မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဆိုရေးရှိက ဆိုရလိမ့်မယ်

ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School (ခုနှစ်တန်းနှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။

ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။

အခုတော့ C-Box မှာသာမက ဒီ Site တွေကို ကျွန်မ ဘလော့ဂ် အတုမှာလည်း တင်ထားတယ်။ ဘလော့ဂ် C-Box ကို ဘုရားခုနှစ်ဆူ သီချင်း အစိန္တေယျ ဘုရားရှိခိုးသီချင်းနဲ့ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးသီချင်း နှစ်ပုဒ်အကြား ညှပ်ထားပြီး အနောက်ပို့ထားတာတောင်မှ စစ်ခွေးတွေက C-Box ထဲမှာ တနေ့ကို အနည်းဆုံး နှစ်ကြိမ် ယုတ်ရိုင်းတာတွေဆဲတာနဲ့အတူ ဒီဆိုက်တွေကို လာတင်နေတော့ ဒီပို့စ်ကို ထပ်တင်ရတဲ့အကြောင်း ဖြစ်လာပါတယ်။ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်မလည်း မလေ့လာဖူးလို့ Occupational Health &Safety Policy ဘယ်လို ရှိပြီး ပြည့်တန်ဆာတွေကို ရေရှည် Side affect မဖြစ်အောင် ဘယ်လိုကာကွယ်ထားတယ် ဆိုတာ ကျွန်မ အတိအကျ မသိပေမဲ့ အနည်းဆုံးတော့ အတွင်းအပြင် အကုန်လုံးကို စိတ်ချရတဲ့ ဆေးရည်တွေနဲ့ စနစ်တကျ သန့်စင်ထားပြီး ဘယ်နှစ်မိနှစ်အတွင်း ဘက်တီးရီးယားနဲ့ ရောဂါ မပြန့်နိုင်တဲ့ ဆေးရည်တွေနဲ့ ကာကွယ်မှု လုပ်ထားမှာတော့ သေချာပါတယ်။ ဒါကြောင့်မို့ ပြည့်တန်ဆာတွေနဲ့ ဒီလိုနေထိုင်တာဟာ ကျန်းမာရေးအတွက် ကာကွယ်ပြီးသား ဖြစ်နိုင်ပေမဲ့ ပြည့်တန်ဆာ မဟုတ်တဲ့သူတွေနဲ့ အပြင်မှာ ဒီလိုနေထိုင်မယ်ဆိုရင်တော့ တကယ်ကို အန္တရယ်များလှကြောင်းကို အသိပေးချင်ပါတယ်။


ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို ကိုင်တွယ်သယ်ယူ (Handling) ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လို စနစ်တကျကွေးပြီးခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် အန္တရာယ်က ရှောင်တဲ့အစီစဉ် (Evacuation) ဖြစ်တဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယောက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ ရေးတဲ့ပို့စ် ဖြစ်ပြီး ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားးဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

17 comments:

ကျေးဇူးတင်ပါတယ် အစ်မ... ကျွန်တော် ဆရာ တင့်ဆွေ ရေးထားတာကို ဖတ်ပြီးပါပြီ... ဒါပေမဲ့ အစ်မ အခုလို ပြန်လည်တင်ပြတော့ အများကိုယ်စား များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်... ဒီထက် ပိုပြီး ဗဟုသုတတွေ ပွားမဲ့ စာတွေ ရေးပေးစေချင်ပါတယ် အစ်မ... ဂုဏ်ယူပါတယ်...

ခင်တဲ့
ဒီရေ

တင်သင့်တာပေါ့ အမ။ အားလုံးကျန်းမာရေး သုတရအောင် လို့။

လူငယ်တွေအတွက် လိင်ကျန်းမာရေးအထောက်အကူပြု ပို့စ်တစ်ခုဖြစ်တဲ့အတွက် ၀မ်းသာရပါတယ်။ လွဲမှားနေတဲ့ လိင်ဆက်ဆံမှုအသိတွေကို ဘာဖြစ်လို့ မတိုက်ထုတ်နိုင်ကြတာလဲဆိုတာ တအုံနွေးနွေးဖြစ်နေတာ ကြာပါပြီ။အခုလို ဖော်ထုတ်ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်လဲ လိင်အသိပညာမြင့်မားရေးအတွက် ကျန်းမာရေးအမြင်နဲ့နွယ်ပြီးရေးပေးဖို့ကိုလည်း တောင်းဆိုချင်ပါတယ်။

