မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label Nutrition (အာဟာရ). Show all posts
Showing posts with label Nutrition (အာဟာရ). Show all posts

အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်


အသက်သတ်လွတ်စားသုံး သူများသည် ခန္ဓာကိုယ်အတွက် နေ့စဉ်စားသုံးရန်လိုအပ်သည့် အာဟာရကို လုံလောက်စွာ မစားသုံးပါက အသားဓာတ်ချို့တဲ့နိုင်ခြင်း၊ တခြား ဗီတာမင်ဓာတ်များလည်း ချို့တဲ့နိုင်ခြင်း စသည့် အားနည်းချက် ရှိသလို ဟင်းသီးသင်းရွက်ကို အဓိကထား စားသုံးသောကြောင့် လုံလောက်စွာ စားသုံးပါက သာမန်လူများထက် အမျှင်ဓာတ်လုံလောက်သည့်အတွက် အားသာချက်များကိုလည်း ရရှိထားပါသည်။ အစာအာဟာရနှင့်ပတ်သက်၍ အသက်သတ်လွတ် စားသူများအတွက် အားသာချက်နှင့် အားနည်းချက်များကို ယှဉ်တွဲတင်ပြပါမည်။
အမျှင်ဓာတ် အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ဟင်းသီးဟင်းရွက်ထဲမှာ အများဆုံးပါရှိပါသည်။ အမျှင်ဓာတ် ပိုမိုစားသုံးသူသည် အမျှင်ဓာတ် အစားနည်းသူထက် များစွာအသက်ရှည်ပြီး ကျန်းမာသည်။ အကယ်၍ အသက်သတ်လွတ်စားသုံးသူများသည် လုံလောက်သော အာဟာရကို နေ့စဉ်စားသုံးနိုင်ပါက အသားစားသူများထက် ပိုပြီး ကျန်းမာအသက်ရှည်စွာ နေထိုင်ကြမည် ဖြစ်သည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်နှင့် အသီးနှံများတွင် ပါဝင်သော အမျှင်ဓာတ်သည် ခန္ဒာကိုယ်အတွက် စွမ်းအင်ဖြစ်စေသည့် ဂလူးကို့စ်ဖြစ်အောင် အစာခြေ၍ မရနိုင် သောကြောင့် ၎င်းကို ဆဲလ်များမှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသုံး ပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော အမျှင်များသည် အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် ပုံမှန် စွန့်ထုတ်ပေးခြင်းဖြင့် ၀မ်းကို ပုံမှန် သွားစေပြီး အူလမ်းကြောင်းတွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်စေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။

ထို့အပြင် ထိုအမျှင်များသည် ခန္ဓာကိုယ်အား စွမ်းအင် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း စားသုံးလိုက်သော အာဟာရများထဲရှိ ဂလူးကို့စ်ကို သွေးထဲ ပုံအော ရောက်ရှိခြင်းမှ ကာကွယ်ပြီး ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်းနှင့် မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို အမြဲတမ်း ပုံမှန် ဖြစ်နေအောင် ထိန်းညှိ ပေးသည်။ ထို့အပြင် နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စထရောလ် ပမာဏကို လျော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်း၊ ကင်ဆာဖြစ်ခြင်းဖြင့် နှလုံး၊ ဆီးချို၊ အူမကြီးကင်ဆာ စသည့် အသက်ကြီးလာရင် ဖြစ်လာနိုင်သော ရောဂါပေါင်း များစွာကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက်များတွင် အမျှင်ဓာတ်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များလည်း များစွာ ပါဝင်ပြီး ဘက်တီးရီးယားနှင့်အတူ မစင်အဖြစ် မစွန့်ထုတ်မီ နောက်ဆုံးအချိန်အထိ ထိုသတ္တုဓာတ်များကို
အစာလမ်းကြောင်းတလျှောက်ရှိ အူနံရံက စုပ်ယူပါသည်။ ဤနည်းဖြင့် အမျှင် ( Fibre) သည် စွမ်းအင် ဖြစ်စေသည့် ဂလူးကို့စ်ကို မထုတ်ပေးသော်လည်း ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပြီး ရောဂါပေါင်း များစွာကို ကာကွယ်ပါသည်။ ထို့ကြောင့် အမျှင်ဓာတ်ကို နေ့စဉ်များများ စားသုံးရန် လိုအပ်ပါသည်။ အစာလမ်းကြောင်း ပြဿနာမရှိသူများအနေဖြင့် အချိုအရသာ မရှိသည့် အသီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပြီး ချိုသည့် အသီးနှံများကိုမူ တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ်ခန့် စားသုံးသင့်ပါသည်။


အသားဓာတ်

အသားဓာတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟော်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောင့်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို ခန္ဓာကိုယ်အနှံ့ သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြတ်လပ် သွားပါက အသားဓါတ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။

အသားဓာတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓာတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓာတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများကို အသုံးပြု၍ လိုအပ်သော အသားဓာတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်သော မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓာတ်ကို နေ့စဉ် အနည်းငယ်စီ ဖြည့်စွက်စားသုံးရန် လိုအပ်ပါသည်။
လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ စသည့် တိရစ္ဆာန်ထွက် အစားအစာများကို စားသုံးခြင်းဖြင့် ရနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ စသည့် အပင်ထွက် အစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့်လည်း လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိနိုင်ပါသည်။ အားနည်းချက်မှာ တိရစ္ဆာန် မှ ရသော အသားဓာတ်တွင် အသားတမျိုးတည်းမှ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အမီနိုအက်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓာတ်တွင် အမီနို အက်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်ပါသည်။ ထို့ကြောင့် အသက်သတ်လွတ် စားနေသူများ သည်နွားနို့စသည့် တိရစ္ဆာန်ထွက် နို့မသောက်သူများ ဖြစ်ပါက အမီနိုအက်စစ် အားလုံး ပါစေရန် အသားဓာတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။ အသားဓာတ်ပါသော အပင်ထွက်အစားအစာ တခုတည်းစား၍ အသားဓာတ်ထဲတွင် ပါဝင်သော Amino acid အကုန်လုံးပါဖို့ မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ ပဲဟင်းတခွက်တည်း ဖြင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိမည် မဟုတ်ပါ။ တမျိုးတည်းကိုသာ စားသုံးပါက အသက်သတ်လွတ်စားခြင်းအတွက် အားနည်းချက်အဖြစ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။

ထို့ကြောင့် ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် တခြားအခွံမာ စေ့များ၊ ပဲပြား တို့ဖူး စသည်တို့ကို တပတ်အတွင်းတွင် အနည်းဆုံး အမျိုးစား နှစ်ခုထက် ပို၍ ပါဝင်အောင် တလှည့်စီ စားသင့် ပါသည်။ စားသုံးသည့် အသားဓာတ်ထဲတွင် အမီနိုအက်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓာတ် ချို့တဲ့နိုင်ပြီး အသားဓာတ် ချို့တဲ့ခြင်း သည် တခြားအာဟာရဓာတ်အားလုံး ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။
သို့သော် အသက်သတ်လွတ်စားသူသည် အသားဓာတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက်ပိုပြီး စားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓာတ် အာဟာရ ရရှိမှုတွင် ဘာမှ မခြားပါ။ အသားစားသူများထက် အားသာသည့်အချက်မှာ တိရစ္ဆာန်မှ ရရှိသည့် အသားဓာတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓာတ်ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည် အပင်မှရသည့် အသားဓာတ်သည် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ပိုရသောကြောင့် အသားစားသူထက် လူကိုပို၍လန်းဆန်းစေသလို လိုသည်ထက် ပိုစားမိသည်ဟူ၍ မရှိဘဲ အမျှင်များများစားလေ ဘက်တီးရီးယားများကို ပိုမိုဖယ်ရှားနိုင်ပြီး အစာလမ်းကြောင်းကို ပို၍ ကျန်းမာသန့်ရှင်းစင်ကြယ်စေပါသည်။
ဗီတာမင် B12

အပင်ထွက် အစားအစာများကို တခုထက်ပိုစားပါက
အသားဓာတ်နှင့် တခြား ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များကို လုံလောက်စွာ ရနိုင်သော်လည်း ဗီတာမင် B12 ကိုမူ အပင်ထွက် အာဟာရများမှ ရနိုင်သည့် အထောက်အထားကို အာဟာရဆိုင်ရာ သိပ္ပံပညာရှင်များ မတွေ့ရသေးကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှု၊ အာရုံကြောအကာလွှာ ထိန်းသိမ်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆဲလ်များ ထိန်းသိမ်းမှု နှင့် ဦးနှောက်နှင့်အာရုံကြောစနစ်၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို တိရစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် တခြားမည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 ချို့တဲ့ပါက သွေးအားနည်း ရောဂါတမျိုး ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။ ထို့ကြောင့် အကယ်၍ အသက်သတ်လွတ်စားသူသည် ကြက်ဥ (သို့) နွားနို့ကဲ့သို့ တိရစ္ဆာန်ထွက် နို့များကို မသောက်သုံးသူများ ဖြစ်ပါက ဗီတာမင် B12 ချို့တဲ့မှု ရှိမရှိ စမ်းသပ်စစ်ဆေးသင့်ပြီး ရှိပါက ဆေးဝါးဆောင်ထားသင့်ပါသည်။ ကြက်ဥ စားသူများ (သို့) နွားနို့သောက်သူများအတွက် မလိုအပ်ပါ။

ကယ်လ်စီယံ

ကယ်လစီယံကို အသီးအရွက်များတွင် ရနိုင်သော်လည်း သူ့အတွက် သီးသန့်ပုံမှန်စားသုံးမှု မရှိပါက ခန္ဓာကိုယ်အတွက် လုံလောက်သည့် ပမာဏကို ရရန်မလွယ်ပေ။ ထို့ကြောင့် နေ့စဉ် နွားနို့ (သို့) ပဲနို့ နှစ်ခွက်ခန့် သောက်သင့်ပါသည်။

အပိုစာများ
သကြား၊ ဆား၊ ဘီယာ၊ အရက်၊ အချိုရည် (Soft drink)၊ ဘီစကစ်မုန့်အပါအ၀င် သွားရေစာ အချိုစာများအားလုံး၊ ပေါင်မုန့်တွင် သုတ်သည့် ထောပတ်နှင့် Jam များအားလုံးသည် ကျန်းမာရေးအတွက် မလိုအပ်ပဲ အရသာအတွက် အပျော်စားသည့် အပိုစာများသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအစားအစာများကို မစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မည်သည့် အကျိုးကျေးဇူးမှ ဆုတ်ယုတ်သွားရန် မရှိပါ။ အရသာအတွက်သာ ဖြစ်သည့် အစားအစာများ ဖြစ်၍ စားသုံးပါက အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ဆင်ခြင် စားသုံးသင့်သော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို မစားသုံးပဲ နေနိုင်က စားသုံးသူများထက် ကျန်းမာရေးအတွက် ပိုအကျိုးရှိပါသည်။



အချုပ်အားဖြင့် အသက်သတ်လွတ်စားသူများအတွက် အသားဓာတ်ကို အပင်ထွက် အစားအစာများမှ လုံလောက်စွာ ရရှိနိုင်သော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် ဗီတာမင် B12 ကိုမူ တိရစ္ဆာန်ထွက် အစားအစာမှသာ ရရှိနိုင်သောကြောင့် တိရစ္ဆာန်ထွက် အသားဓာတ်လုံးဝ မစားသုံးသူများသည် ဖြည့်စွက် Vitmin B12 ကို အသုံးပြုသင့်ပါသည်။ လူတိုင်း လူတိုင်း တနေ့ကို ဟင်းသီးဟင်းရွက် အစိမ်းအကျက် သုံးလေးမျိုးနှင့် အသီးနှံ နှစ်မျိုးခန့် စားသုံးမှ ခန္ဓာကိုယ်အတွက် လုံလောက်သော အာဟာရကို ရရှိနိုင်ပါသည်။ အသက်သတ်လွတ် စားသူများအနေဖြင့်မူ ၎င်းပမာဏထက်ပိုစားသုံးသင့်ပြီး အစာလမ်းကြောင်း ပြဿနာ မရှိပါက ဟင်းသီးဟင်းရွက်ကို မိမိကြိုက်နှစ်သက်သလောက် စားသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ကို များများ စားသုံးခြင်းဖြင့် ရောဂါပေါင်းများစွာကို ကာကွယ်နိုင်မှာဖြစ်ပြီး မည်သူမဆို လူ့သက်တမ်းမှာ ကျန်းမာ အသက်ရှည်စွာ အသက်ရှင် နေထိုင်ရမည် ဖြစ်သည်။

လူတိုင်းလူတိုင်း အစာအာဟာရကို မျှတအောင် စားသုံးပြီး လူ့သက်တမ်းကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ။




အပေါ်မှာ ရေးထားတာတွေက အရင်ပို့စ်ဟောင်းတွေက ပြန်ကောက်နုတ်ထားတာကို အသက်သတ်လွတ်နဲ့ ပတ်သက်တာနည်းနည်း ပြန်ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အသက်သတ်လွတ်နဲ့ မဆိုင်ဘဲ ပုံမှန် လူတွေအတွက် အာဟာရကို ဒီထက်ပို အသေးစိတ်သိလိုရင် ကျန်းမာရေး/ဇီဝသိပ္ပံ Label အောက်က Malnutrition အပါအ၀င် ကျန်းမာစွာ အသက်ရှင်ရန် နေ့စဉ်စားသုံးရန် လိုအပ်သည့် အစာအာရ ခေါင်းစဉ်နဲ့ ပို့စ် သုံးခုကို သွားလေ့လာနိုင်ပါတယ်။

