မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပင်လုံစာချုပ်နှင့် ပြည်ထောင်စုတည်ဆောက်ရေး




ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ပြည်ထောင်စု စစ်စစ် နိုင်ငံတခု တည်ဆောက်ရေးအတွက် အခုထိ အရေးကြီးတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းဒေသ တိုင်းရင်းသားများ လူမျိုးစုများနှ့င် တပြိုင်တည်း ရယူနိုင်ရန် တိုင်းရင်းသားတွေနှင့် အကြိတ်အနယ် ဆွေးနွေးပြီး ၁၂-၂-၄၇ မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးလျှင် ဖွဲ့စည်းတည်ဆောက်မည့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန် လမ်းညွန်ချက် ခုနှစ်ချက်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သည့် ခုနှစ်ချက်အတိုင်း ဖွဲ့စည်းနိုင်ခဲ့ရင် ပြည်ထောင်စု မြန်မာနိုင်ငံဟာ အခုချိန်မှာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတခုထဲ ပါဝင်နေနိုင်ပါတယ်။


ပင်လုံစာချုပ်အား ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးနေစဉ် (ကိုနစ်နေမန်းဆီမှ)
ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါဝင်ပြီး ကျန်တဲ့ အချက်တွေကို မလေ့လာလို့ ဖြစ်ပေမဲ့ နံပါတ် (၇) ချက်ဟာ ဘာကိုဆိုလိုလဲ ဆိုတာ အားလုံးလေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်အထဲက နံပါတ် (၂) မှာပါတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ဆိုတာနှင့် ပင်လုံစာချုပ်ရဲ့ နံပါတ် (၇) မှာပါတဲ့ ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည် ဆိုတဲ့ အချက် ဒီနှစ်ခုကို ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက်လိုသူ အားလုံး သိသင့်ပြီး၊ မသိသေးရင်လည်း လေ့လာသင့်တဲ့ အချက်တွေ ဖြစ်တယ်ထင်လို့ ပင်လုံစာချုပ်နှင့် ပြည်ထောင်စု ဖွဲ့စည်းမှုအတွက် ဗိုလ်ချုပ်လမ်းညွှန် (၇) ချက်ကို ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဒီလမ်းညွန်ချက် (၇) ချက်နှင့် ပင်လုံစာချုပ်ကို လေ့လာခြင်းဖြင့် ဗိုလ်ချုပ်ရဲ့ ပြည်ထောင်စုကြီးအပေါ် ဖြစ်စေချင်တဲ့ စေတနာ စည်းရုံးနိုင်တဲ့ စွမ်းရည်၊ တိုင်းရင်းသားတွေနဲ့ တန်းတူငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်လိုတဲ့ စေတနာတွေကို မြင်တွေ့ရနိုင်ပါတယ်။ (ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် ခုနှစ်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးမှာ အကျယ်ပြန်ရှင်း ပြထားချက်များကိုလည်း နေရာအခက်အခဲကြောင့် ဒီဘလော့ဂ်ထဲမှာ မဖေါ်ပြနိုင်ပေမဲ့ လေ့လာမှတ်သားသင့်တဲ့ အချက်တွေအဖြစ် တွေ့ရပါတယ်။)


ပင်လုံစာချုပ် (၁၂-၂-၄၇)


မြန်မာပြည် ဘုရာင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်တချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်ဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံ နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်မျာကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်း ဥပဒေအရ တွဲဖက်တာဝန်ယူရသည့် မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်နိုင်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်တွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် အဒေသရာဇ် ရှမ်းပြည်နယ်မြေစုတို့၏ ဘဏ္ဍာရေး အစီစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော် အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇

ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)
(ပုံ) ဇော်ရစ် (မြစ်ကြီးနား)
(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)
(ပုံ) ဇော်လ (ဗန်းမော်)
(ပုံ) ဇော်လွန်း (ဗန်းမော်)
(ပုံ) လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)
(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)
(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါ)

ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)
(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)
(ပုံ) စပ်ဟုံဖ (မြောက်ပိုင်း သိန္နီစပ်ဖလုံ)
(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)
(ပုံ) စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)
(ပုံ) စပ်ထန်းအေး (သာမိုင်းစပ်ဖလုံ)
(ပုံ) ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)
(ပုံ) ခွန်ဖုံး (မြောက်ပိုင်း သနန္နီစပ်ဖလုံ)
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး

တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ပြုလုပ်ခဲ့တဲ့
47 ခုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွန်ချက် (၇) ချက်

(လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်)။

တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ၊ စုံညီစုဝေးလျက် အောက်ပါ ပြဋ္ဌါန်းချက်များကို ချမှတ်ကြကြောင်း။

၁။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံသပဒေ ဖြစ်စေရမည်။ ထို့ပြင်-

၂။ ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတွင် သတ်မှတ်ဖေါ်ပြထာသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။ ထို့ပြင်-

၃။ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်ပြည်သားတို့ထံမှ သက်ဆင်းဆစရမည်။ ထို့ပြင်-

၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှု ရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ် ထားရှိစေရမည်။ ထို့ပြင်-

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဘို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့ပြင်-

၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတ မြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို သော်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုသော်လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေမည်။ ထို့ပြင်-

၇။ ရာဇ၀င်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်တကွ ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

ပြည်ထောင်စုနေ့ အတွက် အမှတ်တရပို့စ် ဖြစ်ပါတယ်။ ဗွီဒီယိုကို ဤနေရာမှ ကူးယူပြီး ပင်လုံ စာချုပ်ကို တို့ပြည်ထောင်စုကို တို့ချစ်သည် ဘလော့ဂ်မှ ကူးယူပြီး ပင်လုံစာချုပ်ပါ ဓါတ်ပုံများ အားလုံးကို ကိုဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်ကို ခွန်ကြာနု အမှာစကား ရေးထားသော ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း (သို့မဟုတ်) ဖက်ဒရယ်မူ စာအုပ်ထဲမှ ကူးယူဖေါ်ပြထားတယ်။ (၁၉၆၁ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက် တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံမှ အတည်ပြုသည်)

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ပြီး ပြည်ထောင်စု တိုင်းရင်းသား အားလုံး ချစ်ခင်ငြိမ်းချမ်းစွာဖြင့် အတူလက်တွဲ နေထိုင်နိုင်သည့် နေ့ကို အမြန်ဆုံး ရောက်လာပါစေလို့ ဆုတောင်းလျက်.. ပြည်ထောင်စုသားများ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။

၂၃-၂-၁၀ မှာ ပြန်လည် ဖြည့်စွက်ချက်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အရွယ်နဲ့ ဒီလို အံ့မခန်းနိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေကို ပေါ်လွင်စေချင်လို့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရာမှာ သူပြုခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ရပ်နှစ်ခုဟာ ပြည်ထောင်စုကြီးအတွက် ဘယ်လောက် အရေးကြီးခဲ့တယ်ဆိုတာ သီးသန့်ညွှန်းပြီး ကျွန်မ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးယူခဲ့စဉ်က အကယ်၍ ဒီလို တောင်တန်းဒေသတွေနဲ့ အတူတူတပြိုင်တည်း မယူနိုင်ခဲ့ရင် ပြည်မမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်း ဗြိတိသျှတွေက ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မကို အချိန်မရွေး ပြဿနာထပ်ရှာဖို့ လွယ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ မြန်မာပြည်အောက်ပိုင်း တခုလုံးကို သိမ်းသွင်းခဲ့သလို ဒုတိယ၊ တတိယ ရန္တပိုစာချုပ်လေးတွေ ဆက်ချုပ်လာရနိုင်ပြီး အချိန်မရွေး မြန်မာပြည်ကို ပြန်သိမ်းနိုင်သွားနိုင်ပါတယ်။ ဒါကို အရွယ်နဲ့မလိုက်အောင် လိမ္မာပါးနပ်စွာ သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေနဲ့ အခုလို သဘောတူညီမှုကို ရအောင် ယူနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အံ့မခန်းလောက်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးလို့ အနာဂတ်မှာ တည်ဆောက်မည့် ပြည်ထောင်စုအတွက် သူရေးထားတဲ့ လမ်းညွန်ချက်ကလည်း သိပ်ကို မျှတပါတယ်။

အင်္ဂလိပ်နဲ့ရော တိုင်းရင်းသားတွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေးတွက် ဘာမှ ခဲရာခဲဆစ် ဆက်လက်ပြီး ဆောင်ရွက်စရာ မလိုလောက်အောင် ရေကန်အသင့် ကြာအသင့် ဖြစ်အောင် လုပ်ပေးခဲ့ပြီး မကြာခင်မှာပဲ မာသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် လူ့လောကကို စွန့်ခွာသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အခုချိန်မှာ တိုင်းပြည် အုပ်ချုပ်သူတွေက ဂုဏ်မပြုကြတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၂၀၁၁ မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတောင် ဗိုလ်ချုပ်အောင်ဆန်းအကြာင်းနဲ့ ပင်လုံစာချုပ်သမိုင်းအကြောင်း တခွန်းမှ ထည့်မပြောသွားတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းရာ ရောက်တဲ့အပြင် တကယ်ကို မိုက်ရိုင်းစော်ကားရာ ရောက်ပါတယ်။ ပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း မပြောရင် တခြားဘာမှ ပြောစရာ အကြောင်း ရှိမယ်မထင်ပါ။ တိုင်းပြည်ကို ချစ်မြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။

(12/2/10 2:51 တုန်းက တင်တဲ့ပို့စ်ကို ပြည်ထောင်စုနေ့အကြို အတွက် အပေါ်ခဏပြန်ဆွဲတင်ထားခြင်း ဖြစ်ပါတယ်။)

41 comments:

တန်ဖိုးရှိတဲ့ ပို့စ်တခုပါ အမ..။ အချိန်ယူအား ထုတ်ပြီး အားလုံးဖတ်နိုင်အောင် တင်ပေးတဲ့ အမ ရဲ့စေတနာ ကိုလေးစားပါတယ်..။ အားပေးလျှက်

ဗိုလ်ချုပ်ရဲ့လေးစားရတဲ့ စိတ်ဓါတ်ကို အသိအမှတ် ပြုစေတဲ့ ဒီပိုစ့်လေးနဲ့ တကူးတက တင်ပြထားပေးတဲ့ အမကို လေးစားရပါတယ် ....

မင်္ဂလာပါ မငယ်နိုင်။ အခုလိုပြန်ဖေါ်ပြထားတာကျေးဇူးတင်ပါတယ်။ ကျွန်မလည်းအဲဒီအချက်လေးတွေလိုက်ရှာဖတ်ချင်နေတာလေ။ Decentralization သဘောတရားမျိုးဗိုလ်ချုပ်ပြောခဲ့ဖူးမှန်းသိပေမဲ့ ဘယ်လိုပြောခဲ့တယ်ဆိုတာတိတိကျကျမသိခဲ့ဘူး။ အခုမှပဲ “ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။” ဆိုလို့ ရှင်းသွားတယ်။ အရာရာကိုဗဟိုကထိမ်းချုပ်နေတာကတော့ မဖြစ်သင့်တော့ဘူးလေနော်။

ပြည်ထောင်စု နေ့ နဲ့  ပင်လုံစာချုပ်ရဲ့  အရေးကြီးတဲ့ အချက်အလက်တွေကို တစုတဝေးတည်း ဖတ်လိုက်ရတာ အလွန်ပဲ ကောင်းပါတယ်။


သမိုင်းကြောင်းရဲ့  အဖြစ်မှန်တွေနဲ့  အလေးထား ထိန်းသိမ်းရမဲ့  နေ့ ထူး နေ့ မြတ်တွေကို လျှစ်လျှုရှုထား ခဲ့ကြတာ ကြာပါပြီ မငယ်နိုင်ရေ .. မေးထားတာလေး ပြန်ပြောပြရအုံးမယ် ။ ရှေး အရင်က နှစ်စဉ် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ကြတဲ့  ပြည်ထောင်စု အလံ လက်ဆင့်ကမ်း သယ်ဆောင်တာ တို့  ။ ကျိုက္ကဆံကွင်းမှာ ပြခန်းကြီးတွေ လုပ်ပြီး တိုင်းနဲ့ ပြည်နယ် အလိုက် တိုင်းရင်းသားတွေ ရဲ့  ရိုးရာ တင်ဆက်ပြသ တာတို့  မမြင်ရတာ တကယ်ပဲ ကြာခဲ့  ပြီပေါ့ ။ ခုနှစ် အတိအကျ တော့ မသိဘူး ။

သမိုင်း အစစ်က ပျောက်ရုံတင် မဟုတ်တော့ ပါဘူး ။ အင် .. တွေပါ ရော နေ ကြ ပြီလေ ။

ဒီအကြောင်းတွေကို ဒီကနေ့အထိ ဒီလိုထုတ်ဖော်ပြောဖို့ လိုအပ်နေသေးတာ ရင်နာဖို့ မကောင်းဘူးလားဗျာ...

