၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား
၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....
ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ
၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....
ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...
ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်
ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....
ဂုဏ်ယူစရာ ရွှေမြန်မာ
ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ
"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....
ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်
Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...
၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ
ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...
Child Migration
ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....
တော်လှန်ရေးနှင့် အိမ်ထောင်ရေး
သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....
စာပေဟောပြောပွနဲ့ ဂီတဖျော်ဖြေပွဲများ အပြီးမှာ
မျိုးစောင့်ဥပဒေအပေါ် ဥပဒေပညာရှင်များ သဘောထား
သတင်းထုတ်ပြန်သည်။ "နိုင်ငံအတွင်းမှာရှိတဲ့ ချင်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသား အအများစုကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတာပါ။ မျိုးစောင့်ဥပဒေ ပြဌာန်းလိုက်ရင် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတော်ကလည်း တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု၊ ငြိမ်းချမ်းမို့ ရရှိဖို့ လုပ်ဆောင်နေရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။ ထို့အပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတွင် (နိုက်) မြန်မာအမျိုးသမီးများအနေနှင့် ဘာသာခြားအမျိုးသားများနှင့် လက်ထပ်ထိမ်းမြားရာတွင် အကာအကွယ် အပြည့်အ၀ ပေးထားကြောင်း၊ ကိုးကွယ်ရာ ဘာသာပြောင်းရန် မလိုအပ်သည့်အပြင် ကွာရှင်းပြတ်စဲမှု၊ အမွေဆက်ဆံမှုတို့တွင် နစ်နာမှု မရှိစေရန် ရေးဆွဲထားကြောင်း၊ လိုအပ်ပါကလည်း ၁၉၅၄ ခုနှစ် ဥပဒေကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်မှု ပြုလုပ်၍ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာတိုးတက်ပြန့်ပွားရေး အသင်းထံမှ သိရသည်။
သတင်းစာဖြတ်ပိုင်း ဓာတ်ပုံကို Baydar Lam facebook မှ ကူးယူဖေါ်ပြပြီး ဓာတ်ပုံထဲက စာသားကို ပြန်ရိုက်ထုတ်ပြီး ပြန်လည်ဖေါ်ပြထားပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်ကို အောင်စည်တော်ကြီး ဖေ့ဘုတ်မှ ကူးယူပြီး ထပ်ဖြည့်စွက်လိုက်ပါတယ်။
**************************
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရောယှက်ခြင်းမရှိ တသီးတခြားစီပိုင်းခြားထားပေ
ဗုဒ္ဓဘာသာ၏ ရင်းမြစ်သဘောတရားမှာ လောကီရေးနှင့် သက်ဆိုင်သည်မဟုတ်ပေ။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အဓွန့်ရှည်စွာ လက်ခံကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။
ဗုဒ္ဓဘာသာ တရားဥပဒေဟူသည့်ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေ ပညာရှင်များက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့်
ဤအချက်များကိုဖော်ပြရခြင်းမ
အခြားသောဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ မဟုတ်ပဲ ဘာသာရေးနှင့် လူမှုရေးရောယှက်နေသည့်ဘာသာမျ
မြန်မာဗုဒ္ဓဘာသာ မိန်းမများ၏ ထိမ်းမြားလက်ထပ်ရေးနှင့် သက်ဆိုင်သော ဥပဒေဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးသည် လူမှုရေးကိစ္စ သက်သက်သာ ဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ ၀င်ရောက် စွက်ဖက်ခြင်း တစ်စုံတစ်ရာမရှိပေ။
မြန်မာဗုဒ္ဓ ဘာသာဝင်များနှင့် သက်ဆိုင်သော လူမှုရေးဥပဒေဟု ဥပဒေပညာရှင် အသီးသီး က တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသော " မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ "ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ အချုပ်အခြယ်မရှိ လွတ်လပ်ခွင့်ပေးထားသည်။
မြန်မာဗုဒ္ဓဘာသာတစ်ယောက်အား ဘာသာခြားနှင့်ထိမ်းမြားမှုကု
ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ကြပ်တည်းစွာ တားမြစ် ပိတ်ပင်ထားခြင်း၊ ၄င်းတို့၏ ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့် တရားဝင်ထိမ်းမြားမှုမပြုနိုင
သို့ဖြစ်၍ ၄င်းတို့၏ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေ အရပ်ရပ်ကြောင့် ဘာသာခြားများနှင့်အိမ်ထောင်
ထိုသို့မိမိကိုးကွယ်ရာ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန် ဘာသာကူးပြောင်း ရန်လိုပါသလား? မလိုပါ။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်း မရှိစေရန်အလို့ငှာ ၁၉၅၄ ခုနှစ်ကပင် " ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " ကိုပြဌာန်း၍ ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ ဘာသာသို့ ဘာသာကူးပြောင်းခြင်းမပြုဘဲ တရားဝင် လက်ထပ် ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယားအဖြစ်ဖြင့် လင်ယောကျာ်း၏အမွေကို တရားဝင် ဆက်ခံနိုင်ခြင်းစသည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခဲ့ပါသည်။
၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " သည် အထူးဥပဒေတစ်ရပ် ဖြစ်သည်နှင့်အညီ အခြားဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် မိသားစု ဥပဒေများအပေါ်လွှမ်းမိုးသည်။
၎င်းဥပဒေ ပုဒ်မ- ၄ တွင်``အခြားတည်ဆဲ တရားဥပဒေများတွင် သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင် သော်လည်းကောင်း ၊မည်သို့ပင်ဆန့်ကျင် လျက်ပါရှိစေကာမူ ဤအက်
ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောကျာ်းတိုင်းအပေါ် အာဏာ သက်ရောက်ရမည်´´ဟုပြဌာန်းထား
နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws) ဆိုင်ရာ ယေဘူယျစည်းမျဉ်းအရလည်း-``ထိ
အဖြတ်ပေးရမည့် ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာဒေသဥပဒေ (lax loci celebrationis) ဖြစ်ပေသည်။´´
ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတေ
**************************
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို ဒီနေရာမှာ Download ပြီးဖတ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
လက်ထပ်ထိမ်းမြားခြင်းအပေါ် ဗုဒ္ဓဘာသာ အမြင်
ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဥာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။
ဘာသာရေး စည်းမျဉ်းစည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။
ရခိုင်မှာ ရိုဟင်ဂျာ စတင်အမည်တွင်လာပုံ
