
တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်
ကျမစောစောကပြောသလိုပဲ
ဒီပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမထင်ပါတယ်…
ဒီလိုတင်းမာမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ အင်မတန်ကြီးမားတဲ့ ကြောက်ရွံမှုတွေ မုန်းတီးမှုတွေ ရှိနေတယ်…
ဒါတွေကို ဖယ်ရှားဖို့ လက်ရှိအစိုးရအနေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခုကို ဖန်ကိုဖန်တီးပေးရပါမယ်…
လူတွေဟာ လုံခြုံစိတ်ချမှုမရှိဘူးလို့ ခံစားရရင် သူတို့ရဲ့ အကြောက်တရား အမုန်းတရားတွေကို ဖြေလျော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…
ကျမအနေနဲ့ ကျမပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ်…
ကျမတို့ မမေ့ပါဘူး…
ကျမကတော့ လုံးဝမမေ့ဘူး…
၁၉၄၈ မှာကျမတို့ လွတ်လပ်ရေးရခဲ့တဲ့ဟာက မတူညီတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ မတူညီတဲ့ ဘာသာရေးအုပ်စုတွေပါဝင်ပြီး မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအကြား ရင်ကြားစေ့ရင်းကနေ ရခဲ့တာပါ…
အမျိုးသားသွေးစည်းညီညွတ်ရေးကနေတဆင့် ကျမတို့လွတ်လပ်ရေးရခဲ့တာပါ…
အခုလည်း ကျမယုံကြည်တယ်…
အမျိုးသားသွေးစည်းညီညွတ်ရေးကသာတိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်မယ်လို့
ဒီတော့ သြသတြေးလျရော တကမ္ဘာလုံးကပါ ကျမတို့အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကူညီပေးကြပါ…
လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာတာဝန်ရှိတယ်ဆိုတာ သတိပေးကြပါ…
သူတို့ကျမကို တာဝန်ယူစေချင်တယ်ဆိုရင်တော့
ကျမတို့ကို အစိုးရဖြစ်အောင် လုပ်ပေးဖို့ ကောင်းပါတယ်…
(ဒေါ်အောင်ဆန်းစုကြည်)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့
27/ နိုဝင်ဘာလ/ 2013
(ဒေါ်အောင်ဆန်းစုကြည်)သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့27/ နိုဝင်ဘာလ/ 2013 ______Video ကြည့်မရသူများအတွက် စာများကို ကူးယူဖော်ပြပေးထားပါတယ်…မူရင်းVideo ပိုင်ရှင်ကို ခရက်ဒစ်ပေးပါသည်။-သက်နှင်း သုန္ဒရီ
ဒေါ်စုရဲ့ အဖြေ (၂)

အဖြေ။ ။ ဒီတော့ ကျမဒါနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် ခဏခဏ ပြောပါတယ်၊ ကျမတို့ဟာ လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ပြဿနာတွေကို ပထမ ဖြေရှင်းရပါမယ်။ ဒီလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေး ဘာသာရေး ပြဿနာများဆိုတာ နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတော့ အဲဒီဟာတွေက ရေရှည်မှာ နှစ်ပေါင်း တော်တော်များများ မှာ ဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဒီတော့ ချက်ချင်းလက်ငင်း ဘယ်လိုနည်းနဲ့ ဘာတွေကို ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ ကျမ ရှင်းပြခဲ့ပြီးပါပြီ။ အဲဒီတော့ ကျမ ပြောတာဟာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်တယ်။ ဥပဒေစိုးမိုးရေး ဆိုတာဟာ နှစ်ဘက်ရှိပါတယ်။ တခုက ဥပဒေဆိုတာ ဘာလဲပေါ့နော့် ဥပဒေထဲမှာ ဘာပါလဲ၊ နောက်ပြီးတော့ ဒီဥပဒေတွေကို တကယ်ပဲ ထိထိရောက်ရောက် လိုက်နာအောင်လို့ ဒီဥပဒေတွေဟာ ထိရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိရဲ့လားဆိုတာ အဲဒါကို ကျမအလေးထားပြီး ပြောတာဟာ ဒါချက်ချင်း လက်င်းလုပ်နိုင်တဲ့ ကိစ္စမို့လို့ပါ။ ဥပမာဆိုလို့ရှိရင် နိုင်ငံသားဥပဒေ ကျမတို့ရဲ့ ဥပဒေမှာ နိုင်ငံသား ဥပဒေဆိုတာ ဘယ်လိုလဲ ဒီနိုင်ငံသား ဥပဒေမှာ ဘာအချက်အလက်တွေပါသလဲ ဒီအချက်အလက်တွေဟာ တကယ့်ကမ္ဘာစံမီရဲ့လား၊ နိုင်ငံတကာ စံမီရဲ့လား ဒါကိုကျမတို့က ကြည့်ရမယ်။ ကြည့်ပြီးတော့ ဒီလိုစံမီပြီဆိုလို့ရှိရင် ဒီဥပဒေတွေကို ထိရောက်အောင် လုပ်နိုင်တဲ့ အနေအထား ကျမတို့နိုင်ငံမှာ ရှိရဲ့လား ပြောရမယ်ဆိုလို့ရှိရင် ဥပဒေစိုးမိုးရေး၊ ဒါဟာ ချက်ချင်းလက်ငင်းလုပ်နိုင်မည့် ကိစ္စ။
ဒေါ်စုရဲ့ အဖြေ (၃)
ဟင်ဂျာတွေဆိုတာ ဘယ်သူတွေလဲ ဘာလို့သူတို့ကို မြန်မာအစိုးရက သတ်ဖြတ်နေရတာလဲ ဆိုတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ

သတင်းထောက်ရဲ့အမေး၊ ။ ငါမေးချင်တဲ့မေးခွန်းက ရိုဟင်ဂျာတွေဆိုတာ ဘယ်သူတွေလဲ ဘာလို့သူတို့ကို မြန်မာအစိုးရကသတ်ဖြတ်နေရတာလဲ…•
ငါထင်တယ် မင်းအခုလို "Prosecution" ဆိုတဲ့ ရင့်သီးတဲ့အသုံးအနှုန်း မသုံးသင့်ဘူးထင်တယ်…ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ဖြစ်သွားတာက အသိုင်းအဝိုင်း ၂ခုအကြားဖြစ်သွားတဲ့ နှစိဖက်စလုံးကျူးလွန်တဲ့ ရာဇဝတ်မှုပါ…မင်းတဖက်ထဲကို ဦးစားပေးနေမယ်ဆိုရင် ပိုပိုပြီးအမုန်းတရားပွားအောင် မင်းလုပ်နေသလိုဖြစ်ပါလိမ့်မယ်…ငါတို့သေချာကြည့်ရမှာက ပြဿနာတွေဘယ်လိုအေးချမ်းအောင်လုပ်မလဲဆိုတာပါ…ပထမဦးဆုံးလုပ်ရမှာက ရခိုင်မှာဖြစ်နေတဲ့အခြေအနေတွေကို ထိန်းနိုင်ဖို့တရားဥပဒေရှု့ထောင့်ကနေ စဉ်းစားရမှာအခုမင်းမေးခွန်းက သူတို့ဘယ်ကလာသလဲ…ကျမတို့ တရားဥအဒေစိုးမိုးရေးကို ရှုထောင့်၃ခုနဲ့မြင်ရပါမယ်…ပထမဦးဆုံးအနေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နည်းလမ်းမှန်နဲ့ဖြေရှင်းသလားဆိုတဲ့ တရားဥပဒေစိုးမိုးရေးရှုထောင့်…ပြောရမယ်ဆိုရင် ရာဇဝတ်မှုတခု ကျူးလွန်လို့ အရေးယူတဲ့အခါမှာ တရားစီရင်မှုက မျှတမှုရှိဖို့လိုသလ်ု အဲ့ဒီတရားစီရင်မှုကို မျှမျှတတဖြစ်ပါတယ်ဆိုတာကိုပါ အများပြည်သူကိုမြင်အောင်ပြရမယ်…ရခိုင်မှာဖြစ်သွားတဲ့ ပထမဦးဆုံးရာဇဝတ်မှုကို ဒီလိုသာအရေးယူဆောင်ရွက်နိုင်မယ်ဆိုရင် အခုလို ပြဿနာတွေ တစီတတန်းကြီးနဲ့ လူမျိုးစု ၂ခုအကြား အကြမ်းဖက်ပဋိပက္ခတွေဖြစ်လာမှာမဟုတ်ဘူး…ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် ပထမဆုံးလိုအပ်ချက်ဖြစ်တယ်…တရားဥပဒေစိုးမိုးရေးဆိုတာ အမြဲတမ်းလူ့အခွင့်အရေးနဲ့ အချိတ်အဆတ်ရှိနေရပါမယ်…လူသားအားလုံးရဲ့ လူ့အခွင့်အရေးပါ…ကျမစောစောကပြောသလိုပဲ တရားဥပဒေစိုးမိုးရေးက လူသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးရမယ်…နောက်ပြီး တရားစိုးမိုးရေးနဲ့ ပတ်သက်၍ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေပါပါမယ်…ကျမတို့မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေရှိပါတယ်…မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတိုင်းဟာ နိုင်ငံသားဥပဒေနဲ့ကိုက်ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိကိုရှိရပါမယ်…ဒါပေမဲ့ ကျမတို့နောက်တဆင့်ထပ်ပြီး စဉ်းစားရမှာက လက်ရှိနိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီမှုရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ရပါမယ်…ဒါကဒုတိယအဆင့်ပါ…ကျမထင်တဲ့ တရားဥပဒေစိုးမိုးရေးရဲ့ တတိယအဆင့်ကတော့ အခြေအနေတွေကို အထောက်အကူဖြစ်ဖို့ပါပဲ…တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေမရှိအောင် သေသေချာချာလုပ်ရပါမယ်…ဒီလိုနယ်စပ်ဖြတ်ကျော်မှုတွေဟာ ပြဿနာကိုပိုဆိုးစေပါတယ်…ဘင်္ဂလားဒေ့ရှ်က ဒီမူစလင်တွေဟာ မြန်မာပြည်ကလာတာ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က လူတွေမဟုတ်ဘူးလို့ပြောတယ်…မြန်မာနိုင်ငံကလည်း အခုရောက်နေတဲ့သူတွေဟာ တကယ်တော့ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ရောက်လာတာလို့ပြောတယ်…နယ်စပ်က အင်မတန်မှကို ယိုပေါက်တွေများလွန်းတော့ ဒီလိုပြောဆိုမှုတွေက မှန်သလားမှားသလားဆိုတာ သက်သေပြဖို့အင်မတန်ခဲယဉ်းပါတယ်…အခြေအနေတွေကို ထိန်းချုပ်ဖို့ တရားဥပဒေစိုးမိုးရေးအဆင့်တွေကို ဆောင်ရွက်နိုင်ပြီဆိုရင် ကျမတို့နောက်တဆင့်ကို သွားနိုင်ပါပြီ…တဖက်နဲ့တဖက် တင်းမာမှုတွေကိုထိန်းချုပ်ပြီး ပြန်လည်သင့်မြတ်ရေးဆိုတဲ့အဆင့်ပါ…ဒါတွေက နေ့ချင်းညချင်း လုပ်ယူလို့ရတဲ့အရာတွေမဟုတ်ပါဘူး…တဖကိနဲ့တဖက် တင်းမာမှုတွေက ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တာပါ…ရာဇဝတ်မှုတခုကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းနိုင်ခဲ့လို့ အခုလိုတင်းမာမှုတွေက ပေါက်ကွဲကုန်တာဖြစ်တယ်…နှစ်ဖက်ကြား ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့တဲ့ပြဿနာတွေ ဒီမှာလာစုတာပါ…ကျမ စွပ်စွဲတဲ့အသုံးအနှုန်းတွေ ဘာကြောင့်မသုံးနှုန်းတာလဲဆိုတော့ တဖက်နဲ့တဖက် စွပ်စွဲနေမဲ့အစား ပြဿနာတွေကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲဆိုတာ ခေါင်းအေးအေးထားပြီး စဉ်းစားကြစေချင်တယ်…စွပ်စွဲတယ်ဆိုတာ အမြဲတမ်းပြဿနာကိုမဖြေရှင်းပေးပါဘူး…တခါတရံတော့ မှန်ကန်တဲ့စွပ်စွဲမှုတွေလုပ်ရပါမယ်…ဘယ်အခါမှာလုပ်ရသလဲဆိုတော့ တိကျမှန်ကန်တဲ့ သက်သေသာရက ပြနိုင်တဲ့အခါမျိုးတွေမှာပါ…(ဒေါ်အောင်ဆန်းစုကြည်)-မူရင်း video ပိုင်ရှင်ကို ခရက်ဒစ်ပေးပါသည်။အမှန်တရားကို ဝေမျှပေးကြပါ…ပြန်ကူးတင်ကြပါ…-သက်နှင်း သုန္ဒရီ
Posted by သက်နှင်း သုန္ဒရီ on Sunday, 31 May 2015
အဖြေ (၁) နဲ့ (၃) ကိုသက်နှင်းသုန္ဒရီ Facebook မှ ကူးယူဖေါ်ပြထားပြီး အဖြေ (၂) ကို သက်နှင်းသုန္ဒရီ Facebook က ဗွီဒယိုရုပ်သံဖိုင်ကို နားထောင်ကာ ကျွန်မက စာသားပြန်ရိုက်ပြီး တင်ပြထားပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ.







