မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင် ဟင်းသီးဟင်းရွက် စားရမလား?


ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက ပြောကြားတယ်ဆိုတာ ပါရှိတဲ့ မေးလ်တခုကို ဖတ်လိုက်ရပါတယ်။ ဒီစာအရဆိုရင် သားယောက်ျားလေး လိုချင်တဲ့ ကိုယ်ဝန်ဆောင်တွေက ဟင်းသီးဟင်းရွက် မစားဘဲ နေရမလို အဓိပ္ပါယ်သက်ရောက်နေပါတယ်။ သမီးမိန်းကလေး မလိုချင်တဲ့ မိဘတွေက ဒီစာထဲကအတိုင်း ယုံကြည်ပြီး အသီးအရွက် မစားဘဲနေမိပါက ကိုယ်ကျိုးနည်းတော့မှာပဲလို့ တွေးမိပြီး ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ ဒါကြောင့် မူရင်းနေရာ သိရရင် မှတ်ချက်သွားရေးလို့ ရအောင် Forward mail ပို့လာသူကို မေးကြည့်တော့ သူ့ဆီကိုလည်း တခြားက တဆင့်ပို့လာတဲ့ မေးလ် ဖြစ်နေတော့ သူလည်း မသိလို့ ကျွန်မ သွားမရေးဖြစ်ခဲ့ဘူး။ မြန်မာလူမျိုး အများစုက သားယောက်ျားလေး မွေးတာကို ပိုပြီး အလိုရှိသူများ ဖြစ်တာကို သိထားတော့ ဒီမေးလ်ကို လက်ခံရရှိတဲ့ တခြားစာဖတ်သူတွေအထဲက ကိုယ်ဝန်ဆောင်ခြင်းရဲ့ ဖြစ်ရပ်မှန်ကို နားမလည်ဘဲ သားယောက်ျားလေး လိုချင်တဲ့ မိခင်လောင်းတွေ အနေနဲ့ ဒီထဲမှာ ရေးထားတဲ့ အချက်တွေကို တလွဲနားလည်နေပြီး ဟင်းသီးဟင်းရွက်ကို မစားဘဲ မှားမှားယွင်းယွင်း လိုက်လုပ်မိမှာကို စိုးရိမ်လို့ ယောက်ျားလေး ရခြင်း မိန်းကလေးရခြင်းဟာ အစားအသောက်နဲ့ မဆိုင်သန္ဓေတည်တဲ့အချိန် ဖခင်ဆီကရတဲ့ ခရိုမိုဆုန်းနဲ့သာ သက်ဆိုင်ကြောင်းကို တင်ပြရန် ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ ရရှိတဲ့ Forward mail က သိပ်မရှည်တော့ ဖတ်ပြီး သုံးသပ်နိုင်နိုင်အောင် မူရင်းအတိုင်း အောက်မှာ ပြန်ကူးထည့်ထားပေးပါတယ်။




ကိုယ်ဝန်​ဆောင်ချိန်တွင် ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ပါက သမီး​မွေး​ရန် အခွင့်​အလမ်း​ပိုများ


alt

ပျိုမေတို့အတွက် ဟင်း​သီး​ဟင်း​ရွက် © dailymail

ကိုယ်ဝန် ​ဆောင်ချိန်တွင် မိခင်​လောင်း​များ​က ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ခြင်း​ဖြင့်​ သမီး​လေး​ ​မွေး​ဖွား​ရန် အခွင့်​အလမ်း​ ပိုများ​ နိုင်​ကြောင်း​ သု​တေသန ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

အသစ်ပြုလုပ် ​သော သု​တေသန စစ်တမ်း​များ​က ကယ်ဆီယမ်နှင့်​ မက်ဂနီဆီယမ်ဓာတ် ပါဝင်မှု မြင့်​မား​သော အစိမ်း​ရောင် အသီး​အရွက်များ​ကဲ့​သို့​ အစား​အ​သောက်များ​ကို အများ​အပြား​ စား​သုံး​ပါက က​လေး​မွေး​ဖွား​ချိန်တွင် မိန်း​က​လေး​ ဖြစ်ရန် ၈၀ ရာခိုင်နှုန်း​ အခွင့်​အလမ်း​ ပိုများ​ကြောင်း​ ညွှန်ပြလျက်ရှိသည်။ ထို့​ကြောင့်​ သမီး​မိန်း​က​လေး​ လိုချင်​သော မိခင်များ​အ​နေနှင့်​ အသီး​ အရွက်နှင့်​ သစ်သီး​ဝလံများ​ ပိုမိုစား​သင့်​ကြောင်း​ သု​တေသီများ​ကဆိုသည်။

