ABSDF မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ
ကျွန်မကို ABSDF တပ်ဖွဲ့ဝင်ဟောင်းမှန်း သိသူတွေက ဘလော့ဂ်ကို လာပြီး
မြောက်ပိုင်းအကြောင်းကို မကြာခဏ မေး မြန်းကြပါတယ်။ ABSDF တောင်ပိုင်း
တပ်ရင်းတရင်းမှ ရဲမေဟောင်းတဦးအနနဲ့ မြောက်ပိုင်းက အဖြစ်အပျက်တွေကို
ကျွန်မ မသိခဲ့တော့ မသိဘူးဆိုတာကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ဘူး။
မြောက်ပိုင်းနဲ့ ပတ်သက်ပြီး အခုလက်ရှိအချိန်ထိ ကျွန်မတို့ ကြားသိထားတဲ့
အချက်အလက်တွေကို ကြည့်ရင် အဖမ်းဆီးခံခဲ့ရသူတွေ ပြောထားတာတွေရယ်၊
အဲဒီအကြောင်း ဘာဆိုဘာမှမသိ၊ သိအောင် လေ့လာရကောင်းမှန်းလည်း မသိဘဲ
ဘုမသိဘမသိနဲ့ ကြားက ရမ်းတုတ်ပြီး လိုက်ဖွနေသူတွေဆီကရယ် ဒီနှစ်နေရာက
ထွက်လာတဲ့အချက်တွေက များနေပါတယ်။ အပြစ်ပေးအရေးယူသူတွေရဲ့ အသံနဲ့
အပြစ်ပေးသူလည်းမဟုတ် အဖမ်းခံရသူလည်းမဟုတ်တဲ့ သာမန်တပ်ဖွဲ့ဝင်တွေဆီက အသံ
မရှိသလောက် နည်းပါတယ်။ ဒါကြောင့်မို့ မြောက်ပိုင်းမှာ အဖမ်းဆီးခံရသူထဲကလည်း
မဟုတ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် ထွက်လာတဲ့စကားတွေမဟုတ်၊
အပြစ်ပေးအရေးယူတဲ့သူထဲကလည်း မဟုတ်တဲ့အတွက် အပြစ်ကို ကာကွယ်ပြီး
ပြောနေစရာလည်း မလိုတဲ့ သာမန်တပ်ဖွဲ့ဝင် မြောက်ပိုင်းရဲမေတဦးဖြစ်ခဲ့သူ
မခင်ရွှေလှိုင်ရဲ့ မြောက်ပိုင်းမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ ဘ၀ ဖြတ်သန်းမှုနဲ့
သူမကိုယ်ပိုင် အမြင်တွေကို ဘယ်ဘက်ကိုမှ ငှဲ့စရာမလိုဘဲ ရေးထားတဲ့
ရှားရှားပါးပါး အချက်အလက်တွေကို အဂတိတရား အကင်းဆုံးလို့ ယူဆလို့
ပြန်ဖေါ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အရင်ပိုင်းတွေမဖတ်ရသူများအတွက်
အပိုင်း (၁) အပိုင်း (၂)၊
အပိုင်း (၃-၄) အပိုင်း (၅)
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆)
အဲဒီ “တခုခု လုပ်မှဖြစ်မယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ။ တောထဲကို
အခုမှခြေချခါစ ယူဂျီလိုင်းက လူတွေအနေနဲ့ မြောက်ပိုင်းရဲ့ နိဒါန်းအစမှာ
ဖြစ်ခဲ့သလို ဥက္ကဋ္ဌလုပ်တဲ့ ကိုထွန်းအောင်ကျော်က တင်ပြလာမယ့်
စစ်ဆေးတွေ့ရှိချက်တွေ အပေါ် ဗီတိုအာဏာနဲ့ “ဒါတွေကို လက်မခံနိုင်ဘူး
အားလုံးကိုပြန်လွတ်ပေးဖို့” အမိန့်ပေးခဲ့ရင် မြို့ပြကလာခဲ့တဲ့ ရဲဘော် တွေ
ဦးဆောင်ပြီး ရဲဘော်ရဲမေတွေကလည်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို ထောက်ခံပြီး
မကျေနပ်မှုတွေ၊ ဆူပူမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်လာမယ်။ အဲဒီအခါ
ခေါင်းဆောင်လုပ်နေတဲ့ လူကြီးတွေအနေနဲ့လည်း ရဲဘော်ရဲမေတွေအားလုံးကို
ခေါ်ယူပြီး တွေ့စုံရှင်းလင်းပွဲတွေ လုပ်ရမယ်။ နောက်တခါ ရွေးကောက်ပွဲတွေ
ပြန်လုပ်ကြပြီး ဒေသခံခေါင်းဆောင်တွေကို အပြီးတိုင် ဖယ်ရှားပစ်နိုင်တယ်လို့
လျှော့တွက်မိကောင်း လျှော့တွက်မိနိုင်ပါတယ်။
ဒါပေမဲ့ ရဲဘော်တွေနဲ့အတူ လက်တွေ့အတူနေနေတဲ့ ရဲဘော်ထွန်းအောင်ကျော်
အနေနဲ့ ဒေသခံခေါင်းဆောင်တွေ ရှိနေ သမျှ မြောက်ပိုင်းကျောင်းသားတပ်ကို
ဘယ်သူမှ ကွန်ထရိုလုပ်ချင်လည်း လုပ်လို့မရဘူးဆိုတာသိနေသလို ဖယ်ရှားပစ်ဖို့
မဖြစ်နိုင်ဘူး ဆိုတာလည်း နားလည်နေပါလိမ့်မယ်။ ဖယ်ရှားလို့ရတယ်ပဲ
ထားပါအုံးတော့ သူ့ရဲ့နယ်မြေမှာ ဗမာပြည် အ လယ်ပိုင်းက ဗမာကျောင်းသားတစု
လာပြီးမင်းမူနေတာကို မဟာမိတ်တွေက ယုံကြည်စိတ်ချစွာ လက်ပိုက်ကြည့်နေမယ်
ထင်ပါသလား။ ဒေသခံကျောင်းသားရဲဘော်တွေအနေနဲ့ရော။
ရန်ကုန်၊ မန္တလေးက အောက်ခြေမှာရှိနေတဲ့ရဲဘော်တွေ အပါအ၀င်
လူအယောက်နှစ်ဆယ်ကျော် ဖမ်းသွားပြီးတဲ့နောက် စစ်ချက်တိုင်းလိုလိုမှာ
ပါနေတဲ့ ကိုထွန်းအောင်ကျော်ကို ဖမ်းတဲ့အချိန် သူမဟုတ်ပါဘူးလို့
အဲဒီအချိန်မှ ငြင်းခဲ့ရင် ဒါမှမ ဟုတ် ဒါတွေဒါတွေကတော့ လက်မခံနိုင်
မဖြစ်နိုင်တော့ဘူးလို့ ကေအိုင်အေခေါင်းဆောင်တွေကို ပြောပြအကူအညီ တောင်းပြီး
ဖြေရှင်းခဲ့ရင်ကော ဘာတွေဖြစ်လာနိုင်လဲ။ (ဗိုလ်မှူးပန်းအောင်နဲ့
ကေအိုင်အေအရာရှိတချို့ တခါတလေ အ ရေးပါတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ
စောင့်ကြည့် နားထောင်ခဲ့တာတွေ၊ အဖမ်းခံရသူတွေကို လာတွေ့တာတွေ ရှိခဲ့တယ်။)
ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌတယောက်က ငြင်းလိုက်တာနဲ့ မြို့ပြကလာခဲ့တဲ့
ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ကွဲပြီး
ဖိုက်ကြဖို့ပဲရှိတယ်။ ဒီထက်မကအသက်တွေ သေကြေဆုံးရှုံးသွားနိုင်သလို
မြောက်ပိုင်းကျောင်းသားတပ်မ တော်လည်း သက်တမ်းနုနုလေးအတွင်းမှာ
ပြိုကွဲပျက်စီးသွားနိုင်တယ်။ ဒီအဖြစ်မျိုးကို ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့
ကိုထွန်း အောင်ကျော် ကိုယ်တိုင်လိုလားခဲ့မယ် မထင်ပါဘူး။ ဒါတွေကြောင့်
မငြင်းဘဲဝန်ခံခဲ့တာ သူ့အသက်ကို အနှစ်နာခံ ပေး ဆပ်ခဲ့တာ (သူ့အနေအထားက
ဝန်ခံလိုက်တာနဲ့ သေဒဏ်ဆိုတာ သူနားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို၊ သူလို
ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ
ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက်နားထောင်
စောင့်ကြည့်နေတာမျိုးတွေ သူ့ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ
ရှိကိုရှိရပါလိမ့်မယ်။ ဖမ်းတဲ့သူတွေထဲကဖြစ်ဖြစ်
အဖမ်းခံခဲ့ရသူတွေထဲကဖြစ်ဖြစ် သူ့အပေါ်မှာပဲ အားလုံးပုံချပြီး
ငြင်းမရရုန်းမရအောင် ခိုင်လုံ တဲ့ အနေအထားတခုကနေ တွန်းပို့ထိုးကျွေးတာ
ခံခဲ့ရလို့သာ အဲဒီအချိန်က စောင့်ကြည့်နားထောင်နေတဲ့ မဟာမိတ်က အရာရှိတချို့
လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးမှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုတော့
