မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

C-Box မှာ လာစော်ကား ခံရတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထား



ကျွန်မဘလော့ဂ်ကို လာလည်သူအားလုံးဟာ ကျွန်မရေးထားတဲ့စာ တခုမဟုတ်တခုကို ဖတ်သွားမှာ သေချာလို့ ကျွန်မပြောလိုတဲ့ အကြောင်းအရာ တခုခုကို ရသွားမှာမှာမို့ ကျွန်မကို ချစ်သူ၊ မုန်းသူမရွေး လာလည်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောကြားချင်ပါတယ်။ လာလည်သူတွေဆီက ရတဲ့ တုံ့ပြန်ပြန်မှု အပေါ်မှာလည်း ကျွန်မနဲ့ သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်မက တလေးတစား အမြဲတမ်း လက်ခံပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဆိုလိုချင်တာက ကျွန်မဟာ ကျွန်မနဲ့ သဘောထား အမြင်တူတဲ့သူကိုပဲ အရေးတယူ လုပ်ပြီး သဘောထား အမြင်မတူတဲ့ သူကို ရွံရှာမုန်းတီးသူ Close minded သမားမဟုတ်ဘဲ Open minded သမားသာ ဖြစ်တယ်ဆိုတာပါပဲ။ အုတ်တခုတည်းနဲ့ တိုက်ဆောက်လို့မရ သလို ဘိလပ်မြေ၊ သဲ စသည့် တခုတည်းနဲ့လည်း ဆောက်လို့ မဖြစ်နိုင်ပါဘူး။ လောကမှာ ရှိနေ၊ ဖြစ်နေတဲ့ အရာအားလုံးဟာ မတူကွဲပြားတဲ့ အစိတ်အပိုင်း တခုစီနဲ့ ပေါင်းစပ် ပါဝင်ဖွဲ့စည်းထားလို့သာ ရှိလာဖြစ်လာရတယ်ဆိုတာ လူတိုင်း သဘောပေါက်ကြပါလိမ့်မယ်။ ဒါကြောင့် တယောက်နဲ့တယောက် မတူကွဲပြားမှု သဘောထားကွဲလွဲမှုဆိုတာ ပေါင်းစပ်လို့ ရနိုင်တဲ့ အရာတွေသာ ဖြစ်တယ်လို့ ကျွန်မ သဘောထားပါတယ်။

သို့သော်လည်း ဘာသဘောထားမှလည်းမပါ ဘာကြောင့်မှန်းမသိ အတွေးအခေါ် အယူအဆမရှိ၊ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်သလို တမင်လာလုပ်နေသူများနဲ့ ဦးတည်ရာမရှိဘဲ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဘလော့ဂ်မှာ သူများနာမည်သုံးပြီး အမျိုးသမီးတယောက်ကို နှမချင်းမစာနာ လာရောက်ပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပုံတွေလာတင်၊ လိင်ပိုင်းဆိုင်ရာ ယုတ်ရိုင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော ပြောပြီး လာစော်ကားပြောဆိုတာကိုတော့ ခုနက အပေါ်မှာ ဆိုလိုတဲ့ သဘောထား ကွဲလွဲမှုနဲ့ ဘာမှ မသက်ဆိုင်တဲ့အတွက် ကျွန်မ လက်မခံနိုင်ဘူး။ ကျွန်မ အလုပ်များပြီး ဘလော့ဂ်အတွက် အချိန်ပေးနိုင်မှု အားနည်းသွားတဲ့အချိန်တွေမှာ ကျွန်မမရှိခင် လစ်ရင်လစ်သလို အယုတ်အမာ အရိုင်းအစိုင်း စကားလုံးတွေ ရင့်ရင့်သီးသီး သုံးပြီး ၀င်လာရေးသွားတာတွေကို မကြာခဏ ဖျက်ပစ်နေရပါတယ်။ ကျွန်မ မဖျက်ခင် ဘလော့ဂ်ကို လာလည်သူတွေ တွေ့သွားလို့ စိတ်အနှောင့်အယှက် ဖြစ်ပြီး ပြန်သွားရသူတွေ ရှိရင်လည်း ကျွန်မတောင်းပန်ပါတယ်။ ကျွန်မအနေနဲ့ လာရေးသူတွေကို ပြောလိုတာက ဒီလိုယုတ်မာရိုင်းစိုင်းတဲ့ စကားတွေက သူရဲဘောကြောင်တဲ့ အမျိုးသားတွေအတွက် အမျိုးသမီးတယောက်ရဲ့ စိတ်ဓါတ်ရေးရာကို အနိုင်ယူရာမှာ အသုံးပြုတဲ့ လက်နက်ကောင်းတွေလို့ ယူဆပြီး အသုံးပြုတာ ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ပေးသူ ပေးတာကို ယူသူက လက်ခံမှသာ အကျိုးသက်ရောက်မှုဆိုတာ ရှိမှာ ဖြစ်ပြီး ဒီအယုတ်မာ စကားတွေကို ကျွန်မ လက်မခံတဲ့အတွက် ကျွန်မ ရင်ထဲရောက်မသွားဘူး၊ ရင်ထဲမရေက်တော့ ဒေါသဖြစ်ပြီး အမုန်းပွားစရာအကြောင်းလည်း မရှိပါဘူး။ ကျွန်မကို ဒေါသဖြစ်စေချင်လို့ ခံရခက်စေချင်လို့ ဒီမိန်းမတော့ ငါဒီလို ယုတ်ယုတ်မာမာတွေ ရေးထားတာကို ဖတ်လိုက်ရရင် ဒေါသဖြစ်ပြီး ရှက်ပြီး လဲသေလိမ့်မယ် ထင်နေရင်တော့ ထင်တာနဲ့ တခြားစီ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။ အမှန်က လာရေးသူတွေဟာ ဘယ်လောက် အောက်တန်းကျပြီး ခွေးနဲ့တောင် နှိုင်းလို့မရလောက်အောင် ယုတ်မာအောက်တန်းကျတာကို အများသိစေချင်လို့ မဖျက်ဘဲတောင် ထားချင်ခဲ့တယ်။ ဖျက်ပစ်ရတာက ဆက်ထားရင် ကျွန်မကို ထိခိုက်နစ်နာစေလို့ မဟုတ်ပဲ သံဃာတော်တွေ၊ အမျိုးသမီးတွေအပါအ၀င် စာလာဖတ်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ကျက်သရေ နည်းလွန်းလို့သာ ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

