မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts

Stand for the ABSDF ထုတ်ပြန်ချက်


မကဒတ (မြောက်ပိုင်း) ဖြစ်ရပ်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသောရိုက်ခတ်မှုများအပေါ် နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂

စာအမှတ်- ၀၀၁။၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ - ကျောင်းသားတပ်မတော်)-ABSDF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေးလမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့သည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။


မကဒတ(ABSDF)သည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာလ (၁) ရက်နေ့မှစ၍ ယနေ့တိုင်အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် လက်တွဲကာ ဖေါ်ဆောင်လျှက်ရှိသည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်သည်။

ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန်တုန်လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မကဒတ၏ဂုဏ်သိက္ခာနှင့် သမိုင်းအစဉ်အလာကိုတိုက်ခိုက် စော်ကားနေသည်များကိုလည်းကောင်း၊ ဗကသ၊ မကဒတအပါအ၀င် ကျောင်းသားထုညီညွတ်ရေးကိုထိုးနှက် ဖြိုခွဲနေသည်များကိုလည်းကောင်း တွေ့မြင်နေရသည်။ မိမိတို့သည် တုန်လှုပ်ဖွယ် မြောက်ပိုင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကာယကံရှင်များ၏နစ်နာမှုများအတွက် စာနာကာ အဖြစ်မှန် ပေါ်ပေါက်ရေးကိုအထူး လိုလားသည်။

မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနှစ်နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး အမှန်တရားကို တာဝန်ရှိသူများ အနေဖြင့် ဖော်ထုတ်ရန် အလေးအနက် တောင်းဆိုသည်။

သို့သော် အဆိုပါဖြစ်ရပ်ကိုအကြောင်းပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား (၂၃) နှစ်တိုင် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံးလွှင့်ခဲ့တင်သည့် မကဒတ(ABSDF)၏နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှု့၊ ကျောင်းသားထုညီညွတ်ရေးအား ထိုးနှက်ဖြိုခွဲနေမှုနှင့် ဗမာပြည်သူလူထုအတွင်း မကဒတ(ABSDF) အဖွဲ့အစည်း တခုလုံးအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေမှုများ အားလုံးကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားများ၏ ခွပ်ဒေါင်းစိတ်ဓာတ်အပေါ်အခြေခံ၍၊ မကဒတနှင့်အတူ အသက်သွေးချွေးပေး တိုက်ပွဲဝင်ခဲ့သော၊ မိမိတို့ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများမှပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။

- ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ

- တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးလေပြီးသော ကျောင်းသားအာဇာနည်အပေါင်းအား အလေးပြုလျှက်

နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF)

ဒီနေရာမှ လည်း PDF ဖိုင်ထဲမှာ တိုက်ရိုက်ဖတ်နိုင်ပါတယ်။

ဒီစတိတ်မင့်နဲ့ ပတ်သက်ပြီး Stand for the ABSDF သြစကြေလျှရောက် ကိုယ်စားလှယ် ကိုသန်းထွဋ်ဆွေနှင့် ABC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းချက်။

Sound clip 05 by Zaw Lin 1

သေမင်းတမန် မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်



မြစ်ဧရာ

မြသားငယ်တဲ့ ရေရမုန်
ငွေလှိုင်းတွေ ဖြူစင်စွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ
ကျူဝါးရုံ တူစုံကွဲ့ဖေါ်နှော
ဗုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝန်ဘိုတို့
ကွန်းခိုလို့မျော။

ဘယ်သူရေးတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ငယ်ငယ်က မူလတန်းမှာ သင်ရပြီး အခုထိ မှတ်မိနေတဲ့ မူလတန်းမှာ ကျွန်မသိတဲ့ ဧရာဝတီအကြောင်း တခုတည်းသော ကဗျာလေးပါ။ ဧရာဝတီမြစ်ကို တခါမှမမြင်ဖူး စာထဲကဗျာထဲ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးပေမဲ့ မှတ်မှတ်ရရ ဒီကဗျာလေးကို အခုထိ အလွတ်ရနေပြီး ဒီကဗျာလေးနဲ့အတူ ဧရာဝတီမြစ်ကို ငယ်ငယ်ကတည်းက စတင်ရင်းနှီးခဲ့ပါတယ်။ သို့ပေမဲ့လည်း အမှန်အတိုင်း ၀န်ခံရရင် ဧရာဝတီမြစ်ပေါ်မှာ ကြီးလာတာလည်း မဟုတ်တော့ ဧရာဝတီကို ကျွန်မနဲ့ ဆိုင်တယ်လို့တော့ သိပ်မထင်ခဲ့တာတာ့ အမှန်ပဲ။ သို့သော် ဧရာဝတီရဲ့ အသုံးဝင်ပုံကိုတော့ ဖတ်ဖူးကြားဖူးတာနဲ့တင်ပဲ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အကျိုးပြုတယ်ဆိုတာ ဘယ်အရပ်ဘယ်နယ်မှာပဲနေနေ မူလတန်းအဆင့် မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ပညာသင်ဖူးသူမှန်သမျှတောင် သိမှာအမှန်ပါ။။

ဧရာဝတီရဲ့ အသုံးဝင်ပုံကို အားလုံးက သိကြသလို ဧရာဝတီကို အားလုံးကချစ်ကြမှာလည်း အမှန်ပဲ။ သီချင်းနာမည်၊ သတင်းဌာနနာမည်၊ ဘလော့ဂ်နာမည်၊ လူနာမည်တွေကို ဧရာဝတီလို့ အမည်ပေးတာတာကို ကြည့်ခြင်းအားဖြင့် ဧရာဝတီကို ချစ်ကြ တန်ဖိုးထားကြတာ သိသာပါတယ်။ လူနာမည်ကို ဧရာဝတီလို့ အမည်ပေးထားသူအကြောင်းကို အကြောင်းတိုက်ဆိုင်နေလို့ သတိရမိပါတယ်။ တခြားသူမဟုတ်ပါဘူး ကျွန်မတို့ ABSDF တောတွင်းမှာတုန်းက တပ်ရင်း (၆၀၁) က ကွယ်လွန်သွားပြီ ဖြစ်တဲ့ မသက်သက်လွင်ခေါ် မသက်ပါ။ သူ့သမီးနာမည်ကို ဧရာဝတီလို့ ပေးထားတော့ ကျွန်မက ဟာသလုပ်မိလို့ ကျွန်မကို သူပြန်ပြောတဲ့ စကားကို အခုထိ ပြန်သတိရနေပါတယ်။ မသက်က ABSDF မှာ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး တပ်ရင်းအတော်များများကိုလည်း ရောက်ဖူးတယ်၊ အမျိုးသမီး တပ်ဖွဲ့ဝင်တဦးလည်း ဖြစ်တော့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတိုင်း မသက်ကို တယောက်မကျန် အကုန်သိကြပါတယ်။ ကျွန်မနဲ့လည်း ညီအစ်မအရင်းလို သိပ်ရင်းနှီးသလို အမြဲတမ်းလည်း ငြင်းနေခုန်နေတတ်တော့ တယောက်နဲ့တယောက် ပြောမနာဆိုမနာလည်း ဖြစ်တယ်။ သူက ရှမ်းပြည်နယ်ကလောမြို့သူ ရှမ်းဗမာ ကပြားဖြစ်ပြီး သူ့အမျိုးသားကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့သား ဗမာဆိုတော့ နှစ်ယောက်စလုံး ရှမ်းပြည်နယ်ကပါ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ သမီးဦးလေးနာမည်ကျတော့ ဧရာဝတီတဲ့။

ဒါကြောင့် ကျွန်မက "မသေက်ယောက်ျားက တောင်ကြီးက မသက်က ကလောသူ နှစ်ယောက်စလုံး ရှမ်းပြည်နယ်မှာပဲမွေးပြီး ရှမ်းပြည်နယ်မှာပဲ ကြီးလာကြတယ်။ ဧရာဝတီမြစ်ကြီးက ကချင်ပြည်နယ်ကနေ မြန်မာပြည်အလယ်ပိုင်းကိုပဲ ဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ ပင်လယ်ထဲ စီးဆင်းတယ်။ ရှမ်းပြည်နယ်ကို ဖြတ်တာလည်းမဟုတ်၊ ရှမ်းပြည်နယ်နဲ့လည်း ဘာမှလည်း မဆက်စပ် မပတ်သက်၊ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်ကို အကြောင်းပြုပြီး မေသံလွင် စသည်ဖြစ် သံလွင်မြစ်နာမည်နဲ့ ပေးရင် ဟုတ်တုတ်ရှိသေးတယ်၊ အခုတော့ ဒီသမီးကလည်း ဧရာဝတီမြစ်ရှိတဲ့ ဒေသမှာမွေးတာလည်း မဟုတ်၊ ဧရာဝတီနဲ့ ဘာဆိုဘာမှလည်း အဆက်အစပ်မရှိဘဲနဲ့ မသက်သမီးနာမည်က ဘယ်လိုလုပ်ပြီး ဧရာဝတီ ဖြစ်ရတာလဲ၊ မသက်လုပ်လိုက်ရင်တော့ တလွဲချည်းပဲ" လို့ ကျွန်မက သူကျွန်မကို တလွဲစီပဲလို့ အမြဲနှိပ်ကွပ်လေ့ ရှိတတ်လို့ သူ့ကို နှိပ်ကွပ်တဲ့သဘောနဲ့ ပြောလိုက်တယ်။ ဒီတော့ မသက်က မခံမရပ်နိုင် ဖြစ်ပြီး "မငယ် ညည်းကလေ ဦးနှောက်သေးသေးလေးနဲ့ ပြောဖို့ပဲသိတယ်၊ ရှမ်းပြည်နယ်မှမဟုတ်ဘူး ဧရာဝတီက ငါတို့အားလုံးနဲ့ဆိုင်တယ် ငါတို့အားလုံးပိုင်တယ်၊ ညည်းဖါသာညည်း မဆိုင်ဘူးထင်ရင်လည်း ထားလိုက်တော့ ငါ့သမီးနာမည်ငါ ကြိုက်သလိုပေးမယ် ညည်းအလုပ်မဟုတ်ဘူး" လို့ သူက ဘုကလန့် ပြန်ပြောခဲ့တာကို ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီတုန်းက ကျွန်မလည်း ဒီလောက်အထိ လေးလေးနက်နက်လည်း မတွေးဘူး ကျွန်မပြောလိုက်တာကို မခံနိုင်လို့ မသက်ပြန်ပြောပုံကို ကြည့်ပြီးရီပြီးပဲ ပြီးသွားပါတယ်။ ဒါကတော့ ဧရာဝတီနဲ့ ပတ်သက်ပြီး မှတ်မိနေတဲ့ အမှတ်တရလေးတခုပါ။

နောက်ပိုင်းလည်း ခေတ်ပေါ်သီချင်း မကြိုက်တတ် ခေတ်ဟောင်း မြန်မာသံစဉ်သီချင်းတွေကိုသာ ကြိုက်တတ်တဲ့ ကျွန်မက ထူးအိမ်သင်ဆိုတဲ့ ရာဇ၀င်များရဲ့ သတို့သမီးနဲ့ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို နားထောင်တတ်ပြီး ဧရာဝတီရဲ့ ဂုဏ်ပုဒ်တွေကို အဓိပ္ပါယ်အရခံစားရတာကို သိပ်ပြီးသဘောကျပါတယ်။ အခုနောက်ပိုင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းတွေ မကြာခဏ သတင်းတွေမှာ ပါလာခဲ့တာကြားသိရပေမဲ့ လူ့အခွင့်အရေးကိုပဲ စိတ်ဝင်စားတဲ့ ကျွန်မအတွက် ဒီလောက်အထိလည်း အလေးအနက်မထားခဲ့ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သိပ်နားမလည်တာလည်းပါတယ်။ ဒီကိစ္စ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ လုပ်ပါလိမ့်မယ်လို့ပဲ တွေးပြီး သတင်းသိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့အချိန်မှာတော့ ကိုအောင်ဒင်ရေးတဲ့ ပို့စ်နှစ်ခု (ဧရာဝတီကို ကာကွယ်ကြစို့ နှင့် ဧရာဝတီကို ကယ်တင်ကြစို့ ) ကိုဖတ်မိတော့မှ ကျွန်မကို တကယ်ပဲ တုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီပို့စ်ကို ပြီးခဲ့တဲ့ လက ကျွန်မ ပြန်ဖေါ်ပြဖြစ်ခဲ့ပါတယ်။ အဲဒီမှာ တင်ထားတဲ့ မိတ်ဆက်စာသားတချို့နဲ့ သီချင်းလေးနှစ်ပုဒ်ကို ဒီမှာ ဆက်လက်နားဆင်လို့ရအောင် ဖေါ်ပြလိုက်ပါတယ်။
ဧရာဝတီ (တေးရေး၊ တေးဆို - ခင်ဝမ်း)




ရာဇ၀င်များရဲ့ သတို့သမီး (တေးရေး၊ တေးဆို - ထူးအိမ်သင်)



ဒီပို့စ်နှစ်ခုကို ဖတ်ပြီး လူတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ဒီလာက်အထိ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အန္တရယ်ကြီးမားနိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ပညာရှင်တွေက လေ့လာပြီး အန္တရယ်ရှိပါတယ်ဆိုတာကို ထောက်ပြတာကို လက်မခံဘဲ ဘာကြောင့်များ ဧရာဝတီကို ဖျက်ဆီးချင်ရတယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဒီပို့စ်နှစ်ခုကို အခုမှ ဖတ်မိပြီး ဒီအရပ်ဝတ် ဒီမိုကရေစီဟန်ဆောင် စစ်အစိုးရရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးသာ အောင်မြင်သွားရင် မြန်မာပြည်ရဲ့ အသက်သွေးကြောလည်းဖြစ် အလှကျက်သရေဆောင်လည်း ဖြစ်တဲ့ ဧရာဝတီမြစ်ကြီး တကယ်ပဲ ပျက်စီးသွားမှာပါလားလို့ သိလိုက်ရတဲ့အချိန်မှာ အိပ်မက်ဆိုးကြီးတခုမက်ပြီး လန့်နိုးလာသူတယောက်လို ကျွန်မ တုန်လှုပ်ချောက်ချားစွာ ခံစားမိတယ်။

ဟုတ်ပါတယ် ဧရာဝတီဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်လို့ ရေကာတာကြောင့် ဧရာဝတီမြစ်ကြီး ပျက်စီးရင် မြန်မာပြည်လည်း ပျက်စီးမယ်။ မသက်ပြောခဲ့သလို၊ အခုလက်ရှိ ဧရာဝတီ မပျက်စီးရေး Campaigns လုပ်နေသူတွေ ပြောနေသလို ဧရာဝတီဟာ ကျွန်မတို့ အားလုံးနဲ့ ဆိုင်တယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးဟာ လူမျိုးမရွေး၊ လူတန်းစားမရွေး၊ ကျား၊မ မရွေး၊ ဘာသာမရွေး၊ နိုင်ငံရေးကျောထောက်နောက်ခံမရွေး အားလုံးနဲ့ ဆိုင်တဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။

မြစ်ဧရာရဲ့ ငွေလှိုင်းတွေ ဖြူစွာနဲ့ ဆက်လိုက်ရိုက်ခတ်နိုင်ဖို့၊ မြန်မာပြည်ရဲ့ စပါးကျီကြီး မပျက်စီးစေဖို့ ထူးအိမ်သင်၊ ခင်ဝမ်းတို့ရဲ့ သီချင်းထဲက ဧရာဝတီ့ဂုဏ်ပုဒ်တွေ မပျက်စီးစေဖို့၊ မြန်မာပြည်ကြီး ဆက်လက်တည်တံ့နေဖို့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ အစဉ်ရှင်သန်နေဖို့ လိုပါတယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးမှာ အုပ်တချပ်သဲတပွင့်အနေနဲ့ လူတိုင်းလူတိုင်း ပါဝင်သင့်ပါတယ်။


ဒါကြောင့်မို့ ဧရာဝတီအတွက် သေမင်းတမန် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကျွန်မ လုံးဝ ကန့်ကွက်ပါတယ်။
ပုံကို မောင်လေး ဘလော့ဂ်မှ ကူးယူထားပါတယ်။ အပေါ်ဆုံးပုံကိုကျတော့ google မှ ကူးယူဖေါ်ပြထားပါတယ်။


ရွင်လန်းချမ်းမြေ့ကြပါစေ။

PULANG KE NEGARA ASAL = Return To Country Origin

To : Allen Vernon & all UNHCR personnel concerned
The UN Refugee Agency, Malaysia

Dear, Representative, Officers, Officers in Charge, Coordinators and all UNHCR personnel concerned at the respective Departments in UNHCR, Malaysia,

Kindly would I like to beg for my request to you all that UNHCR have to make clear information to all the Refugees who are presently holding UNHCR Reg-Cards and UNHCR Reg-Documents about whether the Refugee have to take photos and finger prints at Putrajaya Immigration Center, Kuala lumpur, Malaysia or not.

As a result that yesterday setting off UNHCR & Malaysia Finger-Prints program to all the Burmese ethnical Refugees in Malaysia make them all in trouble in Malaysia, UNHCR surely should give announcement in no time.

Because yesterday, at there, Malaysia Police’ Immigration and Relar Police beat some refugees including children, their mothers, old refugees, a lot of boys and girls at the mob crowd due to mismanagement of Malaysia UNHCR and when they've got their papers from Immigration, mostly their papers say "PULANG KE NEGARA ASAL" meaning "Returning Home" or "Leaving" or "Coming back native country."

If that so, what is UNHCR playing roles in Refugees to protect and care turns up-side-down to the wicked tool of Immigration Center, Malaysia? Does UNHCR itself put all Burmese ethnical Refugees in Malaysia into Malaysia Jail? Are these Refugees exiled by both evil spirits and plots of UNHCR and Malaysia Immigration?

What is the role of UNHCR in the international human right affairs and Refugees affairs? Do UNHCR and UNOs also smear themselves at the stage of world peace?

Thus, just in case I submit some real Immigration Issued-paper to a refugee with 6-P WORK PERMIT Form to match with each other to all UNHCR personnel concerned.

Besides UNHCR Malaysia instruct all Community-based Refugees to take finger prints at and UNHCR does not release other personal-case UNHCR card-holders how to do it exactly, UNHCR give forces to drive away all Refugees in Malaysia (?).

