မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

၁၉.၇.၄၇


ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉ ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

"၁၉.၇.၄၇"

ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။

သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။

ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။

ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။

မြ၀တီ-ရဲခေါင်

(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)

အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။ 


အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။

 


သားပေးတဲ့ မိခင်မျာျးနေ့ လက်ဆောင်


Happy Mothers Day!!! I Love You!!

You always give me my wants and needs,
And even though I might not exceed to your expectations,
You gave me everything toys games and even education,
Helped me with all my problems and incidents that I was facing,
No matter how simple bad the problem was,
You were always there for me and gave me much love,
A mum like you is irreplaceable,
Who's going to give me food on the table,
Who will help me through rough days if I'm not able,
Everything you did was always for me in the first place,
And all the steps that you took, I won't be able to retrace,

"I know it's not easy for a woman to raise a man,
There's no way I can pay you back, and for that my plan is to show you that I understand
You are appreciated" - Tupac Shakur
I love you mum
Toee Nanda Oo

ကိုမင်းကိုနိုင် သက်တော်ရာကျော်ရှည်ပါစေ


ကိုမင်းကိုနိုင်ရဲ့ ရွှေရတုမွေးနေ့ကို လွန်ခဲ့တဲ့ ၂၄ နှစ်က သူကိုယ်တိုင် စပ်ခဲ့တဲ့ ကျွန်မ အကြိုက်ဆုံး ကဗျာလေးကို ပြန်ဖေါ်ပြပြီး ဂုဏ်ပြုလိုက်ပါတယ်။ မင်းကိုနိုင်ဆိုတဲ့ နာမည်ကို ကျွန်မ စကြားဖူး တွေ့ဖူးခဲ့တာကတော့ ၈၈ အရေးတော်ပုံမတိုင်ခင် ရက်ပိုင်းမှာပါ။ ("ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်) 

 စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲက ပြန်ကူးထားတဲ့ စာပိုဒ်ပါ။ အဲဒီစာကြောင့်ပဲ အစိုးရကို ဘယ်တော့မှ ဆန့်ကျင်ရကောင်းမှန်းမသိခဲ့တဲ့ ကျွန်မဟာ အတွေးအခေါ် အယူဆတွေလည်း လုံးဝပြောင်းလဲသွားပြီး အစိုးရကို ဆန့်ကျင်တဲ့ ဒီအရေးတော်ပုံကြီးမှာ ပါဝင်လာခဲ့ရာကနေ ဘ၀တဆစ်ချိုးကို ဖြစ်စေခဲ့ပါတယ်။ အဲဒီစာကြောင့်ပဲ ကျွန်မတို့ မြို့က အထက်တန်းကျောင်းလေးမှာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်ခဲ့ပြီး ကျွန်မတို့တမြို့နယ်လုံး ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက အကြောင်း အသေးစိတ်ကိုတော့ အပေါ်မှာ ညွန်းထားတဲ့ စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲမှာ ရေးထားတာ ရှိပါတယ်။ အခုပြန်ဖေါ်ပြတဲ့ အောက်က ကဗျာကိုတော့ ၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တောတွင်းကို ရောက်မှ ဖတ်ဖူးတဲ့ ကဗျာပါ။ ကျွန်မရဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်ဆိုတဲ့ အသိတရားကို ကိုမင်းကိုနိုင်ရေးတဲ့စာကို ဖတ်ပြီး စတင်သိရသလို အာဏာရှင်ကို တော်လှန်တဲ့စိတ် ဆက်လက်ရှင်သန်ဖို့အတွက်ကိုလည်း ကိုမင်းကိုနိုင်ရေးတဲ့ ဒီကဗျာလေးကပဲ ကျွန်မကို ပေးခဲ့ ပေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်ရဲ့ အရင်နှစ်မွေးနေ့တွေကိုလည်း ဒီကဗျာလေးနဲ့ ဂုဏ်ပြုခဲ့သလို အခုဒီနေ့ကျရောက်တဲ့ ရွှေရတုမွေးနေ့ကိုလည်း ဒီကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။ ကိုမင်းကိုနိုင် မွေးနေ့အနှစ်တရာတိုင်ပါစေ..

သစ္စာ
 
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

ကိုမင်းကိုနိုင် ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။ မပြီးပြတ်သေးသော ဒီမိုကရေစီ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက် ဦးဆောင်နိုင်ပါစေ...

