Pages

၂၀၁၅ အတွက် ကိုနေမျိုးဇင်ရဲ့ အကျဉ်းထောင်မှ အမှာစကား



ဟန်ချက်ညီတဲ့ တိုက်စစ်ကို မဆင်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ မှိုင်းတိုက်သမျှနောက်မှာ ယောင်နေကြမယ်ဆိုရင်တော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာလည်း ခွေးလိုလို ခြင်္သေ့လိုလို တိရစ္ဆာန်တွေကို ဦးခိုက်နေတဲ့ လူတစုရဲ့ လက်အောက်မှာပဲ ထင်သလို အလုပ်ခံနေရဦးမယ်ဆိုတာ မှတ်ထားပါ။ တိရစ္ဆာန်ကိုးကွယ်တဲ့သူကို ကျနော်တို့ ခေါင်းဆောင်တင်မလား ပြည်သူကို တန်ဖိုးထားတဲ့သူကို ခေါင်းဆောင်အဖြစ်ထားမလား ပြည်သူအားလုံး ရွေးချယ်ပါလို့ ကျနော်ပြောချင်ပါတယ်။ (ဗိုလ်ကြီးဟောင်း နေမျိုးဇင်)

ကိုနေမျိုးဇင်အနေနဲ့ပေါ့နော့် 2015 မှာ ပြည်သူတွေကို တိုင်းပြည်အတွက် ပြည်သူတွေအားလုံးကို ဘာများ ပြောကြားချင်ပါသလဲချင်ဗျား။

အဓိကက နိုင်ငံရေးစိတ်ပါဝင်စားမှုကို နိုးကြွားတက်ကြွမှု အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံးဟာ နိုးကြွားဘို့ ပထမတချက်၊ ပြီးတော့မှ နိုးကြွားမှုနဲ့အတူ ဒီဆန္ဒမဲတပြားရဲ့ အရေးကြီးပုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဒေါ်အောင်ဆန်းစုကြည် ပြောစကားအရဆိုရင် ဒုတိယအကြိမ် ရွေးကောက်ပွဲသာလျှင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးတယ်ဆိုတော့ကာ အခု ၂၀၁၅ သည် စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ကို ကူးပြောင်းမည့် ဒုတိယကြိမ်မြှောက် ရွေးကောက်ပွဲ ဖြစ်တယ်။ ဒါကြောင့်မို့ အရေးကြီးဆုံး ဖြစ်တယ်။ ပထမအကြိမ်မှာ ကလိန်ခြုံကျ ကျပါစေ၊ စစ်အာဏာရှင်ခေတ်က အသွင်ပြောင်းစမို့ ဒုတိယအကြိမ်မှာတော့ ထပ်ကလိန်ခြုံကျလို့မရဘူး။ ဒါကြောင့် လက်ရှိ နှစ်ပြည့်ပြီးသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးသည် အတိတ်သမိုင်းရဲ့ သင်ခန်းစာတွေကို ကျေကြပါ။

 ၂၀၁၀ တုန်းက ဘယ်လိုကလိန်ခြုံလုပ်သွားတယ်၊ ဘယ်လိုကြိုတင်မဲတွေ အိတ်လိုက်နဲ့ ဘယ်လို ဘယ်လိုဓာတ်တိုင်တွေ အရောင်ပြစိုက်ပြီး ဘယ်လိုလမ်းခင်းကျောက်တွေနဲ့ မဲလိမ်သွားလဲ၊ ဘယ်လို ငွေချေးပြပြီး ဘယ်လိုနားလှည့်ပါးလှည့်လုပ်ပြီး ပါးရိုက်သွားလဲ ဒီသမိုင်း ဒီသမိုင်းသင်ခန်းစာတွေကို ယူပါ။ အဲဒီ မဲတခုခု ရိုးသားဖြောင့်မတ်မှုမရှိဘဲ မဲရယူခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ရှိ ၄ နှစ်ကျော်သက်တမ်း လွှတ်တော်တွင်းက အစွမ်းအစကိုလည်း ကျနော်တို့ အားလုံး သိရှိပြီးဖြစ်တယ်။ သူ့လစာတိုးရေးကလွဲလို့ တိုင်းပြည်အတွက် မှန်ကန်တဲ့ ပြတ်သားတဲ့ မားမတ်တဲ့ မခြေခံ ပန္နက်တွေအထိ သက်ရောက်စေမယ့် ပြင်ဆင်ပြောင်းလဲရေး တခုမှ ယခုလွှတ်တော်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုက လုပ်မသွားနိုင်ပါဘူး။ အနည်းစုကြိုးပမ်းပေမဲ့ လူညီရင် ဤကျွဲဖြစ်မယ်ဆိုတဲ့ စားဖားချင်းညီညွတ်နေတဲ့တသိုက် ကဖျက်ယဖျက်လုပ်လို့ တိုင်းပြည်အတွက် ကောင်းစေရာကောင်းစေကျိုး သယ်ပိုးဘို့ လွှတ်တော်ကိုယ်စားလှယ်အနည်းစုရဲ့ တင်ပြချက်တွေ အဟောသိကံ ဖြစ်သွားတာ အများကြီး ကျနော်တို့ သမိုင်းသင်ခန်းစာ ရပြီးပြီ။

