစကတည်းက ဒီ Hard Liners တွေ ကြံ့ဖွံ့ပါတီထဲကရော၊ စစ်တပ်ကရွေးထားတဲ့ အမတ်တွေရော အစကတည်းက သူတို့ကိုကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကို ပါလီမန်ထဲကို ၀င်လာမှာကို သူတို့မလိုလားဘူး၊ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကနေပြီး Pressure (ဖိအား) ပေးလို့သာ သူတို့လက်ခံလိုက်သလို ဖြစ်နေတယ်လေ။ အဲဒီတော့ အခုလို NLD က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန် မတက်ဘူးဆိုတော့ သူတို့က ပိုပြီးတော့ သူတို့အနေနဲ့ ပိုသဘောမကျဘူးလား။

ဒေါက်တာမြင့်ချို - အဲဒီလိုတွေးရင်လည်း ရပါတယ်။ နောက်တဘက်က ပြန်ကြည့်ရင်လည်း ဒီကိစ္စဟာ အရင်တုန်းက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီစဉ်ထားတဲ့ကိစ္စပေါ်မှာ အခြေခံပြီးဖြစ်လာတာကိုး။ အဲဒီတော့ ဦးသန်းရွှေကတော့ သူ့အာဏာကို နေရာ ၄ နေရာခွဲပေးခဲ့တယ်။ အစိုးရမှာရယ်၊ လွှတ်တော်နေရာမှာရယ်၊ ပါတီနေရာမှာရယ် တပ်မတော်နေရာမှာရယ် အခုဟာ အစိုးရခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့က ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ကိစ္စမျိုးတွေကို များများ လုပ်ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ်ပြလာတဲ့အပေါ်မှာ ပြောင်းလဲမှုကို ဦးတည်တယ်လို့ တကမ္ဘာလုံးက လုံးဝထင်တယ်။ အဲဒီအပေါ်မှာ (နိုင်ငံတကာ) က အလျှော့ပေးမှုတွေ လိုက်လျောမှုတွေ အများကြီးလုပ်လာတာကို တွေှ့ရပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်က ခေါင်းဆောင်တွေက ဒီအပေါ်မှာ ပြန်ပြီးတော့ ရှေ့မတိုးနိုင်အောင် ဟန့်တားချင်တဲ့ သဘောမျိုးရှိတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဖြစ်လို့လည်းပဲ NLD ပါတီမှတ်ပုံမတင်တုန်းက မှတ်ပုံတင်လာအောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၄၀၅) မှာ ပါတဲ့အတိုင်းကို (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးခဲ့တာပဲဗျာ အဲသည်လို ပြင်ပေးနိုင်တယ်ဆိုရင် အခန်း (၄) ဥပဒေပြုရေး ပုတ်မ (၁၂၅) ဇယား (၄) မှာပါတဲ့ ကျမ်းကျိန်တဲ့စာသားကိုလည်း "လေးစားလိုက်နာပါ့မယ်" လို့ ပြင်ပေးနိုင်ရမှာပေါ့ဗျာ။ အဲဒီတော့ ရှေ့နဲ့နောက် အဆီအငေါ်တည့်ပြီးတော့ ပြင်ပေးမှပဲ အဆင်ပြေမှာပေါ့။ အခု မပြင်ပေးနိုင်ဘူးဆိုတာကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်တို့အပေါ်မှာရော လွှ့တ်တော်ခေါင်းဆောင်တွေ အပေါ်မှာရော ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်ခေါင်းဆောင်တွေက ဖိအားတွေ များလာပြီး သတိပေးမှုတွေ များလာပြီး ရှေ့တိုးလို့မရအောင် လုပ်လာပြီးလို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

SBS - ဟို အမေရိကန် State Department က သတင်းစာ ရှင်းလင်းစာရှင်းလင်းပွဲမှာ  ပြောတာကတော့ သူတို့အနေနဲ့ ၀င်မပါဘူး။ အားလုံး ပြေပြေလည်လည် ညှိနှိုင်းကြဖို့ပဲ သူတို့ပြောထားတယ်ဆိုတော့ ဒါအမေရိကန်အနေနဲ့ရော ဒီကိစ္စမှာ နှစ်ဘက်စလုံးဘက်က မပါဘဲနဲ့ သူတို့ဘေးက ထိုင်ကြည့်မည့်သဘောမျိုးလို ဖြစ်နေတယ်လို့ ထင်ပါသလား။

ဒေါက်တာမြင့်ချို - ကျနော့်အမြင်က အမေရိကန်အစိုးအရ အပါအ၀င် ဒီမိုကရေစီနိုင်ငံတွေကနေ သူတို့အနေနဲ့ ဖိအားပေးတာတို့ ညှိနှိုင်းပေးတာတို့ တိုက်တွန်းတယ်ဆိုတာက လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရက ပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ထဲမှာ ရှိတဲ့ခေါင်းဆောင်တွေကို သူတို့လုပ်လို့ရပါတယ်။ လုပ်လို့ရလို့လည်းပဲ အခုအများကြီးပဲ ရှေ့ကိုတိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာတယ်။ ဒါကြောင့်လည်း အပေးအယူအဖြစ်နဲ့ပေါ့ဗျာ ပိတ်ဆိုဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးတယ်၊ အကူအညီတွေ အများကြီးပေးတယ်၊ အသိအမှတ်ပြုမှုတွေ အများကြီး လုပ်လာတယ်။ သို့သော် ဒီနိုင်ငံတွေအနေနဲ့ တဘက်ကပြန်ကြည့်ရင် လက်ရှိမြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ဆွဲဆောင်မှုမလုပ်နိုင်ပါဘူး၊ တွန်းအားလည်း မပေးနိုင်ဘူး၊ ဖိအားလည်းပေးနိုင်တာကို သိပ်မတွေ့ရဘူး။ အလားတူ ကြံ့ဖွံ့ပါတီကိုလည်း အဲဒီလို ဖိအားတွေ ဆွဲအားတွေ တွန်းအားတွေ ပေးနိုင်တာမျိုးတွေ သိပ်မတွေ့ရဘူး။ မတွေ့ရတော့ တဘက်ကပြန်ကြည့်ရင် သူတို့ သြဇာမသက်ရောက်တဲ့ ဗမာ့တပ်မတော်နဲ့ ကြံ့ဖွံ့ပါတီကို အဓိကထားပြီးတာ့ နည်းပေါင်းစုံနဲ့ သူတို့တွန်းအားပေးတာမျိုးတွေ ဖိအားပေးတာမျိုးတွေ ဆွဲဆောင်မှုတွေ လုပ်ဖို့တော့လိုတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာရဲ့ အဓိက လုပ်ဆောင်ရမည့်ကိစ္စတခုက ဘာလဲဆိုတော့ ပြည်တွင်းအင်အားစုတွေနဲ့ ပေါင်းပြီးတော့ ဦးသိန်းစိန်တို့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးတော့ ကနေ့ ဗမာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေကို ဆွဲအားတွေ၊ ဖိအားတွေ စသည်ဖြင့်ပေါ့ဗျာ နည်းပေါင်းစုံနဲ့ ပေးဖို့လိုအပ်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။

SBS - နောက်တခုက တကယ်လို့သာ NLD ပါတီက ဒီလိုပြဿနာတွေကိုပေါ့ နှစ်ဘက်က မဖြေရှင်းနိုင်လို့ NLD ပါတီက ပါလီမန်ကို မသွားဘူးဆိုလို့ရှိရင် သူတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ နယ်မြေက ပြည်သူလူထုအနေနဲ့ရော သူတို့ကို ဘယ်လိုမြင်မယ်လို့ ထင်ပါသလဲ။

ဒေါက်တာမြင့်ချို - NLD အနေနဲ့ကတော့ အခုဒီလွှတ်တော်ကို သပိတ်မှောက်တယ်လို့လည်း မဟုတ်ဘူး၊ မသွားဘူးပြောတာလည်း မဟုတ်ဘူး၊ သွားနိုင်ဖို့အတွက် ပြင်ဆင်စောင့်ကြည့်နေတယ်လို့ သူတို့ အဲဒီလိုပြောထားကို ကျနော်ကြားရပါတယ်။ အဲဒီတော့ တဘက်ကနေ အဲသည်လိုး စောင့်နေတဲ့အချိန်မှာလည်း ဦးသိန်းစိန်တို့က ပြင်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေတုန်းပါပဲ။ လူထုလည်း အလားတူပါပဲ လူထုကနေ ဒီအပေါ်မှာ NLD ကို ဘယ်လုအကြံဥာဏ်တွေ ပေးပြီးတော့ ဘယ်လိုတုန့်ပြန်နိုင်မလဲ ဆိုတဲ့ကိစ္စဟာလည်း ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ အခုဆိုရင် လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါတီဖြစ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူထုရဲ့စကားကို သူတို့နားထောင်ရပါလိမ့်မယ်။ သူတို့လေးစားရပါလိမ့်မယ်၊ အဲဒီတော့ လူထုက လွှတ်တော်ထဲကို သွားစေချင်တယ်ဆိုရင်တော့ လူထုဆန္ဒကို လုက်လျောပြီးတော့ သူတို့သွားဖို့တော့ လိုအပ်ပါတယ်။ အဲဒီတော့ လူထုဆန္ဒဟာ ဘာလဲဆိုတောကို သူတို့အရင်ဦးဆုံး သေသေချာချာ ဆန်းစစ်လေ့လာပြီးတော့ သေသေချာချာ နားထောင်ဖို့ လိုအပ်ပါတယ်ခင်ဗျ။

SBS  - ဟုတ်ကဲ့ ဒေါက်တာမြင့်ချို ကျေးဇူးအများကြီး တင်ပါတယ်။
ဒေါက်တာမြင့်ချို  - ဟုတ်ကဲ့ ခင်ဗျ။


ကျွန်မသဘောထားနဲ့ တထပ်တည်းကျလို့  ဒေါက်တာမြင့်ချိုရဲ့ လက်ရေးမူကို ဇော်ဂျီနဲ့ တကူးတက ပြန်ရိုက်ပြီး ပြန်ဖေါ်ပြလိုက်ပါတယ်။

53 comments:

  1. We must support NLD and Daw Aung San Suu Kyi. People of Myanmar must oppose those cunning military hard liners who want to have their authorities and to press our people. Make greater involvement of people power like Myitsone Dam project. Bloggers internationally must initiate the movement of people power in Myanmar to oppose those cunning oath of constitution for members of parliament.

    ReplyDelete
  2. Thank you for sharing this.

    ReplyDelete
  3. .
    ဒီနေ့ ဦးအောင်သိန်းလင်း အင်တာဗျူး နားထောင်လိုက်ရတော့..
    စိုးရိမ်မိတဲ့ တချက်က. (လူငယ်မျိုးဆက်သစ်တွေအနေနဲ့.. "အော် ... နိုင်ငံရေး ဆိုတာ ဒီလို ဗြောင်လိမ်ရတာပါလား" လို့ စွဲသွားရင် ဘယ်လို လုပ်ကြမလဲ။)...


    ဒါပေမဲ့.. ဒေါ်အောင်ဆန်းစုကြည်လို... "ကတိကို မဖြစ်နိုင်တာ မပေးဘူး.. မလုပ်နိုင်ပဲနဲ့ သစ္စာ မဆိုနိုင်ဘူး.."
    ဒီလို တည်ကြည်တဲ့သူ ရှိနေပြန်တော့..
    ("အတုယူစရာ ရှိနေပါသေးတယ်လေ" ဆို စိတ်အေးမိပါတယ်။)

    Maung Maung Wann

    (Credit - ကိုမောင်မောင်ဝမ်း)

    ReplyDelete
  4. ဗိုလ်သန်းရွှေ နှင့် သူ့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးထားသည့် "နာဂစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ" ကို "ကာကွယ်စောင့်ရှောက်" ရန် မလိုပါ၊ "လေးစားလိုက်နာပါမည်" ဆိုတာတောင် လွန်နေပါပြီApril 27, 2012 at 4:49 PM

    .
    ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက် (ဗိုလ်သန်းရွှေ) က "ဗိုလ်သန်းရွှေနဲ့ သူ့အသိုင်းအဝိုင်း ကျူးလွန်ထားတဲ့ အပြစ်တွေကို တရားစွဲဆိုခြင်း မပြုနိုင်ရန်" စိတ်တိုင်းကျ ရေးဆွဲခိုင်းပြီး ခြိမ်းခြောက် ဖိအားပေးခြင်း၊ မဲခိုးခြင်း၊ မဲလိမ်ခြင်း အစရှိသည့် တရားမဝင်သည့် မသမာနည်းမျိုးစုံနှင့် အတင်း အဓမ္မ မတရားသဖြင့် အတည်ပြု ပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေဥပဒေ ဖြစ်ပါသည်။

    ထိုကြောင့် ထို ဖွဲ့စည်းပုံအခြေခံဥပဒေ ("ဗိုလ်သန်းရွှေ နှင့် သူ့အသိုင်းအဝိုင်း ကျူးလွန်ထားတဲ့ အပြစ်တွေကို တရားစွဲဆိုခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ပေးထားသည့် အခြေခံဥပဒေ") ကို "ကာကွယ်စောင့်ရှောက်" ရန် မလိုပါ၊

    "လေးစားလိုက်နာပါမည်" ဆိုတာတောင် အမှန်တကယ်မှာဆို လွန်နေပါပြီ။ "ကာကွယ်စောင့်ရှောက်" ရမှာက နိုင်ငံနဲ့ လူမျိုးကိုပါ။

    ဒါကြောင့် ကြံခိုင်ရေးပါတီကို ဒီနေရာက တိုက်တွန်းလိုတာက အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာပြီး မြင်ပေးစေလိုပါသည်။

    ကိုဗလိုင်
    (facebook)

    ReplyDelete
  5. .
    by Ko Baloi

    April 25, 2012


    ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေဟာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲ အတည်ပြု ပြဌာန်းထားတာ မဟုတ်ဘူး ဆိုတာ ပြည်သူအများ သိပြီးဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံကို ဗိုလ်သန်းရွှေက အချိန်များစွာ ယူပြီး သူ့စိတ်ကြိုက်ရေးဆွဲခိုင်းကာ အတည်ပြု ပြဌာန်းထားသော နာဂစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ ဒီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ "ဗိုလ်သန်းရွှေနဲ့ သူ့အသိုင်းအဝိုင်း ကျူးလွန်ထားတဲ့ အပြစ်တွေကို တရားစွဲဆိုခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ထားတဲ့ အခြေခံဥပဒေ" ဆိုရင်လည်း မမှားပါဘူး။

    ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်သား တစ်မတ်သားက ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်စရာ မလိုပဲ အော်တိုမက်တစ် လွှတ်တော်မှာ နေရာ ရယူထားကာ "အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က အဓိက အခန်းကဏ္ဍကနေ ပါဝင် ပတ်သက်သွားမယ်" ဟု ဆိုကာ "အချိန်အခါမရွေး စစ်တပ်က အာဏာပြန်သိမ်းလို့ ရ" သည့်အတွက် ကာကွယ်ရေးဝန်ကြီးနေရာမှာ အရပ်သားကို မခန့်အပ်ထားပဲ စစ်တပ်က တိုက်ရိုက် ချုပ်ကိုင်ထားပါတယ်။

    ReplyDelete
  6. .
    ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တချို့ ဒီမိုကရေစီအင်အားစုတွေက "လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်မယ်" လို့ ယုံကြည် ယူဆထားကြတဲ့သူတွေဟာ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲကနေ ပြင်ဆင်ဖို့ ကြိုးပမ်းကြမယ့် သူတွေရှိသလို တချို့ ဒီမိုကရေစီအင်အားစုများကလည်း "လူထုအင်အားနဲ့ ပြင်ဆင်ကြိုးပမ်းချင်ကြတဲ့ သူတွေ" လည်း ရှိနေပါတယ်။

