မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တို့ပြည်ထောင်စုသားတွေ


ဆစ်ဒနီ ရာသီဥတု ဖေါက်ပြန်ပုံကို ပြောရင်တော့ ပြီးမှာ မဟုတ်ဘူး။ မနေ့က မြန်မာ့ယဉ်ကျေးမှု ပွဲတော်ကျင်းပတဲ့နေ့မှာတော့ တနေကုန် မိုးရွာပြီး ဒီနေ့မနက်လည်းကျရော နေပွင့်နေပြီး တနေကုန်လည်း ရာသီဥတုက သာသာယာယာဖြစ်နေတယ်။ အလုပ်မှာ တွေ့တဲ့ သူတွေ အားလုံးကလည်း "ရာသီဥတုလေး သာယာလိုက်တာနော် မနေ့ကနဲ့ တခြားစီပဲ" လို့ ပြောပြီး မလိုအပ်ဘဲ သာယာနေတဲ့ ရာသီဥတုအကြောင်းကိုပဲ ပုံကြီးချဲ့ပြောကာ ၀မ်းသာအားရ ညွန်းပြီး နှုတ်ဆက်ကြတော့ ကျွန်မကို စိတ်မသက်မသာတောင် ပိုပြီး ဖြစ်စေခဲ့တယ်။ ခါတိုင်းဆိုရင်တော့ "ဟုတ်တယ်နော့် ရာသီဥတုလေးက သာယာလိုက်တာ သိပ်ကောင်းတာပဲ ဒီလိုနေ့မျိုးမှာ အလုပ်မလုပ်ဘဲ တနေရာရာ သွားရင်မကောင်းဘူးလား" လို့ ၀မ်းသာအားရ ပြန်ပြောမိမှာပဲ။ အခုတော့ ရာသီဥတုသာယာပါစေလို့ ဆုတောင်းတဲ့နေ့မှာ ရာသီဥတုက မသာယာဘဲ ဘာမှဆုမတောင်းတဲ့ ဒီနေ့မှာမှ လာပြီး နေသာယာနေတဲ့အချိန်မှာ လာနှုတ်ဆက်ပြီး ဒါကိုပဲ အားလုံးက အမွမ်းတင်ပြီး ပြောနေကြတော့ " ဆေးရုံထဲမှာ အလုပ်လုပ်နေသူအတွက် အပြင်မှာရာသီဥတု သာယာလို့ကော ဘာများအသုံးဝင်ပြီး အကျိုးထူးမှာမို့လဲ" လို့ ပြန်မပြောရုံတမယ်ပဲ ကျွန်မမျက်နှာက သိသိသာသာ မကျေမနပ်ဖြစ်နေပြီး " အေးဟုတ်တယ် ဒီနေ့ရာသီဥတုသာယာတယ်" ဆိုတာနဲ့ပဲ ၀တ်ကျေတန်းကျေ ပြန်ဖြေဖြစ်တယ်။

မနေ့ (25/09/11 ) က ဆစ်ဒနီမြို့ ဒါလင်ဟားဗားမှာ ကျင်းပတဲ့ ပွဲတော်ကတော့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ခိုက်သွားပြီးနောက်ပိုင်း နာဂစ်မှာ ဒုက္ခရောက်သူများကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဆစ်ဒနီရောက် မြန်မာတွေက နာဂစ် ဖြစ်တဲ့နှစ် ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Australia Burma Community Development Network (ABCD Network) က ကျင်းပတဲ့ Burmese food and cultural festival ဖြစ်ပြီး ဒီပွဲတော်ကို နှစ်စဉ်ကျင်းပလာတာ အခုဒီနှစ်ပွဲတော်က ၄ ကြှိမ်မြောက် ကျင်းပတဲ့ပွဲတော်ပါ။ ဒီပွဲတော် ကျင်းပတဲ့အချိန်ကာလက ကျွန်မအတွက် အလုပ်များဆုံး အချိန်ဖြစ်ပေမဲ့ ဒီလေးနှစ်မှာ ပွဲတော်ကို ကျွန်မ မရောက်တဲ့နှစ်ဆိုလို့ အခုထိ တနှစ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ အိမ်ကတယောက်က ဒီပွဲမှာ နှစ်စဉ် ခြင်းလုံးခတ်တဲ့ ခြင်းမင်းသားလည်းအဖြစ် သီချင်းဆိုတဲ့ အဆိုတော်လည်းဖြစ်တော့ ကျွန်မမှ အားမပေးရင် ဘယ်သူအားပေးမလဲ ဆိုတာကို တွေးပြီး ရှိတဲ့အလုပ်ကို မသွားဘဲ Cancel လုပ်ပစ်၊ ကျောင်းက လုပ်လက်စ Assignment တွေကိုလည်းရပ်ပြီး မဖြစ်ဖြစ်အောင် သွားအားပေးရပါတယ်။

ဒီနှစ်အပါအ၀င် နှစ်စဉ်နှစ်တိုင်း ပွဲတော်မှာ နယူးဆောက်ဝေးပြည်နယ်နဲ့ သြစကြေးလျားနိုင်ငံရဲ့ မြို့တော်စီရင်စုနယ်မြေရောက် မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ အဖွဲ့တွေ ပါဝင်ဆောင်ရွက်ပြီး ဖျော်ဖြေကြ၊ အစားအစာတွေ ချက်ပြုတ်ရောင်းချကြပါတယ်။ ပွဲတော်ကျင်းပတဲ့ နေရာ Darling Harbour ဆိုတာ Sydney Aquarium, Sydney Wild life world, Australian National Maritime Museum, Riverside Shopping Centre, Star City Casino, Sydney Convention Centre စတဲ့ ထင်ရှားတဲ့ နေရာတွေ ရှိတဲ့နေရာ ဖြစ်တော့ နိုင်ငံခြားသားတွေ လှည့်လည်သွားလာ ကြည့်ရှုရာနေရာ ဖြစ်သလို ရုံးပိတ်ရက်တွေမှာ ဆစ်ဒနီဒေသခံတွေ အပမ်းဖြေအနားယူရာနေရာ ဖြစ်လို့ ဘယ်တော့မှ လူမပြတ်တယ်ရယ်လို့ မရှိဘူး။ Star City လို့ ခေါ်တဲ့ Casino ကြီးနဲ့ စားသောက်ဆိုင်တွေကလည်း ရှိတော့ ညဘက်မှာတောင် လူမပြတ်တဲ့နေရာ ဖြစ်တယ်။ ဒီတော့ ဒေသခံရော နိုင်ငံခြားသားတွေပါ ရောက်လာတဲ့ ဧည့်သည်တွေက ဈေးအင်မတန်ချိုလှတဲ့ မြန်မာ အစားအစာတွေကို ၀ယ်စားရင်း မြန်မာ့ယဉ်ကကျေးမှု အကတွေ၊ ပြကွက်တွေကို လာကြည့်ကြတာကို မျှော်လင့်ပြီး ရန်ပုံငွေရအောင် ရှာတဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုနေ့မှာချက်ပြုတ် ရောင်းချတဲ့ အစားအစာတွေကိုတော့ မြန်မာဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ဈေးရောင်းပွဲမှာ မြန်မာတွေကိုပဲ ရောင်းချတဲ့ အစားအစာတွေကို ချက်သလို ချဉ်ငန်စပ်နဲ့ ဟင်းချိုမှုန့်ကို ကြိုက်သလို ထည့်လို့ရတာမျိုး မဟုတ်ဘဲ ချက်ပြုတ်ရောင်းချမည့် အစားအစာတွေရဲ့ ပါဝင်တဲ့ ပစ္စည်းတွေကို Food safety အတွက် ကောင်စီမှာတင်ပြကာ ချက်ပြုတ်စမ်းသပ်ခံပြီးမှ ရောင်းလို့ရပါတယ်။

ဒီနှစ်နဲ့ အရင်နှစ် ၂၀၁၀ က ရရှိတဲ့ ရန်ပုံငွေကို မြန်မာပြည်မှာ မျက်လုံးဒုက္ခရောက်နေသူများကို ကုသမှုအတွက် အကူအညီပေးတယ်လို့ သိရပြီး ပထမဦးဆုံး နှစ် ၂၀၀၈ နဲ့ ဒုတိယနှစ် ၂၀၀၉ က ရတဲ့ ရံပုံငွေကိုတော့ နာဂစ်ကြောင့် ဒုက္ခရောက်သူတွေကို အကူအညီပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ABCD Network က နာဂစ်ကြောင့် ပေါ်လာတဲ့အဖွဲ့အစည်းတခု ဖြစ်တယ်။ မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့အတွက် ဒီပွဲတော်က ပြည်ထောင်စုပွဲတော်လို့တောင် ပြောလို့ရပါတယ်။ ရှမ်း၊ ဗမာ၊ ရခိုင် အစားအစာတွေအပြင် မြန်မာမူစလင်အဖွဲ့ကလည်း ပန်းသေးခေါက်ဆွဲအပါအ၀င် စားစရာတချို့ ရောင်းချနေတာ တွေ့ရပါတယ်။ ဒါအပြင် မြန်မာတိုင်းရင်းသား အစားအစာ မဟုတ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယအစားအစာ တချို့ကိုလည်း ရောင်းချတာ တွေ့ရပါတယ်။ ဒီနှစ်မှာ မိုးရွာနေလို့ အရင်သုံးနှစ်တွေကလောက် လူမများပေမဲ့ မိုးရေထဲက ပွဲတော်ကို မိုးရေထဲမှာပဲ ထီးတွေဆောင်းပြီး ၀ယ်စားကြပြီး စိတ်ဝင်တစား ကြည့်ရှုကြတာ တွေ့ရပါတယ်။ ယဉ်ကျေးမှု ပြကွက်တွေမှာလည်း တိုင်းရင်းသား အကမျိုးစုံ နဲ့ ကိန္နရီ ကိန္နရာ အက၊ ရုပ်သေးအကတွေနဲ့ အားကစားလည်းဖြစ် အနုပညာလည်း ဖြစ်တဲ့ မြန်မာ့ဝိုင်းခြင်းကိုလည်း ခတ်ပြတော့ တင်ဆက်မှုမှာ တော်တော်လေးကို အမျိုးစုံတာ တွေ့ရပါတယ်။