အမရေ ဗွီဒီယိုလေးကြည့်ပြီး ဗိုလ်ချုပ်သာ ရှိခဲ့အုံးမယ်ဆိုရင်လို့ တွေ့လိုက်တော့
ဝမ်းနည်းလာမိတယ် အမ။

အချိန်ပေး ဖော်ပြပေးတာ ကျေးဇူးးးးးးးးပါရှင် :)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အရွယ်နဲ့ ဒီလို အံ့မခန်းနိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေကို ပေါ်လွင်စေချင်လို့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရာမှာ သူပြုခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ရပ်နှစ်ခုဟာ ပြည်ထောင်စုကြီးအတွက် ဘယ်လောက် အရေးကြီးခဲ့တယ်ဆိုတာ သီးသန့်ညွှန်းပြီး ကျွန်မ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးယူတဲ့အခါ အကယ်၍ ဒီလို တောင်တန်းဒေသတွေနဲ့ အတူတူတပြိုင်တည်း မယူနိုင်ခဲ့ရင် ဗြိတိသျှတွေက ပြည်မမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်း ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မကို အချိန်မရွေး ပြဿနာထပ်ရှာဖို့ လွယ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ မြန်မာပြည်အောက်ပိုင်း တခုလုံးကို သိမ်းသွင်းခဲ့သလို ဒုတိယ၊ တတိယ ရန္တပိုစာချုပ်လေးတွေ ဆက်ချုပ်လာရနိုင်ပြီး အချိန်မရွေး မြန်မာပြည်ကို ပြန်သိမ်းနိုင်သွားနိုင်တယ်။ ဒါကို အရွယ်နဲ့မလိုက်အောင် လိမ္မာပါးနပ်စွာ သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေနဲ့ အခုလို သဘောတူညီမှုကို ရအောင် ယူနိုင်ခဲ့တာဟာ အံ့မခန်းလောက်စရာပါပဲ။ ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးလို့ အနာဂတ်မှာ တည်ဆောက်မည့် ပြည်ထောင်စုအတွက် လမ်းညွန်ချက်ကလည်း သိပ်ကို မျှတပါတယ်။

အင်္ဂလိပ်နဲ့ရော တိုင်းရင်းသားတွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေးတွက် ဘာမှ ခဲရာခဲဆစ် ဆက်လက်ပြီး ဆောင်ရွက်စရာ မလိုလောက်အောင် ရေကန်အသင့် ကြာအသင့် ဖြစ်အောင် လုပ်ပေးခဲ့ပြီး မကြာခင်မှာပဲ လူ့လောကကို စွန့်ခွာသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အခုချိန်မှာ တိုင်းပြည် အုပ်ချုပ်သူတွေက ဂုဏ်မပြုကြတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒီနှစ်ကျရောက်တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတောင် ဗိုလ်ချုပ်အောင်ဆန်းအကြာင်းနဲ့ ပင်လုံစာချုပ်သမိုင်းအကြောင်း ဘာမှ ထည့်မပြောသွားတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့အပြင် စော်ကားရာ သိပ်ရောက်လို့ ကျွန်မ သိပ်ခံစားရပါတယ်။ ပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း မပြောရင် တခြားဘာမှ ပြောစရာ အကြောင်း ရှိမယ်မထင်ဘူး။ တိုင်းပြည်ကို ချစ်မမြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်စကားပြောနေတဲ့အသံပါတဲ့ orig: movie ရှိရင် ကျေးဇူးပြုပီး share/post ပေးပါ

Anonymous- ဘလော့ဂ်ထဲက ဘယ်ဘက်ဆိုက်ဘားမှာ ကြိုက်ရာရွေးဖတ်လို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် ခွဲပြီး Labels တွေ တပ်ထားတာ ရှိပါတယ်။ အဲဒီအောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုပြီးတော့ Label သီးသန့်တခု တွေ့လိမ့်မယ်။ Click လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ပို့စ်တွေကို ရောက်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့တုန်းက တင်တဲ့ http://nge-naing.blogspot.com/2010/07/source-by-httpwww.html ဒီပို့စ်မှာ ပါတဲ့ ဗိုလ်ချုပ်မိန့်ခွန်းက အရှည်ဆုံးပဲ။ တခြားပို့စ်တွေမှာလည်း အသံအနည်းငယ်စီနဲ့ စာသားနဲ့ မိန့်ခွန်း အနည်းငယ်စီပါပါတယ်။ အဆင်ပြေပါစေ။

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဟာ တကယ်တော့ သိပ်မကွာပါဘူး။ရရှိရမယ့် အခွင့်ရေး အာဏာခွဲဝေကျင့်သုံးမှုတွေက အတူတူပါပဲ။ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာက ဖက်ဒရယ်စနစ်နဲ့ဒွန့်တွဲနေတဲ့ အရာတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးထက် ပိုတာက ခွဲထွက်ခွင့်ကိုပေးထားတာ တစ်ချက်ရှိတယ်။

ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့စနစ်ဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ် အာဏာကို ဗဟိုအစိုးရကပဲ အလုံးစုံချုပ်ကိုင်ထားမှုမရှိတော့ပဲ ပြည်နယ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို အာဏာခွဲဝေပေးထားတဲ့ စနစ်တစ်ခုပါ။

ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားပြည်နယ်တွေမှာ မိမိဒေသလူမျိုးစုတွေရဲ့ ယဉ်ကျေးမှု စာပေ ဒီမိုကရေစီအခွင့်ရေးများ စတဲ့ အရာတွေကို မိမိတို့ဘာသာ ဆုံးဖြတ်ကိုယ်တွယ်ရမှာဖြစ်ပြီး ဗဟိုအစိုးရက ၀င်ရောက်စွပ်ဖက်လို့မရပါဘူး။

တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ခွဲထွက်ခွင့်ထိပေးနိုင်တဲ့ အန္တရယ်များတဲ့ ဖက်ဒရယ်စနစ်ထက် တစ်ပြည်ထောင်စနစ် ပြည်ထောင်စနစ်ကသာလျှင် အသင့်တော်ဆုံးလို့ မြင်ပါတယ်။ဗိုလ်ချုပ်တို့ ချုပ်ဆိုခဲ့တဲ့ ပင်လုံဟာလည်း ရာနှုံးပြည့် ကောင်းမွန်လှတာမဟုတ်လှပါဘူး။

လွတ်လပ်ရေးအတူတကွရရှိရေးတွက်သာ အာရုံစိုက်နေရတဲ့အတွက် တစ်ယောက်အလိုကျတစ်ယောက် မလိုက်နာ ငြင်းခုံနေရင် ဘယ်လိုမှမဖြစ်တဲ့တွက် အခြေနေနဲ့အချိန်ခါအရ ဖုတ်ပူမီးတိုက် လုပ်ခဲ့ရတဲ့ ကိစ္စလို့ပဲမြင်တယ်။ပြီးတော့ ဒီပင်လုံစာချုပ်ထဲမှာ တိုင်းရင်းသားအားလုံးလည်းမပါဝင်ပါဘူး။ဗမာ ကချင် ချင်း ရှမ်း တို့ပဲ ပါဝင်ချုပ်ဆိုခဲ့တာ တွေ့ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်လာမယ့် မြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းစဉ်သစ်ကလည်း တိုင်းရင်းသားပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအဖြစ် အာဏာကို ဖြန့်ဝေကျင့်သုံးထားတဲ့အတွက် ယနေ့ တပ်မတော်တစ်ဦးတည်း ချုပ်ကိုင်နေတာထက် အများကြီး ဒီမိုကရေစီနည်းလမ်းတကျအတိုင်း ပွင့်လင်းမြင်သာ တန်းတူညီတူ ခံစားရမှု ရှိလာမှာတော့ အမှန်ပါပဲ။


ကိုလွဏ်းဝေ

ပင်လုံစာချုပါမှာ ဇော်လ ဆိုသူ နာမယ်သာပါပြီး လက်မှတ်မထိုးပါဖူးဗျာ ။ သေသေချာချာ ကြည်ပါဦး ။ ရမ်းတုတ်မလုပ်ပါနဲ့။

(ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် ခုနှစ်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးမှာ အကျယ်ပြန်ရှင်း ---) ဗိုလ်ချုပ်က တိုင်းပြုပြည်ပြုလွတ်တော်မှာရှင်းတာပါ ။

ကိုလွမ်းဝေ မှတ်ချက်အရ ဖယ်ဒရယ် ပြည်ထောင်စုဆိုတာကို နားမလည်သေးဘူး။ ပြီးတော့ နာဂစ်ကြောင့် လူထုဒုက္ခပေးလယ်ဝေနေတဲ့ အချိန်မှာ အတည်ပြုထားတဲ့ ပြည်သူလူထု ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် မပါဘဲ စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီအတွက် တရားမ၀င်ဘူး။ တိုင်းရင်းသားတွေအတွက် အာမခံချက်ဘာမှ မရှိဘူး။ လူ့အခွင့်အရေး မရှိဘဲနဲ့ တိုင်းပြည်ကို ဒီမိုကရေစီ နီုင်ငံထူထောင်လို့ မရနိုင်ဘူး။

Anonymous February (19, 2011 1:40 AM ) ဒီထဲမှာ ဖေါ်ပြထားတဲ့ အရာတွေက ရမ်းတုတ်လုပ်ထားတာ တခုမှမပါဘူး၊ ကိုးကားဖေါ်ပြတဲ့ Link ပေးထားတာ မတွေ့ဘူးလား။ အဲဒီမှာ သွားကြည့်ပါ။ လိုရင်ထပ်ဖြည့်ရလို့ ရတယ်၊ မဆိုင်တာ မဟုတ်တာမပြောနဲ့။

Anonymous (February 19, 2011 1:53 AM ) အဲဒီစာအုပ် အိမ်မှာ ရှိပါတယ်။ ၄၇ ဖွဲ့စည်းပုံလမ်းညွန်ချက်ကို အိမ်မှာ ရှိတဲ့ စာအုပ်ထဲက စာပြန်ရိုက်ပြီး ဖေါ်ပြတာဖြစ်ပြီး ပင်လုံစာချုပ်ကိုပဲ အွန်လိုင်းတနေရာက ကူးယူပြီး ပြန်ဖေါ်ပြထားပါတယ်။