လာရေးတဲ့ ရည်ရွယ်ချက်က ကျွန်မကို ဘလော့ဂ် ဆက်မရေးစေချင်လို့ နှောင့်ယှက်တယ်ဆိုရင် ကျွန်မဘလော့ဂ်က ကျွန်မဘ၀ရဲ့ မှတ်တမ်းမို့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်ဆက်ရေးဖြစ်နေမှာမို့ အဲဒီအကြံအစည် မအောင်မြင်ဘူး ဆိုတာ ပြောလိုပါတယ်။ ဒါမှမဟုတ် ကျွန်မဘလော့ဂ်ကို လူမလာစေချင်လို့ ဆိုရင်လည်း လာလည်နေတဲ့ သူတွေကက မအားလို့ (သို့) ရေးထားတာတွေကို စိတ်မ၀င်စားလို့ မလာတာပဲ ရှိနိုင်မယ် လာချင်တဲ့သူကတော့ သူတို့ စိတ်ဝင်စားစရာ ရှိရင် လာဖတ်နေမှာပဲ။ ကျွန်မ ဘလော့ဂ်ကို လာနေတဲ့ သူတွေကို ဒီလို အယုတ်အမာတွေနဲ့ တားလို့ မရနိုင်ပါဘူး။ ဒီလို လာရေးလို့ ကျွန်မမှာ ထိခိုက်နိုင်တာ နောက်ဆုံး C-Box ပိတ်ပစ်လိုက်ရတပဲ ရှိနိုင်ပါတယ်။ C_Box ဆိုတာကလည်း လာလည်သူတွေက နှုတ်ဆက်ပြီး Link ချန်ထားခဲ့ရင် အလွယ်တကူ ပြန်သွားလည်ဖို့ သုံးတာထက် ဘာမှ မပိုပါဘူး။ C-Box မရှိတဲ့ ဘလော့ဂ်တွေလည်း အများကြီး ရှိတယ်ဆိုတော့ C-Box မရှိလို့ ကျွန်မမှာ ဘာမှ နစ်နာသွားတာ မရှိနိုင်ဘူး။ ဒီတော့ ကျွန်မကို နစ်နာစေချင်လို့ လာရေးတဲ့ မဟာအကြံအစည်ကြီးဟာ ထိရောက်မှု မရှိပါဘူးဆိုတာ ပြောချင်ပါတယ်။ မြန်မာလူမျိုးတွေထဲမှာ ဒီလိုရိုင်းစိုင်းယုတ်မာသူတွေ ရှိနေတာ သိပ်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ စကားပုံအတိုင်း အမှားကို အမှားမှန်းသိရင် ပြင်သင့်ပါတယ်။ ပြင်ဖို့လည်း တိုက်တွန်းပါတယ်။

စော်ကားသူတွေရဲ့ ရည်ရွယ်ချက်က ကျွန်မ ထင်တာတွေ တခုမှမဟုတ်ရင်လည်း ယောက်ျား တယောက်လုပ်ပြီး သတ္တိရှိရှိနဲ့ ကျွန်မကို မကြိုက်တာကို အီးမေးလ်ကတဆင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ သေချာတာက ဒီလိုလာရေးတားတာ ရေးသူအတွက် ဘာမှ အကျိုးမရှိဘဲ အပြစ်တွေသာ ရှိပါတယ်ဆိုတာ စော်ကားသူကို ပြောပြချင်ပါတယ်။ စော်ကားခံရတာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှ မခံစားရဘူး ဆိုပေမဲ့ ဒါက ကျွန်မအတွက်ပဲ ပြောတာဖြစ်တယ်။ ကျွန်မ မဖျက်ခင် ဘလော့ဂ်ကို လာလည်လို့ တွေ့သွားသူတွေ အတွက်တော့ ကျွန်မ တကယ်ပဲ အားနာနေမိတယ်။ နောက်တခုက လာရေးသူကိုယ်တိုင်အတွက် အကုသိုလ်တွေကို တွေးမိပြီး စိုးရိမ်မိတယ်။ မြတ်စွာဘုရားက လက်ဆောင်တခုကို တစုံတယောက်က ပေးလို့ အပေးခံရသူက လက်မခံရင် ဒီလက်ဆောင်က ပေးသူလက်ထဲကိုပဲ ပြန်ရောက်တယ်လို့ ဥပမာပေးပါတယ်။ ဒီအတိုင်းပဲ ဒီအယုတ်မာစကားတွေရဲ့ သက်ရောက်မှုကို ကျွန်မ မယူတော့ လာရေးသူဆီကိုပဲ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ကိုယ်ပစ်တဲ့ ကျဉ်ဆံက ပစ်မှတ်ကို မရောက်လို့ ပစ်ခံရသူကိုမမှန်ဘဲ ပစ်သူမှာ ပြန်ထိရင် ပိုခံရခက်နိုင်တဲ့အတွက် ကိုယ်ကျိုးနည်းတာကို မလုပ်စေချင်ဘူး။ ဒါကြောင့်မို့ အကုသိုလ် အဖြစ်ခံပြီး အကျိုးမရှိတာတွေကို မလုပ်ဖို့ စော်ကားသူကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

မြတ်စွာဘုရားတောင်မှ လူဖြစ်စဉ် အရင်ဘ၀တွေက လုပ်လာခဲ့တဲ့ မကောင်းတဲ့ ကံအကျိုးပေးတွေကို ဘုရားဖြစ်တဲ့အခါ ပရိနိဗ္ဗာန်မစံခင် ပြန်ခံရသေးရင် ကျွန်မတို့လို ပုထုစဉ်တယောက်အတွက် ဆိုဖွယ်ရာ မရှိပါဘူး။ သံသရာကြီးက သိပ်ရှည်ပြီး မရေတွက်နိုင်တဲ့ အရင်ဘ၀တွေတုန်းက ယောက်ျားဖြစ်ခဲ့ဖူးတဲ့ ဘ၀တခုခုမှာ အမျိုးသမီးတွေအပေါ် အခုလို ယုတ်ရိုင်းကြမ်းတမ်းစွာ စော်ကားခဲ့ဖူးလို့ ကိုယ်ပြုခဲ့တဲ့ ကံက အခုကိုယ့်ဆီပြန်ရောက်ပြီး တန်ဖိုးမထား ရေးသားခြင်း ခံရတယ်လို့သာ သတ်မှတ်ပါတယ်။ သူများ နာမည်ကိုသုံးပြီး ကျွန်မ C-Box မှာ လာရေးသလို ကျွန်မနာမည်ကို သုံးပြီးလည်း တခြား C-Box တွေမှာ လိုက်ရေးနိုင်လို့ ကျွန်မက ဘလော့ဂ်လည်ရင် မင်္ဂလာပါ။ လာလည်သွားပါတယ် (သို့) စာလာဖတ်သွားပါတယ်။ (သို့) အဆင်ပြေ ချမ်းမြေ့ပါစေ။ ပထမဦးဆုံး ရောက်ဖူးတဲ့ ဘလော့ဂ်အသစ်ဆိုရင်လည်း အခုမှ ရောက်ဖူးတယ် Link သွားပါတယ် စတာတွေပဲ C-Box မှာ ရေးလေ့ရှိပါတယ်။ ဒီထက်ပိုပြီး ရေးစရာရှိရင် ကျွန်မက မှတ်ချက်မှာပဲ ရေးတာများပါတယ်။ တကယ်လို့ ကျွန်မနာမည်နဲ့ C-Box မှာ အယုတ္တအနတ္တ (သို့) အရေမရ အဖတ်မရ မဟုတ်တာတွေ လာရေးထားရင် မသမာသူတွေရဲ့ လုပ်ရပ်လို့သာ မှတ်ပါလို့ ဘလော့ဂ် မောင်နှမတွေကိုလည်း တခါတည်း အသိပေးထားချင်ပါတယ်။