ထို့ ​အပြင် သား​ယောက်ျား​လေး​ ပိုလိုချင်​သော မိခင်​လောင်း​များ​သည် ပိုတက်ဆီယမ်နှင့်​ ဆိုဒီယမ်တို့​ ကြွယ်ဝသည့်​ ငှက်​ပျောသီး​နှင့်​ အာလူး​တို့​ကို များ​များ​စား​သင့်​ကြောင်း​လည်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ Reproductive BioMedicine ဂျာနယ်တွင် ​ဖော်ပြမှုအရ ကိုယ်ဝန်​ဆောင်စဉ် အသီး​အရွက် အဓိက စား​သုံး​ခဲ့​သည့်​ မိခင်​လောင်း​ ၃၂ ဦး​အနက် ၂၆ ဦး​ သည် သမီး​လေး​များ​ ​မွေး​ဖွား​ပြီး​ ၆ ဦး​သာ သား​ယောက်ျား​လေး​ ဖွား​မြင်ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ယင်း ​သို့​ဖြစ်ရခြင်း​မှာ အစား​အ​သောက်အလိုက် ပါဝင်​သော ဓာတ်သဘာဝများ​သည် သ​န္ဓေ​အောင်သည့်​ Chromosome များ​ကို ချိတ်ဆက်​ပေး​ရာတွင် ကွဲပြား​မှု ဖြစ်​စေ​သော​ကြောင့်​ဟု ယူဆရ​ကြောင်း​ သတင်း​ရရှိသည်။

ဒါက လက်ခံရရှိတဲ့ Forward mail ဖြစ်ပါတတယ်။ ဒီမေးလ်ထဲက အချက်တွေ ဟုတ်မဟုတ်ဆိုတာ သိဖို့ သန္ဓေဖြစ်တည်ပုံနဲ့ မျိုးပွားပုံ၊ ကိုယ်ဝန်ဆောင်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အခန်းကဏ္ဍအရေးကြီးပုံနဲ့ စားသုံးဖို့ လိုအပ်ချက်တွေကို အကြံပြုလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဒီမေးလ်ပါ အချက်တွေကို သုံးသပ်ထားတဲ့အချက်တွေကို တင်ပြထားပါတယ်။

သက်ရှိတခုရဲ့ သန္ဓေစတင်ပုံအဆင့်ဆင့်

သက်ရှိ တို့ရဲ့ ဆဲလ်ကလပ်စည်းကို ဖြစ်စေတဲ့ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိတဲ့ alleles (ဗီဇ၀က်) တခုစီဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင်စွာ ပြီးစီးသွားတဲ့အခါ ဖခင်သုတ်ရည်ထဲရှိ သုတ်ကောင်(sperm) မှ ရရှိတဲ့ allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိတဲ့ ဗီဇ၀က်တို့ ပေါင်းစပ်မိပြီး ဗီဇ (Gene ) တခုကို ဖြစ်စေတယ်။ အဲဒီကမှတဆင့် (gamete) ခေါ် ပထမဦးဆုံး သက်ရှိဆဲလ်အသစ် တခုကို ဖွဲ့စည်းပါသည်။ အဲဒီကမှတဆင့် ပုံစံတူထပ်တူကျတဲ့ ဆဲလ်တွေကို ဆက်ပွားပြီး နှစ်ခုပေါင်းမှ တခုဖြစ်လာတဲ့ ခရိုမိုဆုန်း တခုတည်းနဲ့ သက်ရှိလောင်းလျာ (Zygote) ကို စတင်ပါတယ်။ မျိုးရိုးဗီဇ အချက်အလက်တွေဟာ ဆဲလ်ကလပ်စည်းတိုင်းရဲ့ ဗဟိုချက်ဖြစ်တဲ့ နြူကလိယ (Nucleus) များ ထဲမှာနေရာ ယူလျက်ရှိပါတယ်။ ဒီထဲကနေပြီး ဆဲလ်ရဲ့ လုပ်ငန်းအားလုံးအတွက် လိုအပ်တဲ့ အချက်အလက် ပစ္စည်း အားလုံး ပါဝင်တဲ့အပြင် နောက်မျိုးဆက်ဆီကို လက်ဆင့် ကမ်းပေးကမ်းပေးတဲ့ မျိုရိုးဗီဇ အမွေအနစ်အရိုက်အရာတွေ အားလုံးကို သိုလှောင်ထားပါတယ်။ ဗီဇဟာ မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်တဲ့ အသေးငယ်ဆုံးသော အခြေခံအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ မိဘရဲ့ ဗီဇတခုဟာ နောက်မျိုးဆက်ကို မိမိမှာ ရှိတဲ့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက်နဲ့ ကျား၊ မ စတာတွေကို လက်ဆင့်ကမ်း အမွေပေးသွားပါတယ်။ ခရိုမိုဇုမ်း တခုထဲမှာ ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိပါသည်။

