Pages
လက်ထပ်ထိမ်းမြားခြင်းအပေါ် ဗုဒ္ဓဘာသာ အမြင်
ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ် မဟုတ်ပေ။
လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘောတူညီချက် တခုဖြစ်သည်။ ဘ၀ကို ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီးသော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ဖြစ်သည်။ ဗုဒ္ဓ၀ါဒ ကျမ်းစာများတွင် တလင်တမယားစနစ် သို့မဟုတ် မယားပြိုင်စနစ်ဟူ၍ ခွဲခြားသတ်မှတ်ခြင်းမျိုး မရှိသော်လည်း ဗုဒ္ဓဘာသာဝင် ယောက်ျားတို့သည် ဇနီးမယားတယောက်သာ ယူရန် မိမိဖာသာ သတ်မှတ်ထားကြသည်။
ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဥာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း  တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။
အမျိုးသားများကလည်း ကြုံတွေ့ရမည့် အခက်အခဲနှင့် အမှုကိစ္စများကို ၀န်ထုပ်ဝန်ပိုး တခုသဖွယ် သဘောပေါက် လက်ခံကြသည့်အတွက် ဇနီးမယား တယောက်နှင့် အိမ်ထောင်စု တခုကိုသာ စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ကံအကြောင်းမလှသည့် အခါမျိုးတွင် ပြဿနာကို ကြီးအောင် ချဲ့သလိုဖြစ်နေသည်။ လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။
ထို့နည်းတူပင် ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။
အိမ်ထောင်ပြုခြင်းကို ကန့်သတ် ပိတ်ပင်ထားသည့် ဥပဒေသများ မရှိသော်လည်း ဗုဒ္ဓဘာသာ ရဟန်းများ အဘယ်ကြောင့် အိမ်ထောင် မပြုကြသနည်းဟု မေးခွန်းထုတ်ရန် ရှိလာသည်။ ထင်ရှားစွာတွေ့ရသည့် အကြောင်းပြချက်မှာ ရဟန်းများသည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန် ဗြဟ္မစရိယအကျင့်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ရဟန်းများသည် လောကီနှင့် စပ်ဆိုင်သော အိမ်ရာထူထောင်ခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာ အခြားသူများကိုလည်း စိတ်အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီရေးအတွက် အိမ်ထောင်မပြုကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ထပ်မင်္ဂလာ အခမ်းအနားများနှင့် စပ်ဆိုင်မှုမရှိဟု ဆိုနိုင်သော်လည်း လက်ထပ်သူများကို ဘာသာရေးအရ ဆုံးမသြ၀ါဒပေးရန်နှင့် ၎င်းတို့၏ လှူဒါန်းမှုစသော ကောင်းမှုများကို ချီးမြှောက်ပေးရန် ကြွရောက် ပေးလေ့ရှိကြသည်။
ဗုဒ္ဓ၏ အဆုံးအမများကို တင်းကျပ်စွာ လိုက်နာကြသည့်အတွက် လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲခြင်းများ နည်းပါးသော်လည်း ဗုဒ္ဓဘာသာတွင် ကွာရှင်းပြတ်စဲမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ ယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် သဘောထားချင်း တိုက်ဆိုင်မှု အမှန်တကယ် မရှိတော့လျှင် လွတ်လပ်စွာ ကွာရှင်းပြတ်စဲနိုင်ခွင့် ရှိသည်။ ကွာရှင်းပြတ်စဲလိုက်ခြင်းအားဖြင့် နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် ပြဿနာ အခက်အခဲများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဗုဒ္ဓက အသက်ကြီးရင့်သော ယောက်ျားများ အနေနှင့် ငယ်ရွယ်သော ဇနီးမယား မယူသင့်ကြောင်း အကြံပြုခဲ့သည်။ အသက်အရွယ် ကွာခြားမှုကြောင့် လိုက်ဖက်မညီဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ကာ အိမ်ထောင်ရေးကို ပျက်စီးဆုံးရှုံးစေနိုင်သည်။
လူ့အဖွဲ့အစည်းသည် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်မှတဆင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဆက်သွယ်မှုတိုင်းသည် မိမိတို့ အသိုင်းအ၀ိုင်းအတွင်းမှ အခြားသူများကို ထောက်ကူခြင်း၊ ကာကွယ်ခြင်းကို ရင်ထဲမှလာသော စိတ်အမှန်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ကူညီလို၊ ကာကွယ်လိုသော ဆက်သွယ်မှု၏ အရေးပါသော အားကောင်းသည့် အစိတ်အပိုင်းတခု ဖြစ်သည်။
ကောင်းမွန်သော လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုသည်မှာ စစ်မှန်သော သစ္စာရှိခြင်းနှင့် နားလည်ခြင်းမှ အရှိန်မှန်မှန် ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး တယောက်အလိုကို တယောက်က လိုက်လျောခြင်း သက်သက် မဟုတ်ပေ။ လက်ထပ်ထိမ်းမြားခြင်းကြောင့် လူ့အသိုက်အ၀န်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ လူသားနှစ်ယောက် ပေါင်းစည်းခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံတခုကို တည်ထောင်နိုင်ပြီး အထီးကျန်ခြင်း၊ ချို့ငဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း ကင်းဝေးစေနိုင်၏။
လက်ထပ်ထိမ်းမြားခြင်းအားဖြင့် နှစ်ဦး နှစ်ဖက်လုံး၏ အခန်းကဏ္ဍကို မြင့်တက်စေနိုင်ပြီး ခွန်အားနှင့် သတ္တိများကို အပြန်အလှန် ပေးအပ်နိုင်ကြသည်။ တယောက်၏ စွမ်းရည်ကို တယောက်က ထောက်ကူပြီး အသိအမှတ်ပြုကာ ကျေနပ် လက်ခံနိုင်စေသည်။ ယောက်ျားနှင့် မိန်းမတွင် မည်သူကပို၍ သာလွန်ကြီးမြတ်သည်ဟူ၍ မရှိ။ တန်းတူညီမျှဖြစ်ခြင်း၊ ပွင့်လင်းသော ကြင်နာခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စိတ်ကိုငြိမ်းအေးစေခြင်း စသည်တို့ဖြင့်  အပြန်အလှန် အမှီသဟဲ ပြုခြင်းမျိုးသာ ရှိသည်။
လူသားသည် မိသားစုကို ၎င်း၏ ကိုယ်ပိုင်အယူအဆဖြင့် စီစဉ် တည်ဆောက်နိုင်သော်လည်း ကိုယ်ဝန်ဖျက်ချ ခြင်းကိုမူ တရားမျှတမှုဟု မဆိုနိုင်ပေ။
ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ကြပ်မတ်ရန် ဗုဒ္ဓ၀ါဒတွင် အကြောင်းပြချက်မရှိပေ။ ပဋိသန္ဓေ တားဆီးရာတွင်လည်း ခေတ်ဟောင်း ခေတ်သစ်နည်းများကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသည်။ ကလေးမွေးဖွားမှု ထိန်းချုပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်းသည် လိုက်နာကျင့်သုံးရမည့် ဗုဒ္ဓ၏ တရားများကို ဆန့်ကျင်ခြင်းပင်ဖြစ်ပြီး ၎င်းတို့၏ အယူအဆသည် ကြောင်းကျိုး ဆီလျော်မှု မရှိသည်ကို သတိပြုသင့်သည်။ ပဋိသန္ဓေ တားဆီးခြင်းဆိုသည်မှာ အသက်ရှင်သန်မှုတခု ဖြစ်ပေါ်မလာမီ ကြိုတင်တားဆီးခြင်းသာ ဖြစ်သည်။ ယင်းကိစ္စတွင် သတ်ဖြတ်ခြင်း မပါဝင်သကဲ့သို့ အကုသိုလ်လည်း မဖြစ်ပေ။ သို့သော် ဖြစ်လာပြီးသော ကိုယ်ဝန်ကို ဖျက်ချလျှင်ကား မှားယွင်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖြင့် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘ၀တခုကို ဖျက်ဆီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် မတရားသောအမှု ဖြစ်သည်။
ဗုဒ္ဓ၏ အဆုံးအမများအရဆိုလျှင် ဖော်ပြပါ အကြောင်းငါးချက်နှင့် ငြိစွန်းပါက သူ့တပါးအသက်ကို သတ်ခြင်း မည်သည်။ ၎င်းတို့မှာ (၁) အသက်ရှိခြင်း၊ (၂) အသက်ရှိကြောင်းကိုသိခြင်း (သို့) သတိပြုမိခြင်း၊ (၃) သေစေလိုသော ဆန္ဒရှိခြင်း၊ (၄) သတ်ရန်အားထုတ်ခြင်း နှင့် (၅) အထက်ပါ အကြောင်းတို့ကြောင့် သေဆုံးရခြင်းတို့ ဖြစ်သည်။ အမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာပါက သူ၏သားအိမ်တွင်းတွင် အသက်တခု ဖြစ်လာသည်။ ၎င်းက အမှတ်စဉ် (၁) အချက်နှင့် ကိုက်ညီသည်။ လအနည်းငယ် ကြာပြီးသည့်အခါ ကိုယ်အတွင်းတွင် ရှိနေသောအရာမှာ သက်ရှိဖြစ်သည်ကို သိလာသည်။ ၎င်းက အမှတ်စဉ် (၂) အချက်နှင့် ကိုက်ညီသည်။ ထို့နောက် အကြောင်းပြချက် တစုံတရာဖြင့် ကိုယ်ဝန်ကို ဖြစ်သည့်နည်းနှင့် ဖယ်ထုတ်ရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ဖျက်ချပေးမည့်သူကို ရှာဖွေပြီး ဖျက်ချပေးရန် ခိုင်းစေသည်။ ၎င်းက အမှတ်စဉ် (၃) အချက်နှင့် ကိုက်ညီသွား၏။
ကိုယ်ဝန်ဖျက်ချသူက ၎င်း၏အလုပ်ကို ဆောင်ရွက်လိုက်သည့် အခါ အမှတ်စဉ် (၄) အချက်နှင့် ကိုက်ညီသွားပြီး နောက်ဆုံးတွင် သူတပါးအသက်ကို သတ်ခြင်း ဖြစ်သွားတော့သည်။ ယင်းသို့ဆိုလျှင် “သူ့အသက်ကို မသတ်ရာ” ဆိုသည့် ပထမဆုံးသော သီလ (ပါဏာတိပါတာ) ကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီဖြစ်၍ လူ့အသက်ကို သတ်ရာရောက်ပေသည်။ ဗုဒ္ဓဘာသာတွင် အခြားသူတဦး တယောက်၏ အသက်နှင့်ဘ၀ကို ဖျက်ဆီးခွင့် ပေးအပ်ထားခြင်း လုံးဝ မရှိပေ။ တိကျသော အခြေအနေတခု၏ အောက်တွင် လူတို့သည် မိမိတို့အတွက် အဆင်ပြေရာကို လုပ်ရန်အတွက် အတင်းအကြပ် တားဆီးထားသလို ခံစားကြရသည်။ သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်း ကဲ့သို့သော အမှုကို ကျူးလွန်ပါက အပြစ်မှ ကင်းလွတ်ခွင့် မရသင့်သလို အခြားနည်းလမ်းအားဖြင့်လည်း ဆိုးဝါးသည့် ကံကြမ္မာနှင့် ကြုံဆုံနိုင်သေးသည်။ အချို့ သော နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုထားသည်။ သို့သော် ခွင့်ပြုထားသည့်အတွက် ပြဿနာများလည်း ရှိနေသည်။
 ဘာသာရေး စည်းမျဉ်းစည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။
မည်သည့် အခြေအနေအရဖြစ်စေ တစုံတယောက်၏ အသက်ကို ရယူခြင်းသည့် လူ့ကျင့်ဝတ်အရရော ကိုးကွယ်ရာ ဘာသာတရား အတွက်ပါ မှားယွင်းသောအမှု ဖြစ်သည်။ တစုံတယောက်၏ အသက်ကို ဖျက်ဆီး နှောက်ယှက်သူသည် ပြင်းထန်သော ၀ဋ်ကြွေးကို ခံစားရမည် ဖြစ်သည်။
(ဆရာတော် ကေ သီရိ ဓမ္မာနန္ဒ မဟာထေရ် (Venerable K. Sri Dhammananda Maha Thera) ၏ What Buddhists Believe စာအုပ်ပါ Buddhist Views on Marriage ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ သီရိလင်္ကာတွင် ဖွားမြင်သော ဆရာတော် ဒေါက်တာ ကေ သီရိ ဓမ္မာနန္ဒ မဟာထေရ်သည် မလေးရှားနိုင်ငံသို့ ကြွရောက်သီတင်းသုံးခဲ့ပြီး မလေးရှား ဗုဒ္ဓဘာသာ သာသနာပိုင်လည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
မူရင်းကို ဧရာဝတီဘလော့၈် http://burma.irrawaddy.org/archives/44071 မှ ကူးယူဖေါ်ပြပါသည်။ 
ရွှငလန်းချမ်းမြေ့ကြပါစေ။
36 comments:
  1. .