    ဖွဲ့စည်းပုံကို ပြင်ဆင်ချင်ကြတဲ့ အဓိက ရည်ရွယ်ချက် တူညီသော်လည်း ပြင်ဆင်ဖို့အတွက် တိုက်ပွဲသဏ္ဌာန်က ကွဲလွဲနေပါတယ်။ ဒါကလည်း နှစ်ရှည် အပြောင်းအလဲကို မလုပ်နိုင်ခဲ့တဲ့ ရလဒ်ကြောင့် တိုက်ပွဲသဏ္ဌာန် ပြောင်းလဲသွားရခြင်း ဖြစ်ပါတယ်။

    ဒါပေမယ့် ကျနော်တို့တတွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရမယ့် အဓိက မူလရည်ရွယ်ချက် ကတော့ တူညီနေကြပါတယ်။ ဒါဆို ကျနော်တို့တတွေ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတိုက်ခိုက်ကြပဲ မိမိ ယုံကြည်ရာလမ်းကြောင်းကို ဒီမိုကရေစီကျင့်စဉ် နဲ့အညီ လျှောက်လှမ်းကြရပါလိမ့်မယ်။

    တူညီတဲ့ လူတွေနဲ့ မိမိ ဖြစ်ချင်တဲ့ လမ်းကြောင်းကို မိမိ အကောင်အထည်ဖော် လုပ်ဆောင်သွားတဲ့နေရာမှာ ရည်ရွယ်ချက် တူပေမယ့် ကွဲပြားတဲ့ တိုက်ပွဲသဏ္ဌာန် အပေါ်မှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေသာ လုပ်သင့်ပြီး အပျက်သဘောနဲ့ ဝေဖန်ဆွေးနွေးမှုတွေ မဖြစ်ပေါ်လာဖို့ကို သတိချပ်ကြဖို့လည်း အရေးကြီးပါတယ်။

    ReplyDelete
  7. .
    "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့ ရမယ်" လို့ ယုံကြည် ယူဆထားကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ရွေးကောက်ခံပြီး လွှတ်တော်ထဲ ဝင်ရပါလိမ့်မယ်။

    လွှတ်တော်စည်းဝိုင်းထဲ မဝင်ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ မရပါဘူး။ ဘာကြောင့်လို့လဲ ဆိုရင် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ရာ ၂၀ ရာခိုင်နှုန်းသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကို အရင် ရယူရပါလိမ့်မယ်" လို့ ကျမ်းကျိန် ကတိသစ္စာဆိုရာမှာ ပြဌာန်းထားတဲ့ ဥပဒေပုဒ်မ ၁၂၅ က ပြဌာန်းထားလို့ပါပဲ။ နောက်ပြီး "ပြည်ထောင်စုလွှတ်တော်က ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရရှိမှသာလျှင် ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့် ရှိတယ်" လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံအမတ်တွေက လွှတ်တော်ထဲ သွားရပါ့မယ်။

    တကယ်တော့ လွှတ်တော်အတွင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာ အချိန်တခုကို ရယူပြီး ကိုယ့်အင်အားကို လွှတ်တော်အတွင်းမှာ အရင် တည်ဆောက် ရယူရပါ့မယ်။ အဲဒီ အင်အားတွေ ရယူဖို့ အခက်ခဲတွေကြားကပဲ ဝိုင်းဝန်း ကြိုးပမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲဖို့ လုပ်ဆောင်သွားရပါလိမ့်မယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးမီ စပ်ကြားမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လုပ်ကိုင်သွားရင်း တူညီတဲ့ လုပ်ငန်းစဉ်တွေကို ပထမဦးစားပေးအဆင့်အနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်သွားကာ မတူညီတဲ့ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းစဉ်တွေကိုလည်း သဘောထားကြီးကြီးနဲ့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်သွားဖို့ လိုပါတယ်။

    ReplyDelete
  8. .
    "၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့ မရနိုင်ဘူး" လို့ ခံယူထားကြတဲ့ ဒီမိုကရေစီအင်အားစုအနေနဲ့လည်း လူထုအင်အားတစ်ရပ်ကို တည်ဆောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအင်အားနဲ့ ပြင်ဆင်ဖို့ ကြိုးပမ်း လုပ်ဆောင် သွားရပါ့မယ်။

    လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်း ကျနော်တို့တတွေ ဟန်ချက်ညီညီနဲ့ နိုင်ငံရေး ကစားသွားနိုင်ရင် ကျနော်တို့ ပြန်လည် ပြင်ဆင် ရေးဆွဲချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ကျနော်တို့တတွေရဲ့ ပေါင်းစည်းအားကြောင့် မလွဲမသွေ ပြန်လည် ပြင်ဆင် ရေးဆွဲ ပြဌာန်းသွားနိုင်လိမ့်မယ် ဆိုတာကို ယုံကြည်ရင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရေးနှင့် ပတ်သက်တဲ့ ကျနော့်အမြင်ကို ရေးသားလိုက်ပါတယ်။

    ကျနော် ဒီနေရာမှာ မှတ်ချက်တစ်ခုအနေနဲ့ ရေးသားလိုတာက ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက်က စိတ်တိုင်းကျ ရေးဆွဲခိုင်းပြီး မသမာနည်းမျိုးစုံနှင့် အတင်း အဓမ္မ မတရားသဖြင့် အတည်ပြု ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေဥပဒေ ဖြစ်တဲ့အတွက် ထို ဖွဲ့စည်းပုံအခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်" ရန် မလိုပါ၊

    "လေးစားလိုက်နာပါမည်" ဆိုတာတောင် အမှန်တကယ်မှာဆို လွန်နေပါပြီ။ "ကာကွယ်စောင့်ရှောက်" ရမှာက နိုင်ငံနဲ့ လူမျိုးကိုပါ။

    ဒါကြောင့် ကြံခိုင်ရေးပါတီကို ဒီနေရာက တိုက်တွန်းလိုတာက အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာပြီး မြင်ပေးစေလိုပါသည်။

    ကိုဗလိုင်

    (ကိုဗလိုင် Facebook မှ ကူးယူ ဖော်ပြပါသည်။)

    ReplyDelete
  9. ၂၀၀၈ ဖွဲ့စည်းပုံကို ဗိုလ်သန်းရွှေက အချိန်များစွာ ယူပြီး သူ့စိတ်ကြိုက်ရေးဆွဲခိုင်းကာ အတည်ပြု ပြဌာန်းထားသော နာဂစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ ဒီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ "ဗိုလ်သန်းရွှေနဲ့ သူ့အသိုင်းအဝိုင်း ကျူးလွန်ထားတဲ့ အပြစ်တွေကို တရားစွဲဆိုခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ထားတဲ့ အခြေခံဥပဒေ" ဆိုရင်လည်း မမှားပါဘူး။
    This is his outlet.Everbody know that what happened When U Nay Win"s outlet was block.Rightnow,if we destroy his outlet,we have to restart from zero.Read this and give me comments.
    http://www.hittai.net/index.php?show=rm&fileid=96&t=home6&id=6

    ReplyDelete
  10. အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က အဓိက အခန်းကဏ္ဍကနေ ပါဝင် ပတ်သက်သွားမယ်" ဟု ဆိုကာ "အချိန်အခါမရွေး စစ်တပ်က အာဏာပြန်သိမ်းလို့ ရ" သည့်အတွက် ကာကွယ်ရေးဝန်ကြီးနေရာမှာ အရပ်သားကို မခန့်အပ်ထားပဲ စစ်တပ်က တိုက်ရိုက် ချုပ်ကိုင်ထားပါတယ်။
    Anyway,without this law, army can take power anytime.This law is not important.

    ReplyDelete
  11. Daw Su said The reason she join the election is to to change the ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်.That means if she get the power ,she will hang U Than Shwe.What happened when NLD say tried to put U Nay Win on court.We must lear this lession.
    U Than Shwe wrote this law to protect his life.

    ReplyDelete
  12. ဖြိုးဝေလင်းApril 28, 2012 at 12:49 AM

    ကဲဗျာ ဒီ ကျမ်းကျိန်စာသားပြင်ရေးကိစ္စ ကို Referendum လုပ်ပေးဘို့ လှုံ့ဆော်ကြစို့ဗျာ

    ReplyDelete
  13. အဲလောက်ထိတော့ လွယ်မယ်မထင်ဘူး NLD ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို နားမလည်ဘဲ ဝေဖန်နေတဲ့သူတွေက ရှိသေးတော့ သူတို့နားလည်အောင် NLD အနေနဲ့ အရင်ရှင်းပြဖို့ လိုလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကြီးကြီးကျယ်ကျယ် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့ ဆိုပြီး NO VOTE တွေဘာတွေ လုပ်ခဲ့ပြီး အခုတော့လည်း ၂၀၀၈ ဖွဲ့စည်းပုံကို သွားပြီးအသက်သွင်းဖို့ လွှတ်တော်ထဲ ၀င်ဖို့ ကြိုးစားနေကြတယ်၊ ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မျိုတယ်လို့ ပြောနေသူတွေဟာ အခုဒီကျမ်းသစ္စာကျိန်တဲ့ကိစ္စကိုကြည့်ပြီး NLD ဟာ မိမိတို့ထင်ခဲ့သလို 2008 အသက်သွင်းမည့်သူတွေ မဟုတ်ဘူးဆိုတာ သဘောပေါက်သင့်ပြီ။ ဒီလိုမဟုတ်ဘဲ NLD လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာကို တလွဲနားလည်မှုနဲ့ ထောက်ခံခဲ့ပြီး လွှတ်တော်အ၀င်ဝက အန္တရယ်ကို မြင်နိုင်စွမ်း မရှိဘဲ ကိုယ်လက်မခံနိုင်တာကြီးကို မုသားသစ္စာဆိုပြီး အတင်းဝင်ခိုင်းစေချင်နေသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို နားလည်အောင် သေသေချာချာ လေ့လာသင့်ပါတယ်။ မိမိသွားလိုတဲ့ နေရာတခုကို ၀င်တဲ့ တခုတည်းသော အ၀င်ဂိတ်ဝမှာ မှိုင်းထောင်ထားတာ သိရင် ဘယ်သူမဆို အဲဒီမှိုင်းကိုအရင်ရှင်းပြီးမှ သွားမယ်ဆိုတာ သေချာပါတယ်။ အခု မှိုင်းတွေလို့ ထောက်ပြတဲ့ NLD ကို အပြစ်တင်တာ သဘာဝမကျဘူး။ မှိုင်းထောင်ထားပြီး မရှင်းပေးဘဲ ကပ်ဖဲ့လုပ်နေသူတွေကိုသာ အပြစ်တင်ရမှာ ဖြစ်တယ်။ ဒီအခြေအနေကို သိလျှက်၊ နားလည်လျှက်နဲ့ ဆက်ပြီး အပြစ်တင်နေ့သူတွေဆိုရင်တော့ NLD ခြေပြတ်လက်ပြတ် ဖြစ်တာကို တော်တော်လေး ဖြစ်စေချင်နေသူတွေအဖြစ် နားလည်လိုက်တယ်။ မှိုင်းရဲ့အန္တရယ်ကို တကယ်ကို မသိနားမလည်လို့၊ သတိမထားမိလို့ ပြောနေတဲ့သူတွေဆိုရင်တော့ သစ္စာဆိုတယ်ဆိုတာ ပြီးပြီးရော ဆိုလို့မရဘူး၊ ကိုယ်လည်းမယုံကြည်တဲ့အပြင် လိုက်နာနိုင်မှာလည်း မဟုတ်တာကို တကမ္ဘာလုံးကြားအောင် ဟန်ဆောင်လိမ်ညာသစ္စာဆိုတာ ပြည်သူလူထုကြီးတရပ်လုံးနဲ့ တကမ္ဘာလုံးကို ဗြောင်လိမ်ဗြောင်စား လုပ်တယ်ဆိုတာ နားလည်သင့်တယ်။ ဒါမျိုးမျိုးကို နိုင်ငံရေးမှာ အရှက်ကင်းမဲ့တဲ့၊ သိက္ခာမရှိတဲ့သူတွေသာ လုပ်တဲ့အလုပ် ဖြစ်လို့ သိက္ခာနဲ့ တောက်လျှောက် ရပ်တည်လာတဲ့ စံပြပါတီ NLD ဟာ ဘယ်တော့မှ ဒီလိုလုပ်မှာ မဟုတ်ဘူး၊ လုပ်လည်းမလုပ်သင့်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သင့်တယ်။

    ReplyDelete
  14. (
    ခေါင်းစဉ်ကို click လုပ်ပြီး
    လူသတ်သမား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော် ရဲ့ ဓာတ်ပုံ ၂ ပုံကို နှိုင်းယှဉ်ပြီး ကြည့်နိုင်ပါတယ်။

    (1) ရန်ကုန်မြို့၊ ဆူးလေစေတီတော် အနီးမှာ လူသတ်ပွဲကို ကွပ်ကဲနေတဲ့ ဒုဗိုလ်မှူးကြီး အောင်ကျော် (September, 2007)

    (2) လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော် (April 23, 2012) )


    ၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလ၊ သံဃာတော်များရဲ့ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲကာလက သန်းရွှေ ရဲ့ အမိန့်အတိုင်း ငြိမ်းချမ်းစွာ မေတ္တာပို့နေကြတဲ့၊ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေကြတဲ့ ဘုန်းတော်ကြီးများ နဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းမှုကို ထပ်ဆင့် ကွပ်ကဲ အမိန့်ပေးပြီး ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်တဲ့ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) က ဒုဗိုလ်မှူးကြီး အောင်ကျော် (ကိုယ်ပိုင်အမှတ် - ၁၉၇၁၇) ဟာ ဗိုလ်မှူးကြီး ရာထူးကို တိုးပေးခံရပြီး အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော် အဖြစ် စစ်အုပ်စုရဲ့ ချီးမြှောက်ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။


    http://a7.sphotos.ak.fbcdn.net/hphotos-ak-prn1/s720x720/561923_10150717770781374_582151373_9757092_1740369143_n.jpg

    ReplyDelete
  15. .
    By Nik Nayman

    April 27, 2012


    ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက သံဃာတော်ရှင်သူမြတ်တွေကို ဦးဆောင် သတ်ဖြတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်နေပြီ။


    ကိုယ်ပိုင်အမှတ် ကြည်း ၁၉၇၁၇၊ အဆင့် ဒုတိယဗိုလ်မှူးကြီး၊ အမည် အောင်ကျော်၊ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရာထူး စစ်ဦးစီး (ပထမတန်း) ကနေ နတခ ဌာနမှူး လကခသို့  ၂၀၁၁ ခုနှစ်မှာ ပြောင်းရွှေ့ တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတော့ ဧပြီလ (၂၂) ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့  ဗိုလ်မှူးစိုးသီဟကျော် နေရာမှာ အစားထိုးပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ တစ်မတ်သား စစ်တပ်ကိုယ်စားလှယ် ဖြစ်သွားပါပြီ။

    ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ မှာ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နေရာမှာ ဆက်သွယ်ရေးစက်ကို လက်ကကိုင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေကို ပစ်ခတ် သတ်ဖြတ်ဖို့  ကွပ်ကဲ အမိန့် ပေးခဲ့တဲ့ သံဃာသတ်သမား နအဖလက်ပါးစေ ဒု-ဗိုလ်မှူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတော့တယ်။


    ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော် အရှင်သူမြတ်တွေကို ရိုက်နှက် သတ်ဖြတ်၊ မစုစုနွေးလို အမျိုးသမီးကောင်းတွေကို လူမြင်ကွင်းအလယ်မှာ ရိုင်းပြစွာ ဆွဲလား ရမ်းလားနဲ့  အကြမ်းဘက် ဖမ်းဆီး၊ ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိကို ရက်စက်စွာ ပစ်သတ်ခဲ့တဲ့ အကြမ်းဘက်သမား မိစ္ဆာဒိဌိတွေရဲ့ ဦးဆောင် ကြီးကြပ် ကွပ်ကဲသူကတော့ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) က ဒု-ဗိုလ်မှူးကြီး အောင်ကျော်၊ ယခု နေပြည်တော် လွှတ်တော်တက်ဖို့  ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချူပ် ရာထူးအဆင့်တွေနဲ့  အစားထိုးလိုက်တဲ့ ၅၉ ဦး ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်ကျော် (ကိုယ်ပိုင်အမှတ် - ၁၉၇၁၇) ဘဲ ဖြစ်ပါတယ်။

    သိန်းစိန်တို့ ရဲ့ "သန့်ရှင်းအစိုးရ ဖြစ်ရမယ်" လို့ ပြောနေတာတွေ လူသတ်ကောင် (အထူးသဖြင့် ပြည်သူတွေကိုသာမက သံဃာတော် အရှင်သူမြတ်တွေကိုပါ ပေါ်တင် သတ်ဖြတ်ခဲ့တဲ့) အောင်ကျော်လို စစ်တပ်က ဗိုလ်မှူးကြီးတွေကို လွှတ်တော်ထဲ ထည့်သွင်းပြလိုက်တာ မိုက်ရိုင်းလွန်းပါတယ်။

    (Credit - ကိုနစ်နေမန်း)

    ReplyDelete
  16. လိမ်လိမ်တို့ချစ်တဲ့ အောင်လိမ်မြေတော်

    တခါတုန်းက လူလိမ်တစ်စု ရှိသဗျ။
    အချင်းချင်းလိမ်တာ၊ အနိုင်ကျင့်ကြတာတော့ မဆန်းလှဘူးပေါ့ဗျာ။
    အဲဒီထဲမှာ လူလိမ်ခေါင်းကြီးကတော့ အဆိုးဆုံးပေါ့။

    တစ်နေ့တော့ လူလိမ်ခေါင်းနဲ့ သူ့အုပ်စုထဲကလူလိမ်တချို့က သူတို့အဖွဲ့ထဲ
    နောက်ဆုံးရောက်လာတဲ့လူလိမ်ကို မရှုမလှမောင်းထုတ်ဖို့ ကြိုးစားနေကြသပေါ့။

    ဒါနဲ့ မဆိုင်သူတချို့က အမြင်မတော်လို့ ဘေးကနေဝင်ပြောပါလေရော။
    ဒီမှာတင် လူလိမ်ခေါင်းနဲ့ရံရွှေတော်တွေမှာ ပေါက်ကွဲကြသပေါ့ဗျာ။

    “သူက နောက်ဆုံးမှဝင်လာတဲ့ လူလိမ်ဗျ”
    “ဒီကောင် ကျုပ်တို့ကို လိမ်နေတာကြာပြီ၊ ဆက်လိမ်ခွင့် မပေးနိုင်တော့ဘူး”
    “ကျုပ်တို့အားလုံး လိမ်နေကြတာကြည့်စမ်း၊ ဘယ်လောက်ကောင်းလိုက်သလဲ၊
    ခုတော့ ဒီကောင်လာယှဉ်လိမ်တာကြောင့် ကျုပ်တို့မျက်နှာပျက်ရတော့မယ်”

    “ကျုပ်တို့က လိမ်တာကိုသာ ကိုးကွယ်ရာဗျ၊ ဒီကောင့်အလှည့်ကျမှ ညာတာသည်သာ
    ကိုးကွယ်ရာတဲ့ဗျား၊ ကောင်းကြသေးရဲ့လား”
    “သူ့ ကြည့်ပါလား၊ မဲမဲတူးတူးနဲ့၊ လိမ်မယ့်ရုပ်က အသိသာကြီး”
    “ခင်ဗျားတို့ သူ့ဆီက ဘယ်လောက်များရထားလို့ လာဝိုင်းလိမ်နေကြတာလဲ”

    ရှုမကောင်းမြင်မကောင်းနဲ့ တားလို့လည်းမရ၊ ရန်ပါအရှာခံရတော့ ဘေးလူတွေက
    ခေါင်းတခါခါ လည်တခါခါနဲ့ ပါးစပ်တွေဟပြီးပဲ ကြည့်နေကြတော့တယ်။

    လူလိမ်အစုထဲမှာလည်း ကိုယ့်ဖက်လှည့်လာမှာစိုးလို့ ခေါင်းကလေးတွေငုံ့ပြီး
    အချင်းချင်းပဲ လက်သိပ်ထိုး လိမ်နေသူများလည်း ရှိသပေါ့။

    ဘယ်လိုဖြစ်ဖြစ် လူလိမ်ခေါင်းတို့တတွေကတော့ လက်သီးလက်မောင်းတန်းပြီး
    အော်ဟစ်လိမ်နေကြဆဲ …..


    လိမ်ခြင်းများစွာဖြင့်၊
    လိမ်လိမ်

    ReplyDelete
  17. (
    ခေါင်းစဉ်ကို နှိပ်ပြီး "Stop Safeguarding Burma's Constitution!" (အင်္ဂလိပ်ဘာသာ ဆောင်းပါး) ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။)


    ဖွဲ့စည်းပုံအခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်" ခြင်းကို ရပ်ပါ


    "ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးရန် ဘာကြောင့် အရေးကြီးပါသလဲ


    April 26, 2012

    မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲရေးကို ဟန့်တားထားသည့် အဓိက အတားအဆီး တခုမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် မြန်မာ့နိုင်ငံရေးတွင် စစ်အုပ်စုက လွှမ်းမိုးရေးကို အာမခံချက် ပေးထားသည်။

    မကြာမီက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်းတွင် ပါဝင် ဆောင်ရွက်ရန် ခွင့်မပြုမီမှာ "ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဟု ကတိသစ္စာပြု ကျမ်းကျိန်ရမည် ဖြစ်သည်။

    သို့သော် ထို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြု ကျမ်းကျိန်ခြင်း ကို ပြုလုပ်ရန် စိတ်မပါကြပါ။ အကြောင်းမှာ မြန်မာနိုင်ငံသားများကို ဖိနှိပ်သော ထို ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် "ကာကွယ်စောင့်ရှောက်ပါမည်" ဟု သဘောတူရမည် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

    သို့ဖြစ်၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည် ဆိုသော မြန်မာ့လွှတ်တော် အသစ်သည် ပျက်သုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    မြန်မာ့လွှတ်တော် အသစ် ပျက်သုဉ်းတော့မည့် အန္တရာယ်ကို တားဆီးရန် ရှေ့ရှု၍ "ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးရန် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပြုထားကြသည်။

    "ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ တည်ရှိနေသည့်အတိုင်း ဆက်လက် တည်တန့်စေမည် ဖြစ်ပြီး တချိန်တည်းမှာပင် စစ်မှန်သော ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အနာဂတ် တချိန်ချိန်တွင် လုပ်ဆောင်နိုင်ရန် တံခါးကို ဖွင့်ပေးရာ ရောက်မည် ဖြစ်သည့်အတွက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းသို့ ဝင်ရောက်ပြီး လိုအပ်သော အလုပ်တာဝန်များကို လိပ်ပြာသန့်သန့် စိတ်ရှင်းရှင်းဖြင့် စတင် လုပ်ဆောင်နိုင်ရန် ခွင့်ပြုရာရောက်မည် ဖြစ်သည်။

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးမှု မဖြစ်ဘဲ ဆုပ်ကိုင်နိုင်ရန် အချိန် အနည်းငယ်သာ ရှိသည်။ အကြောင်းမှာ "ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြု ကျမ်းကျိန်ခြင်း မလုပ်လျှင် ၁၅ ရက်အတွင်း ၄င်းတို့၏ လွှတ်တော်ကိုယ်စားလှယ် နေရာများကို ဆုံးရှုံးမည်" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၀ က သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။

    စာသားကို မပြောင်းလဲပေးခြင်းသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ဘေးဖယ် ချောင်ထိုး လျစ်လျူရှုထားသည့် သဘောကို သက်ရောက်စေမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည် ဖြစ်သည်။


    Stop Safeguarding Burma's Constitution!

    http://www.avaaz.org/en/petition/Stop_Safeguarding_The_Burmese_Constitution/?fpfgLab&pv=7

    ReplyDelete
  18. (
    ခေါင်းစဉ်ကို နှိပ်ပြီး "Stop Safeguarding Burma's Constitution! - Why this is important" (အင်္ဂလိပ်ဘာသာ ဆောင်းပါး) ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။)


    ဖွဲ့စည်းပုံအခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်" ခြင်းကို ရပ်ပါ


    "ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးရန် ဘာကြောင့် အရေးကြီးပါသလဲ


    April 26, 2012

    မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲရေးကို ဟန့်တားထားသည့် အဓိက အတားအဆီး တခုမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် မြန်မာ့နိုင်ငံရေးတွင် စစ်အုပ်စုက လွှမ်းမိုးရေးကို အာမခံချက် ပေးထားသည်။

    မကြာမီက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်းတွင် ပါဝင် ဆောင်ရွက်ရန် ခွင့်မပြုမီမှာ "ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဟု ကတိသစ္စာပြု ကျမ်းကျိန်ရမည် ဖြစ်သည်။

    သို့သော် ထို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြု ကျမ်းကျိန်ခြင်း ကို ပြုလုပ်ရန် စိတ်မပါကြပါ။ အကြောင်းမှာ မြန်မာနိုင်ငံသားများကို ဖိနှိပ်သော ထို ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် "ကာကွယ်စောင့်ရှောက်ပါမည်" ဟု သဘောတူရမည် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

    သို့ဖြစ်၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည် ဆိုသော မြန်မာ့လွှတ်တော် အသစ်သည် ပျက်သုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    မြန်မာ့လွှတ်တော် အသစ် ပျက်သုဉ်းတော့မည့် အန္တရာယ်ကို တားဆီးရန် ရှေ့ရှု၍ "ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးရန် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပြုထားကြသည်။

    "ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုသည့် စာသားကို "ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားပါမည်" ဆိုသည့် စာသားဖြင့် ပြောင်းလဲပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ တည်ရှိနေသည့်အတိုင်း ဆက်လက် တည်တန့်စေမည် ဖြစ်ပြီး တချိန်တည်းမှာပင် စစ်မှန်သော ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အနာဂတ် တချိန်ချိန်တွင် လုပ်ဆောင်နိုင်ရန် တံခါးကို ဖွင့်ပေးရာ ရောက်မည် ဖြစ်သည့်အတွက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းသို့ ဝင်ရောက်ပြီး လိုအပ်သော အလုပ်တာဝန်များကို လိပ်ပြာသန့်သန့် စိတ်ရှင်းရှင်းဖြင့် စတင် လုပ်ဆောင်နိုင်ရန် ခွင့်ပြုရာရောက်မည် ဖြစ်သည်။

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးမှု မဖြစ်ဘဲ ဆုပ်ကိုင်နိုင်ရန် အချိန် အနည်းငယ်သာ ရှိသည်။ အကြောင်းမှာ "ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြု ကျမ်းကျိန်ခြင်း မလုပ်လျှင် ၁၅ ရက်အတွင်း ၄င်းတို့၏ လွှတ်တော်ကိုယ်စားလှယ် နေရာများကို ဆုံးရှုံးမည်" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၀ က သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။

    စာသားကို မပြောင်းလဲပေးခြင်းသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ဘေးဖယ် ချောင်ထိုး လျစ်လျူရှုထားသည့် သဘောကို သက်ရောက်စေမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည် ဖြစ်သည်။


    "Stop Safeguarding Burma's Constitution! - Why This is Important" (အင်္ဂလိပ်ဘာသာ ဆောင်းပါး)

    http://www.avaaz.org/en/petition/Stop_Safeguarding_The_Burmese_Constitution/?fpfgLab&pv=7

    ReplyDelete
  19. အားလုံးသတိ

    အင်း.. တကယ်တော့ ဒီအချက်ဟာ လူသိရှင်ကြား ဖွဲ့စည်းပုံ အတည်ရှိနေထဲက ပါတဲ့ အချက်ဖြစ်ပြီး ခုလို သစ္စာပြု ဆိုခါနီးမှ အန်အယ်ဒီက သတိထားမိလို့ ပြင်ပေးပါ ပြုပေးပါ တောင်းဆိုတယ်ဆိုရင်တော့ တမင်ကတ်တဲ့ အဖွဲ့တစ်ခု သဘောဖြစ်သွားစေအောင် ပေါ့လျော့တဲ့ အန်အယ်ဒီဥပဒေအဖွဲ့ဟာ အနာဂါတ်မှာ အရည်အချင်းတိုးတက်အောင် လုပ်ဖို့ လိုနေပြီလို့ မြင်ပါတယ်ဗျ..

    ကျွန်တော့်အမြင်တော့ အခြေခံဥပဒေထဲမှာကိုက ပြင်ဆင်ချက်ပြုလုပ်ပုံတွေကို ပြဌာန်းထားတာမို့ ခေတ်နဲ့အညီ ပြင်ဆင်ခြင်းကိုက အဲဒီ ဖွဲ့စည်းပုံရဲ့ ပြဌာန်းချက်အတိုင်း လုပ်တာပဲဖြစ်ပြီး ဒါဟာ ကာကွယ်စောင့်ရှောက်တာပဲလို့ပဲ နားလည်ပါတယ်.. ရှေ့မှာ ရှေ့မညီနောက်မညီ စကားပေါင်း များစွာကို ပုံစံအမျိုးမျိုး ပြောခဲ့ ပြုခဲ့တဲ့ ဒေါ်စုရဲ့ ကတိသစ္စာပြုပြီး လိုက်နာရမယ်ဆိုတဲ့ ဒေါ်စုေ၇ွှ့ကွက်ကတော့ တခြားအရေးကြီးတဲ့ လုပ်စရာ ခြေလှမ်းတွေ မရှိလေတော့သလားဟလို့ အံ့သြချင်အံ့သြောကြပါလိမ့်မယ်.. ကျွန်တော့်အဖို့တော့ အဟက်.. ဒေါ်စုပဲလေ.. အလှည့်အပြောင်းအရေးတကြီး ရွှေ့ကွက်ဆိုတာ ဘယ်တုန်းကမှ သူ့ဆီကထွက်တယ်ဆိုတာ မရှိခဲ့တာပဲလို့ ပြုံးစရာတစ်ခုပါဗျား..