ခရိုမိုဆုန်းတွေက အစုံလိုက်တွဲဖက်နေပြီး လူသား ဆဲလ်တခုမှာ ခရိုမိုဆုန်း ၂၃ စုံ (သို့) ၄၆ ခု ပါဝင်တဲ့အနက် တစ်ကနေ ၂၂ စုံအထိကို Autosomal Chromosome or Autosome လို့ခေါ်ပြီး ၎င်းတို့က ရုပ်သွင်၊ စရိုက် ဥာဏ်ရည်စတဲ့ တခြားအရိုက်အရာတွေကို အမွေပေးပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းကို ကျား၊မ (သို့) လိင် ခရိုမိုဆုန်း (Sex cromosome) လို့ခေါ်ပြီး ကျားမ လက္ခဏာကို မွေပေးပါတယ်။ အမျိုးသားတွေရဲ့ ဆဲလ်မှာ X နှင့် Y ဆိုပြီး လိင်ခရိုမိုဆုန်း နှစ်မျိုးရှိပေမဲ့ အမျိုးသမီးတွေရဲ့ ဆဲလ်မှာကျတော့ X ခရိုမိုဇုမ်း တမျိုးသာ ရှိပါသည်။ X နဲ့ X ပေါင်းပါက သမီးမိန်းကလေး ဖြစ်လာပြီး X နဲ့ Y ပေါင်းပါက ယောက်ျားလေး သန္ဓေကို ဖြစ်လာစေပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်လို့ မျိုးပွားပြီး ပထမ ဦးဆုံး သက်ရှိဆဲလ် Gametocyte ကိုဖွဲ့စည်းရာမှာ မိခင်ဆီကတခု ဖခင်ဆီကတခုပေါင်းစပ်ပြီး ယောက်ျားလေး (သို့) မိန်းကလေး ဖြစ်လာမည့် လိင်ခရိုမိုဆုန်းတခုကို ရပါတယ်။ မျိုးစပ်တဲ့အချိန်မှာ အမျိုးသမီးမှာ X ခရိုမိုဆုန်းတမျိုးသာ ရှိလို့ X ခရိုမိုဇုန်းကိုသာ ထုတ်ပေးနိုင်ပြီး အမျိုးသားမှာကျတော့ X နဲ့ Y နှစ်ခုစလုံး ရှိလို့ X (သို့) Y တခုခုကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားဆီက လာတဲ့ ခရိုမိုဆုန်းအပေါ် မူတည်ပြီး ယောက်ျားလေး (သို့) မိန်းကလေးကို သန္ဓေတည်စေပါတယ်၊ အစားအသောက်ကြောင့် လုံးဝ မဟုတ်ပါ။ အကယ်၍ အမျိုးသားဆီက X ခရိုမိုဇုန်းကို ရပါက သန္ဓေသားရဲ့ လိင်ခရိုမိုဇုန်းမှာ X နဲ့ X ပေါင်းစပ်မိပြီး သမီးမိန်းကလေး (XX) ကို သန္ဓေတည်စေပါတယ်။ အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက သန္ဓေသားရဲ့ လိင်ခရိုမိုဆုန်းမှာ X နဲ့ Y ပေါင်းစပ်မိပြီး သားယောက်ျားလေး (XY) ကို သန္ဓေတည်စေပါတယ်။ ဒါကြောင့်မို့ မိန်းကလေးမွေးခြင်း ယောကျားလေး မွေးခြင်းဆိုတာ အစားအသာက်နဲ့ လုံးဝမဆိုင်ဘဲ ဖိုနဲ့မ ပေါင်းစပ်စဉ်က အမျိုးသားများရဲ့ Spam မှ ထုတ်ပေးလိုက်သော လိင်ခရိုမိုဇုန်း အမျိုးအစားနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။


Gestation ကိုယ်ဝန်ဆောင်ခြင်းရဲ့ သဘောသဘာဝ

အထက်ပါ မျိုးပွားခြင်း လုပ်ငန်းစဉ်မှာ ဖေါ်ပြခဲ့တဲ့နည်းအတိုင်း ကိုယ်ဝန်တခုကို ဖြစ်ပေါ်စေပြီး ကိုယ်ဝန် ဆောင်ခြင်း (Gestation) ဆိုတာဟာ မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်ရဲ့ သားအိမ်မှာ သန္ဓေသား ကြီးထွားစေတဲ့ ကိုးလကျော် ကာလကို ကိုယ်ဝန်ဆောင်ကာလို့ ခေါ်ပါတယ်။ ဒီကာလမှာ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ကမောက်ကမ ဖြစ်စေပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါတယ်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) မှာ gonadal ဟော်မုန်းတွေ မြင့်တက်လာမှုကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါတယ်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းမှာ သားအိမ်က ဆီးအိတ်ကို ဖိထားတာကြောင့် လည်းကောင်း၊ ကျောက်ကပ်အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးမအောင့်နိုင်ဘဲ ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းမှာ ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်စီဂျင်ကို အလျင်မီအောင် အားစိုက် ရှူရှိုက်ရတဲ့အတွက်ကြောင့် အသက်ရှူနှုန်း မြန်လာပြီး အဆုပ်ရဲ့ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာကာ ချွဲသလိပ်တွေကို ပုံမှန်ထက် ပိုအထွက်များလာစေတယ်။

နှလုံးသွေးကြော အဖွဲ့အစည်းမှာ သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်ပေးသည့်သွေး (Cardiac Output) များခြင်းတို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာတဲ့အတွက်ကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် တယောက်ဟာ ဒီလိုပုံမှန်မဟုတ်တဲ့ လက္ခာတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျန်းမာရေး မထိခိုက်စေဖို့အတွက် အစာအာဟာရကို မျှတအောင် စားသုံးဖို့ အထူးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...

  • သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

  • အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

  • အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

  • အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

  • ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

  • အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..
ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...

ပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...









ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ













အကြွယ်ဝဆုံးအစားအစာများ
ဒုတိယအကြွယ်ဝဆုံးအစားအစာများ
တတိယအကြွယ်ဝဆုံးအစားအစာများ
ကညွတ်ပင်ဂေါ်ဖီထုပ်မုန်လာဥဝါ
အစိမ်းရောင်ပန်းဂေါ်ဖ်ီပန်းဂေါ်ဖီအာလူး
ပဲနီလေးတရုတ်နံနံခရမ်းချဉ်သီး
ပဲသီးခြောက်များလိမ္မော်သီး၊ လိမ္မော်ရည်စတော်ဘယ်ရီ
ဟင်းနုနွယ်ကြက်သွန်နီတစ်မျိုး(leeks)ဆော်လမွန်ငါး
ပဲဝါကလေးရွှေပဲသစ်ကြားသီး

























ဂျူံစေ့ဆားမပါသောမြေပဲ


























{short description of image}

ကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...










အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ
















အာဟာရဓါတ်များ
ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ
အကြွယ်ဝဆုံးရနိုင်သောအစားအစာများ
ပရိုတိန်း(အသားဓါတ်)ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှုအဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး
ကစီဓါတ်နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ်နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ
အဆီဓါတ်ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မှုအဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊
ကယ်လ်စီယမ်အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ်
သံဓါတ်သွေးနီဥတည်ဆောက်မှုအဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊
ဗိုက်တာမင် Aအရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှုမုန်လာဥနီ၊ အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊
ဗိုက်တာမင် Cသွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှုသံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊
ဗိုက်တာမင် B6သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှုဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊
ဗိုက်တာမင် B12သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..)
ဗိုက်တာမင် Dအရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှုနို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊

နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ
{short description of image}




ကိုယ်ဝန်သည်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အရေးပါပုံ

သမီးမိန်းကလေးကို လွယ်ထားတည့် မိခင်ဖြစ်စေ သားယောက်ျားလေးကို လွယ်ထားသည့် မိခင်ဖြစ်စေ အစာ၊ အာဟာရ မျှတပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ ရရှိဖို့အတွက်နှင့် အစာခြေအင်္ဂါအဖွဲ့အစည်း ပုံမှန် အလုပ်လုပ်ကာ ၀မ်းပုံမှန် သွားစေနိုင်ဖို့အတွက်
အမျှင်ဓါတ်ပုံမှန်ရရှိနေစေရန် ဟင်းသီးဟင်းရွက်ကို ကိုဝန်သည်တိုင်း မဖြစ်မနေ စားသုံးရန် လိုအပ်ပါတယ်။ အမျှင် (Fibre) များ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပြီး အစာချေ အင်္ဂါအဖွဲ့အစည်းက ကျေညက်အောင် ဖျက်နိုင်မှု မ၇ှိတဲ့အတွက် တခြား အမျှင်မပါတဲ့ သွားရေစာ အစားအစာတွေလို ခန္ဓာကိုယ်အတွက် ပိုသျှံတာကို အချိုဓါတ်အဖြစ် ပြောင်းလဲပြီး သိမ်းထားနိုင်ခြင်း မရှိတဲ့အတွက် အချိန်မှန် စားပေးရန် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တဲမှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံက ခန္ဓာကိုယ်အတွက် စုပ်ယူပြီးတဲ့အချိန်မှာ အစာချေ၍ မရနိုင်တဲ့ အဖတ်တွေကို ဆဲလ်မှ အသုံး မပြုနိုင်တော့တဲ့အတွက် အူလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး အစာဟောင်းအဖြစ် စွန့်ပစ်ရတဲ့အတွက် အမျှင်ဓါတ်ဟာ အူလမ်းကြောင်းအတွက် နေ့စဉ် စားသုံးဖို့ တကယ်လိုအပ်ပါတယ်။ အမျှင်တွေက အူနံရံမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်သည်တယောက်ဟာ အမျှင်ဓါတ်ကို များများစားပြီး ရေကိုများများ သောက်ဖို့ အထူး လိုအပ်ပါတယ်။

စားသုံးသင့်သည့် ဟင်းသီးဟင်းရွက် ပမာဏ

ဟင်းသီးဟင်းရွက်ကို ပုံမှန် လူတယာက် တခါစားအတွက် ပမာဏကို Australian Guide Line for Healthy Diet မှာ အောက်ပါအတိုင်း အကြံပြုထားပါတယ်။ ကိုယ်ဝန်သည်က ဒီထက်ပိုစားသင့်ပါတယ်။

- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ
(သို့မဟုတ်)
- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ (သို့မဟုတ်)
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ကြောင်း အကြိမ်ပြုထားပါတယ်။ ဟင်းသီးဟင်းရွက်က ခန္ဓာကိုယ်အတွက် အများဆုံး လိုအပ်တဲ့ ပမာဏဖြစ်လို့ အစာအိမ်က လက်ခံ ပါက သတ်မှတ် ထားတဲ့ ပမာဏထက် ပိုစားနိုင်ပါတယ်။

