မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗေဒါဇွဲ


ဗေဒါဇွဲ


ပန်းဗေဒါ
အပမ်းဖြေစရာ

ကမ်းဂေဟာ ရှာသော်လဲ
လမ်းဗွေမှာ ၀ဲဂယက်တွေကြောင့်
ရုန်းထွက်ရန်ခဲ။


အဖျက်တွေ
ယှက်ပွေ နှောက်သော်လည်း
မဖေါက်ပြန် ရောက်ရန်ပန်းတိုင်သို့
ဇွဲမဏ္ဍိုင် ဘယ်မချတယ်
အောင်ရမည်ပဲ။ ။

(တော်လှန်သားကောင်း မိခင်များသို့)

နီသွေး

(၂၄၊ ၀၈၊ ၀၉)

(မျှဝေလိုသော စေတနာဖြင့် ဒီကဗျာပို့ပေးတဲ့ ကိုနီသွေးကို အထူးပဲ ကျေးဇူးတင်ပါတယ်)


ကဗျာနဲ့ ပတ်သက်လာရင် လုံးဝနားမလည်ပဲ ကိုယ်တိုင် ကဗျာစပ်မတတ်ပေယ့် ကျွန်မဘလော့ဂ်မှာ ကဗျာကို Label တခု သီးသန့်ထားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က မိမိဖန်တီးမတတ်တဲ့ အနုပညာ တခုကို ဖန်တီးသူများရဲ့ ရင်ထဲက ခံစားချက်နှင့် တိုင်းပြည်အပေါ် ထားရှိတဲ့ စေတနာကို ကျွန်မကိုယ်တိုင် ထပ်တူထပ်မျှ ခံစားရတဲ့ ကဗျာတွေကို ပြန်လည် တင်ပြပေးဖို့ ဖြစ်ပါတယ်။

အခု ဒီကဗျာလေးဟာလည်း အမိမြန်မာပြည်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး မဆုတ်နစ်သော ဇွဲလုံ့လနှင့် သူရဲကောင်းပီသစွာ ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကျွန်မတို့ တိုင်းပြည်ရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးမပါတဲ့ စွန့်လွှတ်မှုနှင့် ဇွဲလုံ့လကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာ ဖြစ်တဲ့အတွက် ကဗျာကို စပ်ဆိုဖန်တီးသူ ကိုနီသွေးနဲ့ ထပ်တူထပ်မျှ ခံစားရင်း ပြန်လည် မျှဝေတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ စာလာဖတ်သူများအနေနှင့်လည်း ကျွန်မလိုပဲ ကဗျာရှင်ရဲ့ ဖန်တီးမှုကို ဖန်တီးသူနဲ့ ထပ်တူထပ်မျှ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ဒီမိုကရေစီ ပန်းတိုင်သို့ ရှေ့ရူလျက်


8 comments:

ကဗျာ လေး ဖတ်သွားတယ်

အလွန်ကောင်းသော ကဗျာလေးပါ။
ကဗျာရေးသူကိုရော တဆင့် ပြန်လည်ဖော်ပြပေးသူ မငယ်နိုင်ကိုပါ ကျေးဇူးတင်ပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ တကယ်ကောင်းတဲ့ ကဗျာလေးပါပဲ၊ ကျေးဇူးတင်ပါတယ် မငယ်နိုင်ခင်ဗျား...။

31 Aug 09, 03:50
ကိုဇော်: ကဗျာလေးကို လာရောက်ခံစားသွားပါတယ် အမ
30 Aug 09, 22:42
အောင်သာငယ်: ကဗျာလာဖတ်သွားတယ် မငယ်နိုင်ရေ...

စာလာဖတ်သူများထဲမှ ဒီကဗျာလေးကို ဖတ်ပြီး C-Box ထဲမှာပါ အသိအမှတ်ပြု ခြေရာချန်ခဲ့တဲ့ ကိုအောင်သာငယ်နဲ့ ကိုဇော်၊ ဒီထဲမှာ ခြေရာချန်ခဲ့တဲ့ မမသီရိနဲ့ မှတ်ချက်ပေးသွားတဲ့ မမေဒါဝီ၊ ကိုညီလင်းတင့် တို့ကို ကျေးဇူးတင်ပါတယ်။ မမေဒါဝီနဲ့ ကိုညီလင်းတင့် ပြောသလို ကဗျာကောင်းလေးဆိုတာ ကျွန်မသဘောတူပါတယ်။ ကိုညီလင်းတင့်က ကဗျာရှင်ကို ကျေးဇူးတင်တယ် မပြောပဲနဲ့ ဘယ်လိုဖြစ်ပြီး ကျွန်မကို ကျေးဇူးတင်ရတာလဲ ကဗျာကို ကျွန်မစပ်တာမှ မဟုတ်တာ။

ဘာပဲဖြစ်ဖြစ် ဒီကဗျာလေးကိုတင်တဲ့ညမှာ ညတ၀က်ခန့်မှာ စာလာဖတ်သွားတဲ့ စာဖတ်သူ ၇၀ ခန့်ထဲက ဒီငါးယောက်တည်း ခြေရာချန်ခဲ့တာကို ကျေးဇူးတင်စွာနဲ့ ကျွန်မ အသိအမှတ်ပြုထား လိုက်ပါတယ်။ ဘာခြေရာမှ မချန်ပဲ ဖတ်ပြီးပြန်သွားသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတလော ကျွန်မ ကျောင်းက Assignment တွေနဲ့ သိပ်အလုပ်များနေလို့ ကျွန်မဆီ ရောက်လာသူတွေဆီကလွဲရင် တခြားဘလော့ဂ်တွေကို သိပ်မလည်နိုင် ဖြစ်နေပါတယ်။ ကျွန်မဆီ ရောက်လာခဲ့ပေမယ့် မိတ်ဆွေတွေရဲ့ ဘလော့ဂ်တွေကို ပြန်လည်မဖြစ်ပဲ မေ့ကျန်နေခဲ့ရင်လည်း နားလည်ပေးကြဖို့ ကြိုတင်ပြီး တောင်းပန်ထားချင်ပါတယ်။

အဓိပ္ပာယ်သိပ်ရှိပြီးတန်ဘိုးရှိလှတဲ့ကဗျာလေးတပုဒ်ပါပဲ

1 Sep 09, 17:09
အိအိ: ငယ်လေးရယ် ရောက်တယ်နော် ဗေဒါဇွဲကဗျာလေးကို ဖတ်သွားတယ်

31 Aug 09, 17:43
ကွီနိုင်း: ကဗျာလေးကို လာပြီး ခံစားသွားပါတယ်ဗျာ။

31 Aug 09, 03:50
ကိုဇော်: ကဗျာလေးကို လာရောက်ခံစားသွားပါတယ် အမ

ဒီကဗျာလေးကို လာရောက်အားပေးသူအားလုံးကို ကဗျာရှင်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။

Steve Evergreen-ကျွန်မက နယ်စပ်ဒေသက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တခုဖြစ်တဲ့ ABSDF အမှတ် (၂၀၁) တပ်ရင်းမှာ ဆေးမှူးလုပ်ခဲ့ပါတယ်။ လာလည်တာ ကျေးဇူးတင်ပါတယ် နောက်လည်း ကျွန်မဘလော့ဂ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။