မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ

ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့ သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့ လူက နှစ်နည်းနဲ့ တိုက်ခိုက် နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း
ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါ လာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လို သိနိုင်လဲ ဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့် အနေနဲ့ အကြံဉာဏ်များ ပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည် မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုး လာကြည့်တာ မဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီး တိုက်ခိုက် မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ . ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ... gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..

<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>



ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသား ကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချော ကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံး အနီနဲ့ ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေ ထပ်ဖြည့်လို့ ရပါသေးတယ် . မင်းသား ကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသား ကိုသာထည့် ဒီဇာတ်ကား ရုံပြည့် ရုံလျှံ ဖြစ်သွားမယ် .

(ဘလော့ဂ်မှာ လာအစော်ကားခံနေရတဲ့ ဘ၀တူ ဘလော့ဂါများအတွက် ပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်။ မူရင်း ပို့စ်ကို ဒီမှာ သွားဖတ်နိုင်ပါတယ်..)

ရွှ့င်လန်းချမ်းမြေ့ကြပါစေ။

Google Buzz VS Your Privacy

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။

Gmail view: standard | turn off chat | turn off buzz | older version | basic HTML Learn more
©2010 Google - Terms - Privacy Policy - Gmail Blog - Join the Gmail team - Google Home


source by : htootayzar

CHARACTER ENTITIES လေးတွေကို လေ့လာရအောင်

ကျွန်တော်တို့ အခု ရေးနေတဲ့ HTML လေးတွေမှာ CHARACTER ENTITIES ဆိုတဲ့ character လေးတွေ ရှိတယ်ဗျ.. ပုံလေးတွေက အမျိုးမျိုး နဲ့ နေရာ မျိုးစုံမှာ အသုံးပြုရအောင် အခက်တွေ့နေသူတွေ အတွက် ရည်ရွယ်ပါတယ်ဗျာ။ အဲဒါလေးတွေ က ဆိုတာမျိုးပေါ့ဗျာ ရေးတဲ့ ပုံစံလေးတွေကို အောက်မှာ ကြည့်ပါနော်...

ဥပမာ -
&hearts; လို့ရေးရင် ဒီလိုလေးပေါ်တယ်ဗျ
&spades; လို့ရေးရင် ဒီလိုလေးပေါ်တယ်ဗျ
ကဲ ကျန်တာလေးတွေကို ဆက်ကြည့်ရအောင် ...



EntityCharacterEntityCharacterEntityCharacter
&cent¢&pound;£&curren;¤
&yen;¥&brvbar;¦&sect;§
&uml;¨&copy;©&ordfª
&laquo;«&not;¬&shy
&reg;®&macr;¯&deg;°
&plusmn;±&sup2;²&sup3³
&acute;´&micro;µ&para
&middot;·&cedil;¸&sup1¹
&ordm;º&raquo;»&frac14¼
&frac12;½&frac34;¾&iquest¿
&infin;&fnof;ƒ&OmegaΩ
&weierp;&image;&real
&trade;&alefsym;&larr
&uarr;&rarr&darr;
&harr&crarr;&lArr;
&uArr;&rArr;&dArr
&hArr;&forall;&part
&exist;&empty;&nabla
&isin;&notin;&ni;
&or;&cap&cup;
&int;&there4;&sim;
&cong;&asymp;&ne;
&equiv;&le&ge;
&sub;&sup;&nsub;
&sube;&supe;&oplus
&otimes;&perp;&sdot
&lceil;&rceil;&lfloor
&rfloor;&loz;&spades
&clubs;&hearts;&diams
&OElig;Œ&oelig;œ&ScaronŠ
&bdquo;&dagger;&Dagger;
နောက်ထပ် ရှိသေးသော character များကိုလည်း ထပ်မံ မျှဝေ ပေးပါဦးမယ်နော်.. အောင်မြင် ပျော်ရွှင်ပါစေဗျာ..

