Anonymous said... (June 14, 2010 10:07 PM)ဟုတ်။ ကွန်မန့်တွေက မတ်လတုန်းကဆိုတာ သတိမထားမိလို့ပါ။ မိတ်ဆွေတွေဖြစ်သွားကြတယ်ဆိုတာ ရန်သူဖြစ်တာနဲ့စာရင် အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းခင်တဲ့ မိတ်ဆွေတွေဖြစ်သွားတာနဲ့ မေးခွန်းတွေမဖြေတော့တာ ဘယ်လိုပါတ်သက်ပါသလဲ သိချင်ပါတယ်။ သူများအပူကို ကိုယ့်အပူလုပ်တာမဟုတ်ပါ။ သူတို့တွေ မေးတဲ့မေးခွန်းတွေရဲ့ အဖြေကို သိချင်လို့ပါ။ကျန်တဲ့သိချင်တာတွေကိုတော့ (၁၈)ရက်နောက်ပိုင်းမှမေးပါ့မယ်။ ကျေးဇူး။
ပြန်ကြားချက်Anonymous (June 14, 2010 10:07 PM) - မိတ်ဆွေ ဖြစ်သွားလို့ မေးခွန်းတွေ မဖြေတော့ဘူးလို့ ကျွန်မမပြောခဲ့ဘူး။ မေးခွန်းတွေ ဖြေပြီး ရှင်းလင်းသွားပြီးမှ မိတ်ဆွေဖြစ်သွားတယ်လို့ ပြောပါတယ်။ စာကိုသေသေချာချာ မဖတ်ဘဲနဲ့ တိုက်ခိုက်ဖို့ပဲ ဦးတည်ပြီး ပြောလာတာမျိုးကို ကျွန်မ နောက်ထပ် အကြောင်းပြန်ဖို့ မရှိဘူးလို့ အသိပေးပါရစေ။ ဒီတော့ သိချင်သူအတွက် ၀င်နာပေးနေဖို့၊ စိတ်ပူနေဖို့ မလိုတော့ပါဘူး။ မိမိ သိချင်တာရှိတာကိုပဲ မေးပါ။ ကျွန်မတင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ရင်ကျွန်မ ဖြေမယ်။ မဆိုင်တာလမ်းကြောင်းလွဲအောင် လုပ်တာဆိုရင် လက်မခံဘူးလို့ပဲ အကြောင်းပြန်လိုပါတယ်။
Anonymous said...( June 15, 2010 9:15 AM)အင်းရီတါနဲ့ အမည်မဖော်သူတွေရေးထါးတါအတော်ရှင်း နေပါတယ်။ ရီတါပြောတါကိုနားလည်တဲ့သူတွေနားလည် ကြပါလိမ့်မယ်။နားမလည်သူတွေလဲရှိမှာပေါ့ါ။
အခုတလေါတော်လှန်ရေးအော်ကြတဲ့အင်တါနက်တွေအ တော်များပါတယ် ရီတါပြောတါကိုယ်တွေ့နဲ့ယှဉ်ပြီးသ ဘေါပေါက်တယ်။ ကိုယ့်ပါတ်သက်တဲ့ချာတိတ်တွေလဲ ဒီအကြောင်းဘဲရှင်းပြတယ်။၈၈ဆိုတါဘါကြောင့်လဲ(ကိုယ်တွေ့)စစ်တန်းလဲထုတ်ပြတယ်။
အမည်မဖော်သူရေးတဲ့မှတ်ချက်ကိုတေါ့ သဘေါကျလို့ပြုံးမိပါတယ်။(ကိုယ်တွေ့ပါဘဲ)။ ငါ့အယူအဆနဲ့မတူရင် အတွေ့အကြုံလိုသေးလို့ မလေ့လါလို့ ဝေဖန်လို့ချက်ကေါင်းထိရင်ရိုင်းလို့ဖြုတ်ပြစ်တယ်တို့ လါရေးလို့အစိုးရလုပ်ရပ်ကိုစိစစ်ထေါက်ပြပြီးလက်ခံထေါက်ခံတဲ့အသံလေးများထွက်လါရင် ကပ်စါးယပ်စါး (ဘယ်သူလါရေးတယ်ဆိုတါမသိဘဲနဲ့နော်)ပုဂ်ဂိုလ်ရေး ထိခိုက်ရေးတါတွေကြတေါ့ အမှန်တရားတဲ့။ အဲတေါ့ တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။
နောက်တခုကဒို့မြန်မါတွေပြောတဲ့မြှောက်ပေးရင်ေ-းတက်အေါင်ကတဲ့သူတွေလဲရှိကြမှာပါ။
ပြန်ကြားချက်။Anonymous ရေ- အဲဒီလို အပြောမခံချင် အလုပ်မခံချင်ရင် ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘဲ၊ မထေ့ဘဲ မငေါ့ဘဲ သိက္ခာရှိရှိ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးတတ်အောင် ကြိုးစားပါ။ ပြီးတော့မှ ကျွန်မဘလော့ဂ်မှာ မှတ်ချက်ဝင်ရေးပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပါတယ်။ ဒီအတွက်ကြောင့် အဲဒီရဲ့ သဘောသဘာဝအတိုင်းပဲ ကျွန်မဘလော့ဂ်က ဆွေးနွေးတာကို စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း အပြန်အလှန်လေးစားပြီး ယဉ်ယဉ်ကျေးကျေးကျေး ဆွေးနွေးတဲ့ နေရာအဖြစ်ပဲ သဘောထားပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ရေးချင်သလို လာရေးနေတာကို လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သဘောထားမတူပေမဲ့ တခြားသူတွေ ဘယ်လိုယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြတယ်ဆိုတာကို လေ့လာပါ။ ပြီးတော့ အလေ့အကျင့်ရမှ ပြန်လာဆွေးနွေးပါ။