UNHCR Malaysia is obliged to take every responsibility of the situation demanded on Burmese ethnical Refugees Issue in Malaysia.
If so, are we all put into jail or exile? Come to think of it! How UNHCR grant the sense of International Care and Protection to all Burmese ethnical Refugees and Asylum-seekers in Malaysia?

All the Refugees including me are looking forward to hearing good news from UNHCR Malaysia personnel concerned.

Thanks
Kind regards

yours sincerely

Mr. Myat Ko Ko (UNHCR Refugees-Reg-Card-Number-Holder)ကာယကံရှင်၏ လုံခြုံရေး အတွက်ကြောင့် ဓါတ်ပုံ နှင့် နံပါတ်များအား ပြုပြင်ထားပါသည်။

နီးစပ်ရာများသို့ ဆက်လက် ဖြန့်ဝေပေးစေချင်ပါသည်။

မောင်မောင်ယဉ်ကျေးသို့ တောင်းပန်ခြင်း

ကျွန်မ C-Box မှာ အဆက်မပြတ်လာပြီး ယုတ်ယုတ်ရိုင်းရိုင်း ဆဲဆိုစော်ကားလာခဲ့တဲ့ မောင်မောင်ယဉ်ကျေးခေါ် မောင်မောင်လင်းသန့်က C-Box ဖွင့်ရဲရင် ဖွင့်ကြည့် ဖွင့်တာနဲ့ ဆဲဖို့စောင့်နေတယ်ဆိုလို့ ကျွန်မ C-Box ကို Lock ချကာ အကြာကြီး ထားခဲ့ရပါတယ်။ ဆဲဆို ရိုင်းစိုင်းထားတာတွေကို အစပိုင်းမှာ ဖျက်ပြီး IP ကို ဘန်းခဲ့ပေမဲ့ IP အတုတွေနဲ့ ထပ်ခါတလဲလဲ လာရေးနေလို့ နောက်ပိုင်းကျတော့ အချိန်မပေးနိုင်တော့ဘဲ C-Box ကို မကြာခဏ Lock လုပ်လာခဲ့ရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ Lock ခဏဖွင့်လိုက်တာနဲ့ မကြာခင် ချက်ချင်းကို ၀င်လာရေးတာနဲ့ ခဏခဏကြုံလို့ အစက မယုံပေမဲ့ ၀င်ရေးဖို့ သူတမင် စောင့်နေတယ်ဆိုတာလည်း ကျွန်မယုံကြည်သွားပြီး Lock ချထားလိုက်ရပါတယ်။ မောင်မောင်ယဉ်ကျေးက အဲဒီလောက်အထိ အချိန်ပေးပြီး ကျွန်မ C-Box မှာ နှောက်ယှက်ခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင် တပတ်ခန့်အလိုမှာတော့ မောင်မောင်ယဉ်ကျေးက သူ့မွေးနေ့မို့ ဒီတရက်နှစ်ရက်အတွင်း လာမဆဲတော့ဘူးလို့ အီးမေးလ်နဲ့ အကြောင်းကြားလာရာကနေ မေးလ်နဲ့ အဆက်အသွယ်ရပြီး ကျွန်မ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက မောင်မောင်ယဉ်ကျေးက တည်တည်တံ့တံ့ ပြန်ဆွေးနွေးတာ သိပ်မရှိခဲ့ဘဲ သူဘာကြောင့် လုပ်နေတယ်ဆိုတာနဲ့ သူ့ခံစားချက်တွေကို ကောင်းကောင်းမွန်မွန် ပြောပြခဲ့တာ တခါတလေပဲ ရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့ရဲ့ ကျွန်မကို မထီမဲ့မြင် ပြောဆိုဆက်ဆံ ခေါ်ဝေါပုံတွေနဲ့ ကျွန်မ ပြောနေတာကို အလေးအနက်မထားဘဲ တောင်ပြောမြောက်ပြောနဲ့ အရေမရအဖတ်မရတွေ လိုက်လုပ်တာတွေကြောင့် သူအရင် ပြောခဲ့သမျှကို ကျွန်မ ခေါင်းထဲမထည့်တော့ဘဲ ယုံကြည်မှုမရှိ ဖြစ်သွားခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အစပိုင်း ရက်တွေမှာတော့ သူဂတိပေးထားခဲ့တဲ့အတိုင်း C-Box မှာ ဆဲဆိုခြင်း မရှိခဲ့တဲ့အထိ အဆင်ပြေခဲ့တာလည်း အမှန်ပဲ ဖြစ်တယ်။ အပြန်အလှန် ဆက်ပြောရင်း သူက ကျွန်မ C-Box ထဲမှာ တခြားနာမည်တခုနဲ့ သူလာတင်ခဲ့တဲ့ Link တခုဟာ Virus Link ဖြစ်တယ်ဆိုတဲ့ အကြောင်း ၀န်ခံ အသိပေးပြီး ဖွင့်ပြီး မ Run မိဖို့ သတိပေးတဲ့အခါမှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးက ဗိုင်းရပ်နှစ်ကြိမ်မိဖူးလို့ ကွန်ပြူတာကို အစကနေ Program နှစ်ကြိမ်ပြန်သွင်းခဲ့ရဖူးတဲ့ ကျွန်မက အရင်အကြိမ်တွေတုန်းကလည်း သူပဲ ဖြစ်မယ်ဆိုပြီး အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။ သူတင်တာ အခုမှဖြစ်ကြောင်း အရင်နှစ်တွေက သူတင်တာ မဟုတ်ကြောင်း ပြောပြပေမဲ့ ကျွန်မက ဘယ်လိုမှ မယုံတော့ဘဲ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ကျွန်မကို ဒုက္ခလာပေးနေတဲ့တယောက်လို့ ထင်ပြီးစွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့ဘက်က ဗိုင်းရပ်မိမှာစိုးလို့ စေတနာနဲ့ ပြောပြမိမှ ပိုဆိုးသွားတယ်ဆိုပြီး ကျွန်မကို ပြန်အရွဲ့တိုက်ကာ ဒေါသထွက်အောင် လိုက်ဆွတဲ့စကားတွေ မထီမဲ့မြင်ကလေးကလား ပြောတာတွေ ပိုလုပ်လာပြီး ကျွန်မလည်း သူ့ကို တုန့်ပြန်ရာမှာ " မင်းလိုယုတ်ရိုင်းတဲ့သူ ပြောစကားကို ငါဘယ်တော့မှ မယုံဘူး ငါအခုလို လက်ခံစကားပြောတာတောင် ငါ့ဘက်က တော်တော်လေး တရားလွန်နေပြီ၊ ငါသေတဲ့အထိ ငါ့ C-Box ကိုပိတ်အောင် မင်းလုပ်လို့ ရမှာ မဟုတ်ဘူး" စသည့် စကားတွေကြောင့် သူ့ကိုစိန်ခေါ်တယ်ဆိုပြီး အခြေအနေက ပိုဆိုးသွားပြီး ယုတ်ယုတ်ရိုင်းရိုင်းတွေကို အရင်ကထက် ပိုပြီးလာရေးခဲ့တယ်။ အဲဒီအချိန်မှာ သူ့ကိုလည်း ကျွန်မက အယုတ်အရိုင်းချန်ပီယံလို့ အမည်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မကလည်း သူ့ကိုထင်တာတွေ စွပ်စွဲ၊ သူကလည်း ကျွန်မကို C-Box ဖွင့်တာနဲ့ ဘယ်တုန်းက စောင့်နေမှန်းမသိဘဲ ချက်ချင်းကို ၀င်ဆဲခဲ့တာတွေ အထိ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း C-Box ကို လုံးဝ မဖွင့်ဘဲ ထားလိုက်တဲ့အချိန်မှာတော့ မေးလ်ပို့ပြီး ၀င်လာဆဲခြင်း ယုတ်ရိုင်းတဲ့ ညစ်ညမ်းပုံတွေ ပို့ပေးခြင်းတွေ အပါအ၀င် ညစ်ညမ်းတဲ့ဆိုက်တွေမှာ ကျွန်မနာမည်နဲ့ လိုက်ပြီး Register လိုက်လုပ်ထားလို့ ကျွန်မဆီကို အဲဒီဆိုက်တွေက Account Activate လုပ်ဖို့ အကြောင်းကြားလာတဲ့စာတွေ အဆက်မပြတ် ၀င်လာခဲ့လို့ C-Box အပြင် တခြားနည်းနဲ့ပါ စိတ်အနှောာက်အယှက်အမျိုးစုံကို ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ဆီက လာသမျှမေးလ်တွေကို Spam ထဲ ထည့်ပစ်ခဲ့ရတယ်။ အဲဒါတွေက မောင်မောင်လင်းသန့်နဲ့ ကျွန်မကြားမှာ မနေ့တနေ့ကအထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။

နောက်ဆုံးတော့ အခုလတ်တလော ကျွန်မ ဘယ်သူ့ ဘလော့ဂ်ကိုမှ မရောက်ပေမဲ့  Nge Naing ဆိုတဲ့ နာမည်နဲ့ C-Box တကာမှာ "ဒီဖုန်းနံပတ် 447446104825 ကိုဆက်ပြီး ၀ိုင်းဆဲပေးကြပါ။ လင်းသန့်ဦး(ခ)ဇော်မျိုး(ခ)ဖိုးကျော် myanmarexpress ကိုဘလော့ရေးတဲ့သူ ဖြစ်တယ်" ဆိုပြီး လိုက်ရေးနေသူနဲ့ ကျွန်မရဲ့ အခုနောက်ဆုံးတင်ထားတဲ့ ဖတ်စေချင်သည်ပို့စ်မှာ လာထည့်ထားတဲ့ Anonymous အမည်နဲ့ မှတ်ချက်တခုကို သူလို့ ထင်နေခဲ့တာကို မောင်မောင်လင်းသန့်က တွေ့ပြီး ကျွန်မဆီကို တခြားမေးလ်အသစ်တခုနဲ့ ဆက်သွယ်လာပြီး အဲဒါတော့ သူလုံးဝမဟုတ်ကြောင်း ကောင်းကောင်းမွန်မွန် ရှင်းပြခဲ့ပါတယ်။ ဒီတခါတော့ သူကျွန်မကို စတာနောက်တာ မရှိ၊ တည်တည်တံ့တံ့ ပြောပြတာဖြစ်ပြီး အဲဒီပို့စ်မှာ သူရေးတဲ့ မှတ်ချက်က တခြားတခုဖြစ်ကြောင်း ကျွန်မထင်နေတဲ့မှတ်ချက်ကို သူရေးတာမဟုတ်ကြောင်း၊ C-Box တကာမှာ Nge Naing ဆိုတဲ့နာမည်နဲ့ ကျွန်မကို လူတွေ အထင်လွဲအောင် လိုက်ရေးနေတာလည်း သူလုံးဝ မဟုတ်ကြောင်းနဲ့ သူရေးဖူးတဲ့ C-Box ၆ ခုမှာ သူဘာတွေရေးခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ ပြီးတော့ သူဘာကြောင့် ကျွန်မ C-Box မှာ ဒီလိုယုတ်ယုတ်ရိုင်းရိုင်း လာရေးရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ကျွန်မကို ပြောပြလို့ ကျွန်မလည်း သိခွင့်ရပြီး သူနဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကျွန်မစွပ်စွဲနေတာတွေ အားလုံးကလည်း မဟုတ်ကြောင်းပြောပြီး သူ့အကြောင်းကို သူဘယ်သူလဲဆိုတာ သူ့နေရပ်လိပ်စာတွေ အလုပ်အကိုင်တွေ အမှန်အတိုင်း ပြောပြပြီး ကျွန်မထင်သလို လုံးဝ မဟုတ်ကြောင်းကို ကောင်းကေင်းမွန်မွန် ရှင်းပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူကျွန်မကို ပြုမူပြောဆိုခဲ့၊ ဆဲဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့လင်မယား နှစ်ယောက်စလုံးကို တောင်းပန်ခဲ့ပါတယ်။

အမှန်တရားဟာ သစ္စာဖြစ်ပါတယ် ။ မောင်မောင်လင်းသန့် အပါအ၀င် ကျွန်မ ဘလော့ဂ်မှာ လာပြီးစော်ကားခဲ့သူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့တာ မှန်ပေမဲ့ အဲဒီလူတွေအတွက် စိတ်ရဲ့အညစ်အကြေးတွေ ကင်းစင်ပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းဖူးပြီး မကောင်းတဲ့ စိတ်စေတနာကို ဦးတည်ပြီး သူတို့အကျိုးယုတ်စေလိုတဲ့ စိတ်နဲ့တော့ တခါမှ ဘာတခုမှ ဆုမတောင်းခဲ့ဖူးတာ အမှန်ပဲ။ ဘယ်သူ့အတွက်မှ ဘာမှအကျိုးမရှိဘဲ ကျွန်မဘလော့ဂ်မှာ လာပြီးမနှောင့်ယှက်ဖို့ သင်္ကြန်မတိုင်ခင်က မောင်မောင်လင်းသန့်ဆီကို မေးလ်ပို့ပြီး ကျွန်မ တောင်းပန်ခဲ့ဖူးပေမဲ့ အဲဒီတုန်းက ခဏသာ အဆင်ပြေပြီး ဗိုင်းရပ် Link လာထည့်ခဲ့တာကို အခြေခံပြီး ကျွန်မရဲ့ အထင်လွဲမှုတွေကြောင့် အဆင်မပြေ ပြန်ဖြစ်သွားပြီး သူ့ဘက်က ပိုပြီးယုတ်ရိုင်းတဲ့ တုံ့ပြန်မှုကိုပဲ ရရှိခဲ့ပါတယ်။ အခုတခါတော့ အခုလို မောင်မောင်လင်းသန့်အကြောင်းကို သူကိုယ်တိုင်ပြောတဲ့စကားတွေအရ ကျွန်မ ထင်ထားသလို မဟုတ်ဘဲ အမှန်အတိုင်း သိလိုက်ရတဲ့အချိန်မှာ ကျွန်မက မဟုတ်ဘဲနဲ့ စွပ်စွဲခဲ့မိတဲ့အပေါ် မောင်မောင်ယဉ်ကျေး ခေါ် မောင်မောင်လင်းသန့် ကျွန်မအခေါ် အယုတ်အရိုင်းချန်ပီယံကို ကျွန်မအနေနဲ့ လူသိရှင်ကြား ဘလော့ဂ်ပေါ်ကနေ ပြန်တောင်းပန်လိုက်ပါတယ်။ ယုတ်ရိုင်းတော့မှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မပေးထားတဲ့ အယုတ်အရိုင်းချန်ပီယံဆိုတဲ့ နာမည်ကိုလည်း ဒီကနေ့ကစပြီး ပြန်ရုပ်သိမ်းလိုက်ပါတယ်။

လူသားအချင်းချင်း အပြန်အလှန် မုန်းတီးမှုတွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းဆိုတာ ရှိပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ သီးခံခွင့်လွတ်ခြင်းကို လက်ကိုင်ထားပြီး ပြဿနာဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေရှာနိုင်ရင် အဖြေမှန်ဆိုတာလည်း ရှိစမြဲပါ။


မောင်မောင်ယဉ်ကျေးခေါ် မောင်မောင်လင်းသန့် နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ။


ပန်းပန်လျှက်ပဲ

ဒီနေ့ မမျှော်လင့်ဘဲ Hit conuter 200, 000 ပြည့်တဲ့နေ့မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲနဲ့ အမှတ်တရပို့စ်လေးတခုကို တင်ဖို့ ရုတ်တရက် အကြံရလိုက်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ကျွန်မ ဒီပို့စ်ကို တင်တဲ့အချိန်တုန်းက Hit Counter ၁၄၀,၀၀၀ ကျော်ပဲ ရှိသေးတယ်။ အခု ဧပြီလ ၅ ရက်နေ့မှာ ၂၁ ရက်အတွင်း Hit Counter 60, 000 ခန့် တရှိန်ထိုး တက်လာပါတယ်။ ဘလော့ဂ် တနှစ်ပြည့်အမှတ်တရ ပို့စ်ရေးတဲ့အချိန် ပြီးခဲ့တဲ့ July 12 ရက်တုန်းက အားလုံးမှ Hit Counter ရှစ်သောင်းပဲ ရှိခဲ့ပြီး အဲဒီနေ့ကနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့အထိ ခြောက်သောင်း စုစုပေါင်း တသိန်း လေးသောင်း ရှိရာကနေ ရုတ်တရက်ကြီး ၂၁ ရက် ကာလအတွင်း နောက်ထပ် ခြောက်သောင်း တရှိန်ထိုး တက်လာပြီး Hit Counter နှစ်သိန်း ပြည့်သွားတာဟာ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ဘလော့ဂ် သက်တမ်း ကာလတလျှောက်လုံးမှာ ဒီသုံးပတ်အတွင်း လူလာလည်မှု အထွတ်အထိပ်ကို အရောက်ဆုံး ဖြစ်တာကို တွေ့ရပါတယ်။ ကျွန်မဘလော့ဂ်ဟာ သတင်းဘလော့ဂ်မဟုတ် ၀ါဒဖြန့်ချီရေး ဘလော့ဂ် မဟုတ်ဘဲနဲ့ မိမိဘ၀ဖြတ်သန်းမှုနဲ့ မိသားစုအကြောင်း၊ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတလေးတွေကို မှတ်တမ်းထားတဲ့ နေရာသာဖြစ်ပေမဲ့ ၂၁ ရက်အတွင်း လူခြောက်သောင်း ၀င်တာဟာ တကယ်ကို ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်အပ်ပါတယ်။

တချိန်တည်းမှာပဲ ဒီသုံးပတ်အတွင်းမှာ ကျွန်မဟာ အတိုက်အခိုက်ခံရဆုံး အချိန် ဖြစ်နေတာလည်း အမှန်ပါပဲ။ ဒီတော့ ဗေဒင်လက္ခာတွေ သိပ်စိတ်မ၀င်စားတော့လို့ အခုကြီးလာတဲ့အချိန်မှာ သိပ်မကြည့်ဖြစ်ပေမဲ့ ဆယ်ကျော်သက်ကာလက ဗေဒင်လက္ခဏာ မကြာခဏ ကြည့်ဖြစ်တဲ့အချိန်တုန်းက အတိုက်အခံ သိပ်များမယ် အတိုက်အခံ မရှိဘဲနဲ့လည်း ကျွန်မဟာ တိုးတက်မှု သိပ်မရှိနိုင်ဘူး၊ အတိုက်အခံ များမှလည်း တိုးတက်မယ်ဆိုပြီး မကြာခဏ အဟောခံရတုန်းက အေးအေးဆေးဆေး နေတတ်တဲ့ ကျွန်မအနေနဲ့ စိတ်မ၀င်စားခဲ့ ယုံလည်း မယုံခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟောတာ အခုတော့ မှန်နေသလိုဖြစ်နေတယ်။ ဒီပို့စ်နဲ့အတူ အခုဒီ ၂၁ ရက်ကာလအတွင်းမှာရော အရင်ကပါ ဘလော့ဂ်ကို လာလည် အားပေးသူအပေါင်းကို အထူးပဲ ကျေးဇူး ဥပကာရတင်ကြောင်း ပြောပါရစေ။