မြန်မာလူငယ်တွေအကျိုးရှိစေမယ့်ပိုစ့်တွေဟာ
ရှက်စရာမဟုတ်ပါဘူး။
အစ်မငယ်နိုင် ရေးတဲ့ကျန်းမာရေး ပညာပေးပိုစ့် က ကောင်းပါတယ်
စာကြွေးအားလုံးလာဖတ်သွားပါတယ်။

အစ်မငယ်နိုင် ဆွေးနွေးတဲ့ ကိစ္စကို ကျွန်တော်လည်း ၀င်ေ၇ာက်ဆွေးနွေးချင်ပါတယ် ။ အရှက်အကြောက်ကြီးမားတဲ့ မြန်မာလူမျိုးတွေ အတွက်တော့ လတ်တလောကျင့်သုံးနေတဲ့ Sexual activity မှာ မိန်းမကိုယ်မှတဆင့် ဆက်ဆံခြင်း (Vaginal Sexing ) သာမာန်ထိတွေ့နမ်းရှုပ်ခြင်း (Kissing) ထက် မပိုဘူးလို့ ယူဆမိပါတယ် ။ အဲဒီတော့ ကျွန်တော်တို့ အသေးစိတ် လိင်ဆက်ဆံခြင်းကို ခွဲခြားကြည့်မယ်ဆို၇င်
၁ ။ မိန်းမကိုယ်မတဆင့်လိင်ဆက်ဆံခြင်း
၂။ စအို မှတဆင့်လိင်ဆက်ဆံခြင်း
၃။ ပါးစပ်မှတဆင့်လိင်ဆက်ဆံခြင်း
၎။ အဂါင်္အတုသုံး၍ လိင်ဆက်ဆံခြင်း
၅ ။ တိရိစ္ဆာန်များအားအသုံး ပြု၍ လိင်ဆက်ဆံခြင်း ဆိုပြီး ခွဲခြားထားပါတယ် ။ အဲဒီ ငါးမျိုးကို အခြေခံပြီးတော့ လိင်တူလိင်ကွဲ ဆက်ဆံခြင်းဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ အစ်မပြောသလိုပဲ ကျန်မာရေးအသိပြည့်ဝတဲ့ Health Profesional တွေက ဘာကြောင့် များ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်း ( Anal Sex ) ကိုခွင့်ပြုရသလဲ ဆိုတာ ၊ လစ်လျှူရှုထားရသလဲဆိုတာ ကျွန်တော်လည်း နားမလည်နိုင်အောင်ပါပဲ ။ ကျန်းမာရေး ရှုထောင့်ကပြောရမယ်ဆိုရင် Vagina မိန်းမကိုယ်ဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ တစ်ရှုးတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ရောဂါပိုး မရှိသူနဲ့ လုံခြုံစိတ်ချစွာ ဆက်ဆံခြင်းဟာ အန္တရာယ်မရှိပါဘူး ။ ဒါပေမယ့် အနောက်တိုင်း 18+ ကားတွေမှာ ပါလေ့ရှိတာတွေကို ကြည့်မယ်ဆိုရင် အထူးသဖြင့် အမေရိကန် ဇတ်လမ်းတွေမှာ Anal Sex ကို အသားပေးရိုက်ထားကြတာကို တွေ့ရပါတယ် ။ Anus က Vagina နဲ့ ယှဉ်ရင် တစ်ရှုးတွေရဲ့ ကျုံနိုင်စွမ်းအားတွေဟာ နည်းပါတယ် ။ ဒါ့အပြင်အချို့လူတွေက အတော့ကို လွဲမှားစွာ ခံယူထားကြပါတယ် ။ အဲဒါကတော့ မိန်းမကိုယ်ကမဟုတ်ပဲ စအိုနဲ့ ပါးစပ်ကနေတဆင့် လိင်ဆက်ဆံရင် ရောဂါမရဘူး HIV မကူးနိုင်ဘူးလို့ ခံယူထားကြပါတယ် ။ လုံးဝလွဲမှားနေပြီး စအိုကနေ ဆက်ဆံတာက အန္တရာယ်အလွန်ကြီးမားပါတယ် ။ ဖြစ်နိုင်ခြေတွေကတော့