    အားလုံးသက်သာ
    မောင်သတိ

    ReplyDelete
  20. မောင်သတိ ကပ်နေတာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်ချို ပြောထားတဲ့အချက် ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာ တင်ပြီး ကျွန်မ ကုတ်လုပ်ထားတာကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ဦးသိန်းစိန်တို့ ဦအောင်ကြည်တို့နဲ့ ဆွေးနွေးတုန်းက ဒီအချက်ကို လက်မခံလို့ ပြင်ပေးပါမယ်ဆိုတဲ့ကတိကို ရခဲ့လို့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ မောင်သတိပြောတဲ့ ဒီသစ္စာဆိုတဲ့အချက်ကို NLD အခုမှ သတိထားမိတယ်ဆိုတာ ကျွန်မ လက်ခံတယ်။ ကျွန်မလည်း အခုမှပဲသိတာ အမှန်ပဲ။ ဒါပေမဲ့ ဒီအချက်ကို လက်မခံဘူးဆိုကတည်းက ဒီမှာရေးထားတာကိုပဲ လက်မခံတာ တခြားမှာရေးထားရင်တော့ လက်ခံမယ်ဆိုတဲ့သဘော လုံးဝမပါဘူး၊ ဒီအချက်ကို ဒီဖွဲ့စည်းပုံကြီးရဲ့ ဘယ်ဒေါင့်ဘယ်နေမှာပဲ ရေးထားရေးထား လက်မခံဘူးဆိုတာ ရှင်းစရာတောင် မလိုအောင် ရှင်းနေတဲ့ကိစ္စ ဖြစ်တယ်။ အဲဒီတော့ ဒီအချက်ကို ဒီနေရာမှာ မဟုတ်ဘဲ တခြားနေရာမှာလည်း ရေးထားရင် အရှေ့မှာတုန်းက ပြင်ပေးခဲ့သလို အခုလည်း ပြင်ပေးနိုင်ရမှာဖြစ်တယ်။ ပြင်ပေးဖို့ ဂတိပေးခဲ့တဲ့သူတွေက ဒီအချက်ကို နှစ်နေရာမှာ ရေးထားရင် နှစ်နေရာစလုံးမှာ လိုက်ပြင်ပေးဖို့ တာဝန် ရှိပါတယ်။ နှစ်နေရာမက တကယ်လို့ ဆယ်နေရာမှာ ရေးထားတယ်ပဲ ထားတော့ ဆယ်နေရာစလုံးမှာ လိုက်ပြင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ NLD က လွှတ်တော်ထဲ မ၀င်ချင်လို့ တမင်အတွန့်တက်ပြီး ကပ်ဖဲ့လုပ်နေတာမဟုတ်ဘူး။ လွှတ်တော်ထဲ ၀င်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာမှ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အချက်ကို NLD က လက်မခံဘူးဆိုတာ သိလို့ အရှေ့မှာတော့ ပြောင်းပေးပြီး အခုဒီအ၀င်ဝမှာကျမှ မပြောင်းပေးဘဲ လုပ်နေသူတွေသာ ကပ်ဖဲ့လုပ်နေတာ ထင်ရှားနေပါတယ်။

    အမှန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတာတောင် တော်တော်လွန်နေပါပြီ။ လက်ရှိအစိုးရနဲ့ ကောင်းတာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ တည်ဆဲဥပဒေကို အခြေအနေအရ ယာယီ လက်ခံထားရတာသာ ရှိတယ်။ NLD လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါ အားလုံးနားလည်ထားသင့်တာက NLD လွှတ်တော်ထဲဝင်တာ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သွားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ ၀င်တာမဟုတ် ပြင်ဆင်ဖို့ ၀င်တာသာ ဖြစ်တယ်။ ဒါကြောင့် မ၀င်ခင် အ၀င်ဝမှာ ကိုယ်မလုပ်နိုင်တာ လက်မခံနိုင်တာကြီးတခုကို ဒါကိုလုပ်ပါမယ် လက်ခံပါမယ်ဆိုပြီး လွှတ်တ်ာအမတ်တွေဟာ ဗြောင်လိမ်ဗြောင်စား မုသားသစ္စာဆိုကာ မိမိတို့ကိုယ်မိမိတို့ လူလိမ်ဘ၀ကို သွတ်သွင်းပြီးမှ ၀င်မှာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သင့်ပါတယ်။

    ReplyDelete
  21. အားလုံးသတိ

    အဟက်.. ကျွန်တော်ပြောခဲ့ပါတယ်.. ဖွဲ့စည်းပုံဟာ ပြင်ဆင်ခွင့်ပြုတယ်လို့ ပြဌာန်းထားပြီး ဖြစ်တာမို့ သူ့ပြဌာန်းထားသလို ထောက်ခံချက်တွေ ရယူပြင်ဆင်ခြင်းဟာ သူ့ထဲကအတိုင်းလုပ်တာမို့ ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ စကားနဲ့ ဘာမှမထိခိုက်ပါဘူး.. ကလေးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်မယ်ပဲ ထားပါဦး အ၀တ်လဲတန် လဲပေးမယ် သွားနှုတ်တန် နှုတ်ရမယ် ဆံပင်ညှပ်တန် ညှပ်ရမယ်.. မလိမ္မာတဲ့ ကလေးဆိုရင် အပြစ်ပေး ဆုံးမသင့်ရင်တောင် ဆုံးမရမယ်... ဟားဟား.. ကျွန်တော့်အမြင်အရတော့ အဲဒီစကားကမှ ပိုကောင်းသေးတယ်.. လေးစားလိုက်နာပဲ ဆိုပါတော့.. ခုဒေါ်စုကို လေးစားမယ်.. သူပြောတာတွေ လိုက်နာမယ်ဆိုရင် ဒေါ်စုဒါတော့ ပြင်ပါ.. ဒါတော့ ကျွန်တော်မကြိုက်ဘူး ဆိုပြီး ပြောသင့်သလား.. ဟားဟား ကလေးကလားဥပမာ ကျွန်တော်ပေးတာပါဗျာ.. ဒါကို ကာကွယ်စောင့်ရှောက်ဆိုတာနဲ့ပဲ ငုတ်တုတ်ထိုင်ကြည့်ရမယ်ဆိုတဲ့ အမြင်ကတော့ ခပ်ပိန်းပိန်းအိုင်ဒီယာပါ..

    ဗြောင်လိမ်ဗြောင်စားဆိုတဲ့ စကားကတော့ ဖရုံသီးဇါတ်ခင်းပြီးသား ဒေါ်စုတို့အတွက် ဘာဆန်းပါသလဲ.. အန်အယ်ဒီဟာ ကိုးဆယ်ရွေးကောက်ပွဲကို မ၀င်ဘူးဆိုပြီး သပိတ်မှောက်.. ၀င်တဲ့လူတွေကို အန်အယ်ဒီကော သူ့ကို ထောက်ခံကြတဲ့ အမတို့အပါအ၀င် ၀ိုင်းဝန်း ရှုတ်ချခဲ့ကြချိန်မှာ လေးစားလိုက်နာဆိုတဲ့ စကားတစ်ခွန်းဟာ အကြောင်းပြချက် လုံးဝမဟုတ်ခဲ့တာတော့ ခုဘလော့လှန်ကြည့်ရင်တောင် မြင်နိုင်ပါတယ်..

    ဒီတော့ ကျွန်တော်မြင်တာက အဓိပ္ဗါယ်ကောက်ယူမှု လွဲတယ်.. ရှေ့နေအဖွဲ့ဟာ ပေါ့လျော့တယ်.. ပေးတဲ့ ဆင်ခြေက ကိုယ်ရှေ့မှာ တစ်ကြိမ်မက ပြောခဲ့လုပ်ခဲ့ပြီးသားကို ခုကျမှာ သူတော်စင်စတိုင်ဖမ်းပြီး စတန့်ထွင်တာ ဖြစ်တယ်.. တခြား အရေးပါတဲ့ အရေးကြီးတဲ့ အကြောင်းအရာ ခြေလှမ်းဦးတည်ချက်တွေ ဘာမှ သိပ်မရှိတာ မြင်သာတယ်.. (ခပ်ရှင်းရှင်းပြောရင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့တဲ့ ပြောဆိုချက်တွေဟာ နောက်ရွေးကောက်ပွဲ နှစ်ဆက်လောက်တောင် မသေချာနိုင်တာမို့ ဒီမဖြည့်စည်းပေးနိုင်မှုတွေဟာ ထောက်စရာမဖြစ်လာအောင် လွှတ်တော်ကို တတ်နိုင်သလောက် ဝေးဝေးရှောင်ပြီး ဘာမှ မလုပ်လို့ ဘာအပြစ်မှ မရှိတဲ့ အရင်ဒေါ်စုပုံအတိုင်း သွားချင်တာလားလို့တောင် သံသယရှိပါတယ်.. ဘာမှ မလုပ်ရတဲ့ အကျယ်ချုပ်ကာလအတွင်း ဘယ်လောက်နာမည်တက်ခဲ့သလဲ.. ခုနဲနဲလှုပ်တာတောင် ဝေဖန်ချက်တွေ တစတစကျယ်လာပြီမို့ ဒါကိုလန့်မှာလဲ အမှန်ပါပဲ)

    ဒီတော့ ကပ်နေတာဘယ်သူလဲဆိုတာလဲ အဖြေရှာကြည့်ရအောင်.. လက်ရှိအစိုးရဟာ ဖွဲ့စည်းပုံကို လိုသလိုပြင်ဆင်ခွင့် မရှိတာမို့ ဒါဟာ သူတို့မဟုတ်ဘူး.. လွှတ်တော်ဟာ နောက်ဆုံးအချိန်မှ ကပ်ထွက်လာတဲ့ တောင်းဆိုချက်တစ်ခုကို အများအမြင်မပါပဲ တစ်ယောက်ထဲက စိတ်ကြိုက် ပြင်ရအောင် ခုအာဏာရှင်စနစ်နဲ့ သွားနေတာမဟုတ်ဘူး.. ဒီတော့ အ၀င်ဝမှာ မပြောင်းပေးတဲ့လူတွေက ကတ်ဖဲ့လုပ်နေတာပါဆိုတဲ့ မငယ်နိုင်ပြောတဲ့ လူတွေဟာ ဘယ်သူတွေပါလဲခင်ဗျာ.. လွှတ်တော်ဖွဲ့စည်းပုံ အလုပ်လုပ်ပုံ ကမ္ဘာမှာ မြန်မာမှာ ဘယ်လိုရှိကြတယ်ဆိုတာ ကျွန်တော့်ထက် ပိုသိမှာ သေချာတဲ့ မငယ်နိုင်ကပဲ အဲဒီတောင်းဆိုချက်ကို အိုကေပြင်စေဗျားလို့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမပါပဲ လုပ်ပေးနိုင်တဲ့ လူကိုပြပါလေ..

    အဆုံးသတ်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံသားတိုင်း ကာကွယ်စောင့်ရှောက်ရမဲ့ ဥပဒေပါ.. ဒါကြောင့်လဲ အဲဒီဥပဒေဟာ နိုင်ငံတစ်ခုမှာ အသက်နဲ့ အမျှအရေးကြီးတာပေါ့.. ဒီဖွဲ့စည်းပုံကို စင်းလုံးခြောဖြစ်အောင် ပြစ်မျိုးမှဲ့မထင်အောင် ပြည်သူအတွက် အကျိုး ပြုဆုံးဖြစ်အောင် ကာကွယ်စောင့်ရှောက် ပြုပြင်ဖို့ဟာ လွှတ်တော်အမတ်တွေ အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်..

    အဲလိုမှ မဟုတ်ပဲ ခုအကြောင်းပြသလို စကားလုံးအဓိပ္ဗါယ်နဲ့ သွားမယ်ဆိုရင်တော့ မငယ်နိုင် ပြောသလို လေးစားလိုက်နာပါမယ်ဆိုတာတောင် တော်တော်လွန်နေပြီဆိုတော့ အစိတ်သား အတင်းထည့်ခံထားရတဲ့ ဖွဲ့စည်းပုံကို တကယ်လဲ မလေးစားပဲ လေးစားပါတယ် သစ္စာဆိုတာကတော့ နဲနဲဗြောင်လိမ်ဗြောင်စားတာ ကာကွယ်စောင့်ရှောက်က များများ ဗြောင်လိမ်ဗြောင်စားတာ.. အင်း.. အဲလိုကြီး သတ်မှတ်ရမလိုပါပဲလားဗျာ..

    အားလုံးသက်သာ
    မောင်သတိ

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. စာရေးသူအနေနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနှင့်ကြုံတိုင်း၊ ‘ဗိုလ်ချုပ်အောင်ဆန်း ဘာတွေလုပ်ခဲ့သည်’ ကိုပြန်ကြည့်လေ့ရှိသည်။ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအဆင့်တွင် ဗိုလ်ချုပ်ကိုယ်တိုင် ဘုရင်ခံအမှုဆောင်ကောင်စီတွင် ပါခဲ့သည်။ ဘုရင်ခံက ဥက္ကဌ။ ဗိုလ်ချုပ်ကဒုဥက္ကဌ။ ဘုရင်ခံမှာ ဗိုလ်ချုပ်အထက်ကလူ။ ဘုရင်ခံသစ္စာခံထားသည်က ဗြတိသျှအစိုးရ။ နှုံးတွေ၊ စံတွေ၊ စကားလုံးတွေနှင့် ကြည့်လျင် အဓိပ္ပါယ်တစ်မျိုး။

    သို့သော် ဗိုလ်ချုပ်က ဒါတွေကို အသေမကိုင်။ ‘လက်တွေ့အခြပြုစဉ်းစားနည်း’ (pragmatic thinking) ဖြင့်ချဉ်းကပ်သည်။ သူတို့မျိုးဆက်ထဲတွင် ဗိုလ်ချုပ်က သူများထက် ခေါင်းတစ်လုံးမြင့်သည်မှာ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်တတ်သောကြောင့် ဖြစ်လိမ့်မည်ဟု စာရေးသူကနားလည်ထားသည်။ သူက ‘စံ’ တွေကို အသေမကိုင်၊
    Its true.He did all kind of way for country.Made friend with japan,against the British,then against the Japan.‘စံ’ တွေကို အသေမကိုင်၊

    ReplyDelete
  24. မငယ်နိုင် ပြောသလို လေးစားလိုက်နာပါမယ်ဆိုတာတောင် တော်တော်လွန်နေပြီဆိုတော့ အစိတ်သား အတင်းထည့်ခံထားရတဲ့ ဖွဲ့စည်းပုံကို တကယ်လဲ မလေးစားပဲ လေးစားပါတယ် သစ္စာဆိုတာကတော့ နဲနဲဗြောင်လိမ်ဗြောင်စားတာ ကာကွယ်စောင့်ရှောက်က များများ ဗြောင်လိမ်ဗြောင်စားတာ.. အင်း.. အဲလိုကြီး သတ်မှတ်ရမလိုပါပဲလားဗျာ..
    i agree that comment.Does she really respect that အစိတ်သား အတင်းထည့်ခံထားရတဲ့ ဖွဲ့စည်းပုံ?Funny.