၂၀၁၀ ခု၊ စက်တင်ဘာလ ၁ ရက်နေ့ မနက်က ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှာ ဗြိတိန်ရိုဟင်ဂျာ အစည်းအရုံးရဲ့ ဥက္ကဌ ဖြစ်သူ ဦးထွန်းခင်နဲ့ အင်တာဗျူးကို ကျွန်တော် နားထောင်လိုက်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှုဒေါင့်နှစ်မျိုး ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာ မူစလင်တွေဟာ မြန်မာစစ်အုပ်စုရဲ့ အလွန်အမင်း ဖိနှိပ်ခံနေရတာကို ကျွန်တော့်အနေနဲ့ မငြင်းလိုပါဘူး။ သို့ပေမဲ့လည်း သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်ခံနေရတဲ့ တခုတည်းသော လူမျိုးစုတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ထင်ရှား ကျော်ကြားတဲ့ မီဒီယာတွေဟာ ဘာဖြစ်လို့ တခြား လူမျိုးစုတွေအရေးထက် ရိုဟင်ဂျာအရေးကို ပိုပြီးစိုးရိမ်ပူပင်နေရတာလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ နားမလည် ဖြစ်မိပါတယ်။
ရိုဟင်ဂျာကို ဌာနေတိုင်းရင်းသားတခုအဖြစ် အသိအမှတ်ပြုဖို့ ဆိုရင် အမျိုးမျိုးအဖုံဖုံ ကွဲပြားတဲ့ အကြေင်းအရာ ဖြစ်ပါတယ်။ ဒီလူတွေ (ရိုဟင်ဂျာတွေ) တွေဟာ ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ ဘင်္ဂလားကနေပြီးတော့ လယ်ယာစိုက်ပျိုးရေး လုပ်သားတွေအဖြစ် မြန်မာပြည်ကို ရောက်လာကြတဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျွန်တော် သမိုင်းအထောက်အထားနဲ့ သက်သေပြုနိုင်ပါတယ်။ ကျွန်တော်ရေးတဲ့ ""SOAS Bulletin of Burma Research 3-2." ထဲမှာ ဖတ်နိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို ပြိုင်ပြီး ဒီဘိတ်လုပ် ပြောဆိုငြင်းခုန်ဖို့ ကျွန်တော့်ဘက်က အဆင်အသင့်ရှိပါတယ်။ သူတို့ (ဘင်္ဂါလီတွေ) ဟာ ဗြိတိသျှကိုလိုနီ လက်ထက်မှာမှ ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်သူတွေ ဖြစ်ပါတယ်။ ရခိုင်တွေက သူတို့ကို ကောင်းစွာကြိုဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေး မကြေညာခင်ကာလမှာတော့ သူတို့ဟာ ရခိုင်ပြည်နယ်မှာ လူဦးရေပိုမိုများပြားလာပြီးတော့ သူတို့အများစု ခြေချနေထိုင်လျက်ရှိတဲ့ နယ်မြေကို အရင်ကအခေါ် အရှေ့ပါကစ္စတန် အခုအခေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန် ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုမှုကို အားမပေးတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ Jihad စစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ Jihad စစ်ပွဲမှာ သူတို့ရှုံးနှိပ်တော့ သူတို့နယ်မြေကို ရိုဟင်ဂျာပြည်နယ်လို့ ခေါ်တွင်စေဖို့အတွက် ရိုဟင်ဂျာဆိုတဲ့ အမည်နာမ တခုကို စတင်ဖန်တီးပြီး ကင်ပွန်းတပ်လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ ဒီလိုနာမည်နဲ့ လူမျိုးစုတစု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။
ကွန်ကရက်အမတ် Smith ပြောတဲ့ ပါကစ္စတန်၊ အာရပ်နဲ့ အိန္ဒိယ လူမျိုးတွေရဲ့ မျိုးဆက်တွေ ဗြိတိန်မှာ အခြေချနေထိုင်လာပြီးတဲ့အခါမှာ ဗြိတိန်လူမျိုးတွေပဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြောင်းရွှေ့နေထိုင်လာသူတွေဟာ သူတို့ရဲ့ အမျိုးသား နယ်မြေပိုင်နက် တောင်းဆိုနေတာ မရှိဘူး ဆိုတဲ့ အချက်ကို ကျွန်တော်လုံးဝ လက်ခံပါတယ်။ သူတို့တွေဟာ စကော့တလန် အိုင်ယာလန် ဝေလတို့လိုမျိုး သီးခြားလူမျိုးစုအဖြစ် တောင်းဆိုနေတာ မရှိဘူး။ သူတို့ဟာ သီးခြားနယ်မြေပိုင်ဆိုင်မှု တောင်းဆိုနေတာလည်း မြောက်ပင်လယ်မှာတောင် မရှိပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလို့ပဲ ခေါ်ကြတယ်။ ၁၉၄၇ ခုနှစ်မှာ အဲဒီ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်ကို နှစ်ခု ဖြစ်အောင်လုပ်ပြီး သူတို့အတွက်ပြည်နယ် ပိုင်ဆိုင်မှုနယ်မြေ တောင်းဆိုခဲ့ပါတယ်။ မူလပိုင်ရှင် ဖြစ်တဲ့ရခိုင်တွေက ဘိုးစဉ်ဘောင်ဆက်ကတည်းက သူတို့ပိုင်တဲ့ ပြည်နယ်ကို နိုင်ငံခြားက ပြောင်းရွှေ့လာရောက်နေထိုင်တဲ့ အင်္ဂါလီတွေအတွက် ခွဲထုတ်ပေးရမယ်ဆိုရင် ဒေသခံ ရခိုင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲ။ ဘီဘီစီနဲ့ ဦးထွန်းခင်ကို ကျွန်တော် မေးချင်ပါတယ်။
လေးစားစွာဖြင့်
Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan
မူရင်းကို Face Book က ဒီနေရာမှာ တင်ထားတာကို ကူးပြီး ဘာသာပြန်ဆိုခဲ့ပါတယ်။
မူရင်း အင်္ဂလိပ်လို
Dear BBC: I listened to your interview with U Tun Khin, the Chairman of the Rohingya Association of Britain on the morning Burmese program of September 1st, 2010. There are two dimensions in this case. We don't deny these Muslims have faced severe suppressions in the northern Arakan by the Burmese military. However, they are not only ethnic group under brutal oppression of the junta. We are wondering why the world's famous medias are more concerned with Rohingya than other ethnic minorities.
To recognize "Rohingya" as a national indigenous people is a different issue. These people were descendents of the Bengali agricultural laborers in the British colonial period. I have historically proved that. You can read my article in "SOAS Bulletin of Burma Research 3-2." I am ready to debate with any scholar on this topic. They came to live in Arakan State in the colonial period. The Arakanese people welcomed. After the Second World War, they were the majority in that area and before the declaration of independence they demanded the area to be incorporated into East Pakistan that is now Bangladesh. When the Pakistani leaders discouraged their demand they declared Jihad on the Union of Burma. When they lost the jungle war, they created the term "Rohingya," calling for the "Rohingya State" for them. There has never been such an ethnic group in Burmese history.
I agree what the Congressman Smith said that after living for generations these Pakistani, Arabs and Indians became British Citizens. But these immigrants in Britain are not demanding a national territory. They are not demanding a separate ethnic identity, like Scottish, Irish or Whales. They are not calling for a national area of themselves even in the North Sea. They call themselves British. In 1947 these Chittagonian Bengalis demanded the partition of Arakan into two states. How would the native Arakanese feel if their ancestral land is divided to give away a part to the immigrants? I want to ask BBC and U Tun Khin.