သို့သော်လည်း အချိန်မရသေးလို့ ဒီပို့စ်မှာတော့ ဒီပွဲတော်အကြောင်းအသေးစိတ်ကို ဖေါ်ပြပေးမှာ မဟုတ်ဘဲ ကျွန်မရဲ့ကင်မရာ အစုတ်နဲ့ ရိုက်ထားတဲ့ အန်တီ ဒေါ်မာမာအေး ဦးဆောင်ပြီး သီဆိုထားတဲ့ ပြည်ထောင်စု သီချင်းကိုပဲ အဓိကထားပြီး တင်ပေးလိုက်ပါတယ်။ အဆိုတော် ဒေါ်မာမာအေးက ဒီပွဲတော်အတွက် အမေရိကနေ ရောက်လာတာပါ။ ဒီသီချင်းကို စန္ဒရားလှထွဋ်က ရေးစပ်ခဲ့တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က အဲဒီတုန်းက အထင်ရှားဆုံး တက်သစ်စ နိုင်ငံကျော် အဆိုတော်တွေဖြစ်ကြတဲ့ အမျိုးသမီး အဆိုတော် မာမာအေး၊ အေ၀မ်းတင်တင်လှ နဲ့ အမျိုးသားအဆိုတော် မောင်မောင်ကြီးနဲ့ သန်းဖေလေးတို့ လေးယောက် သီဆိုခဲ့တယ်ဆိုတာ သိရပါတယ်။ ကျွန်မငယ်ငယ်က မြန်မာ့အသံက ရေဒီယိုမှာ အမြဲကြားဖူးပါတယ်။ ဒီပွဲတော်မှာတော့ ဒေါ်မာမာအေးကလွဲရင် ကျန်တဲ့သုံးယောက်နေရာမှာတော့ ဆစ်ဒနီရောက် လက်လုပ်အဆိုတော်တွေနဲ့ အစားထိုးထားပါတယ်။ ဒီထဲမှာ အိမ်ကတယောက်က မောင်မောင်ကြီးနေရာမှာ ၀င်ဆိုထားတော့ ကျွန်မနားထောင်ရတာ မြန်မာ့အသံထဲမှာ ငယ်ငယ်က အမြဲတမ်း ကြားနေရတဲ့ မောင်မောင်ကြီးအသံထက်တောင် ကောင်းသေးသလိုပဲ။ ဒါပေမဲ့ ဒီဗွီဒီယိုထဲမှာ မကောင်းရင်တော့ ကျွန်မ ကင်မရာ အစုတ်ကြောင့်သာ ဖြစ်ပြီးတော့ ရာသီဥတု ၁၈ ဒီဂရီ ရှိတယ်ဆိုလို့ အနွေးထည် ပါးပါးပဲ ၀တ်သွားရာကနေ မထင်မှတ်ပဲ မိုးကထင်တာထက် ပိုများပြီး ရာသီဥတုက သိပ်အေးတော့ ဓါတ်ပုံရိုက်ရာမှာ လက်တုန်နေလို့ ဗွီဒီယိုက ရုပ်ရောအသံပါ မငြိမ်ဖြစ်ပြီး မကောင်းတာ ဖြစ်ကြောင်း ကြိုတင်အသိပေးထားပါရစေ။

ပြည်ထောင်စုသားသီချင်း



နောက်အေးအေးဆေးဆေး အချိန်ရမှပဲ "မိုးရွာထဲက ရွှေပွဲတော်" နာမည်နဲ့ အဲဒီနေ့ပွဲတော်တခုလုံး အကြောင်းကို အသေးစိတ် ဓါတ်ပုံ အပြည့်အစုံနဲ့ ဝေေ၀ဆာဆာ ပြန်တင်ဖို့ ရှိပါတယ်။ ပြီးတော့ ဆစ်ဒနီခြင်းဝိုင်းအကြောင်း အသေးစိတ်၊ ဒီပွဲတော်မှာ အန်တီ မာမာအေး သီဆိုတဲ့ အစီစဉ်နဲ့ ပျူခေတ်ကနေ အခုခေတ်အထိ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့ပုံ ပြောင်းလဲလာပုံကိုလည်း ဓါတ်ပုံနဲ့တကွ ဘလော့ဂ်မှာ သီးသန့်ပို့စ် အဖြစ်တင်ပေးဖို့နိုင်ဖို့အတွက် မြန်မာ အမျိုးသမီးတို့ရဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ အစီစဉ်ကို တာဝန်ယူတဲ့ တာဝန်ခံဆီက ပွဲတော်မှာ သူရှင်းလင်းပြောပြတဲ့ စာမူကို ကျွန်မ တောင်းထားပါတယ်။ သူ့ဆီက လက်ရေးစာမူရရင် ကျွန်မက ပြန်ရိုက်ပြီး ကျွန်မ ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့တကွ တွဲပြီး တင်ပြဖို့ ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ ဘာကြောင့်ဘယ်လို ပြောင်းလဲလာတယ်ဆိုတဲ့ နောက်ခံသမိုင်းကို ရှင်းပြထားတဲ့ ဒီအစီစဉ်က ဒီပွဲတော်မှာ ကျွန်မ စိတ်ဝင်စားဆုံးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကျွန်မအတွက် အသစ်အဆန်းတွေ သိခွင့်ရတဲ့ ဗဟုသုတရဆုံး အစီစဉ်လည်း ဖြစ်တယ်။ မသိသေးတဲ့သူတွေလည်း အများကြီး ရှိနိုင်တယ်ဆိုတာ တွေးမိလို့ အစီစဉ်တာဝန်ခံဆီက တကူးတက ကျွန်မ ခွင့်တောင်းထားခြင်းဖြစ်တယ်။ စိတ်ဝင်စားသူများ စောင့်မျှော် ကြည့်ရှုနားထောင်နိုင်ပါတယ်။

အလုပ်များလွန်းလို့ ဘလော့ဂ်ကို လှည့်ကြည့်မအားတာ ကြာပြီမို့ ကျွန်မနဲ့ တွေ့တိုင်းမှာ " ညည်းလည်း ဘလော့ဂ်မှာ ပိုစ်အသစ်တင်တာမတွေ့တော့ဘူး ညည်းယောက်ျားလည်း ဘယ်ပွဲမှာမှ သီချင်းဆိုတာ မတွေ့တော့ဘူး ညည်းတို့ဘယ်တွေ ပျောက်နေကြလဲ ညည်းလည်း ပို့စ်လေးဘာလေး ပြန်တင်ဦး ညည်းယောက်ျားကိုလည်း သီချင်းလေးဘာလေး ပြန်ဆိုခိုင်းပါဦး" လို့ တွေ့တိုင်းပြောနေတဲ့ ဆစ်ဒနီမြို့ မြန်မာလူမျိုးစု မြန်မာ့အသံက အန်ကယ် ဦးပန်တျာနဲ့ ပို့စ်တင်ကျဲရင် အမြဲမေးတတ်တဲ့ မိတ်ဆွေတွေအတွက်တော့ ဒီပို့စ်လေးကြောင့် အခိုက်အတန်တော့ ဘလော့ဂ်ကို လာလည်ရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တချိန်တည်းမှာပဲ အနာဂတ် ပြည်ထောင်စုမှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးတန်းတူ ညီမျှမှုနဲ့ ညီညွတ်မှုအတွက် ဒီပြည်ထောင်စု သီချင်းနဲ့ ဂုဏ်ပြု ဆန္ဒပြုလိုက်ပါတယ်။ သီချင်းကို ဆက်လက်နားဆင်ပြီး ဓါတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံတွေကိုတော့ နောက်မှပဲ ဘာပုံတွေဆိုတာ လေဘယ်တပ်ပေးမယ်။ ထပ်ဖြည့်ဖို့လည်း ကျန်သေးတယ်။

လောလောဆယ်တော့ ရန်ကုန်မှာ ဆန္ဒပြနေတယ်ဆိုတဲ့ အရေးကြီးတဲ့သတင်းက ၀င်လာနေလို့ သွားလိုက်ပါဦးမယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။































54 comments:

ပြောစမ်း ပေါက်ကရ

စုစုစည်းစည်း ညီညီညွတ်ညွတ် ပေါင်းပေါင်းရုံးရုံး တွေ့ ရတာ အလေးအနက် ဂုဏ်ယူမိပါတယ်ဗျာ။

မငယ်နိုင် ရဲ့ မောင်မောင်ကြီးက..အသံကောင်းပဲ..
သီချင်းလာနားထောင်သွားတယ်..
အလယ်ခေါင်က..အမျိုးသမီး ရဲ့ အ၀တ်အစားလေး တခုပဲ နဲနဲ လိုနေတယ်.. အနည်းဆုံး..လုံခြည်စလေး ကောက်ပတ် လိုက်ရင်တောင် မဆိုးဘူး..း)))

ရုရှားမှာ ကျောင်းပြီးတော့ မြန်မာပြည်ပြန်သွားလို့ ဘလော့၈်ကို လာမနှောင့်ယှက်တော့ဘူး ထင်နေတာ အခုတော့ ပြည်တွင်းကနေ ဘလော့ဂ်တွေ ပြန်ဖွင့်ပေးလိုက်တာနဲ့ ချက်ချင်းကို ပြန်ရောက်လာပြီး ဘလော့ဂ်ပိုင်ရှင်က ကိုယ့်ဘလော့ကိုယ်ပြန်မ၀င်အားတဲ့ အချိန်မှာတောင်နိုင်ငံခြားပြန်တယေက်က အားအားလျားလျား အဘိဇ္ဇာလာပွားဖို့ အချိန်ရသေးတာ အံ့ပါရဲ့။ နိုင်ငံခြားက ပြန်လည်း နိုင်ငံခြားမှာ ရှိတုန်းကလို မိန်းမတယောက်ရဲ့ ဘလော့ဂ်ကို အနှောင့်အယှက်ပေးရတဲ့ အထူး တာဝန်ကို ယူနေရတုန်းပဲထင်တယ်။

မောင်သန့်နဲ့ မကေရေ ရှားရှားပါးပါး လာအားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ဘယ်မှ သွားမလည်နိုင်တာနဲ့ အခုနောက်ပိုင်း ကျွန်မဘလော့ဂ်မှာ နိုင်ငံရေးပိုစ်တွေပဲ သူများလာအားပေးတာ များတော့တယ်။ မိတ်ဆွေတွေထဲက နာမည်အတုလုပ်ခံရလို့ အခုနောက်ပိုင်း မကေတို့လို သီးသန့် လာအားပေးသူတွေ မရှိတော့ဘူး။ မကေမပြောသလို ကျွန်မလည်း ပြောပြီးပြီ။ ရာသီဥတုကြောင့် အပေါ်မှာ နွေးတာကြိုက်တာဝတ် ယဉ်ကျေးမှုပွဲဖြစ်လို့ အောက်ပိုင်းမှာတော့ ချိတ်ထမိန်လေးတော့ ၀တ်ထားသင့်တယ်လို့ ကျွန်မလည်း ပြောပြီးပြီ။ ဆိုထားကြတာတော့ ဗွီဒီယိုထဲမှာ မဟုတ်ဘဲ အပြင်မှာ နားထောင်ရတာ မဆိုးပါဘူး အဲဒါတောင်ခဏပဲ တိုက်ချိန်ရတယ်။

မငယ်နိုင်ကိုထောက်ခံကြ
မငယ်နိုင်ကိုထောက်ခံကြ
ကိုပေါကို ကန့်ကွက်ကြ

ကျနော်တို့ စစ်ကျွန်တွေ အနောက်မှာ အဘ ရှိတယ်


ဘာမှ ထွေထွေထူးထူးတွေ စဉ်းစားမနေပါနဲ့
ဘာမှ မပြောင်းလဲပါဘူး
အရင်တုန်းကလိုပါပဲ
ကျနော်တို့ စစ်ကျွန်တွေ အနောက်မှာ အဘ ရှိတယ်
မယုံရင် ဒီမှာ ကြည့်ကြပါ


မောင် (ရုရှားပြန် ပူပူနွေးနွေး)
ငယ်နိုင်ဘလော့ နှောင့်ယှက်ရေးဌာန (မြန်မာပြည် ဌာနခွဲ)


http://1.bp.blogspot.com/-S0wCRyLSFbQ/ToPnw-54RoI/AAAAAAAANAw/Ik34k0Gi4Lc/s1600/323596_284418424904279_100000083724020_1206476_657632631_o.jpg

ရုံး‌တွေမှာလဲ အဲဒီတာ‌တေကြီးရဲ့ ပုံ‌တွေ ချိတ်ထားတုံးဘဲ.
ဒါကြိုကည်ြ့ခင်းအားဖြင့်‌နောက်ကွယ်က သန်း‌ရွှေကြိုး
ကိုင်‌နေဆဲဘဲဆိုတာ ထင်ရှားပြီးသားဘဲ..
တကယ် အာဏာစွန်ြ့ပီဆိုရင်.. အဲဒီကျက်သ‌ရေတုံးပူံကို ချိတ်ထားစရာ
အေ ကြာင်းမှမရှိတာ..
သမတပုံ.. ဒါမှမဟုတ် အမျိုးသား‌ခေါင်း‌ဆောင်ကြီး ဗိုလ်ချုပ်ရဲ့ပုံကို ချိတ်ထားမှ သဘာဝကျမှာ‌ပေါ့..။