အထက်ဖေါ်ပြပါ ပို့စ်ပါ အကြောင်းအရာအရ အသက်သတ်လွတ် စားသူများဟာ ပဲဟင်းတခွက်တည်း (သို့) ကန်ဇွန်းရွက်ကြော် တခွက်တည်းနဲ့ လုံလောက်တဲ့ အာဟာရကို ရရှိမှာ မဟုတ်တာ သေချာပါတယ်။ တို့စရာကြိုက်တတ်သူ ဖြစ်ရင် ဟင်းချက်ဖို့ အချိန်မရရင်တောင် ဟင်းသီးဟင်းရွက်ကို စုံအောင် တို့စားသင့်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးတို့လို အသီးတွေကို ဘာမှ ချက်ပြုတ်စရာမလိုဘဲ လွယ်လွယ်စားလို့ရတဲ့ အသီးတွေလည်း ရှိပါတယ်။ အောက်ကအစားအစာပုံတွေက ကျွန်မ မကြာခဏ ချက်စားတတ်တဲ့ အသက်သတ်လွတ်စားသူများ ချက်ပြုတ်စားသောက်ဖို့ အကြံပြုတဲ့ အစားအစာ တချို့ဖြစ်တယ်။ ဒီအထဲမှ ဟင်းအကုန်လုံးကို နေ့တိုင်း ချက်စားဖို့မလိုပါဘူး။ နေ့စဉ် အာဟာရစုံအောင် ရောင်စုံဟင်းသီးဟင်းရွက် နှစ်မျိုးသုံးမျိုးခန့် ပါတဲ့ဟင်း နှစ်ခွက်ခန့် ချက်စားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ လုံလောက်နိုင်ပါတယ်။


(၁) အသီးအရွက်ကြော် - ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲသီး၊ ကျောက်ကပ်ပုံပဲပြုတ် တို့ကို အစိမ်းကြော်ကြော်သလို ရောကြော်ထားတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ် )


(၂) တို့ဖူးနှင့် ခရမ်းချဉ်သီးသုပ် - တို့ဖူး (ပဲပြားကြော်)၊ ခရမ်းချဉ်သီးတို့ကို ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပြီး၊ နံနံပင်အုပ်၊ ငရုတ်ဆီထည့်ကာ သုပ်ထားပါတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)


(၃) ဟင်းသီးဟင်းရွက်စုံ ဟင်း - ပဲပြား၊ အာလူး၊ မုန်လာဥအနီ၊ Chick pea၊ ခရမ်းချဉ်သီး တို့ကို မဆာလာနဲ့ ဟင်းလေးချက်ထားတယ်။ (သီးအရွက် အမျိုးအစား ငါးမျိုးပါဝင်တယ်)

(၄) သနပ်စုံ - ဒါကတော့ ကျွန်မတို့ တောင်ပိုင်းက လုပ်စားတဲ့ အစားအစာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲတီပင်တို့ကို ရှာလကာရည်တမျိုးမျိုးနဲ့ ပြုတ်ပြီး ကျက်ရင် ကြက်သွန်နီကို မိမိကြိုက်တဲ့အရွယ်နဲ့ ပုံစံ စိတ်ပြီး ဆီသတ်၊ ကြက်သွန်ကို မိမိလိုတဲ့ အတိုင်းအတာထိ ကျက်ရင် အရောင်တင်မုန့်ထည့်ချင်ရင်ထည့်ပြီး အကုန်လုံးကို ရောမွှေထားတယ်။ အချည်လိုနေသေးရင် ဒီချိန်မှာဖြစ်စေ ဆီသတ်တဲ့အချိန်ဖြစ်စေ ထည့်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင် နှမ်းလှော်ကို ဖြူးပြီး စားတယ်။ ကျွန်မတို့ခေါ်တာ သနပ်လို့ခေါ်ပါတယ်။ ငှက်ပျောဖူး၊။ ပိန္နဲသီးအနု၊ ဇရစ်ရိုး၊ ခရမ်းမဲသီးတို့ကိုလည်း တခုစီဖြစ်စေ ရောပြီး ဖြစ်စေ ဒီအတိုင်း လုပ်စားလို့ရပါတယ်။ (ဟင်းသီးဟင်းရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)



(၅) ပဲငပိ ခရမ်းချဉ်သီးချက်နဲ့ တို့စရာ - (သခွားသီးနဲံ့ ဆလတ်ရွက်က အစိမ်း၊ ကညွတ်ပင်နဲ့ ပဲသီးကအကျက်) မိမိကြိုက်ရာ တို့စရာကို တို့နိုင်ပါတယ်။ ရှမ်းပဲပုပ်ကိုလည်း ငပိကို လုပ်စားတဲ့နည်းအတိုင်း အကြော်၊ အချက်၊ အထောင်း၊ အသုပ် အကုန်လုပ်စားလို့ရပြီး မိမိကြိုက်ရာ ဟင်းသီးဟင်းရွက် အစိမ်း၊အကျက်နဲ့ တို့နိုင်ပါတယ်။

(၆) ဟင်းချို - မှိုအမျိုးမျိုး၊ တို့ဖူးနဲ့ မုန်ညှင်းရွက် ဟင်းချို ငရုပ်ကောင်းမှုန့်ဖြူးထားတယ်။ မှိုတမျိုးတည်းနဲ့ တခြားမိမိနှစ်သက်ရာ အသီးအရွက်တွေနဲ့လည်း ချက်သောက်နိုင်ပါတယ်။

ကျွန်မ မကြာခဏ တို့လေ့ရှိတဲ့ တို့စရာတွေ ( ခရမ်းကြွပ်သီးနဲ့ သခွားသီးက အစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်းနဲ့ ကညွတ်ပင်က အကျက်။
လိမ္မော်သီး (နှစ်မျိုး)၊ သခွားမွှေးသီး၊ စပျစ်သီး နေ့စဉ် မိမိနှစ်သက်ရာ အသီးနှစ်မျိုး စားသင့်ပါတယ်။

အောက်က ပန်းသီးက ၆၆ လုံးရှိတဲ့ တဖါ ငါးဒေါ်လာနဲ့ ရလို့ဝယ်လာတာ တလနီးပြီ အခုထိ မကုန်သေးဘူး။ အသီးထဲမှာ ပန်းသီးကလည်း အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ် အင်မတန် ပြည့်စုံတဲ့ အသီးဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပန်းသီးဈေးပေါတဲ့နေရာမှာ ရှိတဲ့သူတွေ အသက်သတ်လွတ်စားသူ ဖြစ်ရင် ပန်းသီးကို စားသင့်ပါတယ်။ ပန်းသီးဟာ အထားလည်းခံတယ် ဈေးအချိုဆုံးနဲ့ အာဟာရ ပြည့်ဝဆုံးအသီးလည်း ဖြစ်တယ်။ ပန်းသီးစားလို့ အကျိုးယုတ်တာ ဘာမှမရှိလို့ အသီးထဲမှာ ပထမဦးစားပေးအနေနဲ့ စားသုံးသင့်ကြောင်း အကြံပြုပါတယ်။


ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင် ဟင်းသီးဟင်းရွက် စားရမလား?


ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက ပြောကြားတယ်ဆိုတာ ပါရှိတဲ့ မေးလ်တခုကို ဖတ်လိုက်ရပါတယ်။ ဒီစာအရဆိုရင် သားယောက်ျားလေး လိုချင်တဲ့ ကိုယ်ဝန်ဆောင်တွေက ဟင်းသီးဟင်းရွက် မစားဘဲ နေရမလို အဓိပ္ပါယ်သက်ရောက်နေပါတယ်။ သမီးမိန်းကလေး မလိုချင်တဲ့ မိဘတွေက ဒီစာထဲကအတိုင်း ယုံကြည်ပြီး အသီးအရွက် မစားဘဲနေမိပါက ကိုယ်ကျိုးနည်းတော့မှာပဲလို့ တွေးမိပြီး ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ ဒါကြောင့် မူရင်းနေရာ သိရရင် မှတ်ချက်သွားရေးလို့ ရအောင် Forward mail ပို့လာသူကို မေးကြည့်တော့ သူ့ဆီကိုလည်း တခြားက တဆင့်ပို့လာတဲ့ မေးလ် ဖြစ်နေတော့ သူလည်း မသိလို့ ကျွန်မ သွားမရေးဖြစ်ခဲ့ဘူး။ မြန်မာလူမျိုး အများစုက သားယောက်ျားလေး မွေးတာကို ပိုပြီး အလိုရှိသူများ ဖြစ်တာကို သိထားတော့ ဒီမေးလ်ကို လက်ခံရရှိတဲ့ တခြားစာဖတ်သူတွေအထဲက ကိုယ်ဝန်ဆောင်ခြင်းရဲ့ ဖြစ်ရပ်မှန်ကို နားမလည်ဘဲ သားယောက်ျားလေး လိုချင်တဲ့ မိခင်လောင်းတွေ အနေနဲ့ ဒီထဲမှာ ရေးထားတဲ့ အချက်တွေကို တလွဲနားလည်နေပြီး ဟင်းသီးဟင်းရွက်ကို မစားဘဲ မှားမှားယွင်းယွင်း လိုက်လုပ်မိမှာကို စိုးရိမ်လို့ ယောက်ျားလေး ရခြင်း မိန်းကလေးရခြင်းဟာ အစားအသောက်နဲ့ မဆိုင်သန္ဓေတည်တဲ့အချိန် ဖခင်ဆီကရတဲ့ ခရိုမိုဆုန်းနဲ့သာ သက်ဆိုင်ကြောင်းကို တင်ပြရန် ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ ရရှိတဲ့ Forward mail က သိပ်မရှည်တော့ ဖတ်ပြီး သုံးသပ်နိုင်နိုင်အောင် မူရင်းအတိုင်း အောက်မှာ ပြန်ကူးထည့်ထားပေးပါတယ်။




ကိုယ်ဝန်​ဆောင်ချိန်တွင် ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ပါက သမီး​မွေး​ရန် အခွင့်​အလမ်း​ပိုများ


alt

ပျိုမေတို့အတွက် ဟင်း​သီး​ဟင်း​ရွက် © dailymail

ကိုယ်ဝန် ​ဆောင်ချိန်တွင် မိခင်​လောင်း​များ​က ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ခြင်း​ဖြင့်​ သမီး​လေး​ ​မွေး​ဖွား​ရန် အခွင့်​အလမ်း​ ပိုများ​ နိုင်​ကြောင်း​ သု​တေသန ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

အသစ်ပြုလုပ် ​သော သု​တေသန စစ်တမ်း​များ​က ကယ်ဆီယမ်နှင့်​ မက်ဂနီဆီယမ်ဓာတ် ပါဝင်မှု မြင့်​မား​သော အစိမ်း​ရောင် အသီး​အရွက်များ​ကဲ့​သို့​ အစား​အ​သောက်များ​ကို အများ​အပြား​ စား​သုံး​ပါက က​လေး​မွေး​ဖွား​ချိန်တွင် မိန်း​က​လေး​ ဖြစ်ရန် ၈၀ ရာခိုင်နှုန်း​ အခွင့်​အလမ်း​ ပိုများ​ကြောင်း​ ညွှန်ပြလျက်ရှိသည်။ ထို့​ကြောင့်​ သမီး​မိန်း​က​လေး​ လိုချင်​သော မိခင်များ​အ​နေနှင့်​ အသီး​ အရွက်နှင့်​ သစ်သီး​ဝလံများ​ ပိုမိုစား​သင့်​ကြောင်း​ သု​တေသီများ​ကဆိုသည်။

ထို့ ​အပြင် သား​ယောက်ျား​လေး​ ပိုလိုချင်​သော မိခင်​လောင်း​များ​သည် ပိုတက်ဆီယမ်နှင့်​ ဆိုဒီယမ်တို့​ ကြွယ်ဝသည့်​ ငှက်​ပျောသီး​နှင့်​ အာလူး​တို့​ကို များ​များ​စား​သင့်​ကြောင်း​လည်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ Reproductive BioMedicine ဂျာနယ်တွင် ​ဖော်ပြမှုအရ ကိုယ်ဝန်​ဆောင်စဉ် အသီး​အရွက် အဓိက စား​သုံး​ခဲ့​သည့်​ မိခင်​လောင်း​ ၃၂ ဦး​အနက် ၂၆ ဦး​ သည် သမီး​လေး​များ​ ​မွေး​ဖွား​ပြီး​ ၆ ဦး​သာ သား​ယောက်ျား​လေး​ ဖွား​မြင်ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ယင်း ​သို့​ဖြစ်ရခြင်း​မှာ အစား​အ​သောက်အလိုက် ပါဝင်​သော ဓာတ်သဘာဝများ​သည် သ​န္ဓေ​အောင်သည့်​ Chromosome များ​ကို ချိတ်ဆက်​ပေး​ရာတွင် ကွဲပြား​မှု ဖြစ်​စေ​သော​ကြောင့်​ဟု ယူဆရ​ကြောင်း​ သတင်း​ရရှိသည်။

ဒါက လက်ခံရရှိတဲ့ Forward mail ဖြစ်ပါတတယ်။ ဒီမေးလ်ထဲက အချက်တွေ ဟုတ်မဟုတ်ဆိုတာ သိဖို့ သန္ဓေဖြစ်တည်ပုံနဲ့ မျိုးပွားပုံ၊ ကိုယ်ဝန်ဆောင်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အခန်းကဏ္ဍအရေးကြီးပုံနဲ့ စားသုံးဖို့ လိုအပ်ချက်တွေကို အကြံပြုလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဒီမေးလ်ပါ အချက်တွေကို သုံးသပ်ထားတဲ့အချက်တွေကို တင်ပြထားပါတယ်။