လူတိုင်းအတွက် ဟင်းသီးဟင်းရွက် စားရန် အကြံပြုချက်

အမျှင်ဓါတ် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းပါက ရောဂါပေါင်းများစွာကို လက်ယပ် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဟင်းသီးဟင်းရွက် မစားဘဲနဲ့ အူလမ်းကြောင်းကို ရေရှည် ပုံမှန် အလုပ်မလုပ်နိုင်ပါ။ ၀မ်းချုပ်ပြီး လိပ်ခေါင်းရောဂါ ရခြင်း၊ အစာအာဟာရ ချို့တဲ့ခြင်း (သို့) အ၀လွန်ခြင်းနှင့် အူမကြီးကင်ဆာ ဖြစ်ခြင်း၊ နှလုံး ဆီးချို စတဲ့ အသက်ကြီးလာတာနဲ့အမျှ ဖြစ်လာတဲ့ ရောဂါပေါင်းများစွာဟာ အမျှင်ဓါတ်ခေါ် ဟင်းသီးဟင်းရွက် အစားနည်းတဲ့အချက်ကြောင့်လည်း အများဆုံးပါဝင်ပါတယ်။ ၀မ်းတလုံး ကောင်းရင် ခေါင်းမခဲဘူးလို့ ရှေးလူကြီးတွေ ဆိုရိုးစကားက တကယ်ကိုမှန်ပါတယ်။ ၀မ်းတလုံးကောင်းရင် အခုတော့ ခေါင်းမခဲရုံတင်မက အသက်ကြီးလာရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ ရောဂါများပေါင်း များစွာကိုပါ ၀မ်းတလုံးကို ကောင်းအောင် ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်ကြောင်း လေ့လာသိရှိထားပြီး ဖြစ်ပါတယ်။ ၀မ်းတလုံးကောင်းဖို့အတွက် ဘာမှမခက်ပါ ဟင်းသီးဟင်းရွက်ကို နေ့စဉ်ပုံမှန်စားသုံးရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းတလုံးကောင်းဖို့အတွက် အမျှင်ဓတ် ဟင်းသီးဟင်းရွက်ကို ကိုယ်ဝန်ဆောင်တွေသာမက လူတိုင်းနေ့စဉ် စားသုံးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။


Forward e-mail အပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ချက်

ဒီအီးမေးလ်ကို ကျွန်မ ဖတ်ပြီး ခန့်မှန်းလို့ရတာက အကြောင်းအရာတွေက မျိုးပွားခြင်းဆိုင်ရာ ဆေးပညာနဲ့ လုံးဝမကိုက်ညီတဲ့အတွက် ဒါကို ရေးပြီး ဖြန့်ဝေသူဟာ Reproductive Process ကို နားလည်လောက်တဲ့အထိ ဆေးပညာ ဗဟုသုရှိသူ မဟုတ်ဘဲ Reproductive Biomedical Journal က ဆောင်းပါးတပုဒ်ကို ဖတ်ပြီး သူနားလည်သလို သူထင်တာကို ကောက်ချက်ဆွဲပြီး ဘာသာ ပြန်ရေးထားတာသာ ဖြစ်တယ်။

((((ကိုယ်ဝန် ​ဆောင်ချိန်တွင် မိခင်​လောင်း​များ​က ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ခြင်း​ဖြင့်​ သမီး​လေး​ ​မွေး​ဖွား​ရန် အခွင့်​အလမ်း​ ပိုများ​ နိုင်​ကြောင်း​ သု​တေသန ပညာရှင်များ​က ​ပြောကြား​ခဲ့​သည် (Fact)။ ........... ထို့​ကြောင့်​ သမီး​မိန်း​က​လေး​ လိုချင်​သော မိခင်များ​အ​နေနှင့်​ အသီး​ အရွက်နှင့်​ သစ်သီး​ဝလံများ​ ပိုမိုစား​သင့်​ကြောင်း​ သု​တေသီများ​ကဆိုသည်။ ထို့ ​အပြင် သား​ယောက်ျား​လေး​ ပိုလိုချင်​သော မိခင်​လောင်း​များ​သည် ပိုတက်ဆီယမ်နှင့်​ ဆိုဒီယမ်တို့​ ကြွယ်ဝသည့်​ ငှက်​ပျောသီး​နှင့်​ အာလူး​တို့​ကို များ​များ​စား​သင့်​ကြောင်း​လည်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ ))))

ဒီရေးသားချက်က ပညာရှင်တွေက ပြောပါတယ်လို့ ရေးထားပေမဲ့ ပညာရှင်တွေ ပြောတာကို ဖတ်သူက နားလည်မှု လွဲနေတာသာ ဖြစ်ပါတယ်။ စာရေးသူက ဟင်းသီးဟင်းရွက်စားများများ စားလို့ သမီးမိန်းကလေး မွေးတယ်၊ ငှက်ပျောသီးတွေ အာလူးတွေ များများစားလို့ သားယောက်ျားလေး မွေးတယ်ဆိုတာကို အတိအကျ ယုံကြည်ထားတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေက Reproductive Biomedical Journal က ဆောင်းပါးထဲမှာ သမီးမိန်းကလေး မွေးလာသော မိခင်များက ကိုယ်ဝန်ဆောင်စဉ်က ဟင်းသီးဟင်းရွက် များများစားသူများ ဖြစ်နေတာကို တွေ့ရပြီး ယောက်ျားလေး မွေးလာသော အမျိုးသမီးများကတော့ ငှက်ပျောသီးတွေ အားလူးတွေ များများစားတာကို တွေ့ရှိတဲ့အတိုင်း ရေးထားတာကို ရေးသူက သူနားလည်မိသလို ဘာသာပြန်ထားသာ ဖြစ်ပါတယ်။