    (( လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယ ကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။ ))
    "လက်ထပ်ထိမ်းမြားခြင်းအပေါ် ဗုဒ္ဓဘာသာ အမြင်" သည် လွတ်လပ်သည်။ အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။
    အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များသည် ဗုဒ္ဓဘာသာ အမြင် မဟုတ်။ အခြားဘာသာမှ ပုံတူ ကူးချခြင်းသာ ဖြစ်သည်။
    "အမျိုး၊ ဘာသာ၊ သာသနာ ကို ကာကွယ်ရန်" ဆိုသည့် လူပိန်းကြိုက် စကားလုံးဖြင့် ဖုံးကွယ်ပြီး မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေ ကို အတင်းဓမ္မ ပြဌာန်းရန် ကြိုးစားနေကြခြင်းသည် ဘုရားဟော နှင့် မညီပါ။ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေပါသည်။
    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မယှဉ်နိုင်သော အရပ်သားအယောင်ဆောင် စစ်အုပ်စုသည် ဘာသာရေးအစွန်းရောက် သံဃာအချို့ကို အသုံးချပြီး အတိုက်အခံများ နှင့် မသိနားမလည် အမြင်ကျဉ်းသော၊ လူ့အခွင့်အရေးကို နားမလည်သော ပြည်သူများကို သွေးခွဲနေခြင်းသာ ဖြစ်သည်။
    မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု၏ စံပြသူရဲကောင်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးကို ချိုးဖောက်သည့် မျိုးစောင့်ဥပဒေကို မည်သို့မျှ လက်ခံမည် မဟုတ်သည်ကို အရပ်သားအယောင်ဆောင် စစ်အုပ်စုက သိသဖြင့် ဘာသာရေးအစွန်းရောက် သံဃာအချို့ကို အသုံးချပြီး မျိုးစောင့်ဥပဒေကို လိုင်းတင်နေခြင်းသာ ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည်က မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို "အမျိုး၊ ဘာသာ၊ သာသနာ ကို မကာကွယ်သူ" အဖြစ် အပုပ်ချရန် ထောင်ခြောက်ဆင်ထားခြင်းသာ ဖြစ်သည်။ မွတ်ဆလင်-ဗမာ အဓိကရုဏ်း ကဲ့သို့ပင် မျိုးစောင့်ဥပဒေသည်လည်း အရပ်သားအယောင်ဆောင် စစ်အုပ်စု ဆင်ထားသည့် ထောင်ခြောက် အများအပြားထဲမှ တခုသာ ဖြစ်သည်။
    ထိုသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် အတိုက်အခံအချို့မှာ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မကျေမနပ် ဖြစ်ပြီး အရပ်သားအယောင်ဆောင် စစ်အုပ်စုကို ကူးပြောင်းပြီး ထောက်ခံလာစေရန် ဖြစ်သည်။ ယခုပင်လျှင် စစ်အုပ်စု ဒလံများ၏ ဘာသာရေးမှိုင်းတိုက်ထားမှု၊ ဦးနှောက် ဆေးကြောထားမှုကြောင့် အတိုက်အခံ အချို့ အပါအဝင် မသိနားမလည် အမြင်ကျဉ်းသော၊ လူ့အခွင့်အရေးကို နားမလည်သော ပြည်သူအချို့မှာ မကြာသေးမီ ကာလ (၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလ) ကမှ သံဃာတော်များကို ပစ်သတ်ထားသော၊ ရိုက်သတ်ထားသော၊ စစ်ဖိနပ်နှင့် ဆောင့်ကန်ထားသော၊ ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်ထားသော ပြည်ဖျက် စစ်ရာဇဝတ်ကောင်များနှင့် တလေသံထဲ ထွက်နေကြပြီ ဖြစ်သည်။
    သံဃာများ နှင့် ပြည်သူများ သတိရှိကြပါ။
    ReplyDelete
  2. "ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ"July 11, 2013 at 5:52 PM
    .
    မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာန မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ၏ သြဝါဒ
    ==========================
    ==========================
    ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ။
    ရန်ပွဲတွေ ဆင်နွှဲကြမယ် ဆိုရင် ဖျက်ဆီးရာ ရောက်လိမ့်မယ်။
    မင်းတို့ နေရာတကာ ကျယ်ကျယ် ကျယ်ကျယ် မလုပ်နဲ့၊ `သင်္ကန်းပါတယ်´ ဆိုပြီး ဘာမှ အထက်စီးက ဆက်ဆံစရာ မလိုဘူး၊ ကိုယ်နဲ့ မပတ်သက်တဲ့ နေရာ ကိုယ်ဟာ ဘာမှ အရေးမပါဘူး၊ တဦးချင်းပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက် အုပ်စုပဲဖြစ်ဖြစ် ဘာမှ သွားကျယ်စရာ၊ သွားရှုပ်စရာ မလိုဘူး၊ သူတို့ ကိစ္စနဲ့ သူတို့ ရှင်းသွားလိမ့်မယ်၊
    မင်းတို့ လုပ်ရမှာက စာပေပရိယတ်၊ အဲဒီအထဲက ပေးတဲ့ အသိပညာနဲ့ မသိသူ သိအောင် လမ်းပြပေးရမှာ၊ ဒါ မင်းတို့ရဲ့ တာဝန်၊ ကိုယ့်ကိုယ်ကို လူစွမ်းကောင်း လုပ်ပြီး ဖင်ခေါင်းတော့ မကျယ်နဲ့၊ မင်းတို့ဟာက ဘာမှ မဟုတ်ဘူး၊ တချို့ လမ်းသွားတာကစ ကားလာရင် ဖယ်မပေးချင်ကြဘူး၊ မတော်လို့ တိုက်သွားရင် ကိုယ် အရင် ခံရမှာ၊ နောက် သူရော ကိုယ်ပါ မဖြစ်သင့်တဲ့ ပြဿနာ ဖြစ်မယ်၊ ဘာမှ ကောင်းကျိုး ထွက်မလာဘူး၊
    အေး မင်းတို့ မှတ်ထား၊ "ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ၊ ခုတော့ မင်းတို့က ကျယ်ရမယ့် မျက်စိက ကျဉ်းပြီး ကျဉ်းရမယ့် ဖင်ခေါင်းက ကျယ်နေကြတယ်" ။
    နောက် ခဏခဏ မကြားရစေနဲ့ ။ ။
    (၁၃၆၅-ခု)
    မစိုးရိမ်တိုက်သစ်ကြီးများ၏
    ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
    ကျေးဇူးတော်ရှင် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ
    (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
    .
    586 people like this.
    800 shares
    Credit - မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ
    https://www.facebook.com/photo.php?fbid=458752237553255&set=a.330110930417387.71801.100002554495605&type=1&theater
    ReplyDelete
  3. .
    Aung Htun - မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးက ၀ီရသူ နဲ့ ကွာ ပါ့ ကွာ
    MaungMaung Myint - ကောင်းလိုက်တဲ့ သြဝါဒ ။ ထိမိလိုက်တဲ့ စကား ။ ပညာရှိ ဆိုတာ ဒါပဲ ..... ဆရာ အရွေးမမှားနဲ့ ။ ဆရာတင် မှားရင် အဇာတသတ် ဘာဖြစ်သွားလဲ ကြည့် ။
    Soe Min - ၉၆၉ များ မျက်စိကျယ်ပြီး ဖင်ခေါင်းကျဉ်းနိုင်ကြပါစေ။
    လင်း လမင်းကို - ဆရာတော်ကြီးကတော့ ဒဲ့ပဲ
    Zaw Yu - ဗုဒ္ဓဘာသာ သံဃာတော် အားလုံး နာခံကြပါ
    Tun Tun - ဒီအဆုံးအမမျိုးမှ သာသနာအတွက် အကျိုးများမှာ
    Kothet Cho - ဗုဒ္ဓ ၏ အဆုံးအမ သည် လွမ်းမိုးခြင်း မဟုတ်၊ ရှေ့ဆောင်လမ်းပြခြင်းသာ။
    Arkar Moemyint - ဖြစ်သင့်ဖြစ်ထိုက်တာတွေဘဲ ဟောကြားခဲ့တာနော်
    Nge Naing - မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးရဲ့ သြဝါဒကို သိပ်ကို သဘောကျပါတယ်။ ဘယ်ထဲမှာ ဟောထားတယ် ဆိုတာလေး စာအုပ်ဆိုရင်လည်း စာအုပ်၊ အခွေ ဆိုရင်လည်း အခွေ လိပ်စာ အတိအကျ ထည့်ပေးစေချင်တယ်။
    Zaw Min - ကျေးဇူး ကြီးမားလှပါတယ် ဘုရား
    စစ် ရန် နိုင် - တစ်ကယ်ကို မှန်ပါတယ်
    Nyalay Ko - အရမ်း ကောင်းတယ်
    Shwe Pyi Taw - ဗုဒ္ဓ တရားတော်နဲ့အညီ လိုက်နာတဲ့ စစ်မှန်တဲ့ ဆရာတော်ကြီး ဘယ်သြဝါဒ ပေးပေး မှတ်ထိုက်တာတွေချည်းပါပဲ
    Mg Ko Ko - ဆရာတော်ဘုရားရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကို အမှတ်ရ ရှိခိုးပူဇော် ဦးခိုက်ပါ၏
    ReplyDelete
  4. .
    Rrakkha Mgmg - မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး သြဝါဒမှ အဓိက စကား - မင်းတို့ လုပ်ရမှာက စာပေပရိယတ်။ အဲဒီအထဲက ပေးတဲ့ အသိဥာဏ်နဲ့ မသိသူကို သိအောင် လမ်းပြ ပေးရမှာ။
    Htetmyat Sura - ပညာရှိစကားက နဲနဲနဲ့ ထိထိမိမိ ရှိတယ်
    Kyaww Kyaww - ကျေးဇူးများတဲ့ ဆုံးမစကား ပါပဲ
    Htwe Htwe - ဒီ လို ပြော ရ မယ့် အချိန် ရောက်ပီ
    Min Thitsar - ကျေးဇူးရှင် ဆရာတော်ဘုရားကြီး သြဝါဒတရားတွေက အများကြီး အဓိပ္ပါယ် သက်ရောက်ပါတယ် ဘုရား
    Wahwah Oo - ကောင်းလိုက်တဲ့ စကား။ စိတ်ထဲမှာ စွဲနေအောင် မှတ်ထားရမယ်။
    Aungkyaw Tun - ဒါမှ ထေရ၀ါဒ ဗုဒ္ဓဘာသာ
    Aung Sithubo - ဒီလို သြဝါဒ ပေးတဲ့ သံဃာတော်တွေ များများ ပေါ်ပါစေ
    Aung Htun - ဆရာ တော် ကြီး ကို သဘောကျတယ် ဗျာ
    Aung Htun - ဆရာ တော် ကြီး ကမှ တိုင်းပြည်နဲ့ လူမျိုး အ ပေါ် တကယ် ကောင်းမွန် တယ်
    Soe Naing - ကြိုက်လိုက်တာ
    Aye Myat Thandar Oo - မိုက်တယ်
    Sonny Hantin - ဒီခေတ်က ဒီလို ဒဲ့ ပြောမှ။
    ReplyDelete
  5. သားထူးJuly 11, 2013 at 6:02 PM
    Nge Naing said...