သက်ရှိတခုရဲ့ သန္ဓေစတင်ပုံအဆင့်ဆင့်

သက်ရှိ တို့ရဲ့ ဆဲလ်ကလပ်စည်းကို ဖြစ်စေတဲ့ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိတဲ့ alleles (ဗီဇ၀က်) တခုစီဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင်စွာ ပြီးစီးသွားတဲ့အခါ ဖခင်သုတ်ရည်ထဲရှိ သုတ်ကောင်(sperm) မှ ရရှိတဲ့ allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိတဲ့ ဗီဇ၀က်တို့ ပေါင်းစပ်မိပြီး ဗီဇ (Gene ) တခုကို ဖြစ်စေတယ်။ အဲဒီကမှတဆင့် (gamete) ခေါ် ပထမဦးဆုံး သက်ရှိဆဲလ်အသစ် တခုကို ဖွဲ့စည်းပါသည်။ အဲဒီကမှတဆင့် ပုံစံတူထပ်တူကျတဲ့ ဆဲလ်တွေကို ဆက်ပွားပြီး နှစ်ခုပေါင်းမှ တခုဖြစ်လာတဲ့ ခရိုမိုဆုန်း တခုတည်းနဲ့ သက်ရှိလောင်းလျာ (Zygote) ကို စတင်ပါတယ်။ မျိုးရိုးဗီဇ အချက်အလက်တွေဟာ ဆဲလ်ကလပ်စည်းတိုင်းရဲ့ ဗဟိုချက်ဖြစ်တဲ့ နြူကလိယ (Nucleus) များ ထဲမှာနေရာ ယူလျက်ရှိပါတယ်။ ဒီထဲကနေပြီး ဆဲလ်ရဲ့ လုပ်ငန်းအားလုံးအတွက် လိုအပ်တဲ့ အချက်အလက် ပစ္စည်း အားလုံး ပါဝင်တဲ့အပြင် နောက်မျိုးဆက်ဆီကို လက်ဆင့် ကမ်းပေးကမ်းပေးတဲ့ မျိုရိုးဗီဇ အမွေအနစ်အရိုက်အရာတွေ အားလုံးကို သိုလှောင်ထားပါတယ်။ ဗီဇဟာ မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်တဲ့ အသေးငယ်ဆုံးသော အခြေခံအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ မိဘရဲ့ ဗီဇတခုဟာ နောက်မျိုးဆက်ကို မိမိမှာ ရှိတဲ့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက်နဲ့ ကျား၊ မ စတာတွေကို လက်ဆင့်ကမ်း အမွေပေးသွားပါတယ်။ ခရိုမိုဇုမ်း တခုထဲမှာ ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိပါသည်။

ခရိုမိုဆုန်းတွေက အစုံလိုက်တွဲဖက်နေပြီး လူသား ဆဲလ်တခုမှာ ခရိုမိုဆုန်း ၂၃ စုံ (သို့) ၄၆ ခု ပါဝင်တဲ့အနက် တစ်ကနေ ၂၂ စုံအထိကို Autosomal Chromosome or Autosome လို့ခေါ်ပြီး ၎င်းတို့က ရုပ်သွင်၊ စရိုက် ဥာဏ်ရည်စတဲ့ တခြားအရိုက်အရာတွေကို အမွေပေးပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းကို ကျား၊မ (သို့) လိင် ခရိုမိုဆုန်း (Sex cromosome) လို့ခေါ်ပြီး ကျားမ လက္ခဏာကို မွေပေးပါတယ်။ အမျိုးသားတွေရဲ့ ဆဲလ်မှာ X နှင့် Y ဆိုပြီး လိင်ခရိုမိုဆုန်း နှစ်မျိုးရှိပေမဲ့ အမျိုးသမီးတွေရဲ့ ဆဲလ်မှာကျတော့ X ခရိုမိုဇုမ်း တမျိုးသာ ရှိပါသည်။ X နဲ့ X ပေါင်းပါက သမီးမိန်းကလေး ဖြစ်လာပြီး X နဲ့ Y ပေါင်းပါက ယောက်ျားလေး သန္ဓေကို ဖြစ်လာစေပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်လို့ မျိုးပွားပြီး ပထမ ဦးဆုံး သက်ရှိဆဲလ် Gametocyte ကိုဖွဲ့စည်းရာမှာ မိခင်ဆီကတခု ဖခင်ဆီကတခုပေါင်းစပ်ပြီး ယောက်ျားလေး (သို့) မိန်းကလေး ဖြစ်လာမည့် လိင်ခရိုမိုဆုန်းတခုကို ရပါတယ်။ မျိုးစပ်တဲ့အချိန်မှာ အမျိုးသမီးမှာ X ခရိုမိုဆုန်းတမျိုးသာ ရှိလို့ X ခရိုမိုဇုန်းကိုသာ ထုတ်ပေးနိုင်ပြီး အမျိုးသားမှာကျတော့ X နဲ့ Y နှစ်ခုစလုံး ရှိလို့ X (သို့) Y တခုခုကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားဆီက လာတဲ့ ခရိုမိုဆုန်းအပေါ် မူတည်ပြီး ယောက်ျားလေး (သို့) မိန်းကလေးကို သန္ဓေတည်စေပါတယ်၊ အစားအသောက်ကြောင့် လုံးဝ မဟုတ်ပါ။ အကယ်၍ အမျိုးသားဆီက X ခရိုမိုဇုန်းကို ရပါက သန္ဓေသားရဲ့ လိင်ခရိုမိုဇုန်းမှာ X နဲ့ X ပေါင်းစပ်မိပြီး သမီးမိန်းကလေး (XX) ကို သန္ဓေတည်စေပါတယ်။ အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက သန္ဓေသားရဲ့ လိင်ခရိုမိုဆုန်းမှာ X နဲ့ Y ပေါင်းစပ်မိပြီး သားယောက်ျားလေး (XY) ကို သန္ဓေတည်စေပါတယ်။ ဒါကြောင့်မို့ မိန်းကလေးမွေးခြင်း ယောကျားလေး မွေးခြင်းဆိုတာ အစားအသာက်နဲ့ လုံးဝမဆိုင်ဘဲ ဖိုနဲ့မ ပေါင်းစပ်စဉ်က အမျိုးသားများရဲ့ Spam မှ ထုတ်ပေးလိုက်သော လိင်ခရိုမိုဇုန်း အမျိုးအစားနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။


Gestation ကိုယ်ဝန်ဆောင်ခြင်းရဲ့ သဘောသဘာဝ

အထက်ပါ မျိုးပွားခြင်း လုပ်ငန်းစဉ်မှာ ဖေါ်ပြခဲ့တဲ့နည်းအတိုင်း ကိုယ်ဝန်တခုကို ဖြစ်ပေါ်စေပြီး ကိုယ်ဝန် ဆောင်ခြင်း (Gestation) ဆိုတာဟာ မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်ရဲ့ သားအိမ်မှာ သန္ဓေသား ကြီးထွားစေတဲ့ ကိုးလကျော် ကာလကို ကိုယ်ဝန်ဆောင်ကာလို့ ခေါ်ပါတယ်။ ဒီကာလမှာ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ကမောက်ကမ ဖြစ်စေပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါတယ်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) မှာ gonadal ဟော်မုန်းတွေ မြင့်တက်လာမှုကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါတယ်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းမှာ သားအိမ်က ဆီးအိတ်ကို ဖိထားတာကြောင့် လည်းကောင်း၊ ကျောက်ကပ်အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးမအောင့်နိုင်ဘဲ ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းမှာ ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်စီဂျင်ကို အလျင်မီအောင် အားစိုက် ရှူရှိုက်ရတဲ့အတွက်ကြောင့် အသက်ရှူနှုန်း မြန်လာပြီး အဆုပ်ရဲ့ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာကာ ချွဲသလိပ်တွေကို ပုံမှန်ထက် ပိုအထွက်များလာစေတယ်။

နှလုံးသွေးကြော အဖွဲ့အစည်းမှာ သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်ပေးသည့်သွေး (Cardiac Output) များခြင်းတို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာတဲ့အတွက်ကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် တယောက်ဟာ ဒီလိုပုံမှန်မဟုတ်တဲ့ လက္ခာတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျန်းမာရေး မထိခိုက်စေဖို့အတွက် အစာအာဟာရကို မျှတအောင် စားသုံးဖို့ အထူးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...

  • သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

  • အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

  • အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

  • အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

  • ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

  • အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..
ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...

ပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...









ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ













အကြွယ်ဝဆုံးအစားအစာများ
ဒုတိယအကြွယ်ဝဆုံးအစားအစာများ
တတိယအကြွယ်ဝဆုံးအစားအစာများ
ကညွတ်ပင်ဂေါ်ဖီထုပ်မုန်လာဥဝါ
အစိမ်းရောင်ပန်းဂေါ်ဖ်ီပန်းဂေါ်ဖီအာလူး
ပဲနီလေးတရုတ်နံနံခရမ်းချဉ်သီး
ပဲသီးခြောက်များလိမ္မော်သီး၊ လိမ္မော်ရည်စတော်ဘယ်ရီ
ဟင်းနုနွယ်ကြက်သွန်နီတစ်မျိုး(leeks)ဆော်လမွန်ငါး
ပဲဝါကလေးရွှေပဲသစ်ကြားသီး

























ဂျူံစေ့ဆားမပါသောမြေပဲ


























{short description of image}

ကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...










အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ
















အာဟာရဓါတ်များ
ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ
အကြွယ်ဝဆုံးရနိုင်သောအစားအစာများ
ပရိုတိန်း(အသားဓါတ်)ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှုအဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး
ကစီဓါတ်နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ်နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ
အဆီဓါတ်ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မှုအဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊
ကယ်လ်စီယမ်အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ်
သံဓါတ်သွေးနီဥတည်ဆောက်မှုအဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊
ဗိုက်တာမင် Aအရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှုမုန်လာဥနီ၊ အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊
ဗိုက်တာမင် Cသွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှုသံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊
ဗိုက်တာမင် B6သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှုဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊
ဗိုက်တာမင် B12သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..)
ဗိုက်တာမင် Dအရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှုနို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊

နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ
{short description of image}




ကိုယ်ဝန်သည်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အရေးပါပုံ

သမီးမိန်းကလေးကို လွယ်ထားတည့် မိခင်ဖြစ်စေ သားယောက်ျားလေးကို လွယ်ထားသည့် မိခင်ဖြစ်စေ အစာ၊ အာဟာရ မျှတပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ ရရှိဖို့အတွက်နှင့် အစာခြေအင်္ဂါအဖွဲ့အစည်း ပုံမှန် အလုပ်လုပ်ကာ ၀မ်းပုံမှန် သွားစေနိုင်ဖို့အတွက်
အမျှင်ဓါတ်ပုံမှန်ရရှိနေစေရန် ဟင်းသီးဟင်းရွက်ကို ကိုဝန်သည်တိုင်း မဖြစ်မနေ စားသုံးရန် လိုအပ်ပါတယ်။ အမျှင် (Fibre) များ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပြီး အစာချေ အင်္ဂါအဖွဲ့အစည်းက ကျေညက်အောင် ဖျက်နိုင်မှု မ၇ှိတဲ့အတွက် တခြား အမျှင်မပါတဲ့ သွားရေစာ အစားအစာတွေလို ခန္ဓာကိုယ်အတွက် ပိုသျှံတာကို အချိုဓါတ်အဖြစ် ပြောင်းလဲပြီး သိမ်းထားနိုင်ခြင်း မရှိတဲ့အတွက် အချိန်မှန် စားပေးရန် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တဲမှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံက ခန္ဓာကိုယ်အတွက် စုပ်ယူပြီးတဲ့အချိန်မှာ အစာချေ၍ မရနိုင်တဲ့ အဖတ်တွေကို ဆဲလ်မှ အသုံး မပြုနိုင်တော့တဲ့အတွက် အူလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး အစာဟောင်းအဖြစ် စွန့်ပစ်ရတဲ့အတွက် အမျှင်ဓါတ်ဟာ အူလမ်းကြောင်းအတွက် နေ့စဉ် စားသုံးဖို့ တကယ်လိုအပ်ပါတယ်။ အမျှင်တွေက အူနံရံမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်သည်တယောက်ဟာ အမျှင်ဓါတ်ကို များများစားပြီး ရေကိုများများ သောက်ဖို့ အထူး လိုအပ်ပါတယ်။

စားသုံးသင့်သည့် ဟင်းသီးဟင်းရွက် ပမာဏ

ဟင်းသီးဟင်းရွက်ကို ပုံမှန် လူတယာက် တခါစားအတွက် ပမာဏကို Australian Guide Line for Healthy Diet မှာ အောက်ပါအတိုင်း အကြံပြုထားပါတယ်။ ကိုယ်ဝန်သည်က ဒီထက်ပိုစားသင့်ပါတယ်။

- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ
(သို့မဟုတ်)
- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ (သို့မဟုတ်)
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ကြောင်း အကြိမ်ပြုထားပါတယ်။ ဟင်းသီးဟင်းရွက်က ခန္ဓာကိုယ်အတွက် အများဆုံး လိုအပ်တဲ့ ပမာဏဖြစ်လို့ အစာအိမ်က လက်ခံ ပါက သတ်မှတ် ထားတဲ့ ပမာဏထက် ပိုစားနိုင်ပါတယ်။