အမှန်က ဟင်းသီးဟင်းရွက် စားလို့ သမီးမိန်းကလေး မွေးခြင်းမဟုတ်၊ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ထားလို့ မိခင်လောင်းက ချင်ခြင်းဖြစ်ရာမှာ ဟင်းသီးဟင်းရွက်ကို ပိုတောင်းတပြီး စားခြင်းသာ ဖြစ်ပါတယ်။ ဘာကြောင့် ဆိုတော့ အထက်ပါ ကျွန်မ တင်ပြတဲ့ မျိုးပွားခြင်းဆိုင်ရာ အဆင့်ဆင့်အရ ကိုယ်ဝန်ရှိတယ်ဆိုတာ စမ်းသပ်တွေ့ရှိကတည်းက ဖိုလား မလားဆိုတာ သန္ဓေကတည်ပြီးသား ဖြစ်လို့ အစားအသောက်ကြောင့် ကျား၊ မ သန္ဓေပြောင်းသွားစရာ အကြောင်း မရှိပါဘူး။ ကျား၊ မ သန္ဓေမတူလို့ မိခင်ရဲ့ အကြိုက် မတူတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်ဝန်ဆောင်စဉ် စားသောက်တာကို သုတေသနပြုထား မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲစားစား မိန်းကလေး သန္ဓေက မိန်းကလေးပဲ မွေးမှာ ဖြစ်ပြီး ယောက်ျားလေး သန္ဓေကကလည်း ယောက်ျားလေးပဲ မွေးမှာ ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်ဆိုတာ ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားသည့် မိခင်ဖြစ်စေ၊ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ထားသည့် မိခင်ဖြစ်စေ မဖြစ်မနေ စားသုံးရန် လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။



(((ပို့စ်နဲ့ မဆိုင်တဲ့ စာကြွင်း။ ကျွန်မဆီကို ရောက်လာတဲ့ Forward mail အတော်များများက ဒီလိုပဲ မူရင်းစာရေးသူနဲ့ မူရင်းဖေါ်ပြတဲ့နေရာ ပါခဲပါတယ်။ Forward mails တွေထဲမှာ ဒီလိုအချက်အလက် အမှားတွေနဲ့ စာတွေ ပါသလို တချို့စာတွေက အင်မတန်မှ အချက်အလက် ပြည့်စုံလို့ ကျွန်မ ပြန်ဖေါ်ပြလိုတဲ့ ဆန္ဒ မကြာခဏ ရှိခဲ့ပေမဲ့ Reference မပါ၊ မူရင်းနေရာ မပါတာကြောင့် ပြန်မဖေါ်ပြဖြစ်တဲ့ စာကောင်းလေးတွေ အများကြီး ရှိပါတယ်။ စာတပုဒ်အပေါ် တိုက်ရိုက် တာဝန်ရှိသူဟာ စာရေးသူသာ ဖြစ်လို့ အမှန်က စာတပုဒ်ကို မိမိက အီးမေးလ်ကနေ ပြန်ဖြန့်ဝေရင် ဖြစ်စေ၊ မိမိစာမျက်နှာမှာ ပြန်ဖေါ်ပြရင် ဖြစ်စေ ပြန်ဖြန့်ဝေသူဟာ မူလစာရေးသူနဲ့ မူလဖေါ်ပြတဲ့ နေရာကို ထည့်သွင်း ဖေါ်ပြသင့်ပါတယ်။)))


ရွှင်လန်းချမ်းမြေ့ပါစေ



Bibliography

အောက်ပါပို့စ်တွေအထဲက သက်ဆိုင်တာကို ပြန်လည်ကောက်နှုတ်ကာ စုတည်းတင်ပြထားပါတယ်။

Naing, Nge. (2008). မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက်. http://nge-naing.blogspot.com/2009/09/blog-post_22.html


Nge Naing. (2008). Gestational Diabetes.
( http://nge-naing.blogspot.com/2009/09/blog-post_08.html )


Naing, Nge. (2008). မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)
http://nge-naing.blogspot.com/2009/10/blog-post_27.html


Naing, Nge. (2008). ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်သော အစာအာဟာရ (၁)
http://nge-naing.blogspot.com/2009/08/blog-post_22.html

Dr Win Thin. (2008). Diet for pregnancy. http://health.ngoinmyanmar.org/2008/08/diet-for-pregnancy.html


Nge Naing. (2008). ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နေ့စဉ် စားသုံးရန်လိုအပ်သော အစာပမာဏ. http://nge-naing.blogspot.com/2009/08/blog-post_25.html



11 comments:

