Pages

ဂျွန် ၆ စိတ်ဓာတ်





ဆို  မင်းမင်းထွေးငယ်  ABSDF သေ့ဘောဘိုး စခန်း၊ တပ်ရင်း (၂၀၄)
 " အာဏာရူး စစ်အစိုးရသည် မုချမသွေ ကျဆုံးရမည်
ဂုဏ်ပြောင်တဲ့ ဂျွန် ၆ စိတ်ဓာတ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ"

အင်ဖက်နဲ့ သက်ကယ်မိုးပြီး  ၀ါးခြမ်းပြားနဲ့သဲပို့ခင်းတဲ့ ရုံးမှာ စောင်ကာပြီး စတီရီယိုအဖြစ် ဖန်တီးထားတဲ့နေရာမှာ  အဆိုတော် မဟုတ်သူတွေ သီဆိုထားတဲ့ ဒီသီချင်းကို ခေတ်မီ တေးသံသွင်းခွေတွေထဲက ဘယ်နိုင်ငံကျော် အဆိုတော်တွေရဲ့ သီချင်းနဲ့မှ ကျွန်မ မလဲနိုင်ဘူး။  ၁၉၇၄ ခု ဇွန်လ ၆ ရက်နေ့မှာ အာဏာရှင်တွေ လက်ချက်နဲ့  ကျဆုံးခဲ့ရတဲ့ အလုပ်သမားတွေအတွက် ဂုဏ်ပြုတဲ့သီချင်း တပုဒ်ဖြစ်တယ်။  ဂျွန် ၆ မှာ ကျဆုံးခဲ့ရတဲ့ အလုပ်သမားတွေကို အလေးပြု ဂုဏ်ပြုရင်း ဒီသီချင်းခွေ စတင်ရာ ဘ၀တက္ကသိုလ်မှာ ရှင်သန်ခဲ့ဖူးသူတွေရော မိုးမခပင်အောက်က ဘ၀တက္ကသိုလ်ကို မရောက်ဖူးသူတွေပါ အတူတူ လွမ်းဆွတ်ကြရအောင်။

အလုပ်သမားသပိတ်တိုက်ပွဲမှာ သွေးမြေကျခဲ့တဲ့ အလုပ်သမားအပေါင်း
 ကောင်းရာသုဂတိလားကြပါစေ...

သီချင်းစာသား

(ကမ်းခြေလှိုင်းတံပိုးကြားက အလုပ်သမားတပ်ဦး အောင်လံနီနီ ရုန်းထွက်လူးလို့ လေမှာမြူးခဲ့ပြီ…)
(အလုပ်သမားတို့ တိုက်ပွဲခေါ်သံသည် မြန်ပြည်တွင်မက ကမ္ဘာမြေအနှံ့ပြန့်လွှင့်ခဲ့ပြီ စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့ပြီ.. ငတ်ရင်းအသေမခံ တိုက်ရင်းသာ အသေခံမည် ဘာမထီ ဇာနည်စိတ်ဓာတ်မွေးခဲ့ပြီ..)၂

(နီမောင်းတဲ့ အလုပ်သမားတို့ သွေးနှင့်ရင်းကာ ဂုဏ်ပြောင်တဲ့ သမိုင်းစာမျက်နှာ ဖွင့်ခဲ့လေပြီ ပြည်သူများ နိုးကြွားခဲ့ပြီ ပြည်သူအားလုံး နိုးကြွားခဲ့ပြီ တို့များတပ်ဦးက ဦးဆောင်ပါသည် အလုပ်သမား လယ်သမား ကျောင်းသားများ လက်တွဲညီညီ သွေးကြွေးကို သွေးနဲ့ဆပ်မည် အဓိဋ္ဌာန်ပါသည် တိုက်ပွဲအောင်လံ မိုးယံလွှင့်တော့မည်..)၂

မြို့ပြအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး မနှေးအမြန် ပေါင်းစပ်ရမည် ပြည်သူများကို တပ်လှန့်နိုးပါသည်… အာဏာရူး… စစ်အစိုးရသည် မုချမသွေ.. ကျဆုံးရပေမည်.. ကြီးမြတ်တဲ့တိုက်ပွဲ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ.. နီမောင်းတဲ့ အလုပ်သမားသွေးသမိုင်း ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ.. ဂုဏ်ပြောင်တဲ့ ဂျွန် ၆ စိတ်ဓာတ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ…


ဓာတ်ပုံကို သော့ဘောဘိုးစခန်းက တပ်ဖွဲ့ဝင်ဟောင်း တဦး ဖြစ်သူ ကိုလှိုင်ဘွား Hlaing Bwa Maung စာမျက်နှာရှိ Comrades and Generation album ထဲက ယူပြီး ဒီအခွေထဲကက ရဲဘော်အဆိုရှင် ကိုမြတ်သူက ၂၀၁၃ တုန်းက ကျွန်မကို ပို့ပေးခဲ့တဲ့ နေ၀န်းနီနီအခွေ အသံဖိုင်ထဲက ဂျွန် ၆ စိတ်ဓာတ်ကို ယူသုံးထားပါတယ်။ ကိုလှိုင်ဘွားနဲ့ ကိုမြတ်သူကို အထူးကျးဇူးတင်ပါတယ်။  

ရွှင်လန်းချမ်းမြေ့ကြပါစေ


No comments:

Post a Comment

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။