ပြည်တွင်းက အစိုးရရုံးတွေမှာ အဲဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဓါတ်ပုံတွေ ဆက်ချိတ်ထားတာက ကြိုးဆွဲဆရာက မ ဖြုတ်ခိုင်းသေးလို့ပါ

ရုပ်သေး သိန်းစိန်

ပြည်ပက မြန်မာသံရုံးတွေ၊ မြန်မာကောင်စစ်ဝန်ရုံးတွေမှာ အဲဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဓါတ်ပုံတွေ ဆက်ချိတ်ထားတာက ကြိုးဆွဲဆရာက မ ဖြုတ်ခိုင်းသေးလို့ပါ

ရုပ်သေး သိန်းစိန်

ပြည်ပက မြန်မာသံရုံးတွေ၊ မြန်မာကောင်စစ်ဝန်ရုံးတွေမှာ အဲဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဓါတ်ပုံတွေ မဖြုတ်သေးတာက ကြိုးဆွဲဆရာက မဖြုတ်ခိုင်းသေးလို့ပါ

ရုပ်သေး သိန်းစိန်

ဒါပေမဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားချင်တဲ့အခါ၊ လှည့်ဖြားချင်တဲ့အခါမှာ အမျိုးသား‌ခေါင်း‌ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံကို ဟန်ပြ ချိတ်ခွင့်ကို ကြိုးဆွဲဆရာက ပေးထားပါတယ်။

ရုပ်သေး သိန်းစိန်

ကမ္ဘာ့ အရူးပေါဆုံး နိုင်ငံအုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏
အနောက်မှ ကြိုးကိုင်နေသူ၏
ကမ္ဘာ့ အရူးပေါဆုံး ညွှန်ကြားချက်များ အကြောင်းကို ဖတ်ရန်
"ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြိုးကိုင်အုပ်ချုပ်နေသူ တစ်ဦး" ခေါင်းစဉ်ကို နှိပ်ပါ။


၂၀၁၂ ခုနှစ် Guinness World Records စာအုပ်ထဲတွင် တမူထူးခြား ဆန်းဆန်းပြားပြားများ စုစည်းဖော်ပြထားသော်လည်း ထို ထူးခြားချက်များထက် ပိုမို ထူးခြား ဆန်းပြားသည့် အောက်ပါ အကြောင်းအရာမှာ
ဂင်းနစ်မှ တာဝန်ရှိသူများ မသိရှိသဖြင့် ဖော်ပြခြင်း မခံခဲ့ရပါ။


ကမ္ဘာ့ အရူးပေါဆုံး နိုင်ငံအုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ အနောက်မှ ကြိုးကိုင်နေသူ၏ ကမ္ဘာ့ အရူးပေါဆုံး ညွှန်ကြားချက်များ အကြောင်း

မြန်မာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို ကမ္ဘာတဝှမ်းတွင် သိရှိသူ အလွန် များပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနောက်မှာ သူ့ကို ကြိုးကိုင်နေသူ ရှိသည်ကိုမူ သိရှိသူ မရှိသလောက်ပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနောက်က ကြိုးကိုင်နေသူ၏ ရူးပေါပေါ ညွှန်ကြားချက်များအတိုင်း တိုင်းပြည်၏ အရေးကြီးသော မူဝါဒရေးရာများပါမကျန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုက်လံဆောင်ရွက်လေ့ ရှိပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နှစ် ၂ဝ လုံးလုံး ထို ရူးပေါပေါ ညွှန်ကြားချက်များအတိုင်း အုပ်ချုပ်လာခဲ့သည်။

တိုင်းပြည်၏ အရေးကြီးသော မူဝါဒရေးရာများပါမကျန် မင်းဆရာ၏ ရူးပေါပေါ ညွှန်ကြားချက်များအတိုင်း အုပ်ချုပ်သော အလားတူ နိုင်ငံအုပ်ချုပ်သူများ ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အခြား ရူးပေါပေါ နိင်ငံအုပ်ချုပ်သူ အားလုံးထက် အပြတ်အသတ် ရူးပေါသည့်အတွက် ဂင်းနစ်စံချိန်စာရင်းထဲတွင် ထည့်သွင်း ဖော်ပြသင့်ပါသည်။


http://thuraytphaung.blogspot.com/2011/09/blog-post_14.html

ရာဇဝတ်ဘေး၊ ပြေးမလွတ်


စစ်ရာဇဝတ်ကောင်အဖြစ် တရားစွဲဖို့ အိုဘားမားက ထောက်ခံထားခြင်း ခံရတဲ့ သန်းရွှေရဲ့ လူမိုက်ဝါဒကြောင့် မြန်မာစစ်တပ်က နှစ် ၂ဝ အတွင်းမှာ မြန်မာပြည်သားတွေကို သောင်းနဲ့ချီပြီး သတ်ခဲ့ပြီးပါပြီ။

၁၉၉၈ ခုနှစ်၊ မေလမှာလည်း နအဖ လူသတ်ဂိုဏ်းချုပ်ကြီး သန်းရွှေကိုယ်တိုင် ပေးခဲ့တဲ့ အမိန့်ကြောင့် မြန်မာစစ်တပ်က အပြစ်မဲ့ အရပ်သား ၈၁ ယောက်ကို တနင်္သာရီတိုင်း၊ ခရစ်စတီကျွန်းပေါ်မှာ သွေးအေးအေးနဲ့ ပစ်သတ်ခဲ့ပါတယ်။

၂ဝဝ၃ ခု၊ မေလ ၃ဝ ရက်နေ့မှာလည်း လူမိုက် သန်းရွှေကိုယ်တိုင် စီစဉ်တဲ့ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးမှာ စစ်သား၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေက အပြစ်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို စနစ်တကျ အကွက်ဆင်ပြီး ရိုက်သတ်ပြီးပါပြီ။

၂ဝဝ၇ ခု၊ စက်တင်ဘာလမှာ ငြိမ်းချမ်းစွာ မေတ္တာပို့နေကြတဲ့ ရဟန်းတော်တွေနဲ့ ပြည်သူတွေကို နအဖ လူမိုက်ချုပ်မှုးကြီး သန်းရွှေက ရက်ရက်စက်စက် ပစ်သတ်ခိုင်းလို့ အပြစ်မဲ့ ရဟန်းရှင်လူ ၁ဝဝ ကျော် အသက်ဆုံးခဲ့ရပြန်ပါတယ်။

နအဖ စစ်အစိုးရ အုပ်ချုပ်လာတဲ့ နှစ် ၂ဝ အတွင်းမှာလဲ တိုင်းရင်းသားနယ်မြေတွေနဲ့ ကျေးလက်ဒေသတွေမှာ "ရွာစု" တဲ့အခါ (အတင်း ရွာပြောင်းခိုင်းတဲ့အခါ) လက်နက်မဲ့ အရပ်သားတွေကို ဥပဒေမဲ့ လက်လွတ်စပယ် ရမ်းကား သတ်ဖြတ်လာတာလဲ သောင်းနဲ့ ချီနေပါပြီ။

စစ်ရာဇဝတ်ကောင် သန်းရွှေတို့ရဲ့ စစ်ရာဇဝတ်မှုတွေ (war crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ (crimes against humanity) ကို စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းဖို့ ချက်သမတနိုင်ငံ၊ ဗြိတိန်၊ ဆလိုဗေးကီးယား၊ ဟန်ဂေရီ၊ နယ်သာလန်၊ ပြင်သစ်၊ လစ်သူယေးနီးယား၊ အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ လတ်ဗီးယား၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနှင့် နယူးဇီလန် အပါအဝင် စုစုပေါင်း ၁၆ နိင်ငံက ထောက်ခံထားတာပါ။

အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်ကို ပုရွက်ဆိတ်လောက်တောင် တန်ဖိုးမထားပဲ သတ်ချင်သလို သတ်လာခဲ့တဲ့ လူသတ်ကောင် သန်းရွှေနဲ့ အပေါင်းပါဗိုလ်ချုပ်တွေဟာ ကာလဝိဘက်၊ နောက်ပိုးတက်ပြီး ဝဋ်လည်ဖို့ အချိန် နီးကပ်လာပါပြီ။ တကယ် ဖြစ်လာရင် အရပ်သား အယောင်ဆောင် သိန်းစိန်အစိုးရကလဲ စစ်ရာဇဝတ်ကောင် သန်းရွှေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်စုကို အသုံးချပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို မပေးဘဲနဲ့ ပေးတော့မယောင်ယောင် လိမ်ညာတဲ့ နည်းတွေကလဲ စစ်ရာဇဝတ်ကောင် သန်းရွှေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

စစ်ရာဇဝတ်ကောင် သန်းရွှေ၊ စစ်ရာဇဝတ်ကောင် မောင်အေး၊ စစ်ရာဇဝတ်ကောင် ရွှေမန်း၊ စစ်ရာဇဝတ်ကောင် သိန်းစိန်၊ စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၊ စစ်ရာဇဝတ်ကောင် ဇော်မင်း အပါအဝင် စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်တွေဟာ တကယ် ဖြစ်လာရင် ဟူကျင်းတောင်မှတပါး အခြား ကယ်မည့်သူမရှိတဲ့ အဖြစ်ကို ရောက်နေလို့ သူတို့ ခိုးထားတဲ့ ပိုင်ဆိုင်မှုတွေကို စင်ကာပူ နဲ့ တရုတ်ပြည်ကို ရွှေ့ ပြောင်းထားပြီးပါပြီ။

စစ်ရာဇဝတ်ကောင် သန်းရွှေတို့၏ စစ်ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးရန် ၁၆ နိင်ငံက ထောက်ခံထားပြီ


စစ်ရာဇဝတ်ကောင် သန်းရွှေ၊

စစ်ရာဇဝတ်ကောင် မောင်အေး၊

စစ်ရာဇဝတ်ကောင် သိန်းစိန်၊

စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး၊

စစ်ရာဇဝတ်ကောင် ရွှေမန်း၊

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၊

စစ်ရာဇဝတ်ကောင် ဇော်မင်း

အပါအဝင် စစ်ရာဇဝတ်ကောင်
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်များ၏ စစ်ရာဇဝတ်မှုများ (war crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (crimes against humanity) ကို စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းပြီး စစ်ဆေးရန် အောက်ပါ နိင်ငံ ၁၆ နိင်ငံက ထောက်ခံထားပြီ ဖြစ်ပါသည်။


(၁) သြစတြေလျ (၂) ယူနိုက်တက် ကင်းဒမ်း (၃) ချက် သမ္မတနိင်ငံ (၄) ဆလိုဗက်ကီးယား(၅) အမေရိကန်ပြည်ထောင်စု (၆) ကနေဒါ (၇) ဟန်ဂေရီ (၈) နယူးဇီလန် (၉) နယ်သာလန် (၁ဝ) ပြင်သစ် (၁၁) အိုင်ယာလန် (၁၂) လစ်သူယေးနီးယား (၁၃) အက်စတိုးနီးယား (၁၄) ဘယ်လ်ဂျီယံ (၁၅) ဒိန်းမတ် (၁၆) လတ်ဗီးယား

စုစုပေါင်း ၁၆ နိင်ငံက ထောက်ခံထားပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထုအပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်အရေးယူရေး ကို အမေရိကန် ပြည်သူတွေက လက်မှတ် ရေးထိုး တောင်းဆို


အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇၊ ၂၀၁၁


အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma မှ အမေရိကန်ပြည်သူတွေ ရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှု စာလွှာပေါင်း တသောင်းသုံးထောင် ကို အမေရိကန် သမ္မတအိုဘားမား ထံပေးပို့လိုက်ကြပါတယ်။

ဒီစာတွေထဲမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထု အပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေကို သမ္မတအိုဘားမား အစိုးရ က ဦးဆောင်ပြီး အဆုံးသတ်စေရေး၊ ရာဇဝတ်မှု ကျူးလွန်သူ တွေကိုလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ ဖေါ်ထုတ် အရေးယူရေး ကို အမေရိကန် ပြည်သူတွေ က လက်မှတ် ရေးထိုး တောင်းဆိုလိုက် ကြတါပါ။

ပြီးခဲ့တဲ့ နှစ်က သမ္မတ အိုဘားမား က ကုလစုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကို အပြည့်အဝ ထောက်ခံခဲ့ ပေမယ့် အပြောနဲ့ တင် မဟုတ်၊ အလုပ်နဲ့ပါ လက်တွေ့ပြဖို့တောင်းဆိုကြတာကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့က ဉပဒေရေးရာ ဒါရိုက်တာ ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကို ပြောပြပါတယ်။မြန်မာအစိုးရ ဖက်ကလည်း ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်နေတာ ကို အမေရိကန် အစိုးရ ကို ရော နိုင်ငံတကာ အစိုးရတွေ ကိုပါ စောင့်ကြည့် စေလိုတဲ့ သဘော ပြောတာကို လက်ခံတဲ့ အသွင်ဆောင်ပုံ ကိုလည်း ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကိုရှင်းပြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လည်းကျင်းပ နေပြီမို့ မြန်မာ့အရေး ထိရောက်စွာ ဖြေးရှင်းပေး ရေး လိုလားကြပုံ ကို အမေရိကန် ပြည်သူတွေရော ကမ္ဘာကျော် ဂီတဝိုင်း ယူတူးမှ တီးဝိုင်းခေါင်းဆောင် ဘိုနို ကပါ လှုံ့ဆော် တောင်းဆိုနေတာ ဖြစ်ပါတယ်။

(ဘီဘီစီ)

မြန်မာစစ်ရာဇဝတ်ကောင် သန်းရွှေ တို့ကို စီအိုအိုင် ဖွဲ့ပြီး စစ်ဆေးရန် အမေရိကန် ပြည်သူ ၁၃ဝဝဝ က လက်မှတ်ထိုး တောင်းဆို


မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထုအပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်အရေးယူရေး ကို အမေရိကန် ပြည်သူတွေက လက်မှတ် ရေးထိုး တောင်းဆို


အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma မှ အမေရိကန်ပြည်သူတွေ ရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှု စာလွှာပေါင်း တသောင်းသုံးထောင် ကို အမေရိကန် သမ္မတအိုဘားမား ထံပေးပို့လိုက်ကြပါတယ်။

ဒီစာတွေထဲမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထု အပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေကို သမ္မတအိုဘားမား အစိုးရ က ဦးဆောင်ပြီး အဆုံးသတ်စေရေး၊ ရာဇဝတ်မှု ကျူးလွန်သူ တွေကိုလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ ဖေါ်ထုတ် အရေးယူရေး ကို အမေရိကန် ပြည်သူတွေ က လက်မှတ် ရေးထိုး တောင်းဆိုလိုက် ကြတါပါ။

ပြီးခဲ့တဲ့ နှစ်က သမ္မတ အိုဘားမား က ကုလစုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကို အပြည့်အဝ ထောက်ခံခဲ့ ပေမယ့် အပြောနဲ့ တင် မဟုတ်၊ အလုပ်နဲ့ပါ လက်တွေ့ပြဖို့တောင်းဆိုကြတာကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့က ဉပဒေရေးရာ ဒါရိုက်တာ ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကို ပြောပြပါတယ်။မြန်မာအစိုးရ ဖက်ကလည်း ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်နေတာ ကို အမေရိကန် အစိုးရ ကို ရော နိုင်ငံတကာ အစိုးရတွေ ကိုပါ စောင့်ကြည့် စေလိုတဲ့ သဘော ပြောတာကို လက်ခံတဲ့ အသွင်ဆောင်ပုံ ကိုလည်း ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကိုရှင်းပြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လည်းကျင်းပ နေပြီမို့ မြန်မာ့အရေး ထိရောက်စွာ ဖြေးရှင်းပေး ရေး လိုလားကြပုံ ကို အမေရိကန် ပြည်သူတွေရော ကမ္ဘာကျော် ဂီတဝိုင်း ယူတူးမှ တီးဝိုင်းခေါင်းဆောင် ဘိုနို ကပါ လှုံ့ဆော် တောင်းဆိုနေတာ ဖြစ်ပါတယ်။

(ဘီဘီစီ)

ခေါင်းစဉ်ကို နှိပ်ပြီး တိမ်တိုက်လေး ရဲ့ ကာတွန်းကို ကြည့်နိုင်ပါတယ်။

မငယ် သူငယ်ချင်း

လာပြောထားကတည်းက လာမလို့ မအားလို့..။

အခုမှ လာကြည့်ဖြစ်တယ်.. ဂုဏ်ယူပါတယ် ကိုကျော်နိုင်.. ယောက်ျားလည်း ကြည့်တယ်.. မာမာအေးပြီးရင် ကိုကျော်နိုင် ပိုကောင်းတယ်..။ မာမာအေးနဲ့ တောင်တွဲဆိုရတာဆိုတော့ ပညာရှင် တွေပေါ့..။

ကိုကျော်နိုင်ရေ.. ဝမ်းသာနေတယ်. အဆိုတော်အဖြစ် မြင်ချင်ပါပြီ..။ တကယ်ပြောတာပါ.. အခွေထုတ်မလား.. ပိုက်ဆံထုတ်ပေးမယ်.. ဒီမှာက ပိုက်ဆံ က အပေါဆုံး လေလလလလလလလလလလလလလလ..။

မငယ်ရေ.. ပြန်တော့မယ်..။

စိန်ဗေဒါ (၈၈)

လာလာလေ
လာကြပြီလေ
ဝေလေလေ ဝေလေလေ တဲ့
ဝေလေလေ လုပ်နေလို့ ခုထိ ဘာမှ ဖြစ်မလာတာ
အသက်က ၄၀ ကျော်နေပြီ

(အပြည့်အစုံကို "တိုင်းပြည်မှာ တံခါးတွေ ဖွင့်ဖို့ အချိန်တန်ပြီ" ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


စစ်အာဏာရှင် စနစ်ဆိုးကြီးအောက် နှစ် ၂၀ ကျော် အတွင်းမှာ မြန်မာလူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဟာ ဆင်းရဲနေကြရတယ်။ လူ ၄ သန်းကျော်ဟာ နိုင်ငံတကာမှာ အလုပ်လုပ်နေရတယ်။ တိုင်းပြည်မှာ လူငယ်တွေ ထွက်ခွာသွားတဲ့ အတွက် မျိုးဆက်သစ်တွေ ပျောက်ကွယ်ခဲ့ရတယ်။ လူလတ်တန်းစား တဖြေးဖြေး ပျောက်ကွယ်လာပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်က ပျက်စီးလာခဲ့တယ်။ အရည်အသွေး ကောင်းတဲ့ အနာဂတ်လူငယ်ခေါင်းဆောင်တွေ ဆုံးရှုံးခဲ့ရတယ်။

စွမ်းအင် အရင်းအမြစ် ပေါများတဲ့ မြန်မာနိုင်ငံက ရွာပေါင်း ၆ သောင်းကျော် အနက် ရွာ ၂ ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အတည်ပြု ပြောသွားတယ်။

နှစ် ၂၀ ကျော် အတွင်းမှာ ပြောင်းလဲလာတာတာ ဆိုလို့  ခေတ်ပျက်သူဌေးတွေ မှိုလို ပေါ်ထွက်လာတာတာပဲ ရှိတယ်။ ခေတ်ပျက်သူဌေးတွေကြောင့် မြန်မာပြည်က အိမ်ဈေး၊ မြေဈေးတွေဟာ နယူးယောက်၊ လန်ဒန်၊ ကယ်လီဖိုးနီးယား၊ တိုရွန်တို က အိမ်ဈေး၊ မြေဈေးတွေ ထက်တောင် အဆမတန် ကြီးမားတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မှာ တရားမျှတမှု ရှိအောင် မလုပ်နိုင်သရွေ့၊ တနည်းအားဖြင့် နိုင်ငံရေးမှာ လက်တွေ့ကျတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိလာသရွေ့ တိုင်းပြည်စီးပွားရေးဟာ တိုးတက်လာမှာ မဟုတ်သလို တိုင်းပြည်ဟာလည်း တိုးတက်လာမှာ မဟုတ်ဘူး။

နိုင်ငံတနိုင်ငံမှာ စနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆေးမြီးတိုတွေနဲ့ ကုလို့ မရပါဘူး။ နှစ်ပေါင်းများစွာပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင် နယ်ပယ်တွေ ကို အရည်အသွေး မြင့်တင်ပေးဖို့ အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။

ကွန်ဖရင့်တွေ ကျင်းပ၊ လူတွေကို ခေါ်၊ စာတမ်းကြီးတွေဖတ်၊ အကြံပေး အဖွဲ့တွေ ဖွဲ့ယုံနဲ့ မြန်မာပြည် ကို သိသိသာသာ တိုးတက်ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာ သိန်းစိန် ရုပ်သေးအစိုးရ သတိပြုမိဖို့လိုတယ်။

မောင် နာမည်နဲ့ ရေးတဲ့ စစ်ခွေး ...

ဝေလေလေ လုပ်နေလို့ ခုထိ ဘာမှ ဖြစ်မလာတာ
အသက်က ၄၀ ကျော်နေတာ မင်းအဒေါ်တွေ၊ မင်းအစ်မတွေ ဆိုတာ သိပီးပီကွ

နိုင်ငံရေးအကျဉ်းသား ၂၀၆ ဦး ကို ဟန်ပြသဘော လွှတ်ပေး

2011-10-12


သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၆ဝဝဝ ကျော်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။

ကိုဇာဂနာ နဲ့ မစုစုနွေး တို့ လွတ်လာပေမယ့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ ကျောင်းသားခေါင်းဆောင်တွေ မလွတ်လာပါဘူး။


http://www.rfa.org/burmese/news/prisoners-lists-10122011120019.html

12 အောက်တိုဘာ 2011


ဒီကနေ့ လွှတ်ပေးခဲ့တဲ့အထဲ အများစုက သာမန်အကျဉ်းသားတွေသာ ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အနည်းစုသာ ပါဝင်ပါတယ်။

ဒီအထဲမှာ စွယ်စုံ အနုပညာရှင် လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၊ မစုစုနွေးတို့လည်း ပါဝင်လာကြပါတယ်။


ကိုဇာဂနာက လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို ယုံကြည်လို့ မရသေးသလို နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်ပေးဆွဲခံထားရသူတွေနဲ့ တူတယ်ဆိုပြီး ပြောသွားပါတယ်။


"ကျနော် တခါတခါ စဉ်းစားမိတယ်၊ ကိုယ့်ကိုကိုယ် ဆိုမာလီ ပင်လယ်ဓါးပြတွေ လက်ထဲ ရောက်သွား သလိုပဲ။ ပြန်ပေးများ ဆွဲခံထားရတာလားလို့။ မပျော်ဘူး၊ အဲဒီလို ပြောရမှာပေါ့၊ စိတ်မချမ်းသာဘူး။ ဒါကြီးက ယုံရခက်ကြီးပဲ။ မယုံနိုင်တော့ဘူး။