Sincerely,
Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan
Tel. (Office)
http://arakanindobhasaa.blogspot.com/2011/11/sky-high-liar-bbcs-kye-tha-ma-on-sunday.htm
ရွှင်လန်းချမ်းမြေ့ကြပါစေ။
VOTE NLD
"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စ သုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်" လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်၊ ဒီလိုလေး ခြစ်တတ်ရင် ရပြီဆိုတဲ့ မဲဘယ်လိုပေးမလဲဆိုတာကို သရုပ်ဖေါ်ပြထားတဲ့ အောက်က ဗွီဒီယို အောက်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။(ဒီနေရာမှ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု အစီစဉ်တွေ ပြောကြားသော နိုင်တော်အတွက် လုပ်ဆောင်ရန် လိုသောအချက်များ
(ဒီနေရာမှ)
ကိုနစ်နေမန်း ဘလော့ဂ်မှာ တင်ထားတာကို ပြန်လည် ကူးယူဖေါ်ပြထားတဲ့ သီချင်းတွေကို ဆက်လက်နားဆင်နိုင်ပါတယ်။
မင်္ဂလာပါ NLD သီချင်း
ခွပ်ဒေါင်းမိခင် အောင်ပွဲဆင်
အလင်းရောင်ထွန်းညှိသူ သီချင်း

မြန်မာပြည် အာဏာရှင်စနစ်အောက်ရောက်တဲ့ အနှစ် ၅၀ ပြည့်နှစ်
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က စတင်အာဏာသိမ်းခဲ့ရာက စပြီး ဒီမိုကရေစီ နိုင်ငံအဖြစ်မှ အာဏာရှင်နိုင်ငံ အဖြစ်သို့ ပြောင်းလဲလာခဲ့တာ အခုဆိုရင် အနှစ် ၅၀ ရှိပါပြီ။ ကိုနစ်နေမန်း ဘလော့ဂ်မှာ တင်ထားတဲ့ပို့စ်ကို ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။
အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကို အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။ (ကိုနစ်နေမန်း)
အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကို
အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။
တော်လှန်ရေးကောင်စီ အမည်ခံ နေ၀င်းဦးဆောင်တဲ့ အာဏာရှင်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။ နေ၀င်းအာဏာရှင် အုပ်စိုးနေတဲ့ကာတစ်လျှောက်မှာ တော်လှန်ပုန်ကန်ကြတဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းခဲ့တယ်။
တရုတ်သွေးစပ် နေ၀င်း (ရှူမောင် - Shu Maung -Apple of One’s Eye) ဟာ ၁၉၂၉ ခုနှစ်က ရန်ကုန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပေမယ့် စာမေးပွဲမှာ Biology ဘာသာရပ်ကို မအောင်မြင် စာမေးပွဲကျခဲ့လို့  ကျောင်းထွက်ခဲ့ရတယ်။ ဒီအကြောင်းအချက်ကြောင့်လည်း နေ၀င်းဟာ တက္ကသိုလ်နဲ့  တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို မုန်းတီတဲ့စိတ် ၀င်ခဲ့တာ ဖြစ်တယ်။ တရုတ်သွေးစပ်တဲ့ နေ၀င်းဟာ သူ့ လက်ထက်ကတည်းက တရုတ်နိုင်ငံရဲ့  ကွန်မြူနစ်ခေါင်းဆောင် အာဏာရှင်ကြီးတွေအပေါ်မှာ တပည့်ခံပြီး အားကိုးသမှု ပြုခဲ့တယ်။
အာဏာရှင်နေ၀င်းဟာ နိုင်ငံတကာနဲ့  ဆက်ဆံရမှာ အထူးကြောက်ရွံ့ သူဖြစ်လို့  နိုင်ငံခြားရေးနဲ့  စီးပွားရေးရာကိစ္စတွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ ကြားနေ၀ါဒနဲ့  တံခါးပိတ်စီးပွားရေးဝါဒကို ကျင့်သုံးခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့  အာဆီယံအဖွဲ့ ကြီးထဲတောင် ၀င်ရောက်ဖို့  ငြင်းပယ်ခဲ့ပါတယ်။
အာဏာရှင်နေ၀င်းဟာ လောင်းကစား အလွန်ဝါသနာပါပြီး (အထူးသဖြင့် မြင်းလောင်းတာကို အဓိကထားတယ်)၊ မိန်းမပွေသူ မိန်းမလိုက်စားသူလည်း ဖြစ်တယ်။ အာဏာရှင်နေ၀င်းမှာ တရားဝင်ယူတဲ့ ဒေါ်တင်တင်၊ ဒေါ်ခင်မေသန်း (ယောင်္ကျားဟောင်းမှာ ဒေါက်တာတုတ်ကြီး)၊ ဒေါ်နီနီမြင့်၊ ရတနာနတ်မယ်တို့ အပြင်၁၉၈၀ ခုနှစ်လွန် အချိန်ကာလတုန်းကလည်း ကျောက်မျက်ရတနာကော်ပိုရေးရှင်းက အသက်အရွယ်ငယ်တဲ့ ၀န်ထမ်းအမျိုးသမီးတစ်ဦးကိုလည်း ရယူဖို့  ကြိုးပမ်းခဲ့တယ်လို့  ပြည်သူလူထုအကြားမှာ သတင်းကျော်ကြားခဲ့ပါတယ်။ လောင်းကစားနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ ကမ္ဘာကျော် မဲလ်ဘန်းကပ် (Melbourne Cup) လို့ ခေါ်တဲ့ သြစတြေလျနိုင်ငံက မြင်းပြိုင်ပွဲကို နှစ်စဉ် ကိုယ်ပိုင်လေယာဉ်နဲ့  သွားရောက်ပြီး လောင်းကစားလေ့ရှိပါတယ်။ (အောက်ကပုံက မြင်းလောင်းပွဲလုပ်နေတဲ့ အာဏာရှင်နေ၀င်း ပုံပါ)။

အာဏာရှင်နေ၀င်းဟာ ၁၉၆၂ ခုနှစ် စတင် အာဏာသိမ်းပြီးတာနဲ့  လူသတ်လက်နက်တွေနဲ့  ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို ဖိနှိပ်ချူပ်ချယ်ခဲ့ပါတယ်။ ရှေးဦးစွာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ဒိုင်းနမိုက်နဲ့  ဖြိုခွင်းဖျက်ဆီးခဲ့ပြီး ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။
ထို့ နောက် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံသား ဦးသန့်  (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း) ရဲ့  အသက်မဲ့ခန္ဓာကိုယ်ကို မြန်မာနိုင်ငံသို့  ပြန်လည်သယ်ဆောင်လာတဲ့အခါမှာ နိုင်ငံတော်ဈာပနအနေနဲ့  အလေးထားပြီး ဂုဏ်ပြုတာမျိုး မဟုတ်လို့ ၊ ဦးသန့် ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားတွေမှ သယ်ဆောင်ယူကာ ၇န်ကုန်တက္ကသိုလ်ဝန်းအတွင်းတွင် ထားရှိပြီး ဆန္ဒပြကြတဲ့အခါမှာလည်း အာဏာရှင်နေ၀င်းဟာ စစ်တပ်အင်အားနဲ့  ၀င်ရောက်ဖြိုခွင်းကာ ပစ်ခတ်သတ်ဖြတ်စေခဲ့ပါတယ်။
ထို့ အပြင် ၁၉၇၆ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်အရေးတော်ပုံမှာလည်း သွေးစွန်းနေသော လူသတ်လက်များနဲ့  ထပ်မံဖြိုခွင်း သတ်ဖြတ်ခဲ့ပါတယ်။ အာဏာရှင်နေ၀င်းလက်ထက်မှာ လူမျိုးရေးအဓိကရုန်းတွေဖြစ်တဲ့ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာအရေးအခင်းတွေကိုသာမက ဘာသာရေးအဓိကရုန်းတွေ ဖြစ်ပွားအောင် ဖန်တီးပြီး၊ ထိုဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေအပေါ် ရက်စက်စွာ နှိမ်နင်းဖြိုခွဲပြီး နေ၀င်းအား ၄င်းရဲ့  အာဏာတန်ခိုးကို အကြောက်တရားနဲ့ တဖုံ၊ နာမည်ကောင်းယူ ဟန်ဆောင်နည်းဖြင့်တမျိုး ကျင့်သုံးကာ ပြည်သူလူထုအပေါ် ဖိနှပ်ချူပ်ချယ်ခဲ့ပါတယ်။
သို့ သော်လည်း ၁၉၈၈ ခုနှစ်ရောက်တဲ့အချိန်မှာတော့ - ၁၉၆၂ ခုနှစ်ကနေ ပြည်သူ့ အာဏာကို လုယူပြီး အာဏာသိမ်း အုပ်ချုပ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တစ်ပါတီစနစ်ကို ၁၉၈၈ ခုနှစ်ထိ ပြဌန်းအုပ်ချူပ်ခဲ့တဲ့ အာဏာရှင်နေ၀င်း ဦးဆောင်သော မဆလပါတီဟာေ၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြိုကျပျက်စီးခဲ့ကာ နိဂုန်းချူပ်ခဲ့ပါတယ်။
အာဏာရှင် နေ၀င်းဘ၀ဇာတ်သိမ်းခါနီးမှာ ကိုယ်မွေးတဲ့ မျောက် ကိုယ့် ပြန်ခြောက်ဆိုသလိုဘဲ နေ၀င်းနဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အာဏာရှင်သစ် သန်းရွှေကြောင့် သေတာတောင်မှ လူမသိသူမသိနဲ့  ခွေးလေခွေးလွင့် တစ်ကောင်သေသလိုမျိုးနဲ့  တန်ဘိုးမဲ့စွာနဲ့  အာဏာရှင်နေ၀င်းတစ်ယောက် နေ၀င်ချုပ်ခြိမ်းခဲ့ရတယ်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့် အချိန်မှာ အာဏာရှင်ဟောင်းကြီးနေ၀င်း သေဆုံးသွားခဲ့တယ်။ ပြည်သူလူထုကို နှစ်ပေါင်း ၂၆ နှစ်ကြာ ဒုက္ခမျိုးစုံနဲ့  နှိပ်စက် ဖိနှိပ်ချူပ်ချယ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်နေ၀င်းဟာ သေသွားသည့်တိုင်အောင် သံဝေဂရပြီး နောင်တလုံးဝ ရရှိပုံ မပေါ်ခဲ့ပါဖူး။