၁ ။ စအိုကွဲထွက်ခြင်း ( Anal Fissure)
၂ ။ စအို အတွင်းပိုးဝင်ခြင်း ( Anal Infection)
၃ ။ ထိတွေ့မှုများပါက စအိုကင်ဆာဖြစ်ပွားနိုင်ခြင်း ( carcinoma rectum)
၎ ။ ဂနိုးရီးယား ဖြစ်နိုင်ခြင်း ( Rectal Gonorrhoea)
၅ ။ သွေးထွက်ပါက HIV နှင့်အခြားသော လိင်မှတဆင့်ကူးဆက်တတ်သော ရောဂါများလည်း ဖြစ်ပွားနိုင်ပါတယ် ။ ဒါဆိုရင် ပါးစပ်ကနေရော အန္တရယ်မရှိဘူးလားလို့ မေးစရာရှိပါတယ် ။
ရှိပါတယ် ။ ပါးစပ်ကနေတဆင့်ကူးစက်တတ်တာတွေကတော့
၁။ ပါးစပ်တွင်း မှို ပိုးပေါက်ခြင်း ( Oral Candidiasis)
၂ ။ မှတ်ခရုပေါက်ခြင်း ( Oral Thursh)
၃ ။ တံတွေးတွေ သုတ်ရည်တွေကတဆင့် ဘီပိုးစီပိုး HIV အကုန်ကူးစက်နိုင်ပါတယ် ။

အမှန်တော့ အရာအားလုံးဟာ အတုမြင်အတတ်သင် ဖြစ်ပြီး ဒီလို လုံခြုံစိတ်ချမှုမရှိတဲ့ မိန်းမသားတွေအတွက် အလွန် အန္တရယ်များတဲ့ စအိုမှတဆင့်လိင်ဆက်ဆံခြင်းကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ် ။ သက်ဆိုင်ရာနိုင်ငံအလိုက် Health care တွေမှာလည်း ဒီအကြောင်းကို ဆွေးနွေးတင်ပြ တားဆီးပေးရမှာ ဖြစ်ပါတယ် ။ နောက်ဆွေးနွေးလိုတဲ့အချက်က တော့ တိရိစ္ဆာန်တွေကို အသုံးပြုပြီး လိင်မှုကိစ္စတွေမှာ အသုံးချတဲ့ကိစ္စဖြစ်ပါတယ် ။ လူလောက်တောင်အသိဥာဏ်မရှိတဲ့ သတ္တ၀ါတွေကို ကိုယ့် အာသီသလေးတစ်ခုအတွက် အသုံးချခြင်းဟာ အလွန်ကိုပဲ ရှက်ရွံ့ဖွယ်ရာ ဖြစ်ပါတယ် ။ အန္တရယ်ရှိနိုင်ခြေကတော့ အများဆုံး ဖြစ်ပါတယ် ။ HIV ပိုးရဲ့ဇစ်မြစ်ဟာ လူနဲ့ မျောက်ဝံတွေ လိင်ဆက်ဆံရာကနေဆင့် ကူးစက်လာတာကို သိမယ်ဆိုရင် ဘယ်လောက် အန္တရယ်များတယ်ဆိုတာ ရိပ်မိကြမှာပါ ။

နောက်ဆုံး ဆွေးနွေးချင်တာကတော့ Codom သုံးပေမယ့်လည်း စအိုဝကကျဉ်းတဲ့အတွက် အချိန်မရွေးပေါက်ပြဲသွားနိုင်ပါတယ် ။ တစ်ချို့ က Lubricant ချောဆီမသုံးပဲ ဆက်ဆံရင်လည်း စအို တစ်သက်လုံး ၀မ်းမသွားနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးများအနေနဲ့ လိင်ဆက်ဆံကြတဲ့အခါ Vagina က လုံခြုံစိတ်ချရဆုံး ဖြစ်ပြီး အာသီသမပြည့်ဝရင် Oral ကိုပဲ အကြံပေးလိုပါတယ် ။ Anus ကိုတော့ လုံးဝရှောင်ကြဉ်ကြပါ ခင်ဗျာ ။ Safety Profile အရ စဉ်မယ်ဆိုရင်တော့