ကိုမင်းကိုနိုင် ၄၈ နှစ်မြောက်မွေးနေ့ အထိမ်းမှတ် တင်ခဲ့တဲ့ကဗျာကို ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

စာဖတ်သူများအာလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
 

လိုချင်ရင် ရအောင်ချူလော့၊ သင်၏အခွင့်အရေး သင်လက်မနှေးစေလို


လူဆိုတဲ့ Human အမျိုး..
အသားအရောင် ၀ါချင်ဝါ
ဖြူချင်ဖြူ ..မဲချင်မဲ..
လူဟာ လူပါဘဲ။

မျက်လုံးဘဲ ပြာပြာ
စိမ်းစိမ်း မဲမဲ ညိုညို..
ဆံပင်အရောင် ၀ါ နီ ညိုနက်..
ကွေးကောက် ဖြောင့်တို..
ပိုးသား..အကြေသား
ဘယ်လိုအနေဘဲဖြစ်ဖြစ်

တောင်တန်းနေ မြေပြန့် သား
သမုဒ္ဒရာ ကျွန်းဖွားများ
ရေခဲပြင်ထဲဘဲ နေ နေ..
သဲကန္တာရထဲဘဲ နေ နေ..
တောင်တန်းပေါ်ဘဲ နေ နေ
ပိန်းဥဘဲ စားစား ကောက်နှံဘဲ ၀ါး ၀ါး
ပြောင်းအာလူးဘဲ စားစား. ထမင်းဘဲစားစား
ရှည်မြင့် ၀တို ပုသေး..
ပုံသဏ္ဍာန်အသွေး ဘယ်လိုဖြစ်ဖြစ်..
အားလုံးဟာ လူသားသာလျှင် ဖြစ်တယ်။

မွေးရာပါ လူ့ အခွင့်အရေး အားလုံးအတူတူ
လူသားချင်း..ကြင်နာ
စာနာ ထောက်ထား လေးစား ကူညီကြ..
လူ့ အခွင့်အရေး ကြေညာစာတမ်း
(Universal Declaration of Human Rights) က
သင့်နဲ့အတူရှိတယ်။
သင်တို့ အခွင့်အရေး သင်တို့ ပိုင်ဆိုင်ခွင့်ရှိရမယ်။



အပိုဒ် (၁) - လူတိုင်းသည် မွေးဖွား လာကတည်းက တန်းတူညီမှုရှိသည်။
အပိုဒ် (၂) - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
အပိုဒ် (၃) - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
အပိုဒ် (၄) - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။
အပိုဒ် (၅) - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။
အပိုဒ် (၆) - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊
အပိုဒ် (၇) - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊
အပိုဒ် (၈) - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊
အပိုဒ် (၉) - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊
အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊
အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊
အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊
အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊
အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊
အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊
အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ် အိမ်ယာ ထူထောင်ခွင့်၊
အပိုဒ် (၁၇) - ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊
အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊
အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊
အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသောအဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊
အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊
အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊
အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊
အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊
အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊
အပိုဒ် (၂၆) - ပညာ သင်ကြားပိုင်ခွင့်၊
အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှု အကျိုးကို မိမိခံစားပိုင်ခွင့်၊
အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊
အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊
အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊

အချက် ၃၀ သော ဤလူ့ အခွင့်အရေး
သင်သည်သာ လူသားဖြစ်ပါစေ..
သင် ပိုင်ဆိုင်ရမည်။
သင် အခွင့်အရေး ကို
သင် ရယူရန် ကြိုးစားရန်မှာ..
သင်၏ သမိုင်းပေးတာဝန်
သင်ညံ့ရင်…သင်အရှုံးပေးရမည်။
သင်မရလျှင်…သင့်ဘ၀ဆုံးသည်။

ရအောင် တိုက်ကြ..
လူသား အားမာန်ဇွဲ ပြကြ..
သင်သည်သာ မဟာလူသား..
အခွင့်အလမ်းပိုင်ဆိုင်သူ..လူသား..
တူညီပြစို့  ရုန်းကြစို့ ။

မသဒ္ဓါ ( ၅။၂၇။၂၀၁၀)

Human Rights ပျောက်ဆုံးနေကြသော…ရှိသည်ကို မသိရစေအောင်…ကန့် လန်ကာ အမှောင်ချထားသော လူမဆန်သော အာဏာရှင်လူသား များကြောင့် မျက်ကန်းဖြစ်နေရသော မြန်မာ ပြည်သူများသို့ ..အကျိုးမျှော်၍ နှိုးဆော်ပါသည်။