    ReplyDelete
  25. မောင်သတိ ၉၀ ရွေးကောက်ပွဲလို့ ရေးထားတာ ၂၀၁၀ ကို ပြောတယ်ထင်တယ်။ eleven ကပို့စ်ကပဲဖြစ်ဖြစ် တခြားနေရာက ပို့စ်တခုကို ဖတ်စေချင်ရင် C-Box မှာ ဖြစ်ဖြစ် ဒီလိုမှတ်ချက်နေရာမှာဖြစ်ဖြစ် Link လိပ်စာ ထားပေးခဲ့လို့ရပါတယ်။ Link မထားခဲ့ဘဲ ညွန်းပေးတာတခုကို ကျွန်မလည်း အလုပ်များသူဖြစ်တော့ တကူးတက သွားရှာဖတ်ဖို့ ဆိုတာ မသေချာဘူး။

    ဒီပို့စ်က ဒေါက်တာမြင့်ချိုက SBS ကို ဖြေထားတာကို ကျွန်မက လက်ခံထားလို့ ဇော်ဂျီနဲ့ တကူးတက ပြန်ရိုက်ပြီး တင်ထားတာ ဖြစ်လို့ မောင်သတိ ထပ်ပြီးအတွန့်တက်လာတာနဲ့ ပတ်သက်ပြီး ပြောရင် ပို့စ်ထဲမှာ ပြောထားပြီးသား အကြောင်းကိုပဲ ထပ်ပြောရမှာမို့ ပို့စ်ကို သေသေချာချာ ပြန်ဖတ်ဖို့ပဲ ညွန်းလိုက်ပါတယ်။ မောင်သတိ အခုအတွန့်တက်လာပြီး ကောင်းကောင်း ပြောထားတဲ့ အကြောင်းအရာရဲ့ အဖြေအားလုံးက ပို့စ်ထဲမှာ ပါထားပြီးသားဖြစ်တယ်။ ကပ်ပြောတွေကိုတော့ ကျွန်မခေါင်းထဲ မထည့်ဘူး။ ပြောင်းရမည့် အကြောင်းအချက် တခုတည်းကို ဟိုနေရာတော့ ပြောင်းပေးတယ်၊ ဒီနေရာတော့ ပြောင်းလို့မရဘူး ဆိုပြီး ဖြစ်လာတာဟာ ရိုးသားမှုရှိမရှိဆိုတာနဲ့ ဘယ်သက ကပ်နေလဲဆိုတာ အသိသာကြီးပါ။ ဒီဖွဲ့စည်းပုံဟာ ပြည်သူလူထုက ကိုယ်စားပြုသူတွေက ရေးဆွဲထားခြင်း မဟုတ်လို့ သူ့ထဲမှာ ရေးထားတဲ့ Procedure အတိုင်း သွားလို့ မရလို့ကို NLD နဲ့ အစိုးရကြားမှာ Negotiation တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာရတယ်။ Negotiation မှာ သဘောတူညီချက်ရပြီး NLD ၀င်လာလို့ရအောင် အစိုးရက လမ်းဖွင့်ပေးဖို့ ဂတိပေးပြီး အဲဒီဖွင့်ပေးတဲ့လမ်းကနေ ၀င်လာလို့ အလုပ်လုပ်လို့ ရတဲ့နေရာ လွှတ်တော်ဆီကို သွားဖို့ ၀င်လာတာ ဂိတ်နှစ်ခု ရှိတာ ပထမဂိတ်ကိုတောင် ကျော်လာပြီးပြီ။ အလုပ်အတူတွဲလုပ်ဖို့ နေရာကို မရောက်သေးဘူးနော့်၊ အခု လမ်းတခုလတ်ကြီးမှာ ဒုတိယဂိတ်ကို ရောက်မှ အရင်ပေးထားတဲ့ ဂတိအတိုင်း မဖွင့်ပေးပေးနိုင်တော့ဘူး ဖြစ်လာတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက Procedure အတိုင်း သွားမှ ရတော့မယ်ဆိုပြီး ဖြစ်လာတော့ ဖေါက်တဲ့သူက ဘယ်သူလဲ။ ဖွင့်ပေးနိုင်ခွင့်ရှိတဲ့ သူတွေက ကပ်ဖဲ့နေတာလား ဖွင့်ပိုင်ခွင့်မရှိတဲ့သူက ကပ်နေတာ မဟုတ်လို့ NLD က ဒီလမ်းကို ဖွင့်တဲ့ သော့ကိုင်ထားသူမှ မဟုတ်တာ သူကဘယ်လို ကပ်ဖဲ့လုပ်လို့ရမလဲ။ အထဲရောက်မှ လုပ်လို့ရတဲ့ကိစ္စအတွက် အထဲရောက်အောင် သွားနေတဲ့လမ်းမှာ အထဲရောက်တဲ့အထိတော့ သော့ကိုင်ထားသူတွေက လမ်းကိုဖွင့်ပေးမှ ၀င်တဲ့သူက ၀င်လို့ရမှာပေါ့။ နောက်တခုက လေးစားလိုက်နာမယ်ဆိုတာကလည်း အရင်မှတ်ချက်မှာ ကျွန်မ ပြောပြီးသွားပြီ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်လာတဲ့ ဖွဲ့စည်းပုံ မဟုတ်ပေမဲ့လည်း အာဏာရတဲ့သူတွေမှာ တည်ဆဲဥပဒေ ဖြစ်နေလို့ တွေ့ဆုံဆွေးနွေးမှုမှာ တိုင်းပြည်အပေါ် ထားရှိတဲ့ တယောက်စေတနာကို နားလည်ကြလို့ အသိအမှတ်ပြုတဲ့အနေနဲ့ မူအရ တည်ဆဲဥပဒေကို လေးစားလိုက်နာတဲ့ သဘောပဲလို့ ကျွန်မ နားလည်တယ်။ အခုကျွန်မ ထပ်ရေးနေတာတွေကလည်း အပေါ်မှာ ပြောထားပြီးသားတွေပဲ၊ အပေါ်မှာ ရေးထားတာကလည်း ပို့စ်ထဲက အနှစ်သာရတွေပါပဲ ဒါကြောင့် ပို့စ်ကိုပဲ ပြန်ဖတ်လိုက်ပါ။

    ReplyDelete
  26. အားလုံးသတိ

    အင်း.. ဒါတော့တော်သင့်ပြီလို့ စဉ်းစားထားပေမဲ့ ထပ်ပြောချင်တာလေး ရှိတော့လဲ မန့်ရသပေါ့ဗျာ.. ကျွန်တော်ကော်မန့်ပေးတာကလဲ ဒီဆောင်းပါးက ပြောထားတဲ့ အချက်တွေကို ပြောတာပါပဲဆိုတာ ပြန်ဖတ်ကြည့်ပါဦးဗျ.. အင်း.. ဆောင်းပါးရဲ့ အားနည်းချက်လို့ ထင်တဲ့ အချက်တွေကို ဝေဖန်တဲ့ အချက်ကို ဆောင်းပါးပြန်ဖတ်ပေါ့ ဆိုတဲ့ အဖြေအစထဲက ရှိထားရင်.. အဲဒီရေးသားချက်တွေဟာ ပြည့်စုံတယ်လို့ တကယ်ထင်ခဲ့ရင် အမပထမကော်မန့်တောင် မအားလပ်တဲ့ ကြားက ရေးစရာ မလိုဘူးထင်ပါတယ်လေ..

    ကျွန်တော်မှန်းကြည့်သလောက်တော့ အစိုးရဟာ မကြာခင် ဒါကိုလဲ ပြောင်းပေးဦးမှာပါပဲ.. ဒီနေရာမှာ အမသတိထားသင့်တာက ပထမအကြိမ် အန်အယ်ဒီ တောင်းဆိုတဲ့ နေရာမှာ ပြောင်းတဲ့ စကားရပ်ဟာ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းအတိုင်း ပြောင်းခဲ့တာပါပဲ.. ဒီတော့ ဒုတိယအကြိမ်လဲ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်း အဆိုတင်.. မဲခွဲ နဲ့ပဲ သွားရမှာပါလေ.. ဥပဒေဆိုတာ ပဓါနဘာညာကွိကွ ဟစ်ပြလေ့ရှိတဲ့ ဒေါ်စုကိုအားပေးသူ တစ်ယောက်က procedure အတိုင်း သွားစရာမလိုသယောင်ယောင် ပြောနေပုံကတော့ ဟုတ်ကဲ့ မှတ်သားစရာပါခင်ဗျ.. ဒီတော့ လွှတ်တော်က အဲလိုသွားမယ်.. အတည်ပြုမယ်.. ပြင်မယ်.. ပြီးရင်တက်ကြပေါ့.. အချိန်တော့ နဲနဲ လင့်တာပေါ့လေ..

    အံ့သြောစရာက ဒေါ်စုဘက်က အဲဒီအချိန်ကို အလေးမထားတာပါ.. ခုမပြောင်းပေးလို့ လွှတ်တော်ထဲ အ၀င်နောက်ကျသွားတာကို ပူပန်တကြီးမရှိပုံက အထဲမှာ အချိန်နဲ့ အမျှ အရေးတကြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်ထည်ဖော်စရာ ဘာလမ်းကြောင်းမှ ရှိမနေသေးဘူးဆိုတာ သိသာပါတယ်.. တကယ်လက်တွေ့ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ ပြင်စရာ ပြုစရာတွေ များပုံဟာဟာ အမြှော်အမြင်တကယ်ရှိတဲ့ ခေါင်းဆောင်ကောင်းအတွက် တစ်စက္ကန့်ချင်းစီဟာ ရွှေနဲ့စက်ယူရလောက်အောင် အဖိုးတန်တဲ့ အချိန်တွေ မဟုတ်ဘူးလားဗျာ..

    ကျွန်တော်သဘောအကျဆုံးကတော့ ကျွန်တော့်ကော်မန့်အပေါ် အမပေးလိုက်တဲ့ မှတ်ချက်ပါ.. ဟားဟား.. ဘာတဲ့ "ကပ်ပြောတွေကိုတော့ ကျွန်မခေါင်းထဲ မထည့်ဘူး။".. ခု့ကျွန်တော်တို့ပြောတဲ့ အကြောင်းအရာမှာ အမက စကားလုံးတစ်လုံးစီဟာ အဓိပ္ဗါယ်ရှိရမယ်.. အဲဒီအတိုင်း လိုက်နာသင့်တယ်ဆိုတာဟာ ကပ်တာမဟုတ်ဆိုတဲ့ ဘက်ကဖြစ်ပြီး ကျွန်တော်က အဓိပ္ဗါယ်ဟာ အဲလိုမသက်ရောက်.. အဲဒါကို တစ်လုံးခြင်း လိုက်ထောက်နေတာဟာ ကပ်တာပဲလို့ ဆွေးနွေးကြတာ မဟုတ်ဘူးလား.. ဆွေးနွေးရင်းနဲ့ ဘက်တော့မပြောင်းလာနဲ့ဗျနော.. ဒါမှမဟုတ် ဒေါ်စုဆို ဒါက ကပ်တာမဟုတ်ဘူး မင်းဆိုရင်တော့ ကပ်ဖဲ့ပြောတာပေါ့ မောင်လေးသတိရယ်ဆိုရင်တော့ ဟားဟား.. ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး ဒီ နဲနဲဗြောင်လိမ်ဗြောင်စားလုပ်ရပ်တွေ အတုယူ လေးစားလိုက်နာလို့ နာခံသွားပါတယ်ခင်ဗျ..

    အားလုံးသက်သာ
    မောင်သတိ

    ReplyDelete
  27. အခုလို အနီးကပ်လွှတ်တော်ဝင်ခါနီးမှ ပြောကြမယ့်အစား ရွေးကောက်ပွဲ ၀င်ကတည်းက ကြိုပြီးတွက်ထားရမယ့် ကိစ္စတွေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ထားရမယ်။ သက်ဆိုင်ရာ လွှတ်တော် ဥပဒေတွေ၊ နည်းဥပဒေတွေ ဖတ်ထားရမယ်။ ပေါ်ပေါက်လာ နိုင်တဲ့ ပြဿနာအားလုံးကို ဥပဒေကိစ္စတွေကို ပြင်ဆင်နိုင်ဖို့ အခု (ကတိသစ္စာပြုလွှာမှာတဲ့) ဇယား (၄) ကိစ္စဟာ စာသားပြဿနာ မဟုတ်ဘဲ အခြေခံဥပဒေပုဒ်မ ၁၂၅ နဲ့ ဆက်စပ်နေတာ။ အဲဒါမျိုးတောင် ကြိုမသိဘူးဆိုရင် အင်န်အယ်လ်ဒီရဲ့ အကြံပေးတွေဟာ ဥပဒေကိုထဲထဲဝင်ဝင် မလေ့လာလို့လား၊ နိုင်ငံရေးအကြောင်း ပြချက်ကြောင့်ပဲလား၊ မသိပါဘူး" ဟု ယခင်က အင်န်အယ်လ်ဒီ ပါတီ၏ ဥပဒေအကြံပေးအဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ခဲ့သည့် ဦးသိန်းညွန့်က ဖြေကြားသည်။

    ReplyDelete
  28. .
    April 19, 2011


    ကျုပ်တို့ရွာအ၀င်လမ်းမှာ ကျောက်တုံးကြီးတခု ခံနေတာ တပတ်လောက်ရှိပြီ။ ဒီကျောက်တုံးကြီးကို ဘယ်သူ မှ မဖယ်။ ရှောင်ကွင်းသွားကြတယ်။ ဟိုလူ ဖယ်နိုးနိုး၊ ဒီလူ ဖယ်နိုးနိုး စောင့်နေကြပုံရတယ်။ ကျုပ်တို့ရွာက ဒီလို ...။

    ကျုပ်က ဒီကျောက်တုံးကို ဘယ်လိုဖယ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတယ်။ အဖြေရရင်တောင်မှ အခုရွှေ့ လို့မအား။ ဘာလုပ်နေလဲ မေးကြလိမ့်မယ်။ ဟဲဟဲ။ အရက်သောက်နေလို့ဗျို့။ ကတိမတည်တဲ့ရည်စားကြောင့် အသည်းကွဲနေတာဗျို့။ ဓာတ်ရှင်တွေထဲက မင်းသားးတွေလိုပေါ့။
    * * *
    ရွာထဲက အသံတွေကို နားထောင်ကြည့်။
    ဒေါ်စွာကျယ်တို့ အုပ်စုအသံ။
    “ပြောကိုမပြောချင်ဘူး။ ဒီကျောက်တုံးကို မဖယ်ကြဘူး။ အဲဒါ ရွာလူကြီး မကောင်းလို့ပေါ့။ သူ့အိတ်ထဲ ထည့်ဖို့ ပဲ လုပ်နေမှာပေါ့။ နှစ်တွေ ဒီလောက်ကြာနေပြီ ရွာလူကြီးလုပ်နေတာ။ ဘာတခုမှ မတိုးတက်ဘူး။ ငါတို့လည်း ဒီကျောက်တုံးကို မဖယ်နိုင်ဘူး။ ၀မ်းရေးအတွက် ဖင်ယားလို့တောင် မကုတ်အား။ လူကြီးလုပ်တဲ့သူ တာဝန်ပဲ။ ရွာလူကြီးက မကောင်း။ မကောင်း။ အင်း .. ခက်တယ်နော်”

    * * * * * * * * * * * * * * * * * * * *
    .

    ReplyDelete
  29. .
    နောက် ကိုလူလည်တို့အဖွဲ့။
    “ကျောက်တုံးဗန်းပြ လုပ်စားကြရအောင်။ ဟေး ... ဟေး”
    “လမ်းသွားလမ်းလာ စေတနာရှင်များခင်ဗျား။ ဒီကျောက်တုံးကြီးကို ဖယ်နိုင်ဖို့ အလှူငွေလေးများ စွန့်ကြဲသွား ကြပါ။ မြို့ပေါ်က စက်ကြီးငှားရမှာမို့ တနားကြပါခင်ဗျား။ သာဓု ... သာဓု။ ညောင်စေ့လောက်လှူ ညောင်ပင် ကြီးလောက်ရကြပါစေ”

    * * * * * * * * * * * * * * * * * * * *

    ရွာလူကြီး ဦးပေါတာကလည်း တမျိုး။
    “ဟေ့ ဒီကျောက်တုံးကို ငါ ဖယ်မယ်ဟေ့။ ဘယ်သူမှ ပူစရာမလိုဘူး။ ငါ ဖယ်နိုင်တယ်။ လူလည်တို့ လုပ်စား တာ လွန်တယ်နော်။ ငါက တရားဝင် လူကြီးကွ။ ငါ ဖယ်မယ်။ ငါ ဖယ်မယ်”

    * * * * * * * * * * * * * * * * * * * *

    အော်တဲ့ လူတွေပဲ များပြီး ကျောက်တုံးကြီးက နေရာမရွေ့။
    ဒီလိုနဲ့ ရက်ပေါင်း (၂၀) ကျော်ကြာလာရော ကျနော်လည်း အသည်းကွဲရောဂါကနေ နာလန်ထလာတယ်။
    မူးမူးနဲ့ ကြားထားတာတွေ ပြန်စဉ်းစားနေမိတယ်။
    မဖြစ်ဘူး။ မဖြစ်ဘူး။ ရွာအ၀င်လမ်းမှာ ကျောက်တုံးကြီးခံနေတာ ရွာသိက္ခာကျတယ်ကွာ။ ငါ သွားဖယ်မယ်။
    အရက်အားလေးနဲ့ မာန်တင်းပြီး ကျောက်တုံးကြီးဆီ ကျနော်လှမ်းသွားတယ်။

    “ဟေ့”
    “ဗျာ”
    ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဒေါ်စွာကျယ်တို့အုပ်စု။
    “ဟဲ့ ငမူး ... အဲဒါ နင့်အရာလား။ ဒါ ရွာလူကြီးလုပ်ရမယ့်ကိစ္စ။ နင်နဲ့မဆိုင်ပါဘူး။ လူလည်တို့လည်း အလှူခံ နေတယ်လေ။ သူတို့လုပ်မှာပေါ့။ ကိုယ့်ထမင်းကိုယ်စား။ ကိုယ့်စီးပွားကိုယ်ရှာပေါ့။ နင် ဘာရမှာမို့လို့လဲ”
    “ရရ မရရ။ အားလုံးကောင်းဖို့ ကျောက်တုံးရွှေ့ချင်တာပါ”
    “သွား သွား သူတော်ကောင်းကြီးရေ”

    * * * * * * * * * * * * * * * * * * * *
    .