အစ်မရေ ကျားမအင်္ဂါစုံပါတဲ့ ကလေးတွေကျတော့ရော... သိချင်လို့ပါ

တကယ်တော့ ယောက်ျားလေး လိုချင်တာလား မိန်းကလေး လိုချင်တာလား...ဆိုတာ (ကန်တော့နော်)ဆက်ဆံတဲ့ အချိန် mind power က အဓိကပါ...အကြံပေးချက်အရ သူငယ်ချင်းတွေရဲ့ လက်တွေ့ စမ်းသပ်မှုတွေပါ....ကျွန်တော်ကတော့ လူပျိုနော်....ဆေးပညာ ဗဟုသုတတွေအတွက် ကျေးဇူးအထူးတင်ပါတယ် မငယ်နိုင်

ညီမငယ် ရေ .. မျှဝေပေးတာ ကျေးဇူးအထူးတင်ပါတယ် နောက်အချိန်ပေးပြီးထပ်လာဖတ်ဦးမယ်နော် ..

mie nge

ယောင်္ကျားကိုကိုယ်ဝန်ဆောင်ခိုင်းရင် သူ့ကိုဘာတွေကြွေးရင်ကောင်းမလဲ ဟင်..သမီးက ကလေးလဲ လိုချင်တယ်..အသက်ကလဲ ၅၀ ကျော်ပြီ ဆိုတော့ သွေးကလဲဆုံးနေပြီ မမရဲ့..ဒါ့ကြောင့် သမီးယောင်္ကျားကို ကိုယ်ဝန်အမွှာဆောင်ခိုင်းရင် ကောင်းမလားလို့...သမီးကို အကြံပေးပါဦး မမရယ်...

တိတိ ရေ - အဲဒါနဲ့ ပတ်သက်ပြီး အစ်မလည်း အသေးစိတ် လေ့လာထားတာ မဟုတ်တော့ အတိအကျမသိဘူး။ ဖြစ်နိုင်တာကတော့ နှစ်မျိုးရှိပါတယ်။ တခုက ရုပ်ချင်းချွတ်စွပ်တူတဲ့ အမြွှာ မောင်နှမတွေကို မျိုးပွားတဲ့ပုံစံအတိုင်း မျိုးပွားရာမှာ Autosome လို့ခေါ်တဲ့ ပထမ ၂၂ ခရိုမိုဆုန်းဖြစ်တဲ့ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေးတဲ့အရိုက်အရာတွေက မသန်လို့ မအောင်မြင်ခဲ့ဘဲ Sex Cromosome က ပေးတဲ့ အရိုက်အရာပဲ သန်လို့ လိင်နှစ်မျိုးနဲ့ ကလေးတယောက်တည်း မွေးလာတာ ဖြစ်နိုင်ပါတယ်။ တခြား ဖြစ်နိုင်ချေ တခုကတော့၊ အမျိုးသားဆီက လက်ခံရရှိတဲ့ Sex Cromosome မှာ X ရော Y ပါနှစ်ခုလုံး ပါလာတာကို မမျိုးဥက နှစ်ခုစလုံးနဲ့ အောင်မြင်စွာ ပေါင်းစပ်သွားလို့ ဖြစ်နိုင်ပါတယ်။ အဲဒါအစ်မ ခန့်မှန်းတာသာ ဖြစ်တယ်၊ အဖြေအတိအကျ မဟုတ်ပါဘူး။

-Anonymous - ဘယ်လောက်ပဲ သမီးမိန်းကလေး/ယောက်ျားလေး လိုလို့ Mind Power ရှိရှိ အမျိုးသားဆီက ရတဲ့ခရိုမိုဆုန်းအပေါ်မှာပဲ မူတည်ပါတယ်။ သက်ရှိတခုရဲ့ သန္ဓေစတင်ပုံ အဆင့်ဆင့် ဆိုတဲ့ ခေါင်းစဉ်အသေးကို တခေါက် ပြန်ဖတ်ကြည့်ပါ။

မမီးငယ် ကလေးထပ်ယူဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်နော့်။

ညီမလေး ခင်စိဉ္ဇာမာန - ငရဲကပြန်လွှတ်လာတာတော့ မဟုတ်လောက်ဘူး ထင်တယ်နော့် ဘုရားကို ပြစ်မှားထားတဲ့ ငရဲသက်တမ်းက ဒီလောက်တော့ မတိုနိုင်ဘူး။ ။ ငရဲမင်းဆီက ခွင့်တောင်းပြီး လူ့ပြည်ခဏ လာလည်တာလား။ သံသရာဆိုတာ အရှည်ကြီးပါ နောက်ဘ၀တွေမှ အေးအေးဆေးဆေး ကလေး ယူလို့ရပါတယ်။ အခုတော့ ဘုရားကို ပြစ်မှားထားတဲ့ ၀ဋ်ကြွေးကိုပဲ ကျေအောင် အရင်ဆပ်လိုက်ဦးနော့်။ ၀ဋ်ကြွေးတွေ မြန်မြန်ကျေပြီး နောက်ဘ၀ မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အမကိုလာလာနောက်နေကြတယ်ပေါ့..ဗဟုသုတရပါတယ်အမ...