ကျနော် ပြောချင်တာကတော့လေ၊ ပြည်သူတွေရော နိုင်ငံရေး သမားတွေရော၊ ကျနော် ပြောချင်တာ တခုရှိတယ်။

"နေတိုး" လို မလုပ်ကြပါနဲ့လို့။ "ပြေတည်ဦး" လို လုပ်ကြပါလို့ အဲဒီလို ပြောချင်တယ်။

သဘောကတော့ဗျာ၊ "နေတိုး" ဆိုတာက No Action၊ Talk Only တဲ့။ စကားတွေချည်းဘဲ ပြောမနေကြပါနဲ့၊ အလုပ်တွေ လုပ်ကြပါပေါ့။

"ပြေတည်ဦး" ဆိုတာကတော့ တိုင်းပြည်ကို တည်ထောင်ဖို့အတွက် ဦးစားပေးပြီး လုပ်ကြပါလို့။

ပြည်သူတွေကိုလည်း ပြောချင်တယ်၊ နိုင်ငံရေးသမားတွေကိုလည်း ပြောချင်တယ်။
ဒါ အစိုးရအတွက်လည်း ပြောချင်တယ်။"


မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရပြီး ဒီကနေ့ ပြန်လွတ်လာတဲ့ ကိုဇာဂနာက ထောင်ကထွက်ထွက်ချင်း မြစ်ကြီးနားမြို့မှာ ပြောပြခဲ့တာပါ။


မအေးအေးမာ

(VOA)


http://www.voanews.com/burmese/news/Zarganar_Release_Oct12_2011-131595128.html

(ကိုဇာဂနာ ပြောတာ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


"မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ယုံချင်သလိုလိုပဲ။

ဒါပေမယ့် "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ဒီနေ့မနက်ကစပြီး ကျနော် မယုံတော့ဘူး။

ဦးသိန်းစိန်အစိုးရက "ပြုပြင်ပြောင်းလဲရေး" ကို တကယ် မလိုလားဘူးလို့ ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။

ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။

ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။

လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။"

(ကိုဇာဂနာ)


http://burma.irrawaddy.org/?p=1019

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာ ဝေဖန်

(အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


2011-10-12


ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက်ပါတယ်။

“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။

ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ

ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။

ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”

(ကိုဇာဂနာ)

(RFA)


http://www.rfa.org/burmese/commentaries/current-political-trend-10022011050843.html

"ဆိုမာလီဓါးပြ အဖမ်းခံရတဲ့လူလို ဖြစ်နေပါတယ်" ဆိုတဲ့ ဇာဂနာ

(အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်


မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်ရောက်လာသော ဟာသ သရုပ်ဆောင် ဇာဂနာကို မဇ္ဈိမသတင်းထောက် ကိုကျော်ခက တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်သည်။

အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုး သိခဲ့ရလဲ။

“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။ အဲဒီကနေသိရပါတယ်။”


အဲဒီလို ဖတ်သိရတယ် ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

ကျော်ခ | မဇ္ဈိမ


http://www.mizzimaburmese.com/interview/8471-2011-10-12-08-38-09.html

(အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


12-10-2011


အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုး သိခဲ့ရလဲ။

“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။ အဲဒီကနေသိရပါတယ်။”


အဲဒီလို ဖတ်သိရတယ် ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

ကျော်ခ | မဇ္ဈိမ

"ကျနော်တို့ တကယ် လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင် လုပ်ကြရမယ်" (ကိုဇာဂနာ)


"၈၈ တုန်းက ကျနော်တို့ ဘာကြောင့် လမ်းပေါ် ထွက်ခဲ့ကြလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။"


(ကိုဇာဂနာ)


(အလဲဗင်း - ကိုဇာဂနာနှင့် အင်တာဗျူးမှ ...)

ဇာဂနာ ထောင်က ထွက်ထွက်ချင်း အစိုးရကို စ သရော်

12-10-2011


"နိုင်ငံတော် သမတက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်" လို့ လူရွှင်တော် ဇာဂနာက မြစ်ကြီးနားအကျဉ်းထောင်က ထွက်ထွက်ချင်း ပြောသွားတာပါ။

အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

လွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ်လို့ တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထမဏ္ဍိုင် ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထမဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖြစ်နေတာ တွေ့ရတယ်လို့ ဇာဂနာက အကျဉ်းထောင်က ထွက်ထွက်ချင်း အစိုးရကို သရော်ခဲ့ပါတယ်။

(BBC)

(ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)

AP သတင်းဌာန ဓာတ်ပုံ
အောက်တိုဘာ ၁၂၊ ၂၀၁၁

(မိုးမခ)

(ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)


http://burmatoday.net/photo2005/2011/201110/111012_insein/

(ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)


http://burmatoday.net/photo2005/2011/201110/111012_insein_2/

(ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)

October 12, 2011

http://www.naytthit.net/?p=20782

လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၆ဝဝဝ ကျော်မှာ နိုင်ငံေ၇းအကျဉ်းသား ၂ဝဝ လောက်ပဲ ပါတာ ဆိုတော့ အ၇မ်းကို နည်းပါတယ်..

နိုင်ငံေ၇းအကျဉ်းသား ၂ဝဝဝ ကျော် ဖမ်းထားတဲ့အထဲမှာ ၂ဝဝ လောက်ပဲ လွှတ်ပါတယ်လို့ အပြ ၇၇ုံ လွှတ်ပြတာပါ..

အ၇ပ်သားအယောင်ဆောင် သိန်းစိန်အစိုး၇က ပြုပြင်ပြောင်းလဲေ၇း၊ အမျိုးသား ပြန်လည် သင့်မြတ်ေ၇း ကို တကယ် လုပ်ချင်တဲ့ စိတ်စေတနာ အမှန်၇ှိ၇င် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ဝဝ ကျော်ကို ဘာမှ ဆက်ပြီး ဖမ်းထားစ၇ာ မလိုဘူး..

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဘာမှ ဆက်ပြီး ဖမ်းထားစ၇ာ မလိုဘူး..

မြစ်ဆုံကိစ္စ ရပ်ဆိုင်းလိုက်ကြောင်း သမ္မတက ကြေညာပြီးတဲ့နောက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေးထားကြတဲ့ ကွန့်မန်တွေကို လိုက်ဖတ်လိုက်တဲ့အခါ ပြည်သူတွေက သမ္မတနဲ့ အစိုးရအပေါ် ထားရှိတဲ့ မေတ္တာတရားတွေကို တွေ့ရလို့ ဒီသမ္မတနဲ့ အစိုးရဟာ ပြည်သူ့မေတ္တာကို ဆက်ပြီး ရယူသွားနိုင်ကြမှာဘဲ လို့ မျှော်လင့်ခဲ့မိတာ။

ခုတော့ တော်တော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။

တိုင်းပြည်က ချွတ်ခြုံကျပြီး တစ်နေ့တခြား ပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀တွေ နိမ့်ကျ၊ အိမ်နီးချင်း တရုတ်ပြည်ကြီးကလဲ အကြီးအကျယ် လွှမ်းမိုးလာလို့ အားလုံး လက်တွဲပြီး တက်ညီလက်ညီ ကြိုးစားကြရမယ့် အစား သမ္မတနဲ့ အစိုးရအဖွဲ့က ဆက်လိမ်ဖို့ ဆက်ညာဖို့ ကြိုးစားနေကြတယ်။

ဒီပုံအတိုင်းဆိုရင် ပြည်သူတွေရဲ့ ဒေါသနဲ့ တုံ့ပြန်မှုတွေဟာလဲ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာဦးမှာပါ။

အောက်တိုဘာလ ၁၄၊ ၂၀၁၁


မြစ်ဆုံဆည်ကိစ္စမှာ ကိုယ့်ချွေးနည်းစာတွေနဲ့ ၀ိုင်းလျော်ပါမယ်လို့ ပြောတတ်ကြတဲ့ ပြည်သူတွေကို၊တသက်လုံး ဘာ လုပ်လာလုပ်လာ ကောင်းကွက်လေး တခုတလေလောက် လုပ်လိုက်တာနဲ့သောင်းသောင်းဖျဖျ လက်ခုပ်တီးတတ်ကြတဲ့ ဒီလို ပြည်သူမျိုးတွေကို... ဘာလို့များ မာယာတွေ၊ လှည့်စားမှုတွေ သုံးနေမလဲဗျာ။

တကယ် လိုနေတာက စေတနာ မေတ္တာမှန်၊ ကိုယ်ချင်းစာနာစိတ်၊ ရိုးဖြောင့်မှုတွေပါ။

လောလောဆယ်ကို ခင်ဗျားတို့လက်ထဲမှာ လက်နက်တွေနဲ့ တိုင်းပြည်ရဲ့အာဏာ ကို ဆုပ်ကိုင်ထားနေတာပါ။

ယုံယုံကြည်ကြည်နဲ့ တကယ့်စိတ်ရင်းစေတနာမှန်နဲ့ လွှတ်ပေးလိုက်စမ်းပါ။

ပြီးခဲ့တဲ့ နှစ် ၂၀ စာ လုပ်ရပ်တွေအတွက်လည်း ရိုးဖြောင့်စွာနဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။

ဝန်ချတောင်းပန်လိုက်စမ်းပါ။

စိတ်ပါလက်ပါနဲ့ မှားခဲ့ပါတယ် လို့ ၀န်ချတောင်းပန်လိုက်ရုံနဲ့ လူတွေ အများကြီးသေကျေ ပျက်စီးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အနိဋ္ဌာရုံဖြစ်ရပ်တွေအတွက် ဂျပန်နဲ့ ကိုရီးယားတို့ နားလည်မှုတွေ ထူထောင်နိုင်ခဲ့တယ်။

ဒီလို အပြုအမူကောင်းတွေကို သင်ခန်းစာယူပြီး သမိုင်းသစ်တခုကို တည်ဆောက်စေချင်ပါတယ်။

“ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး ဆိုတာ. . . သင်ပုန်းချေရေး မဟုတ်ဘူး”လို့ ဆရာဒဂုန်တာရာ က ပြောလိုက်လေရဲ့။

မတရားမမျှတမှုတွေဆိုတာ သင်ပုန်းချေလိုက်ရုံနဲ့ ပြီးမသွားဘူး။
ငြိမ်းချမ်းရေးအတွက် အာဃာတတွေ အငြှိုးအတေးတွေနဲ့ ကလဲ့စားချေတုန့်ပြန်မှုတွေမလိုအပ်သလို..
မတရားမမျှတ မှားယွင်းမှုတွေကို ၀န်ချတောင်းပန်ဝန်ခံပြီး၊ ဒီဖြစ်ရပ်မျိုးတွေ နောက်နောင် ဘယ်တော့မှ ပေါ်ပေါက်မလာရအောင် ၀ိုင်းဝန်းတည်ဆောက်ကြဖို့လည်းလိုအပ်ပါတယ်။

တကယ့်စိတ်ရင်းစေတနာကောင်းနဲ့ စာနာမှုတွေနဲ့၊ ရိုးဖြောင့်မှုတွေနဲ့သာ ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်စေချင်ပါတယ်။

ချိုတူးဇော်

(Dawnmanhon)