လူတိုင်းအတွက် ဟင်းသီးဟင်းရွက် စားရန် အကြံပြုချက်

အမျှင်ဓါတ် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းပါက ရောဂါပေါင်းများစွာကို လက်ယပ် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဟင်းသီးဟင်းရွက် မစားဘဲနဲ့ အူလမ်းကြောင်းကို ရေရှည် ပုံမှန် အလုပ်မလုပ်နိုင်ပါ။ ၀မ်းချုပ်ပြီး လိပ်ခေါင်းရောဂါ ရခြင်း၊ အစာအာဟာရ ချို့တဲ့ခြင်း (သို့) အ၀လွန်ခြင်းနှင့် အူမကြီးကင်ဆာ ဖြစ်ခြင်း၊ နှလုံး ဆီးချို စတဲ့ အသက်ကြီးလာတာနဲ့အမျှ ဖြစ်လာတဲ့ ရောဂါပေါင်းများစွာဟာ အမျှင်ဓါတ်ခေါ် ဟင်းသီးဟင်းရွက် အစားနည်းတဲ့အချက်ကြောင့်လည်း အများဆုံးပါဝင်ပါတယ်။ ၀မ်းတလုံး ကောင်းရင် ခေါင်းမခဲဘူးလို့ ရှေးလူကြီးတွေ ဆိုရိုးစကားက တကယ်ကိုမှန်ပါတယ်။ ၀မ်းတလုံးကောင်းရင် အခုတော့ ခေါင်းမခဲရုံတင်မက အသက်ကြီးလာရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ ရောဂါများပေါင်း များစွာကိုပါ ၀မ်းတလုံးကို ကောင်းအောင် ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်ကြောင်း လေ့လာသိရှိထားပြီး ဖြစ်ပါတယ်။ ၀မ်းတလုံးကောင်းဖို့အတွက် ဘာမှမခက်ပါ ဟင်းသီးဟင်းရွက်ကို နေ့စဉ်ပုံမှန်စားသုံးရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းတလုံးကောင်းဖို့အတွက် အမျှင်ဓတ် ဟင်းသီးဟင်းရွက်ကို ကိုယ်ဝန်ဆောင်တွေသာမက လူတိုင်းနေ့စဉ် စားသုံးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။


Forward e-mail အပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ချက်

ဒီအီးမေးလ်ကို ကျွန်မ ဖတ်ပြီး ခန့်မှန်းလို့ရတာက အကြောင်းအရာတွေက မျိုးပွားခြင်းဆိုင်ရာ ဆေးပညာနဲ့ လုံးဝမကိုက်ညီတဲ့အတွက် ဒါကို ရေးပြီး ဖြန့်ဝေသူဟာ Reproductive Process ကို နားလည်လောက်တဲ့အထိ ဆေးပညာ ဗဟုသုရှိသူ မဟုတ်ဘဲ Reproductive Biomedical Journal က ဆောင်းပါးတပုဒ်ကို ဖတ်ပြီး သူနားလည်သလို သူထင်တာကို ကောက်ချက်ဆွဲပြီး ဘာသာ ပြန်ရေးထားတာသာ ဖြစ်တယ်။

((((ကိုယ်ဝန် ​ဆောင်ချိန်တွင် မိခင်​လောင်း​များ​က ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ခြင်း​ဖြင့်​ သမီး​လေး​ ​မွေး​ဖွား​ရန် အခွင့်​အလမ်း​ ပိုများ​ နိုင်​ကြောင်း​ သု​တေသန ပညာရှင်များ​က ​ပြောကြား​ခဲ့​သည် (Fact)။ ........... ထို့​ကြောင့်​ သမီး​မိန်း​က​လေး​ လိုချင်​သော မိခင်များ​အ​နေနှင့်​ အသီး​ အရွက်နှင့်​ သစ်သီး​ဝလံများ​ ပိုမိုစား​သင့်​ကြောင်း​ သု​တေသီများ​ကဆိုသည်။ ထို့ ​အပြင် သား​ယောက်ျား​လေး​ ပိုလိုချင်​သော မိခင်​လောင်း​များ​သည် ပိုတက်ဆီယမ်နှင့်​ ဆိုဒီယမ်တို့​ ကြွယ်ဝသည့်​ ငှက်​ပျောသီး​နှင့်​ အာလူး​တို့​ကို များ​များ​စား​သင့်​ကြောင်း​လည်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ ))))

ဒီရေးသားချက်က ပညာရှင်တွေက ပြောပါတယ်လို့ ရေးထားပေမဲ့ ပညာရှင်တွေ ပြောတာကို ဖတ်သူက နားလည်မှု လွဲနေတာသာ ဖြစ်ပါတယ်။ စာရေးသူက ဟင်းသီးဟင်းရွက်စားများများ စားလို့ သမီးမိန်းကလေး မွေးတယ်၊ ငှက်ပျောသီးတွေ အာလူးတွေ များများစားလို့ သားယောက်ျားလေး မွေးတယ်ဆိုတာကို အတိအကျ ယုံကြည်ထားတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေက Reproductive Biomedical Journal က ဆောင်းပါးထဲမှာ သမီးမိန်းကလေး မွေးလာသော မိခင်များက ကိုယ်ဝန်ဆောင်စဉ်က ဟင်းသီးဟင်းရွက် များများစားသူများ ဖြစ်နေတာကို တွေ့ရပြီး ယောက်ျားလေး မွေးလာသော အမျိုးသမီးများကတော့ ငှက်ပျောသီးတွေ အားလူးတွေ များများစားတာကို တွေ့ရှိတဲ့အတိုင်း ရေးထားတာကို ရေးသူက သူနားလည်မိသလို ဘာသာပြန်ထားသာ ဖြစ်ပါတယ်။

အမှန်က ဟင်းသီးဟင်းရွက် စားလို့ သမီးမိန်းကလေး မွေးခြင်းမဟုတ်၊ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ထားလို့ မိခင်လောင်းက ချင်ခြင်းဖြစ်ရာမှာ ဟင်းသီးဟင်းရွက်ကို ပိုတောင်းတပြီး စားခြင်းသာ ဖြစ်ပါတယ်။ ဘာကြောင့် ဆိုတော့ အထက်ပါ ကျွန်မ တင်ပြတဲ့ မျိုးပွားခြင်းဆိုင်ရာ အဆင့်ဆင့်အရ ကိုယ်ဝန်ရှိတယ်ဆိုတာ စမ်းသပ်တွေ့ရှိကတည်းက ဖိုလား မလားဆိုတာ သန္ဓေကတည်ပြီးသား ဖြစ်လို့ အစားအသောက်ကြောင့် ကျား၊ မ သန္ဓေပြောင်းသွားစရာ အကြောင်း မရှိပါဘူး။ ကျား၊ မ သန္ဓေမတူလို့ မိခင်ရဲ့ အကြိုက် မတူတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်ဝန်ဆောင်စဉ် စားသောက်တာကို သုတေသနပြုထား မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲစားစား မိန်းကလေး သန္ဓေက မိန်းကလေးပဲ မွေးမှာ ဖြစ်ပြီး ယောက်ျားလေး သန္ဓေကကလည်း ယောက်ျားလေးပဲ မွေးမှာ ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်ဆိုတာ ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားသည့် မိခင်ဖြစ်စေ၊ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ထားသည့် မိခင်ဖြစ်စေ မဖြစ်မနေ စားသုံးရန် လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။



(((ပို့စ်နဲ့ မဆိုင်တဲ့ စာကြွင်း။ ကျွန်မဆီကို ရောက်လာတဲ့ Forward mail အတော်များများက ဒီလိုပဲ မူရင်းစာရေးသူနဲ့ မူရင်းဖေါ်ပြတဲ့နေရာ ပါခဲပါတယ်။ Forward mails တွေထဲမှာ ဒီလိုအချက်အလက် အမှားတွေနဲ့ စာတွေ ပါသလို တချို့စာတွေက အင်မတန်မှ အချက်အလက် ပြည့်စုံလို့ ကျွန်မ ပြန်ဖေါ်ပြလိုတဲ့ ဆန္ဒ မကြာခဏ ရှိခဲ့ပေမဲ့ Reference မပါ၊ မူရင်းနေရာ မပါတာကြောင့် ပြန်မဖေါ်ပြဖြစ်တဲ့ စာကောင်းလေးတွေ အများကြီး ရှိပါတယ်။ စာတပုဒ်အပေါ် တိုက်ရိုက် တာဝန်ရှိသူဟာ စာရေးသူသာ ဖြစ်လို့ အမှန်က စာတပုဒ်ကို မိမိက အီးမေးလ်ကနေ ပြန်ဖြန့်ဝေရင် ဖြစ်စေ၊ မိမိစာမျက်နှာမှာ ပြန်ဖေါ်ပြရင် ဖြစ်စေ ပြန်ဖြန့်ဝေသူဟာ မူလစာရေးသူနဲ့ မူလဖေါ်ပြတဲ့ နေရာကို ထည့်သွင်း ဖေါ်ပြသင့်ပါတယ်။)))


ရွှင်လန်းချမ်းမြေ့ပါစေ



Bibliography

အောက်ပါပို့စ်တွေအထဲက သက်ဆိုင်တာကို ပြန်လည်ကောက်နှုတ်ကာ စုတည်းတင်ပြထားပါတယ်။

Naing, Nge. (2008). မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက်. http://nge-naing.blogspot.com/2009/09/blog-post_22.html


Nge Naing. (2008). Gestational Diabetes.
( http://nge-naing.blogspot.com/2009/09/blog-post_08.html )


Naing, Nge. (2008). မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)
http://nge-naing.blogspot.com/2009/10/blog-post_27.html


Naing, Nge. (2008). ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်သော အစာအာဟာရ (၁)
http://nge-naing.blogspot.com/2009/08/blog-post_22.html

Dr Win Thin. (2008). Diet for pregnancy. http://health.ngoinmyanmar.org/2008/08/diet-for-pregnancy.html


Nge Naing. (2008). ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နေ့စဉ် စားသုံးရန်လိုအပ်သော အစာပမာဏ. http://nge-naing.blogspot.com/2009/08/blog-post_25.html



ကျန်းမာစွာ အသက်ရှင် ရပ်တည်ရန် နေ့စဉ် စားသုံးရန်လိုအပ်သော အစားအစာပမာဏ


လူသားတို့ နေ့စဉ် ရင်ဆိုင် ကြုံတွေ့ခံစားနေရသော ရောဂါများနှင့် ကျန်းမာရေး ပြဿနာများကို လေ့လာပါက အစားအသောက် မမျှတ၍ ဖြစ်ရသော ရောဂါသည် တခြားရောဂါထက် ပိုများသည်ကို တွေ့ရှိရပေမည်။ အစားအစာထဲတွင် ဗီတာမင်နှင့် သတ္တုဓါတ်များသည် သီးခြား တည်ရှိနေခြင်း မဟုတ်ပဲ အကြီးစားအာဟာရများ ဖြစ်သည့် Macronutrients များထဲတွင် ပါဝင် နေသောကြောင့် အာဟာရ အကြီးစားများကို နေ့စဉ် စားသုံးသင့်သည့် ပမာဏအတိုင်း လုံလောက် မျှတစွာ စားသုံးပါက လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ် များကို မချို့တဲ့အောင် ကာကွယ် ပြီးသား ဖြစ်သလို တခြား ရောဂါပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါသည်။ နေ့စဉ် စားသုံး သင့်သည့် ပမာဏ အတွက် Australian Guideline for Healthy Diet တွင် အကြံပြု ထားသည့်အတိုင်း ကောက်နှုတ် တင်ပြ လိုက် ပါသည်။ ထို အကြံပြုချက် ထဲတွင် အရည်ဖြစ်စေ၊ အဖတ်ဖြစ်စေ တခွက်စာ ဆိုသည်မှာ အရည် ၂၅၀ မီလီလီတာ ၀င်သည့် ခွက် (သို့) ပန်းကန်လုံး တလုံးစာကို ဆိုလိုပါသည်။ နေ့စဉ် စားသုံး သင့်သည့် အစားအစာ များကို အောက်ပါအတိုင်း အုပ်စုကြီးများ ခွဲထားသည်ကို လေ့လာပြီး အစားအသောက်ကို စနစ်တကျ စားသုံးသင့်ပါသည်။

၁။ ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ် များသော) နှံစား သီးနှံများ

ထမင်း၊ ပေါင်မုန့်၊ cereals, Pasta, ခေါက်ဆွဲ စသည် ဆန်၊ ဂျုံ၊ ပြောင်း တို့ဖြင့် ပြုလုပ် ထားသော အစားအစာ အကုန်လုံးပါဝင်ပြီး စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပြီး ငါးကြိမ် အထိ စားသုံး သင့်သည် ဟု စံ သတ်မှတ် ထားပါသည်။
- ပေါင်မုန့် အချပ်ဖြစ်ပါက နှစ်ချပ် (သို့မဟုတ်)
- ပေါင်မုန့်အလုံးဖြစ်ပါက အနေတော်အရွယ် တလုံး
(သို့မဟုတ်)

- ခေါက်ခွဲ၊ Pasta, cereal နှင့် ထမင်း ဖြစ်ပါက ပန်းကန်လုံးတလုံးစာ ( ယောင်းမ (သို)့ ထမင်းခူးဇွန်း အနေ တော်အရွယ်နှင့် တခပ်စာ) သတ်မှတ်ထားပါသည်။ သို့သော်လည်း ထမင်းကို အဓိကစားသော မြန်မာ လူမျိုးများအတွက်မူ ထမင်းကို ယောင်းမနှင့် တခပ်စာကို တခါစားအဖြစ် တင်းတိမ် နိုင်မည် မဟုတ် သဖြင့် ငါးခွက်စာကို မိမိ တနေ့စာ သတ်မှတ်ပြီး အကြိမ်ကို မိမိ ကြိုက်နှစ်သက် သလို သတ်မှတ် စားသုံး နိုင်ပါသည်။ အလုပ်ကြမ်း လုပ်သူမဟုတ်ပဲ ထိုထက် ပိုစားပါက အ၀လွန် ရောဂါရပြီး နောက်ဆက်တွဲ ရောဂါများစွာ ရနိုင် ပါသည်။