သူ့ကို ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ အဖမ်းခံရတဲ့ထဲက လူတွေနဲ့
ဒီစစ်ဆေးချက်တွေကို အချောပြန်ရေးပြီး ကိုမျိုးဝင်းကို အစီစဉ်ခံခဲ့တဲ့
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကို “ထောက်လှမ်းရေးလား” လို့ ခေါင်းစဉ်တပ်ပြီး မေးခဲ့သူက ဘယ်သူလဲ။
ကိုမျိုးဝင် (မိုးညှင်း) ကိုယ်တိုင်မေးခဲ့တာလား။
ကိုသန်းဇော် (မန္တလေး) မေးခဲ့တာလား။
ဇော်ဇော်မင်း (မိုးညှင်း) မေးခဲ့တာလား။
“ဟုတ်တယ်” လို့ ၀န်မခံမချင်း ညဉ်းပမ်းနှိပ်စက် မေးနေတဲ့အပေါ်
မခံနိုင်တဲ့အဆုံး ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ဖြေ သွားခဲ့ရတဲ့
အဖမ်းခံရသူတွေထဲက ဘယ်သူတွေလဲ။ စစ်ချက်တိုင်းမှာ ကိုထွန်းအောင်ကျော်ရဲ့နာမည်
ပါနေတယ်ဆိုက တည်းက ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိကို ထိုးကျွေးတာ
ခံခဲ့ရတဲ့အနေအထား ညွှန်ပြနေတယ်။
ဒါတွေဖြစ်ခါနီးမှ ရောက်လာခဲ့တဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊
ကိုကျော်ဌေး တို့ကို မြို့မှာကတည်းက လုပ်ဖော် ကိုင်ဖက်တွေဖြစ်တဲ့ ကိုညီညီ၊
ကိုညီညီကျော်၊ ရန်အောင်တို့သာ သိနေတဲ့သူတွေ တခြား ရဲဘော်ရဲမေတွေ သိတောင်မ
သိကြဘူး။ သူတို့ကိုရော ဘယ်သူကမေးပြီး ဘယ်သူက ဆွဲထည့်သွားတာလဲ။
အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်းစစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ
ပါခဲ့သေးတာ။ အစီစဉ်ရှိရှိလုပ်ခဲ့ကြတာ မဟုတ် ဘူးဆိုရင် ကိုအောင်နိုင်
(မန္တလေး၊ အဲဒီအချိန်က အတွင်းရေးမှူး၊ နောက်ပိုင်းဥက္ကဋ္ဌ၊ လက်ရှိချင်းမိုင်)
ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။ ကိုအောင်နိုင် နာမည်တပ်ပြီး ဘာကြောင့်
“ဟုတ်တယ်” လို့ မဖြေမချင်း ရိုက်စစ်မမေးခဲ့ကြတာလဲ။ ဘာ ကြောင့် ဘယ်သူမှ
ဆွဲထည့်ဖြေမသွားခဲ့ကြတာလဲ။ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊
ကျောင်းသားထောက်လှမ်းရေး၊ ထောင်ကျပြန်လွတ်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊
ကျောင်းသားထောက်လှန်းရေး၊ ယခု စစ်ထောက်လှမ်းရေးက စောင့် ရှောက်ထား) တို့
ကျမကို ပြောခဲ့သလို “ကြည့်လေ ထွန်းအောင်ကျော်က ဟုတ်လို့ အဖမ်းခံခဲ့ရတာ
ကိုအောင်နိုင်က မ ဟုတ်လို့ ကျန်နေရစ်တာ” တဲ့၊ ဘယ်လောက်လှတဲ့ အကွက်လေးလဲ။
ကျမအတွက် ကံကောင်းသွားတာက တကယ်လို့များ ကိုအောင်နိုင်သာ ထိုးကျွေးခံရမဲ့
စာရင်းမှာပါခဲ့ရင် အခုအချိန်မှာ မန္တလေးကျောင်းသားတွေ ပြောနေတဲ့တရားခံက
မန္တလေးသူအဖြစ် မြို့မှာကတည်း ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊
ကိုစိုးလင်းတို့နဲ့ လက်တွဲလုပ်ခဲ့ပြီး တယောက်တည်း ကျန်ခဲ့တဲ့ ကျမ
ဖြစ်ဖို့များတယ်။ မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အ မျိုးသမီးတွေကို
ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒက ကျမကို ကယ်သွားတာပဲ။
ကိုထွန်းအောင်ကျော်ရဲ့ ကိုယ်ရံတော် အင်မတန်ရိုးသားတဲ့ ရဲဘော် စိုးလွင်
(မန္တလေး) နဲ့ ကျမကို “ဂေါလီ” လို့ ခေါ်ခဲ့တဲ့ အင်မတန်ရိုးသားပြီး ရန် သူကို
ဖိုက်ဖို့လောက်ပဲ စဉ်းစားနေတဲ့ မန္တလေးက ဖိုက်တာတယောက်တော့ ကျန်ပါသေးတယ်။
ကျမတို့အားလုံး ခေါ်ခဲ့ တဲ့နာမည်က ကြယ်နီ ပါ။ သူလည်း (ဂေါစတာ) ကပဲ။
နောက်တခု ထူးဆန်းတာက စစ်ဆေးမေးမြန်းမှုထဲမှာ ကိုယ်တိုင်မပါဘဲ
စစ်ချက်တွေကိုသာ ဖတ်ခဲ့ရတဲ့ ကိုအောင်နိုင် ထက် ကိုမျိုးဝင်း ပြီးရင်
ဒုတိယအဆင့်က အဖမ်းခံရသူ အားလုံးနီးပါးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့
စစ်ဆေးတွေ့ရှိ ချက်တွေကို ကိုယ်တိုင်ရေးသားခဲ့တဲ့ ကိုညီညီကျော်နဲ့
အတွဲဖြစ်ခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါစတာ) ကိုတော့ မန္တလေးသားတွေ
တိုက်ခိုက်ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။ ဒါကလည်း မြောက်ပိုင်းမှာ
အဖမ်းခံရပြီး ပြန်လွတ် သွားတဲ့ ကိုညီညီကျော်၊ ကိုညီညီတို့တွေ
မန္တလေးကျောင်းသားတွေကို ချပြခဲ့တဲ့ (အောင်နိုင်က အာဏာရူးပြီး ဥက္ကဋ္ဌ နေ
ရာလိုချင်လို့ ကိုထွန်းအောင်ကျော်ကို သတ်တာ လက်ပိုက်ကြည့်နေခဲ့တာ) ဆိုတဲ့
ဝါဒဖြန့်ထားတဲ့ စကားတွေအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
လှလည်းလှပါတယ်။ အတူလက်တွဲလုပ်လာခဲ့သူနှစ်ယောက် တယောက်က အသတ်ခံရတယ်။
တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။
ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမ ဟုတ်
တယောက်တည်းကျန်နေတဲ့ ကိုအောင်နိုင်ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် ကိုအောင်နိုင် တင်မက အဖမ်းခံခဲ့ရတဲ့
ကိုညီညီကျော်၊ကိုရဲလင်းတို့အဆုံး မြောက် ပိုင်း ဗဟိုကော်မတီဝင်အားလုံးမှာ
တာဝန်ရှိတယ်ဆိုတာကို မြောက်ပိုင်း ရဲဘော်ရဲမေမှန်ရင် အားလုံးက
နားလည်ထားပြီး သားပါ။ ဒါလောက် အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ ကြီးကြီးမားမား
နစ်နာဆုံးရှုံးခဲ့ရတဲ့ကိစ္စကြီးကို ကိုအောင်နိုင် တာဝန်ရှိတာမှန်ပေ မဲ့
တယောက်တည်းမှာပဲ ဖြေရှင်းပေးဖို့ တာဝန်ရှိသလို အတင်းကြီးလိုင်းတင်နေတာ
သိပ်တော့သဘာဝမကျဘူးလို့ ကျမ ထင်ပါတယ်။ ဒါဟာ ပါဝင်ခဲ့ကြသူတွေအားလုံး
စုစုံရှင်းမှ ဖြစ်နိုင်မဲ့ကိစ္စကြီးဆိုတာ တောင်းဆိုနေတဲ့ လူတွေကိုယ်တိုင်
နား မလည်စရာအကြောင်းတော့ မရှိနိုင်ပါဘူး။ ဒါကို “ဒီလောက်လူတွေ အများကြီး
သူတို့ကိုယ်တိုင်တောင် မရှင်းနိုင်တော့ ဘူး” လို့ ဖြေရှင်းပေးဖို့
တာဝန်ရှိတဲ့သူတွေထဲမှာ တယောက်အပါအ၀င်ဖြစ်တဲ့ ကိုညီညီကျော် (မန္တလေး၊
ဗဟိုကော်မတီ) က သူ့မှာ လုံးဝတာဝန်မရှိသလို ဘာမှမသိနားမလည်ဘဲ ခံလိုက်ရသလို