ဒုစရိုက်လုပ်တဲ့ လူတွေဟာ အမည်အမျိုးမျိုး ပြောင်းပြီး လုပ်ကြတာ သဘာဝပါ။

လူတယောက်ရဲ့ အကျင့်စာရိတ္တက အမည်ပြောင်းရုံနဲ့ ပြောင်းမသွားနိုင်ပါဘူး။

အခု အစိုးရအဖွဲ့အစည်းက နာမည်ဘဲ ပြောင်းသွားတာပါ။

ဒီလိုလူတွေဆီက ဘာပိုထူးတဲ့ အခြေအနေကို ရနိုင်မှာလဲ။

မြန်မာပြည်မှာ အစိုးရအပြောင်းအလဲ လုံးဝ မရှိသေးပါ။

နာမည်ပြောင်းသွားတာပါ။

ဒါကြောင့် အရပ်သားဟန်ဆောင် အစိုးရ သမတ သိန်းစိန် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်တဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲ လုပ်ကြတာပါ။

(သတင်း အပြည့်အစုံကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


မြန်မာအစိုးရကို သတိထားရန် အိန္ဒိယရောက် အတိုက်အခံများ တိုက်တွန်း


October 13, 2011


မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြောင်းလဲခြင်းများ မမြင်ရသေးသဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် သတိဖြင့် ဆက်ဆံစေလိုကြောင်းအိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာပေးပို့ တိုက်တွန်း လိုက်သည်။

သမ္မတဦးသိန်းစိန် အိန္ဒိယသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ် အိန္ဒိယရောက် မြန်မာအတိုက်အခံများ ဆန္ဒပြ နေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေစဉ် အိန္ဒိယ ဝန်ကြီးချုပ်ထံ ပေးပို့သော တိုက်တွန်းစာ၌ “မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပြခြင်း၊ နိုင်ငံရေး အကျဉ်းသားအနည်းငယ်မျှကို လွှတ်ပေးခြင်း တို့သည် မြန်မာ့ ဒီမိုကရေစီရေးအတွက် ပြောင်းလဲမှုများ မဟုတ်သေး၍ အရှေ့မျှော်ဝါဒ ကျင့်သုံးနေသည့် အိန္ဒိယအစိုးရ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ဆက်ဆံရာတွင် သတိကြီးစွာ ထားရန်လိုအပ်သည်” ဟု ပါရှိသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြည်သူလူထု ဆန့်ကျင်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲ အရ ဖြစ်လာသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားပြုသည် အစိုးရမဟုတ်၍ နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ပင် အကျိုးတစုံတရာ ရှိလိမ့်မည် မဟုတ်ကြောင်း ရေးသားထားသည်။

“၁၉၉၂ ခုနှစ် ကတည်းက အိန္ဒိယရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကျင့်သုံးနေတဲ့ အရှေ့မျှော် မူဝါဒအရ မြန်မာ အစိုးရနဲ့ လုပ်နေတာတွေဟာ နှေးကွေးလွန်းပြီး ဘာမှ ဖြစ်မလာတာ မြင်နေရတာပဲ။ ဒါကိုမှ ဦးသိန်းစိန်နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထပ်ထိုးနေလို့ကတော့ ဒီအတိုင်းပဲ လည်နေအုံးမှာပဲ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ နိုင်ငံရေးအကျဉ်းသားတချို့တို့ကို ပြန်လွှတ်ပေးခြင်းမှာလည်း နိုင်ငံတကာမှ အစိုးရသစ်အပေါ် ထောက်ခံမှု ရရှိစေရေးအတွက် ဟန်ပြလုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း၊ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေသည် နိုင်ငံတကာမှ သတိအလွန်ကြီးမားစွာဖြင့် စောင့်ကြည့်နေရမည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် စစ်မှန်သော ပြောင်းလဲမှု ဖြစ်ပေါ်ရေးမှာ အစိုးရသစ် တခုတည်းအပေါ်တွင် မဟုတ်ဘဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်လည်း မူတည်ကြောင်း သူကဆိုသည်။

သူက “အိန္ဒိယအစိုးရဟာ အရင်အတိုင်းပဲ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တဘက်တည်း တွေ့တာမျိုး မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ထိုက်သင့်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သင့်တယ်” ဟု ဆက်ပြောသည်။

ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်သူလူထုကို ကိုယ်စားမပြုသည့် သမ္မတ ဦးသိန်းစိန် အစိုးရအား ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၂၀၀ ခန့်က နယူးဒေလီမြို့ ပါလီမန် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြခဲ့ကြသည်။

(ဇာနည်မာန်၊ ဧရာဝတီ)


http://burma.irrawaddy.org/?p=1125

(ဓာတ်ပုံများကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


သိန်းစိန် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနား (ဒုတိယနေ့)(ဓာတ်ပုံများ)

(သတင်း အပြည့်အစုံကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


October 14, 2011

သီတင်းကျွတ် လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် ၃ ဦး လွတ်မြောက်လာသော်လည်း အကျဉ်းထောင်များထဲတွင် GW အဖွဲ့ဝင် ၁၂ ဦး ကျန်ရှိနေသေးသည်။

“ကျနော် လွတ်မြောက်တဲ့အတွက် မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က လွတ်ရက်နီးလို့ ပြန်လွတ်လာတာပါ။ ကျနော် ၄၃ လတိတိ ထောင်ထဲမှာ နေခဲ့ပြီးပြီ၊ နောက် ၅ လဆို လွတ်တော့မှာပါ။ အစိုးရက အပြောင်းအလဲ လုပ်နေတယ်၊ လူထုကို ယုံကြည်စေချင်တယ်၊ လူထု ပူးပေါင်းပါဝင်မှု ရချင်တယ်ဆိုရင် တခြား နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်” ဟု GW
စတင်တည်ထောင်မှုတွင် ပါဝင်ခဲ့သည့် တောင်ငူထောင်မှ ကိုအောင်ဇေဖြိုး (ခေါ်) ဖိုးထောင်က ဆိုသည်။

“GW အဖွဲ့ဝင်မှ မဟုတ်ပါဘူး၊ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိကို မရှိသင့်ဘူး။ မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက် ရှိနေမယ်ဆိုရင် အဲဒီတဦးတယောက် လွတ်မြောက်ဖို့အတွက် ကျနော်တို့
ဆက်ပြီး တိုက်ပွဲဝင်ရပါမယ်” ဟု GW အဖွဲ့ဝင် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်က ပြောသည်။

(ကိုဆောင်း၊ ဧရာဝတီ)

Saturday, October 15, 2011 Khet Htan


သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်၊

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရမှ ထုတ်ပြန်လိုက်သော နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် ဒုတိယအကြိမ် အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာကာ နိုင်ငံတကာအသိုင်းအဝန်းအား နှစ်သိမ့်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၁ ခုနှစ်တွင် အကျဉ်းသား ၆,၃၅၉ ဦး လွှတ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုအချိန်အထိ အကျဉ်းသားမည်မျှအား လွှတ်ပေးပြီးဖြစ်သည် ဟူသည့် တိကျသော အရေအတွက်အား လူသိရှင်ကြား သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီ အနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက် အကျဉ်းသားလွတ်မြောက်မှုအား စောင့်ကြည့် မှတ်တမ်းပြုစုရာတွင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ယခုအချိန်အထိ စုစုပေါင်း ၂၀၇ ဦးသာ ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးဂမ္ဘီရတို့ကဲ့သို့ မြန်မာပြည်နိုင်ငံရေးတွင် အဓိကကျသော နိုင်ငံရေးအကျဉ်းသားတော်တော်များများ လွတ်မြောက်လာခြင်းမရှိပါ။ နိုင်ငံတကာ ဖိအားများ လျှော့ချရန်အတွက် အထူးသဖြင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဌ ဖြစ်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂကြီး၏ အထွေထွေညီလာခံ ဆုံးဖြတ်ချက် မတိုင်မီနှင့် မြန်မာနိုင်ငံအပေါ် စီးပွါးရေးဆိုင်ရာ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန်အတွက် ရည်ရွယ်ကာ အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ရိုးသားစစ်မှန်မှု မရှိပါ။

ယခင်စစ်အစိုးရအဆက်ဆက်မှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးမှုများသည်လည်း ကမ္ဘာ့နိုင်ငံများ၏ ဖိအားများ လျော့ကျစေရန်အတွက် ရည်ရွယ်ကာ အမှန်တကယ် ပြောင်းလဲမှုကို ပြုလုပ်ရမည်ထက် အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်အား အသုံးပြုခဲ့ခြင်းသာ ဖြစ်ပါသည်။ အောက်တိုဘာလ ၁၂ ရက် အကျဉ်းသားလွတ်မြောက်မှုသည်လည်း ယခင် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ခြားနားမှု မရှိပါ။ ယနေ့အထိ ဦးသိန်းစိန်အစိုးရမှ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ တည်ရှိနေမှုအား အသိအမှတ်ပြုခြင်း မရှိပါ။ ယင်းကဲ့သို့ အသိအမှတ် မပြုမှုသည် ဦးသိန်းစိန်အစိုးရမှ ဒီမိုကရေစီ အပြောင်းအလဲများအတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေပါသည်ဟု ဆိုခြင်းအား ရိုးသားပွင့်လင်းမှု မရှိကြောင်း စိတ်စေတနာ မမှန်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားများအဖြစ် အသိအမှတ်မပြုပဲ သာမန်ကာ လျှံကာ လွှတ်ပေးခြင်းသည် မြန်မာအစိုးရအနေဖြင့် ထိုသူများ၏ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် ၄င်းတို့၏ ဂုဏ်သိက္ခာအား အသိအမှတ် မပြုခြင်းပင် ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စစ်မှန်စွာ ဦးတည်နေပါသည်ဟု ပြောဆိုနေမှုနှင့် ဆန့်ကျင်ကာ ရိုးသားခြင်းမရှိသော ကြိုးစားအားထုတ်မှု တစ်ရပ်ပင် ဖြစ်ပါတော့သည်။

ပိုမို ဂုဏ်သိက္ခာရှိသော ချဉ်းကပ်မှုတရပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ တည်ရှိမှုကို အသိအမှတ်ပြု၍ ထို နိုင်ငံရေးအကျဉ်းသား အားလုံးအား ချွင်းချက်မရှိ လွှတ်ပေးရန် လိုအပ်ပါသည်။ ထို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးအား ခြွင်းချက်မရှိ လွှတ်ပေးရမည့်အပြင် ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာပြည်နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်နိုင်ရန်အတွက် ၄င်းတို့အား မတရား ချမှတ်ထားသည့် ရာဇဝတ်ပြစ်မှု မှတ်တမ်းများအား အပြီးအပိုင် ပယ်ဖျက်ပေးရပါမည်။

ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား ဦးသိန်းစိန်အစိုးရမှ နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားများအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့အားလုံးအား ဂုဏ်သိက္ခာနှင့်အညီ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်အတွက် ကြိုးစားဆွဲဆောင်ရန် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
(AAPP)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃


(ဧရာဝတီဘလော့မှ ကူးယူ ဖော်ပြသည်။)

ဘာအပြစ်မှ မရှိဘဲ မတရား အမှုဆင် အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ထဲက ၂ဝ၇ ယောက်ထဲ လွှတ်ပေးတာပါ။ ဒါကလဲ ဟန်ပြ နာမည်ခံဖို့ လွှတ်ပြတာပါ။

ပြည်တွင်း၊ ပြည်ပ ဖိအားတွေကြောင့် အာရပ်နိုင်ငံတွေမှာလို လူထုအုံကြွမှုတွေ ဖြစ်လာမှာစိုးလို့ အပေါ်ယံ အပြောင်းအလဲလေးတွေကို ဟန်ပြ ပြောင်းပြတာပါ။

"ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။

ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။

အော်... မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။

အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....