ကျွန်မတို့ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေကို ကိုယ်စားပြုနေတဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုက ပန်းပန်လျှက်ပဲ ကဗျာ၊ ဒါကို သီချင်းပြန်လုပ်ပြီး ဆိုထားတဲ့ မူလအဆိုတော် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေးနဲ့ နောက်ထပ်ပြန်ဆိုသူ နီနီဝင်းရွှေရဲ့ အသံနဲ့ မျိုးသန္တာထွန်းတို့ရဲ့ အကကို ဆက်လက် ဖတ်ရှု၊ နားဆင် ကြည့်ရှုနိုင်ပါတယ်။ ကျွန်မ သိပ်ကို နှစ်ခြိုက်သဘောကျတဲ့ ကဗျာနဲ့ သီချင်းဖြစ်သလို ဆိုသူတွေရဲ့ အသံနဲ့ မြန်မာသံစဉ်အားလုံးကိုလည်း ကျွန်မ သိပ်ပြီးကြိုက်ပါတယ်။ ဒါဟာ ကျွန်မရဲ့ Hit Counter နှစ်သိန်းပြည့် အမှတ်တရပို့စ် ဖြစ်ပါတယ်။

ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာ ဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊
ဘဲ ထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
Link
ဗေဒါက တပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
(ဇော်ဂျီ-တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊၁၉၆၀)


ကဗျာကို ဒီနေရာက ကူးယူပါတယ်။


အဆို = ကြည်ကြည်ဌေး




အဆို=နီနီဝင်းရွှေ၊ အက= မျိုးသန္တာထွန်း(မြို့မစိန်ရတုပွဲ)


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဆိုရေးရှိက ဆိုရလိမ့်မယ်

ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School က (အသက် ၁၅/၁၆ နှစ်နှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။

ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။
အခုတော့ C-Box မှာသာမက ဒီ Site တွေကို ကျွန်မ ဘလော့ဂ် အတုမှာလည်း တင်ထားတယ်။ ဘလော့ဂ် C-Box ကို ဘုရားခုနှစ်ဆူ သီချင်း အစိန္တေယျ ဘုရားရှိခိုးသီချင်းနဲ့ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးသီချင်း နှစ်ပုဒ်အကြား ညှပ်ထားပြီး အနောက်ပို့ထားတာတောင်မှ စစ်ခွေးတွေက C-Box ထဲမှာ တနေ့ကို အနည်းဆုံး နှစ်ကြိမ် ယုတ်ရိုင်းတာတွေဆဲတာနဲ့အတူ ဒီဆိုက်တွေကို လာတင်နေတော့ ဒီပို့စ်ကို ထပ်တင်ရတဲ့အကြောင်း ဖြစ်လာပါတယ်။ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်မလည်း မလေ့လာဖူးလို့ Occupational Health & Safety Policy ဘယ်လို ရှိပြီး ပြည့်တန်ဆာတွေကို ရေရှည် Side affect မဖြစ်အောင် ဘယ်လိုကာကွယ်ထားတယ် ဆိုတာ ကျွန်မ အတိအကျ မသိပေမဲ့ အနည်းဆုံးတော့ အတွင်းအပြင် အကုန်လုံးကို စိတ်ချရတဲ့ ဆေးရည်တွေနဲ့ စနစ်တကျ သန့်စင်ထားပြီး ဘယ်နှစ်မိနှစ်အတွင်း ဘက်တီးရီးယားနဲ့ ရောဂါ မပြန့်နိုင်တဲ့ ဆေးရည်တွေနဲ့ ကာကွယ်မှု လုပ်ထားမှာတော့ သေချာပါတယ်။ ဒါကြောင့်မို့ ပြည့်တန်ဆာတွေနဲ့ ဒီလိုနေထိုင်တာဟာ ကျန်းမာရေးအတွက် ကာကွယ်ပြီးသား ဖြစ်နိုင်ပေမဲ့ ပြည့်တန်ဆာ မဟုတ်တဲ့သူတွေနဲ့ အပြင်မှာ ဒီလိုနေထိုင်မယ်ဆိုရင်တော့ တကယ်ကို အန္တရယ်များလှကြောင်းကို မကောင်းတာကို အဟုတ် မထင်ဖို့ အသိပေးချင်ပါတယ်။ (27/3/11 ဖြည့်စွက်ချက် Nge Naing)


ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို Handling လုပ်ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လိုအသုံးပြုပြီး ခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် Evacuation က အစီစဉ်နဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယေက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ ရေးတဲ့ပို့စ် ဖြစ်ပြီး ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားးဖတ်နိုင်ပါတယ်။

22/2/10 က တင်တဲ့ မူရင်းပို့စ်ကို လက်တွေ့နဲ့ ကိုက်ညီနေလို့ အပေါ်မှာ အပြာရောင်စာပိုဒ်တပိုဒ် ထပ်ဖြည့်ပြီး ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။



Nge Naing ဘလော့ဂ်အတုအတွက် ရှင်းလင်းချက်


ဒီနေ့ အွန်လိုင်းပေါ်ကို စရောက်တော့ အီးမေးလ်နဲ့ face book မှာ မိတ်ဆွေတချို့က ကျွန်မဘလော့ဂ်ကို ပြန်ကြည့်ဖို့ အသိပေးထားတဲ့ Messge တချို့ကို လက်ခံရရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပြန်ကြည့်တော့လည်း ဘာမှမှားတာ မတွေ့ဘူး။ နောက်မှ ဘလော့ဂ်မှ C-Box မှာ Link တခုကို ဖွင့်ကြည့်လိုက်တော့ ရုတ်တရက်ကြည့်ရင် ကျွန်မဘလော့ဂ်နဲ့ ပုံစံတူ Nge Naing နာမည်နဲ့ ဘလော့ဂ် အတုတခုကိုတွေ့လိုက်မှ သဘောပေါက်သွားပါတယ်။ အဲဒီဘလော့ဂ် ပေါ်လာတာနဲ့ ပတ်သက်ပြီး Face book နဲ့ G-mail တို့ကတဆင့် ကျွန်မကို စိုးရိမ်ပြီး အသိပေးလာသူ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။



ကျွန်မကို စတနာနဲ့ အသိပေးလာသူတွေအထဲမှာ သူတို့ဖါသာသူတို့ ဘလော့ဂ် အတုတခုလုပ်ပြီး ကျွန်မကို တိုက်ခိုက်ထားတယ် ဆိုတာ အမှန်အတိုင်း သိတဲ့သူတွေ ရှိသလို ကျွန်မဘလော့ဂ်ထဲမှာ မသမာသူတွေက ပေါက်ကရ ၀င်လုပ်လို့ ရနေတယ်ထင်လို့ အသိပေးလာသူတွေလည်း ပါပါတယ်။ ဒါကြောင့်မို့ ဒါဟာ အတုဖြစ်တယ်၊ ကျွန်မဘလော့၈်ထဲကို သူတို့ဝင်လို့ ရသွားတာ မဟုတ်ဘူးဆိုတာ အဲလိုထင်ပြီး အသိပေးလာတဲ့ မိတ်ဆွေများကို ပထမဦးဆုံး အသိပေးပါရစေ။ ကျွန်မဘလော့ဂ်က nge နဲ့ naing အကြားမှာ (-) ပါပြီး အတုလုပ်ထားတဲ့ ဘလော့ဂ်မှာ ngenaing ဆိုပြီး တဆက်တည်း ဖြစ်ပါတယ်။

ကျွန်မ ဘလော့ဂ် Template ကိုယူ၊ ကျွန်မပို့စ်တွေက အပေါ်ဆုံးပိုဒ်တွေကိုယူ၊ ဗွီဒီဒယိုတွေ ဓါတ်ပုံတွေနေရာမှာ သူတို့ကြိုက်တဲ့ ယုတ်ယုတ်ရိုင်းရိုင်းပုံတွေ လိုက်ထည့်ထားပါတယ်။ ရိုင်းမရိုင်းဆိုတာ မဖွင့်ကြည့်ခင် ပေါ်နေတဲ့ ပုံတွေကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။ ကျွန်မလည်း အဲဒီ စစ်ခွေးတွေ ဘယ်လောက်ရိုင်းတယ်ဆိုတာ သိလို့ သူတို့ တင်ထားတဲ့ ဗွီဒီယိုတွေကို ၀င်မကြည့်ခဲ့ပါဘူး။ ဒါဟာ ရုရှားရောက် စစ်ခွေးနောက်လိုက်တစုက အလုပ်မရှိ ကြောင်ရေချိုးပြီး ဒါမှမဟုတ် အလုပ်ရှိလျက်နဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ပညာတွေကို သင်ရမည့်အစား သူများကို စိတ်အနှောင့်အယှက် မပေးရရင် မနေနိုင်တဲ့ ရှေးဘ၀က ၀ဋ်ကြွေးကြောင့် ဖြစ်လာတဲ့ အကျိုးအဆက် ဖြစ်နိုင်ပါတယ်။

အဲဒီဘလော့ဂ် မပေါ်မီ ငယ်နိုင် အော်စီမရောက်ခင်က ယောက်ျားတွေနဲ့ အရှုပ်တော်ပုံ အကြောင်းကို ရေးမယ်လို့ ကျွန်မကို ကျွန်မဘလော့ဂ်က C-Box ထဲမှာ လာခြိမ်းချောက်ခဲ့ပါတယ်။ ကျွန်မကလည်း ကိုယ်တိုင် ဘာရှုပ်ခဲ့သလဲဆိုတာကို မသိတော့ အိမ်ထောင်မကျခင်က တခြားယောက်ျားတွေနဲ့ ကိုယ်ဘယ်လို ရှုပ်ခဲ့ပြီး အခုရထားတဲ့ ယောက်ျားနဲ့ ဘယ်လောက်ရှုပ်ပြီးမှ အိမ်ထောင်ကျတယ်ဆိုတဲ့ သူတို့ရေးမယ်ဆိုတာကို သိချင်လွန်းလို့ စောင့်နေခဲ့ပါတယ်။ သူတို့ရေးရင်တော့ ABSDFက ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်ဖက်ဟောင်း မောင်နှမတွေကိုလည်း ကျွန်မရဲ့ အရှုပ်တော်ပုံဆိုတဲ့ တခါမှ မကြားဖူး အထူးအဆန်းဖြစ်စေမည့် ကျားသွားမိုးကြိုး တခု ပြခွင့်ကြုံမှာ ဖြစ်ပြီး ဟာသတခုတော့ ဖတ်ရတော့မယ်လို့ မျှော်လင့်နေချိန်မှာ မျှော်နေတာ ပေါ်မလာဘဲနဲ့ ဘာမှ မထူးဆန်းတဲ့ Facebook က ဓါတ်ပုံတချို့ကို ခိုးပြီးတင်ထားတဲ့ ပို့စ်တခုပေါ်လာတယ်။ ဒီအတွက်လည်း ကျွန်မကို နစ်နာအောင် ရည်ရွယ်ပြီး လုပ်ထားပေမဲ့ ကျွန်မမှာ မနစ်နာတဲ့အပြင် စာရေးစာဖတ် ၀ါသနာပါလို့ မိမိဘ၀ ဖြတ်သန်းမှုလေးတွေကို ရေးထားပြီး လူသိပ်မသိတဲ့ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဘလော့ဂ်လေးကို နိုင်ငံရေးဘလော့ဂ်လို့ ကြော်ငြာပေးထားတော့ ကျွန်မဘလော့ဂ်က သူတို့လုပ်လိုက်မှပဲ အဆင့်အတန်း ပိုရှိသွားပြီး လူသိများသွားတဲ့ အကျိုးအမြတ်တောင် ရလိုက်သေးတယ်။

အခုတခါ ဘလော့ဂ်အတုတခု ပေါ်လာပြန်တော့ ဒါလည်းပဲ ကျွန်မကို နစ်နာစေဖို့ သူတို့ ရည်ရွယ်ခဲ့ပေမဲ့ ကျွန်မမှာ ဘာမှ နစ်နာသွားတာ မရှိဘဲ လူသူအသိနည်းသေးတဲ့ သူတို့အဆင့်အတန်းကို သူတို့က ငါတို့ သိပ်ယုတ်ညံ့တယ် အောက်တန်းကျတယ်ဆိုတာကို လူသိရှင်ကြား ဖေါ်ပြလိုက်တာသာ ဖြစ်တယ်။ ကောင်းနိုးရာရာ လုပ်စရာကိုင်စရာမရှိလို့ အကုသိုလ်အလုပ်တွေနဲ့ အချိန်ကုန်မှ ဘ၀မှာ ပျော်ရွှင်မှု ရတဲ့ ရှေးဘ၀၀ဋ်ကြွေး ပါလာသူများ အဖြစ်ပဲ ကျွန်မ သဘောထားပါတယ်။ သူတို့မို့ အားအားလျားလျား သူများဘလော့ဂ်ကို လူအထင်သေးစေချင်တဲ့ စေတနာ အပြည့်နဲ့ ဒီလောက် ပင်ပမ်းခံပြီး အတုလိုက်လုပ်ကြတယ်။ ဒီလိုလုပ်ပြီးတော့လည်း ကျွန်မကို နစ်နာစေချင်လို့ လုပ်လိုက်တဲ့အရာတိုင်း ကျွန်မမှာ ဘာမှမနစ်နာသွားဘဲ အကျိုးအမြတ်ပဲ ရနေတော့ သူတို့အချိန်တွေအတွက် နှမျောဖို့ကောင်းပါတယ်။

အချုပ်အားဖြင့်တော့ ကျွန်မကို နစ်နာစေချင်လို့ စော်ကားလာသူတွေကို ပြောလိုတာက ရတောင့်ရခဲလှတဲ့ လူ့ဘ၀တိုတိုလေးမှာ သူတပါးကို အနှောင့်အယှက် ပေးတဲ့နေရာမှာပဲ အချိန်အကုန်မခံပါနဲ့ သူတပါးကို မကောင်းကြံရင် မိမိမှာ ဘေးပြန်ခံရတတ်တယ်လို့ အသိပေးချင်တယ်။ ကျွန်မကို စိုးရိမ်ပေးသူ မိတ်ဆွေများကိုတော့ ကျွန်မဘလော့ဂ်ထဲကို မသမာလူတွေ ၀င်နေတာ မဟုတ်ပါဘူး။ ကျွန်မဘလော့ဂ် ဒီအတိုင်းပဲ ရှိနေကြောင်း အကြောင်းကြားရင်း ကျွန်မဘလော့ဂ်အတွက် စိုးရိမ်ပြီး အသိပေးလာသူ မောင်နှမများ အားလုံးကို ထပ်ဆင့်ကျေးဇူးကြောင်း အကြောင်းပြန်လိုက်ပါတယ်။

ဖြည့်စွက်ချက် (17/3/11 at 7:20 PM)
ဒီပို့စ်မှာ သုံးထားတဲ့ ရုရှားရောက် စစ်ခွေးတစု ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ရည်ညွန်းလိုတဲ့သူထဲမှာ မပါတဲ့သူတွေလည်း ထိခိုက်ခံစားရတယ်ဆိုတာ သိရလို့ များစွာ စိတ်မကောင်း ဖြစ်မိပြီး ဒီအပိုဒ်ကို ဖြည့်စွက်လိုက်ပါတယ်။ ကျွန်မဆိုလိုတဲ့ စစ်ခွေးဆိုတဲ့ ဝေါဟာရက ပြည်သူလူထုနဲ့ တိုင်းပြည်ကို တကယ်ချစ်ပြီး ဆင်ခြင်တုံတရားနဲ့ အမှန်ကိုအမှန်အတိုင်း သိရှိတဲ့သူတွေနဲ့ တိုင်းပြည်ကိုတော့ ချစ်တယ် ဒါပေမဲ့ ဆင်ခြင်တုံတရားရှိရှိ အမှန်ကို အမှန်အတိုင်း မမြင်နိုင်အောင် လိမ်လည်လှည့်ဖြား ဖုံးကွယ်ထားခြင်း ခံထားရသူတွေကို မဆိုလိုဘူး။ စစ်ခွေးဆိုတာ တိုင်းပြည်နဲ့ လူမျိုးကိုထက် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေကို ပိုချစ်ပြီး စစ်ခေါင်းဆောင်တွေ ဘာပဲလုပ်လုပ် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မျက်စိအသေမှိတ်ပြီး ယုံကြည်ကာ (ဥပမာ ဘုန်းကြီး သတ်တာအပါအ၀င်) အကုန်မှန်တယ်လို့ သတ်မှတ်နေသူတွေနဲ့ အပေါင်းအပါတွေကိုသာ ရည်ညွန်းပါတယ်။ ကျွန်မ ပြောလိုက်တဲ့ စစ်ခွေးဆိုတဲ့ ဝေါဟာရက ခွေးသရမ်းကြီးနဲ့ နောက်လိုက်ခွေးတွေကို လိုက်ပစ်နေတဲ့ ခဲလုံးတွေ ဖြစ်ခဲ့မယ်ဆိုရင် ခွေးကိုပစ်နေမှန်း မသိလိုက်ဘဲ ပစ်နေတဲ့ လမ်းကြောင်းအပေါ် ရုတ်တရက် ရောက်လာပြီး မတော်တဆ ထိခိုက်သွားသူတွေအတွက် ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။ အခုတော့ နောက်ထပ် ဒီလိုမတော်တဆ ထိခိုက်မှုမျိုး မဖြစ်ရအောင် ဒီစာပိုဒ်က ခွေးပစ်နေကြောင်း သတိပေးချက် တခုဖြစ်ပါတယ်။ အခုဒီပို့စ်မှာ ရည်ရွယ်တဲ့ စစ်ခွေးက ကျွန်မဘလော့ဂ်ကို အပြာကားတွေနဲ့ ပုံမှားရိုက်ထားတဲ့ ခွေးတွေနဲ့ အားပေးသူများကိုသာ ဆိုလိုပါတယ်။ ခွေးကို ပစ်နေမှန်းသိလျက်နဲ့ ခွေးမဟုတ်တဲ့သူတွေက ကြားကနေ လာခံနေရင်တော့ တကယ်စစ်ခွေးကတော့ အမြှီးတနှပ်နှပ်နဲ့ ပြုံးကြည့်နေမှာ သေချာတယ်။ တကယ်လုပ်ခဲ့တဲ့ ခွေးက သူ့ကိုယ်သူ သိပါတယ်။ အဲဒီခွေးကိုပစ်နေတဲ့ ခဲလုံး ခွေးဆီမရောက်အောင် ကြားကနေ ၀င်ခံပြီး အကာအကွယ် မပေးကြဖို့ လူစင်စစ်တွေကို ကျွန်မ မေတ္တာရပ်ခံပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
စော်ကားလိုသော ရည်ရွယ်ချက်နဲ့ အယုတ်တမာ လာလုပ်သူများ နှလုံးစိတ်ဝမ်း ငြိမ်းချမ်း နောင်တတရားများ ရကြပါစေ။