၂။ ဟင်းသီး ဟင်းရွက်များ

ဟင်းသီး ဟင်းရွက်များ ကိုလည်း စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ် ထားပါသည်။
- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ
(သို့မဟုတ်)

- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ (သို့မဟုတ်)
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ပါသည်။ သို့သော်လည်း ဟင်းသီးဟင်းရွက်သည် ခန္ဓာကိုယ်အတွက် အများဆုံး စားသင့် သောကြောင့် အစာအိမ်မှ လက်ခံ ပါက သတ်မှတ် ထားသည် ထက် ပိုစား၍ ပြဿနာ မရှိပါ။

၃။ အသီး နှံများ


အသီးနှံများကို အနည်းဆုံး တနေ့ နှစ်ကြိမ်ခန့်နှင့် တခါစားကို အောက်ပါ စံ သတ်မှတ် ထားသည့် ဥပမာ အတိုင်း စားသုံးသင့်ပါသည်။
- အနေတော်အရွယ် ပန်းသီး၊ ငှက်ပျောသီးနှင့် ကီဝီသီး စသည့် တလုံး
(သို့မဟုတ်)

- အရည် ဖြစ်ပါက ခွက်တ၀က် (သို့မဟုတ်)
- စပျစ်သီး၊ စထရော် ဘယ်ရီကဲ့သို့ အသီးများနှင့် အသီးမျိုးမျိုးကို စိတ်ပြီး ရောနှောထားပါက တခွက်စာ (သို့မဟုတ်)
- အသီးခြောက်များ ဖြစ်ပါက ခွက်တ၀က်စာ နှင့် စည်သွပ် ထားသည့် အသီးဖြစ်ပါက တခွက်စာ ကို တခါစားအဖြစ် သတ်မှတ် စားသုံး သင့်ပါသည်။

အရည် ဆိုသည်မှာ ဆော်ဒါနှင့် သကြားပါဝင်သည့် Soft Drink ကို ဆိုလြိုခင်း မဟုတ်ဘဲ ပန်းသီး (သို့) တခြားအသီးနှံများကို ရေအပါအ၀င် မည်သည့် အကူပစ္စည်းမှ မရောပဲ ၁၀၀% အရည် ညှစ်ထားသော သစ်သီးရည် ကိုသာ ဆိုလို ပါသည်။ အချိုဓါတ် နည်းသည့် အသီး ဖြစ်ပါက တနေ့ နှစ်ကြိမ် ထက် ပိုစား နိုင်ပါသည်။

၎။ နို့ထွက် ပစ္စည်းများ

နို့နှင့် နို့ထွက် အစားအစာ များကို တနေ့ နှစ်ကြိမ် မှ ငါးကြိမ် ခန့်အထိ စားသုံး သင့်ပြီး တခါစားကို အောက်ပါ ဥပမာအတိုင်း စံ သတ်မှတ် ထားပါသည်။
- ပဲနို့ (သို့) မလိုင်ဆယ်ပြီးသောနို့ (Skim milk) တခွက်စာ (၂၅၀ မီလီလီတာ)
(သို့မဟုတ်)

- Cheese နှစ်လွှာ (သို့) ၄၀ ဂရမ် (သို့မဟုတ်)
- ဒိန်ချဉ် ၂၀၀ မီလီလီတာ

၅။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အစေ့များ

အသားဓါတ်ကို အဓိက ပေးသော အစားအစာများ ဖြစ်ပြီး အသားဓါတ်သည် ခန္ဓာကိုယ်ထဲတွင် ၇၀% ထုတ်လုပ်သောကြောင့် တနေ့ကို ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါသည်။ တခါစားရန် ပမာဏကို အောက်ပါအတိုင်း ဥပမာပေးပါသည်။
- ချက်ပြုတ်ထားသော အဆီနှင့် အရေပြားမပါသည့် ကြိုက်နှစ်သက်ရာ အသား သေးသေးနှစ်တုံး (သို့) ၆၅-၁၀၀ ဂရမ်ခန့် (စဉ်းထားသည့် အသား ဖြစ်ပါက ခွက်တ၀က်စာ)
(သို့မဟုတ်)

- ကင်ထားသော အသားနှစ်လွှာ (သို့မဟုတ်)
- ငါးအသား ၈၀ - ၁၂၀ ဂရမ် (သို့မဟုတ်)
- ကြက်ဥ သေးသေး နှစ်လုံး (သို့မဟုတ်)
- မြေပဲ၊ နှမ်း၊ နေကြာစေ့နှင့် တခြား အခံမာစေ့များ ခွက်တ၀က်ခန့် (သို့မဟုတ်)
- အပြုတ် (သို့) ကျက်ပြီးသော ပဲအမျိုးမျိုး တခွက်စာ စားသုံး သင့်ပါသည်။

ရေ
ရေတွင် မည်သည့်အာဟာရဓါတ်မှ မပါဝင်သော်လည်း ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုနှင့် အာဟာရများကို ခန္ဓာကိုယ်အနှံ့သယ်ယူ ပို့ဆောင်ပေးနိုင်ရန်အတွက် အရေးကြီးဆုံးသော သောက်စရာ ဖြစ်သည်။ လူတယောက်ကို နေ့လျင် ရေ ၁လီတာခွဲမှာ ၂ လီတာ ခန့်အထိ သောက်သုံးသင့်ပါသည်။ ကျောက်ကပ် ပြဿနာမရှိသူ (သို့) သာမန်ကျန်းမာနေသူများ ကြိုက်သလောက် ပိုသောက်နိုင်ပါသည်။

အပိုစာများ
သကြား၊ ဆား၊ ဘီရာ၊ အရက်၊ အချိုရည် (Soft drink)၊ ဘီစကစ်မုန့်အပါအ၀င် သွားရေစာ အချိုစာများအားလုံး၊ ပေါင်မုန့်တွင် သုတ်သည့် ထောပတ်နှင့် Jam များအားလုံးသည် ကျန်းမာရေးအတွက် မလိုအပ်ပဲ အရသာအတွက် စားသည့် အပိုစာများသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအစာများကို မစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မည်သည့် အကျိုးကျေးဇူးမှ ဆုတ်ယုတ်သွားရန် မရှိပါ။ စားသုံးပါက အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ဆင်ခြင် စားသုံးသင့်သော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို မစားသုံးပဲ နေနိုင်က ကျန်းမာရေးအတွက် ပိုကောင်းပါသည်။


နိဂုံးချုပ် အနေဖြင့် အသက်ရှင်စဉ် ကာလ တွင် ကျန်းမာရေး သည် လူတယောက် အတွက် ပထမ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါ သည်။ လူတယောက် ကျန်းမာစွာ အသက်ရှင်ရပ် တည်ရန် အတွက် အဟာရသည် အရေးကြီးဆုံး ဖြစ်ပြီး ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုမို ထိရောက်သည် ဟူသည့် စကားနှင့် အညီ အာဟာရကို လုံလောက် မျှတစွာ စားသုံးခြင်း ဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း တို့ကို ရှောင်ကျဉ် နိုင်ပြီး ၎င်းတို့ကြောင့် ဖြစ်လာ နိုင်သည့် ရောဂါ ပေါင်း များစွာ ကိုလည်း ကာကွယ်သင့်ပါသည်။

(Public Health in Myanmar တွင် တင်သော မူရင်းပို့စ် ကို အနည်းငယ် ပြန်လည်ဖြည့်စွက်ထားပါသည်။)


လူတိုင်းလူတိုင်း အစာအာဟာရ မျှတလျက် ကျန်းမာပျော်ရွှင်စွာ အသက်ရှင် ရပ်တည်နိုင်ကြပါစေ။






ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၂)

အသေးစား အာဟာရများ (Micronutrients)

ဗီတာမင်နှင့် သတ္တုဓာတ်များ

Macronutrients ( အကြီးစား အာဟာရများ) အကြောင်း ကို ပထမပိုင်းတွင် တင်ပြခဲ့ပြီး ဖြစ်၍ ဤဒုတိယ ပိုင်းတွင် Micronutrients ( အသေးစား အဟာရများ) များ အကြောင်းကို ဆက်လက်၍ ဖေါ်ပြလိုက်ပါသည်။ Micronutrients (အသေးစားအာဟာရ) များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဤဒုတိယပိုင်းတွင် ဗီတာမင်နှင့် သတ္တုဓါတ် တခုစီ၏ အသုံးဝင်ပုံ၊ ရနိုင်သော အစားအစာနှင့် ချို့တဲ့ပါက ဖြစ်လာနိုင်သည့် ပြဿနာများကို လေ့လာနိုင်ပါသည်။






1. ဗီတာမင်များ (Vitamins)

ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် B အုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည် အဆီတွင် ပျော်ဝင်သော ဗီတာမင်များ ဖြစ်သည်။ ကွဲပြား သည်မှာ အဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ်ထဲမှာပင် ထုတ်လုပ်သော ကြောင့် အစားအစာ များတွင် သီးသန့်ပါဝင်ရန် မလိုပါ၊ သို့သော်လည်း ၎င်းတို့၏ အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန် စားသုံးရန် လိုအပ်သည့် မရှိမဖြစ်သည့် အာဟာရ များ ဖြစ်သည်။

ဗီတာမင် A

ခန္ဓာကိုယ် အတွင်း အပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍ အလင်းရောင် နည်းသော နေရာတွင် အမြင် အာရုံကို ပိုမို ကြည်လင် အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက် အစားအစာများ၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့် အသီးနှံ အမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊ အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့် ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ် သည် အထိ ဖြစ်နိုင်ပါသည်။

ဗီတာမင် B1

ကာဗွန် ဟိုက်ဒရိတ်အစာ(ဆန်၊ ဂျုံ၊ ပြောင်းစသည့်) တို့၏ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များ အဟာရအတွက် အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ် အစာမျိုးမျိုး၊ ပဲ၊ အသား၊ အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အစား အသောက်ပျက်ခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ် အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါက အာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့် အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။

ဗီတာမင် B2

၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင် အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင် အသုံးပြု ပါသည်။ ၎င်းကို အသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖ၀ါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင် အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B3

အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊ အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်း အတွက် အသုံးပြု သည့်အပြင် အရေးကြီး သည့် တစ်ရှူးများ အသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သော အင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါ အစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား ရောင်ခြင်း၊ ၀မ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B6

ကာဗွန် ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များ အတွက် အကူ အင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ် အတွက် အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်း အကူအညီ ပေးသည်။ ၎င်းကို အာဟာရ အကြီးစား အမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ် အမြှေးပါး ရောင်ရမ်းခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B12

ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။

ဗီတာမင် C

အနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ် အစာခြေဖျက်မှု လုပ်ငန်းစဉ်၊ အဆီ နှင့် အသားဓါတ် ထုတ်လုပ်မှု၊ သွား၊ အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအား ထိန်းသိမ်း စောင့်ရှောက်မှု၊ အဆိပ် ဖြစ်စေသည့် အရာ များအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲ အတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို အချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့် အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက် ပတ်လည်တွင် သေးငယ်သော အနီစက်များ ပေါ်ခြင်း၊ အရေပြား အောက်ရှိ ပျောက်ပြီးသော အနာ ဒဏ်ရာ ဟောင်းမှ သွေးပြန် ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။

ဗီတာမင် D

ကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊ အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင် အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ် အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။ အသည်း နှင့် ငါးအဆီများတွင် အဓိက ရနိုင်ပြီး ၎င်းကို အကျိုးပြု ကော်လက်စရောလ် အဖြစ် ပြောင်းလဲ စေပါသည်။ ၎င်းအတွက် တခြားသော သီးသန့် အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကို အရေပြားနှင့် ထိတွေ့ခွင့် အပူပိုင်း ဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊ အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက် ပါသည်။ ချို့တဲ့ ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့် အရိုးပျော့ခြင်း နှင့် အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။

ဗီတာမင် E

ခန္ဓာကိုယ်ကို အဆိပ် ဖြစ်စေနိုင်သော အရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့် အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကို အဓိက အားဖြင့် အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျုံကြမ်း) စသည် အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့် အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင် အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် K

အသည်း တွင်း ရှိ သွေးခဲသည့် အရာများကို ထုတ်လုပ်ရာ တွင် အသုံး ပြုသည်။ သွေး ပျော်စေသည့် အစားအစာများ သို့မဟုတ် ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကို အူမကြီး အတွင်းရှိ ဘက်တီးရီးယား များက ထုတ်လုပ် ပေး ပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစ ကလေးတွင် သွေးထွက် လွန်သည့် ရောဂါ ရနိုင် ပါသည်။

၂။ သတ္တဓါတ်များ

သတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည် အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန် အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ် များကို ၀မ်း သွားခြင်း၊ သွေးထွက် လွန်ခြင်းနှင့် အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ၀င်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။

ထုံးဓါတ် (Calcium)

ထုံးဓါတ် သည် အရိုး နှင့် သွား ပုံမှန်ဖွံ့ဖြိုးရန်အတွက် အထူး အရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့် အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါဝင်ခြင်း၊ သွေးကို အဆင့်ဆင့် ပြုပြင်ရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့် အာရုံကြော ဖြန့်ကျက်သည့် အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင် အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့် အသား ငါးများတွင် အများဆုံး ရနိုင်ပါသည်။

သံဓါတ် (Iron)

ခန္ဓာကိုယ် ထဲရှိ အောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင် အသွင်ဖြင့် အသုံးပြုပါသည်။ ၎င်း ကို အသား၊ အသည်းနှင့် အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင် အများဆုံး တွေ့ရပါသည်။