မြွေဆိုရင် မြွေလိုပဲ မြင် ... နိုင်ကြပါစေ။

လောလောလတ်လတ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အလိမ်ခံနေရပြီလေ။ အင်အယ်ဒီကတော့ အော်ရှာပါတယ် အကုန် လွှတ်ပေးပါတဲ့။ မနှဲလေး အသံနဲ့။ မပူပါနဲ့ နောက်ထပ်လဲ မစို့မပို့ အကြိမ်ကြိမ် လွှတ်ပြီး ဆက်လိမ်ဦးမှာပါ။ ပြီးရင် ပါတီ မှတ်ပုံတင်ခိုင်းပြီး ထပ်လိမ်မယ်။ ပြီးရင် လွှတ်တော်ထဲ လိပ်ခေါင်းထွက်အောင် အော်ခိုင်းပြီး ထပ်လိမ်မယ်။ တစ်တုံး နှစ်တုံး သုံးတုံး ဒီလောက်ဆို တော်လောက်ရောပေါ့။

ငနုံငအတွေဘဲဒီအစိုးရပြောတာတွေကိုယုံတယ်.မိုက်မဲပါ့ကွာ

စင်ပေါ်က တပည့်တွေကို အမုန်းခံခိုင်းပြီး နောက်ကနေ ခလုတ်နှိပ်နေတဲ့ ထမိန်ခြုံဆရာကြီး သန်းရွှေ ရဲ့ ဝန်ခံချက် (၁)


ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ်

Sunday, October 16, 2011


ကြောက်လိုက်တာနော်၊ ငါတို့ မတရား ယူထားတဲ့ "အာဏာ" ဆိုတဲ့ဟာကြီး ပြုတ်ကျသွားမှာ၊ ကင်းကွာသွားမှာကိုတော့ ကြောက်မှကြောက် တကယ်ကြောက်၊ အဟုတ်ကြောက်၊ သားသား ကြောက် ... ကြောက် ...။

ဟုတ်တယ်လေ ... အရင်တုန်းက ကျုပ်က လူရှေ့သူရှေ့မှာ အာဏာပြခဲ့ရတာ၊ ခုတော့ နောက်ကွယ်ကနေ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့လူပေါ့။ တချို့က ကျုပ်ကို "ထမိန်ခြုံဆရာကြီး" လို့ ခေါ်တယ်။ အလဲအထပ်တွေ လုပ်ဖို့ ထောင်ထဲသွင်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး လိုချင်တာတွေ၊ ဖြစ်ချင်တာတွေရအောင် နိုင်ငံတကာမှာ တောင်းဆိုရမယ်လေ။ ပြန်ပေးဆွဲထားသလိုပေါ့။

ဒီကိစ္စ မရှက်ဘူးလားလို့ မမေးနဲ့၊ ကျုပ်က ချက်ကြိုးနဲ့ ရှက်ကြိုး မွေးကတည်းက မှားဖြတ်ပြီးသား။ ရှက်တတ်ရင် ကျုပ်ဒီလောက် ဘယ်ယုတ်မာမလဲ။ အရှက်မရှိပေလို့သာ ဒီလောက်အထိ လက်ရဲဇက်ရဲ ယုတ်မာရဲတာပေါ့။ ဒီလို ယုတ်မာရတာကလည်း ကျုပ်က အာဏာ မရှိရင် မနေတတ်လို့ရယ်ပါ။ အဲဒါကြောင့် ဒါလေးတခုကိုတော့ ခွင့်လွှတ်ကြပါနော်လို့ ...။

(ဆက်ရန်)

စင်ပေါ်က တပည့်တွေကို အမုန်းခံခိုင်းပြီး နောက်ကနေ ခလုတ်နှိပ်နေတဲ့ ထမိန်ခြုံဆရာကြီး သန်းရွှေ ရဲ့ ဝန်ခံချက် (၂)


တချို့ကတော့ ကျုပ်ကို ဂုဏ်ပြုကြတယ်... "အာဏာရူးကြီး" တဲ့ (စောဝေဆိုတဲ့ ကဗျာဆရာလေးကတောင် "အာဏာရူးကြီး မှူးကြီးသန်းရွှေ" ဆိုပြီးတော့ ကျုပ်ကို ကဗျာစပ်ဆို ဂုဏ်ပြုလိုက်သေး ...)။

အဲဒီ အာဏာ ဆိုတဲ့ဟာကြီးက တော်တော် အရသာရှိတယ်၊ မက်ဖို့လည်း ကောင်းတယ်။ အဲဒီ အာဏာ ဆိုတဲ့ ဟာကြီးနဲ့ ကျုပ်မိသားစု၊ ကျုပ်ဆွေမျိုးတွေ ကောင်းစားခဲ့ပြီးပြီ။ မကာအိုဘဏ်မှာတောင် ဒေါ်လာသန်းချီပြီး ကျုပ်မိသားစု နောင်ရေးအတွက် အပ်ထားပြီးပြီ။ မနာလို မရှိနဲ့နော်။ တကယ်ပြောတာ။ အဲဒါကြောင့် နှစ်ပေါင်းနှစ်ဆယ်ကျော် အသုံးပြုခဲ့တဲ့ ဒီလောက်ကောင်းတဲ့ အာဏာ ဆိုတဲ့ဟာကြီးကို ကျုပ်က လွယ်လွယ်နဲ့တော့ လက်လွှတ်မှာမဟုတ်ဘူး။

အဲဒီ အာဏာကြီးနဲ့ စည်းစိမ်ချမ်းသာ ခံစားရတာ မ၀သေးဘူး။ ဒါကြောင့် နေရာတိုင်းမှာ ကျုပ် ယုံကြည် စိတ်ချရတဲ့သူတွေကို ခန့်အပ်ပြီး အာဏာကို ဆက်ကိုင်ထားတာ ကျုပ် မလွန်ပါဘူးနော်။ စင်ပေါ်က ကျုပ်တပည့်တွေကို အမုန်းခံခိုင်းပြီး ကျုပ်က နောက်ကနေ ခလုတ်နှိပ်နေရတာ အရသာ ရှိလိုက်တာ။

(ဆက်ရန်)

စင်ပေါ်က တပည့်တွေကို အမုန်းခံခိုင်းပြီး နောက်ကနေ ခလုတ်နှိပ်နေတဲ့ ထမိန်ခြုံဆရာကြီး သန်းရွှေ ရဲ့ ဝန်ခံချက် (၃)


ဒါပေမယ့် ကျုပ်ကို ဖြုတ်ချမယ့် နှောက်ယှက်မယ့်၊ ကျုပ်ဆီက အာဏာကို လုယူမယ့် " နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ နိုင်ငံရေးသမားတွေကိုတော့ ကျုပ်က ကြောက်တယ်။

ကြောက်ဆို သူတို့က အရည်အချင်းတွေ ရှိတယ်လေ။ သူတို့ကို ပြည်သူတွေက ချစ်တယ်၊ ထောက်ခံကြတယ်၊ သူတို့က တိုင်းပြည်အတွက် အရာရာကို စွန့်လွှတ်ရဲတယ်။ သူတို့ အသေခံ တိုက်ပွဲဝင် ဆန္ဒပြခဲ့ကြလို့ ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပြီး မဆလအစိုးရ ပြုတ်ကျခဲ့တာမဟုတ်လား။

အဲဒီအစိုးရရဲ့ အာဏာကို ကျုပ်တို့က အလွယ်တကူ သေနတ်ပြပြီး လုယူခဲ့တာ လက်ဦးမှု ရခဲ့လို့ တော်သေးတာ။ အမှန်အတိုင်း ပြောရရင် သူတို့ကြောင့်သာ ကျုပ်တို့ အခုလို အာဏာရခဲ့တာလေ။ သူတို့သာ ၈၈ အရေးအခင်းကို မဖန်တီးခဲ့ရင် ကျုပ်တို့ကို ခုလို စည်းစိမ်ချမ်းသာ ရစေတဲ့ ဒီ အာဏာ ဆိုတာကြီး ရမှာ မဟုတ်ဘူး။ သူတို့ကျေးဇူး ကျုပ်တို့အပေါ်မှာ ကြီးခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်တို့အာဏာ တည်မြဲရေး အတွက်တော့ သူတို့ကို ကျေးဇူးကန်းရမှာပဲ။ တတ်နိုင်ပေဘူးပ။

(ဆက်ရန်)

စင်ပေါ်က တပည့်တွေကို အမုန်းခံခိုင်းပြီး နောက်ကနေ ခလုတ်နှိပ်နေတဲ့ ထမိန်ခြုံဆရာကြီး သန်းရွှေ ရဲ့ ဝန်ခံချက် (၄)


ကျုပ်ပထွေး ပေါက်ဖော်ကြီး အီစံကွားက ပြောတယ်...
"အာဏာကို ဆက်ကိုင်ထား။ သယံဇာတတွေကို ငါတို့ အကျိုးစီးပွားအတွက် လုပ်ပေး" တဲ့။ "သူများတွေ ဘာပြောပြော မကြောက်နဲ့" တဲ့။ "မင်းတို့နောက်မှာ ငါ ရှိတယ်။ ကြောက်တဲ့စိတ်နဲ့ အလျှော့မပေးနဲ့" တဲ့။

ဒါနဲ့ အာဏာကို ဆက်ကိုင်ထားဖို့ ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ခုတုံးလုပ် အသုံးချခဲ့တယ်။

ရာဇ၀တ်အကျဉ်းသားတွေပဲ များများလွှတ်ပြီး နိုင်ငံတကာကို မျက်လှည့်ပြစားတယ်။ နိုင်ငံရေးအကျဉ်းသားကို နည်းနည်းချင်းပဲ လွှတ်ပေးတယ်။

(ဆက်ရန်)

စင်ပေါ်က တပည့်တွေကို အမုန်းခံခိုင်းပြီး နောက်ကနေ ခလုတ်နှိပ်နေတဲ့ ထမိန်ခြုံဆရာကြီး သန်းရွှေ ရဲ့ ဝန်ခံချက် (၅)


ထောင်ထဲမှာ ထိုက်တန်တဲ့ အခွင့်အရေးတွေ မပေးချင်လို့ နိုင်ငံရေးအကျဉ်းသားတွေကို " နိုင်ငံရေးအကျဉ်းသား" လို့ မသုံးနှုန်းခဲ့ဘူး။ သူတို့ကို မိသားစုနဲ့ ဝေးရာကို ပို့ပြီး အိမ်ကလူတွေကို စိတ်ဆင်းရဲအောင် လုပ်တယ်။ တခြားအကျဉ်းသားတွေထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး နိုင်ငံတကာမှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေရအောင် အလဲအထပ်တွေ လုပ်ဖို့ အကျဉ်းထောင်တွေထဲမှာ ကျုပ်တို့ကို ဒုက္ခပေးမယ့်လူတွေကို အမှုအမျိုးမျိုး ဆင်၊ ပုဒ်မအမျိုးမျိုး တပ်ပြီး ထောင်ချထားတာလေ။ သူတို့ကို " နိုင်ငံရေးအကျဉ်းသားတွေ" လို့ ခေါ်ခွင့်မပေးနိုင်ပါဘူး။ နိုင်ငံရေးအကျဉ်းသား လို့ ဆိုတာနဲ့ အင်္ဂလိပ်ခေတ်ကလို ထိုက်တန်တဲ့ အခွင့်အရေးတွေ ပေးရတော့မယ်။

တချိန်က အင်္ဂလိပ်တွေကို လူမဆန်ဘူးလို့ ပြောခဲ့တယ်။ ကျုပ်တို့က ဒါထက် ပိုသေး။ ဒါကြောင့်လည်း အပြစ်ရှိတဲ့ ကျုပ်က ကြောက်နေတာပေါ့။ တချို့ကတော့ ပြောကြတယ် ... ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်တဲ့။ ဟုတ်ကဲ့ အဲဒီ ကြောက်တတ်တာကြီးကို နှုတ်ပစ်ဖို့ အခု ဇာဂနာကို မြစ်ကြီးနားထောင်က ထုတ်ခိုင်းလိုက်ပြီ။ ကဲ နှုတ်လိုက် ကြစို့ သူငယ်ချင်း ... ... ကြောက် ... အီး … အီး … ဘွတ်)