ပြောနေရေးနေတာတွေက သက်သေပြနေပါ တယ်။
ကျမ ကျောင်းဆရာမလုပ်ပြီး ပြန်လာချိန်မှာ မြောက်ပိုင်းမှာ
ကိုအောင်နိုင်ကို ကျမ ထပ်မေးခဲ့တာရှိတယ်။ ကိုထွန်းအောင် ကျော် က
သေချာရဲ့လား။ ဆိုတော့။ “သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက်
ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။
စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က
ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ
ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ
ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့။
“ဘယ်သူတွေလဲ” ကျမ မေးတော့ မဖြေဘူး။ နာမည်တွေ တယောက်ပြီးတယောက်
တပ်မေးပေမဲ့ ပြန်မဖြေတော့ဘူး။ အဲဒီအချိန်တုန်းက သူကိုယ်တိုင်လည်း
သူ့ကိုယ်သူကလွဲလို့ ကျမကိုတောင် သိပ်ယုံပုံ မရတာတော့ သေချာပါတယ်။
ဒါတွေတက်လာချိန်မှာ သူ့ကို ကျမ ထပ်မေးခဲ့တယ်။ “အဲဒီအချိန်က ခင်ဗျာ့ကိုယ်
ခင်ဗျာ့ ယုံကြည်မှုရှိနေတာ သေချာရဲ့ လား၊ ခင်ဗျာ့ကို ဘယ်သူမှ
ဆွဲထည့်ဖြေမသွားဘူးလား”
“အဲဒါတော့ ကျနော်လည်းမသိဘူး။ ကျနော့်နာမည်ပါနေရင်လည်း အဲဒီဖိုင်က ကျနော့်ဆီဘယ်ရောက်မလဲ” တဲ့၊
“ဒါဆို ခင်ဗျာ့က စစ်ဆေးမေးမြန်းခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးလား” မေးတော့
“မပါဘူး။ တခါတလေ သွားနားထောင်တာ တော့ ရှိတယ်။ ကျနော်က ထွက်ဆိုချက်တွေကိုပဲ
ဖတ်ခဲ့ရတာ”
“ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” ထပ်မေးတော့။
“အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” တဲ့၊
“ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ကျမပြောတော့ ဆက်မပြောတော့ဘူး။
ကျမလို သာမန်ရဲမေတယောက်တောင် ထိုးကျွေးတာခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး။
ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ။ ဒါတွေဖြစ်အောင် နှစ်ဘက်စလုံးမှာ
ဒုတိယအဆင့်အနေအထားတွေနဲ့ နောက်ကွယ်ကနေ တွန်းပို့ဖန်တီးခဲ့တဲ့ (လူတစု) ကတော့
ရန်သူ့သူလျှို မဆလတွေပဲလို့ ခန့်မှန်းနိုင်ခဲ့ရင် တာဝန်ယူခဲ့ရတဲ့
အနေအထားမှာရှိနေတဲ့ ကိုအောင်နိုင်ရော အခုချိန်ထိ အဲဒီလို နည်းနည်းလေးမှ
မတွေးထင်ခဲ့မိဘူးဆိုတာ သေချာရဲ့ လား။
ရန်သူ့သူလျှိုမပါဘဲ ဖြစ်ခဲ့တာသေချာရင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ဦးစိန်တို့ကို ထိုးကျွေးစရာအကြောင်း လုံးဝမရှိ သလို တောနဲ့
မြို့ပြဆက်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်သွားစရာ အကြောင်းလုံးဝမရှိဘူး၊
အစီစဉ်ရှိရှိလုပ်ခဲ့ လို့သာ ထောက်လှမ်းရေးက တယောက်နှစ်ယောက်လောက်
ဖြစ်နေတာမျိုး မဟုတ်ဘဲ လူမှန်ရဲဘော်တွေအများကြီး ဆွဲ ထဲ့ခံခဲ့ရတဲ့အတွက်
ရန်ကုန်၊ မန္တလေး၊ ဗန်းမော်၊ ကသာ၊ မုံရွာ၊ ရွေဘို ဒေသအရ အချိုးကျတွေနဲ့
ဖြစ်နေတဲ့အပြင် အား ဖြည့်ခဲ့တဲ့ (၅၀၁) (၄၀၁) တပ်ရင်းတောင် အချိုးကျ ထဲမှာ
ပါသွားသေးတယ်။
ကိုမျိုးဝင်းကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်း၊ ဦးစိန်တို့ကိုခေါင်းစဉ်တပ်ပြီး ဟုတ်တယ်လို့ မဖြေ မချင်း
ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ
အစီစဉ်ရှိရှိ ဆွဲထည့်ဖြေသွားကြတာ မဟုတ်ဘူးဆိုရင် မျက်စိထဲမှာတော့
ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်တို့ သုံးဦးရဲ့ ရင်းနှီးတဲ့
ဆက်ဆံရေး တွေကို ပြန်မြင်ယောင်လာမိတယ်။
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ ထောက်လှမ်းရေးတာဝန်ခံ၊ မြို့မှာကတည်းက
ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုညီညီတို့နဲ့ ဂေါစတာမှာအတူ
လက်တွဲလုပ်ခဲ့သူ။ ကိုထွန်းအောင်ကျော်ရဲ့လူလိုလိုနဲ့
ကိုမျိုးဝင်းရဲ့လူယုံဖြစ်နေ၊ စစ်ဆေး မှုတိုင်းကို ဦးဆောင်တာဝန်ယူရသလို
စစ်ချက်အားလုံး အစီရင်ခံရေးသားတင်ပြရသူ)၊ လက်ကို နောက်ပြန်ကြိုး တုပ်
ထားတဲ့ ကြားထဲက အရာရှိရိပ်သာမှ ပထမဦးဆုံးနဲ့အစောဆုံး
ကိုယ်လွတ်ရုန်းပြေးနိုင်သူ ကိုညီညီကျော် (မန္တလေး၊ ဗဟို ကော်မတီ၊
ကိုထွန်းအောင်ကျော် လူယုံ၊ မန္တလေးကျောင်းသားတွေကို ပြန်ချပြတဲ့အခါ
ယုံကြည်မှုရဖို့ အဖမ်းခံရတဲ့သူထဲ မှာ မပါလို့မဖြစ်သလို လွတ်မြောက်ဖို့လည်း
အစီအစဉ်ရှိထားရမယ်) လက်ပြန်ကြိုးတုပ်ထားတဲ့သူ့ကို အစောင့်တယောက် မှ
ချထားခြင်းမရှိဘဲ ထွက်ပြေးချိန်ရအောင် စီစဉ်ပေးနိုင်တဲ့သူက
ဖမ်းတဲ့သူထဲမှာပဲ ရှိနေရမယ်။ မယုံရင် လက်ပြန်ကြိုး တုပ်ပြီး ပြေးကြည့်ပါ
ဘယ်လောက်အကွာအဝေးရောက်တဲ့အထိ ပြေးနိုင်မှာလဲ၊ ဘာကြောင့်လိုက်ဖမ်းဖို့
အချိန်မမီနိုင်ရ မှာလဲ။ လက်ပြန်ကြိုးတုတ်မထားတဲ့ စိုးမင်းအောင် (မန္တလေး)
ကိုတောင် မိအောင်ပြန်လိုက်ဖမ်းခဲ့ကြသေးတာပဲ။
ကိုညီညီကျော်ကို ဝှက်ပေးခဲ့တဲ့ ဆမားမှာနေတဲ့ တရုတ်အမျိုသမီးလေး
လီးမေဆိုတာ ဗန်းမော်ရင်းမှာနေရတဲ့ ကိုညီညီ ကျော် ထက် လိုင်စင်ဗဟိုမှာနေတဲ့
ကိုသန်းဇော်နဲ့တောင် ပိုပြီးရင်းနှီးပါသေးတယ်။ အသက်လုပြေးနေချိန် တရုတ်မလေး
လီးမေကို သတိရသွားတာ မဖြစ်နိုင်သလို လမ်းမှာကြုံကြိုက်သွားတာလည်း
ဖြစ်နိုင်ခဲပါတယ်။ လမ်းကြောင်းအတိုင်းပဲ လိုက်ဖမ်းမှာကို သိနေတဲ့အတွက်
နဂိုကတည်းက လီးမေအိမ်မှာ ခဏအောင်းနေဖို့ ကြိုတင် အစီအစဉ်ရှိထားပြီးသား
ဖြစ်နိုင်ပါတယ်။
ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်းဓါတ်ပုံ တပုံလေးတောင်မရှိပေမဲ့
အသက်လုပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တ ယောက်တည်းရိုက်ထားတဲ့
ကိုယ်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့
စိတ်ဝင်စားစရာပဲ။ ရန်သူ့သူလျှိုလို့ သတ်မှတ်ထားခံရတဲ့လူတွေရဲ့