သံဝေဂမရရှိ နောင်တ မရရှိပေမယ့် ၀ဋ်ဆိုတာ ဘ၀မကူးခင် လည်တတ်တယ်ဆိုတာကို အာဏာရှင်နေ၀င်းတစ်ယောက် သဘောပေါက်သွားမှာပါ။ အာဏာကြီးစိုးပြီး တန်ခိုးထွားနေချိန်မှာတော့ ခေါင်းမထောင် ပြန်မပြောရြဲကတဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့၊ ကျွေးမွေးထားပြီး အရောင်အ၀ါရှိအောင် ပေးကမ်းပေးထားတဲ့ ကျေးဇူးနဲ့  ကြောက်ရွံ့ နေလို့ သာ နေနေကြတဲ့ သန်းရွှေတို့ လို နေ၀င်းရဲ့  ဒူးမနာသားတွေက အာဏာရှင်နေ၀င်းနဲ့  မိသားစုအဆွေအမျိုးတွေကို ပြန်လည်ဒုက္ခပေးပါတော့တယ်။ အာဏာရှင်နေ၀င်း မသေခင်မှာဘဲ ဖမ်းဆီးပြီး နေအိမ်အကျယ်ချူပ်ဘ၀နဲ့  အကျဉ်းချထားလိုက်ပါတယ်။ အာဏာရှင်နေ၀င်း သေဆုံးတဲ့နောက်မှာ ဈာပနကို နေ၀င်းရဲ့ သမီး စန္ဒာဝင်းနဲ့  လူ (၂၅) ယောက်ခန့် သာ လိုက်ပါပို့ ဆောင်ခွင့်ပေးခဲ့ပါတယ်။
အာဏာရှင်နေ၀င်းတစ်ယောက် အာဏာပြိုကွဲပျက်စီးတဲ့အချိန်မှာ ပြည်သူလူထုအပေါ် အာဂတအညိုးတကြီးထားပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ချေင်သေးတဲ့စိတ်ကို ၁၉၈၈ ခုနှစ်မှာ မဆလပါတီကနေ နှုတ်ထွက်တဲ့ သူရဲ့  နောက်ဆုံးမိန့် ခွန်းထဲမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
“ကဲ - စစ်တပ်ဝင်ပေတော့ဆိုပြီး ကျွန်တော် ခွင့်ပြုလိုက်တယ် … …… …. .. တိုင်းပြည်တပြည်လုံး လူထုကို သိစေချင်တယ်၊ နောင်ကို လူစုလူဝေးနဲ့  ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဖူး၊ အဲ့ဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ဖြင့် တပ်ကို သုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဖူးလို့ သာ မှတ်ပေတော့လို့  ကျွန်တော် ဒီကနေ ပြောလိုတယ်” လို့  သူရဲ့  မဆလပါတီကနေ နှုတ်ထွက်တဲ့ မိန့် ခွန်းထဲ ပြည်သူလူထုကို ပေါ်တင်ကြီး ခြိမ်းခြောက်ကာ နေ၀င်းစာ သူရဲ့  ဇာတိရုပ် အစစ်အမှန် လူသတ်ကောင်အဖြစ် ပေါ်လွင်ထင်ရှားစွာ ပြသခဲ့ပါတယ်။
ဒီမိန့် ခွန်းကို နားထောင်နေကြတဲ့ တတိုင်းပြည်လုံးက ပြည်သူလူထုဟာ ဒေါသူပုန်ထကာ မကျေမနပ်ဖြစ်ကြပြီး နောက်နေ့ မှာဘဲ လမ်းမတွေထွက်ပြီး မြို့ တိုင်း ရွာတိုင်း နယ်တိုင်းမှာ ဆန္ဒထွက်ပြခဲ့ကြပါတယ်။
အာဏာရှင်နေ၀င်းတစ်ယောက် ဘယ်ဘုံဘ၀ရောက်ရောက် သူရဲ့ မိုက်ကြွေးမိုက်ပြစ်နဲ့  အကုသိုလ်တရားကို ခံစားနေရဆဲ ဖြစ်ပါလိမ့်မယ်။ ထို့ အတူ မြန်မာပြည်ရဲ့  သမိုင်းမှတ်တမ်းမှာလည်း အာဏာရှင်နေ၀င်းရဲ့  ဆိုးရွားမှုအကြောင်းတွေက ကမ္ဘာတည်သရွေ့  ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
အာဏာရှင်နေ၀င်း ပြီးဆုံးပြီးသည့်နောက် မကြာခင်မှာလည်း အာဏာရှင်သန်းရွှေ အလှည့် မကြာခင် ရောက်တော့မှာမို့  ဒီရေးသားချက် ပိုစ့်အား ဖတ်ဖြစ်သွားစေလိုပါတယ်။ ထို့ အတူ အာဏာရှင်လက်သစ်တွေလည်း သိစေလိုပါတယ်။ အာဏာဆိုတာ တစ်နေ့ နေ့ မှာ ကျဆုံးရမှာပါ။
လိုချင်ရင် ရအောင်ချူလော့၊ သင်၏အခွင့်အရေး သင်လက်မနှေးစေလို

အသားအရောင် ၀ါချင်ဝါ
ဖြူချင်ဖြူ ..မဲချင်မဲ..
လူဟာ လူပါဘဲ။
မျက်လုံးဘဲ ပြာပြာ
စိမ်းစိမ်း မဲမဲ ညိုညို..
ဆံပင်အရောင် ၀ါ နီ ညိုနက်..
ကွေးကောက် ဖြောင့်တို..
ပိုးသား..အကြေသား
ဘယ်လိုအနေဘဲဖြစ်ဖြစ်
တောင်တန်းနေ မြေပြန့် သား
သမုဒ္ဒရာ ကျွန်းဖွားများ
ရေခဲပြင်ထဲဘဲ နေ နေ..
သဲကန္တာရထဲဘဲ နေ နေ..
တောင်တန်းပေါ်ဘဲ နေ နေ
ပိန်းဥဘဲ စားစား ကောက်နှံဘဲ ၀ါး ၀ါး
ပြောင်းအာလူးဘဲ စားစား. ထမင်းဘဲစားစား
ရှည်မြင့် ၀တို ပုသေး..
ပုံသဏ္ဍာန်အသွေး ဘယ်လိုဖြစ်ဖြစ်..
အားလုံးဟာ လူသားသာလျှင် ဖြစ်တယ်။
မွေးရာပါ လူ့ အခွင့်အရေး အားလုံးအတူတူ
လူသားချင်း..ကြင်နာ
စာနာ ထောက်ထား လေးစား ကူညီကြ..
လူ့ အခွင့်အရေး ကြေညာစာတမ်း
(Universal Declaration of Human Rights) က
သင့်နဲ့အတူရှိတယ်။
သင်တို့ အခွင့်အရေး သင်တို့ ပိုင်ဆိုင်ခွင့်ရှိရမယ်။
အပိုဒ် (၁) - လူတိုင်းသည် မွေးဖွား လာကတည်းက တန်းတူညီမှုရှိသည်။
အပိုဒ် (၂) - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
အပိုဒ် (၃) - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
အပိုဒ် (၄) - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။
အပိုဒ် (၅) - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။
အပိုဒ် (၆) - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊
အပိုဒ် (၇) - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊
အပိုဒ် (၈) - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊
အပိုဒ် (၉) - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊
အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊
အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊
အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊
အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊
အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊
အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊
အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ် အိမ်ယာ ထူထောင်ခွင့်၊
အပိုဒ် (၁၇) - ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊
အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊
အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊
အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသောအဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊
အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊
အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊
အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊
အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊
အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊
အပိုဒ် (၂၆) - ပညာ သင်ကြားပိုင်ခွင့်၊
အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှု အကျိုးကို မိမိခံစားပိုင်ခွင့်၊
အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊
အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊
အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊
အချက် ၃၀ သော ဤလူ့ အခွင့်အရေး
သင်သည်သာ လူသားဖြစ်ပါစေ..
သင် ပိုင်ဆိုင်ရမည်။
သင် အခွင့်အရေး ကို
သင် ရယူရန် ကြိုးစားရန်မှာ..
သင်၏ သမိုင်းပေးတာဝန်
သင်ညံ့ရင်…သင်အရှုံးပေးရမည်။
သင်မရလျှင်…သင့်ဘ၀ဆုံးသည်။
ရအောင် တိုက်ကြ..
လူသား အားမာန်ဇွဲ ပြကြ..
သင်သည်သာ မဟာလူသား..
အခွင့်အလမ်းပိုင်ဆိုင်သူ..လူသား..