 အဲတော့ ဒီလိုလူမျိုးတွေကို လွှတ်တော်ထဲကို နောက်တဖန်ခြေချခွင့် မရအောင် သူတို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနိုင်ခြေရှိတဲ့ ကကြိုးလေးနဲ့ ပြောရရင် စနစ်ဆွေးပိုးလောက်တွေရဲ့ အသစ်ခွေးတိုးပေါက် PR ဆိုတာမျိုးကိုလည်း လက်မခံဘို့ မဲလိမ်၊ မဲခိုး၊ မဲဆွယ်၊ မဲညာ၊ မဲယောင် လုပ်ပြီးတော့ ပြည်သူ့မဲကို လတ်တလောရရင်ပြီးရော မဲရပြီးနောက်နေ့ ပြည်သူ့အကျိုး လှည့်ကြည့်စရာမလိုဘူး ပြည်သူ့မျက်နှာ ကြည့်စရာမလိုဘူးဆိုတဲ့ အချိုးရှိတဲ့ ကိုယ်စားလှယ်ဆိုးတွေ လွှတ်တော်ထဲကို နောက်တကြော့ ခြေချခွင့်မရဘို့ ဒါကိုကာကွယ်ရင်းနဲ့ တဘက်က ပြည်သူ့ကိုယ်စားလှယ်စစ်စစ် ပြည်သူ့ပါတီစစ်စစ် ဘယ်သူတွေဖြစ်မလဲ။ နေ့စဉ် လူသားစိတ်နဲ့ ကိုယ်ချင်းစားစိတ်နဲ့ အသိညာဏ် ဆင်ခြင်တုံတရားနဲ့ နိုင်ငံရေးစာပေ လေ့လာဖတ်ရှုသုံးပ်နိုင်တဲ့စွမ်းရည်နဲ့ ချိန်ထိုးပြီးတော့ ရွေးချယ်ပါ။
ဖြစ်မြှောက်အောင် မဲပေးပါ။ မဲပေးပိုင်ခွင့်ကိုလည်း မှန်မှန်ကန်ကန် ရရှိအောင် အခုကတည်းကကြိုးစားပါ။

ကိုယ်မဲပေးလိုက်တဲ့လူကို လွှတ်တော်ထဲမှာ တိတိကျကျ ထမ်းဆောင်နိုင်ခွင့် ရရှိအောင် ပြည်သူ့အစိုးရ စစ်စစ် တရပ်ပေါ်ပြီး ဆောင်ရွက်နိုင်ခွင့်ရရှိအောင် ခပ်ရှင်းရှင်းပြောရရင် ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင် သမ္မတဖြစ်ခွင့်၊ သမ္မတ မဖြစ်မနေ ဖြစ်ကိုဖြစ်ရမယ် ဘုရင့်နောင်ဖေါင်ဖျက်ကိန်းကို ပြည်သူတိုင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုပါ မကျန် ၂၀၁၅ မှသည် နောက်ဆက်မယ့် ခေတ်အဆက်ဆက်အထိ ပြည်သူ့အစိုးရနှင့် ပြည်သူ့အာဏာသည်သာလျှင် တည်ပြီး ပြည်သူ့အကျိုးစီးပွားအတွက်ကို တကယ်ထမ်းဆောင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေနှင့် ပြည်သူများကောင်းကျိုးကို ပြည်သူများရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ ကြိုးပမ်းသွားမယ့် ပြည်သူ့လက်ထဲမှာ အာဏာရှိအောင် ပြည်သူတွေ ၀ိုင်းဝန်း ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ကို ပြည်သူတွေ အခုကတည်းက မွေးဘို့ မျိုးဆက်သစ်တွေကိုလည်း နောက်ရွေးကောက်ပွဲတွေမှာ မဲပေးလာရမည့် မျိုးဆက်သစ်တွေကိုလည်း အခုကတည်းက သွန်သင်ပေးသွားဘို့ အရေးတကြီးလိုနေပြီလို့ ကျနော်ပြောချင်ပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကာလ မတိုင်ခင် ဖမ်းဆီးမှုတွေ ထပ်ကြမ်းကောင်းကြမ်းလာနိုင်ပါတယ်။

လတ်တလော ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေ အခုဆိုရင် ထောင်ထဲမှာ သုံးရာကျော်လောက် ရှိနေပါပြီ။ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်နဲ့မဆိုင်ရင် ဂလိုင်မဖေါက်ဘူး၊ ကိုယ့်ပေါင်ပေါ်မှာ မီးပွားမကျသေးသရွေ့ ငါပူမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုး မထားဘဲနဲ့ မတရား ဖမ်းဆီးခံရမှု သေးသေးလေးကအစ လက်မခံဘဲနဲ့ တရားဥပဒေအတိုင်း စစ်စစ် မှန်မှန် ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့ စီရင်ထုံးတွေ ပေါ်ပေါက်လာအောင် ဥပဒေမဲ့ ပြုကျင့်မှု မျက်နှာပြောင်တိုက်၊ တိုက်လေ့တိုက်ထ ရှိတဲ့ အုပ်ချူပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးကို ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ပြည်သူ့အား စတုတ္ထမဏ္ဍိုင်ရဲ့အား ပေါင်းစပ်ညီညွတ်တဲ့အားနဲ့ ၀ိုင်းဝန်းထောက်ပြ ဝေဖန်ရှုပ်ချခြင်းနည်းဖြင့် အမှန်တရားတွေ၊ ပြတ်သားတဲ့ စီရင်ထုံးတွေ မတရားဖမ်းဆီးထားခံထားရတဲ့ ပြည်သူ၊ နိုင်ငံသား အကျဉ်းသားတွေ လွှမြှောက်အောင်လည် တဘက်တလမ်းက ၀ိုင်းဝန်း ကြိုးပမ်းပေးပါ။