    (( မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးရဲ့ သြဝါဒကို သိပ်ကို သဘောကျပါတယ်။ ဘယ်ထဲမှာ ဟောထားတယ် ဆိုတာလေး စာအုပ်ဆိုရင်လည်း စာအုပ်၊ အခွေ ဆိုရင်လည်း အခွေ လိပ်စာ အတိအကျ ထည့်ပေးစေချင်တယ်။ ))
    အန်တီငယ်
    မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ရဲ့ သြဝါဒကို ပုံနှိပ် ဖော်ပြထားတဲ့ စာအုပ်၊ အသံသွင်းထားတဲ့ အခွေ လိပ်စာတော့ မတွေ့မိသေးဘူး။ တွေ့ရင် အန်တီ့ကို ပြောပါ့မယ်။
    ဒါပေမယ့် "မင်းတို့က ကျယ်ရမယ့် မျက်စိက ကျဉ်းပြီး ကျဉ်းရမယ့် ဖင်ခေါင်းက ကျယ်နေကြတယ်" ဆိုတဲ့ စိုးရိမ်တိုက်သစ် ဆရာတော်ကြီးရဲ့ သြဝါဒကို စာရေးဆရာ ဦးအောင်သင်းက စာပေဟောပြောပွဲမှာ ထည့်ပြီး ဟောဖူးပါတယ်။
    "ကျွန်တော်တို့ဆီက တချို့သော လူတွေက ကျယ်သင့်တဲ့ နေရာ နဲ့ ကျဉ်းသင့်တဲ့ နေရာနဲ့ ဗြောင်းဗြန် ဖြစ်နေကြတယ်။ လူတယောက်မှာ ကျယ်သင့်တဲ့ ဒွါရပေါက်က မျက်စိ၊ ကျဉ်းသင့်တဲ့ ဒွါရပေါက်က စအိုပေါက်။ အဲဒီလို ကျယ်သင့်တဲ့ မျက်စိက မကျယ်ဘဲ မကျယ်သင့်တဲ့ စအိုပေါက်က ကျယ်နေတယ်" ဆိုပြီး စာပေဟောပြောပွဲမှာ ဟောဖူးပါတယ်။
    ReplyDelete
  6. ကိုယ့် ဘာ သာ ကို ကာ ကွယ် တယ် လို့ အ ကြောင်း ပြ ပြီး တ ခြား ဘာ သာ ကို မ လို အပ် ဘဲ တိုက် ခိုက် နေ တဲ့ ဘာ သာ ရေး အ စွန်း ရောက် သူ များ ကို တ ကယ် ကျ နော် နား မ လည် တာ တ ခု မေး ချင် ပါ တယ်။
    လူ တ ယောက် ကို မ ကျေ နပ် လို့ လူ တစ် ယောက် ကို ရိုက် တာ တောင် လွန် လှပြီ လို့ လူ တိုင်း သိ ထား ပါ တယ်။ ပု ထု ဇဉ် မို့ ကျ နော် အ ပါ အ ဝင် လူ တိုင်း က တုန့် ပြန် ကြ တာ က လဲ သ ဘာ ဝ ကျ ပါ တယ်။ သီး ခံ ဖို့ ဆို တာ ပါး စပ် ပြော ပဲ လွယ် တာ ကိုး။
    ဒါ ပေ မယ့် "ခြေ မ မ ကောင်း ခြေ မ၊ လက်မ မ ကောင်း လက် မ" ဆို တော် ပြီ ပေါ့။ ဘာ လို့ များ ဝါး လုံး ရှည် နဲ့ သိမ်း ရမ်း နေ ကြ သ လဲ ဆို တာ ကို ဘာ သာ ရေး အ စွန်း ရောက် သူ များ ကို မေး ချင် တာ ပါ။
    အစ္စလာမ်ဘာသာဝင် တ ယောက် က အ ပြစ် တ ခု လုပ် တယ်၊ အ မှား တ ခု လုပ် တယ်၊ ရာ ဇ ဝတ် မှု တ ခု ကျူး လွန် တယ် ဆို ရင် အ ပြစ်၊ အ မှား၊ ရာ ဇ ဝတ် မှု လုပ် တဲ့ အစ္စလာမ်ဘာသာဝင် က ပဲ တာ ဝန် ယူ ရ မယ်။ အဲ ဒီ အစ္စလာမ်ဘာသာဝင် ရဲ့ အ ပြစ်၊ အ မှား၊ ရာ ဇ ဝတ် မှု အ တွက် အစ္စလာမ်ဘာသာဝင် အား လုံး ကို တာ ဝန် ယူ ခိုင်း လို့ မ ရ ပါ ဘူး။
    ဗုဒ္ဓဘာသာဝင် တ ယောက် က အ ပြစ် တ ခု လုပ် တယ်၊ အ မှား တ ခု လုပ် တယ်၊ ရာ ဇ ဝတ် မှု တ ခု ကျူး လွန် တယ် ဆို ရင် လဲ အ ပြစ်၊ အ မှား၊ ရာ ဇ ဝတ် မှု လုပ် တဲ့ ဗုဒ္ဓဘာသာဝင် ပဲ တာ ဝန် ရှိ တာ ပါ။ အဲ ဒီ ဗုဒ္ဓဘာသာဝင် ရဲ့ အ ပြစ်၊ အ မှား၊ ရာ ဇ ဝတ် မှု အ တွက် ဗုဒ္ဓဘာသာဝင် အား လုံး ကို တာ ဝန် ယူ ခိုင်း လို့ မ ရ ပါ ဘူး။
    ဘာ လို့ များ သူ့ ဘာသာ ကိုယ့် ဘာသာ ပုတ် ခတ် နေ ကြ ပါ သ လဲ။ အ မှန် က ကိုယ် ကိုး ကွယ် ရာ ဘာသာ ကို ကိုယ် ကာ ကွယ် တဲ့ နေ ရာ မှာ ဘယ် ဘာသာ ကို မှ အ ပုပ် ချ စ ရာ နှိမ် စ ရာ မ ရှိ ပါ ဘူး။
    ကိုယ့် ဘာ သာ ကို ကာ ကွယ် တယ် လို့ အ ကြောင်း ပြ ပြီး တ ခြား ဘာ သာ ကို မ လို အပ် ဘဲ တိုက် ခိုက် နေ တဲ့ ဘာ သာ ရေး အ စွန်း ရောက် သူ များ ကို အမြင် မ ရှင်း လို့ မေး ခြင်း ဖြစ် ပါ တယ်။
    Phoesis Min
    ReplyDelete
  7. .
    ထူးခြားကြန်အင်လက္ခဏာ
    --------------------------
    (Moe Zay Nyein)
    Monday, June 17, 2013
    ဖေ့စ်ဘုတ်ပေါ်မှ အမျိုးနှင့် ဇာတိကို အင်မတန် ချစ်မြတ်နိုးကြကုန်သော မြန်မာအချို့တို့၏ ထူးခြားသော ၀ိသေသလက္ခဏာများ -
    (၁) သူတို့သည် ရခိုင်တိုင်းရင်းသားများကို အထူး / ပိုးစိုးပက်စက် ချစ်ကြပြီး ဘင်္ဂါလီများကို အသွေးထဲကရော အသားထဲကပါ မုန်းတီးကြ၏။
    (၂) ရခိုင်တိုင်းရင်းသားများမှတပါး အခြားသော ကချင်စစ်ပြေးဒုက္ခသည်များ၊ လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ၊ လုပ်ခလစာ ပိုမိုရရှိရေးအတွက် သပိတ်မှောက်နေကြသော အလုပ်သမားများ စသည့် အခြားသူများကိုမူ မချစ်ကြပေ။
    (၃) သူတို့သည် သမ္မတကြီးလည်း အဖေကဲ့သို့၊ ပထွေးကဲ့သို့ အလွန်တရာ ချစ်မြတ်နိုးကြပြီး သမ္မတကြီး ရုပ်ပုံ (သို့) လက်ရှိမြန်မာနိုင်ငံ အလံတော်ရုပ်ပုံများကိုလည်း အမြတ်တနိုး ရှိကြသည်။ အခြားသူများကိုလည်း သမ္မတကြီးအား ချစ်ကြပါ၊ အလွန်တရာ လေးစားကြပါ ဟု အထူးတလည် တိုက်တွန်းကြ၏။ သမ္မတကြီးသည် စတုတ္တမြန်မာနိုင်ငံတော်အား တည်ထောင်သူ ဖြစ်သည် ဟူ၍၄င်း၊ ဒုတိယ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည် ဟူ၍၄င်း စသဖြင့် အားမနာလျှာမကျိုး ဂုဏ်တင် ပြောဆိုကြ၏။
    (၄) (၄င်းတို့၏ အပြောအရ) ယခုအချိန်တွင် ပြည်ပမှရန်သူများ ရှိနေသဖြင့် တပ်မတော်ကို ပိုမို ချစ်မြတ်နိုးကြရန်၊ တပ်မတော်ကို လက်တွဲကြရန် အထူး (အထူး) လိုအပ်နေပြီ ဖြစ်ကြောင်းလည်း အကြိမ်ကြိမ် ပြောကြ၏။
    (၅) ထိုသူတို့သည် ယခင် နအဖ စစ်အစိုးရ၏ လက်ကိုင်တုတ်များကဲ့သို့ပင် ဒေါ်စု ၊ NLD ၊ ၈၈ မျိုးဆက်နှင့် အခြားသော အတိုက်အခံများကို မုန်းတီးကြသလို BBC,VOA,RFA,DVB တို့ကိုလည်း အလိမ်အညာများသာ ဖြစ်ကြောင်း ပြောကြ ဆိုကြသည်ကို တွေ့ရပါ၏။ နအဖ ၏ ရန်သူများစာရင်းနှင့် အနှီပုဂ္ဂိုလ်များ၏ ရန်သူများ စာရင်းသည် အားလုံးနီးနီး တူညီကြောင်း တွေ့ရ၏။ ထိုသူတို့သည် "လူ့အခွင့်အရေး" ဟူသော စကားလုံးကိုလည်း နအဖ ကဲ့သို့ပင် မုန်းတီးကြောင်း တွေ့ရ၏။
    (၆) တစ်ယောက်ယောက်က ၄င်း၏ ဖေ့စ်ဘုတ်တွင် သမ္မတကြီး ကောင်းမွန်ကြောင်း၊ လေးစားကြောင်း၊ ဒေါ်စုနှင့် အခြားသူများ မကောင်းကြောင်း Post တင်သည်နှင့် ၄င်းတို့၏ အထူး မိတ်ဆွေ အချို့ကပါ တိုင်မင် (timing) ကိုက်ထားသကဲ့သို့ အူယားဖားယား ထောက်ခံကြကြောင်း တွေ့ရ၏။ အများအမြင်တွင် သူတို့ကို ထောက်ခံသူ များကြောင်း သိကြ၊ မြင်ကြစေလိုဟန် ရှိ၏။
    ပေးပို့တင်ပြသူ - အာလူးလေး
    ဖေ့စ်ဘုတ်ပေါ်မှ အမျိုးနှင့် ဇာတိကို အလွန်ချစ်သော မြန်မာအချို့၏ ထူးခြားသော ၀ိသေသလက္ခဏာများ (သရော်စာ)
    ReplyDelete
  8. မြန်မာနိုင်ငံသားတွေရဲ့ ဒုက္ခက ...
    "အတင်းကို ကာကွယ်ပေးချင်နေတဲ့ ကျေးဇူးရှင် လူတန်းစားတွေနဲ့ အတူတူ နေထိုင်ရခြင်း" ...
    လို့ မှတ်ချက် ပြုရမလို ဖြစ်နေပြီ။
    ဘယ်သူကမှလည်း မတောင်းဆိုရပါပဲ ...
    "တိုင်းပြည်ကို ကာကွယ်ဖို့ ... တိုင်းပြည် အာဏာကို ရယူရပါတယ်" ဆိုသူတွေနဲ့
    "အမျိုးဘာသာကို ကာကွယ် ပေးမယ်" ဆိုတဲ့ .. ကျေးဇူးရှင် ၂ ပါးနဲ့ ရင်ဆိုင်နေရတယ်။
    ဒီလို ဒုက္ခတွေ ကင်းလွတ်တဲ့ မြန်မာပြည် ဖြစ်ဖို့ ... လိုနေပြီ။
    (ကိုထိုက်)
    မြန်မာနိုင်ငံသားတွေရဲ့ ဒုက္ခ
    ReplyDelete
  9. ထိန်းသိမ်းတာနဲ့ ကာကွယ်တာ နဲ့
    တိုက်ခိုက်တာနဲ့မှာ ...
    တိုက်ရိုက် အဓိပ္ပါယ် သီးခြား စီ ရှိကြပါတယ်။
    သွယ်ဝိုက် အဓိပ္ပါယ် အရ ဆိုရင်တော့ ....
    အများကြီးပေါ့ဗျာ။
    အခု ကျေးဇူးရှင်တစ်စုက တိုက်ရိုက်လား သွယ်ဝိုက်လား ဆိုတာ ...
    မေးစရာ မလိုဘဲ သိကြပါတယ်။
    ကိုဟန်လေးရဲ့ ကာတွန်းထဲကလို ....
    စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက်က ...
    "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ ဆိုင်းဘုတ် အကြီးကြီးအောက်မှာ
    "မိဘမဲ့ ဖြစ်ချင်လိုက်တာ" လို့ တမ်းတ ရသလို
    .... "ကာကွယ်သူမဲ့ ဖြစ်ချင်လိုက်တာ" ... လို့ တမ်းတရမလိုပါပဲ။
    (ကိုထိုက်)
    "မိဘမဲ့ ဖြစ်ချင်လိုက်တာ"
    ReplyDelete
  10. .