မှတ်ချက် ။ ။ ဇာဂနာ ပြန်လာပြီဆိုတော့ ကျုပ် သတိထားရတော့မယ်။


ဖွင့်ဟ၀န်ခံသူ - ဇာတ်ဆရာကြီး ဂျိုကုတ်ဒူးကြီး လန်းစေ။

စိန်သံလုံး

(ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်။)

http://drlunswe.blogspot.com/2011/10/blog-post_5259.html

ဒီမိုတွေများ
ပိုစ်. တင် ကူးယူဖော်ပြ မကတော.ဘူး
ကွန်းမင်.ပါ ကူးယူဖော်ပြတွေ လုပ်ကြတာပါလား

စစ်ဗိုလ်တွေများ
အရပ်သားအယောင်ဆောင် စစ်အုပ်စုရဲ့ မကောင်းမှုတွေကို အမှန်ကို အမှန်အတိုင်း ရေးထားတဲ့ ပို့စ် တွေကိုတင် ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ဖတ်မိသွားမှာကို ကြောက်တာ မဟုတ်တော့ဘူး၊
အမှန်တရား ကွန်မန့်တွေကိုပါ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ဖတ်မိသွားမှာကို ကြောက်နေတာပါလား။

.
10/18/2011


လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေးပြီး တိုင်းပြည်ကို လိမ်လည်ရန် ကြိုးပမ်းနေသည်ဟု ဘူးသီးတောင်ထောင်ထဲမှ များမကြာမီက လွတ်မြောက်လာသူ အရှင် ဣဿရိယက ပြောကြားသည်။

"အရေးကြီးတဲ့ နိုင်ငံရေးသမားတွေ တစ်ဦး တစ်လေမှ အပ ကျန်တဲ့ ခေါင်းဆောင်တွေ လွှတ်မလာဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ ဗိုလ်ချုပ် ဆေထင်ကို လွှတ်ပေးတယ်။ ဒါပေမယ့် ဦးခွန်ထွန်းဦးကျတော့ လွှတ်မပေးဘူး။ ဆက်ဖမ်းထားတယ်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တခြား ကျောင်းသား ခေါင်းဆောင်တွေကို ကျတော့ ဆက်ဖမ်းထားတယ်။ ဒါတွေကိုကြည့်ရင် တိုင်းပြည်ကို လိမ်ညာဖို့ ကြိုးစားနေတယ်လို့ဘဲ ဦးဇင်းမြင်ပါတယ်။"

၎င်းပြင် အရှင်ဣဿရိယက လွတ်မြောက်လာသူ အများစု နိုင်ငံရေး သမားများမှာ လွတ်ရက်စေ့ခါနီးသူများ ဖြစ်နေသဖြင့် ထိုနိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပြပြီး အစိုးရသည် တိုင်းပြည်ကို သာမက ကမ္ဘာ ပြည်သူများကိုပါ လိမ်လည်သည်ဟု အရှင် ဣဿရိယက ဆက်ပြောကြားသည်။

"ဦးဇင်းက ၆ နှစ်နဲ့ ၈ လ ထောင်ထဲမှာ နေရမယ်။ အခု ၄ နှစ်နေပီးပီ။ ကျန်တာက ၂ နှစ်ကျော်ဘဲ ကျန်တယ်။ ဘာထူးလဲ။ ကျန်တဲ့ ၂ နှစ်ကျော်ကို ထောင်ထဲမှာ နေလိုက်ရင်ကော ဘာဖြစ်မလဲ။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီး ကျေညာတယ်။ အများစု လွှတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေက လွတ်ရက် နီးနေတဲ့ သူတွေ များတယ်။ ဒါက တမင်ကို လိမ်ညာဖို့ ရည်ရွယ်ချက်နဲ့ ဟန်ပြ လုပ်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

လက်ရှိ အစိုးရမှ တကယ် စစ်မှန်သော စေတနာဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မဟုတ်သဖြင့် ယုံကြည်မူ တည်ဆောက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အများစုမှာ ထောင်ထဲတွင် ကျန်နေ သေးကြောင်း၊ ဆက်လက်ပြီး သူတို့ လွတ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဟုလည်း သူက ဆက်ပြောသည်။


http://www.narinjara.com/detailsbur.asp?id=3545

(မောင်ငြိမ်းအေး၏ ကဗျာ)


- မစို့မပို့နေ့မှာ
အဖေမပါဘူး
အဖေ့ကို ပြန်တွေ့လိုက်ရတဲ့အတိုင်း အားရှိတယ်။

- မစို့မပို့နေ့မှာ
အမေမပါဘူး
အမေ့ကို ပြန်တွေ့လိုက်ရတဲ့အတိုင်း အေးမြတယ်။

- မစို့မပို့နေ့မှာ
ခင်ပွန်းမပါဘူး
ခင်ပွန်းကို ပြန်တွေ့လိုက်ရတဲ့အတိုင်း လုံခြုံတယ်။

- မစို့မပို့နေ့မှာ
ဇနီးမပါဘူး
ဇနီးကို ပြန်တွေ့လိုက်ရတဲ့အတိုင်း ရင်ခုန်တယ်။

- မစို့မပို့နေ့မှာ
သားမပါဘူး
သားကို ပြန်တွေ့လိုက်ရတဲ့အတိုင်း နွေးထွေးတယ်။

- မစို့မပို့နေ့မှာ
သမီးမပါဘူး
သမီးကို ပြန်တွေ့လိုက်ရတဲ့အတိုင်း ကြည်နူးတယ်။

- ရေငတ်တဲ့သူကို ရေတိုက်လို့ ထောင်ကျခဲ့
တွင်းထဲကျနေသူကို လက်ကမ်းလို့ ထောင်ကျခဲ့
သိချင်တဲ့သူကို သတင်းအမှန်တွေပေးလို့ ထောင်ကျခဲ့
ငြိမ်းချမ်းရေးအတွက် မေတ္တာပို့လို့ ထောင်ကျခဲ့
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်လို့ ထောင်ကျခဲ့
လူအုပ်စုတွေနဲ့ ၀ိုင်းရိုက်တာခံရလို့ ထောင်ကျခဲ့
အိမ်ထဲကို သူခိုးဝင်လို့ အိမ်ရှင် ထောင်ကျခဲ့
မတရားမှုတွေကို သွားတိုင်လို့ ထောင်ကျခဲ့
အပြစ်မရှိတဲ့သူတွေ
အပြစ်မရှိတဲ့ အပြစ်နဲ့ ထောင်ကျခဲ့ကြတာပဲ။

- အခုတော့
ဟောဒီ မစို့မပို့နေ့မှာ
တိုင်းပြည်ပါးစပ်နှမ်းပက်
အုတ်တံတိုင်းအပြင်ကို သူတို့ထွက်ခဲ့ကြပြီ။

- သူတို့မျက်နှာပေါ် ဖြတ်ပြေးသွားတဲ့ လေထဲမှာ
မွှေးပျံ့တဲ့ ပန်းရနံ့တွေ မရကြဘူး
စိတ်ချယုံကြည်ရခြင်းတွေ မရှူရှိုက်ကြရဘူး
မလွတ်မလပ်အုတ်ရိုးတွေအထဲမှာ
လွတ်လပ်မှုကို မြတ်နိုးတဲ့
ကျောင်းသားခေါင်းဆောင်တွေ ကျန်နေခဲ့တယ်
တိုင်းရင်းသားခေါင်းဆောင်တွေ ကျန်နေခဲ့တယ်
လူမသိသူမသိ
တိုင်းပြည်ကို အသက်နဲ့လဲနိုင်တဲ့အထိ ချစ်တဲ့
အညတြသူရဲကောင်းတွေ ကျန်နေရစ်တယ်
သူတို့တတွေ လွတ်လွတ်လပ်လပ် မရှိသေးသမျှ
အမျိုးသားရင်ကြားစေ့ရေးဟာ သားလျှောနေဦးမှာပဲမဟုတ်လား ...။

- သူတို့ရဲ့အချုပ်ခန်းတံခါးကလေးတွေ ပွင့်သွားတာဟာ
တိုင်းပြည်ရဲ့အကျဉ်းအကျပ်တံခါးကြီး ပွင့်သွားတာမဟုတ်ဘူး
အဲဒီလို ကောင်းကောင်းကြီး သူတို့တွေးခေါ်နိုင်ကြရဲ့
ထောင်တွေအားလုံး
ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ "ခေါင်" သွားတဲ့အထိ
ဒေသအားလုံးအပေါ် မျက်ကန်းတစ္ဆေမကြောက် ပျံသန်းနေတဲ့ ကျည်ဆံတွေ
သေနတ်ပြောင်းတွေထဲမှာ အတောင်ပံကျိုးသွားတဲ့အထိ
လွှတ်တော်တွေထဲမှာ
ပုပ်အဲ့အဲ့ အစိမ်းရောင်အနံ့အသက်တွေ ကင်းစင်သွားတဲ့အထိ
အိပ်မက်တွေကို လက်ဖ၀ါးပေါ်တင်ကြည့်လို့ရတဲ့အထိ
ဂစ်တာကြိုးတွေကို သူတို့ညှိရဦးမယ်။

- တဖြည်းဖြည်းနဲ့
ဝေး ... ဝေးမသွားပါဘူး
ကမ္ဘာလဆန်းတရက်နေ့လည်းမရှိ
ဖေဖော်ဝါရီသုံးဆယ်ရက်လည်းမရှိ
ပြည်သူတွေရဲ့ ပြည်သူ့ခေတ်သာ
တကယ်ရှိနေတဲ့ အမှန်တရားမဟုတ်လား
လမင်းကို အိတ်ကပ်တွေထဲ ထည့်နိုင်တော့မှာပါကွယ်။ ။


(၁၂-၁၀-၂၀၁၁ ခံစားမှု ...)

မောင်ငြိမ်းအေး

ငယ်စဉ်က ပုံပြင်တပုဒ်
ခြင်္သေ့မင်းက ဟန်လုပ်လို့
နာမကျန်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။

လက်တွေ့သိချင်သူများ
ဂူထဲဝင်လေ့လာပါလားတဲ့
တွေးကြည့်ရုံနဲ့ အဖြေမပေါ်
ဝင်ကြည့်မှတော်မယ်ဆိုသူတို့
အ၀င်ခြေရာသာတွေ့
ဂူတွင်းမှာ အရိုးစုဘ၀နဲ့
မွေ့နေကြရသတဲ့။

ဗိုလ်မောင်အေးနဲ့ ဗိုလ်သန်းရွှေ
ခပ်ခွေခွေနေပြရုံနဲ့
နာတာရှည်ဖျားနေတဲ့
ကျားပေပဲလား
ဥပုဒ်သီတင်းမွေ့တဲ့
ရွှေခြင်္သေ့လေလား
အတွေးဝါးနေကြရင်ဖြင့် ...။

တကြိမ်နှစ်ကြိမ် အလိမ်ခံရတာ
လိမ်ခဲ့သူအမှားထား
ဆင်ခြေပွားလို့ရနိုင်ပေမယ့်
သုံးကြိမ်နဲ့အထက်
အညာခံရမယ့်အချက်ကတော့
ယုံလွယ်သူရာဇ၀င်မြောက်
သမိုင်းမှာ
မလှလောက်ဖူးထင်တယ်နော်။ ။


သီတာအောင် (ဂျပန်)


http://drlunswe.blogspot.com/2011/11/blog-post_08.html