အဲလိုဟန်ချက်
ညီတဲ့ တိုက်စစ်ကို မဆင်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ မှိုင်းတိုက်သမျှနောက်မှာ ယောင်နေကြမယ်ဆိုရင်တော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာလည်း ခွေးလိုလို ခြင်္သေ့လိုလို တိရစ္ဆာန်တွေကို ဦးခိုက်နေတဲ့ လူတစုရဲ့ လက်အောက်မှာပဲ ထင်သလို အလုပ်ခံနေရဦးမယ်ဆိုတာ မှတ်ထားပါ။ တိရစ္ဆာန်ကိုးကွယ်တဲ့သူကို ကျနော်တို့ ခေါင်းဆောင်တင်မလား ပြည်သူကို တန်ဖိုးထားတဲ့သူကို ခေါင်းဆောင်အဖြစ်ထားမလား ပြည်သူအားလုံး ရွေးချယ်ပါလို့ ကျနော်ပြောချင်ပါတယ်။



0:02/5:20
ရွင်လန်းချမ်းမြေ့ကြပါစေ



17 comments:

  1. .

    ကျနော်တို့က စစ်အာဏာရှင်တွေကို မုန်းသွားတာ မဟုတ်ဘူး၊ စိတ်ကုန်သွားတာ။


    Thorn Nay Soe


    ကျနော်တို့က စစ်အာဏာရှင်တွေကို
    မုန်းသွားတာ မဟုတ်ဘူး၊
    စိတ်ကုန်သွားတာ။

    ဆယ်စုနှစ်ပေါင်းများစွာ ဒီလောက်
    လုပ်ချင်ရာ လုပ်ခွင့်ရခဲ့ရက်နဲ့
    တိုင်းပြည်က
    ဒီလောက်ထိဖြစ်သွားတဲ့အတွက်
    ဒီလူတွေ ဒီစနစ်တွေနဲ့
    ဘယ်လိုမှ အလုပ်မဖြစ်တော့ပါဘူး လို့
    နောင်ကြဉ်သွားပြီး အသစ်ပြောင်းချင်တာ။

    သွန်းနေစိုး


    ကျနော်တို့က စစ်အာဏာရှင်တွေကို မုန်းသွားတာ မဟုတ်ဘူး၊ စိတ်ကုန်သွားတာ။

    ReplyDelete


  2. အထူးသတင်း


    အောင်သောင်း ဦးနှောက်သွေးကြောပေါက်၍
    ၉-၇-၁၅ နေ့ နံနက် ၄း၂၀ တွင်
    အရေးပေါ် ကုသခန်းသို့ ပို့ဆောင်ထားရသည်။


    အောင်သောင်း ဦးနှောက်သွေးကြောပေါက်

    ReplyDelete


  3. အောင်သောင်း၏ ဂုဏ်ပုဒ်များ


    ဒီပဲ၇င်းလူသတ်ကောင်အောင်သောင်း၊

    ပြည်ဖျက်၇ာဇဝတ်ကောင်အောင်သောင်း၊

    ပြည်သူ့၇န်သူစစ်ခွေးကြီးအောင်သောင်း၊

    မြန်မာ့ဒီမိုကေ၇စီကိုဖျက်လိုဖျက်ဆီးလုပ်သူအောင်သောင်း၊

    အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ လာဘ်စားမှုတွေဆက်လက်ကျူးလွန်ပီးမြန်မာ့နိုင်ငံေ၇း၊ စီးပွားေ၇းအကောင်းဘက်ကိုပြောင်းလဲတာကိုတမင်တကာဖျက်ဆီးနှောင့်ယှက်နေလို့အမေ၇ိကန်၇ဲ့နာမည်ပျက်စာ၇င်းသွင်းခံ၇တဲ့အောင်သောင်း၊

    လူသတ်မှုအပါအဝင်၇ာဇဝတ်မှုမျိုးစုံနဲ့နာမည်ပျက်နေတဲ့ကြားကအ၇ှက်မ၇ှဘဲမျက်နှာပြောင်တိုက်ပီးလွှတ်တော်အမတ်ဆက်လုပ်နေတဲ့အောင်သောင်း၊

    သူခိုးကြီးအောင်သောင်း၊

    လူယုတ်မာအောင်သောင်း၊

    အ၇ိုင်းအစိုင်းအောက်တန်းစားအောင်သောင်း၊

    ပညာနည်း၊အသိဥာဏ်နိမ့်၊စေတနာဆိုး၊စိတ်ပုတ်၊ယုတ်မာ၊၇က်စက်တဲ့တောင်သာဝဲလောင်၇ွာသားအောင်သောင်း၊

    အနှစ်မ၇ှိတဲ့တောမှာမင်းမူနေတဲ့ကြက်ဆူပင်အောင်သောင်း၊

    သန်းေ၇ွှ၇ဲ့အနှိပ်သယ်အောင်သောင်း၊

    ဒန်ပေါက်အောင်သောင်း၊

    ကျောင်းသူငယ်ကလေးကိုလူပုံအလယ်မှာယပ်တောင်ခတ်ခိုင်းတာကိုခွင့်ပြုထားတဲ့လူစိတ်မ၇ှိတဲ့အောင်သောင်း၊