တူညီပြစို့  ရုန်းကြစို့ ။
မသဒ္ဓါ ( ၅။၂၇။၂၀၁၀)
Human Rights ပျောက်ဆုံးနေကြသော…ရှိသည်ကို မသိရစေအောင်…ကန့် လန်ကာ အမှောင်ချထားသော လူမဆန်သော အာဏာရှင်လူသား များကြောင့် မျက်ကန်းဖြစ်နေရသော မြန်မာ ပြည်သူများသို့ ..အကျိုးမျှော်၍ နှိုးဆော်ပါသည်။
ယမန်နေ့ ဟောင်းသည်..သမိုင်းအဖြစ် အတိတ်တွင်ကျန်ရစ်ခဲ့ပြီး.မနက်ဖြန်သည် ဘာဖြစ်မည်.သိရန် ခက်ခဲသော ပဟေဠိတပုဒ်သာ ဖြစ် သောကြောင့်..ယနေ့ အချိန်ရှိစဉ် ရုန်းကန်ဖောက်ထွက်ကြရန်မှာ မိမိတို့ ၏ တာဝန်သာဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။ ( မြန်မာပြည်က အဘတို့ သာ မက မြောက်ကိုရီးယား က ငပွဘဲ ဖြစ်စေ…အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို လိုက်နာရမည်ဖြစ်သည်။ မကြောက်ကြပါနှင့်..ဒီနေ့ ကြိုးစားလျှင် မနက်ဖြန်ကို သင်ပိုင်ဆိုင်သည်။ )
Yatana.co.cc မှ အချက်အလက်များရယူထားပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ Universal Declaration of Human Rights (UDHR) ကို မသဒ္ဒါက လိုရင်းတိုရှင်း လွယ်လွယ်နားလည်အောင် ထိထိမိမိ အတိုချုပ်လုပ်ထားတာကို သဘောကျလို့ ပြန်လည်ကူးယူ ဒီနေရာမှာ ဖေါ်ပြခဲ့တာကို မဖတ်ရသေးသူများအတွက် ရည်ရွယ်ပြီး အသစ် ပြန်တင်လိုက်ပါတယ်။ မသဒ္ဒါရဲ့ မူရင်းကဗျာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ Nge Naing -(10/12/11)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဇာတိချက်ကြွေ မွေးရပ်မြေအလွမ်း
မတွေ့ရတာ အနှစ် ၂၀ နီးပါးရှိပြီ ဖြစ်တဲ့ ဇာတိမြို့ပုံပါတဲ့ ဗွီဒီယို နှစ်ခုသုံးခုကို Facebook မှာ မောင်လေးတယောက်က tag ပေးလိုက်တော့ ၀မ်းသာအားရနဲ့ ကြည့်ခွင့်ရလိုက်ပါတယ်။ Human Geography တချို့ ပြောင်းလဲနေတာ တွေ့ရပေမဲ့ ဒီတောဒီတောင် ဒီပင်လယ်နဲ့ ဒေသဓလေ့တွေကတော့ အနှစ် နှစ်ဆယ် ကြာသည့်တိုင် ဘာဆိုဘာမှ မပြောင်းလဲ အရင်အတိုင်းပါပဲ။
ဗွီဒီယို တခွေပြီးတခွေ လိုက်ကြည့်ကာ တ၀ကြီးအလွမ်းဖြေပြီး အတော်လေး စိတ်ငြိမ်သွားတဲ့အခါမှာတော့ အိပ်ရာထပြီး အလုပ်သွားခါနီး အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသားကို ဒါကျွန်မတို့မြို့ပေါ့လို့ ပြတော့ သူကအလုပ်သွားခါနီးမို့ ကြည့်ချိန် သိပ်မရလိုက်လို့ သိပ်စိတ်ဝင်စားပုံ မပြဘူး။ သားကိုတော့ အဲဒီနေ့က မပြဖြစ်ဘဲ ဒီနေ့မှ ပြဖြစ်တယ်။ သားဒါ မေမေတို့မြို့ပေါ့လို့ပြလိုက်တော့ ကစားနေတဲ့ ဂိမ်းကို ရပ်ပြီး စိတ်ဝင်တစား လာကြည့်ပါတယ်။ တခုစီကို လက်ညိုးထိုး ပြပြီး "အဲဒီနေရာကို မေမေရောက်ဖူးလား" နဲ့ မေးနေလို့ "မေမေအဲဒီနေရာကပဲ လာတာလေသား" လို့ပြန်ပြောပြဖြစ်တယ်။ ဒါက ဓနီပင်လို့ခေါ်တယ် မေမေတို့ဆီမှာ အိမ်အများစုကို အဲဒီအရွက်နဲ့ သီပြီး အမိုး လုပ်မိုးပါတယ် " လို့ ပြောတော့ သားက တအံ့တသြကြည့်နေရှာတယ်။ "ကကြီးခခွေးစသင်တုန်းက ဓ ဓနိတန်းပင်လယ်ကမ်း ဆိုတာ ဒီအပင်ပေါ့၊ ဒီကမ်းနားမှာ တွေ့ရတဲ့ အပင်တွေကိုတော့ လမုပင်လို့ ခေါ်ပါတယ်။ မေမေတို့မြို့နယ်က ပင်လယ်နဲ့ နီးတဲ့အပိုင်းမှာ ချောင်းကမ်းနံဘေးတလျှောက် ဒီလိုဓနိခြံတွေ၊ လမုပင်တွေနဲ့ ပြည့်နေပြီး ကုန်းတွင်းဘက် နည်းနည်းပိုကျတဲ့ နေရာတွေမှာတော့ ရော်ဘာခြံတွေနဲ့ ပြည့်နေပါတယ်။ ရွာတခုနဲ့တခု ကြားမှာ များသောအားဖြင့် အုန်းခြံ၊ ကွမ်းခြံ၊ ရော်ဘာခြံတွေ၊ လယ်ကွက်တွေနဲ့ ခြားထားတယ် " ဆိုပြီး ဆက်ပြောတော့ တောဆိုလို့ ဒီမှာ ရှိတဲ့ Park တွေနဲ့ Blue Mountain National Park ကလွဲရင် ဘယ်မှ မရောက်ဖူးတဲ့ သားက တော်တော်လေးကို စိတ်ဝင်စားပါတယ်။ မေမေ မျက်နှာပေါ်က Reflection ကိုသားမြင်နေရတယ်လို့ ပြောပြီး ဟိုမေးဒီမေးနဲ့ အမေကိုအလွမ်းကူ ဖြေပေးရှာတယ်။ငယ်ငယ်က ဗေဒင်တွက်တိုင်း မိမိမွေးရပ်မြေမှာ ဘ၀ကိုဖြတ်သန်းရမှာ မဟုတ်ဘူး ဒါပေမဲ့ နောက်ဆုံးခေါင်းချရင်တော့ မွေးရပ်မြေမှာပဲ ပြန်ခေါင်းချရမယ်လို့ မကြာခဏ အဟောခံရတာကို တကယ်အတည် ဖြစ်လာလိမ့်မယ်လို့ ကျွန်မယုံကြည်ထားပြီး အလွမ်းတွေကို ခဏပြန်သိမ်းထားလိုက်ပါတယ်။ နောက်ပိုင်းအလျဉ်းသင့်ရင်တော့ ကျွန်မကိုယ်တိုင် ငယ်ငယ်က မိဘ ဖွားဖွားတွေကို ၀ိုင်းကူလုပ်ခဲ့ဖူးတဲ့ ဓနိလုပ်ငန်း၊ ရော်ဘာလုပ်ငန်းနဲ့ ဒေသအစားအစာတွေ ဒေသဓလေ့တွေအကြောင်းကို ရေးပါဦးမယ်။
မွေးရပ်မြေဆီကို ဒုစရိုက် ဆယ်ပါးကို ကျူးလွန်စရာမလိုဘဲ အဂတိတရားကင်းကင်းနဲ့ သွားလို့ လာလို့ရတဲ့ နေ့ကိုရောက်မှ ပြန်ရောက်တော့မှာမို့ အလွမ်းရက်က ဘယ်လောက်ရှည်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျွန်မရဲ့ မွေးရပ်မြေကို လွမ်းရတဲ့ရက်တွေ မြန်မြန် ကုန်ဆုံးပါစေ....