ယမန်နေ့ ဟောင်းသည်..သမိုင်းအဖြစ် အတိတ်တွင်ကျန်ရစ်ခဲ့ပြီး.မနက်ဖြန်သည် ဘာဖြစ်မည်.သိရန် ခက်ခဲသော ပဟေဠိတပုဒ်သာ ဖြစ် သောကြောင့်..ယနေ့ အချိန်ရှိစဉ် ရုန်းကန်ဖောက်ထွက်ကြရန်မှာ မိမိတို့ ၏ တာဝန်သာဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။ ( မြန်မာပြည်က အဘတို့ သာ မက မြောက်ကိုရီးယား က ငပွဘဲ ဖြစ်စေ…အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို လိုက်နာရမည်ဖြစ်သည်။ မကြောက်ကြပါနှင့်..ဒီနေ့ ကြိုးစားလျှင် မနက်ဖြန်ကို သင်ပိုင်ဆိုင်သည်။ )

Yatana.co.cc မှ အချက်အလက်များရယူထားပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ Universal Declaration of Human Rights (UDHR) ကို မသဒ္ဒါက လိုရင်းတိုရှင်း လွယ်လွယ်နားလည်အောင် ထိထိမိမိ အတိုချုပ်လုပ်ထားတာကို သဘောကျလို့ ပြန်လည်ကူးယူ ဒီနေရာမှာ ဖေါ်ပြခဲ့တာကို မဖတ်ရသေးသူများအတွက် ရည်ရွယ်ပြီး အသစ် ပြန်တင်လိုက်ပါတယ်။ မသဒ္ဒါရဲ့ မူရင်းကဗျာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ Nge Naing -(10/12/11)

ရွှင်လန်းချမ်းမြေ့ကြပါစေ။


ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း



အဆိုနှင့် သရုပ်ဆောင် ကြည်ကြည်ဌေး၊ အက မေသန်းနု

ဗေဒါလမ်း


ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။


ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)




ပန်းပန်လျက်ပဲ"
သို့မဟုတ်


"ငယ်နိုင်လမ်း"



အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းသမ
Comment မှာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ၊ စစ်နိုင်)

ကျွန်မရဲ့ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်လွှာ ဆိုတဲ့ပို့စ်မှာ စာဖတ်သူကိုစစ်နိုင်က ကျွန်မအတွက် မွေးနေ့လက်ဆောင်အဖြစ် စပ်ဆိုထားတဲ့ ကဗျာလေးနဲ့ Hit Counter လေးသိန်းပြည့်တဲ့ အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။ သူဘာကြောင့် ဒီကဗျာကို စပ်လဲဆိုတာ ရေးထားတာကိုတော့ မွေးနေ့ဆုတောင်းပို့စ်ကမှတ်ချက်မှာ ရေးထားပါတယ်။

မိမိအတွက် ဆုတောင်းပေးထားတာကိုပဲ ထည့်ပြီး ဆန့်ကျင်ဘက်သဘောတရားတွေကို မထည့်ရင် ကျွန်မက လောကဓံတရားရဲ့ ဆန့်ကျင်ဘက် သဘောတရားကို လစ်လျူရှုရာ ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ မှတ်တမ်းတင်ထားတဲ့ မွေးနေ့ဆုတောင်း ၁၂၆ ဦးဆီက မဟုတ်ဘဲ လာနှောင့်ယှက် စော်ကားနေတဲ့ အုတ်ကြားမြက်ပေါက်တွေဆီက အဲဒီပို့စ်မှာ ဆုတောင်းမဟုတ်တဲ့ မှတ်ချက်တွေကိုလည်း ဗေဒါလမ်းနဲ့ ငယ်နိုင်လမ်းကို ပိုပြီးပေါ်လွင်သွားအောင် အောက်မှာ ထည့်ပေးလိုက်ပါတယ်။


mg said...

မငယ်နိုင်ရေ
အသက်တစ်နှစ်ကြီးသွားတာနဲ.အမျှ
ငါဘာတွေတိုးတက်လာလဲ ဆိုတာက အရေးကြီးပါတယ်
လူ.သက်တမ်းကို ပျမ်းမျှ အသက် ၆၀ နဲ.တွက်ရင် မငယ်နိုင်က သေဖို. သိပ်မလိုတော.ပါဘူး
ဒါကြောင်.
တစ်နေ.တစ်နေ. ဘလော.ကို ဘယ်နှယောက်လာတယ်၊ ဘယ်နိုင်ငံတွေကလာတယ်၊ hit တွေ ဘယ်လောက်ရှိသွားပြီ ဆိုတာတွေ ထိုင်တွက်မနေပါနဲ.
ကိုယ်.ရဲ.ကျန်တဲ.အသက်နဲ. ဘာသာရေးလိုက်စားဖို.ပဲ တွက်ပါ
စီဘောက်မှာ ကွန်းမန်.မှာသူများလာရေးတာတွေကို ပိုစ်.ပြန်တင်ပေးလိုက်
သူများလာရေးတာတွေကို ပြန်တင်ပေးလိုက်
facebook က ကွန်းမန်.တွေကို ပြန်တင်လိုက်နဲ သာယာနေတဲ. ဘဝကြီးကိုစွန်.ပြီး နဲနဲပဲကျန်တော.တဲ.အချိန်လေးကို အကျိုးရှိအောင် သုံးဖို.ကျိုးစားပါဗျာ

June 16, 2011 10:06 PM

Delete
Anonymous Anonymous said...