    တောင်သာမာဖီးယားဂိုဏ်းခေါင်းဆောင်အောင်သောင်း၊

    ထောင်ထွက်ကလေကချေလူမိုက်စွမ်းအား၇ှင်အဖွဲ့ကိုကြိုးကိုင်သူအောင်သောင်း၊

    ဘာသာဝင်တွေနဲ့မွတ်ဆလင်တွေနဲ့အဓိက၇ုဏ်းဖြစ်ပီးတိုင်းပြည်မငြိမ်မသက်ဖြစ်အောင်တမင်လုပ်တဲ့အောင်သောင်း၊

    မွတ်ဆလင်တွေအသတ်ခံမှုတွေ၇ဲ့နောက်ကွယ်ကကြိုးကိုင်စီစဉ်သူအောင်သောင်း၊

    ဒေါသထွက်နေသောလူအုပ်ကြီးကိုမွေးထားတဲ့အကြမ်းဖက်လူဆိုးဗိုလ်အောင်သောင်း


    ReplyDelete



  4. အောင်သောင်း၏ ဂုဏ်ပုဒ်များ


    ဒီပဲ၇င်းလူသတ်ကောင်အောင်သောင်း၊

    ပြည်ဖျက်၇ာဇဝတ်ကောင်အောင်သောင်း၊

    ပြည်သူ့၇န်သူစစ်ခွေးကြီးအောင်သောင်း၊

    မြန်မာ့ဒီမိုကေ၇စီကိုဖျက်လိုဖျက်ဆီးလုပ်သူအောင်သောင်း၊

    အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ လာဘ်စားမှုတွေဆက်လက်ကျူးလွန်ပီးမြန်မာ့နိုင်ငံေ၇း၊ စီးပွားေ၇းအကောင်းဘက်ကိုပြောင်းလဲတာကိုတမင်တကာဖျက်ဆီးနှောင့်ယှက်နေလို့အမေ၇ိကန်၇ဲ့နာမည်ပျက်စာ၇င်းသွင်းခံ၇တဲ့အောင်သောင်း၊

    လူသတ်မှုအပါအဝင်၇ာဇဝတ်မှုမျိုးစုံနဲ့နာမည်ပျက်နေတဲ့ကြားကအ၇ှက်မ၇ှဘဲမျက်နှာပြောင်တိုက်ပီးလွှတ်တော်အမတ်ဆက်လုပ်နေတဲ့အောင်သောင်း၊

    သူခိုးကြီးအောင်သောင်း၊

    လူယုတ်မာအောင်သောင်း၊

    အ၇ိုင်းအစိုင်းအောက်တန်းစားအောင်သောင်း၊

    ပညာနည်း၊အသိဥာဏ်နိမ့်၊စေတနာဆိုး၊စိတ်ပုတ်၊ယုတ်မာ၊၇က်စက်တဲ့တောင်သာဝဲလောင်၇ွာသားအောင်သောင်း၊

    အနှစ်မ၇ှိတဲ့တောမှာမင်းမူနေတဲ့ကြက်ဆူပင်အောင်သောင်း၊

    သန်းေ၇ွှ၇ဲ့အနှိပ်သယ်အောင်သောင်း၊

    ဒန်ပေါက်အောင်သောင်း၊

    ကျောင်းသူငယ်ကလေးကိုလူပုံအလယ်မှာယပ်တောင်ခတ်ခိုင်းတာကိုခွင့်ပြုထားတဲ့လူစိတ်မ၇ှိတဲ့အောင်သောင်း၊

    တောင်သာမာဖီးယားဂိုဏ်းခေါင်းဆောင်အောင်သောင်း၊

    ထောင်ထွက်ကလေကချေလူမိုက်စွမ်းအား၇ှင်အဖွဲ့ကိုကြိုးကိုင်သူအောင်သောင်း၊

    ဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်ဆလင်တွေနဲ့အဓိက၇ုဏ်းဖြစ်ပီးတိုင်းပြည်မငြိမ်မသက်ဖြစ်အောင်တမင်လုပ်တဲ့အောင်သောင်း၊

    မွတ်ဆလင်တွေအသတ်ခံမှုတွေ၇ဲ့နောက်ကွယ်ကကြိုးကိုင်စီစဉ်သူအောင်သောင်း၊

    ဒေါသထွက်နေသောလူအုပ်ကြီးကိုမွေးထားတဲ့အကြမ်းဖက်လူဆိုးဗိုလ်အောင်သောင်း


    ReplyDelete


  5. ဧရာဝတီ

    ၂၀၁၅၊ ဇူလိုင် ၉


    သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကု သမှု ခံယူနေရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ဗဟိုအလုပ်အမှုဆောင်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို ယခု စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လယ်ဝေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ဧရာဝတီသို့ ယနေ့နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။

    ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများ သွားရောက် သတင်းမေးမြန်း နေကြကြောင်း သိရှိရသည်။ ၁၉၄၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ မွေးဖွားသော ဦးအောင်သောင်းသည် လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အသက် ၇၅ နှစ်ပြည့်မည်ဖြစ်သည်။

    The Irrawaddy (Burmese Version)


    ဦးအောင်သောင်းကို စင်ကာပူပို့ပြီ

    ReplyDelete


  6. Moe Zay Nyein

    July 11, 2015


    ကျနော် စဉ်းစားမိနေတာ တစ်ခုရှိတယ်။

    ဦးအောင်သောင်းကြီး သေသွားလို့ အပုပ်ကောင်က ထွက်လာမဲ့ အပုပ်နံ့နဲ့
    မသေခင်ထဲက ထွက်ခဲ့တဲ့ အပုပ်နံ့ ... ဘယ်ဟာက ပိုနံမလဲ ဆိုတာလေ....