ကျွန်တော် ဒီပို့စ်လေးကို ဒီနေရာမှာ လည်း တင်ပေးထားပါတယ်။ ဒီမှာ လာရောက် မျှဝေခွင့်ပေးတဲ့ ကျွန်တော့် အစ်မ မငယ် ကိုလည်း ကျေးဇူးတင်ပါတယ်။

http://ifile.it/dl မှာတင်ထားတဲ့ ဗွီဒီယိုဖိုင်ကို (download)လုပ်နည်း


http://ifile.it/dl မှာတင်ပေးထားတဲ့ ဗွီဒီယို ဖိုင်ကို ဒေါင်လုပ် (download) ယူချင်တယ် ဆိုရင်... အလွယ်ကူဆုံးနည်းကို ကျွန်တော် ပုံလေးတွေနဲ့ ရေးပြ ပါမယ်။ကျွန်တော်ကို မေးထားတဲ့ ညီငယ် ညီမငယ်တွေ နဲ့ မိတ်ဆွေများ ၊ ဒေါင်လုပ် လုပ်ရတာ အဆင်မပြေကြတဲ့ မိတ်ဆွေ တွေ အတွက်ပါဗျာ။

တကယ်လို့ သိထားပြီးသားဆိုရင်လည်း မသိသေးတဲ့ သူ တွေ အတွက်လို့ သဘောထားကြီး ပေးပါဗျာ။ ဒေါင်းရတာ အင်မတန် လွယ်ကူပါတယ်။ ဒေါင်း ပြီးရင်းလည်း ကွန်နတ်ရှင်တွေ ဘာတွေ စောင့် စရာမလိုပါဘူး။ ကိုယ့်  စက်မှာရှိတဲ့ ဝင်ဒိုးမီဒီယာ ပလေယာ လေးနဲ့ စိတ်ကြိုက်ဖွင့်ကြည့်လို့ ရပါပြီး။
ကဲ့ဗျာ Download တဲ့ နည်းက ဒီလိုလေးပါ ...

  • အဆင့် (၁)
ပေးထားတဲ့ လင့်လေးကိုနှိပ်လိုက်ပါ...
ဥပမာ။ ။ (ဒီနေရာမှာဒေါင်းပါ)
မှုရင်း ဗွီဒီယို ကို Upload ဖိုင်တင်ထားတဲ့ http://ifile.it/dl ဆိုက် ကိုရောက်ပါမယ်။


  • အဆင့် (၂)
အောက်က ပုံ (၁) မှာ အပြာရောင်နဲ့ကွင်း ပြထားတဲ့ အထဲက Request download ticket ဆိုတာလေးကို နှိပ်လိုက်ပါ။ ....ခဏ လေးစောင့်ပါ။
ပုံ(၁)


  • အဆင့်(၃)
အောက်က ပုံ(၂) မှာ ပြထားတဲ့တိုင်း download ဆိုတဲ့ အနီရောင်နဲ့ကွင်း ပြထားတာလေး တွေ့ရမယ်။ အဲဒီ စာလေးကို ထပ်နှိပ်လိုက်ပါ။
ပုံ(၂)

  • အဆင့်(၄)
အောက်က ပုံ (၃) မှာပြထားသလိုလေးပေါ်လာရင် Save File ဆိုတာလေးကို အမှတ်ပေးပြီး အောက်က OK ဆိုတာလေးကိုနှိပ်လို့ download လုပ်ပေးတော့ဗျာ။
ပုံ(၃)

အဲဒီမှာ ကွန်နတ်ရှင်ကောင်းရင်ကောင်းသလို မြန်ပြီး ကွန်နတ်ရှင် မကောင်းရင်တော့ စိတ်ရှည်ရှည်နဲ့သာစောင့် ပေတော့ဗျာ။
ပုံ (၄)

ကိုယ် download လုပ်ထားတာလေးက အစိမ်းရောင်တုံးလေးတွေ ပြည့်သွားလို့ ၁၀၀% ရောက်သွားရင်တော့ အေးအေးဆေးဆေး ဗွီဒီယို ဖိုင်လေး ဖွင့်ပြီး ကြည့် လို့ရပါပြီး။မရှင်းတာလေးတွေ ရှိခဲ့မယ် တခြားဆိုက်တွေမှာ တင်ထားတဲ့ ဖိုင်းတွေကိုလည်း ဒေါင်လုပ် လုပ်ရတာ အဆင်မပြေဖြစ်ခဲ့မယ် ဆိုရင် မေးမြန်နိုင်ပါတယ်ခင်ဗျာ။

(ဒေါင်လုပ် အဆင်မပြေ ဖြစ်နေ သူမိတ်ဆွေ များတွက် ရေးသားပါသည်။ Upload တင်ထားသည့် ဆိုက်တွေပေါ်မှုတည်ပြီး ဒေါင်းလုပ် ပုံဒေါင်လုပ်နည်း လုံးဝ မတူညီပါ။)


  • အားလုံးကိုခင်မင်လေးစားလျှက် -


  • အားလုံးကိုပျော်စေချင်တဲ့......