ုဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ၁၉၄၈ က ဗြိသိသျှအလံကို အစားထိုးခဲ့တဲ့ အလံကတော့ အပေါ်မှာ ဖေါ်ပြထားတဲ့ ကြယ်ဖြူအကြီးတလုံးမှာ ကြယ်ဖြူအသေးငါးလုံးဝန်းရံထားတဲ့ ၇၄ ခုနှစ်က မဆလ ဖွဲ့စည်းပုံအပြီးမှာ ဖြုတ်ချခံရတဲ့အလံ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိသျှက တရုတ်လက်ထဲ ပြန်အပ်စဉ်က ဟောင်ကောင်မှာ လွှင့်ထူထားတဲ့ ဗြိတိသျှအလံတော်ကို ဖြုတ်ချပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော်အလံကို လွှင့်တင်တဲ့ပုံကို တီဗွီမှာ တွေ့ဖူးလို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရစဉ်ကလည်း ဗြိတိသျှအလံကို ဒီလိုပဲ ဖြုတ်ချခဲ့မှာ ဖြစ်မယ်လို့ တွေးမိတယ်။ “ကမ္ဘာမကြေ ဗမာပြေ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ” ဆိုပြီး ဗြိတိသျှအလံကို ဖြုတ်ချရင်း မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနေပုံကို စိတ်ကူးနဲ့ မြင်ယောင်မိရင်း ကိုယ်တိုင်မကြုံဖူးခဲ့ပေမဲ့ အဲဒီအချိန်က မြန်မာပြည်သူပြည်သားတွေဟာ တိုင်းတပါးနယ်ချဲ့ လက်အောက်က လွတ်မြောက်ပြီဆိုတဲ့အသိနဲ့ ဘယ်လောက်ပျော်ရွှင်လိုက်မလဲ ဆိုတာကို စိတ်မှန်းနဲ့ ခံစားကြည့်မိပါတယ်။
၁၉၄၃ ခုနှစ် ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးတုန်းကလည်း မြန်မာပြည်သူတွေဟာ တကယ်လွတ်လပ်ရေး ရပြီအထင်နဲ့ အင်မတန် ပျော်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ် အခုလိုအချိန်ကတော့ မြန်မာနိုင်ငံမှာ တနေ့နေ့ တချိန်ချိန်ကျရင် လွတ်လပ်ရေးကို တကယ်တိုက်ပွဲဝင်လာခဲ့တဲ့ သူတွေရဲ့ မျိုးဆက်တွေနဲ့ ပြည်သူလူထု တရပ်လုံးက ဖက်ဆစ်ဝါဒီ စစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်မှာ ဖိနှိပ်မှုကို ခုလိုခံရပြီး မြန်မာနိုင်ငံကို အာဏာရှင်စနစ်အောက် သွတ်သွင်းခံရကာ လွတ်လပ်ရေးတွေ ဆက်လက် ဆုံးရှုံးနေလိမ့်မယ်လို့ ဘယ်သူမှ တွေးမိလိမ့်မယ် မထင်ဘူး။ ၁၉၆၂ ခု နောက်ပိုင်းမှာတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရဆိုတာ လက်တဆုပ်စာ အာဏာရှင် လူတစုအတွက်သာ ဖြစ်နေပြီး ပြည်သူလူထုအတွက်တော့ နိုင်ငံရေးကို မပတ်သက်ရ စိတ်မ၀င်စားရ ဆိုပြီးသတ်မှတ်ထားတော့ လွတ်လပ်ရေးနေ့ကို နိုင်ငံရေးအနှစ်သာရ လုံးဝကင်းမဲ့နေတာ အခုထိပါပဲ။
နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်တွေက မြန်မာ့မြေပေါ်မှာရှိတဲ့ သယံဇာတတွေကို ၎င်းတို့နိုင်ငံအတွက် ဘယ်လို အသုံးပြုခဲ့တယ် ဆိုတာကို ပြောလိုက်တာနဲ့ ဟိုကသူတို့မိခင်နိုင်ငံတွေအတွက် မြန်မာပြည်သူတွေကို ဂုတ်သွေးစုပ်တယ် သူတို့ ပြည်သူတွေအတွက်တော့ ကောင်းကျိုးကို ဆောင်ပေးတာ ဖြစ်တယ် မြန်မာပြည်က အာဏာရှင်တွေကတော့ သူတို့မိသားစုနဲ့ ကိုယ်ကျိုးအတွက် တိုင်းတပါးသားတွေထက် အဆတရာမက ပြည်သူတွေဆီက ဂုတ်သွေးစုပ်နေတယ်ဆိုတာ ပေါ်သွားမှာစိုးလို့ လွတ်လပ်ရေး အနှစ်သာရကို ပြည်သူလူထုကို ပေးမသိစေချင်ဘူး။