မကောင်းမှုကို ပြုလုပ်ရဲသူတွေဟာ ဒီမကောင်းမှုရဲ့ ရလဒ်ဆိုးကျိုးကို နက်နက်ရှိုင်းရှိုင်း မသိလို့၊ ကံ၊ ကံ၏အကျိုးကို နားမလည်လို့သာ ဖြစ်တယ်၊ မကောင်းမှု ပြုခြင်းကို အခုပြုခံနေရသူဟာ အရင်ကပြုလုပ်လာခဲ့လို့ သူ့ကံနဲ့သူ ခံရတာဖြစ်ပြီး အခုပြုလုပ်နေသူတွေဟာ မိမိပြုလုပ်တဲ့ မကောင်းမှုကံ အရိပ်မဲကြီးဟာ အနောက်က တကောက်ကောက်လိုက်ပြီး တချိန်မှာ မလွဲမသွေ ပြန်ခံရမည့်သူသာ ဖြစ်တယ် ဆိုတဲ့ ကမ္မ နိယာမကို နားလည်နိုင်ကြပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(2/3/10 4:14PM က တင်တဲ့ပို့စ်ဖြစ်တယ်။ C-Box မှာ လာစော်ကားနေသူ များလာတိုင်း သဘောထားကို သိအောင် အပေါ်ခဏ ပြန်ဆွဲတင်ထားလေ့ရှိပါတယ်။)


35 comments:

အမရေ

အခုအမြင်လေးတွေအတွက် လေးစားမိပါတယ်ခင်ဗျာ

ရေးသင့်ရေးထိုက်သလို လိုက်နာအတုယူသင့်တဲ့စိတ်ထားလေးပါ

ပေးပေမယ့် ယူမှရမှာပါ နော် အမး))
ပျော်ရွှင်ပါစေး)

ဟုတ်တယ် မငယ်နိုင်ရေ
မကျေလည်တာ ရှိရင်လည်း ဘယ်သို့ ဘယ်ပုံ ဆိုပြီး ကောင်းကောင်းမွန်မွန် လာပြောလို့ ရတာပဲ။ မငယ်နိုင် အမြဲ ပြေပြေ လည်လည် ပြောဆိုတတ်တာလည်း ဘလော့ ရောက်ဖူးသူတိုင်း သိတာပဲ။


မအယ်

ဒါပေါ့...ဒါပေါ့..မငယ်။
လောကဓံလို့ပဲ မှတ်လိုက်ပါ။ သူ့အဆင့်နဲ့ သူပေါ့ဗျာ။ ကိုယ်က တန်းညှိစရာအကြောင်းမရှိပါဘူး။

အဖြစ်ပျက်ကတော့ ချွတ်စွတ်ကို တူနေတော့တာပါပဲ...မငယ်ရေ...။
ညီမရဲ့ C-Box မှာလည်း ရိုင်းစိုင်းယုတ်ညံ့တဲ့စကားလုံးတွေ
လာရေးသွားတဲ့အပြင် တခြားဘလော့မှာလည်း ညီမနာမည်ကိုသုံးပြီး မောင်နှမသားချင်း ဖတ်လို့မှမသင့်တော်တဲ့စကားလုံးတွေ သွားရေးတယ်လေ..။
ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလိုမျိုးတွေ လုပ်နေတယ်မသိပါဘူး..။
ညီမကတော့ C-Box ဖြုတ်ထားလိုက်တယ်..။
စိတ်ပျက်လွန်းလို့....

လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါကိုကျတော့ ပေးသူပေးတာကို ယူသူက လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ပေးသူဆီ ပြန်မရောက်တော့ဘူးဆိုတာ မှတ်လိုက်ကြပါနော့်။

အဖြူရောင်နတ်သမီးရေ - အစ်မလည်း နောက်ထပ် ဆက်သောင်းကျန်းနေရင် C-box ကို ဖြုတ်ဖို့ပဲ ရှိပါတယ်။ C-Box ရှိတော့ လာလည်တဲ့သူတွေက Link ထားခဲ့ရင်တိုက်ရိုက် ပြန်လည်ရလွယ်တာ တခုပဲ ရှိတယ်။ ဘလော့ဂ်ကို လူသုံးရာ နီးပါးလာတာတောင် C-Box မှာ ရေးသွားတာ တခါတလေ ငါးယောက်မပြည့်လို့ C-Box ရှိတာနဲ့ မရှိတာ အစ်မအတွက် ဘာမှ သိပ်မကွာပါဘူး။

ခွေးဟောင်တိုင်းသာ ထကြည့်နေရရင် အိပ်ရေးပျက်ရုံရှိပါလိမ့်မယ် မငယ်နိုင်ရေ ။..မကောင်းမှုပြုသူတွေ သူပြုတဲ့ဒါဏ် သူ ပြန်ခံရမှာပါ ။

အမရေ .. သူတို့တိုက်ခိုက်နေတာက ကျနော်တို့ လက်ပန်းကျ သွားအောင် .. မီဒီယာကို မီဒီယာနဲ့ တိုက် နေတာပါ .. ဒါပေမယ့် သူတို့ မီဒီယာက ဘာလဲ? သူတို့ တိုက်ခိုက်တဲ့ နည်းစနစ်ကကော မှန်ကန်လား သူတို့ မစဉ်းစါးပါဘူး .. အဓိက ကတော့ အမှန်ဘက်က လူတွေ လက်ပန်းကျကာ နောက်ဆုတ်သွားဖို့သာ သူတို့ လိုချင်တာပါ ... ဒီတော့ ကိုယ်ကလဲ ကာကွယ်နိုင်သလောက် ကာကွယ်ပြီး .. ကြံကြံခံကာ ဆက်လက်ချီတက် စေချင်ပါတယ် ...

ဟင်းးးးးးးးး ခက်တော့ခက်တယ်ဗျာ၊ Cbox မှာ လာဆဲတာ သူတို့အတွက် ဘာထူးလည်းတော့မသိပေမဲ့၊ ပိုင်ရှင်နဲ့ အလည်လာသူတွေမှာ ထင်ယောင်ထင်မှားဖြစ်ကြရတယ်၊ စိတ်အနှောက်အယှက်လည်းဖြစ်မိတယ်။

ကျွန်တော့် blog မှာလည်း ကျွန်တော့်နာမည်နဲ့ လာလာဆဲလို့ Cbox ကို ဖြုတ်ထားရတယ်ဗျာ......

ZaunG

-

စိတ်မကောင်းဘူး ကိုယ်ချင်းစာနားလည်တယ် ကျမလည်း တနှစ်နီးပါးစီဘောက်ဖြုတ်ပစ်ခဲ့ရပါတယ် ထားချင်ပေမဲ့  မမြင်သာတာတွေမို့  ရှင်းထားရပါတယ် ။ အမျိုးကောင်းသမီးတွေ တိုင်းပြည်အတွက် အချိန်ပေး စာတွေရေးနေတဲ့ တိုးတက်တဲ့အမြင်၇ှိတဲ့မြန်မာအမျိုးသမီးတွေ ကို စော်ကားပြီးရေးသားနေတာ တော့ လူဆန် သူမှန်သမျှ ကျော်လွှားသွားကြမှာပါ မငယ်နိုင် - ရံခါမှာနေတော့ -ယောနိသောမနသိကာရ လို့  နှလုံးသွင်းနိုင်ပါစေ --