မငယ်နိုင်တစ်ယောက် ကံဆိုးမ ဘဝကနေ အမြန်လွတ်မြောက်ပါစေလို. မွေးနေ.မှာ ဆုတောင်းပေးလိုက်ပါတယ်

June 16, 2011 10:10 PM


Anonymous Anonymous said...

မငယ်နိုင်
မိုးသွေးငယ်နဲ. ဘာညာ ဘာညာ လို. နာမည်ကြီးနေတယ်
လုံအောင်ဖုံးအုံး

June 17, 2011 2:43 AM


မှော်ဆရာ
said...

မငယ်နိုင်တစ်ယောက်လည်း လူမုန်းများလိုက်တာ
မွေးနေ့မှာ တခြားဆုမတောင်းပါနဲ.
အရင်တုန်းကလုပ်ခဲ.သမျှ မကောင်းမှုတွေကြောင်. လူမုန်းခံနေရတဲ.ဘဝ ကနေ မြန်မြန်လွတ်ပါစေသာ စုတောင်းပါ
ဘုရားတရားတကယ်လုပ်ပြီး မေတ္တသုတ်အမြဲရွတ်ရင် လူတောင်မဟုတ်ဘူး တိရစ္ဆာန်တွေတောင် မေတ္တာရှိပါတယ်
မငယ်နိုင်ကျမှ ဘုရားသီချင်းတွေ တင်ပြီး ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားလုပ်နေလို.လားမသိဘူး
မေတ္တာတုန်းနေကြတယ်
ဘုရားတရားတကယ်ကောင်းကောင်းလုပ်ပြီး မကောင်းမှုလုပ်နေသမျှကိုလျှော.လိုက်ပါ
အဆင်ပြေဖို.မျှော်လင်.ပါတယ်
ဒီဘဝအတွက်တော. စုတောင်းလည်းမှီမယ်မထင်တော.ဘူး နောက်ဘဝအတွက် စုတောင်းပေးလိုက်ပါတယ် ဒီဘဝလို မေတ္တာတုန်း လူမုန်းများတဲ. ကံဆိုးမ ဘဝမျိုး နောက်ဘဝ မဖြစ်ပါစေနဲ.

June 17, 2011 12:24 PM


Hit Counter နှစ်သိန်းပြည့်တုန်းကလည်း ပန်းပန်လျှက်ပဲ ပို့စ်ကို နီနီဝင်းရွှေ ဆိုထားတာကို တင်ခဲ့ပို့စ်က ဒီနေရာမှာ ရှိပါတယ်။

ကျွန်မ ဘလော့ဂ်ကို လာအားပေးသူ သူအားလုံးကို ကျေးဇူးတင်ပါတယ်။
လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက်

ပန်းပန်လျှက်ပဲ

ဒီနေ့ မမျှော်လင့်ဘဲ Hit conuter 200, 000 ပြည့်တဲ့နေ့မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲနဲ့ အမှတ်တရပို့စ်လေးတခုကို တင်ဖို့ ရုတ်တရက် အကြံရလိုက်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ကျွန်မ ဒီပို့စ်ကို တင်တဲ့အချိန်တုန်းက Hit Counter ၁၄၀,၀၀၀ ကျော်ပဲ ရှိသေးတယ်။ အခု ဧပြီလ ၅ ရက်နေ့မှာ ၂၁ ရက်အတွင်း Hit Counter 60, 000 ခန့် တရှိန်ထိုး တက်လာပါတယ်။ ဘလော့ဂ် တနှစ်ပြည့်အမှတ်တရ ပို့စ်ရေးတဲ့အချိန် ပြီးခဲ့တဲ့ July 12 ရက်တုန်းက အားလုံးမှ Hit Counter ရှစ်သောင်းပဲ ရှိခဲ့ပြီး အဲဒီနေ့ကနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့အထိ ခြောက်သောင်း စုစုပေါင်း တသိန်း လေးသောင်း ရှိရာကနေ ရုတ်တရက်ကြီး ၂၁ ရက် ကာလအတွင်း နောက်ထပ် ခြောက်သောင်း တရှိန်ထိုး တက်လာပြီး Hit Counter နှစ်သိန်း ပြည့်သွားတာဟာ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ဘလော့ဂ် သက်တမ်း ကာလတလျှောက်လုံးမှာ ဒီသုံးပတ်အတွင်း လူလာလည်မှု အထွတ်အထိပ်ကို အရောက်ဆုံး ဖြစ်တာကို တွေ့ရပါတယ်။ ကျွန်မဘလော့ဂ်ဟာ သတင်းဘလော့ဂ်မဟုတ် ၀ါဒဖြန့်ချီရေး ဘလော့ဂ် မဟုတ်ဘဲနဲ့ မိမိဘ၀ဖြတ်သန်းမှုနဲ့ မိသားစုအကြောင်း၊ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတလေးတွေကို မှတ်တမ်းထားတဲ့ နေရာသာဖြစ်ပေမဲ့ ၂၁ ရက်အတွင်း လူခြောက်သောင်း ၀င်တာဟာ တကယ်ကို ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်အပ်ပါတယ်။