ဒီနေ့မှ..အစ်မဆီရောက်တဲ့ဧည့်သည်အသစ်လေးပါ
မမ..စာကိုကျေးဇူးတင်ချင်တာက.အမျိုးသမီးက
ကိုယ်ဝန်ဆောင်စလေ..။သုံးလအတွင်းမှာဆိုပါတော့
အတော်ပဲ..မမစာကိုပရင့်ထုတ်ပြီးကပ်ထားပေးလိုက်မယ်
အာဟာရကောင်းလေးတွေစားဖြစ်အောင်ပေါ့..။
ကျေးဇူးတင်တယ်နော်မမ..။bookmark လုပ်ထားလိုက်
တယ်။..မမသာနည်းနည်းအားရင်..ကိုယ်ဝန်ဆောင်
တွေအတွက်ကောင်းနိုးရာရာတွေပို့ထားပေးရင်သိပ်ပြီး
ကျေးဇူးတင်မှာပဲ(oakarnge@gmail.coM)
..ကျွန်တော်ကကလေးတခါမှမမွေးဖူးတဲ့ကလေး
အဖေလောင်းမို့ပါ..။ကျေးဇူးနော်မ..။

nge naing, read these articles


new study : Banned toxic chemicals found in 100 percent of pregnant women
http://www.naturalnews.com/031033_toxic_chemicals_pregnant_women.html





US babies mysteriously shrinking

http://www.newscientist.com/article/dn18434-us-babies-mysteriously-shrinking.html



Pharmacy Mistakenly Gives Pregnant Woman Abortion Pill

http://www.thedenverchannel.com/news/26761744/detail.html

မောင်ဥက္ကာငယ်

ကိုယ်ဝန်ဆောင်တွေအတွက် အာဟာရ လုံလောက် မျှတဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ အထူးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ မွေးခါစကလေးငယ်များအတွက် ဗဟုသုဖြစ်စေတဲ့ ပို့စ်တွေကို Public Health in Myanmar က Reproductive Healht Label အောက်မှာ ရှိတဲ့ ပို့စ်တွေမှာ တွေ့နိုင်ပါတယ်။ အောက်ကပို့စ် အတော်များများက ကိုယ်ဝန်သည် မိခင်နဲ့ မွေးခါစတနှစ်အတွင်းကလေးနဲ့ မိခင်တွေအတွက် အသုံးဝင်တဲ့ပို့စ်တွေ ဖြစ်တယ်။ ဒီအထဲမှာ Dr Win Thein ရေးတဲ့ Diet for Pregnancy နဲ့ အစ်မရေးတဲ့ Gestational Diabetes နှစ်ခုက အခုရေးထားတဲ့ပို့စ်က ပြန်ကောက်နှုတ်ထားတဲ့အထဲမှာ ပါပါတယ်။ ပို့စ်တွေကို သီးသန့် ပြန်ဖတ်နိုင်ပါတယ်။ ဒီပို့စ်ထဲမှာအတိုင်း သံဓါတ်မချို့တဲ့စေဖို့နဲ့ အစာအာဟာရကို မျှတအောင် စားဖို့က အဓိက အရေးကြီးပါတယ်။

http://health.ngoinmyanmar.org/2008/08/diet-for-pregnancy.html

http://health.ngoinmyanmar.org/2008/07/gestional-deabetes.html

http://health.ngoinmyanmar.org/2007/12/blog-post_08.html

http://health.ngoinmyanmar.org/2007/12/do-you-really-love-1.html

http://health.ngoinmyanmar.org/2007/12/do-you-really-love-2.html

http://health.ngoinmyanmar.org/2008/02/do-you-really-love-3.html

http://health.ngoinmyanmar.org/2008/02/do-you-really-love-4.html

အစာအာဟာရ မျှတဖို့အတွက်တော့ ဒီဘလော့ဂ်က ကျန်းမာရေး/ဇီဝသိပ္ပံ Label အောက်က အာဟာရနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အကုန်လုံးကို လိုက်ဖတ်ကြည့်သင့်ပါတယ်။ ဒီပို့စ်က Bibliography ထဲမှာ ပါတဲ့ နှစ်ခုကို အဓိကထားပြီး ဖတ်သင့်ပါတယ်။

ကောင်းပါတယ်



ကျိုက္ကလဲ့ ရွှေကျင်ကျောင်းက ကပ္ပိယတစ်ယောက် နှလုံးအပေါက်ကျဉ်းတာ သွားပြတော့ "ချဲ့ ရမယ်" လို့ ပြောတယ်။

"သိန်းခြောက်ဆယ်" တဲ့။

ကပ္ပိယ ပါဆိုမှ ဘယ်လိုလုပ် ငွေရှိမှာလဲ။ နောက်ဆုံးတော့ အသေခံလိုက်တယ်။ ပြီးခဲ့တဲ့အပတ်ကမှ သေသွားတယ်။

သြော်.... ဆရာဝန်တွေရယ်... လောဘကြီးလိုက်တာ လွန်ရော။


ဘုန်းကျော်
၈-၁၀-၁၅

လောဘကြီးလွန်းသည့် အသပြာဆရာဝန်များ