ဘယ်သူ ကြော်ငြာပေးထားမှန်းတော့ မသိဘူး။ ဒီပို့စ်ကို တော်တော်များများ လာဖတ်နေကြတာ တွေ့ရလို့ Link ကိုလိုက်သွားကြည့်တာ C-Box သုံးခုမှာ တယောက်ယောက် ကြော်ညာပေးထားတာကို တွေ့ရပါတယ်။ ကျွန်မက ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ကပဲ တချို့ C-Box တွေမှာ ကြော်ငြာခဲ့တယ်။ ရုရှားက ပညာတော်သင်တယောက်က လေ့လာစရာ မကုန်နိုင်မခမ်းနိုင်တဲ့ အချိန်မှာ မငယ်နိုင် တယောက် အသက်လေးဆယ် အရွယ်ကြီးနဲ့ အွန်လိုင်းပေါ်မှာ ဘလော့ဂ်ကြော်ငြာရင်း အချိန်တွေ ဖြုန်းနေတယ်လို့ ပြန်ပြောလိုက်သေးတယ်။ ပြည်ထောင်စုနေ့ အမှတ်တရအဖြစ် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးဆုံး လုပ်ဆောင်ချက်ဖြစ်တဲ့ ပင်လုံစာချုပ်အကြောင်း ပို့စ်ကို တပ်မတော်ပညာတတ် စစ်ဗိုလ်တဦးဘလော့ဂ်မှာ သွားထည့်မိလို့ အဲလိုပြန်ပြောလိုက်တာ ဒီနေ့ခေတ် တပ်မတော်သားတွေရဲ့ အဆင့်အတန်းနဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် သဘောထားကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ပြည်ထောင်စုနေ့ လွန်ပြီးပေမဲ့ ကျွန်မကြော်ငြာစရာမလိုဘဲ အတော်များများ လာဖတ်နေကြတာတွေ့တော့ ၀မ်းသာပါတယ်။ ကြော်ငြာပေးသူတွေကိုရော လာဖတ်သူတွေကိုပါ ကျေးဇူးတင်ပါတယ်။

ဒီမိုကရေစီဆိုတာ လူ့အခွင့်ရေးအပြည့်ဝရှိလာမှ ထူထောင်ရမယ် စတင်ကျင့်သုံးရမယ်ဆိုရင် ဘယ်နိုင်ငံမှာမှ ဒီမိုကရေစီနိုင်ငံဆိုတာ ရှိလာမှာမဟုတ်ဘူး။အဓိက စနစ်တစ်ခုကို စတင်အကောင်ထည်ဖော်ဖို့က ပထမအရေးကြီးတယ်။ပြီးတာနဲ့ ဒီစနစ်ထဲမှာပါဝင်တဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေး ကဏ္ဍစုံပါဝင် ကျင့်သုံးလာရမှာဖြစ်လို့ လူ့အခွင့်ရေးလိုကိစ္စဆိုတာ အလိုလျောက်ကျင့်သုံးလာမှာဖြစ်တဲ့အတွက် အရေးမကြီးသေးတာကို ရှေ့တန်းအရင်တင်လို့မရသေးပါဘူး။အရေးကြီးတဲ့ ကျင့်သုံးမယ့်စနစ်ကို အရင်ကောင်ထည်ဖော်ဖို့ပဲလိုတယ်။

ယနေ့အချိန်ထိ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာ လူ့အခွင့်ရေးအပြည့်ဝရှိတယ်လို့ ယူဆနေလား?လူ့အခွင့်ရေးအပြည့်ဝရှိပါတယ်ဆိုတဲ့ ဒီမိုကရေစီ ဘိုးအေ အမေရိကန်နိုင်ငံကြီးက ထိပ်ဆုံးက ချိုးဖောက်နေတာဆိုတာ အားလုံးအသိပါပဲ။

ရှေ့ဆက်မယ့် နိုင်ငံတော်သစ်မှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့အတွက် တိုင်းရင်းတွေကိုယ်တိုင် ယခင်ကမရရှိခဲ့ဖူးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေ ဥပဒေချုပ်တွေ ၀န်ကြီးတွေ အများကြီးပေါ်ပေါက်လာတဲ့အတွက် ယခင် တပ်မတော်ကပဲ အားလုံးကိုခြုံငုံအုပ်ချုပ်နေတာထက် အများကြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းသွားနေပြီဆိုတဲ့အတွက် ကြိုဆိုသင့်တဲ့အရာတစ်ခုပါ။

ဘယ်နိုင်ငံမှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခါစမှ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီအပြည့်ဝခံစားရတဲ့ နိုင်ငံရယ်လို့ ဒီကမ္ဘာမှာမရှိသေးပါဘူး။ဒါကြောင့် အခုမှ စတင်ကျင့်သုံးမယ့် မြန်မာနိုင်ငံအနေနဲ့ လိုအပ်ချက်တွေ ရှိနေအုံးမှာပဲ။ဒါကို ဘိုးဘေဒီမိုကရေစီုနိင်ငံကြီးတွေရဲ့ စံတွေနဲ့သွားနှိုင်းလို့မရပါဘူး။ပြောင်းလဲမှုရဲ့အစပဲရ
ှိပါသေးတယ်။ဒီမိုကရေစီမှာ နေ့ချင်းညချင်း ကျင့်သုံးလို့ရတဲ့အရာမဟုတ်ဘူး။ပြည်သူတစ်ယောက်ချင်းစီရဲ့ ကျင့်ကြံလိုက်နာမှုအပေါ်မူတည်ပြီး ဒီမိုကရေစီရင့်ကျက်တဲ့ နိုင်ငံ ဟုတ်မဟုတ်ဆိုတာ သတ်မှတ်ကြရမယ်။ယနေ့ အာရှနိုင်ငံတွေမှာ ဒီမိုကရေစီ လုံးဝမရင့်ကျက်သေးတာ အထင်ရှားပါပဲ။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုကို စတင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အများကြီး ဂုဏ်ယူမိပါတယ်။

ကိုလွဏ်းဝေ

ကိုလွမ်းဝေ ကျွန်မပြောတာ ဘိုးအေအဆင့်ကို မပြောဘူး မြန်မာနိုင်ငံမှာ ရှိခဲ့ပြီးသော ပါလီမန် ဒီမိုကရေစီခေတ်က အဆင့်ကိုပဲ သူ့နဂိုအတိုင်း ဖြစ်အောင် ပြန်လုပ်ပါဦး။ မြန်မာနိုင်ငံက လူ့အခွင့်အရေး သူ့အတိုင်းအတာနဲ့သူ ရှိပြီးသားကို မဆီမဆိုင် စစ်တပ်က ၀င်ဖျက်ဆီးလို့ ပျောက်နေတာ၊ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး စတင်တုန်းကတောင် အတည်ပြုမဲပေးတဲ့အထဲမှာ ပါတဲ့နိုင်ငံ အဲဒါကို သိရဲ့လား။ လူ့အခွင့်အရေး အပြည့်အ၀ရှိဖို့အဆင့်ကို သွားမပြောပါနဲ့ အရင်ရှိပြီးသားအဆင့်ကိုပဲ ပြောပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ ပြည်သူလူထုဆီက ဆင်းသက်ရတယ်ဆိုတာ စစ်တပ်က ဆင်းသက်ရတာမဟုတ်ဘူးဆိုတာ ရှင်နားမလည်သေးရင် ဗိုလ်ချုပ်လမ်းညွန်ချက်ကို ဆယ်ကြိမ်လောက် ပြန်ဖတ်လိုက်ပါ ဆယ်ကြိမ်နဲ့မလောက်ရင် အကြိမ်တရာခန့် ပြန်ဖတ်လိုက်ပါ။ လူ့အခွင့်အရေး လုံးဝမရှိတဲ့ အရာအားလုံးကို အာဏာရှင်တအုပ်စုတည်းက ချုပ်ကိုင်ထားတဲ့ ဖက်ဆစ်စနစ်ကို ဒီမိုကရေစီလို့ ဦးနှောက်မရှိတဲ့သူပဲ ယုံတယ်။ ဦးနှောက်ရှိတဲ့သူတွေ ဘယ်သူမှ လက်မခံဘူး။ အခုခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို လူသိမှာစိုးလို့ ကျောင်းမှာလည်း မပြောပြ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကို ဘယ်သူမှလည်း နေ့တိုင်းအလေးမပြုကြ၊ ပိုက်ဆံတွေ၊ ရုံးတွေ၊ စာသင်ကျောင်းတွေက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို
လည်း ရှင်တို့ကိုးကွယ်နေတဲ့ ကျက်သရေတုံးစစ်ခေါင်းဆောင်က ဖြုတ်ချထားမှတော့ ဖွဲ့စည်းပုံအတွက် ဗိုလ်ချုပ်အောင်ဆန်း ဘာပြောထားတယ်ဆိုတဲ့ အချက်တွေကိုတော့ ဘယ်သိတော့မလဲ။ သူများနိုင်ငံမှာ လွတ်လပ်ရေးဖခင်ကို ဘယ်လိုထားတယ်ဆိုတာ ပြန်လေ့လာပါ။

ဘယ်မှာလဲ မြန်မာနိုင်ငံမှာ အဲဒီမိစ္ဆာာကောင်တွေ အာဏာဓါးမြတိုက်လိုက်ပြီးနောက်ပိုင်း တဖြေးဖြေးနဲ့ ကွယ်ပျောက်အောင် လုပ်လိုက်တာ ဘယ်နေရာမှာမှ ဗိုလ်ချုပ် အရိပ်အယောင် ရှာမတွေ့တော့ဘူး။ သိတဲ့သူတွေလည်း မေ့ကုန်ပြီပေါ့။ ဒါကြောင့် သမိုင်းကို သေသေချာချာ ပြန်လေ့လာပါ။ ပြောင်းလဲမှုကို စတင်နေတာ မဟုတ်ဘူး တိုင်းပြည်ကို တရားမ၀င် ဖျက်ဆီးနေရာကနေ တရားဝင်ဖျက်ဆီးဖို့ ကြိုးစားနေတာ။

အခုအချိန် ဗိုလ်ချုပ်အောင်ဆန်းသာ ပြန်ရှင်သန်လာမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံအနေအထားကိုကြည့်ပြီးတော့  ဘယ်လိုပြောမလဲ သိချင်လိုက်တာ။ ဘာပဲပြောပြောဗျာ လိုဘကြီးတဲ့ သူ အုပ်ချုပ်ရင် အဲဒီလူဘယ်လောက်တော်တော် အဲဒီနိုင်ငံဟာ ဘယ်တော့ မှတိုးတက်မှာမဟုတ်ဘူးလို့ ထင်တာပဲ။
ငမူး

မိခင်နိုင်ငံရဲ့ သဘောသဘာဝ အခြေနေမှန် အခြေနေနဲ့အချိန်ခါအလိုက် နားလည်သိထားနေတဲ့ အသိပညာရှင် အတတ်ပညာရှင် တိုင်းရင်းသားပြည်သူအားလုံးကတော့ မျိုးချစ်စိတ်ဓာတ်အပြည့်ဝနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုးစုအလိုက် နေရာတွေမှာ ၀င်ရောက်ပြီး စစ်တပ်အုပ်ချုပ်မှုစနစ်ကနေ ဒီမိုကေ၇စီအုပ်ချုပ်မှုစနစ်တစ်ခုကိုပြောင်းလဲတဲ့အချိန်မှာ အချိန်မနှောင်းပဲ အမိဆုတ်ကိုင်ရယူရင်းနဲ့ တိုင်းပြည်အတွက် တတ်အားသရွေ့ထမ်းဆောင်နေကြတာ တွေ့မြင်ရတော့ ၀မ်းသာစရာပါပဲ။