နယ်ချဲ့နဲ့ ဖက်ဆစ်တွေက ပြည်သူလူထုကို ချွေးတပ်ဆွဲပြီး သေမင်းတမန် မီးရထားလမ်းတွေကို ဖေါက်လုပ်ရာမှာ ကျွန်လို အသုံးပြုခဲ့တာ၊ သမီးပျိုတွေကို မုဒိန်းကျင့်တာတွေကို ပြောမယ်ဆိုတော့လည်း အခုလက်ရှိ စစ်အာဏာရှင်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် ပေါ်တာနဲ့ လုပ်အားပေးအဖြစ် အသုံးပြုပြီး အတင်းအဓမ္မ ခိုင်းစေနေတာ ရှေ့တန်းဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးငယ်တွေကို မုဒိန်းကျင့်နေတာတွေဟာ တိုင်းတပါးသားတွေ စိုးမိုးခဲ့စဉ်ကထက် အဆပေါင်းများစွာ ဆိုးနေတာကို ပြည်သူလူထု သိသွားမှာ စိုးရိမ်ပြီး နယ်ချဲ့နဲ့ ဖက်ဆစ် ကြီးစိုးခဲ့စဉ်က အကြောင်းကို မပြောပြရဲတာ ဖြစ်နိုင်တယ်။
လွတ်လပ်ရေး တိုက်ပွဲဝင် သမိုင်းကြောင်းကို ပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကျောင်းသားသမဂ္ဂဟာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကနေပြီး လွတ်လပ်ရေး တိုက်ပွဲအတွက် ရှေ့ပြေးနိဒါန်းစပျိုးခဲ့တယ်၊ အဲဒီ သမိုင်းဝင် လွတ်လပ်ရေး တိုက်ပွဲဝင် ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကိုလည်း လွတ်လပ်ရေးရပြီးမှာ တော်လှန်ရေးကောင်စီလို့ ခေါ်တဲ့ စစ်အာဏာရှင်တွေက 7 July, 62 မှာ ဖေါက်ခွဲပစ်လိုက်တယ် ဆိုတာတွေကို ဖုံးကွယ်ထားချင်လို့ လွတ်လပ်ရေး တိုက်ပွဲဝင်သမိုင်းကို လူထုကို အာဏာရှင်အဆက်ဆက်က ပြောမရဲဘူး။ လွတ်လပ်ရေး တိုက်ပွဲဝင်အကြောင်းကို ပြောရင်လည်း လွတ်လပ်ရေး တိုက်ပွဲဝင်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက မပါရင် မပြီးဘူး၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြန်တော့လည်း ကမ္ဘာ့ပြည်သူရော မြန်မာ့ပြည်သူပါ အားလုံး ချစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက အဖေ့ခြေရာနင်းတယ်ဆိုပြီး ပိုပြီးလေးစားသွားမှာ စိုးလို့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုလည်း ပြောမရဲ၊ ဗိုလ်ချုပ်ပုံတွေကိုလည်း ရုံးတွေ၊ ကျောင်းတွေ၊ မြန်မာကျပ်ငွေတွေကနေ ဖျောက်ပစ်ပြီး လွတ်လပ်ရေးဖခင် တပ်မတော်ရဲ့ ဖခင်၊ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို လူထုရှေ့မှောက်နဲ့ လူထုရဲ့ အသဲနှလုံးထဲက ဆွဲထုပ်ပစ်ဖို့ ကြိုးစားနေတယ်။ ပြီးတော့ လွတ်လပ်ရေးရစဉ်က ဗြိတိသျှအလံကို အစားထိုးလွှင့်ထူခဲ့တဲ့ ပြည်ထောင်စု အလံကိုလည်း ဖျက်ဆီးခြင်းခံခဲ့ရတယ်။ဒီလိုနဲ့ပဲ လွတ်လပ်ပြီး ၆၃ နှစ်အကြာမှာ လွတ်လပ်ရေးရဲ့ အမွေအနစ်တွေ မြန်မာပြည်မှာ ဘာမှကိုမကျန်တော့ဘူးလို့ ပြောရလောက်အောင် လွတ်လပ်ရေးရဲ့ အဓိပ္ပာယ် ကင်းမဲ့နေပါတယ် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းဏ္ဍတွေက မြန်မာပြည်သူတွေ ကြားမှာ တဖြေးဖြေးနဲ့ မှေးမှိန်လာပြီး ဒီလောက် တုနှိုင်းစရာ မရှိလောက်အောင် ကောက်ကျစ် ယုတ်မာတဲ့ အာဏာရှင်လက်အောက်မှာ လွတ်လပ်ရေးနေ့ဆိုတာလည်း လူထုကြားမှာ ဗြိတိသျှမြန်မာပြည်က ထွက်သွားတဲ့နေ့ဆိုတာနဲ့ တတိုင်းတပြည်လုံးမှာ တရားဝင် လောင်းကစားလုပ်ခွင့်ရသော နေ့တနေ့ဆိုတာကလွဲပြီး တခြားနိုင်ငံရေး အနှစ်သာရ ဘာမှကို ကျန်တော့အောင် လုပ်နေတာကို တွေ့ရတော့တယ်။ ဖက်ဆစ်တို့ရဲ့ ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ဂျာမဏီ၊ အီတလီနဲ့ ဂျပန်တို့မှာ ဖက်ဆစ်စနစ်ကို မကျင့်သုံးတော့ဘဲ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်နေကြပြီ ဖြစ်ပေမဲ့ သူတို့ဆီက အမွေအနစ်ကတော့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေဆီမှာ ဆက်လက်ရှင်သန်နေဆဲပါပဲ။ ဒါကို ပြည်သူလူထုက အမြစ်ကမကျန် ဆွဲနှုတ်ပစ်နိုင်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးက အနှစ်သာရရှိမှာ ဖြစ်ပါတယ်။
ကျွန်မတို့ ငယ်စဉ်ကပင် မသိရှိခဲ့ဖူးတဲ့ ကိုနစ်နေမန်း တင်ထားတဲ့ လွတ်လပ်ရေး သစ္စာအဓိဌာန် ကိုးချက်ကိုလည်း ဘလော့ဂ်မှာ သိမ်းထားရင်း ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပို့စ်မှာ ထပ်ဆင့်ဖြည့်စွက်လိုက်ပါတယ်။
လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။
၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။
၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။
၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။
၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။
၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။ ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။
(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။
ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။
မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မအာဏာရူးနအဖများထံမှ အရပြန်လည်ယူဆောင်ကြဖို့  တစ်မျိုးသားလုံး ပြည်သူတစ်ရပ်လုံး တော်လှန်တိုက်ပွဲဝင်ကြပါစို့ ။
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း။ နစ်နေမန်း)။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ





22 comments:
လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သား အားလုံး လွတ်လပ်ကြပါစေလို့ပဲ ဆုတောင်းမိပါတယ်
အမရေ။
အမရေ...လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်ကိုးချက်ကိုကူးယူဖော်ပြပါရစေနော်...
ရပါတယ် ဂျူလိုင်ဖြူ အစ်မလည်း ဒါကို ကိုနစ်နေမန်းဆီက ကူးထားပါတယ်။
U Thant အား အမေရိကန်မှ ဂုဏ်ပြုသောအားဖြင့် လပေါ်မှာ ဒီအလံစိုက်ထူထားတာရှိအခုထိရှိသေးတယ်.....
ကျေးဇူးတင်ပါတယ် Anonymous - ကျွန်မဒါကို မကြားဖူးဘူး။ အခု Anonymous ပြောမှ သိရတာ အမှန်ပါ။ ဒါဟာ ကျွန်မတို့ မြန်မာပြည်အတွက် သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ အချက်တခုပဲ။ အချက်အလက် အတိအကျသိရင် တချိန်က မြန်မာပြည်ရဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်တက်စေတဲ့ အချက်တွေအနက် တခုအဖြစ် မှတ်တမ်းတင်တဲ့ ဆောင်းပါးလေးတခု ရေးသင့်ရင်လည်း ရေးထားလို့ ရအောင် အဲဒီအကြောင်း ရေးထားတဲ့ Link (သို့) ဘယ် စာအုပ်ထဲမှာ ရေးထားတယ်ဆိုတာ သိရင်ညွှန်းပေးစေချင်တယ်။ ကျေးဇူးတင်ပါတယ်။
မငယ်နိုင်ကလည်း လူကြီးတစ်ယောက်ဖြစ်နေပြီး ဗဟုသုတနည်းလိုက်တာ ဒါတောင်မသိဘူးလား လူငယ်တော်တော်များများတောင်သိတယ်.....