Magnesium

အင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကို အသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင် အဖြစ် ပြောင်းခြင်း၊ အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊ အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့ အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊ အသားငါးနှင့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင် အများဆုံး ရနိုင်ပါသည်။

Phosphate

အရိုးထဲတွင် အများဆုံး တွေ့ရပြီး ကြွက်သား အပျော့များ ထဲတွင်လည်း အနည်းငယ် တွေ့ရသည်။ ခန္ဓာကိုယ် အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီ အသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင် အကူ ပစ္စည်းအဖြစ် အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။

Sodium and Potassum

Sodium (ဆားဓါတ်) သည် ဆဲ အပြင်ဘက်ရှိ အဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲ အတွင်းရှိ အဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါဝင်မှု (0.9g/L) ပုံမှန် ဖြစ်အောင် အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်းအပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျုံ့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန် အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊ အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါဝင်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့် အဟာရတိုင်းတွင် ဆားဓါတ် ပါဝင်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန် မလိုပါ။ ဆားကို ချက်ပြုတ် ရာတွင် ဆားကို ဖြည့်စွက် အသုံးပြု နေခြင်းမှာ အရသာ အတွက်သာ ဖြစ်ပါသည်။

Zinc (သွပ်ဓါတ်)

သွပ်ဓါတ်သည် အနာကျက် လွယ်စေခြင်း၊ အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင် အကူအညီ ပေးခြင်း၊ ပုံမှန် အရေပြား လုပ်ငန်းစဉ် အတွက် လိုအပ်သော အင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊ အစားအစာ များ၏ အရသာနှင့် အနံ့ကို နဂို အတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက် အကူအညီ ပေးသည်။ ချို့တဲ့မှု အဖြစ်နည်းပြီး ဖြစ်ပါက အရေပြား၊ အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများ ဖြစ်နိုင်ပါသည်။

အသေးစားအာဟာရ (Micronutrients) များဖြစ်သည့် ဗီတာမင်နှင့် သတ္တုဓါတ်များသည် သီးသန့်တည်ရှိခြင်းမဟုတ်ပဲ အကြီးစားအာဟာရ (Macronutrients) များထဲတွင် ရတည်ရှိသောကြောင့် သာမန် ကျန်းမာသူသတယာက်သည် အကြီးစားအဟာရများကို လုံလောက်စွာ စားသောက်ပါက မည်သည့် ဗီတာမင်နှင့် သတ္တုဓါတ် ဆေးဝါး အကူအညီမှ မလိုပဲ ခန္ဓာကိုယ်ကို ကျန်းမာအောင် ထိန်းသိမ်းနိုင်ပါသည်။


အကြီးစား အာဟာရများ နေ့စဉ် စားသုံးသင့်သည့် ပမာဏကိုဆက်လက် ဖေါ်ပြပါမည်။

(Public Health In Myanmar တွင် ဖေါ်ပြပြီးသော ပို့စ်ဖြစ်သည်။)


ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၁)

Macronutrient အကြီးစားအာဟာရ

ခန္ဓာကိုယ်အား ကျန်းမာစွာအသက်ရှင် ရပ်တည် နိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ အမျိုးအစား များကို Macronutrients နှင့် Micronutrient ဟူ၍ နှစ်မျိုး ရှိသည်ဟု ယခင် ရေးခဲ့သည့် အစာ အာဟာရ မမျှတခြင်း (Malnutrition) တွင် မိတ်ဆက် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတခါ ထို အာဟာရ နှစ်မျိုးတွင် ပါဝင်နေသည့် အစားအစာ တခုစီ၏ ခန္ဓာကိုယ် အတွက် အကျိုးပြုပုံ နှင့် စားသုံးရန်လိုအပ်မှုကို ပို့စ် နှစ်ခုခွဲပြီး တင်ပြမည် ဖြစ်သောကြောင့် Macronutrient (အကြီးစား အာဟာရ) နှင့် စတင် ဖေါ်ပြ လိုက်ပါသည်။




နေ့စဉ် စားသုံး သင့်သော အကြီးစား အာဟာရ တွင်



  • (၁) ကစီဓါတ်၊
  • (၂) အဆီဓါတ်၊
  • (၃) အသားဓါတ်၊
  • (၄) ရေ
  • တို့ ပါဝင် ပါသည်။


    (၁) ကစီဓါတ်

    ကစီဓါတ် (ကာဗွန် ဟိုက်ဒရိတ် Carbohydrate) ကို Grain Products ဟု ခေါ်သော နှံစား အသီး အနှံများ (ဆန်၊ ဂျုံ၊ ပြောင်း)၊ ဟင်းသီး ဟင်းရွက် များနှင့် အသီး များမှ ရရှိသဖြင့် အပင်မှ ထွက်သည့် အစား အစာ အများဆုံး ပါဝင် ပါသည်။ နှံစား သီးနှံ များသည် ခန္ဓာကိုယ် အတွက် သကြားဓါတ် (ဂလူးကို့စ်) နှင့် အမျှင် (ဖိုင်ဘာ) နှစ်မျိုး စလုံး ဖြည့်ဆည်း ပေးပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးနှံပြီးလျှင် ဒုတိယ အများဆုံး စား သင့်သော အစားအစာ ဖြစ်ပါသည်။ အာလူး၊ ကန်ဇွန်းဥ၊ ပိန်းဥ စသည့် သစ်ဥ သစ်ဖု များ သည်လည်း နှံစား သီးနှံများ ကဲ့သို့ ဂလူးကို့စ်ကို ဖြည့်ဆည်းလပေးသော်လည်း အမျှင် ပါဝင်မှု နည်းပါး ပါသည်။

    စားသုံး လိုက်သော ကာဗွန် ဟိုက်ဒရိတ် များအား ခန္ဓာကိုယ် ထဲတွင် အစာခြေ ပြီးသော အခါ အသည်း၏ လုပ်ဆောင်ချက်ဖြင့် ဂလူးကို့စ် အဖြစ်သို့ ပြောင်းလဲ ပေးပြီးမှ ဆဲလ် ကလပ်စည်း များမှ အသုံးပြု နိုင်ပါသည်။ ဂလူးကို့စ်သည် ခန္ဓာကိုယ်၏ အခြေခံ ကျသော စွမ်းအင် တစ်မျိုး ဖြစ်သည့် ATP ကို ထုတ်လုပ် ရာမှာ အသုံးပြုသည့် လောင်စာ ဖြစ်သော ကြောင့် ဆီမရှိပဲ ယဉ်မောင်း၍ မရသကဲ့သို့ ဂလူးကို့စ် မရှိပဲ ခန္ဓာကိုယ်ကို လည်ပတ်၍ မရနိုင်ပါ။ သို့သော်လည်း ဂလူးကို့စ် ဖြည့်ဆည်း ပေးသည့် ကာဗွန် ဟိုက်ဒရိတ်များကို လိုသည်ထက် ပိုစား ပါက ခန္ဓာကိုယ် ထဲတွင် ဂလိုင်ဂိုဂျင် နှင့် အဆီအဖြစ် သိမ်းထား ပေးသော ကြောင့် အ၀လွန်ခြင်း ကို ဖြစ်စေပြီး အန္တရာယ် ဖြစ်နေ နိုင်ပါသည်။

    အမျှင် (Fibre) များ ဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးနှံတွင် ပါဝင်သော ကာဗွန် ဟိုက်ဒရိတ်များကို Polysaccharides ဟုခေါ်ပြီး ဂလူးကို့စ် မော်လီကျူး အများနှင့် ပါဝင် ဖွဲ့စည်း ထားပြီး ၎င်းတို့ကို အစာခြေ၍ မရနိုင် သောကြောင့် ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ မရသဖြင့် ဆဲလ်မှ အသုံး မပြုနိုင်ပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော ကာဗွန်ဟိုက်ဒရိတ်များက အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။

    ထို့အပြင် ထိုအမျှင် များသည် ခန္ဓာကိုယ်အား ဂလူးကို့စ် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်း မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို ထိန်းညှိ ပေးခြင်း၊ နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စရောလ် ပမာဏကို လျှော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်းနှင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စသည့်နည်းများဖြင့် အမျှင် ( Fibre) သည် ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပါသည်။ ထို့ကြောင့် Fibre ကို လုံလောက်စွာပါအောင် စားသုံးသင့်ပြီး အချိုအရသာရှိသည့် အသီးများမှလွဲ၍ ပိုလျှံစွာ စားသုံး ပါကလည်း ပြဿနာ မရှိပါ။ ထို့ကြောင့် ချိုသည့် အသီးနှံများကို တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခန့်သာ စားသုံး သင့်ပြီး တခြား အချိုအရသာ မရှိသည့် ဟင်းသီး ဟင်းရွက်နှင့် အသီးနှံ များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပါသည်။

    (၂) အဆီဓါတ်
    အဆီဓါတ် Lipid ကို စားသုံးလိုက်သော အဟာအာဟာရများအား ဆဲလ်အတွင်း စုပ်ယူနိုင်စေရန် ဆဲလ်နံရံများအား အကူအညီပေးသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းများအဖြစ် ပြောင်းလဲ၍ အမျိုးမျိုး အသုံးပြုပါသည်။ ခန္ဓာကိုယ်ကို တခုလုံး၏ လုပ်ငန်း လည်ပတ်မှု ဟန်ချက်ကို ပုံမှန် ဖြစ်အောင် ထိန်းညှိ ပေးနေသည့် Endocrine System ရှိ ဟော်မုန်း အတော် များများကို အဆီမှ အသွင် ပြောင်း ထားခြင်း ဖြစ်ပါသည်။ အစားအစာ ထဲပါဝင်သည့် အဆီဓါတ်ကို Saturated fat, Mono-Unsaturated fat နှင့် Poly - Unsaturated fat ဟူ၍ သုံးမျိုး တွေ့နိုင်ပြီး အဆီ တမျိုးစီ၏ သွေးထဲရှိ ကော်လက်စရောလ် ပမာဏအပေါ် တုန့်ပြန်မှုသည် ကွဲပြား ခြားနား ပါသည်။

    Saturated fat ပြည့်ဝအဆီ (မရှိမဖြစ် စားသုံးရန် လိုအပ်သော အဆီမဟုတ်ပါ)

    Saturated Fat ကို တိရိစ္ဆာန်မှ ထွက်သော အဆီများတွင် အများဆုံး ပါဝင်ပြီး အဆီများသောအသားများ၊ မလိုင် မထုတ်ရ သေးသည့် နို့များ၊ ထောပတ်၊ အုန်းဆီနှင့် ဆီအုန်းဆီ (Palm oil)၊ ကျွတ်အောင် ကြော် ထားသော အစားအစာ (Deep fried food)၊ ဆိုင်မှ အဆင်သင့် စားနိုင်ရန် ချက် ထားသော အစား အစာများ (Take way food)၊ ဘီစကွပ် မုန့်နှင့် ကိတ်မုန့် များတွင် အများဆုံး ပါဝင် ပါသည်။ တိရိစ္ဆာန် အဆီများနှင့် အဆိုပါ မုန့်ပဲ သွားရေစာ အစားအစာများ အချိုရည်များသည် နှလုံးနှင့် သွေးကြောများကို ဒုက္ခ ပေးနိုင်သည့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကို မြင့်တက် စေသဖြင့် ၎င်းတို့သည် မရှိမဖြစ် စားသုံးရန် လိုအပ်သည့် အစားအစာနှင့် အဆီ အမျိုးစား မဟုတ်ပါ၊ လှုပ်ရှားမှု နည်းသူများ အတွက် လုံးဝစားသုံးရန် မသင့်သော အစားအစာ နှင့် အဆီများ ဖြစ်ပါသည်။

    Poly-Unsaturated fat သကြားမော်လီကျူးကွင်းဆက် အများပါဝင်သည့် မပြည့်ဝအဆီ

    Poly-Unsaturated Fat ကို ဟင်းသီး ဟင်းရွက် ဆီများ ဖြစ်သည့် နေကြာပန်းဆီ၊ ပဲပုပ်ပဲဆီ (Soybean oil)၊ မြေပဲကဲ့သို့ အခွံမာစေ့၊ နှမ်းစေ့ စသည် တို့တွင်တွေ့ရသည်။ ငါးနှင့် ငါးဆီသည် တစ်ခု တည်းသော တိရစ္ဆာန် ထွက် Poly-Unsaturated fat ဖြစ်ပြီး Poly-Unsaturated ဆီ အားလုံးတွင် Unsaturated fat ဟုခေါ်သော ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ် ထဲမှာ မထုတ်လုပ် နိုင်သည့် အိုမီဂါ ၃ နှင့် ၆ အဆီ အမျိုးစားကို ရရှိခြင်းနှင့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကိုလည်း လျှော့နည်းစေသဖြင့် ထိုဆီအမျိုးအစားများကို မည်သူမဆို စားသုံး သင့်ပါသည်။