ယခုဆိုရင် ယခင်က မရှိခဲ့ဘူးသော အနေထားမျိုးတွေမှာ ပြောင်းလဲမှုတွေစတင်နေလို့ ၀မ်းသာစရာတစ်ခုပါပဲ။နိုင်ငံတစ်ခုလုံးကို စစ်တပ်က အုပ်ချုပ်ကိုင်နေရာကနေ အာဏာကို ဖြန့်ဝေခွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေါ်ပေါက်လာပြီး မိမိလူမျိုး မိမိပြည်နယ်ဒေသအလိုက် တိုင်းရင်းသားခေါင်းဆောင် ၀န်ကြီးတွေ ဥပဒေချုပ်တွေ စီမံခန့်ခွဲမှုအပိုင်းတွေ အားလုံးအားလုံးမှာ မိမိတို့ဒေသအလိုက် တိုင်းရင်းသားတွေကိုယ်တိုင် စီမံကွပ်ကဲပြီး အာဏာကိုဖြန့်ဝေ သုံးစွဲခွင့်ရရှိလာတဲ့အတွက် ယခင်ကအခြေနေနဲ့ အများကြီးပြောင်းလဲသွားနေတာ အမှန်ပါပဲ။ယခုဆိုရင် မိမိလူမျိုး မိမိပြည်နယ်ကို မိမိတို့တိုင်းရင်းသားကိုယ်စားလှယ်တွေ မိမိတို့လူမျိုးခေါင်းဆောင်တွေကပဲ အုပ်ချုပ်စီမံခွင့်တွေရရှိလာမှာဖြစ်တဲ့အတွက် လူသားတိုင်း ရရှိသင့်သော အခွင့်ရေး တန်းတူအခွင့်ရေးအားလုံးကို ထိန်းသိမ်းကာကွယ်နိုင်တော့မှာဖြစ်တဲ့အတွက် ရှေ့ဆက်ပေါ်ပေါက်လာမယ့် နိုင်ငံသစ်ကတော့ အင်မတန် ကြိုဆိုသင့်တဲ့လမ်းစဉ်တစ်ခုပါပဲ။

ယနေ့ချိန်မှာ အပြစ်တင်နေကြတာ တိုင်းရင်းသားစာပေလွတ်လပ်ခွင့်တွေ ရိုးရာအစဉ်လာတွေကို ထိန်းသိမ်းအားပေးမှုတွေ လူ့အခွင့်ရေးကိစ္စတွေ ဒါတွေဟာ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် နိုင်ငံတော်သစ်အခင်းကျင်းမှာ မိမိပြည်နယ်ဒေသအလိုက် မိမိတို့တိုင်းရင်းသားခေါင်းဆောင်တွေအုပ်ချုပ်
တော့မှာဖြစ်တဲ့အတွက် ဒါတွေကို ဖြေရှင်းနိုင်တော့မှာဖြစ်တဲ့အတွက် အင်မတန် ၀မ်းမြောက်စရာတစ်ခုပါပဲ။

အတွေးတွေချော် အတွေးမှားတွေယူဆ အမှန်ကို အမှားလုပ် အမှားကို အမှန်လုပ်နေတဲ့ အစွန်းရောက်သမားတွေကတော့ တိုင်းပြည်ပြင်ပမှာ လွှင့်မျောနေကြပြီး ကြာလေကြာလေ မြောင်းပုပ်ထဲရောက်သွားကြရတယ်။တကယ်တမ်းကျတော့လည်း ဒီလူတွေဟာ တိုင်းပြည်အတွက် ဘာမှအသုံးမ၀င်တဲ့ အမှိုက်ထုပ်တွေပါပဲ။အမှိုက်ဆိုတဲ့ သဘောသဘာဝအရ ဦးတည်ချက် ရည်ရွယ်မချက် လေလာရင် လွှင့်မျောနေတဲ့ ဘ၀တွေပါပဲ။

ဦးတည်ချက် ရည်ရွယ်ချက် ခိုင်မာပြတ်သားတဲ့ ပြည်တွင်းက တိုင်းရင်းသားမျိုးချစ် ညီအကိုများကတော့ ဘေးပြောတာကိုမယုံပဲ သွေးပြောတာကိုယုံပြီး အတူတကွ လက်တွဲချီတတ်နေကြတာ မြင်ရတော့ နိုင်ငံအတွက် ၀မ်းသာပီတိဖြစ်မိပါသည်။

ကိုလွဏ်းဝေ

ကိုလွဏ်းဝေ ပြောထားတာကို နိုင်ငံရေးနားလည်တဲ့  ဒီမိုကရေစီဘက်တော်သား တစ်ယောက်က ပြန်ဆွေးနွေးဖို့ တောင်းဆိုပါတယ် သူကတိုင်းရင်းသား အကြောင်းပြောတဲ့  အတွက် ကရင်စစ်စစ် ဖြစ်တဲ့ ကျွန်တော်က စိတ်ဝင်စားလို့ ပါ
ငမူး

ငမူး

ကိုလွမ်းဝေ ပြောတဲ့ အဘက်ဘက်မှ တိုးတက်နေပါပြီဆိုတဲ့ စကားက စစ်အုပ်စုက နောက်လိုက်တွေ တောက်လျှောက် ပြောနေတဲ့ စကားလေ၊ အခုမှ ပြောတာမဟုတ်ဘူး။ ဘာတွေ တိုးတက်နေလဲ တိုင်းရင်းသားတွေမှာ ဘာအခွင့်အရေး ရှိနေလဲ။ တိုးတက်လာတာ ဘာမှ မတွေဘူး ဆုတ်ယုတ်လာတာပဲ တွေ့တယ်။ လမ်းတွေ ကောင်းလာတာရှိတယ်၊ အဲဒါသူတို့ စီးပွားရေးအတွက်ပဲ ပြည်သူလူထုက အဲဒီလမ်းတွေ ဖြစ်လာဖို့အတွက် အဓမ္မရွှေ့ပြောင်းခြင်း ခိုင်းစေခြင်း ခံခဲ့ရတယ်။ သူပြောတဲ့ အခွင့်အရေးတွေ ရှိနေရင် ဒီအခွင့်အရေးတွေ ရှိလျက်နဲ့ အခုလက်ရှိ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားတွေတောင် အပစ်အခတ် မရပ်တော့ဘဲ ဘာကြောင့် ပြန်ပြီး တိုက်နေရတာလဲ အဲဒါကို ငမူး မတွေးမိဘူးလား။ အဲဒါ လက်တွေ့မှာ လိမ်နေမှန်း သိလို့ဆိုတာ မတွေးမိဘူးလား။

စစ်အစိုးရက အခုမှ လိမ်လာတာ မဟုတ်ဘူး ၆၂ တုန်းကလည်း အာဏာသိမ်းပြီးတော့ သူတို့ဖါသာသူတို့ ဖွဲ့စည်းပုံကို ဆွဲပြီး ၇၄ မှာ အတည်ပြုလိုက်တယ်။ အဲဒီတုန်းကလည်း အရွယ်တူ ကြယ်ဖြူ ၁၄ လုံးနဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခု တန်းတူရည်တူ ရှိမှုကို ကိုယ်စားပြုတယ်လို့ ပြောတယ်။ အရင်က ပြည်နယ်အဖြစ် မရှိခဲ့တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို ပြည်နယ်အဖြစ် သတ်မှတ်ပေးပြီး အခုလိုပဲ အရင်လို မဟုတ်တော့ဘူး တိုင်းရင်းသားတွေမှာ ပြည်နယ်ရသွားတော့ ကိုယ့်ပြည်နယ် ကံကြမ္မာကိုယ် ကောင်းကောင်း ဖန်တီးလို့ ရပြီဆိုပြီး ပိပိရိရိ လိမ်ခဲ့တော့ ယုံတဲ့သူကလည်း ယုံကြတယ်။ ဟိုတုန်းက ယုံတာကို အပြစ်မတင်လိုဘူး ဦးနေ၀င်းက ဦးသန်းရွှေလို ဆွံ့အ နားမကြား မထုံတတ်တေးနဲ့ ဘုန်းကြီးတောင် ချမ်းသာမပေး သတ်တဲ့ ဗြောင်လိမ်ဗြောင်စားလုပ်သလို အပြင်သိပ်မပြူဘူး။ ပိပိရိရိနဲ့ သိုသိုသိမ့်သိမ့် လိမ်ခဲ့တယ်။ ပါးရည်နပ်ရည် သိပ်ရှိပြီး နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေနဲ့လည်း အထိုက်အလိုက် ဆက်ဆံလို့တတ်တော့ နိုင်ငံတကာ ဖိအားကိုလည်း အခုလောက် မခံခဲ့ရတော့ နိုင်ငံတကာကလည်း ဒီလောက်မသိဘူး။ အဲဒီတုန်းကလည်း ပြည်နယ်အဖြစ် သတ်မှတ်ပေးပြီး ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်လို့ ရပြီဆိုပြီး ပြောခဲ့တာပဲ ဘယ်မှာလဲ တိုင်းရင်းသားအခွင့်အရေး အကုန်လုံးကို ဗဟိုကပဲ ဦးစီးချုပ်ကိုင်လို့ ပြည်တွင်းစစ် အခုထိ ရှိနေတယ်။

အခုထပ်လိမ်ပြန်ပြီ ဗြောင်လိမ်တာနဲ့ ပိပိရိရိ လိမ်တာ နည်းနည်းပဲ ကွာပေမဲ့ ဥာဏ်နီဥာဏ်နက်နဲ့ လိမ်တာတော့ ချွတ်စွပ်တူတယ်။ ဦးနေ၀င်းတုန်းက ပြည်သူလူထုက ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်ပြောထားခဲ့လို့ ကြိုက်မှန်းသိတော့ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်ဆိုပြီး နိုင်ငံကို အဆင်းရဲဆုံး ဖြစ်အောင် လုပ်ပစ်တယ်။ အခုကော ပြည်သူလူထုက ဒီမိုကရေစီကို တောင်းဆိုနေပြီး ၉၀ ခုနှစ်က NLD ကို အပြတ်အသတ် မဲပေးခဲ့တော့ အာဏာမလွဲပေးဘဲ ပြည်သူ့ ကိုယ်စားလှယ်မပါဘဲ သူတို့ဖါသာသူတို့ ဖွဲ့စည်းပုံ ရေးဆွဲပြီးတော့ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ပေးမယ်လို့ ဗြောင်လိမ်နေတယ်။ ဒီမိုကရေစီလား ဖက်ဆစ်စနစ်လားဆိုတာ ပြုမူနေတဲ့ ပုံကိုကြည့်ပြီး မသိနိုင်ဘူးလား။

ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ခွဲထွက်ရေးလို့ နားမလည်တဲ့ ပြည်သူကို ၀ါဒဖြန့်တယ်။ စစ်တပ်က ပညာရှိ ဆိုသူတွေကလည်း ဒါကိုယုံကြတယ်။ ငမူး သိထားဖို့က မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စကို တည်ဆောက်နိုင်မှ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး အပြည့်အ၀ရမှာ ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စုအကြောင်း၊ ဖတ်ချင်ရင် အီးမေးလ် ချန်ထားခဲ့ပါ Link ကို ပို့ပေးလိုက်မယ်။ ကရင် တယောက် ဖြစ်တယ်ဆိုတာ သိရလို့ ကရင်တွေ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးလုပ်တယ်ဆိုတာ လေ့လာသင့်ကြောင်း အကြံပြုပါတယ်။

ကျွန်တော် သိသင့် သလောက်တော့  သိပါတယ်။ အရိုးသားဆုံးဝန်ခံရင် နိုင်ငံရေးတော့  သိပ်မသိပါဘူး။ အဲဒါကြောင့်  တောင်းဆိုလိုက်တာပါ။
ငမူး

ငမူး ရဲ့တောင်းဆိုမှုအရ တုံ့ပြန်ရေးသားလိုက်ပါတယ်။
ကိုလွမ်းဝေဆိုသူ ရေးသားတဲ့အချက်တွေကို အနှစ်ချုပ်ရရင်-
၁) မြန်မာနိုင်ငံဟာ ဒီမိုကရေစီစံနစ်ကို သွားနေပြီဖြစ်လို့ကြိုဆိုရမယ်
၂) တိုင်းရင်းသားတွေလဲ နေရာ ရလာကြပြီ၊ အာဏာ စစ်တပ်က ချုပ်ကိုင်ထားရာ အခုဆို တိုင်းရင်းသားတွေကိုပါ power sharing လုပ်ထားပြီ
၃) တိုင်းရင်းသားတွေဟာ သူတို့ယဉ်ကျေးမှု၊ စာပေတိုးတက်ပျံ့ပွားရေးအတွက် လုပ်နိုင်ကြတော့မယ်။