Yita ကို ကျွန်မ ပြန်ဆွေးနွေးထားတဲ့ အချက်တွေမှာ မချေမငံပြန်ပြောလိုက်တာ တခွန်းမှမပါဘူး သေသေချာချာ ပြန်ဖတ်ပါ။(((တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။)))
နောက်ကလိုက်ပြီးရင် ဘယ်သူပါတယ်ဆိုတာ လိုက်ကြည့်မှတ်တမ်းယူပြီး သခင်တွေကို သတင်းပို့ဖို့၊ ဆန္ဒပြတဲ့ အရှိန်အဟုန် မြင့်လာရင် အကြမ်းဖက်တာတွေ လျှောက်လုပ် ပြီးတော့ ဆန္ဒပြသမားတွေ အကြမ်းဖက်တယ်ဆိုပြီး စစ်တပ် အာဏာသိမ်းဖို့ အခွင့်အရေးရအောင် လုပ်ဖို့အတွက် Anonymous တို့လိုလူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေနောက်မှာ အမြဲတမ်း လိုက်မယ်ဆိုတာ ယုံပါတယ်။ ကျွန်မက မြှောက်ပေးတာမဟုတ်ဘူး ကိုယ်တိုင် တကယ်လုပ်ခဲ့လို့ တကယ်ပြောတာ ဖြစ်တယ်။ ကျွန်မတို့ ပြောနေတာ ဒီမိုကရေစီ နည်းလမ်းနဲ့ လွဲချော်နေတာ တခုမှ မရှိပါဘူး။ ဒီမိုကရေစီ ထူထောင်ပေးမယ်လို့ ပြောနေတဲ့ နအဖတွေပဲ ဒီမိုကရေစီမဟုတ်တာတွေကို ဒီမိုကရေစီဆိုပြီး လိမ်နေတာ ဖြစ်တယ်။ ခုချိန်မှာ ကျွန်မက မြန်မာပြည်ထဲ ပြန်လာပြီး လုပ်စရာမလိုတော့ဘူး ကျွန်မတို့က ကိုယ့်အလှည့်မှာ လုပ်ခဲ့ပြီး မသေလို့ ကျန်နေသူတွေ သာဖြစ်တယ်။ ကျွန်မ ဘလော့ဂ်မှာ စာအမြဲလာဖတ်နေသူဆိုရင် ကျွန်မက ကိုယ်ကျိုးအတွက် ကြည့်ရင် အချိန်မရွေး ပြန်လာပြီး ကပ်ဖါးယပ်ဖါးတောင် ဘာမှ လုပ်နေစရာမလိုဘဲ အေးအေးဆေးဆေး ပြန်နေလို့ရပါတယ်။ ပြန်မလာတာက ပြည်သူလူထုအတွက် အပြင်ကနေပြီး လုပ်ပေးလို့ ရတာတွေလုပ်လို့ ရနေလို့ ပြန်မလာတာဆိုတာ သဘောပေါက်သင့်တယ်။
Anonymous said...( June 15, 2010 10:58 AM)အော် မေ့သွါးတါတခုထပ်ပြောမလို့ပါ။ ဒါဝင်က survival of the fittest ဆိုတါ ပြောမသွါးဘူးဆိုတါပါ။ မယုံရင်လဲမူရင်းရှာဖွေဖတ်ကြည့်ပေါ့၊ ရည်ညွှန်းချက်လုပ်ချင်ရင်လဲလုပ်ချင်တဲ့အကြောင်းကိုသေ ချာနားလည်အေါင်လုပ်ပြီးဒေါင့်စေ့အေါင်လေ့လါပြီးမှလုပ်ရင်ကေါင်းပါတယ်။ ဒါတေါင်အမှားပါတတ်ပါသေးတယ်။ တော်လှန်ရေးဘဲပြောပြော တဖြေးဖြေးပြောင်းလဲမှု့ ဖြစ်စဉ်ဘဲပြောပြော သူ့နိုင်ငံနဲ့သူ့ဒေသနဲ့သူ့ယဉ်ကျေးမှု့နဲ့ စပ်ဟတ်ဘို့လိုပါတယ်။ တော်လှန်ရေးဆိုတါ Artificial Selection လို့ဆိုတါနဲ့ ပါတ်သက်လို့လဲ လိုရာဆွဲတွေးရင်တေါ့ဖြစ်ပါလိမ့်မယ်။ Correllation and mutual dependency of evolution and revolution process ဆိုတါနားလည်အေါင်ကြိုးစါးကြည့်ပါအုံး။ စစ်တပ်ပေါ်တါဆွဲတါ ဒီစစ်တပ်ကြောင့်လုမျိုးစုပြသနာဖြစ်ရတါ။ (မြန်မါပြည်မှာပြည်တွင်းစစ်မရှိပါ ပြည်တွင်းသေါင်းကျန်းမှု့သါရှိပါသည်)လို့တဘက်သတ်ထင်ရာရေးနေမဲ့အစါး ခြေခြေမြစ်မြစ်ပြသနာအရင်းရှာတတ်အေါင် ရေးတတ်အေါင်ကြိုးစါးကြည့်ပါအုံး။
June 15, 2010 10:58 AM
Anonymous said...( June 15, 2010 9:10 PM)
၁၈ ရက်နောက်မှလဲလါလည်စရာမလိုပါဘူးကွယ်။ လွယ်လွယ်ဘဲရှာလို့ရတဲ့အေါက်ကဟါဘဲဖတ်ကြည့်ပေါ့လေ ဖတ်တတ်ရင်ပေါ့နော်။
Charles Darwin quotation
The survival of the fittest
Charles Darwin is often credited with coining the phrase - "the survival of the fittest" - however such attribution is not really correct.