စာဖတ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ဆစ်ဒနီမြို့ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်း၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဘိတ်ကြားလွှာ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ဒသမကြိမ်မြောက်
ဝါဆိုသင်္ကန်း ကပ်လှူပွဲ ဘိတ်ကြားလွှာ
ဇူလိုင်လ (၂၄) ရက် - ၂၀၁၁ (တနင်္ဂနွေနေ့) တွင် Villawood Senior Citizen Hall ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်နှင့်အညီ မြန်မာတို့၏ လထူးလမြတ် အခါသမယ၀ယ် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် သာသနာတော်အကျိုး မျှော်ကိုး၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါ အစီစဉ်အတိုင်း ၀ါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ပါမည်ဖြစ်သည်။
နေရာ------Villawood Senior Citizens Hall, 29 Villawood Road, Villawood Road, Villawood
KFC နှင့် ALDI Store အနီး
အချိန်------နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ
နံနက် ၁၁ နာရီတွင် သံဃာတော် အရှင်မြတ်များအား စုပေါင်း ဆွမ်းကပ်လှူခြင်း၊
နံနက် ၁၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ ဧည့်ပရိတ်သတ်များအား မုန်းဟင်းခါး၊ ထမင်းဟင်း
စသည့်အစားအစာတို့ဖြင့် တည်ခင်းဧည့်ခံခြင်း
နေ့လည် ၁၂း၃၀ တွင် သံဃာတော် (၉) ပါးတို့အား ၀ါဆိုသင်္ဃန်း ကပ်လှူပူဇော်ခြင်း၊
အကျွေးအမွေးနှင့် ၀ါဆိုသင်္ဃန်း ဆက်ကပ်လိုသူများ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ----------------02 9724 1546
ကိုဇော်ဝင်းနိုင် ----------------------------------------------02 9709 3623
ကိုစံလှိုင် -------------------------------------------------- 02 9682 1250
သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဆစ်ဒနီမြို့
(အသက်သတ်လွတ်စားသူများ စားနိုင်သည့် အစားအစာများကို အရောင်ဖြင့် ပြထားပါသည်)
(၁) ကိုခိုင်ကိုဦး၊ မထိုက်စုထွေး မိသားစု-------------------------မုန့်ဟင်းခါးနှင့် ပဲကြော်
(၂) ဦးအုန်းမြင့်၊ ဒေါ်သန်း-------------------------------------ငပိနှင့် တို့စရာ
(၃) ကိုကျော်ဦး၊ မသန္ဒ္ဒာ -------------------------------------ငါးကြော်
(၄) ဒေါ်ရွှေကြည် မိသားစု -----------------------------------၀က်သားနှင့် ကျန်မဆိုင်
(၅) ကိုဌေးဝင်း၊ မသဲသဲ မိသားစု ------------------------------ပုဇွန်ကြော်
(၆) ကိုရောနီ၊ မတင့်တင့်သူ ----------------------------------ကုလားပဲနှပ်
(၇) ဦးမန်းရွှေကျော်၊ ဒေါ်မိုးမိုး--------------------------------- ပုဇွန်မုံလာဟင်း
(၈) ကိုဇော်ဝင်းထွဋ်၊ မမေစန္ဒာဝင်း မိသားစု--------------------- ၀က်သားဟင်း
(၉) ကိုလူအေး၊ မခင်မာဦး------------------------------------ အသီးစုံ
(၁၀) ဦးသိန်းဟန်၊ ဒေါ်မြင့်သိန်း မိသားစု------------------------ဘဲသားဟင်း
(၁၁) ကိုအောင်ဆန်းမိုး မိသားစု ------------------------------ ကြားသားဟင်း၊ ငါးဟင်း
(၁၂) ကိုတင့်အောင်၊ မစန်းစန်းမြင့် မိသားစု--------------------- အမဲသားဟင်း
(၁၃) ဦးစိုးဝင်း မိသားစု---------------------------------------ပဲထမင်းနှင့် ဆိတ်သား
(၁၄) မနီလာ----------------------------------------------- ၀က်ခြေတောက်ဟင်း
(၁၅) ကိုကြည်ဝေ၊ မရူပါ------------------------------မုံလာဥပိုးတီသနပ် (အသက်သတ်လွတ)်
(၁၆) ကိုထင်အောင်မိုး၊ မမိငယ်-------------------------အစိမ်းကြော် (အသက်သတ်လွတ်)
(၁၇) ကိုမျိုးဇော်ဦး၊ မရွှေရီဝင်း---------------------------------ငါးဆုပ်ဟင်း အသီးစုံ
(၁၈) ကိုမြင့်ဦး၊ မမြမြ၀င်း မိသားစု------------------------------အအေး
(၁၉) ကိုတင်ဌေး၊ မယုရှိန် မိသားစု -----------------------------မုန့်အချို
(၂၀) ကိုရဲအောင်၊ မသင်းသင်းဟန် မိသားစု----------------------ပူတင်း၊ ကျောက်ချော
(၂၁) မောင်တိုးန္ဒဦး (12 နှစ် ပြည့်မွေးနေ့အလှူ)------------------ပီဇာ (Pizza)
ရဟန်း သံဃာများအား ၀ါဆိုသင်္ကန်း လှူဒါန်းရသော အကျိုး
ဤသို့အဆင်း၊ မြူးကြေးကင်း၍၊ ရောင်ဝင်းစုံဝ၊ ထွန်းလင်းပ၏၊ နုလှကာယ မကသိန်းဘိုး၊ ပုဆိုရလိမ့်၊ ၀ါ ရွှေ ဖြူ နီ၊ ဤရှစ်လီသည်၊ ကျမ်းညီ သင်္ကန်း လှူကျိုးတည်း။
တဘော်ဆင်းမြန်း၊ ၀တ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်၊ နတ်လူတို့ဘောင်၊ ဖြစ်တိုင်နောင်ဝယ်၊ အခေါင်ဦးစွန်၊ ကိုယ်ရောင်ထွန်း၍၊ တုကျွန်လွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပပ၀တီ၊ နတ်တပြီသို့၊ အညီနှိုင်းရှီ၊ လှခေါင်ထိလိမ့်။
သင်္ကန်း လှူဒါန်းသော ပုဂ္ဂိုလ်တို့သည် ဥမ္မာဒန္တိ၊ ပပ၀တီကဲ့သို့ လှပတင့်တယ် အသံသာယာ ဖွယ်စသော အကျိုးထူးကို ခံစားရ၍ နောက်ဆုံးဘ၀ နောင်ကာလ၌ မဂ် ဖိုလ်ရရှိ အကျိုးသိ၊ အပယ်တံခါးပိတ် နိဗ္ဗာန်စခန်း တက်လှမ်းနိုင်ခြင်း အကျိုးထူးများ ခံစားရမည်။
အပယ်မကြောက် (၇) ယောက်
(၁) သရဏဂုံ သုံးပါးတည်သူ
(၂) ငါးပါးသီလ တည်သူ
(၃) စာရေးတံမဲဖေါက်သူ
(၄) လဆန်းလဆုတ် ဆွမ်းကပ်သူ
(၅) ၀ါဆိုသင်္ကန်း၊ ၀ါဆိုပန်း၊ ၀ါဆိုဆွမ်းကပ်သူ
(၆) ၀ါတွင်း ရေကန်၊ ရေပိုက်စသည်လှူသူ
(၇) ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းလှူသူ
ဖိတ်စာမရသောသူများအတွက် သာသနာ့ဓဇဘုန်းတော်ကြီးကျောင်း၏ ဒသမကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဘိတ်ကြားလွှာမှ စာသားများကို ပြန်ရိုက်ပြီး ဖေါ်ပြလိုက်ပါတယ်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ
ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း
အဆိုနှင့် သရုပ်ဆောင် ကြည်ကြည်ဌေး၊ အက မေသန်းနု
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
သို့မဟုတ်
"ငယ်နိုင်လမ်း"
အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။
ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။
ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းသမ
Comment မှာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။
ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။
စစ်နိုင်
(၁၇-၆-၂ဝ၁၁)
ကျွန်မရဲ့ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်လွှာ ဆိုတဲ့ပို့စ်မှာ စာဖတ်သူကိုစစ်နိုင်က ကျွန်မအတွက် မွေးနေ့လက်ဆောင်အဖြစ် စပ်ဆိုထားတဲ့ ကဗျာလေးနဲ့ Hit Counter လေးသိန်းပြည့်တဲ့ အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။ သူဘာကြောင့် ဒီကဗျာကို စပ်လဲဆိုတာ ရေးထားတာကိုတော့ မွေးနေ့ဆုတောင်းပို့စ်ကမှတ်ချက်မှာ ရေးထားပါတယ်။
မိမိအတွက် ဆုတောင်းပေးထားတာကိုပဲ ထည့်ပြီး ဆန့်ကျင်ဘက်သဘောတရားတွေကို မထည့်ရင် ကျွန်မက လောကဓံတရားရဲ့ ဆန့်ကျင်ဘက် သဘောတရားကို လစ်လျူရှုရာ ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ မှတ်တမ်းတင်ထားတဲ့ မွေးနေ့ဆုတောင်း ၁၂၆ ဦးဆီက မဟုတ်ဘဲ လာနှောင့်ယှက် စော်ကားနေတဲ့ အုတ်ကြားမြက်ပေါက်တွေဆီက အဲဒီပို့စ်မှာ ဆုတောင်းမဟုတ်တဲ့ မှတ်ချက်တွေကိုလည်း ဗေဒါလမ်းနဲ့ ငယ်နိုင်လမ်းကို ပိုပြီးပေါ်လွင်သွားအောင် အောက်မှာ ထည့်ပေးလိုက်ပါတယ်။
mg said...