တယောက်တည်းပုံတွေ အာဆန်ကုန်းမှာ လူသတ်မှတ်တမ်းဓါတ်ပုံတွေ ကိုတော့
ဖေ့ဘုတ်မှာ ကိုမင်းဌေး (မိုးကောင်း၊ လက်ရှိချင်းမိုင်) တင်ထားမယ်တော့
မထင်ပါဘူး။
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ လွတ်မြောက်၊ ကိုမျိုးဝင်းနဲ့
ကိုသံချောင်း လူယုံ၊ ကိုမျိုးဝင်း ယုံကြည်လို့ ထည့်ထားသူ ဖြစ်နိုင်၊
အဖမ်းခံရသူတွေထဲက ဘယ်သူတွေ ဘယ်သူတွေက သေချာတယ်၊ ဘာဖြစ်နိုင်တယ်လို့
ကိုမျိုးဝင်းကို သတင်း ပြန်ပေးရ သူဖြစ်နိုင်) ကျမ မြောက်ပိုင်းရောက်စက
စစ်ရုံးမှာလုပ်တဲ့အချိန် စစ်ရုံးထဲက ကျောင်းသားတပ်တည်ရှိရာတွေကို ယေဘူယျ
ပြထားတဲ့ မြေပုံလေးကို ကျမ မှတ်တမ်းစာအုပ်ထဲ ကူးဆွဲဖူးတယ်။ အဲဒီအချိန်
ကိုခင်မောင်ဇော် ရောက်လာပြီး ဒီရုံးထဲမှာရှိတာတွေကို သူ့ခွင့်ပြုချက်မရပဲ
ကူးဆွဲခွင့်မရှိဘူးပြောလို့ သူ့ရှေ့တင် ဆွဲစုတ်ပြီး အမှိုက်ပုံးထဲ
ပစ်ထည့်ခဲ့တယ်။ အတော်လေးကြာသွားတဲ့အချိန် ကိုသီဟ (ခ) ကိုဖေ၀င်း (အာအိုင်တီ
ပဉ္စမနှစ်၊ မိုးညင်း၊ ကျောင်းသားထောက်လှမ်းရေး၊ တိုက်ပွဲမှာ ကျဆုံး)
ဒါတွေမဖြစ်ခင် ရှေ့တန်းထွက်ခါနီး ကျမကို “မြေပုံဆွဲတတ်သလား” လို့အမှတ်တမဲ့
မေးခဲ့တယ်။ ကျမ က အဲဒီအဖြစ်ကို သတိမရပဲ “အတိအကျတော့ မဆွဲတတ်ဘူး၊
ကြည့်ဆွဲရင်တော့ တူအောင်ဆွဲတတ်တယ် အတန်းထဲမှာ ပုံဆွဲတိုင်း အေပလပ်ရတယ်”
လို့ပြောရင်း မြို့မှာတုန်းက ကျမ တော်တော်တုံးခဲ့ပုံလေးကို ပြောပြမိတယ်။
မန္တလေး အရှေ့ဘက်ခြမ်းမြေပုံ လိုချင်တယ်ဆိုတော့ တနေ့တနေ့ နေပူထဲမှာ
စက်ဘီးတစီးနဲ့ လျှောက်ပတ်ကြည့်ပြီး ကျမ ဘာသာ ကျမ ဆွဲပေးလိုက်တယ်။ နောက်
ပထ၀ီဌာနက ဆရာတယောက်ဆီမှာ သွားယူပြီး မိတ္တူကူးဖို့ ကိုကြီး (ကိုထွန်း
အောင်ကျော်) ကို ပေးခဲ့တယ်။ အဲဒီအထိလည်း ကျမ သဘောမပေါက်သေးဘူး။ စစ်ရုံးမှာ
လုပ်တော့မှ ကိုစိုးလင်း (မိုး ညှင်း၊ ရှေ့တန်းမှာ ဖျားနာပြီးသေဆုံး) နဲ့
ကိုမင်းဇော် (မိုးညှင်း၊ ရှေ့တန်းမှာ ရေနစ်သေဆုံး) တို့ တောင်အနိမ့်အမြင့် အ
ကွာအဝေး အတိုင်းအတာ အတိအကျနဲ့ မြေပုံလေးတွေ တကုပ်ကုပ်ဆွဲနေတာကို
သွားကြည့်ရင်း ကိုယ့်ဆွဲခဲ့တာကို ကိုယ့် ဘာသာ ပြန်တွေးမိပြီး
ရယ်ချင်လိုက်တာ မပြောနဲ့တော့ဆိုတော့ သူပါလိုက်ရယ်ပြီး “ကျနော် ပြန်လာရင်
မဆွေကို မြေပုံ ဆွဲခိုင်းအုံးမယ်” လို့ပြောခဲ့တယ်။
နောက်မှ ပြန်တွေးကြည့်တော့ ကိုခင်မောင်ဇော် ကျမ မြေပုံကူးဆွဲတဲ့ကိစ္စ
ထောက်လှမ်းရေးရုံးကို ပြန်ပြောပြခဲ့လို့တာ ကို သီဟ ကျမကို ဒီလို
အမှတ်မထင်မေးခဲ့တာဖြစ်မယ်လို့ စဉ်းစားမိတယ်။ ကိုခင်မောင်ဇော်ဟာ
အကျယ်ချုပ်ကလွတ်ပြီးတဲ့ နောက်မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့်ရခဲ့တယ်။
တိုက်ပွဲမှာကျသွားခဲ့တဲ့ ကိုမျိုးဝင်းဝတ်ထားတဲ့ အင်္ကျီလေးတောင် ကျည် ဆန်က
ရှေ့ပေါက်လား နောက်ပေါက်လားပြောရင်း သူ့လက်ထဲမှာ ရှိခဲ့တယ်။
နန်းအောင်ထွေးကြည်ရဲ့ မှတ်တမ်းအရ လည်း ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး)
ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး)၊ သင်းသင်းတို့ကို အကျယ်ချုပ်နဲ့
ပြန်လွတ် ပေးတဲ့သူက ကိုမျိုးဝင်း ကိုယ်တိုင် ဖြစ်နေတယ်။
ဒီအနေအထားအရ ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်
ဒီသုံးယောက်နဲ့တင် တော်တော်လေး အလုပ်ဖြစ်ပါ တယ်။ သုံးယောက်လုံးကလည်း
မန္တလေးသားတွေချည်းဖြစ်နေတာ အံ့သြစရာ မကောင်းဘူးလား။ ထွက်ပြေးခိုင်းတာ
ခံခဲ့ရတယ်လို့ ယူဆရတဲ့ စိုးမင်းအောင်ကလည်း မန္တလေးသား၊ ထိုးကျွေးခံခဲ့ရတဲ့
ဥက္ကဋ္ဌကို ထွန်းအောင်ကျော်၊ ကိုချိုကြီး (ယူဂျီ)၊ ကိုအောင်မင်း(ယူဂျီ)
တို့ကလည်း မန္တလေးသား၊ အဆင်သင့်စာအုပ်ထုတ်မဲ့ ကိုမောင်မောင် (ယူဂျီ၊
ရွှေကရ၀ိတ်) နဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) တို့ကလည်း မန္တလေးသား၊
စိတ်ဝင်စားစရာပါ။
နောက် ကျမ စဉ်းစားမိတဲ့အချက်က အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့
(အနကလ) ရဲ့ ဆိုင်းပုဒ်အောက်မှာ ဗကသ၊ အခသ၊ အစည်းအဝေးတွေလုပ်ခဲ့ကြသလို
အထက်ဗမာပြည်အနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အတော် လေး
ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဌာရမ်းခဲ့တဲ့ အိမ်ရှင်တွေကို ချိတ်ပိတ်ပစ်မယ်ထိ
ခြိမ်းခြောက်တာတွေ ခံခဲ့ရပါတယ်။ နေရာတွေ ထပ်ထပ်ရှာရ
ပြောင်းရတာတွေရှိခဲ့တယ်။ အဲဒီလို နေရာရှာတဲ့အချိန်မှာပဲ (အနကလ)
ဆိုင်းပုဒ်ကို ကျုံးထောင့် မှာရှိတဲ့ ဒီမိုကရေစီတစ်
ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) ရုံးမှာထားရင်း
အတူတွဲလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှု တွေ အကြီးအကျယ်ကို ရှိခဲ့တယ်။ ဒါပေမဲ့
ဂေါစတာရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြား
ခဲ့ဖူးဘူး။
အဲဒီရုံးကို ဘယ်သူပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ
ဘာတွေ မခံခဲ့ရတာလား။ ဘာကြောင့်လဲဆို တော့ ဒီအဖြစ်အပျက်ထဲမှာပါဝင်ခဲ့တဲ့
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ အရာရှိရိပ်သာမှလွတ်မြောက်) နဲ့
ကိုစိုးလင်း (မန္တလေး၊ အာအိုင်တီ၊ တောင်ပိုင်းမှလွတ်မြောက်၊ အနကလ) ကလွဲရင်
ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ စစ် ဆေးမေးမြန်းခဲ့တဲ့ ကိုသန်းဇော်ကအစ
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (အသတ်ခံရ)၊ ကိုညီညီ (လွတ်မြောက်)၊ ကိုညီညီ ကျော်
(လွတ်မြောက်)၊ ကိုအောင်မင်း (ထောင်ထဲအရိုက်ခံရသေဆုံး)၊ ကိုကျော်ဝေ
(အသတ်ခံရ)၊ ကိုကျော်ဌေး (အသတ် ခံရ)၊ ရဲဘော်ရန်အောင် (အသတ်ခံရ)၊ အေးကျော်
(အဖမ်းခံရစဉ်သေဆုံး)၊ ရဲဘော်အိုကေ(ခ) အုံးကြိုင် (၅၆ ဦးနဲ့အတူ ရိုးရှင်းစွာ
ပြန်လွတ်) မန္တလေးသားတွေအားလုံးနီးပါး (ဂေါစတာ) ကလူတွေပဲ ဖြစ်နေပြန်တယ်။