Darwin wrote about species being engaged in a competitive Struggle for Existence. This struggle being seen, by Darwin, as primarily a struggle for food to support growth, life, and the generation of young individuals to continue the species in question.
The actual term survival of the fittest however was actually fully attributed by Darwin himself to another source:-
"I have called this principle, by which each slight variation, if useful, is preserved, by the term Natural Selection, in order to mark its relation to man's power of selection. But the expression often used by Mr. Herbert Spencer of the Survival of the Fittest is more accurate, and is sometimes equally convenient."
ပြန်ကြားချက်ဒုက္ခပါပဲ ဒါဝင်သီအိုရီကို ဒါဝင်မပြောဘူးလို့ ဆိုလာတဲ့ သူကလည်း ရှိသေးတယ်။ လာရေးကတည်းက Biology အကြောင်း၊ ဒါဝင်သီအိုရီအကြောင်း ဘာမှနားမလည်ဘူးဆိုတာ သိပ်ကို သိသာနေပါတယ်။ Survival of fittest ဆိုတာ သက်ရှိတွေရဲ့ သဘာဝတရားအပေါ် တုံ့ပြန်မှုကို ဖေါ်ပြတဲ့ ဒါဝင်သီအိုရီ Natural Selection ရဲ့ ဖြစ်စဉ်တခုဆိုတာ ကြီးကြီးကျယ်ကျယ် ဘယ်နေရာမှာမှ Research လိုက်လုပ်နေစရာမလိုဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ High School အဆင့် Biology သင်ဖူးသူ ဘယ်သူမဆို သိပါတယ်။ သာမန်လူတွေ နေကို ကမ္ဘာက ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လှည်ပတ်နေတယ်၊ ဗုဒ္ဓရဲ့တရားဟာ အနတ္တကို အခြေခံတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်တယ် ဆိုတဲ့ အချက်တွေကို Common Sense အနေနဲ့ သိသလိုမျိုး
ဒါဝင်သီအိုရီမှာ Survival of fittest ဆိုတာဟာ ဒါဝင်ရဲ့ Evolution ကို သရုပ်ဖေါ်မှုတခုဆိုတာ အခြေခံ Biology သင်ဖူးသူတိုင်း သိထားတဲ့ အချက် တခုမျှသာ ဖြစ်ပါတယ်။
ပိုမိုအသေးစိတ်ကျတာကို လေ့လာရင်တော့ Survival of fittest ကို ဒါဝင်မတိုင်ခင်ဖြစ်စေ၊ ဒါဝင်နဲ့ တခေတ်တည်းမှာ ဖြစ်စေ လက်ခံသူ Hypothesis လုပ်သူအများကြီး ရှိနိုင်ပါတယ်။ ဒီအထဲမှာမှ ဒါဝင်က သက်ရှိတွေရဲ့ အလေ့အထကို လေးငါးနှစ်တာ ကမ္ဘာပတ်လေ့လာပြီး သီအိုရီတခုကို ဖေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါဝင်က သူ့သီအိုရီကို ဖေါ်ထုတ်ရာမှာ လူပေါင်းများစွာရဲ့ လေ့လာမှုတွေကို ကိုးကားရင်ကိုးကားမယ် ဒါဟာ Research တခုရဲ့ သဘောသဘာဝသာ ဖြစ်တယ်။ ကျွန်မပို့စ်မှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်တက္ကသိုလ် အဆင့်မြင့် စာအုပ်စာတမ်းထဲကမှ မဟုတ်ဘူး။ အခြေခံပညာ အထက်တန်းအဆင့် Biology စာအုပ်တိုင်းလိုမှာ (မြန်မာပြည်ကစာအုပ်ကို မဆိုလို) တွေ့နိုင်တဲ့ အချက်တွေ ဖြစ်တယ်။ Artifical Selection ဆိုတာ Natural Selection လို သဘာဝအလျှောက် ဖြစ်လာတာမဟုတ် လူတွေက ပြုပြင်ဖန်တီးထားတာ ဖြစ်လို့ လူတွေက လုပ်မှဖြစ်လာတဲ့ Revolution နဲ့ ကျွန်မ ဥပမာပေးထားတယ်ဆိုတာ စာဖတ်သူတိုင်း နားလည်နိုင်ပါတယ်။ မိုးခေါင်ရေရှား ဖြစ်နေတာကို ရာသီဥတု အတုဖန်တီးပြီး မိုးပေးရွာတာ သဘာဝအလျောက် Natural Selection အရမဟုတ်ဘဲ လူက ပြုပြင်ဖန်တီးလိုက်လို့ ဖြစ်လာတဲ့ Artifical Selection သာဖြစ်ပါတယ်။ ဒါကြောင့် ဥပမာပေးတာကို Anonymous က နားမလည်ဘူးဆိုရင် ပြန်ဖတ်ကြည့်ဖို့ပဲ ကျွန်မ တိုက်တွန်းချင်ပါတယ်။