မငယ်နိုင်ရေ
အသက်တစ်နှစ်ကြီးသွားတာနဲ.အမျှ
ငါဘာတွေတိုးတက်လာလဲ ဆိုတာက အရေးကြီးပါတယ်
လူ.သက်တမ်းကို ပျမ်းမျှ အသက် ၆၀ နဲ.တွက်ရင် မငယ်နိုင်က သေဖို. သိပ်မလိုတော.ပါဘူး
ဒါကြောင်.
တစ်နေ.တစ်နေ. ဘလော.ကို ဘယ်နှယောက်လာတယ်၊ ဘယ်နိုင်ငံတွေကလာတယ်၊ hit တွေ ဘယ်လောက်ရှိသွားပြီ ဆိုတာတွေ ထိုင်တွက်မနေပါနဲ.
ကိုယ်.ရဲ.ကျန်တဲ.အသက်နဲ. ဘာသာရေးလိုက်စားဖို.ပဲ တွက်ပါ
စီဘောက်မှာ ကွန်းမန်.မှာသူများလာရေးတာတွေကို ပိုစ်.ပြန်တင်ပေးလိုက်
သူများလာရေးတာတွေကို ပြန်တင်ပေးလိုက်
facebook က ကွန်းမန်.တွေကို ပြန်တင်လိုက်နဲ သာယာနေတဲ. ဘဝကြီးကိုစွန်.ပြီး နဲနဲပဲကျန်တော.တဲ.အချိန်လေးကို အကျိုးရှိအောင် သုံးဖို.ကျိုးစားပါဗျာ
June 16, 2011 10:06 PM
-
Anonymous said... မငယ်နိုင်
မိုးသွေးငယ်နဲ. ဘာညာ ဘာညာ လို. နာမည်ကြီးနေတယ်
လုံအောင်ဖုံးအုံးJune 17, 2011 2:43 AM
မှော်ဆရာ said...
မငယ်နိုင်တစ်ယောက်လည်း လူမုန်းများလိုက်တာ
မွေးနေ့မှာ တခြားဆုမတောင်းပါနဲ.
အရင်တုန်းကလုပ်ခဲ.သမျှ မကောင်းမှုတွေကြောင်. လူမုန်းခံနေရတဲ.ဘဝ ကနေ မြန်မြန်လွတ်ပါစေသာ စုတောင်းပါ
ဘုရားတရားတကယ်လုပ်ပြီး မေတ္တသုတ်အမြဲရွတ်ရင် လူတောင်မဟုတ်ဘူး တိရစ္ဆာန်တွေတောင် မေတ္တာရှိပါတယ်
မငယ်နိုင်ကျမှ ဘုရားသီချင်းတွေ တင်ပြီး ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားလုပ်နေလို.လားမသိဘူး
မေတ္တာတုန်းနေကြတယ်
ဘုရားတရားတကယ်ကောင်းကောင်းလုပ်ပြီး မကောင်းမှုလုပ်နေသမျှကိုလျှော.လိုက်ပါ
အဆင်ပြေဖို.မျှော်လင်.ပါတယ်
ဒီဘဝအတွက်တော. စုတောင်းလည်းမှီမယ်မထင်တော.ဘူး နောက်ဘဝအတွက် စုတောင်းပေးလိုက်ပါတယ် ဒီဘဝလို မေတ္တာတုန်း လူမုန်းများတဲ. ကံဆိုးမ ဘဝမျိုး နောက်ဘဝ မဖြစ်ပါစေနဲ.
June 17, 2011 12:24 PM
Hit Counter နှစ်သိန်းပြည့်တုန်းကလည်း ပန်းပန်လျှက်ပဲ ပို့စ်ကို နီနီဝင်းရွှေ ဆိုထားတာကို တင်ခဲ့ပို့စ်က ဒီနေရာမှာ ရှိပါတယ်။
ကျွန်မ ဘလော့ဂ်ကို လာအားပေးသူ သူအားလုံးကို ကျေးဇူးတင်ပါတယ်။
လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက်
ရုရှားရောက် ပညာတော်သင်များရဲ့ အတုယူသင့်သော ဆိုက်များနှင့် မြန်မာ့တပ်မတော်ရဲ့ အတုမယူသင့်သော လုပ်ရပ်များ
- ရုရှားရောက် မြန်မာပညာတော်သင်များရဲ့ အတုယူသင့်သော ဆိုက်များအဖြစ် လာတင်သော မှတ်ချက်များ
-
dollar said... အို အသင် ဒီမို အတိုက်အခံတို.....
ဤနေရာမှာ ကြည့်ကြကုန်လော.
http://oppositeyes.blogspot.com/
ကိုင်း တွေ.ပြီမဟုတ်ပါတကား....
ထိုပညာတော်သင်တို.အား.... အားကျ အတုယူကြလော.
အသင်တို.အနေနဲ. ဤပုဂ္ဂိုလ်လေးများရဲ. ခြေဖျားတောင်မမှီဘူးဆိုတာကို သတိမူကြလော.
အမျိုး၊ ဘာသာ၊ သာသနာ၊ နည်းပညာတွေကို ခေတ်မှီတိုးတက်အောင်လုပ်နေသူအပေါင်းကို အားနာသောအားဖြင်. အသင်တို.၏ အတင်းတုတ်မှုများကို ရပ်တန်းကျရပ်ကြကုန်လော.
အသင်တို.ထက် အသက်အရွယ်ငယ်ရွယ်သလောက် အသင်တို.ထက် အတွေးအခေါ်နှင်. ခံယူချက်ပိုမိုသာလွန်သည်. ဤပုဂ္ဂိုလ်လေားများထံ ဆည်းကပ်ကြကုန်လော.
ဤသို့သော ဘာသာ သာသနာ လိုက်စားနေသူများအားလုံးကို ဆဲဆိုမိုက်ရိုင်းထားခြင်းများအတွက် ဘဝမကူးခင် အမြန်ဆုံး တောင်းပန်ကြကုန်လော.June 6, 2011 9:06 AM
-
Anonymous said... မင်းတို့မို့ မရှက်တယ်။ " ကိုယ်ဂုဏ် ကိုယ်ဖော် မသူတော်" တဲ့ ကြားဖူးကြလား? တော်တော် အရှက်မရှိတဲ့ သတ္တ၀ါတွေဘဲ၊ ပေါလဲ ပေါရဲပ.. တကယ့် အာရုံကောင်တွေ၊ မင်းတို့လောက် အရှက်မရှိတာ တခါမှ မတွေ့ဖူးဘူး။
June 6, 2011 10:04 PM
-
Anonymous said... ဟုတ်ပါ့
ကိုယ့်ကိုယ်ကိုများ ပတ္တမြားတဲ့
မငယ်နိုင်တို့၊ မဗေဒါတို့၊ မောင်မိုးတို့ကိုတော့ တကယ်လက်လန်တယ်
တော်တော် အရှက်မရှိတဲ့ သတ္တ၀ါတွေဘဲ၊ ပေါလဲ ပေါရဲပ.. တကယ့် အာရုံကောင်တွေ၊ မင်းတို့လောက် အရှက်မရှိတာ တခါမှ မတွေ့ဖူးဘူး။
"""မောင်မိုး said...