    ReplyDelete
  30. .
    ကျောက်တုံးကြီးကို ပါလာတဲ့ ကိရိယာတန်ဆာပလာတွေနဲ့ ရွှေ့မယ်လုပ်နေတုန်း...

    “ဟိုး ရပ် ဆရာ။ ဟိုး ရပ်”
    သြော် ... ကိုလူလည်တို့ပါလား။
    “ဘာဖြစ်လို့လဲခင်ဗျာ”
    “ဒီကိစ္စ မင်းနဲ့ လုံးလုံးမဆိုင်။ မင်းကို ရွာလူကြီး ခိုင်းတာလား။ ရွာလူကြီး သူလျှိုထင်တယ်။ မင်းဘယ်လောက် ရလာလဲ”
    “မဟုတ်ပါဘူး ဆရာတို့ရယ်။ လေးစားပါတယ်။ ကျနော် ဒီကျောက်တုံးကို ရွှေ့ပေးချင်တာသက်သက်ပါ”
    “မရဘူးကွ။ ရက်ပေါင်း (၂၀) လုံးလုံး ငါတို့ အာညောင်းခံ၊ အလှူခံပြီး ဒီကျောက်တုံးကို ရွှေ့ဖို့ လုပ်နေတာကွ။ အခုမှ မင်းကလာပြီး နာမည်ကောင်းယူမလို့ပေါ့လေ”
    “မဟုတ် …”
    “တော် တိတ် ထွက်သွားစမ်း။ ငါတို့ ကော်မတီဖွဲ့ပြီးပြီ။ သွားစမ်း”
    “ကျောက်တုံးကြီး ရွေ့သွားဖို့က အဓိကလို့ ထင်တယ်။ အားလုံးဝိုင်းလုပ်ကြတာပေါ့”
    “ပြောနေ ကြာတယ်။ လေကျယ်တဲ့ကောင်ကို ဆုံးမလိုက်စမ်း”
    ကျနော် ကြယ်တွေ လတွေ မြင်သွားတယ်။

    * * * * * * * * * * * * * * * * * * * *

    နိုးလာတော့ မူးနောက်နောက်နဲ့ …
    ရွာလူကြီး ဦးပေါတာကို တွေ့လိုက်ရတယ်။

    “ဒီရွာကို အုပ်ချုပ်နေတာ ငါကွ။ ကျောက်တုံးရွှေ့တာ မင်းအရေးလား။ ငါ့အရေးကွ။ လူလည်တို့နဲ့လည်း မ ဆိုင်ဘူး။ ဒီကောင်တွေကလည်း လုပ်စားတာ လွန်လွန်းတယ်။ ဒါတောင် ငါ့မကောင်းကြောင်းတွေ လျှောက် ပြောသေးတယ်။ ဒီကောင်တွေကို ရွာက နှင်ထုတ်လိုက်ပြီ။ မင်းကိုလည်း ရန်ဖြစ်မှုနဲ့ ဖမ်းတယ်ကွာ”

    “ဗျာ … …”

    ဒေါ်စွာကျယ်တို့က ထိတာ နည်းသေးဆိုတဲ့ မျက်နှာပေးတွေနဲ့ ကျနော့်ကို ကြည့်နေကြတယ်။

    “ကျနော် …”

    “တိတ် … ငါက တရားဝင်လူကြီးကွ။ ဘယ်လောက် ရင်းထားရတယ်မှတ်လဲ။
    မင်းတရားဝင် ငါနဲ့ယှဉ်ပြီး လူကြီးဖြစ်မှ ဒါတွေလုပ်”

    * * * * * * * * * * * * * * * * * * * *

    ဒီလိုနဲ့ ကျောက်တုံးကြီး အခုထိ နေရာက မရွေ့သေး ...။

    * * * * * * * * * * * * * * * * * * * *
    .

    ReplyDelete
  31. .
    ကျောက်တုံးကြီးက ရွာအ၀င်လမ်းမှာ ပိတ်ဆို့နေတုန်း ...။

    * * * * * * * * * * * * * * * * * * * *

    ကျောက်တုံးရွှေ့ စည်းမျဉ်းဥပဒေကြီးကို ရွာလူကြီး ဦးဆောင်ပြီး ဆွဲပေးခဲ့တယ်။

    “ငါက အိုပြီ ဆိုတော့ မင်းတို့ပဲ ရွှေ့ကြတော့ကွာ”

    သူ့သားကို ရွာလူကြီးအသစ် မဖြစ်ဖြစ်အောင် ရွေးပြီး သူက အနားယူသွားတယ်။ တက်လာတဲ့ ရွာလူကြီးအသစ်က All inclusive ဆိုပြီး ရွာသူရွာသားအားလုံး ပူးပေါင်းပြီး ရွာလမ်းမှာ ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးကို တွန်းဖို့ ကြံစည်ပါတယ်။ အစည်းအဝေးတွေ လုပ်ကြတာပေါ့။ ကျောက်တုံးတွန်းအဖွဲ့ကို သူ့အဖေ ရွာလူကြီးသစ္စာခံ အများစုနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

    ကျနော့်ကိုလည်း ချုပ်ထားရာကနေ လွှတ်ပေးပါတယ်။ ကျောက်တုံးတွန်းအဖွဲ့ထဲ ပါခိုင်းပါတယ်။ တကယ်တွန်းခဲ့လို့ အဖမ်းခံလိုက်ရတဲ့ ကျနော်လည်း ပါဝင်ခွင့်ရတဲ့အတွက် ပျော်နေပါတယ်။ ရွာလူကြီး နှင်ထုတ်ထားတဲ့ ကိုလူလည်တွေလည်း တွန်းကြမယ်ဆိုတယ်။ တွန်းကြစို့လို့ စလိုက်တဲ့အချိန်မှာ ပြဿနာ တက်တော့တာပဲဗျို့။

    ရွာလူကြီးလူတွေက ကျောက်တုံးကြီး မတွန်းခင် ဂါထာရွတ်ရမယ် ဆိုပဲ။ မရွတ်တဲ့လူ အဖွဲ့ဝင်အဖြစ်က ထုတ်ရမယ်တဲ့။ အဲဒီဂါထာရွတ်လိုက်ရင် တွန်းစရာမလိုဘဲ ကျောက်တုံးကြီး ရွေ့သွားမှာတဲ့။ (ရွာလုံးကျွတ် ထောက်ခံထားတဲ့ စည်းမျဉ်းကြီးမှာ ပါတဲ့အတိုင်း လူတိုင်း ရွတ်ရမယ်ဆိုတယ်။)

    ကျနော်ကတော့ မရွတ်နိုင်ဘူးလို့ ငြင်းပါတယ်။ ဂါထာအားကိုးတာထက် ကိုယ့်အားကိုယ်ကိုးတာက ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂါထာတွေ ရွတ်နေတာထက်စာရင် လက်တွေ့ တွန်းလိုက်ရမှာ။

    “လာ ... သွားကြစို့” ဆိုတော့ ခေါင်းခါကြတယ်။

    မင်းလည်း ငါတို့လို ရွတ်မှ သွားမယ်လို့ ဆင်ခြေပေးကြတယ်။

    * * * * * * * * * * * * * * * * * * * *
    .

    ReplyDelete
  32. .
    ထူးဆန်းတာကဗျာ...

    ဒီလူတွေ ဂါထာ ရွတ်ပဲ ရွတ်နေတာ။ ကျောက်တုံးကြီးဆီ မသွားကြ။ ရွှေ့ချင်စိတ်လည်း မရှိကြ။ ကျနော့်ကိုပဲ ရစ်ချင်နေရော။

    ငမူး ကဖျက်ကယက် လုပ်လို့ ကျောက်တုံးကြီး ပိတ်နေသေးတာပေါ့ ဆိုပြီး အပြစ်ပဲတင်နေကြရော။


    ဒေါ်စွာကျယ်တို့ကလည်း ...

    “တကတည်းတော်။ ပြောကို မပြောချင်ဘူး။ ငမူးကလည်း ရွတ်လိုက်ပြီးရော။ သူရွတ်ချင်သလို မရွတ်ရတော့ ရစ်နေတာ နေမှာပေါ့။ တကယ်တည်းတော်” လို့ အတင်းတုပ်နေကြရော။


    တကယ်တမ်း သူတို့ ပိတ်နေတဲ့ဟာကို ဖယ်ချင်စိတ်မရှိတာပါ။ ဂါထာ ရွတ်ရွတ် မရွတ်ရွတ် ကျောက်တုံးကြီး ရွေ့သွားဖို့က အရေးမကြီးဘူးလားဗျာ။

    “ခင်ဗျားဟာလေ.. သောက်ကြီးသောက်ကျယ် လူအများ ရွတ်တဲ့အတိုင်း ရွတ်လိုက်တော့ ကမ္ဘာကြီး ပျက်သွားမှာလား။ လူကြီး ချပေးထားတဲ့ စည်းမျဉ်းပဲ။ အရင် ရွတ်ပြီးမှ တွန်းပေါ့”

    ကျနော့်ကို အပြစ်တင်နေကြရော။


    * * * * * * * * * * * * * * * * * * * *

    ဒီလိုနဲ့ သူတို့တွေ မတွန်းကြတော့။ ဒါပဲ ရွတ်နေတော့တယ်။ ဂါထာကိုပဲ အားကိုးနေကြရော။

    * * * * * * * * * * * * * * * * * * * *
    .

    ReplyDelete
  33. .
    ကျောက်တုံးတွန်း ဂါထာက ဒီလို။

    “သီးကြူ စည်းမျဉ်း၊ ငါစောင့်ရှောက်၊
    သီးကြူ စည်းမျဉ်း၊ ငါကာကွယ်။
    ကျောက်တုံး မတွန်းခဲ့တဲ့ သီးကြူကြီးကို အရေးမယူရ၊
    အားလုံး စောင့်ရှောက်ကြ။”

    ကျောက်တုံးတွန်း ဂါထာက ဒီလို။
    ရွတ်လို့ ကောင်းတယ်နော်။
    ကျနော်တော့ မရွတ်ချင်ပေါင်။

    ဒီလိုနဲ့ ကျောက်တုံးကြီးက မရွေ့တော့။ ကျနော်လည်း အရက်ဆိုင်သွားပြီး အရက်ပဲ ထိုင်သောက်နေတော့တယ်။ သူတို့က "အများစု" ဆိုပြီး ဗိုလ်ကျချင်နေတယ် ထင်တယ်။

    အနည်းစုရဲ့ဆန္ဒကို အများစုက မလေးစားဘူးဆိုတော့ ကျောက်တုံးကြီးရွေ့စရာ အကြောင်းမရှိတော့။ ရွှေ့ချင်တဲ့ စိတ်ပေါက်လာမှ ကျောက်တုံးကြီး အမှန်တကယ် ရွေ့သွားမှာပါ။ ဂါထာရွတ်နေရုံနဲ့ ကျောက်တုံးကြီး ရွေ့သွားမှာမဟုတ်။

    * * * * * * * * * * * * * * * * * * * *

    ကျောက်တုံးကြီးက ရွာအ၀င်လမ်းမှာ ပိတ်နေတုန်း ...။ ။

    ယာမားရှီး
    ၂၇.၄.၂၀၁၂

    (ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူ ဖော်ပြသည်။)
    .

    ReplyDelete
  34. .
    ရန်ကုန်၊ ဧပြီ ၃၀

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

    “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။

    ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။

    The Voice Weekly

    ReplyDelete
  35. .
    ပြည်သူ့ဆန္ဒအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အမတ်များ လွှတ်တော်တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

    “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    The Voice Weekly

    ReplyDelete
  36. (
    ခေါင်းစဉ်ကို နှိပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်ကို နားဆင်နိုင်ပါတယ်။ )


    အန်အယ်ဒီအမတ်များ မေလ(၂)ရက်နေ့ လွှတ်တော် တက်မည်။

    ဧပြီ (၃၀) မနက် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့် အသံဖိုင်

    DVB Radio


    http://soundcloud.com/dvbradio/dassk-press-nld-120430

    ReplyDelete
  37. .
    ကိုမင်းကိုနိုင်ရဲ့ တုန့်ပြန်မှု

    "ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောထားတင်းမာသူ၊ စေ့စပ်ညှိနှိုင်းလို့ မရအောင် ခေါင်းမာသူ မဟုတ်ဘူး ဆိုတာကို သက်သေပြတာကတော့ နံပတ် တစ်အချက်ပါပဲ။

    သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်မယ်ဆိုရင် သူတို့ ကိုင်စွဲထားတဲ့မူတွေက အစ ပြန်ပြီးတော့ သုံးသပ်တယ်။ သင့်တင့် လျှောက်ပတ်တဲ့ အဖြေကို ထုတ်တတ်တယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။

    နောက်တခုကလည်း စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာတယ်ဆိုတဲ့ အပေါ်မှာ အခုလို အလုပ်ဖြစ်မြောက်ရေးအတွက် လိုက်လျောသင့်တဲ့ ကိစ္စတွေကို လိုက်လျောတယ်ဆိုတာ ကောင်းတဲ့ အစဉ်အလာပါ။

    နောက်တခုက မဲဆန္ဒရှင် ပြည်သူတွေက ယုံကြည်မှု အားပြန်ပြီးတော့ ကောင်းလာတယ်။ ပထမ စိုးရိမ်ကြောင့်ကျမှုတွေအားလုံးကိုလည်း ဖယ်ရှားလိုက်နိုင်တယ်။ အားလုံးဟာ ရွှင်မြူးတက်ကြွသွားတာကို တွေ့ရတယ်။ ဒီတခါ တယာက်တလှည့် အလျှော့ပေးကြတယ်ဆိုတာ အင်မတန် လှတဲ့ ပုံရိပ်ပါ ခင်ဗျ။"


    NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈ မျိုးဆက်
    ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

    ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို
    ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က
    ပြောကြားလိုက်တာပါ။

    ရွေးကောက်ပွဲမှာ အနိုင်ရပြီး နောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
    ကျမ်းကျိန်လွှာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်
    စောင့်ရှောက်ပါမည် ဆိုတဲ့ စာသားအစား ၊ လေးစားလိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ၊
    ဧပြီလ (၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

    (RFA)

    ReplyDelete
  38. .
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    အမှတ် (၉၇ / ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
    ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့


    ၂၀၁၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်

    ၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်


    ကြေညာချက်အမှတ် - ၁၇ / ဝ၄ / ၁၂


    ၁။ ဧပြီ (၁) ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ကျင်းပဆဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အများစု၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်လိုက်သည်။

    ၂။ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ (က) ဇယား (၄) တွင် ဖော်ပြထားသည့်အတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်သော်လည်း အဖွဲ့ချုပ်၏ မူလရပ်တည်ချက် ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ကို "လေးစား လိုက်နာပါမည်" ဟူသော သဘောထားကိုမူ ပြောင်းလဲမည် မဟုတ်ပါ။

    ၃။ အဖွဲ့ချုပ်က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းမှာ -
    (က) အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တက်ရောက်ကြရန် မဲဆန္ဒရှင် ပြည်သူများက အထူး မျှော်လင့် တောင့်တနေကြသဖြင့် ပြည်သူလူထု၏ ဆန္ဒကို လိုက်လျောလိုသောကြောင့် လည်းကောင်း၊
    (ခ) လွှတ်တော်အတွင်းရှိ တိုင်းရင်းသားပါတီများက ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား စေလွှတ်ပြီး အဖွဲ့ချုပ်သို့ သဝဏ်လွှာ ပို့ကာ လွှတ်တော်တွင် ပါဝင် တက်ရောက်ရေးအတွက် မေတ္တာရပ်ခံ တိုက်တွန်းခဲ့သဖြင့် တိုင်းရင်းသားညီအစ်ကိုများ၏ မေတ္တာရပ်ခံချက်ကို လေးစားတန်ဖိုးထားကာ တုံ့ပြန်လိုသောကြောင့် လည်းကောင်း လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။


    ၃၀-ဝ၄-၁၂ နေ့တွင် ပြုလုပ်သော နာယကများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့၏
    အစည်းအဝေး ဆုံးဖြတ်ချက် အရ

    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    ရန်ကုန်မြို့


    (Credit - National League for Democracy)

    ReplyDelete
  39. NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈ မျိုးဆက်
    ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်
    Why dont they say when she against?
    Answer...I do politics with no brain.i worship Aunty Su personaly.Whatever Kyaw Hein do,i agree.If she asy the sun set from west to east,i agree.If u against,i will fight from Aunty Su side.This is my brainless politics.I belive democracy but u have no right to critize Aunty Su.

