မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ ပြည်နယ်မြို့တော် Brisbane မြို့ထဲ အဓိကအချက်အချာ ကျတဲ့ နေရာတွေထိ ရေတွေ တက်လာနေပြီး လူတွေ ရွှေ့ပြောင်းနေရပါတယ်။ အခုလက်ရှိအထိ လူ ၁၂ ဦးသေဆုံးပြီး ပျောက်နေသူများစွာ ရှိနေသေးတယ်။ ရေက နောက်နေ့မနက် အထိ နောက်ထပ် ၅ မီတာခွဲအထိ ထပ်တက်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။ Brisbane အတွက် ဆုတောင်းပေးကြရအောင်။ (ဓါတ်ပုံတွေကို SBS သတင်းနဲ့ Google Image မှ ကူးယူဖေါ်ပြထားပါတယ်။
အောက်ဆုံးပိုဒ်






























အောက်ဆုံးပိုဒ်

14 comments:

အသေအပျောက်အနည်းဆုံးနဲ့ အမြန်ဆုံး ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်..

အဲ ... မြင်ရတွေ့ရ မသက်မသာ ရှိလိုက်တာ... ရန်သူကြီး ငါးပါးထဲက ဆရာကြီး တစ်ဆူကိုး..

အသေအပျောက်နည်း.. မြန်မြန် ပြည်လည် ပြုပြင်နိုင်ကြပါစေ.

ဖြစ်မှ ဖြစ်ရလေဗျာ။ သဘာဝဘေးဒဏ်ကတော့ ကြောက်စရာပါပဲ။

အင်း...ကမ္ဘာကြီးလဲ ရာသီဥတုတအားကြမ်းနေပါပေါ့လား..
အဲဒီမှာ ရေတွေကြီး..ဒီမှာ နှင်းမုန်တိုင်းကျ..အအေးတွေပို..
ဗမာပြည်မှာ အခါမဟုတ်မိုးတွေရွာ..

ရေဘေးကလည်း ကြောက်စရာ သိပ်ကောင်းတာပဲ.. သူတို့လည်း စိတ်ညစ်နေကြမှာ..

ဒီအတိုင်းဆို ၂၀၁၂ ထိတောင် ရောက်ပါအုံးမလား ရာသီဥတုဖေါက်ပြန်တာကြောက်စရာကောင်းလာပြီ...မြန်မြန်အဆင်ပြေကြပါစေ......

တော်တော်အခြေအနေဆိုးနေပြီ။ အဲလောက်ကြီးအထိဆိုးသွားလိမ့်မယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။
အားလုံးကျန်းမာချမ်းသာ ဘေးရှင်းကြပါစေ။

လာရောက် ဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မနေ့က နေရ ငါးမီတာခွဲ ထပ်တက်မယ်လို့ ခန့်မှန်းထားပေမဲ့ ဒီမနက်မှာ ၄.၄ မီတာအထိပဲ ထပ်တက်ပြီး အခု လူတရပ်စာ ပြန်ကျသွားပါပြီ။ နောက်ထပ် ဆက်ကျဖို့ပဲ ရှိပါတယ်။ တချို့ ကုန်းမြင့်တဲ့ လမ်းတွေမှာ လျှပ်စစ်မီးတွေ ရေတွေ ပြန်တပ်ထားပြီး သန့်ရှင်းရေးတွေ လုပ်နေနိုင်ပြီ။အခု စာရိုက်နေတဲ့အချိန်အထိ အတည်ပြုချက်အရ သေဆုံးသူ ၁၅ ယောက် ပျောက်ဆုံးသူ ၆၁ ယောက် ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဟယ်လီကော်ပတာနဲ့ ရေလွှမ်းမိုးရာ နေရာအနှံ့အပြားမှာ လိုက်ရှာနေဆဲ၊ Queensland ၀န်ကြီးချူပ်ဖြစ်သူ အမျိုးသမီးကိုယ်တိုင် TV မှာ Live နဲ့ မကြာခဏ ၀င်ဝင်ပြီး အားပေးစကားပြော အခြေအနေတွေကို ရှင်းပြ ဘာတွေစီစဉ်ထား ပေးတယ်ဆိုတာနဲ့ ကယ်ဆယ်ရေး အစီစဉ်တွေကို မကြာခဏ ရှင်းပြနေတာ တွေ့ပါတယ်။

မောင်မောင်တင် ပြောတာ ဟုတ်နိုင်တယ်။ အစက Queensland ပြည်နယ်မှာ မိုးများလို့ မြစ်ရေသျှံမှုတွေ ဖြစ်နေတယ်ဆိုတာပဲ ကြားထားပြီး မိမိနေထိုင်တဲ့ နိုင်ငံရဲ့ TV သတင်းလည်း သိပ်မကြည့်ဖြစ် ကွန်ပြူတာက မြန်မာပြည်သတင်းတွေနဲ့ပဲ အချိန်ကုန်နေချိန်မှာ Brisbane မြို့ကြီး ရေအောက်ရောက်နေပုံကို မနေ့မနက်ကမှ TV ဖန်သားပေါ်မှာ မထင်မှတ်ဘဲ ရုတ်တရက် တွေ့လိုက်ရတဲ့အချိန်မှာ ကမ္ဘာကြီးရေလွှမ်းမိုးပြီး ပျက်တော့မလားလို့ ကျွန်မ တကယ်ကို တွေးပြီး လန့်သွားတယ်။ ဒါကြောင့်မို့ ကျွန်မအရင်တင်ခဲ့ဖူးတဲ့ Tag ပို့စ်လေးကို ပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးနေရတယ်။

nge naing read these articles




http://tinfoilpalace.eamped.com/2011/01/15/huge-ring-appears-over-australia-is-haarp-involved/



http://www.mrnice.nl/forum/3-daily-news/5738-huge-ring-appears-over-australia-haarp-involved.html



http://z10.invisionfree.com/The_Unhived_Mind_II/ar/t49980.htm


http://www.godlikeproductions.com/forum1/message1321850/pg1

အခုရော အခြေအနေဘယ်လိုရှိလဲဗျ.