ဒီမိုကရေစီကို လွဲမှားစွာ နားလည်နေသူများသို့

သင်္ကြန်ကာလမှာ အွန်လိုင်း မတက်ဖြစ်ဘဲ သင်္ကြန်ပြီးလို့ အွန်လိုင်းပေါ် စရောက်ရောက်ချင်း ကိုညီလင်းဆက် ဘလော့ဂ်ကစပြီး ကန်တော်ကြီးမှာ ဗုံးဖေါက်ခွဲမှုဖြစ်တဲ့ ပို့စ်ကနေ ဗုံးခွဲတာနဲ့ ပတ်သက်တဲ့ တခြားပို့စ်တွေကို ဘလော့ဂ်တချို့မှာ လိုက်ဖတ်ဖြစ်ပါတယ်။ မှတ်ချက်တွေကိုပါ ဖတ်ကြည့်တော့ အစိုးရဘက်ယိမ်းသူတွေကလည်း အစိုးရဆန့်ကျင်သူတွေလုပ်တယ်လို့ ပြောနေတာ ရှိသလို အစိုးရကို ဆန့်ကျင်သူတွေကလည်း အစိုးရလုပ်တယ်လို့ ပြောနေကြတာ တွေ့ရတယ်၊ တချို့ကလည်း မူစလင်အဖွဲ့တွေ ဖြစ်နိုင်တယ်လို့ ပြောထားတာကို တွေ့ရပြီး မောင်မိုးကတော့ နအဖ ခေါင်းဆောင် မိသားစုအတွင်း စားခွက်လုပြီး ဖြစ်တယ်လို့ ပြောထားတာ တွေ့ပါတယ်။ ပြောနေတာ အကုန်လုံးက ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တွေသာဖြစ်ပြီး ဘယ်နှစ်ရာခိုင်နှုန်း မှန်တယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တကယ်ဘယ်သူလုပ်တယ်ဆိုတာ လုပ်တဲ့သူသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ မူလက ဒီအကြောင်း ပို့စ်ရေးဖို့ အကြံအစည် မရှိခဲ့ပေမဲ့ စစ်အစိုးရကို ထောက်ခံသူ ရှုပ်ချနေသူ နှစ်ဘက်စလုံးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို လွဲမှားစွာ နားလည်ပြီး ပြောနေကြတာကို တွေ့တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့ သူတဦးအနေနဲ့ ပြောစရာ ပေါ်လာလို့ ဒီပို့စ်ကို ကျွန်မ တင်ဖြစ်သွားပါတယ်။


ဖြစ်သွားတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောနေတာတွေကို ကြားရသူက လက်ခံသည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ တစုံတယောက်က မိမိထင်မြင်ယူဆတာကို မိမိ လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိလို့ ပြောကြတာကို မှားတယ်မှန်တယ်လို့ ဘယ်သူမှ အတိအကျ မဆုံးဖြတ်နိုင်ပါဘူး။ အတိအကျ ဘယ်သူမှ မသိခင်မှာ ဘယ်သူမဆို ထင်တာကိုပဲ ပြောနိုင်မှာ ဖြစ်လို့ မိမိလက်မခံနိုင်လို့ မဟုတ်ဘူးထင်ရင် မိမိထင်တဲ့အတိုင်း အကျိုးသင့် အကြောင်းသင့် ပြန်လည်ဆွေးနွေး ချေပ၊ ထောက်ပြရုံကလွဲပြီး ထင်လို့ ထင်တဲ့အတိုင်း ပြောသူတွေကို ဘာမှ အပြစ်တင်စရာ မရှိပါဘူး။ ဒါဟာ Freedom of speech ဖြစ်လို့ မပြောနဲ့လို့လည်း ဘယ်သူ့ကိုမှ တားပိုင်ခွင့်မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒါဏ်ရာရကြလို့ နှစ်ဘက်စလုံးမှာ စိတ်မကောင်း ဖြစ်ကြသူ၊ ၀မ်းနည်းကြေကွဲ မခံမရပ်နိုင် ဖြစ်ကြသူရှိသလို အစိုးရနဲ့ သက်ဆိုင်သူတွေ ပါသွားလို့ အပြစ်ရှိသူတွေ သေလို့ဆိုပြီး ပျော်နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ ဒါလည်းပဲ Freedom of Expression ဖြစ်လို့ သူများသေတာကို ဒီလိုပျော်နေတာ လူစိတ်မရှိဘူးလားလို့ အပြစ်တင်ပြီး ဘယ်သူမှ တားပိုင်ခွင့် လည်းမရှိပါဘူး။ အကြောင်းအရာတခုအပေါ် တယောက်နဲ့တယောက် သုံးသပ်ပုံ ကွာခြားသလို ခံစားနားလည်ပုံလည်း ကွာခြားမှာ ဖြစ်ပါတယ်။

ကျွန်မက အစိုးရကို လုံးဝဆန့်ကျင်သူ တယောက်ဖြစ်ပါတယ်။ ဆန့်ကျင်ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မက ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားပြီး အာဏာရှင်စနစ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ၊ ပြောဆို၊ ရေးသား၊ စည်းရုံး၊ ကိုးကွယ်၊ တင်မြှောက်၊ ဖြုတ်ချ၊ အစားထိုး ပိုင်ခွင့်တွေကို ပိတ်ပင်ထားခြင်း၊ Social Security ခေါ် လူမှုရေးလုံခြုံမှု လို့ခေါ်တဲ့ ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ရေး (စားဝတ်နေရေး)၊ ပညာရေး၊ ကျန်းမာရေးတွေကို အစိုးရက ဘာတခုမှ အာမခံချက် လုံခြုံမှုမပေး၊ မဖြေရှင်းပေးနိုင်ခြင်းတွေအတွက် အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန့်ကျင်တာ ဖြစ်ပါတယ်။ လူတိုင်းမှာ တခုခုကို ကြိုက်ပိုင်ခွင့် မကြိုက်ပိုင်ခွင့်လည်း ရှိပြီး ကြိုက်ခြင်းမကြိုက်ခြင်းကို ဖွင့်ဟပိုင်ခွင့် Freedom of Expression လည်း ရှိပါတယ်။ ကျွန်မလည်း ကျွန်မယုံကြည်တာကို ကျွန်မ ပြောမှာ ဖြစ်တဲ့အတွက် ဘလော့ဂ်တွေမှာ သူများတွေက Freedom of speech, Freedom of expression တွေကို လွတ်လပ်စွာ အသုံးပြုပြီး ပြောနေကြ ဆန္ဒဖေါ်ပြနေကြတာနဲ့ ပတ်သက်ပြီးဘာမှ စောတက တက်စရာအကြောင်း မရှိပါဘူး။ သို့ပေမဲ့လည်း ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီလို့ ပြောနေကြတာကိုတော့ ရေငုံနှုတ်ပိတ်နေနိုင်စွမ်း ကျွန်မမှာ မရှိပါဘူး။

စစ်အုပ်စုက ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီလို့ အယောင်ပြလိမ်လည်ပြီး ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ လုပ်နေတဲ့အကြာင်း သင်္ကြန် မတိုင်ခင်က ကျွန်မပို့စ်တွေမှာ ရေးသားဖေါ်ပြခဲ့တာ ရှိပါတယ်။ ယုတ်ရိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းတွေကို လွတ်လပ်စွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကျင့်သုံးပိုင်ခွင့်လို့ ထင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုမူနေကြသူတွေ အများကြီး ရှိတာကိုလည်း တွေ့ရပါတယ်။ ၀မ်းနည်းစရာ ကောင်းတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို တလွဲနားလည်နေသူများထဲမှာ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ဆိုပြီး အကြာင်းပြနေသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ ဒေါက်တာလွမ်းဆွေ ဘလော့ဂ်မှာ တင်ထားတဲ့ ပို့စ်ထဲက မှတ်ချက်တွေအထဲမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ အခုလို အကြမ်းဖက်တာကို တခုတည်း တမျိုးစားတည်း သတ်မှတ်ပြီး ပြောထားတာကိုလည်း တွေ့ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ အဲသည်လို သူရဲဘောကြောင်ပြီး အရပ်သားတွေကြားထဲမှာ ဗုံးသွားဖေါက်တဲ့ လုပ်ရပ်ကို ခေါ်တယ်လို့ ပြည်သူလူထုကို message ပေးသလို ဖြစ်နေပါတယ်။ ဒါကို ပြောသူတွေကပဲ ထင်တာက အကြောင်းမဟုတ်ပေမဲ့ ဒီလိုပြောလိုက်တာကို အကြောင်းပြုပြီး သူတို့လုပ်နေတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ဒီလိုလူမဆန်တဲ့ အကြမ်းဖက်နည်းကို ပြောတာကိုးလို့ အချိန်ပေးပြီး လေ့လာဖို့ အခြေအနေမပေးလို့ ဒီမိုကရေစီကို နားမလည်သူတွေ ထင်သွားမှာကို ကျွန်မ အထူး စိုးရိမ်မိပါတယ်။

ဒီမိုကရေစီကို တန်ဖိုးထား မြတ်နိုးတဲ့ ကျွန်မ အနေနဲ့ ဒီမိုကရေစီကို ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်တွေနဲ့ ရောထွေးပြီး အထင်ခံရတဲ့ အဖြစ်မျိုးကို လုံးဝအဖြစ်မခံနိုင်ပါဘူး။ အကြမ်းဖက်ခြင်းဟာ ဒီမိုကရေစီမဟုတ်ပါ။ ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုတွေတွေကို အဆင်ပြေအောင် ဖြေရှင်းတဲ့ ယဉ်ကျေးသိမ်မွေ့ပြီး စည်းကမ်းရှိတဲ့ စနစ်သာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မတူကွဲပြားနေပါစေ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီမိုကရေစီဆိုတာ တဘက်သတ် အပြစ်တင်ရှုပ်ချ စွပ်စွဲပြောဆို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အကြမ်းဖက်မှု တခုမှ မဟုတ်ပါဘူး။ မတူတာကို အတင်းတူအောင် လိုက်လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ မတူတာကို ထပ်တူကျအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို အဲဒီလို လုပ်ဖို့လည်း မလိုအပ်ပါဘူး။ အားလုံး သဟဇာတဖြစ်အာင် အပြန်အလှန် အသိအမှတ်ပြု လေးစားမှုနဲ့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ပြဿနာ ဖြေရှင်းခြင်းသာ ဖြစ်ပါတယ်။ စည်းကမ်းမရှိ၊ အပြန်အလှန် လေးစားမှု မရှိဘဲနဲ့ ဒီမိုကရေစီကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရမယ်၊ စည်းကမ်းရှိကြပါလို့ သူ့မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ပြောထားတာ ရှိပါတယ်။

ဒီမိုကရေစီမှာ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ စည်းကမ်းရှိစွာနဲ့ မိမိဆန္ဒကို လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြောဆိုပြသပိုင်ခွင့်ပဲ ရှိပါတယ်။ ဒီလိုဖေါ်ပြတာကို လက်ခံသူက ထောက်ခံနိုင်ပြီး လက်မခံသူကလည်း လက်မခံတဲ့အတိုင်း ငြိမ်းချမ်းစွာ ပြန်လည် ချေပတုန့်ပြန်ပိုင်ခွင့်ရှိပါတယ်။၊ အခုလို ဗုံးခွဲပြီး အကြမ်းဖက်ပိုင်ခွင့်တော့ လုံးဝ မရှိပါဘူး။ ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသမှာကို အာဏာရှင်တွေက သေမလောက်အောင် ကြောက်ပြီး အခုလို အကြမ်းဖက်တာမျိုးကိုကျတော့ အာဏာရှင်တွေက သူတို့ ဆင်ထားတဲ့ အကွက်ထဲ ခန့်ခန့်ကြီး ၀င်လာတာ ဖြစ်လို့ သိပ်ကို ပျော်မှာ ဖြစ်တယ်။ ငါတို့ ငါးစာချိတ်ထားတဲ့ ငါးမျှားချိတ်ကိုတော့ ငါးတွေ လာဆွဲနေပြီဆိုပြီး ပျော်လို့ပြုံလို့မဆုံး ဖြစ်နေလောက်ပြီ။ ဒီမိုကရေစီ လိုလားသူတွေက ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုပြီး လုပ်ချင်ရာလုပ်၊ ပြောချင်ရာ ပြောတာဟာ ဒီမိုကရေစီကို ပျက်စီးအောင်လုပ်ရာ ရောက်သလို အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ရာလည်း ရောက်နေလို့ တကယ်ဆင်ခြင်သင့်တာကို ဆင်ခြင်ဖို့ ဒီမိုကရေစီ လိုလားသူတွေကို ကျွန်မတိုက်တွန်းချင်ပါတယ်။

ဗုံးဖေါက်ခဲ့တဲ့ ကိစ္စမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်တန်ဖိုးထားသူ စစ်စစ်တွေက ပြည်သူလူထု နစ်နာ၊ မိမိကိုယ်တိုင် နာမည်အပျက်ခံပြီး ဒီလို အရပ်သားတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေတဲ့နေရာမျိုးမှာ ဗုံးဖေါက်တဲ့ အလုပ်မျိုးကို ဘယ်တော့မှ လုပ်မယ်မထင်ဘူး။ ဒီကိစ္စမှာ အစိုးရမှာပဲ အကျိုးအမြတ် ရှိပြီး အစိုးရဆန့်ကျင်သူတွေမှာ ဘာအကျိုးအမြတ်မှ မရှိတဲ့အတွက် စစ်အုပ်စု အကျိုးအမြတ်အတွက်တော့ အစိုးရဆန့်ကျင်သူတွေ ဘယ်တော့မှ လုပ်ဖို့မရှိနိုင်ဘူး။ တပ်မတော်ဟာ တိုင်းပြည် မတည်မငြိမ် ဖြစ်နေတာကို မကြည့်ရက် မရှုရက်ဘဲ ပြိုကွဲမှာစိုးလို့ မလွဲသာမရှောင်သာ အာဏာကို ထိန်းထားရတယ် ဥပမာ အခုလို အဖြစ်မျိုးကို ကြည့်ရင် သိနိုင်တယ်ဆိုပြီး စစ်တပ်မှာ အာဏာကို ဆက်ထိန်းထားဖို့အတွက် အကြောင်းပြစရာ အကျိုးအမြတ်ရသွားအောင် ဗုံးဖေါက်ခွဲသူတွေက ဖန်တီးပေးလိုက်ပါတယ်။

ဒီဗုံးဖေါက်ခွဲသူတွေက စစ်တပ်ကို အရေးပါအောင် ဒီလို စည်းကမ်းမရှိတာတွေ ဖြစ်နေလို့ မြန်မာပြည်မှာ စစ်တပ်အုပ်ချုပ်ရေး မရှိမဖြစ်လိုအပ်တယ် ဆိုတဲ့ အသွင်မျိုး ဖြစ်အောင် တွန်းပို့ပေးရာ ရောက်သွားပါတယ်။ သေဆုံးသူတွေထဲမှာ တချို့တွေ ပြောနေသလို အာဏာရှင် အသိုင်းအ၀ိုင်းက ပါသွားတယ် ဆိုရင်တောင်မှ ကျန်နေတဲ့ စစ်အုပ်စု အသိုင်းအ၀ိုင်းမှာ ဘာမှ ထိခိုက်နစ်နာသွားမှာ မဟုတ်ဘူး။ ပြည်သူလူထု ဒုက္ခရောက်သည်ဖြစ်စေ သူတို့အထဲက ဒုက္ခရောက်သည် ဖြစ်စေ၊ အာဏာ ဆက်လက်ဆုပ်ကိုင်နေသူတွေဟာ ဘယ်တော့မှ ဂရုစိုက်သူတွေ မဟုတ်ပါဘူး။ ပြဿနာတိုင်းမှာ ငါတို့ အာဏာ ထိန်းချုပ်ထားတဲ့ အချိန်မှာ ဖြစ်တော့ ငါတို့မှာ တာဝန်ရှိပါလားလို့လည်း ဘယ်တော့မှ တွေးကြတာမျိုးလည်း မရှိပါဘူး။ ဦးနှောက်ရှိတဲ့ အစိုးရဆန့်ကျင်သူတွေ အနေနဲ့ ဒီလို စစ်တပ်အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ အလုပ်မျိုးကို မိမိဘက်က လူထုအယုံအကြည် အပျက်ခံပြီး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ အာဏာရှင် အသိုင်းအ၀ိုင်းက ပါသွားလို့ ဆိုပြီး ပျော်နေသူတွကို ပြောချင်တာက သေရာမှာ ပါသွားတဲ့အထဲမှာ မိမိတို့ သေစေချင်နေသူတွေ ပါသွားလို့ မိမိဖါသာမိမိ Freedom of Expression အရ ပျော်စရာရှိရင် အေးအေးဆေးဆေး ပျော်ကြပါ၊ ဒါပေမဲ့ ဒီလို အကြမ်းဖက်မှုမျိုးကိုတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်ရမယ့် လုပ်ရပ်တခုလို့ ဆွဲမထည့်ပါနဲ့လို့ သတိပေးချင်ပါတယ်။ ဘယ်သူမဆို သူ့ကုသိုလ်နဲ့ သူသွားပါတယ်။ သူများ သေကြေပျက်စီးတာကို ပျော်တဲ့သူဟာ ဗုဒ္ဓဘာသာအရ သူများရသွားတဲ့ အကုသိုလ်ကို နေရင်းထိုင်ရင်း သွားပြီးမျှဝေယူကြခြင်းသာ ဖြစ်လို့ ဘယ်လောက်ပဲပျော်ပျော် ကိုယ့်ဘက်က အရှုံးသက်သက်ပဲ ဆိုတာလည်း သိသင့်ပါတယ်။