    Mono-Unsaturated fat
    သကြားမော်လီကျူးကွင်းဆက် တခုတည်းသာပါသော မပြည့်ဝအဆီ

    Mono-Unsaturated Fat သည်လည်း အသီးအရွက် ဆီများဖြစ်သည့် သံလွင်ဆီ၊ canola oil, မြေပဲဆီ၊ မြေပဲနှင့် အခွံမာ စေ့များ၊ ထောပတ်သီး တို့တွင် တွေ့ရပါသည်။ Poly-Unsaturated Fat ကဲ့သို့ပင် အိုမီကာ ၃ နှင့် ၆ တို့ပါဝင်ပြီး သွေးထဲ ကော်လက်စရောလ် ပမာဏကို လျှော့နည်း စေပါသည်။ အဆီ အမျိုးအစား အားလုံး သည် သွေးထဲ ကော်လက်စရောလ်ကို လျှော့နည်း စေသည်ဖြစ်စေ၊ တိုးစေသည်ဖြစ်စေ အဆီသည် အဆီ သာ ဖြစ်သော ကြောင့် လိုသည်ထက် ပို၍ စားပါက ပိုလျှံသည် များကို စွန့်ပစ်မည် မဟုတ်ပဲ ထိန်းသိမ်း ထားမည်ဖြစ်ပြီး ကိုယ်အလေးချိန် ကို တိုးစေမည် ဖြစ်၍ လိုသလောက်သာ စားသင့်ပါသည်။ အိုမီကာ 3 နှင့် 6 ကို ခန္ဓ္ဓာကိုယ်ထဲတွင် မထုတ်လုပ်နိုင်သောကြောင့် ၎င်းတို့ပါဝင်သော အဆီသည် ခန္ဓာကိုယ်အတွက် စားသုံးရန် လိုအပ်ပါသည်။

    (၃) အသားဓါတ်

    အသားဓါတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟောာ်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောက်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် ပြတ်လပ် သွားပါက ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။

    အသားဓါတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓါတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓါတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများ ကို အသုံးပြု၍ လိုအပ်သော အသားဓါတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်ပဲ မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓါတ်ကို နေ့စဉ် အနည်းငယ်စီ စားသုံးရန် လိုအပ်ပါသည်။

    အသား၊ ငါး၊ ကြက်ဥဘဲဥ၊ နို့ စသည့် အသားဓါတ် များကို တိရိစ္ဆာန်များမှ ရရှိနိုင်ပြီး ပဲ အမျိုးမျိုး၊ အခွံမာစေ့ သစ်စေ့ စသည့်အပင်ထွက် အစားအစာ များ မှလည်း ရရှိ နိုင်ပါသည်။ တိရိစ္ဆာန် မှ ရသော အသားဓါတ်တွင် တမျိုးတည်းနှင့် မရှိမဖြစ် လိုအပ်သော အမီနိုအတ်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓါတ်တွင် အမီနို အတ်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်သောကြောင့် အကြောင်း အမျိုးမျိုးနှင့် အသက်သတ်လွတ် စားနေသူများ သည် နို့မသောက်သူများ ဖြစ်ပါက အမီနိုအတ်စစ် အားလုံး ပါစေရန် အသားဓါတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။

    ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် အခွံမာ စေ့များ စသည်တို့ကို တပတ်အတွင်းတွင် နှစ်ခုထက် ပို၍ ပါဝင်အောင် စားသင့် ပါသည်။ စားသုံးသည့် အသားဓါတ်ထဲတွင် အမီနိုအတ်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓါတ် ချို့တဲ့နိုင်ပြီး အသားဓါတ် ချို့တဲ့ခြင်း သည် အာဟာရ ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။ အသားဓါတ်ကို အမီနိုအတ်စစ်အဖြစ် သိမ်းထား ပေးနိုင် သော်လည်း တိရိစ္ဆာန် မှ ရရှိသည့် အသားဓါတ်ကို လိုသည်ထက် ပို၍ မစားသုံးသင့်ပါ။ အပင်မှရသည့် အသားဓါတ် ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည်။

    (၄) ရေ


    ခန္ဓာကိုယ်၏ ၆၀% ကို ရေဖြင့်ဖွဲ့စည်းထားပါသည်။ ရေသည် အာဟာရ တခု မဟုတ် သော်လည်း အစာအဟာရများ တခုနှင့်တခု ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှု၊ အာဟာရ သယ်ယူပို့ဆောင်မှု၊ ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုများအတွက် ရေမရှိပဲ လုပ်ဆောင်၍ မရသဖြင့် ရေသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။ အစာမစားပဲ လနှင့်ချီ၍ နေနိုင် သော်လည်း ရေမသောက်ပဲ နေပါက နှစ်ရက်သုံးရက်တွင်း အသက် ဆုံးရှုံး နိုင်ပါသည်။ ခန္ဓာကိုယ် အတွက် ရေ အပါအ၀င် အရည် တနေ့ ကို ၁လီတာခွဲမှ ၂ လီတာ ခန့် နေ့စဉ် သောက်ရန် လိုအပ် ပါသည်။ ကျောက်ကပ်ပြဿနာမရှိပဲ ကျန်းမာ နေသူ အတွက် ရေကို ကြိုက်သလောက် ပိုသောက် နိုင်ပါသည်။

    Macronutrients တွင် အစားအစာ အမျိုးအစား အားလုံးကို လုံလောက်စွာ စားရန် လိုအပ်ပြီး ခန္ဓာကိုယ်ထဲတွင် မသိုလှောင်သည့် ဟင်းသီးဟင်းရွက်နှင့် ရေစသည့် အာဟာရ များကို လိုသည်ထက် ပိုစား နိုင်သော်လည်း သိုလှောင်သည့် အာဟာရများ ဖြစ်သည့် ကာဗွန်ဟိုက်ဒရိတ်နှင့် အဆီများကိုမူ ပိုမစားသင့်ပါ။

    Micronutrients အသေးစား အာဟာရများ အကြောင်း ကို ဆက်လက် ဖေါ်ပြ ပါမည်။


    (မူရင်းပို့စ်ကို Public Health In Myanmar တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ကျွန်မ ပို့စ်ရေးဖို့ မအားမလပ် ဖြစ်တဲ့ အချိန်တွေမှာ လာလည်သူများ အတွက် ဖတ်စရာ ရှိနေစေရန်နှင့် ဘလော့ဂ်မှာ မှတ်တမ်းအဖြစ် သိမ်းထားနိုင်ရန် ကျွန်မကိုယ်တိုင်နှင့် တခြားသူတွေ ရေးခဲ့သည့် အထဲမှ ကောင်းနိုးရာရာများကို အခုလို ပြန်လည် ဖေါ်ပြပေးသွားမည် ဖြစ်သည်။)

    အစာအာဟာရကို မှန်ကန်စွာ စားသုံးခြင်းဖြင့် မိမိတွင် ရောဂါ မစွဲကပ်အောင် ၈၀% ကာကွယ်နိုင်ပါသည်။ လူတိုင်း အစာအဟာရဖြင့် ကျန်းမာရေးကို စောင့်ရှောက်နိုင်ကြပါစေ။

    ရွှင်လန်းချမ်းမြေ့ကြပါစေ။

    အစာအာဟာရ မမျှတခြင်း



    ခန္ဓာကိုယ် အတွက် အစာအာဟာရ လိုခြင်း နှင့် ပိုခြင်း နှစ်ခုစလုံး (သို့) တခုခု ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များကို အစာ အာဟာရ မမျှတခြင်း (Malnutrition) ဟု ခေါ်ပါသည်။ လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ်သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့သို့ပင် ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်းထားပြီး ထိုဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှ တဆင့် ခန္ဓာကိုယ်မှ လက်ခံ ရရှိ ပါသည်။ ထို့ကြောင့် လူတယောက် ပုံမှန် အတိုင်း ကျန်းမာစွာ ရှင်သန် နိုင်ရန် အတွက် အပိုအလိုမရှိ သင့်တင့် မျှတသော အာဟာရ အား နေ့စဉ် စားသုံး ပေးရန် လိုအပ် ပါသည်။

    ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များတွင် ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ (Micronutrients) နှင့် ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ (Macronutrient) ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစားအစာများအား လုံလောက်စွာ မစားသုံးခြင်း နှင့် လွန်ကဲစွာ စားသုံးခြင်း တို့ကြောင့် ဖြစ်သော (အစာအာဟာရ မမျှတခြင်း (Malnutrition) သည် အသက် အန္တရာယ်နှင့် နာတာရှည် ရောဂါတို့ကို  ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစာ အာဟာရ မမျှတခြင်းကို လူတိုင်း ကာကွယ်နိုင်ရန်အတွက် အစာ အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း နှစ်ခု စလုံးအား ရှောင်ရှားသင့်ပါသည်။ လွန်ကဲစွာ စားသုံးခြင်းအကြောင်းကို ဦးစွာတင်ပြပါမည်။

    ၁။ အစာ အာဟာရ ချို့တဲ့ခြင်း

    အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှ အာဟာရ လုံလောက်စွာ မရရှိ ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်ပါသည်။ ပိန်လွန်းခြင်း၊ ဖေါရောင် ခြင်း၊ ကြွက်သား အားနည်းခြင်း၊ ကိုယ်အပူချိန် အလွန်နည်းခြင်း အနာ ဒဏ်ရာများ ရှိပါက ဆေးကု သော်လည်း သက်သာ ပျောက်ကင်းမှု နှေးကွေးခြင်း စာသည့် လက္ခဏာ များကို တွေ့ရ ပါသည်။ အစာရေစာ ရှားပါးမှု ကြောင့် အဖြစ်များပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် အများဆုံး တွေ့ရသည်။ နေရာ ဒေသနှင့် မသက်ဆိုင်ပဲ ဖြစ်ရသည့် အကြောင်းများနှင့် အဖြစ်များသည့် အုပ်စုမှာ မွေးခါစ ကလေးများ အပါအ၀င် ကလေးသူငယ်များ၊ ဆယ်ကျော်သက်ရွယ် ကလေးများ၊ စားဝတ်နေရေး အဆင်မပြေသူများ၊ သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူ သို့မဟုတ် ရောဂါ တစုံတရာ ခံစား နေရသူများ နှင့် ထိခိုက်ဒဏ်ရာ ရရှိထား သူများ တွင်လည်း တွေ့ရ နိုင်ပါသည်။

    ထိခိုက် ဒဏ်ရာ ရရှိသောအခါ တစ်ရှူးများ ရောင်ပြီး အာရုံကြော စနစ်တခု (Sympathetic Nervous System) ၏ အလိုလျောက် တုန့်ပြန်မှု ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်းများ မြင့်တက်လာကာ ခန္ဓာကိုယ်၏ အာဟာရ စွမ်းအင်လောင်စာ သုံးစွဲမှုနှုန်းကို မြင့်တက် စေပါသည်။ ထိုနည်း အတူပင် ဒဏ်ရာရရှိချိန် မဟုတ်သည့် သာမန် အခြေအနေများ တွင်လည်း အစာ အာဟာရ ကို လုံလောက်စွာ မသုံးစွဲသောအခါ ခန္ဓာကိုယ်မှ စွမ်းအင်တောင်းဆိုမှုကို ဖြစ်စေသည်။ မည်သည့်အကြာင်းကြောင့် တောင်းဆိုသည်ဖြစ်စေ ထို တောင်းဆိုမှု ကို ပြင်ပမှ မဖြည့်ပေးပါက ကိုယ်တွင်း မှာပင် အသားဓါတ်ကို ပိုမို ထုတ်လုပ်ပြီး ခန္ဓာကိုယ်၏ အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် အဖြစ်သို့ ပြန်ပြောင်းပြီး အသုံးချ ရသောကြာင့် အသားဓါတ် ဆုံးရှုံးသည့် ရောဂါ Protein Calorie Malnutrition (PCM) ကို ဖြစ်စေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အသားဓါတ်ကို ခန္ဓာကိုယ် တွင်းရှိ အချဉ်ဓါတ် တခုဖြစ်သည့် အမီနိုအက်စစ် မှ တဆင့် ထုတ်လုပ် ရပြီး အမီနိုအက်စစ်ကို ထုတ်လုပ် သောအခါ အရိုးတွယ် ကြွက်သားများကို အသုံးပြု ရသောကြောင့် အရိုးတွယ် ကြွက်သား များ ဆုံးရှုံး သွားရသဖြင့် လူကို ပိန်ချုံးစေခြင်း ဖြစ်ပါသည်။

    PCM အသားဓါတ်ဆုံရှုံးခြင်းတွင် ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသော အဓိကလောင်စာဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည့် စားစရာများမှ ဖြစ်လာသော ကစီဓါတ်သည် ၁၈ နာရီအတွင်း ကုန်ခမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ဆက်လက် လည်ပတ်နိုင်ရန် အဆီ များ နှင့် အမီနို အက်စစ်များမှ ၄ နာရီမှ ၆ နာရီအတွင်း ဂလူးကို့စ်အဖြစ် ပြန်ပြောင်း အသုံးပြု ရပါသည်။ အစာ အာဟာရ ကို မဖြည့်ပေးပဲ ဆက်တိုက် ချို့တဲ့နေစေပါက အသားဓါတ် ထုတ်လုပ်သည့် အမီနိုအက်စစ်များ ကုန်ခမ်း သွားစေနိုင်ပြီး အသည်း အလုပ်လုပ်မှုကို ရပ်ဆိုင်း သွားနိုင်ပါသည်။ ထို့နောက် သွေးထဲ အရေစိမ့်ဝင်သည့် ဖိအား (Plasma Osmotic Pressure) ကျဆင်း လာပြီး ဆဲလ် ကလပ်စည်း အတွင်းရှိ အရည်များ ဆဲလ်အတွင်း ဆက်လက် မနေနိုင်တော့ပဲ အပြင်သို့ စိမ့်ထွက် လာခြင်း ကြောင့် ဆဲလ်ကလပ်စည်း တခု နှင့် တခုကြား တစ်ရှုးအတွင်း အရည်များ ကိန်းအောင်းလာပြီး လူကိုဖေါရောင် စေပါသည်။