အဆိုပါ အချက်များဟာ ဘာနဲ့တူသလဲဆိုတော့ ကျောက်ဆည်ဆင်ကြီးဟာ ကြီးလဲကြီးတယ်၊မဲလဲမဲတယ် တကယ့်ဆင်ကြီးလိုပဲလို့အပြင်ပန်းကြည့်ပြီးပြောနေသူနဲ့တူပါတယ်။ အတွင်းဝင်ကြည့်မှ ပိတ်စအမဲကြီးအောက်မှာ ဟောင်းလောင်းကြီးဖြစ်နေတယ်။
အဲဒီလိုပါပဲ အခုပုံစံချထားတဲ့ လွှတ်တော်နဲ့ အခင်းအကျင်းကိုကြည့်ပြီး အထက်ပါ ၃ချက်နဲ့ပြည့်စုံတော့မှာဖြစ်တဲ့ အတွက် ကြိုဆိုရမယ်လို့ ပြောရင် လက်တွေ့မကျတဲ့ ၀ါဒဖြန့်သပ်သပ်သာ ဖြစ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတာ ရှင်းပြပါမယ်။

အခုသွားနေတဲ့ လွှတ်တော်စနစ်ကို ကြည့်ပါ။ လွှတ်တော်ဟာ ဥပေဒပြုရေးသက်သက်ပဲဖြစ်ပြီး အုပ်ချုပ်ရေးနှင့် လားလားမျှ မဆိုင်ပါ။ လွှတ်တော်ဟာ rubber stamp အဆင့်တောင် ရှိပါ့မလား၊ ဟန်ပြသက်သက်ဖြစ်နေသလားလို့ သံသယဖြစ်ဖွယ်အချက်တွေများစွာရှိပါတယ်။ လွှတ်တော်အမတ်များဟာ ဒီနေ့ဘာဆွေးနွေးမယ်ဆိုတဲ့ Agenda တွေကိုတောင် ကြိုမသိကြပါဘူး။ တရက်ဆွေးနွေးမယ့်အကြောင်းကို အဲဒီမနက်လွှတ်တော်ခန်းရောက်မှ သိကြရတယ်။ ကိုယ်တင်ချင်တဲ့ အဆိုကိုလဲ အနည်းဆုံး ၁၀ရက်ကြိုတင်ပြီး ဆွေးနွေးခွင့်ပြုမယ်၊ မပြုဘူးဆိုတာလဲ မသိကြပြန်ပေဘူး (အားကိုးလောက်စရာပဲ)။ တရက်ဆို လွှတ်တော် စည်းဝေးချိန် ၁၀မိနစ်ပဲရှိသတဲ့။ ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌခန့်တဲ့အကြောင်း လွှတ်တော်ဥက္ကဌက ၅မိနစ်ခန့် ဖတ်ပြတာကို နားထောင်ပြီး ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော်နားလို့ အလုပ်ပြီးသွားကြတယ်။ ကြံ့ဖွတ်မဟုတ်တဲ့ အင်အားစုများ၊ တကယ့် တိုင်းရင်းသားပြည်နယ်များက မှန်ကန်စွာရွေးချယ်တင်မြှောက်လိုက်သူများမှာ အုပ်ချုပ်ရေးအာဏာမပြောနှင့်၊ ဥပဒေပြုရေးမှာပင် ဘာမှလုပ်ပိုင်ခွင့်မရှိပါ။ ကြံ့ဖွတ်နှင့် စစ်တပ်ကိုယ်စားလှယ် နှစ်ရပ်ပေါင်းဖြင့် လွှတ်တော်အတွင်း လွှမ်းမိုးထားပါတယ်။

တိကျတဲ့ဥပမာပေးပါ့မယ်။ ရခိုင်ပါတီ RNPDဟာ ရခိုင်ပြည်နယ်မှာ မဲစုစုပေါင်း ၃၈%နိုင်ပြီး၊ ကြံ့ဖွတ် ၃၀%၊ စစ်တပ် ၂၅% ဖြစ်တယ်။ အဲဒီကိန်းဂဏန်းအရဆို စစ်တပ်သာ သမာသမတ်ကျရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် RNPD ကပဲ ရရမှာပါ။ အခုကတော့ ကြံ့ဖွတ်က တင်သွင်းသူ ဦးလှမောင်တင်ပဲ ရပါလိမ့်မယ်။ အလားတူပဲ ချင်းပြည်နယ်မှာလဲ၊ ချင်းပါတီ ၂ခုပေါင်း ဟာ ကြံ့ဖွတ်ထက် သာပေမယ့် ကြံ့ဖွတ်အမတ်ပဲ ၀န်ကြီးချုပ်ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားစစ်စစ်ကို ကိုယ်စားပြုတဲ့ပါတီတွေမှာ အောင့်သက်သက်နဲ့ သိသိကြီးနဲ့ခံစားနေရတယ်ဆိုတာ ချင်းပါတီဥက္ကဌ ဦးဇိုဇမ်၊ ရခိုင်က ဒေါက်တာအေးမောင်တို့ ပြောကြားကြတာတွေကို ကြားရရင် အရှင်းလင်းကြီးပါ။ သူတို့တတွေဟာ ကိုယ့်လူမျိုးအတွက် ရသလောက်လေး ၀င်ကြိုးစားကြည့်ကြမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ကြတာဆိုတာတော့ မမှားပါဘူး။ ဒါပေမယ့် ထို တိုင်းရင်းသားများကိုယ်တိုင် ရတဲ့ space ဟာသိပ်ကျဉ်းလွန်းအားကြီးလို့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာ၊ ဒီလွှတ်တော်အခင်းအကျင်းအတွက် တိုင်းရင်းသားတွေကြိုဆိုကြလိမ့်မယ်ပြောတာ မြန်မာ့အလင်းက ၀ါဒဖြန့်နဲ့ အတူတူပါပဲ။

ဒါကြောင့် စစ်မှန်တဲ့ power sharing ဆိုတာ လက်ရှိအခြေအနေအရဆို မဖြစ်နိုင်ဘူးလို့ပဲ ကောက်ချက်ချရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် စာပေပြန့်ပွားရေးကတော့ ဘယ်လောက် လုပ်ပိုင်ခွင့်ရှိလာမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ အဲသလိုလုပ်ပိုင်ခွင့်ဆိုတာ ကြံ့ဖွတ်ထဲက တိုင်းရင်းသား ၀န်ကြီးတွေ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိမလဲ၊ အရင်လိုပဲ အဓိက အာဏာကို အပေါ်ကချုပ်ကိုင်ထားပြီး အရေးသိပ်မကြီးတဲ့ ကိစ္စလေးတွေလောက်ပဲ တိုင်းရင်းသားဝန်ကြီးများ လုပ်ခွင့်ရှိကြဖို့က များပါတယ်။
အဆုံးမှာပြောချင်တာကတော့ ပြည်တွင်းက တိုင်းရင်းသားလူမျိုးစုများဟာ ပျော်ရွှင်အားတက်စွာနဲ့ နိုင်ငံရေးစနစ်အသစ်ကြီးကို တကယ်ပဲသွားနေကြသလားလို့ ကြည့်ရရင်တော့ ထိုတိုင်းရင်းသား ပါတီ အမတ်မင်းများရဲ့ စိတ်ပျက်လက်ပျက် အသံများက သက်သေကောင်းကောင်းခံနေလျက်ပါ။

ကိုလွမ်းဝေဆိုသူ ရေးထားတာလေးတွေထဲက တချို့ကို ထုတ်နှုတ်ကြည့်ရအောင် ။

- “ပွင့်လင်းမြင်သာ တန်းတူညီတူ ခံစားရမှု ရှိလာမှာတော့ အမှန်ပါပဲ။”
- “ဒီမိုကရေစီစနစ်ကို ကူးပြောင်းသွားနေပြီ ဆိုတဲ့အတွက် ကြိုဆိုသင့်တဲ့ အရာတစ်ခုပါ။”
- “ပြောင်းလဲမှုကို စတင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အများကြီး ဂုဏ်ယူမိပါတယ်။”
- “တိုင်းပြည်အတွက် တတ်အားသရွေ့ ထမ်းဆောင်နေကြတာ တွေ့မြင်ရတော့ ၀မ်းသာစရာပါပဲ။”
- “ရှေ့ဆက်ပေါ်ပေါက်လာမယ့် နိုင်ငံသစ်ကတော့ အင်မတန် ကြိုဆိုသင့်တဲ့ လမ်းစဉ်တစ်ခုပါပဲ။”
- “ဒါတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် အင်မတန် ၀မ်းမြောက်စရာ တစ်ခုပါပဲ။”
- “ဘေးပြောတာကိုမယုံပဲ သွေးပြောတာကိုယုံပြီး အတူတကွ လက်တွဲချီတတ်နေကြတာ မြင်ရတော့ နိုင်ငံအတွက် ၀မ်းသာပီတိဖြစ်မိပါသည်။”

ကြိုဆိုသင့် ၊ ဂုဏ်ယူ ၊ ဝမ်းသာစရာ ၊ ဝမ်းမြောက်စရာ ၊ ဝမ်းသာပီတိ = ကောင်း ၊ မှန် ၊ သင့်တော် ၊ လက်ခံကြပါလို့ အဓိပ္ပါယ်ဖွင့်ရင် မှားများသွားနိုင်မလား ။ ကြော်ငြာရဲ့ သဘောသဘာဝတွေကို သင်ဖူးသူတွေအနေနဲ့ ဘယ်လိုသဘောထားကြမလဲ ။

ပထမတစ်ကန့် တွေးမြင်ကြည့်တာပါ ။

ကိုလွဏ်းဝေ ဆိုသူရဲ့ မှတ်ချက်တွေကို ဒုတိယတစ်ကန့် တွေးကြည့်မြင်ကြည့်ဖို့ စိတ်ကူးမိတယ် ။ ဒါပေမယ့် အသေချာဖတ်တော့ မှတ်ချက် ၃ ခုလုံးဟာ ဒီမိုကရေစီရယ် တိုင်းရင်းသားပြည်သူရယ် အာဏာခွဲဝေမှု သုံးမျိုးထဲနဲ့ ချာလပတ်လည်နေတာ တွေ့မိလို့ များများစားစား ရေးစရာတော့ မရှိလှပါဘူး ။ အချို့အချက်တွေကိုပဲ ကွက်ကျားမှတ်ချက်လေးပဲ ပေးသွားကြည့်ပါ့မယ် ။

“အဓိက စနစ်တစ်ခုကို စတင်အကောင်ထည်ဖော်ဖို့က ပထမအရေးကြီးတယ်” လို့ ကိုလွဏ်းဝေပြောထားတယ် ။
ဒီမိုကရေစီစနစ်ကို ပြောတယ်လို့ ယုံကြည်ပါတယ် ။ ဒီမိုကရေစီကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆို အကောင်အထည် ဖေါ်မလဲဆိုတာ စိတ်ဝင်စားမိတယ် ။ ဘာလို့လည်းဆိုတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ နာမည်တပ်ပြီး ကိုယ့်လမ်းကိုယ်ထွင်တဲ့ (အာဏာရှင်တွေရဲ့) အမျိုးသားရေး ဒီမိုကရေစီပုံစံမျိုး ကမ္ဘာမှာ အနည်းဆုံး ၆ ခု ရှိခဲ့ပြီး အဲဒီအထဲမှာမှ ယာယီလူကြိုက်များခဲ့တာ ၃ ခုလောက်ပဲ ရှိခဲ့တယ် ။ ကနေ့မှာလည်း အဲဒီစနစ်တွေ ပြိုပျက်ပြောင်းလဲခဲ့ပါပြီ ။ (ဒီမိုကရေစီနဲ့ ပတ်သက်လို့တော့ နောင်ကိုပို့စ်တွေ သီးသန့်ရေးပါ့မယ်)။

အပေါ်မှာ ကိုကျော်ထင်လည်း အတော်ထောက်ပြ ပြီးသွားပါပြီ ။ နည်းနည်းထပ်ဖြည့်ချင်တာကတော့ အရင်ကလည်း ဗဟိုအဆင့် အုပ်ချုပ်ရေးတွေအထိ တိုင်းရင်းသားတွေ ရောက်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဘောင်ကျဉ်းကျဉ်းလေးထဲပဲ လုပ်ကိုင်ခွင့်ရှိခဲ့တာပါ ။ ခုလုပ်ဖို့ကြိုးစားနေတဲ့ ပုံစံမှာလည်း အားရစရာ ဘာမှမမြင်မိတာမို့ အတိအကျ တင်ပြအဆိုပြုနိုင်ရင်တော့ အတိအကျပြန်ဆွေးနွေးဖို့ အားထုတ်မှာ မှန်ပေမယ့် လောလောဆယ်အထိတော့ သတင်းစာတွေထဲက တွေ့နေကျ ဝါဒဖြန့်ဖြီးလုံးတွေနဲ့ ဆင်တူနေလို့ နေသာသလိုသာ နေလိုက်ရပါကြောင်း ...