ရာသီဥတုဖောက်ပြန်မှုတွေ နေရာတကာမှာ တွေ့နေရတာ စိတ်မသက်မသာစရာပါပဲဗျာ.

အဆင်ပြေပါစေ...

Y.

မအားလွန်းလို့ အခုမှ လာလည်ဖြစ်ပါတယ် အမရေ...
ကြောက်စရာကြီးနော်။ အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ အခု နောက်ဆုံးအခြေအနေလေး ကိုလည်း သိပါရစေနော်။ 2012 ဒီဇင်ဘာ 21 မှာ တကယ် ဘဲ တလောကလုံး အဖြစ်ဆိုးကုန်မှာဘဲလား မသိဘူးနော်။ တုန်လှုပ်မိပါတယ်။ အမတို့ နေရာနဲ့ ကော ဝေးလားဟင်။ အမတို့ မိသားစုလည်း ကျန်းမာချမ်းသာ ရှိပါစေကြောင်း ဆုတောင်းပေးပါတယ်နော်။

လာရောက် သတင်းမေး၊ သတင်းပေး ဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
Anonymous (January 18, 2011 11:37 AM) ပေးတဲ့ Link အတွက် ကျေးဇူးပါ။
Yan နဲ့ Anonymous (January 21, 2011 1:03 AM) ၁၃ ရက်နေ့ နောက်ပိုင်းမှာ ရေကတဖြေးဖြေး ပြန်ကျသွားပြီး အခုတော့ ရှင်းလင်းပြီး ပျက်စီးသွားတာတွေကို ပြန်လည် တည်ဆောက်တာတွေ လုပ်နေပါပြီ။ ရေက Queensland အဓိက လွှမ်းမိုးသွားပြီး Queensland ကနေ နယူးဆောက်ဝေးကို ကျော်သွားပြီး Victoria, South Australia ပြည်နယ်တွေမှာလည်း အနည်းအကျဉ်း ဖြစ်ပါတယ်။ New South Wales ပြည်နယ်ကိုကျတော့ Queensland ပြည်နယ် နယ်စပ်ချင်းထိစပ်နေတဲ့ မြောက်ပိုင်းက နေရာတချို့ကိုပဲ နည်းနည်း ရောက်တယ်။ မြုပ်သွားတဲ့အဆင့်ထိတော့ မရောက်ဘူး။ ဆစ်ဒနီအပါအ၀င် နယူးဆောက်ဝေးရဲ့ ကျန်တဲ့ နေရာတွေကို မရောက်တဲ့အတွက် အဲဒီဒုက္ခကို ကျွန်မတို့ မခံလိုက်ရပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဗစ်တိုးရီးယားမီးလောင်တယ်၊ အခုဒီနှစ် Queensland ရေကြီးတယ်။ နောက်နှစ်ကျရင်တော့ နယူးဆောက်ဝေးအလှည့်ပဲ ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်ကျရင်တော့ အခုလို ပို့စ်တင်ဖို့နဲ့ သတင်းမေးသူတွေကို အကြောင်းပြန်ဖို့ ရှိဦးပါ့မလားမသိဘူး။ ၂၀၁၂ ကိုလည်း နီးလာလို့ သတိပေးသူတွေကလည်း ရှိနေတော့ ပိုလန့်လာပြီ။ ဒါပေမဲ့ သိပ်တော့ မပူပါနဲ့ ကျွန်မတင်ထားတဲ့ Tag ပို့စ်တခု ရှိပါတယ်။ ၂၀၁၂ အတွက် စိုးရိမ်နေသူများ အဲဒီပို့စ် (http://nge-naing.blogspot.com/2009/10/blog-post_8027.html) ကို သွားဖတ်ကြပါနော့်။

Anonymous (January 21, 2011 1:03 AM) က ညီမပါ။

အမညွှန်းတဲ့ ပို့ စ် ကို အခုမှ ဖတ်ဖြစ်ပါတယ်။ အင်မတန် ကျိုးကြောင်း လျှော်ညီတဲ့ ပို့ စ်ဖြစ်ပါတယ်။ ဖတ်ပြီး အမရဲ့  ဗဟုသုတ ကို မလေးစားဘဲ မနေနိုင်အောင်ပါဘဲ။ ဆက်လက်ပြီး ရေးသားနိုင်ပါစေနော်။

ညို

ညိုက ဘာသာရေးကို ပြောတာလား သိပ္ပံကို ပြောတာလား။ သိပ္ပံဆိုရင်တော့ အဲဒါ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် ထုတ်ထားတဲ့ သိပ္ပံစာအုပ်ထဲက Biology note ကနေ ကိုးကားထားတာ ဖြစ်လို့ သိပ္ပံဘာသာ ယူတဲ့ သာမန်အလယ်တန်းကျောင်းသား ကလေးတွေသိတဲ့ ဗဟုသုတလောက်ပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်မ ပေးချင်တဲ့ Message ကို ရသွားတယ်ထင်လို့ ၀မ်းသာပါတယ်။