ကျွန်မကို တိုက်ခိုက်လိုတိုင်း ဒါဝင်သီအိုရီကို ဒါဝင်မပြောခဲ့ဘူးဆိုပြီး အဓိပ္ပါယ်မရှိတာတွေ လာပြောမည့်အစား Research ရဲ့ သဘောသဘာဝကို အရင်လေ့လာပါလို့ပဲ ကျွန်မ ပြောချင်ပါတယ်။ နောက်တခု တောင်းဆိုချင်တာက Anonymous ရေးထားတဲ့ ဒါဝင်ကိုးကားထားတဲ့ စာသားက အင်္ဂလိပ်စာတတ်သူ ဘယ်သူမဆိုရေးလို့ရတယ်။ ဒါကြောင့် ဒါကို ဒါဝင်ပြောထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား Reference အတိအကျ လာရေးပေးဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ မယုံလို့ မဟုတ်ဘူး လိုအပ်လို့ တောင်းဆိုတာ ဖြစ်တယ်။ အဲဒီလို တိုက်ရိုက်ကူးယူလာထားတဲ့ စာသားဆိုတာ Bibliography (ကျမ်းကိုး) အတိအကျ ထည့်ဖို့လိုတယ်ဆိုတာ ကျွန်မသားလေး ၁၀ နှစ်သားတောင် သိပါတယ်။ လူကြီးတယောက် ဖြစ်တဲ့ Anonymous မိမိယူလာတဲ့ နေရာက Source ကို ဖြစ်အောင် လာထည့်ပေးပါ။ Reference မပါဘဲ သူများရဲ့ စာသားကို တိုက်ရိုက်ဖေါ်ပြတာ စာခိုးချတာပဲ။ စာခိုးချတာကိုလည်း ကျွန်မဘလော့ဂ်မှာ လက်မခံဘူး။ လာမထည့်ပေးရင် နောက် ၂၄ နာရီကြာရင် အဲဒီမှတ်ချက်ကို ကျွန်မ ဖျက်မယ်။
Under Water World said...Dear Sis,
I would like to discuss my point of view. I already comment other bloger very similar with your post but I would like to know how you reply.
Democracy can not be imposed in a country. Democracy is the result of an evolution and will not work if the necessary institutions and civil/social education of the inhabitants are already in place. We can see this in many countries where democracy has been “imported”. Institutions that will be independent and fair, that little by little will improve the rights of the people and resist the influence of the government (whether it is a military or an elected government). The education of the people is even more crucial to be able to understand their rights and responsibilities to critically analyze the proposals of the candidates and not be manipulated.
It is easy to criticize that we are not doing enough for democracy inside the country. Confronting the government would be like committing suicide; it would only result in blood. Many of our people are spending their lives in prison without any chance to have any political success. It is easy to feel the victim as a refugee, only because returning home would mean to end up in jail. That is exactly what happens to our people who stayed in Myanmar. The people who stay are the victims, and not only the ones in jail or persecuted but the people who can not get a proper job, who can not pay for the food to raise their family. Yes, those are the victims.
The way we can change our country is by educating our people and that would mean to be educated abroad and then return and help to develop and build up the country, to bring in investors and to help the country to open up. In the meantime, we can help getting people out of Myanmar and help them to get jobs and send money back for their families to survive. Not much more we can do.