တချိန်တည်းမှာပဲ ဒီသုံးပတ်အတွင်းမှာ ကျွန်မဟာ အတိုက်အခိုက်ခံရဆုံး အချိန် ဖြစ်နေတာလည်း အမှန်ပါပဲ။ ဒီတော့ ဗေဒင်လက္ခာတွေ သိပ်စိတ်မ၀င်စားတော့လို့ အခုကြီးလာတဲ့အချိန်မှာ သိပ်မကြည့်ဖြစ်ပေမဲ့ ဆယ်ကျော်သက်ကာလက ဗေဒင်လက္ခဏာ မကြာခဏ ကြည့်ဖြစ်တဲ့အချိန်တုန်းက အတိုက်အခံ သိပ်များမယ် အတိုက်အခံ မရှိဘဲနဲ့လည်း ကျွန်မဟာ တိုးတက်မှု သိပ်မရှိနိုင်ဘူး၊ အတိုက်အခံ များမှလည်း တိုးတက်မယ်ဆိုပြီး မကြာခဏ အဟောခံရတုန်းက အေးအေးဆေးဆေး နေတတ်တဲ့ ကျွန်မအနေနဲ့ စိတ်မ၀င်စားခဲ့ ယုံလည်း မယုံခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟောတာ အခုတော့ မှန်နေသလိုဖြစ်နေတယ်။ ဒီပို့စ်နဲ့အတူ အခုဒီ ၂၁ ရက်ကာလအတွင်းမှာရော အရင်ကပါ ဘလော့ဂ်ကို လာလည် အားပေးသူအပေါင်းကို အထူးပဲ ကျေးဇူး ဥပကာရတင်ကြောင်း ပြောပါရစေ။

ကျွန်မတို့ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေကို ကိုယ်စားပြုနေတဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုက ပန်းပန်လျှက်ပဲ ကဗျာ၊ ဒါကို သီချင်းပြန်လုပ်ပြီး ဆိုထားတဲ့ မူလအဆိုတော် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေးနဲ့ နောက်ထပ်ပြန်ဆိုသူ နီနီဝင်းရွှေရဲ့ အသံနဲ့ မျိုးသန္တာထွန်းတို့ရဲ့ အကကို ဆက်လက် ဖတ်ရှု၊ နားဆင် ကြည့်ရှုနိုင်ပါတယ်။ ကျွန်မ သိပ်ကို နှစ်ခြိုက်သဘောကျတဲ့ ကဗျာနဲ့ သီချင်းဖြစ်သလို ဆိုသူတွေရဲ့ အသံနဲ့ မြန်မာသံစဉ်အားလုံးကိုလည်း ကျွန်မ သိပ်ပြီးကြိုက်ပါတယ်။ ဒါဟာ ကျွန်မရဲ့ Hit Counter နှစ်သိန်းပြည့် အမှတ်တရပို့စ် ဖြစ်ပါတယ်။

ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာ ဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊
ဘဲ ထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
Link
ဗေဒါက တပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
(ဇော်ဂျီ-တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊၁၉၆၀)


ကဗျာကို ဒီနေရာက ကူးယူပါတယ်။


အဆို = ကြည်ကြည်ဌေး




အဆို=နီနီဝင်းရွှေ၊ အက= မျိုးသန္တာထွန်း(မြို့မစိန်ရတုပွဲ)


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘောင်မပါတဲ့ မျက်မှန်တလက် သူငယ်ချင်းအတွက် လက်ဆောင်