    ဝါးရင်းတုတ် မီးရှို့ ပွဲ တိုင်းပြည်ကြီးကို ဘယ်သူလာပြီး စီးပွားရှာမလဲ
    ကိုဌေးတင့် (Ex-ABSDF)
    ၃-၁၂-၂၀၁၃
    ဘယ်သူတွေမှန်း မသိတဲ့ လူအုပ်ကြီးက
    မမျှော်လင့်ဘဲ ရောက်လာပြီး
    မီးတွေရှို့  လူတွေကို ရိုက်သတ်တာ
    ဗီဒီယိုဖိုင်တွေ တကမ္ဘာလုံး ပြန့် သွားတယ် ။
    ရဲတပ်ဖွဲ့ က လိုက်လံစစ်ဆေးပြီး ထောင်ချတယ်ဆို
    ကြားလိုက်ရသလိုဘဲ ။
    အထောက်အထား မပြနိုင်ဖူး ။
    အမျိုးချစ်စိတ် ပြောတဲ့ သူတွေ ပြောနေကြတယ် ။
    မီဒီယာက အယ်ဒီတာတွေ ရေးသူတွေ ရေးနေကြတယ် ။
    ဘာအမျိုးကို ချစ်တဲ့ စိတ်လဲ ။
    ဝါးရင်းတုတ်ကိုင်မှ အမျိုးချစ်တယ်လို့  မရေးပါနဲ့ 
    ဥပဒေမဲ့ တိုင်းပြည်ကို
    ဝါးရင်းတုတ် တိုင်းပြည် လုပ်နေကြတယ် ။
    လိုချင်တာက နိုင်ငံတကာက အရင်းအနှီး
    လုပ်နေကြတာက ဝါးရင်းတုတ် မီးရှို့ ပွဲ
    ဒီလို တိုင်းပြည်ကြီးကို ဘယ်သူလာပြီး စီးပွားရှာမလဲ ။
    ပြောတော့ ဒီမိုကရေစီ
    လုပ်နေတာတွေက ငါမိုကရေစီ ။
    ၁၉၇၄ ဆိုရှယ်လစ် ကျဆုံးစေတာက
    လူထု အကျိုးနားထောင်ပြီး
    ဦးဆောင်ဖို့  အချက်အလက်တွေ စုရင်းနဲ့ 
    တူတာတွေ အကောင်အဖေါ် မလို့ 
    တိုင်းပြည်သာ ပျက်သွားတယ် ။
    အိမ်မက်တောင် မဖြစ်လိုက်ဖူး
    လာပြန်ပြီး ဒီတခါ
    ပါတီတွေ နဲ့  ကော်မရှင် တင်ပြချက်တွေ
    ဘယ်လို စောင့်မှာလဲ ။
    တောင်းတာတွေကို အထက်ကို တင်ပြဖို့ လား ။
    ဒီတခါတော့ ပျက်စရာ မရှိတော့ဖူး ။
    ပေါင်ထားတာတွေ
    ရောင်းလိုက်ဖို့ ဘဲ ရှိတယ် ။
    နိုင်ငံတကာက လူ ၃ သန်း
    ဒုက္ခသည် စခန်းကို ပြေးဖို့ 
    လေ့လာကြပါတော့ဗျာ ။
    Credit - ကိုဌေးတင့် (Ex-ABSDF)
    .
    ReplyDelete
  11. .
    ဦးအောင် ကြီး
    ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် ·
    ကျုပ်က "၀ီရသူ ကို လူထွက်ရင် ထိုးမယ်" ပြောတော့ နာလိုက်ကြတာ ... "သင်္ကန်းကို မလေးစားလို့" တဲ့ ....
    "၀ီရသူ" ... လို့ "ဦး" မတပ်ပဲ ခေါ်တော့လည်း နာလိုက်ကြတာ ... "ဘုန်းကြီးကို ပြန်ပြောလို့" တဲ့ ...
    ကျုပ်ကိုလည်း ၀ိုင်းဆဲလိုက်ကြတာ ...
    ဘွဲ့တွေပေးလို့ "ဟာဂျီအောင်ကြီး" တို့ နေရင်းထိုင်ရင်းကို ဘွဲ့တွေရ ...
    "မေတ္တာ တရား နဲ့ ငြိမ်းချမ်းခြင်းဟာ ဗုဒ္ဓတရားရဲ့ နှလုံးသား ... ၀ိဘဇ္ဇ ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဘုရားရှင်ကိုယ်တော်တိုင် သူ့ကို ဝေဖန်သမျှ လက်ခံတော်မူတယ် ...
    ဒါကို ဒီဘုန်းကြီးကို ကျမှ ဘာလို့ ဝေဖန်လို့မရမှာလဲ" ... လို့ ကျုပ်က ပြောတော့လည်း
    ကျုပ်ကို "သာသာနာဖျက်" တဲ့ .... "သံဃာ ကို စော်ကားတယ်" တဲ့ ...
    ကျုပ်က "၀ီရသူ သရဏံ ဂစ္ဆာမိ တွေ" လို့ ပြောတော့လည်း ဘာပြန်ပြောရမှန်းမသိပဲ ဆဲကြပြန်ရော ....
    အခုတော့ သားသား သိပြီ ....
    ကုလားကို မုန်းတာလည်း သူတို့
    ကချင်ကို မုန်းတာလည်း သူတို့
    ဒေါ်စုကို မုန်းတာလည်း သူတို့
    အဲ ... ဘုရားဟောအတိုင်း ဟောပြီးသင်္ကန်းဝတ်ထားတဲ့ ဒယ်အိုး ဆရာတော်ကို မုန်းတာလည်း ... သူတို့ပဲ ခင်ဗျ ....
    အာဏာရှင်အတွက် သူတို့နှလုံးသားကို ဆန့်ကျင်ပြီး တွက်ချက် မုန်းနေကြတာ သူတို့ ....
    သူတို့ အုပ်စုဟာ လူတကာကို ပတ်မုန်းနေကြပေမယ့် လက်ရှိအစိုးရကိုတော့ အတော်လေး သံယောဇဉ်ကြီးပြီး သနားငဲ့ညှာ တတ်ကြတယ် ....
    သူတို့မှာ တကယ်ပဲ သင်္ကန်းကိုလေးစားတဲ့ စိတ်လည်း မရှိတာက ဒယ်အိုးဆရာတော်က ဘုရားအဟောတွေနဲ့ ထပြောမှ ပယောဂမှန်ပြီး တုန်ဆင်းလာကြကုန်ပြီ ... ပေါ်ကုန်ပြီ။ .....
    သူတို့လေးစားပါတယ် ဆိုတဲ့ သင်္ကန်းက ၀ီရသူ ၀တ်တဲ့သင်္ကန်းအစစ်မှ။ ဒယ်အိုး ဆရာတော်ရဲ့ သင်္ကန်းကို မဟုတ်ဘူး ခင်ဗျ။ ကျုပ်တခါကပြောသလိုပဲ ကုလားကိုမုန်းမှ ရဟန်းအစစ်လို့ သတ်မှတ်ကုန်ပြီ။ .....
    အာဏာရှင်အတွက် သူတို့ရပ်တည်နေတာက အခုဆိုရင် မူလတန်းကလေးတောင် သိနိုင်အောင် ပေါ်လွင်သွားပါပြီ။ ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေ ဆက်လုပ်လို့ မရတော့ပါဘူး ...
    နောက်တစ်ကွက်ပဲ စောင့်ကြည့်ရတော့မယ်။ သူတော်ကောင်း အကွက် လာမှာမဟုတ်ဘူး ဆိုတာ သိပြီးသားမို့ ဘယ်လို ယုတ်မာကြဦးမလဲ ဆိုတာ စောင့်ကြည့်နေပါမယ်။
    သေချာတာက ခင်ဗျားတို့ အမုန်းဟာ တနိုင်ငံလုံး နဲ့ ဗုဒ္ဓဘာသာဝင်အားလုံး ကို ကိုယ်စားမပြုပါဘူး ဆိုတဲ့အချက်ပဲ ....။
    ဆရာတော် ဦးသုမင်္ဂလ အား အထူးကျေးဇူးတင် ဦးခိုက်အပ်ပါသည်။
    ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်စစ်
    အောင်ကြီး
    ကုလားကိုမုန်းပြပြီး "ဝီရသူ မှ ဝီရသူ" ဖြစ်နေတဲ့ စစ်ခွေးတွေဟာ "အမျိုး၊ ဘာသာ၊ သာသနာ" ဆိုတဲ့ စကားကို အလွဲသုံးစားလုပ်ပြီး အာဏာရှင်အတွက် ရပ်တည်နေတာက အခုဆိုရင် မူလတန်းကလေးတောင် သိနိုင်အောင် ပေါ်လွင်သွားပါပြီ
    .
    ReplyDelete
  12. လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုနှင့် ပတ်သက်ပြီး
    လူဖြူလူမည်း ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား ၏ အဖိုးတန်လှသော စကား
    မည်သူမှ အခြားလူတဦးတယောက်ကို သူ၏ အသားအရောင် သို့မဟုတ် သူ၏ နောက်ခံ သို့မဟုတ် သူ ကိုးကွယ်သည့် ဘာသာတရား ကြောင့် မုန်းတီးရန် မွေးဖွားလာခြင်း မဟုတ်ပါ။
    လူများသည် မုန်းတီးတတ်ရန် သင်ယူကြသည်။
    လူများသည် မုန်းတီးတတ်ရန် သင်ယူနိုင်ကြသည်ဆိုလျှင် ထိုလူများကို ချစ်ခင်တတ်ရန်လည်း သင်ပေးနိုင်သည်သာ ဖြစ်သည်။
    အကြောင်းမှာ ချစ်ခင်မှုသည် မုန်းတီးမှုထက် လူ့နှလုံးသား ဆီသို့ ပိုမိုပြီး သဘာဝအလျောက် လာတတ်သောကြောင့်တည်း။
    နယ်လ်ဆင် မင်ဒဲလား (၁၉၁၈ – ၂၀၁၃)
    ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
    လူဖြူလူမည်း ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်
    လူ့အခွင့်အရေး စံပြပုဂ္ဂိုလ်
    တောင်အာဖရိကနိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတ
    ( Long Walk to Freedom -
    Nelson Mandela ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်
    မှ )
    .
    ReplyDelete
  13. .
    ပန်းချီထိန်လင်း
    2014 January 16
    ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ တမာန်တော် မိုဟာမက် မွေးနေ့ အထိမ်းအမှတ်
    ဘာသာကြီးလေးခု က ခေါင်းဆောင် တွေ
    ဟောပြောကြတဲ့ ပွဲ မှာ
    မေတ္တာရှင် ဆရာတော် က အခုလို ဟောကြားတော်မူခဲ့ပါတယ်။
    "လောကမှာ လူ နှစ်မျိုးပဲ ရှိတယ်။
    "ဥာဏ်ပညာ နဲ့ ပြည့်စုံသူ နဲ့ မိုက်မဲတဲ့ သူ ဆိုပြီး လူ နှစ်မျိုးပဲ ရှိတယ်။
    "မိုက်မဲတဲ့ သူတွေ များလာရင် လောကကြီး မငြိမ်းချမ်းတော့ဘူး" တဲ့။
    ပန်းချီထိန်လင်း
    (ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း)
    "မိုက်မဲတဲ့ သူတွေ များလာရင် လောကကြီး မငြိမ်းချမ်းတော့ဘူး" (မေတ္တာရှင် ဆရာတော်)
    .
    ReplyDelete
  14. နိုင်မင်းအောင်January 29, 2014 at 1:22 AM
    မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနိမ့်ဆုံး အဆင်းရဲဆုံး နိုင်ငံ လူ့အခွင့်အရေးအချိုးဖေါက်ဆုံးနိုင်ငံ
    ဒီလို ဖြစ်နေတာကို
    အမျိုးဂုဏ်တွေ ဇာတိမာန်တွေနဲ့
    မဟာလူမျိုးကြီးဝါဒတွေ လုပ်လာကြတာ
    တဖက်ကလည်း စစ်အင်အားကို တိုးချဲ့နေတာ
    ပြည်သူ ဘာဖြစ်ဖြစ် လှည့်မကြည့်ဘဲ
    အမျိုးသားရေး ဆိုတာကို ရှေ့တန်းတင်လာတာ
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက
    ပြန်လွှတ်လိုက်တာက တကယ့်နိုင်ငံရေး
    သမားတွေထက် အာဏာရှင်ဟောင်းမျိုးဆက်တွေ အကြမ်းဖက်သမားတွေ
    လွတ်လာသူတွေကလဲ
    အမျိုးသားရေး ဆိုတာက စပြောလာတာ
    ဘာသာရေးအခြေပြုပြီး လှုံ့ဆော်လာတာ
    အားလုံးကို သေချာ ပြန်သုံးသပ်ကြည့်ပါ
    ၂၀၁၂ ခုနှစ်က စပြီး အခုအထိ
    မြန်မာနိုင်ငံမှာ အမျိုးဂုဏ်တွေ ဇာတိမာန်တွေနဲ့
    မဟာလူမျိုးကြီးဝါဒတွေ လုပ်လာကြတာဟာ
    ဒုတိယကမ္ဘာစစ် မတိုင်မီ ဂျာမဏီမှာ
    ဟစ်တလာရဲ့ နာဇီဝါဒ အစပြုပုံနဲ့
    တော်တော်ကြီး တူတယ်
    သတိထားကြည့်ကြပါ
    ReplyDelete
  15. .