    အထက်ပါ လက္ခဏာများကို ဖြစ်စေသည့် အတိုင်းအတာထိ မပြင်းထန်ပဲ အစာအဟာရ အခုခု လုံလောက်စွာမရ၍ မသိမသာ ချို့တဲ့ သူများ သည်ပင် ခန္ဓာကိုယ်၏ ရောဂါကို ခုခံနိုင်သည့်အား ကျဆင်း လာသောကြောင့် တချိန်လုံး မောပမ်း နွမ်းနယ်နေပြီး အားအင် ကုန်ခမ်းသည့် လက္ခဏာ ကို တွေ့ရပါမည်။ ဆက်လက်ပြီး သတ္တုဓါတ်နှင့် ဗိုက်တာမင်ဓါတ်မျိုး ချို့တဲ့လာပါက အသက် အန္တရာယ်ကို အထူး စိုးရိမ်ရပါသည်။

    ကုသခြင်း

    (၁) ဖေါရောင်နေပြီး ဆေးဝါး ကုသရန် လိုအပ်သည် အထိ အခြေအနေ ပြင်းထန် ပါက ဆေးရုံ တက် ကုသ ရနိုင် ပါသည်။
    (၂) အရည် နှင့် သတ္တုဓါတ် မမျှမတ ဖြစ်သည်ကို ပုံမှန် ဖြစ်အောင် လုပ်ရမည်။
    (၃) ကယ်လိုရီ များသည့် အသားဓါတ်နှင့် ကစီဓါတ် များသော အစားအစာ များများစား ရမည်။
    (၄) ခံတွင်း တွေ့သော အစားအစာ များ စားသုံး သင့်သည်။


    ၂။ အစာ အာဟာရ လွန်ကဲခြင်း

    ခန္ဓာကိုယ်မှ လိုအပ် သည်ထက် ပို၍ အာဟာရ ကို လက်ခံ ရရှိ သောကြောင့် အာဟာရ လွန်ကဲမှုကို ဖြစ်စေပါသည်။ အထင်ရှားဆုံးတွေ့နိုင်သည့် အာဟာရ လွန်ကဲ ခြင်း မှာ အ၀လွန်ခြင်း ဖြစ်သည်။ အ၀လွန်ခြင်း ရှိမရှိကို လူတယောက်၏ အရပ်အမောင်းနှင့် ခန္ဒာကိုယ် ဖွဲ့စည်းပုံကို ကြည့်ခြင်းဖြင့် ယျေဘုယျ သိနိုင်ပြီး အတိအကျကိုမူ Body Mass index (BMI) ကို တွက်ကြည့်ခြင်း ဖြင့် သိနိုင်ပါသည်။ 
    တွက်နည်းမှာ မိမိကိုယ်အလေးချိန် ကီလိုဂရမ်ကို မိမိအရပ် စတုရန်းမီတာဖြင့် စား၍ (kg/m2) ရရှိသော အဖြေဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် 51kg နှင့် အရပ် 155cm (1.55m) ရှိသူအတွက် 51/(1.55)2 = 21.2 ဖြစ်ပါသည်။ BMI သတ်မှတ်ချက် တွင် အနိမ့်ဆုံး BMI အတွက် ၁၈.၅၊ ၁၉၊ ၂၀ စသည်ဖြင့် ရည်ညွှန်းချက် အပေါ် မူတည်၍ ကွဲပြားမှု ရှိသော်လည်း BMI မြင့်ဆုံး ကိုမူ ရည်ညွှန်းချက် အားလုံး တွင် ၂၅ ဖြစ် လက်ခံ ထားသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် BMI ကို ပုံမှန်အဖြစ် ၁၈.၅-၂၅ အဖြစ် အတည်ယူ ထားပါသည်။ ထိုထက် ၁၀% ပိုခြင်း၊ လိုခြင်း ရှိပါက မိမိကိုယ်ကို ပိန်လွန်းခြင်း နှင့် အ၀လွန်ခြင်း အဖြစ် ယူဆကာ အန္တရာယ် အတွင်း ကျရောက် နေပြီ ဟု သတ်မှတ် နိုင်ပါသည်။

    အ၀လွန်ခြင်း

    အ၀လွန်ခြင်း ရှိမရှိကို BMI 25 ထက် ပိုများနေခြင်း တခုတည်း ကို ကြည့်၍ ဆုံးဖြတ် သတ်မှတ်နိုင်ပါသည်။ အ၀လွန်ခြင်း သည် ကယ်လိုရီ များသော ကဇီဓါတ်နှင့် အဆီဓါတ် ကို လွန်ကဲစွာ စားသုံး ရာမှ စသောကြောင့် ဖြစ်ပါသည်။ အဆီနှင့် ကဇီဓါတ်များကို ပို၍ စားသုံးပါက ခန္ဓာကိုယ်မှ အသုံးပြုပြီး ပိုလျှံသော အာဟာရ များကို အဆီအဖြစ်သို့ ပြောင်းလဲကာ ရေပြားအောက်နှင့် အတွင်း ကလီစာ များ တ၀ိုက်တွင် သိမ်းထား ပေးပါသည်။ ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်သည့် အဆီပမာဏမှာ အမျိုးသားများတွင် စုစုပေါင်း ခန္ဓာကိုယ် အလေးအချိန် ၏ ၂၀% နှင့် အမျိုးသမီး များတွင် ၃၀% ထက် ပိုမရှိသင့်ပဲ အဆီ ပမာဏ ထို ထက် ပိုများ နေခြင်းကြောင့် အ၀လွန်နေခြင်း ဖြစ်ပါသည်။
     


    အ၀လွန်ခြင်းသည် တချိန်ချိန်မှာ ရောဂါပေါင်း များစွာကို ဦးတည်စေနိုင်သည့် အပြင် လက်ရှိ အခြေအနေတွင်လည်း အ၀လွန်သူသည် ပုံမှန် ခန္ဓာကိုယ် အလေးချိန် ရှိသူထက် နှလုံးနှင့် အာရုံကြောစနစ် နှစ်ခုစလုံးကို ပိုမိုအလုပ်လုပ် ရစေပါသည်။ နေ့စဉ် လှုပ်ရှား သွားလာရာတွင် မိမိ အရပ်နှင့် မမျှသည့် အလေးချိန်ကို သယ်နေရသောကြောင့် အာရုံကြော စနစ်ရှိ လှုပ်ရှားမှု ဆိုင်ရာ အပိုင်း ကို အလုပ် ပိုလုပ် ရစေ ပါသည်။ ပုံမှန်ထက် ပိုကြီးထွား နေသော ခန္ဓာကိုယ် အနှံ့ရှိ ဆဲလ်များ အားလုံးသို့ အောက်စီဂျင် နှင့် အာဟာရ ကို မနိုင်ဝန် ထမ်းကာ မရောက် ရောက်အောင် ပို့ပေး နေရခြင်း ကြောင့် နှလုံးကိုပို အလုပ်လုပ် ရစေသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အလွန် နီးစပ်ပါသည်။

    အ၀လွန်သူများ၏ သွေးထဲတွင် တိရစ္ဆာန်အဆီတွင် အများဆုံး တွေ့ရသော ကော်လက်စရောလ်ဓါတ် ပါသော အဆီဖတ်များသည် သွေးကြော နံရံတွင် စုဝေး၊ တွယ်ကပ်ကာ အနယ်ထိုင် နိုင်၍ သွေးကြော မာကြောသည့် ရောဂါကို ဖြစ်စေ နိုင်ပါသည်။ မာကြောနေသော သွေးကြောနံရံကို နှလုံးမှ လာသော သွေးဖိအား အရှိန်ဖြင့် တိုက်စား ခံရ နိုင်သောကြောင့် သွေးကြော နံရံပဲ့ထွက် ပျက်စီး၍ တစ်ရှူး အတွင်း သွေးယိုစီးခြင်း၊ ပဲ့ထွက် သွားသော အစသည် သွေးကြော တလျှောက် တနေရာတွင် သွားရောက် ပိတ်ဆို့ နိုင်ပြီး အကယ်၍ ဦးနှောက်နှင့် ဦးနှောက်သို့သွားသော သွေးကြော ပိတ်ခံရပါက ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်၍ အသက်ဆုံးရှုံးနိုင်ခြင်း (သို့) ခနွာကိုယ် အစိတ်အပိုင်းများ အလုပ်မလုပ်နိုင်တော့သောကြောင့် မသန်စွမ်းသူဖြစ်နိုင်ပါသည်။ ကိုယ်အလေးချိန်ကို အချိန်မီ မလျှော့ချပဲ ဆက်လက် အ၀လွန် နေခြင်း (သို့) ထိုထက် ပိုဝ လာစေခြင်းသည် ရောဂါ တခုခုကို မလွဲမသွေ ရရန် ကြိုဆို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သောကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်အနေအထားမှာ အမြဲထိမ်းထားသင့်ပါသည်။

    Body fat composition ခန္ဓာကိုယ် အဆီဓါတ် ဖွဲ့စည်းတည်ရှိမှု

    အ၀လွန်သူ ဖြစ်စေ၊ ပုံမှန် ကိုယ်အလေးချိန် ရှိသူဖြစ်စေ ရောဂါ တခုခုကို ရရှိနိုင်သည့် လက္ခဏာသည် ကိုယ်အလေးချိန် နည်းခြင်း များခြင်းတခုတည်း အပေါ်တွင်သာ မူတည်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ် အတွင်း အဆီဓါတ် စုစည်း တည်ရှိသည့် နေရာ အပေါ်တွင်လည်း မူတည် နေပါသည်။ မလိုအပ်ပဲ စားသုံးလိုက်သော အဆီများကို ဆဲလ်များက အသုံးမပြုပဲ ၀မ်းဗိုက်နှင့် အဆီစုစည်းရာ နေရာအသီးသီးသို့ တိုက်ရိုက်ရောက်စေပါသည်။ အ၀လွန်ခြင်း တူသူ နှစ်ဦးတွင်ပင် အဆီကို ခန္ဓာကိုယ်အနှံ့ အချိုးကျစွာ ပြန့်နှံ့ပြီး ၀နေသူထက် အဆီကိုဝမ်းဗိုက်နေရာမှာ စုပြီး ၀နေသူက ပို၍ အန္တရယ်နှင့် နီးစပ်ပါသည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသား ဖြစ်စေ ခါးနှင့်တင်ကို တိုင်းတာ ကြည့်၍ ခါး၏ အကျယ်အ၀န်းသည် တင်၏အကျယ်အ၀န်းထက် ပိုများနေပါက အန္တရာယ်နှင့် နီးကပ်နေပြီဟု ဆိုနိုင်ပါသည်။

    အမျိုးသမီး များတွင် ခါးနှင့်တင် အချိုး wrist/Hip တနည်းအားဖြင့် ခါးအတိုင်း အတာကို တင်အတိုင်း အတာနှင့် စား၍ ရသည့် အဖြေသည် ၀.၈ နှင့်အောက်မှာ ရှိသင့်ပြီး အမျိုးသားများတွင် ခါးနှင့်တင် အချိုးတူ ၁ နှင့် အောက်မှာ ရှိသင့်ပါသည်။ ထိုထက် ခါးအချိုး ပိုများနေပါက အန္တရာယ် ရှိသည်ဟု မှတ်ယူရမည်။ ထို့ကြောင့် BMI တခုတည်းကို ကြည့်၍ အန္တရာယ် ကင်းပြီဟု မှတ်ယူ၍ မရပဲ BMI ပုံမှန် ရှိသူ သည်လည်း ခါးသည် တင်ထက် ပိုကျယ်နေပါက ၀မ်းဗိုက်မှ အဆီကို ကျအောင် ချရမည် ဖြစ်သည်။ သတ္တုဓါတ်များ လွန်ကဲခြင်း ကြောင့်လည်း တခြား ပြဿနာ များစွာကို ဖြစ်ပေါ် စေနိုင်ပါသည်။ ကျန်းမာသူ တယောက်၏ ခန္ဓာကိုယ် အချိုးအဆသည် ပန်းသီးပုံ (ဗိုက်ပူနံကား) မဖြစ်စေရပဲ သစ်တော့သီးပုံ (ခါးသေးတင်ကျယ်) ဖြစ်ရမည်ဟု ပြောလေ့ရှိပါသည်။

    ထို့ကြောင့် ကျန်းမာချင်သူတိုင်း BMI နှင့် မိမိတို့ ခန္ဓာကိုယ် အချိုးအစားကို အလှအပအတွက်သာမကပဲ ကျန်းမာဖို့အတွက် အမြဲတမ်း တိုင်းတာ စောင့်ကြည့်သင့်ပါသည်။ အစာ အာဟာရ မမျှတခြင်းသည် အန္တရာယ် အလွန် များသောကြောင့် မည်သူမဆို မိမိကိုယ်ကို ကျန်းမာစွာ အသက်ရှင် ရပ်တည် လိုပါက အစာ အာဟာရ ကို လုံလောက်စွာ နှင့် မျှတစွာ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားမှာ အမြဲ ထိန်း ထားသင့်ပြီး ခန္ဓာကိုယ် အဆီ စုစည်းမှုကိုလည်း သူ့နေရာနှင့်သူ စနစ်တကျ ရှိနေစေရန် ဂရု စိုက်ရပါမည်။ ကျန်းမာရေး အတွက် နေ့စဉ် လိုအပ်သော အာဟာရ ကို ဆက်လက် ဖေါ်ပြပါမည်။ စာလာဖတ်သူများ အားလုံး အစာအာဟာရကို မျှတအောင် စားသုံးပြီး ခန္ဓာကိုယ် အချိုးအစားကို ကောင်းစွာထိန်းနိုင်ကြပါစေ။

     Public Health in Myanmar တွင် တင်ခဲ့ဖူးသော ပို့စ်ကို အနည်းငယ် ပြန်လည် ပြင်ဆင်ပြီး တင်လိုက်ပါတယ်။



    ရွှ့င်လန်းချမ်းမြေ့ကြပါစေ