သူငယ်ချင်း
မင်းဟာစက်ရုပ်
ခလုတ်ကို သူတို့ကိုင်ထားတယ်။

သူငယ်ချင်း
မင်းဟာစာခြောက်ရုပ်
ကောက်ရိုးမျှင်အစုတ်တွေ
မင်းအသွေးအသားလေလား။

သူငယ်ချင်း
မင်းဟာကြေးစား
တန်ဖိုးများစွာထိုက်တဲ့
မင်းရဲ့ ဦးနှောက်ကို
အပြောချိုချိုနဲ့
သူတို့ဖေါက်ထုတ်နိုင်ခဲ့တယ်။

ဒါမှမဟုတ်
အချပ်နှောင်မှုကင်း
မင်းဦးနှောက်အတွင်းမှာ
မှားယွင်းခိုင်မာသော သစ္စာရှိမှု
ပြုစုထုဆစ်
သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။




မင်းခန္ဓာကိုယ် စက်ရုပ်ကို
ရသ (၆) ပါးဆိုတဲ့ အထဲက
တပါးမှ မပါရှာတဲ့
စောင်းရွဲ့ဘက်တံဆိပ်တွေ တပ်ပြီး
စစ်ယူနီဖေါင်းကြီးတွေ
ဝတ်ဆင်ပေးလိုက်တော့
မင်းခေါင်းမော့နေတာ
အံ့သြစရာပါပဲ…..။

မင်းခန္ဓာကိုယ် ကောက်ရိုးမျှင်ထဲ
ကျဉ်ဆံတခဲဝင်သွားတော့
သူတို့ မျက်ရည်မစို့ပါဘူး
အတ္တရူးတို့ သွားမယ့်လမ်း
အသက်လမ်းတွေ ခင်းပေးနေလိုက်တာ
မင်းရဲ့သစ္စာဟာ
ရင်နာစရာ ဖြစ်နေပြီ။

စားဝတ်နေရေးဟာ
ဘယ်လောက် အရေးပါကြောင်း
လူတိုင်း ကောင်းကောင်းသိပါတယ်
ရော့……. ဆိုပြီး ပေးတဲ့
လစာထုတ်မယ့်ရက်မှာ
များစွာသော ငွေစက္ကူတွေထက်
တန်ဖိုးတက်နေတဲ့ အရာ
မြင်အောင်ရှာပါ သူငယ်ချင်း……။

မင်္ဂလာဒုံ စစ်ဆေးရုံက
ဘုမသိဘမသိ ဆရာဝန်
မင်းမျက်ခွံကိုဖြဲ
အမည်းရောင်မျက်စဉ်း ခတ်လိုက်တော့
မင်းအမြင်လည်း အမှောင်အတိပေါ့လေ။

သူငယ်ချင်း
မြူနှင်းတွေ မကျတဲ့ရက်
တစ်မနက်မှာ
နေထွက်ရာ ဘက်သို့
မျက်နှာမူလို့ ကြည့်လိုက်ပါ
အရှေ့ ဆိုတာ
ဘယ်ဘက်မှာ ရှိပါသလဲ
မင်းပုခုံးထက်
ရွှေရောင်လက်နေတဲ့ ကြယ်ပွင့်တွေဟာ
ကောင်းကင်ပေါ်မှာ ရှိရဲ့လား။
စဉ်းစား………. သူငယ်ချင်း။ ။


အစ်ကိုဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ဦး (လေ)၊ ကြည်းတပ်မှ ဗိုလ်ကြီး သန့်ဇင်၊ ဗိုလ်ကျော်စိုးဝေနှင့် ဗိုလ်ဇောမျိုး အပါအ၀င် ပြည်သူ့တပ်မတော်ဟု ခံယူထားသော နေ၀င်း၊ စောမောင်တပ်မှ သူငယ်ချင်းများ ရဲဘော်များ အားလုံးသို့


မိဆူးပွင့် (သရီး အို သရီး)


နေ့သစ်မှာ ဖေါ်ပြထားတဲ့ ၁၉၉၀ခု၊ ဇွန်လထုတ် ဒေါင်းအိုးဝေ အတွဲ (၂)၊ အမှတ် (၁) ပြန်လည်ကူးယူဖေါ်ပြပါတယ်။ မဆူးပွင့်ရဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ကဗျာလေးက အခုထိ အကျုံးဝင်နေဆဲမို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာ ရှိတဲ့ တပ်မှူးတပ်သားတွေနဲ့ ဘာမှမတော်စပ်ပေမဲ့လည်း တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့ တပ်မတော်သားတွေအတွက် မဆူးပွင့်နဲ့အတူ ထပ်တူထပ်မျှ ခံစားရင်း မျှဝေလိုက်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။