    Robert Ehose ရေးသားသည်။
    ၂၀၁၃ ခု၊ စက်တင်ဘာလ ၂၀ ရက်၊
    ဂျာမနီပြည် တွင် အဒေါ့ဖ် ဟစ်တလာ စတင် အာဏာ ရရှိလာသည့် ၁၉၃၃ ခုနှစ်မှ ဒုတိယ ကမ္ဘာစစ်မီးကြီး အဆုံးသတ်သွားခဲ့သည့် ၁၉၄၅ ခုနှစ် အကြားတွင် နာဇီဂျာမန် များ က ၎င်းတို့ နှင့် လူမျိုးမတူသူ (အထူးသဖြင့် ဂျူးလူမျိုးများ) အပေါ် အနိုင်ကျင့် နှိပ် ကွပ် ရန် အတွက် မတရားသဖြင့် ဥပဒေ များကို သုံးချီသုံးလား အကြိမ်ကြိမ် ခွဲပြီး ဥပဒေ ပြု၊ ပြဋ္ဌာန်း ခဲ့ကြသည်။
    ကျွန်တော်များ အမိမြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပေါ်လျက် ရှိသည့် မွတ်စလင်မ် များ အား လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး နလံမထူနိုင်အောင် နိုင်ငံရေး အရ မတရား နှိပ်ကွပ် နေမှု များသည့် အထက်ပါ နာဇီဂျာမနီ မှ ဖြစ်ရပ်များ နှင့် ထပ်တူနီးပါး ဆင်တူ နေသည် ကို တွေ့ရှိရပါသည်။ သို့ပါသောကြောင့် အများ မျက်လုံး ပွင့်ကြစေရန် ရည်သန် ပြီး ဖော်ပြ အပ်ပါသည်။
    နာဇီတို့၏ ပထမအကြိမ် ဥပဒေ ပြုမှု (၁၉၃၃ ခုနှစ်၊ မတ်-ဧပြီ)
    —————————————————————-
    ယင်း ဥပဒေ ကို အင်္ဂလိပ် ဘာသာ အားဖြင့် Law for Restoration of Professional Civil Service ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ကျွမ်းကျင် အစိုးရ အမှုထမ်း၊ အရာထမ်း များခန့်အပ်ရာတွင် ဂျူးလူမျိုးများ အား မခန့်အပ်ရ။ ပထုတ် ထားရမည် ဟူသည့် အချက် ကို အခြေခံ ရေးဆွဲထားသည်။
    ထိုဥပဒေ အရ လူဖြူ အာရီယန် နွယ်ဝင် မဟုတ်သူများ (ဂျူးလူမျိုးများ၊ ဂျစ်ပဆီ လူမျိုးများ စသည် ..) အား အစိုးရ ရာထူးများ မှ ဖြုတ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ ဂျူး များ အနေဖြင့် အခြားသော အလုပ်အကိုင် များ မလုပ်ကိုင်နိုင် စေရန်၊ ဂျူးများ အပါအ၀င် အာရီယန် နွယ်ဝင် မဟုတ်သူများအား အစိုးရ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားနိုင်ခွင့် မရှိစေရန် ပိတ်ပင် တားဆီးရေး စသည် တို့အား အထက်ပါ ဥပဒေ အရ တရားဝင် ပြုပေးခဲ့သည်။
    အလုပ်အကိုင် ခန့်ထားရေး အတွက် စစ်ဆေးသည့် နောက်ဆုံးအဆင့် စာမေးပွဲ များ တွင် အဆိုပါ ခွဲခြားခံ ရသူများ ၀င်ရောက် မဖြေဆိုနိုင် စေရေး တားမြစ်ထားသည်။
    မြန်မာ နိုင်ငံတွင် အထက်ပါ ကဲ့သို့ ဥပဒေမျိုးအား လူသိရှင်ကြား မထုတ်ပြန်ထား စေကာမူ အတွင်းစည်း မှ ပုဂ္ဂိုလ်များသာ သိနိုင်ပြီး၊ အပြင် သို့ မပေါက်ကြားစေရန် ထိပ်တန်း လျှို့ဝှက် အဆင့် ထိန်းသိမ်း နေကြသည့် ” လျှို့ဝှက် အက်ဥပဒေ ” အဖြစ်မူ ရှိနေသည် မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။
    ReplyDelete
  16. .
    နာဇီ တို့၏ ဒုတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ )
    —————————————————————————–
    နျူရင်ဘာ့ဂ် ဥပဒေ
    ———————-
    ၎င်း ဥပဒေ အား နျှူရင်ဘာ့ဂ် ဥပဒေ (သို့မဟုတ်) Law for the Protection of German ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ဂျာမန်လူမျိုး များအား ကာကွယ် ရန် ဟူသည့် အကြောင်းပြချက် ဖြင့်၊ ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြော ကြားနေ သကဲ့သို့ သွေး ဖြင့် သာ နိုင်ငံသားဖြစ်မှု ကို သတ်မှတ်ပြီး ဂျာမန် လူမျိုးများ အားသာ ဂုဏ်မြှောက်ထား သည့် ဥပဒေ ဖြစ်သည်။
    ယင်း ဥပဒေအရ ဂျူးများ ကို ဂျာမနီ နိုင်ငံသားအဖြစ် မှ ရပ်စဲ လိုက်ပြီး ထိုအချိန်မှ စကာ မဲပေးခွင့် မရရှိတော့ပေ။ ဂျူးလူမျိုး များ ၏ လက်ထပ် ထိမ်းမြားခွင့် ကို ကန့်သတ် လိုက်သည်။ အထူးသဖြင့် ဂျူးဖြစ်ပါက ဂျာမန် အမျိုးသမီးများကို လက်ထပ်ခွင့် လုံးဝ မရှိတော့ပေ။
    ထို့အပြင် ဂျာမန်အစစ် သာမဟုတ် ဂျာမန်သွေးပါသူ များနှင့် လိင် ဆက်ဆံ ခြင်း ကိုပါ ကြီးလေးသော ပြစ်မှု အဖြစ် ပြဋ္ဌာန်း အပြစ်ပေးခဲ့သည်။ အဆိုပါ ဥပဒေအရ မည်သူ သည် ဂျာမန် အာရီယန် မျိုးနွယ် စစ်စစ် ဖြစ်သည်။ မည်သူသည် ဂျူးဖြစ်သည်၊ မည် သူသည် ဂျူး သွေးပါသူ ဖြစ်သည် စသည်များကို တိတိပပ သတ်မှတ်ပြဋ္ဌာန်း ပေးသည်။
    ယင်း ဥပဒေ မှာမူ ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ရန် ကြိုးပမ်း နေကြသည့် တစ်ဖက် သတ် မျိုးစောင့် ဥပဒေ နှင့် ထပ်တူနီးပါး တူညီနေသည် ကို တွေ့ကြရမည် ဖြစ် သည်။
    ယင်း အပြင် ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြောကြားနေသည့် မြန်မာနိုင်ငံသား မည်သူ ဖြစ်ခွင့်ရှိသည်။ မည်သူ က ဒုတိယတန်းစား နိုင်ငံသား အဖြစ် လျှောက်ထား နိုင် သည် စသည့် အချက်များ နှင့်လည်း များစွာ အံဝင်နေသည်။
    နာဇီတို့၏ တတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၆ နှင့် ၁၉၃၇ ခုနှစ်များ)
    ————————————————————————–
    ယခုအသုတ် ဥပဒေ ပြုမှု များတွင်မူ ဂျာမနီ နိုင်ငံ ၏ စီးပွားရေး လုပ်ငန်းများ တွင် ဂျူးလူမျိုး တို့ ပါဝင် လုပ်ကိုင်မှု ကို လုံးဝ ပိတ်ပင်လိုက် ပြီဖြစ်သည်။ အာရိယန်နွယ်ဝင် ဂျာမန်လူမျိုးများ မဟုတ် ဟူသည့် အကြောင်းပြချက် ဖြင့် ဂျူးလူမျိုး တို့ ဘိုးစဉ် ဘောင်ဆက် ရှာဖွေစု ဆောင်း ထားသည့် ပိုင်ဆိုင်မှု အရပ်ရပ် ကို နာဇီအစိုးရ က နိုင်ငံတော် ပိုင် သိမ်းပိုက် နိုင်သည့် ဥပဒေ ပြဋ္ဌာန်း ချက်များ ပါရှိလာသည်။
    ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉ ရက် နှင့် ၁၀ ရက်နေ့များက ဂျာမနီနိုင်ငံ နှင့် နာဇီ ခေါင်း ဆောင်ကြီး ဟစ်တလာ ၏ မွေးရပ်ဇာတိ သြစတြီးယား နိုင်ငံ များ တွင် တစ်ပြိုင်နက် တည်း လို ပြုလုပ်ခဲ့ကြသည့်၊ ဂျာမန်ဘာသာစကား အားဖြင့် Kristallnacht pogrom ဟု သမိုင်းတွင် ခဲ့သော ဂျူးများ ပိုင်ဆိုင်မှု များအား လက်နက်ကိုင် အစောင့်အရှောက် များ ၀န်းရံပေးထားသည့် လူအုပ်ကြီးများဖြင့် အတင်းအဓမ္မ ၀င်ရောက်သိမ်းပိုက် သည့် လှုပ်ရှား မှု ဖြင့် ဂျူးများ ပိုင်ဆိုင် သမျှ အား အပြီးသတ် သိမ်းယူလိုက်သည်။
    ဂျူးများ အား ၎င်းတို့ ပိုင်ဆိုင်သော အိုးအိမ် များမှ အတင်းဆွဲချ ကာ ဂက်တို ဟု နာမည်ကြီးသော ဂျူးစုပေါင်း လူနေစခန်းများ တွင်းသို့ အတင်းအကြပ် မောင်း သွင်းခဲ့သည်။ ဂျူးလူမျိုး မှန်လျှင် ၎င်း တို့အား အလွယ်တကူ ခွဲခြားနိုင်ရန် အတွက် အ၀ါရောင် ခြောက်မြှောင့်ကြယ် တံဆိပ် ကြီးများ အား ရင်ဘတ် တွင် မြင်သာအောင် တပ်ဆင် ထားရမည် ဟူသည့် အမိန့်ပြန်တမ်း ကို ထိုနောက်ပိုင်းမှ စတင်ကာ ထုတ် ပြန်ခဲ့သည့်။
    ဂျူးလူမျိုးများ ပြည်ပ ထွက်ခွာခွင့် အား လုံးဝ တားမြစ်လိုက်သည်။ ယင်းသို့အားဖြင့် နောင်တစ်ချိန် တွင် ၎င်းတို့ အပြီးသတ် သုတ်သင်ချင်နေသည့် ဂျူးများ အား အလွယ်တကူ တစ်စုတစ်ဝေး တည်း ဖမ်းဆီးပြီး လူသတ်စခန်း များသို့ ပို့ဆောင်နိုင်ရန် အုပ်စုလိုက် အစုအဝေး ဖြင့် ဂက်တို များတွင် စုဝေး နေထိုင်ကြစေသည်။
    ReplyDelete
  17. .
    ကျွန်တော်၏ အမြင်အရ မကြာမြင့်သေးသော အချိန်ကာလ (ဦးနု အစိုးရ လက်ထက်) က တိုင်းရင်းသား လူမျိုး တစ်ခု အဖြစ် တရားဝင် အသိအမှတ်ပြု ခြင်း ခံခဲ့ကြရသော မြန်မာ ရိုဟင်ဂျာ လူမျိုးများမှာ လက်ရှိ အနေအထားတွင် အထက်ပါ နာဇီ တို့၏ နှိပ်ကွပ်မှု အဆင့် သုံးဆင့်လုံး နှင့် လုံးဝနီးပါး အသွင်သဏ္ဍာန် တူစွာ အကျူံးဝင်လျက် ညှဉ်းပမ်း ခံနေကြ ရပြီး၊ ရိုဟင်ဂျာ မဟုတ်သူ အခြား မြန်မာပြည်သား မွတ်စလင်မ် များမှာမူ မထမပိုင်း အဆင့် နှစ်ဆင့် အထိ အကျူုံးဝင်လျက် ရှိကြောင်း တွေ့ကြရ မည် ဖြစ်သည်။
    အထက်ပါ ရေးသားခဲ့သည့် အတိုင်း လူမျိုးတစ်မျိုးကို အုပ်စိုးနေသည့် အစိုးရ က စနစ်တကျ နှိပ်စက် ညှဉ်းပမ်း ခြင်းကို မည်သည့် နိုင်ငံတကာ ဥပဒေ တွင် မှ ခွင့်ပြုထား ခြင်း မရှိပဲ၊ မြန်မာ နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပါဝင် လက် မှတ် ရေးထိုး ဂျီနီဗာကွန်ဗင်းရှင်း စာချူပ်များ နှင့်လည်း ပြဒါးတစ် လမ်း သံတစ်လမ်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည် ကို တွေ့ကြရမည် ဖြစ်သည်။
    ယခုလမ်းစဉ် နှင့် သာ ဆက်လက် သွားနေမည် ဆိုက ရေရှည် တွင် အမိမြန်မာ နိုင်ငံတော် ၏ ဂုဏ်သိန်၊ ပုံရိပ် များကို များစွာ ထိခိုက်လာနိုင်မည် ဖြစ်သလို၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင်လည်း မရှုမလှ၊ လူရာမ၀င် ဖြစ်လာနိုင်စရာ များ ရှိနေသည့် အတွက် ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင် ၊ ဟိန္ဒူဘာသာဝင် မြန်မာနိုင်ငံ ဖွား ညီအစ်ကိုတော် များ အနေဖြင့်လည်း ၀ိုင်းဝန်း တားဆီးရန် တာဝန် မကင်းပါ ဟု ယူဆကြောင်း ပြောရင်း နိဂုံးချူပ်ပါရစေ ခင်ဗျာ။
    Robert Ehose
    (နာဇီ ဥပဒေပြုမှု ဆိုင်ရာ အချက်အလက်များ စုဆောင်းပေး သည့် ပညာရှင် တစ်ဦး ဖြစ်သူ ကို Maung Khin အား များစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်။)
    .