အဟား မကြီးရေ ခွေး ကကျွန်တော်ရှိရောက်လာတယ် ။ လာဟောင်နေလို့ မိန်းကလေးတွေ မတွေ့မမြင်သင့်တဲ့ စာတွေပါနေလို့ ဖျက်ထားတယ် ။အိုင်ပီ အတုတွေ နဲ့လာရေးနေတာ ရယ်ရတယ်။သူရေးတာ သူ့အဆင့်က ဘယ်လိုဆိုတာ မသိတာ အံ့ပါရဲ့ ကိုယ်လုပ်တဲ့ အပြစ်ဒဏ် ကိုယ်ပါကိုယ်ခံရမှာ ကို များမကြောက်ရှာဘူး ။အော်သနားစရာ သူရေးတိုင်လူတွေက ယုံထင်ကြောင်ထင်ထင်နေမယ်မှတ်နေလားမသိဘူးနော်။ ကျွန်တော် ဒီတိုင်းထားခြင်ပါတယ် မိန်းကလေးတွေ လာဖတ်နေတာရှိလို့ အားနာလို့သာဖျက်ပြစ်ရတာ။ ကိုယ်မှ သူရေးသလို တခုမှမဟုတ်တော့ ရယ်စရာကြီး နာစရာမှမဟုတ်တာနော်။ အော်သနားစရာကောင်းလိုက်ပါဘိဗျာ။ကျွတ် ..ကျွတ်...ထပ်ရေးလည်း စိတ်မဆိုးပါဘူး မေတ္တာပို့ထားပါတယ် အဟဲ.. နာမည်ကြီးအောင်လုပ်ပေးနေတာ ကျေးဇူးတောင်တင်ရဦးမယ်။ ဟဟဟဟ အိုင်ပီက အတု ဖြစ်လို့ ရေးမပြတော့ပါဘူး...။

မငယ်နိုင် ရှင်းပြတာ သဘာဝကျသလို မှန်တယ်လို့ထင်ပါတယ်။

မြတ်စွာ ဘုရား ဘုရားဖြစ်တော့တောင် ခံရတာ ကံ ရဲ့အကြိုးပေး မဟုတ်ဘူးလို့ထင်ပါတယ်။ ဝဋ်လည်တာလို့ထင်ပါတယ်။

လာအားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ကိုဇော်၊ မမေအိခင်နဲ့ ကိုလတ်တို့ ပြောသလို နအဖ စိတ်ဓါတ်စစ်ဆင်ရေးလို့ ထင်ခဲ့ပေမဲ့ အဖြူရောင် နတ်သမီးတို့ ဇောင်းတို့လို နိုင်ငံရေး စာပေလုံးဝကင်းရှင်းတဲ့ သူတွေဆီမှာလည်း သွားရေးတယ်ဆိုတော့ စဉ်းစားစရာက တမျိုးဖြစ်လာတယ်။

ကျွန်မဆီမှာ စတာက ရုရှားက တယောက်က Google မှာ တခုခုကို ရှာရင်း မထင်မှတ်ပဲ ကျွန်မတင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက် ကို ရောက်လာပြီး C-Boc မှာ ရေးခဲ့ရာက ပြန်လည် ပြောဆိုရင်း စခဲ့ပါတယ်။ ရန်သူလူ ဖြစ်နိုင်မဖြစ်နိုင် ဆက်စပ်တွေ့းကြည့်ချင်သူများအတွက် C-Box မှာ ပြောဆိုသမျှတွေကို ပို့စ်ထဲမှာ ထပ်မံဖြည့်စွက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မ ဖြည့်စွက်ထားပါတယ်။

ယောနသန်မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ခေါ်တာကတော့ ကံပဲပြောပြော ၀ဋ်ပဲပြောပြော ကျွန်မဆိုလိုတာက မိမိပြုလုပ်ခဲ့တာကို မိမိ ပြန်ခံရတာကို ဖေါ်ညွှန်းလိုတာသာ ဖြစ်တယ်။

အမရေ.. တခါမှ မရောက်ဘူးပေမယ့် ပိုစ့်ခေါင်းစဉ်လေးတွေ့လို့ လာဖတ်တာပါ။ အခုလို ရှင်းလင်းပြီး ရေးပေးထားတာလေးကို ကျေးဇူးတင်ပါတယ်။ ကျမလည်း အခုလိုပဲ စော်ကားပြီး အရေးခံရလို့ cbox ဖြုတ်ထားရပါတယ် အမ။ ကိုဇာနည်မောင် နာမည်နဲ့ အိုင်ပီကတော့ နယ်သာလန်ကပါ။ ဘန်းထားလိုက်ပေမယ့် ဆက်ရေးနေလို့ အခုတော့ cbox ကိုမထားရဲတော့တဲ့ အဖြစ်ဖြစ်သွားပါတယ်။

ခင်မင်လေးစားလျှက်

မငယ်ရေ..ရိုးရိုးသားသား အမှန်ကို အမှန်အတိုင်းမပြောရဲ ပြိုင်မပြောရဲတော့ အောက်လမ်းနည်းတွေသုံးတာပေါ့.ဗျာ..ကျနော်တော့
C.Box ကို မထားတာဗျာ..ရေးချင်ရာရေးခွင့်နဲ့ တချို့လူတွေက မတန်ဘူးဗျ..စိတ်အနှောက်အယှက်ဖြစ်ရတာပဲ အဖတ်တင်တယ်..

ဘာလို့ ဒီလိုလုပ်နေတယ် ဆိုတာ နားမလည်နိုင်ဘူးဗျာ။
ကျနော့်မှာလည်း ဟို့နေ့က သူကပဲ ရေး ၊ ကျနော်နာမည်နဲ့ သူကပဲ ဖြေ ဆိုတာတွေ လုပ်သွားပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး မနက်ဖြန် အမ ပို့စ်ကြောင့် ကျနော်လည်း တစ်ခုတော့ ရေးပြဦးမယ်ဗျာ..။

That's too , will pass.

ပျော်ရွှင်ပါစေဗျာ
ကိုဇော်

လေတိုက်ခံနေရပြီ။ လေတိုက်ခံနေရပြီ ခွိခွိ

လေတိုက်ခံနေရတာကတော့ ကြာပါပြီ။ သဘောထားအမြင်မတူလို့ အတိုက်ခံရတဲ့လေက အဆင့်အတန်း ရှိရှိ တုံ့ပြန်လို့ရနိုင်တဲ့အတွက် ကျွန်မ အတွက် ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို ယုတ်ယုတ်ရိုင်းရိုင်း Sexual Assault တွေနဲ့ အစော်ကားခံရတဲ့ လေကတော့ တုံ့ပြန်ရင်လည်း သူနဲ့တန်းစားတည်း ဖြစ်သွားမယ်၊ မတုံ့ပြန်ရင်လည်း စာလာဖတ်သူတွေနဲ့ မဆီမဆိုင်သူတွေကိုပါ ထိခိုက်ပြီး ဘလော့ဂ်ကိုလည်း ကျက်သရေ မရှိဖြစ်စေလို့ အခုလို သဘောထား သိအောင် ရေးရတာပါ ကိုလူသစ်။

အင်း...မိန်းကလေးအတော်များများကိုမှ ရွေးချယ်တိုက်ခိုက်နေတာကြည့်ရတော့..
စိတ်ရောဂါ တခုခုပဲလားတော့မသိ...