မငယ်နိုင် အခုပို့စ် ( ၆၃ နှစ်ကြာ မြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ ) မှာ ရေးထားတာတွေက မြန်မာနိုင်ငံမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို ရှင်းရှင်းလင်းလင်း ပြသပေးနေတာပဲဗျာ..
(( နယ်ချဲ့နဲ့ ဖက်ဆစ်တွေက ပြည်သူလူထုကို ချွေးတပ်ဆွဲပြီး သေမင်းတမန် မီးရထားလမ်းတွေကို ဖေါက်လုပ်ရာမှာ ကျွန်လို အသုံးပြုခဲ့တာ၊ သမီးပျိုတွေကို မုဒိန်းကျင့်တာတွေကို ပြောမယ်ဆိုတော့လည်း အခုလက်ရှိ စစ်အာဏာရှင်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် ပေါ်တာနဲ့ လုပ်အားပေးအဖြစ် အသုံးပြုပြီး အတင်းအဓမ္မ ခိုင်းစေနေတာ ရှေ့တန်းဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးငယ်တွေကို မုဒိန်းကျင့်နေတာတွေဟာ တိုင်းတပါးသားတွေ စိုးမိုးခဲ့စဉ်ကထက် အဆပေါင်းများစွာ ဆိုးနေတာကို ပြည်သူလူထု သိသွားမှာ စိုးရိမ်ပြီး နယ်ချဲ့နဲ့ ဖက်ဆစ် ကြီးစိုးခဲ့စဉ်က အကြောင်းကို မပြောပြရဲတာ ဖြစ်နိုင်တယ်။ ))
UNHCR Report on Rape by Burmese Army soldiers
(( အခုလက်ရှိ စစ်အာဏာရှင်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် ပေါ်တာနဲ့ လုပ်အားပေးအဖြစ် အသုံးပြုပြီး အတင်းအဓမ္မ ခိုင်းစေနေတာ ရှေ့တန်းဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးငယ်တွေကို မုဒိန်းကျင့်နေတာတွေဟာ တိုင်းတပါးသားတွေ စိုးမိုးခဲ့စဉ်ကထက် အဆပေါင်းများစွာ ဆိုးနေတာကို ပြည်သူလူထု သိသွားမှာ စိုးရိမ်နေတယ်။ ))
အပြစ်မဲ့ ပြည်သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ၊ အတင်းအကြပ် ပေါ်တာဆွဲ၊ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ အရေခြုံ သိန်းစိန် ရဲ့ အရပ်သားအစိုးရ အမည်ခံ စစ်အာဏာရှင်တွေပါ။
မြန်မာစစ်တပ်ရဲ့ မုဒိမ်းမှုတွေ အကြောင်းကို UNHCR အစီရင်ခံစာမှာ အခုလို ဖော်ပြထားပါတယ်။
Education under Attack 2010 - Myanmar
Even 7-year old girls were raped by officers and soldiers of Burmese army.
Gang rape is also common.
Some girls died from rape of Burmese soldiers.
Many girls got severe injuries.