    ReplyDelete
  18. ကျော်သန်းFebruary 2, 2014 at 11:16 AM
    ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် လို အစွန်းရောက် အကြမ်းဖက် လူသတ်သမားတွေလဲ "အမျိုး၊ ဘာသာကို ကာကွယ်တာ" ဆိုပြီး ပြောခဲ့ကြတာပဲ။
    အသိဥာဏ်နည်းတဲ့ သူတို့ နောက်လိုက် လူမျိုးရေးအစွန်းရောက်သူတွေက ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် တို့ကို မျိုးချစ်သူရဲကောင်းကြီးတွေ အဖြစ် အရူးဘုံမြှောက်ပေးခဲ့ကြတော့ လူသတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက်သတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ အထိ ကျူးလွန်မိကုန်ကြရော။
    ဝီရသူ နဲ့ မျက်ကန်းမျိုးချစ် ဗမာအစွန်းရောက်တွေ၊ မျိးချစ် အမည်ခံ ကြံ့ဖွတ် စစ်ခွေးတွေလည်း ဟစ်တလာ၊ မီလိုဆိုဗစ်၊ ဆာဒမ်ဟူစိန်၊ ဘင်လာဒင် တို့ ပြောခဲ့တဲ့ "အမျိုး၊ ဘာသာကို ကာကွယ်တယ်" ဆိုတာမျိုးကို ပြောပြီး ကုလားမုန်းတရားတွေ ဟောနေတာက ကုလားသတ်ပွဲတွေ ဖြစ်လာအောင် လုပ်နေကြတာပဲ။
    စစ်အုပ်စုရဲ့ နိမ့်ကျတဲ့ ပညာရေးစနစ်နဲ့ ကြီးလာရတဲ့ ဗမာပြည်သူတွေက သမိုင်း၊ ဥပဒေ အသိ ခေါင်းပါးမှု၊ မျက်မှောက် နိုင်ငံတကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး စံသတ်မှတ်ချက်ကို နားမလည်မှု၊ စာကောင်းပေကောင်း လက်လှမ်းမမီမှု၊ ဗဟုသုတ အားနည်းမှု၊ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိမှု တွေကြောင့် လူမျိုးရေး၊ ဘာသာရေး ဆိုပြီး ဆွယ်လိုက်တာနဲ့ အလိုလို မှိုင်းမိသလို ဖြစ်ပြီး ဝီရသူ နဲ့ မျက်ကန်းမျိုးချစ် ဗမာအစွန်းရောက်တွေ၊ မျိးချစ် အမည်ခံ ကြံ့ဖွတ် စစ်ခွေးတွေ နောက်ကို လွယ်လွယ်လေးနဲ့ လိုက်ကုန်ကြတာ။
    ReplyDelete
  19. အမျိုးဘာသာ သာသနာ ပျောက်မှာ ကြောက်တယ်လို့ ပြောတာလဲ သူတို့ဘဲ အမျိုးသားရေး ပျက်အောင် လုပ်နေတာ သာသနာ သေးသိမ်ပျောက်ကွယ် အရှက်ရအောင်လုပ်နေတာလဲ သူတို့ဘဲ
    သူတို့မုန်းတဲ့ မွတ်တွေက မိန်းမတွေအပေါ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတုခိုးပီး မျိုးစောင့်ဥပဒေ ထုတ်တာလဲ သူတို့ဘဲ
    အထိကရုဏ်းတွေ မကြာခဏ ဖြစ်အောင် လုပ်တယ် ငြိမ်းချမ်းရေးအသွင် ပြန်ဆောင်တယ်
    သူတို့တွေရဲ့ လှည့်ကွက်ထဲ နစ်မျောသွားရင် ကျွန်တော်တို့ အများပြည်သူ အသက် အိုးအိမ် စည်းစိမ် သာသနာ စိုးရိမ်နေရပီ
    သူတို့တွေကို ခါးခါးသီးသီး ဆန့်ကျင်သင့်ပီဗျာ
    ReplyDelete
  20. မွတ် ကိစ္စနဲ့ ပတ်သက်ပီး ဒေါ်အောင်ဆန်းစုကြည်ကို မဆီမဆိုင် အပြစ်တင် အပုပ်ချနေကြတဲ့ မျိုးစောင့်သံဃာတွေနဲ့ ကြံ့ဖွတ်တွေ စစ်ဗိုလ်တွေအနေနဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ စဉ်းစားပီးမှ ပြောပါ
    မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ဘာသာရေး အထိကရုဏ်း တွေက ဘယ်သူ့လက်ထက်မှာ ဖြစ်နေတာလဲ လက်ရှိ အာဏာရနေတဲ့ အစိုးရ လက်ထက်မှာ မဟုတ်လား.
    အမျိုးသားရေးစိတ်ဓတ် ရှိရင် အမျိုး သာသနာပျောက်ကွယ်မှာ ကြောက်ရင် လက်ရှိ အာဏာရနေတဲ့ အစိုရကို ဖိအားပေးရမှာမဟုတ်လား
    ဒီအစိုးရ ကိုင်တွယ်တာ ညံ့လို့ ခုချိန်ထိ မြန်မာပြည်မှာ ဘာသာရေး အထိကရုဏ်း တွေ ဖြစ်နေတာ
    နစက တွေ လဝက တွေ က ဘင်္ဂလီတွေဆီက ပိုက်ဆံယူပီး မြန်မာပြည်ထဲကို နှစ်ရှည်လများ ခိုးသွင်းလာတာကို ထိထိရောက်ရောက် အရေးမယူ မသိကျိုးကျွန်ပြုနေတာလဲ ဒီအစိုးရပဲ
    ReplyDelete
  21. အခု မြန်မာပြည်က မျိုးစောင့် ဆိုတဲ့ သံဃာတွေ မျိုးချစ်အရေခြုံ ကြံ့ဖွတ်တွေ လုပ်နေတဲ့ နည်းအတိုင်း "မျိုးစောင့်ဥပဒေ ထုတ်ပီး သာသနာစောင့်ရမယ်" ဆိုပီး ဘုရားဟောခဲ့ ညွှန်ကြားလမ်းညွှန်ခဲ့ပါသလား
    ဗုဒ္ဓဘာသာရဲ့ သာသနာ အနှစ်သာရကို သိသောသူများ ရှင်းပြစေချင်ပါတယ်
    "မျိုးစောင့်ဥပဒေ ထုတ်ပီး သာသနာစောင့်ရမယ်" ဆိုပီး ဘုရားဟောခဲ့ ညွှန်ကြားလမ်းညွှန်ခဲ့တာ မဟုတ်ဘူး ဆိုရင်တော့ "ဘုရားသားတော် သံဃာတွေကို အပြစ်ပြောလို့ ငရဲကျမယ်" ဆိုရင်တောင် ငရဲမှာဘဲ နေပါရစေ
    အမှားကို မှားမှန်း သိရဲ့နဲ့ လက်ခံနိုင်လောက်အောင်တော့ မညံ့ဖျင်းချင်ပါဘူး
    ReplyDelete
  22. သူတော်စင်ကြီးတွေ သိပ်များတဲ့ တိုင်းပြည် (သရော်စာ)
    Ko Htike
    ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့
    တိပိဋိက ဆရာတော်ကို ထောင်ချ၊ သံဃာတွေကို သတ်ပေမယ့် ခိုးထားတဲ့ ငွေတွေနဲ့ ခြင်းတောင်းလေးနဲ့ လူရှေ့သူရှေ့ဖင်ဖူးထောင်း ထောင်အောင် ဘုန်းကြီး တချို့ကို ရှိခိုးပြ ... အဲဒါ သူတော်စင် ဖြစ်တယ်။
    တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီ မြစ်ကို ရောင်းစားထားပြီး ... လူအများပြောလွန်းမက ပြောမှ ... ခဏရပ်တယ် ပြော ... အဲဒါ သူတော်စင် ဖြစ်တယ်။
    ထောင်ထဲ မထည့်သင့်တဲ့ လူတွေကို ထောင်ထဲထည့် ... ပြီးရင် လွှတ်ပြ ... အဲဒါ သူတော်စင်ဖြစ်တယ်။
    ခိုးဝင်တွေကို တိုင်းပြည်ထဲ ရောက်အောင်သွင်း ... ပြီးရင် ... ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ခေါ်ပြီးရှင်း ... အသာလေးကြည့်နေလိုက် ... အဲဒါ သူတော်စင်ဖြစ်တယ်။
    လယ်ယာမြေတွေကို ဧကပေါင်း သန်းချီအောင် သိမ်းထားပြီး ... ဧက တစ်သိန်းလောက် ပြန်ပေးတာလုပ် ... အဲဒါ သူတော်စင်ဖြစ်တယ်။
    တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီး .... ပြီးမှ ဒီမိုကရေစီ ခရီးသွားနေသယောင် လုပ်ပြ ... အဲဒါ သူတော်စင်ဖြစ်တယ်။
    ဟန်ဆောင်တာ သိပ်ကြိုက်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ သူတော်စင်တွေ များတဲ့ တိုင်းပြည် ...
    ကိုထိုက်
    သူတော်စင်ကြီးတွေ သိပ်များတဲ့ တိုင်းပြည် (သရော်စာ)
    .
    ReplyDelete
  23. "ဓမ္မစစ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တိုင်းပြည် ဖြစ်ချင်ရင်. . ."
    ချိုတူးဇော်
    2014 February 5
    ဂေါ်ရခါးလူမျိုး လ၀က အရာရှိတဦး ရခိုင်မှာ အမှုထမ်းလို့မရလို့ ပြန်ရတယ် ဆိုတာ
    ဖတ်ရတော့၊
    ကျနော်တို့ ရခိုင်တွေ၊ မြန်မာတွေဟာ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ အများကြီးကို တည်ဆောက်ရဦးမယ် ဆိုတာကို တွေးမိတယ်။
    ဒီလောက် လူကို အခြေခံတဲ့ ဗုဒ္ဓသာသနာ ထွန်းကားနေသည့်တိုင်
    အဲဒီ ဗုဒ္ဓရဟန်းတော်တွေကိုယ်တိုင် တုတ်တပြက်၊ ဓါးတပြက်နဲ့
    အမျိုး ဘာသာ သာသနာ လို့ လွဲနေကြမှတော့
    တိုင်းပြည်ထဲ၊ ပြည်သူထဲမှာ ဒီလို စိတ်တွေ ပြန့်ပွား ထွန်းကားနေတာ မဆန်းတော့
    မဆန်းတော့ပါဘူး။
    တကယ်တော့ နိုင်ငံသားတွေထဲမှာ တိုင်းရင်းသား တို့၊ ဧည့်နိုင်ငံသား တို့ ခွဲခြားပြဋ္ဌာန်းခဲ့တာ အာဏာရှင် ဦးနေ၀င်းက စခဲ့တာပါ။
    "ကိုယ့်တိုင်းပြည်မှာ အခြေချနေထိုင်နေတဲ့ သူတွေကို
    အဲဒီလူတွေမှာ ဘာ ဆိုးသွမ်းတဲ့ပြစ်မှု၊ ဘာ အချုပ်အခြာအာဏာ ထိပါးမှု မှ မရှိရင်
    တန်းတူရည်မျှ လက်ရည်တပြင်တည်း စောင့်ရှောက်ဖို့ လိုပါတယ်။"
    ခုလို ဖြစ်ရတာ ဘာကို ပြသလဲ ဆိုတော့
    သိလို့ဖြစ်ဖြစ်
    မသိလို့ ဖြစ်ဖြစ်
    ကျနော်တို့ ရခိုင်တွေ၊ မြန်မာတွေမှာ
    လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု ဆိုတဲ့ Racism ကိန်းအောင်းနေတယ် ဆိုတာကို ပြတာပဲ။
    မြန်မာတွေက ကုလား ဆို
    မြင်တာနဲ့
    မုန်းကြ၊
    ကြည့်မရကြဘူး။
    .