ပွတ်ခံရတာများလို့ နည်းနည်းတောင် ပွန်းချင်နေပြီ မငယ်ရေ။ ပြောင်လွန်းတော့ ပါးဆိုသလိုပေါ့။ ပွတ်နိုင်ကြပါစေ။"""June 7, 2011 6:16 AM
-
လေ့လာပါ အတုယူပါ (သိပ္ပံနှင့် နည်းပညာဆိုင်ရာ စာမျက်နှာများ) said... သိပ္ပံနှင့် နည်းပညာဆိုင်ရာ စာမျက်နှာများ
မီးပြတိုက် http://www.meepyatite.info/
ဓာတုရပ်ဝန်း http://chemistryfield.blogspot.com/
ဖီးကျူ http://www.phy-q.co.cc/
Nu4Power http://nu4power.blogspot.com/
Radar Technology for Myanmar
http://mmradar.blogspot.com/
Myanmar Digital Satellite
Navigation Gathering http://mdsng.blogspot.com/
Myanmar Astronomy http://myanmarastronomy.blogspot.com/
New Generation of Metropolitan http://www.mymetroworld.org/
Open Engineering for Myanmar http://www.engineer4myanmar.com/
Myanmar Engineer http://www.myanmarengineer.org/June 7, 2011 8:26 AM
-
လေ့လာပါ အတုယူပါ (စာပေနှင့် အသိ/အတတ် ပညာရှာဖွေမှုဆိုင်ရာ) said... စာပေနှင့် အသိ/အတတ် ပညာရှာဖွေမှုဆိုင်ရာ
စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်
http://www.sagarwarmyae.net/
အလင်းရောင် ဖိုရမ်
http://www.alinyaung.org/
မြန်မာမိသားစု
http://www.myanmarfamily.org/
Myanmar Technicians http://www.myanmar-technicians.org/
Golden Myanmar
http://www.goldenmyanmar.org/
Republic of the Union of Myanmar
http://republicoftheunionofmyanmar.blogspot.com/
Russian Federation http://russianfederation2009.blogspot.com/
All Myanmar Blogs http://allmyanmarblogs.blogspot.com/
Myanmar Daily Info & General Knowledge http://groups.google.com/group/myanmar-daily-info-n-general-knowledgeJune 7, 2011 8:29 AM
-
လေ့လာပါ အတုယူပါ (ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ) said... ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ
ဓမ္မဟေဝန်
http://www.dhammahaewon.net/
ဓမ္မရောင်ခြည်
http://alinnthit.net/
ဓမ္မစေတမန်
http://dhammasaytaman.com/
ဓမ္မမေတ္တာ http://www.dhammamittar.com/
ဓမ္မရသ http://dhammaratha.blogspot.com/
အာနန္ဒာ
http://dhammadoctor.com/
ရုရှားဆရာတော်
http://russiasayataw.com/
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏိတ
http://www.pilotsayadaw.net/
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏိတ
http://www.pilotsayadw.org/
ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်
http://pyidawoo.com/
ဝေဇယန္တာကျောင်းတိုက်
http://vezayantarusa.org/
သိရီမင်္ဂလာ ကျောင်းတိုက်
http://sirimangala.com/
အရိယာဝါသ ဓမ္မရိပ်သာ
http://ariyavasa.org/
ထေရဝါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း
http://mmtheravada.org/
MIET တက္ကသိုလ် မြန်မာကျောင်းသားများ http://mietdonation.info
မပြီးဆုံးသော နေ့ရက်များကိုကျော်ဖြတ်ခြင်း
http://www.futurelifemm29.com/
သစ္စာတရား
http://thitsartayar.com
သစ္စာပါရမီ
http://thitsarparami.alinnthit.net/
အဖြူရောင်မေတ္တာ
http://www.apymt.com/
မေတ္တာဥယျာဉ်
http://ashinsirinda.com/
မေတ္တာရိပ်မြုံ
http://mettarefuge.iblogger.org/
သော်ဇင် (စိန်ပန်းမြေ) http://kothawzin.blogspot.com/
အလင်းရောင် ပညာရေး ပရဟိတ အဖွဲ့ http://alinyaung.net/
သုက္ခရိပ် http://www.thukhayate.blogspot.com/
မင်းဝေ http://minwai85.blogspot.com/
MM Kaluga http://www.mmkaluga.co.cc/
Live Dhama
http://livedhamma.com/
World Buddha Community
http://tknn.org/June 7, 2011 8:31 AM
မြန်မာ့တပ်မတော်ရဲ့ အတုမယူသင့်သော လုပ်ရပ်များအဖြစ် လာတင်သော မှတ်ချက်များ
-
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၁) said... အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၁)
စစ်ရာဇဝတ်ကောင်အဖြစ် အိုင်စီစီမှာ တရားစွဲဖို့ အိုဘားမားက ထောက်ခံထားခြင်းခံရတဲ့ သန်းရွှေရဲ့ လူမိုက်ဝါဒကြောင့် သန်းရွှေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခြင်း ခံနေရတဲ့ မြန်မာစစ်တပ်က နှစ် ၂ဝ အတွင်းမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသား ပြည်သူ သောင်းနဲ့ချီပြီး သတ်ခဲ့ပြီးပါပြီ။
http://www.hrsolidarity.net/mainfile.php/1998vol08no07/1571/June 7, 2011 9:55 AM
-
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၂) said...
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၂)
အောက်က လင့်တွေက ကရင်ပြည်နယ်မှာ လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို သန်းေ
ရွှရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။
နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ ရှေ့ကလင့်တွေကို ဖွင့်မကြည့်ပါရန် သတိပေးပါတယ်။(ဓါတ်ပုံတွေ အားလုံးကို အောက်ဆုံးမှာ နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်တင်ထားပေးပါတယ်။ - Nge Naing)
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459328784517330
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459335193903682
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459334935964418
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459563320090546
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459567038665234
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459571116362178June 7, 2011 9:58 AM
-
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၃) said... အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၃)
အောက်က လင့်တွေက ကရင်ပြည်နယ်မှာ လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို သန်းရွှေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။
နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အောက်က လင့်တွေကို ဖွင့်မကြည့်ပါရန် သတိပေးပါတယ်။
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459861858903490
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549460154895839442
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549460607010091202
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549460745888316450
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549460745375373730
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582755688866504578June 7, 2011 10:02 AM
-
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၄) said... အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၄)
အောက်က လင့်တွေက ကရင်ပြည်နယ်မှာ လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို သန်းရွှေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။
နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ ရှေ့ကလင့်တွေကို ဖွင့်မကြည့်ပါရန် သတိပေးပါတယ်။
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582756712883995570
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582756751540533922
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582757123786076578
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582757326969690722
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582757537617755042
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459051323585874June 7, 2011 10:04 AM
-
အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၅) said... အတုမယူပါနှင့် (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဆိုင်ရာ) (၅)
အောက်က လင့်တွေက ကရင်ပြည်နယ်မှာ လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို သန်းရွှေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။
နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အောက်က လင့်တွေကို ဖွင့်မကြည့်ပါရန် သတိပေးပါတယ်။
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459055435321810
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459067946763906
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459323682147842
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459323561542210June 7, 2011 10:08 AM
-
ကျပ်စားသူ (ကျပ်ငွေကိုသာ လခစားရသူ - ပြည်တွင်း) said... ကိုင်း တွေ.ပြီ မဟုတ်ပါတကား....
လက်နက်မဲ.၊ အပြစ်မဲ. အရပ်သားတွေကို စည်းမဲ.ကမ်းမဲ. ဥပဒေမဲ့ ရက်ရက်စက်စက် ပစ်သတ်တဲ. နေရာမှာ KNU ဟာ စစ်ရာဇဝတ်ကောင် သန်းရွှေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ. မြန်မာကြေးစား စစ်တပ်ရဲ. ခြေဖျားတောင် မမှီဘူးဆိုတာကို အသင်တို.အနေနဲ. သတိမူကြလော.
စစ်ရာဇဝတ်ကောင် သန်းရွှေရဲ့ လက်ကိုင်တုတ် မြန်မာကြေးစားစစ်သားတို.ကို.... အားကျ အတုမယူကြလင်.
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5582755688866504578June 7, 2011 12:23 PM


https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459335193903682
https://picasaweb.google.com/117535258580582319868/DonTForget?feat=flashalbum#5549459567038665234












အထက်ပါ ဓါတ်ပုံတွေရှိတဲ့ Link ကို မှတ်ချက်လာရေးသူက Saw Eh Nee Doh's Gallery ရှိ Don't forget Album ထဲမှ ကူးယူလာတာကို တွေ့ရပါတယ်။ Saw Eh Nee Doh's နဲ့ မှတ်ချက်မှာ Link လာထည့်ပေးတဲ့ စာဖတ်သူနှစ်ဦးစလုံးကို ကျေးဇူးတင်ပါတယ်။
အမိနိုင်ငံတော်ကို တကယ်ချစ်မြတ်နိုးသူတိုင်း ဒီလိုအနိဋ္ဌာရုံများ ဘယ်တော့မှ မဖြစ်လာနိုင်စေတဲ့ ထ၀ရချုပ်ငြိမ်းချမ်းတဲ့ နိုင်ငံတော်သို့ ရှေ့ရှုနိုင်ကြပါစေ။










မငယ်နိုင်တစ်ယောက် ကံဆိုးမ ဘဝကနေ အမြန်လွတ်မြောက်ပါစေလို. မွေးနေ.မှာ ဆုတောင်းပေးလိုက်ပါတယ်
June 16, 2011 10:10 PM