ကိုကျော်ထင်နဲ့ ကိုမန်းကိုကိုတို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ကြက်တူရွေးစာရွတ်သလို ရွတ်နေတာကို ပြန်ပြောနေဖို့ ဆန္ဒမရှိတာနဲ့ ထားလိုက်ပါတယ်။ သူတို့ခမျာလည်း သနားစရာ အပေါ်က ဘာလိမ်လိမ် အကုန်ယုံပြီး ကိုယ်ပိုင်ဦးနှောက်ကို အသုံးမချနိုင်ရှာဘူး။

အစ်ကိုတို့  အစ်မတို့ ကို ကျေးဇူးတင်ပါတယ် ခေတ်စကားအရပြောရရင် လာပြီးပွားနေတာကို ကျွန်တော်လည်း မျောပါသွားသလို ဖြတ်သွားတာပါ
ငမူး

ဒီနေ့ခေတ်လူတွေဟာ အပေါ်တွေအောက်တွေရဲ့စကားတိုင်း ယုံကြနေကြတာမဟုတ်ဘူးဗျ။ လက်တွေ့ဖြစ်တည်နေမှုအပေါ်မှာပဲ သက်သေနဲ့ပဲယုံတာပါ။
မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဟာ အထက်က အပေါ်က ဟိုးအထက်က အမြင့်ဆုံးက သူတွေပြောလို့ လိုက်ပြီး ပြောနေတာမဟုတ်ဘူးဗျ။မြန်မာပြည်သူတွေကိုယ်တိုင် ပြောင်းလဲမှုတွေကို လက်တွေ့မြင်နေရပြီဖြစ်လို့ ပြောင်းလဲမှုတွေကို အတိုင်းအတာတစ်ခုထိ ပြောင်းလဲနေပြီဆိုတာတော့ အားလုံးက လက်ခံထားကြပြီဗျ။လက်မခံလို့လည်းမရဘူးလေ တကယ်လည်း ပြောင်းလဲမှုတွေ စတင်နေတာကိုး။

ဒါကြောင့် ပြောင်းလဲမှုကိုလက်တွေ့လုပ်နေတာကို အကောင်းမမြင်နိုင်ရင်တော့ အဆိုးမြင်ဝါဒီထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ဒီတော့ လက်တွေ့ပြောင်းလဲနေတာတွေကို မြင်လို့ မြင်တဲ့အတိုင်းပြောတာကို အထက်တွေ အောက်တွေ ဘေးတိုက်တွေပြောတိုင်း ယုံနေတဲ့သူတွေလို့ဆိုတော့ ကျုပ်ဖြင့် ရီရတာ ဖက်ဖက်ကိုမောလို့ဗျာ။

မောင်ငမူးတို့လည်း ပိုတောင် ပတ်ချာလည် မူးသွားပြီထင်ပါရဲ့ဗျာ။ကဲပါ ဒါတွေထားလိုက်ကြဦး ကျုပ်တို့ ထန်းတောထဲသွားရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရအောင်ဗျာ။ထန်းတောထဲမှာ မောင်ငမူးအတွက် အထူးဧည့်ခံဖို့ ပြင်ဆင်ထားပါတယ်။

ကိုလွဏ်းဝေ

ကိုလွဏ်းဝေပြောတဲ့ “အတိုင်းအတာတစ်ခုထိ ပြောင်းလဲနေပြီဆိုတာတော့ အားလုံးက လက်ခံထားကြပြီဗျ” စာပိုဒ်လေးကို ငြင်းနိုင်မယ့်သူ သိပ်ရှိလှမယ်တော့ မထင်ပါဘူး ။

ကျနော်လည်း လက်ခံပါတယ် ။ ဒါပေမယ့် မြင်တာတစ်ချက်နှစ်ချက် ပြောမယ်နော ။ သိပ်တော့ မရယ်နဲ့ဦးဗျ ၊ ဖတ်ဖတ်မောနေပါ့မယ် ။

- ကုလားကြီးကနေ အရာကြီးလို့ ပြောင်းခေါ်ရင် ၊ မသာကို အသုဘလို့ ပြောင်းခေါ်ရင်လည်း ပြောင်းတာပါပဲ ။

- ကျီးအားလုံးသည် မည်း၏ ၊
ကပ္ပလီအားလုံးသည် မည်း၏ ၊
ထို့ကြောင့် ကျီးများအားလုံးသည် ကပ္ပလီများဖြစ်ကြ၏ ။
ဤအဆိုသည် မှန်သောကြောင့် လက်မခံသူများသည် မှားကြ၏ ။

- ဘေးပြောတာကိုမယုံပဲ သွေးပြောတာကိုယုံပြီး အတူတကွ လက်တွဲချီတတ်နေကြတာ မြင်ရတော့ နိုင်ငံအတွက် “၀မ်းသာပီတိဖြစ်မိပါသည်”။ (ဝါဒဖြန့် စာစကား ~ အစချီ)

အကောင်းမမြင်နိုင်ရင်တော့ “အဆိုးမြင်ဝါဒီ” ထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ (လူတိုင်းသိ ကြွေးကြော်ချက် ~ အဆုံးသတ်ရိုက်ချက်)

ဒီစာနှစ်ကြောင်းပေါင်းရင် ကိုလွဏ်းဝေရဲ့ ဇစ်မြစ်က ထင်ရှားလာပါတယ် ။

“ကဲပါ ဒါတွေထားလိုက်ကြဦး ကျုပ်တို့ ထန်းတောထဲသွားရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရအောင်ဗျာ။ထန်းတောထဲမှာ မောင်ငမူးအတွက် အထူးဧည့်ခံဖို့ ပြင်ဆင်ထားပါတယ်။” = ကဲ ခင်ဗျားတို့လည်း ကျုပ်အကြောင်း သိနေမှတော့ .. လာဗျာ .. မိတ်ဆွေတွေလိုပဲ နေသွားကြရအောင် .. (အချို့လည်း ဒါကို “ဖေါရှော” လို့ ခေါ်ကြပါတယ်။)

မရယ်ကြပါနှင့် ဖတ်ဖတ်မောနေနိုင်ကြပါသည် ။

ရွှေမန်း

ဒီကနေ့ ပြည်ထောင်စုစနစ်ကို မတည်ဆောက်နိုင်သေး တာဟာ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့်လို့ဘဲ ပြောကြမှာပါ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေကရော ပြည်ထောင်စုဆိုတဲ့ ပေါင်းစည်းနေထိုင်ရေး၊ အာဏာခွဲဝေကျင့် သုံးရေး၊ တန်းတူရေးဆိုတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ယုံ ကြည်လက်ခံကြပြီလား။ ဥပမာ၊ ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ဗမာပြည်နယ်ဆိုရင်ကော ဗမာတွေအားလုံးလက်ခံနိုင်ကြမှာလား။မဟာလူမျိုးကြီး
ဝါဒကင်းစင်ပျောက်ကွယ်ပြီဆိုရင်တော့ အတိုင်းထက်အလွန်ပါဘဲ။ ကျနော်တို့ဖက်က တွေဘက်က ကြိုဆိုလက်ခံပါတယ်။ နောက်ပြီး တိုင်းရင်းသားဆိုတဲ့အခေါ်အဝေါ်ကိုလည်း သတိပြုသင့်ပါတယ်။ ပြည်ထောင်စုစနစ်ကို ချီတက်ဖို့ ဆိုတာက ဗမာတွေအစပြုပြီး ပြည်ထောင်စု စိတ်ဓါတ်ရှိဘို့လိုအပ်နေပါတယ်။ လူမျိုးစုတွေဖက်က ပြောစရာမလိုပါ။ ဗမာနိုင်ငံရေးသမားတွေ ဖျက်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စုစနစ်ကို ဗမာတွေဘက်ကနေအရင်ဆုံး ခံယူ တည်ဆောက် ဘို့ လိုအပ်ပါတယ်လို့ မှတ်ချက်ပေးလိုပါတယ်။

လူ ၊ သံဃာ ၊ ဘုန်းကြီးများကို သတ်တဲ့ခေါင်းဆောင်
များ၏ သွေးစွန်းသောလက်များဖြင့် ဒီမိုကရေစီနိုင်ငံတော်
သစ် တည်ထောင်မယ်တဲ့လား...
ဘာများဝမ်းသာစရာရှိလို့လဲ...
ဘာကိုများကြိုဆိုရမှာလဲ...
ဘာကိုများဝမ်းမြောက်...ပီတိဖြစ်စရာရှိလို့တုန်း...

ဖားမင်းဆွေ နောင်တော်ကြီး လွဏ်းဝေ ရဲ့.....!

She is a leader but dosent use her brain because she talked about Pinlong confrence.How can she do without goverment permission?It will take more than 1 week.How can insurgents leaders can come?How they divide the lands?Need to think first before she talk.Where is the second Pinlong confrence right now?

°
March 2, 2012


သမိုင်းမဟုတ်သော ပုံပမာတစ်ခု ပေးပါမည်။ ချိုင်းနီးစ်လူမျိုးများနှင့် ဗမာလူမျိုးများ ဗြိတိသျှနယ်ချဲ့ကို အတူတကွ တွန်းလှန်ခဲ့ကြသည် ဆိုပါစို့။ လွတ်လပ်ရေး ပေးရတော့မည့် အနေအထားတွင် ဗြိတိသျှတို့မှ ချိုင်းနားပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ဗမာပြည်ကို အကြောင်းအမျိုးမျိုး ပြကာ ချန်လှပ်ထားလိုသည်။

ဗမာခေါင်းဆောင်များမှလည်း လွတ်လပ်ရေး ဆက်လက် ဆုံးရှုံးမည်ကို စိုးရိမ်သည်။ ထင်ရှားကျော်ကြားပြီး သမာသမတ် ရှိဟန်တူသော ချိုင်းနီးစ်ခေါင်းဆောင်များမှလည်း အတူတကွ လွတ်လပ်ရေးယူဖို့ရန် လာစည်းရုံးသည်။ "ချိုင်းနီးစ် တစ်ယွမ်ရလျှင် ဗမာလည်း တစ်ယွမ် ရစေရမည်" ဟု ပြောသည်။ ဗမာခေါင်းဆောင်များမှလည်း ချိုင်းနီးစ်ခေါင်းဆောင်ကြီးကို ယုံကြည်သည်။