June 16, 2010 6:13 AM
အကြောင်းပြန်ချက်UWW ရဲ့ ပထမပိုဒ်မှာ ပြောထားတဲ့ ဒီမိုကရေစီဆိုတာ Evolution က ကနေ ဖြစ်လာတယ်ဆိုတာ လက်ခံပါတယ်။ ဟုတ်ပါတယ် သက်ဦးဆံပိုင် ဘုရင်စနစ်တွေကနေ စည်းမျဉ်းခံဘုရင်စနစ်တွေ ဖြစ်လာရတာ Evolution Process အတိုင်းပဲ ဖြစ်ပုံရပါတယ်။ UWW ပြောထားတဲ့ အသေးစိတ်ကျတဲ့ တချို့ အချက်တွေကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါကလွဲရင် UWW ရဲ့ ဆွေးနွေးချက် တခုလုံးအနေနဲ့ကတော့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရာမှာ အစ်မနဲ့ လုံးဝကို ကွဲလွဲတာကို တွေ့ရပါတယ်။ UWW က Revolution အတိုင်း သွားမယ်ဆိုရင် လူတွေက အကျဉ်းထောင်ထဲမှာ အချိန်ကုန်တာနဲ့ မိမိကိုယ်ကို သတ်သေသလို ဖြစ်နေတယ်လို့ Evolution အတိုင်း စစ်တပ်နောက်ကို မှိန်းလိုက်သွားရင်း တဖြည်းဖြည်းချင်း လုပ်ယူတာက ပိုပြီး အကျိုးရှိမယ်လို့ ယူဆပုံရတယ်။ ပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီဆိုတာ အခုမှစတင်တဲ့သဘောမျိုး UWW က ယူဆပါတယ်။ UWW ဆွေးနွေးတာ အစ်မ ဒီလိုပဲ နားလည်တယ်။ မဟုတ်ရင်တော့ ပြန်ပြောလို့ရတယ်နော့်။ မြန်မာပြည်မှာ ဒီမိုကရေစီက အခုမှစတာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ရတကည်းက စခဲ့တာပါ။ အပေါ်မှာ UWW ပြောတဲ့ အချက်တွေ ဖြစ်လာဖို့ စစ်တပ်သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ စစ်တပ်ကလည်း သူ့အကျိုးမဟုတ်ဘဲ ပြည်သူလူထုအကျိုးအတွက် ဘယ်တော့မှ တခုခုကို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမိုကရေစီကို Evolution ကတဆင့် ဖြစ်လာတယ်ဆိုတာကလည်း ဒီမိုကရေစီဆိုတာ မပေါ်ခင်တုန်းက တစ် ကနေ စတင်လာတုန်းကသာ ဖြစ်တယ်။
ပထမအချက် ပြောလိုတာက မြန်မာနိုင်ငံဟာ UN အဖွဲ့ဝင်နိုင်ငံတခု ဖြစ်သလို လူ့အခွင့်အရေးကို စတင်မွေးဖွားကတည်းကတောင် ဦးဆောင်ပါဝင်လာတဲ့ နိုင်ငံတခုဖြစ်ပြီး ၆၂ ခုနှစ်အထိ ဒီမိုကရေစီ နိုင်ငံအဖြစ် (လူမျိုးစုပြဿနာနဲ့ တချို့ပြဿနာ အနည်းအကျဉ်းရှိတာကလွဲရင်) ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီတော့ မြန်မာနိုင်ငံက ဒီမိုကရေစီကို အခုမှ စတင်မွေးဖွားမှာ မဟုတ်ဘူး။ နဂိုကတည်းက ရှိပြီးသားကို Restore ပြန်လုပ်ဖို့ လိုနေတာသာ ဖြစ်ပါတယ်။ ဒီလို စစ်တပ်သူ့အလုပ် သူပြန်လုပ်ရင် ဒီကိစ္စကို တိုင်းသူပြည်သားတွေက ဒီမိုကရေစီ ကျင့်စဉ်အတိုင်း သွားရုံပဲ ရှိပါတယ်။
ရှိပြီးသား အရာတခုကို ပြန်လည်တည်ဆောက်တာ မဟုတ်ဘဲနဲ့ တဖြေးဖြေးပြောင်းယူမယ်ဆိုပြီး စစ်အုပ်စု ခင်းပေးတဲ့ မတရားတဲ့၊ ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီဆိုပြီး ဗြောင်လိမ်ပြီး ခင်းထားတဲ့ လမ်းကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မျောလိုက်ပြီး Evolution Process အတိုင်း တဖြေးဖြေးပြောင်းလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ပြောင်းလို့မရအောင်ကို လွှတ်တော်မှာ ၂၅% ကို ဘယ်သူမှ မဲပေးစရာမလိုဘဲ အလိုလို တက်ယူထားတဲ့အပြင် ဗီတိုအာဏာကိုပါ ယူထားပြီး ဖြစ်လို့ပါ။ အခု စစ်တပ်သွားနေတဲ့ လမ်းကြောင်းက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် စစ်ကျွန်စနစ်ကိုသာ လုံးလုံးကြီး ဦးတည်သွားနေပါတယ်။ စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ ၉၀ ခုနှစ်က အနိုင်ရထားတဲ့ NLD နဲ့ မဆွေးနွေးဘဲ ဆက်ပြီး ခေါင်းမာနေရင် Revolution နည်းနဲ့ ပြောင်းမှပဲ ရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အရင်ပေါ်ပေါက်ခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ နှစ်ခုအနက် ၄၇ ဖွဲ့စည်းပုံကို ဦးနေ၀င်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးနဲ့ ဖျက်ဆီးစေခဲ့သလို၊ သူတို့ ဆွဲထားတဲ့ ၇၄ ဖွဲ့စည်းပုံကိုလည်း ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးက ဖျက်ဆီးခဲ့ပါတယ်။ အခုဆွဲပြီး နာဂစ်ကာလ လူထု ဒုက္ခရောက်နေချိန်မှာ အတင်းအဓမ္မမ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း တော်လှန်ရေးနဲ့ပဲ ပြောင်းမှ ရနိုင်လိမ့်မယ်။
ဒီဖွဲ့စည်းပုံအောက်မှာ ဘာပဲလုပ်လုပ် စစ်တပ်ကို သံတော်ဦးတင်ပြီးမှ လုပ်လို့ရတယ်။ စစ်တပ်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ဘာမှ လုပ်ခွင့်မပေးဘူး၊ သူတို့ကောင်းကျိုးအတွက် ရွာပြောင်း၊ လယ်မြေသိမ်း အတင်းအဓမ္မခိုင်းချင်သလို ခိုင်းပြီး လူထုကို တချိန်လုံး ဒုက္ခပေးနေလို့ လူထုအတွက် ဘာမှကောင်းအောင် သူတို့လက်အောက်မှာ လုပ်လို့မရနိုင်ဘူး။ စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် လုပ်နေတာလား လူထုအတွက် လုပ်နေတာလား ဆိုတာ ၆၂ မတိုင်ခင်က ကမ္ဘာ့အလယ်မှာ တင့်တယ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၈၈ မှာ အဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင်ဖြစ်သွားပြီး ဦးနေ၀င်းက ကမ္ဘာအချမ်းသာဆုံး စာရင်းထဲဝင်နေတယ်၊ အခုလက်ရှိ မြန်မာပြည်မှာ အစာကတော့ ထားလိုက်တော့ ရေတောင် ငတ်ပြတ်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ ကပ်ဖါးယပ်ဖါးတွေက တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်သုံးစွဲပြီး လူချမ်းသာတွေ ဖြစ်နေတာကို ကြည့်ပြီး သိနိုင်ပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ မြန်မာပြည်ဟာ မဆလလက်ထက်ကထက် ပိုတောင် ဆိုးလာသေးတယ်။ လက်ရှိလုပ်နေတဲ့ လုပ်ရပ်တွေက စစ်အာဏာရှင်တွေ အောက်မှာ ဒီမိုကရေစီကို တဖြေးဖြေး လုပ်ယူလို့ ဖြစ်နိုင်မဖြစ်နိုင်ကြောင်း သက်သေသာဓကတွေ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံကို မပြောင်းပဲနဲ့ တိုင်းပြည်ကို တဖြေးဖြေး ပြောင်းလို့ မရပါဘူး။ ဖွဲ့စည်းပုံကလည်း ပြောင်းလို့မရအောင် စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ ဗီတိုအာဏာ ယူထားတယ်။ စစ်တပ်က တပ်မတော်သားတွေမှာလည်း တိုင်းပြည်ကို အင်မတန်ချစ်ပြီး စစ်တပ်က နိုင်ငံရေးမှာ မဆိုင်ဘဲ ၀င်ပါနေရတာကို ငြီးငွေ့လာသလို မိခင်တိုင်းပြည်ကိုလည်း တခြားဒီမိုကရေစီ နိုင်ငံတွေနည်းတူ အမှန်တကယ် တကယ်တိုးတက်စေချင်သူတွေ ရှိလာတယ်ပဲ ထားပါတော့ စစ်တပ်ကိုယ်စားလှယ်ထဲမှ အများစုက ပြုပြင်ပြောင်းလဲလိုသူတွေ ရှိလို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့ဆို ကံအားလျော်စွာ ၇၅% ကို လွှတ်တော်မှာ စည်းရုံးလို့ ရသွားပြီး ဖွဲစည်းပုံကို ပြုပြင်ပြောင်းလဲဖို့ ဆိုတင်သွင်းလာတယ်ပဲ ထားလိုက်တော့(တကယ်တော့ ဖြစ်နိုင်မယ်မထင်ပါ)။ စစ်ခေါင်းဆောင် အာဏာရှုးကြီးက ဗီတိုအာဏာနဲ့ အဆင်သင့် ပယ်ချဖို့ ရှိနေပါတယ်။ ဒီလို