http://www.unhcr.org/refworld/country,,UNESCO,,MMR,,4b7aa9dc26,0.html
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
မြန်မာစစ်တပ် မုဒိမ်းမှု ၁၈၀ဝ ကျော်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကော်မရှင် အစီရင်ခံစာ
မြန်မာအမျိုးသမီး အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် အသက် ၇ နှစ် အရွယ်ရှိ ကလေးများကိုပင် မုဒိမ်းကျင့်ကြသည်။
အုပ်စုလိုက် မုဒိမ်းမှုများနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ပြုကျင့်ရာတွင်လည်း ၇ နှစ်ကလေးများကိုပင် ချမ်းသာမပေးကြပါ။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းများ ကျူးလွန်ခံရသော မိန်းကလေးများ၊ အမျိုးသမီးများသည် နအဖ စစ်ဗိုလ်၊ စစ်သားများ၏ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ကိုလည်း အကျူးလွန်ခံနေရသည်။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ထိုကဲ့သို့ ကျူးလွန်ခြင်းများကို မိန်းကလေးများ စာသင်နေရာ ကျောင်းတွင်ရော၊ အိမ်တွင်ပါ ကျူးလွန်လာခဲ့ကြရာ မိန်းကလေးအများအပြားမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မိန်းကလေးအချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
မြန်မာ လူ့ အခွင့်အရေး ပညာပေးရေးအဖွဲ့က မှတ်တမ်းတင်ထားသည်မှာ နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် ကလေးသူငယ်များကို အိမ်မှ ကျောင်းသွားစဉ်တွင်လည်းကောင်း၊ ကျောင်းမှ အိမ်ပြန်စဉ်တွင်လည်းကောင်း အတင်း ဖမ်းဆီးကာ ပြန်ပေးဆွဲသွားပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လူကုန်ကူး ရောင်းစားခြင်း များကို ဆက်တိုက် ကျူးလွန်လာခဲ့သည်။
မုဒိမ်းကျင့်ခံရပြီး အသတ်မခံရသည့် အမျိုးသမီးများ၊ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများကြောင့် အသက်မဆုံးရှုံးသည့် အမျိုးသမီးများထဲမှ အမျိုးသမီးအများစုက တစ်ခါရှက်က နှစ်ခါရှက် ဖြစ်မည် စိုးသဖြင့် မုဒိမ်းကျင့်ခံရသည်ကို ထုတ်ပြောလေ့ မရှိကြပါ။ ထို့ပြင် မုဒိမ်းကျင့်ခံရသော အမျိုးသမီး အများအပြားကလည်း မြန်မာ စစ်ဗိုလ်၊ စစ်သားများက မုဒိမ်းကျင့်သည့် ဖြစ်ရပ်မှန်များကို လူ့ အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားပါက မိမိ နှင့် မိမိ မိသားစုကိုသာမက တစ်ရွာလုံးကိုပါ နအဖ စစ်တပ်မှ စစ်တပ်၏ လုပ်ပိုင်ခွင့် နှင့် စစ်လက်နက်ကို အလွဲသုံးစားလုပ်ပြီး လာရောက် ဥပဒေမဲ့ ဖမ်းဆီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်မည်ကို စိုးရိမ်သဖြင့် ရေငုံ နှုတ်ပိတ်နေကြသည်။
ထို့ကြောင့် မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာကို ဖတ်ကြည့်ပါ။
(ကိုရဲရင့် တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။)
"မုဒိမ်းစစ်တပ်" ဟု ဒေါ်စု ပြောကြားချက်
ရာဇဝတ်ကောင်တွေ ကြီးစိုးနေဆဲဖြစ်တဲ့ တရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာ မုဒိမ်းစစ်တပ် အကြောင်းကို ဒေါ်စုပြောတာက ဒီလိုပါ။
"ကျမတို့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။