မငယ်နိုင်တို့ ပြောနေ ရေးနေတဲ့ c-box ကိစ္စဆောင်းပါး နဲ့ ပါတ်သတ်လို့ ဒီလိုပဲဖတ်ခဲ့ ပြီး လူတွေကလည်းနော်...... ဆိုတာလေးနဲ့ ပြန်လှည့်ခဲ့တယ် ရက်တော်တော်ကြာ ပြီး ဒီနေ့ ပြန်ရောက်လာတော့ တော်တော်အံ့ သြသင့် သွားတယ် ကိုယ်တိုင် စီဘော့ ထဲမှာရေး ထား တာကို ဒီအခန်းထဲမှာတွေ့လိုက် ရလို့ ...ကလေးဘ၀က စပြီး မမြင်ဖူးတဲ့ မြန်မာ စာ အသုံးအနှုန်းတွေ နဲ့ မြန်မာစာ ကျမ်းမှာ လည်း မရှိခဲ့တဲ့ အသုံးအနှုန်း တွေလည်း တချို့ နေရာတွေမှာ တွေ့လိုက်ရ သလိုပဲ ဘာအဓိပါယ်တွေ လည်း ဆို တာကိုတော့ နားမလည်ပေမယ့် ရှေးခေတ်က မြန်မာလူမျိုးတွေ တစ်ယောက်နဲ့တစ်ယောက်မသင့်မြတ်လို့ သုံးနှုန်းတဲ့ မြန်မာစကားထက် မြန်မာလူမျိုးတွေမှာတခါဖူးမှ မရှိခဲ့ ဖူး မ မြင် ဖူး တဲ့ မြန်မာစာ အသုံးအနှုန်း ကြမ်းတမ်းမှုတွေကို မြင်လိုက်ရတော့ ဒီတိုင်းပြည်ရဲ့ ဘာသာစကားကြမ်း တမ်းမှု အသစ်အဆန်းတွေကို ဘယ်လိုလူကသင်ပေး လိုက်ပါလိမ့်လို့ တွေးမိပြန်တယ် .....မငယ်နိုင်ရေ ပထမတော့ မငယ်နိုင် ပြန်ပြောနေတယ်ထင် နေတာ ခုတော့ ရှင်းသွားပြီ။ လာပြောနေတဲ့လူ ကိုလည်းသနားမိပါရဲ့ ကိုယ့် အကျိုးမရှိ သူများ အကျိုး မရှိ တဲ့စာ တွေကို ရေး ဖို့ အချိန် တွေ သူ့ ခများ ပေးလိုက်ရရှာ တယ် ။ မငယ်နိုင် ကိုအားပေးလျှက်......

ကိုငြိမ်းချမ်းရေ- ကျွန်မက ဒီလိုယုတ်ယုတ်ရိုင်းရိုင်း ပြန်ပြောပါ့မလား။ ကျွန်မအနေနဲ့ ယုတ်ရိုင်းသူကို ယုတ်ရိုင်းတဲ့နည်းနဲ့ ဘယ်တော့မှ တုံ့ပြန်မှာမဟုတ်ဘူး ဒီလိုတုံ့ပြန်ရင် သူက ဒေါသဖြစ်စေချင်လို့ လာဆွတာကို သူ့အကြိုက် လိုက်လုပ်သလို ဖြစ်သွားလို့ အကုသိုလ်တွေ ရပြီး ကျွန်မ နစ်နာတာပေါ့။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်ရင်း ဒီလိုအမမြင်မတော်တာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာကို တကယ်ပဲ အားနာမိပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ် နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

စာဖတ်သူမိတ်ဆွေများအားလုံးခင်ဗျာ...
စီဘောက်တွေမှာ လိုက်ပြီး မိုက်ရိုင်းတဲ့ စကားအသုံးနှုန်း တွေနဲ့ ရေးနေတဲ့သူဟာ တအားကို ယုတ်မာ ပါတယ် မြန်မာလူမျိုးတွေထဲမှာ အဲဒီလို အောက်တန်းကျတဲ့သူ ယုတ်မာ တဲ့သူဆိုတာ ကျွန်တော် မတွေ့ဘူးပါဘူး။ ကျွန်တော်တို့ကတုဖက်ပြိုင် ပြီး ပြန်မပြောပါဘူး သူတို့လို မိုက်ရိုင်းပြီး အောက်တန်းမကြပါဘူး။ အဲဒီသူတွေဟာ ကျော်ခွဆိုက်တွေ အိုင်ပီ ဆော့ဝဲတွေ သုံးပြီး တစ်နေ့ တစ်မျိုး အိုင်ပီတုနဲ့ လိုက်နှာက်ယှက် မိုင်းရိုင်းယုတ်မာတာပါ။ ကျွန်တော် စီဘောက်ကစာတွေကို မဖျက်ပဲ ဒီလူတွေ ရေးတဲ့ ဆဲတဲ့စာတွေ ကိုပြချင်ပါတယ်။ ။ ဒါပေမယ့် မိန်ကလေးတွေနဲ့ သံဃာတော်တွေ အဆင့် အတန်းရှိတဲ့ စာဖတ်သူတွေ အနေနဲ့ မျက်စိရိုင်း အမြင်ရိုင်းစရာတွေ ဖြစ်နေတဲ့တွက် စီဘောက်က စော်ကားတဲ့ စာတွေကို အချိန်မှီလိုက်ဖျက်နေရတာပါ။ ဘယ်လောက်အထိယုတ်မာ လည်းဆိုရင် သူ့တို့မှာ တောင် မွေးထားတဲ့ အမေ မရှိသလို သူတပါး အမေ နှမ တွေကို ဆဲရေးတိုင်းထွာ မိုက်ရိုင်းစွာ ရေးသားထားပါတယ်။ ကျွန်တော် ပြောတာ မယုံဘူးဆိုရင် ဖတ်ချင်သူတွေ ကြည့်ချင် လေ့လာချင်သူတွေ ကျွန်တော့်မေးကို ဆက်သွယ်နိုင်ပါတယ်။ကျွန်တော် အမှန်တိုင်း သူတို့ရေးထားတဲ့ဆော်ကားထားတဲ့ စီဘောက်ကစာတွေ တွေကို ပို့ပေးပါ့မယ်။ကိုယ်တိုင်းလေ့လာနိုင်ပါတယ်။ မြန်မာ စကားမှာ အဲဒီလို မိုင်းရိုင်းဆဲရေးတဲ့ စကားတွေ စာတွေ ဘယ်လိုကျောင်း ဘယ်လိုဆရာ မိဘက သင်ပေးလိုက်လည်း မသိပါဘူး။
နောက်တစ်ခုက တခြားသူတွေရဲ့ စီဘောက်တွေမှာလည်း တခြား နာမည်တွေ သုံး ရန်တိုက်ပေး ဆဲဆိုနေပါတယ် ။ကိုယ်အကောင့် ကိုနာမည် အမှန်ကို မသုံးပဲ ဆော်ကားနေတာပါ။ တကယ်တော့ ဒီကိစ္စ ဟာ ဘာမှ နိုင်ငံရေး၊လူမှုရေးမပါပါဘူး။ နှောက်ယှက်ယုံသက်သက် စော်ကားယုံသက်သက် အရှက်ခွဲယုံသက်သက်ပါ။ ကျွန်တော်တို့တွေဟာ အဲလို မိုက်ရိုင်းယုတ်မာ သူကို ဘယ်တော့မှ သူလို မိုက်ရိုင်းယုတ်မာစွာ မတုန့်ပြန်ပါဘူး။အဲဒီလူတွေလို အောက်တန်းကျ တဲ့သူတွေ မဟုတ်လို့ပါ။
သူရဲ့ယုတ်မာမိုက်ရိုင်းမှုတွေ ဟာ သူရဲ့ အမေနဲ့ နှမ တွေ အပေါ်ကို တန်ပြန်ပြီး မထိခိုက်ပါစေနဲ့ သူကြိမ်းဝါးသလို မဖြစ်ပါစေနဲ့လို့ မေတ္တာပို့ဆုတောင်းပေးနေပါတယ်။နောက်အဲဒီ ရေးသားသူဟာ မိန်ကလေး လည်း ဖြစ်နိုင်ပါတယ် ဆိုတာ အသိပေးပြောကြားရင်း။