ထို့ကြောင့် လုံပင်မြို့တွင် ညီလာခံကြီးတစ်ရပ်ကျင်းပကာ ချိုင်းနားပြည်နှင့် ဗမာပြည် လွတ်လပ်ရေးပူးပေါင်းရယူရန် သမိုင်းဝင် "လုံပင်စာချုပ်" ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ လွတ်လပ်ရေး ရခါနီးတွင် အထင်ကရ ချိုင်းနီးစ်ခေါင်းဆောင်ကြီး လုပ်ကြံ သတ်ဖြတ်ခံလိုက်ရသည်။ ဗမာတို့ အနာဂတ်အတွက် စိုးရိမ်ကြသည်။ သို့သော်လည်း ဘာမှ မတတ်နိုင်။ "အခြား ချိုင်းနီးစ်များလည်း သူတို့ ခေါင်းဆောင်ကြီး၏ လမ်းစဉ်ကို ဆက်လျှောက်ကြလိမ့်မည်" ဟု ယုံကြည်သည်။ "ကိစ္စမရှိ" ဟု ယူဆကြသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက်တွင် နယ်ချဲ့တို့ ပေးသော တိုင်းပြည်အမည် "ချိုင်းနား" ကို မသုံးနိုင်ဟုဆိုကာ "ပြည်ထောင်စု ကျုံးကော့ နိုင်ငံတော်" ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ကြသည်။ နောက်တော့ တဖြည်းဖြည်းနှင့် "ချိုင်းနီးစ်စာက ကျုံးကော့စာ၊" "ချိုင်းနီးစ်စကားက ကျုံးကော့စကား၊" "ချိုင်းနီးစ်ယဉ်ကျေးမှုက ကျုံးကော့ယဉ်ကျေးမှု" ဖြစ်လာသည်။ ဗမာတို့ကတော့ "ချိုင်းနီးစ်တွေက လူမျိုးကြီးပဲ" ဟုယူဆကာ "ဖြစ်သင့်တာပေါ့" ဟု ဖြေသိမ့်ကြသည်။ လွတ်လပ်ရေး အတူတကွ ရယူရန် ချုပ်ဆိုခဲ့သည် လုံပင်စာချုပ် ပါ ကတိက၀တ်များကိုလည်း လျစ်လျူရှုခဲ့ကြသည်။

စာသင်ကျောင်းများတွင်လည်း ချိုင်းနီးစ်သမိုင်းကို "ကျုံးကော့သမိုင်း" ဟု ပြဌာန်း သင်ကြားကြသည်။ ချိုင်းနီစ်အင်ပါယာများအကြောင်း၊ ဘုန်းတန်ခိုးကြီးသော ချိုင်းနီးစ်ဘုရင်များအကြောင်းကို "ကျုံးကော့ ဘုရင်များ" ဟု ခေါင်းစဉ်တပ်ကာ သင်ကြားကြသည်။ ဗမာကလေးများ ကြိုးစားပမ်းစား လေ့လာကျက်မှတ်ကာ တစ်နှစ်တစ်တန်း အောင်မြင်ခဲ့ကြသည်။ မိမိကိုယ်ကို ချိုင်းနီးစ် မဟုတ်မှန်း သိလျက်နှင့်ပင် ဗမာကလေးများ ဂုဏ်ထူးများ ရရှိနိုင်အောင် ကြိုးစားကြသည်။ ကိစ္စမရှိ။ မိမိနိုင်ငံအတွင်းမှ ကမ္ဘာ့သမိုင်းဟုပင် မှတ်ယူကြသည်။

ထိုမျှမက အင်မတန် ဘာသာရေး ကိုင်းရှိုင်းသည် ဆိုသည့် ချိုင်းနီးစ်ခေါင်းဆောင်ကြီးက "မဟာယနဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်မည်" ဟု ဆိုလာသောအခါကြမှ ထေယျဝါဒဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်ကြသော ဗမာလူမျိုးတို့၏ သည်းခံနိုင်မှု ကုန်ဆုံးသွားလေသည်။ ထိုအခါမှ "မဟုတ်တော့ဘူး" ဆိုတာ သဘောပေါက်ကြသည်။

°
ပြည်ထောင်စုကျုံးကော့နိုင်ငံတော်၏ နောက်ပိုင်း ချိုင်းနီးစ်အစိုးရများက ပိုဆိုးလာသည်။ "ကျုံးကော့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ" ဟု ခေါင်းစဉ်တပ်ကာ ချိုင်းနီးစ်ယဉ်ကျေးမှုပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ တဖြည်းဖြည်းနှင့် ချိုင်းနီးစ်များပင်လျှင် မိမိကိုယ်ကို ချိုင်းနီးစ်ဖြစ်သည်ကို အမှတ်တမဲ့ ဖြစ်လာသည်။ "ကျုံးကော့" ဟူသော အသုံးအနှုံး တွင်ကျယ်လာသည်နှင့် အမျှ ကျုံးကော့နိုင်ငံတော် အစိုးရအမတ်မင်းများပင်လျှင် မိမိကိုယ်ကို ကျုံးကော့လူမျိုးဖြစ်ကြောင်း ပြောဆိုလာကြသည်။ ကျုံးကော့တပ်မတော်တွင် အမှုထမ်းကြသော ဗမာအရာရှိများ ချောင်ထိုးခံထားကြရသည်။ တပ်မှူးရာထူးများသည် ဗမာများအတွက် မဟုတ်ပေ။ ဒီကိစ္စကိုတော့ အကျယ်တ၀င့် မပြောလိုတော့။

အမျိုးသားရေး၊ နိုင်ငံရေး ညီတူညီမျှ မဖြစ်မှုကိုသာ အလေးပေးဖော်ပြလိုသည်။ လုံပင်စာချုပ်ပါ ဖယ်ဒရယ်မူကို လက်တွေ့အကောင်အထည်ဖော်ရန် ပြောလိုက်တိုင်း ချိုင်းနီးစ်ဝန်မင်းကြီးများ လူအ, ကြီးလို အသံတိတ်သွားလေ့ရှိသည်။ ဗမာတွေကို ခွဲထွက်ရေးသမားများ ဖြစ်ကြောင်း၊ သောင်းကျန်းသူ အဖျက်သမားများ ဖြစ်ကြောင်း "ကျုံးကော့အမှောင်၊" "ခြင့်ဇိ" (鏡子) စသည့် သတင်းစာများမှ တဆင့် နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဘေကျင်းမြို့တော်အပါအ၀င် အခြားမြို့ပြဒေသများမှ ချိုင်းနီးစ်လူမျိုး တော်တော်များများသည် "ဗမာဆိုလျှင် ကျုံးကော့ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေသူများဖြစ်သည်" ဟု ထင်ကြသည်။ ချိုင်းနီးစ် အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လျူရှောင်ဘိုသည်ပင်လျှင် "ဗမာတွေရဲ့ လိုလားတောင့်တမှုကို ကောင်းမွန်စွာ နားလည်ရဲ့လား" ဟု ဗမာများ မေးခွန်းထုတ်ကြသည်။

ဒီကနေ့ ကာလမှာပင်လျှင် ပြည်ထောင်စုကျုံးကော့နိုင်ငံတော် ချိုင်းနီးစ်အစိုးရက ဗမာများကို ထိုးစစ်ဆင် တိုက်ခိုက်စစ်လျက်ရှိသည်။ ကွန်မြူနစ်ပါတီဥက္ကဌကြီးကတော့ စစ်ဆင်ရေးမလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း အလျဉ်းသင့်တိုင်း ပြောလေ့ရှိသည်။ သို့သော် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင် လုပ်ဆောင်ရန် ဘတ်ဂျက်မရှိသဖြင့် အောက်ခြေသို့ အမိန့် ဆက်လက် စီးဆင်းရောက်ရှိရန် ခက်ခဲနေပေသည်။ အနောက်အုပ်စုမှလည်း "စစ်ပွဲရပ်မှ ဆန်ရှင်ရုပ်မည်" ဆိုသဖြင့် ကြက်ဥနှင့် ကြက်မ အစရှာမရသလို ဖြစ်နေသည်။ ဗမာပြည်သူတွေကတော့ အလူးအလိမ့် ခံနေရသည်။

မည်သို့ပင် ဆိုစေကာမူ ကျုံးကော့ (ချိုင်းနီးစ်) အစိုးရ အနေဖြင့် ဗမာများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို အမြန်ရပ်ဖို့ လိုသည်။ "ရပ်ဆိုင်းသည်" ဟု ဆိုရာဝယ် "ချိုင်းနီးစ်တပ်များ ခြွင်းချက်မရှိ ရုပ်သိမ်းခြင်း" သည်လည်း အကျုံးဝင်ရမည် ဖြစ်သည်။ အမျိုးသားရေး တန်းတူမျှတရန်အတွက် ဗမာတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုမှုကို ကျုံးကော့ (ခေါ်) ချိုင်းနီးစ်အစိုးရ အနေဖြင့် "လုံပင်ကတိက၀တ်" ကို အခြေခံသော နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။

ဗမာလူမျိုးများ ဆင်းရဲတွင်းမှ အမြန် လွတ်ငြိမ်းကြပါစေကြောင်း၊ တန်းတူညီမျှ အခွင့်အရေးရရှိသော လူမျိုးများ အမြန် ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Hpunggan Zau Man

(Credit - pahteepakaw)

အမှန်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲခြင်း မဟုတ်ပါ၊ ပြည်ထောင်စု အစဉ်ထာရ၀ တည်မြဲဖို့ရန် စစ်မှန်တဲ့ စည်းလုံးခြင်းသာ ဖြစ်သည်။

ကချင်ဒူဝါ

.
June 24, 2012


ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး မငြိမ်းနိုင်ခြင်းသည် ခေတ်အဆက်ဆက် အရိုးစွဲနေပြီ ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး ကို ဖယ်ဒရယ် နှင့် ဆန့်ကျင်ဖက် သဘောထား ဆောင်သော အမြင်ကြောင့် ဖြစ်သည်။

စစ်အာဏာရှင်များ အာဏာ လက်လွှတ် ဆုံးရှုံးရမှာကို ကြောက်ရွံ့ခြင်းကြောင့် ဖယ်ဒရယ်သည် ပြည်ထောင်စုကို ဖြိုခွဲခြင်း ဖြစ်သည်ဟု ရှုမြင်နေခြင်းနှင့် အတူ ပြည်ထောင်စုမပြိုကွဲရေး အတွက် စစ်တပ်သာလျှင် အဓိက ဖြစ်သည်ဟု ရိုက်သွင်းထားခံရသော ဗမာတိုင်းရင်းသား လူများစုများ အတွက် ဖယ်ဒရယ်သည်လဲ ဗမာ့ရန်သူ ဖြစ်လာသည်။

အမှန်တကယ် ရိုးရိုးသားသား ခံယူထားသော စစ်ဗိုလ်များလည်း ရှိကောင်း ရှိနိုင်သည်။

ထို့နည်းတူ ဖယ်ဒရယ်ပြည်ထောင်စုမူ သည်လည်း ပြည်ထောင်စုမပြိုကွဲရေး မူ ၏ ဆန့်ကျင်ဘက် သဘော ထင်မြင်လာကြသည်။ အာဏာရှင်စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် တည်မြဲရေး အတွက် ပြည်ထောင်စု တစ်ခုလုံး လုံခြုံရေး ဆိုသော အမည်နာမကို စွဲကိုင်ထားခြင်း ဖြစ်သည်။

အမှန်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲခြင်း မဟုတ်ပါ၊ ပြည်ထောင်စု အစဉ်ထာဝရ တည်မြဲဖို့ရန် စစ်မှန်တဲ့ စည်းလုံးခြင်းသာ ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများက အစ စီးပွါးရေး တိုးတက်နေသော အာရှနိုင်ငံများ အဆုံး ဖယ်ဒရယ် (၀ါ) ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော (Decentralization) နိုင်ငံများ ဖြစ်သည်။

တရုတ်နိုင်ငံပင်လျှင် တစ်ပါတီစနစ် ဖြစ်သော်လဲ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသည့် အချိန်မှစ၍ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ ဖြစ်လာသည်။ ဟောင်ကောင်၊ မကာအူ ဒေသများသည် သီးခြားစနစ် (သီးခြားအုပ်ချုပ်ရေးဥပဒေ နှင့် ငွေကြေးစနစ်) ဖြင့် အုပ်ချုပ်သော တရုတ်နိုင်ငံထဲမှ တိုင်း၊ ဒေသ နိုင်ငံငယ်များ ဖြစ်သည်။