ကျွန်မ အနေနဲ့တော့ ဗုံးဖေါက်ခွဲတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို ဘယ်သူပဲလုပ်လုပ်၊ ထိခိုက်ဒါဏ်ရာရ သေဆုံးသူတွေအထဲမှာ ဘယ်သူပဲ ပါပါ ဥပမာ ဗိုလ်သန်းရွှေကိုယ်တိုင် ပါသွားရင်တောင်မှ ဒီကိစ္စကို လုပ်တဲ့သူကို ကျွန်မ လုံးဝဆန့်ကျင်တယ်။ ဒီမိုကရေစီကို အခြေခံ အုတ်မြစ်မချနိုင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေသေသွားလည်း ဗိုလ်သန်းရွှေထက် ဆိုးတဲ့ အာဏာရှင်က ဆက်ရှိနေမှာပဲ ဖြစ်တယ်။ ထပ်ပြီး ဥပမာ ပေးရရင် ဒီကစ္စကို လုပ်တဲ့သူဟာ ကျွန်မအစ်ကို၊ ကျွန်မအဖေ (သို့) အဖိုး ဖြစ်နေတာ မကလို့ ဒေါ်အောင်ဆန်းစုကြည်က လုပ်ခိုင်းလို့ ဒါမှမဟုတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက သေရာက ပြန်လာပြီး လာလုပ်ခိုင်းလို့ လုပ်ရတယ် ဆိုရင်တောင်မှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ဒီလုပ်ရပ်ကို ကျွန်မလက်မခံနိုင်ဘူး။ မှန်မမှန်ကို ကျွန်မတိုင်းတာတဲ့ စံက ဘုရားဟောတဲ့ ဓမ္မနဲ့ အဓမ္မပဲဖြစ်တယ်။ နိုင်ငံရေး ခံယူချက်နဲ့ ပတ်သက်တဲ့ စံကတော့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေမှာ ပါရှိတဲ့ စံတွေပဲ ဖြစ်ပါတယ်။ ဘယ်သူပြောတာကို ထောက်ခံလို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ လမ်းလွဲသွားတဲ့ အယူအဆတွေဘက်ကို လိုက်သွားရတာမျိုး အဖြစ်ခံမှာမဟုတ်ပါဘူး။

ဒီမိုကရေစီနည်းမကျဘဲနဲ့ ဒီမိုကရေစီနည်းကျလို့ ပြောနေတာကိုလည်း ဘယ်သူပဲ ပြောပြော လက်ခံမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေထဲက ဒါမျိုး လုပ်ခဲ့သည် ရှိသော် မှားယွင်းတဲ့ လုပ်ရပ်၊ စစ်အုပ်စု ပျော်အောင် အခွင့်ကောင်းရအောင် လုပ်တဲ့လုပ်ရပ်၊ စစ်အုပ်စု သက်ဆိုးရှည်အောင် ဖန်တီးပေးတဲ့ လုပ်ရပ်ပဲ ဖြစ်လို့ လုပ်တဲ့အဖွဲ့ကို ကျန်တဲ့အဖွဲ့တွေက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုပါတယ်။ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုကို မပေးမိအောင် အကြမ်းဖက်ခြင်းဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သဘောသဘာဝတွေကို ပြည်သူလူထုအတွင်း အမှန်အတိုင်း ပြန့်နှံ့အောင် လုပ်ဖို့ တကယ်ကို လိုအပ်နေကြောင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်နေသူ အားလုံးကို အကြံပြုပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လွဲမှားစွာ နားလည်ထားသူများ စစ်အုပ်စု ပြုတ်ကျတာကို တကယ်လိုလားရင် အရပ်သားကို အကြမ်းဖက်တဲ့နည်းနဲ့ မရနိုင်ဘူး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး သဘောသဘာဝတွေကို အမှန်တိုင်းသိအောင် လေ့လာပြီး လိုက်နာဖို့ကို ကျွန်မ တိုက်တွန်းပါတယ်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
(This article was posted on 19/04/10 at 12:43 and temporaryly situated it on top for some readers who haven't read it)

ဘလော့ဂ်တနှစ်ပြည့် ကျေးဇူးတင်လွှာ

မင်္ဂလာပါ။
ကျွန်မရဲ့ ဘလော့ဂ်ကို ပြီးခဲ့တဲ့နှစ် ဒီနေ့မှာ စဖွင့်ခဲ့တဲ့အချိန်ကစပြီး အခုဆိုရင် တနှစ်တိတိ ပြည့်ခဲ့ပါပြီ။ ဘလော့ဂ်စရေးတဲ့နေ့ကို လွယ်လွယ်ကူကူ မှတ်မိနေစေရန် ရည်ရွယ်ပြီး ကျွန်မတို့ သြစကြးလျားနိုင်ငံ ဆစ်ဒနီမြို့ကို စရောက်တဲ့ ရှစ်နှစ်မြာက်နေ့မှာ Cookatoo ဆိုတဲ့ သြစကြေးလျားငှက် တမျိုးအကြောင်းနဲ့ ဒီဘလော့၈်လေးကို စတင်ခဲ့ပါတယ်။ ဒီပို့စ်နဲ့ စရခြင်းအကြောင်းရင်းကတော့ ကျွန်မဟာ ဇီဝသိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်ကို သိပ်စိတ်ဝင်စားပြီး အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ပိုင်း ဆက်လက်လေ့လာဖို့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်။ တကယ်တမ်းကျတော့ တနှစ်သာ ပြည့်သွားတယ် လေ့လာထားတဲ့ အချက်အလက်တွေကိုတောင် ကုန်အောင် မရေးဖြစ်ခဲ့ဘူး။ ဒုတိယပို့စ်ဖြစ်တဲ့ အနိုင်မခံ နဲ့ ပတ်သက်တဲ့ ပို့စ်တွေကိုကျတော့ ဆက်ရေးဖြစ်လို့ ကျွန်မဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လို့ အမည်ပေးထားတဲ့သူတွေ အများကြီး ရှိပါတယ်။ အမှန်က ကျွန်မဘလော့ဂ်ဟာ ဘ၀ဖြတ်သန်းမှုနဲ့ အသိတွေကို မျှဝေထားတဲ့၊ တခြားက မှတ်သားစရာတွေ တွေ့ရင်လည်း ကိုယ်တိုင် ပြန်ဖတ်ဖို့ စုဆောင်းထားတဲ့ အထွေထွေ ဘလော့ဂ် တခုသာ ဖြစ်ပါတယ်။ ဘလော့ဂ်ကို အခုထိ ဆက်ရေးနေနိုင်အောင် လာရောက်အားပေးကြတဲ့ ဘလော့ဂ်မိတ်ဆွေများနဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ တယောက်ချင်းစီကို ကျေးဇူးစကား လိုက်ဆိုဖို့ မဖြစ်နိုင်လို့ ပထမဦးဆုံးပို့စ်နှစ်ခုမှာ မှတ်ချက်လာရေးပေးပြီး အားပေးသွားခဲ့တဲ့ သူများအားလုံးကို အစဦး အားပေးသူများအနေဖြင့် မှတ်တမ်းတင်ရင်း ဘလော့ဂ်နဲ့ ဆက်စပ်ပတ်သက်သူ တသီးပုဂ္ဂလ ကျေးဇူးတင်ထိုက်သူ အားလုံးကို ဆက်လက် အသိအမှတ်ပြု ကျေးဇူးတင်စကား ဆိုပါရစေ။


ပထမဦးဆုံးအနေနဲ့ ပထမဦးဆုံး ပို့စ်နှစ်ခုမှာ လာရောက် မှတ်ချက်ပေးကာ အားပေးသွားတဲ့ ဘလော့ဂါများ ဖြစ်ကြတဲ့ Tune, မခင်ဦးမေကိုဒူကဘာကိုအောင်သာငယ်၊ Heartmuseum, လူလ၊ ကို July Dream, ကိုပေါ၊Rita, ဒေါက်တာတင့်ဆွေ မသက်ဇင်၊ မောင်ဖုန်းမြင့်မအယ် (ဂျူနို)၊ ကိုလူထွေး၊ ဆရာမမေငြိမ်းP.Ti, မဆုမွန်AATO, ကိုဧရာ+မသီတာမသက်ဝေ၊ ဆရာမနုသွဲ့၊MrDBA, ကို Andy Myint, ကိုဇော် (ခြေလှမ်းသစ်)၊ kiki, ကိုဆောင်းယွန်းလမမသီရိ၊ ကိုကြယ်ကလေးလင်းကြယ်ဖြူ၊ ကိုအိုးဝေအောင်၊ ကိုအောင် (ပျူနိုင်ငံ)၊ ကိုသက်ဦး၊ မခင်မင်းဇော်ကိုချန်းလင်းနေ၊ ကောင်းကင်ကိုသီဟသစ် စသည့် ဘလော့ဂ်မောင်နှမများနှင့် ဘလော့ဂါမဟုတ်သူများဖြစ်တဲ့ မmie mie, နဒီမိုးညို၊ Sin dan Lar, နေခြည်၊ ယဉ်သူ၊ မေဇင်၊ တို့အားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ဒီအစ်ကိုတွေအစ်မတွေ မောင်တွေ ညီမတွေရဲ့ စတင်အားပေးရာကနေ အဲဒီမောင်နှမတွေကတဆင့် တခြားဘလော့ဂါတွေဆီ ပြန်ရာက်သွားပြီး အားပေးသူတွေ ဆက်လက်များပြားလာလို့ ကျွန်မ ဘယ်လောက်ဘဲ အလုပ်များများ ဘလော့၈်ကို အခုထိ ဆက်ရေးနိုင်ခဲ့ပါတယ်။

ကျွန်မဘလော့ဂ်မှာ စာလာဖတ်ကြပြီး ဘလော့ဂ်ထဲမှာ တခါမှ နှုတ်မဆက်၊ မှတ်ချက်မရေးပေမဲ့ ကျွန်မဆီကို မေးလ်နဲ့ပို့ပြီး အားပေးကြတဲ့ စာဖတ်သူတချို့ကိုလည်း ဒီနေရာမှာ မှတ်တမ်းတင်ပြီး ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ကျွန်မဘလော့ဂ်ကို စဖွင့်တဲ့နေ့ကနေ ဒီနေ့အထိ လာလည်သူအားလုံး၊ ကျွန်မရဲ့ ပို့စ်ရှည်ရှည်ကြီးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပြီး မှတ်ချက်ပေးသွားသူများ၊ မှတ်ချက်မပေးပေမဲ့လည်း လာလည်သွားကြတဲ့ ဘလော့ဂါ စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ သီးသန့် တသီးပုဂ္ဂလအနေနဲ့ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးဆိုပါရစေ။

မကေဘလော့ဂ်မှာ ကိုမင်းကိုနိုင်ရဲ့နောက်ကြည့်မှန်ကို ကြော်ငြာတုန်းက အဲဒီစာအုပ်ကို သြစကြေးလျားကနေ ဘယ်လိုမှာလို့ရနိုင်လဲဆိုတာ မေးခွန်းမေးထားတဲ့ ကျွန်မ မှတ်ချက်ကို တွေ့ပြီး ကျွန်မဆီကို ကျွန်မဘလော့ဂ်ကို အမြဲလာဖတ်နေသူတယောက် ဖြစ်ကြောင်း မိတ်ဆက်ပြီး စာအုပ်လက်ဆောင်ပေးပါရစေလို့ လိပ်စာ ရအောင်တောင်းပြီး ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ကို လက်ဆောင်ပို့ပေးလာတဲ့ စင်္ကာပူက ညီမလေးတဦးကို အမှတ်ရနေပြီး ကျွန်မ ကျေးဇူးတင်ပါတယ်။ စာဖတ်သူဆီက ရတဲ့လက်ဆောင်ဟာ ကျွန်မလေးစားဆုံးသူတဦးရေးတဲ့ စာအုပ်ဖြစ်နေလို့ အမြဲတမ်း အမှတ်တရ ရှိနေမှာ ဖြစ်ပါတယ်။




ကျွန်မဘလော့ဂ်ကို စဖွင့်ပြီးနောက်ပိုင်း သူ့ဘလော့ဂ်ကို လာလည်နေတဲ့သူတွေ သိအောင် ဘလော့ဂ်မှာ ပို့စ်တခုသီးသန့်တင်ပြီး ကြော်ငြာပေးတဲ့ အစ်ကိုအောင်သာငယ်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မဘလော့ဂ်ကို နည်းပညာအရ ဘလော့ဂ်စဖွင့်ပြီး တပတ်ကျော်ခန့်ကစပြီး ဘလော့ဂ်မှာ နည်းပညာအတွက် လိုအပ်တာတွေကို အခုထိ ဖြည့်ဆည်းပေးနေတဲ့ မောင်လေး မိုးသွေးငယ် ခေါ် ကိုလတ်နဲ့ ကိုလတ် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းခန့်ကစပြီး နည်းပညာ အကူအညီလာပေးနေတဲ့ မောင်လေး ကိုဒီရေတို့ကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်က ဒီဇိုင်းတခုလုံးကို ကိုလတ်က စလုပ်ထားပေးပြီး ကိုဒီရေနဲ့ ကိုလတ်နဲ့ နှစ်ယောက်စလုံး လိုအပ်တာကို အမြဲတမ်း ၀င်ဖြည့်ပေးထားပါတယ်။ ကျွန်မ ကွန်ပြူတာ skill သိပ်နည်းလို့ ဘယ်နေရာကို သွားပြီး ဘာကိုသွား ဘာကို Click လိုက်ပါလို့ ပြောတဲ့အတိုင်း တခါမှ လိုက်လုပ်လို့ အဆင်မပြေတတ်ဘူး။ ပုံပါတဲ့ ပို့စ်အသစ်တင်တဲ့အခါတိုင်း Error ဖြစ်ကာ Publish လုပ်လို့မရတာတွေ မကြာခဏ ကြုံရလို့ ဖြစ်စေ၊ Publish လုပ်လို့ ရပေမဲ့လည်း ဓါတ်ပုံတွေ၊ ဗွီဒယိုတွေ အထားအသို၊ အရွယ်အစား နေရာမကျလို့ဖြစ်စေ အခုထိ ကိုလတ်နဲ့ ကိုဒီရေက အမြဲဝင်ပြင်ပေးနေတုန်းပဲ ဖြစ်တယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ကိုလတ်နဲ့ ကိုဒီရေ မအားတဲ့အချိန်တွေမှာ အလျဉ်းသင့်ရင် သင့်သလို လှမ်းမေးပြီး အကူအညီတောင်းရတဲ့ တချို့ဘလော့ဂ်မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။


ဘလော့ဂ်မှာ C-Box ဖွင့်နည်းနဲ့ C-Box ကို ဘယ်လို အကျဉ်းအကျယ် စာလုံးအနည်းအများ လိုသလို ဘယ်လိုလုပ်တယ်ဆိုတာ ပြောပြတဲ့ ကိုဆောင်းယွန်းလကို ကျေးဇူးတင်ပါတယ်။

ဓါတ်ပုံတွေနဲ့ ဗွီဒယိုတွေကို ဘယ်လို Upload လုပ်ရတယ်ဆိုတာနဲ့ စာသားရိုက်ပြီး Link ဘယ်လို သွင်းတယ်ဆိုတာ ပြောပြပေးတဲ့ ဆရာတော် ဦးကောဝိဒ (မြိတ်) ကို ကျေးဇူးတင်ပါတယ်။ (ဘုန်းကြီးကို ကျေးဇူးတင်လို့မရဘူးလို့ ကြားဖူးတယ် ဒါပေမဲ့ အခုကိစ္စမှာ ကျေးဇူးတင်တာတော့ အမှန်ပဲ ဒီတော့ ဘယ်လိုပြောရတယ်ဆိုတာ အကြံပြုချင်သူများ အကြံပြုလို့ ရပါတယ်။ ပေါက်ဆိန်ပေါက်၊ ပေါက်တူးပေါက် ခဲနဲ့ပစ်ပေါက်သလို မပြောရင် လက်ခံပါတယ်)

ဘလော့ဂ်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပို့စ်တွေ တင်ကတည်းကစပြီး အနှောင့်အယှက်ဝင်တာ အခုထိပါဘဲ။ C-Box တွေမှာ လာဆဲလိုက် ယုတ်ယုတ်ရိုင်းရိုင်း လာပြောလိုက်လုပ်ကြတဲ့သူတွေရဲ့ IP ကိုစစ်ဆေးပုံနဲ့ C-Box ထဲက အမှိုက်တွေကို ဘယ်လိုရှင်းရတယ်၊ ဘန်းချင်ရင် ဘယ်လိုဘန်းရတယ်ဆိုတာ ပြောပြတဲ့ မောင်လေး စောကျော်ခွိကိုကျေးဇူးတင်ပါတယ်။

ကျွန်မကို ဘလော့ဂ်ဖွင့်ပေးမယ်လို့ ပြောပြီး ဘလော့ရေးဖို့ တိုက်တွန်းခဲ့သလို ဘလောဂ် ဘလော့ဂ်စတင်ဖွင့်ဖြစ်အောင် အားပေးကူညီ တိုက်တွန်းခဲ့ကြသူတွေ ဖြစ်တဲ့ အခုချိန်မှာ ဘလော့ဂ်ဆက်မရေးတော့တဲ့ မသက်ဇင်နဲ့ မောင်လေးဝင်းဇော်တို့ကို ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်ကို ကျွန်မအကြမ်းစဖွင့်တာ မောင်လေး ၀င်းဇော်ပို့ပေးတဲ့ တမျက်နှာစာ ဘလော့ဂ်လုပ်နည်း အတိုချုပ်လေးအတိုင်း အကြမ်းဖွင့်ခဲ့တာကို မောင်လေး မိုးသွေးငယ်က အချောဖြစ်အောင် လိုအပ်တာကို ထည့်ပေးပြီး ရုပ်လုံးပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အရင်က ဘလော့ဂ်ဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘလော့ဂ်တွေကိုပဲ ကျွန်မ ဖတ်လေ့ရှိပေမဲ့ မသက်ဇင်နဲ့ မောင်လေးဝင်းဇော်တို့နှစ်ဦးရဲ့ ဘလော့ဂ်တွေကို ရောက်ပြီးနောက်ပိုင်း မှ ကျွန်မ တခြားနိုင်ငံရေးနဲ့ မဆိုင်တဲ့ ဘလော့ဂ်တွေကိုလည်း ဖတ်ဖြစ်သွားပါတယ်။ မသက်ဇင်နဲ့ မောင်လေး ၀င်းဇော် နှစ်ယောက်စလုံးက စာရေးကောင်းကြတဲ့သူတွေ ဖြစ်လို့ ဖြစ်နိုင်ရင် ဒီနှစ်ယောက်ကို ဘလော့ဂ်ပြန်ရေးကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