ခင်မင်မှုဖြင့််-
အားလုံးကိုပျော်စေချင်တဲ့......။

မငယ်ရေ...
နတ်သမီးရဲ့ mail ထဲကို ပါ လာဆဲသွားတာ...
တစ်ယောက်ထဲဖြစ်နိုင်သလို...တခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်...
email လိပ်စာ ညီမဆီမှာရှိတယ်...
သူက ညီမတစ်ယောက်ထဲကိုဆဲတာမဟုတ်ဘူး...
လူ (၃၀)လောက်ကို တပြိုင်နက်ထဲ mail ပို့ပြီး ဆဲထားတာ...
သူငယ်ချင်းတွေ အားလုံးကိုတော့ forward လုပ်ပြီးသွားပါပြီ..။

ဒီပို့လေးရေးတာသဘာဝကျပါတယ်။မှန်ပါတယ်။စီဘောက်မှာလာဆဲရင်တော့တမျိုးပေါ့။ဒါပေမယ့်ကျွန်တော်တို့ကတော့မဆဲဘူး။စာဖတ်တယ်၊စာဖတ်ပြီးကိုထင်ရာဝေဖန်တယ်။စာဖတ်သူတစ်ယောက်က စာရေးသူကို ကိုယ်မကြိုက်တာဝေဖန်ခွင့်ရှိတယ်။ဒါကိုနားလည်ရမယ်။
(ဒီမိုကရေစီကို နားလည်ပြီး မြတ်နိုးလှပါတယ်လို့ ပါးစပ်ကအော်နေပြီး ကိုယ်တိုင် ဒီမိုကရေစီ ကျင့်ဝတ်သိက္ခာအတိုင်း မလိုက်နိုင်၊)ဒီစာသားလေးကိုကြိုက်တယ်။အမသူငယ်ချင်းမဗေဒါကိုမေးနိုင်တယ်။သူရဲ့စီဘောက်မှာကျွန်တော်ဆဲဘူးသလားဆိုတာ။အမျိုးသမီးရေးရာစာနဲ့ပါတ်သတ်ပြီး စီဘောက်မှာကိုထင်ရာပြောတာပဲရှီတယ်။ဒါကိုဘန်းတယ်ဆိုတာသဘာဝမကျဘူ။ဒီအတွက်သူပို့တွေအောက်မှာကွန့်မန့်ပေးတယ်ပြန်လည်ဖြေးရှင်းချက်မရှိဘူး။ဒါဟာစာရေးသူတစ်ယောက်လုပ်ရမယ့်အချက်မဟုတ်ဘူး။စာရေးတက်ရင်ဖြေရှင်းတက်ရမယ်။အခုမဗေဒါလုပ်ပုံက ဒီမိုကရေစီအော်နေပြီး...စစ်အစိုးလုပ်နည်းလုပ်နေတယ်။ဒါကိုပြောချင်တာပဲ။ကျွန်တော်ပြောတဲ့အထဲမှာတစ်ခုမှရိုင်းတာမပါဘူး။ဘလော့ရှင်မမသိမှာပါ။ကျွန်တော်စီဘောက်မှာပြောနေတာကိုသာဘလော့ရှင်မမသူငယ်ချင်းတွေကလာအရင်ရိုင်းနေတာပါ။ဒါလဲဘလော့ရှင်မမအသိဖြစ်မှာပါ။ ဒီဘလော့ကိုတချို့အရာတွေသဘောကျမိတယ်။ တချို့သောစာပေတွေကအရေးသားကောင်းတယ်။အသစ်တင်တိုင်းလဲလာဖတ်နေမှာပဲ။ကျွန်တော်တို့ဝေဖန်သင့်တဲ့စာပေကိုတော့ဝေဖန်ရမှာပဲ။လွပ်လပ်စွာပြောဆိုခွင့်ရှီတယ်။ဒါပေမယ့်လုံးဝမရိုင်းစိုင်းဘူးဆိုတာတော့ဘလော့ရှင်မမသိသင့်တယ်။
ခင်မင်စွာဖြင့် စာဖတ်သူ
ခြင်္သေ့

အစ်မရေ ဘ၀ဆိုတာ တိုတောင်းတယ် အောင်မြင်မူက ရခဲတယ် ရခဲ့တဲ့အောင်မြင်မှုကိုထိန်းသိမ်းဖို့က ပိုခက်ခဲ သလောက် ဖျက်ဆီးဖို့က အရမ်းလွယ်ပြန်ကော..
ဒါကြောင့် မနာလိုဖျက်ဆီးသူက အရှက်မဲ့စွာ ရေးသားရဲတာပါ... လေတိုင်းတာ ကို ထဆဲမိရင် လေးကိုဘယ်သူက အဖြစ်တင်မှာလဲ ဆဲ သူပဲပေါ့...
ဒါကြောင့် လေ ညှင်းလေး အစ်မ ထာဝရအောင်မြင်ပါစေ

ကျေးဇူးတင်ပါတယ် Anonymous- သည်းခံနိုင်တဲ့ ပါရမီဆိုတာ လွယ်တော့မလွယ်ပါဘူး။ ဆင်ခြင်တုံ အသိတရားလေး တချက်လေး သတိလစ်သွားတာနဲ့ ဒေါသ၀င်ဖို့က သိပ်ကိုလွယ်ပါတယ်။ ဒေါသထွက်အောင် တမင်ကြံဖန် လာလုပ်နေသူကို ဒေါသပြန်ထွက်တော့ ကိုယ်ရှုံးတာပေါ့၊ ဒေါသကို ဒေါသနဲ့ အနိုင်ယူလို့ မရဘူးဆိုတာ မြတ်စွာဘုရားဟောထားတဲ့ တရားကို ပြန်လည်ဆင်ခြင်ပြီး စိတ်ကို ပြန်ထိန်းရပါတယ်။ အခုတော့ ဒီလောက်အထိ ထိန်းနေစရာ မလိုတော့ပါဘူး၊ တော်တော်လေးတော့ အရေထူနေပါပြီ။ လာစော်ကားသူတွေကို ကိုယ်တိုင် ဘာမှသိပ်မဖြစ်တော့ပေမဲ့ တခြားလာလည်တဲ့သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရလို့ အဖက်လုပ်ပြီး ပြန်ပြော ပြန်ရေးနေရတာတွေတော့ ရှိပါတယ်။

စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ နောက်ပတ်လောက်ဆိုရင်တော့ ကျွန်မ ပို့စ်ပုံမှန် ပြန်တင်နိုင်လိမ့်မယ်ထင်တယ်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

အစ်မရဲ့ စိတ်သဘောထားကို လေးစားမိပါတယ်ခင်ဗျား ...