    ဒီလူကြီးက လူမသေပေမဲ့ နာမည်က သေနေတာကြာပြီကိုး။

    သိမ်းထားတဲ့ လယ်ယာမြေတွေ၊ ခိုးဝှက်ထားတဲ့ ပြည်သူ့ဘဏ္ဍာတွေအတွက် နောက်ဆံမတင်းပဲ ငရဲကိုသာ ဖြောင့်ဖြောင့်ဖြူးဖြူး သာသာယာယာ သွားပါလေလို့ ဆုတောင်းမိပါရဲ့ဗျာ။

    :)

    မိုးဇေညိမ်း

    ဦးအောင်သောင်းက မသေခင်ထဲက အပုပ်နံ့ ထွက်နေတာ ကြာပါပြီဗျာ

    ReplyDelete


  7. Han Thit Nyeim feeling great

    July 10, 2015


    ((( ‘သောင်းသောင်း’ သေသွားသော်’ )))

    ‘သောင်းသောင်း’ သေသွားသည်။ သူ့သွေးသောက် ‘သိန်းသိန်း’ သိသော် သုသာန်သို့ သွားသည်၊ သုံးသပ်သည်၊ ‘သောင်းသောင်း’ သည် သွက်သည်၊ သန်သည်၊ သို့သော် သေသွားသည်၊ သူသေသော် သိသိသာသာ သေသင့်သည်၊ သူ့သုသာန်သည် သေသူ သူ့သီးသန့်သာ သွတ်သင့်သည်။ ‘သောင်းသောင်း’ သုသာန် သီးသန့်သာ သွတ်သွင်းသင့်သည်။

    ‘သောင်းသောင်း’ သေသည် သိသော် သူ့သွန်သင်သူ ‘သန်းသန်း’ သည် သုသာန်သို့သွားသည်၊ သုံးသပ်သည်။ ‘သောင်းသောင်း’ သည် သူသွတ်သွင်း၊ သူသွန်သင်သော သူ့သား၊ သိသည်၊ သင်သည်၊ သို့သော်... သတ်သည်၊ သပ်သွင်း သုတ်သင်သည်၊ သူသည် သူသတ်သားသာ။ သူသတ်သား ‘သောင်းသောင်း’ သုသာန်သည် သေးသိမ်သင့်သည်၊ သေသွားသော် သိုသိုသိပ်သိပ်သာ သေသင့်သည်။

    ‘သောင်းသောင်း’ သေသွားသည် သိသော် သုသာန်သို့ သူသွားသည်၊ သေးသွားသွန်သည်။ ‘သောင်းသောင်း’ သုသာန်သည် သူ့သေးသင့်သွားသည်။ သည်သို့သော်... သူ သုံးသပ်သည်၊ သုံးသပ်သော် သိသွားသည်၊ ‘သောင်းသောင်း’ သည် သေသော် သုသာန်သို့သာ သွားသေသည်၊ သို့သော် သူ့သေးသင့်သော ‘သောင်းသောင်း’ သည် သိုးသွားသည်၊ သုသာန်သည် သိုးသွားသည်၊ သူသိပ် သိသွားသည် သေသောသူ ‘သောင်းသောင်း’ သည် သေးသင့်သောသုသာန်သို့ သွားသေသော် သိသိသာသာ သိုးသွားသည်။

    ပုံ/
    သင်သိသောသူ


    ((( ‘သောင်းသောင်း’ သေသွားသော်’ )))

    ReplyDelete


  8. သန်းရွှေရဲ့ အားကိုးရတဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး အတိုက်အခံတို့ကို နှိပ်ကွပ်ခဲ့သူ ဒီပဲယင်းတရားခံ အောင်သောင်း ကွယ်လွန်


    ဦးအောင်သောင်း ကွယ်လွန်
    =============

    ဗွီအိုအေ (မြန်မာပိုင်း)
    23.07.2015

    လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ သြဇာကြီးတဲ့ ပါတီရဲ့ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ ဒီကနေ့ ကြာသပတေးနေ့ မနက် ၈ နာရီကျော်မှာ စကာင်္ပူနိုင်ငံမှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ ဒီလ ၈ ရက်နေ့က သွေးတိုးပြီး ဦးနှောက် သွေးယိုစီး မှုကြောင့် နေပြည်တော် ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့ရတာပါ။ ဒီနောက် စကာင်္ပူနိုင်ငံကို ပို့ဆောင် ဆေးကုသမှု ခံယူပြီး ၂ ပတ် အကြာမှာ ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

    အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ ဆိုရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အားကိုးရတဲ့ လက်ရုံးတဆူလို့ သတ်မှတ်ခံရသလို စစ်အစိုးရရဲ့ နံပတ် ၂ အဆင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့လည်း ခမည်း ခမက် တော်စပ်သူ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်း သြဇာကြီးသူ၊ နောက် အတိုက်အခံတို့ အပေါ်မှာ နှိပ်ကွပ်ခဲ့သူ အဖြစ်လည်း ပြည်တွင်း ပြည်ပ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

    ၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့နယ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်မှုတွေရဲ့ လက်သည် အဖြစ်လည်း စွပ်စွဲခံရသူ ဖြစ်ပါတယ်။ နောက်ပိုင်း အရပ်သား အစိုးရ ပြောင်းလာချိန်မှာလည်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သဘောထား တင်းမာသူ အဖြစ် ယူဆခံရပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ ဇာတိမြေ တောင်သာမြို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဟာ ပြည်သူ့လွှတ်တော် ဘဏ်များ နှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားတာပါ။

    တပ်မတော်မှာ ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရ လက်ထက်မှာတော့ ကုန်သွယ်ရေး ဒုဝန်ကြီး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီး၊ စက်မှု (၁) ၀န်ကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    စစ်အစိုးရလွန် ကာလမှာတော့ ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ တခြားစီးပွားရေး လုပ်ငန်း အများအပြားနဲ့ မြန်မာ့ ထိပ်တန်း ငွေကြေး ချမ်းသာသူတွေ အဖြစ်ရပ်တည်ခဲ့ကြပါတယ်။

    ကွယ်လွန်ချိန်မှာတော့ သားသမီးတွေ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ တောင်သာမြို့မှာ မွေးဖွားခဲ့သူ လွှတ်တော် အမတ် ဦးအောင်သောင်း အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရတဲ့ အတွက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ၀မ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ်နဲ့ လွှတ်တော်အမတ်တွေ ၂ မိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့ခဲ့ကြပါတယ်။


    VOA (Burmese)


    သန်းရွှေရဲ့ အားကိုးရတဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး အတိုက်အခံတို့ကို နှိပ်ကွပ်ခဲ့သူ ဒီပဲယင်းတရားခံ အောင်သောင်း ကွယ်လွန်

    ReplyDelete


  9. အောင်သောင်းက ဦးကျော်သူကို မျက်နှာကိုပင် မော်မကြည့်ဘဲ ဦးကျော်သူ ဘိုးဘွားပိုင် စက်ရုံကို တခြားသူများအား လွှဲပြောင်းပြီးဖြစ်ကြောင်း တင်းတင်းမာမာ ပြန်ပြောခဲ့သည်


    ဧရာဝတီ
    September 1, 2015

    ဦးကျော်သူကို မကြာခင်က ကွယ်လွန်သွားခဲ့သော ဝန်ကြီးဟောင်း ဦးအောင်သောင်းအကြောင်း မေးကြည့်သောအခါ ဤသို့ပင် ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

    ဦးနေဝင်းခေတ်က ပြည်သူပိုင် သိမ်းခဲ့သော ဦးကျော်သူတို့ ဘိုးဘွား မိသားစုပိုင် “ခေတ်အကြိုက်” နိုင်လွန်အထည်စက်ရုံကို နဝတ/ နအဖ လက်ထက်တွင် ပြန်ရအောင် တောင်းခဲ့ဖူးကြောင်း၊ ထိုစဉ်က ဝန်ကြီး ဦးအောင်သောင်းကို ရုံးခန်းတွင် သွားတွေ့ရာ မျက်နှာကိုပင် မော်မကြည့်ဘဲ ဦးကျော်သူ ဘိုးဘွားပိုင် စက်ရုံကို တခြားသူများအား လွှဲပြောင်းပြီးဖြစ်ကြောင်း တင်းတင်းမာမာ ပြန်ပြောခဲ့သည်ဟု ဆိုသည်။

    နောက်ပိုင်းတွင် ဦးအောင်သောင်း၏ဇနီး ကွယ်လွန်သောအခါ ဦးကျော်သူ၏ နာရေးအသင်းကိုပဲ အကူအညီ တောင်းသည့်အတွက် သေသေချာချာ ကူညီပေးခဲ့သည်။ တဖန် ဦးအောင်သောင်း ဆုံးသောအခါတွင်လည်း နာရေး ကူညီမှုအသင်းကပဲ သင်္ဂြိုဟ်ကိစ္စကို တာဝန်ယူပြီး ဦးကျော်သူ နယ်ခရီးထွက်နေချိန် ဦးကျော်သူ၏ အမျိုးသမီးကိုယ်တိုင် နိဗ္ဗာန်ယာဉ်ကို မောင်းပို့ခဲ့သည်။


    ဦးကျော်သူကို ဂုဏ်ပြု မှတ်တမ်းတင်သည်
    (ဧရာဝတီ အယ်ဒီတာ့အာဘော်)
    မှ ကောက်နုတ်ချက်

    ReplyDelete


  10. Moe Zay Nyein
    ၂၀၁၅၊ ဇူလိုင် ၂၃


    ဗိုလ်မှူးကြီး(ဟောင်း) အောင်သောင်းတော့ သေရှာပြီ ကြားတယ်။

    တချိန်ကတော့ သူလည်း သိပ်မဆိုးလှတဲ့၊ တိုက်ရည်ခိုက်ရည်ရှိတဲ့ စစ်သားတစ်ယောက်ပါ။ သို့သော် အာဏာယစ်မူးတဲ့အခါမယ် အမှားတွေများခဲ့တယ်။