၁ ။ ပါးစပ်မှလိင်ဆက်ဆံခြင်း ( ၉၀%)
၂ ။ မိန်းမကိုယ်မှလိင်ဆက်ဆံခြင်း (၈၀ %)
၃ ။ စအိုမှလိင်ဆက်ဆံခြင်း (၂၀ %) ဖြစ်ပါတယ် ။

နောက်တစ်ခုပြောလိုတာကတော့ အနောက်နိုင်ငံတွေမှာ တရားဝင်ခွင့်ပြုထားမယ့်အတူတူ Anal Sex ကို တော့ Risk တွေပြောပြပြီး ရုပ်ရှင်ထုတ်လုပ်တဲ့ company တွေကို တားဆီးသင့်ပါတယ် ။ မြန်မာနိုင်ငံမှာတော့ ဒီအကျင့်ဆိုးကြီး မကူးစက်လာနိုင်သေးဘူးလို့ ယူဆမိပါတယ် ။ မပြေးသော် ကန်ရာရှိ .. ယခုအထဲက ကြိုတင်သတိရှိ အသိရှိဖို့ လိုအပ်ပါကြောင်း ။

ယခုလို ဆွေးနွေး ဖို့ ပို့စ်တင်ပေးတဲ့ အစ်မငယ်နိုင်ကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

လေးစားစွာဖြင့် ....သက်တန့်ချို (ဆေး - ၂)

ကျမ အဲဒီလိုကားမျိုးတွေ ကြည့်ဖူးတယ် အပျိုတုန်းကသာ ကြည့်မိရင် ယောင်္ကျားယူချင်စိတ် ကုန်သွားလောက်တယ် လူတွေနဲ့မတူပဲ တိရိစ္ဆာန်တွေလိုပဲ သူတို့က မေတ္တာကိုမှ အခြေမခံတာ ၊ သွေးသားရမ္မက် ဆန္ဒအပေါ် အခြေခံထားတာကိုး။ စအိုကြွက်သားတွေ ကျုံ့အားနည်းလာပြီး ဝမ်းမထိန်းနိုင်ပဲ ဖြစ်တတ်တယ်၊ ရောဂါပိုးဝင်တတ်တယ်လို့ အကြမ်းဖျင်း သိထားပါတယ်။ ဆရာ ဒေါက်တာ တင့်ဆွေရဲ့ မူရင်းပို့စ်ကိုလည်း သွားဖတ်ခဲ့ပါတယ် ။ သိဖို့ လိုအပ်တဲ့ ပို့စ်တွေပါ မငယ်ရေ...အရမ်းကောင်းပါတယ်...

တကယ့်ကို အဖိုးတန်တဲ့ ပိုစ့်လေးပါပဲ အမရေ ကျေးဇူး ကောမန့်ပေးသွားတာတွေကော သေချာဖတ်ပြီး ဗဟုသုတယူသွားပါတယ်

လေးစားလျက်
တောင်ပေါ်သား

ဒေါက်တာတင့်ဆွေရဲ့  ပို့ စ် နဲ့ ကို သက်တန့် ချိုရဲ့ ကော်မန့် ပါ အကြောင်းအရာ များ အရ anal sex နဲ့ပတ်သက်တဲ့ ဆိုးကျိုးများ ( အထူးသဖြင့် HIV , HPV , STD ,Hepatitis A,B,C , အစရှိတဲ့ ရောဂါပိုးမွှားကူးစက်ခြင်း ၊ စအိုထိခိုက်ဒါဏ်ရာရခြင်း အစရှိသည်တို့  ) အကြောင်း အတော်လေး ပြည့်ပြည့် စုံစုံ ပါရှိပြီး ဖြစ် လို့  ခုခေတ်လူငယ်တွေအတွက် လိင်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေးမှု ဆိုင်ရာ ပို့စ်ကောင်းလေး တခုဖြစ်ပါတယ်။

မြန်မာလူမျိုးတွေ အနေနဲ့ ဒီကိစ္စကို မလိုအပ်တဲ့ ရှက်ရွံ့ မှုတွေ နဲ့ ဖုံးကွယ်ထားလေ့ရှိနေဆဲမို့  ကူးစက်ရောဂါ တွေ ပိုပြီးပျံ့ ပွားစေတယ် ။ ကုသမှု အတွက်လည်း အခက် အခဲ ရှိနိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာတော့ anal sex နဲ့ ပတ်သက်ပြီး စစ်တမ်းယူတော့ ကိန်းဂဏန်းအရ အဲ့ဒါမျိုးကို လိုလိုလားလားလက်ခံကြ ၊ အားပေးကြတာတွေတောင် ရှိကြလို့  အံ့သြမိသေးတယ် ။