ဘလော့ ရေးနေတဲ့ သူတိုင်း
အနည်းအများ ဒီလမ်းတွေကို ဖြတ်ကျော်နေရပါတယ်။

ရေးသင့် ရေးထိုက်သလို လိုက်နာ အတုယူသင့်တဲ့စာလေးပါ။ ခင်ဗျား

ဝင်လာဖတ်သွားပါတယ်

http://www.nayzawlin1.com/

"ဒီစီဘောက်မှာ အမြင်မတူသူတွေကို ဘန်းတယ် ပီးရင် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး စွပ်စွဲတယ်" ဆိုပြီး သူခိုးက လူပြန်ဟစ်သလို ၇ု၇ှေ၇ာက် စစ်ခွေး အယုတ်တမာကောင် တုတ်ကြီးက လူကို ပြန်ဟစ်နေပါလား

ဟိတ်ကောင် စစ်ခွေး တုတ်ကြီး .....

မင်းေ၇းတဲ့ စာတွေကို မင်းအမေ၇ယ်.. မင်းအဒေါ်တွေ၇ယ်.. မင်းအမတွေ၇ယ်.. မင်းညီမတွေ၇ယ်ကို အ၇င် ဖတ်ခိုင်းလေ

"ဒီစီဘောက်မှာ အမြင်မတူသူတွေကို ဘန်းတယ် ပီးရင် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး စွပ်စွဲတယ်" ဆိုပြီး သူခိုးက လူပြန်ဟစ်သလို ၇ု၇ှေ၇ာက် စစ်ခွေး အယုတ်တမာကောင် တုတ်ကြီးက လူကို ပြန်ဟစ်နေပါလား

ဟိတ်ကောင် စစ်ခွေး တုတ်ကြီး .....

မင်းေ၇းတဲ့ ဖ၇ုသဝါစာ တွေကို မင်းအမေ၇ယ်.. မင်းအဒေါ်တွေ၇ယ်.. မင်းအမတွေ၇ယ်.. မင်းညီမတွေ၇ယ်ကို အ၇င် ဖတ်ခိုင်းလေ

ဘာပဲပြောပါစေ။မိမိစေတနာမိမိကိုယ်အကြိုးပြန်ပေးမှာပါ စိတ်မကျနဲကျွှန်တော်ကတော.လေးစားပါတယ်။လူတိုင်းမလုပ်နိုင်တဲ.အရာတွေကို မိန်ကလေး တွေကလုပ်ကြတာဂုဏ်ယူစရာပါပဲ

ကျေးဇူးတင်ပါတယ်အစ်မရယ်



သင် ဆဲတာကို ငါဘုရားမယူ


တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်း လာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။


"ဒီလောက် ဆဲနေတာ ဘာကြောင့် ဘာမှ ပြန်မပြောတာလဲ" လို့ ပုဏ္ဏားက ဗုဒ္ဓကို မေးတယ်။


ဗုဒ္ဓက – "အသင် ပုဏ္ဏား၊ ငါဘုရား ဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခု ပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်က ဘယ်သူ့ဆီမှာ ရှိနေမလဲ။"


ပုဏ္ဏားကြီးက "ကိုယ့်လက်ထဲမှာပဲ ရှိနေမှာပါ" တဲ့။


ဗုဒ္ဓက – "အဲ့ဒီလိုပဲ သင် ဆဲတာကို ငါဘုရား မယူဘူး" တဲ့။


ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။ ကိုယ်စိတ်ဆင်းရဲမှု ဖြစ်ရတာဟာ ကိုယ့်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါနေတယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။ ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန် ကောင်းတယ်။


ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလို ဒုက္ခမရောက်အောင်၊ မတိုးတက်အောင်၊ မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ်၊ ဖယ်ရှားလိုက်မယ် ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။


ဆရာတော် ဦးဇောတိက
အနှိုင်းမဲ့ စာတိုပေစများ

(Credit - နန်းရှေ့သား)



ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်


ဟောကိန်း
============

Zaw Myint Aye
၂၀၁၅၊ ဩဂုတ် ၃၁


မာမီဂျိမ်း လဲ.. စထွက်လာတုန်းကတော့..
တကဲ့ကို ခံယူချက်ရှိတဲ့...
တိုင်းပြည်ချစ်တဲ့သူလိုလို...
လူမျိုးခြား လွှမ်းမိုးတာ မခံချင်သူလိုလို...
ဘာလိုလိုပေါ့...


ဝီ၀ီ လဲ စထွက်လာတုန်းကတော့..
ဘာသာတရားရဲ့..
သူရဲကောင်းတစ်ယောက်လိုပါပဲ.....


နေမျိုးဝေ လဲ စထွက်လာတုန်းကတော့..
နင်းပြားတွေအတွက်.. သူရဲကောင်းတစ်ယောက်လိုပေါ့..
လယ်သမားတွေ... သူ့ကို အရမ်းချစ်ခဲ့တာပေါ့.....


ရဲမိုး လဲ စထွက်လာတုန်းကတော့..
စစ်သားစစ်စစ်တွေဘက်က လိုက်သလိုလို ဘာလိုလိုနဲ့....
ကကကြည်းကိုတောင် ပြန်ပြီး သမလိုက်သေးတယ်.....


ရဲထွဋ် လဲ.. စထွက်လာတုန်းကတော့..
တကယ်ကို ရိုးစင်းတဲ့ဘ၀ကို လိုလားသလိုလို.. အထာနဲ့..
လမ်းဘေးဝက်သားတုတ်ထိုးတောင်.. ထိုင်စားပြလိုက်သေးတယ်.....


အမြင့်ဆုံးကိုပြရင်..
ဦးသိန်းစိန် ကိုယ်တိုင်ကိုက.. စထွက်လာတုန်းကတော့..
တကဲ့ ဒီမိုကရေစီဖခင် ဖြစ်မလိုလို..
ပြုပြင်ပြောင်းလည်းရေးသမားလိုလို..
နိုဘယ်လ်ဆုပဲ ရမလိုလိုနဲ့..
သူရဲကောင်း တစ်ယောက်လိုပဲလေ.....

---------------

အဲဒီလိုပါပဲ...

စထွက်လာတဲ့အချိန်မှာ..

ဆင်းရဲပြီး ပညာရေးအားနည်းလို့
ဆင်ခြင်ဥာဏ်တွေ နိမ့်ပါးတဲ့..
ပြည်သူတွေအကြိုက်ကို လိုက်ပြီး
လုပ်ပြကိုင်ပြ... အမှတ်တွေယူပြီး..

နောက်ဆုံးမှာ...
ပင်ကိုယ်စိတ်ရင်း ရိုးသားမှု မရှိတာကြောင့်..
မျက်နှာဖုံးတွေ ကွာကျသွားပြီး..
အစွယ်တငေါငေါနဲ့ တွေ့လာရတဲ့
သူတွေရဲ့.. အနေအထားတွေဟာ....

ဒီ ငါးနှစ်အတွင်းမှာ...
ကျွန်တော်တို့ ရခဲ့တဲ့..
အကောင်းဆုံး..
အတွေ့အကြုံတစ်ခုပါ..

အခုလဲ....

ဒီလိုမျိုးတွေ ထပ်တွေ့လာဖို့..
အရိပ်အယောင်တွေ..
တွေ့လာရပါတယ်..

ထပ်ပြီး ဖြစ်လာဦးမယ်လို့..
ဟောကိန်းထုတ်လိုက်ပါတယ်...၊

အားလုံး လိမ္မာပါးနပ်ပြီး..
ကိုယ့်ဘက်က လူကျွံဘော...
မပေးမိကြဖို့ပါပဲ...