ပယ်ချတာကို မကျေနပ်လို့ လွှတ်တော်ထဲမှာရော အပြင်က ပြည်သူလူထုကြားမှာလည်း မကျေမချမ်းဖြစ်ပြီး တောင်းဆိုတာတို့ ဘာတို့ထလုပ်ရင်လည်း ဗီတိုအာဏာနဲ့ တရားဝင် အာဏာသိမ်းပြန်ဦးမယ်။ အခု အာဏာသိမ်းထားတာ တရားဝင်မဟုတ်ပေမဲ့ ဟိုအချိန်ကျရင် ငါတို့တရားဝင်လုပ်တယ်၊ ဖွဲ့စည်းပုံမှာကြည့်ဆိုပြီး ဖွဲ့စည်းပုံ ထိုးပြရုံပဲ။ အဲဒီတော့ စစ်တပ်အောက်ကနေပြီး Evolution Process အတိုင်းပဲ သွားဖို့နည်းလမ်းကို မြင်တဲ့ UWW ရေ - နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကို Evolution အတိုင်း တဖြေးဖြေး ပြောင်းလို့မရအောင်၊ ပြည်သူလူထုကို မလူးသာ မလှုပ်သာ ဖြစ်အောင် လုပ်ထားတာကို လေ့လာကြည့်ဖို့ကိုပဲ အစ်မတိုက်တွန်းချင်ပါတယ်။
ဒါဖြစ်ရင် Revolution လုပ်ရင်လည်း ထောင်ထဲနဲ့ သေတွင်းထဲ သွားတိုးဝင်ရုံပဲ ဖြစ်မယ်ဆိုတော့ ဘယ်လိုလုပ်မလဲလို့ မေးစရာ ရှိတယ်။ ဘယ်လိုမှမလုပ်ရင် စစ်ကျွန်မဘ၀ကို ရောက်ပြီး ဒီထက်ပိုဆိုးမယ်။ နည်းနည်းပဲလုပ်ရင်လည်း ထောင်ထဲကို အများဆုံးရောက်နိုင်ပြီး သေတွင်းထဲကိုလည်း ရောက်နိုင်ပါတယ် မငြင်းပါဘူး။ တနိုင်ငံလုံးအတိုင်းအတာအထိ ညီပြီး လုပ်ရင်တော့ သတ်ဖို့ အမိန့်ပေးခံရသူတွေကလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ နှလုံးသားရှိတဲ့သူတွေပဲ ဖြစ်တော့ အများစုကြီးကညီရင် တနိုင်ငံလုံးကို သတ်နိုင်မှာ မဟုတ်သလို မသတ်ဘဲ ထောင်ထဲထည့်ရင်လည်း ထောင်မဆံ့ပါဘူး။ အဓိကက ဒီမိုကရေစီနည်းကျ မိမိတို့ဆန္ဒကို မိမိတို့ ငြိမ်းချမ်းတဲ့ တနည်းနည်းနဲ့ ညီညီညွတ်ညွတ် ဖေါ်ပြဖို့ပဲ အရေးကြီးပါတယ်။
(ကျွန်မကို ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ရန်သူလို့ သဘောထားတယ်ဆိုပြီး အမြဲတမ်း လာလာပြီး ပြဿနာ မရှာရရင် စားမ၀င်၊ အိပ်မပျော် မနေနိုင်ဖြစ်ကြတဲ့ Anonymous အပေါင်းနဲ့ တခြားပုဂ္ဂိုလ် ကြီးငယ်လယ်လတ်တို့ ဒီအကြောင်းပြန်ချက်ကို ဖတ်ဖြစ်အောင် ဖတ်ကြပါနော့်။ ပြီးရင် ပြဿနာ ထပ်မရှာကြပါနဲ့။ ဒီလို ယဉ်ယဉ်ကျေးကျေး ပြန်အဆွေးနွေးခံချင်တယ်ဆိုရင် သဘောထား မတိုက်ဆိုင်ပေမဲ့ ဒီလို ယဉ်ယဉ်ကျေးကျေး လာဆွေးနွေးပါ။ မှတ်ချက်ကို ဘယ်တော့မှ ဖျက်မှာမဟုတ်သလို ဘယ်တော့မှ မချေမငံပြန်မပြောဘူး ဆိုတာလည်း အာမခံတယ်။)
Anonymous said...(MG)ကီးဘုတ်တွေကနေတဆင့် စကားစစ်ထိုး တိုက်ပွဲဆင်နေကြမယ့်အစား မြန်မာနိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ တတ်နိုင်သမျှပါဝင်၍ လုပ်အားဒါန ကာယဒါန စိတ္တဒါန ပေးနိုင်ကြရင် ပိုမကောင်းဘူးလားဗျာ..မငယ်နိုင်အနေနဲ့ လဲ ပို့စ်တစ်ခုမှာ အမြင်မတူ၍ ကွန်းမန့်ပေးဆွေးနွေးကြတဲ့သူတွေကို စကားကပ်မပြောဘဲ(အတိအကျ ) ပြန်လှန်ဆွေးနွေးဖို့  အကြံပြုလိုပါတယ်
MG
့16 Jun 10, 10:24MG: မငယ်နိုင်က စကားပြော အင်မတန် ကပ်သီးကပ်သတ်နိုင်တယ်ဗျာ တိတိကျကျနဲ့ ပြန်လှန်ဆွေးနွေးကြတဲ့ သူတွေရဲ့အမှားကို ပိုပြီးထောက်ပြနိုင်ဖို့ လိုအပ်ပါတယ် ပို့စ်နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းမပစ်ပါနဲ့
16 Jun 10, 10:27
MG: မငယ်နိုင်က ယထာဘူတ ကျကျပိုပြီးရှင်းလင်းပြောပြနိုင်မယ် ဆွေးနွေးပြောပြနိုင်မယ်ဆိုရင် မငယ်နိုင်ရဲ့စာဖတ်ပရိတ်သတ်တွေရဲ့လေးစားမှုကို ယခုထက်ပိုပြီးရနိုင်မှာပါ ဒါကြောင့် တစ်ချို့မေးခွန်းတွေကို ရှေင 16 Jun 10, 10:29