ငြိမ်းချမ်းစွာ နေနိုင်ရုံ နေလိုတဲ့ မြန်မာပြည်သူတွေနဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရုံ ကာကွယ်တဲ့ မြန်မာပြည်သူတွေ အပေါ်မှာ မြန်မာစစ်တပ်က မုဒိမ်းမှုတွေကို လက်နက်သဖွယ် သုံးပြီး ကျူးလွန်နေတာပါ။
အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ မှုဒိမ်းမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း မညီညွတ်ပဲ အကွဲအပြဲ ဖြစ်အောင် ရန်တိုက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာပါ။
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ မြန်မာပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ (ဗမာအများစုနဲ့ ဖွဲ့စည်းထားလို့ "ဗမာစစ်တပ်" လို့ ခေါ်နေကြတဲ့ မြန်မာစစ်တပ်က ကျူးလွန်တာ ဖြစ်လို့) ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေ အပါအဝင် ငြိမ်းချမ်းစွာ နေလိုသူ ပြည်သူတွေ နဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်သူ ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ရော၊ သွေးခွဲတဲ့အနေနဲ့ပါ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတာကို အဆုံးသတ်သွားအောင် ကျမတို့အနေနဲ့ လုပ်နိုင်တာအားလုံးကို လုပ်ကြရပါမယ်။
( "မြန်မာစစ်တပ်ဟာ `မုဒိမ်းစစ်တပ်´ ဖြစ်နေပါတယ်" ဟု ဒေါ်စု ပြောကြားချက် ဗွီဒီယို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။ )
ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာပါ။
(ကိုရဲရင့် တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။)
http://www.yeyintnge.com/2011/05/aung-san-suu-kyi-on-sexual-violence-in.html
"မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတယ်" ဟု ဒေါ်စု ပြောကြားချက် (ဗီဒီယို) ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။)
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
ABSDF ရဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုနဲ့ ကျောင်းသူတွေကို မုဒိန်းကျင့်မှု
http://www.facebook.com/onemyat?sk=notes
ABSDF ဆိုတဲ့ နာမည်ကို မကြားချင်တော့ဘူး
ကျက်သရေတုံလွန်းလို့
ဥမ္မာ ABSDF ကို ကျက်သရေတုံးတယ်လို့ ပြောရလောက်အောင် ဒီကိစ္စဖြစ်တဲ့ လူသတ်မှုဟာ ABSDF တခုလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူး။ လူသတ်သမားတွေနဲ့ ABSDF ကို ခွဲခွဲခြားခြား သိမြင်ဖို့လိုပါတယ်။ ABSDF မှာ ကျမရဲ့ ဖြတ်သန်းမှုတွေကို C-Box ဘေးက Label မှာ ဖတ်နိုင်သလို ဒီမြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထားကို အောက်က မှတ်ချက်နှစ်ခုမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒါတောင်မှ ခွဲခြားလို့မတတ်ဘဲ ကျက်သရေတုံးတယ် ထင်နေသေးရင် ကျွန်မဘလော့၈်မှာ ABSDF နဲ့ က်ငးရာကွင်းကြောင်း တွေ့ရမှာ မဟုတ်တဲ့အတွက်ဥမ္မာအတွက် ကျက်သရေ ဆက်မတုံးရအောင် ကျမဘလော့ဂ်မှာ နောက်ထပ် ဘယ်တော့မှ စာလာမဖတ်တာ အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။
(အောက်ကမှတ်ချက်က မှတ်ချက်ထဲမှာ လာထည့်ထားတဲ့ ဒီပို့စ်ကို ရေးတဲ့ ကိုအောင်မိုးဝင်းရဲ့ facebook စာမျက်နှာမှာ ကျွန်မ ပေးခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။ )