( Pa Yit )


ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်



Thorn Nay Soe
၈-၉-၁၅


စစ်တပ်ကို ကြောက်တယ်။
အခု ဒီဖေ့ဘုတ်ပေါ်က
စစ်ဗိုလ်အများစုကို ကြည့်တာနဲ့ကို
ကြောက်စရာ တော်တော်ကောင်းနေပြီ။

စစ်ဗိုလ်အများစုဟာ
ဗလောင်းဗလဲ ပြောတယ်၊
အောက်တန်းကျကျ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်၊
မဟုတ်မတရား အပုပ်ချတတ်ကြတယ်။

ဒီလောက်
စိတ်ဓာတ် အောက်တန်းကျသူတွေ
အနာဂတ်မှာ အာဏာရသွားလို့တော့
မဖြစ်ဘူး။


ဒီတော့
စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြံ့ဖွတ်ပါတီကိုတော့
ဝေရာမဏိ
ဝေးစွာ ရှောင်ကြဉ်ပါ၏။


သွန်းနေစိုး

စစ်ဗိုလ်အများစုဟာ စိတ်ဓာတ် တော်တော် အောက်တန်းကျလို့ အနာဂတ်မှာ အာဏာရသွားလို့ မဖြစ်ဘူး



Aye Aye Soe Win
၈-၉-၁၅


စစ်ခွေးအချို့ဟာ "သူတို့ဟာ တောခိုခဲ့သူ၊" "သိဖူးပါတယ်" ဆိုပြီး တက်လာနေတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်း တခါမှလည်း လူလိုသူလို စကားစမြည် တခါတောင် ပြောဖူးတာတောင်မရှိ။

စစ်ခွေးတွေရဲ့ ဖန်ရှင် (function) (အလုပ်၊ တာဝန်) က ပညာမပါတာတွေ၊ မမှန်တာတွေ၊ အဆက်အစပ်မရှိတာတွေ တက်ပြော၊ တက်ရေးပြီး စိတ်အနှောင့်အယှက်ဖြစ်စေရေးပဲ။


သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန် စစ်အစိုးရ၏ အောက်တန်းကျတဲ့လုပ်ရပ်ဟာ အဲဒါပဲ။ ၈၈ ကတည်းက လူလိမ်တွေကို နေရာတိုင်းမှာ ရိုက်ထည့်ထားပြီး သူတို့ ကျီးလန့်စာစား ဖြစ်နေတိုင်း အမြင်မှန် အယူမှန် ရှိသူတွေ၊ စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ ဖိုက် (fight) နိုင်တဲ့သူတွေကို ပစ်မှတ်ထားပုံရတယ်။

စစ်ခွေးတွေရဲ့ ဖန်ရှင်က မရ ရတဲ့နည်းနဲ့ နှောင့်ယှက်မယ်၊ စစ်ခွေးဝါဒကို မရအရ ဖြန့်မယ်။ သမိုင်းမှာ သူတို့ကိုယ်တိုင် အရေးပါတဲ့နေရာ တနေရာက ပါခဲ့သလို ဘာမှ အရေးမပါတဲ့ trivial facts (အရေးမပါတဲ့ အသေးအဖွဲ အချက်အလက်တွေ) လာလာ ပြောမယ်။

စစ်ခွေးတွေ၏ သည်လို အလုံးတွေဟာ အတော့်ကို ရိုးနေပြီ။ ဖန်တရာတေနေပြီ။

သည်အရေးအသားတွေ၊ ကွန်မင့်တွေဟာ စစ်ခွေးတွေ စာကြောင်း သုံးကြောင်း ရေးလို့မပြီးခင် ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်၊ ဘာစေတနာနဲ့ ၀င်လာတယ် ဆိုတာ သိနိုင်တယ်။

သူတို့ကို "စစ်ခွေး" လို့ တချက်အော်လိုက်တိုင်း သူတို့ရင်ဝမှာ မြားစူးသလို ဖြစ်နေတယ် ထင်ရတယ်။


"စစ်ခွေး" ဆိုလို့ လွန်ခဲ့တဲ့ ၃ - ၄ နှစ်က မှ ဒီအက်စ်အေ က ဆင်းလာတဲ့ ကောင်တွေကိုချည်း ပြောတာ မဟုတ်။


စစ်ခွေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။


- ကျောင်းဆရာမ လုပ်ပြီး စစ်အုပ်ချုပ်ရေးဘက်က ကာကွယ်သူ၊

- ဆရာဝန် ဘူဂျွာ (ဘူဇွာ) ဖြစ်နေသည့်တိုင် "အပြောင်းအလဲတွေဟာ မကောင်းဘူး" ဆိုတဲ့ တကိုယ်ကောင်းစိတ်ရှိသူ၊

- ဘုန်းကြီး တန်မဲ့ သူတော်ကောင်းတရား မဟော၊ အုပ်ချုပ်သူကို ဖေးမဖို့ သူယုတ်တရားကို ဘေးတီးဟောသူ၊

- ဒုက္ခသည် ခံပြီး အနောက်နိုင်ငံတွေ ရောက်လာပေမယ့် ကာလများစွာ မြေရှိုးနေပြီး ဟော.. ခုလို သိန်းစိန် ဖက်ဆစ်ခေတ်ရောက်မှ.. ပရောဟိတ်တွေယောင်ယောင် ပုံစံမျိုးနဲ့ ပေါ်လာပြီး ငြိမ်းချမ်းရေးတရား အမည်ခံ ဘောမတရားများ ဟောကာ ရောကောသောကော အကြံအဖန်ရိုက်နေသူ၊

- အရာရာကို စီးပွားရေးအကျိုးအမြတ်မျက်လုံးနဲ့ ကြည့်သူ

- အာဏာရသူသာ အမှန်ဟု ထင်တတ်သူ

- လူတန်းစားအမုန်း (class hate)၊ လူတန်းစားခွဲခြားမှု ရှိနေတာကို ငြင်းပယ်သူ

သည်လူ အားလုံးဟာ ပြည်သူ့ရန်သူ စစ်ခွေးတွေပဲ။


သူတို့ချည်း သိတဲ့ "ဘောတရား" မှာ ပြည်သူ ဆိုတာ မရှိ။ ပြည်သူ့အတွက်တိုက်ပွဲ ဆိုတာ မရှိ။ ပိုက်ဆံ၊ အခွင့်အရေးနဲ့ အာဏာရထားသူကိုသာ ကပ်ထားတဲ့ အချောင်သမားစိတ်တွေသာ ရှိနေကြတယ်။

သည်လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်နေပြီး သိန်းစိန် စစ်အုပ်စုကို ဖားနေ၊ ကာနေရတုန်း။

အမေရိကကိုလည်း သည်နိုင်ငံကြီးဘက်က သူတို့ကို နည်းနည်း အဖက်လုပ်ပြီးသကာလ၊ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ တက်တက် ဖားတာကတော့ ပြိုင်စံရှားပဲ။

ဖားသာ ဖားရတယ်၊ အမောင် စစ်ခွေးတောသားတွေ ဥာဏ်ပညာက တစက်မှ မပါ။


အေးအေးစိုးဝင်း

စစ်အစိုးရက ပြည်သူများအတွင်းမှာ ပုံစံမျိုးစုံဖြင့် မြှုပ်ထားသော စစ်ခွေးများ