ကျွန်မ ကိုယ်ပိုင်ဘလော့ဂ် မရေးခင်က Public Health in Myanmar မှာ ကျွန်မလုပ်ခဲ့တဲ့ Assignment တွေက ကောက်နှုတ်ချက်လေးတွေကို ပြန်လည်ဝေမျှခွင့် ရခဲ့လို့ ဘလော့ဂ်မှာ ပို့စ်တင်ခြင်းအပါအ၀င် ဘလော့ဂ်ရဲ့ သဘောသဘာဝတွေကို အနည်းငယ် နားလည်ခဲ့ပါတယ်။ အဲဒီက အခြေခံတွေက ကျွန်မ ကိုယ်ပိုင်ဘလော့ဂ်မှာ အသုံးဝင်ခဲ့ပါတယ်။ Public Health in Myanmar မှာ စာရေးဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့ပြီး ကျွန်မတင်တဲ့ ပို့စ်တွေကို Layout လုပ်ပေးရင်းနဲ့ မြန်မာစာ စာလုံးပေါင်းမှားတာကအစ ကျွန်မ အင်္ဂလိပ်လိုပဲ သိတဲ့ ဆေးအခေါ်အဝေါ် တချို့ကို မြန်မာလို လိုက်ဖြည့်စွက် ထည့်ပေးခဲ့တဲ့ Public Health in Myanmar က ဒေါက်တာ စိုးထက်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မ ပထမဦးဆုံး ဖတ်ဖူးတဲ့ ဘလော့ဂ်ဆိုတာ Education for Myanmar Youth ဖြစ်ပြီး အဲဒီကတဆင့် ဆရာမမေငြိမ်းဘလော့ဂ်၊ ဆရာမမေငြိမ်း ဘလော့ဂ်ကတဆင့် လင်းလက်ကြယ်စင်နဲ့ ဆရာယောဟန်အောင်ဘလော့ဂ်တို့ကို ရောက်ခဲ့ပါတယ်။ ဆရာမမေငြိမ်း၊ လင်းလက်ကြယ်စင်၊ ဆရာယောဟန်အောင်တို့ရဲ့ ဘလော့ဂ်တွေကို စတင်ဖတ်ဖူးပြီး ဘလော့ဂ်ရဲ့ သဘောသဘာဝတွေကို နားလည်ခဲ့လို့ သူတို့သုံးယောက်နဲ့ Education for Myanmar Youth ကို အဲဒီချိန်တုန်းက စီမံခန့်ခွဲနေတဲ့ ဂျစ်တူး တို့ကို ကျွန်မရဲ့ လက်ဦးဆရာ မြင်ဆရာတွေလို့ သဘောထားပြီး ဂါရ၀ပြုပါတယ်။ ဒီဘလော့ဂ်တွေကမှတဆင့် ကျွန်မ တခြားဘလော့ဂ်တွေကို ရောက်ခဲ့ပါတယ်။

Education for Myanmar Youth ဘလော့ဂ် နဲ့ ဆရာမမေငြိမ်းရဲ့ ဘလော့ဂ်လိပ်စာကို ကျွန်မကို ပို့ပေးခဲ့သူ ဘလော့ဂါမဟုတ်တဲ့ ကိုနီသွေးကို ကျေးဇူးတင်ပါတယ်။ ကိုနီသွေးပို့ပေးလို့သာ ကျွန်မ ဘလော့ဂ်ဆိုတာကို စတင်တွေ့ဖူတာ ဖြစ်လို့ သူကဘလော့ဂ်နဲ့ ပတ်သက်လာရင် ကျွန်မရဲ့ ပထမဦးဆုံး ကျေးဇူးရှင်လို့ ပြောလို့ရပါတယ်။ ဒါအပြင် အခုဘလော့ဂ်ကို ရေးနေတဲ့ ဇော်ဂျီ Font ကို ကျွန်မကွန်ပြူတာထဲ ရောက်အောင် ကိုနီသွေးကပဲ အကူအညီပေးခဲ့လို့ အရင်က Win-Burmese ကိုပဲ ရိုက်လို့တတ်တဲ့ ကျွန်မဟာ ကိုနီသွေး ကျေးဇူးကြောင့် အခုလို ဇော်ဂျီ Font ကို ကောင်းကောင်း အသုံးပြုနိုင်ခဲ့ပါတယ်။ ကိုနီသွေးက ကျွန်မရဲ့ အွန်လိုင်းပေါ်မှာ တွေ့ဖူးတဲ့ ပထမဦးဆုံး မိတ်ဆွေလည်း ဖြစ်ပြီး အင်တာနက်ကို ဘလော့ဂ်ရေးတဲ့အထိ အသုံးပြုလို့တတ်တာ သူ့ကျေးဇူးတွေအများကြီး ပါပါတယ်။ အရင်ကဆို အင်တာနက်ကို ကျောင်းစာကလွဲရင် ရေဒီယိုနားထောင်တာနဲ့ သတင်းဖတ်တာပဲ လုပ်ပါတယ်။ ကိုနီသွေးရေးတဲ့ ဗေဒါဇွဲ ဆိုတဲ့ ကဗျာလေးတပုဒ်ကို ကျွန်မဘလော့ဂ်မှာ တင်ထားတာရှိပါတယ်။

နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမည့်သူကတော့ ကျွန်မကို ဘလော့ဂ်ရေးလို့ တခါတလေ ခနဲ့တဲ့တဲ့ ပြောတတ်ပေမဲ့ တချို့ဘလော့ဂ်တွေကို သူကိုယ်တိုင် နှစ်ခြိုက်စွာ ဖတ်နေတတ်ပြီး ကျွန်မကို မလိုလားသူတွေက ဘယ်လိုပဲ တိုက်ခိုက်စော်ကားလာပါစေ ဘလော့ဂ်ရေးခွင့် ပေးထားတဲ့ အိမ်က ကျေးဇူးအကြီးမားဆုံး ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်။

တနှစ်အတွင်း လာလည်သွားတဲ့ 55053 ယောက်နဲ့ Hit Counter မှ 79451 ကြိမ် ၀င်လာသူအားလုံး ရွှင်လန်းချမ်းမြ့ကြပါစေ။


ဘလော့ဂ် အကယ်ဒမီ (၂၀၁၀)

စည်းလုံးခြင်းရဲ့ အင်အား (ကိုဖိုးတရုတ်) နဲ့ မြစ်ကျိုးအင်း ဘလော့ဂ်နှစ်ခု ဘလော့ဂ် အကယ်ဒမီ ရကြတယ်ဆိုတာ ကြားသိပြီးနောက်ပိုင်း မဲဆန္ဒရှင် တယောက်အနေနှင့် ဒီနှစ်ရတဲ့ ဘလော့ဂ်အကယ်ဒမီအတွက် ဘယ်ဘလော့ဂ်တွေ ရကြတယ်ဆိုတာ သိချင်လို့ အကယ်ဒမီရတဲ့ ဘလော့ဂ် စာရင်းကို ကျွန်မ ရောက်ဖြစ်တဲ့ ဘလော့ဂ်တွေ ဘယ်ဘလော့ဂ်မှာများ တင်ထားလဲဆိုတာ လိုက်ကြည့်နေတာ ကြာပြီ။ ဘယ်မှာမှ မတွေ့ရဘဲ နောက်ဆုံး ချော့ကလက်မြို့တော်မှာ တင်ထားတာကို ဒီနေ့ပဲ တွေ့လိုက်ရလို့ ပြန်လည် ကူးယူပြီး ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ အရင်နှစ်က အကယ်ဒမီရတဲ့ ဘလော့ဂ် တ၀က်ကျော်က ကျွန်မ မဲပေးခဲ့တဲ့ ဘလော့ဂ်တွေ ဖြစ်ပေမဲ့ ဒီနှစ် အကယ်ဒမီ ရတဲ့ ဘလော့ဂ် ၁၀ ခုမှာ ကျွန်မ မဲပေးခဲ့တဲ့ ဘလော့ဂ် တခုပဲ ပါတာကို တွေ့ရပါတယ်။ တချို့ဘလော့ဂ်တွေဆို ကျွန်မ တခါမှကို မရောက်ဖူးဘူး။ ဘာပဲဖြစ်ဖြစ် သေနတ်ဖြင့် ခြိမ်းချောက်ခြင်း အပါအ၀င် တခြားဖိအားပေးမှုတွေနဲ့ ဒါကိုပဲ ပေးရမယ်လို့ ပေးခဲ့ရတဲ့ ရလဒ်မဟုတ်၊ မဲလိမ်ပြီး ရလာတဲ့ ရလဒ်မဟုတ် ဒီမိုကရေစီနည်းကျ မေးဆန္ဒရှင် အများစု ကြိုက်နှစ်သက် သဘောကျလို့ တရားမျှတစွာ ရလာတဲ့ ရလဒ် ဖြစ်လို့ ကျွန်မတို့ ဘလော့ဂ်လောကမှာ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျကျ ကျင့်သုံးခဲ့တာကို အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ အကယ်ဒမီရသည့် ဘလော့ဂ်အားလုံးရဲ့ အောင်မြင်မှုကို ၀မ်းသာစွာ ကြိုဆိုပါတယ်။

Contratulations all!!!!!!!!!!



သတ္တမနည်းပညာရပ်ဝန်း (www/technical.seven.com) နှင့် မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) တို့  စုစည်းစီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအသင်း (RSF) မှ ပေးအပ်ချီးမြှင့်သော ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။
အကောင်းဆုံး အထွေထွေ ဘလော့ဂါဆု။

Myanmar E-Books (http://burmesebooks.wordpress.com/)

အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂါဆု။

ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://blog.kopeter.com/)

အကောင်းဆုံး အစုအဖွဲ့  ဘလော့ဂါဆု။

ငပေါများဂေဟာ (http://www.crazyvilla.net)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာစာပေဘလော့ဂါဆု။

မြစ်ကျိုးအင်း (http://www.myitkyoeinn.com)

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂါဆု။

နင်းနဲ့ မာယာ (http://blog.mysterysnow.org/)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂါဆု။

မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net/)

အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့  ဘလော့ဂါဆု။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com/)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေ ဘလော့ဂါဆု။

စည်းလုံးခြင်းရဲ့  အင်အား (http://photayokeking.org/)

အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂါဆု။

သီတဂူစတား (http://www.sitagustar.net/)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂါဆု။

ညီနေမင်း (http://www.nyinaymin.com/)

ပထမအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၈)” တွင် ရရှိခဲ့သော ဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

(၁) အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog )

မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ် (http://soethuhein.iblogger.org/)

(၂) အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog )

မသက်ဇင် ဘလော့ဂ် http://www.mathetzin.com/

(၃) အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging )

ညီလင်းဆက် ဘလော့ဂ် http://blog.nyilynnseck.com/

(၄) အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog )

နစ်နေမန်း ဘလော့ဂ် http://www.niknayman-niknayman.blogspot.com/

(၅) အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog )

ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ် http://www.newskhitpyaing.co.cc/

(၆) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog )

ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ် http://tomorrowplan.blogspot.com/

(၇) အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog )

ဖွဲ့တည်ရာ မဂ္ဂဇင်း http://existencemgz.wordpress.com/

(၈) အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog )

မင်းဒင် ဘလော့ဂ် http://www.mindin.info/

(၉) အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog )

ကောင်းကင်ကို ဘလော့ဂ် http://kaungkinko.myanmarbloggers.org/

(၁၀) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog )

ကိုမိုးသီး ဘလော့ဂ် http://komoethee.blogspot.com/

(၁၁) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog )

နိုင်းနိုင်းစနေ ဘလော့ဂ် http://nineninesanay.blogspot.com/

source: http://www.niknayman-niknayman.co.cc/2010/03/blog-post_06.html

ချော့ကလက်မြို့တော် (ဤနေရာ) မှ ကူးယူဖေါ်ပြပါတယ်။

(Link တွေအကုန်လုံးကို ကျွန်မ လိုက်ထည့်ဖို့ ကြိုးစားပေမဲ့ ၂၀၀၉ ခု အကယ်ဒမီရတဲ့ ဘလော့ဂ် တချို့ကို ဖွင့်မရတော့တာကို တွေ့ရပါတယ်။)

မြန်မာ ဘလော့ဂ်လောက ဆက်လက်အောင်မြင်ပါစေ။

C-Box မှာ လာစော်ကား ခံရတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထား



ကျွန်မဘလော့ဂ်ကို လာလည်သူအားလုံးဟာ ကျွန်မရေးထားတဲ့စာ တခုမဟုတ်တခုကို ဖတ်သွားမှာ သေချာလို့ ကျွန်မပြောလိုတဲ့ အကြောင်းအရာ တခုခုကို ရသွားမှာမှာမို့ ကျွန်မကို ချစ်သူ၊ မုန်းသူမရွေး လာလည်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောကြားချင်ပါတယ်။ လာလည်သူတွေဆီက ရတဲ့ တုံ့ပြန်ပြန်မှု အပေါ်မှာလည်း ကျွန်မနဲ့ သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်မက တလေးတစား အမြဲတမ်း လက်ခံပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဆိုလိုချင်တာက ကျွန်မဟာ ကျွန်မနဲ့ သဘောထား အမြင်တူတဲ့သူကိုပဲ အရေးတယူ လုပ်ပြီး သဘောထား အမြင်မတူတဲ့ သူကို ရွံရှာမုန်းတီးသူ Close minded သမားမဟုတ်ဘဲ Open minded သမားသာ ဖြစ်တယ်ဆိုတာပါပဲ။ အုတ်တခုတည်းနဲ့ တိုက်ဆောက်လို့မရ သလို ဘိလပ်မြေ၊ သဲ စသည့် တခုတည်းနဲ့လည်း ဆောက်လို့ မဖြစ်နိုင်ပါဘူး။ လောကမှာ ရှိနေ၊ ဖြစ်နေတဲ့ အရာအားလုံးဟာ မတူကွဲပြားတဲ့ အစိတ်အပိုင်း တခုစီနဲ့ ပေါင်းစပ် ပါဝင်ဖွဲ့စည်းထားလို့သာ ရှိလာဖြစ်လာရတယ်ဆိုတာ လူတိုင်း သဘောပေါက်ကြပါလိမ့်မယ်။ ဒါကြောင့် တယောက်နဲ့တယောက် မတူကွဲပြားမှု သဘောထားကွဲလွဲမှုဆိုတာ ပေါင်းစပ်လို့ ရနိုင်တဲ့ အရာတွေသာ ဖြစ်တယ်လို့ ကျွန်မ သဘောထားပါတယ်။

သို့သော်လည်း ဘာသဘောထားမှလည်းမပါ ဘာကြောင့်မှန်းမသိ အတွေးအခေါ် အယူအဆမရှိ၊ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်သလို တမင်လာလုပ်နေသူများနဲ့ ဦးတည်ရာမရှိဘဲ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဘလော့ဂ်မှာ သူများနာမည်သုံးပြီး အမျိုးသမီးတယောက်ကို နှမချင်းမစာနာ လာရောက်ပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပုံတွေလာတင်၊ လိင်ပိုင်းဆိုင်ရာ ယုတ်ရိုင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော ပြောပြီး လာစော်ကားပြောဆိုတာကိုတော့ ခုနက အပေါ်မှာ ဆိုလိုတဲ့ သဘောထား ကွဲလွဲမှုနဲ့ ဘာမှ မသက်ဆိုင်တဲ့အတွက် ကျွန်မ လက်မခံနိုင်ဘူး။ ကျွန်မ အလုပ်များပြီး ဘလော့ဂ်အတွက် အချိန်ပေးနိုင်မှု အားနည်းသွားတဲ့အချိန်တွေမှာ ကျွန်မမရှိခင် လစ်ရင်လစ်သလို အယုတ်အမာ အရိုင်းအစိုင်း စကားလုံးတွေ ရင့်ရင့်သီးသီး သုံးပြီး ၀င်လာရေးသွားတာတွေကို မကြာခဏ ဖျက်ပစ်နေရပါတယ်။ ကျွန်မ မဖျက်ခင် ဘလော့ဂ်ကို လာလည်သူတွေ တွေ့သွားလို့ စိတ်အနှောင့်အယှက် ဖြစ်ပြီး ပြန်သွားရသူတွေ ရှိရင်လည်း ကျွန်မတောင်းပန်ပါတယ်။ ကျွန်မအနေနဲ့ လာရေးသူတွေကို ပြောလိုတာက ဒီလိုယုတ်မာရိုင်းစိုင်းတဲ့ စကားတွေက သူရဲဘောကြောင်တဲ့ အမျိုးသားတွေအတွက် အမျိုးသမီးတယောက်ရဲ့ စိတ်ဓါတ်ရေးရာကို အနိုင်ယူရာမှာ အသုံးပြုတဲ့ လက်နက်ကောင်းတွေလို့ ယူဆပြီး အသုံးပြုတာ ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ပေးသူ ပေးတာကို ယူသူက လက်ခံမှသာ အကျိုးသက်ရောက်မှုဆိုတာ ရှိမှာ ဖြစ်ပြီး ဒီအယုတ်မာ စကားတွေကို ကျွန်မ လက်မခံတဲ့အတွက် ကျွန်မ ရင်ထဲရောက်မသွားဘူး၊ ရင်ထဲမရေက်တော့ ဒေါသဖြစ်ပြီး အမုန်းပွားစရာအကြောင်းလည်း မရှိပါဘူး။ ကျွန်မကို ဒေါသဖြစ်စေချင်လို့ ခံရခက်စေချင်လို့ ဒီမိန်းမတော့ ငါဒီလို ယုတ်ယုတ်မာမာတွေ ရေးထားတာကို ဖတ်လိုက်ရရင် ဒေါသဖြစ်ပြီး ရှက်ပြီး လဲသေလိမ့်မယ် ထင်နေရင်တော့ ထင်တာနဲ့ တခြားစီ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။ အမှန်က လာရေးသူတွေဟာ ဘယ်လောက် အောက်တန်းကျပြီး ခွေးနဲ့တောင် နှိုင်းလို့မရလောက်အောင် ယုတ်မာအောက်တန်းကျတာကို အများသိစေချင်လို့ မဖျက်ဘဲတောင် ထားချင်ခဲ့တယ်။ ဖျက်ပစ်ရတာက ဆက်ထားရင် ကျွန်မကို ထိခိုက်နစ်နာစေလို့ မဟုတ်ပဲ သံဃာတော်တွေ၊ အမျိုးသမီးတွေအပါအ၀င် စာလာဖတ်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ကျက်သရေ နည်းလွန်းလို့သာ ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