(25/04/10, 8:24 PM က တင်ခဲ့တဲ့ မဆူးပွင့်ရဲ့ ကဗျာကို ကမ္ဘာကဗျာနေ့ အမှတ်တရအဖြစ် ပြန်တင်လိုက်ပါတယ်။


14 Comments

Close this window Jump to comment form

Anonymous မဗေဒါ said...
သူငယ်ဂျိုး အားပေးသွားတယ်.. ဖြစ်နေဆဲ ရှိနေဆဲ.. နောက်မလေးလုံခေါ် မဆူးပွင့်ကို စာတွေ ပြန်ရေးစေချင်တာပါပဲ.. မဗေဒါ
April 25, 2010 8:42 PM
Delete
Blogger ချစ်ကြည်အေး said...
ကဗျာလေးလာဖတ်သွားတယ် မငယ် ၊ မအားမှန်းသိပေမဲ့ စာလုံးပေါင်းလေးတွေ ပြင်ပေးစေချင်တယ် ကဗျာလေး ပိုလှသွားစေချင်လို့ပါနော်.... မင်းဟာကြေားစား ပြုစစုထုဆစ်
April 25, 2010 8:58 PM
Delete
Blogger SLIP said...
ကောင်း၏....း)
April 25, 2010 9:16 PM
Delete
Anonymous ဒဏ္ဍာရီ said...
ကဗျာလေးက လွန်ခဲ့တဲ့ အနှစ် ၂၀ ကဆိုပေမယ့် ယနေ့ခေတ်ကိုများ ကြိုမြင်ပြီး စပ်ထားလား မသိဘူးနော် မမ.... တကယ်ကောင်းတယ်။ ခင်မင်လေးစားလျှက် ဒဏ္ဍာရီ
April 25, 2010 9:50 PM
Delete
Blogger Nge Naing said...
မချစ်ကြည်အေးရေ ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပါပြီ- မအားတာလည်းပါတယ် အိမ်မှာ ကျေးဇူးရှင်လေးတယောက်ကလည်း ကျောင်းပိတ်ရက်မို့ အင်တာနက် လာလုသုံးနေတာနဲ့ တလှည့်စီ သုံးနေရလို့ပါ။ သူငယ်ချင်း မဗေဒါရေ ကဗျာစပ်မတတ်လို့ ဘလော့ဂ်မှာ ရှိသမျှကဗျာတွေ အားလုံး သူများရေးတာတွေချည်းပဲ၊ မသက်ကဗျာလည်း တပုဒ်တင်ထားတာ ရှိတယ်။ ကဗျာကို စိတ်မ၀င်စားတတ်လို့ တောထဲမှာ အတူနေတုန်းက အဲဒီကဗျာတွေကို ခါမှကို မဖတ်တတ်ဘူး။ မဆူးပွင့်ပွင့်ရဲ့ နာမည်အကြီးဆုံးကဗျာ ခေတ်သစ် ကောင်းကင်ပျံမည့်ငှက်များကိုတောင် ဖတ်ဖူးတာ မကြာသေးဘူး။ မဆူးပွင့်ကဗျာတွေကို အခုမှ ဖတ်ကြည့်တော့ အခုမှ ကောင်းမှန်းသိတယ်။ ဒဏ္ဍရီရေ ဒီလိုအဖြစ်မျိုးတွေက အခုမှမဟုတ်ဘူး ကြာပါပြီ။ မဆူးပွင့်တို့ အစ်မတို့လို ကြုံတွေ့ရတဲ့ မောင်နှမတွေ၊ သားအမိသားအဖတွေ၊ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ စိတ်ဝမ်းမကွဲဖြစ်ပြီး တစိမ်းတပြင်လို ရင်နာနာနဲ့ လမ်းခွဲကြရတာတွေ နိုင်ငံတ၀ှမ်းလုံးမှာ ရှိခဲ့ပါတယ်၊ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီခေတ်ဆိုး စနစ်ဆိုး အာဏာရှင်စနစ်ဆိုး အဆုံးမသတ်ရွေ့ အချင်းချင်းကြား ဒီလိုပြဿနာတွေ မျိုးဆက်တိုင်း မျိုးဆက်တိုင်း ကြုံတွေ့နေရဦးမှာပဲ ဖြစ်တယ်။
April 25, 2010 10:12 PM
Delete
Blogger kiki said...
ဦးနှောက်ဖေါက်စား ခံထားရတဲ့ ရုပ်သေးရုပ် ပြည်ချစ်သား များ အားလုံး..... COOL .....
April 25, 2010 11:13 PM
Delete
Blogger ကိုလူထွေး said...