    ReplyDelete
  24. ဗုဒ္ဓ၀ါဒ မှာ "လူ" ကိုသာ အခြေခံတယ်။
    မည်မျှပင် အမျိုးအနွယ်အားဖြင့် ခြားနားပါစေ၊
    ရုပ်ဆင်းသွင်သဏ္ဍန် ကွဲပြားပါစေ
    လူကို "လူ" လို့ပဲ မြင်တယ်။ ဆက်ဆံတယ်။
    ကျနော်တို့ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာ ကို ထိပါးလာမယ့် ရိုဟင်ဂျာ လို ကိစ္စမျိုး ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ။ ခိုးဝင်ဘင်္ဂလီ ကိစ္စ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပါ။
    ဒါပေမယ့် ပြည်တွင်းမှာ နှစ်ရာချီနေထိုင်နေလာခဲ့တဲ့ မွတ်စလင် "ကုလား" တွေကို "ကိုယ့်ပြည်သားတွေ"
    လို့ လက်ရည်တပြင်တည်း ညီညွတ်မျှတဖို့ လိုပါတယ်။
    ဒီလို မဟုတ်ဘဲ မည်းမည်းမြင်သမျှ "ကုလား" ဆိုပြီး
    နှိမ့်ချဆန့်ကျင်ကြတယ် ဆိုရင် ဒါ Racism ပါ။
    ဒီပြဿနာမျိုး လွန်ခဲ့တဲ့ နှစ် ရာချီက အမေရိကားမှာ ဖြစ်ခဲ့ရပြီးပြီ။
    လူသိန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့အထိ ပြည်တွင်းစစ်ကြီးတောင် ဖြစ်ခဲ့ရတယ်။
    "လူမည်းတွေကို လူစာရင်းကို မသွင်းနိုင်ဘူး" လို့ ခါးခါးသီးသီးဆန့်ကျင်နှိမ့်ချခဲ့တဲ့ တောင်ပိုင်းသား
    လူဖြူတွေဟာ လူမည်းကို လူစာရင်း သွင်းရပါ့မလား ရယ်လို့၊ တန်းတူရည်တူ ညီမျှမှု ပေးရမှာစိုးလို့၊
    စစ်တောင် တိုက်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။
    ခု အဲဒီသမိုင်းကြီး ပြတိုက်ထဲမှာ မှတ်တမ်းမှတ်ရာ အပြည့်အစုံနဲ့ ကျန်ခဲ့တယ်။
    ဘယ်သူတွေ မှားတယ်၊ ဘယ်သူတွေ မှန်တယ် ဆိုတာ အထွေအထူး ပြောစရာ မလိုဘူး။
    ဘယ်လိုသော အကြောင်းကြောင့်ပဲ မြန်မာပြည်ကို ရောက်လာ၊ ရောက်လာ၊ ရောက်နေ၊ ရောက်နေ၊
    ဒီလူတွေဟာ ကျနော်တို့တိုင်းပြည်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက အေးအတူပူအမျှ (အေးအတူ
    ပူအမျှ) နေခဲ့ကြတဲ့ သူတွေ ဖြစ်တယ်။
    ကျနော်တို့နဲ့ ဆင်းရဲဒုက္ခအတူ ခါးဆီးခံခဲ့ကြတဲ့သူတွေဖြစ်တယ်။
    သူတို့ဟာ ကျနော်တို့ နိုင်ငံသားတွေ ဆိုတာ အသိအမှတ်ပြု ကို ပြုရမယ်။
    တန်းတူညီမျှ ဆက်ဆံ ကို ဆက်ဆံရမယ်။
    အခွင့်အရေးလည်း ပေးကို ပေးရလိမ့်မယ်။
    ဒါမှ မြန်မာနိုင်ငံဟာ လူ ကို တန်ဖိုးထားတဲ့ လူတန့်ဖိုး ရှိတဲ့ လူ့အဖွဲ့အစည်း ထွန်းကားတဲ့ တိုင်းပြည် ဖြစ်မယ်။
    ဗုဒ္ဓ၀ါဒနဲ့ညီတဲ့အတွက် ဒါမှ ဗုဒ္ဓဘာသာ တကယ်ထွန်းကားတဲ့ တိုင်းပြည် လို့ ခေါ်ဆိုနိုင်မှာ ဖြစ်တယ်။
    .
    ReplyDelete
  25. "အမေရိကား မှာတော့ အေဘရာဟင်လင်ကွန်း က
    " လူမည်းဟာ လူ ဟုတ်မဟုတ် ဆိုတာကိုပဲ ဆုံးဖြတ်ပါ။
    လူ ဆိုရင် ဘုရားသခင်က ချီးမြှင့်ပေးသနားထားတဲ့
    လူတန်းစေ့ လူ့တန်ဖိုးနဲ့အညီ နေထိုင်ခွင့် ရှိရမယ် . . " တဲ့။"
    အမေရိကန်နိုင်ငံ ကို "In God, We trust" . . . လို့ ဘုရားသခင်ကို ယုံကြည်မှုနဲ့ တည်ထောင်ပါသတဲ့။
    တကယ်တော့ ဘုရားသခင် ကို ယုံကြည်တယ် ဆိုတာ ဓမ္မ (၀ါ) တရားမျှတမှု ကို ယုံကြည်တာပါ။
    ခင်ဗျားတို့ ကိုယ် ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေ၊ သာသနာကို စောင့်ထိန်းဖို့လိုတယ် လို့ ယုံကြည်ကြရင်၊
    ခင်ဗျားတို့လုပ်ရပ်တွေဟာ ဓမ္မကြောင်းဖြစ်ဖို့၊ တရားမျှတဖို့ လိုတယ်။ ဒါမှ ခင်ဗျားတို့ရဲ့ ဘုရားကို အမှန်
    တကယ် ကိုးကွယ်ရာ၊ သာသနာကို စောင့်ရှောက်ရာ ရောက်ပါလိမ့်မယ်။
    အဲဒီလိုမှ မဟုတ်ရင်
    ခင်ဗျားတို့ရဲ့ ဘုရားဟာ မတရား မမျှတတဲ့ဘုရား၊ ကိုယ့်အမျိုးပဲ သိတဲ့ဘုရား၊
    ခင်ဗျားတို့ရဲ့ သာသနာဟာ ဓမ္မ မဟုတ်တဲ့ အဓမ္မ သာသနာ ဖြစ်သွားလိမ့်မယ်။
    အမျိုး ဘာသာ သာသနာ ဆိုပြီး ခွဲခြား ဆက်ဆံမှု၊ ဗုဒ္ဓ၀ါဒမှာ မရှိပါဘူး။
    ချိုတူးဇော်
    "ဓမ္မစစ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တိုင်းပြည် ဖြစ်ချင်ရင်. . ."
    .
    ReplyDelete
  26. ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့ တိုင်းပြည်ဟာ လက်ရှိ ပူတာထက် ပိုပူတဲ့ ငရဲကို ကျမှာဗျ
    Sann Win
    ၁၃ - ၂ - ၂၀၁၄
    ဘုန်းကြီးရဟန်း တွေကို ကိုယ်တိုင် ဝေဖန်ဖို့ မပြောနဲ့ သူများက စောင်းကြည့်တာတောင် မခံနိုင်ပါဘူး
    ဒါပေမဲ့ ခုဟာက ဘုန်းကြီးရဟန်း တွေကို မပြောရင် မဖြစ်တော့လို့ ကျွန်နော်တို့ ငရဲကျခံပြီး ပြောနေရတာဘဲဗျ
    ဘုန်းကြီး တွေကို ကျွန်နော်တို့ ပြောလို့ ဝေဖန်လို့ ကျတဲ့ ငရဲက နောက်ဘဝရောက်မှ ကျမှာ
    ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့ တိုင်းပြည်မှာ လက်ရှိ ပူတာထက် ပိုပူတဲ့ ငရဲကို ကျမှာဗျ
    အဲ့တော့လည်း ကျွန်နော်တို့က့ ဘုန်းကြီးရဟန်း တွေကို ပြောရမှာဘဲဗျာ မတတ်နိုင်ဘူး
    ကျွန်နော်တို့ ဘုန်းကြီး တွေကို ပြောတယ် ဆိုတာ နာမည်ခံ မျိုးချစ်ပြနေတာ သာသနာကို ဖျက်နေတာ မဟုတ်ဘူး
    သာသနာကို တကယ်ချစ်လို့ အပျက်စီး မခံနိုင် အညစ်ထေး မခံနိုင်လို့ ကျွန်နော်တို့က ဘုန်းကြီး တွေကို ပြောနေရတာ ဝေဖန်နေရတာပါဗျာ
    Sann Win
    ဘုန်းကြီး တွေကို မပြောဘဲ မဝေဖန်ဘဲ နေရင် သာသနာလည်း ညှိုးနွမ်းသလို ကျွန်နော်တို့မှာ လက်ရှိ ပူသထက် ပူတဲ့ ငရဲကို ကျမှာဗျ
    ReplyDelete
  27. Please also visit our blog.
    http://wunzinminraja.blogspot.sg/search?updated-max=2014-02-22T20:04:00-08:00&max-results=7&start=28&by-date=false
    ReplyDelete
  28. မျိုးစောင့်ဥပဒေမှာ ဘာသာရေး ပါလာပြီး လူမျိုးမတူ၊ ဘာသာကွဲပြားတဲ့ တိုင်းရင်းသားတွေ စုပေါင်း နေထိုင်တဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်လို့ အမြင်ကျဉ်းကျဉ်းနဲ့ သွားလုပ်လို့ မရဘူး
    ဦးခွန်ထွန်းဦး
    ဥက္ကဋ္ဌ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    ကျနော်လည်း ဗုဒ္ဓဘာသာဝင်တယောက်ပါ။
    လူ့အခွင့်အရေးဘက်ကနေတော့ မပြောချင်ဘူး။ နိုင်ငံရေးအခြေအနေ အရတော့ မျိုးစောင့်ဥပဒေကို မလုပ်သင့်သေးဘူး ထင်တယ်။
    "မျိုးစောင့်ခြင်းဥပဒေ" ဆိုတာ "မျိုး" တော့ စောင့်ပါတယ်။ ဒါပေမယ့် "ဘာသာရေး" ကိစ္စတွေ ပါလာမှာပေါ့။
    ကချင်တွေက ခရစ်ယန်တွေ ၊ ချင်းဆိုရင်လည်း ခရစ်ယန်တွေ ပဲ။ ကရင်ဆိုလည်း ခရစ်ယန်တွေ ပဲ။ သဘောက တိုင်းရင်းသားတွေ အားလုံးက ရောရောထွေးထွေး နေကြတာ။
    "မျိုးစောင့်ရေး" ဆိုတော့ ဘယ်မျိုးကို စောင့်မှာလဲ။ နောက်ပိုင်း အန္တရာယ်ရှိလာနိုင်တာတွေ ရှိတယ်။ အမြင်ကျဉ်းကျဉ်းနဲ့ သွားလုပ်လို့ မရဘူး။
    ကျနော်တို့ နိုင်ငံက အင်အားအရမ်းကြီးတဲ့ နိုင်ငံနှစ်ခုကြားကို ရောက်နေတာ။ ဒါကို ကိုင်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ တွေးရမယ်ဗျာ။
    ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့က အချိန်အခါနဲ့တော့ မကိုက်ညီသေးဘူး ထင်တယ်။
    အန္တရာယ်ကင်း ဘေးရှင်းအောင်တော့ လူ့အခွင့်အရေးကိုပဲ ကိုင်ပြီး ပြောရမလိုဖြစ်နေပြီ။
    အခု မျိုးစောင့်ဥပဒေက နောက်ဆုံးကျရင် ဘာသာရေးတွေ ပါလာမယ်။ ဘာသာရေးတွေ ပါလာရင် နိုင်ငံရေးက ပိုရှုပ်လိမ့်မယ်။
    ညင်ညင်သာသာနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်သင့်တယ်။
    ဒီ မျိုးစောင့်ဥပဒေကြီးကို သမ္မတကပဲ လုပ်လုပ်၊ လွှတ်တော်ကပဲ လုပ်လုပ် စောသေးတယ်လို့ ထင်တာပဲလေ။ ပြောပြန်ရင်လည်း လွန်ရာကျတယ် ထင်ပေမယ့် ကျနော်လည်း ဗုဒ္ဓဘာသာပါပဲ။
    Credit - Irrawaddy
    ဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် အမြင်
    ReplyDelete
  29. မြန်မာနိုင်ငံမှာ မွတ်စလင် ဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တာပဲ.... မွတ်စလင်တိုင်း မကြမ်းတမ်းကြပါဘူး... မွတ်စလင်တွေမှာလဲ နူးညံ့တဲ့ နှလုံးသား ရှိပါတယ်... သူတို့လဲ လူတွေထဲက လူတွေပါပဲ..