မမှီခဲ့ လို့ ပါ။
ငမူး
March 14, 2011 3:58 AM
ငမူး ပြောတာ မှန်တယ်။ အသက်ပေးတာချင်း တူပါတယ် အားလုံးဟာ အာဇာနည်တွေ ဖြစ်တယ်။ ဒါပေမဲ့ မတူတဲ့အချက်က ကိုဖုန်းမော်အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်နဲ့ တခြားသူတွေ အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်က ကွာပါတယ်။ သူအသက်မပေးခင်က မဆလ အစိုးရ ၂၆ နှစ်တာ အုပ်ချုပ်လာတဲ့ ကာလတလျှောက်မှာ ဦးသန့် အရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးခင်းတွေ ပေါ်ပေါက်ခဲ့ပေမဲ့ အဲဒီရဲ့အကျိုးအဆက်အနေနဲ့ အာဏာရှင်တွေကို တုန်လှုပ်စေတဲ့အဆင့်ထိ မကိုင်လှုပ်နိုင်ခဲ့ဘူး။ မိမိဆန္ဒကို မိမိဖေါ်ထုတ်ပြမှုသာ ရှိခဲ့ပါတယ်။ ကိုဖုန်းမော် ကျဆုံးခြင်းဟာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို အစပျိုးပေးခဲ့ပါတယ်။ ကျောင်းသား ပြည်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ် အာဏာရှင်တွေဟာ လုံးဝမမတရားဘူးဆိုတဲ့ အသိနဲ့ တော်လှန်ရေး အသိစိတ်ဓါတ်တွေကို ကိုဖုန်းမော်ရဲ့ အသက်နဲ့ ရင်းပြီးမှ ကျန်တဲ့သူတွေမှာ ပိုမိုပြင်းပြစေခဲ့ပါတယ်။ ကိုဖုန်းမော် အသက်ပေးလိုက်ခြင်းဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စတင်မွေးဖွားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ၈၈ လူထုအုံကြွမှုကြီးကြောင့် တပါတီ အာဏာရှင်စနစ် ပြုတ်ကျခဲ့ပါတယ်။ သူကျဆုံးခြင်းနှင့်အတူ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့ခွင့်အရေး ရှိမှဖြစ်မယ်ဆိုတဲ့ အသိကို မြို့ပေါ်ရှိ ပညာတတ် ကျောင်းသားတွေမှာတင်မကဘဲ တနိုင်ငံလုံး အတိုင်းအတာအထိ ပြည်သူလူထုဆီ ပြန့်နှံအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ ကိုဖုန်းမော် အသက်နဲ့ ရင်းပြီးရလာတဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီလောက်ဆိုရင် ကိုဖုန်းမော် နာမည်က တခြားအသက်ပေးသွားသူတွေ နာမည်ထက် ဘာကြောင့် ပိုပြီးထင်ရှားနေတယ်၊ လူတွေက ဘာကြောင့် ဒီလောက် ဂုဏ်ပြုနေတယ်ဆိုတာ ငမူး ရှင်းလောက်ပြီထင်တယ်။
March 16, 2011 7:30 PM