တချို့က သူတို့ကိုယ်သူတို့ မုဆိုးထင်နေကြတာလေ... တကယ်က သူတို့ကမှ သားကောင်အစစ်...
April 26, 2010 4:15 AM
Delete
Blogger ★Craton said...
ကဗျာက ထိလိုက်တာ။
April 26, 2010 5:15 AM
Delete
Blogger An Asian Tour Operator said...
အစ်မရဲ့ ကိုယ်တိုင်ရေး ကဗျာကိုလဲဖတ်ချင်သေးတယ်။
April 27, 2010 1:09 PM
Delete
Blogger Nge Naing said...
ကဗျာလာဖတ်ပြီး အားပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ ကဗျာတွေ အားလုံးလုံးက သူများရေးတာကို ပြန်ဖေါ်ပြတာတွေချည်းပါပဲ။ AATO ရေ ဒီတသက် ဖတ်ရမယ် မထင်ဘူး။ အစ်မက ကဗျာစပ်ဖို့ နေနေသာသာ ဘာရသစာကိုမှ ရေးလို့မတတ်ဘူး။ ဘလော့ဂ်မှာ ရေးထားတာတွေဟာ Fact တွေနဲ့ အတွေးတွေကို ဒီအတိုင်း ချရေးထားတာတွေချည်းပဲ။ တခုမှ Creative လုပ်လို့မတတ်ဘူး။
April 28, 2010 8:28 AM
Delete
Blogger ချမ်းလင်းနေ said...
ကဗျာလေးက ဟောင်းနေပေမယ့် အရောင်တွေ တလက်လက်နဲ့ ဘယ်သောအခါမှ မမှေးမှိန်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပဲဗျာ။ မျိုးချစ်သူရဲကောင်း တပ်မတော်သားကြီးများကို တရေးရေးနဲ့ ပြန်မြင်ယောင်လာမိပါတယ်။
April 30, 2010 12:28 AM
Delete
Anonymous Anonymous said...
အချိန်တွေကြာသွားပြီ ဆိုပေမယ့် ဘယ်တော့မှ မအိုသွားတဲ့ ကျတော့်ခေါင်းဆောင်ရဲ့ လူငယ့်စိတ် ဓာတ်၊ လူငယ့် အငွေ့ အသက်က ခုချိန်ထိ ပျိုမျှစ်နေဆဲမို့၊ ယနေ့လူငယ်တွေ အတွက် လူငယ့် ကဗျာပါပဲ၊ လူငယ်တွေရဲ့ ၀ိဥာဉ်တွေကို လှုပ်ခါနိုးဆော်နေဆဲပါပဲ၊
September 17, 2010 12:01 AM
Delete
Blogger Pann said...
အမတို့ ရဲ့ တချိန်က လူငယ့်စိတ်ဓာတ်ကို ကျတော်လေးစားတယ်၊ အမတို့ လုပ်ခဲ့တာတွေကိုလည်း ဂုဏ်ယူတယ်၊ သမိုင်းပေးတာဝန်ကို အမတို့ခောတ်မှ အမတို့ ကျေခဲ့ပါတယ်၊ အမတို့ရဲ့ အားမာန်နဲ့ ကျတော်တို့ကို စွမ်းအင်တွေပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျတော့်တို့ က အမတို့လို တာဝန်မကျေပဲ လူငယ်ဆိုတဲ့ ဘ၀ကို ထားခဲ့ရတော့ မယ် သမိုင်းပေးတာဝန် ကျေချင်လည်း အခြေအနေကမပေးတော့ဘူးထင်ပါရဲ့
September 17, 2010 1:02 AM
Delete
Blogger ငြိမ်းဝေ said...
မနိုင် မဆူးပွင့်ကို ပြန်လည်မွေးဖွါးလာအောင် လုပ်တဲ့သဘောမို့  ကျေးဇူး တကယ်တင်မိတယ် သူ ကျဆုံးမလိုဖြစ်နေတာ ကြာပြီဗျ ကျနော်က သူ့ ကို ကဗျာ စာဘက်မှာ မကျဆုံးစေချင်ဘူး နောက်တန်းကနေ ရှေ့ တန်းကိုပဲ တက်လာစေချင်တာ အခုတော့ ကျနော်တို့ ရဲဘော်မကြီး ရှေ့ တန်းပြန်တက်လာကောင်းပါရဲ့ ကျေးဇူး တကယ်တင်ပါ့ဗျာ ငြိမ်းဝေ
September 18, 2010 3:54 PM