လာရေးတဲ့ ရည်ရွယ်ချက်က ကျွန်မကို ဘလော့ဂ် ဆက်မရေးစေချင်လို့ နှောင့်ယှက်တယ်ဆိုရင် ကျွန်မဘလော့ဂ်က ကျွန်မဘ၀ရဲ့ မှတ်တမ်းမို့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်ဆက်ရေးဖြစ်နေမှာမို့ အဲဒီအကြံအစည် မအောင်မြင်ဘူး ဆိုတာ ပြောလိုပါတယ်။ ဒါမှမဟုတ် ကျွန်မဘလော့ဂ်ကို လူမလာစေချင်လို့ ဆိုရင်လည်း လာလည်နေတဲ့ သူတွေကက မအားလို့ (သို့) ရေးထားတာတွေကို စိတ်မ၀င်စားလို့ မလာတာပဲ ရှိနိုင်မယ် လာချင်တဲ့သူကတော့ သူတို့ စိတ်ဝင်စားစရာ ရှိရင် လာဖတ်နေမှာပဲ။ ကျွန်မ ဘလော့ဂ်ကို လာနေတဲ့ သူတွေကို ဒီလို အယုတ်အမာတွေနဲ့ တားလို့ မရနိုင်ပါဘူး။ ဒီလို လာရေးလို့ ကျွန်မမှာ ထိခိုက်နိုင်တာ နောက်ဆုံး C-Box ပိတ်ပစ်လိုက်ရတပဲ ရှိနိုင်ပါတယ်။ C_Box ဆိုတာကလည်း လာလည်သူတွေက နှုတ်ဆက်ပြီး Link ချန်ထားခဲ့ရင် အလွယ်တကူ ပြန်သွားလည်ဖို့ သုံးတာထက် ဘာမှ မပိုပါဘူး။ C-Box မရှိတဲ့ ဘလော့ဂ်တွေလည်း အများကြီး ရှိတယ်ဆိုတော့ C-Box မရှိလို့ ကျွန်မမှာ ဘာမှ နစ်နာသွားတာ မရှိနိုင်ဘူး။ ဒီတော့ ကျွန်မကို နစ်နာစေချင်လို့ လာရေးတဲ့ မဟာအကြံအစည်ကြီးဟာ ထိရောက်မှု မရှိပါဘူးဆိုတာ ပြောချင်ပါတယ်။ မြန်မာလူမျိုးတွေထဲမှာ ဒီလိုရိုင်းစိုင်းယုတ်မာသူတွေ ရှိနေတာ သိပ်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ စကားပုံအတိုင်း အမှားကို အမှားမှန်းသိရင် ပြင်သင့်ပါတယ်။ ပြင်ဖို့လည်း တိုက်တွန်းပါတယ်။

စော်ကားသူတွေရဲ့ ရည်ရွယ်ချက်က ကျွန်မ ထင်တာတွေ တခုမှမဟုတ်ရင်လည်း ယောက်ျား တယောက်လုပ်ပြီး သတ္တိရှိရှိနဲ့ ကျွန်မကို မကြိုက်တာကို အီးမေးလ်ကတဆင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ သေချာတာက ဒီလိုလာရေးတားတာ ရေးသူအတွက် ဘာမှ အကျိုးမရှိဘဲ အပြစ်တွေသာ ရှိပါတယ်ဆိုတာ စော်ကားသူကို ပြောပြချင်ပါတယ်။ စော်ကားခံရတာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှ မခံစားရဘူး ဆိုပေမဲ့ ဒါက ကျွန်မအတွက်ပဲ ပြောတာဖြစ်တယ်။ ကျွန်မ မဖျက်ခင် ဘလော့ဂ်ကို လာလည်လို့ တွေ့သွားသူတွေ အတွက်တော့ ကျွန်မ တကယ်ပဲ အားနာနေမိတယ်။ နောက်တခုက လာရေးသူကိုယ်တိုင်အတွက် အကုသိုလ်တွေကို တွေးမိပြီး စိုးရိမ်မိတယ်။ မြတ်စွာဘုရားက လက်ဆောင်တခုကို တစုံတယောက်က ပေးလို့ အပေးခံရသူက လက်မခံရင် ဒီလက်ဆောင်က ပေးသူလက်ထဲကိုပဲ ပြန်ရောက်တယ်လို့ ဥပမာပေးပါတယ်။ ဒီအတိုင်းပဲ ဒီအယုတ်မာစကားတွေရဲ့ သက်ရောက်မှုကို ကျွန်မ မယူတော့ လာရေးသူဆီကိုပဲ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ကိုယ်ပစ်တဲ့ ကျဉ်ဆံက ပစ်မှတ်ကို မရောက်လို့ ပစ်ခံရသူကိုမမှန်ဘဲ ပစ်သူမှာ ပြန်ထိရင် ပိုခံရခက်နိုင်တဲ့အတွက် ကိုယ်ကျိုးနည်းတာကို မလုပ်စေချင်ဘူး။ ဒါကြောင့်မို့ အကုသိုလ် အဖြစ်ခံပြီး အကျိုးမရှိတာတွေကို မလုပ်ဖို့ စော်ကားသူကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

မြတ်စွာဘုရားတောင်မှ လူဖြစ်စဉ် အရင်ဘ၀တွေက လုပ်လာခဲ့တဲ့ မကောင်းတဲ့ ကံအကျိုးပေးတွေကို ဘုရားဖြစ်တဲ့အခါ ပရိနိဗ္ဗာန်မစံခင် ပြန်ခံရသေးရင် ကျွန်မတို့လို ပုထုစဉ်တယောက်အတွက် ဆိုဖွယ်ရာ မရှိပါဘူး။ သံသရာကြီးက သိပ်ရှည်ပြီး မရေတွက်နိုင်တဲ့ အရင်ဘ၀တွေတုန်းက ယောက်ျားဖြစ်ခဲ့ဖူးတဲ့ ဘ၀တခုခုမှာ အမျိုးသမီးတွေအပေါ် အခုလို ယုတ်ရိုင်းကြမ်းတမ်းစွာ စော်ကားခဲ့ဖူးလို့ ကိုယ်ပြုခဲ့တဲ့ ကံက အခုကိုယ့်ဆီပြန်ရောက်ပြီး တန်ဖိုးမထား ရေးသားခြင်း ခံရတယ်လို့သာ သတ်မှတ်ပါတယ်။ သူများ နာမည်ကိုသုံးပြီး ကျွန်မ C-Box မှာ လာရေးသလို ကျွန်မနာမည်ကို သုံးပြီးလည်း တခြား C-Box တွေမှာ လိုက်ရေးနိုင်လို့ ကျွန်မက ဘလော့ဂ်လည်ရင် မင်္ဂလာပါ။ လာလည်သွားပါတယ် (သို့) စာလာဖတ်သွားပါတယ်။ (သို့) အဆင်ပြေ ချမ်းမြေ့ပါစေ။ ပထမဦးဆုံး ရောက်ဖူးတဲ့ ဘလော့ဂ်အသစ်ဆိုရင်လည်း အခုမှ ရောက်ဖူးတယ် Link သွားပါတယ် စတာတွေပဲ C-Box မှာ ရေးလေ့ရှိပါတယ်။ ဒီထက်ပိုပြီး ရေးစရာရှိရင် ကျွန်မက မှတ်ချက်မှာပဲ ရေးတာများပါတယ်။ တကယ်လို့ ကျွန်မနာမည်နဲ့ C-Box မှာ အယုတ္တအနတ္တ (သို့) အရေမရ အဖတ်မရ မဟုတ်တာတွေ လာရေးထားရင် မသမာသူတွေရဲ့ လုပ်ရပ်လို့သာ မှတ်ပါလို့ ဘလော့ဂ် မောင်နှမတွေကိုလည်း တခါတည်း အသိပေးထားချင်ပါတယ်။

မကောင်းမှုကို ပြုလုပ်ရဲသူတွေဟာ ဒီမကောင်းမှုရဲ့ ရလဒ်ဆိုးကျိုးကို နက်နက်ရှိုင်းရှိုင်း မသိလို့၊ ကံ၊ ကံ၏အကျိုးကို နားမလည်လို့သာ ဖြစ်တယ်၊ မကောင်းမှု ပြုခြင်းကို အခုပြုခံနေရသူဟာ အရင်ကပြုလုပ်လာခဲ့လို့ သူ့ကံနဲ့သူ ခံရတာဖြစ်ပြီး အခုပြုလုပ်နေသူတွေဟာ မိမိပြုလုပ်တဲ့ မကောင်းမှုကံ အရိပ်မဲကြီးဟာ အနောက်က တကောက်ကောက်လိုက်ပြီး တချိန်မှာ မလွဲမသွေ ပြန်ခံရမည့်သူသာ ဖြစ်တယ် ဆိုတဲ့ ကမ္မ နိယာမကို နားလည်နိုင်ကြပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(2/3/10 4:14PM က တင်တဲ့ပို့စ်ဖြစ်တယ်။ C-Box မှာ လာစော်ကားနေသူ များလာတိုင်း သဘောထားကို သိအောင် အပေါ်ခဏ ပြန်ဆွဲတင်ထားလေ့ရှိပါတယ်။)


မှတ်ချက်တချို့ ဖျက်ရတဲ့ အကြောင်းရင်း

တနေ့က ကရင့်တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ပို့စ်မှာ လာပေးတဲ့ မှတ်ချက်တချို့ကို ဖျက်ခဲ့ရပါတယ်၊ ဘလော့ဂ်သက်တမ်း ၆ လ ကာလမှာ ဒီလိုလုပ်ရတာ ဒါဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ကျရင်လည်း ပို့စ်တခု တင်စရာ ရှိပြီး နောက်လည်း အလားတူပို့စ်တွေ တင်စရာ ရှိတဲ့အတွက် နောက်ထပ် ဒီလို မဖြစ်စေချင်လို့ ဒီပို့စ်ကို ကျွန်မ ရှင်းလင်းချက် အနေနဲ့ တင်ရတာ ဖြစ်ပါတယ်။ ကျွန်မ ရေးထားတဲ့ ကရင့်တော်လှန်ရေးနေ့ အမှတ်တရ ပို့စ်မှာ ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်လို့ ဆိုပြီး မကျေနပ်သူ သူ့ကိုယ်သူ ABSDF လက်ရှိတပ်ဖွဲ့ဝင်လိုလိုနဲ့ တိုင်းရင်းသားတွေကို မကျေနပ်တဲ့ ဗမာတယောက်က ကျွန်မဆီကို မှတ်ချက်လာပေးရင်း Complaints တက်လာခဲ့ပါတယ်။ သူက ကျွန်မ လိုချင်နေတဲ့ ၄၇ ဖွဲ့စည်းပုံ မြန်မာလို ရှိတဲ့ Link သူပို့ပေးမယ်ဆိုလို့ အဲဒါကို တောင်းရင်း၊ သူပြောတာကို ပြန်ဆွေးနွေးရင်းနဲ့ သူက မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဘက်ကို ဦးတည်လာခဲ့ပါတယ်။




သူ့ရဲ့ Link ကို ကြည့်တော့ အဲဒီလူက ဘလော့ဂါတယောက် ဖြစ်နေပါတယ်။ ဆွေးနွေးရင်းနဲ့ IP ကြည့်တော့မှ ကျွန်မထင်ထားသလို နယ်စပ်က ABSDF တပ်ဖွဲ့ဝင် မဟုတ်ဘဲ အပြင်ရောက်နေသူမှန်း သိခဲ့ရတယ်။ နောက်ဘယ်အထိ ဖြစ်လာလဲဆိုတော့ ပို့စ်နဲ့ဘာမှ မဆိုင်တဲ့ တခြားအကြောင်းအရာတွေကို ရောက်လာတယ်။ ကျွန်မက ရွာမှာမွေးပြီး တောကတက်လာလို့ အော်စီရောက်နေတာ ဘ၀င်မြင့်နေတယ်၊ ကွန်ပြူတာကို အော်စီရောက်မှ မြင်ဖူးတာဖြစ်မယ်၊ သူကတော့ ၉၄ ကတည်းက စကိုင်ဖူးပြီး အင်တာနက်ကိုကျတော့ ၉၇ မှာ စသုံးဖူးတယ်ဆိုပြီး ကွန်ပြူတာ သုံးဖူးတာကိုပဲ လကမ္ဘာတခေါက်ရောက်ဖူးသလို ပြောနေတယ်။ ပြီးတော့ ကျွန်မ ကွန်ပြူတာ ၉၄ ခုနှစ်ကစပြီး ကိုင်ဖူးတာ မယုံဘူးတွေ၊ ABDF မှာ ဘာတာဝန်ယူလာလဲ စတဲ့ တင်ထားတဲ့ ပို့စ်နဲ့ ဘာဆို ဘာမှမဆိုင်တာတွေကို ပြောဆိုလာ၊ မေးမြန်းလာခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မကို ဘလော့ဂ် မိတ်ဆွေ တယောက်ယောက်က ခင်မင်ပြီး မေးရင် အားလုံးကို အမှန်အတိုင်း ပြောပြလေ့ရှိပြီး ပို့စ်တွေမှာလည်း အလျဉ်းသင့်ရင် သင့်သလို အရင်က အတွေ့အကြုံတွေကို ရေးရင်း ထည့်သွင်းဖေါ်ပြလေ့ ရှိပေမဲ့ ဒီလို အဓိပ္ပါယ်မရှိ ကျောပြီး လာမေးတာကိုတော့ အရေးတယူ လုပ်ပြီး ဖြေမနေခဲ့ပါဘူး။ ကျွန်မ ဘယ်သူလဲ ဘာလုပ်ခဲ့လဲဆိုတာ ABSDF မှာ ဥက္ကဌတွေ လုပ်လာခဲ့ဖူးကြတဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့ကနေ ABSDF မှာ ၁၀ နှစ်အကြာ တာဝန်ထမ်းဆောင်လာတဲ့ ကာလအတွင်း တပ်ရင်း (သို့) ဗဟိုမှာ အတူတူ တွဲလုပ်ဖူးသူတွေ အားလုံးသြိကပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပုံမှန် လာဖတ်နေသူတွေ အတော်များများလည်း ပို့စ်တွေကို ဖတ်ပြီးသိကြပါတယ်။ ကျွန်မ ဘာတာဝန်ပဲ ယူယူ အကြောင်းမဟုတ်ပါဘူး လောလောဆယ်မှာ ကျွန်မဟာ ဘလော့ဂါ တယောက်ဖြစ်လို့ ဘလော့ဂ်နဲ့ ပတ်သက်တာကိုပဲ ပြောချင်ပါတယ်။

ခုနက ပြောတာကို ပြန်စရရင် အဲဒီ လူမျိုးရေး အမြင်ကျဉ်းတဲ့ ဗမာနဲ့ ကျွန်မနဲ့ ပြောနေတဲ့ မှတ်ချက်တွေ အပေါ် အကြောင်းပြုပြီး ဂျပန် ရောက်နေတဲ့ လူမျိုးရေး အမြင်ကျဉ်းတဲ့ ကရင်တယောက်ကလည်း ၀င်လာပြီး မဆီမဆိုင်နဲ့ ဗမာတွေ သူတို့အချင်းချင်း သိတဲ့သူချင်း ဖေါ်ကုန်ကြပြီ၊ အော်စီမှာ အဆီရစ်နေတယ်တွေ ဗမာတွေ မာနယ်ပလောက ဖွေးပေါလူ ဆေးရုံမှာတုန်းက ဘာဖြစ်တယ်တွေနဲ့ ပို့စ်နဲ့လည်း လုံးဝ မပတ်သက် ကျွန်မနဲ့လည်း လုံးဝမပတ်သက်တာတွေ ရေးပြီး ၀င်လာပြန်တယ်။ ကျွန်မရေးထားတဲ့ ပို့စ်နဲ့ ဘာမှမဆိုင်တဲ့ အကြောင်းအရာတွေကို ဦးတည်သွားနေတဲ့အပြင် ဒီနှစ်ယောက်စလုံးက လူမျိုးရေးအမြင် လုံးဝကျဉ်းမြောင်းတာကို တွေ့ရပြီး တခြား စာလာဖတ်သူတွေအတွက်ပါ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှုတွေ ကူးစက်နိုင်၊ စိတ်အနှောင့်အယှက်တွေ ဖြစ်လာစေနိုင်ခဲ့လို့ ကျွန်မ ပြန်ဆွေးနွေးထားတဲ့ မှတ်ချက် အပါအ၀င် မှတ်ချက်တချို့ကို ပြန်ဖျက်ခဲ့ရပါတယ်။ နောက်ထပ် ဒီလို ဘယ်တော့မှ ထပ်မဖြစ်စေချင်တဲ့အတွက် ကျွန်မရဲ့ မှတ်ချက်ရေးတဲ့ နေရာမှာ စည်းကမ်းချက်တွေကို ရေးထားလိုက်ပါပြီ။ ဒီလို လူမျိုးရေး မုန်းတီးမှု ပြင်းထန်သူတွေ ရှိနေလို့ တိုင်းပြည်က ဒုက္ခရောက်နေပါတယ်။ ဒီလို လူမျိုးရေး မုန်းတီးတဲ့ မှတ်ချက်တွေကို ကျွန်မ ဘလော့ဂ်မှာ လက်မခံပါဘူး။

ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်တဲ့သူတွေကို ကျွန်မရေးထားတာနဲ့ ပတ်သက်ပြီး လက်ခံသူဖြစ်စေ၊ လက်မခံသူ ဖြစ်စေ အားလုံးကို လေးစားတဲ့ သဘောနဲ့ ကျွန်မ ယဉ်ယဉ်ကျေးကျေး ဆက်ဆံလေ့ ရှိပါတယ်။ အမြင်မတူမှု သဘောထား ကွဲလွဲမှုတွေကိုလည်း လက်ခံပေးပါတယ်။ ကျွန်မအနေနဲ့ စာဖတ်သူအားလုံးရဲ့ ခံစားချက်၊ Emotion တွေ ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်မဘလော့ဂ်မှာ ဆွေးနွေးချင်ရင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အယူဝါဒ၊ လိင်ခွဲခြားမှု၊ လူမျိုးရေးမုန်းတီးမှု ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို လက်မခံဘူး။ တင်ထားတဲ့ ပို့စ်နဲ့လည်းမဆိုင် အများကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုတွေ အားလုံးကို လက်မခံပါဘူး။ ရေးထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သဘောတူ ထောက်ခံတဲ့သူကိုမှ ဘလော့ဂ်မှာ ဖတ်ဖို့ ဖိတ်ခေါ်တာ မဟုတ်သလို ကိုယ့်ကို ထောက်ခံတဲ့သူရဲ့ မှတ်ချက်ကိုမှ ထည့်တာလည်း မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း သဘောထားကွဲလွဲပိုင်ခွင့် ရှိတယ်ဆိုတာကို ကျွန်မက လုံးဝ လက်ခံသူဖြစ်ပါတယ်။ ကျွန်မရေးထားတာတွေက စာဖတ်သူတွေရဲ့ သဘောထား မတိုက်ဆိုင်တာတွေ၊ လက်မခံနိုင်တာတွေ ရှိရင် လက်မခံနိုင်တဲ့အချက်ကို ဘယ်အချက်မှာ ဘာကြောင့် ဘယ်လို ကွဲလွဲနေလို့ လက်မခံနိုင်ဘူး၊ အမှန်က ဒါဖြစ်တယ် ဆိုတာမျိုး တိတိကျကျ ထောက်ပြပြီး အပြုသဘောဆောင်တဲ့လေသံ (Tone) နဲ့ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးရင် ကျွန်မ ပြန်လက်ခံ ဆွေးနွေးမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ ဦးတည်ချက်မရှိ ပြောချင်ရာ လာပြောဖို့ကတော့ ကျွန်မဘလော့ဂ်မှာ လက်ခံမှာ မဟုတ်ဘဲ အကုန်လုံး ဖျက်ပစ်မယ်ဆိုတာ အသိပေးပါရစေ။

မြန်မာနိုင်ငံကို တိုးတက်စေချင်ရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မိမိနဲ့ မတူတဲ့သူနဲ့ မပတ်သက်ချင်ဘူးဆိုပြီး နေလို့မရပါဘူး။ အချင်းချင်း မုန်းတီးမှုကို ဦးတည်တဲ့ လူမျိုး၊ ဘာသာ၊ ကျားမ၊ လူတန်းစား အဆင့်အတန်း ခွဲခြားမှုတွေကို ကျွန်မ ဘလော့ဂ်မှာ ခွင့်မပြုပါဘူး။ တူတာကို ဘယ်လို စနစ်တကျ ပေါင်းစပ်ပြီး မတူကွဲပြားမှုကို ဘယ်လို သဟဇာတရှိအောင် ပြုမူပြော ဆိုနေထိုင်ရမယ်ဆိုတာ ကျွန်မတို့ လေ့လာဖို့ အကျင့်လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဘယ်လောက်ပဲ စိတ်ကြီးတဲ့သူ၊ မာနကြီး အစွဲကြီးပြီး အဆင့်အတန်း ခွဲခြားတတ်သူ ဖြစ်နေပါစေ၊ ကျွန်မဘ လော့ဂ်ကို ၀င်ဖတ်တဲ့အချိန်မှာ အတ္တအစွဲတွေကို ဘေးဖယ်ထားပြီးမှ ဖတ်ကြဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ ကျွန်မဘလော့ဂ်က စိတ်ထွက်ပေါက်အဖြစ် ခံစားချက်ကို ဦးစားပေးပြီး လာပေါက်ကွဲရာနေရာမဟုတ်၊ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲဆိုပြီး အချင်းချင်း ပညာစမ်းရာ နေရာမဟုတ်ပါ။ ကျွန်မ ဘလော့ဂ်ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ လူမျိုးရေး အမြင်ကျဉ်းမှု ကိုယ့်နဲ့မတူသူကို ရန်သူလို သဘောထားပြီး ကဲ့ရဲ့ပြစ်တင်ရှုပ်ချလိုမှုကို လုံးဝ ဆန့်ကျင်တဲ့နေရာ ဖြစ်ပါတယ်။ စာလာဖတ်သူများ အားလုံး ယဉ်ကျေးတဲ့ အပြုအမူနဲ့ ကူညီကြလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

Multi-cultural ကို နားလည်နိုင်ကြပါစေ။

ကိုယ်တော်ချောနဲ့ စာဖတ်သူများသို့

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တခုမှာ ဘာသာတရား ကိုးကွယ်မှုနဲ့ ပတ်သက်ပြိး ရှိသင့်ရှိထိုက်တဲ့ စည်းကမ်းနဲ့ သဘောတရားတွေကို အသိအမှတ် ပြုစေချင်လို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အခုတလော ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သုံးစားလို့ မရအောင် မကောင်းဆိုးဝါး ဘာသာအဖြစ် ကျမ်းဂန်ထဲက အချက်အလက် တချို့ကို တလွဲလွဲတချော်ချော် လိုသလို အဓိပ္ပါယ် ကောက်ယူပြီး ထိုးနက် တိုက်ခိုက်နေတဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် စေတမန် ဆိုတဲ့ ဘလော့ဂ် တခုကို စာဖတ်သူ အတော်များများ သိကြပြီး ဖြစ်လိမ့်မယ် ထင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ပတ်က ကျွန်မ C-Box ကို ဘလော့ဂ်ပိုင်ရှင်ကိုယ်တိုင် လာပြီး ကျွန်မကိုးကွယ်နေတဲ့ ဘာသာ မှားယွင်းနေတဲ့ အကြောင်း ကိုတော်ချောဆိုတဲ့ နာမည်နဲ့ လာပြောသွားလို့ ချန်ထားတဲ့ Link အတိုင်း လိုက်သွားတော့ သူ့ဘလော့ဂ်ကို ရောက်သွားပါတယ်။ ၀င်တာနဲ့ပဲ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို သုံးစားလို့မရအောင် ရိုင်းစိုင်းစွာ ရေးထားတဲ့ စာတွေကို တွေ့ရလို့ ရုတ်တရက်တော့ တော်တော်လေး ဒေါသ ဖြစ်မိတယ်။ အဲဒီစာတွေအပေါ် တချို့က ယဉ်ယဉ်ကျေးကျေး ပြန်ရှင်းပြပြီး သဘောထားပေးထားသူ တွေ ရှိသလို တချို့က မှတ်ချက်တွေမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြန်တုံ့ပြန်ထားတာကိုလည်း တွေ့ခဲ့ရလို့ ကျွန်မ တကယ်ပဲ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကိုယ်တော်ချောရဲ့ IP ကို စစ်ကြည့်တော့ သြစကြေးလျားနိုင်ငံ၊ Queen’s Land ပြည်နယ်၊ Brisbane မြို့က ဖြစ်နေတာ တွေ့ရတယ်။

ကိုယ်တော်ချောနဲ့ IP တခုတည်း တခြားနာမည် တခုနဲ့လည်း ကျွန်မ C-Box ထဲမှာ အမျိုးသမီးတယောက်ကို Assault ဖြစ်စေတဲ့ စကားတွေကို ဒီမတိုင်ခင် လာရေးခဲ့လို့ ဖျက်ခဲ့ရသေးတယ်။ နောက်ထပ်တခါ ကိုယ်တော်ချော ဆိုတဲ့ နာမည်နဲ့ ဗုဒ္ဓဘာသာ မကောင်းကြောင်း၊ ကျွန်မ Profile မှာ ဖေါ်ပြထားတဲ့ ကျွန်မ ကြိုက်တဲ့ ဘာသာရေးစာအုပ်တွေကို ရေးတဲ့ စာရေးဆရာတွေ မကောင်းကြောင်းတွေ လာရေးထားတာကို အများ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့နဲ့ ကျွန်မကိုယ်တိုင်လည်း မကြိုက်လို့ ဖျက်လိုက်ပါတယ်။ ဒီဘလော့ဂ်အကြောင်းကို Face Book က မိတ်ဆွေတချို့ကလည်း ပြောနေတာ တွေ့ရပြီး မနေ့ညက မောင်လေး ကိုဒီရေနဲ့ G-talk မှာတွေ့လို့ သူကလည်း ကျွန်မကို သွားဖတ်ကြည့်ပါဦး အစ်မလို့ ညွန်းလိုက်လို့ သွားလိုက်တာ ကိုယ်တော်ချော ဘလော့ဂ်ကို ထပ်ရောက်ပါတယ်။ သူရေးထားတဲ့ စာတချို့ကို ကျွန်မ ဖတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဒေါသဖြစ်အောင် လုပ်တာတခုကလွဲပြီး စာရေးသူရဲ့ ရည်ရွယ်ချက်ကို ရှာလို့မရခဲ့ဘူး။ ဗုဒ္ဓဘာသာကို အဓိပ္ပါယ်မရှိဘူး တကယ်ထင်လို့ မှားတာကိုထောက်ပြပြီး သူတို့ဘာသာကို ပြောင်းစေချင်ရင်လည်း ဘယ်သူမဆို ယဉ်ယဉ်ကျေးကျေး ရေးပြီး ထောက်ပြမှာ ဖြစ်ပြီး သူတို့ဘာသာ ကောင်းကြောင်း ၀ါဒဖြန့်တာလေး ပါရပါလိမ့်မယ်။ အခုက ဒါတွေ ဘာမှမပါဘဲ ရေးထားတဲ့ စာအဆင့်အတန်းကလည်း တော်တော်လေး အောက်တန်းကျပြီး မိုက်ရိုင်းတာကို တွေ့ရတော့ မူစလင်တယောက်ကို ကိုယ်စားပြုတဲ့ စာလည်း မဖြစ်နိုင်ဘူးလို့ ကျွန်မ ယူဆတယ်။ တကယ်မူစလင်တွေကလည်း ဒီလိုရိုင်းစိုင်းတာကို လက်ခံလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။

ကျွန်မအနေနဲ့ ဗုဒ္ဓဘာသာက ဘယ်လိုကောင်းတယ်၊ ကိုယ်တော်ချောထင်သလို မဟုတ်ဘူးလို့ အချိန်ကုန်ခံပြီး ရှင်းပြနေလို့ အကျိုးရှိမယ် မထင်လို့ ရှင်းမနေတော့ပါဘူး။ ဘာသာတရားတိုင်းမှာ ဆောက်တည်ရမည့် သီလတွေ၊ အခြေခံ ကျင့်ဝတ်တွေ ရှိပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဘာသာတွေက သတ်မှတ်ထားတဲ့ အချက်တွေကို လက်ခံရင် ဘယ်သူမဆို လွတ်လွတ်လပ်လပ် ယုံကြည်ပိုင်ခွင့် ရှိသလို လက်မခံရင်လည်း လွတ်လွတ်လပ်လပ် မကိုးကွယ်ပဲ နေပိုင်ခွင့် ရှိပါတယ်။ သူတပါးယုံကြည်နေတာ တခုကို မိမိယုံကြည်တာနဲ့ မတူတာဟာ မိမိအတွက် မှားနေနိုင်ပေမဲ့ ယုံကြည်နေသူတွေအတွက် အမှန်လို့ ခံယူထားလို့ မှားတယ်လို့ သွားပြောလို့ ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ အခုလို ကိုယ်တော်ချော ရေးထားတာကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဖတ်မိပြီး ငါတို့ကိုးကွယ်နေတဲ့ ဘာသာဟာ မှားနေတာ အခုမှပဲ သိတော့တယ်ဆိုပြီး မူစလင်ဘာသာထဲ ပြောင်းမည့်သူလည်း တယောက်မှ ရှိမယ်မထင်ဘူး။ ဒါကြောင့် ကိုယ်တော်ချော ဒီစာကို ရေးတာ Target Audiences က မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ အားလုံးဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကိုယ်တော်ချောသာ အသိဆုံး ဖြစ်လိမ့်မယ်။ သက်ရောက်မှုကတော့ ဗုဒ္ဓဘာသာဝင်တွေကို ဒေါသ ဖြစ်စေတာတခုပဲပဲ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက မြန်မာပြည်ထဲမှာအများစု ဖြစ်လို့ မြန်မာပြည်ထဲက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်ဘာသာဝင်တွေကို ပြ၁ဿနာ ဖြစ်အောင် သြစကြေးလျားနိုင်ငံ ဘရင့်စဘိန်းမြို့ကနေ ရန်တိုက်ပေးတာ သက်သက် ဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ ပြဿနာဖြစ်ရင် ကိုယ်တော်ချောက ဒုက္ခရောက်ဖို့မရှိဘဲ ပြည်တွင်းက မူစလင်တွေပဲ ဒုက္ခရောက်မှာ ဖြစ်လို့ တကယ်မူစလင် ဘာသာဝင်တယယောက်ဟာ မူစလင်တွေကို အကျိုးမရှိစေဘဲ မိမိဘာသာဝင်တွေ ဒုက္ခရောက်အောင် လုပ်လိမ့်မယ် မထင်ဘူး။

ကိုယ်တော်ချော နေထိုင်ရာ သြစတြေးလျားနိုင်ငံဟာ လူဖြုကြီးစိုးတဲ့ နိုင်ငံ ဖြစ်ပေမဲ့ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေးနေထိုင်ရာ နိုင်ငံတခုဖြစ်ပြီး ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ်။ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ ဘာသာပေါင်းစုံ ပါဝင်ပြီး မူလတန်းကစပြီး ဘာသာတခုစီနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရာကို သင်ကြား ပြသပေးပါတယ်။ ဒါကြောင့်မို့ မူစလင်ကလေးတယောက်က ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်ထုတွေကို ဘုရားအမှတ်နဲ့ ကိုးကွယ် ဆည်းကပ်နေတယ်ဆိုပြီး မယုံကြည်သလို ဗုဒ္ဓဘာသာ ကလေးတယောက်ကလည်း မူစလင်တွေဟာ သူတို့ဖါသာသူတို့ ကြိုးစားပြီး လုပ်လို့ရလာတာမှန်သမျှ အလ္လာပေးတယ်ပဲ ထင်နေကြတယ်လို့ ဆိုပြီး မယုံကြည်ကြဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့သူတွေဟာ ယုံကြည်တာ မတူပေမဲ့ သူတပါး ယုံကြည်လို့ လုပ်နေကြတာကို မိမိမယုံကြည်ပေမဲ့ ယုံကြည်သူတွေကို လေးစားသော သဘောဖြင့် အသိအမှတ်ပြုကြရမယ်၊ စော်ကားလို့မရဘူးဆိုတာ နားလည်ကြတယ်။ မတူကွပြားတဲ့ ယုံကြည်မှု ရှိသူတွေဟာ လူ့အဖွဲ့အစည်းမှာ အချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ပဲ သဟဇာတ ဖြစ်အောင် ကိုယ်လက်မခံနိုင် ကိုယ်မယုံကြည်နိုင်ပေမဲ့ Assault လုပ်လို့ မရဘူးဆိုတာ သြစကြေးလျားက တတန်းနှစ်တန်း ကလေးတွေတောင် သိကြပါတယ်။ ကိုယ်တော်ချောကို ကလေးတွေဆီက ပညာပြန်ယူဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အဲဒီ ဘလောဂ့်မှာ ရေးထားတာတွေအပေါ် ဘာမှ ဒေါသထွက်ဖို့လည်း မလိုပါဘူး။ မူစလင်ကို ကိုယ်စားပြုထားတာ မဟုတ်တဲ့အတွက် မလိုလားအပ်တဲ့ မူစလင်မုန်းတီးရေးစိတ်တွေလည်း ဖြစ်ဖို့မလိုပါဘူး။ အချိန်တန်ရင် သူလုပ်နေတာ အဓိပ္ပါယ်မရှိဘူး ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတာ သိတဲ့နေ့မှာ သူ့ဖါသာသူ ရပ်သွားလိမ့်မယ်။ ဒေါသနဲ့ တုံ့ပြန်လို့ ဘာတခုမှ အမှန်ရဖို့ မရှိနိုင်တဲ့အတွက် သူရိုင်းလို့ ကိုယ်ပြန်ရိုင်းတယ်ဆိုပြီးလည်း ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်လို့ အကျိုးရှိမှာ မဟုတ်ပါဘူး။ သူရေးထားတာတွေအပေါ် ဗုဒ္ဓဘာသာအကျိုးကို ရည်ဇူးလို့ ဒါမှမဟုတ် သူ့ကို အမှန်တကယ်သိစေချင်တဲ့ စေတနာရှိလို့ ရေးချင်ရင်တော့ ယဉ်ယဉ်ကျေးကျေးရေးပြီး ရှင်းပြတာပဲ ကောင်းပါတယ်လို့ အကြံပြု တိုက်တွန်းချင်ပါတယ်။ ကိုယ်တော်ချောကို ပြောချင်တာက သြစကြေးလျားဟာ Multi-Cultural country တခုဖြစ်လို့ မတူကွဲပြားတဲ့ နောက်ခံရှိသူတွေ ငြိမ်းချမ်းပျော်ရွှင်စာ နေထိုင်ရာနိုင်ငံဖြစ်လို့ မူစလင်တယောက် ဖြစ်ရင်လည်း သူများနိုင်ငံမှာ အေးအေးဆေးဆေး နေပါ။ မြန်မာပြည်က လာတဲ့အတွက် မြန်မာလူမျိုး သိက္ခာကျအောင် မလုပ်ဘဲ မူစလင် ဖြစ်တဲ့အတွက် အစွန်းရောက်တဲ့ မူစလင်တွေကြောင့် တကယ်ယဉ်ကျေးတဲ့ မူစလင်တွေ သိက္ခာကျအောင် မလုပ်ပါနဲ့။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်ချင်ရင် လာဖတ်လို့ ရပါတယ် ဒါပေမဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ လူမှုရေးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် Assault ဖြစ်စေတဲ့ အပြောအဆိုအသုံးအနှုန်းတွေကို C-Box မှာဖြစ်စေ၊ မှတ်ချက်မှာ ဖြစ်စေ လုံးဝ လာမရေးပါနဲ့၊ ရေးရင်ဖျက်မယ်ဆိုတာ အသိပေးလိုက်ပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ မတူကွဲပြားမှုတွေအပေါ် ဘယ်လောက်အထိ အပြန်အလှန်လေးစာမှု ရှိတယ်ဆိုတဲ့အပေါ်မှာ အများဆုံးမူတည်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။