    ဘာတဲ့ -

    "ပါမစ်တစ်စောင် သိန်းတစ်ထောင်၊ ကုန်အောင်တောင်းတဲ့ ဦးအောင်သောင်း" ဆိုလား ..... ။


    မြန်မာပြည်ကို ဖွတ်မွဲပြာကျအောင်လုပ်ခဲ့တဲ့အထဲမှာ ဦးအောင်သောင်းလည်း တစ်ယောက် အပါအဝင် ဖြစ်သွားတယ်။

    ပြည်သူတွေ ဖွတ်မွဲပြာကျသွားပေမယ့် ဦးအောင်သောင်းကတော့ ချမ်းသာသွားတာပေါ့။


    ပြည်သူတွေအပေါ် စေတနာမရှိရင် ပြည်သူတွေကလည်း မေတ္တာမထားတတ်တာမို့ သေတဲ့အခါမှာ နာမည်ဆိုးနဲ့ ကျန်ရစ်တာပေါ့လေ။ တရားသဘောပါပဲ။ မသေသေးတဲ့လူတွေ ဆင်ခြင်ကြပေါ့လေ။


    3,021 people like this.
    199 shares


    မိုးဇေညိမ်း

    ဦးအောင်သောင်းဟာ မြန်မာပြည်ကို ဖွတ်မွဲပြာကျအောင်လုပ်ခဲ့သူတွေအထဲက တစ်ယောက်ပါ

    ReplyDelete


  11. ကိုထိုက်
    ၁၉-၁၁-၁၅ ရက်


    ... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ အသိုင်းအဝိုင်း


    .. ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ


    .. ကချင်ဆရာမလေး နှစ်ယောက် ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ခံရတာ


    .. တိုင်းရင်းသူတွေ မုဒိန်းကျင့်သတ်ခံရတာ


    .. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိန်းကျင့်တာ


    မထူးဆန်းတော့သလိုပဲ။

    ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..



    .. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...

    .. ပြေးကြည့်စရာ မလိုဘူး

    .. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။



    .. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ - မြန်မာ့တပ်မတော်" ...

    .. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ - မြန်မာ့တပ်မတော်" ...

    ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။



    ကိုထိုက်

    မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ

    ReplyDelete


  12. ကိုထိုက်
    ၁၉-၁၁-၁၅ ရက်


    ... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ

    ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ စစ်တပ်အသိုင်းအဝိုင်း



    အဲဒီလို စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတဲ့ စစ်တပ်က -


    .. သတင်းထောက် ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ


    .. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံ ဒေါ်ခင်ဝင်းကို ပစ်သတ်တာ


    .. ကချင်ဆရာမလေး နှစ်ယောက်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ


    .. တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ


    .. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိမ်းကျင့်တာ


    ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တာ မထူးဆန်းတော့သလိုပဲ။

    ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..




    .. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...

    .. ပြေးကြည့်စရာ မလိုဘူး

    .. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။



    .. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ -- မြန်မာ့တပ်မတော်" ...

    .. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ -- မြန်မာ့တပ်မတော်" ...

    ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။




    ကိုထိုက်

    မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ

    ReplyDelete


  13. Aung Naing Moe
    ၂၄-၁၁-၁၅ ရက်


    အပြင်စီးပွားရေးလုပ်ငန်း လုပ်တာမဟုတ်ဘဲ အစိုးရဝန်ထမ်းသက်သက် လုပ်ပြီး မတန်တဆ ကြီးပွားချမ်းသာပြီဆိုရင် အဲဒါ တိုင်းပြည်ဘဏ္ဍာကို ခိုးစားလို့ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အကျင့်ပျက်လာဘ်စားလို့ပဲ။

    သိန်း သောင်းချီတန်တဲ့ အိမ်မှာနေနေ၊ အဲဒီထက် တန်ဘိုးကြီးတဲ့ စံအိမ်တော်မှာနေနေ သူခိုးကတော့ သူခိုးပါပဲ။

    လွတ်လပ်တဲ့တနေ့မှာ အဲဒီသူခိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်။

    အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ဒီအတိုင်း လွှတ်မပေးသင့်ဘူး။


    အောင်နိုင်မိုး


    တိုင်းပြည်ဘဏ္ဍာကို ခိုးစားတဲ့၊ ဒါမှမဟုတ် လာဘ်စားတဲ့ ဝန်ထမ်းသူခိုးတွေကို ပြန်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်

    ReplyDelete

  14. သူခိုးကြီး ရွှေမန်းရယ်

    တိုင်းပြည်ရဲံ့ သယံဇာတတစ်ဝက်လောက်ကို တိုင်းမှုးဘ၀ ညှိနိုင်းကွပ်ကဲရေးမှူးဘ၀နဲ့ မတန်တဆ သိမ်းယူထားပြီး အခု သားတွေအမည်နဲ့ ဘီလျှံနာတွေ ဖြစ်ကုန်ပြီ

    ဗိုလ်ချုပ်ကြီးလစာနဲ့ ယနေ့သားတွေကို အမည်ပြောင်းထားတဲ့ ပိုင်ဆိုင်မှု့တွေ နှိုင်းယှဉ်ကြည့်ရင် ကလေးကအစ သိနေတယ်နော်

    ပြည်သူကို ခုမှ ချစ်ပြမနေပါနဲ့ အကြောင်းသိတွေမို့ ပြောတာပါ မျက်နှာဖုံးစွပ်ကို ခွာချလိုက်စမ်းပါ

    ReplyDelete

  15. "ဟ ဟ ဒီမိုကရေစီ"