    ReplyDelete
  40. အပေါ်က မိမိကိုယ်တိုင် ဘာမှမလုပ်နိုင်ဘဲနဲ့ သူများကို ဟောင်ဖွာဟောင်ဖွာ လျှောက်ပြောပြီး အမည်ဖေါ်ပြီးတောင် ပြောမရဲလို့ အုတ်ကြားမြက်ပေါက်ဘ၀နဲ့ ကွယ်ရာက လက်သီးပုန်း လာပြနေတဲ့ ကပ်ဖဲ့သမားကလည်း တမျိုး။ ကပ်ဖဲ့လာလုပ်နေတာကို အဖက်လုပ်ပြီး မပြောချင်လို့ ထားထားတာ ထပ်ခါတလဲလဲ ရူးကြောင် မူးကြောင်နဲ့ ဒါပဲလာလာရေးနေတော့တာပဲ။

    သိချင်ရင်လည်း ကိုမင်းကိုနိုင်တို့ကို သွားမေးကြည့်ပါလား။ ကျော်ဟိန်းဘာပြောတယ် လာလုပ်တယ်ဆိုတာလည်း ကျွန်မ မသိဘူး။ ကျွန်မပြောတာ ကျွန်မလုပ်တာပဲ ကျွန်မသိတယ်။ ရှင်တို့ ဘာမှလုပ်မတတ်ဘဲ ဟောင်ဖွာဟောင်ဖွာပဲ ပြောတတ်တဲ့သူတွေ ဘယ်အခြေအနေမှာ ဘာပြောမယ်ဆိုတာ သိလို့ ကျွန်မ တင်ခဲ့တဲ့ပို့စ် http://nge-naing.blogspot.com.au/2012/04/nl.html မှာ ဒီလို (((( ((((NLD ဒီလမ်း (ရွေးကောက်ပွဲဝင်တဲ့လမ်း) ကို ရွေးခဲ့တဲ့အပေါ် နဂိုကတည်းက အပြစ်တင်နေသူတွေအနေနဲ့ကတော့ ပြဿနာရဲ့ အဖြေကို ဘယ်တော့မှ စဉ်းစားပေးကြမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာပဲလုပ်လုပ် အပြစ်တင်နေမှာ သေချာပါတယ်။ အခုလိုအခြေအနေမှာ တွေ့လား အစကတည်းက ဒါကိုမသိဘူးလားလို့ ပြောပြီးထေ့ကြရိကြမှာ ဖြစ်သလို ကျမ်းကျိမ်ပြီး တခြားပါတီတွေလို လွှတ်တော်ထဲ ၀င်သွားပြန်ရင်တော့လည်း NLD က စစ်ကျွန် စနစ်ကို ကျမ်းကျိမ်ပြီး သစ္စခံလိုက်ပြီ၊ ပုတ်သင်ညိုဖြစ်သွားပြီ၊ ငါပြောသားပဲ ဒီလိုဖြစ်လာမယ်ဆိုတာလို့ အော်နေဦးမှာပဲ ဖြစ်တယ်။ သေချာတာက သူတို့ ဘယ်လိုပဲအော်အော် အော်နေ အပြစ်တင်နေ ပုတ်ခတ်နေသူတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲပေးနိုင်တဲ့ အစွမ်းအစ ရှိကြတဲ့သူတွေ တယောက်မှ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လို အများအတွက် အနစ်နာခံနိုင်သူတွေလည်း တယောက်မှ မဟုတ်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သာလျှင် ပြည်သူလူထုနဲ့အတူ အမြဲရှိနေပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်အောင် အကောင်အထည် ဖေါ်နေတာကို ပံ့ပိုးတဲ့သူတွေကလည်း ပံ့ပိုးမှသာ မြန်မာပြည် ပြောင်းလဲမှာ ဖြစ်တယ်။))))) လို့ ရေးထားတာ မတွေ့ဘူးလား။ ဒါအခုမှ ကောက်ရေးတာ မဟုတ်ဘူး။ အကယ်၍ ဒီလိုဖြစ်လာမယ်ဆိုရင် ဒီလိုပြောမယ်ဆိုတာ ရှင်တို့စိတ်ကို ဖတ်တတ်ပြီး အတိအကျသိနေလို့ ကြိုရေးထားတာ ရှင်တို့အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာ ဒါနဲ့ ကွက်တိပဲမဟုတ်လား။

    ဘာကြောင့် ၀င်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ဒီ၊ထဲမှာ reasonably နဲ့ တိတိကျကျ ပြောထားပါတယ်။ http://soundcloud.com/ma-san-1/6qswqvivcofv ဒေါ်အောင်ဆန်းစုကြည် အခု လွှတ်တော်ထဲဝင်ဖို့ သွားတာ ပြီးပြီးရော သွားဝင်တာ မဟုတ်ဘူး Reasons ကို ဒီမှာ ပြောထားတယ်... ထပ်တင်ပေးလိုက်တယ်၊ သေသေချာချာ နားထောင်ပါ။ အလုပ်လုပ်တာ advantages and disadvantages တွေကို ချိန်ထိုးပြီး လုပ်ရတဲ့ Reason နဲ့ ထွက်လာမယ့် outcomeကို ကြည့်ရတယ်။ ဘာမှမလုပ်ဘဲ အာချောင်နေလို့ Reasonable ဖြစ်မလာမှာ မဟုတ်သလို outcome ကလည်း သူများအတွက်ရော ကိုယ့်အတွက်ရော ဘာမှဖြစ်မလာမှာမဟုတ်ဘူး။ သူများကို မကျေမနပ်နဲ့ စိတ်ဒုက္ခသည်ဘ၀နဲ့ပဲ ဘ၀အဆုံးသပ်သွားလိမ့်မယ်။ နားထောင်ပြီး ဆင်ခြင်တုံတရားနဲ့ စဉ်းသုံးသပ်ပါ။

    (ကွယ်ရာမှာပဲ အတင်းပြောတတ်ပြီး ရှေ့မှာ အမည်မဖေါ်ရဲလို့ လက်သီးပုန်းလာပြတဲ့သူဟာ ဘယ်သူဆိုတာ အတိအကျသိလို့ ဒီမှတ်ချက်ကို တုန့်ပြန်တာဖြစ်တယ်။ Nge Naing)

    ReplyDelete
  41. .
    မေလ ၂ ရက်၊ ၂၀၁၂

    ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့သို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

    ယနေ့အစည်းအဝေးမှ ပထမဆုံးအကြိမ် တက်ရောက်သော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြကြောင်း သိရသည်။

    ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးများ ယနေ့ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဇူလိုင်လမှ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများကို ပြန်လည် စတင်မည် ဖြစ်သည်။

    (7Day News Journal)

    ReplyDelete
  42. (
    ခေါင်းစဉ်ကို နှိပ်ပြီး ဒေါ်စု (၂-၅-၁၂ ရက်) လွှတ်တော် တက်ရောက်ခြင်း ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)


    May 2, 2012

    ပြည်သူ့ လွှတ်တော်သို့  ယနေ့ စတင် ၀င်ရောက်တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်လွှာများ

    (Credit - ကိုနစ်နေမန်း)

    ReplyDelete
  43. (
    ခေါင်းစဉ်ကို နှိပ်ပြီး You Tube ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)

    ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး သမိုင်းဝင် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ

    (Published on 2 May 2012 by demowaiyen)

    ReplyDelete
  44. ကွယ်ရာမှာပဲ အတင်းပြောတတ်ပြီး ရှေ့မှာ အမည်မဖေါ်ရဲလို့ လက်သီးပုန်းလာပြတဲ့သူဟာ ဘယ်သူဆိုတာ အတိအကျသိလို့ ဒီမှတ်ချက်ကို တုန့်ပြန်တာဖြစ်တယ်။ Nge Naing)
    Why u allow Anonymous?Next time do not allow Anonymous.U know that some bloggers do not allow Anonymous at their web.U need to use ur brain before u say.

    ReplyDelete
  45. ရှင်တို့ ဘာမှလုပ်မတတ်ဘဲ ဟောင်ဖွာဟောင်ဖွာပဲ ပြောတတ်တဲ့သူတွေ
    I believe Democracy but u have no right to critic Aunty Su.This is my Democracy.If i have power ,i ll send u to jail.

    ReplyDelete
  46. .
    ဖွဲ့စည်းပုံ ပြင်ရန် ပြည်သူများ မတောင်းဆိုဟု ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦး ပြော


    May 2, 2012


    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံဥပေဒသည် သက်တမ်းနုနယ်သေးသည့်အတွက် ပြုပြင်စရာမလိုသေးဘဲ ပြည်သူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို စိတ်မ၀င်စားသောကြောင့် ပြင်ရန်လည်း မလိုကြောင်း ပြောဆိုလိုက်သည်။

    “ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်း သိပ်ငယ်သေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု မမေးကြဘူး။ ပြည်သူတွေက အဲဒီဥစ္စာကို စိတ်မ၀င်စားဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲစိတ်ဝင်စားကြပါတယ်” ဟု ဦးဌေးဦးက ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ယနေ့ ကျမ်းကျိန်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ကြသည်။

    တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင်ပါဝင်ခြင်းသည် မည်သူ့ကိုမျှ အနှောင့်အယှက် မပြုသည့်အတွက် ယင်းအချက်ကိုလည်း ပြင်ဆင်ရန် မလိုအပ်ကြောင်း ဦးဌေးဦးက ဆိုသည်။

    “တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည် လွှတ်တော်ထဲမှာ မရှိသင့်တဲ့အနေအထား ရှိနေသလားလို့ ခင်ဗျားတို့ပဲ ကျနော်ပြန်မေးရမှာပဲ။ မဟုတ်ဘူးလား။ ဘာများ အနှောင့်အယှက်တွေ ဖြစ်နေလဲ။ သူတို့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်နေကြတယ်လို့ မြင်တယ်။ လတ်တလောအားဖြင့် ဒီအတိုင်းက ဘာမှမဖြစ်တဲ့အတွက် ဘာမှ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ဆိုးကျိုးတစုံတရာ မရှိတဲ့အတွက် ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ်” ဟု ဦးဌေးဦးက ပြောသည်။

    မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ပြီးနောက် ၂၀၀၈ ခုနှစ်ရောက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ထပ်မံပေါ်ပေါက်ခြင်းဖြစ်ပြီး လွယ်လွယ်နှင့် ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဦးဌေးဦးက ဆိုသည်။

    “၄၇ နဲ့ ၇၄ ဆိုရင်လည်း တော်တော်ကွာတယ်။ ၇၄ နဲ့ ၂၀၀၈ ဆိုလည်း တော်တော်ကွာတယ်။ ဒါကြောင့် လက်တွေ့ကျင့်သုံးပြီးတဲ့အချိန်မှာ မသင့်တော်ရင် လုပ်ရမယ်။ ဖြစ်လာတဲ့အပေါ် မူတည်ပြီးတော့ လက်ရှိ အနေအထားပေါ်မူတည်ပြီး ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်ပြီးတော့ အကောင်အထည် ဖော်နေတယ်” ဟု ဦးဌေးဦးက ပြောသည်။

    NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကမူ NLD လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကို ကတိပေးထားသည့်အတိုင်း လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

    “ရွေးကောက်ပွဲ မတိုင်မီကတည်းက ပြည်သူတွေကို ပြောထားတဲ့ကတိတွေ အကောင်အထည်ဖော်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
    ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသော NLD က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

    (ဧရာဝတီမှ ကူးယူ ဖော်ပြသည်။)

    ReplyDelete
  47. .
    02 မေ 2012


    နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့မှာတော့ သူမနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခြား အဖွဲ့ဝင် အများအပြား တို့ဟာ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ သူတို့ရဲ့ နေရာသစ်တွေကို ရယူလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒ်ါအောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီဝင်တွေ တိုင်းပြည်အုပ်ချုပ်ရာမှာ တခန်းတကဏ္ဍက ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

    ကျွန်မ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ လွှတ်တော်ကို တက်ရောက်လာတဲ့ အမတ် အသစ်တွေ၊ သိန်းနဲ့ ချီတဲ့ မဲဆန္ဒရှင်တွေကို သူတို့ရဲ့ ရဲစွမ်း သတ္တိနဲ့ လူထုကိုယ်စားလှယ် အစိုးရ ပေါ်ထွန်းရေးအတွက် တာဝန်ယူ ထမ်းဆောင်ခဲ့ကြတဲ့ အတွက် ချီးကြူး ဂုဏ်ပြုလိုက်ပါတယ်။

    ဒီအချိန်ဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာအောင် အထောက်အပံ့ ဖြစ်စေမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဦးတည်တဲ့ စစ်မှန်သော ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီအားလုံး အရပ်သားအဖွဲ့အစည်း အားလုံးနဲ့၊ တိုင်းရင်းသားလူ မျိုးစုခေါင်းဆောင်တွေ အနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ဒီမိုကရေစီပိုကျသော၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော တိုးတက်ဖွံ့ဖြိုးသော အနာဂါတ် ပေါ်ထွန်းရေးအတွက် အခွင့်ရေးသစ်တွေကို ဆုပ်ကိုင် အသုံးပြုကြဖို့ အားပေးနှိုးဆော် လိုက်ပါတယ်။

    ဟီလာရီ ကလင်တန်
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
    ၂၀၁၂ မေလ ၂ရက်

    (VOA)

    ReplyDelete
  48. .
    “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ( ဒေါ်အောင်ဆန်းစုကြည်
    (NLD ရုံးချုပ်၊ ရန်ကုန်၊
    ၃၀-၄-၂၀၁၂ )