Nge Naing ပထမဦးဆုံး ကျွန်မ ပြောချင်တာက ဒီစာကိုဖတ်ပြီး အဲဒီအချိန်က ABSDF တပ်ဖွဲ့ဝင် ဖြစ်နေဆဲ အခုချိန်မှာ ABSDF တပ်ဖွဲ့ဝင်ဟောင်း တယောက်အနေနဲ့ တုန်လှုပ်ချောက်ချားကာ ရင်ထဲမှာ မခံမရပ်နိုင်အောင်၊ ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်၊ ခံခဲ့ရသူတွေအတွက် ရင်ထုမနာဖြစ်လွန်းလို့ ကျွန်မ မျက်ရည်ပေါက်ပေါက်ကျရတယ် ဆိုတာပဲ ဖြစ်တယ်။ ဒါပေမဲ့လည်း ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီအရိပ်လို လိုက်နေပြီး တနေ့ပြန်အကျိုးပေးမှာမို့ ဒေါသဖြစ်နေလို့လည်း သူများအကုသိုလ်ကို မျှဝေယူတာပဲ အဖတ်တင်မယ်ဆိုပြီး တရားနဲ့ ဖြေသိမ့်ပြီး စိတ်ကိုငြိမ်အောင် ပြန်လုပ်လိုက်ရတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ သိတာ မြောက်ပိုင်းမှာ ဥက္ကဌ ထွန်းအောင်ကျော်ကိုယ်တိုင် အပါအ၀င် ရန်သူလူဆိုပြီးတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် သေဒဏ်ပေးခံခံရတယ်ဆိုတာပဲ သိထားတယ်။ အဲလို သေဒဏ်ပေးခံရတဲ့သူတွေ အားလုံးကတော့ ရန်သူ့လူ အကုန်လုံး မဖြစ်နိုင်ဘူး။ တချို့ပဲ ဖြစ်လိမ့်မယ် အတော်များများကတော့ အထင်မှားခံရတာပဲ ဖြစ်မယ်ဆိုတာ လုံးဝယုံကြည်ထားပါတယ်။ တကယ်ဖြစ်နေရင်တောင်မှ အဲလိုကြီး အယူခံခွင့်မရှိ ဘာမရှိနဲ့ အစုလိုက်အပြုံလိုက် သေဒဏ်ပေးတာဟာ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ လုံးဝ မှားတယ်လို့ အခုချိန်ထိ ယူဆထားပါတယ်။ ရန်သူ့အကြိုက်ဖြစ်မှာစိုးလို့ အဲဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ လူသိရှင်ကြား မပြောစေချင်တာလည်း အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ကျွန်မ ထင်ထားတဲ့အဆင့် သေဒဏ်ပေးတာတင်မကဘဲ ရန်သူ မဆလ၊ န၀တ၊ နအဖ အာဏာရှင်အဆက်ဆက် အရှုံးပေးရလောက်အောင် ကန်းကုန်အောင် လူ့အခွင့်အရေး ချိုးဖေါက်ပြီးမှ အဲလို လူမဆန် ယုတ်မာရက်ဆက်စွာ သတ်ခဲ့တယ် ဆိုတာကိုတော့ အခုမှပဲ သိခဲ့ရတာ အမှန်ပဲ။ ဒီလုပ်ရပ်တွေက ရန်သူ့လုပ်ရပ်ထက် စက်ဆုပ်စရာ ကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်လို့ အဲဒီတုန်းက တာဝန်ရှိသူတွေအနေနဲ့ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးဆိုတာ အကျိုးအကြောင်း အမှန်တိုင်း အသိပေး ဖြေရှင်းပေးသင့်တဲ့အချိန် ရောက်နေပြီလို့ထင်တယ်။ အမှန်တယ် ဖြစ်ခဲ့တယ်ဆိုရင် ဒီကိစ္စဟာ ကလေးကစားစရာမဟုတ်ဘူး ဒီလို ABSDF သမိုင်းကိုဒီလောက်အထိ ရှက်စရာ၊ ရွံစရာ ကောင်းလောက်အောင် အရုပ်ဆိုး အကျည်းတန် ဖြစ်စေတဲ့၊ လူ့ကျင့်ဝတ်နဲ့ လူ့ဂုဏ်သိက္ခာ လုံးဝကင်းမဲ့တဲ့ လုပ်ရပ်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အပြစ်ရှိသူတွေကို ဖေါ်ထုတ် အပြစ်ပေးအရေးယူမှုတွေ၊ ထုတ်ပြန်မှုတွေ မလုပ်ခဲ့ဘဲ တပ်ဖွဲ့ဝင်တွေကြားမှာ ဖုံးကွယ်ထားခဲ့တာ သေချာပါတယ်။ ABSDFဗဟိုက ဒါကိုမသိလို့လား၊ ဒါမှမဟုတ် သိရင်လည်း တာဝန်ရှိသူတွေဟာ ဒီလောက် ယုတ်မာပက်စက်တဲ့ လုပ်ရပ်ကို ဘာကြောင့်များ အရေးမယူဘဲ ရေငုံနှုတ်ပိတ်ထားရလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ အဲဒီပြဿနာ ဖြစ်တဲ့ ၁၉၉၂ က ABSDF တပ်ဖွဲ့ဝင် ဖြစ်ခဲ့သူတွေအနေနဲ့ အဖွဲ့အစည်းအထဲမှာ ရှိနေပြီး ဘာမှ မသိခဲ့ရတဲ့အတွက် အကျိုးအကြောင်းလေး သိရအောင်တော့ အဲဒီအချိန်က မြောက်ပိုင်းနဲ့ ဗဟိုမှာ တာဝန်ကျနေသူတွေကို မေးသင့်ပါတယ်။ မေးဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်မလည်း မေးမှာ ဖြစ်တယ်။