    ဗီယက်နမ်စစ်ပွဲ ဖြစ်တော့
    "မုဒိန်းကောင်တွေ၊"
    "ကလေးသတ်သမား၊"
    "မင်းတို့ဟာ စစ်သားမဟုတ်ဘူး၊"
    အမေရိကန်ပြည်သူတွေ ပြောတဲ့စကား
    ကျနော် ဒီနေ့အထိ ကြားနေတယ်။


    စစ်သားတွေ ပြောတဲ့ နောင်တ
    ဗီယက်နမ် စစ်ပြန် တယောက်
    တိုင်းပြည်ပြန်ရောက်တော့
    "အမိန့်အရ" ဆိုပေမယ့်
    "တိုင်းပြည်ကို ကာကွယ်တယ်" အော်ပေမယ့်
    အမှန်တရားအရ
    တသက်လုံး ပြင်မရတဲ့ အမှားတွေ
    ကိုယ်ပိုင် ဆုံးဖြတ်ချက်မဲ့
    ကျူးလွန်ခဲ့ကြတယ်တဲ့။



    ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း
    ပြောစမ်း၊ ပြောစမ်း၊
    ဗမာစစ်တပ် ရောက်တဲ့အခါ
    လူသတ်၊
    မုဒိန်းကျင့်၊
    ရွာမီးရှို့၊
    လူမျိုးမပြုတ်တောင်
    အသက်လု မပြေးရတဲ့ နေရာ
    ဗမာပြည်မှာ ရှိခဲသလား။



    ပြည်မမှာ ခြေချဖို့ စဉ်းစားတော့
    တပ်ပိုင်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ
    ဘ၀ပျက်သွားတာ လယ်သမားတွေပဲလား။
    တောင်ပေါ်မှာ ခေါင်းချမယ် ဆိုတော့
    ခရိုနီပါ ခေါ်လာတာ စစ်တပ်မဟုတ်ဘူးလား။


    ဗမာစစ်တပ်ဟာ
    လွတ်လပ်ရေးလည်း ရအောင်တိုက်ခဲ့တာ မဟုတ်။
    သမိုင်းတွေ ပြန်ဖတ်တော့
    ဂျပန်ကို ဘောစုပ်၊
    အင်္ဂလိပ်ကို ဖိနပ်သုတ်ပေး၊
    ကမ္ဘာ့အခြေအနေတွေကြားထဲမှာ
    ပြည်သူ့သွေးကို စတေးပြီး
    တိုင်းရင်းသားတွေ တိုက်ခဲ့တဲ့ စစ်ပွဲမှာ
    ဘီအိုင်အေအလံ ကပ်ပြီး
    ဖာခေါင်း နဲ့ ကြာကူလီအပေါင်းတို့
    စစ်တပ်ကောင်းကြောင်း အခါတော်ပေး၊
    အင်္ဂလိပ်ကို လျော်ကြေးပေးပြီး
    ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ယူပေးခဲ့တယ်။


    သမိုင်းမှန် သိခဲ့ရင်
    "၀ရမ်းပြေး နဲ့ ပြည့်တန်ဆာ
    လကွယ်တညမှာ
    ရွှေတိဂုံဘုရားမှာ စပ်ယှက်ပြီး
    မွေးတဲ့ကလေးကို
    ဗမာ့စစ်တပ်လို့ ခေါ်ခဲ့ကြောင်း"
    သခင်စိုး ပြောခဲ့တယ်။

    သခင်စိုး သေသေချာချာ ပြောခဲ့တယ်။
    ၈၈ မျိုးဆက်အပေါင်း ဟောပြောစေချင်တယ်။
    ဆရာသိပ်လုပ်တဲ့ စာရေးဆရာအပေါင်းလည်း ဟောပြောစေချင်တယ်။


    သမိုင်းကြောင်း မကောင်းဘဲ
    ခင်ဗျားတို့ သိပ်ပေါင်းချင်တဲ့ စစ်တပ်ရှိလို့ကတော့
    ဗမာပြည်မှာ
    အခုခေတ်စားတဲ့
    "ဟဟ ပဲ ရမယ်" ဆိုတဲ့ စကားနောက်မှာ ထပ်ဖြည့်၊
    "ဟဟ ဒီမိုကရေစီပဲ ရမယ်။"


    ငြိမ်းချမ်းအောင်



    Nyein Chan Aung
    August 21, 2017

    "ဟ ဟ ဒီမိုကရေစီ"

    ReplyDelete
  16. No technical device or Bitfinex exchange is free from technical errors. Despite numerous functions and features, Bitfinex is not free from technical glitches. In order to fix any issues, you can speak to the team of experts who are available 24/7 and always attend the user’s queries. You have to dial Bitfinex Customer Support Number AT-1888-764-0492 and remove all your errors with the state-of-the-art solutions and remedies. The professionals are always there to assist you.
    More visit Site:- https://www.cryptophonesupport.com/exchange/Bitfinex/

    ReplyDelete
  17. Hotmail provides 3 ways to get the back your account as well as password using your phone number you must Remember your alternative mail id for recover your hot mail, For recover your hotmail id first go through forget your password. Give your alternate mail id or your register phone number. And follow the instruction of according to the given option you will be reset your password in a few minutes. And then enjoy your hotmail services. If you are not capable for reset password can call Hotmail Support Phone Number AT -1877-269-4999 Or you can visit my Website:- https://hotmail-customernumber.com/

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။