ခုခေတ် မြန်မာလူငယ်တွေမှာလည်း ဒီလို အယူအဆမျိုးတွေ စွဲကပ်လာမယ်ဆိုရင် နဂိုကမှ တိကျထိရောက်တဲ့ ကုသမှုမျိုး မရ နိုင်တဲ့ နိုင်ငံ အခြေအနေမှာ ရောဂါ ပြန့်ပွားနှုန်းတွေ ကြောက်စရာကောင်းလောက်အောင် များပြားလာနိုင်ပါတယ်။ ဒီတော့ ဒီလွဲမှားတဲ့ ဆက်ဆံမှုကို အားပေးစေနိုင်တဲ့ ညစ်ညမ်းခွေတွေ မကြည့်ရစေအောင် တတ်နိုင်သလောက် ထိန်းချုပ်ကြဖို့  လိုမယ် ထင်တယ် ။ အတုမြင် အတတ်သင် ပြီး စူးစမ်းလိုကြတဲ့ လူငယ်သဘာဝကို မှန်ကန်တဲ့ ကျန်းမာရေးပညာပေးမှုတွေ လိုအပ်နေပါပြီ ။

အသေးစိတ်သိလိုသူများ လေ့လာနိုင်ဖို့အတွက်ရည်ညွန်းပေးလိုက်ပါတယ်။
http://en.wikipedia.org/wiki/Anal_sex

ကျေးဇူးတင်စွာဖြင့်
ကိကီ ။

လာရောက် အားပေး ဆွေးနွေးသွားတဲ့ မောင်လေး ကိုဒီရေ၊ AATO, မောင်မိုး၊ နန်း၊ သက်တန့်ချို၊ မချစ်ကြည်အေး၊ တောင်ပေါ်သား၊ ကိကိ တို့ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။

သက်တန့်ချိုနဲ့ ကိကိတို့ ဆွေးနွေးတဲ့ အချက်အလက်တွေကို ဆက်လေ့လာပြီး နောက် Semester မှာ အစ်မတင်သွင်းမယ့် online Discussion Forum မှာ ပြန်သုံးမှာ ဖြစ်လို့ အများကြီး ကျေးဇူးတင်ပါတယ်။ သက်တန့်ချို ပြောတဲ့ တချို့အချက်တွေက အစ်မ လိုက်မမီနိုင်လောက်အောင်ကို မြင့်နေသေးတယ်။ အမှန်တိုင်းပြောရရင် ဒါမျိုးတွေ ဗဟုသုမရှိဘူး။ kiki ပြောတဲ့ "ဒီလွဲမှားတဲ့ ဆက်ဆံမှုကို အားပေးစေနိုင်တဲ့ ညစ်ညမ်းခွေတွေ မကြည့်ရစေအောင် တတ်နိုင်သလောက် ထိန်းချုပ်ကြဖို့  လိုမယ် ထင်တယ်" ဆိုတာနဲ့ ပတ်သက်ပြီး ဒီခေတ်ကြီးမှာ အင်တာနက် သုံးတဲ့ သူတိုင်း အလွယ်တကူ တွေ့နိုင်တဲ့ ဒါတွေကို ကြည့်လို့မရအောင် ထိန်းချုပ်ဖို့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး အဲဒါတွေရဲ့ အပြစ်တွေကို ပညာပေးလို့ပဲ ရလိမ့်မယ်လို့ ကျွန်မထင်တယ်။ အထူးသဖြင့် ကျွန်မ ဆွေးနွေးစေချင်တာ အနောက်တိုင်း နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာဆရာဝန်တွေ ဒီကိစ္စကို ဘယ်လိုမြင်လဲဆိုတာ သိပ်သိချင်တယ်။

မရေ... တကယ့်ကို အဖိုးတန်တဲ့ပိုစ့်လေးပါ။ သေချာ ဖတ်သွားပါတယ်။ ဆွေးနွေးသွားတဲ့ ကွန်မန့်လေးတွေကော ဗဟုသုတအနေနဲ့ ဖတ်မှတ်သွားတယ်။ သိပ်ကောင်းပါတယ်မရေ..... ဘာမှ မဆွေးနွေးတတ်တော့ ဒီတိုင်းပဲ အားလုံးဖတ်မှတ်သွားတာပေါ့။ ကျေးဇူးပါနော်။