(ဒါကနောက်မှတ်ချက်တခုက ဒီပို့စ်ရဲ့အဆက် အပိုင်း ၄ အဖြစ် ကိုအောင်မိုးဝင်းရေးခဲ့တဲ့ ပို့စ်မှာ ထည့်တဲ့ မှတ်ချက်ပါ)
Tag ပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်မိုးဝင်း။ တော်တော်လေးတော့ ဇာတ်ရေ လည်လာပြီ။ ကျွန်မလည်း ကိုအောင်မိုးဝင်းတို့ ကိုထိန်လင်းတို့ ရေးတဲ့ပို့စ်တခုခုကို ဖတ်ပြီးတိုင်း အတွေးက အိပ်မက်ထဲအထိ ရောက်တယ်။ မိဘရင်ခွင်ကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာကြပြီး ဒီလို ကူသူကယ်သူ မရှိ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဘေးအန္တရယ် ဒုက္ခမျိုးကို ရင်ဆိုင်ခဲ့ရသူတွေ အားလုံးအတွက် ရင်ထဲမှာ ပြောပြစရာ စကားလုံး မရှိအောင်ကို ခံစားရပါတယ်။ နောက်တခုက လူတယောက်လုံးကို တပ်တတပ်လုံးရှေ့မှာ မတရားရက်ရက်စက်စက် သတ်လိုက်တာကို ကျွန်မတို့တပ်ရင်းမှာ ဖြစ်ရင်ဘယ်လိုနေမလဲဆိုတာကို စိတ်ကူးထဲမှာ ပုံဖေါ်ကြည့်မိတာ ဘယ်လိုမှကို ပုံဖေါ်လို့မရဘူး။ ကျွန်မတို့ဆီမှာဆိုရင်တော့ ခိုးသတ်ပြီးမှ ရန်သူလူဖြစ်လို့သတ်လိုက်တယ်ဆိုပြီး ပြောရင်တော့ ပြောမတတ်ဘူး။ ဒီလိုဗြောင်ကြီး တန်းစီနေတဲ့အချိန်မှာ လူမဆန်သတ်လို့ကတော့ တန်းစီနေတဲ့ရဲဘော်ထဲက ဒီလိုမလုပ်ဖို့ ၀ိုင်းဝန်းကန့်ကွက်ကြမှာ သေချာတယ်။ ကန့်ကွက်လို့မရရင် သွေးချင်းကိုရောသွားနိုင်လို့ အဲဒီလိုလုပ်တဲ့ တပ်မှူးလည်း တန်းစီအလေးပြုအခမ်းအနား မပြီးခင်မှာတောင် သူသတ်လိုက်တဲ့ရဲ့ဘော်နောက်ကို ချက်ချင်း လိုက်ရမှာသေချာတယ်။ မြောက်ပိုင်းက ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖတ်ပြီး ကျွန်မတို့ဆီမှာ စခန်းကော်မတီဝင်တွေကို ရဲဘော်တွေထက်သာပြီး အခွင့်ထူးခံတယ်ထင်ရင် နှစ်ပတ်တကြိမ် ပြုလုပ်ပေးတဲ့ တပ်တွင်းဝေဖန်ရေး (Free Discussion) မှာ အောက်ခြေရဲဘော်တွေက စခန်းကော်မတီအဖွဲ့ဝင်တွေကို သုံးစားမရအောင် ဝေဖန်ကြတာ၊ မိန်းကလေးတွေကို ရှေ့တန်းပေးမဆင်းလို့ဆိုပြီး ကော်မတီဝင်တွေကို ကျွန်မတို့ အမျိုးမျိုး ကလန်ခဲ့တာကို ပြန်စဉ်းစားမိရင် မြောက်ပိုင်းမှာ သာဆိုရင်တော့ဆိုတာကို တွေးပြီး ကျောချမ်းမိတာလည်းအမှန်ပဲ။ ဒါကြောင့် ကျွန်မတို့ဟာ မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် မဖြစ်ခဲ့တာ တော်လှန်ရေးမှာ တော်တော်ကံကောင်းခဲ့တယ်လို့လည်း မှတ်ချက်ချမိပါတယ်။ မြောက်ပိုင်းမှာ ဒီလောက် ရက်စက်လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ တပ်မှူးတွေကို ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက ဘာမှစောတက မတက်ကြတာဟာ အများစုကြီးက ဒါကို လုပ်ရိုးလုပ်စဉ်လို့ သဘောထားကြလို့လား ဒါမှမဟုတ် ဒီလို ရက်စက် ယုတ်မာတဲ့ လုပ်ရပ်ကို တောက်လျှောက် ရေငုံနှုတ်ပိတ်ပြီး ဘာမှစောတကတက်ဘဲ ဒီခေါင်းဆောင်တွေရဲ့ နောက်ကလိုက်ပါလာတာဟာ ကြောက်လို့လားဆိုတာ ကျွန်မ စဉ်းစားလို့တောင်မရ၊ နားလည်လို့တောင် မရ ဖြစ်မိတာလည်း အမှန်ပဲ။
Post a Comment