(တချို့လူတွေက မန္တ လေးမှာ လှုပ်ရှားခဲ့လို့ မန္တလေးသားလို့ ယူဆပေမဲ့ ဇာတိက
မန္တလေးမဟုတ်ပါ။)
အဲဒီအထဲက ကိုအေးကျော် (မန္တလေး၊ ဂေါစတာ) ဟာ ဗန်းမော်ရင်းမှာ
အဖမ်းခံထားရချိန် အချုပ်ထဲမှာပဲ သေဆုံးသွားခဲ့ တဲ့အတွက်
အဆိပ်မိလို့များလားလို့ ဖမ်းခဲ့တဲ့သူတွေဘက်က သံသယဖြစ်ခဲ့ပါတယ်။
ဆေးတာဝန်ယူထားတဲ့ ဆရာမ ဘောက်မိုင်ကို ခေါ်မေးခဲ့တဲ့အတွက်
စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေ (ဘယ်သူတွေလည်းတော့ ကျမ မသိ) နဲ့အတူ ဆရာမ
ဘောက်မိုင်ကိုယ်တိုင် သင်္ဂြိုင်းမှာအလောင်းကို ပြန်သွားဖော်ပြီး
ဗိုက်ခွဲပြခဲ့တယ်။ အူတွေကလီဆာတွေ ပြတ်နေတာမျိုး တော့ မရှိဘူးလို့ ဆရာမ
ဘောက်မိုင်ကိုယ်တိုင် ကျမကို ပြောပြခဲ့ဖူးတယ်။
ဒီလူတွေဟာ မြို့မှာတုန်းက ကျမနဲ့အတူ လက်တွဲလုပ်ခဲ့တဲ့ (ဂေါစတာ) က
မကျော့၊ မစန္ဒာ၊ ဝေေ၀ထွန်းတို့ရဲ့ အကိုတွေ ဆိုလည်း မမှားပါဘူး။
ကျမတောထဲသွားမယ်ဆိုတာကို ဝေေ၀ထွန်း တယောက်ပဲ အသိပေးခဲ့တဲ့အတွက် လိုအပ်တာတွေ
ကို အစစအရာရာ ကူညီပေးခဲ့တယ်။ ကျမအထဲကို ပြန်ဝင်ချိန်မှာ မကျော့၊
မစန္ဒာတို့က အဆက်အဆံမပျက်ခဲ့ပေမဲ့ ဝေေ၀ ထွန်းကို သွားတွေ့တဲ့အခါ စကားတောင်
ဟဟမပြောနိုင်အောင် နာကျည်းနေခဲ့တာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရုံမှ တပါး ကျမ
တတ်နိုင်ခဲ့တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျမအပါအ၀င် တောထဲရောက်လာသူတိုင်း
ကိုယ့်အသက်ကို တော်လှန် ရေးအတွက် စပေါ် (စရန်) အဖြစ် တင်ထားကြပြီးသားပါ။
“သက်သေသာဓက အထောက်အထားခိုင်ခိုင်လုံလုံ မရှိဘဲ သူများကို
မစွပ်စွဲသင့်ဘူး” ဆိုတဲ့စကားလေးဟာ အင်မတန် လှပပြီး သဘာဝကျသလိုလည်း
ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ဘယ်ဘက်ကမှ စလုပ်ခဲ့တဲ့အစဉ်အလာမျိုး
ကျမတို့နိုင်ငံ မှာ မရှိခဲ့ကြဘူး ဆိုရင်ပေါ့လေ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ
လုပ်ကြံခံခဲ့ရတုန်းကလည်း သက်သေအထောက် အထား ခိုင်လုံတဲ့အတွက် ဂဠုန်ဦးစောကို
ကြိုးပေးသတ်စေဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။ နောက်ကွယ်ကနေ ဂလုန်ဦးစော ကို
ဒါတွေလုပ်ဖြစ်အောင် ပံ့ပိုးပေးခဲ့ စေခိုင်းခဲ့တဲ့ ပညာရှိ လူမိုက်
တရားခံအစစ်ကို ရိပ်မိသိရှိနိုင်ပေမဲ့ သက်သေမပြနိုင်လို့ လွတ်စေပေါ့၊
တရားရုံးက တရားမျှတမှုဆိုတာ လူမိုက်တွေအတွက်ပဲလေ။
လောကမှာ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ထုနဲ့ထေးပါ။ ဒါကို ဒီပဲရင်းမှာ
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့၊ ရွေဝါရောင် တော် လှန်ရေးမှာ
ဘုန်းကြီးတွေကိုတောင် ရိုက်နှက်သတ်ဖြတ်ဖို့ ၀န်မလေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက
သက်သေပြ နေပြီး သားပါ။ ပြဿနာက သူတို့မဟုတ်ဘူး။ သူတို့လို လူမိုက်တွေကို
နေရာတကျ အသုံးချနေကြတဲ့ ဥာဏ်အမျှော် အမြင်ကြီး မားတဲ့ ပညာရှိလူမိုက်တွေပါ၊
ဝမ်းနည်းကြေကွဲစရာတွေ စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို မိဘပြည်သူတွေထံ လက်ဆောင်
အဖြစ် မပျက်မကွက် ပေးပို့နေတတ်တဲ့ နေမြဲအတိုင်း နေမြဲရှိနေတတ်တဲ့
လူမျိုးတွေလေ။
ကျမအတွက်တော့ လက်ညှိုးထိုးပြခံနေရတဲ့ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ
ကြိုးစင်တက်ရလည်း အဆန်းမဟုတ်ပါဘူး။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်းတို့ကို ထိုးကျွေးခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ
လှုပ်ရှားသွားခဲ့တဲ့ သူလျှိုတစုကပဲ ကျမကို အဆန်းတကြယ်ဖြစ်စေတယ်။
ဒါဟာ တောထဲမှာ စိတ်ဓါတ်ကျ လက်မှိုင်ချနေတဲ့ လူတစုကို အထဲကို
ပြန်ဝင်ကြဖို့ ဦးဆောင်ခေါ်သွားခဲ့တာမျိုး မဟုတ် ဘူး။ ညီညီညွတ်ညွတ်
အားမာန်အပြည့် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်ကို
ခါးကနေပိုင်းဖြတ်ပစ်ခဲ့ကြတာ။ မြောက် ပိုင်းကျောင်းသားတပ်ကို တောနဲ့မြို့ပြ
ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် ရေမဲ့ငါးလို ဖြစ်
အောင်လုပ်ခဲ့တယ်။ အခုလည်း ရိုးသားတဲ့လူမှန် ရဲဘော်ရဲမေတွေကို
ရှေ့ထုတ်ကာဗာယူပြီး နောက်ကွယ်ကနေ ကျောင်း သားတပ်ကို
မိဘပြည်သူတွေထောက်ခံမှုမဲ့တဲ့ ရေမဲ့ငါးလိုဖြစ်အောင် ဆက်လက်တွန်းပို့
အကောင်အထည် ဖော်နေဆဲ လှုပ်ရှားနေဆဲ။ တော်လှန်ရေး သတိ။
ခိုင်လုံတဲ့သက်သေနဲ့တကွ “ဂဠုန် ဦးစောကို ကြိုးစင်တက်စေသတည်း”
ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ရင်တော့ နောက်နောင် လည်း
တော်လှန်ရေးမျိုးဆက်အင်အားစုတွေကြား ဒေါင်းယောင်ဆောင်တဲ့ကျီးတွေရဲ့
လှည့်ကွက် အာကွက်ထဲမှာ ဒီလို ဆင်တူရိုးမှား အဖြစ်ဆိုးတွေနဲ့ ကြုံကြ ဆုံကြ
ဖြိုခွဲခံကြရအုံးမှာ ဖြစ်သလို မိဘပြည်သူတွေလည်း သူတို့ရဲ့ သားသမီးတွေ ကို
ထပ်ခါတလဲလဲ ဆုံးရှုံးနေကြရအုံးမှာ မလွဲပါဘူး။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
နေ့သစ်မှ ကူးယူဖေါ်ပြထားပါတယ်။
အပိုင်း (၈) ကို ဆက်ဖတ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

(၆)
လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့ မှားခဲ့ရင် အဲဒီအမှားအတွက်
ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့
စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။
ပြန်လွတ်မပေးသင့်ဘူးလို့ ကျောင်းသားထောက်လှမ်းရေးက ယူဆထားတဲ့ (၁၅) ယောက်ကို
ကျန်ရှိနေတဲ့ ဗဟိုကော်မတီတွေ ဆုံးဖြတ်ချက်နဲ့ အား လုံးကိုယ်စား
ကိုမျိုးဝင်း တယောက်ထဲက တာဝန်ခံလက်မှတ်ထိုးပြီး သေဒဏ်ချမှတ်ခဲ့တယ်။
(ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့
ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့
တယ်လို့ ကြားရတယ်။)
စစ်ထောက်လှန်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအရဆိုရင် တော်လှန်ရေးအင်အားစု
ဖရိုဖရဲဖြစ်အောင် လုပ်သွားတဲ့ တရားခံ အစစ်အမှန်ဆိုတာ နာမည်မပေါ်တာများတယ်။
ထောင်ထဲမှာနှစ်ရှည်လများရှိမနေဘူး။ အသက်အသေခံ လုပ်ဖို့ ထက် လုပ်ပြီးတာနဲ့
ကိုယ်လွတ်ရုန်းထွက်ဖို့ အစီအစဉ်တွေရှိထားပြီးသား။ အခြေအနေအချိန်အခါကို
စောင့်မယ်။ အသုံးချ ခံရတဲ့ ရဲဘော်အမှန်တချို့ကို
အမှားတွေဆက်တိုက်လုပ်မိအောင် ဖန်တီးပေးပြီး တရားခံအဖြစ် လက်ညှိုးထိုးဖို့
ပြင်ထား မယ်။
နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့
ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး
ဆက်အသုံးချမယ် ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော်
ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး
သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့
နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။
ရန်သူက သူ့အလုပ် သူလုပ်သွားတာ ရှင်းတယ်၊ ဒါကိုပြန်အသုံးချပြီး
ကျောင်းသားတပ်ကို ရေမဲ့ငါးဖြစ်ရေး သူတို့ရဲ့ စီမံ ချက်
ဆက်လက်အကောင်အထည်ဖော် လှုပ်ရှားနေဆဲ။
မရှင်းတာက ဘာလဲ။ မရှင်းတာက “ကျနော် ထောက်လှမ်းရေးကပါ” လို့ ဘယ်သူမှ
လည်ပင်းမှာစာတမ်းချိတ်ပြီး မလာ ကြတော့ တရားခံအစစ်တွေက ကိုယ်ပျောက်နေတယ်၊
အဲဒီအတွက် အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါ တယ်ဆိုသူများ
ငွေကုန်လည်းခံနိုင်တယ်။ အချိန်ကုန်လည်းခံနိုင်တယ်ဆိုရင်တော့
နောက်ခံဘက်ကရောင်းတွေကို တူး ဆွကြည့်ချင်ရင် တာဝန်ရှိခဲ့တဲ့သူတွေက …
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် နောက်တန်းမှာရှိနေတဲ့
မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့
ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် မြောက်ပိုင်း
ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။ ရှင်းအောင်လို့
အဓိက တာဝန်ရှိတယ် ထင်ရသူများကိုသာ ဖော်ပြထား ပါတယ်။
၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)
၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ်နဲ့ထောင်ကျ)
၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)
၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)
၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)
၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)
ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)
၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊
အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး
ထွက်ပြေးလွတ်မြောက်ခဲ့သူ)
၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)
၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)
၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)
၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)
၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)
လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကိုမျိုးဝင်း ဦးဆောင်တဲ့
ကျောင်းသားထောက်လှန်းရေးအဖွဲ့ကို အာဏာကုန်လွဲအပ် ပေးခဲ့တဲ့အတွက်
ကျောင်းသားထောက်လှန်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေ စစ်ကြောရေးမှာ
ပါဝင်ခဲ့တဲ့သူတွေအားလုံး ဒုတိ ယ အဆင့်အနေနဲ့ တာဝန်ရှိတယ်။
တိုက်ရိုက်ကွက်ကဲသူ ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)
ထောက်လှမ်းရေးတပ်ဖွဲ့
၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)
၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)
၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)
၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)
၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)
၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)
၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)
ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့
မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီးတာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့
ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း
တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။
ဒါဆို အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့
လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့
ယူဆရနိုင်သလား။
(ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမနဲ့ နန်းစော အကြီးအကျယ်
အငြင်းပွားခဲ့ရသလို။ ကျမအတွက် ဘူးခံပေးလို့ အသားအ နာခံ
အရိုက်အနှက်ခံခဲ့ရတဲ့ (၄၀၁) တပ်ရင်းက ကျမရဲ့ရဲဘော်တွေက ကျမကို လူကြုံနဲ့
လှန်းဆဲလိုက်တာလည်း ခံရဖူး တယ်။ မန္တလေးကျောင်းသားတွေ အမြင်မကြည်ဖြစ်တာလည်း
ကြုံရဖူးတယ်။ ဒါပေမဲ့ ကျမလိုချင်တာက အမှန်တရားကို ပဲ) အဖမ်းခံရတဲ့ အုပ်စု
(၃) မျိုး (၃) စားရှိတယ်။
၁၊ ကိုထွန်းအောင်ကျော် တို့လို ကိုချိုကြီး တို့လို ဦးစိန် တို့လို
လူတကာယိုတဲ့ချီး ပုဇွန်ထုပ်ခေါင်းမှာ စုဆိုသလို ငြင်းလို့မရ
ရုန်းလို့မရအောင် ခေါင်တည်ထားကြလို့ (ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရသူတွေထဲကပဲလား၊ နှစ်ခုစလုံးဖြစ်နိုင် တယ်) ထိုးကျွေးတာခံလိုက်ရတဲ့
အုပ်စုနဲ့ အစီစဉ်တကျ မဖြေတတ်ခဲ့လို့ အသားပိုနာ ပိုသံသယအဖြစ်ခံရတဲ့ ရဲဘော်အ