မမလဲ နဲနဲ တော့ဝင်ဆွေးနွေးချင်တယ်
သက်တန့်ချို ၀င်ပြီးပြောသွားတာလေးနဲ့ မယ်ကိပြောသွားတာတွေနဲ့ ပတ်သက်ပြီး ဆက်ပြောချင်တာပါ

အင်တာနက်က ကိစ္စတွေ တိမ်းချုပ်ဖို့ ဆိုတာ သိပ်တော့ မလွယ်လှတဲ့ ကိစ္စ ဆိုတာ အားလုံး သိပြီးသားမို့ အကျယ် မချဲံ့လိုတော့ပေမဲ့

ဥပဒေ ထုတ်ပြန်ဖို့ ကျပြန်တော့လဲ ခက်မယ် ထင်တာပဲ

မြန်မာပြည်ထဲမှာ ပညာပေးဖို့ ကိစ္စတွေကလဲ အတော်ခက်ခဲမယ် ထင်တယ်
ဆရာဆူဒိုနင်တို့၊ ဆရာ အတ္တကျော်တို့ ရေးတဲ့ ဆောင်းပါးတွေတောင် အတော်ကြီး တိုက်ခိုက်ခံခဲ့ရတာ ကိုး..
ဘာပဲ ဖြစ်ဖြစ် လူငယ်တွေ လမ်းမှားမရောက်အောင် အားလုံး မှာ တာဝန်ရှိတာ ကို မမေ့ကြဖို့ လိုအပ်မယ်

UNFPA နဲ့ တချို့ အဖွဲ့ တွေကတော့ ကျန်းမာရေး ပညာပေးတွေ တွန်းလုပ်နေကြတာပါပဲ
အခက်အခဲ တွေ ကြားထဲ ကပေါ့လေ..

ဒီလို ဓလေ့ကြီးက ရာဇဝင်နဲ့ချီပြီးတော့ကို ကြာညောင်းခဲ့ပါရောလား။ sodom city ကိုအကြောင်းပြုရာက sodomy လို့အစွဲပြုခေါ်တယ်လို့ ဖတ်ဖူးပါတယ် အစ်မရေ..။ http://en.wikipedia.org/wiki/Sodomy
ကျား-ကျားချင်းဖြစ်ဖြစ်၊ ကျား-မပဲဖြစ်ဖြစ် သာယာမှုအသစ်အဆန်းထင်လို့ အပြုမှားကြ၊ အလိုက်မှားကြတာ ဖြစ်မှာပဲ။
ခုလိုအသိပညာပေး ဆောင်းပါးကိုညွှန်းတဲ့အတွက်ရော အစ်မရေးတာပါ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် အစ်မ ။

FYI
ဆရာဆူဒိုနင်=ဆရာ အတ္တကျော

ကျေးဇူးပါ ကိုကို
ကျမ လောကြီးပြီး (..) နဲ့ ရေးဖို့ မေ့သွားတာပါ

ဆရာဆူဒိုနင် (အတ္တကျော်) စိတ်မဆိုးလောက်ပါဘူးနော့..း)

Angel Shaper, မမသီရိ၊ Khet Myint Myint, Ko Ko တို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။

မမသီရိရဲ့ ဆွေးနွေးချက်တွေကို လက်ခံပါတယ်။ တားဆီးပိတ်ပင်တဲ့ ဥပဒေ ထုတ်လို့မဖြစ်နိုင်ပါဘူး လူ့အဖွဲ့အစည်းတိုင်းမှာ ဒီကိစ္စတွေက ကင်းနိုင်တာ မဟုတ်လို့ အသိပညာပေးမှုတွေကိုပဲ အဓိက လုပ်ဖို့လိုပါတယ်။

ကျွန်မက စာရေးဆရာ ဆူဒိုနင်ကိုပဲ သိပြီး အတ္တကျော်ဆိုတာ အခုမှ ကြားဖူးပါတယ်။ အတ္တကျော်လည်း ခေါ်တယ်ဆိုတာ သိရလို့ ကျေးဇူးပဲ Ko Ko ရေ။ စာလာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

Each bird loves to hear himself sing.