MG: ရှောင်လွှဲမပစ်ပါနဲ့ ပို့စ်နဲ့ မဆိုင်သော်လဲ စာဖတ်သူများအတွက် စဉ်းစားပေးပြီး ဖြေရှင်းဆွေးနွေးပေးပါလို့  ပြောပါရစေ
MG: ဥပမာတွေတော့ ပြောပြမနေတော့ပါဘူး မငယ်နိုင်ရဲ့ ပို့စ်တွေကို အမြဲဖတ်နေသူတွေဆိုရင် ကျနော်လို အမြင်မျိုးရှိမယ်လို့ ထင်ပါတယ် (C-Box ထဲက)
ပြန်ကြားချက်MG ရေ- ကျွန်မက ပို့စ်နဲ့ ဆိုင်နေရင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ C-Box ထဲကတောင် ကူးယူလာပြီး အချိန်ရရင် ရသလို ပြန်ဆွေးနွေးပေးတတ်ပါတယ်။ တော်ရုံတန်ရုံ မဆိုင်တာကို ကျွန်မ မဖျက်လိုပါဘူး။ ကျွန်မ အတတ်နိုင်ဆုံး ဆိုင်တာလေး ရှာပြီး ပြန်ဆွေးနွေးပေးပါတယ်။ မဆိုင်တာတွေနဲ့ ဦးတည်ချက်လွဲအောင် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ရစ်နေတာတွေကိုပဲ ကျွန်မ လစ်လျူရှုတာတို့ ဖျက်တာတို့ လုပ်ပါတယ်။ ကျွန်မ ဘလော့ဂ်မှာ မှတ်ချက်ရေးရင် မဆိုင်တာ မပါစေဖို့ မေတ္တာရပ်ခံထားတဲ့ အဓိကအကြောင်းအရင်းက ဆွေးနွေးတာမဟုတ်ဘဲ ပို့စ်ရဲ့ ဦးတည်ချက်နဲ့ ဘာမှမဆိုင်တဲ့ ထေ့တာတွေ၊ ရစ်တာ၊ ကပ်ပြောနေတာတွေနဲ့ မပြီးဆုံးနိုင်တဲ့ မှတ်ချက်တွေ ဖေါင်းပွပြီး ဦးတည်ချက်မရှိ လမ်းကြောင်းလွဲသွားအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လာလုပ်နေတာ အမြဲ ကြုံတွေ့ခဲ့ရပြီးမှ ဖြစ်လာပါတယ်။ အကြောင်းအရာတခုကို ကျွန်မ တင်ထားလို့ လာဆွေးနွေးရင် ဒီအကြောင်းအရာ အပေါ်မှာပဲ အပြန်အလှန် လေးစားမှု ရှိရှိနဲ့ ပြောဖို့ လိုလားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်လက်ခံပိုင်ခွင့် ရှိလို့ ကျွန်မလည်း သူများဘလော့ဂ်တွေမှာ မပြုသဘော မဆောင်နိုင်ရင် ဘယ်တော့မှ သွားမဆွေးနွေးပါဘူး။ နင်တို့လိုတဲ့ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ဦးတည်ချက်မရှိ ပြောချင်ရာ လျှောက်ပြောနေရင် ဘယ်တော့မှ ပြီးမှာမဟုတ်သလို မသိနားမလည်သူတွေက ဒီမိုကရေစီဆိုတာ ဒီလိုပဲ တဘက်နဲ့တဘက် တိုက်ခိုက်စော်ကားမော်ကား ပြောပြီး ရန်ဖြစ်နေကြတာကို ဆိုလိုတာပါလားဆိုပြီး နားလည်မှု လွဲသွားနိုင်ပါတယ်။ ပြီးတော့ စာကောင်းကောင်းလာဖတ်ပြီး ဆိုင်တာကို တကယ် ဆွေးနွေးချင်သူတွေအတွက် သိပ်ပြီး အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုမျိုး ကျွန်မဘလော့ဂ်မှာ အဖြစ်မခံနိုင်လို့ ကန့်သတ်ထားတာသာ ဖြစ်ပါတယ်။
ပေးဖူးတဲ့ ဥပမာ တခုကို ထပ်ပြောရရင် ရန်ကုန်ကနေ မန္တလေးသွားဖို့ မောင်းနေတဲ့ကားကို မန္တလေးကိုပဲ မောင်းရမယ် ညာဘက်ကို ခွဲထွက်ပြီး လျှောက်မောင်းနေရင် ရှမ်းပြည်ကိုဖြတ်နယ်စပ်ဖြတ်ပြီး မန္တလေးမရောက်ဘဲ တရုတ်ပြည်ဘက် ရောက်သွားနိုင်တယ်။ ဘယ်ဘက်ကို ခွဲထွက်သွားရင် ဘင်္ဂလားဒေ့ရှ်တို့ အန္ဒိယတို့ ဘက်ရောက်သွားနိုင်တယ်။ ဒါကြောင့် မန္တလေးကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ဖို့အတွက် မောင်းတဲ့သူဟာ လမ်းသိဖို့လိုတယ်။ ကျွန်မ သွားတဲ့လမ်းကို ကျွန်မသိလို့ လမ်းလွဲနေရင် တည့်မှတ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်။ ဘလော့ဂ်မှာ ကန့်သတ်ထားချက်တွေဟာ လမ်းလွဲသွားမှာစိုးလို့ လမ်းကို ဘယ်ညာ မခွဲထွက်ဘဲ တည့်တည့်မှတ်မှတ် သွားနိုင်ဖို့အတွက် သတ်မှတ်ထားရတာသာ ဖြစ်ပါတယ်။ အကြံပြုမှုအတွက် ကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