မှန်တွေ ပါနိုင်တယ်။
၂၊ အဖမ်းမခံရသေးတဲ့ အချိန်တုန်းကလည်း ဒီအုပ်စုဝင်တွေဟာ
ခေါင်ဆောင်အသီးသီးရဲ့ ယုံကြည်မှုခံခဲ့ရတဲ့အဖွဲ့ရဲ့ ဒုတိ ယအဆင့်နေရာတွေမှာ
ရှိကြတယ်။ အဖမ်းခံရပြီးနောက် ရန်သူ့ရာထူးစာရင်းဆိုတာမှာလည်း ဒုတိယအဆင့်
နေရာတွေ မှာပဲ အခု ကျမရေးနေတဲ့ အချိန်မှာတောင် ဒုတိယအုပ်စုပဲ
ဖြစ်နေတဲ့အတွက် ဒီဒုတိယအုပ်စုကိုတော့ ကျမ အရမ်းစိတ် ၀င်စားတယ်။
ကော်မတီရုံး၊ စစ်ရုံးတွေမှာ အဖွဲ့ရဲ့မှတ်တမ်းမှတ်ရာတွေ ကိုင်ထားပြီး
လူဦးရေ၊ လက်နက်စာရင်း၊ ငွေရေးကြေးရေးကအစ ခေါင်းဆောင်တွေရဲ့စိတ်အနေအထား၊
ရဲဘော်ရဲမေတွေရဲ့အခြေအနေ တော်လှန်ရေးအခြေအနေ၊ မဟာမိတ်တွေနဲ့ နယ် မြေအနေအထား
အားလုံးကို အတွင်းကျကျ သိနေသလို အလွယ်တကူ တွက်ချက်နိုင်ပြီး ဘယ်လိုဖြစ်ရင်
ဘယ်လိုလုပ်ဖို့ အသင့်ဖြစ်နေတတ်တဲ့ ကိုယ့်အသက်ကိုကိုယ်
ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာဦးနှောက်ပိုင်ရှင်တွေ
မြောက်ပိုင်း ကျောင်းသားတပ်မတော်ထဲမှာ အပါးနပ်ဆုံး လူရည်အလည်ဆုံးလူတွေ
ဒီအုပ်စုမှာရှိတယ်။
ပြီးတော့ ဒီအုပ်စုဝင်တွေဟာ သိပ်ပြီး နှိပ်စက်မေးမြန်းနေစရာမလိုဘဲ
အစီစဉ်တကျဖြေဆိုခဲ့ကြတဲ့အတွက် ဒါတွေနဲ့ ပတ် သက်ပြီး မေးမြန်းလာခဲ့တာတွေ
ရှိလာခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားခဲ့တယ်။ ထောင်သားတွေလို မနေခဲ့ရဘဲ
အရာရှိ ရိပ်သာမှာ သီးသန့် အကျယ်ချုပ် နေခဲ့ကြတယ်။ လွတ်လာပြီး လုပ်ငန်းခွင်
ပြန်ဝင်ကြသူတွေလည်း ရှိတယ်။ မဟာမိတ်ရဲ့ အကာအကွယ်အောက်မှာ
နေခဲ့တာလည်းရှိတယ်။ နောက်မှ အသီးသီး ကိုယ်စီကိုယ်စီ နည်းလမ်းအမျိုးမျိုးနဲ့
လွတ် မြောက်သွားခဲ့ကြတယ်။
၃၊ တတိယအုပ်စုကတော့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ အစီအစဉ်ရှိရှိ
နာမည်တပ်ပြီး ရိုက်စစ်မေးခဲ့လို့ပဲလား။ အဖမ်းခံရသူတွေထဲကပဲ အစီစဉ်ရှိရှိ
တမင်ဆွဲထည့်သွားကြတာလား (တခုမဟုတ်ရင် တခုဖြစ်နိုင်တဲ့) ဘာတွေဖြစ်နေလို့
ဘာတွေဖြစ်နေမှန်းတောင် အတွင်းကျကျ သိနိုင်တဲ့အနေအထားမျိုးမှာမရှိတဲ့ ရဲဘော်
ရဲမေ အဖြူထည်တွေ တော်တော် များများ အရိုးခံအုပ်စု၊ ဒီအုပ်စုကတော့
ထောင်ပုံစံနဲ့ ထောင်သမားလို နေခဲ့လုပ်ခဲ့ရပြီး ထွက်ပြေးတဲ့အချိန်မှာတောင်
လက်ထိပ်ခြေထိပ်တွေ တန်းလှန်းတွေနဲ့ အတူပြေးခဲ့ရတဲ့ အောက်ခြေရဲဘော်ရဲမေတွေ
အများဆုံးပါဝင်တဲ့ ရိုးရိုးအင်ဖော် မာ အဆင့်လောက်ပဲ သဘောထားခဲ့ကြတဲ့ (၅၆)
ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ) အုပ်စု။
အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ်ဆိုရင် အဖမ်းမခံခင်ကရော
အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့ အရာရှိရိပ်သာမှာ
အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီ
ညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊
ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊
ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ
ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့
သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။
နန်းအောင်ထွေးကြည် ဖြေတဲ့ထဲမှာ ကိုထွန်းအောင်ကျော် ပါမပါတော့မသိဘူး။
တောင်ပိုင်းမှာ ရှိနေတဲ့ ကိုစိုးလင်း ပါနေ တယ်။ ဦးစီး လှဌေးနဲ့
အိန္ဒိယဘက်မှာ ပြန်တွေ့တော့ ဟုတ်သလားလို့ ကျမ မေးကြည့်ဖူးတယ်။
ငါကိုယ်တိုင်စစ်တာ မြောက်ပိုင်းက အချက်တွေနဲ့တူနေတယ်လို့ ပြန်ပြောတယ်။
ဒါကို နန်းစောကို ကျမ ပြန်ပြောတော့ ကာယကံရှင်ကို ပြန် မေးနေစရာမလိုဘဲ
သူ့ကကြိုသိပြီးသား ဖြစ်နေပြန်တယ်။ တူမှာပေါ့တဲ့ ကိုစိုးလင်း ကြားအောင်
အောက်ကနေ အခွေဖွင့် ပြထားတာကိုးတဲ့။ အဲဒီအချိန်က ဗဟိုမှာ မြောက်ပိုင်းနဲ့
ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး၊)
ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး၊ ကိုမျိုးဝင်းရဲ့ လူယုံ) ကိုရဲလင်း
(ရန်ကုန်၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူ ယုံ)၊
ကိုစိုးလင်း(မန္တလေး၊ အာအိုင်တီ၊ နိုင်ငံရေးမှူး၊ ဗဟိုကော်မတီ၊ တိုက်ပိတ်ကို
အကျယ်ချုပ်မှထုတ် နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို
တွက်ချက်ခန့်မှန်းနိုင်သူ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ ကိုအောင်နိုင်ရဲ့
ကိုယ်ရံ တော်)၊ တို့အနေနဲ့ သူများတွေကို ဘယ်လိုဘယ်လိုတွေ
လုပ်ခဲ့ပါတယ်ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ် က လူမှန်ဆို
ကိုယ်ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ ဘယ်သူတွေက
ဒီလိုဒီလို မေးခဲ့ရိုက်ခဲ့ တဲ့အတွက် ဒီလူဒီလူတွေကိုဆွဲထည့်ပြီး
ဒီလိုဒီလိုတွေ ဖြေခဲ့ရပါတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့
အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ
ထောင့်စုံကနေ စဉ်းစားနိုင်အောင်။ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို
ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မ တော်မှာ
ကျဆုံးသေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ၀ိဥာဉ်နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့
ရဲဘော်ရဲမေတွေအားလုံးအတွက် ချပြ သင့်တယ် ထင်ပါတယ်။
ဒါမှမဟုတ် တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်း (အာအိုင်တီ၊ ပဉ္စမနှစ်၊
မိုးညှင်း)၊ နဲ့ ကိုသီဟ (ခ) ကိုဖေ၀င်း(အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊
အထဲပြန်ဝင်ပြီးနောက် သေဆုံးသွားတဲ့ ကျော်ထင်ဦး(မိုးညှင်း)၊
အထဲပြန်ဝင်ပြီးနောက် ရထားပေါ်က ပြုတ်ကျသေဆုံးသွားတဲ့ ရဲဘော်ဖိုးနှောင်း