.
ဒီနေ့ဒီချိန် တိုင်းရင်းသားများ တောင်းဆိုနေသော ဖယ်ဒရယ်မူ သည် တိုင်းရင်းသား လူနည်းစု အတွက် သီးသန့် အကျိုးဖြစ်ထွန်းရေး မဟုတ်၊ မြန်မာနိုင်ငံသား အားလုံးအတွက်ဖြစ်သည်။ သို့သော် အာဏာရှင်စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် နှင့် ဆန့်ကျင်ဖက် မူ ဖြစ်နေတာတော့ အမှန်ပင်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာသည် အာဏာရှင်စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်သည်။ ဖယ်ဒရယ် မူ သည် အာဏာရှင်စနစ်ကို မလွဲဧကန် ချုပ်ငြိမ်းရမည့် သဘော ဆောင်နေသောကြောင့် ခေတ်အဆက်ဆက် အာဏာရှင်များ၏ ရန်သူသဖွယ် ဖြစ်နေရခြင်းသာ ဖြစ်သည်။

တစ်နည်းဆိုရသော် အာဏာရှင်စနစ် ရှင်သန်ရေး အတွက် သူတို့၏ ရန်သူသဖွယ် ဖြစ်နေသော ဖယ်ဒရယ်ပြည်ထောင်စု မူ ကို တိုင်းပြည်တခုလုံး အတိုင်းအတာ ဘုံရန်သူအဖြစ် သမုတ်၍ အာရုံသွင်းထားခြင်း ဖြစ်သည်။ ဗမာတိုင်းရင်းသား အများစုသည်လည်း ဒီ အာရုံသွင်းထားခြင်း အပေါ် အမှန်တရားဟုပင် မှတ်ယူနေကြသည်မှာ ၀မ်းနည်းစရာ ကောင်းလှပေသည်။

အချို့သော ဗမာနိုင်ငံရေးသမားများ နိုင်ငံရပ်ခြားတွင် ဒီမိုကရေစီအရေး လှုပ်ရှားနေလျက်ပင် ဖယ်ဒရယ်မူကို တိုင်းရင်းသား လူနည်းစု အရေး ဟုသာ ရှုမြင်နေကြသည်။ အမှန်မှာ ဖယ်ဒရယ် မူ ဟူသည် အာဏာရှင်စနစ် ပပျောက်ရေး မူ ပင် ဖြစ်သည်။ အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် ဒီမိုကရေစီ စစ်စစ်ကို ရပါမည်၊ တိုင်းပြည် တိုးတက် မည်၊ နိုင်ငံသားအားလုံးရဲ့ ဘ၀ အာမခံချက်များ ဖေါ်ဆောင်နိုင်မည် ဖြစ်သည်။

အာဏာရှင်စနစ် နှင့် ဗဟိုချုပ်ကိုင်မှုစနစ် ဆိုသည်မှာလည်း ခွဲခြား၍ မရနိုင်ပါ။ အာဏာရှင်စနစ် ရှိတိုင်း ဗဟိုချုပ်ကိုင်မှုစနစ် ရှိစမြဲပင်။ ဗဟိုအစိုးရ၏ ချုပ်ကိုင်မှု တင်းကြပ်လွန်းတာကြောင့် အောက်ခြေလူတန်းစားများ ဒုက္ခရောက်ကြရသည်။ အစစအရာရာ ဗဟိုကပဲ ဆုံးဖြတ်သောကြောင့် အောက်ခြေလူထု (grassroot) များ ကသောင်းကနင်း ဖြစ်ရသည်။

ဗဟိုအစိုးရနှင့် ကျွမ်းဝင်သော လူနည်းစုသာလျှင် အကျိုးခံစားခွင့် ရလာသည်။ ဗဟိုအစိုးရ အကြီးအကဲများ၏ အကူအညီနှင့်ပင် အောက်ခြေလူတန်းစားများ၏ မြေနေရာ နှင့် ရပိုင်ခွင့်များကို တရားဝင် သိမ်းယူသည်။ တရားဝင်ခြင်း၊ မ၀င်ခြင်း ဆိုသည်မှာလည်း ဗဟိုအာဏာပိုင် များတွင်သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်။ ထို့ ကြောင့် ဗဟိုအာဏာပိုင်များနှင့် လက်လှမ်းမမှီနိုင်သော ဆင်းရဲသား အောက်ခြေလူတန်းစားများ အတွက် ပြောပိုင်ခွင့်၊ ရပိုင်ခွင့် အားလုံး ဆိတ်သုဉ်းခဲ့ရသည်။ ငွေကြေးချမ်းသာသူ၊ ဗဟိုအာဏာပိုင်များ နှင့် ထိတွေ့နိုင်သူများ၊ နိုင်ငံခြားသား (တရုတ်အပါအ၀င်) များ အတွက် နိုင်ငံသား အားလုံး ကျွန်ခံရမည့်ကိန်း ဆိုက်လာသည်။

.
မြေယာသိမ်းမှု ပြဿနာ၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ၊ အဂတိလိုက်စားမှု ပြဿနာ၊ နိုင်ငံသားများ၏ မူလရပိုင်ခွင့် ချိုးဖောက်ခံရမှု ပြဿနာ၊ အခွင့်အရေးမညီမျှမှု ပြဿနာ၊ လုပ်ငန်းခွင်အကျိုးခံစားခွင့်မညီမျှမှု ပြဿနာ၊ ဥပဒေစိုးမိုးရေး မရှိခြင်း၊ ဤလို ပြဿနာများမှာ တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ အရပ်ဒေသများ အတွင်းသာ ဖြစ်နေသည် မဟုတ်ပါ၊ လက်ရှိ မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာတွင် ဖြစ်ပျက်နေသော ဘုံပြဿနာသာ ဖြစ်သည်။

ဒီလိုဖြစ်နေခြင်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်မှသာလျှင် နိုင်ငံသားအားလုံး ဘေးကင်း လုံခြုံ စိတ်ချစွာ နေထိုင်နိုင်မည် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်မှသာ ဥပဒေ စိုးမိုးရေး အကောင်အထည် ဖေါ်နိုင်မည် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချသော စနစ်သည် ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီး တောင်းဆိုနေသော ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ပင် ဖြစ်သည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေ သည်လဲ ဗဟိုချုပ်ကိုင်မှုစနစ်သာ ဖြစ်သည်။ နိုင်ငံတော်သမ္မတ နှင့် တပ်ချုပ်သည် အရာအားလုံးအတွက် အရေးကြီးသော ဆုံးဖြတ်ပိုင်ခွင့်အာဏာ ရှိသူများ ဖြစ်သည်။ ပြည်နယ်၊ တိုင်း၊ ဒေသ ဆိုင်ရာ အာဏာပိုင်များမှာ ရုပ်ပြမျှသာ ဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာ လုံးဝ မရှိပါ။

ရခိုင်မှာ ဖြစ်နေသော ပြဿနာ သမ္မတထိ စာတင် တိုင်ကြားနေရသည်။ ကော့သောင်းက ပြဿနာ သမ္မတကို တိုင်နေရသည်။ ကချင်ပြည်က ပြဿနာ သမ္မတ နှင့် တပ်ချုပ် က ဆုံးဖြတ်မှ ရသည်။ လူတစ်ယောက်ထဲ (၀ါ) တစုထဲတွင် လုပ်ပိုင်ခွင့်အာဏာ အဆမတန် ယူထားခြင်းသည် လက်တွေ့ အလုပ်မဖြစ်ပါ။ လက်ရှိ ပြည်သူများက ရွေးကောက် တင်မြောက်ထားသော လွတ်တော်အမတ်များသည်လဲ သူတို့၏ မဲဆန္ဒနယ်မှာ လုပ်ပိုင်ခွင့်အာဏာ မရှိပါ။

.
အမှန်တကယ် ပြည်သူများ ရွေးကောက်တင်မြောက်သင့်သော လူပုဂ္ဂိုလ်များမှာ နိုင်ငံတော်သမ္မတ က အစ၊ သူတို့နေထိုင်ရာ မြို့၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ ဒေသ များ၏ အုပ်ချုပ်ရေးအာဏာပိုင်များ ဖြစ်သင့်သည်။ အဲဒီ ပြည်သူက ရွေးကောက်တဲ့ အာဏာပိုင်များ ကိုယ်တိုင်ပင် ဗဟိုအစိုးရ နှင့် တိုက်ရိုက် စကားပြောနိုင်သော လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာရမည်။ ထိုမှသာ စစ်မှန်တဲ့ ပြည်သူ့အစိုးရ ဖြစ်လာမည် ဖြစ်သည်။ အဲဒီ ပြည်သူ့အစိုးရ (အစုအဖွဲ့) သာလျှင် ဥပဒေပြုခွင့် နှင့် အတူ စစ်တပ် နှင့် နိုင်ငံတော် လုံခြုံရေး၊ ပြည်ထဲရေး လုပ်ငန်းများကို အမိန့်ပေးနိုင်သော အာဏာ ရှိရမည်။

ထို့ကြောင့် ဖယ်ဒရယ် ဒီမိုကရေစီ (federal democracy) ဆိုသည်မှာ တိုင်းရင်းသား အတွက် သီးသန့်အရေး မဟုတ်ပါ။ မြန်မာနိုင်ငံသား အားလုံး အတွက် ဘ၀လုံခြုံရေး ပေးမည့် နိုင်ငံရေးလမ်းစဉ် ဖြစ်သည်။ ဖယ်ဒရယ် ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေး၏ လက္ခဏာ အစစ်အမှန် ဖြစ်သည်။

ဖယ်ဒရယ် ရရင် စစ်တိုက်စရာ မလိုတော့ပါ။ တိုင်းပြည်၏ ဘဏ္ဍာငွေထဲမှ စစ်အသုံးစရိတ်များ အစား လူထုအတွက် ပညာရေး၊ ကျန်းမာရေး နှင့် အခြား လူမှုရေးကိစ္စ အ၀၀တွင် သုံးစွဲလာနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော လူနေမှု အဆင့်အတန်း ရလာနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီလမ်းစဉ်ပေါ် တွန်းပို့ နိုင်ရေးသည် တိုင်းရင်းသား လူနည်းစုများ၏ အင်အားနှင့်သာ မလုံလောက်ပါ။ မြန်မာပြည်သူ၊ ပြည်သား အားလုံး တစ်စိတ်တည်း၊ တစ်ကိုယ်တည်း သွားရပါမည်။ ဤသို့ သွားနိုင်ရန်အတွက် အခြေခံအားဖြင့် ပင်လုံစိတ်ဓါတ် အစစ်အမှန်ကို ပြန်သွားရပါမည်။

ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ကို ဖေါ်ဆောင်နိုင်မှသာလျှင် မြန်မာနိုင်ငံသည် ကမ္ဘာမှာ အပျော်ဆုံး စံပြနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။ ဖယ်ဒရယ် ဒီမိုကရေစီ ဆိုတာ လူနည်းစု တိုင်းရင်းသား အတွက် သီးသန့် မဟုတ်ပါ။

kachinduwa@gmail.com

(Credit - ကချင်ဒူဝါ)

.

အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး
မြန်မာပြည်အစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း နဲ့
ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး
စုစုပေါင်း ခေါင်းဆောင် ၂၄ ဦး လက်မှတ်ထိုးထားကြတဲ့


"THE PANGLONG AGREEMENT"

( "ပင်လုံစာချုပ်" ) ကို

စကင် ဆွဲထားတာကို

ဒီမှာ နှိပ်ပြီး ကြည့်ရှု လေ့လာနိုင်ပါတယ်။


Credit - ကိုသန်းဟန်
.

.

၎။ အတိုင်ပင်ခံ ၀န်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကို ဆွေးနွေးသောအခါ တွဲဖက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့် ရှိရမည်။


၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့ မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် လက်ခံသည်။


၆။ ဗမာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြ ဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့ သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ် ဗမာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ အပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့် နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသ အတိုင်ပင်ခံ ၀န်ကြီးနှင့် တွဲဖက် အတိုင်ပင်ခံတို့ ကို တိုင်ပင် ဆွေးနွေးရမည်။
.