    ရှုံးသူ ၏ အနိုင်၊ နိုင်သူ၏ အရှုံး


    မာကျောတဲ့ ကျောက်သားကို
    ပျော့ပြောင်းတဲ့ ရေသားက တိုက်စား..
    ကျောက်သားတောင် ပြိုစမြဲ။
    မာကျောတဲ့ မြေသားလွှာကို
    နုနယ်တဲ့ သစ်မြစ်တွေက ဖောက်ခွဲ
    သစ်ပင် ကြီးထွားစမြဲ
    ပူပြင်းလောင်ကျွမ်းတတ်သော မီးတောက်
    အေးမြသော ရေစက်ပေါက်တွေ ဖြန့်ကြဲ
    အပူပြယ် မီးငြိမ်းစမြဲ
    အပျော့နဲ့  အမာ
    အအေးနဲ့ အပူ
    တည်ကြည်ခြင်းနဲ့  ကောက်ကျစ်မှု
    မေတ္တာနည်းနဲ့  ဒေါသမီး..
    ဘယ်ဘက်က အနိုင်ရမလဲ။
    တင်းမာကောက်ကျစ်မှု အတွက်..
    ထာဝရ အနိုင်ရခြင်း၊
    ခွင့်လွှတ် အလျှော့ပေးခြင်းသာ မြင့်မြတ်
    အနိုင်လိုသူ အရှုံးပေး.. နှလုံးသား အေးတယ်။
    ဒူးထောက် လက်မြှောက်ခြင်း မမည်
    ကြောက်ရွံ့ ၍ အောက်ကျို့ ခြင်း မမည်
    ထိုးမဲ့ဆင် ဟူသည် မထိုးမီ နောက်တစ်လှမ်း ဆုတ်စမြဲ။
    အများခေါင်းဆောင် မည်သည်
    အများအတွက် ကောင်းကျိုးဆန္ဒ
    ဖြည့်ဆည်း အနစ်နာသည် ပဓာန
    သံဃာ့အားပင် ဘုရား မလွန်ဆန်သာ
    ငြိမ်းချမ်းရေးသာ အောင်မြင်ရာ။
    ညစ်ပတ်လိုသူ အနိုင်ဆုကို ပိုက်
    ပြည်သူ့ အမုန်း ကုဋေကုဋာ လည်ပင်းခိုက်
    စည်းခိုးသူ အတွက်
    ကောက်ကျစ်သူ အတွက်
    အနိုင်ဆိုတာ တကယ်တော့ အရှုံး ဖြစ်တယ်။


    မသဒ္ဓါ
    ၂၉-၄-၂၀၁၂

    ReplyDelete
  49. .
    “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ( ဒေါ်အောင်ဆန်းစုကြည်
    (NLD ရုံးချုပ်၊ ရန်ကုန်၊
    ၃၀-၄-၂၀၁၂ )


    ပုဏ္ဏား ခမျာ နိုင်ပါသော်ငြား ဂုဏ်သိက္ခာသေ၊ အရှုံးကိုသာ နောက်ဆုံး ရတယ်


    ငယ်ငယ်ကပေါ့။

    ဝေသန္တရာဇာတ်တော်ထဲမှာ စူစကာပုဏ္ဏားက ဝေသန္တရာမင်းကြီးရဲ့ သားတော်၊ သမီးတော်တွေကို ကြိုးတုတ်ပြီး ရိုက်။

    မယ်မဒ္ဒီ က ပူဆွေး ငိုကြွေး။

    ကျမဖြင့် အမလေး….. မုန်းလိုက်ပါဘိ၊ ဒီပုဏ္ဏား။

    ပွဲကြည့်သူများအတွက် ပုဏ္ဏားက ရက်စက်လေလေ၊ မင်းသမီး အမှတ် ပိုရလေလေ ပါဘဲ။

    ပြည့်သူ့ မေတ္တာ မရတဲ့ ပုဏ္ဏား စားပိုးနင့်သေသေ၊ သြဘာ လက်ခုပ်တွေ ညံလေလေဘဲ။

    ဟောကြည့်.. ဒီပွဲမှာ ဘယ်သူ နိုင်ပါသလဲ။ ပွဲကြည့်သူများသာ ဆုံးဖြတ်မယ့် အဖြေ။

    ပုဏ္ဏား ခမျာ နိုင်ပါသော်ငြား ဂုဏ်သိက္ခာသေ၊ အရှုံးကိုသာ နောက်ဆုံး ရတယ်။


    မသဒ္ဓါ
    ၂၉-၄-၂၀၁၂

    ReplyDelete
  50. .
    တိုင်းပြည် နာနေတာ ကြာနေတဲ့ အနေအထားမှာ တိုင်းပြည် ထပ်နာမှာ ကြောက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD က ခံယူချက်ကို စတေးပြီး ကျော်ဖြတ်လိုက်ရတာကို နားလည်ကြပါ... ဘယ်သူတွေ ဘယ်လိုပဲ ရှုတ်ချ ရှုတ်ချ.. အစားထိုးလို့ မရနိုင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက်မှာ မားမားမတ်မတ် ရပ်ကြပါ


    မူအရလည်း မှန်တယ်.. ယုံကြည်ချက်အရလည်း မှန်တယ်.. ဒါပေမဲ့ "လုပ်သင့်တယ်" လို့ ထင်လို့ ဒါတွေကို ကျောခိုင်းပြီး.. ခံယူချက်ကို စတေးပြီး လုပ်လိုက်ရတာ.. ကျော်ဖြတ်လိုက်ရတာ... (သမိုင်း နောက်ကြောင်း ပြန်လှည့်သွားမှာ စိုးလို့၊ တိုင်းပြည်နာမှာ ကြောက်လို့ ထင်ပါရဲ့...)

    ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဆုံးဖြတ်ချက်ကို ဘာပဲဖြစ်ဖြစ် မကြိုက်ပေမယ့် မကန့်ကွက်ဘူး... မရှိမဲ့ရှိမဲ့ ဒီခေါင်းဆောင် ပြိုသွားရင် ဘယ်သူ့ကို အစားထိုးမလဲ... ခေါင်းဆောင်က "လုပ်သင့်တယ်" ထင်လို့ လုပ်တဲ့ ကိစ္စကို အားလုံးက တညီတညွတ် လိုက်ဘို့ပဲ ရှိတာပေါ့... တိုင်းပြည် နာနေတာ ကြာနေလို့ တိုင်းပြည် ထပ်နာမှာ ကြောက်လို့ ခံယူချက်ကို စတေးပြီး ကျော်ဖြတ်လိုက်ရတာအတွက်... ထိုက်သင့်တဲ့ တန်ဘိုး တစုံတရာတော့ ရှိလာမှာပါ...

    လက်ရှိအစိုးရအနေနဲ့လည်း... တဘက်က အလျှော့ပေးလိုက်တာကို "ဟုတ်ပြီကွ" ဆိုပြီး ရောင့်တက်တဲ့ လုပ်ရပ်ကိုတော့ ရှောင်ဘို့ လိုလိမ့်မယ်... မြန်မာတွေဟာ... ရုပ်ရှင်
    ထဲမှာတောင်... မင်းသားက လူကြမ်းကို မတရား နှိပ်စက်လာရင်... မင်းသားကို မုန်းတဲ့ အမျိုး။

    ( ဒေါ်စုပြောသွားတဲ့... "အလျှော့ပေးလိုက်တာဟာ.. ပြည်သူ့ဆန္ဒ" ဆိုတဲ့ စကားဟာ... နှိမ့်ပေးလိုက်သလိုလိုနဲ့.... လှံသွားထက် စူးတယ်နော်.... ဒီစကားဟာ... လက်ရှိအစိုးရအတွက် အနိုင်ကျင့် လွှမ်းမိုးဘို့ ကြိုးစားလာရင်.....မိုးကြိုးသွား ဖြစ်လိမ့်မယ်)....။

    ဘယ်သူတွေ ဘယ်လိုပဲ ပြောလာ ပြောလာ.. ဘယ်လိုပဲ ရှုတ်ချ ရှုတ်ချ.. အစားထိုးလို့ မရနိုင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက်မှာ မားမားမတ်မတ် ရပ်ကြပါ......။

    (Credit - ကိုမောင်မောင်ဝမ်း)

    ReplyDelete
  51. .
    “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ"

    ( ဒေါ်အောင်ဆန်းစုကြည်
    (NLD ရုံးချုပ်၊ ရန်ကုန်၊
    ၃၀-၄-၂၀၁၂ )



    ရှုံးသူ ၏ အနိုင်၊ နိုင်သူ၏ အရှုံး


    မာကျောတဲ့ ကျောက်သားကို
    ပျော့ပြောင်းတဲ့ ရေသားက တိုက်စား..
    ကျောက်သားတောင် ပြိုစမြဲ။

    မာကျောတဲ့ မြေသားလွှာကို
    နုနယ်တဲ့ သစ်မြစ်တွေက ဖောက်ခွဲ
    သစ်ပင် ကြီးထွားစမြဲ။

    ပူပြင်းလောင်ကျွမ်းတတ်သော မီးတောက်
    အေးမြသော ရေစက်ပေါက်တွေ ဖြန့်ကြဲ
    အပူပြယ် မီးငြိမ်းစမြဲ။

    အပျော့နဲ့  အမာ
    အအေးနဲ့ အပူ
    တည်ကြည်ခြင်းနဲ့  ကောက်ကျစ်မှု
    မေတ္တာနည်းနဲ့  ဒေါသမီး..
    ဘယ်ဘက်က အနိုင်ရမလဲ။

    တင်းမာကောက်ကျစ်မှု အတွက်..
    ထာဝရ အနိုင်ရခြင်း၊
    ခွင့်လွှတ် အလျှော့ပေးခြင်းသာ မြင့်မြတ်
    အနိုင်လိုသူ အရှုံးပေး.. နှလုံးသား အေးတယ်။

    ဒူးထောက် လက်မြှောက်ခြင်း မမည်
    ကြောက်ရွံ့ ၍ အောက်ကျို့ ခြင်း မမည်
    ထိုးမဲ့ဆင် ဟူသည် မထိုးမီ နောက်တစ်လှမ်း ဆုတ်စမြဲ။
    အများခေါင်းဆောင် မည်သည်
    အများအတွက် ကောင်းကျိုးဆန္ဒ
    ဖြည့်ဆည်း အနစ်နာသည် ပဓာန
    သံဃာ့အားပင် ဘုရား မလွန်ဆန်သာ
    ငြိမ်းချမ်းရေးသာ အောင်မြင်ရာ။

    ညစ်ပတ်လိုသူ အနိုင်ဆုကို ပိုက်
    ပြည်သူ့ အမုန်း ကုဋေကုဋာ လည်ပင်းခိုက်။

    စည်းခိုးသူ အတွက်
    ကောက်ကျစ်သူ အတွက်
    အနိုင်ဆိုတာ တကယ်တော့ အရှုံး ဖြစ်တယ်။


    မသဒ္ဓါ
    ၂၉-၄-၂၀၁၂

    ReplyDelete
  52. (
    The Peninsula မှ 4 May 2012 ရက်စွဲပါ

    "Suu Kyi's move hints at political pragmatism" ကို
    ဘာသာ ပြန်ဆိုသည်)

    yangonchronicle

    ၄.၅.၂၀၁၂


    ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက် အုပ်ချုပ်သူများ၏ သံလက်သီးကို နှစ်ပေါင်း ၂ဝ ကျော် အာခံခဲ့သော်လည်း ကျင့်ဝတ်ကို ဘေးဖယ်သည့် သဘော သက်ရောက်သည့် တိုင်အောင် အလျှော့ပေး ညှိနှိုင်းမှုကို အားသန်လျက် ရှိသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေပါ စကားလုံးကို အစပိုင်းတွင် အငြင်းပွားခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ ဗုဒ္ဓဟူးနေ့တွင်မူ လွှတ်တော်တက်၍ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်သည်။

    ယင်းသို့ အလျှော့ပေးမှုက "အံ့အားသင့်စရာ အပြောင်းအလဲဖြင့် ဒီမိုကရေစီလမ်းဆီ တရွေ့ရွေ့ ချဉ်းကပ်နေသော မြန်မာနိုင်ငံတွင် အလျှော့ပေး ညှိနှိုင်းမှုသည် ပစ္စုပ္ပန် အထူးလိုအပ်ချက် ဖြစ်သည်"ဟု ညွှန်ပြနေသည်။

    သို့သော် ယင်းကဲ့သို့ လွှတ်တော်တက်ရန် နှောင့်နှေးမှုကြောင့် တနင်္လာနေ့က လွှတ်တော်တွင် ကုလအကြီးအကဲ ဘန်ကီမွန်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ ပျက်ကွက်မှုကို သိသိသာသာ ပေါ်လွင်စေခဲ့သည်။

    ReplyDelete
  53. .
    "ရထား လွတ်သွားတော့မည် ဟူသော အတွေးကို NLD က နောက်တစ်ကြိမ် ထပ်ပေးခဲ့သည်" ဟု University of Hong Kong မှ မြန်မာ့ရေးရာ အကဲခတ်တစ်ဦး ဖြစ်သူ ရီနော့ အီဂရပ်တူက ဆိုသည်။ နာမည်ပျက်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် မျှမျှတတ ကျင်းပပေးခဲ့သော ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် လွှတ်တော် တက်ခြင်းကို သူမအပေါ် ထောက်ခံသူများကလည်း ကြိုဆိုကြပါလိမ့်မည်။

    သို့သော် NLD ပါတီတွင်းတွင် တပ်မတော်နှင့် လက်တွဲမည့် လက်တွေ့အုပ်စုနှင့် လက်တွဲရန် မလိုလားသော ခေါင်းမာသူ အုပ်စု ဟူ၍ နှစ်ခြမ်း ကွဲနေသော လက္ခဏာ ရှိသည်ဟုလည်း ယင်းက ဆိုသည်။

    "ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ခေါင်းမာသူတွေ ဆီကနေ နောက်ဆုံးမှာ လွတ်မြောက်လာတာကို ကျွန်တော်တို့ မြင်ရမှာပါ။ ဒါပေမဲ့ NLD အန်ကယ်ကြီးတွေဟာ အများလေးစားမှုကိုတော့ ခံယူနေရတုန်းပါပဲ။ မြန်မာ့ ယဉ်ကျေးမှုမှာ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အာဏာကို မေးခွန်းထုတ်ဖို့ မလွယ်ကူပါဘူး" ဟု အီဂရက်တူက မှတ်ချက် ပေးသည်။

    တပ်မတော်၏ အာဏာကို အာမခံချက် ပေးထားသော ၂ဝဝ၈ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အမတ် ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သယံဇာတ ကြွယ်ဝ၍ ဆင်းရဲသော နိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသော ကျယ်ပြန့်သည့် ကိစ္စရပ်များကို ယင်းဥပဒေဘောင်ထဲမှပင် ဆောင်ရွက်သွားရတော့မည် ဖြစ်သည်။

    သို့သော် အမတ်နေရာ ၁ဝ% သာ ရှိသေးသော အနေအထားကြောင့် အခြားကိစ္စများတွင် အနိုင်ရရန် အချို့ကိစ္စများတွင် အလျှော့ ပေးရလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယင်းသို့ အပေးအယူ လုပ်ရသည့် အခြေအနေသည် သူမ၏ ၈၈ ခုနှစ်က ရဲရဲတောက် မိန့်ခွန်းများနှင့် များစွာ ကွာလှမ်းသွားပြီလည်း ဖြစ်သည်။

    နှစ်ပေါင်း ၂ဝ ကျော် ကိုယ်ကျိုးစွန့်၍ ခိုင်မာစွာ ရပ်တည်မှုကြောင့် သူမအား နိုင်ငံတကာက ခြိမ့်ခြိမ့်သဲ ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း မြန်မာတပ်မတော်အစိုးရကမူ ခေါင်းမာစွာ ငြင်းဆန်တတ်သူဟု သူမကို သိက္ခာချ စွပ်စွဲခဲ့သည်။


    (Credit - Transparency Myanmar blog)

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။