    အခုတော့ ဘာသာရေးအစွန်းရောက်တွေ ၊ ၉၆၉ လှုပ်ရှားမှုတွေ နဲ့ ထောင်ထွက်ဘုန်းကြီး တချို့ကြောင့် မြန်မာ-မွတ်စလင် ချစ်ကြည်ရေး ပျက်စီးရတော့မယ်...
    မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာကလဲ မြန်မာလူမျိုး အောက်ခြေလူတန်းစားတချို့က မွတ်စလင်တွေ ရှိတဲ့ နေရာမှာ သွားပြီး သောင်းကျန်းကြတာပါ.. ဒါကြောင့် အသတ်ခံရတာပါ... ဘာ မှမဟုတ်တဲ့ ပြသနာလေးကို ပုံကြီးချဲ့ကြတော့ အခုလို အပြစ်မဲ့ မြန်မာတွေ အသတ်ခံရတာပဲလေ... ဒါကို သင်ခန်းစာ ယူကြပါ။
    မွတ်စလင်တွေကိုရော၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အနိုင်ကျင့်ခံနေရလို့ လူလူချင်း စာနာပြီး အမှန်ဖက်က ရပ်တည်ပေးတဲ့ မွတ်စလင်တွေဖက်က ရပ်တည်ပေးတဲ့ မြန်မာတွေကိုရော အရှက်မရှိ ဆဲနေကြတဲ့သူတွေကို တခုတော့ ပြောချင်ပါတယ်... ရှင်တို့ရဲ့ အဆင့် မရှိတာကိုတော့ လူတကာ သိသွားတာပါပဲ
    ReplyDelete
  30. ငတုံး နာဇီတွေ များတဲ့ မြန်မာနိုင်ငံ
    ဒီမို ဖက်တီး
    ၉-၄-၁၄ ရက်နေ့
    မနေ့ညက ဖတ်လိုက်ရတယ်။ ရန်ကုန်က ရပ်ကွက်တစ်ခုမှာ အသားမဲမဲ ကလေး တစ်ယောက်ကို လူသုံးယောက်က ပါးပိတ်ဝိုင်းချနေကြတာ။ လူတွေကလည်း အုံလာပေါ့။ "ရပ်ကွက်ကို ကုလားမီးရှို့ ဖို့ကြံစည်တယ်" လို့ စွပ်စွဲကြတာ။
    အဲသည်မှာပဲ NLD အဖွဲ့ဝင်တစ်ယောက်က ကြားဝင်ပြီး အသေအချာ စစ်လိုက်တော့ ရေသန့်ဗူးခွံထဲမှာ အ၀တ်စ ကို ကော်ဆွတ်ထားပြီး ထည့်ထားတာ ..... သူငယ်ချင်းတွေနဲ့အတူ ကော်ရှုမလို့တဲ့ .....
    အသားမည်းပြီး ကုလားရုပ် ထွက်ရင် မြန်မာနိုင်ငံမှာ ဗျင်းခံရဖို့ များနေပြီ ....
    ဟိုကုလား .. ဒီကုလား .. မဟုတ်ဘူး ... အော်ကုလားပဲ ....
    (ကော်နံ့နှင့် ဓါတ်ဆီနံ့ကိုတောင် မခွဲနိုင်တဲ့ ငတုံး နာဇီတွေ က များသားလား။)
    ဒီမို ဖက်တီး
    ReplyDelete
  31. သွန်းနေစိုး
    ၁၅-၈-၁၄ ရက်နေ့
    ကျနော်တို့ မျက်မှောက်ခေတ် မြန်မာပြည်ရဲ့
    "အမျိုးသားရေးဝါဒီတွေ"
    (သူတို့ကို သူတို့
    "မျိုးချစ်သူကြီးတွေ" လို့ ကြွေးကြော်သူတွေ)
    ဆိုတာက ဒီလိုလူတွေကို ခေါ်တာပါ ..........
    - အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ
    တစ်ဦးချင်း ဝင်ငွေအနည်းဆုံးနိုင်ငံ ဆိုတဲ့အဖြစ်
    - ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းပေါက်နေပြီး
    အီသီယိုပီးယားထက် ဆင်းရဲတဲ့အဖြစ်
    - လုပ်အားထုတ်လုပ်မှုအကောင်းဆုံး အရွယ်ရှိ
    မြန်မာလူငယ် ၄ သန်းနီးပါး တိုင်းတပါးမှာ
    နိမ့်ကျတဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရတဲ့အဖြစ်
    - ပညာရေးကဏ္ဍ ဒေသတွင်းအနိမ့်ဆုံး
    - ကျန်းမာရေးမှာ
    ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်အဖြစ်
    - ခြုံပြောရရင် ဘက်စုံ ပျက်ယွင်း ကျဆုံး ရှုံးနိမ့်နေတဲ့ အရှုံးသမားနိုင်ငံ (Failed Country) စာရင်းဝင်နေတဲ့အဖြစ်
    …………… တွေကို
    ပြောင်းလဲစေမယ့် အပြောင်းအလဲကို မမျှော်လင့်ပဲ
    ဒုံရင်း ဒုံရင်းဘဝနဲ့ ဘာသာခြားမုန်းစိတ် တစ်ခုတည်းသက်သက် စွဲကိုင်ကာ
    ဒုက္ခတွင်းထဲ နစ်သထက်နစ်တဲ့ဘဝနဲ့
    နေသွားချင်သူတွေ
    ကို မျက်မှောက်ခေတ်မြန်မာပြည်ရဲ့
    "အမျိုးသားရေးဝါဒီတွေ" လို့ ခေါ်ပါတယ်။
    သွန်းနေစိုး
    မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏
    "အမျိုးသားရေးဝါဒီများ" ဆိုသည်မှာ..........
    .
    ReplyDelete
  32. တင့်တင့်September 30, 2014 at 11:34 AM
    ကျွန်မလဲ ဗုဒ္ဓဘာသာဝင်ပါ။
    ဒါပေမဲ့ ဘုရား သင်္ကံန်းခြုံပြီး
    လူတွေကို မကောင်းနည်းလမ်းပြ
    ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာခြားတွေနဲ့ ရန်တိုက်
    အလုပ်မလုပ် အလှူခံစား
    လိုချင်တဲ့ စည်းစိမ်ရတော့ လူထွက်
    လူအလုပ်တွေ လုပ်တဲ့
    လိမ်စားနေတဲ့ လူတွေကို
    အရမ်း ကြည့်လို့မရကို ဖြစ်နေပါပြီ။
    ReplyDelete
  33. သူများယောင်လို့ယောင်ရတယ်၊
    ၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
    တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ
    "အရိုးကို စည်းရိုးထိုးမယ်" လို့ အော်နေတုန်း
    တရုတ်တွေက သစ်ပင်တွေ ဝင်ခုတ်သွားပါတယ်။
    "ကျုပ်နှမလေး ကုလားနဲ့ ညားမှာစိုးလို့ မျိုးစောင့်ရတာ" လို့ အော်ရင်း
    ဓားထမ်းပြီး သူ့ခြင်ထောင်နား ထိုင်စောင့်နေတာ
    တရုတ်ကြီးနဲ့ ဗိုက်တလုံး ထွက်လာမှ
    သူ အိမ်ဖော် သွားလုပ်နေတာ သိလိုက်ရတယ်။
    "ကုလားပစ္စည်းတွေကို အားမပေးကြနဲ့" လို့ အော်နေတုန်း
    အပေါ် မော့ကြည့်မှ
    တဝီဝီနဲ့ အာရပ်က လေယာဉ်တွေ ပျံနေတာ တွေ့လိုက်ရပါတယ်ဗျာ။
    ဒေါ်စုကို "ကုလားမယား၊ သာသနာဖျက်၊ အမျိုးဖျက်" လို့ အော်နေတုန်း
    အစိုးရက မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်း၊
    သံဃာတော်တွေကို ထောင်ချ၊
    လယ်တီသိမ်တော်ကို ဖြိုချလိုက်ပါတော့တယ်။
    Raven Black
    သူများယောင်လို့ယောင်ရတယ်၊
    ၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
    တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ
    ReplyDelete
  34. ၄-၁၀-၁၅ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ် ဆိုပါလား
    နယ်လှည့်ပါးရိုက် အုန်းမြင့်က ဘာသာရေးမီး မွှေးနေပါလား
    (( Ohn Myint wrote -
    အမျိုးဘာသာသာသနာ
    ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
    သာဓု သာဓု သာဓု ပါ။
    ဂုဏ်ယူမဆုံး တစ်မျိုးသားလုံး။
    အောင်ပွဲအလီလီ ထပ်ဆင့်ချီ
    အောင်ပြီ အောင်ပြီ အောင်ပြီ။ ))
    အဟေဟေ......
    မောင်အုန်းမြင့်တို့ကတော့ မျိုထား ဆို့ထားတာတွေ အစိုးရသစ်လက်ထက်မှာ ပြန်အန်ထုတ်ရမှာစိုးတာရယ်.... ထပ်မခိုးရတော့မှာရယ်တွေးကြောက်ပြီး... ကယောင်ကတန်း ဘာသာရေးမီးတွေ ထ မွှေးနေတော့တာပဲ....
    ပြောင်ကြီး - ကိုလည်း အတင်း မ လို မ နဲ့...မြင်မကောင်းဘူး.........
    သီတဂူဆရာတော်ကြီး မိန့်ကြားချက် နားထောင်ပြီးပြီလား.. မောင်အုန်းမြင့် ဟဲဟဲဟဲ
    ReplyDelete
  35. အောင်ဇော်မိုးOctober 6, 2015 at 2:56 AM
    ရန်ကုန်မှာရှိတဲ့ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအင်အားကို ဘယ်လောက်ရှိလဲ ဆိုပြီး ထုတ်ပြသွားတဲ့ပွဲကို ဘာပွဲလို့ခေါ်လဲ သိလား
    မျိုးစောင့်ဥပဒေအောင်ပွဲတဲ့
    ၄-၁၀-၁၅၊ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်း
    မျိုးစောင့်ဥပဒေအောင်ပွဲတဲ့
    ကြံ့ဖွတ်ရုံးက သွားလိုက်ကြတာ သွားလိုက်ကြတာ
    လိုက်ထရပ်တွေ ဒိုင်နာတွေနဲ့ သာသနာ့အလံတစ်ဖက် နိုင်ငံတော်အလံတစ်ဖက်
    သူ့ချည်းပဲလား ဆိုတော့ ဟုတ်သေးဘူး
    ကိုသိန်းစိန် ပုံကြီးလည်း ပါလို့
    ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်တဲ့
    မသိလို့ မေးပါရစေ
    လယ်တီသိမ်ကို ဖျက်ဆီးပြီး ဘုန်းကြီးတွေကို တုတ်စာကျွေး မီးလောင်ဗုံးကျွေးတဲ့သူက ဘယ်လို စောင့်ရှောက်မှာလဲဟင်
    ဆန္ဒပြပွဲ ဝင်ပါတဲ့ သံဃာက တုတ်စာမိပြီး အနာခံရတယ်
    ကုလားအကြောင်း ပြောပြီး အမျိုးချစ်ပြ ကြံ့ဖွတ်အတွက် မဲဆွယ်တဲ့ ဆရာတော်ကျ အာရဖတ်ကားကြီး စီးပြီး အသာစံရတယ်
    နောက်ကွယ်က ထောက်ပံ့မှုက ကြီးတာကိုး
    ReplyDelete
  36. ကောင်လေးFebruary 17, 2016 at 5:39 AM
    ဗိုလ်ချူပ်အောင်ဆန်း ပြောဖူးသလိုပေါ့...
    ရိုင်းရိုင်းလေး ထောက်ပြမှ သိတဲ့ ဗမာလူမျိုးတွေရဲ့ သောက်ကျင့်ကြောင့် ရိုင်းရိုင်းလေး ထောက်ပြတာပါ...
    ဗမာလူမျိုးတွေဟာ နှစ်ပေါင်း ၅၀ ကျော် စစ်ခွေးအကိုက်ခံလာရတာတောင် စစ်ခွေးတွေက ကုလားနဲ့ ရောကြိတ်လိုက်တော့ ခွေးကိုက်ဒဏ်ရာတွေက အလိုလိုပျောက်ပီး ((အဘ.. အဘ..)) ဖြစ်ကုန်ကြတာပဲကြည့်...
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။