(ဗန်းမော်) တို့ကလွဲရင် ကျောင်းသားထောက်လှမ်းရေးမှာ ကိုမျိုးဝင်း ပြီးရင်
ဒု တာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ နယ်စပ်မှာ ကိုစိန်အေးနဲ့အတူ အဖမ်းခံရပြီး
ထောင်ကျပြန်လွတ်)၊ ကိုမျိုးဝင်း လူယုံလို့ လူသိများပြီး
အဖမ်းခံခဲ့ရတဲ့လူတွေကို ရက်ရက်စက်စက်နှိပ်စက် မေးမြန်းခဲ့တဲ့သူ။
ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံရ စဉ်က အစိုးရဘက်တော်သားလုပ်ခဲ့သူ၊
ထောက်လှမ်းရေးက “မင်းတို့ ထိရဲရင်ထိကြည့်လို့” အကာအကွယ်ပေးထားလို့ ဘယ်သူမှ
ထိတောင်မထိရဲခဲ့တဲ့ ဇော်ဇော်မင်း(မိုးညှင်း)နဲ့ အောင်စိုးမြင့်
(မိုးညှင်း)၊ ရဲဘော်အငယ်တွေထဲက သက်လင်း (ဗန်းမော်)၊ ကိုထွေး(ဗန်းမော်)
လက်တွေ့စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့
နန်းအောင် ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင် အဖမ်းခံခဲ့ရသူတွေ
အားလုံးအထဲမှာ ရှိနေတာပဲ နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ
ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။ ဘယ်သူမှ
ဂျိုမပါကြပေမဲ့ လူကဲ ခတ်တတ်ရင် အဲဒီလူတွေရဲ့ Background နဲ့
ပြောဆိုဆွေးနွေးတဲ့နေရာတွေမှာ ရိုးသားမှုရှိမရှိ မျက်လုံးတွေနဲ့ မျက်နှာ
တွေကိုတော့ ဘယ်သူမှ ဖုံးကာထားလို့ မရနိုင်ပါဘူး၊ ကျမတယောက်တည်းအနေနဲ့
ပြောရရင် ရဲဘော်ထွန်းအောင်ကျော် သမိုင်းထက် ဒီလူတွေရဲ့သမိုင်းကို
ပိုစိတ်ဝင်စားတယ်။
တချိန်တည်းမှာပဲ အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့
ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို
ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ
အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ
ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး
တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။
မြောက်ပိုင်းကျောင်းသားတပ်မတော်ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ
သမိုင်းအမှန်ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပုံ
ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာရှိနေပါတယ်။
အဲဒီအတွက် သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို
တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့
ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက်အတွက်
မြောက်ပိုင်းတောတောင်တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့
ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။ ကျမတို့အားလုံး အဖမ်းခံရမှာမကြောက်လို့
သေမှာမကြောက်လို့ လည်း တော်လှန်ရေးလုပ်နိုင်ခဲ့ကြတာပါ။ နောက်ထပ် ကျမတို့
ဘာကို ထပ်ကြောက် နေကြရအုံးမှာလဲ။ ဖြတ်သန်းခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံအရတော့
ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာတွေအတွက် မှန်ရင်စံဖို့မရှိပေမဲ့ မှားရင်တော့
ခံလိုက်ကြ ရုံပါပဲ။
…………………………………………………
အသိပေးချက်… တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့
ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင်လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်ရဲမေ
အားလုံးအတွက် ကျမပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို
အပွင့်လင်းဆုံး ချပြခဲ့တာပါ။
ဘယ်တုန်းကမှ ဘယ်သူက ကျနော်သူလျှိုပါလို့ ဖွင့်ပြောပြခဲ့တာမျိုး
ထုံးစံမရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့
တောင်းဆိုနေသူတွေကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို
ထွက်ပေါက်အသင့်ပေးထားတဲ့ အစက တည်းက ဖန်တီးထားခဲ့ပြီးသား ကျောင်းသားက
ကျောင်းသားကိုသတ်တယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ်သွား နေတာကိုက
ရိုးသားမှုမရှိဘူးလို့ ကျမ ယူဆတယ်။
အစီစဉ်ရှိရှိကို ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ
လက်မခံနိုင်ပါ။ ရန်သူ့သူလျှို မပါတာသေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ
ပါနေစရာအကြောင်းမရှိပါ။
ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ်ပါဝင်ခဲ့ရတဲ့
အနေအထားတွေကနေ ပြန်လည်စဉ်းစားသုံးသပ်နိုင် အောင် ဖြစ်နိုင်ချေရှိတဲ့
လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ
ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ စုံရှင်းရရင်လည်း ကျမ ရှင်းမယ်။
ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ်ရှိ နေရင်လည်း အဲဒီလူတွေကို
လူကိုယ်တိုင်သွားပြီး ကျမပြန်တောင်းပန်မယ်။
လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး
ဖြစ်နိုင်ချေရှိတဲ့ ကျမရဲ့အမြင် ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမရေးတာဖြစ်လို့
အဲဒီအပေါ်မှာ ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ
ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး
ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။
ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီးခံခဲ့ရတဲ့
ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိ တယ်ထင်တဲ့ ကျမအပိုင်းကနေ ကျမ
ချပြခဲ့ပြီးဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေကိုသာ
အသုံးပြု ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင်သုံးသပ်ကြပါကုန်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
နေ့သစ်မှ ကူးယူဖေါ်ပြထားပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။